Only...I See Him☑️ completed

By bae079

43.5K 5.1K 401

"ထာဝရမင်းဘေးအတူရှိနေမှာ။ ကိုယ်အသက်နဲ့ ခန္ဓာကိုယ်အတူမရှိခဲ့တော့ရင်တောင်..." More

intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
18
19
20
21_ final

17

1K 176 6
By bae079

"ကင်မ်နမ်ဂျွန်းဆိုတာ ဘယ်သူလဲ?
ဘာလို သူကသေသွားရတာလဲလို?
အကို ယွန်းဂီ ၊ အကိုဟိုဆော့ ကျတော်မေးတာ ဖြေပေးကြလေဗျာ "

"ဂျောင်ကု အာတာ အာတာက "

ဆော့ဂျင်ကိုသဘောကျနေတဲ့ဂျောင်ကုကို
နမ်ဂျွန်းအကြောင်း ရှင်းပြရန်ဟို‌ေဆာ့ခက်ခဲသလို ယွန်းဂီကတော့ ဘာစကားမှမပြောဘဲ နှုတ်ဆိတ်နေခဲ့တာမို့ ဂျောင်ကု
လက်ထဲက ‌စာအုပ်‌ေလးကို စားပွဲခုံပေါ်ချလိုက်ရင်း။

"ဒီစာအုပ်ထဲမှာအကိုက သူမက်တဲ့ အိမ်မက်တွေအကြောင်းရေးထားတယ်
အာ့မှာ ကင်မ်နမ်** ဆိုပြီး ပဲ ရေးထားတာကို
တွေ့တာမို့ အကိုဆော့ဂျင်ကို နှောက်ယှက်နေတဲ့သူရဲ့ နမည်အဆုံးက ဂျွန်ဖြစ်နေတာပေါ့ သူက
ကင်မ်နမ်ဂျွန်းပေါ့ "

"ကင်မ်နမ်ဂျွန်းက သေသွားပြီ
ငါတို့အားလ‌ံုးအရှေ့မှာ သေသွားခဲ့တာ "

"ဒါဆို ဘာလို ဒီလူက ဆော့ဂျင်အနား ပြန်ပေါ်လာရတာလဲ ဘာလို့သူက ဆော့ဂျင်ကို
ဒုက္ခပေးနေရတာလဲ သူနဲ့ဆော့ဂျင်က ဘယ်လိုပတ်သတ်ခဲ့လို့လဲ?"

ဂျောင်ကု ရှုပ်ထွေးနေတဲ့အရာတွေကိုဖြေရှင်း
ချင်တာမို့ လေသံတွေလည်းမာ ကုန်တော့သည်။

"ဆော့ဂျင်နဲ့ နမ်ဂျွန်းက
လက်ထက်‌ေတာ့မယ်လူတွေ "

သူမျက်နှာကိုမကြည့်ဘဲဖြေလာခဲ့တဲ့ ဟိုဆော့စကားကြောင့် ဂျောင်ကု အံဩလွန်းလို အသံတိတ်သွားသလို ဘေးကဆိုဖာမှာထိုင်ချမိသွားရင်း။

"အာ့တော့ အာတော့ အကိုနဲ့အာ့လူက
လက်ထက်ခဲ့ကြတာလား?"

" စေ့စပ်ဖို့ တပတ်အလိုမှာ
နမ်ဂျွန်းတို့ ချောက်ပေါ်က ပြုတ်ကျသွားခဲ့တာ "

"နမ်ဂျွန်းတို့ဆိုတာ?'

"ဟုတ်တယ် ၊ ဆော့ဂျင်လဲအတူ ပြုတ်ကျသွားခဲ့တာ အာ့ချောက်ထဲကို "

ယခုမှသိခွင့်ရလိုက်တဲ့ ဆော့ဂျင်ကိုယ်တိုင်‌ေတာင် မမှတ်မိခဲ့တဲ့အတိတ်အကြောင်းတွေကြောင့် ဂျောင်ကု တုန်လှုပ်မိသွားသည်။
ထိုအချိန်မှာဘဲ
ဆော့ဂျင် ခေါင်းက ဒဏ်ရာလေးကို
ပြေးမြင်သွားမိသလို ဆော့ဂျင်ပြောခဲ့ဖူးတဲ့
အိမ်မက်အကြောင်းနဲ့ သူနောက်လိုက်နေတဲ့လူရှိအကြောင်းတွေ ခေါင်းထဲ စုပြုံဝင်လာခဲ့တော့သည်။

