ကျမက တစ်ခါမှ ဒီအမြင့်ကြီးကို မော့မကြည့်ခဲ့ဖူးပါဘူး။ မပျော်ရွှင်ဘူးဆိုတာကို သိပေမယ့် တစ်ခါမှ သိမ်ငယ်သေးမွှားတယ်လို့လည်း မခံစားဖူးခဲ့ပါဘူး။ သူ့ကို မတွေ့ခင်အချိန်ကထိပေါ့။
ဟိုးအမြင့်ကြီးက သူ့ကို ငေးကြည့်ရုံတင် ကျေနပ်ခဲ့တာကနေ.... အခုတော့ ကျမက သူ့ဆီကို ရောက်အောင် သွားချင်နေခဲ့ပါတယ်။ သူရှိနေတဲ့ အဲ့ဒီအမြင့်ကြီးဆီကို ရောက်ဖူးချင်ခဲ့ပါတယ်။ လူတိုင်းအလွယ်တကူ ပျော်ဝင်နိုင်တဲ့ ပျော်ရွှင်မှုဆိုတာကို ထိတွေ့ချင်ခဲ့ပါတယ်။ ဘဝမှာ ဘာမှမလိုချင်ခဲ့တဲ့ကျမက.... သူ့အနားမှာ နေချင်ခဲ့ပါတယ်။
🌻🌻🌻🌻🌻🌻
ထိုနှစ်က ကျောင်းနှစ်ပတ်လည်ပွဲက အတော် အောင်မြင်ကာ နာမည်ရခဲ့ပါသည်။ ကျောင်းဘင်္ခရာအဖွဲ့ခေါင်းဆောင်.... ကျိုင်းကိုင်တဲ့မိန်းကလေး.... နံရံကပ်စာစောင်... ဖျော်ဖြေရေး အကအဖွဲ့တွေ.... အဆိုအဖွဲ့တွေ....။
" ကိုနေသာဦးတို့ အဖွဲ့ သီချင်းဆိုတာ မိုက်တယ်နော်.... တကယ် Surprise ပဲ။ သူတို့ကို သီချင်းတက်ဆိုမယ်လို့ လုံးဝထင်မထားခဲ့ဘူး.... "
ကောင်မလေးတွေပါးစပ်ဖျားမှာ နေသာဦးဆိုသည့် နာမည်က အရင်ကထက် ပိုပြီး ရေပန်းစားနေခဲ့ပါသည်။ ကျောင်းနှစ်ပတ်လည်နေ့မှာ သူတို့သုံးယောက် သီချင်တက်ဆိုခဲ့ကြပြီး.... သူကတော့ နည်းနည်းပဲဆိုပြီး ဂစ်တာကိုယ်တိုင်တီးခဲ့တာပဲ ဖြစ်သည်။ သီချင်းတွေကို တစ်ခါမှ နားမထောင်ဖူးခဲ့တဲ့.... နားထဲကိုရောက်လာလဲ တစ်လုံးမှ နားမလည်ခဲ့တဲ့ နေကြာက တစ်ခါတလေမှ ဝင်ဝင်ဆိုတဲ့ နေသာဦးရဲ့အသံနဲ့ သီချင်းလေးတွေကို နားထဲမှာ စွဲထင်လို့ နေခဲ့ပါသည်။
" နေကြာမွန်..... နေကြာမွန်.... "
ပုဝါစုံချထားသည့် ဆရာမလေးက ဟောခန်းနောက်ဆုံးမှာ တိတ်တဆိတ်ထိုင်နေတဲ့ နေကြာ့ကို ရအောင်ရှာပြီး ရောက်လာခဲ့ပါသည်။
" သမီးကို လိုက်ရှာလိုက်ရတာ.... ဒီရောက်နေတယ် "
" ဘာဖြစ်လို့လဲ.... ဆရာမ "
" သမီး Essay ပြိုင်ထားတယ်မလား.... ပထမဆုရတယ်.... အဲ့ဒါ ခုနက ကြော်ငြာဘုတ်မှာ ချိတ်ထားတယ်လေ.... မသိလိုက်ဘူးလား "
" ဟုတ်.... "
" လုပ်လုပ်.... ဆုယူရအောင်... "
" ဟင်.... "
နေကြာကလေ....
ဆရာမက သူမကို ဆွဲခေါ်လိုက်ပြီးမှ နေကြာ့ကို ငုံ့ကြည့်ကာ....
" ထဘီလည်းမဟုတ်ဘူး.... "
" ဟုတ်..... "
ဆရာမက ခေါင်းကုတ်လိုက်ပြီးမှ....
" မတတ်နိုင်ဘူး..... ဆုကလည်း အခုမှ ကြေငြာတာဆိုတော့ ဘယ်လိုလုပ် ကြိုပြင်ဆင်ချိန်ရမလဲနော်.... ဒီတိုင်းပဲ တက်ယူလိုက်... "
ဆရာမက သူမလက်ကလေးကို ဆုပ်ကိုင်ကာ လူတွေကြားထဲတိုးဝှေ့လျက် Stage နောက်ဆီကို ခေါ်သွားသည်။
" နေကြာ.... "
" မနွယ်နီ.... "
" ဘာလို့လဲဆရာမ.... "
မနွယ်နီက ဆရာမလက်ထဲက နေကြာ့ကို စိုးရိမ်ကာ မေးတော့ ဆရာမက.... မနွယ်နီ့ကို ကြည့်ကာ...
" သမီးအသိလား.... နွယ်နီ.... ဒီသမီးက Essayပြိုင်ပွဲမှာ ဆုရထားတာ.... ဆုယူရမှာမို့.... ဒီမှာ ကလေးကို ကြည့်ပါအုံး စကတ်ကြီးနဲ့.... စင်ပေါ်တက်ရမှာ ထဘီလေးနဲ့ဆို ပိုကာင်းမှာပဲ "
" ဟုတ်ပနော်.... "
စတိတ်နောက်က အခန်းကျဥ်းလေးထဲကို နေကြာက ဆရာမဆွဲခေါ်လာလို့ ရောက်လာခဲ့ပေမယ့် ရှုပ်ရှက်ခပ်နေတဲ့ လူတွေကြားမှာ မျက်စိကလေးကလယ်ကလယ် ဖြစ်နေခဲ့ပါသည်။
" ဒါ.... နေကြာမွန်လား။ Essay ဆုရတဲ့ကလေး...."
" ဟုတ်ကဲ့ ဆရာမကြီး.... "
" သူက ဆုယူပြီး..... သူရေးတဲ့ Essay ကို ဖတ်ပြရအုံးမှာနော်။ ဘယ်အတန်းကလဲ.... "
" ဆရာမ.... ကလေးက ၆တန်းရှိသေးတာ။ နောက်ပြီး.... ကြိုလဲ ပြောထားတာမဟုတ်ဘူး.... အခုမှ "
ဆရာမက နေကြာ့ကို ကြည့်ကာ ဝင်ပြောတော့ ဆရာမကြီးက နေကြာ့ကို စိုက်ကြည့်နေပြီး...
" ကိုယ်တိုင်ရေးထားတာမလား.... တစ်ကျောင်းလုံးပြိုင်တာကို ပထမဆုရတယ်ဆိုကတည်းက အရည်ချင်းရှိလို့ပဲ မဟုတ်ဘူးလား။ အတန်းပညာနဲ့ မဆိုင်ပါဘူး.... ကဲ.... အသံထွက်နားထောင်ရအောင် သမီးရေးခဲ့တဲ့ ပထမတစ်ကြောင်း ရွတ်ကြည့်စမ်း..... "
နေကြာက လက်သီးကလေးကို ကျစ်ကျစ်ဆုပ်ထားမိရင်း စင်ပေါ်က ဆင်းလာတဲ့ နေသာဦးကို လှမ်းကြည့်လိုက်သည်။ အံကြိတ်မိပြီး.... နေကြာ ရေးခဲ့တဲ့ စာကြောင်းတွေကို မှတ်ဉာဏ်ထဲ ပြန်ဖော်ကာ ရွတ်ပြလိုက်သည်။
" ဒီလောက်ဆို အသံထွက်လည်း မဆိုးဘူး.... စင်ပေါ်မှာ ကြည့်ရွတ်ရမှာပဲကို။ လုပ်နိုင်တယ်မလား.... အဲ့ဒါဆို အဆင်ပြေသွားပြီလို့ ထားလိုက်တော့မယ်နော် "
ဆရာမကြီးက ခက်ပြတ်ပြတ်ပဲပြောပြီး သုတ်ခနဲ့ ထွက်သွားတော့မှ ဆရာမလေးက နားထင်ကို လက်နဲ့ ဖိရင်း ငြီးတွားနေတော့သည်။
" ဆရာမကြီးက လုက်လိုက်ရင် အဲ့လိုကြီးပဲ.... စင်ပေါ်တက် စာဖတ်ပြရမှာဆိုရင် အင်္ကျီက မဖြစ်မနေ လဲမှ ဖြစ်တော့မယ်.... နွယ်နီထွန်းရေ.... "
မနွယ်နီက ဘယ်ချိန်ထဲက ထွက်သွားပြီမှန်း မသိပါ။
" ဒုက္ခပါပဲ.... နောက်တစ်ယောက် သီချင်းဆိုပြီးရင် ဆုပေးကဏ္ဍရောက်ပြီကို.... "
ဂစ်တာလေးလွယ်ထားတဲ့ နေသာဦးက သူတို့နားကိုရောက်လာသည်။
" ဆရာမ.... သူက ဘာဖြစ်လို့လဲ "
" Essay ဆုရလို့လေ.... ကြည့်အုံး ကျောင်းနှစ်ပတ်လည်ကို စကတ်ဝတ်လာတယ်တဲ့ "
နေကြာက ကုပ်ကုပ်ကလေးထိုင်ကာ အကုန်လုံးကို လိုက်မော့ကြည့်နေမိတော့သည်။
" ဝိုး.... နေကြာလေးက တော်လိုက်တာ... "
ကောင်းဆက်မွန်က ရယ်ပြုံးလျက် ချီးကျူးနေတာကို နေကြာအာရုံမရနိုင်ပဲ စင်ပေါ်တက်ပြီး စာရွတ်ရမယ့် ကိစ္စကိုသာ ခေါင်းတွေပူနေတော့သည်။ နေကြာက.... တစ်ခါမှ လူတွေအများကြီးရှေ့မှာ ရပ်မနေဖူးခဲ့ပါ။ တစ်ခါမှ.... လူတွေအာရုံစိုက်ခံရမယ့်အလုပ်မျိုး မလုပ်ဖူးခဲ့ပါပဲနဲ့... ရုတ်တရက်ကြီး စင်ပေါ်တက်ရမယ်ဆိုတာက....
" ဆရာမ..... ဒီမယ် နေကြာ့ဖို့ အဖြူအစိမ်းဝတ်စုံရှာခဲ့ပြီ "
နွယ်နီက အထုပ်တစ်ထုပ်နဲ့အတူ ပြန်ရောက်လာသည်။
" ဘယ်ကရခဲ့တာလဲ.... သူက သေးသေးလေး "
နေသာဦးက မေးတော့ နွယ်နီက ဆံပင်လေးများကို သပ်ကာ... ဂုဏ်ယူဝံ့ကြွားစွာဖြင့်....
" နွယ်နီလေဟာ.... ရအောင် ရှာတတ်ရတာပေါ့။ အကအဖွဲ့ထဲက ၅တန်းကလေးမတစ်ယောက်က ဝတ်စုံတွေချုပ်ပြီးမှ နေမကောင်းလို့ ပျက်တာလေ.... အဲ့ဒါ သူ့ဝတ်စုံက လေ့ကျင့်တဲ့အခန်းက ဗီရိုထဲမှာ သိမ်းထားတုန်းပဲ... အဲ့ဒါ သတိရလို့ သွား ယူလာတာ... "
ဆရာမက သက်ပြင်းကြီးချကာ....
" အံမလေး.... နွယ်နီထွန်းကို အဲ့ဒါကြောင့် အားကိုးနေရတာ။ လုပ်လုပ်.... လဲပေးလိုက်အုံး...ငါလုပ်စရာရှိသေးတယ်.... "
ဆရာမက ခပ်လှမ်းလှမ်း ရောက်မှ....
" သူ့ကို မျက်နှာလေး ဆံပင်လေး.... ကြည့်လုပ်ပေးလိုက်အုံး.... "
" ဟုတ်.... "
မနွယ်နီက နေကြာ့ကို အဝတ်လဲခဲထဲဆွဲခေါ်သွားကာ အင်္ကျီတွေလဲပေးသည်။
" ဟော..... နေကြာ လက်တွေက အေးစက်လို့.... နေမကောင်းဘူးလား "
" မဟုတ်ပါဘူး.... "
နေကြာ အသံကလေးများပင် တုန်နေသည် ထင်ရသည်။
" နွယ်နီ.... ပြီးပြီဆို ထွက်ခဲ့တော့.... "
နေသာဦးက အပြင်ကနေအော်ခေါ်တော့ မနွယ်နီက သူမအသံ စူစူးကလေးဖြင့်...
" လာပြီဟဲ့.... တကယ်ပဲ လောတာကို.... "
သူမတို့ အပြင်ထွက်လာကြပြီး ပြတင်းပေါက်နားမှာ နေကြာ့ကို ထိုင်ခိုင်းကာ မျက်နှာကို ဟိုဟို ဒီဒီလူးပေးနေသည်။
" မိတ်ကပ်တွေ အများကြီး မလူးပေးနဲ့ နွယ်နီ.... သူက ဖြူပြီးသား.... "
" လျှာကိုရှည်တယ်..... ငါသိပါတယ်.... ပန်းပွားကအဖွဲ့က ကလေးမတွေ ငါပြင်ပေးထားတာ လှတယ်မဟုတ်ဘူးလား.... "
" သရဲမတွေကျလို့.... "
နွယ်နီက နေသာဦးကို မျက်စောင်းထိုးလိုက်ပြီး....
" ကူလည်း လုပ်မပေးပဲ.... နားငြီးနေတယ် "
" နင်တို့ မိန်းကလေးကိစ္စဟာကို.... ငါက ဘာလုပ်ပေးရမှာလဲ.... နှုတ်ခမ်းနီ အနီရောင်ကြီးဆိုးမပေးနဲ့။ ကလေးကို..... ဟိုအရောင်ဖျော့ဖျော့ပဲ ဆိုးပေး"
နွယ်နီက ဆရာလုပ်နေသည့် သူ့ကို ဂျိုပေးကာ ကြည့်လျက်.... ပန်းရောင် ဖျော့ဖျော့လေးကို ရွေးကာ နေကြာ့နှုတ်ခမ်းမှာ ဆိုးပေးလိုက်သည်။
" ငါ့ဆရာလုပ်မနေနဲ့.... ဘီးယူပြီး သူ့ခေါင်းဖြီးပေးလိုက်အုံး။ သူ့ဆံပင်တွေက ကောက်ကွေးနေတာ.... "
နေကြာက သူမရေးထာတဲ့ အက်ဆေးကို အစမ်းဖတ်ကြည့်နေတုန်း ခေါင်းကို တစ်ယာက်ယောက်ကလာထိတယ် ထင်လို့ မော့ကြည့်လိုက်တော့ နေသာဦး ဖြစ်နေသည်။
" နေကြာ.... ဒီဘက်လှည့်အုံး.... အမပြင်နေတာ မပြီးသေးဘူး.... "
" ဟုတ်.... "
နေကြာ စာဆီကို အာရုံမရောက်တော့ပဲ သူမဆံပင်တွေကို လာထိကိုင်နေတဲ့ သူ့လက်ချောင်းတွေကိုပဲ သတိထားမိနေတော့သည်။
" ကျစ်ပေးလိုက်မယ်... "
" နင် ကျစ်တတ်လို့လား.... "
" မာမီ့ကို ငါကျစ်ပေးနေကြပါဟ.... "
နေသာဦးက နေကြာ့ဆံပင်လေးများကို အသာအယာကိုင်ကာ ကျစ်ပေးနေသည်။
" လှသွားပြီ.... ငါ့ညီမလေးက ဒီတိုင်းလေးကျ ချစ်စရာတအားကောင်တာပဲ။ နှစ်ဖက်ခွဲကျစ်ဆံမြီးလေးနဲ့.... အရုပ်ကလေးကျလို့.... "
မျက်ရစ်မပါလည်း မျက်လုံးကလေးတွေက မျက်တောင်စိပ်စိပ်ကလေးများနှင့် လှသည်။ မျက်ခုံးမွှေး ခုံးခုံးကလေးများနှင့်... ပါးဖောင်းဖောင်းကလေး.... နှာတံသေးသေးလေး.... နှုတ်ခမ်းသေးသေးလေး.... အကုန်ပေါင်းလိုက်တော့ တကယ်ကို လှပါသည်။
" ဆုပေးပွဲစတော့မယ်.... ပြီးပြီလား.... နွယ်နီထွန်း.... "
" ဟုတ်ကဲ့ ဆရာမ.... "
နေကြာက ဆရာမကိုရော သူ့ကို နောက်ကျောကကြည့်နေတဲ့ နေသာဦးကိုရော လှည့်ကြည့်လိုက်တော့ ဆရာမတောင် ကြောင်အအကလေးဖြစ်သွားသည်။
" ခုနက.... နေကြာ ဟုတ်ပါတယ်နော် " တဲ့။ ဆရာမက ရယ်နေပါသည်။
" ငါမိတ်ကပ်ပြင်တာ လှတယ်မလား.... နေသာ "
" မဆိုးပါဘူး... လူရုပ်ကလေး ထွက်လာသားပဲ "
သူ့စကားကို မကြားခင် အချိန်ကထိ နေကြာက သူ့ဆီက ချီးကျူးသံကလေး ကြားရဖို့ မျှော်လင့်နေခဲ့မိပါသေးသည်။
ဒါပေမယ့်..... နေကြာက.... သူ့အတွက်.... ဒီတိုင်း သာမာန် နေကြာပန်းကလေး တစ်ပွင့်သာဖြစ်ပါသည်။
ဆရာမက သူ့စုံချပုဝါစိမ်းကို နေကြာ့ကို ခြုံပေးလိုက်တော့ အကုန်ပြည့်စုံသွားသည်။
" ကြောက်နေတာလား..... "
နေကြာက လက်သီးကို ကျစ်နေအောင်ဆုပ်ထားတာက လက်သည်းတွေနဲ့ထိုးမိကာ လက်တွေပေါက်ထွက်တော့မည်လို့ ခံစားနေရသည်။
" မီးငယ်.... စင်တွေပေါ် တစ်ခါမှ မတက်ဖူးဘူး...."
