မောင့်ကိုမှ ချစ်မိနေပါတယ် >

By klwin1234

2.5K 181 68

ေမာင္က လူလည္ေလး။ ႏွလံုးသားတစ္ခုလံုးကို တိတ္တိတ္ေလး ၊ တတိတိနဲ႔ ခိုးယူသြားတာမ်ား... ။ မောင်က လူလည်လေး။ နှလုံး... More

1
2
3
5
6
7
8
9
10

4

146 15 9
By klwin1234

ဒီလိုနဲ႔ ပထမႏွစ္ဝက္စာေမးပြဲက
နီးလာလိုက္တာမ်ား မ်က္စိတစ္မွိတ္အတြင္း
ေရာက္လာေတာ့မလိုလို။

နဝမတန္းေက်ာင္းသား အဏၰဝါနဲ႔
သတၱမတန္းေက်ာင္းသားေလး အလကၤာလည္း
ခင္လာတာ ႏွစ္လေက်ာ္လို႔ သံုးလထဲဝင္ခဲ့ၿပီ။

"အစ္ကိုက ဘာလို႔ ECO ယူတာလဲ။
စာေတာ္ရဲ႕သားနဲ႔ "

အလကၤာ ရဲ႕ေတြးဆဆေလး ေမးတဲ့ေမးခြန္းကို
အစ္ကိုက ခပ္ျပံဳးျပံဳးေလးနဲ႔ ျပန္ေျဖတယ္။

"အစ္ကိုက စာမေတာ္ပါဘူးကြာ။ 
ECO လည္းမဆိုးပါဘူးကြ။ အစ္ကိုကေတာ့
BIO ထက္ ECO ကိုပိုစိတ္ဝင္စားလို႔ယူလိုက္တာပဲ။
လြယ္မယ္ထင္လို႔ယူလိုက္တာလဲပါတာေပါ့ေလ "

"ဒါဆို ECO ကလြယ္လား။ "

"ေသခ်ာေပါက္ဘယ္လြယ္မလဲကြ။
တစ္ပုဒ္ တစ္ပုဒ္ကိုအ႐ွည္ႀကီးေတြ။ ေရာလိုက္တာမွ
တအားပဲ။ ပုဒ္စာေတြလည္းတြက္ရေသးတယ္။
မလြယ္ပါဘူးကြာ "

"ဒါဆို ကြၽန္ေတာ္ ကိုးတန္းေရာက္ရင္ သိပၸံနဲ႔ ဝိပၸံ
ဘာယူရမလဲ ဟင္ ။ အစ္ကို "

လက္သြယ္သြယ္ေတြၾကားထဲ ခပ္ေသာ့ေသာ့ႏွင္ေနတဲ့
အျပာရင့္ရင့္ေဘာပင္ေလးဟာ ခနတာ ရပ္တန္႔သြား
ခဲ့တယ္။

"မင္းဝါသနာပါရာ၊ မင္းသေဘာ ၊
မင္းႀကိဳက္ရာကိုယူ။ ေနာင္တေတာ့မရေစနဲ႔"

ကြၽန္ေတာ္ႀကိဳက္ရာယူဆိုရင္ အစ္ကို႔ကိုပဲယူမွာ
လို႔ေျပာထြက္ေတာ့မယ့္ ပါးစပ္ေလးကိုအျမန္
ဘရိတ္အုပ္ရတယ္။

ပါးစပ္တင္းတင္းေစ့ၿပီး ျပံဳးစိစိလုပ္ေနတဲ့ အလကၤာကို
အဏၰဝါက ဘုၾကည့္ၾကည့္တယ္။ တစ္ခါတစ္ေလ
အလကၤာကအဲ့လိုပဲ။ ဦးေႏွာက္သိပ္ေကာင္းပံုမရဘူး။
တစ္ေယာက္တည္းလည္း က်ိတ္ရီေနတတ္တယ္။

