-ချင်ဧကရာဇ်ကို ဓားစာခံမင်းသား ဝေ့လျန်မှဂါရဝပြုပါ၏။ -
ဝေ့လျန်သည် ခါးသီးသော နေ့ရက်များကိုလုံလုံလောက်လောက် ခံစားခဲ့ရပြီးဖြစ်သည်။
သူ့အနေနှင့် ဒုက္ခများကို ခံနိုင်ရည်ရှိသော်လ
ည်း ထိုသို့နေထိုင်ရခြင်းကို နှစ်သက်သည်ဟုဆိုလိုခြင်းတော့ မဟုတ်ပေ။
ချူအင်ပါယာ၏နန်းတော်တွင် နေခဲ့စဥ်က သူသည် အသက်ခြောက်နှစ်မပြည့်ခင်ကတည်း
က စွန့်ပစ်ခံခဲ့ရသော သနားစရာ ကလေးငယ်တစ်ဦးဖြစ်ပြီး သူ့ဘဝမှာ နန်းတွင်းမှ မိန်းမစိုး
များ(ကုန်းကုန်း)နှင့်တောင် သိပ်မကွာလှချေ။
ထိုအချိန်က နန်းတွင်း၌ ကြင်ယာတော်တစ်
ပါး ရှိလေသည်။ကြင်ယာတော်သည် နန်းတွ
င်းသို့ ခစားပြီး နှစ်နှစ်ကြာသည်အထိ ကိုယ်
ဝန်မဆောင်နိုင်ခဲ့ပေ။ဝေ့လျန်သည် အခွင့်အ
ရေးကို မြင်၍ ဧကရာဇ်ဥယျာဥ်တော်အနော
က်တွင် ထိုကြင်ယာတော်၏ လက်ကို ရည်ရွ
ယ်ချက်ရှိရှိ ဝင်တိုက်ခဲ့သည်။
နန်းတွင်းအရာရှိများသည် ဝေ့လျန်ကို ကိုယ်သွားနေသော လမ်းကို သေချာ ကြည့်မလျှော
က်ခြင်းအတွက် ဆူပူကြိမ်းမောင်းပြီး အပြစ်
ပေးရန် ဆွဲထုတ်ကြလေသည်။
"ဒီပညာမတတ်တဲ့ မိန်းမစိုးက ဘယ်က ရော
က်လာမှန်းမသိဘူး။ဧကရာဇ်ရဲ့ ကြင်ယာတော်ကိုများ စော်ကားရဲရတယ်လို့"
ဝေ့လျန်သည် သူ၏ချစ်စဖွယ်ကောင်းသောမျက်နှာလေးကို ပြသရန် ခေါင်းကိုမော့၏။ကျောက်စိမ်းကဲ့သို့ ချောမွတ်ပြီး ဆီးနှင်းကဲ့
သို့ ဖြူစွတ်သည့်အသွင် ရှိလေသည်။သူသ
ည် ခေါင်းမာစွာ မကျေမနပ် ညည်းတွား၍
"ငါကမိန်းမစိုးမဟုတ်ဘူး။သခင်လေးလျန်ပဲ"
ဤကလေးငယ်သည် သခင်လေးတစ်ဦး ဖြစ်
နေခဲ့သည်။
ကြင်ယာတော်သည် ဝေ့လျန်လေးကို လွှတ်
ပေးရန် အလျင်အမြန် အမိန့်ပေးခဲ့ပြီး အခြားတစ်ယောက်ကိုတော့ စုံစမ်းမှုများ ပြုလုပ်ရန်ခိုင်းစေခဲ့သည်။
ထိုမှသာလျှင် ဤကလေးသည် ချူအင်ပါယာ ဧကရာဇ်မင်းမြတ်၏ သတ္တမမြောက် သားတော်ဖြစ်ကြောင်းနှင့် မွေးမိခင်သည်စောစီးစွာကွယ်လွန်ခဲ့ပြီး ကူညီမည့်လူမရှိဘဲ အ
ထီးကျန်စွာဖြင့် ကျန်ရစ်ခဲ့ရှာသော သခင်လေးဖြစ်ကြောင်း သိလိုက်ရပေသည်။
သူမနှင့်အလားတူ ဘဝပေးအခြေအနေမျိူးဖြစ်ရာ ကြင်ယာတော်သည်ကိုယ့်ကိုယ်ကိုခဏမျှသနားမိသွားသည်။
သူမမိခင်၏မျိုးရိုးအဆင့်အတန်းသည် မမြင့်မားလှပေ။သူမအနေဖြင့် အားပေးထောက်ခံမှုမရခြင်းနှင့် ကူကယ်ရာမဲ့သောဘဝကို နန်းတွင်း၌ခံစားခဲ့ရပြီး ဧကရာဇ်ထံမှ မျက်နှာ
သာပေးမှုတစ်ခုထဲကိုသာရရှိခဲ့သည်။
ဒါပေမယ့် ဘယ်လောက်တောင်ကြာမလဲ?
သူမ၏နုနယ်သောခန္ဓာကိုယ်သည် ကိုယ်ဝန်
ဆောင်ရန်ခက်ခဲလှသည်ဟု နန်းတွင်းသ
မားတော်ကသတိပေးခဲ့သည်။နန်းတွင်း၌ဆ
က်ခံသူမရှိခြင်းသည် ဖြစ်နိုင်သောရေရှည်အစီအစဥ်မျိုးမဟုတ်ပါလေ။
ဤသတ္တမမြောက်သားတော်ကိုမြင်လိုက်ရချိန်တွင် သူမ၏ခေါင်းထဲ၌ အကြံတစ်ခုပေါ်လာခဲ့သည်။
ထိုအချိန်မှစ၍ မျက်နှာသာပေးခံရသောကြင်ယာတော်သည် ဝေ့လျန်၏ကျန်းမာရေးကိုအထူးဂရုစိုက်ကာ အခါအားလျော်စွာပြုစုစောင့်ရှောက်ခဲ့သည်။အစေခံများကလည်းလက်တွေ့ကျကျပြုမူခဲ့ပြီး သိပ်မကြာမီတွင်သူ့ဘဝလေးသည်အကောင်းဘက်သို့အပြော
င်းအလဲဖြစ်လာ၏။
တစ်လကြာပြီးနောက် မျက်နှာသာပေးခံရသောကြင်ယာတော်သည် ကိုယ်ဝန်ဆောင်နိုင်ခြင်းအလျဥ်းမရှိသေးချေ။နောက်ဆုံးတွင်
'နန်းတွင်း၌တစ်ဦးတည်းအထီးကျန်စွာရှင်
သန်နေရခြင်းကြောင့် ဝေ့လျန်လေးကိုအဖော်အဖြစ်ခေါ်ထားကြောင်း'ယိုးမယ်ဖွဲ့ကာဧက
ရာဇ်နှင့်ဝေ့လျန်ရှေ့တွင်ဒူးထောက်၍အသ
နားခံလေသည်။ဇကရာဇ်သည် ကြင်ယာတော်၏တောင်းဆိုချက်ကို သဘောတူပေးခဲ့သည်။
ဝေ့လျန်အနေနှင့် လှောင်ပြောင်ခံရပြီး အေးစက် ငတ်မွတ်လှသော ဘဝကို ဖယ်ရှားနိုင်ခဲ့သည်။
မျက်နှာသာပေးခံရသော ကြင်ယာတော်သည်ဝေ့လျန်အပေါ်မိိခင်မေတ္တာစိတ် လုံးဝမရှိဘဲ
အကျိုးရှိသော လိုအပ်ချက်များအတွက် အ
သုံးပြုရန်သာ မြင်ခဲ့သည်။
ဤအကြောင်းကို ဝေ့လျန်လုံးဝမသိနိုင်ဟုထင်မှတ်ထားသော်လည်း ဝေ့လျန်ကတော့အားလုံးကိုသိနေပြီး မသိဟန်ဆောင်နေခြင်းသာဖြစ်ကြောင်းကိုတော့ သူမလုံးဝသတိမထားမိခဲ့ချေ။
ထိုနှစ်တွင် ခြောက်နှစ်အရွယ်ကလေးငယ်သ
ည် မှန်တစ်ချပ်ကဲ့သို့ထိုးထွင်းသိမြင်နေပြီဖြ
စ်၏။အင်ပါယာ၏ဥယျာဥ်တော်တွင် သူတို့နှစ်ဦးတွေ့ဆုံခဲ့ခြင်းမှစ၍ အရာအားလုံးသည်ဝေ့လျန်၏အကြံအစည်အတိုင်းသာဖြစ်ပေသည်။
ဝေ့လျန်အတွက်တော့ သံယောဇဥ်နက်ရှိုင်းလှသော 'အမေနှင့်သား'ဆက်ဆံရေးမျိုးလိုအပ်မနေပါချေ။ဝေ့လျန်အနေနှင့် သူ၏ဘဝပေးအခြေအနေများကို တိုးတက်အောင်ဆောင်
ရွက်ရန် ကျောထောက်နောက်ခံလိုနေချိန်တွင်မျက်နှာသာပေးခံရသောကြင်ယာတော်သည်လည်း နန်းတွင်း၌သူမ၏ဘဝကို အခြေတည်စေရန် သားယောကျာ်းလေးတစ်ဦးလိုအပ်နေချိန်ဖြစ်သည်။
တစ်ဦးချင်းစီ၏လိုအပ်ချက်များကို ဖြည့်တ
င်းရန်အပြန်အလှန်အကျိုးစီးပွားဖလှယ်ယုံသာဖြစ်ပြီး သူတို့နှစ်ဦးအကြားအပို၊အလိုမရှိပေ။
သူ့အတွက်မိခင်နောက်တစ်ဦးရှိခြင်းကအထူး
တလည်ကိစ္စမျိုးတော့ဟုတ်မနေပါချေ။
တစ်လခွဲကြာပြီးနောက်တွင် မျက်နှာသာပေးခံရသောကြင်ယာတော်သည် သူမ၏သွေးခုန်နှုန်းကိုစစ်ဆေးခြင်းမှ ပျော်ရွှင်ဖွယ်သတင်းတစ်ခုကြားရလိမ့်မည်ဟု ဘယ်တုန်းကမှမမျှော်လင့်ခဲ့မိပေ။
သူမတွင်လည်း ကိုယ်ပိုင်ရင်သွေးငယ်လေးရှိလာတော့မည်ဖြစ်ရာ နောက်ပိုင်းတွင် ဝေ့လျန်အပေါ်ဆက်ဆံပုံကပိုကွဲပြားလာခဲ့သည်။
ဝေ့လျန်သည် ထိုကိစ္စကိုရေးကြီးခွင်ကျယ်မလုပ်သည့်အပြင် ပြသနာလည်းမရှာခဲ့ပေ။ထိုအစား သနားကြင်နာစိတ်အနည်းငယ်ထားပေးရန်သာ မျက်နှာသာပေးခံရသောကြင်ယာတော်ကိုတောင်းဆိုခဲ့သည်။
ဤကလေးကိုသူမ၏လာဘ်ကောင်းသောကြယ်တစ်ပွင့်အဖြစ်မှတ်ယူပြီး မွေးစားခဲ့ခြင်းဖြစ်ရာ ယခုမှမောင်းထုတ်၍တော့မရနိုင်ပေ။ထိုသို့ပြုမူမိလျှင် သူမကိုသွေးအေးရက်စက်သူအဖြစ် မှတ်ယူသွားကြပေလိမ့်မည်။
သို့ဖြစ်ရာ ဝေ့လျန်လည်းကောင်းမွန်စွာဆ
က်လက်နေထိုင်နိုင်ခဲ့သည်။
သို့သော် ချင်အင်ပါယာ၏စစ်တပ်ကနယ်စပ်ကိုဖိနှိပ်လိုက်ချိန်တွင် ချူအင်ပါယာအနေဖြင့် ဓားစားခံတစ်ဦးကိုစေလွှတ်ရန် လိုအပ်လာပြီး ဝေ့လျန်သဟည်အနည်းဆုံးတော့တန်ဖိုးရှိသူတစ်ယောက်ဖြစ်နေသေး၏။
ရွေးချယ်မှုကလွယ်ကူသားပဲ...
