Selenophile || NoMin

By Dayeon_Park

32.2K 3.3K 156

(n.) a person who loves the moon || Completed || More

Raison d'être
Volery
Trouvaille
Laconic
Redamancy
Sundreesoro
Herzschmerz
Ephialtes
Lacuna
Busticate
Feuillemorte
selcouth
dystychiphobia
Lastimando
Serendipity
Gunnen
Acrasia
La Douler Exquise
Tacenda
Absquatulate
Selenophile ( 𝓯𝓲𝓷𝓪𝓵 )
ကျေးဇူးတင်လွှာ

Eternal

1.7K 141 8
By Dayeon_Park

Eternal
(n.) lasting or existing forever; without end.

............................

ချစ်စခင်စ အချိန်က အရင်က‌နဲ့ မတူဘူး ။
သူ့ကို အတည်တကျ စကားတွေပြောတတ်လာတဲ့ ၊ ခဏခဏ သူ့ကို ဖက်တွယ်လာတဲ့ ၊ ဟိုးအရင်တုန်းကလို အားရပါးရ ရယ်မောတတ်လာတဲ့ ၊ သူ့အနားနား ကြောင်လေးလို ခွေခေါက်နေတတ်လာတဲ့ ဟန်နီ့ကို သူက တစ်ခါတစ်ရံ အစစ်အမှန်လို့ မခံစားရဘူး ။

ထပ်ပြီး ပျောက်ဆုံးသွားမှာကို ကြောက်တဲ့စိတ်က အချိန်တိုင်း ၀င်နေတာ ဒီတစ်လကျော်အတွင်းမှာ ။

တစ်ခါ .. တစ်ခါ ဟန်နီက သူ့ကို ဒီလိုမျိုး ပြုံးရယ်နေပြီးမှ ထားရစ်ခဲ့ဖူးတာကို သူက အမှတ်ရနေတုန်းပဲ ။
ပျော်ရွှင်နေတဲ့ ဟန်နီ့ကို ကြည့်ရင်း လိုက်ပြီး ပြုံးရယ်နေမိပေမယ့် ကြောက်ရွံ့စိတ်က စိုးမိုးလာတိုင်း သူ့ဟန်နီ့ကို တိုးပြီး ဖက်မိရသည် ။

Mark Hyungတို့ အကုန်လုံးက Violetတို့အိမ်ရောက်နေတော့ ပျင်းတာနဲ့ ရုပ်ရှင်ကြည့်ချင်လို့ဆိုပြီး ဆိုဖာပေါ် ကျကျနနထိုင်နေတဲ့ ဟန်နီ့ရဲ့ပေါင်ပေါ်ကို ပန်းကန်လုံးအကြည်နဲ့ ပေါက်ပေါက်ဆုပ်တွေ ထည့်လာပြီး တင်ပေးတော့ သဘောတကျ ပြုံးပြလာသည် ။

ဆိုဖာဘေးက နေရာအလွတ်မှာ ၀င်ထိုင်ရင်း ဆိုဖာခုံနောက် လက်ကိုဆန့်တန်းမိတော့ ရင်ဘတ်ထဲ သူ့အလိုလို ၀င်ရောက်လာသည့် ဟန်နီက တိုးတိုးဝှေ့ဝှေ့နဲ့ အချွဲသန်တဲ့ ကြောင်ပေါက်ကလေး ။

" သဘောကျလား "

ပြုံးရယ်နေလို့ ရုပ်ရှင်ကို သဘောကျလား မေးမိပေမဲ့ သူ့မျက်လုံးတွေထဲကို ဆင်းသက်လာတဲ့ စွဲညို့ညို့အကြည့်တွေကြောင့် Jenoက ငြိမ်သက်သွားမိရသည် ။

" ငါ မင်းနဲ့ ဒီလိုရှိနေရတာကို သဘောကျတယ် .. "

အမေးတခြား ၊ အဖြေတခြားဖြစ်ပေမဲ့ တည်တည်တံ့တံ့ကလေးဖြေလာသည့် ဟန်နီ့ရဲ့ လေသံအသွားအလာကို သူက ခံစားမိရသည် ။
ဆွေးဆွေးလေး မဟုတ်ပေမယ့် ငေးငေးလေး ပြောနေခြင်းတွေ ..။

" ငါရောပဲ .. "

နှုတ်ခမ်းစွန်းလေး ကော့တက်ရုံ ပြုံးလာတဲ့ ဟန်နီက အဲ့ဒီအတိုင်းလေး သူ့ကိုငေးကြည့်နေတုန်းပဲ ။

" မင်းကို နောက်ထပ်တစ်ခေါက် လက်မလွှတ်တော့ဘူး ..
တကယ်တော့ အခုထိ မယုံနိုင်သေးလို့ ကြောက်နေသေးပေမဲ့ နောက်တစ်ခေါက်သာ မင်းကို လက်လွှတ်ရမယ်ဆိုရင်တော့ ငါတကယ် သေသွားလိမ့်မယ်ထင်တယ် "

ဟာသလိုပြောပေမဲ့ ဟာသမဆန်တဲ့ စကားကြောင့် သူကလည်း ပြုံးပြီးတော့တောင် မပြောဖြစ်သလို ဟန်နီ့ဆီကလည်း ရယ်သံလေးတောင် ထွက်ကျမလာဘူး ။

" မင်းခံစားမိတယ်မလား Jaem ..
ငါ အခုထိ ဘယ်လောက်တောင် ကြောက်နေတုန်းဆိုတာကိုလေ "

ထုတ်မပြောချင်ပေမယ့် .. နည်းနည်းလေး ပိုသက်သာသွားမလားအတွေးနဲ့ အဲ့ဒီလို ထုတ်ပြောမိတော့ တစ်ချက်ကလေးမှ အကြည့်မလွှဲသွားတဲ့ သူ့ဟန်နီက ခုနကလို အပြုံးသေးသေးလေးနဲ့ ပြုံးပြပြီး အဲ့ဒီ ပြုံးနေသည့်နှုတ်ခမ်းတွေကို သူ့နှုတ်ခမ်းတွေပေါ် ထိကပ်လာသည် ။

ခေတ္တခဏလေးပဲ ဆိုပေမယ့် နူးညံ့မှုတွေနဲ့အတူတူ ပျော်၀င်နေတာက အချစ်တွေမှန်း သူခံစားလို့ ရ၏ ။

" ရုတ်တရက် မင်းက နမ်းချင်စရာကောင်းလာလို့ ။
အနမ်းနဲ့ နှုတ်ပိတ်တာ မဟုတ်ပါဘူး ။ ထပ်ပြီး ဖြေရရင် ငါက မင်းဆီကနေ နောက်တစ်ခေါက် ထွက်သွားမှာမဟုတ်ဘူး ဘယ်တော့မှပဲ ။

Jeno .. မင်းသာ ငါ့ကို နှင်မထုတ်ရင် ငါတစ်သက်လုံး မင်းအနားမှာ နေသွားပါ့မယ် ။ ငါ့အသက်နဲ့ ထပ်ပြီး ငါအဲ့တာကို ကတိပေးနိုင်တယ် ။ အဲ့တာကြောင့် အသက်ရှည်ရှည်နဲ့ ငါတို့အကြာကြီး အတူရှိသွားကြမယ် .. "

သူ့ပါးကို အုပ်ကိုင်ထားတဲ့ ဟန်နီ့လက်တွေပေါ်ကို သူကထပ်ပြီး အုပ်ကိုင်မိသည် ။ မျက်ရည်တွေဝဲ‌လာတဲ့ မျက်၀န်းတွေကို မှိတ်ချလိုက်တော့ စီးကျလာသည့် မျက်ရည်တွေကို ဟန်နီက အသာအယာဖယ်သည် ။

