" ကိုကို "
ဆောင်ဟွန်းက လက်ထဲက ချောကလက်ဘူးလေးက်ို ကြောက်ကြောက်နဲ့ ဖိကိုင်ရင်း ခေါ်လိုက်သည် ။ တကယ်တော့ ကိုကို က အနားမှာ မရှိ ။ ဟိုး ခပ်လှမ်းလှမ်းမှာ ။ သူကသာ အနားရောက်ရင် အသံတုန်နေမှာစိုး၍ ကြိုပြီးလေ့ကျင့်နေခြင်းဖြစ်သည် ။
" ကိုကို .. ဒီဟာလေး ယူ- အာ .. မဟုတ်သေးပါဘူး ဘယ်လိုပြောရမလဲ "
ဆောင်ဟွန်းက ဖိကိုင်ထားလွန်း၍ ချောက်ကလက်ဘူး ပေါ်မှာ ချီထားတဲ့ အနီရောင်ဖဲကြိုးလေးကပါ ပြေလုနီးပါး။ စိတ်ရှည်ရှည်နဲ့ ဖဲကြိုးကိုပုံစံအမှန်ဖြစ်အောင် ပြန်ပြင်လိုက်ပြီး ဘူးကိုဘေးနားချကာ သူပါရောထိုင်လိုက်သည် ။
အတန်းထဲမှာ ဘယ်သူမှမရှိတော့ ။ တစ်နေကုန် ကိုကို့ကို ဖွင့်ပြောဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင် ။ အခုဆို ကျောင်းဆင်းချိန်ရောက်တာတောင် သူ့မှာသတ္တိမရှိသေး ။အခုသူ့ပုံစံက စာမေးပွဲခန်းထဲဝင်နေတဲ့ ကျောင်းသားတစ်ယောက်လိုဆိုရင် ဂျေးက အိမ်ကနေ ထိုင်စောင့်နေရတဲ့မိဘနေရာမှာပေါ့ ။ သူ့ အခြေအနေကို ဖင်တကြွကြွနဲ့ စောင့်နေမယ့် ဂျေးပုံစံကို သူမြင်ယောင်မိသည် ။
အမှန်တော့ ကိုကို့ ကိုဖွင့်ပြောဖို့အားပေးခဲ့တာလည်း ဂျေးပင် ။
ကိုကို့ကို သူ စသဘောကျခဲ့တာ ဒီစာသင်နှစ်အစကတည်းကပင် ။ အိမ်မှာစာလာသင်ပေးတဲ့ ဂိုက်ဆရာမကြောင့် ကိုကို့ နာမည်ကိုကြားဖူးကတည်းက သူစပြီးစိတ်ဝင်စားနေခြင်းဖြစ်သည် ။
ကိုကို ကအရမ်းချောသည် ။
စာလည်း အရမ်းတော်သည် ။
ကိုကို့ရဲ့ သမင်မျက်လုံးလေးတွေကတော့ သူ့ရဲ့ အားနည်းချက်ပင် ။ ကိုကိုက ပြုံးတာရှားပေမယ့် ပြုံးလိုက်တိုင်းလည်း ဆောင်ဟွန်းရင်ဘတ်ထဲမှာ ကြည်နူးမှူတွေပြည့်လျှံသွားရသည် ။
နေ့တိုင်းနေ့တိုင်း ကိုကို့ကို ချောင်းပြီးငေးကြည့်နေရင်းကနေ ဒီနေ့တော့ ဖွင့်ပြောဖို့ အရဲစွန့်လာရခြင်း ။ အများကြီး ကြောက်နေမိပေမယ့်လည်း သူခြေလှမ်းတွေကို ကိုကို့ ဆီဦးတည်လိုက်သည် ။
တစ်လှမ်း ။
နှစ်လှမ်း ။
ကိုကိုနဲ့ ပိုနီးလာတိုင်း ရင်တွေခုန်တာ ပေါက်ထွက်တော့မတတ်။ နားလေးတွေကော ပါးတွေပါ နီရဲနေတဲ့ ဆောင်ဟွန်းက မက်မွန်သီးလေးလို ချစ်ဖို့ကောင်းနေသည် ။ တွေ့တဲ့လူတိုင်း ပါးလေးကိုသွားဆွဲပြီး နမ်းချင်လောက်အောင် ချစ်စရာလေးဖြစ်နေပေမယ့် ကိုကို့ မျက်လုံးထဲတော့ အဲ့လိုမဟုတ်ခဲ့ဘူးထင်သည် ။
" ကိုကို ... ဒီဟာ ၊ ကျွန်-ကျွန်တော် ကိုကို့ကို သဘောကျလို့-"
" ဆောရီး ဒါပေမယ့်ငါ ဒီကိစ္စတွေကိုစိတ်မဝင်စားလို့"
ဆောင်ဟွန်းမျက်လုံးတွေ ဝိုင်းစက်သွားသည်။
နေဦး အခု ကိုကို က သူ့ကိုငြင်းလိုက်တာလား။
သူ့စကားကိုတောင် ဆုံးအောင်နားမထောင်ပဲ ကိုကိုက လှည့်ထွက်သွားတော့မည့်ပုံ ။
ချောကလက်ဘူးကို သူပစ်ချမိလိုက်သည် ။
မျက်ရည်တွေ ပါးပေါ်ကျမလာခင် သူနောက်ပြန်ဆုတ်ပြီးပြေးခဲ့သည် ။ အနောက်က ကိုကို့သူငယ်ချင်းတစ်ချို့
ရဲ့ရယ်သံတိုးတိုးကို ကြားလိုက်ရသည် ။
ဆောင်ဟွန်းရဲ့ ဝမ်းနည်းမှူက ထိုအချိန်မှာပင် ဒေါသတွေအဖြစ်ပြောင်းလဲသွားသည် ။ အဲ့ဒီ့နေက ကျတဲ့မျက်ရည်တွေက နောက်ဆုံးအဖြစ်ကျသော မျက်ရည်တွေပဲဖြစ်မည် ။ အရွဲ့တိုက်ပြီး ဆိုးသွမ်းလာတာနဲ့အမျှ အီဟီဆွန်း ဆိုတဲ့ လူကိုလည်း သူ မုန်းတီးလာခဲ့သည် ။