"မင္းက်ိတ္ရီေနျပန္ၿပီလား "

"ဘယ္မွာရီလို႔လဲ ။ အစ္ကိုျမင္လို႔လား "

"ေဟ့ေကာင္! မင္းငါ့အေ႐ွ႕တင္ထိုင္ရီေနတာေလ"

"အစ္ကို စာလုပ္ေနတာမဟုတ္ဘူးလား။
ၿပီးေတာ့ ကြၽန္ေတာ္ထိုင္တာ အစ္ကို႔အေ႐ွ႕မွာမွ
မဟုတ္တာ။ အစ္ကို႔ေဘးမွာေလ။ ဘာလဲ
အစ္ကိုက စာမလုပ္ဘဲ ကြၽန္ေတာ့္ကိုခိုးခိုးၾကည့္ေနတာ
လား "

"မင္းေတာ့! "

အဏၰဝါရ႕ဲ ေဘာပင္က အလကၤာ့ေခါင္းေပၚ
မိတ္ဆတ္ေလတယ္။ မနာေပမယ့္လည္း
အလကၤာက မူရာမာယာမ်ားစြာ ငိုခ်င္းခ်ေလရဲ့။

"အာ့.. အစ္ကို ။ စတာကိုတကယ္ေခါက္ရလားဗ်"

" မင္း အပိုစကားမေျပာနဲ႔။ ဘာမွမနာဘူး။
သြား!  အတန္းျပန္ၿပီးစာလုပ္ေတာ့။
ဘယ့္ႏွယ္ ကိုယ့္အတန္းကိုယ္မေနဘူး။ အားေန
ငါ့ဆီပဲ လာလာေနတာ ။ မသိရင္ငါကသူ႔အေဖႀကီး
က်လို႔"

"အစ္ကိုက ရက္စက္လိုက္တာ "

"မင္း မသြားေသးဘူးလား "

"သြားမွာပါ ။ သြားမွာပါ ဟြန္႔ "

အံက်ိတ္ျပတဲ့ အစ္ကိုက အိပ္ကပ္ထဲထည့္သိမ္းထား
ခ်င္စရာေလး။ အစ္ကိုက သူ႔ထက္
အရပ္ပို႐ွည္ေနေပမယ့္လည္းေပါ့။ အရပ္က
ကိစၥမ႐ွိပါဘူးေလ။ ေဖေဖကေျပာတယ္။
ကိုရင္ဝတ္ၿပီးရင္အရပ္႐ွည္လာလိမ့္မယ္တဲ့။
ဒါေၾကာင့္ ဒီႏွစ္ေက်ာင္းပိတ္ရက္က်ရင္ ေဖေဖ့ကို
ကိုရင္ဝတ္ေပးဖို႕ပူဆာရမယ္လို႔လည္း ၾကံစည္ထားတယ္။

စာေမးပြဲေျဖၿပီး ေနာက္တစ္ရက္မွာေတာ့
အလကၤာက ေျမာက္ႂကြ ေျမာက္ႂကြနဲ႔
အစ္ကို႔ အခန္းဆီေျပးေတာ့တယ္။

အခန္းေ႐ွ႕ေရာက္ေတာ့ အစ္ကိုက
ႏွစ္ဆင့္ခ်ိဳင့္ေလးပိုက္လို႔ ျပတင္းေပါက္ဆီေငးေနေလ
တယ္။ ခ်စ္စရာေကာင္းလိုက္ပံုမ်ား။

အလကၤာ ေက်ာင္းျပတင္းကမွန္ေပၚအရိပ္ထင္ေနတဲ့
ကိုယ့္ကိုယ္ကို တစ္ခ်က္ျပန္ၾကည့္လိုက္တယ္။
ေမေမ လိမ္းေပးလိုက္လို႔ အုန္းဆီေတြရႊဲေနတဲ့
ေဘးခြဲဆံပင္ေလးကိုတစ္ခ်က္သပ္လိုက္ေသးတယ္။

အလကၤာကခ်စ္စရာေလး။ အစ္ကိုကေသခ်ာေပါက္
ခ်စ္မွာ။ ကိုယ့္ကိုယ္ကို စိတ္ထဲအမႊန္းတင္လိုက္ရင္း
အစ္ကို႔ဆီလွမ္းလာခဲ့ေတာ့တယ္။

"ဝါး! "

"ေမေမ့!"