" ထပ်ပြီး မင်းဆီကနေ ထွက်လည်း မပြေးတော့ပါဘူး ။ မင်းအပေါ်ထားတဲ့ ငါ့ခံစားချက်တွေကိုလည်း ငါကိုယ်တိုင် လျစ်လျူမရှုတော့ဘူး ။ ငါ အဲ့တာတစ်ခုကို သေချာပြောနိုင်တယ် Jen ..
ရွေးခြယ်စရာ ကိစ္စရပ်တစ်ခုခုများ ထပ်ပြီး ရှိလာခဲ့ရင်တော့ မင်းကိုကျော်ပြီး ဘယ်သူ့ကိုမှ မရွေးတော့ဘူး ။ ဒီတစ်ခါတော့ မင်းငါ့ကို ယုံနိုင်ပါတယ် "

" ငါက မင်းကို ယုံပါတယ် ဟန်နီရယ် "

ဒီတစ်ခေါက်တော့ Jenoက စပြီး ဟန်နီ့ နှုတ်ခမ်းတွေကို ခပ်ဖွဖွ နမ်းလိုက်တော့ ဟန်နီ့ဆီက ရယ်သံသေးသေးလေးကို ကြားရသည် ။ အချစ်တွေအပြည့်နှင့် နူးညံ့မှုတွေ စီး၀င်နေသည့် အနမ်းတစ်ပွင့်ကို ဖွင့်ထားသည့် ရုပ်ရှင်ထဲက ဇာတ်ဆောင်နှစ်ယောက် နမ်းနေတာက မမှီ ။

" ဟန်နီ ဆိုတာကို .. ငါတကယ် သဘောကျတယ် "

" အချစ်လို့ ခေါ်တာကိုလည်း ငါက အများကြီး သဘောကျပါတယ် "

သူပြောလိုက်တဲ့ စကားကြောင့် ရှက်ယောင်သမ်းသွားသည့် ဟန်နီက သူ့ဒိုင်ယာရီကို Jenoဖတ်ထားတာကို မသိသေးဘူး အခုထိ ..။

" ရှက်စရာမလိုပါဘူး .. အခုတော့ အကုန်လုံးက အမှတ်တရပဲလေ ။ ငါတို့က အချင်းချင်း လက်လွှတ်တော့မှာ မဟုတ်ဘူးမလား "

" မင်းက လွှတ်ချသွားရင်တောင် ငါက ပြန်လိုက်ဆွဲထားမှာ "

" ဖြစ်နိုင်တာကိုပဲ ပြောစမ်းပါကွာ .. ငါက ဟန်နီ့ကို ထားသွားစရာရှိပါ့မလား ။ မင်းက အချစ်ကို မယုံဘူးလား "

အဲ့ဒီ နာမည်နဲ့ ပြန်ပြီး စနောက်တော့ ပိုပြီး ရဲတက်လာတဲ့ ဟန်နီ့ရဲ့ နားရွက်ဖျားတွေ ..။
သူ သဘောတကျ အော်ရယ်မိတော့ ဟန်နီ့က သူ့ကို ကျကျနန မျက်စောင်းထိုးလာ၏ ။

" ငါမင်းကို ချစ်လိုက်တာ Jaeminရာ "

မစောင့်ထိန်းနိုင်စွာ အဲ့ဒီစကားသံက ထွက်ကျလာမိတော့ Jaeminက သေသေချာချာပြုံးလာသည် ။
ခုနကအတိုင်း နေရာပြန်ချပြီး ပြန်ဖက်ထားရင်း ရုပ်ရှင်ဆီ သူတို့က မျက်နှာ ပြန်မူမိတော့ ရုပ်ရှင်က ပြီးခါနီးတောင် ဖြစ်လို့နေပြီ ..။

ဆယ့်ငါးမိနစ်ကျော်ကြာပြီးတော့ ရုပ်ရှင်က ပြီးသွားပြီး ပေါက်ပေါက်ဆုပ်ကလည်း ပန်းကန်ထဲမှာ တစ်ခုလေးတောင် မကျန်တော့ ။

" ငါ ဒါသွားသိမ်းလိုက်ဦးမယ် .. ပြီးရင် ခဏ ခြံထဲဆင်းကြမယ်လေ "

Jenoက ပန်းကန်အလွတ်ကို ယူရင်း အဲ့ဒီစကားပြောတော့ သူ့ဟန်နီက ခေါင်းငြှိမ့်ပြသည် ။

" Jeno .. "

မီးဖိုချောင်ဘက်ဆီ လှမ်းနေတဲ့ Jenoကို Jaeminက မတ်တပ်ရပ်ပြီး လှမ်းခေါ်တော့ ခပ်လှမ်းလှမ်းရောက်နေသည့် Jenoက လှမ်းကြည့်လာသည် ။
တစ်ခုခုဖြစ်သလား အထင်နဲ့ ပန်းကန်လုံးကို ဘေးမှာချ သူ့ဆီ ပြန်လာဖို့ ပြင်နေသည့် Jenoက သူ့စကားကြောင့် လမ်းလျှောက်နေရင်းကနေ တန့်သွား၏ ။

" ငါလည်း .. ငါလည်း မင်းကို ချစ်..တယ် "

နှစ်နဲ့ချီ ကြာခဲ့တဲ့ ပင်ပန်းမှုတွေရဲ့ အဆုံးမှာ သူက ဟန်နီ့ဆီကနေ ဒီစကားကို ကြားခဲ့ရသည် ။
ဒါက ဟန်နီ သူ့ကို ချစ်တယ်လို့ ပထမဆုံး ၀န်ခံလာတာ ဖြစ်သည် ။

ဆေးရုံမှာ တွဲကြဖို့ ပြောတုန်းက ပြုံးပြီး လက်ခံခဲ့တဲ့ ဟန်နီက တစ်လကျော် နှစ်လနီးပါးကြာသည်အထိ သူ့ကို ချစ်ကြောင်း တစ်ခါမှ ဖွင့်ဟမပြခဲ့ဖူး ။
အဲ့တာကြောင့်လည်း သူက အရင်ကလို ကြောက်ရွံ့ပြီး ခံစားနေခဲ့ရခြင်းသာ ။

တုန်လှုပ်နေသည့် သူက စကားတစ်ခွန်းပြောဖို့ကို မနည်းအားယူနေရသည် ။
အခုထိကို သူရပ်နေသည့်နေရာမှလည်း တစ်လှမ်းမှ မရွေ့နိုင်သေးပါ ။

" မင်း ခုနက .. ဘာပြောလိုက်တာလဲဟင် Jaem .. "

ခုနက စကားကို တစ်လုံးချင်းပြောနေခဲ့သည့် Jaeminက အခု Jenoပုံစံကို မြင်ပြီး နောက်ထပ်တွန့်ဆုတ်မနေတော့..။

" ငါက မင်းကို ချစ်တယ်လို့ .. အဲ့တာကြောင့်မို့ စိတ်မပူပါနဲ့တော့ .. "

ဖြစ်ခဲ့သမျှ ကိစ္စရပ်တိုင်းကို သူက ဒီစကားတစ်ခွန်းနဲ့ လဲပစ်နိုင်သည် ။
ပင်ပန်းခဲ့ရ ၊ ငိုခဲ့ရတဲ့ အချိန်တွေတိုင်းက သူ့ကို အခုတော့သူက ဒီစကားကို ကြားရပါပြီဆိုပြီး အားပေးချင်လာသည် ။

ဒါပေမဲ့ အခုတော့ သူ့ဘာသာအရင် ၀မ်းသာပြီး မျက်ရည်က ထပ်ကျလာပြန်သည် ။
ဒုက္ခပဲ .. ဟန်နီနဲ့ ပတ်သက်လာတဲ့အခါ သူ့နှလုံးသားက ရူးလောက်အောင် အထိအခိုက်လွယ်သည် ။

တဒိတ်ဒိတ်ခုန်နေသည့် ရင်ခုန်နှုန်းက မြင်းရိုင်းတွေ ဒုန်းစိုင်းသွားနေသလို ။
ဟန်နီ့ကိုပြေးဖက်တော့ သူ့ကိုတင်းတင်းကြပ်ကြပ် ပြန်ဖက်လာသည့် လက်တွေ ..။

