ထိမ်း​​မြားပဏ္ဏာအင်ပါယာ

By zuriiiiii8

11.8K 1.4K 99

လူတစ်ယောက်က သေခြင်းတရားကိုတောင် မျက်ကွယ်ပြုပြီး မင်းကို ချစ်နိုင်တယ်ဆိုရင် သူဟာ မင်းနဲ့ ဘယ်တော့မှ မခွဲခွာနိ... More

အခန်း၂/ပထမဆုံးတွေ့ဆုံခြင်း(ပထမဆုံးေတြ႕ဆုံျခင္း)
အခန်း ၃ /ဒူးထောက်အပြစ်ပေးခြင်း(ဒူးေထာက္အျပစ္ေပးျခင္း)
You must read this ><
အခန်း ၄/ဆေးသောက်ချိန်(ေဆးေသာက္ခ်ိန္)
အခန်း၅/နိုင်လိုမင်းထက်ဧကရာဇ်(နိုင္လိုမင္းထက္ဧကရာဇ္)
အခန်း ၆/ကိုယ်တော့်ကိုဝတ်ရုံတော်ပြင်ဆင်ပေး
အခန်း၇/သက်မဲ့နှလုံးသား
အခန်း၈/အမြော်အမြင်ရှိသောအမေးအဖြေ
အခန်း ၉/အဆောင်တော်အပြောင်းအလဲ
အခန်း ၁၀/အဆိပ်ကိုမြည်းစမ်းခြင်း
အခန်း ၁၁/ ရေချိုးချိန်
အခန်း ၁၂/ ထုံရှစ်
အခန်း ၁၃/ဝတ်ရုံလက်ဖြတ်
အခန်း ၁၄/ပန်းချီဆွဲချိန်
အခန်း ၁၅ /တေးကဗျာ
အခန်း ၁၆ /ရင်ဖိုဖွယ်အိပ်မက်
အခန်း ၁၇/ သက်တော်စောင့်ခွေး
အခန်း ၁၈/အားမုံ့
好消息
အခန်း ၁၉ /တန်ပြန်တိုက်ခိုက်မှု
အခန်း ၂၀/ အရူး
启事

အခန်း ၁ /ဓားစာခံမင်းသား(ဓားစာခံမင္းသား)

2.9K 150 9
By zuriiiiii8

အတွဲ(၁) [ချင်လုံယွဲ့ ]

-ဒီလိုစိတ်ပျက်စရာတွေကို သည်းခံနိုင်
တော့ဘူး-

ချင်ချန်းဘုရင်၏ နန်းသက်တစ်ဆယ့်နှစ်နှစ်၊
ဆောင်းဦးရာသီ ||

ပြတင်းပေါက် အပြင်ဘက်တွင် ဆီးနှင်းများ
ကျဆင်းလျက်ရှိသည်။

လေထုထဲတွင် အအေးဓာတ်က စိမ့်ဝင်နေပြီး နန်းတွင်းအစေခံများသည် ဆောင်းရာသီ အကျီထူထူကြီးများကို ဝတ်ဆင်၍ ရံဖန်ရံခါတွ
င် လက်ဖဝါးများကို ပွတ်ကာ အေးစက်သော
လေငွေ့များဖြင့် အသက်ရှုထုတ်ရင်း နန်းရင်
ပြင်ထက်မှ နှင်းများကို လှည်းကျင်းနေကြသည်။

စုပြုံနေသော ရေခဲနှင့် နှင်းစက်များသည် ဆီး
သီးပွင့်၏ အကိုင်းအခက်များတွင် ရေခဲလွှာ
အဖြစ် တွဲခိုနေလေသည်။

မီးလင်းဖိုမှ မီးတောက်သည် အချိန်ကြာမြင့်
စွာ လောင်ကျွမ်းခဲ့ပြီးဖြစ်ရာ အခန်းတွင်းဘအပူချိန်လည်း သိပ်မမြင့်တော့ပေ။အအေး
ဓာတ်သည် အရိုးအဆစ်များအကြား စိမ့်ဝင်သွားသကဲ့သို့ ခြေ၊လက်များကို တောင့်တင်းအေးခဲသွားစေသည်။

လူငယ်လေးတစ်ဦးသည် နှင်းဖြူမြေခွေး၏
သားမွေးဖြင့် ခြုံထည်ကို သူ၏ပုခုံးပေါ်တွင် ရစ်ပတ်လျက် ပြတင်းပေါက်ဘေးတွင် ထိုင်နေပြီး မူလက သူကိုင်ဆောင်ထားသော လ
က်ဖက်ရည်ခွက်ထဲမှ လက်ဖက်ရည်ပူပူသည်
ပင် လေအေးများနှင့် ဆီးနှင်းတို့၏ တိုက်ခတ်မှုကြောင့် အေးစက်နေလေပြီ။

ဖန်ခွက်တစ်ဝိုက်မှ လက်ချောင်းများသည်
ကျောက်စိမ်းကဲ့သို့ သေးသွယ်ပြီး ချောမွတ်ကာ ကွဲပြားသော အဆစ်များဖြင့် အလွန်လှပသော လက်တစ်စုံ ဖြစ်လေသည်။

ချိန်ရှို့သည် တိတ်တဆိတ် အရှေ့တိုးလာ၏။

"သခင်လေး..အပြင်မှာ အေးပါတယ်။ငယ်
သားကပဲ ပြတင်းပေါက်ကို ပိတ်ပေးပါရစေ"

ထိုတောင်းဆိုသံကို ကြားသည့်အခါ လူငယ်
လေးက ခေါင်းလှည့်ကြည့်လာ၏။သူ၏ ကို
ယ်ဟန်အနေအထားသည် ပြေပြစ်သည့်အ
ပြင် မျက်နှာလည်း အလွန် ကြည့်ကောင်းလှသည်။

နယ်ပယ်ခုနှစ်ခု၏ နံပါတ်တစ် အလှနတ်သ
မီးဟု တင်စားခံရသော ယန်ပြည်ထောင်မှမင်းသမီး ချုံဟွားသည်ပင်လျှင် ထိုလူငယ်လေးနှင့် နှိုင်းယှဥ်ကြည့်လျှင် ကွဲပြားနေလိမ့်မည်။ဆွဲဆောင်မှုရှိသော အသွင်အပြင်သည် အခြားကြည့်ကောင်းသော အမျိုးသမီးများနှင့် နှိုင်းယှဥ်နိုင်သော်လည်း ထိုအမျိုးသားတစ်ဦး၏ အသွင်အပြင်ကိုတော့ ယှဥ်နိုင်လိမ့်မ
ည်မဟုတ်။

ဝေ့လျန်ကပြုံး၏။

"ပြတင်းပေါက်ကို ဖွင့်ထားရင် မွေးရပ်မြေရဲ့
လေနဲ့ ဆီးနှင်းတွေကို မြင်နေရတုန်းပဲ။ပြတ
င်းပေါက်ကို ပိတ်လိုက်ရင်တော့ အဲ့တာတွေ
ကို ငါ ထပ်ကြည့်လို့ ရတော့မှာမဟုတ်ဘူး"

သူ့အသံသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်
ပြတ်သား၍ နူးညံ့ပြီး မျက်နှာပေါ်တွင် အပြုံး
တစ်ပွင့်လည်း ရှိနေသေး၏။

အပြင်လူများ၏ အမြင်အရ သူ့ကို အားလပ်
ချိန်တွင် နှင်းပွင့်များအား ရှုစားရင်း အနားယူနေသော သခင်လေးတစ်ဦးဟုသာ ရိုးရိုးရှင်း
ရှင်း ထင်မှတ်ကြပေလိမ့်မည်။

ထိုစကားကို ကြားလိုက်ရသောအခါ ချိန်ရှို့၏
နှာခေါင်းက ပိတ်ဆို့လာပြီး မျက်ရည်ကျရတော့သည်။

ချူအင်ပါယာသည် နှင်းများဖြင့် ပိတ်ဖုံးနေပြီး သခင်လေးကတော့ အိမ်ကို လွမ်းနေရှာ
သည်။

သို့သော် ချင်အင်ပါယာ၏ ဓားစာခံဖြစ်ရာ သခင်လေး၏ ဘဝတစ်လျှောက်လုံးတွင် အိ
မ်ပြန်ခွင့်မရတော့မည်ကို သူစိုးရိမ်မိလေသ
ည်။

သခင်လေးသည် ယခုနှစ်တွင် အသက်တစ်
ဆယ့်ကိုးနှစ်သာ ရှိသေးသော်လည်း ကျန်ဘ
ဝတစ်လျှောက်လုံးကို တိုင်းတစ်ပါးတွင်သာကုန်ဆုံးရပေတော့မည်။

မျက်ဝန်းမှ မျက်ရည်စများကို လက်ချောင်းဖြင့် ဖိသုတ်ရင်း ချိန်ရှို့သည် ခံစားချက်များကို
ချောင်းတစ်ချက်ဟန့်၍

"သခင်လေးရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့လိုတ
ယ်။သခင်လေးသာ အအေးမိသွားမယ်ဆိုရင်ကျွန်တော်စိုးရိမ်မိတာက......"

ချင်နိုင်ငံက သခင်လေးအတွက် သမားတော်
ပင့်ခွင့်တောင် မပေးမှာကိုလေ။

သခင်လေးသည် ချူအင်ပါယာ၏ ဆွေကြီး
မျိုးကြီး အဆင့်အတန်းမှ မြင့်မြတ်သူတစ်ဦး ဖြစ်သော်လည်း 'ဓားစာခံ' ဟူသော အခြေအ
နေသို့ ကျရောက်ခဲ့ရလေသည်။

*****

ယနေ့ခေတ် ကမ္ဘာကြီးကို ချင်၊ ချူ၊ ယန်၊လု၊
လျန်၊ချန် နှင့် ရှား ဟူ၍ နယ်ပယ်ခုနှစ်ခွင်အ
ဖြစ် ပိုင်းခြားထားသည်။နယ်ပယ်တစ်ခုချင်းစီတိုင်းတွင် လွတ်လပ်သော ကိုယ်ပိုင်အုပ်ချု
ပ်ရေးရှိပြီး သက်ဆိုင်ရာ ဧကရာဇ်အသီးသီးက အုပ်ချုပ်သည်။

ဧကရာဇ်ကျီယွယ့်သည် ကိုးနှစ်သား အရွယ်တွင် ချင်အင်ပါယာ၌ ထီးနန်းတက်ခဲ့ပြီး နန်း
သက် တစ်ဆယ့်နှစ်နှစ်တိုင်လေပြီ။သူသည် ရဲရင့်သော စစ်သည်တော်ဖြစ်ပြီးသည့်အ​ပြင်
ကြံရည်ဖန်ရည်ရှိသော ဗျူဟာမြောက်သူလ
ည်းဖြစ်ကာ ရည်မှန်းချက်နှင့် ရက်စက်ကြမ်း
ကြုတ်မှုတို့ကြောင့် လူသိများ၏။

နန်းသက် တစ်ဆယ့်နှစ်နှစ်တာကာလတွင် ​ကိုးကြိမ်တိုင်တိုင် စစ်ကြေညာ၍ မရေမတွက်နိုင်အောင် များပြားသော မြို့များကို သိမ်းပို
က်ပြီး အင်ပါယာခြောက်ခုတွင် ငါးခုကို လက်
အောက်ခံခိုင်းခဲ့သည်။

အင်အားအနည်းဆုံး ရှားအင်ပါယာသည်သာ
အလုံးစုံ ပျက်သုဥ်းခြင်းမှ ခြေတစ်လှမ်းစာလောက် လွတ်မြောက်ခဲ့သည်။

အင်အားအကြီးဆုံး ချူအင်ပါယာသည် ချင်
အင်ပါယာ၏စစ်တပ်နှင့် ဓားသွားများကိုကျော်ဖြတ်နိုင်ခဲ့ပြီး အခြားအင်ပါယာ ငါးခုမှာ
လွန်ခဲ့သော နှစ်များကတည်းက ပြိုလဲခဲ့သော်လည်း ချူအင်ပါယာသာ ယနေ့အထိတည်ရှိနေဆဲဖြစ်သည်။

