Relationship & Reality (R)

By MoonchildGemini

16.3K 1.1K 250

သရုပ်ဆောင် တစ်ယောက် ဖြစ်ဖို့ ကြိုးစားနေတဲ့ Earth.... တိကု ဆရာဝန်လေးဖြစ်ချင်တဲ့ Mixx.. Earth နဲ့ Mixx တို့ရဲ့... More

Part-1
Part-2
Part-3
Part-4
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part -16
Part-17
Part -18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42

Part-5

265 20 0
By MoonchildGemini


ဒီနေ့နဲ့ဆို Mixx , P'Earthနဲ့ စာအဆက်အသွယ်မလုပ်တာ သုံးရက်လောက် ရှိပါပြီ... My လုပ်လို့ Mixx ဘယ်လို စာပြန်ရမလဲ မသိဘဲ... ရှက်ရွံ့နေမိတယ်။

Mixx-- အီဆက်...!!(ဆဲသံ)

Mixx တွေးရင်းတွေးရင်း စိတ်တိုလာပြီး အနားမှာ ကပ်လမ်းလျှောက်နေတဲ့ My ကို ဆဲဆိုကာ ခေါင်းကို ပိတ် ရိုက်လိုက်တယ်။ My က ကောက်ကာငင်ကာကြီး အကြောင်းမရှိဘဲ အရိုက်ခံလိုက်ရလို့ နာသွားတဲ့ သူ့ခေါင်းလေးကို ပွတ်ကာ အူကြောင်ကြောင် မျက်နှာပေးနဲ့ Mixx ကို ပြန်ကြည့်တယ်။

အဲဒါနဲ့ပဲ Mixxက သနားသွားမယ်ထင်လား... အပြစ်မရှိသလို မျက်နှာပေးနဲ့ ပြန်ကြည့်နေတဲ့My ကြောင့် ပိုစိတ်တိုပြီး Myရဲ့ ဖင်ကို ခြေထောက်နဲ့ ပိတ်ကန်လိုက်တယ်။

Mixx-- မင်းကြောင့်...!!! မင်းကြောင့်....!!!
My-- သေပါပြီကွာ... ဘာထဖြစ်တာလဲ မင်းကလဲ... ကဗြုန်းစားကြီး...

Myက သူ့ဖင်လေးကိုပွတ်ရင်း Mixx ကို ဆက်မကန်အောင် လက်တစ်ဖက်နဲ့ တားတယ်။

Mixx-- မင်းလုပ်လို့...အခု ငါ ဟို P'ကို ဘယ်လိုမျက်နှာနဲ့ စာပြန်ရမလဲ... တွေးတိုင်း ဒေါသထွက်တယ်။ ဟွန်း...!!!

My-- ဘာဖြစ်လဲကွာ..နောက်တာလို့ ပြောလဲ ရတာပဲ...
Mixx--အဲလိုပြောမှ ပိုသိသာသွားမှာပေါ့... သူက ငါ့ကို တကယ် အဲဒါတွေ ကြည့်တယ်ထင်ရင် ဘယ်လိုလုပ်မလဲ...!

My--မင်းက ဘာလို့ အဲလောက်တောင် ဂရုစိုက်နေရတာလဲ... သူ့ဘာသာ ဘယ်လိုထင်ထင်ပေါ့...ဘာလဲ... မင်းက သူအထင်လွဲမှာ စိုးရိမ်တယ်ပေါ့... ဘာလို့လဲ... သူ အထင်လွဲသွားရင် သူမင်းကို လာမပိုးပန်းတော့မှာ စိုးလို့လား...

Mixx--ခွေးကောင်...!!! သေစမ်း...သေစမ်း...!!!

Mixx က ပေါက်ကရပြောပြီး သူ့ကို အမျိုးမျိုး စကားနာ ထိုးနေတဲ့ Myကို အားရပါးရ တံတောင်နဲ့ ထိုးကာ လုံးထွေး ရိုက်ပုတ်လိုက်တယ်။

My--အားလား... နံရိုးတွေ ကျိုးပါပြီကွာ...
Mixx-- မှတ်ပြီလား...ပါးစပ်သရမ်းဦး...

My ခမျာ Mixx ရိုက်ပုတ်သလောက်ခံပြီးကို မျက်နှာကြောပြောင်နေတာပါ...ဘယ်လောက်ပဲ Mixx ရိုက်ပုတ် နေပါစေ မငြိုငြင်သလို အမှတ်သည်းခြေလဲ မရှိပါဘူး... Mixx ကို တမျိုးပြီးတမျိုးကို လိုက်မွှေနေတတ်တာ My ပါပဲ...

Mixx အားရအောင် My ကို ရိုက်နှက်ပြီးမှ စိတ်ပြေသွားပြီး ကျောင်းကနေ အိမ်ပြန်ဖို့ ခြေလှမ်းပြင်လိုက်တယ်။ ကျောင်းဂိတ်တံခါးနားရောက်တော့ မလှမ်းမကမ်းမှာ ကားရပ်ပြီးရပ်စောင့်နေတဲ့ Earthကို Mixx လှမ်းမြင်လိုက်ရပြီး အလန့်တကြားလေး ဖြစ်သွားတယ်။

Mixx--Ai My...!

Mixxက ဘေးက Myကို အထိတ်တလန့် လှည့်ပြီး ခေါ်လိုက်တော့ Myက Mixx ထက်ရိုက်ဦးမယ်ထင်ပြီး လက်ကလေးကာရင်း မျက်နှာငယ်လေး‌နဲ့ လှမ်းမေးတယ်။

My--ဘာတုန်း....!!! မရိုက်ပါနဲ့တော့ကွာ... တကိုယ်လုံး ကျိန်းစပ်နေပြီ... တောင်းပန်ပါတယ်ကွာ..နောက် မမွှေတော့ပါဘူး...

Mixx--အဲဒါ အသာထား... ဟိုမှာ... P'Oh ရဲ့ သူငယ်ချင်း ကျောင်းရှေ့ကို ရောက်လာပြန်ပြီကွ...

Mixx လက်ညိုးပြတဲ့ နေရာကို My လှမ်းကြည့်လိုက်တယ်။

Mixx--အကယ်၍ သူငါ့ကို မေးရင်...မသိဘူး...ပြန်သွားပြီလို့ ပြောပေး...!
My--ဘာလို့လဲ...?
Mixx--မင်းမွှေထားလို့ ငါ ဘယ်လိုမျက်နှာနဲ့ သူ့ကို တွေ့ရမလဲ နွား‌...ရဲ့...! ဒုက္ခပဲ...သူ့ကို ဘယ်လို ရှောင်ရမလဲ မသိဘူး... ရှက်လိုက်တာ...

Myက အကြံရသလို မျက်နှာပေးနဲ့...

My--ဒီလိုလုပ်... ငါ သူ့ကို သွားစကားပြောပြီး မင်းရှောင်လို့ရအောင် အာရုံပြောင်းထားလိုက်မယ်။ မင်းက ဟိုဘက်ပေါက်ကနေ ခိုးပြန်လိုက်... ဟုတ်ပြီလား...

Mixx--အေး..

My ပြောတဲ့အတိုင်း Mixx ကျောင်းဂိတ် ဟိုဘက်ကနေ ခိုးကြောင်ခိုးဝှက်နဲ့ ထွက်ပြေးလိုက်တယ်။ Myကတော့ ကျောင်းအရှေ့ဂိတ်ကနေ ကျော့ကျော့လေး လျှောက်လာရင်း ကျောင်းဝန်းထဲကို မသိမသာ လှမ်းကြည့်နေတဲ့ P'Oh သူငယ်ချင်းကို လှမ်းမြင်လိုက်တော့ ရိုးသားတဲ့ပုံစံနဲ့ လှမ်းနှုတ်ဆက်လိုက်တယ်။

My-- Sawaddee Krub P'Earth... ကျောင်းကို ဘာကိစ္စရှိလို့ ရောက်လာတာလဲဗျ..

Earthက ရှက်ကိုးရှင်ကန်း မလုံမလဲနဲ့ ခေါင်းကုတ်ရင်း ..