" တကယ် ကျေးဇူးတင်ပါတယ် Jaem .. "

" ကျေးဇူးတင်စရာ မလိုပါဘူး .. အချစ်ရယ် "

သူ့ကျောကို ခပ်ဖွဖွပုတ်ပြီး ချော့မြူသည့် ဟန်နီက ထပ်ပြီး အဲ့ဒီလို ခေါ်တော့ သူက ပိုပြီး ရောဂါတက်ရပြန်သည် ..။

" ဟန်နီက တကယ်ဆိုးတာလေးကွာ .. "

နှစ်ယောက်အတူတူ ရယ်မိကြရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်မိသည် ။
စိုးရွံ့နေသည့် လက်တွေမဟုတ်ဘဲ ဟန်နီ့ပခုံးကို ဟန်ပါပါဖက်ရင်း သူတို့နှစ်ယောက် ခြေလှမ်းတွေက ခြံထဲကို ဦးတည်လိုက်ကြသည် ။

အဲ့ဒီနေ့က နေက ပူခြစ်တောက်အောင် သာမနေဘဲ ‌မိုးအုံ့လို့ ချမ်းစိမ့်စိမ့်လေးပါ ဖြစ်နေခဲ့သည်တဲ့ ။

.........

အချိန်တွေက တကယ်ကို ခပ်မြန်မြန်ကုန်သွားသည် ။
အပေးအယူတည့်တည့်နဲ့ သူတို့နှစ်ယောက်ရဲ့ အချစ် ၊ သူတို့ဆက်ဆံရေးလေးက အလှပဆုံး တည်ရှိနေဆဲ ။

နောက်နှစ်လအတိဆို သူတို့နှစ်ယောက် စတွဲခဲ့တာ သုံးနှစ်ပြည့်ပြီ ။
ဒီနေ့ကတော့ နှစ်နှစ်နဲ့ ဆယ်လပြည့် ။
Jenoက ကိုရီးယားကို ပြန်ရောက်နေတဲ့ သူ့သူငယ်ချင်းတွေနဲ့အတူ ၊ ပြီးတော့ Benရယ် Aliceရယ်ရဲ့ အကူအညီနဲ့ရော ကိစ္စလေး တစ်ခုကို စီစဉ်ထားသည် ။

တစ်အိမ်တည်း အတူတူနေသည့် ဟန်နီက သိမည်မဟုတ် ။
နေ့လည်ပိုင်းဆို Jenoက ဖေဖေ့ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားသည့် ကုမ္ပဏီမှာ အလုပ်သွားလုပ်သလို Jaeminကလည်း အိမ်အတွင်းပိုင်း အပြင်အဆင်မျိုးဘက် သဘောကျလို့ဆိုပြီး အသီးသီး အလုပ်ကိုယ်စီနဲ့ ဖြစ်နေကြတာကတင် တစ်နှစ်ကျော်ပြီ ။

ဒါပေမယ့် အလုပ်ချိန်ကလွဲရင် အိမ်ပြန်ရောက်တာနဲ့ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သေချာ အချိန်ပေးဖြစ်ပြန်တော့ သူတို့ဆက်ဆံရေးက တကယ်ကို ပူပူနွေးနွေးလေး ။

ညနေပိုင်းတွေမှာ အတူတူ ဈေး၀ယ်ထွက်တာမျိုး ၊ ညနေစာထွက်စားတာမျိုး လုပ်လေ့ရှိပြီး အဲ့တာမျိုး မလုပ်တဲ့ရက်ဆို ရုပ်ရှင်ကြည့်ရင်း အနမ်းတွေဖလှယ်ကြတာမျိုး ။

သူတို့ကို Aliceနဲ့ Benကတော့ ရည်းစားဦးတွေနဲ့ တူသည်ဆိုပြီး အမြဲစသည်အထိ သူတို့က သည်းသည်းလှုပ်ကြတုန်းပင် ။

" Hello .. Jaem "

" အင်း .. "

" ညနေ ဟိုတစ်ခေါက်က သွားတဲ့ Benရဲ့ သူငယ်ချင်းဆိုတဲ့တစ်ယောက် စားသောက်ဆိုင်မှာ Bookingတင်ထားတယ် ။ ခြောက်နာရီကျ အလုပ်ပြီးတယ်မလား "

" အွန်း လာခဲ့မယ် ။ အခု Customerက တအားးးးးရစ်တာပဲ "

သူ့ကို ချွဲပြောနေသည့် Jaeminက ခြေဆောင့်နေဦးမလား တွေးမိတော့ ပြုံးမိရသေးသည် ။ သူ့ဟန်နီက ကလေးဆန်သည့်ကောင်လေး မဟုတ်ပါလား ..။

" အဲ့ Customerကို ရိုက်ထုတ်လိုက် "

" အိုကေ .. တော်ပြီ ။ ငါအလုပ်ပြုတ်သွားလိမ့်မယ် "

Jaeminက အဲ့လိုပြောတော့ Jenoက ရယ်သည် ။

" အားတွေ အပြည့်ဖြည့်ပေးလိုက်မယ် ငါ့အချစ်တွေ ဖမ်းထား ။ ငါလည်းအလုပ်များနေလို့ဖုန်းချလိုက်တော့မယ် "

" အွန်း .. ဂရုစိုက်ဦး "

Jaeminကို ဖုန်းဆက်ပြီးတာနဲ့ Jenoက စားသောက်ဆိုင်မှာ အတူတူဝိုင်းပြီး ပြင်ဆင်ရတော့သည် ။
သူနဲ့အတူ Alice နဲ့ Benကပါ ရောပြီး ကူညီပေးနေသည်မို့ သိပ်တော့ ပင်ပန်းစရာမလို ။

ဒါပေမဲ့ ရင်က တအားကိုခုန်နေသည်မို့ သူ့မှာ အကုန်လုံးကို စိတ်ပူနေရသည် ။

" Jen .. Everything will be okay . You know it , Right ?"

" I know Ben .. I'm just so excited "

သူ့အပြောကို Benက ရယ်ပြီးတော့ သူ့ပခုံးကို ပုတ်လာသည် ။

တစ်ဆိုင်လုံးမှာမှ စားပွဲဝိုင်းလေး တစ်ခုနဲ့ ထိုင်ခုံလေးနှစ်ခုံရယ် ၊ ‌ရှေ့တည့်တည့်မှာ Projector တစ်ခုရယ်နှင့် နှင်းဆီနီနီတွေက စားပွဲဝိုင်းရဲ့အလယ်မှာ လှလှလေး နေရာယူထားသေးသည် ။

ခြောက်နာရီထိုးခါနီးတော့ အရာအားလုံးက အဆင်သင့်ဖြစ်နေသလို သူကလည်း အဆင်သင့်ဖြစ်နေပြီ ဖြစ်သည် ။

Ben , Aliceနဲ့ အတူတူ Violetကပါ ‌ဆိုင်တံခါးနောက်မှာ ပုန်းနေကြသည် ။

" အချစ် .. ငါ ဆိုင်ရှေ့ရောက်ပြီ "

" ငါစောင့်နေတယ် .. လာခဲ့တော့‌လေ "

ဖုန်းချပြီး ဆိုင်ထဲ၀င်လာတဲ့ ဟန်နီက စားပွဲဝိုင်းတစ်လုံးတည်း ရှိနေသည့်ဆိုင်ကို အူကြောင်ကြောင်လေးကြည့်သည် ။

" ဒါက ဘာတွေတုန်း "

" ဒီညနေ ဆိုင်ပိတ်မယ်ဆိုလို့လေ .. အဲ့တာကြောင့် ငါတို့ပဲရှိနေတာ "

" ဟုတ်လို့လား "

" ငါတို့ anniနဲ့ ကိုက်သွားလို့ ငါက ပိတ်မယ်ဆိုလည်း ငါ့ကို ငှားခိုင်းပြီး ပြင်လိုက်တာ "

