Unicode
ငါ့ နေ့ရက်တိုင်းရဲ့ အစကို $ ကျက်သရေတုံးတဲ့ ရုပ်နဲ့ အသံနဲ့ စတင်နေခဲ့ရတာ ၂ ပတ်ကျော်ကျော်ရှိနေခဲ့ပြီ ... အကြောင်းအရာကတော့ မိုးလင်းတာနဲ့အကုသိုလ်ပေးလွန်းတဲ့ မျက်ခွက်က အိမ်တိုင်ရာရောက် မမြင်ချင်မှ အဆုံးရောက်လာနေလို့ပဲ ....
' မောင်ရေ Morning '
ပြောလို့မှ မဆုံးသေးဖူး ရောက်လာပြန်ပြီ ... မိတ်ကပ်က တပိသာ နှုတ်ခမ်းနီတွေက အထပ်လိုက်နဲ့ ဘယ်နေရာက ကြည့်ကြည့် အိုစာလွန်းတယ်..
အကို နဲ့ သူနဲ့က ယှဥ်စရာတောင်မလိုအောင် ကွာခြားလွန်းနေတာ..
သူ့မျက်နှာက ၂၄ နာရီ ပူလောင်နေပြီး.. အကို့ကို ကြည့်လိုက်ရင် ဘယ်အချိန်ပဲ ဖြစ်ဖြစ် ငါ့ရင်ထဲကို အေးမြသွားစေတာ...' အယ် ချစ် မောင့်ကိုလဲ အကြောင်းမကြားပဲ ဘယ်က ဘယ်လိုရောက်လာတာလဲ '
' ဘာလဲ မောင်က ချစ်လာတာကို မကြိုက်တာလား.. ကိုယ့်ချစ်သူအိမ်လာတာပဲ
ဘာဖြစ်လို့လဲလို့ 'ဘာ $ ကိစ္စမှမဟုတ်လည်း အကို့ကို မိုးလင်းတာနဲ့ စိတ်ဒုက္ခလာလာပေးတက်တဲ့ မိန်းမကို ဘာလို့များ ချစ်နေရတာလဲ လို့ မေးခွင့်ရှိမယ်ဆိုရင် မေးပစ်လိုက်ချင်မိတယ်..
' မ မဟုတ်ပါဘူး ချစ်ရယ် မောင်တို့ အိမ်က ယောကျ်ားလေး ၂ ယောက်ထဲနေတာဆိုတော့လေ ချစ်က မိုးလင်းထဲက လာရင် ပတ်ဝန်းကျင်က ပြောစရာဖြစ်နေမှာကို မောင်က စိုးရိမ်လို့ပါ ချစ်အတွက် ပြောတာပါ ချစ်ရယ် စိတ်မဆိုးနဲ့နော် '
ရှင်းပြနေစရာမလိုပါဖူး အကိုရယ် .. ဒီလို မိန်းမမျိုးက လူလိုပြောလည်း နားလည်မှာမှ မဟုတ်တာ...😏
' ပတ်ဝန်းကျင်များ ခေါင်းထဲ ကို မရှိတာ .. ချစ်က မောင့်ကို ချစ်ရလွန်းတော့ မိုးလင်းတာနဲ့ မောင့်မျက်နှာလေးကို မြင်ချင်တာပေါ့လို့.. နောက်ပြီးတော့ ချစ်က မောင့်ကို တချို့သောတစ်ဖတ်သက် လိုချင်နေတဲ့ သူတွေ လက်ထဲကနေလည်း ကာကွယ်ရသေးတယ်လေ ဟုတ်တယ် မဟုတ်လား mean.. 'ငါ့ကို တည့်ကိုပြောနေတာပဲ.. ဟက်! အကို့ကို ကြည့်လိုက်မိတော့ အဖြူထည်လေးက နားမလည်နိုင်တဲ့ ပုံစံနဲ့ ..ဟိုဘက်ကို ကြည့်လိုက် သည်ဘက်ကိုကြည့်လိုက်နဲ့ နားထောင်နေတာ..
YOU ARE READING
🔥P.S.Y.C.H.O🔥