ဘေးမှာရပ်နေသည့် နေသာဦးကို သူမ မော့ပြောလိုက်သည်။
" နောက်ပြီး.... စာတွေကို ရွတ်ပြလို့ တစ်ခုခုမှားသွားရင် လူတွေ ရယ်ကြမှာမလားဟင်.... မီးငယ်အသံက တစ်ခုခုဖြစ်နေရင်ရော.... ဘယ်လိုလုပ်မလဲ.... "
နေသာဦးက သူလုပ်နေကြ သူမခေါင်းလေးပေါ်ကို လက်တင်လိုက်ပြီး...
" နေကြာက တော်ပါတယ်.... သွား.... စင်ပေါ်ကို ခေါင်းမော့ပြီး တက်သွားလိုက်...."
" ဒါပေမယ့်.... "
" ကိုကို စင်အောက်ကနေ နေကြာ့ကို ကြည့်နေမယ်.... ဒါဆို မကြောက်တော့ဘူးမလား... "
" ဟင်.... "
နေသာဦးက နေကြာ့ကို ပြုံးပြသည်။ အဲ့ဒီလိုမျိုး သူမကို ခွန်အားပေးသည့် နွေးထွေးတဲ့အပြုံးတွေ....
" သွားလေ.... "
" ဟုတ်.... "
သွားပါ..... နေကြာ။ သွားပါ.... ဟောဒီမှာရှိနေတဲ့ လူတွေ အားလုံးကို လှလှပပ ဖူးပွင့်ပြလိုက်စမ်းပါ။
.
.
.
ရပ်ကြည့်နေမယ်လို့ပြောပြီး..... တကယ် ရပ်ကြည့်ပေးခဲ့တာမို့ နေကြာ ဝမ်းသာရပါသည်။ အေးစက်နေတဲ့လက်တွေတောင် ပြန်ပြီး နွေးထွေးလာနိုင်တာက ဘာရဲ့အစွမ်းပါလိမ့်။ တစ်ခါမှ လူတောမတိုးခဲ့ဖူးတဲ့ နေကြာက လူတွေအများကြီးရှေ့မှာ စာတွေရွတ်ဆိုရဲခဲ့တာက.... ဘယ်က ရလာခဲ့တဲ့ သတ္တိတွေပါလိမ့်။
နေကြာကတော့.... မျက်နှာချင်းဆိုင်နံရံမှာ မှီလျက် လက်ပိုက် ကြည့်နေခဲ့တဲ့ လူတစ်ယောက်ကိုသာ တစ်ချိန်လုံး ကြည့်ပြီး ဒီစင်မြင့်ပေါ်ကို ရပ်နေနိုင်ခဲ့ပါသည်။
" မင်းငါ့ဆီကို စိတ်ချလက်ချထားသွားတဲ့ ငါတို့ရဲ့ နေကြာပန်းကလေးကို ကြည့်ပါအုံး.... ရိုစီ..... အလှပဆုံး အတောက်ပဆုံး ဖူးပွင့်နေတာ.. "
ဖရက်ဒ်က ဟောခန်းအပြင်ဘက် တစ်နေရာကနေ တည်တည်ငြိမ်ငြိမ်လေး စာရွတ်ဆိုနေတဲ့ သမီးငယ်ကို ကြည့်ကာ မျက်ရည်းများပင် ကျလာခဲ့ပါသည်။
🌻🌻🌻🌻🌻🌻
အဝေးနေ
....................
ဖြစ်နိုင်မယ်ဆိုရင်တော့ မင်းတစ်ယောက်ဆီကိုပဲ ပို့လွှတ်ပေးလိုက်ချင်တာ။ ဒီချစ်ခြင်းမေတ္တာကို.... ဒီအလင်းရောင်တွေကို။ ဒါပေမယ့် ညီမလေးရေ.... ကိုယ်က နွေးထွေးစေရုံဆိုပေမယ့် မင်းကို ခြောက်သွေ့သွားရင်ဆိုပြီး စိတ်ပူလို့ အဝေးကနေပဲ ရပ်ကြည့်နေခဲ့ပါတယ်။ ကိုယ်လိုကောင်က နီးကပ်လာလေ ပူလောင်လေမလား။ ကိုယ်က.... မင်းကို ဒီကောင်ကင်အောက်မယ်.... ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်တတ်စေချင်သေးတာ။ လွတ်လွတ်လပ်လပ် ပြုံးနေတာကို မြင်ချင်သေးတာ။ အဲ့ဒါကြောင့်..... ကိုယ် အဝေးကနေ ကြည့်နေမှာမို့ မင်းက ပျော်ရွှင်ပါ။
ထိုကဗျာကို ကိုကောင်းဆက်မွန်က နံရံကပ်စာစောင်က စာတွေပုံတွေကို ဖြုတ်နေရင်းက အသံနေအသံထားနဲ့ ထဖတ်တော့ အားလုံးငြိမ်ကာ နားထောင်ကြသည်။ သူတို့တွေက ပွဲပြီးသွားတော့ အိမ်မပြန်ရသေးပဲ ကျောင်းမှာ သိမ်းဆည်းကူညီနေရတာ ဖြစ်ပါသည်။
" အဝေးနေဆိုတာက.... အဝေးမှာ နေလို့ ပြောတာလား..... အဝေးကြီးက နေမင်း ကိုပြောတာလား.... "
နွယ်နီမေးတော့ ကောင်းဆက်မွန်က နေကြာပန်းကလေးများဘေးမှာ ဆွဲကာ တန်ဆာဆင်ထားသည့် ကဗျာစာရွက်ကို ပြန်ကြည့်လိုက်သည်။
" ဘယ်သိမှာလဲ။ ကဗျာရေးတဲ့သူပဲ သိမှာပေါ့.... "
" ဘယ်သူရေးတာလဲ..... "
ကောင်းဆက်မွန်က စာရွက်ကို ဟိုဘက်ဒီဘက် လှန်ကြည့်ရင်း....
" နာမည်မပါဘူးဟ..... နေကြာ.... ဒီဟာ ညီမလေး ကူးရေးတာမလား.... နာမည်မေ့ကျန်နေခဲ့တာလား.... "
" မဟုတ်ဘူး.... အဲ့ဒါက ဒီတိုင်း အစထဲက နာမည်မပါတာ.... "
" အမ်..... "
နွယ်နီက စာရွက်ကို လာကြည့်ကာ....
" အဲ့ဒီစာမူကို ဘယ်သူလက်ခံလိုက်တာလဲ.... ဟဲ့ နေသာ နင်လား.... "
" ငါမှ စာမူတွေဘက် မရောက်တာ.... "
" ငါရွေးလိုက်တာ..... နာမည်မပါလို့ စည်းကမ်းချက်နဲ့မညီပေမယ့် လှတယ်လေ.... ကဗျာက.... "
" ဪ..."
ရှိုင်းထက်စိုးက ဝင်ပြောတော့မှ အားလုံးက ငြိမ်သက်ကာ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်နေကြသည်။
" နေကြာပန်းလေးတွေဆွဲဖို့ ဘယ်လိုစိတ်ကူးရခဲ့တာလဲ နေကြာ.... "
ကောင်းဆက်မွန် တစ်ယောက်ပဲ ထိုစာရွက်ကို ကြည့်ကာ မေးခွန်းတွေ ထုတ်နေဆဲ ဖြစ်သည်။
" မကောင်းလို့လားဟင်.... နေကြာက ဘာဆွဲရမှန်းမသိတော့တာမို့ အဲ့ဒီပုံဆွဲလိုက်တာ.... "
" မဟုတ်ပါဘူး.... ကဗျာလေးနဲ့ ပုံလေးနဲ့က လိုက်လို့မေးကြည့်တာ.... ငါတို့ညီမလေးက တော်ပြီးသား.... "
" လေပေါနေ..... မိုးချုပ်နေလိမ့်မယ်.... လုပ်ဟ.... ခွေးသားလေးရ "
နေသာဦးက ကောင်းဆက်မွန်ခေါင်းကို ရိုက်တော့ သူက ခြေထောက်နဲ့ လှမ်းကန်သည်။
" နာတယ်ဟ.... ငါ့ဖအေရ.... "
" တိတ်ကြစမ်း.... မင်းပထွေး နားငြီးတယ် "
နွယ်နီက ရန်ဖြစ်နေကြတဲ့ သူ့သူငယ်ချင်းတွေကိုကြည့်ကာ ရယ်လျက် လုပ်စရာရှိတာ လုပ်နေသည်။
" ကလေးတွေကျနေတာပဲ.... သူတို့တွေ.... ငါတားမှ ရတော့မယ် "
နွယ်နီက မတ်တပ်ရပ်ကာ ခါးထောက်လိုက်ပြီး...
" ဟေ့..... နင်တို့ဘွားတော် စိတ်တိုလာပြီ.... ငြိမ်ငြိမ်နေကြစမ်း... အလုပ်လုပ် "
သုံးယောက်သား အသံတွေတိတ်သွားကြတော့ ဘေးမှာ ကူနေကြတဲ့ကျောင်းသားတွေက တိတ်တခိုး ရယ်ကြသည်။ ကောင်းဆက်မွန်ကို တံတောင်နဲ့ တွက်နေသည့် နေသာဦးကိုကြည့်ပြီး နေကြာ တစ်ယောက်ထဲ ပြုံးနေမိခဲ့သည်။
" ဒီဟာတွေ.... အမှိုက်ထဲပစ်မှာမလား.... "
ဖြုတ်ထားသည့်စာရွက်တွေကို နေကြာက ပွေ့ကာ နေကြာက လှမ်းမေးလိုက်သည်။
" ဟေ့အေး.... နေကြာ။ မပစ်ဘူး.... မနွယ်နီ ယူသွားမှာ.... ဖောက်စက်နဲ့ဖောက်ပြီး စာအုပ်ချုပ်ထားမှာ.... အမှတ်တရသိမ်းထားမလို့လေ။ လက်ရေးလှလှလေးတွေ.... နေကြာရေးထားတဲ့ပန်းချီတွေနဲ့.... ကဗျာတွေ စာတွေက ဘယ်လောက် လှလိုက်သလဲ... မပစ်ရက်ပါဘူး...."
နေကြာက ပွေ့ထားတဲ့စက်ရွက်ထပ်ကြီးကို ငုံ့ကြည့်လိုက်ပြီး....
" ဒါဆို ဒီအဝေးနေဆိုတဲ့ ကဗျာကို နေကြာ့ကို ပေးလို့ရလား....ဟင် "
" ယူလေ.... ယူလေ.... နေကြာ ကြိုက်ရင် ယူသွား"
" ဟုတ်.... "
" နှစ်ယောက်စလုံး... အူကြောင်ကြောင်တွေ.... " တဲ့။ နေသာဦးက တိုးတိုးပြောပြီး ထွက်သွားသည်။ မနွယ်နီက သူမ မမြင်ရမှန်း သိတာတောင် နောက်ကနေ လက်သီးနဲ့ရွယ်နေသေးသည်။
" ကျက်သတုံးကောင်.... "
🌻🌻🌻🌻🌻🌻
" နေကြာ..... ရော့..... "
မနွယ်နီက မုန့်ထုပ်တွေကို နေကြာ့ဆီလှမ်းပစ်လိုက်တာကို ဖမ်းပေမယ့် မမိပဲ မြက်ခင်းပေါ် လွင့်ကျသွားသည်။ နေကြာထကောက်မယ်လုပ်တော့ ဘောင်းဘီကို တစ်ဖက်ထဲ တိုအောင်ဆွဲတင်ထားပြီး ရှပ်အင်္ကျီအဖြူရောင်ကလေးဝတ်ထားသည့် နေသာဦးက မုန့်ထုပ်တွေကောက်လာပြီး နေကြာ့ကို လာပေးသည်။
" ပျင်းနေပြီလား.... "
" မပျင်းပါဘူး.... "
" ကိုကို ကြည့်နေတာတော့..... လျောက်ငေးနေတာပဲ။ ဟိုမှာ.... ဟိုကောင်မလေးတွေ ဟင်းချက်တဲ့နား သွားမကူဘူးလား.... "
" မီးငယ်က ကူပေးမလို့ကို မနွယ်နီက ခိုက်မိလိမ့်မယ်မလာခဲ့နဲ့ဆိုလို့..... "
ကျောင်းနှစ်ပတ်လည်ပွဲတုန်းက ဘင်္ခရာအဖွဲ့ကလူတွေအကုန်လုံး ပွဲပြီး နောက်တစ်ရက် ကျောင်းပိတ်တော့ ပျော်ပွဲစားထွက်လာကြခြင်း ဖြစ်ပါသည်။ မြို့အပြင်က တောင်ကုန်းလေးမှာ စားစရာသောက်စရာတွေ ချက်ပြုတ်စားသောက်ကာ ဂိမ်းကစားကြဖို့ တစ်နေကုန်စာအစီစဥ်တွေနဲ့ ရောက်လာကြခြင်းဖြစ်ပါသည်။ နေကြာ့ကိုတော့ မနွယ်နီက အိမ်ထိ လာခေါ်ခဲ့တာဖြစ်ပါသည်။ ယောက်ျားလေးတွေက ကွင်းပြင်မှာ ဘောလုံးကန်နေကြပြီး မိန်းကလေးတစ်ချို့ကတော့ ချက်ပြုတ်နေကြသည်။ ဟင်းချက်နေတဲ့ဆီမှာ ဝတ်ရည်နဲ့ မေမီရော ရှိနေပေမယ့် နေကြာကတော့ ဒီနေရာမှာပဲ ထိုင်နေမိသည်။ ကူမယ်ဆိုရင်တောင် ဘာကူရမှန်းမသိ ဖြစ်နေမှာ....
" ဟုတ်သားပဲ ငြိမ်ငြိမ်လေးနေတာက စိတ်အေးရမှာ.... ဓားကိုင်တော့ ဓားရှမှာ စိတ်ပူနေရမယ်.... အပူလောင်မှာ စိုးရိမ်နေရအုံးမယ် "
နေကြာက သူမကိုစိတ်လိုလက်ရ စကားတွေပြောနေတဲ့ နေသာဦးကို အထူးအဆန်းဖြစ်ကာ ကြည့်နေမိသည်။ သူကတော့ အေးအေးဆေးဆေး မုန့်ထုပ်ကို ဖောက်ပေးပြီး....