မသေချာသလိုပေမဲ့ ယုံကြည်လိုက်တဲ့ Jaeminက Jenoထုတ်ပေးသည့် ခုံမှာ ထိုင်လာသည် ။ Jenoက အစားအစာတွေကို သေချာပြင်ပေးပြီးမှ ပြန်ထိုင်ပြီး အတူတူ စစားကြတော့သည် ။

စားလို့ ပြီးတော့ ပြန်မယ်ပြင်နေသည့် Jaeminကို ရုတ်တရက် ထိတ်လန့်သွားစေတာက Projectorမှာ ပေါ်လာသည့် မျက်နှာတွေပင် ။

" Hiiiiiiii !!! "

လန့်ပြီး ထခုန်မတတ် ဖြစ်သွားသည့် Jaeminက Jenoဘက်ကို တိုးကပ်သွားပြီးမှ ဘာတွေလဲဆိုတာ သေချာကွဲတော့သည် ။
တခြားမရှိသည့် သူတို့သူငယ်ချင်း ငါးယောက်သာ ။

" နှောင့်ယှက်ရတာ စိတ်မရှိပါနဲ့ ။ ဒါပေမဲ့လည်း ဖုန်းခေါ်ချင်စိတ်က ထိန်းမရတော့လို့လေ အဟမ်း "

ဆရာကြီးလေသံနဲ့ ပြောလာသည့် Hyuckကို Renjunက နောက်ကနေ တစ်ချက် ပိတ်တီးလိုက်တော့ ကျန်တဲ့သုံးယောက်က ပွဲကျနေသည် ။

" ပျော်ရွှင်စရာ နှစ်နှစ်နဲ့ ဆယ်လပြည့် နှစ်ပတ်လည်ပါ ။တကယ်တော့ ငါတို့ငါးယောက်က မင်းတို့ကို ပြောစရာရှိလို့ .. အဲ့တာကြောင့် ဖုန်းဆက်လိုက်တာ "

" အင်း "

Jaeminရဲ့ ခါးကို Jenoက ဖက်ပြီး သူ့ဘက်ကို တိုးလာသည် ။ မီးရောင်မှိန်မှိန်လေးအောက်မှာ သူ့ကို ပြုံးကြည့်နေသည့် Jenoက တကယ်ကို တောက်ပနေတာ ။

" ကျေးဇူးပြုပြီး ငါတို့ကို ခဏကြည့်ပေးပါဦး "

ထပ်ပြီး Hyuckက ပြောလာတော့ သူတို့နှစ်ယောက်က ရှေ့ကို လှည့်ကြည့်မိလိုက်ရသည် ။

" မင်းကို မေးချင်လို့ Jaem ..
အနာဂတ်မှာ မင်းအနား Jenoမရှိတော့ဘူးဆိုရင် မင်းဘယ်လို ခံစားရလောက်မလဲ "

ပထမဆုံး Mark Hyungမေးလာသည့် မေးခွန်းက သူ့ကို တုန်လှုပ်သွားစေသည် ။

" မပြောတတ်ဘူး .. ကျွန်တော် အဲ့တာကို မတွေးဖြစ်ဖို့ ကိုယ့်ကိုကိုယ် အမြဲတမ်း ဖိအားပေးမိတယ် ။ ကျွန်တော် မနေနိုင်လောက်ဘူး ။ တွေးရုံနဲ့တင် ကြောက်တယ် " 

Jaeminက ရိုးရိုးသားသားဖြေသည် ။
သူ့ကိုဖက်ထားသည့် Jenoရဲ့ လက်တွေက တင်းတင်းကြပ်ကြပ် ။

" Jenoက မင်းကို ယုံကြည်တာနဲ့ မင်းက သူ့ကိုယုံကြည်တာ ဘယ်သူကပိုပြီးများမယ်ထင်လဲ "

" အဲ့တာကတော့ အတူတူပဲ ထင်တယ် ။ ငါတို့နှစ်ယောက်က ဒီဆက်ဆံရေးကို ညီညီမျှမျှနဲ့ တည်ဆောက်ထားတာပဲလေ "

Renjunရဲ့ မေးခွန်းကိုလည်း သူက ထူးထူးခြားခြားကြီး စဉ်းစားစရာမလို ။

" Jenoက နောက်တစ်ယောက်ရှာတွေ့သွားရင်ရော "

Hyuckကတော့ တကယ့်ကိုရိုက်ပေါက် ။ ဒါပေမဲ့ ဒီမေးခွန်းကို သူက ရယ်ပြီးပဲဖြေမိသည် ။

" သူ လုံး၀ နောက်တစ်ယောက် ရှာမတွေ့နိုင်ဘူး ။
အထူးသဖြင့် သူ့နှလုံးသားထဲကို နောက်ထပ်လူတစ်ယောက် မထည့်နိုင်တာ ငါအာမခံတယ် "

Jenoကလည်း အတူတူလိုက်ရယ်သည် ။ Hyuckကတော့ နောက်ထပ်တစ်ချက် Renjunလက်စာ မိသွားပြန်၏ ။

" Jaemin Hyung .. Hyungကရော နောက်ထပ် Jeno Hyungကို လူတစ်ယောက်ကို ချစ်နိုင်ဦးမယ်ထင်လား "

" ‌မင်းတို့မေးခွန်းတွေကို ငါတော့ လိုက်မမှီတော့ဘူး ။
အခုအချိန်မှာ သူ့ကို အချစ်ဆုံးပဲဖြစ်ပြီး နောက်လည်း သူ့ကိုပဲ ချစ်သွားဦးမှာမို့ ။ ဒီမေးခွန်းကတော့ လုံး၀ ငြင်းဆိုစရာပဲ ။ သူမရှိဘူးဆိုတာကို‌တောင် မတွေးရဲပါဘူးဆို နောက်ထပ်တစ်ယောက် ထပ်ကြိုက်စရာလား "

စိတ်ပေါက်လာတဲ့ Jaeminက ရန်ထောင်ဟန်နဲ့ လက်သီးလေးပါ ဆုပ်ပြတော့ ကိုရီးယားက ငါးယောက်က ဝါးလုံးကွဲ ထရယ်သည် ။

" Jisunggieကရော ဘာမေးဦးမှာလဲ "

သူက ကြိုသိစွာ မေးမိတော့ Jisungက ပြုံးသည် ။

" Hyungက Jeno Hyungကို တစ်သက်လုံး။လက်တွဲသွားနိုင်မယ်ထင်လား .. အခုလိုမျိုး အချစ်တွေ အပြည့်နဲ့ပဲလေ "

" အင်း .. ငါထင်တယ် ။ ငါတို့ တစ်ယောက်ကိုတစ်ယောက် လက်မလွှတ်ဘဲ တစ်သက်လုံး ဆွဲထားနိုင်ကြမယ်လို့ "

ငါးယောက်လုံးက လက်ခုပ်ထတီးတော့ Jaeminက ကြောင်‌တောင်တောင်လေး ဖြစ်နေသည် ။
အဲ့ဒီအချိန်မှာ ပုန်းကွယ်နေတဲ့ တံခါးနောက်က Violetက ထွက်လာပြီး ဆိုင်းဘုတ်လေး တစ်ခုကို ကိုင်ထားသည် ။

" Violet .. baby "

ဒါပေမဲ့ နောက်ကို ချက်ချင်း ပြန်၀င်သွားသည်မှာ သူလိုက်မမီ ။
သူက Violetကို ဂရုစိုက်မိတော့ သူ့ခါးကနေ Jenoလက် ဖြုတ်သွားတာကို မသိ ။

" Jaem .. "

ခေါ်သံကြောင့် တစ်ဖက်လှည့်လိုက်ချိန်မှာတော့ Jenoက သူ့ကို ပြုံးပြီးကြည့်လို့နေသည် ။

" Happy 2Years And 10months Anni "

