"အစ္ကို"
အလကၤာရဲ႕ အသံက ခပ္တိုးတိုးေလးေပမယ့္
အဏၰဝါရ႕ဲ ေက်ာျပင္ဟာ အသံၾကားရာဘက္သို႔
ေစာင္းငဲ့လ်က္ပံုစံအတိုင္းျပင္ထိုင္လိုက္သည္။
"ဘယ္သူလဲမသိဘူး "
အစ္ကို႔ရဲ႕ ဇေဝဇဝါအသံေလးေနာက္မွာ
အလကၤာရဲ႕ စိတ္ကူးယဥ္အိပ္မက္တို႔ဟာ
တစ္စီ ၿပိဳလဲလ်က္သား။
လက္ထဲမွာက်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားတဲ့
စုပ္လံုးေလးတစ္လံုးက ေလွာင္ရယ္ခံလိုက္ရသလိုလို။
"အစ္ကို ကြၽန္ေတာ္ပါ။
မုန္႔ေစ်းတန္းက ၾကာဇံေၾကာ္"
အလကၤာ့အသံေလးက တုန္တုန္ရင္ရင္ေလး။
ငိုမဲ့မဲ့ေလးျဖစ္သြားတဲ့ အလကၤာ့ပံုစံကိုၾကည့္ၿပီး
အစ္ကိုက သေဘာတက်နဲ႔ရီေလတယ္။
"စတာပါကြာ။ အစ္ကို မင္းကိုမွတ္မိပါတယ္"
"အစ္ကိုကဗ်ာ.. "
အလကၤာ သက္ျပင္းတစ္ခ်က္ခ်လို႔
မခ်ိတင္ကဲေရရြတ္ရတယ္။
အစ္ကို က သိပ္ဆိုးတာပဲ။
ျပံဳးစစေလးနဲ႔ေျပာေတာ့ ဒီလူမွာ႐ူးရျပန္ေရာ။
ပိုင္ဆိုင္ခြင့္ရတဲ့တစ္ေန႔က် ဘယ္သူ႔ကိုမွ မျပံဳးျပဖို႔
ေျပာရပါအံုးမယ္။
"ကဲ.. အစ္ကို႔ဆီဘာလို႔လာတာလဲ "
"ကြၽန္ေတာ္ အစ္ကို႔ဆီလာလည္တာ။
ကြၽန္ေတာ္အစ္ကို နဲ႔ခင္ခ်င္တယ္လို႔ေျပာထားၿပီးသား
ပဲေလ "
"ဟုတ္ပါၿပီကြာ။ ဒါနဲ႔ မင္းလက္ထဲက စုပ္လံုးက
အစ္ကို႔အတြက္လား "
အစ္ကို႔ ကိုၾကည့္ရတာ အလကၤာ့ကို
ခင္ခ်င္တဲ့ပံုပါပဲ။ အလကၤာလက္ထဲက
စေတာ္ဘယ္ရီအရသာ စုပ္လံုးေလးကို
အစ္ကို႔ဆီကမ္းေပးလိုက္တယ္။
"အစ္ကို႔အတြက္ ကြၽန္ေတာ္ဝယ္လာတာ "
"စေတာ္ဘယ္ရီအရသာလား "
"အစ္ကိုမႀကိဳက္ဘူးလား "
"မဟုတ္ပါဘူး။ အစ္ကိုက စေတာ္ဘယ္ရီထက္
ပူ႐ွိန္းအရသာပိုႀကိဳက္တယ္။ "
အဏၰဝါ စကားဆံုးတာနဲ႔ ေခါင္းေလးတၿငိမ့္ၿငိမ့္
လုပ္ေနတဲ့ အလကၤာေလး ဟာ လူႀကီးေလး
တစ္ေယာက္လိုမို႔ အဏၰဝါ အသည္းယားစြာပဲ
ပါးေဖာင္းေဖာင္းေလးေတြကိုဆြဲညႇစ္လိုက္တယ္။
အုန္းဆီနဲ႔ ေသခ်ာၿဖီးသင္ထားတ့ဲ ဆံပင္ေတြက
နက္ေမွာင္ေနၿပီး စကားေျပာတိုင္း
လွစ္ခနဲေပၚလာတတ္သည့္ သြားစြယ္ေလးနဲ႔
ထိုကေလးက အဏၰဝါထက္ ေခါင္းတစ္လံုးစာေလာက္