" ဘာတွေ အဲ့လောက်ငေးနေတာလဲ.... ကိုကို့မျက်နှာမှာ ဘာရှိလို့လဲ.... "
" ဟင်.... ဘာမှ မရှိပါဘူး.... "
နေကြာ ခေါင်းကလေးငုံ့ကာ ကိုယ့်လက်ချောင်းတွေကို ပြန်ကြည့်နေမိပြီးမှ....
" တစ်ခါတလေကျ..... ကိုကိုက ကိုကိုနဲ့ မတူသလိုပဲ.... မီးငယ်ကို မသိချင်ယောင် ဆောင်နေတာ။ နောက်ပြီးရင်.... ကိုကိုမဟုတ်သလိုပဲ မီးငယ်ကို စကားတွေ လာပြောပြန်ရော..... "
နေသာဦးက နေကြာ့ကို ရယ်ပြသည်။
" ဟုတ်လား..... အဲ့ဒီလို ဖြစ်သွားလား.... ကိုကိုကတော့ သတိမထားမိပါဘူး.... "
နေကြာက ဆံပင်တွေနဲ့မျက်နှာကို ကွယ်ထားကာ တိတ်တိတ်ကလေးပဲ ပြုံးနေခဲ့ပါသည်။
" ဆံပင် ကိုယ့်ဘာသာ မကျစ်တတ်ဘူးလား.... နေကြာက ကျစ်ဆံမြီးလေးနဲ့ဆို ချစ်စရာလေး.... "
နေကြာ ခေါင်းယမ်းပြတော့ သူက ပြုံးပြကာ....
" လာ..... ကိုကို ကျစ်ပေးမယ်.... "
ပြောပြီး နေသာဦးက နေကြာ့ဆံပင်ခွေခွေပျော့ပျော့လေးများကို နှစ်ဖက်ခွဲကာ ကျစ်ပေးသည်။
တကယ်ပဲ.... ကိုကို့စိတ်ထဲ ဘာတွေတွေးနေလဲဆိုတာကို သိချင်လိုက်တာ။ တစ်ခါတလေကျ.... နွေးထွေးနေတတ်ပြီး.... တစ်ခါတလေကျလည်း သူမဟုတ်သလို အေးစက်နေတတ်တာကို ဘယ်လို နားလည်ရမှာပါလိမ့်။
သူက... ဘယ်လို လူမျိုးပါလိမ့်။
နေကြာ လူတစ်ယောက်ဘဝကို ထဲထဲဝင်ဝင် သိချင်ခဲ့တာ ဒါပထမဆုံးပဲ ဖြစ်မည် ထင်ပါသည်။
" ကိုကိုနေသာ..... နေကြာ.... ဒီမှာ မုန့်စားရအောင် ယူလာတယ် "
ဝတ်ရည်က ပူပူလောလော စားစရာပန်းကန်တွေသယ်လာသည်။
" ဘာတွေလဲ.... "
" ဖက်ထုပ်.... "
နေသာဦးက စားစရာပန်းကန်ကို ကြည့်ကာ....
" နွယ်နီလုပ်တာမလား.... စားကောင်းအုံးမယ်.... "
နေသာ ရွဲ့ပြောခြင်း ဖြစ်ပါသည်။ အရင် လေ့ကျင့်နေတဲ့ ရက်တွေတုန်းကလည်း အိမ်ကနေ ဖက်ထုပ်တွေလုပ်လာကာ သူတို့ကို ကျွေးပေမယ့် အစားကြီးတဲ့ ကောင်းဆက်မွန်တောင် ကုန်အောင်မစားနိုင်အောင် အရသာက ဆိုးရွားပါသည်။
" ဒီတစ်ခါ ဝတ်ရည်တို့ရော ကူလုပ်ပေးထားတာ.... စားကောင်းပါတယ်.... "
အနံ့ကလေးများမွှေးနေသည့် ဖက်ထုပ်များကို နေကြာ ယူစားချင်ပေမယ့် စိတ်ထဲမှာလည်း မဝံ့မရဲ ဖြစ်နေမိသည်။
" စားချင်လို့လား.... စားလေ.... "
နေသာဦး ပြောမှ နေကြာ တစ်ခု ယူစားကြည့်လိုက်သည်။ နေသာဦးက သူမကို ကြည့်နေပြီး....
" စားကောင်းလား.... "
" အင်း.... "
နေကြာ နောက်တစ်ခု ယူစားလိုက်ကာ ဝတ်ရည်ကို ကြည့်လိုက်သည်။
" နင်ရော မစားဘူးလား... "
" စားမယ်လေ.... "
မြဝတ်ရည်နိုင်က သူမဘေးမှာ ဝင်ထိုင်သည်။ မေမီက သူတို့ထိုင်နေတဲ့ဆီရောက်လာပြီး....
" ဒါက.... အကင်တွေ.... ဝတ်ရည် ရော့.... "
ဝတ်ရည်က ဖက်ထုပ်စားနေတာမို့ လက်မအားလို့ နေကြာက လှမ်းယူတာကို မေမီက မပေးပါ။ နေကြာ လက်ကလေး ပြန်ရုတ်လိုက်ပြီး ကုပ်ချိချိလုပ်နေတာကို နေသာဦးက ခေါင်းအသာပုတ်လျက်...
" ဒီမှာ... နေအုံးနော်။ ကိုကို ဘောလုံးသွားကန်မလို့.... "
နေသာဦးက အပေါ်ကဝတ်ထားတဲ့ ရှပ်အင်္ကျီနဲ့ဖိနပ်ကို နေကြာ့နားမှာ ချွတ်ထားခဲ့ပြီး ဘောလုံးကန်နေတဲ့ ယောက်ျားလေး အုပ်စုဆီ တစ်ရှိန်ထိုး ပြေးသွားသည်။ လမ်းမှာ သူတို့ဆီကို ပြေးလာနေတဲ့ ကောင်းဆက်မွန်နဲ့ လက်ဝါးချင်းရိုက်သွားသေးသည်။
" ဟဲ့.... နေကြာ။ အချဥ်ရည်မေ့လာခဲ့လို့ သွားယူပေးပါလား.... "
မေမီပြောတာကို ခေါင်းညိတ်ပြကာ ထလိုက်သည်။
" ငါ သွားယူလိုက်မယ်လေ... "
ဝတ်ရည်လိုက်ထတော့ မေမီက ဝတ်ရည်ကို အတင်းဆွဲချကာ...
" နင်အလုပ်တွေ အများကြီး ကူထားတာကို.... ထိုင်စမ်းပါ။ သူ့ဒါလေးခိုင်းတာကို... "
" ဟေ့.... ညီမလေးတို့... အကို့ကို ကျွေးပါအုံး.... ဘာတွေစားနေကြတာလဲ.... "
" ဖက်ထုပ်.... အကင်.... "
" အင်း.... မွှေးနေတာပဲ.... "
ကောင်းဆက်မွန်ရောက်လာကာ မုန့်တွေယူကပုလတ်ပလောင်းစားနေသည်။ နေကြာက မနွယ်နီတို့ ဟင်းချက်တဲ့ဆီသွားနေတာကို မြင်တော့ သူက...
" နေကြာ.... ရေဘူးနဲ့ အအေးဘူးရော... ယူခဲ့နော်... "
"ဟုတ်"
နေကြာ မနွယ်နီတို့ဆီရောက်တော့ အချဉ်ရည်ပုလင်းရှာကာ ကိုယ့်ဘာသာ ထည့်လိုက်သည်။
" နေကြာ.... အမ မုန့်တွေ ပေးခိုင်းလိုက်တယ် ရောက်လား.... စားကောင်းလား "
" ဟုတ်..... ကိုကောင်းဆက်မွန်က အအေးဘူး ပေးလိုက်ပါအုံးတဲ့.... "
" ဟိုရေခဲပုံးထဲက ယူသွား.... ကလေး.... "
" ဟုတ်.... "
နေကြာက ရေခဲဘူးတွေ အအေးဘူးတွေရယ်.... အချဥ်ရည်ခွက်ရယ်နဲ့ မနိုင်မနင်းသယ်နေတုန်း လူတစ်ယောက် သူမနားရောက်လာသည်။
" အကို ကူသယ်ပေးမယ်.... "
နေကြာမသိတဲ့လူမို့ ပြန်ဖြေဖို့ကို အကြာကြီး စဥ်းစားနေမိသည်။
" နေကြာမွန်မလား.... အကိုက ၉တန်းက။ Essay ပြိုင်ပွဲမှာ ဒုတိယဆုရတဲ့သူလေ.... "
" ဪ.... "
" မမှတ်မိဘူးမလား.... အကို့နာမည် ထက်ဝေအောင်ပါ.... ခင်လို့ရတယ်မလား.... "
" ရှင်..... "
" ကူသယ်ပေးမယ်လေ.... ပေး "
"ရပါတယ်.... "
နေကြာက သူကူသယ်ဖို့လုပ်နေတဲ့ ရေဘူးကို ဘေးလွှဲလိုက်သည်။ ဒါကို သူက ရယ်လျက်.....
" မနိုင်ဘူးဖြစ်လို့ ကူသယ်ပေးမလို့ကို.... မာနာကြီးတယ်နော်.... "
" မဟုတ်ပါဘူး.... နေကြာက.... ဟိုလေ.... "
" နေကြာ အကို့ကို ဒါတွေပေး.... သွား မနွယ်နီဆီ နောက်ထပ် အအေးဘူး သွားယူပေး.... "
ရှိုင်းထက်စိုးရောက်လာပြီး နေကြာ့လက်ထဲက ပစ္စည်းတွေကို အကုန်လွှဲယူလိုက်သည်။
" သွား.... Soda နော်.... မသိရင် နွယ်နီကို မေးလိုက် "
" ဟုတ်.... "
နေကြာက အူကြောင်ကြောင်ကလေးဖြစ်ကာ ရေခဲပုံးတွေဆီ ပြန်သွားသည်။ ရှုင်းထက်စိုးက ထက်ဝေအောင်ဆိုသည့်ကောင်လေး ပခုံးပေါ် လက်တင်လိုက်ပြီး....
" ညီလေး... ကိုးတန်းကမလား။ ဟိုမှာတွေ့လား.... ဘောလုံးကန်ရင်း မင်းကို လှမ်းကြည့်နေတဲ့ တစ်ယောက်ကို.... နေသာတဲ့။ နေကြာက သူ့ညီမပဲ... အထိုးမခံချင်ရင် ဝေးဝေးနေ.... ဖွန်မကြောင်နဲ့.... "
ပခုံးကို ခပ်ပြင်းပြင်းပုတ်ကာ ရှိုင်းထက်စိုးက ကောင်မလေးတွေနဲ့လေပေါနေသည့် ကောင်းဆက်မွန်ဆီ အေးဆေးလျောက်လာခဲ့သည်။ ဂိုးဖမ်းရင်း သူတို့ဆီကို တစ်ချက်တစ်ချက် လှမ်းလှမ်းကြည့်နေသည့် နေသာဦးကို သူကြည့်လိုက်ရင်း ခပ်မဲ့မဲ့ရယ်မိသည်။
ကောက်ရိုးပုံစောင့်ခွေးအလောင်းအလျာလေး.... သူစိတ်ထဲကနေ ရေရွတ်မိပါသည်။
🌻🌻🌻🌻🌻🌻
နှင်းဆီပန်းလို နူးညံ့လှပသည့်ကောင်မလေးတစ်ယောက်အတွက် ဆူးတစ်ခက်လို တစ်သက်တာ ဝန်းရံကာကွယ်ပေးသွားမည်ဆိုသည့် အဓိပ္ပါယ်များနှင့် ထုံမွှမ်းထားသည့် နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ သီချင်းကလေးက နေသာဦးရဲ့ ဂစ်တာသံ.... သူ့ အသံချိုချိုရှရှလေးနဲ့မို့ ပိုနားထောင်ကောင်းနေခဲ့ပါသည်။ မီးပုံဘေးမှာ နေသာဦးက မျက်လွှာကလေးချပြီး ကိုယ်တိုင်ဂစ်တာတီးကာ ဆိုနေပုံကလည်း လုံးဝကို ပြီးပြည့်စုံတဲ့ တည်ရှိမှု ဖြစ်ပါသည်။ သူ့သီချင်းသံမှာ မီးပုံဘေးပတ်လည်ဝိုင်းနေသည့် လူများအားလုံး အသံတိတ် စီးမျောနေကြပါသည်။
" အဲ့ဒါ ဘာသီချင်းလဲဟင်.... မနွယ်နီ.... "
" အဲ့တော်.... နေကြာမသိဘူးလား။ ဒီလောက်နာမည်ကြီးတဲ့ သီချင်းကို... "ဆူး "တဲ့.... ဆူးနစ်ရဲ့ သီချင်းလေ.... သူ့ပထမဆုံး ထွက်ခဲ့တဲ့ သီချင်း... အခုထိ နာမည်ကြီးနေတုန်းပဲ "
ထိုသီချင်းက တစ်နေ့ကျရင် နေသာဦး သူမကို ဆိုပြမယ်လို့ ပြောထားသည့် သီချင်းဖြစ်ပါသည်။ အခုလည်း အားလုံးနဲ့အတူဆိုပြနေတာပါပဲလေ....
" နေကြာက သီချင်းသိပ်နားမထောင်ဖြစ်လို့.... "
" ဒါပေမယ့်.... ဆူးနစ်ကိုတော့ သိမယ်မှတ်နေတာ.... ဆယ်စုနှစ်တစ်ခုစာလောက် ဂီတလောကထဲမှာ ပေါ်လာကတည်းက နာမည်ကျသွားတာမျိုးမရှိပဲ.... အခုထိသီချင်းအမိုက်သားတွေ ထွက်နေတုန်းပဲ "
" ဪ.... အသက်ကြီးပြီပေါ့.... အဲ့ဒါဆို... "
" အင်း.... မပြောတတ်ဘူး.... အသက်ကြီးတယ်ဆိုရင်တောင် ကြီးတယ်လို့ မထင်ရအောင် ဆူးနစ်က နုတယ်ကွ..... အခုချိန်ထိ ဂေါ်နေတုန်းပဲ... အဆိုတော်အသစ်ကလေးတွေနဲ့ တွဲဆိုရင်တောင် သူအသက်ကြီးတယ်လို့ မထင်ရအောင် နုဖတ်နေတာ.... "
" ဪ.... "
နေသာဦး သီချင်းဆိုပြီးတော့ ဝိုင်းနားထောင်နေသည့်လူတွေအားလုံး လက်ခုပ်တီးကြသည်။
" နေသာ.... မင်းသီချင်းဆိုတာ တော်သားပဲ.... အဆိုတော်လုပ်ပါလား.... "
" ကျောင်းပွဲတုန်းက ဆိုသွားကတည်းက နင်အသံကောင်းတာကို သတိထားမိတယ်.... နင်သီချင်းဆိုတာ တကယ်ပါရမီပါတယ် "
" ကိုကိုနေသာဦး သီချင်းဆိုနေတာ တကယ်... နားထောင်လို့ကောင်းလိုက်တာ.... သီချင်းဆိုနေတုန်းဆိုလည်း တအားကြည့်ကောင်းတာပဲ.... မိုက်လိုက်တာ.... "
သူက ချီးကျူးသံတွေကြားကနေ ဂစ်တာကိုထမ်းလျက် နေကြာတို့ဆီလျောက်လာသည်။
" ဘာတွေ.... အဲ့လောက် ငေးနေတာလဲ.... "
သူ့ကို တမေ့တမောလိုက်ငေးနေသည့် နေကြာ့ခေါင်းကို ဖိကာ သူက နေကြာ့ဘေးဝင်ထိုင်သည်။
" ဟဲ့..... တကယ်ပြောတာ.... နင်တို့ အဆိုတော်လုပ်ကြပါလား.... ခုန ရှိုင်းထက်ဆိုသွားတာရော... ကောင်းဆက် ဆိုသွားတာရော တကယ်မိုက်တယ်.... နင် အမိုက်ဆုံးပဲ နေသာ..... "
နွယ်နီပြောတာကို ကောင်းဆက်မွန်က ကြားကာ....
" ဟေ့.... ဟေ့... ငါအမိုက်ဆုံးမဟုတ်ဘူးလား.... "
" ငါအမိုက်ဆုံးဟာကို.... "
ရှိုင်းထက်စိုးက ဆေးလိပ်မီးညှိရင်းပြောတော့ နွယ်နီက ဆေးလိပ်ကို ပုတ်ချကာ....