ကိုကို့ကို သူချစ်ခဲ့ပါသည် ။
ကလေးအရွယ် စိတ်ကစားတာမျိုးမဟုတ်ပဲ နှစ်နှစ်ကာကာချစ်ခဲ့တာမို့ ဒီအရွယ်ရောက်သည်အထိ သူဘယ်သူ့ကိုမှ ထပ်မချစ်နိုင်ခဲ့တာ ။ ချွန်းဟယ်က စ လို့ အီစီကလီ ကောင်မလေးတွေအထိ အပေါ်ယံသကာရည်လောင်းထားတဲ့ သူ့ရဲ့ ပုံစံကိုသာ ပြခဲ့သည် ။
တစ်ဖက်ကလည်း အီဟီဆွန်းဆိုတဲ့လူကို မုန်းတီးပြီး ကလဲ့စားချေချင်နေသလို မသိစိတ်ကလည်း သူ့ကိုပြန်ချစ်မယ့် အလယ်တန်းကျောင်းသား ကိုကို ကို ပြန်လိုချင်သည် ။
ရှင်းဂျိတ်ခ်ကို မတွေ့ခင်ထိ ။
ရှင်းဂျိတ်ခ်အတွက် သူ့ရဲ့ ခံစားချက်တွေက ရှုပ်ထွေးလွန်းနေသည် ။ အီဟီဆွန်းကိုချစ်ခဲ့သလိုမျိုး ရှင်းဂျိတ်ခ်ကို ချစ်မိသွားမှာ သူသေမတတ်ကြောက်သည် ။ အချစ်ရဲ့ အဆုံးသတ်က နာကျင်မှုလို့ သူ့ကိုဘဝက သင်ပေးခဲ့ပြီမ်ို့။
" ရှင်းဂျိတ်ခ် ... ကိုယ့်ကောင်လေး လုပ်ပေးနိုင်မလား .. ဟင် "
သူ့ရင်ခွင်ထဲက ကောင်လေးက မယုံနိုင်သလိုမျက်လုံးပြူးလေးနှင့် ငေးကြည့်နေသည် ။ လွန်ခဲ့တဲ့ စက္ကန့်ပိုင်းက သူ သိမ်းပိုက်ထားတဲ့ နှုတ်ခမ်းတစ်စုံက နီရဲနေတုန်း။ မျက်လုံးလေးတွေက ငိုထားမှန်း သိသာပေမယ့် ဆောင်ဟွန်းက လျစ်လျူရှုထားလိုက်သည် ။ နောက်ထပ် တစ်စုံတစ်ယောက်ဆီမှာ သူပြိုမလဲချင်တော့ ။
ဂျိတ်ခ်က သူ့လက်တွေကနေ ရုန်းထွက်ပြီး ကိုကို့ ဆီသွားချင်နေပုံရသည် ။ ခေါင်းကိုနောက်လှည့်ပြီး ကိုကို့ ကိုလှမ်းကြည့်မယ့် ဂျိတ်ခ်ကို သူ ပိုတင်းအောင်ဖက်လိုက်သည် ။နောက်လှည့်ကြည့်ချင်နေတဲ့ မျက်နှာလေးကိုလည်း မေးစေ့ကနေ ဆွဲကိုင်ကာ သူ့ဘက်ပြန်လှည့်လိုက်သည် ။
"ငါ -ငါ ဟျောင်းဆီ သွားချင်လို့ "
" ရှင်းဂျိတ်ခ် "
သူ အံကြိတ်သံနှင့် ဂျိတ်ခ် နား နားကပ်ကာပြောလိုက်တော့ ဂျိတ်ခ်က ငြိမ်ကျသွားသည် ။ ချက်ချင်းပင် မျက်လုံးတွေထဲ မျက်ရည်တွေပြည့်လျှံလာတာကိုတော့ ဆောင်ဟွန်းပဲမြင်ရမည်ဖြစ်သည် ။ဆောင်ဟွန်းက ပြန်မချော့တဲ့အပြင် စူးရဲနေတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေတာမို့ ဂျိတ်ခ်က ကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းကိုငြိမ့်ပြသည် ။
သူတို့အဖြစ်အပျက်တွေကို တစ်ချိန်လုံးစောင့်ကြည့်နေတဲ့ လူတစ်စုစီက ဝေးခနဲ အော်သံထွက်လာသလို ချွန်းဟယ်ရဲ့ တောက် ခေါက် သံကိုလည်း ကြားလိုက်ရသည် ။ သူ နောက်တစ်ကြိမ် ဂျိတ်ခ်ကို ရင်ခွင်ထဲထည့်ကာ ဖက်လိုက်သည် ။ခုနက ရပ်နေတဲ့နေရာမှာ ကိုကိုမရှိတော့ ။ ဂျ်ိတ်ခ် ခေါင်းငြိမ့်ပြလိုက်ကတည်းက ကိုကို ထွက်သွားတာ သူမြင်လိုက်သည် ။
သူ လိုချင်နေတာ ဒီလိုအချိန်ပဲ ။
အီဟီဆွန်းကို နာကျင်စေချင်တာ ။ သူ့တုန်းကလိုမျိုး ။
သူတောင် နှစ်ပေါင်းများစွာငိုကြွေးထားခဲ့ရတာ ကိုကိုလည်းဒီလောက် ခံစားရဖို့ထိုက်တန်မလား ။
________________
" ဟျောင်းက လုံးဝဖုန်းမကိုင်ဘူး ဘယ်လိုလုပ်ရမလဲ"
ဟီဆွန်းဟျောင်းရဲ့ ရုတ်တရက်ပြန်ရောက်လာမှူကို ဘယ်သူမှကြိုမသိခဲ့ ။ နီကီကော ဂျောင်ဝန်းကိုပါအသိမပေးပဲ ဟျောင်းက ရုတ်တရက်ပြန်ရောက်လာခဲ့တာ။ပြီးတော့ အခု ဟျောင်းက လုံးဝဖုန်းမကိုင် ။ တစ်ညလုံး ဆက်ပေမယ့်လည်း စက်ပိတ်ထားတယ်ကြီးသာ ပြောသည် ။