ပုေသးတယ္။
"အသည္းယားစရာေလးကြာ "
"အစ္ကို ကြၽန္ေတာ့္ပါးကိုမဆဲြပါနဲ႔ဗ်ာ။
ပါးဆိုတာ နမ္းဖို႔လို႔ ေဖေဖက အျမဲေျပာတယ္။
အဲ့တာေၾကာင့္ အစ္ကိုကြၽန္ေတာ့္ကိုအသည္းယားရင္
ပါးကိုမဆဲြပဲနဲ႔ နမ္းလိုက္ပါလား။ ကြၽန္ေတာ္က
အိုေကပဲ။ အစ္ကိုစိတ္ႀကိဳက္သာနမ္း။ "
လူလည္ေလး အလကၤာေၾကာင့္ အဏၰဝါ မွာ
ေျပာစရာစကားပင္မဲ့ရတယ္။
"ဟ! မင္းဟာက အလာႀကီးပါလားကြ။ "
"အစ္ကိုေျပာေလ ကြၽန္ေတာ္ခ်စ္စရာမေကာင္းဘူးလား"
"ေကာင္းတာေတာ့ေကာင္းေပမယ့္
စကားေျပာတာေတာ့ တအား လိပ္ဆန္တာပဲ "
"ဘုရားေပးတဲ့ေကာင္းခ်ီးကို ေကာင္းေကာင္းအသံုးခ်
ရံုတင္ပါ။ "
မုန္႔စားဆင္းခ်ိန္ေလးမွာ အတန္းထဲ ေလလာေပါေနတဲ့
လူလည္ေပါက္စေလးေၾကာင့္ စာလုပ္မယ္ဆိုတဲ့
ရည္ရြယ္ခ်က္ေလးကို အဏၰဝါေဘးပို႔ထားရတယ္။
"အစ္ကို ကြၽန္ေတာ္သြားေတာ့မယ္။
ကြၽန္ေတာ့္ နာမည္ အလကၤာ။ ကြၽန္ေတာ္က
သတၱမတန္း (A) က ။ ကြၽန္ေတာ့္ကိုလြမ္းရင္
လာ႐ွာလို႔ရတယ္။ "
"ေအာင္မာ! မင္းကိုငါကဘာလို႔လြမ္းရမွာလဲ"
"ဘယ္သိမလဲ။ အခုမလြမ္းေပမယ့္
ေနာက္ဆိုလြမ္းရင္လြမ္းေနမွာေပါ့ "
"မင္း! လိပ္ေျမး "
"ဟုတ္ကဲ့ အဏၰဝါေရျပင္က်ယ္ႀကီးထဲ ကူးခတ္မယ့္
ေရလိပ္ေလး အလကၤာပါခင္ဗ်"
အဏၰဝါ ထိုင္ခံုေပၚ႐ွိ ခဲဖ်တ္နဲ႔သာ
ေကာက္ထုလိုက္ေတာ့တယ္။ ဒီလိုနဲ႔
မုန္႔စားဆင္းခ်ိန္ (45) မိနစ္ဟာ ခပ္ျမန္ျမန္ပဲ
ကုန္ဆံုးသြားေလေတာ့တယ္။
ေနာက္ေန႔ေတြမွာလည္း မုန္႔စားဆင္းခ်ိန္တိုင္း
ပူ႐ွိန္းအရသာစုပ္လံုးေလးကိုင္လို႔
အခ်ိန္မွန္မွန္ေရာက္လာတတ္တဲ့
လိပ္ေျမးေလးအလကၤာေၾကာင့္ အပ်င္းေျပရပါရဲ႕။
စေန နဲ႔ တနဂၤေႏြ လိုေက်ာင္းပိတ္ရက္ေတြမွာေတာ့
လိပ္ေျမးေလးအလကၤာကို နည္းနည္းေတာ့
လြမ္းမိသလိုလိုပါပဲ။
တစ္ရက္တုန္းက အလကၤာေျပာဖူးတယ္။
"ကြၽန္ေတာ္က အစ္ကို႔ကို မုန္႔ေတြအမ်ားႀကီး
ဝယ္ေကြၽးခ်င္တာဗ်။ ဒါေပမယ့္ ေဖေဖ က
ကြၽန္ေတာ့္ကို မုန္႔ဖိုး 200 ပဲေပးတယ္။