" ဟယ်.... ဒီကောင် ကလေးတွေရှေ့ကို သောက်နေတယ်။ ကျောင်းကလူတွေက နင်တို့ကို စံပြလုပ်ထားတာနော်.... "
" အဲ့ဒီတော့ ငါက ဘာလုပ်ရမှာလဲ "
ရှိုင်းထက်စိုးက နောက်ထပ် ဆေးလိပ်တစ်လိပ်ထုတ်လိုက်ပြီး လူအုပ်ကို ကျောခိုင်းလျက် ဆေးလိပ်မီးညှိလိုက်သည်။ နေသာဦးက လက်တစ်ချောင်းထောင်ပြတော့ ဆေးလိပ်ဘူးလိုက် သူ့ဆီကို ပစ်ပေးလိုက်သည်။ နွယ်နီက ဟိုဘက် ဒီဘက် လှည့်ကြည့်ရင်း....
" ဂါး.... နင်တို့ ငါ့စကားကို တကယ်နားမထောင်ကြတော့ဘူး.... "
ကောင်းဆက်မွန်က သူ့ရင်ဘက်ကို ပုတ်လျက်....
" ငါမသောက်ဘူးနော်.... နွယ်နီ "
" နင်က နင့်အဖေကို သေအောင်ကြောက်လို့ မလှုပ်ရဲတာ... "
" နေကြာ.... နေသာက သူ့အမေကိုတော့ တအားချစ်ပြီး တအားကြောက်တာမလား။ အိမ်ပြန်ရင် တိုင်လိုက်စမ်း.... နေသာ ညီမလေးကို အနိုင်ကျင့်ရင် အမကာကွယ်မယ်..... တိုင်လိုက်စမ်းပါ "
မနွယ်နီပြောတာကို သဘောကျကာ နေကြာ ရယ်မိပါသည်။
" နေကြာက နင့်လို ချွန်တွန်းမှတ်နေ.... ငါ့ညီမလေးက ဘယ်လောက်လိမ္မာလိုက်သလဲ.... "
သူပြောတဲ့ စကားက နေကြာ့ရင်ကို တကယ်နွေးထွေးလှုပ်ခတ်စေပါသည်။
" ရှိုင်းထက်စိုး.... "
နွယ်နီ ကုန်းအော်တော့ ဂျစ်ကန်ကန်နဲ့ နွယ်နီ့ ဆံပင်တွေကို ဖွသွားကာ သူတို့နဲ့အဝေးကို ထသွားသည်။
ဟပ်ချိ....
နေကြာချေတော့ နေသာဦးက သူမကို ငုံ့ကြည့်ကာ....
" နှာချေနေပြီ..... လက်ရှည်ပါလား.... "
နေကြာက ခေါင်းရမ်းပြလိုက်ပြီး....
" မီးငယ် မချမ်းပါဘူး.... "
" ရင်ပြန်ကျပ်နေရင် ဘယ်လိုလုပ်မလဲ "
နေကြာက သူ့ရှပ်အင်္ကျီကို ချွတ်ကာ နေကြာ့ကို ဝတ်စေသည်။
" ဘောလုံးကန်ထားလို့ ချွေးနံ့တော့ နံမလားမသိဘူး.... "
" ရပါတယ်.... "
နေကြာက အင်္ကျီကို ရင်ဘက်နားထိ တိုးစေ့လိုက်သည်။
" လူကောင်က သေးသေးလေးဆိုတော့ အင်္ကျီထဲ မြုပ်နေတော့တာပဲ.... "
" ဟပ်ချိ.... "
နေကြာ ရယ်ပြလိုက်တာပေမယ့် ထက်ပြီး နှာချေတော့ နွယ်နီက ရယ်လိုက်ပြီး....
" ထ..... နွေးသွားအောင် ကော်ဖီသွားသောက်မယ် "
နေကြာ့ကို ဆွဲထူရင်း သူမက ထလိုက်သည်။
" ဟဲ့.... နင်က ဘယ်သွားမလို့လဲ "
" ရှိုင်းထက်ဆီ.... ဆေးလိပ်သွားသောက်မလို့.... "
နေသာဦးက ဆေးလိပ်ဘူးကို ဆော့ကစားကာ ထွက်သွားတော့ သူမတို့လည်း စားစရာတွေထားတဲ့ဆီ ထွက်လာခဲ့ကြသည်။ မီးပုံမှာ ဝိုင်းဖွဲ့နေသည့် လူအုပ်က သီချင်းသံတွေ ဂစ်တာသံတွေနဲ့ ဆူညံလို့ နေပါသည်။
" အမေ့.... "
နေကြာလမ်းလျောက်နေသည့်ရှေ့ကို တစ်စုံတစ်ခုက ရုတ်တရက်တိုးဝင်လာတာမို့ ခလုတ်တိုက်ကာ မြေကြီးပေါ် ပစ်လဲတော့သည်။
" နေကြာ.... "
" အယ်.... Sorry နော်.... နေကြာ.... ငါမရည်ရွယ်ပါဘူး "
လူအုပ်ဘေးက ဖြတ်လျောက်တာမို့ သူမလက်က ရုတ်တက်ကြီး နောက်လာထောက်လိမ့်မယ်ထင်မထားပဲ နေကြာ ခလုတ်တိုက်ကာ လဲတာ ဖြစ်ပါသည်။
" ရ.... ရပါတယ်.... ဝတ်ရည်.... နင်ရော နာသွားလားဟင် "
" ဟင်.... ငါ က ရပါတယ် "
မေမီက ဝတ်ရည်လက်ကို လှမ်းဆွဲကာ မျက်နှာထိ မျက်နှာထားဖြင့်....
" ဝတ်ရည်.... ပြစမ်း.... နင့်လက်။ နာသွားသေးလား.... ဟဲ့.... နေကြာ နင်လမ်းလျောက်တာ ဘယ်လိုလျောက်နေတာလဲ.... တကယ် ရှပ်ပြာတိုက်နေတာ.... မျက်လုံးက ဘယ်ကြည့်လျောက်နေလဲမှ မသိတာ "
နေကြာက မြက်ခင်းပေါ် ပစ်လဲကျထားတာမို့ ခြေထောက်တွေရော လက်တွေမှာပါ အပွန့်အပဲ့တွေနဲ့ပေမယ့် ကြိုးစားကာ ထလိုက်ပြီး....
" ဝတ်ရည်.... ငါတောင်းပန်ပါတယ်နော်။ ငါ အောက်ကို ကြည့်မလျောက်မိလို့ပါ.... ဘယ်နားနာသွားလဲဟင်.... "
" အခုမှ တောင်းပန်နေလဲ ဘာလုပ်လို့ရတော့မှာလဲ... အစကတည်းက သေချာကြည့်လျောက်ပါလား.... နေကြာရဲ့.... လူကိုက နုံတုံတုံအတတနဲ့.... "
မေမီက သူမကိုဆို အမြဲရန်လို နေတော့တာပဲ။
" ဒီမှာ.... ညီမလေး.... လွန်နေပြီနော်။ နေကြာက တောင်းပန်နေတယ်လေ.... ဝတ်ရည်မှ ခိုက်မိတာမဟုတ်ဘူး.... နေကြာလည်း ခိုက်မိတာပဲကို.... နောက်ပြီး နေကြာတစ်ယာက်ထဲမှားတာမို့လား... "
" နွယ်နီ.... ဘာဖြစ်တာလဲ.... "
နေသာဦးရောက်လာသည်။ ဝတ်ရည်က သူမလက်ကလေးကို နောက်ဖွက်လိုက်ပြီး....
" နေကြာက ညီမလေးကို ခလုတ်တိုက်ပြီး လဲသွားတာ။ ညီမလေးက..... တောင်းပန်နေတာ.... အဲ့ဒါကို မမနွယ်နီက..... "
ဝတ်ရည်က မျက်ရည်ကလေးများပင် ဝဲလာသည်။ သူ.... တော်တော် နာသွားတာလား မသိဘူး။ နေကြာ အောက်ကို သေချာ ကြည့်လျောက်ခဲ့ရမှာ....
" နင်လည်း သူတက်နင်းလို့ နာသွားတာပဲ မဟုတ်ဘူးလား... ဝတ်ရည် "
မေမီပြောတော့ နေသာဦးက ငိုမဲ့မဲ့ဖြစ်နေသည့် ဝတ်ရည်ရယ် စူပုတ်နေသည့် နွယ်နီ့ကို ကြည့်လိုက်သည်။ နေကြာကတော့ နှုတ်ခမ်းလေးများ ဖိပိတ်ထားကြပြီး ဝတ်ရည်လက်ကိုသာ လိုက်ငေးနေသည်။
ကိုယ့်ကိုယ်ကို အပြစ်တင်နေပြန်ပြီနေမှာ.... ဒီကောင်မလေး....
" အကိုက တောင်းပန်တယ်နော်.... အကုန်လုံးကို.... နေကြာ အိပ်ချင်နေပြီနေမှာ။ အဲ့ဒါကြောင့် တက်နင်းမိတာ ဖြစ်မယ်.... "
နေသာဦးက ခေါင်းကလေးငုံ့နေသည့် နေကြာ့ကို ဆွဲခေါ်လိုက်ပြီး....
" ပြန်ချင်နေပြီမလား.... ပြန်ရအောင်လေ.... ဖရက်ဒီက ပြန်မလာမချင်း စောင့်နေမှာ.... "
" ဟုတ်.... "
နေကြာ့ကို သူ့ဆွဲခေါ်တော့ ခြေထော့နဲ့ထော့နဲ့ နဲ့ သူ့နောက်ပါလာသည်။
" ဘယ်လိုကောင်မလေးတွေမှန်းမသိဘူး.... နောက်ဆုံးကျ ငါကပဲ မိန်းမကြမ်းကြီး.... "
နွယ်နီက အောင့်စောင့်ကာ သူတို့နောက် ပါလာသည်။
" ခြေခေါက်သွားတာလား.... "
" ဟုတ်မှာ.... မြေကြီးထဲ ပစ်စလတ်ခတ် လဲတာ.... သက်သက်ကို ခြေကလန့်ထိုးသလား အောင့်မေ့ရတယ် "
နေသာဦးက နေကြာ့ရှေ့မှာ ထိုင်လိုက်ပြီး....
" စက်ဘီးထားတဲ့နေရာက ဝေးသေးတယ်..... လာ ကိုကို ကုန်းပိုးမယ် "
" ရပါတယ်.... "
" မရဘူး.... တက် "
နေကြာ သူ့ကျောပေါ တက်လိုက်သည်။
" တကယ်ပိစိလေးပဲ.... ပေါ့ပေါ့လေး.... "
နေကြာက ပြုတ်ကျမှာစိုးတာမို့ သူ့ပခုံးကို တင်းတင်းဆုပ်ထားမိသည်။
" နွယ်နီ.... ကောင်းဆက်မွန်ကို ခေါ်ပြီး သိမ်းစရာရှိတာတွေ သိမ်းတော့လေ.... နင်လည်း နောက်ကျနေပြီး အိမ်ပြန်တော့။ ရှိုင်းထက်စိုးတို့ လိုက်ပို့ခိုင်းလိုက်.... "
" အေးပါ.... ပစ္စည်းတွေက သိမ်းစရာမလိုတော့ပါဘူး။ အကုန် သိမ်းပြီးသားတွေ... နင်တို့သာ ကောင်းကောင်းပြန်ကြ... နေကြာရော.... အိမ်ကျ ဆေးလိမ်းအုံးနော် "
" ဟုတ်.... "
နေသာဦးက သူမကို ကျောပိုးကာ စက်ဘီးတွေထားတဲ့ဆီကို ဖြေးဖြေးသွားနေသည်။ နေကြာက ညရဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တော့ လခြမ်းကွေးကလေးက သာနေသည်။ ကြယ်တွေက အနက်ရောင်ကောင်းကင်မှာ ကျဲဖြန့်ထားသည့် စိန်ပွင့်ကလေးများနှင့်တူသည်။
" လူတွေကို.... မယုံနဲ့ နေကြာ.... နောက်ပြီး လူတွေကို မတွယ်တာမိစေနဲ့.... နေကြာ တစ်နေ့ကျ ခံစားရလိမ့်မယ် "
ရုတ်တရက်ကြီး သူထပြောတော့ နေကြာ အူကြောင်ကြောင်ကလေး ဖြစ်သွားသည်။
" ကိုကိုက နေကြာ့ကို ထိခိုက်ခံစားရမှာတွေ မဖြစ်စေချင်ဘူး.... "
" ဟုတ်.... "
နေကြာက သူ့ကို တိုးလို့ ဖက်ထားမိလိုက်သည်။
🌻
🌻
🌻
တစ်ခါတလေကျတော့လေ.... နေကြာက သူပေးတဲ့ချစ်ခြင်းမေတ္တာကို လောဘတွေထားလာမိသလိုပဲ။ ဒီလိုမျိုး အမြဲလိုချင်နေပြီး.... ပိုပြီး လိုချင်လာမိပါသည်။ ပိုင်ဆိုင်ထားသမျှချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်စုံပြီလို့ ထင်ခဲ့ပေမယ့်... သူပေးသမျှကို မလုံလောက်တော့ပဲ ပိုလို့ လိုအပ်နေခဲ့ပါသည်။ ဘယ်တုန်းကမှ ဘာကိုမှ မလိုအပ်ခဲ့တဲ့ နေကြာကလေ.......
နေကြာပန်းလေးတွေကလည်း သူတို့အမြဲ ငေးကြည့်နေခဲ့တဲ့ နေမင်းကြီးဆီကနေ တစ်ချက်လောက် စောင်းငဲ့ကြည့်ခံရဖို့ ထိုက်တန်တယ်မလား။
#PoMoNyeinAye
ZawGyi
က်မက တစ္ခါမွ ဒီအျမင့္ႀကီးကို ေမာ့မၾကည့္ခဲ့ဖူးပါဘူး။ မေပ်ာ္႐ႊင္ဘူးဆိုတာကို သိေပမယ့္ တစ္ခါမွ သိမ္ငယ္ေသးမႊားတယ္လို႔လည္း မခံစားဖူးခဲ့ပါဘူး။ သူ႕ကို မေတြ႕ခင္အခ်ိန္ကထိေပါ့။
ဟိုးအျမင့္ႀကီးက သူ႕ကို ေငးၾကည့္႐ုံတင္ ေက်နပ္ခဲ့တာကေန.... အခုေတာ့ က်မက သူ႕ဆီကို ေရာက္ေအာင္ သြားခ်င္ေနခဲ့ပါတယ္။ သူရွိေနတဲ့ အဲ့ဒီအျမင့္ႀကီးဆီကို ေရာက္ဖူးခ်င္ခဲ့ပါတယ္။ လူတိုင္းအလြယ္တကူ ေပ်ာ္ဝင္နိုင္တဲ့ ေပ်ာ္႐ႊင္မႈဆိုတာကို ထိေတြ႕ခ်င္ခဲ့ပါတယ္။ ဘဝမွာ ဘာမွမလိုခ်င္ခဲ့တဲ့က်မက.... သူ႕အနားမွာ ေနခ်င္ခဲ့ပါတယ္။
ထိုႏွစ္က ေက်ာင္းႏွစ္ပတ္လည္ပြဲက အေတာ္ ေအာင္ျမင္ကာ နာမည္ရခဲ့ပါသည္။ ေက်ာင္းဘခၤရာအဖြဲ႕ေခါင္းေဆာင္.... က်ိဳင္းကိုင္တဲ့မိန္းကေလး.... နံရံကပ္စာေစာင္... ေဖ်ာ္ေျဖေရး အကအဖြဲ႕ေတြ.... အဆိုအဖြဲ႕ေတြ....။
" ကိုေနသာဦးတို႔ အဖြဲ႕ သီခ်င္းဆိုတာ မိုက္တယ္ေနာ္.... တကယ္ Surprise ပဲ။ သူတို႔ကို သီခ်င္းတက္ဆိုမယ္လို႔ လုံးဝထင္မထားခဲ့ဘူး.... "
ေကာင္မေလးေတြပါးစပ္ဖ်ားမွာ ေနသာဦးဆိုသည့္ နာမည္က အရင္ကထက္ ပိုၿပီး ေရပန္းစားေနခဲ့ပါသည္။ ေက်ာင္းႏွစ္ပတ္လည္ေန႕မွာ သူတို႔သုံးေယာက္ သီခ်င္တက္ဆိုခဲ့ၾကၿပီး.... သူကေတာ့ နည္းနည္းပဲဆိုၿပီး ဂစ္တာကိုယ္တိုင္တီးခဲ့တာပဲ ျဖစ္သည္။ သီခ်င္းေတြကို တစ္ခါမွ နားမေထာင္ဖူးခဲ့တဲ့.... နားထဲကိုေရာက္လာလဲ တစ္လုံးမွ နားမလည္ခဲ့တဲ့ ေနၾကာက တစ္ခါတေလမွ ဝင္ဝင္ဆိုတဲ့ ေနသာဦးရဲ႕အသံနဲ႕ သီခ်င္းေလးေတြကို နားထဲမွာ စြဲထင္လို႔ ေနခဲ့ပါသည္။
" ေနၾကာမြန္..... ေနၾကာမြန္.... "
ပုဝါစုံခ်ထားသည့္ ဆရာမေလးက ေဟာခန္းေနာက္ဆုံးမွာ တိတ္တဆိတ္ထိုင္ေနတဲ့ ေနၾကာ့ကို ရေအာင္ရွာၿပီး ေရာက္လာခဲ့ပါသည္။
" သမီးကို လိုက္ရွာလိုက္ရတာ.... ဒီေရာက္ေနတယ္ "
" ဘာျဖစ္လို႔လဲ.... ဆရာမ "
" သမီး Essay ၿပိဳင္ထားတယ္မလား.... ပထမဆုရတယ္.... အဲ့ဒါ ခုနက ေၾကာ္ျငာဘုတ္မွာ ခ်ိတ္ထားတယ္ေလ.... မသိလိုက္ဘူးလား "
" ဟုတ္.... "
" လုပ္လုပ္.... ဆုယူရေအာင္... "
" ဟင္.... "
ေနၾကာကေလ....