ဒီနေ့မနက်မိုးလင်းတော့လည်း ပထမဆုံးပြေးမြင်မိတာက ဟီဆွန်းဟျောင်းကိုပဲ ။ ဟျောင်းနဲ့မှ အဆက်အသွယ်မရလျှင် သူအပြစ်ရှိတဲ့စိတ်နဲ့ သေသွားလောက်မည် ။
" ဟယ်လို "
တစ်ဖက်ကနေ အိပ်ချင်းမူးတူးနဲ့ ဟျောင်းရဲ့ အသံကိုကြားကြားချင်းက သူထခုန်မိမတတ်ပျော်သွားသည် ။
" ဟျောင်း ဘယ်မှာလဲဟင် အခု ၊ ကျွန်တော်လာခဲ့မယ် ဟျောင်းအိမ်မှာလည်းမရှိဘူးလို့ အန်တီတို့ကပြောလို့ အခု ဘယ်ရောက်နေတာလဲ ၊ ပြန်လာတာလည်းကျွန်တော့်ကိုမပြောဘူး ၊ စိတ်ကောက်ချင်ပေမယ့် မကောက်တော့ပါဘူးနော် .... ဟယ်လို ဟျောင်း ? ဟီဆွန်းဟျောင်း ? "
" ဂျယ်ယွန်း "
" ဗျာ "
" Congratulations .. ကိုယ့် ကလေးလေး ဆောင်ဟွန်းနဲ့ အများကြီး ပျော်ပျော်နေနော် "
ဂျယ်ယွန်း ခဏတာ ကြောင်သွားသည် ။
ဘာပြန်ပြောမှန်း မသိပဲ ဆို့တက်လာတဲ့ ခံစားချက်ကြောင့် မျက်ရည်တောင်ဝဲချင်လာသည် ။ ဒါပေမယ့် သူ တစ်ခုခုပြန်ပြောဖို့ မကြိုးစားခင်မှာတင် ဖုန်းလိုင်းက ကျသွားပြီ ။
လက်ထဲကဖုန်းကို ဆက်မကိုင်ထားနိုင်သလိုမျိုးဂျိတ်ခ်က မွေ့ယာပေါ်ပစ်ချလိုက်သည် ။ လူကလည်း ဘာမှမလုပ်ရသေးပဲ နုန်းချိသွားသလို ။
" ဘေဘီ "
ညစ်နေတဲ့စိတ်တွေက ထိုခေါ်သံတစ်ခုတည်းနဲ့တင် ပျောက်ချင်းမလှပျောက်သွားသည်။အပြုံးရိပ်လေး ဖြတ်ပြေးသွားတဲ့ ဂျိတ်ခ်ရဲ့ မျက်နှာက သေချာပေါက်ဆောင်ဟွန်းကြောင့်ပဲဖြစ်သည် ။
" ဘေဘီ နိုးရင်လည်း ထတော့ကွာ "
ညက အကြောင်းမျိူးစုံပေးပြီး ဆောင်ဟွန်းက မရရအောင် သူ့တိုက်ခန်းကို လိုက်လာပြီး အိပ်သည် ။ တကယ်ကို ပီကေ လိုမျိုး သူ့နားမှာကပ်နေတဲ့ ဆောင်ဟွန်းကြောင့် သူဝမ်းသာရမှာလား ၊ ဝမ်းနည်းရမှာလား ။
မှန်ရှေ့မှာ ရပ်နေရင်းကနေ ပြန်ဖြေသံမရတဲ့ ဂျိတ်ခ်ကြောင့် ဆောင်ဟွန်းက မျက်ခုံးတွေနည်းနည်းတွန့်သွားသည်။ပြီးတော့ ကုတင်ဘေးနားရောက်လာပြီး နဖူးစမ်းဘာစမ်းနှင့်
" နေမကောင်းလို့လား ၊ ဘာဖြစ်နေတာလဲ မျက်နှာက"
ကုတင်ဘေးမှာ ရပ်နေတဲ့ ဆောင်ဟွန်းရဲ့ခါးကို လှမ်းဖက်ပြီး မျက်နှာအပ်ထားလိုက်သည် ။ အနည်းဆုံးတော့ သူမျက်မှာပျက်တာကို ဆောင်ဟွန်းက ရိပ်မိသည်ဆိုရုံနဲ့တင် ပျော်လှပြီ ။
" မင်း .. အလကား ခွေးပေါက်လေး ၊ သွား ရေချိုးတော့ ဒီညစ်ပတ်တဲ့ ဂျစ်တူးရုပ်နဲ့ ကျောင်းသွားချင်လို့လား"
ညစ်ပတ်တယ်လို့ ပြောတာလည်း ဆောင်ဟွန်းပဲ ။
ပြီးတော့ သူ့နဖူးနဲ့ နှာခေါင်းထိပ်လေးကို ထပ်ခါထပ်ခါ နမ်းနေတာလည်း ဆောင်ဟွန်းပဲ ။ ယားလို့ မနေနိုင်တဲ့ အဆုံး ဆောင်ဟွန်း လက်ထဲကနေ ရုန်းထွက်ပြီးရေချိုးခန်းထဲ ပြေးထွက်မှ လွတ်တော့သည် ။
➖
" တအားဖြစ်နေတာလား ဟမ် "
ဂျေးက သူ့လက်မောင်းကို မနာအောင်ထိုးရင်း စပြီးပြောပေမယ့် ပတ်ဆောင်ဟွန်းက ပြန်ရန်မတွေ့တော့။ကျောင်းကို အတူတူလာတဲ့အပြင် ဂျိတ်ခ်ကို သူတက်ရမယ့် အခန်းရှေ့ထိတောင်တကူးတက လိုက်ပို့ပြီးတာမှ မကြာသေး ။ " နည်းနည်းလွမ်းလာသလိုပဲကွာ" ဆိုပြီးပြောနေတဲ့ ကောင်ကို ပတ်ဂျုံဆောင်း ဆဲလိုက်ရင်တောင် မလွန်ဘူးမလား ။
" ချွန်းဟယ် ကျောင်းမလာဘူး ၊ တော်တော်စိတ်ထိခိုက်သွားတယ်ထင်တယ် "