Earth--ဪ...ဟို.. ဒီဘက်ကို လမ်းကြုံလာရင်းနဲ့ အဲဒါ ... အာ...Mixxတို့ ကျောင်းဆင်းတဲ့ အချိန်ဆိုတော့ သူနဲ့တွေ့များ တွေ့မလားလို့...

စကားတွေ အထစ်ထစ်အငေါ့ငေါ့နဲ့ ဆင်ခြင်ပေးဖို့ စဉ်းစားနေတဲ့ Earthပုံစံကို ကြည့်ပြီး My ရယ်ချင်စိတ်ကို ထိန်းထားလိုက်တယ်။

My--ဪ.... ဘာကိစ္စရှိလို့ P'က သူနဲ့ တွေ့ချင်တာလဲ...

Earth--ထူးထူးခြားခြားတော့မရှိပါဘူး... အဆက် အသွယ် မရတာကြာလို့ နေမကောင်းလို့များလားလို့ မေးမလို့ပါ...

My--ဪ......…..

အကြောင်းရင်းကို သိရတော့ My သံရှည်ဆွဲပြီး ခေါင်းတညိတ်ညိတ်လုပ်ကာ... သူ့ဝဇီအတိုင်း မွှေဖို့ကြံစည်လိုက်တယ်။

My--သူက အစောကြီးပြန်သွားတာ ... အကယ်၍ သူ့ကို တွေ့ချင်ရင်သူ့ အိမ်ရှေ့ထိ သွားမှ ရမှာ...
Earth-- ဪ... ဒါဆို နောက်မှပဲ...
My--ဘန်ကောက်ကနေ ဒီကို နောက်တခေါက် လမ်းကြုံချင်မှ ကြုံမှာလေ... တွေ့ချင်တယ် ဆိုမှတော့ လာလက်စနဲ့ တခါတည်း တွေ့သွားလိုက်လေ...

Earth-- ကိုယ်မှ သူ့အိမ်မှ မသိတာ...
My-- ကျွန်တော် လိုက်ပြမယ်လေ...

Earth ဇဝေဇဝါလေး ဖြစ်မိသွားတယ်။ Myက သူကိုယ်တိုင် Mixx အိမ်ကို လိုက်ပြမယ်လို့ ဆိုလိုတာလား...

My-- လာလေ...P'...

My က ပြောပြောဆိုဆိုနဲ့ Earth ကားပေါ် အခန့်သား တက်ထိုင်လိုက်တယ်။ Earth လဲ နဝေတိမ်တောင်နဲ့ ယောင်တောင်တောင်လေး ကားထဲဝင်ကာ My ပြတဲ့ လမ်းအတိုင်း မောင်းလိုက်တယ်။

My--ရောက်ပြီ...ဒါ ကျွန်တော့်အိမ်ပဲ...လိုက်ပို့ပေးတာ ကျေးဇူးပဲနော် P'Earth...
Earth--ဟမ်....

Earth ကြောင်ငေးငေးလေး ဖြစ်သွားရတယ်။ ပြောတော့ သူက Mixx အိမ်ကို ပြောပြမယ်ဆိုပြီး သူ့အိမ်ကို ခေါ်လာတာလား...?? Earth ကြောင်သွားပုံကို ကြည့်ပြီး My ဟက်ဟက်ပက်ပက် ရယ်လိုက်တယ်။

My-- Mixxအိမ်ကကျွန်တော့်အိမ်နဲ့ နှစ်အိမ်ကျော်မှာ... ဟိုက ခြံစည်းရိုး အပြာရောင်နဲ့အိမ်က Mixxတို့အိမ်ပဲ.. မကြာခင် ဒီလမ်းကနေ Mixx ပြန်လာလိမ့်မယ်...စောင့်နေလိုက်နော် P'...

My ကပြောပြီးတာနဲ့ သူ့အိမ်ထဲ ပြေးဝင်သွားတယ်။ Earth ကြောင်တောင်တောင်လေး ဖြစ်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေတုန်း...

လမ်းချိုးဆီကနေ အေးအေးဆေးဆေး လမ်းလျှောက်ပြန်လာတဲ့ Mixxကို တွေ့လိုက်ရတယ်။ ပုံမှန်အတိုင်း သူ့အိတ်လေးကိုင်ပြီး လျှောက်လာရင်း ဖုန်းကိုကိုင်ကာ စကားပြောနေပုံရတယ်။

Mixx--Ai My... သူ ပြန်သွားပြီလား...?
              ဘာဖြစ်ရမှာလဲ... မင်းကြောင့် ငါ မျက်နှာ မပြရဲ
              လို့ပေါ့...

ဖုန်းပြောရင်း သူ့အိမ်ခြံတံခါးကို တွန်းဖွင့်ဖို့ ပြင်နေတုန်း...

Earth--Mixx...

Mixx--ဟေး....😳😳😳

Mixx မထင်မှတ်ထားတဲ့မြင်ကွင်းကြောင့် လန့်ဖျတ်သွား မိတယ်။ မတွေ့ရဲလို့ ရှောင်‌ချင်လို့ပါဆိုတဲ့သူက တိုက်တိုက် ဆိုင်ဆိုင် အိမ်ရှေ့ထိ ရောက်နေတာမြင်တော့ Mixx မျက်လုံးတွေ ပြူးကျယ်ကာ အံ့ဩသွားရတယ်။

Mixx--P'Earth ဘယ်လိုလုပ် Mixxတို့အိမ်ရှေ့ကို ရောက်နေတာလဲ...???
Earth--Myက Mixxကို တွေ့ချင်ရင် အိမ်ရှေ့မှာ လာစောင့်လို့ ပြောပြီး သူကိုယ်တိုင် ဒီကို ခေါ်လာတာ...

Mixx-- ဟမ်....... ဟို ခွေးကောင်ကတော့ လုပ်ချလိုက်ပြန်ပြီ...

Mixx အံကြိတ်ရင်း My ကို တိုးတိုးကြိမ်းဝါး လိုက်တယ်... အဲဒီ့ကောင်ကို ယုံပြီးပြောခိုင်းမိတဲ့ ကိုယ့်ပါးကိုပဲ ပြန်ရိုက်ရတော့မယ်ထင်တယ်။

Earthကိုမြင်လို့ စိတ်ပျက်သလို ဖြစ်သွားတဲ့ Mixxကို အကဲခတ်ရင်း Earthက မျက်နှာငယ်လေးနဲ့ မေးတယ်...

Earth--ဘာဖြစ်လို့လဲ Mixx.. P'ကို မတွေ့‌ချင်လို့လား...
Mixx--ဪ...မဟုတ်ပါဘူး...

Mixx ရှက်ကိုးရှက်ကန်းနဲ့ နေရခက်နေပါတယ်။ ဒါပေမယ့် Earth က သူ့ကို မတွေ့ချင်လို့များလားဆိုတဲ့ အတွေးကြောင့် မျက်နှာမကောင်းစွာနဲ့ သက်ပြင်းချလိုက်တယ်။

Earth-- P'ကို ဘာလို့ရှောင်နေတာလဲ Mixx... P'အမှားတခုခုလုပ်ထားမိလို့လား...

Mixx--အဲလိုမဟုတ်ပါဘူး.. P'Earth..P'ဘာအမှားမှ မလုပ်ထားပါဘူး...
Earth-- ဒါဆို ဘာလို့ ပို့ထားတဲ့ စာလဲမဖတ်... Replyမလုပ်တာလဲ Mixx...ကိုယ့်ကိုတခုခုကြောင့် စိတ်ဆိုးနေတာလား... Mixx က ဖုန်းလဲမကိုင်ဘူးလေ... P'ကို တကယ် မတွေ့ချင်ပုံရတယ်။

Mixx--တကယ် အဲလို မဟုတ်ပါဘူး..

Earth အထင်မှားမှာစိုးတာနဲ့ Mixx ကပျာကယာလေး ဖြေရှင်းဖို့ပြင်လိုက်တယ်။ ပြောရမှာ ခပ်ရှက်ရှက်‌ဆို ပေမယ့် အကြောင်းရင်းကို မပြောရင် P'Earth တမျိုးထင်ပြီး စိတ်မကောင်းဖြစ်သွားစိုးတာကြောင့် နောက်ဆုံးတော့ Mixx အမှန်တိုင်းပြောဖို့ ပြင်လိုက်တယ်။

Mixx--ဟိုတစ်နေ့က ... P'ကို ပို့ထားတဲ့ဟာကလေ... အဲဒါ.. My က မျက်နှာပြောင်ပြီး ပို့လိုက်တာပါ... အဲဒါ... P'Earth တမျိုးထင်သွားပြီး တကယ်ကြည့်တယ် ထင်မှာစိုးလို့...