ဆရာမက သူမကို ဆြဲေခၚလိုက္ၿပီးမွ ေနၾကာ့ကို ငုံ႕ၾကည့္ကာ....
" ထဘီလည္းမဟုတ္ဘူး.... "
" ဟုတ္..... "
ဆရာမက ေခါင္းကုတ္လိုက္ၿပီးမွ....
" မတတ္နိုင္ဘူး..... ဆုကလည္း အခုမွ ေၾကျငာတာဆိုေတာ့ ဘယ္လိုလုပ္ ႀကိဳျပင္ဆင္ခ်ိန္ရမလဲေနာ္.... ဒီတိုင္းပဲ တက္ယူလိုက္... "
ဆရာမက သူမလက္ကေလးကို ဆုပ္ကိုင္ကာ လူေတြၾကားထဲတိုးေဝွ႕လ်က္ Stage ေနာက္ဆီကို ေခၚသြားသည္။
" ေနၾကာ.... "
" မႏြယ္နီ.... "
" ဘာလို႔လဲဆရာမ.... "
မႏြယ္နီက ဆရာမလက္ထဲက ေနၾကာ့ကို စိုးရိမ္ကာ ေမးေတာ့ ဆရာမက.... မႏြယ္နီ႕ကို ၾကည့္ကာ...
" သမီးအသိလား.... ႏြယ္နီ.... ဒီသမီးက Essayၿပိဳင္ပြဲမွာ ဆုရထားတာ.... ဆုယူရမွာမို႔.... ဒီမွာ ကေလးကို ၾကည့္ပါအုံး စကတ္ႀကီးနဲ႕.... စင္ေပၚတက္ရမွာ ထဘီေလးနဲ႕ဆို ပိုကာင္းမွာပဲ "
" ဟုတ္ပေနာ္.... "
စတိတ္ေနာက္က အခန္းက်ဥ္းေလးထဲကို ေနၾကာက ဆရာမဆြဲေခၚလာလို႔ ေရာက္လာခဲ့ေပမယ့္ ရႈပ္ရွက္ခပ္ေနတဲ့ လူေတြၾကားမွာ မ်က္စိကေလးကလယ္ကလယ္ ျဖစ္ေနခဲ့ပါသည္။
" ဒါ.... ေနၾကာမြန္လား။ Essay ဆုရတဲ့ကေလး...."
" ဟုတ္ကဲ့ ဆရာမႀကီး.... "
" သူက ဆုယူၿပီး..... သူေရးတဲ့ Essay ကို ဖတ္ျပရအုံးမွာေနာ္။ ဘယ္အတန္းကလဲ.... "
" ဆရာမ.... ကေလးက ၆တန္းရွိေသးတာ။ ေနာက္ၿပီး.... ႀကိဳလဲ ေျပာထားတာမဟုတ္ဘူး.... အခုမွ "
ဆရာမက ေနၾကာ့ကို ၾကည့္ကာ ဝင္ေျပာေတာ့ ဆရာမႀကီးက ေနၾကာ့ကို စိုက္ၾကည့္ေနၿပီး...
" ကိုယ္တိုင္ေရးထားတာမလား.... တစ္ေက်ာင္းလုံးၿပိဳင္တာကို ပထမဆုရတယ္ဆိုကတည္းက အရည္ခ်င္းရွိလို႔ပဲ မဟုတ္ဘူးလား။ အတန္းပညာနဲ႕ မဆိုင္ပါဘူး.... ကဲ.... အသံထြက္နားေထာင္ရေအာင္ သမီးေရးခဲ့တဲ့ ပထမတစ္ေၾကာင္း ႐ြတ္ၾကည့္စမ္း..... "
ေနၾကာက လက္သီးကေလးကို က်စ္က်စ္ဆုပ္ထားမိရင္း စင္ေပၚက ဆင္းလာတဲ့ ေနသာဦးကို လွမ္းၾကည့္လိုက္သည္။ အံႀကိတ္မိၿပီး.... ေနၾကာ ေရးခဲ့တဲ့ စာေၾကာင္းေတြကို မွတ္ဉာဏ္ထဲ ျပန္ေဖာ္ကာ ႐ြတ္ျပလိုက္သည္။
" ဒီေလာက္ဆို အသံထြက္လည္း မဆိုးဘူး.... စင္ေပၚမွာ ၾကည့္႐ြတ္ရမွာပဲကို။ လုပ္နိုင္တယ္မလား.... အဲ့ဒါဆို အဆင္ေျပသြားၿပီလို႔ ထားလိုက္ေတာ့မယ္ေနာ္ "
ဆရာမႀကီးက ခက္ျပတ္ျပတ္ပဲေျပာၿပီး သုတ္ခနဲ႕ ထြက္သြားေတာ့မွ ဆရာမေလးက နားထင္ကို လက္နဲ႕ ဖိရင္း ၿငီးတြားေနေတာ့သည္။
" ဆရာမႀကီးက လုက္လိုက္ရင္ အဲ့လိုႀကီးပဲ.... စင္ေပၚတက္ စာဖတ္ျပရမွာဆိုရင္ အကၤ်ီက မျဖစ္မေန လဲမွ ျဖစ္ေတာ့မယ္.... ႏြယ္နီထြန္းေရ.... "
မႏြယ္နီက ဘယ္ခ်ိန္ထဲက ထြက္သြားၿပီမွန္း မသိပါ။
" ဒုကၡပါပဲ.... ေနာက္တစ္ေယာက္ သီခ်င္းဆိုၿပီးရင္ ဆုေပးက႑ေရာက္ၿပီကို.... "
ဂစ္တာေလးလြယ္ထားတဲ့ ေနသာဦးက သူတို႔နားကိုေရာက္လာသည္။
" ဆရာမ.... သူက ဘာျဖစ္လို႔လဲ "
" Essay ဆုရလို႔ေလ.... ၾကည့္အုံး ေက်ာင္းႏွစ္ပတ္လည္ကို စကတ္ဝတ္လာတယ္တဲ့ "
ေနၾကာက ကုပ္ကုပ္ကေလးထိုင္ကာ အကုန္လုံးကို လိုက္ေမာ့ၾကည့္ေနမိေတာ့သည္။
" ဝိုး.... ေနၾကာေလးက ေတာ္လိုက္တာ... "
ေကာင္းဆက္မြန္က ရယ္ၿပဳံးလ်က္ ခ်ီးက်ဴးေနတာကို ေနၾကာအာ႐ုံမရနိုင္ပဲ စင္ေပၚတက္ၿပီး စာ႐ြတ္ရမယ့္ ကိစၥကိုသာ ေခါင္းေတြပူေနေတာ့သည္။ ေနၾကာက.... တစ္ခါမွ လူေတြအမ်ားႀကီးေရွ႕မွာ ရပ္မေနဖူးခဲ့ပါ။ တစ္ခါမွ.... လူေတြအာ႐ုံစိုက္ခံရမယ့္အလုပ္မ်ိဳး မလုပ္ဖူးခဲ့ပါပဲနဲ႕... ႐ုတ္တရက္ႀကီး စင္ေပၚတက္ရမယ္ဆိုတာက....
" ဆရာမ..... ဒီမယ္ ေနၾကာ့ဖို႔ အျဖဴအစိမ္းဝတ္စုံရွာခဲ့ၿပီ "
ႏြယ္နီက အထုပ္တစ္ထုပ္နဲ႕အတူ ျပန္ေရာက္လာသည္။
" ဘယ္ကရခဲ့တာလဲ.... သူက ေသးေသးေလး "
ေနသာဦးက ေမးေတာ့ ႏြယ္နီက ဆံပင္ေလးမ်ားကို သပ္ကာ... ဂုဏ္ယူဝံ့ႂကြားစြာျဖင့္....
" ႏြယ္နီေလဟာ.... ရေအာင္ ရွာတတ္ရတာေပါ့။ အကအဖြဲ႕ထဲက ၅တန္းကေလးမတစ္ေယာက္က ဝတ္စုံေတြခ်ဳပ္ၿပီးမွ ေနမေကာင္းလို႔ ပ်က္တာေလ.... အဲ့ဒါ သူ႕ဝတ္စုံက ေလ့က်င့္တဲ့အခန္းက ဗီရိုထဲမွာ သိမ္းထားတုန္းပဲ... အဲ့ဒါ သတိရလို႔ သြား ယူလာတာ... "
ဆရာမက သက္ျပင္းႀကီးခ်ကာ....
" အံမေလး.... ႏြယ္နီထြန္းကို အဲ့ဒါေၾကာင့္ အားကိုးေနရတာ။ လုပ္လုပ္.... လဲေပးလိုက္အုံး...ငါလုပ္စရာရွိေသးတယ္.... "
ဆရာမက ခပ္လွမ္းလွမ္း ေရာက္မွ....
" သူ႕ကို မ်က္ႏွာေလး ဆံပင္ေလး.... ၾကည့္လုပ္ေပးလိုက္အုံး.... "
" ဟုတ္.... "
မႏြယ္နီက ေနၾကာ့ကို အဝတ္လဲခဲထဲဆြဲေခၚသြားကာ အကၤ်ီေတြလဲေပးသည္။
" ေဟာ..... ေနၾကာ လက္ေတြက ေအးစက္လို႔.... ေနမေကာင္းဘူးလား "
" မဟုတ္ပါဘူး.... "
ေနၾကာ အသံကေလးမ်ားပင္ တုန္ေနသည္ ထင္ရသည္။
" ႏြယ္နီ.... ၿပီးၿပီဆို ထြက္ခဲ့ေတာ့.... "
ေနသာဦးက အျပင္ကေနေအာ္ေခၚေတာ့ မႏြယ္နီက သူမအသံ စူစူးကေလးျဖင့္...
" လာၿပီဟဲ့.... တကယ္ပဲ ေလာတာကို.... "
သူမတို႔ အျပင္ထြက္လာၾကၿပီး ျပတင္းေပါက္နားမွာ ေနၾကာ့ကို ထိုင္ခိုင္းကာ မ်က္ႏွာကို ဟိုဟို ဒီဒီလူးေပးေနသည္။
" မိတ္ကပ္ေတြ အမ်ားႀကီး မလူးေပးနဲ႕ ႏြယ္နီ.... သူက ျဖဴၿပီးသား.... "
" လွ်ာကိုရွည္တယ္..... ငါသိပါတယ္.... ပန္းပြားကအဖြဲ႕က ကေလးမေတြ ငါျပင္ေပးထားတာ လွတယ္မဟုတ္ဘူးလား.... "
" သရဲမေတြက်လိဳ႕.... "
ႏြယ္နီက ေနသာဦးကို မ်က္ေစာင္းထိုးလိုက္ၿပီး....
" ကူလည္း လုပ္မေပးပဲ.... နားၿငီးေနတယ္ "
" နင္တို႔ မိန္းကေလးကိစၥဟာကို.... ငါက ဘာလုပ္ေပးရမွာလဲ.... ႏႈတ္ခမ္းနီ အနီေရာင္ႀကီးဆိုးမေပးနဲ႕။ ကေလးကို..... ဟိုအေရာင္ေဖ်ာ့ေဖ်ာ့ပဲ ဆိုးေပး"
ႏြယ္နီက ဆရာလုပ္ေနသည့္ သူ႕ကို ဂ်ိဳေပးကာ ၾကည့္လ်က္.... ပန္းေရာင္ ေဖ်ာ့ေဖ်ာ့ေလးကို ေ႐ြးကာ ေနၾကာ့ႏႈတ္ခမ္းမွာ ဆိုးေပးလိုက္သည္။
" ငါ့ဆရာလုပ္မေနနဲ႕.... ဘီးယူၿပီး သူ႕ေခါင္းၿဖီးေပးလိုက္အုံး။ သူ႕ဆံပင္ေတြက ေကာက္ေကြးေနတာ.... "
ေနၾကာက သူမေရးထာတဲ့ အက္ေဆးကို အစမ္းဖတ္ၾကည့္ေနတုန္း ေခါင္းကို တစ္ယာက္ေယာက္ကလာထိတယ္ ထင္လို႔ ေမာ့ၾကည့္လိုက္ေတာ့ ေနသာဦး ျဖစ္ေနသည္။
" ေနၾကာ.... ဒီဘက္လွည့္အုံး.... အမျပင္ေနတာ မၿပီးေသးဘူး.... "
" ဟုတ္.... "
ေနၾကာ စာဆီကို အာ႐ုံမေရာက္ေတာ့ပဲ သူမဆံပင္ေတြကို လာထိကိုင္ေနတဲ့ သူ႕လက္ေခ်ာင္းေတြကိုပဲ သတိထားမိေနေတာ့သည္။
" က်စ္ေပးလိုက္မယ္... "
" နင္ က်စ္တတ္လို႔လား.... "
" မာမီ့ကို ငါက်စ္ေပးေနၾကပါဟ.... "
ေနသာဦးက ေနၾကာ့ဆံပင္ေလးမ်ားကို အသာအယာကိုင္ကာ က်စ္ေပးေနသည္။
" လွသြားၿပီ.... ငါ့ညီမေလးက ဒီတိုင္းေလးက် ခ်စ္စရာတအားေကာင္တာပဲ။ ႏွစ္ဖက္ခြဲက်စ္ဆံၿမီးေလးနဲ႕.... အ႐ုပ္ကေလးက်လိဳ႕.... "
မ်က္ရစ္မပါလည္း မ်က္လုံးကေလးေတြက မ်က္ေတာင္စိပ္စိပ္ကေလးမ်ားႏွင့္ လွသည္။ မ်က္ခုံးေမႊး ခုံးခုံးကေလးမ်ားႏွင့္... ပါးေဖာင္းေဖာင္းကေလး.... ႏွာတံေသးေသးေလး.... ႏႈတ္ခမ္းေသးေသးေလး.... အကုန္ေပါင္းလိုက္ေတာ့ တကယ္ကို လွပါသည္။
" ဆုေပးပြဲစေတာ့မယ္.... ၿပီးၿပီလား.... ႏြယ္နီထြန္း.... "
" ဟုတ္ကဲ့ ဆရာမ.... "
ေနၾကာက ဆရာမကိုေရာ သူ႕ကို ေနာက္ေက်ာကၾကည့္ေနတဲ့ ေနသာဦးကိုေရာ လွည့္ၾကည့္လိုက္ေတာ့ ဆရာမေတာင္ ေၾကာင္အအကေလးျဖစ္သြားသည္။
" ခုနက.... ေနၾကာ ဟုတ္ပါတယ္ေနာ္ " တဲ့။ ဆရာမက ရယ္ေနပါသည္။
" ငါမိတ္ကပ္ျပင္တာ လွတယ္မလား.... ေနသာ "
" မဆိုးပါဘူး... လူ႐ုပ္ကေလး ထြက္လာသားပဲ "
သူ႕စကားကို မၾကားခင္ အခ်ိန္ကထိ ေနၾကာက သူ႕ဆီက ခ်ီးက်ဴးသံကေလး ၾကားရဖို႔ ေမွ်ာ္လင့္ေနခဲ့မိပါေသးသည္။
ဒါေပမယ့္..... ေနၾကာက.... သူ႕အတြက္.... ဒီတိုင္း သာမာန္ ေနၾကာပန္းကေလး တစ္ပြင့္သာျဖစ္ပါသည္။
ဆရာမက သူ႕စုံခ်ပဳဝါစိမ္းကို ေနၾကာ့ကို ၿခဳံေပးလိုက္ေတာ့ အကုန္ျပည့္စုံသြားသည္။
" ေၾကာက္ေနတာလား..... "
ေနၾကာက လက္သီးကို က်စ္ေနေအာင္ဆုပ္ထားတာက လက္သည္းေတြနဲ႕ထိုးမိကာ လက္ေတြေပါက္ထြက္ေတာ့မည္လို႔ ခံစားေနရသည္။
" မီးငယ္.... စင္ေတြေပၚ တစ္ခါမွ မတက္ဖူးဘူး...."