႐ုတ္တရက္လန္႔သြားေအာင္စဖို႔ တိုးတိုးေလးေလ်ွာက္
လာေပမယ့္ အစ္ကိုက အလကၤာ့ကို ဦးေအာင္လွန္႔
လိုက္ေတာ့ အလကၤာ့လိပ္ျပာေလးကလြင့္သြားသလိုပဲ။

"အစ္ကိုကဗ်ာ ။ လန္႔သြားတာပဲ ။
ကြၽန္ေတာ္လာေနတာဘယ္လိုသိလဲ "

"ျပတင္းေပါက္မွန္ကေန ျမင္ရတယ္ေလ။
မွန္ၾကည့္ၿပီးပဲမ်ားေနတဲ့လိပ္ေလးကို ငါျမင္တာၾကာ
ေပါ့။ "

"ထားေတာ့။ အစ္ကိုကြၽန္ေတာ့္ကိုၾကည့္အံုး။
တစ္ခုခုမ်ား ထူးျခားေနလား "

အစ္ကိုက မ်က္မွန္ေအာက္က ေမွးက်င္က်င္မ်က္ဝန္း
တို႔နဲ႔ အလကၤာ့ဆီတစ္ခ်က္ေသခ်ာၾကည့္တယ္။

"မင္းသနပ္ခါးလိမ္းလာတာပဲ "

"ဟုတ္တယ္။ ႐ွင္မေတာင္သနပ္ခါးစစ္စစ္။
ေမေမကိုယ္တိုင္လိမ္းေပးလိုက္တာ။ သနပ္ခါးက
စစ္လို႔လားမသိဘူး။ တအားေမႊးတာပဲ။ အစ္ကို
ေမႊးၾကည့္ပါလား "

ဥာဏ္မ်ားတဲ့ေကာင္ေလးအလကၤာဟာ
အဏၰဝါ့ ဆီပါးျပင္ထိုးေပးတယ္။ အဏၰဝါကလည္း
အလကၤာ့ေထာင္ေခ်ာက္ထဲ လြယ္လြယ္နဲ႔က်မသြားခဲ့
ပါဘူး။

"မင္းဥာဏ္နီ ဥာဏ္နက္တအားမ်ားေနာ္။
စာသာအဲ့လိုဥာဏ္မ်ားၾကည့္ ပိုက္သာဂိုရပ္စ္
ထိုင္ငိုသြားေလာက္တယ္။ "

"အစ္ကိုကလဲ"

"ဘာအစ္ကို မွလဲမေနနဲ႔။ မင္းဘာစားၿပီးၿပီလဲ။ "

"ၾကာဇံေၾကာ္စားၿပီးၿပီ "

အလကၤာ့ေျဖသံအဆံုးမွာ အဏၰဝါက
မ်က္ေမွာင္က်ံဳ႕တယ္။ ေနာက္ၿပီး သူပိုက္ထားတဲ့
ႏွစ္ဆင့္ခ်ိဳင့္ေလးကို အလကၤာ့ဆီတြန္းပို႔ေပးေလရဲ႕။

"တစ္ေန႔တစ္ေန႔ ၾကာဇံေၾကာ္ပဲစားေနတာ
အဲ့ေလာက္ထိႀကိဳက္တာလား။ ေရာ့.. အဲ့မွာမင္းအတြက္"