လက်ကလေးကို ဆန့်ပေးထားတော့ သူက ရှေ့ကို တိုးသွားလိုက်သည် ။
နဖူးပေါ် ခပ်ဖွဖွ ထပ်တင်လာတဲ့ အနမ်းက တကယ်ကိုမှ ဖွဖွကလေး ။
သူကတော့ သိပ်သဘောကျသည် ။

ခါးနှစ်ဖက်ကို လျော့လျော့ဖက်လို့ သူ့မျက်လုံးတွေထဲကို စိုက်ကြည့်လာသည့် Jenoကို သူက ပြုံးပြမိသည် ။

" Jaem .. အများကြီး ပင်ပန်းခဲ့ပေမဲ့ အများကြီး တောင့်ခံခဲ့ပြီး ငါတို့အခု ဒီအချိန်အထိ အတူတူရှိဖို့ ကြိုးစားပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ။
ငါက မင်းကို အများကြီးချစ်တာ မင်းသိတယ်မလား ..။
ဟန်နီ့ကို ငါက ရူးလောက်အောင် မြတ်နိုးပါတယ် ။

နှစ်တွေချီခဲ့ပေမဲ့ မင်းကို မြင်နေရရင်ကို ဒီနေရာက တအားခုန်နေတုန်းပဲ ။ နေ့တိုင်း ‌နေ့တိုင်း ငါက ပိုပိုတိုးပြီး မင်းကို ချစ်လာတယ် ။

ခုနက မင်းရဲ့ အဖြေတွေကို ငါကောင်းကောင်း လက်ခံရရှိပါတယ် ။ ငါမရှိဘူးဆိုတာကို တွေးစရာမလိုအောင် ငါကမင်းကို တစ်သက်လုံး ထားသွားမှာ မဟုတ်ဘူး ။ ငါ့ကို မင်းက ယုံကြည်ထားတဲ့အတိုင်း နောက်ထပ်တစ်ယောက်ဆိုတာ ငါသေသွားရင်တောင် မရှိစေရပါဘူး ။ ငါတို့ ဒီလိုအတိုင်းလေး တစ်သက်လုံး လက်တွဲသွားကြမယ် ။

ဒါပေမဲ့ .. "

သူ့ကို ဖက်ထားတဲ့ လက်တွေကို ဖြုတ်ပြီး နောက်ကို နှစ်လှမ်းဆုတ်သွားသည့် Jenoကြောင့် မျက်ရည်တွေဝဲနေရင်း သူက ကြောင်သွားသည် ။

" ဒါပေမဲ့ ? "

သူက စကားသံလေး ထွက်မိတော့ Jenoက ပြုံးရင်း ဒူးတစ်ဖက်ကို ထောက်ချလာသည် ။
ရုတ်တရက် ကြောင်စီသွားသည့် Jaeminက အခုမှ သူ့ခေါင်းထဲမှာ မနည်းနား‌လည်အောင် စီနေဟန် ပေါ်သည် ။

" ဒါပေမဲ့ .. ငါက မင်းကို အတည်တကျပိုင်ဆိုင်တဲ့လူဖြစ်ပြီး မင်းရဲ့အမျိုးသား ဖြစ်ချင်တယ် ။
မင်းကို တစ်သက်လုံး အိမ်ထောင်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ စောင့်ရှောက်ပြီး ချစ်မြတ်နိုးသွားချင်ပါတယ် ။

အဲ့တာကြောင့် ငါ့ကို လက်ထပ်နိုင်မလား Na Jaemin "

ဘောင်းဘီအိတ်ကပ်ထဲက လက်စွပ်ဘူးလေးကို ထုတ်ပြီး ရှေ့တိုးပြတော့ ဟန်နီက မျက်ရည်တွေကျပြီး သူ့ကို ငေးကြည့်သည် ။

ဟန်နီမသိနိုင်လောက်ဘူး .. အခု သူ့ရင်ခွင်ထဲမှာက တကယ်ကို မြင်းအကောင်တစ်ထောင်လောက် ပြေးနေကြသလို ခံစားနေရတာ ။

အခုကျမှ Timingအတိအကျနဲ့ ပြေးထွက်လာတဲ့ Violetက Will You Marry Me ? ဆိုတဲ့ ဆိုင်းဘုတ်လေးကို ကိုင်ထားတယ် ။

" Will you marry me , Jaem .. huh ? "

" Yes .. yes .. yes I Do !! "

မျက်ရည်တွေကြားကနေ လက်ကလေးကို ကမ်းပေးလာတော့ Jenoက လက်စွပ် စွပ်ပေးဖို့တောင် တုန်ယင်နေသည် ။
Jaeminရဲ့ လက်သူကြွယ်မှာ ကွက်တိကျနေတဲ့ လက်စွပ်ကနေရာယူပြီးတော့ Jenoက ထပြီး Jaeminကို ဖက်ထားမိသည် ။
သူတို့က ဖက်ပြီး အတူတူငိုနေကြချိန်မှာ Benနဲ့ Aliceက Confetti Canalကို ကိုင်ပြီး ထွက်လာကြရင်း သူတို့ပေါ် ဖောက်ချပစ်လိုက်၏ ။

Jenoက Jaeminနှုတ်ခမ်းပါးတွေကို နမ်းလာသည် .. တကယ်ကို သဘောတကျ ။
Projectorပေါ်က ငါး‌ယောက်ကလည်း ခုန်ပေါက်နေတာ ကမ္ဘာပျက်မတတ် ၊ Markကတော့ Violetမျက်လုံးကို ပိတ်ထားဆိုပြီး Benကို ထအော်နေသည်မို့ သူတို့နှစ်ယောက်က နှုတ်ခမ်းချင်း ထိစပ်နေရင်းကကို ရယ်မိကြသည် ။

အဲ့ဒီလို ဂယက်တစ်သိန်းနဲ့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ နေ့မှာ Jenoက သူလိုချင်သည့် အဖြေကို ရရှိခဲ့သည် ။
ပြီးတော့ တကယ်ပျော်ရွှင်နေသည့် သူ့ဟန်နီကို ပိုပြီးသဘောတကျ ငေးမောနေခဲ့သည် ။

.........

" Na Jaemin ssi .. Lee Jeno ssiကို ဆင်းရဲ ချမ်းသာ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ပါစေ .. ၀မ်းနည်းရတာ ၊ ၀မ်းသာရတာ ဘယ်လိုအခိုက်အတန့်မျိုးမှာ ဖြစ်ပါစေ .. သူနဲ့အတူတူ မခွဲမခွာ ရှိနေပြီး တစ်သက်လုံး ဒီလူကို မင်းရဲ့အမျိုးသားအဖြစ် ပေါင်းသင်းသွားနိုင်မလား ။
မင်းက Lee Jeno ssiကို မင်းရဲ့ အမျိုးသားအဖြစ် လက်ခံပါသလား "

ဖာသာရဲ့ ပြောစကားတွေကို Jenoကို ကြည့်ပြီး  မျက်ရည်တွေ ဝဲရင်း Jaeminက ပြုံးပြီး ပြန်ဖြေသည် ။

" ကျွန်တော်လက်ခံပါတယ် "

သူ့လက်ကို ဆွဲကိုင်လာသည့် Jenoရဲ့ လက်တွေ ။
သူက မထိန်းနိုင်ဘဲ မျက်ရည်ကျလာတော့ Jenoက ရယ်သည် .. ပြုံးပြနေရင်း သူကပါ မျက်ရည်တွေ လိုက်ကျလာသည့် Jenoကြောင့် သူက ဆုပ်ကိုင်ထားသည့် လက်နှစ်ဖက်ကို လက်မလေးနှင့် ပွတ်သပ်ပြီး ပြန်ချော့ရသေးသည် ။