ဒါေၾကာင့္မို႔ ကြၽန္ေတာ္ေနာက္ပိုင္းအလုပ္ရရင္
အစ္ကို႔ကို မုန္႔ေတြအမ်ားႀကီး ဝယ္ေကြၽးမယ္
သိလား " တဲ့။
"ဒါဆို မင္းငါ့အတြက္ စုပ္လံုးဝယ္ဝယ္လာေတာ့
ၾကာဇံေၾကာ္ဘယ္လိုလုပ္ဝယ္စားလို႔ရေတာ့မလဲ "
လို႔ျပန္ေမးေတာ့
"စုပ္လံုးအတြက္က ကြၽန္ေတာ္စုထားတဲ့ပိုက္ဆံနဲ႔
ဝယ္ေပးတာ။ အစ္ကို စိတ္ေျဖာင့္ေျဖာင့္နဲ႔သာစား " တဲ့။
ၾကည့္ၾကပါေလ။
႐ွဴးဂါးေဘဘီလုပ္ခ်င္ေနတဲ့ အတတ္ကေလးကို
ၾကည့္ၾကပါေလ။ အဏၰဝါမွာ တစ္ရက္နဲ႔တစ္ရက္
အသည္းယားလိုက္ရတာမ်ား။
အဏၰဝါ ဖန္ဘူးအၾကည္ေလးထဲေသခ်ာေခါက္ထားတဲ့
အျပာေရာင္စုပ္လံုးခြံေလးေတြကိုၾကည့္ရင္း
သေဘာတက်နဲ႔ရီမိေလတယ္။
ဒီကေလးခ်စ္ဖို႔ေကာင္းလိုက္ပံုမ်ား။
ျပည့္လုျပည့္ခင္ျဖစ္ေနၿပီျဖစ္တ့ဲ လက္တစ္ဖဝါးစာ
ဖန္ဘူးေလးကို စာၾကည့္စားပြဲေပၚေသခ်ာျပန္တင္ရင္း
တြက္လက္စ ECO ပုစၦာကိုသာ အာရံုျပန္စိုက္လိုက္
ပါေတာ့တယ္။
______________________
#klwin1234
"အစ်ကို"
အလင်္ကာရဲ့ အသံက ခပ်တိုးတိုးလေးပေမယ့်
အဏ္ဏဝါရဲ့ ကျောပြင်ဟာ အသံကြားရာဘက်သို့
စောင်းငဲ့လျက်ပုံစံအတိုင်းပြင်ထိုင်လိုက်သည်။
"ဘယ်သူလဲမသိဘူး "
အစ်ကို့ရဲ့ ဇဝေဇဝါအသံလေးနောက်မှာ
အလင်္ကာရဲ့ စိတ်ကူးယဉ်အိပ်မက်တို့ဟာ
တစ်စစီ ပြိုလဲလျက်သား။
လက်ထဲမှာကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့
စုပ်လုံးလေးတစ်လုံးက လှောင်ရယ်ခံလိုက်ရသလိုလို။
"အစ်ကို ကျွန်တော်ပါ။
မုန့်ဈေးတန်းက ကြာဇံကြော်"
အလင်္ကာ့အသံလေးက တုန်တုန်ရင်ရင်လေး။
ငိုမဲ့မဲ့လေးဖြစ်သွားတဲ့ အလင်္ကာ့ပုံစံကိုကြည့်ပြီး
အစ်ကိုက သဘောတကျနဲ့ရီလေသည်။
"စတာပါကွာ။ အစ်ကို မင်းကိုမှတ်မိပါတယ်"
"အစ်ကိုကဗျာ.. "
အလင်္ကာ သက်ပြင်းတစ်ချက်ချလို့
မချိတင်ကဲရေရွတ်ရတယ်။
အစ်ကို က သိပ်ဆိုးတာပဲ။
ပြုံးစစလေးနဲ့ပြောတော့ ဒီလူမှာရူးရပြန်ရော။
ပိုင်ဆိုင်ခွင့်ရတဲ့တစ်နေ့ကျ ဘယ်သူ့ကိုမှ မပြုံးပြဖို့
ပြောရပါအုံးမယ်။
