🔥P.S.Y.C.H.O🔥

By BeiKe4

2.8K 259 89

Unicode အစထဲက ပုံမှန်မဟုတ်တဲ့ ကျွန်​​တော့်လို လူကို အကို့အပြုံး​တွေက ပိုမိုရူးသွပ်​သွားစေခဲ့တာ. . . 💙 Zawgy... More

1
2
3
4
5
6
7
8
9
10
11
12
13
15

14

125 13 6
By BeiKe4

Unicode

ဆေးရုံကား​ပေါ်က ကုတင်ပေါ်မှာ ငြိမ်သက်စွာလှဲနေတဲ့ သူ့အတွက် စိုးရိမ်စိတ်​တွေက ကျွန်​တော့်ရင်ထဲမှာ မီး​တောင်​ချော်ရည်ပူ​တွေစီးဆင်း​နေသလိုမျိုး ပူ​လောင်​နေရတယ်... ကံကြမ္မာက ဘာလို့များ ဒီ​လောက်အထိရက်စက်​နိုင်ရတာလဲ ....

' အ​ရေး​​ပေါ် လူနာ! ပါတယ် .. '

Emergency Room ဆီကို အ​ပြေးအလွှားသွား​နေတဲ့အချိန်အတွင်းမှာ သူလက်ဖဝါး​ကို ဆုပ်ကိုင်ထားမိတာက ဘာမှ မဖြစ်ပါ​စေဆိုတဲ့ မျှော်လင့်ချက်တွေအပြည့်နဲ့ ....

' လူနာရှင် ဒီမှာပဲ နေခဲ့​ပေးပါ '

သူနာပြုဆရာမ ပြောသွားတဲ့ စကား​ကြောင့် အပြင်မှာ နာကျင်​နေတဲ့ ခြေ​​ထောက်က ဒဏ်ရာကို​တောင် သတိမထားနိုင်​တော့ပဲ မတ်တပ်ရပ်​နေမိတာ..
စိတ်ထဲမှာလည်း မှတ်မိသ​လောက် ဘုရားစာ​တွေ ရွတ်​နေမိတာ ဘယ်နှစ်ကြိမ်မှန်း​တောင် မသိ​တော့ဖူး ... မင်း တကယ်ကို ဘာမှ မဖြစ်ရဖူး​နော် Mean ..

'  ဒီမှာ ဒီမှာ . ဟို​ ..ဒီ​ဆေး​တွေက ဘယ်မှာသွားဝယ်ရမလဲ သိလား ခင်ဗျ  '

' ဗျာ '

တစ်​ယောက်ထဲ သောက တွေနဲ့ ပူ​လောင်​နေတဲ့အချိန် ဘေးနားက ဆေးဝယ်ဖို့ နေရာ လာ​မေး​နေတဲ့ သူ့ကို တွေ​ဝေစွာနဲ့ ငေးကြည့်​နေမိတယ် ..
ဟုတ်သားပဲ . သူ အခု ဆေးရုံတက်ရမယ်ဆို​တော့ ပိုက်ဆံ ... ပိုက်ဆံ လိုမှာ​ပေါ့ .. စုထားတဲ့ ပိုက်ဆံ အနည်းငယ်​တော့ ရှိတယ်ဆို​ပေမယ့်လည်း အကုန်ရှင်းဖို့က လောက်မှာ မဟုတ်ဖူး ... အဲ့ဒီ​​တော့ ...
ခေါင်းထဲမှာ အလွတ်ရ​နေခဲ့တဲ့ ဖုန်းနံပါတ်တစ်ခုကို မာန​တွေ ဘေးဖယ်ထားပြီး ခေါ်လိုက်မိတာ မင်း အတွက်ဆိုတဲ့ စိတ်တစ်ခုထဲနဲ့....

' မောင် '

ဖုန်းဆက်လိုက်တော့ ချက်ခြင်း ဆေးရုံကို ရောက်လာ​ပေးတဲ့ သူမ ကို ကျေးဇူးတင်ပါတယ် ...အခုလိုအ​ခြေအ​နေမျိုးနဲ့ ပြန်​တွေ့ရတာ မျက်နှာ ပူစရာ​ကောင်းသလို ၊ ရှက်ဖို့လည်း ကောင်းတယ် .. ဒါ​ပေမယ့်လည်း အကူအညီတောင်းစရာက သူပဲ ရှိတဲ့အတွက်ကြောင့် ..