ယန်တောင်ထိပ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ၌
ချင်အင်ပါယာမှ စစ်သည်တော်များသည် ချူအင်ပါယာ၏ အတားအဆီးသုံးခုကို ဆက်တို
က် ဖြိုခွင်းနိုင်ခဲ့သည်။

ချူအင်ပါယာသည် လက်အောက်ခံအန္တရာ
ယ်ကို ရင်ဆိုင်ရသောအခါ သခင်လေးကို ရန်သူ့ဘက်သို့ ဓားစာခံအဖြစ် အလျင်အမြန် စေ
လွှတ်၍ ရွှေ၊ငွေ၊အဖိုးတန်ကျောက်မျက်များ၊အသပြာနှင့်မြင်းများကိုပါ အခွန်အဖြစ် ပေး
အပ်မည်ဟု ကတိခံခဲ့သည်။

ဓားစာခံအဖြစ် စေလွှတ်ခံရသည်ဆိုသော်လ
ည်း လက်တွေ့တွင် သေမင်းတံခါးဝသို့ အပို့ခံ
လိုက်ရခြင်း ဖြစ်ပေသည်။

ချင်နှင့်ချူသည် အမုန်းတရားများ အရိုးထဲအ
ထိ စိမ့်ဝင်နေအောင် အချင်းချင်း မကျေနပ်ချ
က်များကြောင့် နှစ်ပေါင်းများစွာကြာအောင် တိုက်ပွဲဖြစ်ခဲ့ကြသည်။

ချူအင်ပါယာမှ သခင်လေးကို ချင်အင်ပါယာသို့ ပို့လိုက်ခြင်းက ကျားခံတွင်းရှေ့သို့ အပို့ခံရသော သိုးငယ်လေးနှင့် ဆင်တူပေသ
ည်။

ချက်ချင်းကြိုးစင်တင်ခံရခြင်းနှင့် အစိတ်စိ
တ်အမြွှာမြွှာဖြစ်အောင် အဆုတ်ဖြဲခံရမည်ဆို
လျှင်တောင် သူ့အတွက် မထူးဆန်းတော့ချေ။

သခင်လေးသည် ချူအင်ပါယာမှ စွန့်ပစ်ခံ
ထားရသူ ဖြစ်လေသည်။

ဝေ့လျန်၏မိခင်သည် နန်းတွင်းအစေခံသာ ဖြစ်ပြီး သူ့ကို မီးဖွားပြီးသည်နှင့် တိမ်းပါးသွားခဲ့သည်။သူ့တွင်'သခင်လေး'ဟူသော ဂု
ဏ်ပုဒ်ရှိနေသေးသော်လည်း လူ့သဘာဝ၏
ယုတ်ညံ့မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ပြီးဖြစ်ရာ
သူ့အနာဂတ်ကိုလည်း 'ဘဝပေးကံကြမ္မာ' ဟုသာ မှတ်ယူထားတော့သည်။

ချူအင်ပါယာမှ အရာခံများသည် မြို့တော်ထဲသို့ ဝင်ရောက်ခဲ့သော်လည်း ဧကရာဇ်ကသူတို့ကို တွေ့ဆုံမေးမြန်းခွင့်မပေးပေ။ထိုအ
စား သူတို့ထံ စာတစ်စောင်ကိုသာ ပေးပို့ခဲ့သ
ည်။

သခင်လေးလျန်ကို ထားခဲ့ပြီး ထွက်သွားလို့
ရပြီ။ကျန်တဲ့ လူတွေကို မမြင်ချင်ဘူး။

သို့ဖြစ်ရာ အရာခံများလည်း ဝေ့လျန်ကို ထား
ခဲဲ့ပြီး ပြန်သွားကြလေသည်။သူနှင့်အတူ အရ
င်းနှီးဆုံး အစေခံဖြစ်သော ချိန်ရှို့နှင့်ချိန်ရှန်းတို့သာ ကျန်ခဲ့၏။

ဝေ့လျန်သည် စာတိုက်တွင် နှစ်ရက်ကြာအော
င် စောင့်ဆိုင်းခဲ့သော်လည်း မည်သည့်ဆင့်ခေါ်မှုမျိုးမှ မရခဲ့ပေ။

ပန်းများကို အေးအေးဆေးဆေး ပြင်ဆင်ရင်း
လက်ဖက်ရည် ဖျော်နေစဥ်တွင် သူ့အစေခံနှစ်
ယောက်ကတော့ လှည့်ပတ်ပြီး စိတ်ပူနေကြရသည်။ချိန်ရှန်းက အကြံတောင် ပေးသေး၏။

"သခင်လေး...ကျွန်တော်တို့ ထွက်ပြေးသင့်တ
ယ်"

သူယုံကြည်ရသော အစေခံနှစ်ဦးတွင် ချိန်ရှို့က အလုပ်တွေကို ကျွမ်းကျင်ပြီး ပြေပြေပြစ်ပြစ်စကားပြောဆိုတတ်သူဖြစ်၏။လက်ဖက်
ရည်ပြင်ဆင်ခြင်းနှင့် နိစ္စဒူဝတို့အတွက် တာ
ဝန်ယူခဲ့ပြီး သူ့အတွက် ကိုယ်တိုင်ကိုယ်ကျ အ
များဆုံး ဆောင်ရွက်ပေးခဲ့သူဖြစ်သည်။

ဝေ့လျန်သည် ချိန်ရှို့ကို မကြာခဏ စနောက်ကျီစယ်လေ့ရှိပြီး ပိုရင်းနှီးသော ဆက်ဆံရေးမျိုးရှိသည်။

ချိန်ရှန်းကတော့ ကျွမ်းကျင်အဆင့် ကိုယ်ခံပ
ညာ အရည်အချင်းရှိပြီး ဝေ့လျန်ကို အထူး
အလေးအနက်ထား၍ လေးစားသူဖြစ်၏။
နယ်နိမိတ်စည်းမှ လုံးဝမထွက်သော်လည်း
အရေးကြီးကိစ္စများကို ကိုင်​တွယ်ရာတွင် ဝေ့
လျန် အယုံကြည်နိုင်ဆုံးလူဖြစ်လေသည်။

ဤကမ္ဘာကြီးတွင် ချိန်ရှန်း တစ်ဦးတည်းကသာ သူတို့၏ နူးညံ့ပြီး ကြည့်ကောင်းသော သခင်လေးသည် သူ့ထက်ပင် ကိုယ်ခံပညာကျွမ်းကျင်ကြောင်း သိထားသူဖြစ်၏။

"ထွက်​ပြေးရမယ်?"

ဝေ့လျန်သည် ပန်းပင်၏ အကိုင်းအခက်များကို သတိလက်လွတ် ညှပ်ချလိုက်၏။

"ငါဘယ်ကိုပြေးရမှာလဲ?"

"ကမ္ဘာကြီးက အကျယ်ကြီးပါ။ယုံဖျင်းကနေ
ထွက်သွားနိုင်သရွေ့ ကျွန်တော်တို့ လွတ်လွ
တ်လပ်လပ် နေနိုင်တော့မှာပဲ!သခင်လေးရဲ့ အစွမ်းအစနဲ့ဆိုရင် ဘယ်တော့မှ ဖမ်းမိမှာ မ
ဟုတ်ဘူး!"

"မိုးကောင်းကင်ကြီးရဲ့ အောက်က နယ်ပယ်တွေ အားလုံးဟာ ဧကရာဇ်ရဲ့ ပိုင်နက်တွေချ
ည်းပဲ"

ဝေ့လျန်သည် ပန်းအကိုင်းအခက်များကို လှပ
သော ပုံစံဖြစ်အောင် ပြင်ဆင်ပြီးမှ ကတ်
ကြေးကို ကျေနပ်စွာ လွှတ်ချလိုက်၏။

"ယုံဖျင်းကနေ ငါထွက်သွားနိုင်ရင်တောင် ချ
င်အင်ပါယာကနေ မလွတ်မြောက်နိုင်ဘူး။အ ကယ်၍ ငါလွတ်မြောက်သွားရင်လည်း ချင်အင်ပါယာက ငါ့လို အပြစ်သား တစ်ယောက်
ကို ဖမ်းဖို့ တခြားအင်ပါယာခြောက်ခုကို အမိန့်ပေးမှာပဲ။အဲ့ဒီထဲမှာ ငါရဲ့ မွေးရပ်မြေအင်ပါယာလည်း ပါလိမ့်မယ်။ချူအင်ပါယာရဲ့ အ
ထီးကျန် သခင်လေးတစ်ယောက်နဲ့ စစ်သည်တစ်သန်းကျော်ကို ကွပ်ကဲတဲ့ ချင်ဧကရာဇ်ဆိုရင်...ချိန်ရှန်း သူတို့တွေ ဘယ်သူ့ကို ရွေးကြမယ်လို့ မင်းထင်လဲ?"

ထိုစကားကို ကြားလိုက်ရသောအခါ ချိန်ရှန်းသည် အာဏာမရှိခြင်း၏ သေလုမတတ်ကြောက်စရာကောင်းပုံကို ခံစားမိလေသည်။

"ဒါပေမယ့် ...သခင်လေးရယ် ထွက်မပြေးဘူးဆိုရင် သခင်လေး သေရလိမ့်မယ်။ချင်ဧက
ရာဇ်က လှုပ်ရှားမှုမရှိတာ နှစ်ရက်တောင် ကြာပြီ။ကျွန်တော်တို့ အင်ပါယာကို ဆန့်ကျင်ပြီး ချင်အင်ပါယာက လူတွေရဲ့ ဒေါသကို ဖြေ
လျော့ဖို့ မနက်ဖြန် သခင်လေးအတွက် သေမိန့်ပို့၊မပို့ဆိုတာကို ဘယ်သူက ကြိုပြောနိုင်မှာလဲ?"

ဝေ့လျန်သည် လေပြည်လေညှင်းနှင့်အတူ လွ
င့်မျောနေသော တိမ်တိုက်ကဲ့သို့ နူးညံ့စွာဖြင့်

"အဲ့တာဆိုရင် ငါသေလိုက်တော့မယ်"

ချိန်ရှန်းလန့်သွားရသည်။

"သခင်လေးဘာပြောလိုက်တာလဲ?"

"ပြတ်ရှဒဏ်ရာပေါင်း တစ်သောင်းနဲ့ ခန္ဓာကို
ယ်ကို အပိုင်းပိုင်း ခုတ်ဖြတ်ခံရပြီး သေရတာမျိုးလား?ဒါမှမဟုတ် ချင်ဧကရာဇ်ရဲ့ အဆိပ်သင့် ဝိုင်တစ်ခွက်နဲ့ ဂရုဏာသက်စွာ သေရမှာများလား?"

ဝေ့လျန်က မျက်လုံးကို ပင့်၍ အပြုံးတစ်ပွင့်နှင့် မေးမြန်းလာ၏။

"ဘယ်လိုပဲဖြစ်ဖြစ် ရလဒ်က အတူတူပဲမို့ သေ
ရမှာကို ဘာလို့ ကြောက်နေရမှာလဲ?"

ချိန်ရှန်းက မျက်လွှာချရင်းဖြင့်

"ဒါပေမယ့် သခင်လေးက...ကိုယ်သေရမှာကို
ထိုင်စောင့်နေမယ့် လူမျိုးမှ မဟုတ်တာ"

"ချိန်ရှန်း"

ဝေ့လျန်ကပြုံးနေဆဲ။

"ငါထွက်ပြေးလို့ရတယ်။ဒါပေမယ့် ငါအဲ့ဒီလိုလုပ်လိုက်တာနဲ့ ချူအင်ပါယာက ဘာဖြစ်သွားမလဲ?

ချိန်ရှန်းဒေါသထွက်သွားရသည်။

"ချူအင်ပါယာက သခင်လေးကို စွန့်ပစ်ခဲ့ပြီး
ပြီပဲ။ဘာလို့ ဒီလိုသစ္စာရှိရှိ တာဝန်သိတတ်နေရမှာလဲ!"