Earth-- ‌ဪ... အဲဒါလား...

Earthလဲ သဘောပေါက်သလို ဖြစ်သွားတယ်။ Mixx ပုံစံက ရှက်နေသလို ဖြစ်နေတဲ့အကြောင်းရင်းက အဲဒါကြောင့်ကိုး...

Mixx--သူက အရမ်းမွှေတာ P'Earth... ကျွန်တော့်ကို P'Earthနဲ့ မျက်နှာချင်းမဆိုင်ရဲအောင် ပေါက်ကရ လျှောက်ပို့လိုက်လို့ ကျွန်တော်လဲ ဘယ်လို ရှင်းပြရမလဲ မသိဘဲ...

Earth--ဘာများလဲလို့ Mixx ရယ်.. P'က တခြား တခုခုကြောင့်များ Mixx စိတ်ဆိုးသွားတာလို့ ထင်နေတာ...

Earthက အကြောင်းရင်းကို သိမှ စိတ်သက်သာသွားသလို ပေါ့ပါးစွာရယ်လိုက်တယ်။ အခုမှပဲ သူ့စိတ်ထဲ ပေါ့သွားတော့တယ်။ မဟုတ်ရင် တခုခုက လေးလံနေသလို တချိန်လုံး ခံစားနေခဲ့တာ...

Mixx-- စိတ်ဆိုးတာ မဟုတ်ပါဘူး... P'Earthက ကျွန်တော့်ကို အဲဒါတွေ ကြည့်ရတာ ဝါသနာပါတယ်လို့ ထင်ရင် ဘယ်လိုလုပ်မလဲ...ရှက်စရာကြီး...

Earth သဘောကျစွာ တဟားဟား ရယ်လိုက်တယ်။ Mixx ကအခုမှတော့ မထူးတော့ပါဘူးဆိုပြီး မျက်နှာပူပူနဲ့ပဲ ရယ်ကျဲကျဲလုပ်နေလိုက်တယ်။

Earth-- ဆယ်ကျော်သက်လေးတွေပဲ... အဲဒါ ကြည့်တာ ထူးဆန်းလို့လား...
Mixx-- ကျွန်တော့်ကို နှာဘူးလို့ အထင်မခံနိုင်ပါဘူး... ပြီးတော့ ဆယ်ကျော်သက်တိုင်းအဲဒါ မကြည့်တတ်ပါဘူး...

ကက်ကက်လန်အောင် ရန်တွေ့နေတဲ့ Mixxကြောင့် Earth အလျော့ပေးလိုက်ပြီး ပြုံးစိပြုံးစိ လုပ်နေလိုက်တယ်။

Earth--ဟုတ်ပါပြီ...ဟုတ်ပါပြီ.. မကြည့်ဘူးလို့ပဲ သဘောထားလိုက်ပါ့မယ်။
Mixx--တကယ်မကြည့်တာ...
Earth--ဟုတ်ပါပြီ...ယုံပါတယ်...

Earthက အလိုလိုက်ကာ သူ့အကြိုက်လိုက်ပြောပေးတော့မှ Mixx ပြန်စိတ်ပြေသွားတော့တယ်။

Earth-- အခု အမှန်တိုင်းလဲ သိပြီးပြီဆိုတော့... နောက်တစ်ခါ P' စာပို့ရင်.. reply ပြန်မှာမဟုတ်လား Mixx..

Mixxက ပြေပြေလေး ပြုံးရင်း ခေါင်းညိတ်ပြတယ်။ အဲဒီတော့မှ Earthလဲ စိတ်ထဲ ရှင်းသွားပြီး ပေါ့ပါးသွားတယ်။

Mixx-- ကျွန်တော့်ကြောင့် ဒီအထိလာပြီး အကြောင်းရင်း ကို လာမေးတာပေါ့... ကြည့်ရတာ ကားဆီဖိုး မနှမြောဘူး ထင်တယ်...

ဘန်ကောက်နဲ့ မနီးတဲ့ Mixxတို့ မြို့ထိ Earth ရောက်လာတာကို ကြည့်ပြီး Mixxခပ်ရွဲ့ရွဲ့လေး မေးလိုက်တယ်။ Earth ရှက်ရှက်နဲ့ လည်ပင်းပွတ်ရင်း...

Earth-- ဟို... ဒီဘက်ကို ဖြတ်သွားရင်းနဲ့လေ... အဲဒါ.. Mixx နဲ့များ တွေ့မလားဆိုပြီး ဝင်လာရင်း...
Mixx--ဟုတ်ပါပြီ... လမ်းကြုံလို့ဆိုလဲ ပြီးတာပဲ... အခု မိုးချုပ်တော့မယ် ပြန်တော့လေ... တော်ကြာ အရမ်းနောက်ကျမှ ပြန်ရောက်နေဦးမယ်...

Earthက Mixx ဂရုစိုက်သလိုပြောပုံကို သဘောကျရင်း မသိမသာပြုံးလိုက်တယ်။

Earth--အင်း...အခုလို အမှန်တိုင်းသိရပြီဆိုတော့ စိတ်ထဲ ပေါ့သွားပါပြီ... ဒါကြောင့် ပြန်တော့မယ်...
Mixx--အင်း... သေချာဂရုစိုက်ပြန်ဦးနော်...
Earth-- Krub...

Earthက ယဉ်ယဉ်ကျေးကျေးလေး ပြန်ဖြေပုံကြောင့် Mixx သဘောကျစွာပြုံးလိုက်တယ်။ Earth ကားလေး မောင်းမထွက်ခင်အထိ အိမ်ထဲ မဝင်သေးဘဲ Mixx ရပ်စောင့်နေလိုက်တယ်။ ကားလေး ထွက်သွားတော့မှ Mixx လဲ အိမ်ထဲ ဝင်လာလိုက်တယ်။

🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴

Earthနဲ့ Mixx တို့ အပြင်မှာ လူချင်း ခဏခဏ မတွေ့ဖြစ်ပေမယ့် Line ကနေ တဆင့် စာအဆက်အသွယ်နဲ့ တဖြေးဖြေး ရင်းနှီးသထက် ရင်းနှီးလာကြတယ်။ Earth ကိုယ်တိုင်လဲ Mixxနဲ့ စကားပြောရတာကို အရမ်း နှစ်သက်မိတယ်။

လူငယ်ဖြစ်တဲ့ Mixx ဆီကနေ တခါတလေ ဆန်းသစ်တဲ့ အတွေးအခေါ်တွေ ကြားရသလို... သူ့စကားတွေကြောင့် အမြဲ အားတက်လာသလို ခံစားမိတဲ့အထိသူက စိတ်ရင်းနဲ့ အားပေးတတ်တယ်... ပြီးတော့ သူ့ရဲ့ အိမ်မက်တွေ .. ရည်ရွယ်ချက် တွေကိုလဲ..Earthကို အပွင့်လင်းဆုံး ရင်ဖွင့်တတ်တယ်..

ဒီလိုနဲ့ တစ်ယောက်အကြောင်း တစ်ကြောင်း ပိုသိလာပြီး ပိုခင်မင်လာကြတယ်။ ကြာလာတော့ လူချင်းသာ မတွေ့ဖြစ်တယ်..သူတို့အချင်းချင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ တွေအထိ ကိုယ်စီ သိနေကြပါပြီ..