' ချစ် sorry  မြူ  '

သူမရဲ့ နာမည်ကို ခေါ်လိုက်​တော့ မျက်နှာပျက်သွားတာကို တွေလိုက်​ပေမယ့်
ကျွန်​တော် ခေါင်းပဲ ငုံ့ထားလိုက်မိပါတယ် .. အရင်က​တော့ ချစ်ခဲ့ဖူးတယ်ဆို​ပေမယ့် အခုအချိန်မှာ​တော့ အ​ခေါ်အ​​ဝေါ်​တွေ သတိထားသင့်တယ် မဟုတ်လား

' မောင် မောင် ဘာဖြစ်သွား​သေးလဲဟင် ဟို​ကောင်​ မောင့်ကိုဘာ​တွေလုပ်လိုက်​တာလဲ '

' ဘာ ... ဘာမှ မလုပ်ပါဖူး '

' အဲ့တာဆို မောင်က ဘာလို့ဆေးရုံ​ရောက်​နေတာလဲ '

' ဟို အခု ဆေးရုံကို​ရောက်​နေတာက ကျွန်​တော့်အတွက် မဟုတ်ပါဖူး..
ကျွန်​တော် မြူ့ကို  ဖုန်းဆက်လိုက်တာကလည်း အကူအညီ​တောင်းစရာရှိလို့ပါ '

' ဘာ အကူအညီလဲ မောင် '

'အခု.. အခု သူ ကား accident ဖြစ်လို့ emergency room ထဲမှာ​ရောက်​နေတယ် .. ကျွန်တော့်မှာ စုထားတဲ့ ပိုက်ဆံ​လေး​တွေရှိ​ပေမယ့်  ဆေးရုံစရိတ်မ​လောက်ဖူးဖြစ်​နေခဲ့တာ အဲ့တာ ကျွန်​တော့်ကို ပိုက်ဆံ​ချေးလို့ ရ...  '

' သူ ဆိုတာ  Mean ကို​ပြောတာလား မောင် '
' ဟုတ်တယ် မြူ သူ အခုအ​ရေး​ပေါ်ခန်းထဲမှာ.... '

' ကောင်းတာ​ပေါ့ မောင်ရဲ့ မောင်က ဘာ​တွေ စိတ်ပူ​နေတာလဲ သေပါ​စေ​ပေါ့ '

သူမ ပြောလိုက်တယ့် စကား​ကြောင့် အံ့သြစွာ မော့ကြည့်လိုက်မိ​တော့ သူမရဲ့ ပုံစံက အရမ်းကို ကျေနပ်ပျော်ရွှင်​နေတဲ့ပုံစံ .. လူတစ်​ယောက်ကို ဘယ်​လောက်ပဲ မုန်း​နေပါ​စေ ဒီလိုအ​ခြေအ​နေမျိုးမှာ​တော့ အဲ့လောက်​တော့ မ​​ပြောသင့်ဖူး
မဟုတ်လား ..

' အခု မောင်လွတ်လပ်သွားပြီ​လေ မောင့်ကို စိတ်ဒုက္ခ​ပေးမယ့် သူမရှိ​တော့ဖူး​မောင့်ဘဝကို မောင့်စိတ်တိုင်းကျ အရင်လိုပြန်​နေလို့ရပြီ နောက်ပြီး​တော့ ချစ်လည်း မောင့်ရဲ့ အရာရာတိုင်းကိုခွင့်လွှတ်​ပေးနိုင်တယ် အဲ့တာ​​ကြောင့် ချစ်တို့ အခုထွက်သွားကြရ​အောင်နော် '

' ဟင် သူ့ကို ထားခဲ့ရမှာလား '

'  ဟုတ်တယ်​လေ မောင်ရဲ့  လာ သွားမယ်  .. '

' .... '

' မောင်! ဘာ​တွေ တွေ​ဝေ​နေတာလဲ လာ သွားမယ်ဆို​နေ '

' သူ့မှာ  ကျွန်​တော်ကလွဲပြီး ဘယ်သူမှ မရှိတာကို ကျွန်​တော်က သူ့ကိုထပ်ပြီး ထားခဲ့မယ်ဆိုရင် ဘယ်ဖြစ်ပါ့မလဲ '

' မောင်.. မောင်ရူး​နေပြီလားဟမ် ဟို $ရူး​ကောင်နဲ့ အ​နေနီးပြီး မောင်ရူး​နေပြီ သိရဲ့လား '

' ..... '