"ငါ အစွဲအလမ်းကြီးနေတာမဟုတ်ဘူး။ငါ့အ
တွက်တော့ ချူအင်ပါယာရဲ့ တော်ဝင်နန်း
တော်က နွေးထွေးမှုမရှိတဲ့ ချင်အင်ပါယာနဲ့ အတူတူပဲ"

ဝေ့လျန်က ညင်သာစွာ ခေါင်းခါလျက်။

"ချူအင်ပါယာက စစ်ပွဲကို တားဆီးဖို့အတွက်ငါ့ကို လွှတ်ခဲ့တာ။ငါထွက်ပြေးသွားရင် ချင်ဧ
ကရာဇ်က အရမ်း ဒေါသထွက်ပြီး နောက် တ
စ်ကြိမ် စစ်ကြေညာလိမ့်မယ်။အဲ့ဒီလိုသာ ဖြစ်
လာရင် ချူအင်ပါယာရဲ့ စစ်သည်တော်တွေနဲ့အပြစ်မဲ့ပြည်သူတွေ သောင်းနဲ့ချီပြီး သေကြရမှာလေ။ငါ့ရဲ့ဘဝတစ်ခုကို သူတို့အတွက် ပေးဆပ်လိုက်ရတာ တန်ပါတယ်"

ချိန်ရှန်းတစ်ယောက် ပြောစရာ စကားမဲ့သွားရသည်။အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ချိန်ရှန်းသည် ချူအင်ပါယာ၏ ခ
မ်းနားသော ဦးညွတ်သည့် နည်းလမ်းအတိုင်းမြေပြင်ပေါ်သို့ ဒူးထောက်ချ၏။

ဝေ့လျန်က သူ့ကိုယ်သူ တိတ်တခိုး ရယ်မောလိုက်သည်။

"ငါမသေသေးပါဘူး။ဒီလို နှုတ်ဆက်တဲ့ ပုံစံက ဘာသဘောလဲ?ကိစ္စတွေက ငါတို့ထင်ထားသလောက်တော့ မဆိုး​သေးဘူးလေ"

----သုံးရက်မြောက်နေ့တွင် ချင်ဧကရာဇ်ထံမှ
သတင်းရ၏။

ထိုသတင်းသည် ကွပ်မျက်ခြင်းကိစ္စ မဟုတ်ဘဲဝေ့လျန်ကို'ရှစ်ကျွင့်'ရာထူးအပ်နှင်း၍ နန်း
တော်တွင် ဧကရာဇ်နှင့်အတူ အဖော်ပြုပေးရ
န် ဖြစ်သည်။

.......'ရှစ်ကျွင့်'ဟူသည် အဘယ်နည်း?

နှစ်ဆယ့်တစ်နှစ်အရွယ် ချင်ဧကရာဇ်တွင် နာ
မည်ခံသာရှိသော မောင်းမဆောင် တစ်ဆော
င်​ရှိ၏။အဆုံးမရှိသော စစ်ပွဲများဖြင့် သံသရာ
လည်နေခြင်း နှင့် နယ်မြေချဲ့ထွင်မှုများဖြင့် အလုပ်ရှုပ်နေခြင်းတို့ကြောင့်ဖြစ်ပြီး ဧကရီ မရှိယုံသာမက မောင်းမတော် တစ်ဦးတောင် မရှိချေ။

နောက်ဆုံးတွင် ဧကရာဇ်သည် သူ့အတွက်ပထမဆုံး အလှတရားကို လက်ခံလိုက်ရာ ထို
အလှလေးသည် ယောကျာ်းတစ်ယောက် ဖြစ်
နေခဲ့သည်။

နန်းတော်တွင်း ရာထူးအဆင့်ဆင့်တွင် ဧကရီ
သည် ထိပ်ဆုံးတွင်ရှိပြီး ဆွေကြီးမျိုးကြီးမှ
ကြင်ယာတော်လေးပါး၊ အဆင့်နိမ့်ကြင်ယာ
တော်သုံးပါးနှင့် အောက်ဆုံးအဆင့်တွင် မရေ
မတွက်နိုင်အောင် များပြားသော ကြင်ယာတော်များရှိကြသည်။

'ရှစ်ကျွင့်'သည် ဂုဏ်ပုဒ်မရှိသော ကိုယ်လုပ်
တော်များနှင့် အဆင့်အတန်းခြင်း သိပ်မကွာလှပေ။

ကိုယ်လုပ်တော်....

ဤကိစ္စသည် လုံးဝအရှက်ခွဲခြင်းဖြစ်ပြီး ဝေ့
လျန်သည် ချူအင်ပါယာမှ သခင်လေး ဖြစ်နေလျှင်တောင် ချင်အင်ပါယာ၌ အသုံးတော်
ခံ အမျိုးသားကိုယ်လုပ်တော်သာ ဖြစ်ခွင့်ရှိလေသည်။

ချင်အင်ပါယာမှ အမတ်များသည် တူညီသော
ဆုံးဖြတ်ချက်ချခဲ့ပြီး အမျိုးသားတစ်ဦးကို
မောင်းမဆောင်ထဲသို့ သွင်းမည်ဟူသော ဧက
ရာဇ်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခြင်း အလျဥ်း မပြုသည့်အပြင် ထိုကိစ္စအတွက် ဂုဏ်ပြုစကားကိုတောင် ပြောခဲ့ကြသေးသည်။

တစ်စုံတစ်ဦးအား လက်အောက်ခံအဖြစ် အ
တင်းအကျပ် ဖိနှိပ်သိမ်းသွင်းခြင်းသည် သေ
ရခြင်းထက် ပိုနာကျင်စေသည်။

ဧကရာဇ်ကသိပ်ကိုဥာဏ်ပညာကြွယ်ဝတာပဲ..

ထိုသတင်းကို ချိန်ရှန်းနှင့်ချိန်ရှို့တို့ ကြားလိုက်
ရသောအခါ ကြည်လင်သာယာနေသော
ကောင်းကင်ထံမှ မိုးကြိုးပစ်ချခံရသည့်နှယ် ခံစားလိုက်ရပြီး ချိန်ရှို့၏ မျက်ဝန်းမှာ ချက်
ချင်းကို နီရဲလာတော့၏။

"သခင်လေး ဒါကအနိုင်ကျင့်တာထက်တောင်
လွန်သွားပြီ။ဘာလို့များ ချင်ဧကရာဇ်က သခ
င်လေးကို ဒီလောက်အထိ အရှက်ခွဲနိုင်ရတာ
လဲ!"

ဝေ့လျန်ကတော့ သဘောမတူပေ။

"ကောင်းတဲ့ကိစ္စပဲမဟုတ်လား?အနည်းဆုံးတော့ ငါ့အသက်ကို ငါဂရုစိုက်လို့ ရသေးတာပေါ့"

ချိန်ရှို့ကငို၏။

"ဒီလိုသိက္ခာကျပြီး နေရမှာထက်စာရင် သေတာကမှ ပိုကောင်းအုံးမယ်!"

"......အဲ့လိုမလုပ်ပါနဲ့။ငါအသက်ရှင်ချင်သေး
တယ်"

ဝေ့လျန်သည် နန်းတွင်းသို့ ဝင်ခဲ့၏။

ဧကရာဇ်က စာနာသနားခြင်း မဟုတ်ဘဲ အရှ
က်ခွဲလိုသော ရည်ရွယ်ချက်ဖြင့် ဝေ့လျန်ကို 'ရှစ်ကျွင့်'ရာထူးပေးခဲ့ကြောင်းကို နန်းတွင်းမှ လူတိုင်း သိကြလေသည်။

ထုံးစံအတိုင်း သခင်လေးအပေါ် ဂရုစိုက်မှုကသိပ်တော့မကောင်းလှပေ။ဧကရာဇ်သည် တ
စ်လခွဲ ကြာသည့်တိုင် ခေါ်ဆိုခြင်း အလျဥ်းမ
ပြုဘဲ ဝေ့လျန်၏ အနေအထားက 'မတည်ငြိ
မ်သောအခြေအနေ' ဟု လူတိုင်းကို ပိုယုံကြ
ည်လာစေခဲ့သည်။

ဝေ့လျန်အတွက် အမှုထမ်းရန် နန်းတွင်းအစေ
ခံများ ပို့ဆောင်ပေးခြင်း မရှိဘဲ ဝေ့လျန်သည်
သူ၏ အနီးကပ်ဆုံး အစေခံနှစ်ဦးနှင့်သာ အေးအေးဆေးဆေး နေထိုင်လျက်ရှိသည်။

သူတို့အတွက် ပို့ပေးသော စားစရာသည် ကြ
မ်းထော်နေသော အရေဖျော် အစားအစာများသာ ဖြစ်သည်။

အချဥ်ဖောက်ခြင်းနှင့် အေးစက်ခြင်းတို့ မရှိသရွေ့ သူတို့ တတ်နိုင်သလောက် မျိုချစားသောက်ကြသော်လည်း ဆောင်းရာသီကို ဖြ
တ်သန်းရခြင်းက အမှန်တကယ် ခက်ခဲလှပေသည်။

အေးစက်နေသော ဆောင်းရာသီတွင် ဝေ့လျန်
၏ အဆောင်မှ မီးသွေးပမာဏသည် နန်းတွ
င်း အစေခံများထက်တောင် နည်းသေးသည်။

ထူထဲသော အိပ်ယာပင်မရှိ ပါးလွှာသော ခြုံ
စောင် တစ်ထည်သာ ရှိသည်။သခင်လေးသ
ည် သိုင်းပညာကို လေ့လာထားခြင်းကြောင့်သာမဟုတ်ပါက ဤဆောင်းရာသီတွင် အသ
က်ရှင်နိုင်တော့မည် မဟုတ်ပေ။

ချိန်ရှို့သည် စီမံခန့်ခွဲရေး အတွင်းဆောင်သို့
သွားခဲ့သော်လည်း မောင်းထုတ်မခံရမီ လှော
င်ပြောင်ခြင်းကိုပါ ခံခဲ့ရရှာသည်။

ဘဝကအမြဲတမ်းစိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေ
တာပဲ.....

"သခင်လေး လက်ဖက်ရည် အေးသွားရင် ကျွ
န်တော် အိုးပြောင်းပေးမယ်နော်"

ချိန်ရှို့သည် ယခုနှစ်တွင် တစ်ဆယ့်ရှစ်နှစ်သာ ရှိသေးပြီး အာရုံကြော အားနည်းနေသူဖြစ်သည်။'ချင်ကျူး အဆောင်တော်'သို့ပို့​​ပေးသော လက်ဖက်ရည်သည် အရည်အသွေး ညံ့
ဖျင်းလှပြီး သူတို့အတွက်တော့ သောက်သုံးရ
န်မသင့်ဘဲ လက်ပူစာအဖြစ် သုံးရန်သာ ရှိ
လေသည်။

ဝေ့လျန် သူ့ကို ကြည့်လိုက်ရာ မျက်ဆံပါ ကျ
ယ်လာရတော့သည်။

"မင်းရဲ့လက်တွေဘာဖြစ်ခဲ့တာလဲ?"

ချိန်ရှို့သည် သူ့လက်ကို အကျီလက်ထဲသို့ အမြန် ပြန်ရုတ်ခဲ့သော်လည်း ဝေ့လျန်၏ လှုပ်
ရှားမှုက သူ့ထက်ပိုမြန်ကာ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားလေသည်။

အေးခဲနာကျင်မှုကြောင့် ရောင်ရမ်းနေသော
လက်ဆယ်ချောင်း။

ဝေ့လျန်နှင့် ချိန်ရှန်းတို့တွင် သိုင်းပညာကြော
င့် တာရှည်ခံသော ခန္ဓာကိုယ်များရှိပြီး အ
အေးဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ချိန်ရှို့ကတော့ ထိုသို့မဟုတ်ပေ။

ချိန်ရှို့က စိုးရိမ်တကြီးဆို၏။

"သခင်လေး ဒါက ဘာမှမဟုတ်ပါဘူး..."