Earth-- ဒီနေ့ လူရွေးပွဲ သွားခဲ့တယ်... ဒါပေမယ့် အရွေးမခံရလောက်ဘူး ထင်တယ်... 😔😔

Mixx-- အားမလျော့ပါနဲ့... ဒီလူရွေးပွဲမှာ မပါလဲ နောက်တစ်ခုပေါ့... Su Su Na...
******†*******†**********†*******†*******†
Mixx-- စိတ်ညစ်တယ် 🤧🤧
Earth--ဘာဖြစ်လို့လဲ Mixx..
Mixx-- တိကုဖြစ်ချင်ပေမယ့် Bio အမှတ်တွေ အရမ်း နည်းနေတယ်။ GPA ကောင်းကောင်းနဲ့ အောင်မှ အဲဒီ့ ဘက်ကို လျှောက်လို့ရမှာ... ဟင့်..😟😟
Earth-- အခုထိ အချိန်တွေ ရှိပါသေးတယ် Mixx... ဖြေးဖြေးချင်း ကြိုးစားပေါ့...စိတ်ဓါတ်မကျပါနဲ့... ရည်ရွယ်ချက်အတွက် အားတင်းထားနော်...
Mixx-- Krub... 😟😟

********†********†********†********†*****

Mixx-- P'Earth...ဒီနေ့ ဉာဏ်စမ်း ဖြေရတာ... ကျွန်တော် အမှတ်အများဆုံးရတယ်...
Earth--ဟုတ်လား... Con...con...🤗🤗
Mixx-- ဟိုကောင် Ai My တော့ ဒီနေ့ တော်တော် ဗရုတ်ကျပြန်ပြီ P'... 😅😅

Mixx-- ဒီတခေါက် စာမေးပွဲ ဖြေနိုင်ပါ့မလား... စာတွေက ဘာလို့ အရမ်းခက်ရတာလဲ...😰😰

Mixx--ညက ဂိမ်းဆော့‌နေလို့ တော်တော်နောက်ကျမှ အိပ်ဖြစ်တယ်... ကျောင်းမှာ ငိုက်နေပြီ😴😴

Mixx-- ဒီအချိန်ရောက်မှ ဗိုက်အရမ်းဆာတာပဲ... မနက်ကျရင် Hokkien Mee သွားစားရမယ်...

Earth-- ကိုယ်လဲ အဲဒီ့ အရသာကို သတိရနေတာ... နောက်တခါ လာစားဦးမယ်
Mixx-- Hokkien Meeစားဖို့ ဒီအထိလာမလို့လား P'..😅😅

Earth-- ဒီနေ့ မိုးရွာတယ်နော်..ကျောင်းကို ထီးမပါဘဲ မသွားနဲ့...
Earth-- P' အခု သရုပ်ဆောင် သင်တန်းတက်နေတယ် Mixx... လက်မလျော့ဘူးလို့ ကိုယ့်ကိုကိုယ် ကတိပေးထားတယ်။

Mixx--ကိုယ့်ကိုကိုယ် ပေးတဲ့ကတိအတိုင်း တည်အောင် ကြိုးစားနော်... Mixx အားပေးနေမယ်... Su Su...

********†***************†***************†

Earth-- အရင်ဆုံး ကိုယ့်ကိုကိုယ် တိုးတက်အောင် ကြိုးစားရမယ် Mixx... ယုံကြည်ရာဆီ လျှောက်တဲ့လမ်းက ခက်ခဲလိုက်တာ...

Mixx--အရင်ဆုံး ကိုယ့်ကိုကိုယ် ယုံကြည်ရမယ် P'... P' တကယ်လုပ်နိုင်တယ်ဆိုတာ မမေ့နဲ့...☺️☺️

*******************†******************†******

Mixx--ဒီတခေါက် စာမေးပွဲပြီးရင် ရက် နည်းနည်းလောက် အနားယူပစ်ရမယ်... လူလဲ နုံးနေပြီ...

Earth-- ကျန်းမာရေးက အရေးကြီးတယ် Mixx... ကိုယ့်ကိုကိုယ် လုပ်နိုင်တဲ့အထိပဲ ဖိအားပေးနော်..

Mixx-- ဟိုနေ့က ဖျားသေးတယ်... ရာသီဥတုကလဲ အကျိုးမပေးဘူး...ဟွင့်...

Earth-- ဒီလိုအချိန်ကြီးဖျားတာ နေရခက်မှာပေါ့... အားမပျက်အောင် အစားကို ဝင်အောင်စားနော်...

***************************************

Mixx-- Mixx ဘန်ကောက်ကို လာလည်ဦးမလို့... ဒီတပါတ် ပိတ်ရက်...
Earth--ဘယ်သူနဲ့လဲ
Mixx--Myနဲ့...
Earth--ဟုတ်လား... ဘန်ကောက်ကို ရောက်ရင် ဖုန်းဆက်ဦးနော်...စားချင်တာ ဝယ်ကျွေးမယ်လေ...
Mixx--ဟင်... P'Earthက သင်တန်းတက်နေရတာနဲ့ အားပါ့မလား...
Earth-- ရက်ကို ကြိုပြောထားလေ... ဒါဆို အချိန်တွေ ညှိလိုက်မယ်...
Mixx--☺️☺️

☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️

ဘန်ကောက်ကို ခြေချလိုက်တာနဲ့ Mixx ,Earth ဆီ အရင် စာပို့လိုက်တယ်။

Mixx--ကျွန်တော်တို့ ဘန်ကောက် ရောက်နေပြီ...

ခဏနေတော့ Earth ဆီက Replyပြန်လာတယ်။

Earth-- Mixx တို့ဘယ်ကို သွားကြမှာလဲ...?

Mixx ရဲ့စာကို အရေးတယူနဲ့ ချက်ချင်းဖတ်ပြီး replyပြန်တဲ့အတွက် Mixx ကျေနပ်သွားသလို ပြုံး လိုက်တယ်။ ပြီးတော့ သူလဲ ချက်ချင်း စာပြန်လိုက်တယ်။

Mixx-- My က သူ့အကို့ကို ပေးစရာရှိတာ သွားပေးပြီးရင် ကျောင်းအတွက် လိုအပ်တာတွေ ဝယ်ဖို့ Siam Centerမှာ ဈေးပတ်ဝယ်ဖို့ တွေးထားတယ်။

Earth-- Ok na.... P'လာတွေ့မယ်..

Mixxက စာကိုဖတ်ပြီး ပြုံးနေတုန်း Myက အကဲခတ်ရင်း...

My-- မင်းတော်တော် အူမြူးနေတာပဲ..ဖုန်းကြည့်ပြီး ကြည်နူးပီတိဖြစ်နေတယ်... လိုတာတွေ ဝယ်ဖို့ လာတာနော်... မင်း ဘဲကြီးနဲ့ ချိန်းတွေ့ဖို့ ခေါ်လာတာ မဟုတ်ဘူး...
Mixx-- အီဆက်...(ဆဲသံ)

Mixx ဘယ်လောက်ဆဲဆဲ My ကတော့ အရေထူနေပါပြီ... အဆဲခံရမယ်ဆိုတာသိရဲ့နဲ့ကို Mixx ကို နောက်ပြောင်နေပါတော့တယ်။

🌆🌆🌆🌆🌆🌆🌆🌆🌆🌆🌆🌆🌆🌆🌆

To be continued...
Author Moonchild 🌙

ဒီေန႕နဲ႕ဆို Mixx , P'Earthနဲ႕ စာအဆက္အသြယ္မလုပ္တာ သုံးရက္ေလာက္ ရွိပါၿပီ... My လုပ္လို႔ Mixx ဘယ္လို စာျပန္ရမလဲ မသိဘဲ... ရွက္႐ြံ႕ေနမိတယ္။

Mixx-- အီဆက္...!!(ဆဲသံ)

Mixx ေတြးရင္းေတြးရင္း စိတ္တိုလာၿပီး အနားမွာ ကပ္လမ္းေလွ်ာက္ေနတဲ့ My ကို ဆဲဆိုကာ ေခါင္းကို ပိတ္ ရိုက္လိုက္တယ္။ My က ေကာက္ကာငင္ကာႀကီး အေၾကာင္းမရွိဘဲ အရိုက္ခံလိုက္ရလို႔ နာသြားတဲ့ သူ႕ေခါင္းေလးကို ပြတ္ကာ အူေၾကာင္ေၾကာင္ မ်က္ႏွာေပးနဲ႕ Mixx ကို ျပန္ၾကည့္တယ္။

အဲဒါနဲ႕ပဲ Mixxက သနားသြားမယ္ထင္လား... အျပစ္မရွိသလို မ်က္ႏွာေပးနဲ႕ ျပန္ၾကည့္ေနတဲ့My ေၾကာင့္ ပိုစိတ္တိုၿပီး Myရဲ႕ ဖင္ကို ေျခေထာက္နဲ႕ ပိတ္ကန္လိုက္တယ္။

Mixx-- မင္းေၾကာင့္...!!! မင္းေၾကာင့္....!!!
My-- ေသပါၿပီကြာ... ဘာထျဖစ္တာလဲ မင္းကလဲ... ကျဗဳန္းစားႀကီး...