' မောင်! ချစ် နောက်ဆုံးအ​နေနဲ့ထပ်​မေးမယ် ချစ်ရဲ့ လက်ကိုဆွဲပြီး မောင့် ဘဝသစ်ကို ဖန်တီးတည်​ဆောက်မလား ဟို စိတ္တဇ ဘေးနားမှာနေပြီး​တော့
မောင့် ဘဝကို အနစ်မွန်းခံမလား မောင်​ရွေးချယ်! '

ကမ်းလင့်​ပေးလာတဲ့ သူမရဲ့ လက်တစ်စုံရယ် အ​ရေး​​​ပေါ်အခန်းထဲမှာ အသက်ရှင်ဖို့ ရုန်းကန်​နေရတဲ့ သူရယ် ....
* ငါ ဘာကို​ရွေးချယ်ရ​​တော့မှာလဲ *

စိတ်ရှုပ်​ထွေးစွာ နဲ့ မျက်စိကို မှိတ်ထားမိ​တော့ ပထမဆုံး​ပေါ်လာတာက Mean..
* ပျော်ရွှင်ရတယ် ဆိုတာကို အကိုနဲ့တွေ့တဲ့အချိန်ကမှ စပြီး​တော့ ခံစားရတာမို့ ကျွန်တော့်ကို ထားမသွားပါနဲ့​နော် *
သူ​ပြောခဲ့တဲ့စကား​တွေကို အမှတ်ရ​နေမိတာပဲ....နောက်ထပ်အ​ဖြေတစ်ခု ထပ်စဥ်းစားဖို့ မလို​​တော့ပါဖူး ..

' sorry မြူ ကျွန်တော် သူ့အနားမှာ ဆက်​နေမှဖြစ်မယ် '

' ဘာ! '

ဒေါသတကြီးနဲ့ အော်လိုက်တာ​ကြောင့် ဆေးရုံက လူ​တွေအားလုံးရဲ့ အကြည့်တွေက ကျွန်​တော်တို့ ၂ ယောက်ဆီမှာ ... သူ့ဆီကို ဖုန်းမဆက်ခင်ထဲကိုက ဒီလိုအ​ခြေအ​နေ​ ကြုံလာနိုင်တယ်ဆိုတာကို တွေးထားပြီးသားမို့လို့
နှုတ်ဆိတ်ပြီးပဲ နေလိုက်ပါ​တော့မယ်..

' နင် တကယ့် $ရူးပဲ နင့်ကို အဲ့​လောက်ထိ ဦး​နှောက် မဲ့မယ်လို့ ငါ လုံးဝ မထင်ထားဖူး သိလား '

' ကျွန်​​တော် တောင်းပန်ပါတယ် ... '

' မ​တောင်းပန်နဲ့ နင် တောင်းပန်တိုင်း ငါက ခွင့်လွှတ်မယ် ထင်​နေလား ဟက်
နင်လို လူမျိုးကို ငါ ဘာလို့ ချစ်ခဲ့မိတာလဲ စဥ်းစားလို့ကို မရဖူး '
' ... '

' နင် အခု ငါ့ကို ဖုန်းဆက်တာက ဟို​ကောင့်ကို ကယ်ဖို့ ငါက ပိုက်ဆံ ထုတ်​​ပေးရမယ်​ပေါ့ ဆု​တောင်း​လေ သေပါ​စေ မ​ပေးနိုင်ဖူး '

' မင်း ဘာလို့ အဲ့​လောက် ရက်စက်ရတာလဲ! မင်းအတွက်  လူတစ်​ယောက် အသက်က အဲ့​လောက်​တောင် တန်ဖိုးမရှိဖူးလား '

' နင် ငါ့ကို လာမ​​အော်နဲ့ နင်က ဘာ​တွေများမှန်​နေလို့လဲ '

' ..... '

သည်းခံရမယ်လေ Plan.. မင်းကို အခု ကူညီနိုင်မှာ သူမပဲရှိတယ် ..

' မြူ ကျွန်​တော် တောင်းပန်ပါတယ်  ဟိုးအရင်ထဲက​နေ အခုထိ ဘယ်တုန်းကမှ မြူ့ဆီက အခုလို အကူအညီမ​တောင်းဖူး ဘူးဆိုတာ မြူသိပါတယ် ဒီ တစ်ခါ​လေးပဲ ကျွန်တော့်ကို ကူညီ​ပေးလို့ မရဖူးလား '

' အေး​ပေါ့​လေ အတိတ်က သံ​ယောဇဥ်တွေကို ထောက်ထားပြီး​တော့ နင် တောင်းတာကို ပေးခဲ့လိုက်မယ် အေး.. ဒါ​ပေမယ့် .. '

ပါးပြင်ပေါ်ကျလာတဲ့ သူမရဲ့လက်​ကြောင့် စိတ်ထဲ ခံပြင်းမိ​ပေမယ့်လည်း လက်သီးကိုသာ တင်းတင်းဆုပ်ထားမိတယ်....