ဆောင်ဟွန်းက ပုခုံးပဲတွန့်ပြလိုက်သည် ။ မနေ့ကသာ အီဟီဆွန်းပြန်မရောက်ခဲ့ရင် သူချွန်းဟယ်ကို ဖွင့်ပြောပြီးနေလောက်ပြီ ။ ချစ်လို့တော့မဟုတ် ။ ဖေဖေနဲ့ လုပ်ထားတဲ့အပေးအယူ တစ်ခုသက်သက်ကြောင့်သာ ။ သူတောင်းဆိုထားတဲ့အရာကို ကူညီပေးမယ့် ဖေဖေက ချွန်းဟယ်နဲ့ပဲဖြစ်ဖြစ် တစ်ယောက်ယောက်နဲ့ အတည်တွဲတာကိုမြင်ချင်တယ် ဆိုတဲ့စကားကို ဆောင်ဟွန်းက လိုက်နာရသည် ။ ဘာပဲဖြစ်ဖြစ်လေ အခုလည်း သူ ဂျိတ်ခ်ကို အတည်တွဲနေတာပဲ။ စိတ်ရင်းနဲ့ မချစ်မိသွားဖို့ကိုတော့ သူ့ကိုယ်သူ ကြိုးစားရဦးမည် ။
နေပါဦး ... သူ ချစ်ကောချစ်မိနေပြီလား ။
_______________
" ဟျောင်း "
" ဟင် ဂျယ်ယွန်း ? "
ဟျောင်းရှိတဲ့နေရာကို အတင်းစုံစမ်းပြီးကာမှ ခက်ခက်ခဲခဲရောက်လာရတဲ့နေရာမို့ ဟီဆွန်းဟျောင်းက တွေ့တွေ့ချင်း အံ့ဩသွားပုံရသည် ။မိဘအိမ်ပြန်မနေပဲ ဟိုတယ်တစ်ခုမှာ ငှားနေပုံရရင်တော့ ဟျောင်းက ခဏအလည်ပြန်လာတာပဲဖြစ်မည် ဟု တွက်ထားသည် ။
" ဟျောင်း ၊ ဘာလို့ရှောင်နေတာလဲ ကျွန်တော့်ကို "
ပိုင်ရှင်က တံခါးကိုဟထားရုံရှိသေး ဂျိတ်ခ်က အခန်းထဲထိ ဝင်ချသွားသည် ။ ဒီလို တဇွတ်ထိုးအပြုအမူလေးကြောင့်ပြုံးမိသွားတဲ့ ဟီဆွန်းကိုတော့ သူမမြင်လိုက် ။
" ကိုယ်ရှောင်နေတာမဟုတ်ပါဘူး ၊ မင်းနဲ့ ဆောင်ဟွန်းအတွက် အချိန်ပေးနေတာပါ"
" အဲ့လိုတော့လည်း မဟုတ်ဘူးလေ ၊ ဟျောင်း ဒီမှာရောက်နေတဲ့ အချိန်တွင်းတော့ ကျွန်တော်အနားမှာပဲ နေပေးမှာပေါ့ "
" သေချာလို့လား ၊ မင်း ဖုန်းကိုဖွင့်ကြည့်လိုက်ပါဦး missed call တွေဘယ်လောက်တောင်ရှိနေပြီလဲ"
ဟီဆွန်းပြောတဲ့အတိုင်း ဘေးလွယ်အိတ်က ဖုန်းကိုထုတ်ပြီး ဖွင့်ကြည့်ရုံပဲရှိသေး 15 missed calls from sunghoon ကို ခေါင်းကျိန်းဖွယ်တွေ့လိုက်ရသည် ။
"ဒီနေ့ညနေလာမကြိုနဲ့ ငါ့ဘာသာငါပြန်မယ်" ဆိုပြီး လှမ်းပြောတာတောင် ဆောင်ဟွန်းက ဘာလို့ ဒီလောက် တကျီကျီ ဆက်နေတာလဲ ။
" ထားလိုက် ဟျောင်း ၊ အဲ့ကောင်က အဲ့အတိုင်းပဲ "
ဂျိတ်ခ်က ဖုန်းကို လွယ်အိတ်ထဲ ဖြစ်သလိုထိုးထည့်လိုက်ပြီး ဟျောင်းဘေးနားသွားထိုင်လိုက်သည် ။
ဟျောင်းကတော့ ဟိုးတုန်းကလိုပဲ ၊ သူ့ကိုမြင်တိုင်း ဖြူဖြူစင်စင်နဲ့ ပြုံးပြီးငေးကြည့်နေသည် ။
" ဘာလို့ ဟိုနေ့က ထွက်သွားတာလဲ"
" ကိုယ်ရှိနေရင် မင်း ဆောင်ဟွန်းနဲ့ အနေကြပ်နေမှာလေ"
" အဲ့လိုမဟုတ်ပါဘူးဆို .. ဟျောင်းကို တစ်ခါတည်း ဆောင်ဟွန်းနဲ့ မိတ်ဆက်ပေးမှာပေါ့ "
ဘာမှမသိတဲ့ ကလေးလေးကတော့ အရာအားလုံးကို ရိုးရိုးသားသားပဲတွေးနေသည် ။ ဆောင်ဟွန်းရုတ်တရက်ဖွင့်ပြောမှုရဲ့ နောက်ကွယ်ကအကြောင်းအရင်းရယ် ၊ ဟီဆွန်းနဲ့ဆောင်ဟွန်း ရဲ့ အကြောင်းတွေကိုသာ သိသွားရင် ဘယ်လောက်နာကြည်းသွားလောက်မလဲ။
ဟီဆွန်းက အကုန်သိပေမယ့်လည်း ပါးစပ်ကိုပိတ်ထားရသည် ။ ဂျယ်ယွန်းကို နာကျင်စေမှာမျိုး သူလုံးဝမလုပ်။
ဟီဆွန်းက တစ်ခုပဲဆုတောင်းသည် ။ သူ့ကို ကလဲ့စားချေချင်လို့မဟုတ်ပဲ ဆောင်ဟွန်း ဂျိတ်ခ်ကို နှစ်နှစ်ကာကာချစ်တာမျိုးပဲ ဖြစ်ပါစေလို့ ။ အဲ့လိုသာဆိုရင် သူ စကောလားရှစ်ကို လက်လွှတ်ပြီး ပြန်လာရကျိုးနပ်သည်လေ ။