"ငါ့မှာ လိမ်းဆေးတချို့ရှိတယ်"

ဝေ့လျန်၏ မျက်လုံးများမှာ တဖြည်းဖြည်းမှိန်ဖျော့သွားခဲ့သည်။

"ခေါင်းအုံးဘေးက စင်ရဲ့သုံးထပ်မြောက်မှာ...
အခု သွားလိမ်းလိုက်"

ချိန်ရှို့သည် အကြိမ်ကြိမ်အခါခါ ခေါင်းယမ်းပြ၏။

"မဟုတ်ဘူး သခင်လေး။အဲ့ဒီလိမ်းဆေးတွေကို သခင်လေးအတွက်ပဲ သိမ်းထားသင့်တ
ယ်။နန်းတွင်းသမားတော်တွေက ကျွန်တော်တို့ကို ဂရုမစိုက်ကြဘူး။ဒီလိုလိမ်းဆေးမျိုးကို ကျွန်တော့်လို အစေခံအတွက် မသုံးသင့်ပါဘူး။တစ်စက်လေးတောင် မသုံးသင့်ဘူး"

"စကားပြောတာ ရပ်တော့။ဒါငါ့ရဲ့အမိန့်ပဲ"

ဝေ့လျန်၏ စကားများမှာ ဆန့်ကျင်ဘက် ဖြစ်ခဲ့သည်။

"အခုမြန်မြန်သွားလိမ်း"

ချိန်ရှို့သည် မျက်ရည်ကျလုကျခင် အခြေအ
နေတွင် သူ့ပါးစပ်ကို လက်ဖြင့် အုပ်ပြီး အရို
အသေပေးကာ ဆေးလိမ်းရန် အဆောင်ထဲသို့ ဝင်သွားတော့သည်။

ဝေ့လျန်သည် အေးစက်နေသော လက်ဖက်ရ
ည်အိုးကို ခဏစိုက်ကြည့်၏။

ထို့နောက် ပြတင်းပေါက်ကို ပိတ်ရန် ထရပ်လိုက်သည်။

အိမ်ကို အပူရှိန်နွေးနွေး ရှိစေရန်အလို့ငှာ...

ချိန်ရှို့ ထွက်လာပြီး ​ပိတ်ထားသော ပြတင်း
ပေါက်ကို မြင်လိုက်ရသောအခါ သူ့စိတ်ထဲ၌
လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။

အအေးဒဏ် ခံနိုင်ရည်မရှိသော သူ့ကို သခင်လေးက ဂရုစိုက်၏။

အဆောင်တွင်းမှ အအေးဓာတ်သည် အရိုးကွဲ
လုမတတ် အေးနေဆဲဖြစ်ပြီး တိုးလာသော အ
ပူရှိန်က မဖြစ်စလောက် ဆိုသော်လည်း ချိန်
ရှို့၏ ရင်ဘတ်တွင် နွေးထွေးမှုတစ်ခုကို ခံ
စားလိုက်ရလေသည်။

****

ပုံမှန်အတိုင်း သူတို့သုံးယောက် ညစာအတူစားခဲ့ကြသည်။

တိုင်းတစ်ပါးတွင် နေထိုင်ရပြီး ခက်ခဲသောအခြေအနေများအကြား ဝေ့လျန်သည် သခင်
နှင့် ကျွန်ဆက်ဆံရေးကို ဂရုစိုက်မနေတော့ပေ။သူတို့နှစ်ဦးကို သူနှင့် အတူစားရန် ခေါ်ခဲ့ပြီး အစပိုင်းတွင် အစေခံနှစ်ဦးသည် ထိန်းမနို
င်သိမ်းမရ အလျင်အမြန် စားသောက်ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှတည်ငြိမ်လာကြသည်။

သူတို့၏အခြေအနေမှာ သူ့တို့အတွက် တစ်စုံတစ်ဦးက သီးသန့်အစားအစာများ ပို့ပေးခြင်း
မရှိဘဲ ကိုယ်တိုင် စုဆောင်းယုံသာရှိသည်။ယ
ခင်တုန်းက ခြောက်ကပ်နေသော ပေါင်မုန့်လုံးများနှင့် အေးစက်နေသော ခေါက်ဆွဲများကို ရခဲ့သော်လည်း ဝေ့လျန်သည် ဇီဇာကြောင်သူ
မဟုတ်ရာ သက်တောင့်သက်သာ နေနိုင်ခဲ့သ
ည်။

သို့သော် ယနေ့တွင် နီရဲနေသော မျက်ဝန်းတ
စ်စုံဖြင့် ပြန်လာသော ချိန်ရှို့ကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

"မင်းအခုဘာလို့ငိုနေတာလဲ?"

ချိန်ရှန်းက မျက်မှောင်ကြုံ့လိုက်သည်။

"နန်းတွင်းစားဖိုဆောင်က အလုပ်သမားတွေ
က မင်းကို ဘာဒုက္ခရောက်အောင် လုပ်လိုက်ပြန်ပြီလဲ?"

"သူတို့က ကျွန်တော် အရမ်းနောက်ကျမှ ရော
က်လာတယ်လို့ ပြောကြတယ်....ဒါပေမယ့် အဲ့ဒီနေရာကို အစောဆုံးရောက်ခဲ့တာ ကျွန်
တော်ပဲရှိတယ်!"

ချိန်ရှို့က ဝမ်းနည်းစွာ အထွန့်တက်လေသ
ည်။

"ဒီစားစရာတွေကို သခင်လေး စားဖို့ ကျွန်
တော် ဘယ်လိုလုပ် ပေးရက်ပါ့မလဲ?"

ထမင်းဘူးကို ချိန်ရှန်း ဖွင့်ကြည့်ရာ ထွက်လာသော အနံ့အသက်ကြောင့် ချက်ချင်း ပြန်ပိတ်ရလေသည်။

..........ဘယ်လောက်တောင်ကြာနေပြီလဲ?

ချင်အင်ပါယာမှ လူများသည် သခင်လေးကို
ပိုမိုရဲတင်းစွာ အနိုင်ကျင့်လာကြပြီး သူတို့ ရရှိ
သော အစားအစာသည်ပင်လျှင် ပို၍ ပေါ့ပေါ့
ဆဆ ဖြစ်လာတော့သည်။

"သူတို့တွေ...ဘယ်လိုများ!"

ချိန်ရှန်းက အံ့ကြိတ်လိုက်၏။

"ငါသူတို့ကိုသွားရှာပြီး...."

"ဘယ်သူ့ကို သွားရှာမှာလဲ?"

ဝေ့လျန် အဆောင်ထဲမှ ထွက်လာချိန်တွင် တံ
ခါးဘေး၌ ရပ်နေသော သူ့အစေခံနှစ်ဦးကိုတွေ့လိုက်ရသည်။

နှစ်ယောက်သား အတန်ငယ် တုန်လှုပ်သွားကြလေသည်။

ဝေ့လျန်သည် ထမင်းဘူးကို ဆွဲမယူမီ လှမ်းကြည့်လိုက်၏။ထမင်းဘူးကို ဖွင့်လိုက်သည်နှင့် ရူးသွားလုမတတ် ဆိုးရွားသော အနံ့အသ
က်များ ထွက်လာတော့သည်။

မပြောင်းလဲသော အမူအယာဖြင့် ထမင်းဘူးကို ပြန်ပိတ်ခဲ့သော်လည်း သူ့လေသံကတော့အနည်းငယ် ပိုအေးစက်လာကာ

"မစားတော့ဘူး"

ချိန်ရှို့သည် သူ့အသံကြောင့် မျက်ရည်ဝဲလျ
က်

"ဒါပေမယ့် သခင်လေးရယ်...သူတို့ နေ့တိုင်းအဲ့လိုလုပ်လာကြရင် အစာမစားဘဲ နေလို့ဖြစ်ပါ့အုံးမလား?"

ဝေ့လျန်က သက်ပြင်းချ၏။

"ဧကရာဇ်က ငါ့ကို မနှစ်သက်လို့ သူတို့က ပိုပြီး ရဲရဲတင်းတင်းဆက်ဆံလာကြတယ်"

"ငါလည်း သပ်သပ်ရပ်ရပ်နေခဲ့တာပဲ။ဒါပေမ
ယ့် တစ်လခွဲကြာပြီးတာတောင် နန်းတော်ထဲ
က ဧကရာဇ်က ဘယ်လိုပုံစံ ရှိမှန်းတောင် မသိရသေးဘူး။ဆက်လုပ်နေလည်း အလုပ်မဖြစ်တော့ဘူးလေ"

ဝေ့လျန်က တိုးတိုးလေး ညည်း၏။ထို့နောက်
ရုတ်တရက် ထမေးလေသည်။

"ချိန်ရှို့ ငါဘယ်လောက်အထိ ကြည့်ကောင်း
လဲဆိုတာကို ဝေဖန်ပေးပါလား။ဧကရာဇ် နှစ်
သက်လာအောင် ဘယ်လိုလုပ်ရင် ကောင်းမ
လဲ?"

ချိန်ရှို့ : "......."

"သခင်လေး အပေးအယူကို လက်ခံပြီး ခန္ဓာ
ကိုယ်ကို ဧကရာဇ်ဆီ ပေးလို့ မဖြစ်ဘူးနော်!"

ချိန်ရှန်းသည် ခံနိုင်ရည်ရှိသော အသွင်ကို တိ
တ်တဆိတ် ဖော်ပြ၏။

ရဲရင့်သော စိတ်ဓာတ်သည် အရှက်ကွဲခြင်းထ
က် သေခြင်းက ပိုကောင်းသည်ဟု ယူဆခြင်း
ဖြစ်သည်။

မြင့်မြတ်တဲ့သွေးနဲ့သခင်လေးကဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ.....

"ဘာမှနာကျည်းစရာမရှိဘူး"

ဝေ့လျန်က ပျင်းရိစွာ လှည့်ကြည့်လိုက်သ
ည်။

"ဘယ်သူမဆို ကောင်းမွန်တဲ့ ဘ​ဝမျိုးမှာပဲ နေ
ချင်ကြမှာလေ....ငါ့လိုပေါ့"

"လူသားတစ်ယောက်အနေနဲ့ ငါတို့က ပျော်ပျော်ရွှင်ရွှင် နေသင့်သလို အေးအေးချမ်းချ
မ်းနဲ့ပဲ သေဆုံးသင့်တယ်။ဒီလိုစိတ်ပျက်စရာတွေကို ငါလက်မခံနိုင်ဘူး"

....................×××....................

T/N: Hello hello....နှစ်သစ်မှာဘာသာပြန်
အသစ်လေးနဲ့စလိုက်ပါပြီ

.................................................................