' အဲ့တာက နင် ငါ့ကို မ​ရွေးခဲ့လို့ အေး​ပေါ​လေ့ နင်က ဒီလိုဟာနဲ့ပဲ တန်တယ်ဆို​​တော့လည်း နင့် သ​ဘောပဲ​ပေါ့ '

' .... '

လူ​တွေ အားလုံးရဲ့ တီးတိုး စကားသံ​တွေကို ကြား​နေမိ​ပေမယ့်လည်း လျစ်လှူရှုထားလိုက်ပါ​တော့တယ် ... ပထမဆုံး နဲ့ နောက်ဆုံး တွေ့ဖူးမယ့် သူ​တွေမို့လို့ စိတ်ထဲ မထားနဲ့ Plan .. မင်း ကျော်ဖြတ်နိုင်ပါတယ်.. မင်းလုပ်နိုင်ပါတယ်...

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

ဆေးရုံစရိတ်​တွေ ရှင်းပြီးလို့ လူနာခန်းထဲ ဝင်လိုက်​​တော့ .... မကြာ​သေးခင်ကမှ အ​ရေး​ပေါ်ခန်းထဲက ထွက်လာတဲ့သူက အခုလည်း ဆေးပိုက်​တွေကြားမှာ တိတ်ဆိတ်စွာ အိပ်​​ပျော်လို့ .... ကုတင်ဘေးနားက ထိုင်ခုံမှာထိုင်ရင်း သူ့မျက်နှာကို အခုမှ သေ​သေချာချာ ငေးကြည့်ဖူး​တော့တယ် ...
သူ အရင်က လူဆိုးကြီးလုပ်ခဲ့တုန်းက ဒဏ်ရာတွေထင်ပါရဲ့ အမာရွတ်​​တွေက မျက်နှာမှာ ဟိုနားတစ်ခု ၊ ဒီနားတစ်ခုနဲ့ ထင်ကျန်​နေခဲ့တာ ...
အား​ဆေးချိတ်ထားတဲ့ လက်ဖဝါးကို ဆုပ်ကိုင်မိ​တော့ နွေး​ထွေး​နေတယ် ..

' Mean  ပြန် သတိရလာပါ​တော့ကွာ '

~ အကို ~

သူ့ကို​ငေးကြည့်​နေတုန်း ကြားလိုက်ရတဲ့ အသံ​ဖျော့​ဖျော့ ... သူ .. သူ ပထမဆုံး သတိရလို့ ခေါ်တဲ့ သူက  အကို တဲ့လား ..

'  အကို ! '

' Mean .. Mean သတိရလာပြီလားဟင် ခဏ ခဏ​လေး​နော် ဆရာဝန်သွား​ခေါ်လိုက်ဦးမယ် '

သူ ကျွန်တော်ပြောတာကိုကြားသွားလို့ သတိရလာတာများလား .. ဘာပဲ ဖြစ်ဖြစ်ပါ သူပြန်သတိရလာတာကပဲ တော်​တော် စိတ်ချမ်းသာစရာ ကောင်း​နေခဲ့ပြီ..

🍀 ရှေ့ဆက်ပြီး ကံ​ကောင်းခြင်း​တွေပဲ မင်းဆီ​ရောက်လာပါ​စေ Mean  🍀
ဆရာဝန်က အ​ခြေအ​​နေ​စောင့်ကြည်ရဦးမယ်လို့​ပြောပြီး စစ်​ဆေးစရာရှိတာ​တွေ စစ်​ဆေးပြီး ထွက်သွား​တော့ အခန်းထဲမှာ သူနဲ့ ကျွန်တော် ၂ ယောက်ထဲပဲကျန်ခဲ့​တော့တယ် ... 

' Mean .. '

သူ့ နာမည်ကို​ခေါ်လိုက်​ပေမယ့် ကျွန်​တော့်ကိုပြန်ကြည့်လာတဲ့ မျက်ဝန်း​တွေက အေးစက်စက် ... ရုတ်တရက် သူ့ အကြည့်​တွေ​ကြောင့်  စိတ်ထဲ တမျိုးဖြစ်သွားရ​​ပေမယ့်လည်း ....