끝 •
Zawgyi
" ကိုကို "
ေဆာင္ဟြန္းက လက္ထဲက ေခ်ာကလက္ဘူးေလးက္ို ေၾကာက္ေၾကာက္နဲ႔ ဖိကိုင္ရင္း ေခၚလိုက္သည္ ။ တကယ္ေတာ့ ကိုကို က အနားမွာ မရွိ ။ ဟိုး ခပ္လွမ္းလွမ္းမွာ ။ သူကသာ အနားေရာက္ရင္ အသံတုန္ေနမွာစိုး၍ ႀကိဳၿပီးေလ့က်င့္ေနျခင္းျဖစ္သည္ ။
" ကိုကို .. ဒီဟာေလး ယူ- အာ .. မဟုတ္ေသးပါဘူး ဘယ္လိုေျပာရမလဲ "
ေဆာင္ဟြန္းက ဖိကိုင္ထားလြန္း၍ ေခ်ာက္ကလက္ဘူး ေပၚမွာ ခ်ီထားတဲ့ အနီေရာင္ဖဲႀကိဳးေလးကပါ ေျပလုနီးပါး။ စိတ္ရွည္ရွည္နဲ႔ ဖဲႀကိဳးကိုပုံစံအမွန္ျဖစ္ေအာင္ ျပန္ျပင္လိုက္ၿပီး ဘူးကိုေဘးနားခ်ကာ သူပါေရာထိုင္လိုက္သည္ ။
အတန္းထဲမွာ ဘယ္သူမွမရွိေတာ့ ။ တစ္ေနကုန္ ကိုကို႔ကို ဖြင့္ေျပာဖို႔ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ ။ အခုဆို ေက်ာင္းဆင္းခ်ိန္ေရာက္တာေတာင္ သူ႔မွာသတၱိမရွိေသး ။အခုသူ႔ပုံစံက စာေမးပြဲခန္းထဲဝင္ေနတဲ့ ေက်ာင္းသားတစ္ေယာက္လိုဆိုရင္ ေဂ်းက အိမ္ကေန ထိုင္ေစာင့္ေနရတဲ့မိဘေနရာမွာေပါ့ ။ သူ႔ အေျခအေနကို ဖင္တႂကြႂကြနဲ႔ ေစာင့္ေနမယ့္ ေဂ်းပုံစံကို သူျမင္ေယာင္မိသည္ ။
အမွန္ေတာ့ ကိုကို႔ ကိုဖြင့္ေျပာဖို႔အားေပးခဲ့တာလည္း ေဂ်းပင္ ။
ကိုကို႔ကို သူ စသေဘာက်ခဲ့တာ ဒီစာသင္ႏွစ္အစကတည္းကပင္ ။ အိမ္မွာစာလာသင္ေပးတဲ့ ဂိုက္ဆရာမေၾကာင့္ ကိုကို႔ နာမည္ကိုၾကားဖူးကတည္းက သူစၿပီးစိတ္ဝင္စားေနျခင္းျဖစ္သည္ ။
ကိုကို ကအရမ္းေခ်ာသည္ ။
စာလည္း အရမ္းေတာ္သည္ ။
ကိုကို႔ရဲ႕ သမင္မ်က္လုံးေလးေတြကေတာ့ သူ႔ရဲ႕ အားနည္းခ်က္ပင္ ။ ကိုကိုက ၿပဳံးတာရွားေပမယ့္ ၿပဳံးလိုက္တိုင္းလည္း ေဆာင္ဟြန္းရင္ဘတ္ထဲမွာ ၾကည္ႏူးမႉေတြျပည့္လွ်ံသြားရသည္ ။
ေန႔တိုင္းေန႔တိုင္း ကိုကို႔ကို ေခ်ာင္းၿပီးေငးၾကည့္ေနရင္းကေန ဒီေန႔ေတာ့ ဖြင့္ေျပာဖို႔ အရဲစြန႔္လာရျခင္း ။ အမ်ားႀကီး ေၾကာက္ေနမိေပမယ့္လည္း သူေျခလွမ္းေတြကို ကိုကို႔ ဆီဦးတည္လိုက္သည္ ။
တစ္လွမ္း ။
ႏွစ္လွမ္း ။
ကိုကိုနဲ႔ ပိုနီးလာတိုင္း ရင္ေတြခုန္တာ ေပါက္ထြက္ေတာ့မတတ္။ နားေလးေတြေကာ ပါးေတြပါ နီရဲေနတဲ့ ေဆာင္ဟြန္းက မက္မြန္သီးေလးလို ခ်စ္ဖို႔ေကာင္းေနသည္ ။ ေတြ႕တဲ့လူတိုင္း ပါးေလးကိုသြားဆြဲၿပီး နမ္းခ်င္ေလာက္ေအာင္ ခ်စ္စရာေလးျဖစ္ေနေပမယ့္ ကိုကို႔ မ်က္လုံးထဲေတာ့ အဲ့လိုမဟုတ္ခဲ့ဘူးထင္သည္ ။
" ကိုကို ... ဒီဟာ ၊ ကြၽန္-ကြၽန္ေတာ္ ကိုကို႔ကို သေဘာက်လို႔-"
" ေဆာရီး ဒါေပမယ့္ငါ ဒီကိစၥေတြကိုစိတ္မဝင္စားလို႔"
ေဆာင္ဟြန္းမ်က္လုံးေတြ ဝိုင္းစက္သြားသည္။
ေနဦး အခု ကိုကို က သူ႔ကိုျငင္းလိုက္တာလား။
သူ႔စကားကိုေတာင္ ဆုံးေအာင္နားမေထာင္ပဲ ကိုကိုက လွည့္ထြက္သြားေတာ့မည့္ပုံ ။
ေခ်ာကလက္ဘူးကို သူပစ္ခ်မိလိုက္သည္ ။
မ်က္ရည္ေတြ ပါးေပၚက်မလာခင္ သူေနာက္ျပန္ဆုတ္ၿပီးေျပးခဲ့သည္ ။ အေနာက္က ကိုကို႔သူငယ္ခ်င္းတစ္ခ်ိဳ႕
ရဲ႕ရယ္သံတိုးတိုးကို ၾကားလိုက္ရသည္ ။
ေဆာင္ဟြန္းရဲ႕ ဝမ္းနည္းမႉက ထိုအခ်ိန္မွာပင္ ေဒါသေတြအျဖစ္ေျပာင္းလဲသြားသည္ ။ အဲ့ဒီ့ေနက က်တဲ့မ်က္ရည္ေတြက ေနာက္ဆုံးအျဖစ္က်ေသာ မ်က္ရည္ေတြပဲျဖစ္မည္ ။ အ႐ြဲ႕တိုက္ၿပီး ဆိုးသြမ္းလာတာနဲ႔အမွ် အီဟီဆြန္း ဆိုတဲ့ လူကိုလည္း သူ မုန္းတီးလာခဲ့သည္ ။