ေဘးမွာရပ္ေနသည့္ ေနသာဦးကို သူမ ေမာ့ေျပာလိုက္သည္။
" ေနာက္ၿပီး.... စာေတြကို ႐ြတ္ျပလို႔ တစ္ခုခုမွားသြားရင္ လူေတြ ရယ္ၾကမွာမလားဟင္.... မီးငယ္အသံက တစ္ခုခုျဖစ္ေနရင္ေရာ.... ဘယ္လိုလုပ္မလဲ.... "
ေနသာဦးက သူလုပ္ေနၾက သူမေခါင္းေလးေပၚကို လက္တင္လိုက္ၿပီး...
" ေနၾကာက ေတာ္ပါတယ္.... သြား.... စင္ေပၚကို ေခါင္းေမာ့ၿပီး တက္သြားလိုက္...."
" ဒါေပမယ့္.... "
" ကိုကို စင္ေအာက္ကေန ေနၾကာ့ကို ၾကည့္ေနမယ္.... ဒါဆို မေၾကာက္ေတာ့ဘူးမလား... "
" ဟင္.... "
ေနသာဦးက ေနၾကာ့ကို ၿပဳံးျပသည္။ အဲ့ဒီလိုမ်ိဳး သူမကို ခြန္အားေပးသည့္ ႏြေးေထြးတဲ့အၿပဳံးေတြ....
" သြားေလ.... "
" ဟုတ္.... "
သြားပါ..... ေနၾကာ။ သြားပါ.... ေဟာဒီမွာရွိေနတဲ့ လူေတြ အားလုံးကို လွလွပပ ဖူးပြင့္ျပလိုက္စမ္းပါ။
.
.
.
ရပ္ၾကည့္ေနမယ္လို႔ေျပာၿပီး..... တကယ္ ရပ္ၾကည့္ေပးခဲ့တာမို႔ ေနၾကာ ဝမ္းသာရပါသည္။ ေအးစက္ေနတဲ့လက္ေတြေတာင္ ျပန္ၿပီး ႏြေးေထြးလာနိုင္တာက ဘာရဲ႕အစြမ္းပါလိမ့္။ တစ္ခါမွ လူေတာမတိုးခဲ့ဖူးတဲ့ ေနၾကာက လူေတြအမ်ားႀကီးေရွ႕မွာ စာေတြ႐ြတ္ဆိုရဲခဲ့တာက.... ဘယ္က ရလာခဲ့တဲ့ သတၱိေတြပါလိမ့္။
ေနၾကာကေတာ့.... မ်က္ႏွာခ်င္းဆိုင္နံရံမွာ မွီလ်က္ လက္ပိုက္ ၾကည့္ေနခဲ့တဲ့ လူတစ္ေယာက္ကိုသာ တစ္ခ်ိန္လုံး ၾကည့္ၿပီး ဒီစင္ျမင့္ေပၚကို ရပ္ေနနိုင္ခဲ့ပါသည္။
" မင္းငါ့ဆီကို စိတ္ခ်လက္ခ်ထားသြားတဲ့ ငါတို႔ရဲ႕ ေနၾကာပန္းကေလးကို ၾကည့္ပါအုံး.... ရိုစီ..... အလွပဆုံး အေတာက္ပဆုံး ဖူးပြင့္ေနတာ.. "
ဖရက္ဒ္က ေဟာခန္းအျပင္ဘက္ တစ္ေနရာကေန တည္တည္ၿငိမ္ၿငိမ္ေလး စာ႐ြတ္ဆိုေနတဲ့ သမီးငယ္ကို ၾကည့္ကာ မ်က္ရည္းမ်ားပင္ က်လာခဲ့ပါသည္။
အေဝးေန
....................
ျဖစ္နိုင္မယ္ဆိုရင္ေတာ့ မင္းတစ္ေယာက္ဆီကိုပဲ ပို႔လႊတ္ေပးလိုက္ခ်င္တာ။ ဒီခ်စ္ျခင္းေမတၱာကို.... ဒီအလင္းေရာင္ေတြကို။ ဒါေပမယ့္ ညီမေလးေရ.... ကိုယ္က ႏြေးေထြးေစ႐ုံဆိုေပမယ့္ မင္းကို ေျခာက္ေသြ႕သြားရင္ဆိုၿပီး စိတ္ပူလို႔ အေဝးကေနပဲ ရပ္ၾကည့္ေနခဲ့ပါတယ္။ ကိုယ္လိုေကာင္က နီးကပ္လာေလ ပူေလာင္ေလမလား။ ကိုယ္က.... မင္းကို ဒီေကာင္ကင္ေအာက္မယ္.... ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ ရွင္သန္တတ္ေစခ်င္ေသးတာ။ လြတ္လြတ္လပ္လပ္ ၿပဳံးေနတာကို ျမင္ခ်င္ေသးတာ။ အဲ့ဒါေၾကာင့္..... ကိုယ္ အေဝးကေန ၾကည့္ေနမွာမို႔ မင္းက ေပ်ာ္႐ႊင္ပါ။
ထိုကဗ်ာကို ကိုေကာင္းဆက္မြန္က နံရံကပ္စာေစာင္က စာေတြပုံေတြကို ျဖဳတ္ေနရင္းက အသံေနအသံထားနဲ႕ ထဖတ္ေတာ့ အားလုံးၿငိမ္ကာ နားေထာင္ၾကသည္။ သူတို႔ေတြက ပြဲၿပီးသြားေတာ့ အိမ္မျပန္ရေသးပဲ ေက်ာင္းမွာ သိမ္းဆည္းကူညီေနရတာ ျဖစ္ပါသည္။
" အေဝးေနဆိုတာက.... အေဝးမွာ ေနလို႔ ေျပာတာလား..... အေဝးႀကီးက ေနမင္း ကိုေျပာတာလား.... "
ႏြယ္နီေမးေတာ့ ေကာင္းဆက္မြန္က ေနၾကာပန္းကေလးမ်ားေဘးမွာ ဆြဲကာ တန္ဆာဆင္ထားသည့္ ကဗ်ာစာ႐ြက္ကို ျပန္ၾကည့္လိုက္သည္။
" ဘယ္သိမွာလဲ။ ကဗ်ာေရးတဲ့သူပဲ သိမွာေပါ့.... "
" ဘယ္သူေရးတာလဲ..... "
ေကာင္းဆက္မြန္က စာ႐ြက္ကို ဟိုဘက္ဒီဘက္ လွန္ၾကည့္ရင္း....
" နာမည္မပါဘူးဟ..... ေနၾကာ.... ဒီဟာ ညီမေလး ကူးေရးတာမလား.... နာမည္ေမ့က်န္ေနခဲ့တာလား.... "
" မဟုတ္ဘူး.... အဲ့ဒါက ဒီတိုင္း အစထဲက နာမည္မပါတာ.... "
" အမ္..... "
ႏြယ္နီက စာ႐ြက္ကို လာၾကည့္ကာ....
" အဲ့ဒီစာမူကို ဘယ္သူလက္ခံလိုက္တာလဲ.... ဟဲ့ ေနသာ နင္လား.... "
" ငါမွ စာမူေတြဘက္ မေရာက္တာ.... "
" ငါေ႐ြးလိုက္တာ..... နာမည္မပါလို႔ စည္းကမ္းခ်က္နဲ႕မညီေပမယ့္ လွတယ္ေလ.... ကဗ်ာက.... "
" ဪ..."
ရွိုင္းထက္စိုးက ဝင္ေျပာေတာ့မွ အားလုံးက ၿငိမ္သက္ကာ ကိုယ့္အလုပ္ကိုယ္ ျပန္လုပ္ေနၾကသည္။
" ေနၾကာပန္းေလးေတြဆြဲဖို႔ ဘယ္လိုစိတ္ကူးရခဲ့တာလဲ ေနၾကာ.... "
ေကာင္းဆက္မြန္ တစ္ေယာက္ပဲ ထိုစာ႐ြက္ကို ၾကည့္ကာ ေမးခြန္းေတြ ထုတ္ေနဆဲ ျဖစ္သည္။
" မေကာင္းလို႔လားဟင္.... ေနၾကာက ဘာဆြဲရမွန္းမသိေတာ့တာမို႔ အဲ့ဒီပုံဆြဲလိုက္တာ.... "
" မဟုတ္ပါဘူး.... ကဗ်ာေလးနဲ႕ ပုံေလးနဲ႕က လိုက္လို႔ေမးၾကည့္တာ.... ငါတို႔ညီမေလးက ေတာ္ၿပီးသား.... "
" ေလေပါေန..... မိုးခ်ဳပ္ေနလိမ့္မယ္.... လုပ္ဟ.... ေခြးသားေလးရ "
ေနသာဦးက ေကာင္းဆက္မြန္ေခါင္းကို ရိုက္ေတာ့ သူက ေျခေထာက္နဲ႕ လွမ္းကန္သည္။
" နာတယ္ဟ.... ငါ့ဖေအရ.... "
" တိတ္ၾကစမ္း.... မင္းပေထြး နားၿငီးတယ္ "
ႏြယ္နီက ရန္ျဖစ္ေနၾကတဲ့ သူ႕သူငယ္ခ်င္းေတြကိုၾကည့္ကာ ရယ္လ်က္ လုပ္စရာရွိတာ လုပ္ေနသည္။
" ကေလးေတြက်ေနတာပဲ.... သူတို႔ေတြ.... ငါတားမွ ရေတာ့မယ္ "
ႏြယ္နီက မတ္တပ္ရပ္ကာ ခါးေထာက္လိုက္ၿပီး...
" ေဟ့..... နင္တို႔ဘြားေတာ္ စိတ္တိုလာၿပီ.... ၿငိမ္ၿငိမ္ေနၾကစမ္း... အလုပ္လုပ္ "
သုံးေယာက္သား အသံေတြတိတ္သြားၾကေတာ့ ေဘးမွာ ကူေနၾကတဲ့ေက်ာင္းသားေတြက တိတ္တခိုး ရယ္ၾကသည္။ ေကာင္းဆက္မြန္ကို တံေတာင္နဲ႕ တြက္ေနသည့္ ေနသာဦးကိုၾကည့္ၿပီး ေနၾကာ တစ္ေယာက္ထဲ ၿပဳံးေနမိခဲ့သည္။
" ဒီဟာေတြ.... အမွိုက္ထဲပစ္မွာမလား.... "
ျဖဳတ္ထားသည့္စာ႐ြက္ေတြကို ေနၾကာက ေပြ႕ကာ ေနၾကာက လွမ္းေမးလိုက္သည္။
" ေဟ့ေအး.... ေနၾကာ။ မပစ္ဘူး.... မႏြယ္နီ ယူသြားမွာ.... ေဖာက္စက္နဲ႕ေဖာက္ၿပီး စာအုပ္ခ်ဳပ္ထားမွာ.... အမွတ္တရသိမ္းထားမလို႔ေလ။ လက္ေရးလွလွေလးေတြ.... ေနၾကာေရးထားတဲ့ပန္းခ်ီေတြနဲ႕.... ကဗ်ာေတြ စာေတြက ဘယ္ေလာက္ လွလိုက္သလဲ... မပစ္ရက္ပါဘူး...."
ေနၾကာက ေပြ႕ထားတဲ့စက္႐ြက္ထပ္ႀကီးကို ငုံ႕ၾကည့္လိုက္ၿပီး....
" ဒါဆို ဒီအေဝးေနဆိုတဲ့ ကဗ်ာကို ေနၾကာ့ကို ေပးလို႔ရလား....ဟင္ "
" ယူေလ.... ယူေလ.... ေနၾကာ ႀကိဳက္ရင္ ယူသြား"
" ဟုတ္.... "
" ႏွစ္ေယာက္စလုံး... အူေၾကာင္ေၾကာင္ေတြ.... " တဲ့။ ေနသာဦးက တိုးတိုးေျပာၿပီး ထြက္သြားသည္။ မႏြယ္နီက သူမ မျမင္ရမွန္း သိတာေတာင္ ေနာက္ကေန လက္သီးနဲ႕႐ြယ္ေနေသးသည္။
" က်က္သတုံးေကာင္.... "
" ေနၾကာ..... ေရာ့..... "
မႏြယ္နီက မုန့္ထုပ္ေတြကို ေနၾကာ့ဆီလွမ္းပစ္လိုက္တာကို ဖမ္းေပမယ့္ မမိပဲ ျမက္ခင္းေပၚ လြင့္က်သြားသည္။ ေနၾကာထေကာက္မယ္လုပ္ေတာ့ ေဘာင္းဘီကို တစ္ဖက္ထဲ တိုေအာင္ဆြဲတင္ထားၿပီး ရွပ္အကၤ်ီအျဖဴေရာင္ကေလးဝတ္ထားသည့္ ေနသာဦးက မုန့္ထုပ္ေတြေကာက္လာၿပီး ေနၾကာ့ကို လာေပးသည္။
" ပ်င္းေနၿပီလား.... "
" မပ်င္းပါဘူး.... "
" ကိုကို ၾကည့္ေနတာေတာ့..... ေလ်ာက္ေငးေနတာပဲ။ ဟိုမွာ.... ဟိုေကာင္မေလးေတြ ဟင္းခ်က္တဲ့နား သြားမကူဘူးလား.... "
" မီးငယ္က ကူေပးမလို႔ကို မႏြယ္နီက ခိုက္မိလိမ့္မယ္မလာခဲ့နဲ႕ဆိုလို႔..... "
ေက်ာင္းႏွစ္ပတ္လည္ပြဲတုန္းက ဘခၤရာအဖြဲ႕ကလူေတြအကုန္လုံး ပြဲၿပီး ေနာက္တစ္ရက္ ေက်ာင္းပိတ္ေတာ့ ေပ်ာ္ပြဲစားထြက္လာၾကျခင္း ျဖစ္ပါသည္။ ၿမိဳ႕အျပင္က ေတာင္ကုန္းေလးမွာ စားစရာေသာက္စရာေတြ ခ်က္ျပဳတ္စားေသာက္ကာ ဂိမ္းကစားၾကဖို႔ တစ္ေနကုန္စာအစီစဥ္ေတြနဲ႕ ေရာက္လာၾကျခင္းျဖစ္ပါသည္။ ေနၾကာ့ကိုေတာ့ မႏြယ္နီက အိမ္ထိ လာေခၚခဲ့တာျဖစ္ပါသည္။ ေယာက္်ားေလးေတြက ကြင္းျပင္မွာ ေဘာလုံးကန္ေနၾကၿပီး မိန္းကေလးတစ္ခ်ိဳ႕ကေတာ့ ခ်က္ျပဳတ္ေနၾကသည္။ ဟင္းခ်က္ေနတဲ့ဆီမွာ ဝတ္ရည္နဲ႕ ေမမီေရာ ရွိေနေပမယ့္ ေနၾကာကေတာ့ ဒီေနရာမွာပဲ ထိုင္ေနမိသည္။ ကူမယ္ဆိုရင္ေတာင္ ဘာကူရမွန္းမသိ ျဖစ္ေနမွာ....
" ဟုတ္သားပဲ ၿငိမ္ၿငိမ္ေလးေနတာက စိတ္ေအးရမွာ.... ဓားကိုင္ေတာ့ ဓားရွမွာ စိတ္ပူေနရမယ္.... အပူေလာင္မွာ စိုးရိမ္ေနရအုံးမယ္ "
ေနၾကာက သူမကိုစိတ္လိုလက္ရ စကားေတြေျပာေနတဲ့ ေနသာဦးကို အထူးအဆန္းျဖစ္ကာ ၾကည့္ေနမိသည္။ သူကေတာ့ ေအးေအးေဆးေဆး မုန့္ထုပ္ကို ေဖာက္ေပးၿပီး....