***
ငယ်စဥ်ကတည်းက ကိုယ့်ဘဝကိုထိန်းကျော
င်းလာသူဖြစ်ရာ ယခုအချိန်အထိထိုနည်းအ
တိုင်းပြုမူနေရစမြဲပင်။
နန်းတွင်းမှပုဂ္ဂိုလ်များသည် မည်မျှဘဝင်မြင့်တတ်ကြပြီး ထိန်းချုပ်ခြယ်လှယ်ရန်လိုအပ်သောရွေးချယ်မှုများကိုမည်သူမှတော့ ဝေ့လျန်ထက်ပို၍သိနိုင်မည်မဟုတ်ပေ။
ယခုအချိန်တွင် သူအနိုင်ကျင့်ခံနေရခြင်းမှာချင်ဇကရာဇ်က သူ့ကိုအရေးမစိုက်ခြင်းကြောင့်ဖြစ်ပြီး ချင်ဧကရာဇ်၏အာရုံကိုသာဖမ်းစားနိုင်ပါက မနက်ဖြန်စားတော်ပွဲတွင် သူကိုယ်တိုင်ရွေးချယ်နိုင်မည့် စွဲကြိုက်နှစ်သက်ဖွယ်ကောင်းသော စားစရာများနှင့်လိုင်ချီးသီးများသည်ပင် သူ့ထံအလျင်အမြန်ရောက်
လာနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ ဤနေရာတွင်ပြသနာတစ်
ရပ်ရှိသေး၏။
သူ့အနေနှင့်ချင်ဧကရာဇ်ကိုပထမဆုံးအကြိမ်အဖြစ်တွေ့ဆုံရလိမ့်မည်။
အင်ပါယာနှစ်ခုအကြားမှ ဆက်ဆံရေးအရချင်ဧကရာဇ်က သူ့အားသေမိန့်မပေးဘဲ အသက်ရှင်ခွင့်ပေးထားသည်ကပင် အတော်လေးကြင်နာရာရောက်နေလေပြီ။
တစ်ဖက်လူထံမှ ပထမဆုံးစတင်လာမည့်ပဏာမခြေလှမ်းကို မျှော်လင့်ရန်တော့နည်းလမ်းပင်မရှိချေ။
တောင်တန်းကကိုယ့်ဆီရောက်မလာရင်ကိုယ်
ကပဲတောင်တန်းဆီရောက်အောင်သွားရလိမ့်
မယ်
ဝေ့လျန်သည် နန်းတွင်း၌ကြီးပြင်းခဲ့ပြီးမျက်
နှာသာရရန် နည်းလမ်းမျိုးစုံဖြင့်ပြိုင်ဆိုင်လေ့ရှိကြသော မောင်းမများစွာကိုလည်းတွေ့ခဲ့ရသည်။
သူ့အတွက်တော့ ချင်ဧကရာဇ်ထံမှစိတ်ဝင်
စားမှုကို အပြည့်အဝရရှိရန်မလိုအပ်ဘဲ နန်းတွင်း၌အသက်ရှုချောင်စွာရှင်သန်နိုင်ရန် ဧ
ကရာဇ်ထံမှစိတ်ဝင်စားမှုအနည်းကိုသာလိုပါပေသည်။
ချင်ဧကရာဇ်ကိုသူမမြင်ဖူးသော်လည်း ကောလဟလများကိုတော့ကြားဖူးသည်။
ကျီယွယ့်သည် သွေးအေးရက်စက်ပြီးနှလုံး
သားမရှိစွာ ရန်လိုတတ်သူတစ်ဦးဖြစ်၏။အစ်
ကိုတော်များအားလုံးသည် ထီးနန်းတိုက်ပွဲအ
တွင်းကျဆုံးခဲ့သူများဖြစ်ကြပြီး ကိုးနှစ်သားအရွယ်ကျီယွယ့်ကသာ မယ်တော်ကြီး၏ပံ့ပိုးမှုဖြင့် နောက်ဆုံးကျန်ရစ်သူအဖြစ် ထီးနန်းကိုသိမ်းပိုက်နိုင်ခဲ့သည်။
သူမ၏ဆွေမျိုးသားချင်းများသည် နောက်ကွ
ယ်တွင်အာဏာကိုထိန်းချုပ်ထားပြီး ဧကရာဇ်
ကို လိုသလိုအသုံးချနိုင်သော ရုပ်သေးတစ်ရု
ပ်အဖြစ်သာမှတ်ယူကြလေသည်။
သို့သော် တစ်ဆယ့်လေးနှစ်အရွယ်တွင် ချင်ဧကရာဇ်သည် ထိုဆွေမျိုးသားချင်းများကိုပေါင်းပင်ကဲ့သို့ အမြစ်ပြတ်ရှင်းလင်းပြီး ဆန့်ကျင်သူများကိုမြေလှန်ပစ်ကာ မိသားစုကိုးခုလုံးကိုသုတ်သင်ခဲ့သည်။ထိုအချိန်က ယုံဖင်း
မြို့ကိုဖြတ်သန်းစီးဆင်းသောမြစ်သည်သွေးချင်းချင်းနီ၍ မိုးကောင်းကင်ကြီးသည်ပင်သွေးမိုးများရွာသွန်းတော့မည့်အလား။
(T/N:မိသားစုကိုးခု -လေးစုသည်ဖခင်နှင့်ပတ်သတ်၍သုံးစုသည်မိခင်နှင့်ပတ်သတ်ကာကျန်နှစ်စုသည်ဇနီးမယားနှင့်ပတ်သတ်သည်ဟုရည်ညွှန်းဆိုရိုးပြုကြခြင်း)
နောက်ပိုင်းတွင် ချင်ဧကရာဇ်သည်လောကအမြင်ကိုဖီဆန်၍ မယ်တော်ကြီးကိုလပေါင်းများစွာတိုင်အောင်အကျဥ်းချခဲ့ပြီး တစ်မီတာခန့်ရှည်သော ငွေဖြူရောင်ပိုးထည်ကိုပေးခဲ့လေသည်။
(T/N: တစ်မီတာခန့်ရှည်သောငွေဖြူရောင်ပိုးထည်- 'သေမိန့်'ဟူ၍ရေးထားသောစာတိုကိုညွှန်းဆို၏)
သူသည်ပြည်တွင်းစစ်ပွဲများအား အလင်း
၏အလျှင်နှုန်းဖြင့် ရပ်တန့်ပြီးနောက် အခြားအင်ပါယာခြောက်ခုအပေါ် ပစ်မှတ်ပြောင်းသွားခဲ့သည်။
တစ်ဆယ့်ငါးနှစ်အရွယ်တွင်'ရှား'အင်ပါယာကိုသုတ်သင်ခဲ့၏။
တစ်ဆယ့်ခြောက်နှစ်အရွယ်တွင်'ချန်'အင်ပါယာကိုဖြိုခွင်းခဲ့၏။
တစ်ဆယ့်ခုနစ်နှစ်အရွယ်တွင်'လျန်'အင်ပါယာကိုတိုက်ခိုက်ခဲ့၏။
တစ်ဆယ့်ရှစ်နှစ်အရွယ်တွင်'ယန်'အင်ပါယာနှင့်'လု'အင်ပါယာကိုဆက်တိုက်သိမ်းပိုက်ခဲ့
၏။
နှစ်ဆယ့်တစ်နှစ်အရွယ်တွင်'ချူ'အင်ပါယာကိုစီးနင်းတိုက်ခိုက်ခဲ့၏။
တိုက်ပွဲတိုင်းတွင်လည်းအောင်ပွဲခံနိုင်ခဲ့သည်။
သူ၏ပင်ကိုယ်အစွမ်းအစကြောင့် ဘုရင်အဖြ
စ်ခန့်အပ်ခံရသော စစ်နတ်ဘုရားအဖြစ်လူအများကချီးကျူးဂုဏ်ပြုခဲ့ကြပြီး သူ့ကိုကြော
က်ရွံ့သူများကတော့ မြေအောက်ကမ္ဘာမှဘုရင်၊ဤမင်းဆက်၏မင်းဆိုးမင်းညစ်ဟူ
၍သမုတ်ကြလေသည်။
.......ဒါတွေကဝေ့လျန်နဲ့တော့ဘာမှမဆိုင်ဘူး။
သူသိသမျှကတော့ ဤလူသည်ရင်ဆိုင်ဖြေရှင်းရန် ခက်ခဲလှသည်ဟူ၍ပင်။
ချင်ဧကရာဇ်ရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်
ဖို့ဆိုတာကမျှော်လင့်ထားတဲ့ရလဒ်နဲ့ပြောင်း
ပြန်တွေဖြစ်နေတော့မှာပဲ
သို့သော် သူမကြိုးစားကြည့်ဘဲနှင့်တော့ရလဒ်ကိုမသိနိုင်။
ချင်ဧကရာဇ်သည် မောင်းမဆောင်ကိုတည်
ဆောက်ခဲ့ခြင်းမရှိသည့်အပြင် မည်သူ့ကိုမှလည်းမျက်နှာသာပေးခြင်းအလျဥ်းမရှိပေ။လူနှစ်ဦးအကြား အချစ်ဓာတ်များပျံ့နှံ့နေချိန်တွင်တောင် ချင်ဧကရာဇ်၏စိတ်ဝင်စားမှုကယောကျာ်းလေးလော၊မိန်းကလေးလောဟူ
၍ ခန့်မှန်းမရနိုင်သည့် လူစားမျိုးပင်ဖြစ်ချေသည်။
ဝေ့လျန်သည် ဧကရာဇ်၏အာရုံကိုဆွဲဆောင်နိုင်ရန် သူ့ကိုယ်သူမည်သို့ပြင်ဆင်ရမည်ကို စဥ်းစားနေလေသည်။
အောင်ပွဲရလဒ်များအပေါ်သာအာရုံစိုက်တတ်သောဧကရာဇ်အတွက်မျှတသောလိင်ဆက်
ဆံမှုကိုအကာအကွယ်ပေးမည့်ခံစားချက်မျိုးရှိမနေသင့်ပေ။
မြှောက်ပင့်ခြင်းနှင့်နှိမ့်ချခြင်းတို့သည်လည်းအလုပ်မဖြစ်ပါ။ချင်ဧကရာဇ်အနေဖြင့် ဤနည်းပရိယာယ်ကို လုံလုံလောက်လောက်အ
ရိပ်အမြွက်မြင်မည့်အပြင် ဝေ့လျန်ကိုယ်တိုင်လည်း ထိုအပြုအမူမျိုးကိုမနှစ်သက်လှပေ။
ဖြူစင်ပြီးအပြစ်ကင်းတဲ့ပုံစံမျိုး...ဒါမှမဟုတ်
ဘာကိုမှဂရုမစိုက်ဘဲမာနကြီးပြီးဘဝမြင့်တဲ့
ပုံစံမျိုးဆိုရင်ရော?
ဤအမူအကျင့်များသည်လည်း အလုပ်မဖြစ်နိုင်။မာနကြီးသူတစ်ယောက်အနေနှင့် အခွင့်အရေးကိုအောင်မြင်ရန် ဤမျှလောက်စိတ်
ရှုပ်စရာကောင်းအောင် ဘယ်မှာကြိုးစားနေမည်နည်း?
သို့ဖြစ်ရာ ဤအမူအကျင့်သည် ငြင်းပယ်မှုနှင့်သာ မလွဲမသွေကြုံရမည်ဖြစ်ပြီး ဧကရာဇ်
၏အာရုံကိုလည်း ဆွဲဆောင်နိုင်လိမ့်မည်မဟု
တ်ပေ။
ဒါဆို...ငါတို့ကအတွဲညီပြီးလိုက်ဖက်တယ်ဆို
တာကိုသူသိအောင်ပြောပြဖို့ငါ့ရဲ့ကိုယ်ပိုင်အ
ရည်အချင်းတွေကိုပဲထုတ်ပြလိုက်ရမလား?
ကြံ့ခိုင်သောကိုယ်ရည်ကိုယ်သွေးသည် အနိုင်ယူလိုစိတ်ကိုနှိုးဆွပေးနိုင်သည်။
ဒီအကြံအစည်မအောင်မြင်ခင်မှာပဲဆွဲထုတ်
ပြီးခေါင်းဖြတ်သတ်ခံရလိမ့်မယ် ချင်ဧကရာ
ဇ်ကအဲ့လိုလူမျိုးကိုသူ့ဘေးနားမှာထားပြီး
ခြိမ်းခြောက်မှုကိုခွင့်ပြုနေမယ့်လူစားမျိုးမဟုတ်ဘူး အင်း..တိတိကျကျပြောရင်တော့
ဘုရင်တိုင်းပဲပေါ့လေ။
အတွေးပေါင်းများစွာကို တစ်ခုပြီးတစ်ခုငြင်း
ပယ်ရင်း ခေါင်းကိုက်လာရတော့သည်။
ဧကရာဇ်အကြောင်းကိုဘာမှမသိဘဲဘယ်လို
များအစီအစဥ်ချရပါ့မလဲ?