အလကၤာက ခ်ိဳင့္ေလးကိုခပ္သြက္သြက္ဖြင့္လိုက္ေတာ့
မႏၱေလးထိုးမုန္႔ တစ္ပိုင္း၊ ဆႏြင္းမကင္းတစ္တံုး၊
ကိတ္မုန္႔တစ္ခ်ပ္ နဲ႔ ဘာလီေက်ာက္ေက်ာႏွစ္တံုး
ကိုေသေသခ်ာခ်ာေလးစီၿပီးထည့္ထားေလတယ္။

အလကၤာ အူေတြထဲအထိလိႈက္တက္လာတဲ့
ေပ်ာ္ရႊင္မႈႀကီးကိုဖံုးဖိရင္း ဘာလီေက်ာက္ေက်ာ
တစ္တံုးကိုခပ္ႀကီးႀကီးကိုက္ခ်လိုက္တယ္။

"အစ္ကို႔အိမ္မွာအလႉ႐ွိလို႔လား "

"အင္း။ ေဖေဖ့ ႏွစ္ပတ္လည္ေန႔မို႔ အိမ္မွာ
ဘုန္းႀကီးေတြကိုအာရံုဆြမ္းကပ္တာ။
အဲ့တာ မင္းအတြက္လည္း နည္းနည္းစီထည့္ယူခဲ့
လိုက္တာ"

အူေတြထဲအထိလိႈက္တက္လာတဲ့ေပ်ာ္ရႊင္မႈေတြေနရာ
မွာ စိုးရိမ္မႈေတြကအစားထိုးလာခဲ့တယ္။
စားလက္စ ေက်ာက္ေက်ာကိုခပ္ျမန္ျမန္ဝါးၿပီး
အစ္ကို႔ကို ေငးၾကည့္မိလိုက္တယ္။

အဏၰဝါက အလကၤာစိတ္မေကာင္းျဖစ္သြားမွန္း
သိေတာ့ သနပ္ခါးပါးကြက္ေလးနဲ႔ အလကၤာ့ပါးေလး
ကိုခပ္ဖြဖြဆြဲကာ ရီတယ္။

"ေဖေဖက ငါတစ္ႏွစ္မျပည့္ခင္မွာပဲပိုးထိၿပီးဆံုးသြား
တာ။ ငါေဖေဖ့မ်က္ႏွာကိုေတာင္မမွတ္မိပါဘူး။
မင္းကဘာလို႔ ငိုေတာ့မယ့္မ်က္ႏွာျဖစ္သြားရတာလဲ"

"အဲ့တာကိုမသိဘဲ ကြၽန္ေတာ္က အစ္ကို႔ေ႐ွ႕မွာ
ကြၽန္ေတာ့္ေဖေဖအေၾကာင္းေတြ အမ်ားႀကီးေျပာခဲ့မိ
တာေလ။ "

"မင္းက တကယ့္ကိုေကာင္းေကာင္းႀကီးျပင္းလာခဲ့တာ
ပဲ။ မဆိုးဘူး။ "

အဏၰဝါက ထပ္ၿပီး အလကၤာရဲ႕ပါးကိုထပ္ၿပီး
ဆြဲလိုက္ေတာ့ ႐ွင္မေတာင္သနပ္ခါးမႈန္အခ်ိဳ႕က
အဏၰဝါရဲ႕လက္မွာကပ္ပါလာေလတယ္။
ထိုလက္ကိုပဲ ေမႊးၾကည့္လိုက္ေတာ့ ႐ွင္မေတာင္
သနပ္ခါးရဲ႕ခပ္သင္းသင္းေမႊးရနံ႔ နဲ႔အတူ
အလကၤာရဲ႕ စိတ္လႈပ္႐ွားဟန္အၾကည့္ေလးတစ္ခ်က္
ကိုပါ အတူရလိုက္တယ္။

"မဆိုးဘူး။ ေမႊးသားပဲ။ "