အခန္း ၁ /ဓားစာခံမင္းသား

ခ်င္ခ်န္းဘုရင္၏ နန္းသက္တစ္ဆယ့္ႏွစ္ႏွစ္၊
ေဆာင္းဦးရာသီ ||

ျပတင္းေပါက္အျပင္ဘက္တြင္ ဆီးႏွင္းမ်ား
က်ဆင္းလ်က္ရွိသည္။

ေလထုထဲတြင္အေအးဓာတ္စိမ့္ဝင္ေနၿပီး နန္း
တြင္းအေစခံမ်ားသည္ ေဆာင္းရာသီအက်ီထူထူႀကီးမ်ားဝတ္ဆင္၍ ရံဖန္ရံခါတြင္လက္
ဖဝါးမ်ားကိုပြတ္တိုက္ကာ ေအးစက္ေသာ
ေလေငြ႕မ်ားျဖင့္အသက္ရႈထုတ္ရင္း နန္းေတာ္
၏လမ္းမေပၚမွ ႏွင္းမ်ားကိုလွည္းက်င္းေနၾကသည္။

စုၿပဳံေနေသာေရခဲႏွင့္ႏွင္းစက္မ်ားသည္ ဆီး
သီးပြင့္၏အကိုင္းအခက္မ်ားတြင္ ေရခဲလႊာ
အျဖစ္တြဲခိုေနသည္။

မီးလင္းဖိုမွမီးေတာက္သည္ အခ်ိန္ၾကာျမင့္
စြာေလာင္ကြၽမ္းခဲ့ၿပီးျဖစ္ရာ အခန္းတြင္းအပူ
ခ်ိန္ကလည္း သိပ္မျမင့္လွေပ။အေအးဓာတ္
သည္ အရိုးအဆစ္မ်ားအၾကား စိမ့္ဝင္သြားသကဲသို႔ ေျခ၊လက္မ်ားကို ေတာင့္တင္းေအးခဲသြားေစသည္။

လူငယ္ေလးတစ္ဦးသည္ ႏွင္းျဖဴေျမေခြး၏
သားေမြးျဖင့္အက်ီကို သူ႕ပုခုံးေပၚတြင္ပတ္လ်
က္ ျပတင္းေပါက္ေဘးတြင္ထိုင္ေနၿပီး မူလက
သူကိုင္ေဆာင္ထားေသာ လက္ဖက္ရည္ခြက္
ထဲမွ လက္ဖက္ရည္ပူပူသည္ ေလေအးမ်ားႏွ
င့္ဆီးႏွင္းတို႔၏တိုက္ခတ္မႈေၾကာင့္ ေအးစက္
ေနေလၿပီ။

ဖန္ခြက္တစ္ဝိုက္မွ လက္ေခ်ာင္းမ်ားသည္
ေက်ာက္စိမ္းကဲ့သို႔ ေသးသြယ္ၿပီးေခ်ာမြတ္ကာ ကြဲျပားေသာအဆစ္မ်ားျဖင့္ အလြန္လွပေသာလက္တစ္စုံျဖစ္ေလသည္။

ခ်န္ရွို႔သည္တိတ္တဆိတ္အေရွ႕တိုးလာ၏။

"သခင္ေလး အျပင္မွာေအးပါတယ္အေစခံ
ျဖစ္တဲ့ကြၽန္ေတာ္ကပဲျပတင္းေပါက္ကိုပိတ္ေပးပါရေစ"

ထိုေတာင္းဆိုသံကိုၾကားသည့္အခါ လူငယ္
ေလးကေခါင္းလွည့္ၾကည့္လာ၏။သူ႕ကိုယ္ဟ
န္အေနအထားသည္ေျပျပစ္၍ မ်က္ႏွာလည္း
အလြန္ၾကည့္ေကာင္းလွသည္။

နယ္ပယ္ခုႏွစ္ခု၏နံပါတ္တစ္အလွနတ္သမီး
ဟုတင္စားခံရေသာ ယန္ျပည္ေထာင္၏မင္း
သမီး ခ်ဳံဟြားသည္ပင္လွ်င္ ထိုလူငယ္ေလးႏွ
င့္ႏွိုင္းယွဥ္လွ်င္ ကြဲျပားေနလိမ့္မည္။ဆြဲေဆာ
င္မႈရွိေသာအသြင္အျပင္သည္ အျခားၾကည့္
ေကာင္းေသာ အမ်ိဳးသမီးမ်ားႏွင့္ႏွိုင္းယွဥ္နို
င္ေသာ္လည္း ထိုအမ်ိဳးသားတစ္ဦး၏အသြင္
အျပင္ကိုေတာ့ ယွဥ္နိုင္လိမ့္မည္မဟုတ္ေပ။

ေဝ့လ်န္ကၿပဳံး၏။

"ျပတင္းေပါက္ကိုဖြင့္ထားရင္ ေမြးရပ္ေျမရဲ႕
ေလနဲ႕ဆီးႏွင္းေတြကိုျမင္ေနရတုန္းပဲ ျပတင္း
ေပါက္ကိုပိတ္လိုက္ရင္ေတာ့ အဲ့တာေတြကိုငါ
ထပ္ၾကည့္လို႔ရေတာ့မွာမဟုတ္ဘူး"

သူ႕အသံသည္ ေက်ာက္စိမ္းကဲ့သို႔ၾကည္လင္
ျပတ္သားၿပီးႏူးညံ့ကာ မ်က္ႏွာေပၚတြင္အၿပဳံး
တစ္ပြင့္လည္းရွိေသး၏။

အျပင္လူမ်ား၏အျမင္အရ သူသည္အားလပ္
ခ်ိန္တြင္ ႏွင္းပြင့္မ်ားကိုရႈစားရင္း အနားယူေန
ေသာသခင္ေလးတစ္ဦးဟုသာ ရိုးရိုးရွင္းရွင္း
ထင္မွတ္ၾကေပမည္။

ထိုစကားကိုၾကားလိုက္ရေသာအခါ ခ်န္ရွို႔၏
ႏွာေခါင္းပိတ္ဆို႔လာၿပီး မ်က္ရည္က်ရေတာ့
သည္။

ခ်ဴအင္ပါယာသည္ ႏွင္းမ်ားျဖင့္ပိတ္ဖုံးေနၿပီး သခင္ေလးကေတာ့အိမ္ကိုလြမ္းေနရွာသည္။

သို႔ေသာ္ ခ်င္အင္ပါယာ၏ဓားစာခံျဖစ္ရာ သခင္ေလး၏ဘဝတစ္ေလွ်ာက္လုံးတြင္ အိမ္
ျပန္ခြင့္မရေတာ့မည္ကို သူစိုးရိမ္မိေလသည္။

သခင္ေလးသည္ ယခုႏွစ္တြင္အသက္တစ္
ဆယ့္ကိုးႏွစ္သာရွိေသးေသာ္လည္း က်န္ဘဝ
တစ္ေလွ်ာက္လုံးကို တိုင္းတစ္ပါးတြင္သာကု
န္ဆုံးရေပေတာ့မည္။

မ်က္ဝန္းမွမ်က္ရည္စမ်ားကို လက္ေခ်ာင္းျဖင့္ဖိသုတ္ရင္း ခ်န္ရွို႔သည္ခံစားခ်က္မ်ားကို
ေခ်ာင္းတစ္ခ်က္ဟန့္၍

"သခင္ေလးရဲ႕ခႏၶာကိုယ္ကိုဂ႐ုစိုက္ဖို႔လိုပါတယ္ သခင္ေလးအေအးမိသြားမယ္ဆိုရင္
ကြၽန္ေတာ္စိုးရိမ္မိတာ......"

ခ်င္နိုင္ငံက သခင္ေလးအတြက္သမားေတာ္ကိုေတာင္ပင့္ခြင့္မေပးမွာကိုေလ....

သခင္ေလးသည္ ခ်ဴနိုင္ငံ၏ေဆြႀကီးမ်ိဳးႀကီး
အဆင့္အတန္းမွ ျမင့္ျမတ္သူတစ္ဦးျဖစ္ေသာ္
လည္း 'ဓားစာခံ' ဟူေသာအေျခအေနသို႔က်
ေရာက္ခဲ့ရေလသည္။

------------------

ယေန႕ေခတ္ကမၻာႀကီးအား ခ်င္၊ ခ်ဴ၊ ယန္၊လု၊
လ်န္၊ခ်န္ ႏွင့္ ရွား ဟူ၍ နယ္ပယ္ခုႏွစ္ခြင္အ
ျဖစ္ပိုင္းျခားခဲ့သည္။တစ္ခုခ်င္းစီတြင္ လြတ္
လပ္ေသာကိုယ္ပိုင္အုပ္ခ်ဳပ္ေရးရွိၿပီး သက္
ဆိုင္ရာဧကရာဇ္အသီးသီးကအုပ္ခ်ဳပ္သည္။

ဧကရာဇ္က်ီယြယ့္သည္ ကိုးႏွစ္သားအ႐ြယ္တြင္ ခ်င္နိုင္ငံ၌ထီးနန္းတက္ခဲ့ၿပီး နန္းသက္
တစ္ဆယ့္ႏွစ္ႏွစ္ရွိေလၿပီ။သူသည္ရဲရင့္ေသာ
စစ္သည္ေတာ္ျဖစ္ၿပီး ႀကံရည္ဖန္ရည္ရွိေသာ
ဗ်ဴဟာေျမာက္သူျဖစ္ကာ ရည္မွန္းခ်က္ႏွင့္
ရက္စက္ၾကမ္းၾကဳတ္မႈေၾကာင့္ လူသိမ်ား၏။

နန္းသက္တစ္ဆယ့္ႏွစ္ႏွစ္တာကာလတြင္ ကိုး
ႀကိမ္တိုင္တိုင္စစ္ေၾကညာ၍ မေရမတြက္နိုင္
ေအာင္ မ်ားျပားေသာၿမိဳ႕မ်ားကို သိမ္းပိုက္၍
အင္ပါယာေျခာက္ခုတြင္ငါးခုကို လက္ေအာ
က္ခံခိုင္းခဲ့သည္။

အင္အားအနည္းဆုံး ရွားအင္ပါယာသည္သာ
အလုံးစုံပ်က္သုဥ္းျခင္းမွ ေျခတစ္လွမ္းေလာ
က္ေဝးခဲ့သည္။

အင္အားအႀကီးဆုံး ခ်ဴအင္ပါယာသည္ ခ်င္
အင္ပါယာ၏စစ္တပ္ႏွင့္ ဓားသြားမ်ားကိုေက်ာ္ျဖတ္နိုင္ခဲ့ၿပီး အျခားအင္ပါယာငါးခုသ
ည္ လြန္ခဲ့ေသာႏွစ္မ်ားစြာကတည္းက ၿပိဳလဲခဲ့
ေသာ္လည္း ခ်ဴအင္ပါယာသာ ယေန႕အထိတ
ည္ရွိေနဆဲျဖစ္သည္။

ယန္ေတာင္ထိပ္တြင္ ျဖစ္ပြားခဲ့ေသာတိုက္ပြဲ၌
ခ်င္အင္ပါယာမွစစ္သည္ေတာ္မ်ားသည္ ခ်ဴအင္ပါယာ၏အတားအဆီးသုံးခုကို ဆက္တို
က္ၿဖိဳခြင္းနိုင္ခဲ့သည္။

ခ်ဴအင္ပါယာသည္ လက္ေအာက္ခံအႏၱရာ
ယ္ကို ရင္ဆိုင္ရေသာအခါ ခ်ဴအင္ပါယာသ
ည္ သခင္ေလးကိုရန္သူ႕ဘက္သို႔ ဓားစာခံအ
ျဖစ္ အလ်င္အျမန္ေစလႊတ္၍ ေ႐ႊ၊ေငြ၊အဖိုး
တန္ေက်ာက္မ်က္မ်ား၊အသျပာႏွင့္ျမင္းမ်ား
ကိုပါ အခြန္အျဖစ္ေပးအပ္ရန္ကတိခံခဲ့သည္။

ဓားစာခံအျဖစ္ေစလႊတ္ခံရသည္ဆိုေသာ္လ
ည္း လက္ေတြ႕တြင္ ေသမင္းတံခါးဝသို႔အပို႔ခံ
လိုက္ရျခင္းျဖစ္ေပသည္။

ခ်င္ႏွင့္ခ်ဴသည္ အမုန္းတရားမ်ားအရိုးထဲအ
ထိ စိမ့္ဝင္ေနေအာင္ အခ်င္းခ်င္းမေက်နပ္ခ်က္မ်ားေၾကာင့္ ႏွစ္ေပါင္းမ်ားစြာၾကာေအာ
င္တိုက္ပြဲျဖစ္ခဲ့ၾကသည္။

ခ်ဴအင္ပါယာမွသခင္ေလးကို ခ်င္အင္ပါယာ
သို႔ပို႔လိုက္ျခင္းက က်ားခံတြင္းေရွ႕သို႔အပို႔ခံရ
ေသာ သိုးငယ္ေလးႏွင့္ဆင္တူလွေပသည္။

ခ်က္ခ်င္းႀကိဳးစင္တင္ခံရျခင္းႏွင့္ အစိတ္စိ
တ္အႁမႊာႁမႊာျဖစ္ေအာင္ အဆုတ္ၿဖဲခံရမည္ဆို
လွ်င္ေတာင္ သူ႕အတြက္မထူးဆန္းလွေပ။