" Lee Jeno ssi .. မင်းကရော Na Jaemin ssiနဲ့ အေးအတူ ပူအမျှ မခွဲမခွာ နေသွားဖို့ ကတိသစ္စာ ပြုနိုင်ပါသလား ။ ပျော်ရွှင်နေရချိန်ဖြစ်စေ ၊ ပူဆွေးနေရချိန်ဖြစ်စေ တစ်ယောက်ကို တစ်ယောက် အားပေးပြီး ဒီလူ့ကို အမြဲတမ်းချစ်မြတ်နိုးသွားနိုင်ပါသလား ။ မင်းက Na Jaemin ssiကို မင်းရဲ့ အမျိုးသားအဖြစ် လက်ခံနိုင်ပါသလား "

" ကျွန်တော်က .. သေချာပေါက် လက်ခံပါတယ် "

ပြုံးနေရင်းကနေ မျက်ရည်တွေကျပြီး ပြောလာသည့် Jenoက Jaeminရဲ့ မျက်လုံးတွေထဲကို ငေးကြည့်လာသည် ။ တဒိတ်ဒိတ်ခုန်နေသည့် နှလုံးခုန်သံတွေက တကယ်ကို ထပ်တူကျနေတာ သူတို့ပဲသိသည် ။

" အခုကစပြီး Lee Jeno နဲ့ Na Jaeminတို့က လက်ထပ်ပြီးတဲ့သူတွေ ‌ဖြစ်သွားပါကြောင်း ကြေညာလိုက်ပါပြီ "

ထိစပ်သွားတဲ့ နှုတ်ခမ်းနှစ်စုံကြောင့် ‌အောက်ကနေ ဝိုင်းအော်ကြသည့် လူအုပ်ကြီးနှင့် သူငယ်ချင်းတွေ ။
အော်ရင်း ငိုနေသည့် သူငယ်ချင်းနှစ်ယောက်ကိုက ဘေးက သုံးယောက်က ဝိုင်းထိန်းရသေးသည် ။
သူတို့ ထိန်းမနိုင်လို့ လွှတ်ထားရတာကတော့ အငယ်ဆုံး ညီမလေးကို ဖြစ်သည် ။
ခွင့်ယူပြီး ကိုရီးယားက မင်္ဂလာပွဲကို လာတက်သည့် Ben , Aliceတို့ကလည်း မျက်ရည်လေးတွေ လည်နေကြ၏ ။

နူးညံ့ညံ့အနမ်းကနေ ခွာပြီး နဖူးချင်းတိုက်ထားမိတော့ သူတို့အချင်းချင်း ရယ်ပြမိကြသေးသည် ။
မျက်ရည်စက်တွေနဲ့ အနမ်းပေမဲ့ ဒီအနမ်းက အလှဆုံးပဲထင်သည် ။

Mic နှစ်ချောင်း စင်ပေါ်ကို ပေးလာတော့ Jenoက ပြုံးပြီး လှမ်းယူသည် ။ ပြီးတော့ Jaeminကို တစ်ချောင်းပေးပြီး သူက စကားစပြောသည် ။

" တကယ်တော့ ကျွန်တော် ဒီအခိုက်အတန့်ကို ရောက်လာမယ်လို့ .. ကျွန်တော်က ဒီလို Jaeminကို ပိုင်ဆိုင်နိုင်မယ်လို့ .. လွန်ခဲ့တဲ့ သုံးနှစ်ကျော်တုန်းက ကျွန်တော်က တွေးတောင် တွေးနိုင်ခဲ့မှာမဟုတ်ဘူး ။

ဟန်နီ့ကို ကျွန်တော်က သိပ်ကို သဘောကျခဲ့တာ ။
ဒါပေမဲ့ ကျွန်တော် ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူးဆိုပြီး ကျွန်တော်က သူ့ကိုလက်လွှတ်ပစ်ဖို့ ကြံစည်ခဲ့ရဖူးတယ် ။
အရမ်းကို ပင်ပန်းခဲ့တဲ့နေ့တွေ ၊ ပြီးတော့ ငိုခဲ့ရတဲ့နေ့တွေ .. တကယ်ကို .. တကယ်ကို အများကြီးပဲ ရှိခဲ့တာ ။

အခုက ကျွန်တော် ၀မ်းနည်းလို့ ငိုနေတာ မဟုတ်ဘူးနော် .. ဒါပျော်နေတာပါ .. ပျော်လွန်းလို့ မျက်ရည်က ကျနေတာ "

စကား အရှည်ကြီးကို ငိုပြီး ပြောနေရင်းက Jenoက ရုတ်တရက် သူ့ကိုငိုကြောင်း မထင်စေချင်လို့ အဲ့ဒီစကားကို ရယ်ပြီးပြောတော့ Jaeminက လိုက်ငိုနေရင်းက ပြုံးမိရသည် ။

" ကျွန်တော်ကပဲ အကုန်လုံးကို တစ်ဖက်သတ်တည်းကနေ ရူးနှမ်းနေတာလို့ ထင်ခဲ့ပြီး လုံး၀ပစ်ပစ်ခါခါ နှင်ထုတ်တာလည်း ခံခဲ့ရဖူးတယ် ။ ခင်ဗျားတို့ နားမလည်နိုင်လောက်အောင် ကျွန်တော် နာကျင်ခဲ့ရဖူးပါတယ် ။ နောက်ဆုံးမှာ ကျွန်တော်က ဒီအတိုင်း အသက်ရှင်မလား .. ရောဂါနဲ့သေမလားဆို‌တဲ့ အခြေအနေထိ ရောက်ခဲ့တယ် ။

ဟန်နီက ကျွန်တော့်ကို ကယ်ခဲ့တဲ့သူပါ ။
သူ့အသက်ကို မငဲ့ဘဲ ကျွန်တော့်ကို သူ့အသည်းတစ်ခြမ်း ပေးခဲ့တယ် ။ တစ်ချိန်လုံး ကျွန်တော် တစ်ယောက်တည်းကပဲ ခံစားပြီး နာကျင်နေခဲ့ရတယ်ဆိုတဲ့ အဲ့ဒီအတွေးက လူနာကုတင်ပေါ်မှာ သတိမေ့နေတဲ့ သူ့ကို မြင်လိုက်ရတဲ့အချိန်မှာ အကုန်လုံး ပျောက်ဆုံးသွားခဲ့တာပဲ ။

ကျွန်တော်က ပိုချစ်တယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မပြောနိုင်ခဲ့ဘူး ။ ကျွန်တော်က ဟန်နီ့ကို ဘယ်လောက်တောင် ရူးရူးနှမ်းနှမ်း ချစ်လိုက်ရသလဲဆိုတာ ကျွန်တော်ကလွဲရင် ဘယ်သူကမှ ခံစားနိုင်မှာ မဟုတ်ပေမဲ့ .. ကျွန်တော်က ပိုချစ်တာပါဆိုပြီး သူ့အချစ်တွေကို မနှိမ့်ချရဲလောက်အောင် ဟန်နီက ကျွန်တော့်ကို ချစ်ပေးခဲ့တာပါ ။

အဲ့တာကြောင့် ဒီလူအုပ်ကြီးကို သက်သေတည်ပြီး ကျွန်တော် သစ္စာဆိုပါ့မယ် ။ ကျွန်တော် Lee Jenoက Na Jaeminကို ၀မ်းနည်း နာကျင်ရအောင် မလုပ်ဘဲ ၊ မထိခိုက် မပင်ပန်းစေရဘဲ တစ်သက်လုံး ပျော်ရွှင်အောင်ထားပြီး ချစ်မြတ်နိုးသွားပါ့မယ် ။

ပြီးတော့ ..
ငါ့ကို မင်းကိုပိုင်ဆိုင်ခွင့် ပေးလို့ ကျေးဇူးတင်ပါတယ် ဟန်နီရယ် ..။
မင်းက အခုလို အဖြူရောင်နဲ့ အလိုက်ဆုံးပဲ ။
ငါ မင်းကို တကယ် ရူးလောက်အောင် ချစ်ပါတယ် "