ပြတင်းပေါက်ငယ်ကိုပြန်ဖွင့်၍ နောက်ကျိရှုပ်
ထွေးနေသော စိတ်အာရုံအစုံကိုရှင်းထုတ်ရန်
တိုက်ခတ်လာသော လေနုအေးများဖြင့်မျက်
နှာချင်းဆိုင်လိုက်၏။
ထူထပ်သောတိမ်လွှာများသည် ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းလျက်ရှိပေသည်။နန်းတွ
င်းအစေခံများသည် လမ်းပေါ်တွင်စုပုံနေသော နှင်းများကို ရှင်းလင်းနေကြဆဲဖြစ်ပြီးတာဝန်ခံဖြစ်ပုံရသည့်မိန်းမစိုးက ၎င်းတို့ကိုခပ်သွက်သွက်လုပ်ကိုင်ရန် တိုက်တွန်းနေလေသည်။
သူတစ်စုံတစ်ခုကိုသဘောပေါက်သွားခဲ့သ
ည်။
ချင်ကျူးအဆောင်တော်သည် အဝေးတစ်နေရာတွင်တည်ရှိပြီး လာရောက်လည်ပတ်သူလည်းရှားလှ၏။နန်းတွင်းလမ်းသည်'စွန့်ပစ်ခံအဆောင်တော်'ဆီသို့ ဦးတည်နေသည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ပေသည်။ထိုလမ်းသည် ညဘက်တွင်အေးစိမ့်စိမ့်နှင့် ပိုလို့တောင်ကြောက်စရာကောင်းပြီး နေရောင်အ
ကူမပါဘဲနှင့် မည်သူမှမသွားရဲသည့် လမ်းလ
ည်းဖြစ်သည်။
ရက်အတော်ကြာ ဆီးနှင်းများကျဆင်းထားသော်လည်း မည်သူမှလာရောက်လှည်းကျင်းခြင်းအလျဥ်းမရှိသေးရာ ဤသည်မှာ'အရေး
ကြီးပုဂ္ဂိုလ်တစ်ဦးသိပ်မကြာမီတွင်ဖြတ်သန်းလိမ့်မည်'ဟူသကဲ့သို့ ညွှန်ပြလျက်ရှိသည်။
နန်းတော်၌ ကြင်ယာတော်မရှိသောကြောင့်'စွန့်ပစ်ခံနန်းဆောင်တွင် သနားစရာကောင်းစွာနေထိုင်ရသော ကြင်ယာတော်တစ်ဦးကိုဧက
ရာဇ်ထံမှ ချစ်မြတ်နိုးခံရသော ကြင်ယာတော်က လှောင်ပြောင်ရန်သွားရောက်လည်ပတ်ခြ
င်း'ဟူသော ဇာတ်လမ်းမျိုးလည်းရှိမလာနိုင်ပေ။သို့ဖြစ်ရာ ဤလမ်းကိုဖြတ်သန်းမည့်တစ်ဦးတည်းသောသူမှာ
ချင်ဧကရာဇ်။
တစ်သက်တွင်တစ်ကြိမ်သာရနိုင်မည့်အခွင့်အရေး။
ချင်ဧကရာဇ်၏တည်နေရာကို ခြေရာခံရန်မှာခက်ခဲလှ၏။ဝေ့လျန်သည်'မတော်တဆတွေ့
ဆုံခြင်း'တစ်ခုကိုဖန်တီးရန် အကြံထုတ်လျက်ရှိပြီး ဤအကြံမှာ ကောင်းသောအကြံဥာဏ်ဖြစ်သည့်အပြင် သူ့အတွက်လည်းအားစိုက်
ထုတ်စရာ သိပ်လိုတော့မည်မဟုတ်ပေ။
တစ်ခါက ချင်ဧကရာဇ်အကြောင်းကို နန်းတွ
င်းအစေခံများထံ သူမေးကြည့်ခဲ့ဖူးသည်။သူသည် ချင်အင်ပါယာမှ တိုင်းသူပြည်သားများအကြား နာမည်သိပ်မတွင်လှသော်လည်း မွေးကတည်းက ရုပ်ရည်ပြေပြစ်ပြီးနူးညံ့စွာ၊အိန္ဒြေရှိစွာပြုမူရမည့်ပုံစံကိုလည်းကောင်းစွာသဘောပေါက်၏။
သူသည် အစေပျိုလေးတစ်စုကို ရင်ခုန်သံမြန်ပြီး ရှက်ရွံ့သွားအောင်လုပ်နိုင်ရာသူ့မေးခွန်းတိုင်းအတွက် အဖြေရှိခဲ့သည်။
ဥပမာဆိုရသော် အချက်အလက်တစ်ခုကိုစနည်းနာနိုင်ခဲ့၏။
ချင်ဧကရာဇ်သည် မွေးဖွားလာစဥ်က မျိုးရိုးမြင့်အဆင့်အတန်းမှမဟုတ်ပေ။သူ့မိခင်မှာယခင်ဧကရာဇ်ဟောင်းထံမှ ချစ်မြတ်နိုးကို
မရတော့သည့် ကိုယ်လုပ်တော်ယွင်ဖြစ်ပြီး သူကလေးဘဝအရွယ်ကတည်းက သူနှင့်သူ့မိခင်မှာ စွန့်ပစ်ခံနန်းဆောင်၌သာနေထိုင်ခဲ့ရသည်။
ကိုယ်လုပ်တော်ယွင်သည် စွန်ပစ်ခံနန်းဆောင်
၌ စိတ်ဖောက်ပြန်သွားခဲ့သည်။နှင်းတဖွေးဖွေးကျဆင်းနေသောညတွင် သူမသည်ရေ
တွင်းထဲသို့ခုန်ချသွားပြီး ဆီးနှင်းအလယ်၌
ခြေရာတစ်စုံသာကျန်ရစ်ခဲ့သည်။
နောက်ပိုင်းတွင် ချင်ဧကရာဇ်သည် ထီးနန်းကို
အောင်မြင်စွာသိမ်းယူနိုင်ခဲ့သော်လည်း အ
စောပိုင်းနှစ်များ၌ မယ်တော်ကြီး၏အကျပ်
ကိုင်မှုကြောင့် သူ့မိခင်၏ရုပ်ခန္ဓာအနားယူရာခြောက်သွေ့နေပြီဖြစ်သော ရေတွင်းကိုတော့ဘယ်တုန်းကမှကြည့်ခွင့်မရခဲ့ပေ။
ထိုမယ်တော်ကြီးသေဆုံးသွားပြီးမှသာ မီးသဂြိုဟ်ပွဲပြုလုပ်ပေးရန် သူ့မွေးမိခင်၏အရိုးများကို ရေကန်အောက်ခြေမှ ဆယ်ယူစေခဲ့သည်။
(T/N :ဒီလောက်ဆိုသိကြမယ်ထင်ပါတယ် မယ်တော်ကြီးကကျီယွယ့်ရဲ့မိခင်အရင်းမဟုတ်ပါဘူးနော်)
နှင်းထူထပ်စွာကျဆင်းသောညများတွင်ဧကရာဇ်ငယ်သည် စွန့်ပစ်ခံအဆောင်တော်သို့ တစ်ခါတစ်ရံလာရောက်လည်ပတ်၍ ဖုန်မှုန့်များနှင့် ယိုယွင်းပျက်စီးနေသော ကုတင်ပေါ်တွင် ခဏမျှထိုင်လေ့ရှိသည်။
တစ်ခါတစ်ရံတွင်တော့တစ်ညလုံးထိုင်နေပေလိမ့်မည်။
***
ဝေ့လျန်သည် ချင်ဧကရာဇ်ရောသူပါခါးစည်းခံခဲ့ရသော ဘဝအတွေ့အကြုံများကြောင့် ချင်ဧကရာဇ်အပေါ် သူစာနာ၊နားလည်သယောင်ခံစားမိ၏။
ကွာခြားမှုသည်ကား သူသည်ငယ်စဥ်ကတ
ည်းက မိခင်မရှိသည့်အတွက် စာနာထွေးပွေ့ပေးမည့် နွေးထွေးမှုတစ်စုံတစ်ရာလည်း ရှိမနေခဲ့ခြင်းပင်။
မူလက ချင်ဧကရာဇ်သည် မယ်တော်ကြီး၏
လက်ထဲမှစစ်တုရင်တစ်ခုသာသာဖြစ်ခဲ့သော်
လည်း ပွဲပြီးဆုံးချိန်တွင်တော့ စစ်တုရင်ခုံသ
ည် မှောက်ချခံလိုက်ရပြီး အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်သွားတော့သည်။
ဝေ့လျန်သည် ချူအင်ပါယာမှစွန့်ပစ်ခံသားတော်တစ်ပါးဖြစ်ပြီး ဤစွန့်ပစ်ခံထားရသောမင်းသားတစ်ပါးသည် အဖိုးထိုက်တန်သောလက်ရာတစ်ခုအဖြစ် ပြောင်းလဲသွားမည်
လောဆိုသည်မှာ အတပ်မပြောနိုင်ပေ။
ယခုအချိန်တွင် ဝေ့လျန်သည်ပြတင်းတံခါးကိုပိတ်၍ မြေခွေးသားမွေးကိုသူ့ခန္ဓာကိုယ်နှင့်နီးကပ်အောင်ဆွဲယူပြီးမှမတ်တပ်ရပ်လိုက်
၏။
ချန်ရှို့ကမနေနိုင်တော့ဘဲမေးမြန်းလာလေသည်။
"သခင်လေးလျန် ဘယ်သွားမလို့လဲ"
ဝေ့လျန်သည်တံခါးကိုတွန်းဖွင့်လိုက်၏။
"ယုန်လေးတွေကိုမျှော်ဖို့သစ်ငုတ်တိုကိုစောင့်ကြပ်ရမယ်လေ"
...ဤကမ္ဘာမြေတစ်ခွင်တွင် သခင်လေးလျန်သာလျှင် ရက်စက်ကြမ်းတမ်းသောချင်ဧက
ရာဇ်ကို ယုန်တစ်ကောင်အဖြစ် ညွှန်းဆိုကော
င်းညွှန်းဆိုရဲသူဖြစ်ပေမည်။
ချန်ရှို့သည်အလျင်စလိုဖြင့်
"သခင်လေး မသွားခင်နောက်တစ်လွှာလော
က်ခြုံပါအုံး!"
"မလိုပါဘူး မင်းတို့နှစ်ယောက်လဲမလိုက်ခဲ့နဲ့တော့"
"အာ..သခင်လေး! ဒါက....."
ချန်ရှို့သည်ချန်ရှန်းကိုအားကိုးရာမဲ့စွာသာလှ
မ်းကြည့်လေသည်။
"အပြင်မှာအေးနေတယ်!"