ကိုကို႔ကို သူခ်စ္ခဲ့ပါသည္ ။
ကေလးအ႐ြယ္ စိတ္ကစားတာမ်ိဳးမဟုတ္ပဲ ႏွစ္ႏွစ္ကာကာခ်စ္ခဲ့တာမို႔ ဒီအ႐ြယ္ေရာက္သည္အထိ သူဘယ္သူ႔ကိုမွ ထပ္မခ်စ္ႏိုင္ခဲ့တာ ။ ခြၽန္းဟယ္က စ လို႔ အီစီကလီ ေကာင္မေလးေတြအထိ အေပၚယံသကာရည္ေလာင္းထားတဲ့ သူ႔ရဲ႕ ပုံစံကိုသာ ျပခဲ့သည္ ။
တစ္ဖက္ကလည္း အီဟီဆြန္းဆိုတဲ့လူကို မုန္းတီးၿပီး ကလဲ့စားေခ်ခ်င္ေနသလို မသိစိတ္ကလည္း သူ႔ကိုျပန္ခ်စ္မယ့္ အလယ္တန္းေက်ာင္းသား ကိုကို ကို ျပန္လိုခ်င္သည္ ။
ရွင္းဂ်ိတ္ခ္ကို မေတြ႕ခင္ထိ ။
ရွင္းဂ်ိတ္ခ္အတြက္ သူ႔ရဲ႕ ခံစားခ်က္ေတြက ရႈပ္ေထြးလြန္းေနသည္ ။ အီဟီဆြန္းကိုခ်စ္ခဲ့သလိုမ်ိဳး ရွင္းဂ်ိတ္ခ္ကို ခ်စ္မိသြားမွာ သူေသမတတ္ေၾကာက္သည္ ။ အခ်စ္ရဲ႕ အဆုံးသတ္က နာက်င္မႈလို႔ သူ႔ကိုဘဝက သင္ေပးခဲ့ၿပီမ္ို႔။
" ရွင္းဂ်ိတ္ခ္ ... ကိုယ့္ေကာင္ေလး လုပ္ေပးႏိုင္မလား .. ဟင္ "
သူ႔ရင္ခြင္ထဲက ေကာင္ေလးက မယုံႏိုင္သလိုမ်က္လုံးျပဴးေလးႏွင့္ ေငးၾကည့္ေနသည္ ။ လြန္ခဲ့တဲ့ စကၠန႔္ပိုင္းက သူ သိမ္းပိုက္ထားတဲ့ ႏႈတ္ခမ္းတစ္စုံက နီရဲေနတုန္း။ မ်က္လုံးေလးေတြက ငိုထားမွန္း သိသာေပမယ့္ ေဆာင္ဟြန္းက လ်စ္လ်ဴရႈထားလိုက္သည္ ။ ေနာက္ထပ္ တစ္စုံတစ္ေယာက္ဆီမွာ သူၿပိဳမလဲခ်င္ေတာ့ ။
ဂ်ိတ္ခ္က သူ႔လက္ေတြကေန ႐ုန္းထြက္ၿပီး ကိုကို႔ ဆီသြားခ်င္ေနပုံရသည္ ။ ေခါင္းကိုေနာက္လွည့္ၿပီး ကိုကို႔ ကိုလွမ္းၾကည့္မယ့္ ဂ်ိတ္ခ္ကို သူ ပိုတင္းေအာင္ဖက္လိုက္သည္ ။ေနာက္လွည့္ၾကည့္ခ်င္ေနတဲ့ မ်က္ႏွာေလးကိုလည္း ေမးေစ့ကေန ဆြဲကိုင္ကာ သူ႔ဘက္ျပန္လွည့္လိုက္သည္ ။
"ငါ -ငါ ေဟ်ာင္းဆီ သြားခ်င္လို႔ "
" ရွင္းဂ်ိတ္ခ္ "
သူ အံႀကိတ္သံႏွင့္ ဂ်ိတ္ခ္ နား နားကပ္ကာေျပာလိုက္ေတာ့ ဂ်ိတ္ခ္က ၿငိမ္က်သြားသည္ ။ ခ်က္ခ်င္းပင္ မ်က္လုံးေတြထဲ မ်က္ရည္ေတြျပည့္လွ်ံလာတာကိုေတာ့ ေဆာင္ဟြန္းပဲျမင္ရမည္ျဖစ္သည္ ။ေဆာင္ဟြန္းက ျပန္မေခ်ာ့တဲ့အျပင္ စူးရဲေနတဲ့မ်က္လုံးေတြနဲ႔ စိုက္ၾကည့္ေနတာမို႔ ဂ်ိတ္ခ္က ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ ေခါင္းကိုၿငိမ့္ျပသည္ ။
သူတို႔အျဖစ္အပ်က္ေတြကို တစ္ခ်ိန္လုံးေစာင့္ၾကည့္ေနတဲ့ လူတစ္စုစီက ေဝးခနဲ ေအာ္သံထြက္လာသလို ခြၽန္းဟယ္ရဲ႕ ေတာက္ ေခါက္ သံကိုလည္း ၾကားလိုက္ရသည္ ။ သူ ေနာက္တစ္ႀကိမ္ ဂ်ိတ္ခ္ကို ရင္ခြင္ထဲထည့္ကာ ဖက္လိုက္သည္ ။ခုနက ရပ္ေနတဲ့ေနရာမွာ ကိုကိုမရွိေတာ့ ။ ဂ်္ိတ္ခ္ ေခါင္းၿငိမ့္ျပလိုက္ကတည္းက ကိုကို ထြက္သြားတာ သူျမင္လိုက္သည္ ။
သူ လိုခ်င္ေနတာ ဒီလိုအခ်ိန္ပဲ ။
အီဟီဆြန္းကို နာက်င္ေစခ်င္တာ ။ သူ႔တုန္းကလိုမ်ိဳး ။
သူေတာင္ ႏွစ္ေပါင္းမ်ားစြာငိုေႂကြးထားခဲ့ရတာ ကိုကိုလည္းဒီေလာက္ ခံစားရဖို႔ထိုက္တန္မလား ။
________________
" ေဟ်ာင္းက လုံးဝဖုန္းမကိုင္ဘူး ဘယ္လိုလုပ္ရမလဲ"
ဟီဆြန္းေဟ်ာင္းရဲ႕ ႐ုတ္တရက္ျပန္ေရာက္လာမႉကို ဘယ္သူမွႀကိဳမသိခဲ့ ။ နီကီေကာ ေဂ်ာင္ဝန္းကိုပါအသိမေပးပဲ ေဟ်ာင္းက ႐ုတ္တရက္ျပန္ေရာက္လာခဲ့တာ။ၿပီးေတာ့ အခု ေဟ်ာင္းက လုံးဝဖုန္းမကိုင္ ။ တစ္ညလုံး ဆက္ေပမယ့္လည္း စက္ပိတ္ထားတယ္ႀကီးသာ ေျပာသည္ ။