သခင္ေလးသည္ ခ်ဴအင္ပါယာမွစြန့္ပစ္ခံ
ထားရသူျဖစ္ေလသည္။

ေဝ့လ်န္၏မိခင္သည္နန္းတြင္းအေစခံသာျဖ
စ္ၿပီး သူ႕ကိုမီးဖြားၿပီးသည္ႏွင့္ေသဆုံးသြားခဲ့
သည္။သူ႕တြင္'သခင္ေလး'ဟူေသာဂုဏ္ပုဒ္ရွိ
ေနေသးေသာ္လည္း လူ႕သဘာဝ၏ယုတ္ညံ့မႈ
မ်ားကို ရင္ဆိုင္ႀကဳံေတြ႕ခဲ့ၿပီးရာ သူ႕အနာဂတ္
ကိုလည္း 'ဘဝေပးကံၾကမၼာ' ဟုသာမွတ္ယူ
ထားေတာ့သည္။

ခ်ဴအင္ပါယာမွအရာခံမ်ားသည္ ၿမိဳ႕ေတာ္ထဲ
သို႔ဝင္ေရာက္ခဲ့ေသာ္လည္း ဧကရာဇ္ကသူတို႔
ကိုေတြ႕ဆုံေမးျမန္းခြင့္မေပးေပ။ထိုအစား သူ
တို႔ထံ စာတစ္ေစာင္ကိုသာေပးပို႔ခဲ့သည္။

သခင္ေလးလ်န္ကိုထားခဲ့ၿပီးထြက္သြားလို႔ရ
ၿပီ တျခားလူေတြကိုမျမင္ခ်င္ဘူး။

သို႔ျဖစ္ရာ အရာခံမ်ားလည္းေဝ့လ်န္ကိုထား
ခဲဲ့ျပန္သြားၾကေလသည္။သူႏွင့္အတူ သူ၏အ
ရင္းႏွီးဆုံးအေစခံျဖစ္ေသာ ခ်န္ရွို႔ႏွင့္ခ်န္ရွန္း
သာက်န္ခဲ့၏။

ေဝ့လ်န္သည္စာတိုက္တြင္ ႏွစ္ရက္ၾကာေစာင့္
ဆိုင္းခဲ့ေသာ္လည္း မည္သည့္ဆင့္ေခၚမႈမွမရ
ခဲ့ေပ။

ပန္းမ်ားကိုေအးေအးေဆးေဆးျပင္ဆင္ရင္း
လက္ဖက္ရည္ေဖ်ာ္ေနစဥ္တြင္ သူ႕အေစခံႏွစ္
ဦးကေတာ့ လွည့္ပတ္ၿပီးစိတ္ပူေနၾကသည္။
ခ်န္ရွန္းကအႀကံေတာင္ေပးေသး၏။

"သခင္ေလး ကြၽန္ေတာ္တို႔ထြက္ေျပးသင့္တ
ယ္"

သူယုံၾကည္ရေသာအေစခံႏွစ္ဦးတြင္ခ်န္ရွို႔က
အလုပ္ေတြကိုကြၽမ္းက်င္ၿပီး ေျပေျပျပစ္ျပစ္
စကားေျပာဆိုတတ္သူျဖစ္၏။လက္ဖက္ရည္
ျပင္ဆင္ျခင္းႏွင့္ ဝန္ေဆာင္မႈေပးျခင္းတို႔အတြ
က္တာဝန္ယူခဲ့ၿပီး သူ႕ကိုကိုယ္တိုင္ကိုယ္က်
အမ်ားဆုံးေဆာင္႐ြက္ေပးခဲ့သူျဖစ္သည္။

ေဝ့လ်န္သည္ခ်န္ရွို႔ကိုမၾကာခဏစေနာက္က်ီ
စယ္ေလ့ရွိၿပီး ပိုရင္းႏွီးေသာဆက္ဆံေရးရွိပုံရည္။

ခ်န္ရွန္းကေတာ့ အထူးကြၽမ္းက်င္ေသာ
ကိုယ္ခံပညာအရည္အခ်င္းရွိၿပီး ေဝ့လ်န္ကို
အထူးအေလးအနက္ထား၍ ေလးစားသူျဖစ္
၏။နယ္နိမိတ္စည္းမွလုံးဝမထြက္ေသာ္လ
ည္း အေရးႀကီးကိစၥမ်ားကို ကိုင္တြယ္ရာတြင္
ေဝ့လ်န္ယုံၾကည္နိုင္သူျဖစ္ေလသည္။

ဤကမၻာႀကီးတြင္ ခ်န္ရွန္းတစ္ဦးတည္းကသာ သူ၏ႏူးညံ့ၿပီးၾကည့္ေကာင္းေသာသခင္
ေလးသည္ သူ႕ထက္ပင္ကိုယ္ခံပညာကြၽမ္းက်
င္ေၾကာင္းသိသူျဖစ္၏။

"ထြက္ေျပးရမယ္?"

ေဝ့လ်န္သည္ ပန္းပင္၏အကိုင္းအခက္မ်ားကိုသတိလက္လြတ္ညွပ္ခ်လိဳက္၏။

"ငါဘယ္ကိုေျပးရမွာလဲ?"

"ကမၻာႀကီးကအက်ယ္ႀကီးပါ ယုံဖ်င္းကေန
ထြက္သြားနိုင္သေ႐ြ႕ ကြၽန္ေတာ္တို႔လြတ္လြတ္
လပ္လပ္ေနနိုင္ေတာ့မွာပဲ!သခင္ေလးရဲ႕အစြ
မ္းအစနဲ႕ဆိုရင္ဘယ္ေတာ့မွဖမ္းမိမွာမဟုတ္ဘူး!"

"မိုးေကာင္းကင္ႀကီးရဲ႕ေအာက္ကနယ္ပယ္ေတြအားလုံးဟာဘုရင္မင္းျမတ္ရဲ႕ပိုင္နက္ေတြခ်ည္းပဲ"

ေဝ့လ်န္သည္ ပန္းအကိုင္းအခက္မ်ားကိုလွပ
ေသာ ပုံစံျဖစ္ေအာင္ျပင္ဆင္ၿပီး ကတ္ေၾကးကိုေက်နပ္စြာခ်လိဳက္၏။

"ယုံဖ်င္းကေနငါထြက္သြားနိုင္ရင္ေတာင္ ခ်င္
အင္ပါယာကေနမလြတ္ေျမာက္နိုင္ဘူး အက
ယ္၍ငါလြတ္ေျမာက္သြားရင္လဲ ခ်င္အင္ပါ
ယာက ငါ့လိုအျပစ္သားကိုဖမ္းဖို႔တျခားအင္
ပါယာေျခာက္ခုကို အမိန့္ေပးမွာပဲ အဲ့ထဲမွာ
ငါ့ေမြးရပ္ေျမအင္ပါယာလဲပါလိမ့္မယ္ ခ်ဴ
အင္ပါယာရဲ႕အထီးက်န္သခင္ေလးတစ္ေယာ
က္နဲ႕ စစ္သည္တစ္သန္းေက်ာ္ကိုကြပ္ကဲတဲ့ ခ်င္ဧကရာဇ္ဆိုရင္...ခ်န္ရွန္း သူတို႔ေတြဘယ္သူ႕ကိုေ႐ြးၾကမယ္ထင္လဲ?"

ထိုစကားကိုၾကားလိုက္ရေသာအခါ ခ်န္ရွန္းသည္အာဏာမရွိျခင္း၏ေသလုမတတ္ေၾကာ
က္စရာေကာင္းပုံကိုခံစားမိေလသည္။

"ဒါေပမယ့္ ...သခင္ေလးရယ္ ထြက္မေျပးဘူးဆိုရင္သခင္ေလးေသရလိမ့္မယ္ ခ်င္ဧကရာ
ဇ္ကလႈပ္ရွားမႈမရွိတာႏွစ္ရက္ေတာင္ၾကာၿပီ
ကြၽန္ေတာ္တို႔အင္ပါယာကိုဆန့္က်င္ၿပီး ခ်င္
အင္ပါယာကလူေတြရဲ႕ေဒါသကိုေျဖေလ်ာ့ဖို႔
မနက္ျဖန္သခင္ေလးအတြက္ေသမိန့္ပို႔၊မပို႔ဆို
တာဘယ္သူကႀကိဳေျပာနိုင္မွာလဲ?"

ေဝ့လ်န္သည္ေလျပည္ေလညွင္းႏွင့္အတူလြ
င့္ေမ်ာေနေသာတိမ္တိုက္ကဲ့သို႔ႏူးညံ့စြာျဖင့္

"အဲ့တာဆိုငါေသလိုက္ေတာ့မယ္"

ခ်န္ရွန္းလန့္သြားရသည္။

"သခင္ေလးဘာေျပာလိုက္တာလဲ?"

"ျပတ္ရွဒဏ္ရာေပါင္းတစ္ေသာင္းနဲ႕ေသရတာ
မ်ိဳးနဲ႕ခႏၶာကိုယ္ကိုအပိုင္းပိုင္းခုတ္ျဖတ္ခံရၿပီး
ေသရတာမ်ိဳးလား ဒါမွမဟုတ္ ခ်င္ဧကရာဇ္
ရဲ႕အဆိပ္သင့္ဝိုင္တစ္ခြက္နဲ႕ ဂ႐ုဏာသက္စြာ
ေသရမွာမ်ားလား?"

ေဝ့လ်န္ကမ်က္လုံးကိုပင့္၍အၿပဳံးတစ္ပြင့္ႏွင့္
ေမးျမန္းလာ၏။

"ဘယ္လိုပဲျဖစ္ျဖစ္ရလဒ္ကအတူတူပဲမို႔ေသရ
မွာကိုဘာလို႔ေၾကာက္ေနရမွာလဲ?"

ခ်န္ရွန္းကမ်က္လႊာခ်ရင္း

"ဒါေပမယ့္သခင္ေလးက...ကိုယ္ေသရမွာကို
ထိုင္ေစာင့္ေနမယ့္လူမ်ိဳးမွမဟုတ္တာ"

"ခ်န္ရွန္း"

ေဝ့လ်န္ကၿပဳံးေနဆဲ။

"ငါထြက္ေျပးလို႔ရတယ္ ဒါေပမယ့္ငါအဲ့ဒီလိုလုပ္လိုက္တာနဲ႕ခ်ဴအင္ပါယာကဘာျဖစ္သြား
မလဲ?

ခ်န္ရွန္းေဒါသထြက္သြားရသည္။

"ခ်ဴအင္ပါယာက သခင္ေလးကိုစြန့္ပစ္ခဲ့ၿပီး
ၿပီပဲ ဘာလို႔ဒီလိုသစၥာရွိရွိတာဝန္သိတတ္ေန
ရမွာလဲ!"