Myက သူ႕ဖင္ေလးကိုပြတ္ရင္း Mixx ကို ဆက္မကန္ေအာင္ လက္တစ္ဖက္နဲ႕ တားတယ္။

Mixx-- မင္းလုပ္လို႔...အခု ငါ ဟို P'ကို ဘယ္လိုမ်က္ႏွာနဲ႕ စာျပန္ရမလဲ... ေတြးတိုင္း ေဒါသထြက္တယ္။ ဟြန္း...!!!

My-- ဘာျဖစ္လဲကြာ..ေနာက္တာလို႔ ေျပာလဲ ရတာပဲ...
Mixx--အဲလိုေျပာမွ ပိုသိသာသြားမွာေပါ့... သူက ငါ့ကို တကယ္ အဲဒါေတြ ၾကည့္တယ္ထင္ရင္ ဘယ္လိုလုပ္မလဲ...!

My--မင္းက ဘာလို႔ အဲေလာက္ေတာင္ ဂ႐ုစိုက္ေနရတာလဲ... သူ႕ဘာသာ ဘယ္လိုထင္ထင္ေပါ့...ဘာလဲ... မင္းက သူအထင္လြဲမွာ စိုးရိမ္တယ္ေပါ့... ဘာလို႔လဲ... သူ အထင္လြဲသြားရင္ သူမင္းကို လာမပိုးပန္းေတာ့မွာ စိုးလို႔လား...

Mixx--ေခြးေကာင္...!!! ေသစမ္း...ေသစမ္း...!!!

Mixx က ေပါက္ကရေျပာၿပီး သူ႕ကို အမ်ိဳးမ်ိဳး စကားနာ ထိုးေနတဲ့ Myကို အားရပါးရ တံေတာင္နဲ႕ ထိုးကာ လုံးေထြး ရိုက္ပုတ္လိုက္တယ္။

My--အားလား... နံရိုးေတြ က်ိဳးပါၿပီကြာ...
Mixx-- မွတ္ၿပီလား...ပါးစပ္သရမ္းဦး...

My ခမ်ာ Mixx ရိုက္ပုတ္သေလာက္ခံၿပီးကို မ်က္ႏွာေၾကာေျပာင္ေနတာပါ...ဘယ္ေလာက္ပဲ Mixx ရိုက္ပုတ္ ေနပါေစ မၿငိဳျငင္သလို အမွတ္သည္းေျခလဲ မရွိပါဘူး... Mixx ကို တမ်ိဳးၿပီးတမ်ိဳးကို လိုက္ေမႊေနတတ္တာ My ပါပဲ...

Mixx အားရေအာင္ My ကို ရိုက္ႏွက္ၿပီးမွ စိတ္ေျပသြားၿပီး ေက်ာင္းကေန အိမ္ျပန္ဖို႔ ေျခလွမ္းျပင္လိုက္တယ္။ ေက်ာင္းဂိတ္တံခါးနားေရာက္ေတာ့ မလွမ္းမကမ္းမွာ ကားရပ္ၿပီးရပ္ေစာင့္ေနတဲ့ Earthကို Mixx လွမ္းျမင္လိုက္ရၿပီး အလန႔္တၾကားေလး ျဖစ္သြားတယ္။

Mixx--Ai My...!

Mixxက ေဘးက Myကို အထိတ္တလန႔္ လွည့္ၿပီး ေခၚလိုက္ေတာ့ Myက Mixx ထက္ရိုက္ဦးမယ္ထင္ၿပီး လက္ကေလးကာရင္း မ်က္ႏွာငယ္ေလး‌နဲ႕ လွမ္းေမးတယ္။

My--ဘာတုန္း....!!! မရိုက္ပါနဲ႕ေတာ့ကြာ... တကိုယ္လုံး က်ိန္းစပ္ေနၿပီ... ေတာင္းပန္ပါတယ္ကြာ..ေနာက္ မေမႊေတာ့ပါဘူး...

Mixx--အဲဒါ အသာထား... ဟိုမွာ... P'Oh ရဲ႕ သူငယ္ခ်င္း ေက်ာင္းေရွ႕ကို ေရာက္လာျပန္ၿပီကြ...

Mixx လက္ညိုးျပတဲ့ ေနရာကို My လွမ္းၾကည့္လိုက္တယ္။

Mixx--အကယ္၍ သူငါ့ကို ေမးရင္...မသိဘူး...ျပန္သြားၿပီလို႔ ေျပာေပး...!
My--ဘာလို႔လဲ...?
Mixx--မင္းေမႊထားလို႔ ငါ ဘယ္လိုမ်က္ႏွာနဲ႕ သူ႕ကို ေတြ႕ရမလဲ ႏြား‌...ရဲ႕...! ဒုကၡပဲ...သူ႕ကို ဘယ္လို ေရွာင္ရမလဲ မသိဘူး... ရွက္လိုက္တာ...

Myက အႀကံရသလို မ်က္ႏွာေပးနဲ႕...

My--ဒီလိုလုပ္... ငါ သူ႕ကို သြားစကားေျပာၿပီး မင္းေရွာင္လို႔ရေအာင္ အာ႐ုံေျပာင္းထားလိုက္မယ္။ မင္းက ဟိုဘက္ေပါက္ကေန ခိုးျပန္လိုက္... ဟုတ္ၿပီလား...

Mixx--ေအး..

My ေျပာတဲ့အတိုင္း Mixx ေက်ာင္းဂိတ္ ဟိုဘက္ကေန ခိုးေၾကာင္ခိုးဝွက္နဲ႕ ထြက္ေျပးလိုက္တယ္။ Myကေတာ့ ေက်ာင္းအေရွ႕ဂိတ္ကေန ေက်ာ့ေက်ာ့ေလး ေလွ်ာက္လာရင္း ေက်ာင္းဝန္းထဲကို မသိမသာ လွမ္းၾကည့္ေနတဲ့ P'Oh သူငယ္ခ်င္းကို လွမ္းျမင္လိုက္ေတာ့ ရိုးသားတဲ့ပုံစံနဲ႕ လွမ္းႏႈတ္ဆက္လိုက္တယ္။

My-- Sawaddee Krub P'Earth... ေက်ာင္းကို ဘာကိစၥရွိလို႔ ေရာက္လာတာလဲဗ်..

Earthက ရွက္ကိုးရွင္ကန္း မလုံမလဲနဲ႕ ေခါင္းကုတ္ရင္း ..

Earth--ဪ...ဟို.. ဒီဘက္ကို လမ္းႀကဳံလာရင္းနဲ႕ အဲဒါ ... အာ...Mixxတို႔ ေက်ာင္းဆင္းတဲ့ အခ်ိန္ဆိုေတာ့ သူနဲ႕ေတြ႕မ်ား ေတြ႕မလားလို႔...

စကားေတြ အထစ္ထစ္အေငါ့ေငါ့နဲ႕ ဆင္ျခင္ေပးဖို႔ စဥ္းစားေနတဲ့ Earthပုံစံကို ၾကည့္ၿပီး My ရယ္ခ်င္စိတ္ကို ထိန္းထားလိုက္တယ္။

My--ဪ.... ဘာကိစၥရွိလို႔ P'က သူနဲ႕ ေတြ႕ခ်င္တာလဲ...

Earth--ထူးထူးျခားျခားေတာ့မရွိပါဘူး... အဆက္ အသြယ္ မရတာၾကာလို႔ ေနမေကာင္းလို႔မ်ားလားလို႔ ေမးမလို႔ပါ...

My--ဪ......…..