"အကိုတို့ ကျတော်ကို အာ့တုန်းကိစ္စတွေ
ပြောပြပါ
တခုမကျန်~~ အကုန်ပြောပြပေးပါ "

"အာ့တုန်းကကိစ္စတွေပြန်သိပြီး မင်းအတွက်ဘာရမှာမို့လိုလဲ ဂျောင်ကုရယ်
မင်းဆော့ဂျင်ကိုသဘောကျနေတာမဟုတ်လား?
အတိတ်ကိုသိပြီး ဘာလုပ်~~  "

"သဘောကျလို
အကိုကို့  အကိုတို့ထင်တာထက်သဘောကျတာမို့
အကိုအကြောင်းအကုန်သိချင်တယ် ~
အာတာက ကောင်းတာဖြစ်ဖြစ် ၊ ဆိုးဝါးတားဖြစ်ဖြစ် အကုန် လက်ခံပေးနိုင်တာမို့!!"

"မမေးနဲ့‌ေတာ့ ၊အတိတ်ကကိစ္စ အတိတ်မှာထားခဲ့လိုက် ၊ အခုစဉ်းစားရမှာက ဆော့ဂျင်ကို ဘယ်လိုတွေအောင်ရှာရမယ်ဆိုတာပဲ "

အကိုယွန်းဂီကစကားဖြတ်ချလိုက်ကာ
စကားလမ်းကြောင်းလွဲလာပေမယ့်
သူလက်မခံ။

" မဟုတ်ဘူးး အကိုယွန်းဂီ
မေးမှရမယ် ၊ အကိုတို့လဲကျတော်ကို
ဖြေပေးမှရမယ့် ဘာလိုဆို ကင်မ်နမ်ဂျွန်းက ဆော့ဂျင်ကို ခေါ်သွားတာဖြစ်နိုင်တာမို့ "

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဂျောင်ကု?"

"ဒီမှာဖတ်ကြည့် အကိုကသူမက်ခဲ့တဲ့အိမ်မက်တွေနဲ့ သူကြုံခဲ့ရတာတွေရေးထားခဲ့တာ
ကင်မ်နမ်ဂျွန်းက အကိုကို့ သူဆီခေါ်ဖို့ကြိုးစားနေတယ်ဆိုတာ လုံးဝသေချာနေတယ် ၊
ဒါကြောင့် ကျတော် အာ့လူဆီက
အကိုကို့ပြန်ခေါ်ရလိမ့်မယ် "

"ဂျောင်ကု!!!"

"သူကအကိုနဲ့စေ့စပ်မလိုဖြစ်ခဲ့ပါစေ ၊
သူနဲ့အကိုက ဘဝခြားသွားပြီမို့  အကိုကို
ကျတော်ကပဲ ကာကွယ်ပေးမှာ ၊ အကိုက ကျတော်အပိုင်ပဲဖြစ်ရတော့မှာ "

အကြောက်သန်ပါတယ်ဆိုတဲ့
ဂျောင်ကုဆီက
ရဲရင့်ပြတ်သားစွာဖြင့်ပြောလာတဲ့ စကားသံတွေကိုကြားလိုက်ရတာမို့ ဟိုဆော့ အံဩမိသွားသလို လွန်ခဲ့တဲ့ နှစ်တွေက ကိစ္စတွေကို ပြန်ပြောပြရန် ဆုံးဖြတ်ချက်ချလိုက်မိတော့သည်။

______________________only I see him

သူရုံးခန်းထိ ရောက်လာခဲ့တဲ့ နမ်ဂျွန်းဟာ
မြေကွက်ကိစ္စပြောရန် နောက်တကြိမ်ရောက်လာခြင်းဖြစ်မည်ဆိုတာ သိတဲ့ ယွန်းဂီ
အေးဆေးတည်ငြိမ်လျက်ရှိနေခဲ့သည်။

"ယွန်းဂီ ငါမင်းကိုနောက်ဆုံးအနေနဲ့ ပြောနေတာ ကျေးဇူးပြုပြီး ဓာတုပစ္စည်း စက်ရုံကို
ငါမြေကွက်မှာ မလုပ်ပါနဲ့
သူဆိုးကျိုးတွေက ငါတို့နယ်မြို့လေးရဲ့
ပတ်ဝန်းကျင်နဲ့လေထုကိုဘယ်လောက်ညစ်ညမ်း ထိခိုက်စေလဲဆိုတာမင်းမသိတာလည်းမဟုတ်ဘူး "

"ဒီမှာ ယောက်ဖ
ငါမြေကွက်ဆိုတဲ့ စကားကိုပြင်ပေးအုန်း
အခု ယောက်ဖမြေကွက်မှ မဟုတ်တော့တာ "

"သိတယ် ၊ အာ့တာကြောင့်
မင်းကိုအခုလို လာတောင်းဆိုရတာပေါ့
မြေကွက်ကိုဝယ်ဖို့ကမ်းလှမ်းတုန်းက
အပန်းဖြေစံအိမ်အတွက်လို သေချာပေါက်မင်းပြောခဲ့လျက်နဲ့ အခုမှ ဘာလို့ စိတ်ပြောင်းသွားရတာလဲကွာ?"