"ငါအစြဲအလမ္းႀကီးေနတာမဟုတ္ဘူး ငါ့အ
တြက္ေတာ့ ခ်ဴအင္ပါယာရဲ႕ေတာ္ဝင္႐ုံးေတာ္
က ႏြေးေထြးမႈမရွိတဲ့ခ်င္အင္ပါယာနဲ႕အတူတူပဲ"

ေဝ့လ်န္ကညင္သာစြာေခါင္းခါလ်က္

"ခ်ဴအင္ပါယာက စစ္ပြဲကိုတားဆီးဖို႔အတြက္ငါ့ကိုလႊတ္ခဲ့တာ ငါထြက္ေျပးသြားရင္ခ်င္ဧ
ကရာဇ္ကအရမ္းေဒါသထြက္ၿပီး ေနာက္တစ္
ႀကိမ္စစ္ေၾကညာလိမ့္မယ္ အဲ့လိုသာျဖစ္လာ
ရင္ ခ်ဴအင္ပါယာရဲ႕စစ္သည္ေတာ္ေတြနဲ႕အျပ
စ္မဲ့ျပည္သူေတြေသာင္းနဲ႕ခ်ီၿပီးေသၾကရမွာ
ငါ့ရဲ႕ဘဝတစ္ခုကို သူတို႔အတြက္ ေပးဆပ္လို
က္ရတာတန္ပါတယ္"

ခ်န္ရွန္းတစ္ေယာက္ေျပာစရာစကားမဲ့သြားရ
သည္။အခ်ိန္အေတာ္ၾကာ တိတ္ဆိတ္သြားၿပီး
ေနာက္ ခ်န္ရွန္းသည္ခ်ဴအင္ပါယာ၏ခမ္းနား
ေသာ ဦးၫြတ္သည့္နည္းလမ္းအတိုင္းေျမျပ
င္ေပၚဒူးေထာက္ခ်၏။

ေဝ့လ်န္ကသူ႕ကိုယ္သူတိတ္တခိုးရယ္ေမာလို
က္သည္။

"ငါမေသေသးပါဘူး ဒီလိုႏႈတ္ဆက္တဲ့ပုံစံက
ဘာသေဘာလဲ?ကိစၥေတြကငါတို႔ထင္ထားသ
ေလာက္ေတာ့မဆိုးေသးဘူးေလ"

----သုံးရက္ေျမာက္ေန႕တြင္ ခ်င္ဧကရာဇ္ထံမွ
သတင္းရ၏။

ထိုသတင္းသည္ကြပ္မ်က္ျခင္းကိစၥမဟုတ္ဘဲ
ေဝ့လ်န္အား'ရွစ္ကြၽင့္'ရာထူးအပ္ႏွင္း၍ နန္း
ေတာ္တြင္ ဧကရာဇ္ႏွင့္အတူအေဖာ္ျပဳေပးရန္ျဖစ္သည္။

.......'ရွစ္ကြၽင့္'ဟူသည္အဘယ္နည္း?

ႏွစ္ဆယ့္တစ္ႏွစ္အ႐ြယ္ခ်င္ဧကရာဇ္တြင္ နာ
မည္ခံသာရွိေသာ ေမာင္းမေဆာင္တစ္ေဆာင္
ရွိ၏။အဆုံးမရွိေသာစစ္ပြဲမ်ားျဖင့္သံသရာ
လည္ေနျခင္း ႏွင့္နယ္ေျမခ်ဲ့ထြင္မႈျဖင့္အလုပ္
ရႈပ္ေနျခင္းတို႔ေၾကာင့္ျဖစ္ၿပီး ဧကရီမရွိယုံ
သာမက ေမာင္းမေတာ္တစ္ဦးေတာင္မရွိေပ။

ေနာက္ဆုံးတြင္ ဧကရာဇ္သည္သူ႕အတြက္ပထမဆုံးအလွတရားကိုလက္ခံလိုက္ရာ ထို
အလွေလးသည္ ေယာက်ာ္းတစ္ေယာက္ျဖစ္
ေနခဲ့သည္။

နန္းေတာ္တြင္းရာထူးအဆင့္ဆင့္တြင္ ဧကရီ
သည္ထိပ္ဆုံးတြင္ရွိၿပီး ေဆြႀကီးမ်ိဳးႀကီးမွ
ၾကင္ယာေတာ္ေလးပါး၊ အဆင့္နိမ့္ၾကင္ယာ
ေတာ္သုံးပါးႏွင့္ ေအာက္ဆုံးအဆင့္တြင္ မေရ
မတြက္နိုင္ေအာင္ မ်ားျပားေသာၾကင္ယာေတာ္မ်ားရွိၾကသည္။

'ရွစ္ကြၽင့္'သည္ဂုဏ္ပုဒ္မရွိေသာ ကိုယ္လုပ္
ေတာ္မ်ားႏွင့္အဆင့္အတန္းျခင္းသိပ္မကြာလွေပ။

ကိုယ္လုပ္ေတာ္....

ဤကိစၥသည္ လုံးဝအရွက္ခြဲျခင္းျဖစ္ၿပီး ေဝ့
လ်န္သည္ ခ်ဴအင္ပါယာမွသခင္ေလးျဖစ္လွ်င္ေတာင္ ခ်င္အင္ပါယာတြင္အသုံးေတာ္
ခံအမ်ိဳးသားကိုယ္လုပ္ေတာ္တစ္ဦးသာျဖစ္ခြ
င့္ရွိေလသည္။

ခ်င္အင္ပါယာမွအမတ္မ်ားသည္ တူညီေသာ
ဆုံးျဖတ္ခ်က္ခ်ခဲ့ၿပီး အမ်ိဳးသားတစ္ဦးကို
ေမာင္းမေဆာင္ထဲသြင္းမည္ဟူေသာ ဧက
ရာဇ္၏ဆုံးျဖတ္ခ်က္ကို ကန့္ကြက္ျခင္းအလ်
ဥ္းမရွိသည့္အျပင္ ထိုကိစၥအတြက္ ဂုဏ္ျပဳစ
ကားကိုေတာင္ေျပာခဲ့ၾကေသးသည္။

တစ္စုံတစ္ဦးအား လက္ေအာက္ခံအျဖစ္အ
တင္းအက်ပ္ဖိႏွိပ္သိမ္းသြင္းျခင္းသည္ ေသ
ရျခင္းထက္ ပို၍နာက်င္ေစသည္။

ဧကရာဇ္ကသိပ္ကိုဥာဏ္ပညာႂကြယ္ဝတာပဲ..

ထိုသတင္းကို ခ်န္ရွန္းႏွင့္ခ်န္ရွို႔တို႔ၾကားလိုက္
ရေသာအခါ ၾကည္လင္သာယာေသာေကာင္း
ကင္ထံမွ မိုးႀကိဳးပစ္ခ်ခံရသကဲ့သို႔ခံစားရေလသည္။ခ်န္ရွို႔၏မ်က္ဝန္းလည္းခ်က္ခ်င္း
နီရဲလာေတာ့၏။

"သခင္ေလး ဒါကအနိုင္က်င့္တာထက္ေတာင္
လြန္သြားၿပီ ဘာေၾကာင့္မ်ား ခ်င္ဧကရာဇ္ကသခင္ေလးကို ဒီေလာက္အထိအရွက္ခြဲနိုင္ရ
တာလဲ!"

ေဝ့လ်န္ကေတာ့သေဘာမတူေပ။

"ေကာင္းတဲ့ကိစၥပဲမဟုတ္လား?အနည္းဆုံးေတာ့ငါ့အသက္ကိုငါဂ႐ုစိုက္လို႔ရေသးတာေပါ့"

ခ်န္ရွို႔ကငို၏။

"ဒီလိုသိကၡာက်ၿပီးေနရမွာထက္ေသရတာက
ပိုေကာင္းအုံးမယ္!"

"......အဲ့လိုမလုပ္ပါနဲ႕ ငါအသက္ရွင္ခ်င္ေသး
တယ္"

ေဝ့လ်န္သည္နန္းတြင္းသို႔ဝင္ခဲ့၏။

ဧကရာဇ္ကစာနာသနားျခင္းမဟုတ္ဘဲအရွက္
ခြဲလိုေသာရည္႐ြယ္ခ်က္ျဖင့္ ေဝ့လ်န္ကို'ရွစ္ကြၽင့္'ရာထူးေပးခဲ့ေၾကာင္း နန္းတြင္းမွလူတိုင္း
သိၾကသည္။

ထုံးစံအတိုင္း သခင္ေလးအေပၚဂ႐ုစိုက္မႈက
ေတာ့သိပ္မေကာင္းလွေပ။ ဧကရာဇ္သည္တစ္လခြဲၾကာသည့္တိုင္ ေခၚဆိုျခင္းအလ်ဥ္း
မရွိဘဲ ေဝ့လ်န္၏အေနအထားက'မတည္ၿငိမ္
ေသာအေျခအေန' ဟုလူတိုင္းကို ပိုယုံၾကည္လာေစသည္။

ေဝ့လ်န္အတြက္အမႈထမ္းရန္ နန္းတြင္းအေစ
ခံမ်ားပို႔ေဆာင္ေပးျခင္းမရွိဘဲ ေဝ့လ်န္သည္
သူ၏အနီးကပ္ဆုံးအေစခံႏွစ္ဦးႏွင့္သာေအး
ေအးေဆးေဆးေနထိုင္လ်က္ရွိသည္။

သူတို႔အတြက္ပို႔ေပးေသာစားစရာသည္ၾကမ္း
ေထာ္ေနေသာအေရေဖ်ာ္အစားအစာမ်ားသာ
ျဖစ္သည္။

အခ်ဥ္ေဖာက္ျခင္းႏွင့္ေအးစက္ျခင္းတို႔မရွိသ
ေ႐ြ႕ သူတို႔တတ္နိုင္သေလာက္ မ်ိဳခ်စားေသာ
က္ၾကေသာ္လည္း ေဆာင္းရာသီကိုျဖတ္သန္း
ရျခင္းက အမွန္တကယ္ခက္ခဲလွေပသည္။

ေအးစက္ေနသာေဆာင္းရာသီတြင္ ေဝ့လ်န္
၏အေဆာင္မွမီးေသြးပမာဏသည္ နန္းတြင္း
အေစခံမ်ားထက္ေတာင္နည္းေသးသည္။

ထူထဲေသာအိပ္ယာပင္မရွိ ပါးလႊာေသာၿခဳံ
ေစာင္တစ္ထည္သာရွိသည္။သခင္ေလးသည္
သိုင္းပညာကိုေလ့လာထားျခင္းေၾကာင့္သာမ
ဟုတ္ပါက ဤေဆာင္းရာသီတြင္အသက္ရွင္
နိုင္ေတာ့မည္မဟုတ္ေပ။

ခ်န္ရွို႔သည္ စီမံခန့္ခြဲေရးအတြင္းေဆာင္သို႔
သြားခဲ့ေသာ္လည္း ေမာင္းထုတ္မခံရမီ ေလွာ
င္ေျပာင္ျခင္းကိုပါခံခဲ့ရသည္။

ဘဝကအၿမဲတမ္းစိန္ေခၚမႈေတြနဲ႕ျပည့္ႏွက္ေန
တာပဲ.....

"သခင္ေလး လက္ဖက္ရည္ေအးသြားရင္ကြၽန္
ေတာ္ အိုးေျပာင္းေပးမယ္ေနာ္"

ခ်န္ရွို႔သည္ယခုႏွစ္တြင္ တစ္ဆယ့္ရွစ္ႏွစ္သာ
ရွိေသးၿပီး အာ႐ုံေၾကာအားနည္းေနသူျဖစ္သ
ည္။'ခ်င္က်ဴး အေဆာင္ေတာ္'သို႔ပို႔ေပးေသာ
လက္ဖက္ရည္သည္ အရည္အေသြးညံ့ဖ်င္း
လွၿပီး သူတို႔အတြက္ေတာ့ေသာက္သုံးရန္မ
သင့္ဘဲ လက္ပူစာအျဖစ္သုံးရန္သာရွိေလသ
ည္။

ေဝ့လ်န္သူ႕ကိုၾကည့္လိုက္ရာ မ်က္ဆံပါက်ယ္
လာရေတာ့သည္။

"မင္းရဲ႕လက္ေတြဘာျဖစ္ခဲ့တာလဲ?"

ခ်န္ရွို႔သည္အက်ီလက္ထဲသို႔ သူ႕လက္ကိုအျမန္ျပန္႐ုတ္ခဲ့ေသာ္လည္း ေဝ့လ်န္၏လႈပ္ရွား
မႈကသူ႕ထက္ပိုျမန္ကာ လက္ေကာက္ဝတ္ကို
ဆုပ္ကိုင္ထားေလသည္။

ေအးခဲနာက်င္မႈေၾကာင့္ေရာင္ရမ္းေနေသာ
လက္ဆယ္ေခ်ာင္း။

ေဝ့လ်န္ႏွင့္ခ်န္ရွန္းတို႔သည္သိုင္းပညာေၾကာ
င့္တာရွည္ခံေသာခႏၶာကိုယ္မ်ားရွိၿပီးအေအးဒ
ဏ္ကိုခံနိုင္ရည္ရွိေသာ္လည္း ခ်န္ရွို႔ကေတာ့
ထိုသို႔မဟုတ္ေပ။

ခ်န္ရွို႔ကစိုးရိမ္တႀကီးဆို၏။

"သခင္ေလး ဒါကဘာမွမဟုတ္ပါဘူး..."