ချန်ရှန်းကသူ့ကိုတား၏။
"သခင်လေးကိုယုံလိုက်စမ်းပါ"
***
ဆီးနှင်းထုသည်သိပ်သည်းလွန်းလှသည်။
လမ်းကိုလှည်းကျင်းထားသည့်တိုင် လျှောက်လမ်းများက ချောကျိနေဆဲဖြစ်ပြီး သတိလ
က်လွတ်သွားလာမိပါက ချော်လဲကျနိုင်ပေသ
ည်။
နန်းတွင်းအမှုထမ်းများတွင် သူတို့လုပ်ငန်းတာဝန်များပြီးဆုံးသည်နှင့် ဆီးနှင်းများကိုလှဲကျင်းရန်သာရှိတော့သည်။
ကျယ်ပြောလှသောကမ္ဘာမြေတစ်ခွင်သည်အဖြူရောင်အလွှာပြင်ဖြစ်နေဆဲပင်။
ဝေ့လျန်သည် ရိုးရှင်းသောအဖြူရောင်ချန်းရှန့်ကိုဝတ်ဆင်ထားပြီး နှင်းမြေခွေး၏သားမွေးထည်ကိုရုံကာ လေထုနှင့်ဆီးနှင်းများအလယ်တွင် မတ်တပ်ရပ်လျက်ရှိသည်။
ထူထဲသော်လည်း ပိုးချည်အမျှင်ကဲ့သို့ နက်မှောင်နေသောဆံနွယ်များကို သူ့နောက်ကျောတွင်ချည်နှောင်ကာ တွဲလျားချထား၏။နီစွေးနေသာနှုတ်ခမ်းများသည် ပုလဲလုံးများပမာဖြူဖွေးစီတန်းနေသောသွားများကို ဘောင်
ခတ်ထားသည့်နှယ်ရှိပြီး လှပသောအညိုရော
င်မျက်ဝန်းတစ်စုံက အရှေ့သို့စိုက်ကြည့်နေလေသည်။
ဤဝတ်စုံကို ချူအင်ပါယာမှယူဆောင်လာခဲ့ခြင်းဖြစ်သည်။လက်ဆောင်ပဏ္ဏာအဖြစ်ရရှိထားခြင်းဖြစ်ရာ သူ့အနေနှင့်ညစ်ပတ်ပေရေသွားအောင် ဝတ်စားရန်မဖြစ်နိုင်ပါလေ။
ချူအင်ပါယာတွင် ဖြူစွတ်၍အနံကျယ်ပြီးတလူလူမျောလွင့်နေတတ်သော အကျီလက်ပုံစံများကိုဝတ်ဆင်တတ်ကြသည်။ဝေ့လျန်သည်စွတ်စွတ်ဖြူနေသော အဝတ်အစားများကိုဝတ်ဆင်ထားသည်ဖြစ်ရာ သူ့အသွင်သည်အစွန်းအပြောက်မျှပင်မရှိဘဲ ကြွရွကျော့ရှင်းလျက်ရှိနေပေသည်။
ဝေ့လျန်သည် အချိန်အကြာကြီးမစောင့်လိုက်ရပါဘဲ နန်းတွင်းလုပ်သားနှစ်ဆယ်ခန့်၊အကြီး
အကဲမိန်းမစိုးတစ်ဦးနှင့် ကိုယ်ရံတော်မြောက်များစွာဖြင့် ခြံရံလာသော ဧကရာဇ်၏စီးတော်ယာဥ်ကို အဝေးမှနေ၍ လှမ်းမြင်လိုက်ရသည်။အလွန်ခမ်းနားအသရေတင့်သော မြင်
ကွင်းမျိုးပင်။
နားကန်းနေသူတစ်ယောက်ပင်လျှင် အသံကိုမကြားနိုင်သော်ငြား ထိုမြင်ကွင်းကိုတော့သေ
ချာပေါက်အာရုံခံမိပေလိမ့်မည်။
ဝေ့လျန်၏နားရွက်ဖျားလေးများ ခပ်ဖြည်းဖြ
ည်းလှုပ်ခတ်သွားပြီး ထိုအသံကို ယခုမှကြားမိသည့်နှယ်ဟန်ဆောင်၍ လှည့်ကြည့်လိုက်လေသည်။
ဝေါယာဥ်ကိုမြင်သောအခါ လန့်ဖျပ်သွားသည့်အမူအယာမျိုးကိုဖော်ပြ၍ မျက်လွှာချကာ မြေပြင်ပေါ်တွင်ငြိမ်သက်စွာ ဒူးထောက်ချလို
က်၏။
ချူအင်ပါယာနှင့်ဆန့်ကျင်ဘက်အားဖြင့် ချင်အင်ပါယာသည် အနက်ရောင်ကိုနှစ်သက်ပြီးဂုဏ်သရေရှိအစောင့်အကျပ်ဆယ့်နှစ်ဦးနှင့်ဝေါယာဥ်ပေါ်မှ နဂါးနက်အမှတ်အသားတို့ကဤနေရာသို့ ရောက်လာသူ၏အနေအထားကိုသိသာပေါ်လွင်စွာ ခန့်မှန်းမိစေသည်။
ဝေါယာဥ်နီးကပ်လာသည်နှင့်အမျှ ကျီယွယ့်သည် လမ်းနံဘေးတွင် ဒူးထောက်နေသောလူ
ငယ်တစ်ဦးကို သတိထားမိသွားလေသည်။
မရေမတွက်နိုင်အောင်များပြားသောတော်ဝင်အမှုထမ်းများသည် လမ်းတစ်လျှောက်လုံးဒူးထောက်နေကြပြီး မည်သူကမှသူ့အာရုံကိုဖမ်း
စားနိုင်ခြင်းအလျဥ်းမရှိသော်လည်း ထိုတစ်ဦးတည်းကသာ။
လူငယ်သည် လမ်းကိုပိတ်ဆို့ခြင်းအလျဥ်းမရှိပါဘဲ နှင်းထုအလယ်၌ ဒူးထောက်လျက်ရှိသည်။သူ့ခေါင်းကိုငုံ့ထားပြီး ဖြူဖျော့သေး
သွယ်သောလည်တိုင်နှင့် အပြစ်အနာအဆာကင်းသော ဘေးတစ်စောင်းပုံရိပ်ကိုပေါ်လွင်စေသည်။
နှင်းကိုက်မည်ကိုမကြောက်ရွံ့သော အနီရော
င်ဇီးသီးပွင့်ကဲ့သို့ ရွှန်းစိုတောက်ပနေသည့်နှုတ်ခမ်းတစ်စုံ။
နူးညံ့သိမ်မွေ့သောဂုဏ်အသရေကို ခံစားမိ
စေနိုင်သည်။
စီးတော်ယာဥ်သည် လမ်းတစ်လျှောက်ကိုဖြ
တ်သန်းသွားခါနီးမှ ကျီယွယ့်ကအမိန့်ပေး၏။
"ရပ်စမ်း"
အကြီးအကဲမိန်းမစိုးဖြစ်သော လီဖုချွမ်သည်အသံကျယ်ကျယ်ဖြင့် သံယောင်လိုက်၍
အော်လေသည်။
"ရပ်ကြစမ်းဟေ့!"
စီးတော်ယာဥ်သည်ဖြည်းဖြည်းချင်းရပ်တန့်သွား၏။
"အဲ့ဒီတစ်ယောက်ကဘယ်သူလဲ?"
ကျီယွယ့်သည် မေးစေ့ကိုလက်ဖြင့်ထောက်
ထားရင်း ခုံပေါ်တွင်ထိုင်လျက်ရှိသည်။
လီဖုချွမ်းသည်လည်း ထိုမေးခွန်းကို ကျယ်လောင်စွာသံယောင်လိုက်၍ မေးပြန်သည်။
"အရှေ့မှာဘယ်သူလဲ?"
ဝေ့လျန်သည် နှုတ်ခမ်းများကို ခပ်ပြေပြေစေ့ပိတ်ထားပြီး သူ့ခေါင်းကိုမြေကြီးနှင့်ထိလုမ
တတ်ငုံ့ထားပြီးကာမှ အသံကိုမြှင့်၍ပြန်ဖြေ
လေသည်။
"ဓားစာခံမင်းသားဝေ့လျန်မှချင်ဧကရာဇ်ကိုဂါရဝပြုပါတယ်"
ဝေ့လျန်။
ဤနာမည်သည်အလွန်ကိုအကျွမ်းတဝင်မရှိလှချေ။
သို့သော်'ဝေ့'ဟူသည်ချူအင်ပါယာမှမျိုးရိုးနာ
မည်ဖြစ်၏။
ကျီယွယ့်ပြန်စဥ်းစားကြည့်ရာ နောက်ဆုံးတွင်ချူအင်ပါယာသည် ကျောက်မျက်ရတနာများနှင့်ဓားစာခံမင်းသားတစ်ပါးကို ငြိမ်းချမ်းရေးကိစ္စအတွက် ညှိနှိုင်းဆွေးနွေးရန် လွန်ခဲ့
သောလတစ်ဝက်ခန့်က စေလွှတ်ပေးခဲ့ကြော
င်းကို ပြန်အမှတ်ရသွားလေသည်။သူ့အတွက်တော့ ဓားစာခံမင်းသားဟူသည် အသက်မရှိသောပစ္စည်းများနှင့် မခြားမနားသာဖြစ်ပြီးစစ်ပွဲမှသိမ်းယူလာရုံမျှသာရှိသည်။
အနီးကပ်အမှုထမ်းတစ်ဦးက ထိုဓားစာခံမင်း
သားကို မည်သို့ကိုင်တွယ်သင့်ကြောင်း သူ့အားမေးမြန်းလာ၏။အစတွင် ကျီယွယ့်သည်သေမိန့်ပေးချင်ခဲ့သော်လည်း နောက်ပိုင်းတွင်စိတ်ပြောင်းသွားပြီး
"သူ့ကိုအနောက်ဘက်နန်းဆောင်ကိုပို့လိုက်"
မူလက သူ့ရည်ရွယ်ချက်သည်အရှက်ခွဲရန်သာဖြစ်သည်။သို့သော် အလုပ်များလာသည်နှင့်အမျှ ထိုဓားစာခံမင်းသားကို သူ့စိတ်ထဲမှ
မေ့မေ့လျော့လျော့ဖြစ်သွားခဲ့သည်။
မင်းသားသည် ရှားရှားပါးပါးအလှတရားမျိုးဖြစ်နေခဲ့၏။
မည်သို့ပင်ဖြစ်စေ ကျီယွယ့်သည်အလှတရား
များအပေါ် စိတ်မဝင်စားသည့်အပြင် သူ့စိတ်
အခြေအနေကလည်း အမြဲတမ်းမှန်းဆရခက်လှသည်။
ယခုအချိန်တွင် ဝေ့လျန်နှင့်ခဏမျှသာသာယာယာစကားပြောနေမည်ဆိုလျှင်တောင် နောက်စက္ကန့်ပိုင်းတွင်တော့ ထိုလူကိုသုတ်သ
င်ပစ်ရန် အခြားတစ်ဦးကို အလောတကြီးတို
က်တွန်းမည့်လူစားမျိုးဖြစ်ပင်။
(အခုနေစကားအကောင်းပြောပေမယ့် နောက်စက္ကန့်ပိုင်းလောက်ကျသတ်မယ်ဖြတ်မယ်တ
ကဲကဲဖြစ်သွားတတ်တာမျိုးပါ)
သူသည်ထိုင်ခုံမှမတ်တပ်ထရပ်ပြီး
"မင်းဒီလောက်ရာသီဥတုအေးနေတဲ့အထဲမှာဘာလုပ်နေတာလဲ?"
ဝေ့လျန်သည် ဒူးထောက်နေဆဲဖြစ်ပြီးမျက်
လုံးကိုလှန်မကြည့်ဝံ့သေးပေ။
ချင်ဧကရာဇ်၏အသံသည် ပျိုမျစ်ပြီးသာယာ
သောလေသံမျိုးဖြင့်ရောယှက်နေ၏။
ဤသည်မှာ သူစိတ်ကူးထားမိသော ကြမ်းတ
မ်းသည့်လူတစ်ဦးအသွင်နှင့် လုံးဝကွဲပြားလျ
က်ရှိပေသည်။
.............××.............
-ဝေ့လျန်ဝတ်ထားတာဒီလိုပုံစံပါတဲ့။
-နန်းတွင်းအသုံးအနှုန်းတွေနဲ့သိပ်မရင်းနှီး
တာကြောင့်အမှားအယွင်းရှိရင်ခွင့်လွှတ်ပေး
ကြပါရှင့်။
.......................
-ခ်င္ဧကရာဇ္ကိုဓားစာခံမင္းသားေဝ့လ်န္မွဂါရဝျပဳပါ၏။ -
ေဝ့လ်န္သည္ခါးသီးေသာေန႕ရက္မ်ားကိုလုံလုံေလာက္ေလာက္ခံစားခဲ့ရၿပီးျဖစ္သည္။
သူ႕အေနႏွင့္ဒုကၡမ်ားကိုခံနိုင္ရည္ရွိေသာ္လ
ည္းထိုသို႔ေနထိုင္ရျခင္းကို ႏွစ္သက္သည္ဟုဆိုလိုျခင္းေတာ့မဟုတ္ေပ။
ခ်ဴအင္ပါယာ၏နန္းေတာ္တြင္ေနခဲ့စဥ္က သူသည္အသက္ေျခာက္ႏွစ္မျပည့္ခင္ကတ
ည္းက စြန့္ပစ္ခံခဲ့ရေသာ သနားစရာကေလးငယ္တစ္ဦးသာျဖစ္ၿပီး သူ႕ဘဝမွာနန္းတြင္းမွမိန္းမစိုးမ်ား(ကုန္းကုန္း)ႏွင့္ေတာင္သိပ္မကြာလွေခ်။
ထိုအခ်ိန္က နန္းတြင္း၌ၾကင္ယာေတာ္တစ္
ပါးရွိေလသည္။ၾကင္ယာေတာ္သည္ နန္းတြင္းသို႔ခစားၿပီး ႏွစ္ႏွစ္မွ်ၾကာသည္အထိကိုယ္ဝန္မေဆာင္နိုင္ခဲ့ေပ။ေဝ့လ်န္သည္ အခြင့္အေရးကိုျမင္၍ ဧကရာဇ္ဥယ်ာဥ္ေတာ္အ
ေနာက္ဘက္တြင္ ထိုၾကင္ယာေတာ္၏လက္ကိုရည္႐ြယ္ခ်က္ရွိရွိဝင္တိုက္ခဲ့သည္။
နန္းတြင္းအရာရွိမ်ားသည္ ေဝ့လ်န္ကိုကိုယ္သြားေနေသာလမ္းအား ေသခ်ာၾကည့္မေလွ်ာက္ျခင္းအတြက္ ဆူပူႀကိမ္းေမာင္းၿပီးအျပစ္ေပးရန္ဆြဲထုတ္ၾကေလသည္။
"ဒီပညာမတတ္တဲ့မိန္းမစိုးကဘယ္ကေရာ
က္လာမွန္းမသိဘူး ဧကရာဇ္ရဲ႕ၾကင္ယာေတာ္ကိုမ်ားေစာ္ကားရဲရတယ္လို႔"
ေဝ့လ်န္သည္ သူ၏ခ်စ္စဖြယ္ေကာင္းေသာမ်က္ႏွာေလးကိုျပသရန္ေခါင္းကိုေမာ့၏။ေက်ာက္စိမ္းကဲ့သို႔ေခ်ာမြတ္ၿပီး ဆီးႏွင္းကဲ့သို႔ျဖဴစြတ္သည့္အသြင္ရွိေလသည္။သူသည္ေခါင္းမာစြာမေက်မနပ္ညည္းတြား၍
"ငါကမိန္းမစိုးမဟုတ္ဘူး သခင္ေလးလ်န္ပဲ"
ဤကေလးငယ္သည္သခင္ေလးတစ္ဦးျဖစ္ေပသည္။
ၾကင္ယာေတာ္သည္ ေဝ့လ်န္ေလးကိုလႊတ္
ေပးရန္ အလ်င္အျမန္အမိန့္ေပးခဲ့ၿပီး အျခားတစ္ေယာက္ကိုေတာ့ စုံစမ္းမႈမ်ားျပဳလုပ္ရန္ေစခိုင္းခဲ့သည္။
ထိုမွသာလွ်င္ ဤကေလးသည္ခ်ဴအင္ပါယာဧကရာဇ္မင္းျမတ္၏ သတၱမေျမာက္သားေတာ္ျဖစ္ေၾကာင္းႏွင့္ေမြးမိခင္သည္ေစာစီးစြာကြယ္လြန္ခဲ့ၿပီး ကူညီမည့္လူမရွိဘဲအထီးက်န္စြာျဖင့္ က်န္ရစ္ခဲ့ေသာသခင္ေလးျဖစ္ေၾကာ
င္းသိလိုက္ရေပသည္။
သူမႏွင့္အလားတူဘဝေပးအေျခအေနမ်ိဴးျဖစ္ရာ ၾကင္ယာေတာ္သည္ကိုယ့္ကိုယ္ကိုခဏမွ်သနားမိသြားသည္။
သူမမိခင္၏မ်ိဳးရိုးအဆင့္အတန္းသည္ မျမင့္မားလွေပ။သူမအေနျဖင့္ အားေပးေထာက္ခံမႈမရျခင္းႏွင့္ ကူကယ္ရာမဲ့ေသာဘဝကို နန္းတြင္း၌ခံစားခဲ့ရၿပီး ဧကရာဇ္ထံမွ မ်က္ႏွာ
သာေပးမႈတစ္ခုထဲကိုသာရရွိခဲ့သည္။
ဒါေပမယ့္ ဘယ္ေလာက္ေတာင္ၾကာမလဲ?