"အမႈန္ေလးေတာင္အဲ့ေလာက္ေမႊးတာ
ကြၽန္ေတာ့္ပါးကိုသာနမ္းၾကည့္ အဲ့ထက္အမ်ားႀကီး
ေမႊးမွာ "

"မင္း! လိပ္ေျမး"

ဒီေန႔အတြက္လည္း အစ္ကို႔ကိုအမ်ားႀကီးခ်စ္ပါတယ္။




__________________________

#klwin1234
(A/N
SYSTEM 04 ၿပီးရင္ေတာ့ update ပိုျမန္ေပးပါ့မယ္။)









<<unicode >>







ဒီလိုနဲ့ ပထမနှစ်ဝက်စာမေးပွဲက
နီးလာလိုက်တာများ မျက်စိတစ်မှိတ်အတွင်း
ရောက်လာတော့မလိုလို။

နဝမတန်းကျောင်းသား အဏ္ဏဝါနဲ့
သတ္တမတန်းကျောင်းသားလေး အလင်္ကာလည်း
ခင်လာတာ နှစ်လကျော်လို့ သုံးလထဲဝင်ခဲ့ပြီ။

"အစ်ကိုက ဘာလို့ ECO ယူတာလဲ။
စာတော်ရဲ့သားနဲ့ "

အလင်္ကာ ရဲ့တွေးဆဆလေး မေးတဲ့မေးခွန်းကို
အစ်ကိုက ခပ်ပြုံးပြုံးလေးနဲ့ ပြန်ဖြေတယ်။

"အစ်ကိုက စာမတော်ပါဘူးကွာ။
ECO လည်းမဆိုးပါဘူးကွ။ အစ်ကိုကတော့
BIO ထက် ECO ကိုပိုစိတ်ဝင်စားလို့ယူလိုက်တာပဲ။
လွယ်မယ်ထင်လို့ယူလိုက်တာလဲပါတာပေါ့လေ "

"ဒါဆို ECO ကလွယ်လား "

"သေချာပေါက်ဘယ်လွယ်မလဲကွ။
တစ်ပုဒ် တစ်ပုဒ်ကိုအရှည်ကြီးတွေ။ ရောလိုက်တာမှ
တအားပဲ။ ပုဒ်စာတွေလည်းတွက်ရသေးတယ်။
မလွယ်ပါဘူးကွာ "

"ဒါဆို ကျွန်တော် ကိုးတန်းရောက်ရင် သိပ္ပံနဲ့ ဝိပ္ပံ
ဘာယူရမလဲ ဟင် ။ အစ်ကို"

လက်သွယ်သွယ်တွေကြားထဲ ခပ်သော့သော့နှင်နေတဲ့
အပြာရင့်ရင့်ဘောပင်လေးဟာ ခနတာ ရပ်တန့်သွား
ခဲ့တယ်။

"မင်းဝါသနာပါရာ၊ မင်းသဘော ၊
မင်းကြိုက်ရာကိုယူ။ နောင်တတော့မရစေနဲ့"

ကျွန်တော်ကြိုက်ရာယူဆိုရင် အစ်ကို့ကိုပဲယူမှာ
လို့ပြောထွက်တော့မယ့် ပါးစပ်လေးကိုအမြန်
ဘရိတ်အုပ်ရတယ်။

ပါးစပ်တင်းတင်းစေ့ပြီး ပြုံးစိစိလုပ်နေတဲ့ အလင်္ကာကို
အဏ္ဏဝါက ဘုကြည့်ကြည့်တယ်။ တစ်ခါတစ်လေ
အလင်္ကာကအဲ့လိုပဲ။ ဦးနှောက်သိပ်ကောင်းပုံမရဘူး။
တစ်ယောက်တည်းလည်း ကျိတ်ရီနေတတ်တယ်။

"မင်းကျိတ်ရီနေပြန်ပြီလား "

"ဘယ်မှာရီလို့လဲ ။ အစ်ကိုမြင်လို့လား "