အေၾကာင္းရင္းကို သိရေတာ့ My သံရွည္ဆြဲၿပီး ေခါင္းတညိတ္ညိတ္လုပ္ကာ... သူ႕ဝဇီအတိုင္း ေမႊဖို႔ႀကံစည္လိုက္တယ္။

My--သူက အေစာႀကီးျပန္သြားတာ ... အကယ္၍ သူ႕ကို ေတြ႕ခ်င္ရင္သူ႕ အိမ္ေရွ႕ထိ သြားမွ ရမွာ...
Earth-- ဪ... ဒါဆို ေနာက္မွပဲ...
My--ဘန္ေကာက္ကေန ဒီကို ေနာက္တေခါက္ လမ္းႀကဳံခ်င္မွ ႀကဳံမွာေလ... ေတြ႕ခ်င္တယ္ ဆိုမွေတာ့ လာလက္စနဲ႕ တခါတည္း ေတြ႕သြားလိုက္ေလ...

Earth-- ကိုယ္မွ သူ႕အိမ္မွ မသိတာ...
My-- ကြၽန္ေတာ္ လိုက္ျပမယ္ေလ...

Earth ဇေဝဇဝါေလး ျဖစ္မိသြားတယ္။ Myက သူကိုယ္တိုင္ Mixx အိမ္ကို လိုက္ျပမယ္လို႔ ဆိုလိုတာလား...

My-- လာေလ...P'...

My က ေျပာေျပာဆိုဆိုနဲ႕ Earth ကားေပၚ အခန႔္သား တက္ထိုင္လိုက္တယ္။ Earth လဲ နေဝတိမ္ေတာင္နဲ႕ ေယာင္ေတာင္ေတာင္ေလး ကားထဲဝင္ကာ My ျပတဲ့ လမ္းအတိုင္း ေမာင္းလိုက္တယ္။

My--ေရာက္ၿပီ...ဒါ ကြၽန္ေတာ့္အိမ္ပဲ...လိုက္ပို႔ေပးတာ ေက်းဇူးပဲေနာ္ P'Earth...
Earth--ဟမ္....

Earth ေၾကာင္ေငးေငးေလး ျဖစ္သြားရတယ္။ ေျပာေတာ့ သူက Mixx အိမ္ကို ေျပာျပမယ္ဆိုၿပီး သူ႕အိမ္ကို ေခၚလာတာလား...?? Earth ေၾကာင္သြားပုံကို ၾကည့္ၿပီး My ဟက္ဟက္ပက္ပက္ ရယ္လိုက္တယ္။

My-- Mixxအိမ္ကကြၽန္ေတာ့္အိမ္နဲ႕ ႏွစ္အိမ္ေက်ာ္မွာ... ဟိုက ၿခံစည္းရိုး အျပာေရာင္နဲ႕အိမ္က Mixxတို႔အိမ္ပဲ.. မၾကာခင္ ဒီလမ္းကေန Mixx ျပန္လာလိမ့္မယ္...ေစာင့္ေနလိုက္ေနာ္ P'...

My ကေျပာၿပီးတာနဲ႕ သူ႕အိမ္ထဲ ေျပးဝင္သြားတယ္။ Earth ေၾကာင္ေတာင္ေတာင္ေလး ျဖစ္ကာ ပတ္ဝန္းက်င္ကို လွည့္ပတ္ၾကည့္ေနတုန္း...

လမ္းခ်ိဳးဆီကေန ေအးေအးေဆးေဆး လမ္းေလွ်ာက္ျပန္လာတဲ့ Mixxကို ေတြ႕လိုက္ရတယ္။ ပုံမွန္အတိုင္း သူ႕အိတ္ေလးကိုင္ၿပီး ေလွ်ာက္လာရင္း ဖုန္းကိုကိုင္ကာ စကားေျပာေနပုံရတယ္။

Mixx--Ai My... သူ ျပန္သြားၿပီလား...?
              ဘာျဖစ္ရမွာလဲ... မင္းေၾကာင့္ ငါ မ်က္ႏွာ မျပရဲ
              လို႔ေပါ့...

ဖုန္းေျပာရင္း သူ႕အိမ္ၿခံတံခါးကို တြန္းဖြင့္ဖို႔ ျပင္ေနတုန္း...

Earth--Mixx...

Mixx--ေဟး....😳😳😳

Mixx မထင္မွတ္ထားတဲ့ျမင္ကြင္းေၾကာင့္ လန႔္ဖ်တ္သြား မိတယ္။ မေတြ႕ရဲလို႔ ေရွာင္‌ခ်င္လို႔ပါဆိုတဲ့သူက တိုက္တိုက္ ဆိုင္ဆိုင္ အိမ္ေရွ႕ထိ ေရာက္ေနတာျမင္ေတာ့ Mixx မ်က္လုံးေတြ ျပဴးက်ယ္ကာ အံ့ဩသြားရတယ္။

Mixx--P'Earth ဘယ္လိုလုပ္ Mixxတို႔အိမ္ေရွ႕ကို ေရာက္ေနတာလဲ...???
Earth--Myက Mixxကို ေတြ႕ခ်င္ရင္ အိမ္ေရွ႕မွာ လာေစာင့္လို႔ ေျပာၿပီး သူကိုယ္တိုင္ ဒီကို ေခၚလာတာ...

Mixx-- ဟမ္....... ဟို ေခြးေကာင္ကေတာ့ လုပ္ခ်လိဳက္ျပန္ၿပီ...

Mixx အံႀကိတ္ရင္း My ကို တိုးတိုးႀကိမ္းဝါး လိုက္တယ္... အဲဒီ့ေကာင္ကို ယုံၿပီးေျပာခိုင္းမိတဲ့ ကိုယ့္ပါးကိုပဲ ျပန္ရိုက္ရေတာ့မယ္ထင္တယ္။

Earthကိုျမင္လို႔ စိတ္ပ်က္သလို ျဖစ္သြားတဲ့ Mixxကို အကဲခတ္ရင္း Earthက မ်က္ႏွာငယ္ေလးနဲ႕ ေမးတယ္...

Earth--ဘာျဖစ္လို႔လဲ Mixx.. P'ကို မေတြ႕‌ခ်င္လို႔လား...
Mixx--ဪ...မဟုတ္ပါဘူး...

Mixx ရွက္ကိုးရွက္ကန္းနဲ႕ ေနရခက္ေနပါတယ္။ ဒါေပမယ့္ Earth က သူ႕ကို မေတြ႕ခ်င္လို႔မ်ားလားဆိုတဲ့ အေတြးေၾကာင့္ မ်က္ႏွာမေကာင္းစြာနဲ႕ သက္ျပင္းခ်လိဳက္တယ္။

Earth-- P'ကို ဘာလို႔ေရွာင္ေနတာလဲ Mixx... P'အမွားတခုခုလုပ္ထားမိလို႔လား...

Mixx--အဲလိုမဟုတ္ပါဘူး.. P'Earth..P'ဘာအမွားမွ မလုပ္ထားပါဘူး...
Earth-- ဒါဆို ဘာလို႔ ပို႔ထားတဲ့ စာလဲမဖတ္... Replyမလုပ္တာလဲ Mixx...ကိုယ့္ကိုတခုခုေၾကာင့္ စိတ္ဆိုးေနတာလား... Mixx က ဖုန္းလဲမကိုင္ဘူးေလ... P'ကို တကယ္ မေတြ႕ခ်င္ပုံရတယ္။

Mixx--တကယ္ အဲလို မဟုတ္ပါဘူး..

Earth အထင္မွားမွာစိုးတာနဲ႕ Mixx ကပ်ာကယာေလး ေျဖရွင္းဖို႔ျပင္လိုက္တယ္။ ေျပာရမွာ ခပ္ရွက္ရွက္‌ဆို ေပမယ့္ အေၾကာင္းရင္းကို မေျပာရင္ P'Earth တမ်ိဳးထင္ၿပီး စိတ္မေကာင္းျဖစ္သြားစိုးတာေၾကာင့္ ေနာက္ဆုံးေတာ့ Mixx အမွန္တိုင္းေျပာဖို႔ ျပင္လိုက္တယ္။

Mixx--ဟိုတစ္ေန႕က ... P'ကို ပို႔ထားတဲ့ဟာကေလ... အဲဒါ.. My က မ်က္ႏွာေျပာင္ၿပီး ပို႔လိုက္တာပါ... အဲဒါ... P'Earth တမ်ိဳးထင္သြားၿပီး တကယ္ၾကည့္တယ္ ထင္မွာစိုးလို႔...

Earth-- ‌ဪ... အဲဒါလား...