သူမ၏ႏုနယ္ေသာခႏၶာကိုယ္သည္ ကိုယ္ဝန္
ေဆာင္ရန္ခက္ခဲလွသည္ဟု နန္းတြင္းသ
မားေတာ္ကသတိေပးခဲ့သည္။နန္းတြင္း၌ဆ
က္ခံသူမရွိျခင္းသည္ ျဖစ္နိုင္ေသာေရရွည္အစီအစဥ္မ်ိဳးမဟုတ္ပါေလ။
ဤသတၱမေျမာက္သားေတာ္ကိုျမင္လိုက္ရခ်ိန္တြင္ သူမ၏ေခါင္းထဲ၌ အႀကံတစ္ခုေပၚလာခဲ့သည္။
ထိုအခ်ိန္မွစ၍ မ်က္ႏွာသာေပးခံရေသာၾကင္ယာေတာ္သည္ ေဝ့လ်န္၏က်န္းမာေရးကိုအထူးဂ႐ုစိုက္ကာ အခါအားေလ်ာ္စြာျပဳစုေစာင့္ေရွာက္ခဲ့သည္။အေစခံမ်ားကလည္းလက္ေတြ႕က်က်ျပဳမူခဲ့ၿပီး သိပ္မၾကာမီတြင္သူ႕ဘဝေလးသည္အေကာင္းဘက္သို႔အေျပာ
င္းအလဲျဖစ္လာ၏။
တစ္လၾကာၿပီးေနာက္ မ်က္ႏွာသာေပးခံရေသာၾကင္ယာေတာ္သည္ ကိုယ္ဝန္ေဆာင္နိုင္ျခင္းအလ်ဥ္းမရွိေသးေခ်။ေနာက္ဆုံးတြင္
'နန္းတြင္း၌တစ္ဦးတည္းအထီးက်န္စြာရွင္
သန္ေနရျခင္းေၾကာင့္ ေဝ့လ်န္ေလးကိုအေဖာ္အျဖစ္ေခၚထားေၾကာင္း'ယိုးမယ္ဖြဲ႕ကာဧက
ရာဇ္ႏွင့္ေဝ့လ်န္ေရွ႕တြင္ဒူးေထာက္၍အသ
နားခံေလသည္။ဇကရာဇ္သည္ ၾကင္ယာေတာ္၏ေတာင္းဆိုခ်က္ကို သေဘာတူေပးခဲ့သည္။
ေဝ့လ်န္အေနႏွင့္ ေလွာင္ေျပာင္ခံရၿပီး ေအးစက္ငတ္မြတ္လွေသာဘဝကို ဖယ္ရွားနိုင္ခဲ့သည္။
မ်က္ႏွာသာေပးခံရေသာၾကင္ယာေတာ္သည္ေဝ့လ်န္အေပၚ မိခင္ေမတၱာစိတ္လုံးဝမရွိဘဲ
အက်ိဳးရွိေသာလိုအပ္ခ်က္မ်ားအတြက္ အ
သုံးျပဳရန္သာျမင္ခဲ့သည္။
ဤအေၾကာင္းကို ေဝ့လ်န္လုံးဝမသိနိုင္ဟုထင္မွတ္ထားေသာ္လည္း ေဝ့လ်န္ကေတာ့အားလုံးကိုသိေနၿပီး မသိဟန္ေဆာင္ေနျခင္းသာျဖစ္ေၾကာင္းကိုေတာ့ သူမလုံးဝသတိမထားမိခဲ့ေခ်။
ထိုႏွစ္တြင္ ေျခာက္ႏွစ္အ႐ြယ္ကေလးငယ္သ
ည္ မွန္တစ္ခ်ပ္ကဲ့သို႔ထိုးထြင္းသိျမင္ေနၿပီျဖ
စ္၏။အင္ပါယာ၏ဥယ်ာဥ္ေတာ္တြင္ သူတို႔ႏွစ္ဦးေတြ႕ဆုံခဲ့ျခင္းမွစ၍ အရာအားလုံးသည္ေဝ့လ်န္၏အႀကံအစည္အတိုင္းသာျဖစ္ေပသည္။
ေဝ့လ်န္အတြက္ေတာ့ သံေယာဇဥ္နက္ရွိုင္းလွေသာ 'အေမႏွင့္သား'ဆက္ဆံေရးမ်ိဳးလိုအပ္မေနပါေခ်။ေဝ့လ်န္အေနႏွင့္ သူ၏ဘဝေပးအေျခအေနမ်ားကို တိုးတက္ေအာင္ေဆာင္
႐ြက္ရန္ ေက်ာေထာက္ေနာက္ခံလိုေနခ်ိန္တြင္မ်က္ႏွာသာေပးခံရေသာၾကင္ယာေတာ္သည္လည္း နန္းတြင္း၌သူမ၏ဘဝကို အေျခတည္ေစရန္ သားေယာက်ာ္းေလးတစ္ဦးလိုအပ္ေနခ်ိန္ျဖစ္သည္။
တစ္ဦးခ်င္းစီ၏လိုအပ္ခ်က္မ်ားကို ျဖည့္တ
င္းရန္အျပန္အလွန္အက်ိဳးစီးပြားဖလွယ္ယုံသာျဖစ္ၿပီး သူတို႔ႏွစ္ဦးအၾကားအပို၊အလိုမရွိေပ။
သူ႕အတြက္မိခင္ေနာက္တစ္ဦးရွိျခင္းကအထူး
တလည္ကိစၥမ်ိဳးေတာ့ဟုတ္မေနပါေခ်။
တစ္လခြဲၾကာၿပီးေနာက္တြင္ မ်က္ႏွာသာေပးခံရေသာၾကင္ယာေတာ္သည္ သူမ၏ေသြးခုန္ႏႈန္းကိုစစ္ေဆးျခင္းမွ ေပ်ာ္႐ႊင္ဖြယ္သတင္းတစ္ခုၾကားရလိမ့္မည္ဟု ဘယ္တုန္းကမွမေမွ်ာ္လင့္ခဲ့မိေပ။
သူမတြင္လည္း ကိုယ္ပိုင္ရင္ေသြးငယ္ေလးရွိလာေတာ့မည္ျဖစ္ရာ ေနာက္ပိုင္းတြင္ ေဝ့လ်န္အေပၚဆက္ဆံပုံကပိုကြဲျပားလာခဲ့သည္။
ေဝ့လ်န္သည္ ထိုကိစၥကိုေရးႀကီးခြင္က်ယ္မလုပ္သည့္အျပင္ ျပသနာလည္းမရွာခဲ့ေပ။ထိုအစား သနားၾကင္နာစိတ္အနည္းငယ္ထားေပးရန္သာ မ်က္ႏွာသာေပးခံရေသာၾကင္ယာေတာ္ကိုေတာင္းဆိုခဲ့သည္။
ဤကေလးကိုသူမ၏လာဘ္ေကာင္းေသာၾကယ္တစ္ပြင့္အျဖစ္မွတ္ယူၿပီး ေမြးစားခဲ့ျခင္းျဖစ္ရာ ယခုမွေမာင္းထုတ္၍ေတာ့မရနိုင္ေပ။ထိုသို႔ျပဳမူမိလွ်င္ သူမကိုေသြးေအးရက္စက္သူအျဖစ္ မွတ္ယူသြားၾကေပလိမ့္မည္။
သို႔ျဖစ္ရာ ေဝ့လ်န္လည္းေကာင္းမြန္စြာဆ
က္လက္ေနထိုင္နိုင္ခဲ့သည္။
သို႔ေသာ္ ခ်င္အင္ပါယာ၏စစ္တပ္ကနယ္စပ္ကိုဖိႏွိပ္လိုက္ခ်ိန္တြင္ ခ်ဴအင္ပါယာအေနျဖင့္ ဓားစားခံတစ္ဦးကိုေစလႊတ္ရန္ လိုအပ္လာၿပီး ေဝ့လ်န္သဟည္အနည္းဆုံးေတာ့တန္ဖိုးရွိသူတစ္ေယာက္ျဖစ္ေနေသး၏။
ေ႐ြးခ်ယ္မႈကလြယ္ကူသားပဲ...