"ငါ့မွာလိမ္းေဆးတစ္ခ်ိဳ႕ရွိတယ္"

ေဝ့လ်န္၏မ်က္လုံးမ်ားတျဖည္းျဖည္းမွိန္ေဖ်ာ့သြားခဲ့သည္။

"ေခါင္းအုံးေဘးကစင္ရဲ႕သုံးထပ္ေျမာက္မွာ..
အခုလိမ္းလိုက္"

ခ်န္ရွို႔သည္အႀကိမ္ႀကိမ္အခါခါ ေခါင္းယမ္းျပ၏။

"မဟုတ္ဘူး သခင္ေလး အဲ့ဒီလိမ္းေဆးေတြကိုသခင္ေလးအတြက္ပဲသိမ္းထားသင့္တယ္
နန္းတြင္းသမားေတာ္ေတြကကြၽန္ေတာ္တို႔ကို
ဂ႐ုမစိုက္ၾကဘူး ဒီလိုလိမ္းေဆးမ်ိဳးကိုကြၽန္
ေတာ့္လိုအေစခံအတြက္မသုံးသင့္ဘူး တစ္စ
က္ေလးေတာင္မသုံးသင့္ဘူး"

"စကားေျပာတာေတာ္ေတာ့ ဒါကငါ့ရဲ႕အမိန့္
ပဲ"

ေဝ့လ်န္၏စကားမ်ားသည္ဆန့္က်င္ဘက္ျဖ
စ္ခဲ့သည္။

"အခုျမန္ျမန္လိမ္း"

ခ်န္ရွို႔သည္ မ်က္ရည္က်လဳက်ခင္အေျခအ
ေန၌သူ႕ပါးစပ္ကိုလက္ျဖင့္အုပ္၍ အရိုအေသ
ေပးကာ ေဆးလိမ္းရန္အေဆာင္ထဲသို႔ဝင္သြားေတာ့သည္။

ေဝ့လ်န္သည္ေအးစက္ေနေသာလက္ဖက္ရ
ည္အိုးကို ခဏစိုက္ၾကည့္၏။

ထို႔ေနာက္ ျပတင္းေပါက္ကိုပိတ္ရန္ထလိုက္
သည္။

အိမ္ကိုအပူရွိန္ႏြေးႏြေးရွိေစရန္အလို႔ငွာ...

ခ်န္ရွို႔ထြက္လာၿပီး ပိတ္ထားေသာျပတင္းေပါ
က္ကို ျမင္လိုက္ရေသာအခါသူ႕စိတ္ထဲလႈပ္လႈ
ပ္ရွားရွားျဖစ္သြားရသည္။

အေအးဒဏ္ခံနိုင္ရည္မရွိေသာသူ႕ကို သခင္ေလးကဂ႐ုစိုက္သည္။

အေဆာင္တြင္းမွအေအးဓာတ္သည္အရိုးကြဲ
လုမတတ္ေအးေနဆဲျဖစ္ၿပီး တိုးလာေသာအပူရွိန္ကမျဖစ္စေလာက္ဆိုေသာ္လည္း
ခ်န္ရွို႔၏ရင္ဘတ္တြင္ ႏြေးေထြးမႈတစ္ခုကိုခံ
စားရေလသည္။

****

ပုံမွန္အတိုင္း သူတို႔သုံးေယာက္ညစာအတူစားၾကသည္။

တိုင္းတစ္ပါးတြင္ေနထိုင္ရၿပီး ခက္ခဲေသာအေျခအေနမ်ားအၾကား ေဝ့လ်န္သည္သခင္
ႏွင့္ကြၽန္ဆက္ဆံေရးကို ဂ႐ုစိုက္မေနေတာ့ေပ။သူတို႔ႏွစ္ဦးကိုသူႏွင့္အတူစားရန္ေခၚခဲ့ၿပီး အစပိုင္းတြင္အေစခံႏွစ္ဦးသည္ ထိန္းမနို
င္သိမ္းမရ အလ်င္အျမန္စားေသာက္ၾကေသာ္လည္း အခ်ိန္ၾကာလာသည္ႏွင့္မွ်တည္
ၿငိမ္လာၾကသည္။

သူတို႔အေျခအေနတြင္ သူ႕တို႔ဆီတစ္စုံတစ္ဦး
ကသီးသန့္အစားအစာမ်ားပို႔ေပးျခင္းမရွိဘဲ
ကိုယ္တိုင္စုေဆာင္းယုံသာရွိသည္။ယခင္တု
န္းက ေျခာက္ကပ္ေနေသာေပါင္မုန့္လုံးမ်ားႏွ
င့္ ေအးစက္ေနေသာေခါက္ဆြဲမ်ားရခဲ့ေသာ္
လည္း ေဝ့လ်န္သည္ဇီဇာေၾကာင္သူမဟုတ္ရာ သက္ေတာင့္သက္သာေနနိုင္ခဲ့သည္။

သို႔ေသာ္ ယေန႕တြင္နီရဲေနေသာမ်က္ဝန္းမ်ား
ျဖင့္ျပန္လာေသာခ်န္ရွို႔ေၾကာင့္အရာအားလုံး
ေျပာင္းလဲသြားခဲ့သည္။

"မင္းအခုဘာလို႔ငိုေနတာလဲ?"

ခ်န္ရွန္းကမ်က္ေမွာင္ႀကဳံ႕လိုက္သည္။

"နန္းတြင္းစားဖိုေဆာင္ကအလုပ္သမားေတြ
မင္းကိုဘာဒုကၡေရာက္ေအာင္လုပ္လိုက္ျပန္
ၿပီလဲ?"

"သူတို႔ကကြၽန္ေတာ္အရမ္းေနာက္က်မွေရာ
က္လာတယ္လို႔ေျပာၾကတယ္....ဒါေပမယ့္အဲ့
ေနရာကိုအေစာဆုံးေရာက္ခဲ့တာကြၽန္ေတာ္ပဲရွိတယ္!"

ခ်န္ရွို႔ကဝမ္းနည္းစြာအထြန႔္တက္ေလသည္။

"ဒီစားစရာေတြကိုသခင္ေလးစားဖို႔ကြၽန္ေတာ္
ဘယ္လိုေပးရပါ့မလဲ?"

ထမင္းဘူးကိုခ်န္ရွန္းဖြင့္ၾကည့္ရာထြက္လာေသာအနံ႕အသက္ေၾကာင့္ခ်က္ခ်င္းျပန္ပိတ္ရေလသည္။

..........ဘယ္ေလာက္ေတာင္ၾကာေနၿပီလဲ?

ခ်င္အင္ပါယာမွလူမ်ားသည္ သခင္ေလးကို
ပိုမိုရဲတင္းစြာအနိုင္က်င့္လာၾကၿပီး သူတို႔ရရွိ
ေသာအစားအစာသည္ပင္လွ်င္ ပို၍ေပါ့ေပါ့
ဆဆျဖစ္လာေတာ့သည္။

"သူတို႔ေတြဘယ္လိုမ်ား!"

ခ်န္ရွန္းကအံ့ႀကိတ္လိုက္၏။

"ငါသူတို႔ကိုသြားရွာၿပီး...."

"ဘယ္သူ႕ကိုသြားရွာမွာလဲ?"

ေဝ့လ်န္ကအေဆာင္ထဲမွထြက္လာၿပီးတံခါး
ေဘးတြင္ရပ္ေနေသာသူ႕အေစခံႏွစ္ဦးကိုေတြ႕လိုက္ရေလသည္။

ႏွစ္ေယာက္သား တစ္ခဏမွ်တုန္လႈပ္သြားၾက
သည္။

ေဝ့လ်န္သည္ထမင္းဘူးကိုဆြဲမယူမီလွမ္းၾကည့္လိုက္၏။ထမင္းဘူးကိုဖြင့္လိုက္သည္ႏွင့္
႐ူးသြားလုမတတ္ဆိုး႐ြားေသာအနံ႕အသက္မ်ားထြက္လာေတာ့သည္။

မေျပာင္းလဲေသာအမူအယာျဖင့္ထမင္းဘူးကို
ျပန္ပိတ္ခဲ့ေသာ္လည္း သူ႕ေလသံကေတာ့အန
ည္းငယ္ပိုေအးစက္လာကာ

"မစားေတာ့ဘူး"

ခ်န္ရွို႔သည္သူ႕အသံေၾကာင့္မ်က္ရည္ဝဲလ်က္

"ဒါေပမယ့္သခင္ေလးရယ္ သူတို႔ေန႕တိုင္းအဲ့
လိုလုပ္လာၾကရင္ အစာမစားဘဲေနလို႔ျဖစ္ပါ့အုံးမလား?"

ေဝ့လ်န္ကသက္ျပင္းခ်၏။

"ဧကရာဇ္ကငါ့ကိုမႏွစ္သက္လို႔သူတို႔ကပိုၿပီး
ရဲရဲတင္းတင္းဆက္ဆံလာၾကတယ္"

"ငါလည္းသပ္သပ္ရပ္ရပ္ေနထိုင္ခဲ့တာ ဒါေပ
မယ့္တစ္လခြဲၾကာၿပီးတာေတာင္နန္းေတာ္ထဲ
ကဧကရာဇ္ဟာဘယ္လိုပုံစံရွိမွန္းေတာင္မသိ
ဘူး ဆက္လုပ္ေနလဲအလုပ္မျဖစ္ေတာ့ဘူး
ေလ"

ေဝ့လ်န္ကတိုးတိုးေလးညည္း၏။ထို႔ေနာက္
႐ုတ္တရက္ထေမးေလသည္။

"ခ်န္ရွို႔ ငါဘယ္ေလာက္အထိၾကည့္ေကာင္း
လဲဆိုတာကိုေဝဖန္ေပးပါလား ဧကရာဇ္ႏွစ္
သက္လာေအာင္ဘယ္လိုလုပ္ရင္ေကာင္းမ
လဲ?"

ခ်န္ရွို႔ : "......."

"သခင္ေလး အေပးအယူကိုလက္ခံၿပီးခႏၶာကို
ယ္ကိုဧကရာဇ္ဆီေပးလို႔မျဖစ္ဘူးေနာ္!"

ခ်န္ရွန္းသည္ခံနိုင္ရည္ရွိေသာအသြင္ကိုတိတ္
တဆိတ္ေဖာ္ျပ၏။

ရဲရင့္ေသာစိတ္ဓာတ္သည္ အရွက္ကြဲျခင္းထ
က္ေသျခင္းကပိုေကာင္းသည္ဟုယူဆျခင္း
ျဖစ္သည္။

ျမင့္ျမတ္တဲ့ေသြးနဲ႕သခင္ေလးကဘယ္လိုလုပ္ျဖစ္နိုင္ပါ့မလဲ.....

"ဘာမွနာက်ည္းစရာမရွိဘူး"

ေဝ့လ်န္ကပ်င္းရိစြာလွည့္ၾကည့္လိုက္သည္။

"ဘယ္သူမဆိုေကာင္းမြန္တဲ့ဘဝမွာပဲေနခ်င္ၾကမွာေလ ငါ့လိုေပါ့"

"လူသားတစ္ေယာက္အေနနဲ႕ ငါတို႔ကေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနသင့္သလို ေအးေအးခ်မ္းခ်မ္း
နဲ႕ပဲေသဆုံးသင့္တယ္ ဒီလိုစိတ္ပ်က္စရာေတြ
ကိုငါလက္မခံနိုင္ဘူး"

........................................

T/N: Hello hello....ႏွစ္သစ္မွာဘာသာျပန္
အသစ္ေလးနဲ႕စလိုက္ပါၿပီ။><
.................................................................

Continue Reading

You'll Also Like

68K 7.5K 143
မူရင်းရေးသားသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။
264K 9.5K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
634K 60.3K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...