" ဘာေတြ အဲ့ေလာက္ေငးေနတာလဲ.... ကိုကို႔မ်က္ႏွာမွာ ဘာရွိလို႔လဲ.... "
" ဟင္.... ဘာမွ မရွိပါဘူး.... "
ေနၾကာ ေခါင္းကေလးငုံ႕ကာ ကိုယ့္လက္ေခ်ာင္းေတြကို ျပန္ၾကည့္ေနမိၿပီးမွ....
" တစ္ခါတေလက်..... ကိုကိုက ကိုကိုနဲ႕ မတူသလိုပဲ.... မီးငယ္ကို မသိခ်င္ေယာင္ ေဆာင္ေနတာ။ ေနာက္ၿပီးရင္.... ကိုကိုမဟုတ္သလိုပဲ မီးငယ္ကို စကားေတြ လာေျပာျပန္ေရာ..... "
ေနသာဦးက ေနၾကာ့ကို ရယ္ျပသည္။
" ဟုတ္လား..... အဲ့ဒီလို ျဖစ္သြားလား.... ကိုကိုကေတာ့ သတိမထားမိပါဘူး.... "
ေနၾကာက ဆံပင္ေတြနဲ႕မ်က္ႏွာကို ကြယ္ထားကာ တိတ္တိတ္ကေလးပဲ ၿပဳံးေနခဲ့ပါသည္။
" ဆံပင္ ကိုယ့္ဘာသာ မက်စ္တတ္ဘူးလား.... ေနၾကာက က်စ္ဆံၿမီးေလးနဲ႕ဆို ခ်စ္စရာေလး.... "
ေနၾကာ ေခါင္းယမ္းျပေတာ့ သူက ၿပဳံးျပကာ....
" လာ..... ကိုကို က်စ္ေပးမယ္.... "
ေျပာၿပီး ေနသာဦးက ေနၾကာ့ဆံပင္ေခြေခြေပ်ာ့ေပ်ာ့ေလးမ်ားကို ႏွစ္ဖက္ခြဲကာ က်စ္ေပးသည္။
တကယ္ပဲ.... ကိုကို႔စိတ္ထဲ ဘာေတြေတြးေနလဲဆိုတာကို သိခ်င္လိုက္တာ။ တစ္ခါတေလက်.... ႏြေးေထြးေနတတ္ၿပီး.... တစ္ခါတေလက်လည္း သူမဟုတ္သလို ေအးစက္ေနတတ္တာကို ဘယ္လို နားလည္ရမွာပါလိမ့္။
သူက... ဘယ္လို လူမ်ိဳးပါလိမ့္။
ေနၾကာ လူတစ္ေယာက္ဘဝကို ထဲထဲဝင္ဝင္ သိခ်င္ခဲ့တာ ဒါပထမဆုံးပဲ ျဖစ္မည္ ထင္ပါသည္။
" ကိုကိုေနသာ..... ေနၾကာ.... ဒီမွာ မုန့္စားရေအာင္ ယူလာတယ္ "
ဝတ္ရည္က ပူပူေလာေလာ စားစရာပန္းကန္ေတြသယ္လာသည္။
" ဘာေတြလဲ.... "
" ဖက္ထုပ္.... "
ေနသာဦးက စားစရာပန္းကန္ကို ၾကည့္ကာ....
" ႏြယ္နီလုပ္တာမလား.... စားေကာင္းအုံးမယ္.... "
ေနသာ ႐ြဲ႕ေျပာျခင္း ျဖစ္ပါသည္။ အရင္ ေလ့က်င့္ေနတဲ့ ရက္ေတြတုန္းကလည္း အိမ္ကေန ဖက္ထုပ္ေတြလုပ္လာကာ သူတို႔ကို ေကြၽးေပမယ့္ အစားႀကီးတဲ့ ေကာင္းဆက္မြန္ေတာင္ ကုန္ေအာင္မစားနိုင္ေအာင္ အရသာက ဆိုး႐ြားပါသည္။
" ဒီတစ္ခါ ဝတ္ရည္တို႔ေရာ ကူလုပ္ေပးထားတာ.... စားေကာင္းပါတယ္.... "
အနံ႕ကေလးမ်ားေမႊးေနသည့္ ဖက္ထုပ္မ်ားကို ေနၾကာ ယူစားခ်င္ေပမယ့္ စိတ္ထဲမွာလည္း မဝံ့မရဲ ျဖစ္ေနမိသည္။
" စားခ်င္လို႔လား.... စားေလ.... "
ေနသာဦး ေျပာမွ ေနၾကာ တစ္ခု ယူစားၾကည့္လိုက္သည္။ ေနသာဦးက သူမကို ၾကည့္ေနၿပီး....
" စားေကာင္းလား.... "
" အင္း.... "
ေနၾကာ ေနာက္တစ္ခု ယူစားလိုက္ကာ ဝတ္ရည္ကို ၾကည့္လိုက္သည္။
" နင္ေရာ မစားဘူးလား... "
" စားမယ္ေလ.... "
ျမဝတ္ရည္နိုင္က သူမေဘးမွာ ဝင္ထိုင္သည္။ ေမမီက သူတို႔ထိုင္ေနတဲ့ဆီေရာက္လာၿပီး....
" ဒါက.... အကင္ေတြ.... ဝတ္ရည္ ေရာ့.... "
ဝတ္ရည္က ဖက္ထုပ္စားေနတာမို႔ လက္မအားလို႔ ေနၾကာက လွမ္းယူတာကို ေမမီက မေပးပါ။ ေနၾကာ လက္ကေလး ျပန္႐ုတ္လိုက္ၿပီး ကုပ္ခ်ိခ်ိလုပ္ေနတာကို ေနသာဦးက ေခါင္းအသာပုတ္လ်က္...
" ဒီမွာ... ေနအုံးေနာ္။ ကိုကို ေဘာလုံးသြားကန္မလို႔.... "
ေနသာဦးက အေပၚကဝတ္ထားတဲ့ ရွပ္အကၤ်ီနဲ႕ဖိနပ္ကို ေနၾကာ့နားမွာ ခြၽတ္ထားခဲ့ၿပီး ေဘာလုံးကန္ေနတဲ့ ေယာက္်ားေလး အုပ္စုဆီ တစ္ရွိန္ထိုး ေျပးသြားသည္။ လမ္းမွာ သူတို႔ဆီကို ေျပးလာေနတဲ့ ေကာင္းဆက္မြန္နဲ႕ လက္ဝါးခ်င္းရိုက္သြားေသးသည္။
" ဟဲ့.... ေနၾကာ။ အခ်ဥ္ရည္ေမ့လာခဲ့လို႔ သြားယူေပးပါလား.... "
ေမမီေျပာတာကို ေခါင္းညိတ္ျပကာ ထလိုက္သည္။
" ငါ သြားယူလိုက္မယ္ေလ... "
ဝတ္ရည္လိုက္ထေတာ့ ေမမီက ဝတ္ရည္ကို အတင္းဆြဲခ်ကာ...
" နင္အလုပ္ေတြ အမ်ားႀကီး ကူထားတာကို.... ထိုင္စမ္းပါ။ သူ႕ဒါေလးခိုင္းတာကို... "
" ေဟ့.... ညီမေလးတို႔... အကို႔ကို ေကြၽးပါအုံး.... ဘာေတြစားေနၾကတာလဲ.... "
" ဖက္ထုပ္.... အကင္.... "
" အင္း.... ေမႊးေနတာပဲ.... "
ေကာင္းဆက္မြန္ေရာက္လာကာ မုန့္ေတြယူကပုလတ္ပေလာင္းစားေနသည္။ ေနၾကာက မႏြယ္နီတို႔ ဟင္းခ်က္တဲ့ဆီသြားေနတာကို ျမင္ေတာ့ သူက...
" ေနၾကာ.... ေရဘူးနဲ႕ အေအးဘူးေရာ... ယူခဲ့ေနာ္... "
"ဟုတ္"
ေနၾကာ မႏြယ္နီတို႔ဆီေရာက္ေတာ့ အခ်ဥ္ရည္ပုလင္းရွာကာ ကိုယ့္ဘာသာ ထည့္လိုက္သည္။
" ေနၾကာ.... အမ မုန့္ေတြ ေပးခိုင္းလိုက္တယ္ ေရာက္လား.... စားေကာင္းလား "
" ဟုတ္..... ကိုေကာင္းဆက္မြန္က အေအးဘူး ေပးလိုက္ပါအုံးတဲ့.... "
" ဟိုေရခဲပုံးထဲက ယူသြား.... ကေလး.... "
" ဟုတ္.... "
ေနၾကာက ေရခဲဘူးေတြ အေအးဘူးေတြရယ္.... အခ်ဥ္ရည္ခြက္ရယ္နဲ႕ မနိုင္မနင္းသယ္ေနတုန္း လူတစ္ေယာက္ သူမနားေရာက္လာသည္။
" အကို ကူသယ္ေပးမယ္.... "
ေနၾကာမသိတဲ့လူမို႔ ျပန္ေျဖဖို႔ကို အၾကာႀကီး စဥ္းစားေနမိသည္။
" ေနၾကာမြန္မလား.... အကိုက ၉တန္းက။ Essay ၿပိဳင္ပြဲမွာ ဒုတိယဆုရတဲ့သူေလ.... "
" ဪ.... "
" မမွတ္မိဘူးမလား.... အကို႔နာမည္ ထက္ေဝေအာင္ပါ.... ခင္လို႔ရတယ္မလား.... "
" ရွင္..... "
" ကူသယ္ေပးမယ္ေလ.... ေပး "
"ရပါတယ္.... "
ေနၾကာက သူကူသယ္ဖို႔လုပ္ေနတဲ့ ေရဘူးကို ေဘးလႊဲလိုက္သည္။ ဒါကို သူက ရယ္လ်က္.....
" မနိုင္ဘူးျဖစ္လို႔ ကူသယ္ေပးမလို႔ကို.... မာနာႀကီးတယ္ေနာ္.... "
" မဟုတ္ပါဘူး.... ေနၾကာက.... ဟိုေလ.... "
" ေနၾကာ အကို႔ကို ဒါေတြေပး.... သြား မႏြယ္နီဆီ ေနာက္ထပ္ အေအးဘူး သြားယူေပး.... "
ရွိုင္းထက္စိုးေရာက္လာၿပီး ေနၾကာ့လက္ထဲက ပစၥည္းေတြကို အကုန္လႊဲယူလိုက္သည္။
" သြား.... Soda ေနာ္.... မသိရင္ ႏြယ္နီကို ေမးလိုက္ "
" ဟုတ္.... "
ေနၾကာက အူေၾကာင္ေၾကာင္ကေလးျဖစ္ကာ ေရခဲပုံးေတြဆီ ျပန္သြားသည္။ ရႈင္းထက္စိုးက ထက္ေဝေအာင္ဆိုသည့္ေကာင္ေလး ပခုံးေပၚ လက္တင္လိုက္ၿပီး....
" ညီေလး... ကိုးတန္းကမလား။ ဟိုမွာေတြ႕လား.... ေဘာလုံးကန္ရင္း မင္းကို လွမ္းၾကည့္ေနတဲ့ တစ္ေယာက္ကို.... ေနသာတဲ့။ ေနၾကာက သူ႕ညီမပဲ... အထိုးမခံခ်င္ရင္ ေဝးေဝးေန.... ဖြန္မေၾကာင္နဲ႕.... "
ပခုံးကို ခပ္ျပင္းျပင္းပုတ္ကာ ရွိုင္းထက္စိုးက ေကာင္မေလးေတြနဲ႕ေလေပါေနသည့္ ေကာင္းဆက္မြန္ဆီ ေအးေဆးေလ်ာက္လာခဲ့သည္။ ဂိုးဖမ္းရင္း သူတို႔ဆီကို တစ္ခ်က္တစ္ခ်က္ လွမ္းလွမ္းၾကည့္ေနသည့္ ေနသာဦးကို သူၾကည့္လိုက္ရင္း ခပ္မဲ့မဲ့ရယ္မိသည္။
ေကာက္ရိုးပုံေစာင့္ေခြးအေလာင္းအလ်ာေလး.... သူစိတ္ထဲကေန ေရ႐ြတ္မိပါသည္။
ႏွင္းဆီပန္းလို ႏူးညံ့လွပသည့္ေကာင္မေလးတစ္ေယာက္အတြက္ ဆူးတစ္ခက္လို တစ္သက္တာ ဝန္းရံကာကြယ္ေပးသြားမည္ဆိုသည့္ အဓိပ္ပါယ်များနှင့် ထုံမႊမ္းထားသည့္ ႏူးႏူးညံ့ညံ့ သိမ္သိမ္ေမြ႕ေမြ႕ သီခ်င္းကေလးက ေနသာဦးရဲ႕ ဂစ္တာသံ.... သူ႕ အသံခ်ိဳခ်ိဳရွရွေလးနဲ႕မို႔ ပိုနားေထာင္ေကာင္းေနခဲ့ပါသည္။ မီးပုံေဘးမွာ ေနသာဦးက မ်က္လႊာကေလးခ်ၿပီး ကိုယ္တိုင္ဂစ္တာတီးကာ ဆိုေနပုံကလည္း လုံးဝကို ၿပီးျပည့္စုံတဲ့ တည္ရွိမႈ ျဖစ္ပါသည္။ သူ႕သီခ်င္းသံမွာ မီးပုံေဘးပတ္လည္ဝိုင္းေနသည့္ လူမ်ားအားလုံး အသံတိတ္ စီးေမ်ာေနၾကပါသည္။
" အဲ့ဒါ ဘာသီခ်င္းလဲဟင္.... မႏြယ္နီ.... "
" အဲ့ေတာ္.... ေနၾကာမသိဘူးလား။ ဒီေလာက္နာမည္ႀကီးတဲ့ သီခ်င္းကို... "ဆူး "တဲ့.... ဆူးနစ္ရဲ႕ သီခ်င္းေလ.... သူ႕ပထမဆုံး ထြက္ခဲ့တဲ့ သီခ်င္း... အခုထိ နာမည္ႀကီးေနတုန္းပဲ "
ထိုသီခ်င္းက တစ္ေန႕က်ရင္ ေနသာဦး သူမကို ဆိုျပမယ္လို႔ ေျပာထားသည့္ သီခ်င္းျဖစ္ပါသည္။ အခုလည္း အားလုံးနဲ႕အတူဆိုျပေနတာပါပဲေလ....
" ေနၾကာက သီခ်င္းသိပ္နားမေထာင္ျဖစ္လို႔.... "
" ဒါေပမယ့္.... ဆူးနစ္ကိုေတာ့ သိမယ္မွတ္ေနတာ.... ဆယ္စုႏွစ္တစ္ခုစာေလာက္ ဂီတေလာကထဲမွာ ေပၚလာကတည္းက နာမည္က်သြားတာမ်ိဳးမရွိပဲ.... အခုထိသီခ်င္းအမိုက္သားေတြ ထြက္ေနတုန္းပဲ "
" ဪ.... အသက္ႀကီးၿပီေပါ့.... အဲ့ဒါဆို... "
" အင္း.... မေျပာတတ္ဘူး.... အသက္ႀကီးတယ္ဆိုရင္ေတာင္ ႀကီးတယ္လို႔ မထင္ရေအာင္ ဆူးနစ္က ႏုတယ္ကြ..... အခုခ်ိန္ထိ ေဂၚေနတုန္းပဲ... အဆိုေတာ္အသစ္ကေလးေတြနဲ႕ တြဲဆိုရင္ေတာင္ သူအသက္ႀကီးတယ္လို႔ မထင္ရေအာင္ ႏုဖတ္ေနတာ.... "
" ဪ.... "
ေနသာဦး သီခ်င္းဆိုၿပီးေတာ့ ဝိုင္းနားေထာင္ေနသည့္လူေတြအားလုံး လက္ခုပ္တီးၾကသည္။
" ေနသာ.... မင္းသီခ်င္းဆိုတာ ေတာ္သားပဲ.... အဆိုေတာ္လုပ္ပါလား.... "
" ေက်ာင္းပြဲတုန္းက ဆိုသြားကတည္းက နင္အသံေကာင္းတာကို သတိထားမိတယ္.... နင္သီခ်င္းဆိုတာ တကယ္ပါရမီပါတယ္ "
" ကိုကိုေနသာဦး သီခ်င္းဆိုေနတာ တကယ္... နားေထာင္လို႔ေကာင္းလိုက္တာ.... သီခ်င္းဆိုေနတုန္းဆိုလည္း တအားၾကည့္ေကာင္းတာပဲ.... မိုက္လိုက္တာ.... "
သူက ခ်ီးက်ဴးသံေတြၾကားကေန ဂစ္တာကိုထမ္းလ်က္ ေနၾကာတို႔ဆီေလ်ာက္လာသည္။
" ဘာေတြ.... အဲ့ေလာက္ ေငးေနတာလဲ.... "
သူ႕ကို တေမ့တေမာလိုက္ေငးေနသည့္ ေနၾကာ့ေခါင္းကို ဖိကာ သူက ေနၾကာ့ေဘးဝင္ထိုင္သည္။
" ဟဲ့..... တကယ္ေျပာတာ.... နင္တို႔ အဆိုေတာ္လုပ္ၾကပါလား.... ခုန ရွိုင္းထက္ဆိုသြားတာေရာ... ေကာင္းဆက္ ဆိုသြားတာေရာ တကယ္မိုက္တယ္.... နင္ အမိုက္ဆုံးပဲ ေနသာ..... "
ႏြယ္နီေျပာတာကို ေကာင္းဆက္မြန္က ၾကားကာ....