***
ငယ္စဥ္ကတည္းက ကိုယ့္ဘဝကိုထိန္းေက်ာ
င္းလာသူျဖစ္ရာ ယခုအခ်ိန္အထိထိုနည္းအ
တိုင္းျပဳမူေနရစၿမဲပင္။
နန္းတြင္းမွပုဂၢိုလ္မ်ားသည္ မည္မွ်ဘဝင္ျမင့္တတ္ၾကၿပီး ထိန္းခ်ဳပ္ျခယ္လွယ္ရန္လိုအပ္ေသာေ႐ြးခ်ယ္မႈမ်ားကိုမည္သူမွေတာ့ ေဝ့လ်န္ထက္ပို၍သိနိုင္မည္မဟုတ္ေပ။
ယခုအခ်ိန္တြင္ သူအနိုင္က်င့္ခံေနရျခင္းမွာခ်င္ဇကရာဇ္က သူ႕ကိုအေရးမစိုက္ျခင္းေၾကာင့္ျဖစ္ၿပီး ခ်င္ဧကရာဇ္၏အာ႐ုံကိုသာဖမ္းစားနိုင္ပါက မနက္ျဖန္စားေတာ္ပြဲတြင္ သူကိုယ္တိုင္ေ႐ြးခ်ယ္နိုင္မည့္ စြဲႀကိဳက္ႏွစ္သက္ဖြယ္ေကာင္းေသာ စားစရာမ်ားႏွင့္လိုင္ခ်ီးသီးမ်ားသည္ပင္ သူ႕ထံအလ်င္အျမန္ေရာက္
လာနိုင္ေပသည္။
မည္သို႔ပင္ျဖစ္ေစ ဤေနရာတြင္ျပသနာတစ္
ရပ္ရွိေသး၏။
သူ႕အေနႏွင့္ခ်င္ဧကရာဇ္ကိုပထမဆုံးအႀကိမ္အျဖစ္ေတြ႕ဆုံရလိမ့္မည္။
အင္ပါယာႏွစ္ခုအၾကားမွ ဆက္ဆံေရးအရခ်င္ဧကရာဇ္က သူ႕အားေသမိန့္မေပးဘဲ အသက္ရွင္ခြင့္ေပးထားသည္ကပင္ အေတာ္ေလးၾကင္နာရာေရာက္ေနေလၿပီ။
တစ္ဖက္လူထံမွ ပထမဆုံးစတင္လာမည့္ပဏာမေျခလွမ္းကို ေမွ်ာ္လင့္ရန္ေတာ့နည္းလမ္းပင္မရွိေခ်။
ေတာင္တန္းကကိုယ့္ဆီေရာက္မလာရင္ကိုယ္
ကပဲေတာင္တန္းဆီေရာက္ေအာင္သြားရလိမ့္
မယ္
ေဝ့လ်န္သည္ နန္းတြင္း၌ႀကီးျပင္းခဲ့ၿပီးမ်က္
ႏွာသာရရန္ နည္းလမ္းမ်ိဳးစုံျဖင့္ၿပိဳင္ဆိုင္ေလ့ရွိၾကေသာ ေမာင္းမမ်ားစြာကိုလည္းေတြ႕ခဲ့ရသည္။
သူ႕အတြက္ေတာ့ ခ်င္ဧကရာဇ္ထံမွစိတ္ဝင္
စားမႈကို အျပည့္အဝရရွိရန္မလိုအပ္ဘဲ နန္းတြင္း၌အသက္ရႈေခ်ာင္စြာရွင္သန္နိုင္ရန္ ဧ
ကရာဇ္ထံမွစိတ္ဝင္စားမႈအနည္းကိုသာလိုပါေပသည္။
ခ်င္ဧကရာဇ္ကိုသူမျမင္ဖူးေသာ္လည္း ေကာလဟလမ်ားကိုေတာ့ၾကားဖူးသည္။
က်ီယြယ့္သည္ ေသြးေအးရက္စက္ၿပီးႏွလုံး
သားမရွိစြာ ရန္လိုတတ္သူတစ္ဦးျဖစ္၏။အစ္
ကိုေတာ္မ်ားအားလုံးသည္ ထီးနန္းတိုက္ပြဲအ
တြင္းက်ဆဳံးခဲ့သူမ်ားျဖစ္ၾကၿပီး ကိုးႏွစ္သားအ႐ြယ္က်ီယြယ့္ကသာ မယ္ေတာ္ႀကီး၏ပံ့ပိုးမႈျဖင့္ ေနာက္ဆုံးက်န္ရစ္သူအျဖစ္ ထီးနန္းကိုသိမ္းပိုက္နိုင္ခဲ့သည္။
သူမ၏ေဆြမ်ိဳးသားခ်င္းမ်ားသည္ ေနာက္ကြ
ယ္တြင္အာဏာကိုထိန္းခ်ဳပ္ထားၿပီး ဧကရာဇ္
ကို လိုသလိုအသုံးခ်နိဳင္ေသာ ႐ုပ္ေသးတစ္႐ု
ပ္အျဖစ္သာမွတ္ယူၾကေလသည္။
သို႔ေသာ္ တစ္ဆယ့္ေလးႏွစ္အ႐ြယ္တြင္ ခ်င္ဧကရာဇ္သည္ ထိုေဆြမ်ိဳးသားခ်င္းမ်ားကိုေပါင္းပင္ကဲ့သို႔ အျမစ္ျပတ္ရွင္းလင္းၿပီး ဆန့္က်င္သူမ်ားကိုေျမလွန္ပစ္ကာ မိသားစုကိုးခုလုံးကိုသုတ္သင္ခဲ့သည္။ထိုအခ်ိန္က ယုံဖင္း
ၿမိဳ႕ကိုျဖတ္သန္းစီးဆင္းေသာျမစ္သည္ေသြးခ်င္းခ်င္းနီ၍ မိုးေကာင္းကင္ႀကီးသည္ပင္ေသြးမိုးမ်ား႐ြာသြန္းေတာ့မည့္အလား။
(T/N:မိသားစုကိုးခု -ေလးစုသည္ဖခင္ႏွင့္ပတ္သတ္၍သုံးစုသည္မိခင္ႏွင့္ပတ္သတ္ကာက်န္ႏွစ္စုသည္ဇနီးမယားႏွင့္ပတ္သတ္သည္ဟုရည္ၫႊန္းဆိုရိုးျပဳၾကျခင္း)
ေနာက္ပိုင္းတြင္ ခ်င္ဧကရာဇ္သည္ေလာကအျမင္ကိုဖီဆန္၍ မယ္ေတာ္ႀကီးကိုလေပါင္းမ်ားစြာတိုင္ေအာင္အက်ဥ္းခ်ခဲ့ၿပီး တစ္မီတာခန့္ရွည္ေသာ ေငြျဖဴေရာင္ပိုးထည္ကိုေပးခဲ့ေလသည္။
(T/N: တစ္မီတာခန့္ရွည္ေသာေငြျဖဴေရာင္ပိုးထည္- 'ေသမိန့္'ဟူ၍ေရးထားေသာစာတိုကိုၫႊန္းဆို၏)
သူသည္ျပည္တြင္းစစ္ပြဲမ်ားအား အလင္း
၏အလွ်င္ႏႈန္းျဖင့္ ရပ္တန့္ၿပီးေနာက္ အျခားအင္ပါယာေျခာက္ခုအေပၚ ပစ္မွတ္ေျပာင္းသြားခဲ့သည္။
တစ္ဆယ့္ငါးႏွစ္အ႐ြယ္တြင္'ရွား'အင္ပါယာကိုသုတ္သင္ခဲ့၏။
တစ္ဆယ့္ေျခာက္ႏွစ္အ႐ြယ္တြင္'ခ်န္'အင္ပါယာကိုၿဖိဳခြင္းခဲ့၏။
တစ္ဆယ့္ခုနစ္ႏွစ္အ႐ြယ္တြင္'လ်န္'အင္ပါယာကိုတိုက္ခိုက္ခဲ့၏။
တစ္ဆယ့္ရွစ္ႏွစ္အ႐ြယ္တြင္'ယန္'အင္ပါယာႏွင့္'လု'အင္ပါယာကိုဆက္တိုက္သိမ္းပိုက္ခဲ့
၏။
ႏွစ္ဆယ့္တစ္ႏွစ္အ႐ြယ္တြင္'ခ်ဴ'အင္ပါယာကိုစီးနင္းတိုက္ခိုက္ခဲ့၏။
တိုက္ပြဲတိုင္းတြင္လည္းေအာင္ပြဲခံနိုင္ခဲ့သည္။
သူ၏ပင္ကိုယ္အစြမ္းအစေၾကာင့္ ဘုရင္အျဖ
စ္ခန့္အပ္ခံရေသာ စစ္နတ္ဘုရားအျဖစ္လူအမ်ားကခ်ီးက်ဴးဂုဏ္ျပဳခဲ့ၾကၿပီး သူ႕ကိုေၾကာ
က္႐ြံ႕သူမ်ားကေတာ့ ေျမေအာက္ကမၻာမွဘုရင္၊ဤမင္းဆက္၏မင္းဆိုးမင္းညစ္ဟူ
၍သမုတ္ၾကေလသည္။
.......ဒါေတြကေဝ့လ်န္နဲ႕ေတာ့ဘာမွမဆိုင္ဘူး။
သူသိသမွ်ကေတာ့ ဤလူသည္ရင္ဆိုင္ေျဖရွင္းရန္ ခက္ခဲလွသည္ဟူ၍ပင္။
ခ်င္ဧကရာဇ္ရဲ႕စိတ္ဝင္စားမႈကိုဆြဲေဆာင္
ဖို႔ဆိုတာကေမွ်ာ္လင့္ထားတဲ့ရလဒ္နဲ႕ေျပာင္း
ျပန္ေတြျဖစ္ေနေတာ့မွာပဲ
သို႔ေသာ္ သူမႀကိဳးစားၾကည့္ဘဲႏွင့္ေတာ့ရလဒ္ကိုမသိနိုင္။
ခ်င္ဧကရာဇ္သည္ ေမာင္းမေဆာင္ကိုတည္
ေဆာက္ခဲ့ျခင္းမရွိသည့္အျပင္ မည္သူ႕ကိုမွလည္းမ်က္ႏွာသာေပးျခင္းအလ်ဥ္းမရွိေပ။လူႏွစ္ဦးအၾကား အခ်စ္ဓာတ္မ်ားပ်ံ့ႏွံ႕ေနခ်ိန္တြင္ေတာင္ ခ်င္ဧကရာဇ္၏စိတ္ဝင္စားမႈကေယာက်ာ္းေလးေလာ၊မိန္းကေလးေလာဟူ
၍ ခန့္မွန္းမရနိုင္သည့္ လူစားမ်ိဳးပင္ျဖစ္ေခ်သည္။
ေဝ့လ်န္သည္ ဧကရာဇ္၏အာ႐ုံကိုဆြဲေဆာင္နိုင္ရန္ သူ႕ကိုယ္သူမည္သို႔ျပင္ဆင္ရမည္ကို စဥ္းစားေနေလသည္။
ေအာင္ပြဲရလဒ္မ်ားအေပၚသာအာ႐ုံစိုက္တတ္ေသာဧကရာဇ္အတြက္မွ်တေသာလိင္ဆက္
ဆံမႈကိုအကာအကြယ္ေပးမည့္ခံစားခ်က္မ်ိဳးရွိမေနသင့္ေပ။
ျမႇောက္ပင့္ျခင္းႏွင့္ႏွိမ့္ခ်ျခင္းတို႔သည္လည္းအလုပ္မျဖစ္ပါ။ခ်င္ဧကရာဇ္အေနျဖင့္ ဤနည္းပရိယာယ္ကို လုံလုံေလာက္ေလာက္အ
ရိပ္အႁမြက္ျမင္မည့္အျပင္ ေဝ့လ်န္ကိုယ္တိုင္လည္း ထိုအျပဳအမူမ်ိဳးကိုမႏွစ္သက္လွေပ။
ျဖဴစင္ၿပီးအျပစ္ကင္းတဲ့ပုံစံမ်ိဳး...ဒါမွမဟုတ္
ဘာကိုမွဂ႐ုမစိုက္ဘဲမာနႀကီးၿပီးဘဝျမင့္တဲ့
ပုံစံမ်ိဳးဆိုရင္ေရာ?
ဤအမူအက်င့္မ်ားသည္လည္း အလုပ္မျဖစ္နိုင္။မာနႀကီးသူတစ္ေယာက္အေနႏွင့္ အခြင့္အေရးကိုေအာင္ျမင္ရန္ ဤမွ်ေလာက္စိတ္
ရႈပ္စရာေကာင္းေအာင္ ဘယ္မွာႀကိဳးစားေနမည္နည္း?
သို႔ျဖစ္ရာ ဤအမူအက်င့္သည္ ျငင္းပယ္မႈႏွင့္သာ မလြဲမေသြႀကဳံရမည္ျဖစ္ၿပီး ဧကရာဇ္
၏အာ႐ုံကိုလည္း ဆြဲေဆာင္နိုင္လိမ့္မည္မဟု
တ္ေပ။
ဒါဆို...ငါတို႔ကအတြဲညီၿပီးလိုက္ဖက္တယ္ဆို
တာကိုသူသိေအာင္ေျပာျပဖို႔ငါ့ရဲ႕ကိုယ္ပိုင္အ
ရည္အခ်င္းေတြကိုပဲထုတ္ျပလိုက္ရမလား?
ႀကံ့ခိုင္ေသာကိုယ္ရည္ကိုယ္ေသြးသည္ အနိုင္ယူလိုစိတ္ကိုႏွိုးဆြေပးနိုင္သည္။
ဒီအႀကံအစည္မေအာင္ျမင္ခင္မွာပဲဆြဲထုတ္
ၿပီးေခါင္းျဖတ္သတ္ခံရလိမ့္မယ္ ခ်င္ဧကရာ
ဇ္ကအဲ့လိုလူမ်ိဳးကိုသူ႕ေဘးနားမွာထားၿပီး
ၿခိမ္းေျခာက္မႈကိုခြင့္ျပဳေနမယ့္လူစားမ်ိဳးမဟုတ္ဘူး အင္း..တိတိက်က်ေျပာရင္ေတာ့
ဘုရင္တိုင္းပဲေပါ့ေလ။
အေတြးေပါင္းမ်ားစြာကို တစ္ခုၿပီးတစ္ခုျငင္း
ပယ္ရင္း ေခါင္းကိုက္လာရေတာ့သည္။
ဧကရာဇ္အေၾကာင္းကိုဘာမွမသိဘဲဘယ္လို
မ်ားအစီအစဥ္ခ်ရပါ့မလဲ?