Earthလဲ သေဘာေပါက္သလို ျဖစ္သြားတယ္။ Mixx ပုံစံက ရွက္ေနသလို ျဖစ္ေနတဲ့အေၾကာင္းရင္းက အဲဒါေၾကာင့္ကိုး...

Mixx--သူက အရမ္းေမႊတာ P'Earth... ကြၽန္ေတာ့္ကို P'Earthနဲ႕ မ်က္ႏွာခ်င္းမဆိုင္ရဲေအာင္ ေပါက္ကရ ေလွ်ာက္ပို႔လိုက္လို႔ ကြၽန္ေတာ္လဲ ဘယ္လို ရွင္းျပရမလဲ မသိဘဲ...

Earth--ဘာမ်ားလဲလို႔ Mixx ရယ္.. P'က တျခား တခုခုေၾကာင့္မ်ား Mixx စိတ္ဆိုးသြားတာလို႔ ထင္ေနတာ...

Earthက အေၾကာင္းရင္းကို သိမွ စိတ္သက္သာသြားသလို ေပါ့ပါးစြာရယ္လိုက္တယ္။ အခုမွပဲ သူ႕စိတ္ထဲ ေပါ့သြားေတာ့တယ္။ မဟုတ္ရင္ တခုခုက ေလးလံေနသလို တခ်ိန္လုံး ခံစားေနခဲ့တာ...

Mixx-- စိတ္ဆိုးတာ မဟုတ္ပါဘူး... P'Earthက ကြၽန္ေတာ့္ကို အဲဒါေတြ ၾကည့္ရတာ ဝါသနာပါတယ္လို႔ ထင္ရင္ ဘယ္လိုလုပ္မလဲ...ရွက္စရာႀကီး...

Earth သေဘာက်စြာ တဟားဟား ရယ္လိုက္တယ္။ Mixx ကအခုမွေတာ့ မထူးေတာ့ပါဘူးဆိုၿပီး မ်က္ႏွာပူပူနဲ႕ပဲ ရယ္က်ဲက်ဲလုပ္ေနလိုက္တယ္။

Earth-- ဆယ္ေက်ာ္သက္ေလးေတြပဲ... အဲဒါ ၾကည့္တာ ထူးဆန္းလို႔လား...
Mixx-- ကြၽန္ေတာ့္ကို ႏွာဘူးလို႔ အထင္မခံနိုင္ပါဘူး... ၿပီးေတာ့ ဆယ္ေက်ာ္သက္တိုင္းအဲဒါ မၾကည့္တတ္ပါဘူး...

ကက္ကက္လန္ေအာင္ ရန္ေတြ႕ေနတဲ့ Mixxေၾကာင့္ Earth အေလ်ာ့ေပးလိုက္ၿပီး ၿပဳံးစိၿပဳံးစိ လုပ္ေနလိုက္တယ္။

Earth--ဟုတ္ပါၿပီ...ဟုတ္ပါၿပီ.. မၾကည့္ဘူးလို႔ပဲ သေဘာထားလိုက္ပါ့မယ္။
Mixx--တကယ္မၾကည့္တာ...
Earth--ဟုတ္ပါၿပီ...ယုံပါတယ္...

Earthက အလိုလိုက္ကာ သူ႕အႀကိဳက္လိုက္ေျပာေပးေတာ့မွ Mixx ျပန္စိတ္ေျပသြားေတာ့တယ္။

Earth-- အခု အမွန္တိုင္းလဲ သိၿပီးၿပီဆိုေတာ့... ေနာက္တစ္ခါ P' စာပို႔ရင္.. reply ျပန္မွာမဟုတ္လား Mixx..

Mixxက ေျပေျပေလး ၿပဳံးရင္း ေခါင္းညိတ္ျပတယ္။ အဲဒီေတာ့မွ Earthလဲ စိတ္ထဲ ရွင္းသြားၿပီး ေပါ့ပါးသြားတယ္။

Mixx-- ကြၽန္ေတာ့္ေၾကာင့္ ဒီအထိလာၿပီး အေၾကာင္းရင္း ကို လာေမးတာေပါ့... ၾကည့္ရတာ ကားဆီဖိုး မႏွေျမာဘူး ထင္တယ္...

ဘန္ေကာက္နဲ႕ မနီးတဲ့ Mixxတို႔ ၿမိဳ႕ထိ Earth ေရာက္လာတာကို ၾကည့္ၿပီး Mixxခပ္႐ြဲ႕႐ြဲ႕ေလး ေမးလိုက္တယ္။ Earth ရွက္ရွက္နဲ႕ လည္ပင္းပြတ္ရင္း...

Earth-- ဟို... ဒီဘက္ကို ျဖတ္သြားရင္းနဲ႕ေလ... အဲဒါ.. Mixx နဲ႕မ်ား ေတြ႕မလားဆိုၿပီး ဝင္လာရင္း...
Mixx--ဟုတ္ပါၿပီ... လမ္းႀကဳံလို႔ဆိုလဲ ၿပီးတာပဲ... အခု မိုးခ်ဳပ္ေတာ့မယ္ ျပန္ေတာ့ေလ... ေတာ္ၾကာ အရမ္းေနာက္က်မွ ျပန္ေရာက္ေနဦးမယ္...

Earthက Mixx ဂ႐ုစိုက္သလိုေျပာပုံကို သေဘာက်ရင္း မသိမသာၿပဳံးလိုက္တယ္။

Earth--အင္း...အခုလို အမွန္တိုင္းသိရၿပီဆိုေတာ့ စိတ္ထဲ ေပါ့သြားပါၿပီ... ဒါေၾကာင့္ ျပန္ေတာ့မယ္...
Mixx--အင္း... ေသခ်ာဂ႐ုစိုက္ျပန္ဦးေနာ္...
Earth-- Krub...

Earthက ယဥ္ယဥ္ေက်းေက်းေလး ျပန္ေျဖပုံေၾကာင့္ Mixx သေဘာက်စြာၿပဳံးလိုက္တယ္။ Earth ကားေလး ေမာင္းမထြက္ခင္အထိ အိမ္ထဲ မဝင္ေသးဘဲ Mixx ရပ္ေစာင့္ေနလိုက္တယ္။ ကားေလး ထြက္သြားေတာ့မွ Mixx လဲ အိမ္ထဲ ဝင္လာလိုက္တယ္။

🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴

Earthနဲ႕ Mixx တို႔ အျပင္မွာ လူခ်င္း ခဏခဏ မေတြ႕ျဖစ္ေပမယ့္ Line ကေန တဆင့္ စာအဆက္အသြယ္နဲ႕ တေျဖးေျဖး ရင္းႏွီးသထက္ ရင္းႏွီးလာၾကတယ္။ Earth ကိုယ္တိုင္လဲ Mixxနဲ႕ စကားေျပာရတာကို အရမ္း ႏွစ္သက္မိတယ္။

လူငယ္ျဖစ္တဲ့ Mixx ဆီကေန တခါတေလ ဆန္းသစ္တဲ့ အေတြးအေခၚေတြ ၾကားရသလို... သူ႕စကားေတြေၾကာင့္ အၿမဲ အားတက္လာသလို ခံစားမိတဲ့အထိသူက စိတ္ရင္းနဲ႕ အားေပးတတ္တယ္... ၿပီးေတာ့ သူ႕ရဲ႕ အိမ္မက္ေတြ .. ရည္႐ြယ္ခ်က္ ေတြကိုလဲ..Earthကို အပြင့္လင္းဆုံး ရင္ဖြင့္တတ္တယ္..

ဒီလိုနဲ႕ တစ္ေယာက္အေၾကာင္း တစ္ေၾကာင္း ပိုသိလာၿပီး ပိုခင္မင္လာၾကတယ္။ ၾကာလာေတာ့ လူခ်င္းသာ မေတြ႕ျဖစ္တယ္..သူတို႔အခ်င္းခ်င္းရဲ႕ ကိုယ္ေရးကိုယ္တာ ကိစၥ ေတြအထိ ကိုယ္စီ သိေနၾကပါၿပီ..