" ေဟ့.... ေဟ့... ငါအမိုက္ဆုံးမဟုတ္ဘူးလား.... "
" ငါအမိုက္ဆုံးဟာကို.... "
ရွိုင္းထက္စိုးက ေဆးလိပ္မီးညွိရင္းေျပာေတာ့ ႏြယ္နီက ေဆးလိပ္ကို ပုတ္ခ်ကာ....
" ဟယ္.... ဒီေကာင္ ကေလးေတြေရွ႕ကို ေသာက္ေနတယ္။ ေက်ာင္းကလူေတြက နင္တို႔ကို စံျပလုပ္ထားတာေနာ္.... "
" အဲ့ဒီေတာ့ ငါက ဘာလုပ္ရမွာလဲ "
ရွိုင္းထက္စိုးက ေနာက္ထပ္ ေဆးလိပ္တစ္လိပ္ထုတ္လိုက္ၿပီး လူအုပ္ကို ေက်ာခိုင္းလ်က္ ေဆးလိပ္မီးညွိလိုက္သည္။ ေနသာဦးက လက္တစ္ေခ်ာင္းေထာင္ျပေတာ့ ေဆးလိပ္ဘူးလိုက္ သူ႕ဆီကို ပစ္ေပးလိုက္သည္။ ႏြယ္နီက ဟိုဘက္ ဒီဘက္ လွည့္ၾကည့္ရင္း....
" ဂါး.... နင္တို႔ ငါ့စကားကို တကယ္နားမေထာင္ၾကေတာ့ဘူး.... "
ေကာင္းဆက္မြန္က သူ႕ရင္ဘက္ကို ပုတ္လ်က္....
" ငါမေသာက္ဘူးေနာ္.... ႏြယ္နီ "
" နင္က နင့္အေဖကို ေသေအာင္ေၾကာက္လို႔ မလႈပ္ရဲတာ... "
" ေနၾကာ.... ေနသာက သူ႕အေမကိုေတာ့ တအားခ်စ္ၿပီး တအားေၾကာက္တာမလား။ အိမ္ျပန္ရင္ တိုင္လိုက္စမ္း.... ေနသာ ညီမေလးကို အနိုင္က်င့္ရင္ အမကာကြယ္မယ္..... တိုင္လိုက္စမ္းပါ "
မႏြယ္နီေျပာတာကို သေဘာက်ကာ ေနၾကာ ရယ္မိပါသည္။
" ေနၾကာက နင့္လို ခြၽန္တြန္းမွတ္ေန.... ငါ့ညီမေလးက ဘယ္ေလာက္လိမၼာလိုက္သလဲ.... "
သူေျပာတဲ့ စကားက ေနၾကာ့ရင္ကို တကယ္ႏြေးေထြးလႈပ္ခတ္ေစပါသည္။
" ရွိုင္းထက္စိုး.... "
ႏြယ္နီ ကုန္းေအာ္ေတာ့ ဂ်စ္ကန္ကန္နဲ႕ ႏြယ္နီ႕ ဆံပင္ေတြကို ဖြသြားကာ သူတို႔နဲ႕အေဝးကို ထသြားသည္။
ဟပ္ခ်ိ....
ေနၾကာေခ်ေတာ့ ေနသာဦးက သူမကို ငုံ႕ၾကည့္ကာ....
" ႏွာေခ်ေနၿပီ..... လက္ရွည္ပါလား.... "
ေနၾကာက ေခါင္းရမ္းျပလိုက္ၿပီး....
" မီးငယ္ မခ်မ္းပါဘူး.... "
" ရင္ျပန္က်ပ္ေနရင္ ဘယ္လိုလုပ္မလဲ "
ေနၾကာက သူ႕ရွပ္အကၤ်ီကို ခြၽတ္ကာ ေနၾကာ့ကို ဝတ္ေစသည္။
" ေဘာလုံးကန္ထားလို႔ ေခြၽးနံ႕ေတာ့ နံမလားမသိဘူး.... "
" ရပါတယ္.... "
ေနၾကာက အကၤ်ီကို ရင္ဘက္နားထိ တိုးေစ့လိုက္သည္။
" လူေကာင္က ေသးေသးေလးဆိုေတာ့ အကၤ်ီထဲ ျမဳပ္ေနေတာ့တာပဲ.... "
" ဟပ္ခ်ိ.... "
ေနၾကာ ရယ္ျပလိုက္တာေပမယ့္ ထက္ၿပီး ႏွာေခ်ေတာ့ ႏြယ္နီက ရယ္လိုက္ၿပီး....
" ထ..... ႏြေးသြားေအာင္ ေကာ္ဖီသြားေသာက္မယ္ "
ေနၾကာ့ကို ဆြဲထူရင္း သူမက ထလိုက္သည္။
" ဟဲ့.... နင္က ဘယ္သြားမလို႔လဲ "
" ရွိုင္းထက္ဆီ.... ေဆးလိပ္သြားေသာက္မလို႔.... "
ေနသာဦးက ေဆးလိပ္ဘူးကို ေဆာ့ကစားကာ ထြက္သြားေတာ့ သူမတို႔လည္း စားစရာေတြထားတဲ့ဆီ ထြက္လာခဲ့ၾကသည္။ မီးပုံမွာ ဝိုင္းဖြဲ႕ေနသည့္ လူအုပ္က သီခ်င္းသံေတြ ဂစ္တာသံေတြနဲ႕ ဆူညံလို႔ ေနပါသည္။
" အေမ့.... "
ေနၾကာလမ္းေလ်ာက္ေနသည့္ေရွ႕ကို တစ္စုံတစ္ခုက ႐ုတ္တရက္တိုးဝင္လာတာမို႔ ခလုတ္တိုက္ကာ ေျမႀကီးေပၚ ပစ္လဲေတာ့သည္။
" ေနၾကာ.... "
" အယ္.... Sorry ေနာ္.... ေနၾကာ.... ငါမရည္႐ြယ္ပါဘူး "
လူအုပ္ေဘးက ျဖတ္ေလ်ာက္တာမို႔ သူမလက္က ႐ုတ္တက္ႀကီး ေနာက္လာေထာက္လိမ့္မယ္ထင္မထားပဲ ေနၾကာ ခလုတ္တိုက္ကာ လဲတာ ျဖစ္ပါသည္။
" ရ.... ရပါတယ္.... ဝတ္ရည္.... နင္ေရာ နာသြားလားဟင္ "
" ဟင္.... ငါ က ရပါတယ္ "
ေမမီက ဝတ္ရည္လက္ကို လွမ္းဆြဲကာ မ်က္ႏွာထိ မ်က္ႏွာထားျဖင့္....
" ဝတ္ရည္.... ျပစမ္း.... နင့္လက္။ နာသြားေသးလား.... ဟဲ့.... ေနၾကာ နင္လမ္းေလ်ာက္တာ ဘယ္လိုေလ်ာက္ေနတာလဲ.... တကယ္ ရွပ္ျပာတိုက္ေနတာ.... မ်က္လုံးက ဘယ္ၾကည့္ေလ်ာက္ေနလဲမွ မသိတာ "
ေနၾကာက ျမက္ခင္းေပၚ ပစ္လဲက်ထားတာမို႔ ေျခေထာက္ေတြေရာ လက္ေတြမွာပါ အပြန့္အပဲ့ေတြနဲ႕ေပမယ့္ ႀကိဳးစားကာ ထလိုက္ၿပီး....
" ဝတ္ရည္.... ငါေတာင္းပန္ပါတယ္ေနာ္။ ငါ ေအာက္ကို ၾကည့္မေလ်ာက္မိလို႔ပါ.... ဘယ္နားနာသြားလဲဟင္.... "
" အခုမွ ေတာင္းပန္ေနလဲ ဘာလုပ္လို႔ရေတာ့မွာလဲ... အစကတည္းက ေသခ်ာၾကည့္ေလ်ာက္ပါလား.... ေနၾကာရဲ႕.... လူကိုက ႏုံတုံတုံအတတနဲ႕.... "
ေမမီက သူမကိုဆို အၿမဲရန္လို ေနေတာ့တာပဲ။
" ဒီမွာ.... ညီမေလး.... လြန္ေနၿပီေနာ္။ ေနၾကာက ေတာင္းပန္ေနတယ္ေလ.... ဝတ္ရည္မွ ခိုက္မိတာမဟုတ္ဘူး.... ေနၾကာလည္း ခိုက္မိတာပဲကို.... ေနာက္ၿပီး ေနၾကာတစ္ယာက္ထဲမွားတာမို႔လား... "
" ႏြယ္နီ.... ဘာျဖစ္တာလဲ.... "
ေနသာဦးေရာက္လာသည္။ ဝတ္ရည္က သူမလက္ကေလးကို ေနာက္ဖြက္လိုက္ၿပီး....
" ေနၾကာက ညီမေလးကို ခလုတ္တိုက္ၿပီး လဲသြားတာ။ ညီမေလးက..... ေတာင္းပန္ေနတာ.... အဲ့ဒါကို မမႏြယ္နီက..... "
ဝတ္ရည္က မ်က္ရည္ကေလးမ်ားပင္ ဝဲလာသည္။ သူ.... ေတာ္ေတာ္ နာသြားတာလား မသိဘူး။ ေနၾကာ ေအာက္ကို ေသခ်ာ ၾကည့္ေလ်ာက္ခဲ့ရမွာ....
" နင္လည္း သူတက္နင္းလို႔ နာသြားတာပဲ မဟုတ္ဘူးလား... ဝတ္ရည္ "
ေမမီေျပာေတာ့ ေနသာဦးက ငိုမဲ့မဲ့ျဖစ္ေနသည့္ ဝတ္ရည္ရယ္ စူပုတ္ေနသည့္ ႏြယ္နီ႕ကို ၾကည့္လိုက္သည္။ ေနၾကာကေတာ့ ႏႈတ္ခမ္းေလးမ်ား ဖိပိတ္ထားၾကၿပီး ဝတ္ရည္လက္ကိုသာ လိုက္ေငးေနသည္။
ကိုယ့္ကိုယ္ကို အျပစ္တင္ေနျပန္ၿပီေနမွာ.... ဒီေကာင္မေလး....
" အကိုက ေတာင္းပန္တယ္ေနာ္.... အကုန္လုံးကို.... ေနၾကာ အိပ္ခ်င္ေနၿပီေနမွာ။ အဲ့ဒါေၾကာင့္ တက္နင္းမိတာ ျဖစ္မယ္.... "
ေနသာဦးက ေခါင္းကေလးငုံ႕ေနသည့္ ေနၾကာ့ကို ဆြဲေခၚလိုက္ၿပီး....
" ျပန္ခ်င္ေနၿပီမလား.... ျပန္ရေအာင္ေလ.... ဖရက္ဒီက ျပန္မလာမခ်င္း ေစာင့္ေနမွာ.... "
" ဟုတ္.... "
ေနၾကာ့ကို သူ႕ဆြဲေခၚေတာ့ ေျခေထာ့နဲ႕ေထာ့နဲ႕ နဲ႕ သူ႕ေနာက္ပါလာသည္။
" ဘယ္လိုေကာင္မေလးေတြမွန္းမသိဘူး.... ေနာက္ဆုံးက် ငါကပဲ မိန္းမၾကမ္းႀကီး.... "
ႏြယ္နီက ေအာင့္ေစာင့္ကာ သူတို႔ေနာက္ ပါလာသည္။
" ေျခေခါက္သြားတာလား.... "
" ဟုတ္မွာ.... ေျမႀကီးထဲ ပစ္စလတ္ခတ္ လဲတာ.... သက္သက္ကို ေျခကလန့္ထိုးသလား ေအာင့္ေမ့ရတယ္ "
ေနသာဦးက ေနၾကာ့ေရွ႕မွာ ထိုင္လိုက္ၿပီး....
" စက္ဘီးထားတဲ့ေနရာက ေဝးေသးတယ္..... လာ ကိုကို ကုန္းပိုးမယ္ "
" ရပါတယ္.... "
" မရဘူး.... တက္ "
ေနၾကာ သူ႕ေက်ာေပါ တက္လိုက္သည္။
" တကယ္ပိစိေလးပဲ.... ေပါ့ေပါ့ေလး.... "
ေနၾကာက ျပဳတ္က်မွာစိုးတာမို႔ သူ႕ပခုံးကို တင္းတင္းဆုပ္ထားမိသည္။
" ႏြယ္နီ.... ေကာင္းဆက္မြန္ကို ေခၚၿပီး သိမ္းစရာရွိတာေတြ သိမ္းေတာ့ေလ.... နင္လည္း ေနာက္က်ေနၿပီး အိမ္ျပန္ေတာ့။ ရွိုင္းထက္စိုးတို႔ လိုက္ပို႔ခိုင္းလိုက္.... "
" ေအးပါ.... ပစၥည္းေတြက သိမ္းစရာမလိုေတာ့ပါဘူး။ အကုန္ သိမ္းၿပီးသားေတြ... နင္တို႔သာ ေကာင္းေကာင္းျပန္ၾက... ေနၾကာေရာ.... အိမ္က် ေဆးလိမ္းအုံးေနာ္ "
" ဟုတ္.... "
ေနသာဦးက သူမကို ေက်ာပိုးကာ စက္ဘီးေတြထားတဲ့ဆီကို ေျဖးေျဖးသြားေနသည္။ ေနၾကာက ညရဲ႕ ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ေတာ့ လျခမ္းေကြးကေလးက သာေနသည္။ ၾကယ္ေတြက အနက္ေရာင္ေကာင္းကင္မွာ က်ဲျဖန့္ထားသည့္ စိန္ပြင့္ကေလးမ်ားႏွင့္တူသည္။
" လူေတြကို.... မယုံနဲ႕ ေနၾကာ.... ေနာက္ၿပီး လူေတြကို မတြယ္တာမိေစနဲ႕.... ေနၾကာ တစ္ေန႕က် ခံစားရလိမ့္မယ္ "
႐ုတ္တရက္ႀကီး သူထေျပာေတာ့ ေနၾကာ အူေၾကာင္ေၾကာင္ကေလး ျဖစ္သြားသည္။
" ကိုကိုက ေနၾကာ့ကို ထိခိုက္ခံစားရမွာေတြ မျဖစ္ေစခ်င္ဘူး.... "
" ဟုတ္.... "
ေနၾကာက သူ႕ကို တိုးလို႔ ဖက္ထားမိလိုက္သည္။
တစ္ခါတေလက်ေတာ့ေလ.... ေနၾကာက သူေပးတဲ့ခ်စ္ျခင္းေမတၱာကို ေလာဘေတြထားလာမိသလိုပဲ။ ဒီလိုမ်ိဳး အၿမဲလိုခ်င္ေနၿပီး.... ပိုၿပီး လိုခ်င္လာမိပါသည္။ ပိုင္ဆိုင္ထားသမွ်ခ်စ္ျခင္းေမတၱာေတြနဲ႕ ျပည့္စုံၿပီလို႔ ထင္ခဲ့ေပမယ့္... သူေပးသမွ်ကို မလုံေလာက္ေတာ့ပဲ ပိုလို႔ လိုအပ္ေနခဲ့ပါသည္။ ဘယ္တုန္းကမွ ဘာကိုမွ မလိုအပ္ခဲ့တဲ့ ေနၾကာကေလ.......
ေနၾကာပန္းေလးေတြကလည္း သူတို႔အၿမဲ ေငးၾကည့္ေနခဲ့တဲ့ ေနမင္းႀကီးဆီကေန တစ္ခ်က္ေလာက္ ေစာင္းငဲ့ၾကည့္ခံရဖို႔ ထိုက္တန္တယ္မလား။
#PoMoNyeinAye