ျပတင္းေပါက္ငယ္ကိုျပန္ဖြင့္၍ ေနာက္က်ိရႈပ္
ေထြးေနေသာ စိတ္အာ႐ုံအစုံကိုရွင္းထုတ္ရန္
တိုက္ခတ္လာေသာ ေလႏုေအးမ်ားျဖင့္မ်က္
ႏွာခ်င္းဆိုင္လိုက္၏။
ထူထပ္ေသာတိမ္လႊာမ်ားသည္ ေကာင္းကင္တစ္ခြင္ကို ဖုံးလႊမ္းလ်က္ရွိေပသည္။နန္းတြ
င္းအေစခံမ်ားသည္ လမ္းေပၚတြင္စုပုံေနေသာ ႏွင္းမ်ားကို ရွင္းလင္းေနၾကဆဲျဖစ္ၿပီးတာဝန္ခံျဖစ္ပုံရသည့္မိန္းမစိုးက ၎တို႔ကိုခပ္သြက္သြက္လုပ္ကိုင္ရန္ တိုက္တြန္းေနေလသည္။
သူတစ္စုံတစ္ခုကိုသေဘာေပါက္သြားခဲ့သ
ည္။
ခ်င္က်ဴးအေဆာင္ေတာ္သည္ အေဝးတစ္ေနရာတြင္တည္ရွိၿပီး လာေရာက္လည္ပတ္သူလည္းရွားလွ၏။နန္းတြင္းလမ္းသည္'စြန့္ပစ္ခံအေဆာင္ေတာ္'ဆီသို႔ ဦးတည္ေနသည့္ တစ္ခုတည္းေသာ လမ္းေၾကာင္းျဖစ္ေပသည္။ထိုလမ္းသည္ ညဘက္တြင္ေအးစိမ့္စိမ့္ႏွင့္ ပိုလို႔ေတာင္ေၾကာက္စရာေကာင္းၿပီး ေနေရာင္အ
ကူမပါဘဲႏွင့္ မည္သူမွမသြားရဲသည့္ လမ္းလ
ည္းျဖစ္သည္။
ရက္အေတာ္ၾကာ ဆီးႏွင္းမ်ားက်ဆင္းထားေသာ္လည္း မည္သူမွလာေရာက္လွည္းက်င္းျခင္းအလ်ဥ္းမရွိေသးရာ ဤသည္မွာ'အေရး
ႀကီးပုဂၢိုလ္တစ္ဦးသိပ္မၾကာမီတြင္ျဖတ္သန္းလိမ့္မည္'ဟူသကဲ့သို႔ ၫႊန္ျပလ်က္ရွိသည္။
နန္းေတာ္၌ ၾကင္ယာေတာ္မရွိေသာေၾကာင့္'စြန့္ပစ္ခံနန္းေဆာင္တြင္ သနားစရာေကာင္းစြာေနထိုင္ရေသာ ၾကင္ယာေတာ္တစ္ဦးကိုဧက
ရာဇ္ထံမွ ခ်စ္ျမတ္နိုးခံရေသာ ၾကင္ယာေတာ္က ေလွာင္ေျပာင္ရန္သြားေရာက္လည္ပတ္ျခ
င္း'ဟူေသာ ဇာတ္လမ္းမ်ိဳးလည္းရွိမလာနိုင္ေပ။သို႔ျဖစ္ရာ ဤလမ္းကိုျဖတ္သန္းမည့္တစ္ဦးတည္းေသာသူမွာ
ခ်င္ဧကရာဇ္။
တစ္သက္တြင္တစ္ႀကိမ္သာရနိုင္မည့္အခြင့္အေရး။
ခ်င္ဧကရာဇ္၏တည္ေနရာကို ေျခရာခံရန္မွာခက္ခဲလွ၏။ေဝ့လ်န္သည္'မေတာ္တဆေတြ႕
ဆုံျခင္း'တစ္ခုကိုဖန္တီးရန္ အႀကံထုတ္လ်က္ရွိၿပီး ဤအႀကံမွာ ေကာင္းေသာအႀကံဥာဏ္ျဖစ္သည့္အျပင္ သူ႕အတြက္လည္းအားစိုက္
ထုတ္စရာ သိပ္လိုေတာ့မည္မဟုတ္ေပ။
တစ္ခါက ခ်င္ဧကရာဇ္အေၾကာင္းကို နန္းတြ
င္းအေစခံမ်ားထံ သူေမးၾကည့္ခဲ့ဖူးသည္။သူသည္ ခ်င္အင္ပါယာမွ တိုင္းသူျပည္သားမ်ားအၾကား နာမည္သိပ္မတြင္လွေသာ္လည္း ေမြးကတည္းက ႐ုပ္ရည္ေျပျပစ္ၿပီးႏူးညံ့စြာ၊အိႏၵျေရွိစြာျပဳမူရမည့္ပုံစံကိုလည္းေကာင္းစြာသေဘာေပါက္၏။
သူသည္ အေစပ်ိဳေလးတစ္စုကို ရင္ခုန္သံျမန္ၿပီး ရွက္႐ြံ႕သြားေအာင္လုပ္နိုင္ရာသူ႕ေမးခြန္းတိုင္းအတြက္ အေျဖရွိခဲ့သည္။
ဥပမာဆိုရေသာ္ အခ်က္အလက္တစ္ခုကိုစနည္းနာနိုင္ခဲ့၏။
ခ်င္ဧကရာဇ္သည္ ေမြးဖြားလာစဥ္က မ်ိဳးရိုးျမင့္အဆင့္အတန္းမွမဟုတ္ေပ။သူ႕မိခင္မွာယခင္ဧကရာဇ္ေဟာင္းထံမွ ခ်စ္ျမတ္နိုးကို
မရေတာ့သည့္ ကိုယ္လုပ္ေတာ္ယြင္ျဖစ္ၿပီး သူကေလးဘဝအ႐ြယ္ကတည္းက သူႏွင့္သူ႕မိခင္မွာ စြန့္ပစ္ခံနန္းေဆာင္၌သာေနထိုင္ခဲ့ရသည္။
ကိုယ္လုပ္ေတာ္ယြင္သည္ စြန္ပစ္ခံနန္းေဆာင္
၌ စိတ္ေဖာက္ျပန္သြားခဲ့သည္။ႏွင္းတေဖြးေဖြးက်ဆင္းေနေသာညတြင္ သူမသည္ေရ
တြင္းထဲသို႔ခုန္ခ်သြားၿပီး ဆီးႏွင္းအလယ္၌
ေျခရာတစ္စုံသာက်န္ရစ္ခဲ့သည္။
ေနာက္ပိုင္းတြင္ ခ်င္ဧကရာဇ္သည္ ထီးနန္းကို
ေအာင္ျမင္စြာသိမ္းယူနိုင္ခဲ့ေသာ္လည္း အ
ေစာပိုင္းႏွစ္မ်ား၌ မယ္ေတာ္ႀကီး၏အက်ပ္
ကိုင္မႈေၾကာင့္ သူ႕မိခင္၏႐ုပ္ခႏၶာအနားယူရာေျခာက္ေသြ႕ေနၿပီျဖစ္ေသာ ေရတြင္းကိုေတာ့ဘယ္တုန္းကမွၾကည့္ခြင့္မရခဲ့ေပ။
ထိုမယ္ေတာ္ႀကီးေသဆုံးသြားၿပီးမွသာ မီးသၿဂိဳဟ္ပြဲျပဳလုပ္ေပးရန္ သူ႕ေမြးမိခင္၏အရိုးမ်ားကို ေရကန္ေအာက္ေျခမွ ဆယ္ယူေစခဲ့သည္။
(T/N :ဒီေလာက္ဆိုသိၾကမယ္ထင္ပါတယ္ မယ္ေတာ္ႀကီးကက်ီယြယ့္ရဲ႕မိခင္အရင္းမဟုတ္ပါဘူးေနာ္)
ႏွင္းထူထပ္စြာက်ဆင္းေသာညမ်ားတြင္ဧကရာဇ္ငယ္သည္ စြန့္ပစ္ခံအေဆာင္ေတာ္သို႔ တစ္ခါတစ္ရံလာေရာက္လည္ပတ္၍ ဖုန္မႈန့္မ်ားႏွင့္ ယိုယြင္းပ်က္စီးေနေသာ ကုတင္ေပၚတြင္ ခဏမွ်ထိုင္ေလ့ရွိသည္။
တစ္ခါတစ္ရံတြင္ေတာ့တစ္ညလုံးထိုင္ေနေပလိမ့္မည္။
***
ေဝ့လ်န္သည္ ခ်င္ဧကရာဇ္ေရာသူပါခါးစည္းခံခဲ့ရေသာ ဘဝအေတြ႕အႀကဳံမ်ားေၾကာင့္ ခ်င္ဧကရာဇ္အေပၚ သူစာနာ၊နားလည္သေယာင္ခံစားမိ၏။
ကြာျခားမႈသည္ကား သူသည္ငယ္စဥ္ကတ
ည္းက မိခင္မရွိသည့္အတြက္ စာနာေထြးေပြ႕ေပးမည့္ ႏြေးေထြးမႈတစ္စုံတစ္ရာလည္း ရွိမေနခဲ့ျခင္းပင္။
မူလက ခ်င္ဧကရာဇ္သည္ မယ္ေတာ္ႀကီး၏
လက္ထဲမွစစ္တုရင္တစ္ခုသာသာျဖစ္ခဲ့ေသာ္
လည္း ပြဲၿပီးဆုံးခ်ိန္တြင္ေတာ့ စစ္တုရင္ခုံသ
ည္ ေမွာက္ခ်ခံလိုက္ရၿပီး အေျခအေနတစ္ခုလုံးကို ေျပာင္းျပန္လွန္ပစ္သြားေတာ့သည္။
ေဝ့လ်န္သည္ ခ်ဴအင္ပါယာမွစြန့္ပစ္ခံသားေတာ္တစ္ပါးျဖစ္ၿပီး ဤစြန့္ပစ္ခံထားရေသာမင္းသားတစ္ပါးသည္ အဖိုးထိုက္တန္ေသာလက္ရာတစ္ခုအျဖစ္ ေျပာင္းလဲသြားမည္
ေလာဆိုသည္မွာ အတပ္မေျပာနိုင္ေပ။
ယခုအခ်ိန္တြင္ ေဝ့လ်န္သည္ျပတင္းတံခါးကိုပိတ္၍ ေျမေခြးသားေမြးကိုသူ႕ခႏၶာကိုယ္ႏွင့္နီးကပ္ေအာင္ဆြဲယူၿပီးမွမတ္တပ္ရပ္လိုက္
၏။
ခ်န္ရွို႔ကမေနနိုင္ေတာ့ဘဲေမးျမန္းလာေလသည္။
"သခင္ေလးလ်န္ ဘယ္သြားမလို႔လဲ"
ေဝ့လ်န္သည္တံခါးကိုတြန္းဖြင့္လိုက္၏။
"ယုန္ေလးေတြကိုေမွ်ာ္ဖို႔သစ္ငုတ္တိုကိုေစာင့္ၾကပ္ရမယ္ေလ"
...ဤကမၻာေျမတစ္ခြင္တြင္ သခင္ေလးလ်န္သာလွ်င္ ရက္စက္ၾကမ္းတမ္းေသာခ်င္ဧက
ရာဇ္ကို ယုန္တစ္ေကာင္အျဖစ္ ၫႊန္းဆိုေကာ
င္းၫႊန္းဆိုရဲသူျဖစ္ေပမည္။
ခ်န္ရွို႔သည္အလ်င္စလိုျဖင့္
"သခင္ေလး မသြားခင္ေနာက္တစ္လႊာေလာ
က္ၿခဳံပါအုံး!"
"မလိုပါဘူး မင္းတို႔ႏွစ္ေယာက္လဲမလိုက္ခဲ့နဲ႕ေတာ့"
"အာ..သခင္ေလး! ဒါက....."
ခ်န္ရွို႔သည္ခ်န္ရွန္းကိုအားကိုးရာမဲ့စြာသာလွ
မ္းၾကည့္ေလသည္။
"အျပင္မွာေအးေနတယ္!"