"ကဲ.. အစ်ကို့ဆီဘာလို့လာတာလဲ "
"ကျွန်တော် အစ်ကို့ဆီလာလည်တာ။
ကျွန်တော်အစ်ကို နဲ့ခင်ချင်တယ်လို့ပြောထားပြီးသား
ပဲလေ "
"ဟုတ်ပါပြီကွာ။ ဒါနဲ့ မင်းလက်ထဲက စုပ်လုံးက
အစ်ကို့အတွက်လား "
အစ်ကို့ ကိုကြည့်ရတာ အလင်္ကာ့ကို
ခင်ချင်တဲ့ပုံပါပဲ။ အလင်္ကာလက်ထဲက
စတော်ဘယ်ရီအရသာ စုပ်လုံးလေးကို
အစ်ကို့ဆီကမ်းပေးလိုက်သည်။
"အစ်ကို့အတွက် ကျွန်တော်ဝယ်လာတာ "
"စတော်ဘယ်ရီအရသာလား "
"အစ်ကိုမကြိုက်ဘူးလား "
"မဟုတ်ပါဘူး။ အစ်ကိုက စတော်ဘယ်ရီထက်
ပူရှိန်းအရသာပိုကြိုက်တယ်။ "
အဏ္ဏဝါ့ စကားဆုံးတာနဲ့ ခေါင်းလေးတငြိမ့်ငြိမ့်
လုပ်နေတဲ့ အလင်္ကာလေး ဟာ လူကြီးလေး
တစ်ယောက်လိုမို့ အဏ္ဏဝါ အသည်းယားစွာပဲ
ပါးဖောင်းဖောင်းလေးတွေကိုဆွဲညှစ်လိုက်သည်။
အုန်းဆီနဲ့ သေချာဖြီးသင်ထားတဲ့ ဆံပင်တွေက
နက်မှောင်နေပြီး စကားပြောတိုင်း
လှစ်ခနဲပေါ်လာတတ်သည့် သွားစွယ်လေးနဲ့
ထိုကလေးက အဏ္ဏဝါထက် ခေါင်းတစ်လုံးစာလောက်
ပုသေးသည်။
"အသည်းယားစရာလေးကွာ "
"အစ်ကို ကျွန်တော့်ပါးကိုမဆွဲပါနဲ့ဗျာ။
ပါးဆိုတာ နမ်းဖို့လို့ ဖေဖေက အမြဲပြောတယ်။
အဲ့တာကြောင့် အစ်ကိုကျွန်တော့်ကိုအသည်းယားရင်
ပါးကိုမဆွဲပဲနဲ့ နမ်းလိုက်ပါလား။ ကျွန်တော်က
အိုကေပဲ။ အစ်ကိုစိတ်ကြိုက်သာနမ်း။ "
လူလည်လေး အလင်္ကာကြောင့် အဏ္ဏဝါ မှာ
ပြောစရာစကားပင်မဲ့ရတယ်။
"ဟ! မင်းဟာက အလာကြီးပါလားကွ။ "
"အစ်ကိုပြောလေ ကျွန်တော်ချစ်စရာမကောင်းဘူးလား"
"ကောင်းတာတော့ကောင်းပေမယ့်
စကားပြောတာတော့ တအား လိပ်ဆန်တာပဲ "
"ဘုရားပေးတဲ့ကောင်းချီးကို ကောင်းကောင်းအသုံးချ
ရုံတင်ပါ။ "
မုန့်စားဆင်းချိန်လေးမှာ အတန်းထဲ လေလာပေါနေတဲ့
လူလည်ပေါက်စလေးကြောင့် စာလုပ်မယ်ဆိုတဲ့
ရည်ရွယ်ချက်လေးကို အဏ္ဏဝါဘေးပို့ထားရတယ်။
"အစ်ကို ကျွန်တော်သွားတော့မယ်။
ကျွန်တော့် နာမည် အလင်္ကာ။ ကျွန်တော်က
သတ္တမတန်း (A) က ။ ကျွန်တော့်ကိုလွမ်းရင်