"ဟေ့ကောင်! မင်းငါ့အရှေ့တင်ထိုင်ရီနေတာလေ"

"အစ်ကို စာလုပ်နေတာမဟုတ်ဘူးလား။
ပြီးတော့ ကျွန်တော်ထိုင်တာ အစ်ကို့အရှေ့မှာမှ
မဟုတ်တာ။ အစ်ကို့ဘေးမှာလေ။ ဘာလဲ
အစ်ကိုက စာမလုပ်ဘဲ ကျွန်တော့်ကိုခိုးခိုးကြည့်နေတာ
လား "

"မင်းတော့! "

အဏ္ဏဝါရဲ့ ဘောပင်က အလင်္ကာ့ခေါင်းပေါ်
မိတ်ဆတ်လေတယ်။ မနာပေမယ့်လည်း
အလင်္ကာက မူရာမာယာများစွာ ငိုချင်းချလေရဲ့။

"အာ့.. အစ်ကို။ စတာကိုတကယ်ခေါက်ရလားဗျ"

" မင်း အပိုစကားမပြောနဲ့။ ဘာမှမနာဘူး။
သွား! အတန်းပြန်ပြီးစာလုပ်တော့။
ဘယ့်နှယ် ကိုယ့်အတန်းကိုယ်မနေဘူး။ အားနေ
ငါ့ဆီပဲ လာလာနေတာ ။ မသိရင်ငါကသူ့အဖေကြီး
ကျလို့"

"အစ်ကိုက ရက်စက်လိုက်တာ "

"မင်း မသွားသေးဘူးလား "

"သွားမှာပါ ။ သွားမှာပါ ဟွန့် "

အံကျိတ်ပြတဲ့ အစ်ကိုက အိပ်ကပ်ထဲထည့်သိမ်းထား
ချင်စရာလေး။ အစ်ကိုက သူ့ထက်
အရပ်ပိုရှည်နေပေမယ့်လည်းပေါ့။ အရပ်က
ကိစ္စမရှိပါဘူးလေ။ ဖေဖေကပြောတယ်။
ကိုရင်ဝတ်ပြီးရင်အရပ်ရှည်လာလိမ့်မယ်တဲ့။
ဒါကြောင့် ဒီနှစ်ကျောင်းပိတ်ရက်ကျရင် ဖေဖေ့ကို
ကိုရင်ဝတ်ပေးဖို့ပူဆာရမယ်လို့လည်း ကြံစည်ထားတယ်။

စာမေးပွဲဖြေပြီး နောက်တစ်ရက်မှာတော့
အလင်္ကာက မြောက်ကြွ မြောက်ကြွနဲ့
အစ်ကို့ အခန်းဆီပြေးတော့တယ်။

အခန်းရှေ့ရောက်တော့ အစ်ကိုက
နှစ်ဆင့်ချိုင့်လေးပိုက်လို့ ပြတင်းပေါက်ဆီငေးနေလေ
တယ်။ ချစ်စရာကောင်းလိုက်ပုံများ။

အလင်္ကာ ကျောင်းပြတင်းကမှန်ပေါ်အရိပ်ထင်နေတဲ့
ကိုယ့်ကိုယ်ကို တစ်ချက်ပြန်ကြည့်လိုက်တယ်။
မေမေ လိမ်းပေးလိုက်လို့ အုန်းဆီတွေရွှဲနေတဲ့
ဘေးခွဲဆံပင်လေးကိုတစ်ချက်သပ်လိုက်သေးတယ်။

အလင်္ကာကချစ်စရာလေး။ အစ်ကိုကသေချာပေါက်
ချစ်မှာ။ ကိုယ့်ကိုယ်ကို စိတ်ထဲအမွှန်းတင်လိုက်ရင်း
အစ်ကို့ဆီလှမ်းလာခဲ့တော့တယ်။

"ဝါး! "

"မေမေ့!"