ဒီေန႔မနက္မိုးလင္းေတာ့လည္း ပထမဆုံးေျပးျမင္မိတာက ဟီဆြန္းေဟ်ာင္းကိုပဲ ။ ေဟ်ာင္းနဲ႔မွ အဆက္အသြယ္မရလွ်င္ သူအျပစ္ရွိတဲ့စိတ္နဲ႔ ေသသြားေလာက္မည္ ။
" ဟယ္လို "
တစ္ဖက္ကေန အိပ္ခ်င္းမူးတူးနဲ႔ ေဟ်ာင္းရဲ႕ အသံကိုၾကားၾကားခ်င္းက သူထခုန္မိမတတ္ေပ်ာ္သြားသည္ ။
" ေဟ်ာင္း ဘယ္မွာလဲဟင္ အခု ၊ ကြၽန္ေတာ္လာခဲ့မယ္ ေဟ်ာင္းအိမ္မွာလည္းမရွိဘူးလို႔ အန္တီတို႔ကေျပာလို႔ အခု ဘယ္ေရာက္ေနတာလဲ ၊ ျပန္လာတာလည္းကြၽန္ေတာ့္ကိုမေျပာဘူး ၊ စိတ္ေကာက္ခ်င္ေပမယ့္ မေကာက္ေတာ့ပါဘူးေနာ္ .... ဟယ္လို ေဟ်ာင္း ? ဟီဆြန္းေဟ်ာင္း ? "
" ဂ်ယ္ယြန္း "
" ဗ်ာ "
" Congratulations .. ကိုယ့္ ကေလးေလး ေဆာင္ဟြန္းနဲ႔ အမ်ားႀကီး ေပ်ာ္ေပ်ာ္ေနေနာ္ "
ဂ်ယ္ယြန္း ခဏတာ ေၾကာင္သြားသည္ ။
ဘာျပန္ေျပာမွန္း မသိပဲ ဆို႔တက္လာတဲ့ ခံစားခ်က္ေၾကာင့္ မ်က္ရည္ေတာင္ဝဲခ်င္လာသည္ ။ ဒါေပမယ့္ သူ တစ္ခုခုျပန္ေျပာဖို႔ မႀကိဳးစားခင္မွာတင္ ဖုန္းလိုင္းက က်သြားၿပီ ။
လက္ထဲကဖုန္းကို ဆက္မကိုင္ထားႏိုင္သလိုမ်ိဳးဂ်ိတ္ခ္က ေမြ႕ယာေပၚပစ္ခ်လိုက္သည္ ။ လူကလည္း ဘာမွမလုပ္ရေသးပဲ ႏုန္းခ်ိသြားသလို ။
" ေဘဘီ "
ညစ္ေနတဲ့စိတ္ေတြက ထိုေခၚသံတစ္ခုတည္းနဲ႔တင္ ေပ်ာက္ခ်င္းမလွေပ်ာက္သြားသည္။အၿပဳံးရိပ္ေလး ျဖတ္ေျပးသြားတဲ့ ဂ်ိတ္ခ္ရဲ႕ မ်က္ႏွာက ေသခ်ာေပါက္ေဆာင္ဟြန္းေၾကာင့္ပဲျဖစ္သည္ ။
" ေဘဘီ ႏိုးရင္လည္း ထေတာ့ကြာ "
ညက အေၾကာင္းမ်ိဴးစုံေပးၿပီး ေဆာင္ဟြန္းက မရရေအာင္ သူ႔တိုက္ခန္းကို လိုက္လာၿပီး အိပ္သည္ ။ တကယ္ကို ပီေက လိုမ်ိဳး သူ႔နားမွာကပ္ေနတဲ့ ေဆာင္ဟြန္းေၾကာင့္ သူဝမ္းသာရမွာလား ၊ ဝမ္းနည္းရမွာလား ။
မွန္ေရွ႕မွာ ရပ္ေနရင္းကေန ျပန္ေျဖသံမရတဲ့ ဂ်ိတ္ခ္ေၾကာင့္ ေဆာင္ဟြန္းက မ်က္ခုံးေတြနည္းနည္းတြန႔္သြားသည္။ၿပီးေတာ့ ကုတင္ေဘးနားေရာက္လာၿပီး နဖူးစမ္းဘာစမ္းႏွင့္
" ေနမေကာင္းလို႔လား ၊ ဘာျဖစ္ေနတာလဲ မ်က္ႏွာက"
ကုတင္ေဘးမွာ ရပ္ေနတဲ့ ေဆာင္ဟြန္းရဲ႕ခါးကို လွမ္းဖက္ၿပီး မ်က္ႏွာအပ္ထားလိုက္သည္ ။ အနည္းဆုံးေတာ့ သူမ်က္မွာပ်က္တာကို ေဆာင္ဟြန္းက ရိပ္မိသည္ဆို႐ုံနဲ႔တင္ ေပ်ာ္လွၿပီ ။
" မင္း .. အလကား ေခြးေပါက္ေလး ၊ သြား ေရခ်ိဳးေတာ့ ဒီညစ္ပတ္တဲ့ ဂ်စ္တူး႐ုပ္နဲ႔ ေက်ာင္းသြားခ်င္လို႔လား"
ညစ္ပတ္တယ္လို႔ ေျပာတာလည္း ေဆာင္ဟြန္းပဲ ။
ၿပီးေတာ့ သူ႔နဖူးနဲ႔ ႏွာေခါင္းထိပ္ေလးကို ထပ္ခါထပ္ခါ နမ္းေနတာလည္း ေဆာင္ဟြန္းပဲ ။ ယားလို႔ မေနႏိုင္တဲ့ အဆုံး ေဆာင္ဟြန္း လက္ထဲကေန ႐ုန္းထြက္ၿပီးေရခ်ိဳးခန္းထဲ ေျပးထြက္မွ လြတ္ေတာ့သည္ ။
➖
" တအားျဖစ္ေနတာလား ဟမ္ "
ေဂ်းက သူ႔လက္ေမာင္းကို မနာေအာင္ထိုးရင္း စၿပီးေျပာေပမယ့္ ပတ္ေဆာင္ဟြန္းက ျပန္ရန္မေတြ႕ေတာ့။ေက်ာင္းကို အတူတူလာတဲ့အျပင္ ဂ်ိတ္ခ္ကို သူတက္ရမယ့္ အခန္းေရွ႕ထိေတာင္တကူးတက လိုက္ပို႔ၿပီးတာမွ မၾကာေသး ။ " နည္းနည္းလြမ္းလာသလိုပဲကြာ" ဆိုၿပီးေျပာေနတဲ့ ေကာင္ကို ပတ္ဂ်ဳံေဆာင္း ဆဲလိုက္ရင္ေတာင္ မလြန္ဘူးမလား ။
" ခြၽန္းဟယ္ ေက်ာင္းမလာဘူး ၊ ေတာ္ေတာ္စိတ္ထိခိုက္သြားတယ္ထင္တယ္ "