လာရှာလို့ရတယ်။ "
"အောင်မာ! မင်းကိုငါကဘာလို့လွမ်းရမှာလဲ"
"ဘယ်သိမလဲ။ အခုမလွမ်းပေမယ့်
နောက်ဆိုလွမ်းရင်လွမ်းနေမှာပေါ့ "
"မင်း! လိပ်မြေး "
"ဟုတ်ကဲ့ အဏ္ဏဝါရေပြင်ကျယ်ကြီးထဲ ကူးခတ်မယ့်
ရေလိပ်လေး အလင်္ကာပါခင်ဗျ"
အဏ္ဏဝါ ထိုင်ခုံပေါ်ရှိ ခဲဖျတ်နဲ့သာ
ကောက်ထုလိုက်တော့တယ်။ ဒီလိုနဲ့
မုန့်စားဆင်းချိန် (45) မိနစ်ဟာ ခပ်မြန်မြန်ပဲ
ကုန်ဆုံးသွားလေတော့သည်။
နောက်နေ့တွေမှာလည်း မုန့်စားဆင်းချိန်တိုင်း
ပူရှိန်းအရသာစုပ်လုံးလေးကိုင်လို့
အချိန်မှန်မှန်ရောက်လာတတ်တဲ့
လိပ်မြေးလေးအလင်္ကာကြောင့် အပျင်းပြေရပါရဲ့။
စနေနဲ့ တနင်္ဂနွေ လိုကျောင်းပိတ်ရက်တွေမှာတော့
လိပ်မြေးလေးအလင်္ကာကို နည်းနည်းတော့
လွမ်းမိသလိုလိုပါပဲ။
တစ်ရက်တုန်းက အလင်္ကာပြောဖူးတယ်။
"ကျွန်တော်က အစ်ကို့ကို မုန့်တွေအများကြီး
ဝယ်ကျွေးချင်တာဗျ။ ဒါပေမယ့် ဖေဖေ က
ကျွန်တော့်ကို မုန့်ဖိုး 200 ပဲပေးတယ်။
ဒါကြောင့်မို့ ကျွန်တော်နောက်ပိုင်းအလုပ်ရရင်
အစ်ကို့ကို မုန့်တွေအများကြီး ဝယ်ကျွေးမယ်
သိလား " တဲ့။
"ဒါဆို မင်းငါ့အတွက် စုပ်လုံးဝယ်ဝယ်လာတော့
ကြာဇံကြော်ဘယ်လိုလုပ်ဝယ်စားလို့ရတော့မလဲ "
လို့ပြန်မေးတော့
"စုပ်လုံးအတွက်က ကျွန်တော်စုထားတဲ့ပိုက်ဆံနဲ့
ဝယ်ပေးတာ။ အစ်ကို စိတ်ဖြောင့်ဖြောင့်နဲ့သာစား " တဲ့။
ကြည့်ကြပါလေ။
ရှူးဂါးဘေဘီလုပ်ချင်နေတဲ့ အတတ်လေး ကို
ကြည့်ကြပါလေ။ အဏ္ဏဝါမှာ တစ်ရက်နဲ့တစ်ရက်
အသည်းယားလိုက်ရတာများ။
အဏ္ဏဝါ ဖန်ဘူးအကြည်လေးထဲသေချာခေါက်ထားတဲ့
အပြာရောင်စုပ်လုံးခွံလေးတွေကိုကြည့်ရင်း
သဘောတကျနဲ့ရီမိလေသည်။
ဒီကလေးချစ်ဖို့ကောင်းလိုက်ပုံများ။
ပြည့်လုပြည့်ခင်ဖြစ်နေပြီဖြစ်တဲ့ လက်တစ်ဖဝါးစာ
ဖန်ဘူးလေးကို စာကြည့်စားပွဲပေါ်သေချာပြန်တင်ရင်း
တွက်လက်စ ECO ပုစ္ဆာကိုသာ အာရုံပြန်စိုက်လိုက်
ပါတော့သည်။
______________________
#klwin1234