ရုတ်တရက်လန့်သွားအောင်စဖို့ တိုးတိုးလေးလျှောက်
လာပေမယ့် အစ်ကိုက အလင်္ကာ့ကို ဦးအောင်လှန့်
လိုက်တော့ အလင်္ကာ့လိပ်ပြာလေးကလွင့်သွားသလိုပဲ။

"အစ်ကိုကဗျာ ။ လန့်သွားတာပဲ ။
ကျွန်တော်လာနေတာဘယ်လိုသိလဲ "

"ပြတင်းပေါက်မှန်ကနေ မြင်ရတယ်လေ။
မှန်ကြည့်ပြီးပဲများနေတဲ့လိပ်လေးကို ငါမြင်တာကြာ
ပေါ့။ "

"ထားတော့။ အစ်ကိုကျွန်တော့်ကိုကြည့်အုံး။
တစ်ခုခုများ ထူးခြားနေလား "

အစ်ကိုက မျက်မှန်အောက်က မှေးကျင်ကျင်မျက်ဝန်း
တို့နဲ့ အလင်္ကာ့ဆီတစ်ချက်သေချာကြည့်တယ်။

"မင်းသနပ်ခါးလိမ်းလာတာပဲ "

"ဟုတ်တယ်။ ရှင်မတောင်သနပ်ခါးစစ်စစ်။
မေမေကိုယ်တိုင်လိမ်းပေးလိုက်တာ။ သနပ်ခါးက
စစ်လို့လားမသိဘူး။ တအားမွှေးတာပဲ။ အစ်ကိုမွှေးကြည့်ပါလား "

ဉာဏ်များတဲ့ကောင်လေးအလင်္ကာဟာ
အဏ္ဏဝါ့ ဆီပါးပြင်ထိုးပေးတယ်။ အဏ္ဏဝါကလည်း
အလင်္ကာ့ထောင်ချောက်ထဲ လွယ်လွယ်နဲ့ကျမသွားခဲ့
ပါဘူး။

"မင်းဉာဏ်နီ ဉာဏ်နက်တအားများနော်။
စာသာအဲ့လိုဉာဏ်များကြည့် ပိုက်သာဂိုရပ်စ်
ထိုင်ငိုသွားလောက်တယ်။ "

"အစ်ကိုကလဲ"

"ဘာအစ်ကို မှလဲမနေနဲ့။ မင်းဘာစားပြီးပြီလဲ။ "

"ကြာဇံကြော်စားပြီးပြီ "

အလင်္ကာ့ဖြေသံအဆုံးမှာ အဏ္ဏဝါက
မျက်မှောင်ကျုံ့တယ်။ နောက်ပြီး သူပိုက်ထားတဲ့
နှစ်ဆင့်ချိုင့်လေးကို အလင်္ကာ့ဆီတွန်းပို့ပေးလေရဲ့။

"တစ်နေ့တစ်နေ့ ကြာဇံကြော်ပဲစားနေတာ
အဲ့လောက်ထိကြိုက်တာလား။ ရော့.. အဲ့မှာမင်းအတွက်"

အလင်္ကာက ချိုင့်လေးကိုခပ်သွက်သွက်ဖွင့်လိုက်တော့မန္တလေးထိုးမုန့် တစ်ပိုင်း၊ ဆနွင်းမကင်းတစ်တုံး၊ ကိတ်မုန့်တစ်ချပ် နဲ့ ဘာလီကျောက်ကျောနှစ်တုံးကိုသေသေချာချာလေးစီပြီးထည့်ထားလေတယ်။

အလင်္ကာ အူတွေထဲအထိလှိုက်တက်လာတဲ့
ပျော်ရွှင်မှုကြီးကိုဖုံးဖိရင်း ဘာလီကျောက်ကျော
တစ်တုံးကိုခပ်ကြီးကြီးကိုက်ချလိုက်တယ်။