Earth-- ဒီေန႕ လူေ႐ြးပြဲ သြားခဲ့တယ္... ဒါေပမယ့္ အေ႐ြးမခံရေလာက္ဘူး ထင္တယ္... 😔😔

Mixx-- အားမေလ်ာ့ပါနဲ႕... ဒီလူေ႐ြးပြဲမွာ မပါလဲ ေနာက္တစ္ခုေပါ့... Su Su Na...
******†*******†**********†*******†*******†
Mixx-- စိတ္ညစ္တယ္ 🤧🤧
Earth--ဘာျဖစ္လို႔လဲ Mixx..
Mixx-- တိကုျဖစ္ခ်င္ေပမယ့္ Bio အမွတ္ေတြ အရမ္း နည္းေနတယ္။ GPA ေကာင္းေကာင္းနဲ႕ ေအာင္မွ အဲဒီ့ ဘက္ကို ေလွ်ာက္လို႔ရမွာ... ဟင့္..😟😟
Earth-- အခုထိ အခ်ိန္ေတြ ရွိပါေသးတယ္ Mixx... ေျဖးေျဖးခ်င္း ႀကိဳးစားေပါ့...စိတ္ဓါတ္မက်ပါနဲ႕... ရည္႐ြယ္ခ်က္အတြက္ အားတင္းထားေနာ္...
Mixx-- Krub... 😟😟

********†********†********†********†*****

Mixx-- P'Earth...ဒီေန႕ ဉာဏ္စမ္း ေျဖရတာ... ကြၽန္ေတာ္ အမွတ္အမ်ားဆုံးရတယ္...
Earth--ဟုတ္လား... Con...con...🤗🤗
Mixx-- ဟိုေကာင္ Ai My ေတာ့ ဒီေန႕ ေတာ္ေတာ္ ဗ႐ုတ္က်ျပန္ၿပီ P'... 😅😅

Mixx-- ဒီတေခါက္ စာေမးပြဲ ေျဖနိုင္ပါ့မလား... စာေတြက ဘာလို႔ အရမ္းခက္ရတာလဲ...😰😰

Mixx--ညက ဂိမ္းေဆာ့‌ေနလို႔ ေတာ္ေတာ္ေနာက္က်မွ အိပ္ျဖစ္တယ္... ေက်ာင္းမွာ ငိုက္ေနၿပီ😴😴

Mixx-- ဒီအခ်ိန္ေရာက္မွ ဗိုက္အရမ္းဆာတာပဲ... မနက္က်ရင္ Hokkien Mee သြားစားရမယ္...

Earth-- ကိုယ္လဲ အဲဒီ့ အရသာကို သတိရေနတာ... ေနာက္တခါ လာစားဦးမယ္
Mixx-- Hokkien Meeစားဖို႔ ဒီအထိလာမလို႔လား P'..😅😅

Earth-- ဒီေန႕ မိုး႐ြာတယ္ေနာ္..ေက်ာင္းကို ထီးမပါဘဲ မသြားနဲ႕...
Earth-- P' အခု သ႐ုပ္ေဆာင္ သင္တန္းတက္ေနတယ္ Mixx... လက္မေလ်ာ့ဘူးလို႔ ကိုယ့္ကိုကိုယ္ ကတိေပးထားတယ္။

Mixx--ကိုယ့္ကိုကိုယ္ ေပးတဲ့ကတိအတိုင္း တည္ေအာင္ ႀကိဳးစားေနာ္... Mixx အားေပးေနမယ္... Su Su...

********†***************†***************†

Earth-- အရင္ဆုံး ကိုယ့္ကိုကိုယ္ တိုးတက္ေအာင္ ႀကိဳးစားရမယ္ Mixx... ယုံၾကည္ရာဆီ ေလွ်ာက္တဲ့လမ္းက ခက္ခဲလိုက္တာ...

Mixx--အရင္ဆုံး ကိုယ့္ကိုကိုယ္ ယုံၾကည္ရမယ္ P'... P' တကယ္လုပ္နိုင္တယ္ဆိုတာ မေမ့နဲ႕...☺️☺️

*******************†******************†******

Mixx--ဒီတေခါက္ စာေမးပြဲၿပီးရင္ ရက္ နည္းနည္းေလာက္ အနားယူပစ္ရမယ္... လူလဲ ႏုံးေနၿပီ...

Earth-- က်န္းမာေရးက အေရးႀကီးတယ္ Mixx... ကိုယ့္ကိုကိုယ္ လုပ္နိုင္တဲ့အထိပဲ ဖိအားေပးေနာ္..

Mixx-- ဟိုေန႕က ဖ်ားေသးတယ္... ရာသီဥတုကလဲ အက်ိဳးမေပးဘူး...ဟြင့္...

Earth-- ဒီလိုအခ်ိန္ႀကီးဖ်ားတာ ေနရခက္မွာေပါ့... အားမပ်က္ေအာင္ အစားကို ဝင္ေအာင္စားေနာ္...

***************************************

Mixx-- Mixx ဘန္ေကာက္ကို လာလည္ဦးမလို႔... ဒီတပါတ္ ပိတ္ရက္...
Earth--ဘယ္သူနဲ႕လဲ
Mixx--Myနဲ႕...
Earth--ဟုတ္လား... ဘန္ေကာက္ကို ေရာက္ရင္ ဖုန္းဆက္ဦးေနာ္...စားခ်င္တာ ဝယ္ေကြၽးမယ္ေလ...
Mixx--ဟင္... P'Earthက သင္တန္းတက္ေနရတာနဲ႕ အားပါ့မလား...
Earth-- ရက္ကို ႀကိဳေျပာထားေလ... ဒါဆို အခ်ိန္ေတြ ညွိလိုက္မယ္...
Mixx--☺️☺️

☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️

ဘန္ေကာက္ကို ေျခခ်လိဳက္တာနဲ႕ Mixx ,Earth ဆီ အရင္ စာပို႔လိုက္တယ္။

Mixx--ကြၽန္ေတာ္တို႔ ဘန္ေကာက္ ေရာက္ေနၿပီ...

ခဏေနေတာ့ Earth ဆီက Replyျပန္လာတယ္။

Earth-- Mixx တို႔ဘယ္ကို သြားၾကမွာလဲ...?

Mixx ရဲ႕စာကို အေရးတယူနဲ႕ ခ်က္ခ်င္းဖတ္ၿပီး replyျပန္တဲ့အတြက္ Mixx ေက်နပ္သြားသလို ၿပဳံး လိုက္တယ္။ ၿပီးေတာ့ သူလဲ ခ်က္ခ်င္း စာျပန္လိုက္တယ္။

Mixx-- My က သူ႕အကို႔ကို ေပးစရာရွိတာ သြားေပးၿပီးရင္ ေက်ာင္းအတြက္ လိုအပ္တာေတြ ဝယ္ဖို႔ Siam Centerမွာ ေဈးပတ္ဝယ္ဖို႔ ေတြးထားတယ္။

Earth-- Ok na.... P'လာေတြ႕မယ္..

Mixxက စာကိုဖတ္ၿပီး ၿပဳံးေနတုန္း Myက အကဲခတ္ရင္း...

My-- မင္းေတာ္ေတာ္ အူျမဴးေနတာပဲ..ဖုန္းၾကည့္ၿပီး ၾကည္ႏူးပီတိျဖစ္ေနတယ္... လိုတာေတြ ဝယ္ဖို႔ လာတာေနာ္... မင္း ဘဲႀကီးနဲ႕ ခ်ိန္းေတြ႕ဖို႔ ေခၚလာတာ မဟုတ္ဘူး...
Mixx-- အီဆက္...(ဆဲသံ)

Mixx ဘယ္ေလာက္ဆဲဆဲ My ကေတာ့ အေရထူေနပါၿပီ... အဆဲခံရမယ္ဆိုတာသိရဲ႕နဲ႕ကို Mixx ကို ေနာက္ေျပာင္ေနပါေတာ့တယ္။

🌆🌆🌆🌆🌆🌆🌆🌆🌆🌆🌆🌆🌆🌆🌆

To be continued...
Author Moonchild 🌙


Continue Reading

You'll Also Like

29K 4.5K 33
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
285K 49.2K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
218K 9.2K 23
boy love လေး အစမ်းရေးကြည့်တာပါ (Un /Zg) ++++ေတြ ပါေလာက္မွာမို႔ ႏွစ္သက္သူမ်ားသာဖတ္ပါ
86.5K 11.5K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]