ခ်န္ရွန္းကသူ႕ကိုတား၏။
"သခင္ေလးကိုယုံလိုက္စမ္းပါ"
***
ဆီးႏွင္းထုသည္သိပ္သည္းလြန္းလွသည္။
လမ္းကိုလွည္းက်င္းထားသည့္တိုင္ ေလွ်ာက္လမ္းမ်ားက ေခ်ာက်ိေနဆဲျဖစ္ၿပီး သတိလ
က္လြတ္သြားလာမိပါက ေခ်ာ္လဲက်နိဳင္ေပသ
ည္။
နန္းတြင္းအမႈထမ္းမ်ားတြင္ သူတို႔လုပ္ငန္းတာဝန္မ်ားၿပီးဆုံးသည္ႏွင့္ ဆီးႏွင္းမ်ားကိုလွဲက်င္းရန္သာရွိေတာ့သည္။
က်ယ္ေျပာလွေသာကမၻာေျမတစ္ခြင္သည္အျဖဴေရာင္အလႊာျပင္ျဖစ္ေနဆဲပင္။
ေဝ့လ်န္သည္ ရိုးရွင္းေသာအျဖဴေရာင္ခ်န္းရွန့္ကိုဝတ္ဆင္ထားၿပီး ႏွင္းေျမေခြး၏သားေမြးထည္ကို႐ုံကာ ေလထုႏွင့္ဆီးႏွင္းမ်ားအလယ္တြင္ မတ္တပ္ရပ္လ်က္ရွိသည္။
ထူထဲေသာ္လည္း ပိုးခ်ည္အမွ်င္ကဲ့သို႔ နက္ေမွာင္ေနေသာဆံႏြယ္မ်ားကို သူ႕ေနာက္ေက်ာတြင္ခ်ည္ႏွောင္ကာ တြဲလ်ားခ်ထား၏။နီေစြးေနသာႏႈတ္ခမ္းမ်ားသည္ ပုလဲလုံးမ်ားပမာျဖဴေဖြးစီတန္းေနေသာသြားမ်ားကို ေဘာင္
ခတ္ထားသည့္ႏွယ္ရွိၿပီး လွပေသာအညိုေရာ
င္မ်က္ဝန္းတစ္စုံက အေရွ႕သို႔စိုက္ၾကည့္ေနေလသည္။
ဤဝတ္စုံကို ခ်ဴအင္ပါယာမွယူေဆာင္လာခဲ့ျခင္းျဖစ္သည္။လက္ေဆာင္ပဏၰာအျဖစ္ရရွိထားျခင္းျဖစ္ရာ သူ႕အေနႏွင့္ညစ္ပတ္ေပေရသြားေအာင္ ဝတ္စားရန္မျဖစ္နိုင္ပါေလ။
ခ်ဴအင္ပါယာတြင္ ျဖဴစြတ္၍အနံက်ယ္ၿပီးတလူလူေမ်ာလြင့္ေနတတ္ေသာ အက်ီလက္ပုံစံမ်ားကိုဝတ္ဆင္တတ္ၾကသည္။ေဝ့လ်န္သည္စြတ္စြတ္ျဖဴေနေသာ အဝတ္အစားမ်ားကိုဝတ္ဆင္ထားသည္ျဖစ္ရာ သူ႕အသြင္သည္အစြန္းအေျပာက္မွ်ပင္မရွိဘဲ ႂကြ႐ြေက်ာ့ရွင္းလ်က္ရွိေနေပသည္။
ေဝ့လ်န္သည္ အခ်ိန္အၾကာႀကီးမေစာင့္လိုက္ရပါဘဲ နန္းတြင္းလုပ္သားႏွစ္ဆယ္ခန့္၊အႀကီး
အကဲမိန္းမစိုးတစ္ဦးႏွင့္ ကိုယ္ရံေတာ္ေျမာက္မ်ားစြာျဖင့္ ၿခံရံလာေသာ ဧကရာဇ္၏စီးေတာ္ယာဥ္ကို အေဝးမွေန၍ လွမ္းျမင္လိုက္ရသည္။အလြန္ခမ္းနားအသေရတင့္ေသာ ျမင္
ကြင္းမ်ိဳးပင္။
နားကန္းေနသူတစ္ေယာက္ပင္လွ်င္ အသံကိုမၾကားနိုင္ေသာ္ျငား ထိုျမင္ကြင္းကိုေတာ့ေသ
ခ်ာေပါက္အာ႐ုံခံမိေပလိမ့္မည္။
ေဝ့လ်န္၏နား႐ြက္ဖ်ားေလးမ်ား ခပ္ျဖည္းျဖ
ည္းလႈပ္ခတ္သြားၿပီး ထိုအသံကို ယခုမွၾကားမိသည့္ႏွယ္ဟန္ေဆာင္၍ လွည့္ၾကည့္လိုက္ေလသည္။
ေဝါယာဥ္ကိုျမင္ေသာအခါ လန့္ဖ်ပ္သြားသည့္အမူအယာမ်ိဳးကိုေဖာ္ျပ၍ မ်က္လႊာခ်ကာ ေျမျပင္ေပၚတြင္ၿငိမ္သက္စြာ ဒူးေထာက္ခ်လိဳ
က္၏။
ခ်ဴအင္ပါယာႏွင့္ဆန့္က်င္ဘက္အားျဖင့္ ခ်င္အင္ပါယာသည္ အနက္ေရာင္ကိုႏွစ္သက္ၿပီးဂုဏ္သေရရွိအေစာင့္အက်ပ္ဆယ့္ႏွစ္ဦးႏွင့္ေဝါယာဥ္ေပၚမွ နဂါးနက္အမွတ္အသားတို႔ကဤေနရာသို႔ ေရာက္လာသူ၏အေနအထားကိုသိသာေပၚလြင္စြာ ခန့္မွန္းမိေစသည္။
ေဝါယာဥ္နီးကပ္လာသည္ႏွင့္အမွ် က်ီယြယ့္သည္ လမ္းနံေဘးတြင္ ဒူးေထာက္ေနေသာလူ
ငယ္တစ္ဦးကို သတိထားမိသြားေလသည္။
မေရမတြက္နိုင္ေအာင္မ်ားျပားေသာေတာ္ဝင္အမႈထမ္းမ်ားသည္ လမ္းတစ္ေလွ်ာက္လုံးဒူးေထာက္ေနၾကၿပီး မည္သူကမွသူ႕အာ႐ုံကိုဖမ္း
စားနိုင္ျခင္းအလ်ဥ္းမရွိေသာ္လည္း ထိုတစ္ဦးတည္းကသာ။
လူငယ္သည္ လမ္းကိုပိတ္ဆို႔ျခင္းအလ်ဥ္းမရွိပါဘဲ ႏွင္းထုအလယ္၌ ဒူးေထာက္လ်က္ရွိသည္။သူ႕ေခါင္းကိုငုံ႕ထားၿပီး ျဖဴေဖ်ာ့ေသး
သြယ္ေသာလည္တိုင္ႏွင့္ အျပစ္အနာအဆာကင္းေသာ ေဘးတစ္ေစာင္းပုံရိပ္ကိုေပၚလြင္ေစသည္။
ႏွင္းကိုက္မည္ကိုမေၾကာက္႐ြံ႕ေသာ အနီေရာ
င္ဇီးသီးပြင့္ကဲ့သို႔ ႐ႊန္းစိုေတာက္ပေနသည့္ႏႈတ္ခမ္းတစ္စုံ။
ႏူးညံ့သိမ္ေမြ႕ေသာဂုဏ္အသေရကို ခံစားမိ
ေစနိုင္သည္။
စီးေတာ္ယာဥ္သည္ လမ္းတစ္ေလွ်ာက္ကိုျဖ
တ္သန္းသြားခါနီးမွ က်ီယြယ့္ကအမိန့္ေပး၏။
"ရပ္စမ္း"
အႀကီးအကဲမိန္းမစိုးျဖစ္ေသာ လီဖုခြၽမ္သည္အသံက်ယ္က်ယ္ျဖင့္ သံေယာင္လိုက္၍
ေအာ္ေလသည္။
"ရပ္ၾကစမ္းေဟ့!"
စီးေတာ္ယာဥ္သည္ျဖည္းျဖည္းခ်င္းရပ္တန့္သြား၏။
"အဲ့ဒီတစ္ေယာက္ကဘယ္သူလဲ?"
က်ီယြယ့္သည္ ေမးေစ့ကိုလက္ျဖင့္ေထာက္
ထားရင္း ခုံေပၚတြင္ထိုင္လ်က္ရွိသည္။
လီဖုခြၽမ္းသည္လည္း ထိုေမးခြန္းကို က်ယ္ေလာင္စြာသံေယာင္လိုက္၍ ေမးျပန္သည္။
"အေရွ႕မွာဘယ္သူလဲ?"
ေဝ့လ်န္သည္ ႏႈတ္ခမ္းမ်ားကို ခပ္ေျပေျပေစ့ပိတ္ထားၿပီး သူ႕ေခါင္းကိုေျမႀကီးႏွင့္ထိလုမ
တတ္ငုံ႕ထားၿပီးကာမွ အသံကိုျမႇင့္၍ျပန္ေျဖ
ေလသည္။
"ဓားစာခံမင္းသားေဝ့လ်န္မွခ်င္ဧကရာဇ္ကိုဂါရဝျပဳပါတယ္"
ေဝ့လ်န္။
ဤနာမည္သည္အလြန္ကိုအကြၽမ္းတဝင္မရွိလွေခ်။
သို႔ေသာ္'ေဝ့'ဟူသည္ခ်ဴအင္ပါယာမွမ်ိဳးရိုးနာ
မည္ျဖစ္၏။
က်ီယြယ့္ျပန္စဥ္းစားၾကည့္ရာ ေနာက္ဆုံးတြင္ခ်ဴအင္ပါယာသည္ ေက်ာက္မ်က္ရတနာမ်ားႏွင့္ဓားစာခံမင္းသားတစ္ပါးကို ၿငိမ္းခ်မ္းေရးကိစၥအတြက္ ညွိႏွိုင္းေဆြးႏြေးရန္ လြန္ခဲ့
ေသာလတစ္ဝက္ခန့္က ေစလႊတ္ေပးခဲ့ေၾကာ
င္းကို ျပန္အမွတ္ရသြားေလသည္။သူ႕အတြက္ေတာ့ ဓားစာခံမင္းသားဟူသည္ အသက္မရွိေသာပစၥည္းမ်ားႏွင့္ မျခားမနားသာျဖစ္ၿပီးစစ္ပြဲမွသိမ္းယူလာ႐ုံမွ်သာရွိသည္။
အနီးကပ္အမႈထမ္းတစ္ဦးက ထိုဓားစာခံမင္း
သားကို မည္သို႔ကိုင္တြယ္သင့္ေၾကာင္း သူ႕အားေမးျမန္းလာ၏။အစတြင္ က်ီယြယ့္သည္ေသမိန့္ေပးခ်င္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္စိတ္ေျပာင္းသြားၿပီး
"သူ႕ကိုအေနာက္ဘက္နန္းေဆာင္ကိုပို႔လိုက္"
မူလက သူ႕ရည္႐ြယ္ခ်က္သည္အရွက္ခြဲရန္သာျဖစ္သည္။သို႔ေသာ္ အလုပ္မ်ားလာသည္ႏွင့္အမွ် ထိုဓားစာခံမင္းသားကို သူ႕စိတ္ထဲမွ
ေမ့ေမ့ေလ်ာ့ေလ်ာ့ျဖစ္သြားခဲ့သည္။
မင္းသားသည္ ရွားရွားပါးပါးအလွတရားမ်ိဳးျဖစ္ေနခဲ့၏။
မည္သို႔ပင္ျဖစ္ေစ က်ီယြယ့္သည္အလွတရား
မ်ားအေပၚ စိတ္မဝင္စားသည့္အျပင္ သူ႕စိတ္
အေျခအေနကလည္း အၿမဲတမ္းမွန္းဆရခက္လွသည္။
ယခုအခ်ိန္တြင္ ေဝ့လ်န္ႏွင့္ခဏမွ်သာသာယာယာစကားေျပာေနမည္ဆိုလွ်င္ေတာင္ ေနာက္စကၠန့္ပိုင္းတြင္ေတာ့ ထိုလူကိုသုတ္သ
င္ပစ္ရန္ အျခားတစ္ဦးကို အေလာတႀကီးတို
က္တြန္းမည့္လူစားမ်ိဳးျဖစ္ပင္။
(အခုေနစကားအေကာင္းေျပာေပမယ့္ ေနာက္စကၠန့္ပိုင္းေလာက္က်သတ္မယ္ျဖတ္မယ္တ
ကဲကဲျဖစ္သြားတတ္တာမ်ိဳးပါ)
သူသည္ထိုင္ခုံမွမတ္တပ္ထရပ္ၿပီး
"မင္းဒီေလာက္ရာသီဥတုေအးေနတဲ့အထဲမွာဘာလုပ္ေနတာလဲ?"
ေဝ့လ်န္သည္ ဒူးေထာက္ေနဆဲျဖစ္ၿပီးမ်က္
လုံးကိုလွန္မၾကည့္ဝံ့ေသးေပ။
ခ်င္ဧကရာဇ္၏အသံသည္ ပ်ိဳမ်စ္ၿပီးသာယာ
ေသာေလသံမ်ိဳးျဖင့္ေရာယွက္ေန၏။
ဤသည္မွာ သူစိတ္ကူးထားမိေသာ ၾကမ္းတ
မ္းသည့္လူတစ္ဦးအသြင္ႏွင့္ လုံးဝကြဲျပားလ်
က္ရွိေပသည္။
..........................
-ေဝ့လ်န္ဝတ္ထားတာဒီလိုပုံစံပါတဲ့။
-နန္းတြင္းအသုံးအႏႈန္းေတြနဲ႕သိပ္မရင္းႏွီး
တာေၾကာင့္အမွားအယြင္းရွိရင္ခြင့္လႊတ္ေပး
ၾကပါရွင့္။