"အစ်ကို့အိမ်မှာအလှူရှိလို့လား "

"အင်း။ ဖေဖေ့ နှစ်ပတ်လည်နေ့မို့ အိမ်မှာ
ဘုန်းကြီးတွေကိုအာရုံဆွမ်းကပ်တာ။
အဲ့တာ မင်းအတွက်လည်း နည်းနည်းစီထည့်ယူခဲ့
လိုက်တာ။ "

အူတွေထဲအထိလှိုက်တက်လာတဲ့ပျော်ရွှင်မှုတွေနေရာ
မှာ စိုးရိမ်မှုတွေကအစားထိုးလာခဲ့တယ်။
စားလက်စ ကျောက်ကျောကိုခပ်မြန်မြန်ဝါးပြီး
အစ်ကို့ကို ငေးကြည့်မိလိုက်တယ်။

အဏ္ဏဝါက အလင်္ကာစိတ်မကောင်းဖြစ်သွားမှန်း
သိတော့ သနပ်ခါးပါးကွက်လေးနဲ့ အလင်္ကာ့ပါးလေး
ကိုခပ်ဖွဖွဆွဲကာ ရီတယ်။

"ဖေဖေက ငါတစ်နှစ်မပြည့်ခင်မှာပဲပိုးထိပြီးဆုံးသွား
တာ။ ငါဖေဖေ့မျက်နှာကိုတောင်မမှတ်မိပါဘူး။
မင်းကဘာလို့ ငိုတော့မယ့်မျက်နှာဖြစ်သွားရတာလဲ"

"အဲ့တာကိုမသိဘဲ ကျွန်တော်က အစ်ကို့ရှေ့မှာ
ကျွန်တော့်ဖေဖေအကြောင်းတွေ အများကြီးပြောခဲ့မိ
တာလေ။ "

"မင်းက တကယ့်ကိုကောင်းကောင်းကြီးပြင်းလာခဲ့တာ
ပဲ။ မဆိုးဘူး။ "

အဏ္ဏဝါက ထပ်ပြီး အလင်္ကာရဲ့ပါးကိုထပ်ပြီး
ဆွဲလိုက်တော့ ရှင်မတောင်သနပ်ခါးမှုန်အချို့က
အဏ္ဏဝါရဲ့လက်မှာကပ်ပါလာလေတယ်။
ထိုလက်ကိုပဲ မွှေးကြည့်လိုက်တော့ ရှင်မတောင်
သနပ်ခါးရဲ့ခပ်သင်းသင်းမွှေးရနံ့ နဲ့အတူ
အလင်္ကာရဲ့ စိတ်လှုပ်ရှားဟန်အကြည့်လေးတစ်ချက်
ကိုပါ အတူရလိုက်တယ်။

"မဆိုးဘူး။ မွှေးသားပဲ။ "

"အမှုန်လေးတောင်အဲ့လောက်မွှေးတာ
ကျွန်တော့်ပါးကိုသာနမ်းကြည့် အဲ့ထက်အများကြီး
မွှေးမှာ "

"မင်း! လိပ်မြေး"

ဒီနေ့အတွက်လည်း အစ်ကို့ကိုအများကြီးချစ်ပါတယ်။




__________________________

#klwin1234
(A/N
SYSTEM 04 ပြီးရင်တော့ update ပိုမြန်ပေးပါ့မယ်။)

Continue Reading

You'll Also Like

490K 54.9K 122
Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် ​မြောက်များစွာ​သော အဓိကဇာတ်​ဆောင်​တွေကိ...
554K 26.7K 41
"ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေ" ၏ Season 2 ဖြစ်ပါသည်။ 18th Creation Start : 9 February 2023 "ပိုင္ဆိုင္ခ်င္ေသာရပ္ဝန္းတစ္ခုအား ပို...
2.3M 152K 104
Doctor Handsome & Medical Student
4.3M 280K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...