Jenoက Jaeminလက်ကို သေ‌သေချာချာ ဆုပ်ကိုင်ရင်း အဲ့ဒီစကားကို အဆုံးသတ်ပြီး ငိုသည် ။ တကယ်ကို နင့်နင့်သည်းသည်း ငိုနေတဲ့ Jenoက ၀မ်းနည်းလို့ ငိုတာမဟုတ်ကြောင်းတော့ ရှင်းပြထားပြီး ဖြစ်၏ ။

Jenoကို ဖက်ထားပြီး အတူတူငိုနေသည့် Jaeminက ကျောကို ခပ်ဖွဖွပုတ်တော့ စင်အောက်ကလူတွေက လက်ခုပ်ထတီးသည် ။ ခဏအကြာ Jenoက မျက်ရည်တွေသုတ်ပြီး ပြန်ရပ်ပြီးမှ Jaeminက သူ့ Micကို နှုတ်ခမ်းနားမှာ တေ့ထားလိုက်ပေမဲ့ .. ဘာစကားမှ ထွက်ကျမလာ ။

" ဘယ်က .. ဘယ်ကနေ စပြောရမှန်းမသိဘူး "

ရှိုက်သံသေးသေးလေးနဲ့ micကို ကိုင်ပြီး အဲ့ဒီစကားကို အရင်စပြောတော့ လူအုပ်ကြီးက မျက်ရည်တွေလည်နေရင်း ပွဲကျကုန်ကြသည် ။

" Jenoက .. Jenoက ကျွန်တော့်အတွက် မှောင်မည်းနေတဲ့ အခန်းထဲ ၀င်လာတဲ့ အလင်းရောင်လေးလို ဖြစ်တည်မှုမျိုးပါ ။ ဟုတ်ပါတယ် .. သူ ခုနက ပြောခဲ့သလို ကျွန်တော်က တကယ်ကို ပစ်ပစ်ခါခါ သူ့ကို နှင်ထုတ်ခဲ့ဖူးတယ် ။ ဘယ်လိုမှ ငြင်းဆန်မရတဲ့ အခြေအနေတွေ ရှိခဲ့တဲ့ အချိန်တုန်းက ကျွန်တော့်အတ္တကိုပဲ ရှေ့တန်းတင်ပြီး သူ့ကို အမြဲ နာကျင်စေခဲ့ဖူးပါတယ် ။

နှစ်ယောက်လုံး နာကျင်ရ ၊ ပင်ပန်းရတာကို သိနေတာတောင် ကျွန်တော်က သူ့ကို မရွေးခြယ်ခဲ့ဘဲ သူလည်း နာကျင်ပြီး ကျွန်တော်လည်း နာကျင်နေရတာကိုပဲ ရွေးခြယ်ခဲ့တယ် ။
ပြန်တောင် မတွေးချင်တော့တဲ့ အဲ့ဒီအချိန်တွေထဲမှာ ကျွန်တော်တို့ နှစ်ယောက်က ရူးမသွားခဲ့ကြတာ ကံကောင်းပါလားလို့ .. စဉ်းစားမိတဲ့ အချိန်တွေလည်း ရှိတယ် ။

နှစ်နဲ့ချီအောင် သူ့ကိုနည်းမျိုးစုံနဲ့ နှင်ထုတ်ခဲ့ပေမယ့် အမြဲတမ်း သူက ကျွန်တော့်ဘေးနားကိုပဲ ပြန်ရောက်လာခဲ့တယ် ။
ပိုင်ဆိုင်ဖို့ ကြိုးစားတာမျိုး မဟုတ်ဘဲ ဒီအတိုင်း ကျွန်တော့်ဘေးနားမှာပဲ ရှိနေပေးခဲ့တဲ့သူ့ကို ပြုံးရယ်ပြဖို့တောင် ခက်ခဲခဲ့တဲ့ နေ့ရက်တွေ ရှိခဲ့ဖူးတယ် "

ကွဲကွဲအက်အက် အသံတွေနဲ့ စကားပြောပြီး ဆက်တိုက်ကျနေတဲ့ မျက်ရည်တွေကို သူ့ကို ပခုံးကနေဖက်ထားတဲ့ Jenoက လိုက်သုတ်ပေးသည် ။
ရှိုက်သံသေးသေးလေးတွေက စကားတွေထဲ စွက်ပြီး ပါနေပေမယ့် လူတွေ မျက်ရည်လည်ရလောက်စရာတော့ အသံက ကြည်လင်နေသေး၏ ။

" ကျွန်တော်က ကံ‌အကောင်းဆုံးလူပဲလို့ ကျွန်တော်ထင်ပါတယ် ။ Jenoက ကျွန်တော့်ကို နောက်ဆုံး မဖြစ်မနေဆိုတဲ့ ကိစ္စရပ်ကြီး ဖြစ်မလာခင်အထိ လက်လွှတ်ဖို့ မတွေးခဲ့ဘူး ။ ကျွန်တော့်ကို လက်လွှတ်လိုက်တော့မှာလို့ ပြောပြီးတာတောင် သူက ကျွန်တော့်ကို တကယ်လွှတ်မချခဲ့ပါဘူး ။

တကယ်ကို ခက်ခဲခဲ့တဲ့နေ့ရက်တွေ ရှိခဲ့တာပါ ။
သူခုနကပြောသလို .. ကျွန်တော်တို့ ဒီလို ပေါင်းဖက်နိုင်မယ်လို့ အရင်တုန်းက ကျွန်တော်တို့နှစ်ယောက်က ဘယ်လိုမှ ထင်ထားကြမှာ မဟုတ်ဘူး ။

ရောဂါကိစ္စ စသိခဲ့ရတဲ့ အချိန်တုန်းက သူ့ကို ကယ်နိုင်ပါ့မလားဆိုတဲ့ ကြောက်စိတ်တွေနဲ့ ကမ္ဘာ‌ပျက်မလို ဖြစ်ခဲ့ရဖူးတာက နောက်တစ်ခေါက် မခံစားချင်ဆုံး ခံစားချက်ပါပဲ ။ အတိတ်တွေဆိုပေမဲ့ တကယ်ကို ပင်ပန်းခဲ့ရတဲ့ အတိတ်တွေ ဖြစ်ခဲ့ပါတယ် ။

အဲ့တာကြောင့် .. အကယ်၍များ တစ်ယောက်ယောက်က လွန်ခဲ့တဲ့ သုံးလေးငါးနှစ်လောက်က Jenoနဲ့ Jaeminကို တွေ့ခဲ့ရရင်ပေါ့ ..။ သူတို့နှစ်ယောက်ကို ဖက်ပြီး အားပေးပေးပါ ။ မင်းတို့ နောက်နှစ်နည်းနည်းကြာရင် မငိုရတော့ဘူးလို့ .. မပင်ပန်းရတော့ဘူးလို့ ။
မင်းတို့က တစ်ယောက်ကိုတစ်ယောက် ပိုင်ဆိုင်တဲ့လူတွေ ဖြစ်နေကြပြီလို့ ..။ အဲ့ဒီလို အားပေးပေးပါ ။
အဲ့ဒီ အချိန်တုန်းက သူတို့နှစ်ယောက်မှာ အလိုအပ်ဆုံးက အဲ့ဒီလို အားပေးမယ့်လူ ဖြစ်မယ်လို့ ကျွန်တော် ထင်လို့ပါ ။
ကျွန်တော်တို့ရဲ့ အချစ်ဆုံး သူငယ်ချင်းတွေကတောင် ဘာမှမသိခဲ့ဘူးမို့ "

Jaeminက စကားဆက်မပြောနိုင်ဘဲ ငိုချသည် ။
ဒီတစ်ခေါက် ချော့ရသည့်သူက Jenoဖြစ်ပြီး စင်အောက်က သူငယ်ချင်းငါးယောက်က စင်ပေါ်ကို တက်လာပြီး သူတို့ကို ဖက်ထားရင်း ချော့ကြသည် ။