"ပိုင်ရှင်ပြောင်းသွားလိုပေါ့ ယောက်ဖရဲ့ "

"ယွန်းဂီ ၊ မင်းတို့ company ရှယ်ရာတွေအတွက် အခုလို လုပ်ခဲ့တယ်ဆို
ငါမင်းတို့ ဆီမှာ ရှယ်ယာတွေ ထည့်ပေးနိုင်တယ် ငါအကုန်လုပ်ပေးနိုင်တယ်  ၊
ဒါကြောင့် မြေပိုင်ရှင်ဆီက ငါမြေကို
ပြန်ယူပေး ယွန်းဂီ!!"

"မျက်မေှာင်ကြီးအလိုမကျုံးထားစမ်းပါနဲ့
ယောက်ဖရာ နောက်အပတ်ဆိုပဲ စေ့စပ်ပွဲလုပ်တော့မယ် ၊ အသားအရည်ဂရုစိုက်မှပေါ့ "

"အာ့တာတွေအခု အရေးမကြီးဘူး ယွန်းဂီ
ငါမိဘပိုင်မြေမှာ ငါတို့မြို့လေးကို ညစ်ညမ်းအောင်လုပ်မယ့် ကိစ္စမဖြစ်အောင် ငါတားရမယ် ၊ ဒါငါအတွက်အရေးကြီးဆုံးပဲ
အေးး မင်းက မလုပ်ပေးဘူးဆိုလဲ ငါကိုယ်တိုင် တရားစွဲပြီးတော့မဆို တားရတာပေါ့ ၊  "

"ဆော့ဂျင်မျက်နှာကိုမထောက် လုပ်ရက်မယ်ပေါ့လေ ဟုတ်လား ကင်မ်နမ်ဂျွန်းး "

"ဒီကိစ္စမှာ မင်းဆော့ဂျင်ကို
ဆွဲမထည့်နဲ့ယွန်းဂီ!!"

"ဘာလို့မဆိုင်ရမှာလဲ? သေချာပေါက်ဆိုင်တာပေါ့ ၊ ငါက ဆော့ဂျင်အကိုဖြစ်သလို
ဒီ companyကို ဆော့ဂျင်လဲပိုင်တယ်
ယောက်ဖ ခင်ဗျားက ဒီ company ထိခိုက်အောင်လုပ်မယ်ဆို ဆော့ဂျင်ကို ထိခိုက်အောင် လုပ်တာနဲ့ တူတူပဲ "

"မင်ယွန်းဂီ!!!"

"ကဲရွေး ကင်မ်နမ်ဂျွန်းရှီ
မကြာခင်လက်ထက်တော့မယ့်ငါညီလေး ဆော့ဂျင်ကိုလား? ဒါမှမဟုတ် 
မင်းအဖိုးမဖြတ်နိုင်‌ေအာင်တန်တယ်ပြောတဲ့ မြေကြီးတွေကိုလား?"

_______________________only I see him
See you next episode ❤️

Continue Reading

You'll Also Like

6.8K 640 6
ပူးတူးကိုထိတဲ့လက်တွေအကုန်ရိုက်ချိုးပစ်မှာ
5.2K 421 5
"" ကလေးငယ်က ပြီးပြည့်စုံတဲ့ အရုပ်ကလေးြဖစ်ပေးပြီး ကိုကိုက ပြီးပြည့်စုံတဲ့ အရိပ်ကလေးြဖစ်ပေးမယ်..."" "" ကေလးငယ္က ပြီးပြည့်စုံတဲ့ အရုပ်ကလေးဖြစ်ပေးပြီး ကို...
1.9K 204 5
သူနဲ့တွေ့မှအချစ်ကိုသိ💝
1.6K 280 7
ဟက် ငါဆိုတဲ့အကောင်ကစောက်ရမ်းချစ်ပြနေတော့ မင်းက ငါ့အချစ်တွေကိုစော်ကားချင်တိုင်း စော်ကားနေတာဘဲ!