'  ဘယ်လိုနေ​သေးလဲ  အဆင်​​ပြေရဲ့လား ခေါင်းမူးတာ​တွေ ဘာ​တွေရှိ​သေးလား ဟင် '

ကျွန်​​တော်​ပြောတာ​တွေကို ဘာမှပြန်မ​ဖြေပဲ  စိုက်ကြည့်​နေတဲ့ သူ့ကို ကြည့်ရင်း စိတ်ထဲ ထင့်​နေမိတယ် .. ကျွန်​တော် ထင်တာ​တော့ မဟုတ်ပါဖူး​နော်

' မျက်နှာ... '

' ဟင် '

' မျက်နှာမှာ ရဲ​နေတယ် ဘာဖြစ်တာလဲ '

ခုနမှ ရ ထားတဲ့ ဒဏ်ရာက အခုမှ ပိုရဲလာတယ် ထင်ပါရဲ့ ...

'  ဘာ ... ဘာမှ မဖြစ်ပါဖူး .. ဒါနဲ့  ဘာစားချင်လဲ အကို ဘာသွားဝယ်​ပေးရ.. '

' အကိုက ဘယ်သူလဲ ဟင် '

သူ မေးလိုက်တဲ စကား​​ကြောင့် ကျွန်​တော် ဆက်​​ပြောမယ့် စကား​တွေရပ်တန့်သွားခဲ့တယ် ... နောက်​နေတာများလားလို့ သူ့ကို ကြည့်လိုက်ပေမယ့်လည်း
သူ တကယ်ကို ဘာမှ မသိ​တော့တဲ့ ပုံစံနဲ့..

* မင်း တကယ် ငါ့ကို မမှတ်မိ​တော့တာလားကွာ *

TBC

မျက်လုံးက နည်းနည်း မ Ok တော့လို့ စာလုံး​ပေါင်း ပြန် မစစ်ထားဖူး ခင်ဗျ🤧

ဖတ်ရတာ အဆင်မ​ပြေဖြစ်သွားရင် တောင်းပန်ပါတယ် ခင်ဗျ 😊


BD နီး​တော့မှ  1 Kကျော်သွားတဲ့အတွက် အရမ်း အရမ်းကို​ပျော်ပါတယ် ခင်ဗျ
အဆုံးထိ ဖတ်​ပေးကြတဲ့ က​လေး တစ်ဦးတစ်​ယောက်ချင်းစီတိုင်းကို ကျေးဇူး
အများကြီး တင်ပါတယ် ခင်ဗျ Love u💛😘💛

Reading List ထဲ ထည့်​ပေးတဲ့ က​လေး​လေး​တွေ​ရော ၊ Like ပေးတဲ့ က​လေး​တွေ​ရော ဒီအတိုင်း ဖတ်​ပေးတဲ က​လေး​တွေကို​ရော ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ😘💛😘🍀

Zawgyi


' အ​ရေး​​ပေါ် လူနာ! ပါတယ် .. '





' ဗျာ '


' မောင် '


' ချစ် sorry  မြူ  '



' ဘာ ... ဘာမှ မလုပ်ပါဖူး '



' ဘာ အကူအညီလဲ မောင် '




မဟုတ်လား ..




' .... '




' ..... '





' ဘာ! '




' ... '




' ..... '






' .... '


🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿



~ အကို ~


'  အကို ! '




' Mean .. '




' မျက်နှာ... '

' ဟင် '




' အကိုက ဘယ်သူလဲ ဟင် '



TBC





Continue Reading

You'll Also Like

630K 38.5K 103
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
10.3K 680 10
ငါ့ အရှုံးတွေနဲ့ ထိုက်တန်အောင် မင်း ပျော်နေပါ မောင်...
28.7K 3K 32
Unicode/Zawgyi OffGun💚BrightWin💛TayNew💙SingtoKrist💜 (Short Story) ကဲ ကံကြမ္မာကမင်းတို့ကိုအခွင့်အရေးတစ်ခုပေးမယ်... လက်စားချေမလား? ဒါမှမဟုတ် သူချစ်လ...
10.7K 755 25
ကျောင်းရဲ့ဂျစ်ကန်ကန် လူမိုက်ကျောင်းသားစာရင်းဝင်ဖြစ်တဲ့ သဌေးသားလေးတစ်ယောက်ရဲ့ စိတ်ဒဏ်ရာတချို့ကြောင့် လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးအဆင်မပြေခဲ့ပဲ ချမ်းသာမှ...