ေဆာင္ဟြန္းက ပုခုံးပဲတြန႔္ျပလိုက္သည္ ။ မေန႔ကသာ အီဟီဆြန္းျပန္မေရာက္ခဲ့ရင္ သူခြၽန္းဟယ္ကို ဖြင့္ေျပာၿပီးေနေလာက္ၿပီ ။ ခ်စ္လို႔ေတာ့မဟုတ္ ။ ေဖေဖနဲ႔ လုပ္ထားတဲ့အေပးအယူ တစ္ခုသက္သက္ေၾကာင့္သာ ။ သူေတာင္းဆိုထားတဲ့အရာကို ကူညီေပးမယ့္ ေဖေဖက ခြၽန္းဟယ္နဲ႔ပဲျဖစ္ျဖစ္ တစ္ေယာက္ေယာက္နဲ႔ အတည္တြဲတာကိုျမင္ခ်င္တယ္ ဆိုတဲ့စကားကို ေဆာင္ဟြန္းက လိုက္နာရသည္ ။ ဘာပဲျဖစ္ျဖစ္ေလ အခုလည္း သူ ဂ်ိတ္ခ္ကို အတည္တြဲေနတာပဲ။ စိတ္ရင္းနဲ႔ မခ်စ္မိသြားဖို႔ကိုေတာ့ သူ႔ကိုယ္သူ ႀကိဳးစားရဦးမည္ ။
ေနပါဦး ... သူ ခ်စ္ေကာခ်စ္မိေနၿပီလား ။
_______________
" ေဟ်ာင္း "
" ဟင္ ဂ်ယ္ယြန္း ? "
ေဟ်ာင္းရွိတဲ့ေနရာကို အတင္းစုံစမ္းၿပီးကာမွ ခက္ခက္ခဲခဲေရာက္လာရတဲ့ေနရာမို႔ ဟီဆြန္းေဟ်ာင္းက ေတြ႕ေတြ႕ခ်င္း အံ့ဩသြားပုံရသည္ ။မိဘအိမ္ျပန္မေနပဲ ဟိုတယ္တစ္ခုမွာ ငွားေနပုံရရင္ေတာ့ ေဟ်ာင္းက ခဏအလည္ျပန္လာတာပဲျဖစ္မည္ ဟု တြက္ထားသည္ ။
" ေဟ်ာင္း ၊ ဘာလို႔ေရွာင္ေနတာလဲ ကြၽန္ေတာ့္ကို "
ပိုင္ရွင္က တံခါးကိုဟထား႐ုံရွိေသး ဂ်ိတ္ခ္က အခန္းထဲထိ ဝင္ခ်သြားသည္ ။ ဒီလို တဇြတ္ထိုးအျပဳအမူေလးေၾကာင့္ၿပဳံးမိသြားတဲ့ ဟီဆြန္းကိုေတာ့ သူမျမင္လိုက္ ။
" ကိုယ္ေရွာင္ေနတာမဟုတ္ပါဘူး ၊ မင္းနဲ႔ ေဆာင္ဟြန္းအတြက္ အခ်ိန္ေပးေနတာပါ"
" အဲ့လိုေတာ့လည္း မဟုတ္ဘူးေလ ၊ ေဟ်ာင္း ဒီမွာေရာက္ေနတဲ့ အခ်ိန္တြင္းေတာ့ ကြၽန္ေတာ္အနားမွာပဲ ေနေပးမွာေပါ့ "
" ေသခ်ာလို႔လား ၊ မင္း ဖုန္းကိုဖြင့္ၾကည့္လိုက္ပါဦး missed call ေတြဘယ္ေလာက္ေတာင္ရွိေနၿပီလဲ"
ဟီဆြန္းေျပာတဲ့အတိုင္း ေဘးလြယ္အိတ္က ဖုန္းကိုထုတ္ၿပီး ဖြင့္ၾကည့္႐ုံပဲရွိေသး 15 missed calls from sunghoon ကို ေခါင္းက်ိန္းဖြယ္ေတြ႕လိုက္ရသည္ ။
"ဒီေန႔ညေနလာမႀကိဳနဲ႔ ငါ့ဘာသာငါျပန္မယ္" ဆိုၿပီး လွမ္းေျပာတာေတာင္ ေဆာင္ဟြန္းက ဘာလို႔ ဒီေလာက္ တက်ီက်ီ ဆက္ေနတာလဲ ။
" ထားလိုက္ ေဟ်ာင္း ၊ အဲ့ေကာင္က အဲ့အတိုင္းပဲ "
ဂ်ိတ္ခ္က ဖုန္းကို လြယ္အိတ္ထဲ ျဖစ္သလိုထိုးထည့္လိုက္ၿပီး ေဟ်ာင္းေဘးနားသြားထိုင္လိုက္သည္ ။
ေဟ်ာင္းကေတာ့ ဟိုးတုန္းကလိုပဲ ၊ သူ႔ကိုျမင္တိုင္း ျဖဴျဖဴစင္စင္နဲ႔ ၿပဳံးၿပီးေငးၾကည့္ေနသည္ ။
" ဘာလို႔ ဟိုေန႔က ထြက္သြားတာလဲ"
" ကိုယ္ရွိေနရင္ မင္း ေဆာင္ဟြန္းနဲ႔ အေနၾကပ္ေနမွာေလ"
" အဲ့လိုမဟုတ္ပါဘူးဆို .. ေဟ်ာင္းကို တစ္ခါတည္း ေဆာင္ဟြန္းနဲ႔ မိတ္ဆက္ေပးမွာေပါ့ "
ဘာမွမသိတဲ့ ကေလးေလးကေတာ့ အရာအားလုံးကို ႐ိုး႐ိုးသားသားပဲေတြးေနသည္ ။ ေဆာင္ဟြန္း႐ုတ္တရက္ဖြင့္ေျပာမႈရဲ႕ ေနာက္ကြယ္ကအေၾကာင္းအရင္းရယ္ ၊ ဟီဆြန္းနဲ႔ေဆာင္ဟြန္း ရဲ႕ အေၾကာင္းေတြကိုသာ သိသြားရင္ ဘယ္ေလာက္နာၾကည္းသြားေလာက္မလဲ။
ဟီဆြန္းက အကုန္သိေပမယ့္လည္း ပါးစပ္ကိုပိတ္ထားရသည္ ။ ဂ်ယ္ယြန္းကို နာက်င္ေစမွာမ်ိဳး သူလုံးဝမလုပ္။
ဟီဆြန္းက တစ္ခုပဲဆုေတာင္းသည္ ။ သူ႔ကို ကလဲ့စားေခ်ခ်င္လို႔မဟုတ္ပဲ ေဆာင္ဟြန္း ဂ်ိတ္ခ္ကို ႏွစ္ႏွစ္ကာကာခ်စ္တာမ်ိဳးပဲ ျဖစ္ပါေစလို႔ ။ အဲ့လိုသာဆိုရင္ သူ စေကာလားရွစ္ကို လက္လႊတ္ၿပီး ျပန္လာရက်ိဳးနပ္သည္ေလ ။
끝 •