" ခဏလေး .. ပြောစရာ ကျန်သေးလို့ ..။
ကျေးဇူးတင်စကားပါ ။ ကျွန်တော်တို့ နှစ်ဖက်မိဘတွေ ပြီးရင် ဒီသူငယ်ချင်းငါးယောက်က ကျွန်တော်တို့အတွက် တကယ်ကို အရေးအကြီးဆုံး ၊ ကျေးဇူးတင်စရာ အကောင်းဆုံးလူတွေပါပဲ ။ သေချာပေါက် ညီမလေး Da Ri နဲ့ Ben , Alice ပြီးတော့ Violet ..
ကျေးဇူးတင်ပါတယ် ။
အခု တက်ရောက်လာပေးတဲ့ လူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ။

အဓိကကတော့ .. Jen ..
ငါက မင်းကို ဘယ်တော့မှ မခွဲသွားဘဲ ခုနက သစ္စာဆိုခဲ့သလို
ဘယ်လိုအခိုက်အတန့်မျိုးမှာ ဖြစ်ပါစေ မင်းနဲ့အတူတူ မခွဲမခွာ ရှိနေပြီး မင်းကို .. မင်းတစ်ယောက်တည်းကို ချစ်သွားပါ့မယ် ဒီတစ်သက်လုံး ။
ငါလည်း အချစ်ကို အချစ်ဆုံးပဲ .. သိတယ်မလား ။
ငါ့ကို ချစ်ပေးလို့ ၊ လက်မလျှော့ခဲ့လို့ တကယ် ကျေးဇူးတင်ပါတယ် ။
ပြီးတော့ ပျော်ရွှင်စရာ သုံးနှစ်ပြည့်ပါ "

ပေါ့ပေါ့တန်တန် ဆိုတာ မဟုတ်တဲ့ သစ္စာစကားတွေ ။
သူတို့နှစ်ယောက်က ဟိုးအစခရီးလမ်းမှာ ပုံမှန်လို အချစ်ဇာတ်လမ်းတစ်ခုကို တည်ဆောက်ခဲ့နိုင်ခဲ့ကြတာ မဟုတ်ဘူး ။

Jaeminရဲ့ခါးကို Jenoက ဖက်ထားပြီး နဖူးကို ခပ်ဖွဖွနမ်းတော့ အကုန်လုံးက ထပ်ပြီး လက်ခုပ်တီးကြပြန်သည် ။

သုံးနှစ်ပြည့် နှစ်ပတ်လည်အမီ နှစ်လအတွင်း ကိုရီးယားမှာ မင်္ဂလာပြန်ဆောင်ဖို့ကို သူတို့ရဲ့ သူငယ်ချင်းငါးယောက်က ကိုယ်တိုင်အသေးစိတ်စီစဉ်ပေးထားခဲ့ကြတာ ဖြစ်သည် ။

ခမ်းခမ်းနားနားနဲ့ ကြီးကြီးကျယ်ကျယ် ၊ အလှပဆုံး ဖြစ်ခဲ့သည့် မင်္ဂလာပွဲရဲ့ အဓိက ဇာတ်ဆောင်နှစ်ယောက်က အဖြူရောင် သတို့သား၀တ်စုံလေးတွေနဲ့ တကယ်ကို လိုက်ဖက်နေခဲ့သည် ။

Champagneပုလင်းကို နှစ်ယောက်အတူ ကိုင်ဖောက်ပြီး ပြုံးရယ်နေရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြတော့ ပိုပြီး ပြုံးရယ်မိလာကြသည် ။

ငိုထားကြလို့ နီရဲနေကြတဲ့ မျက်လုံးတွေနဲ့ပေမဲ့ အပျော်ရွှင်နေခဲ့ဆုံးကလည်း သူတို့နှစ်ယောက်ပင် ။
ဒီနေ့မှာ သူတို့က တစ်သက်လုံး အတူတူ ပိုင်ဆိုင်ခြင်းဆိုသည့် ခေါင်းစဉ်အောက်ကို တရား၀င် ရောက်သွားခဲ့ပြီ ဖြစ်၏ ။

" Lee Jaeminnie "

လူတွေကို လိုက်ဧည့်ခံပြီး စင်ပေါ်ကို နှစ်ယောက်သား ပြန်ရောက်ကြတော့ Jenoက ရုတ်တရက် အဲ့ဒီလို ခေါ်လာသည်မို့ Jaeminက ကြောင်သွားသည် ။

" ‌နောက်ဆို Lee Jaeminလို့ သူများက ခေါ်တော့မှာ ။ ဒါပေမဲ့ ငါက အရင်ဆုံး ခေါ်ဖူးချင်လို့ "

" ငါက Na Jenoလို့ ခေါ်လို့မရဘူးလား "

သူက နောက်တော့ Jenoက ရယ်သည် ။
အားရပါးရ ရယ်နေသည့် Jenoက မျက်၀န်း‌ကွေးကွေးတွေ မှိတ်ကျသွားသည်အထိ ။

" အရမ်းသဘောကျတာပဲ မင်းကို ..။
တကယ် အရမ်းကြိုက်တယ် "

" ဟောဗျာ .. ကျွန်တော်မျိုး မင်းရဲ့ ‌အမျိုးသားဖြစ်နေပါပြီ ။ သဘောရှိသလောက် ကြိုက်လို့ရပါတယ် ..
အခုလို နေ့ရော .. ညရော ဟဲဟဲ "

ဗိုက်ကို လိမ်ဆွဲခံလိုက်ရတဲ့ Jenoက ဟက်ဟက်ပက်ပက် ရယ်မောနေသည်မို့ Jaeminကပါ လိုက်ရယ်မိရသည် ။

" ဟန်နီသိလား .. ငါ မင်းကို ချစ်လို့ ရူးတော့မယ် "

" အချစ်သိလား .. ငါကတော့ မင်းကို ရူးတဲ့အထိ ချစ်သွားချင်တယ် "

အဲ့ဒီ မင်္ဂလာပွဲနေ့တုန်းက ကိုယ်စီ ကိုယ်စီ မုန့်စားနေကြတဲ့ သူတွေက ခဏအကြာမှာ စင်ပေါ်မှာ အနမ်းတွေချွေနေတဲ့ သတို့သားနှစ်ယောက်ကို ထပ်ပြီး တွေ့ရှိခဲ့ကြပြီး အဲ့ဒီသတို့သားနှစ်ယောက်က သူတို့အနမ်းချွေလို့၀ပြီးမှ ရှက်ရယ်ရယ်ပြခဲ့ကြသည်တဲ့ ။ ။

.............

Surpriseeeee !!
Extraပါ ။

အတတ်နိုင်ဆုံး အဆင်ပြေအောင်ရေးကြည့်ထားပါတယ် ။
အရှေ့ကအပိုင်းတွေရဲ့ ရသပျက်သွားမလားလို့လည်း စိတ်ပူမိပါသေးတယ် ။

မခွဲနိုင်တဲ့ကလေးလေးမို့ ပြီးပါပြီဆိုတာတောင် Extra ထပ်ရေးမိပြန်တာပါပဲ ။

ဒီဘက် Married Lifeကို ရေးဖို့ တွေးခဲ့သေးပေမယ့် အဆုံးသတ်ဖို့ ခဲယဉ်းမှာကြောင့် လွတ်သွားခဲ့ကြရတဲ့ အပိုင်းလေးတွေကို ဒီလို Extraလေး လုပ်ပြီး ရေးလိုက်ပါတယ် ။

သဘောကျမယ် မျှော်လင့်ရင်း ဒီတစ်ခါတော့ တကယ် နှုတ်ဆက်လိုက်ပါပြီနော် ❤️

Continue Reading

You'll Also Like

309K 6.8K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
625K 38.1K 102
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
8.9K 938 21
Jaemin | Renjun JaemRen | RenMin | JaemJun | RenJaem *Zawgyi & Unicode version available*
6.7K 281 16
For all of you Oda Nobunaga fans out there, here's a book of oneshots for one of Fate's best girls. Unfortunately, there are no requests unless certa...