ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း...
By MrDerick
614K 31.6K 579
About the life and love of Gay Porn Actors Total 62 Chapters + 4 extra Chapters More
Chapter 1 (Unicode)
Chapter 2 (Zawgyi)
Chapter 1 (Zawgyi)
Chapter 2 (Unicode)
Chapter 3 (Unicode)
Chapter 3 (Zawgyi)
Chapter 4 (Unicode)
Chapter 4 (Zawgyi)
Chapter 5 (Unicode)
Chapter 5 (Zawgyi)
Chapter 6 (Unicode)
Chapter 6 (Zawgyi)
Chapter 7 (Unicode)
Chapter 7 (Zawgyi)
Chapter 8 (Unicode)
Chapter 8 (Zawgyi)
Chapter 9 (Unicode)
Chapter 9 (Zawgyi)
Chapter 10 (Unicode)
Chapter 10 (Zawgyi)
Chapter 11 (Unicode)
Chapter 11 (Zawgyi)
Chapter 12 (Unicode)
Chapter 12 (Zawgyi)
Chapter 13 (Unicode)
Chapter 13 (Zawgyi)
Chapter 14 (Unicode)
Chapter 14 (Zawgyi)
Chapter 15 (Unicode)
Chapter 15 (Zawgyi)
Chapter 16 (Unicode)
Chapter 16 (Zawgyi)
Chapter 17 (Unicode)
Chapter 17 (Zawgyi)
Chapter 18 (Unicode)
Chapter 18 (Zawgyi)
Chapter 19 (Unicode)
Chapter 19 (Zawgyi)
Chapter 20 (Unicode)
Chapter 20 (Zawgyi)
Chapter 21 (Unicode)
Chapter 21 (Zawgyi)
Chapter 22 (Unicode)
Chapter 22 (Zawgyi)
Chapter 23 (Unicode)
Chapter 23 (Zawgyi)
Chapter 24 (Unicode)
Chapter 24 (Zawgyi)
Chapter 25 (Unicode)
Chapter 25 (Zawgyi)
Chapter 26 (Unicode)
Chapter 26 (Zawgyi)
Chapter 27 (Unicode)
Chapter 27 (Zawgyi)
Chapter 28 (Unicode)
Chapter 28 (Zawgyi)
Chapter 29 (Unicode)
Chapter 29 (Zawgyi)
Chapter 30 (Unicode)
Chapter 30 (Zawgyi)
Chapter 31 (Unicode)
Chapter 31 (Zawgyi)
Chapter 32
Chapter 32 (Zawgyi)
Chapter 33 (Unicode)
Chapter 33 (Zawgyi)
Chapter 34 (Unicode)
Chapter 34 (Zawgyi)
Chapter 35 (Unicode)
Chapter 35 (Zawgyi)
Chapter 36 (Unicode)
Chapter 36 (Zawgyi)
Chapter 37 (Unicode)
Chapter 37 (Zawgyi)
Chapter 38 (Unicode)
Chapter 38 (Zawgyi)
Chapter 39
Chapter 39 (Zawgyi)
Chapter 40 (Unicode)
Chapter 40 (Zawgyi)
Chapter 41 (Unicode)
Chapter 41 (Zawgyi)
Chapter 42 (Unicode)
Chapter 42 (Zawgyi)
Chapter 43 (Unicode)
Chapter 43 (Zawgyi)
Chapter 44 (Unicode)
Chapter 44 (Zawgyi)
Chapter 45 (Unicode)
Chapter 45 (Zawgyi)
Chapter 46 (Unicode)
Chapter 46 (Zawgyi)
Chapter 47 (Unicode)
Chapter 47 (Zawgyi)
Chapter 48 (Unicode)
Chapter 48 (Zawgyi)
Chapter 49 (Unicode)
Chapter 49 (Zawgyi)
Chapter 50 (Zawgyi)
Chapter 51 (Unicode)
Chapter 51 (Zawgyi)
Chapter 52 (Unicode)
Chapter 52 (Zawgyi)
Chapter 53 (Unicode)
Chapter 53 (Zawgyi)
Chapter 54 (Unicode)
Chapter 54 (Zawgyi)
Chapter 55 (Unicode)
Chapter 55 (Zawgyi)
Chapter 56 (Unicode)
Chapter 56 (Zawgyi)
Chapter 57 (Unicode)
Chapter 57 (Zawgyi)
Chapter 58 (Unicode)
Chapter 58 (Zawgyi)
Chapter 59 (Unicode)
Chapter 59 (Zawgyi)
Chapter 60 (Unicode)
Chapter 60 (Zawgyi)
Chapter 61 (Unicode)
Chapter 61 (Zawgyi)
Final Chapter (Unicode)
Final Chapter (Zawgyi)
Extra Chapter 1 (Unicode)
Extra Chapter 1 (Zawgyi)
Extra Chapter 2 (U+Z)
Extra Chapter 3 (U+Z)
Final Extra Chapter
Concerning WOW
Chapter 50 (Unicode)
3.7K 343 23
By MrDerick
Chapter 50
" မင်း တစ်ချိန်လုံး အိမ်မှာပဲ ရှိနေခဲ့တာလား ယော့ဝန်း... ကိုယ်မင်းကို မင်းတို့ တိုက်အောက်မှာ စောင့်နေခဲ့တာ... "
Mcqueen က ခေါင်းငုံ့ကာ ပြောနေသည် ။
သူ့ပုံစံမှာ လူနှင့် အသိစိတ်တို့ မကပ်သည့်ပုံပင် ။
" အင်း... ဟုတ်တယ်... ကျွန်တော် Mcqueen ကို ဆက်သွယ်လို့ မရလို့ စိတ်ပူနေတာ... ဖုန်းဆက်တော့လည်း ဆက်မရဘူး...  "
Mcqueen က သူ့ဖုန်းကို အိတ်ထဲက ထုတ်ပြီး ကြောင်တောင်တောင် ကြည့်နေလေသည် ။
" အိုး... ကိုယ့်ဖုန်း... ဟုတ်သားပဲ... တစ်ချိန်လုံး ဖုန်း အဝင်ကောလ်တွေ အများကြီး ဝင်ပြီး နောက်ဆုံး ဘက်ထရီပါ အားကုန်ပြီး ဖုန်းပိတ်သွားတာပဲ... "
Mcqueen က နွမ်းနယ်နေသော အပြုံးတို့ဖြင့် ပြုံးလာလေသည် ။
Mcqueen ၏ နွမ်းလျသော အပြုံးတို့ကို မြင်ရလျှင် ကျွန်တော့် ရင်ထဲ စိတ်မကောင်း ဖြစ်လိမ့်မည်ဟု မျှော်လင့်ခဲ့မိသည် ။
ထို့အပြင် သူ့ကို ဆက်သွယ်၍ မရသောကြောင့် စိတ်ပူမိခြင်းအပေါ် ကျွန်တော် Mcqueen ထံမှ ချီးကျူးမှုခံစားရလိမ့်မည်ဟု မျှော်လင့်ခဲ့မိသည် ။
သို့သော် ထူးဆန်းစွာပင် ကျွန်တော့်ရင်ထဲ၌ ဘာခံစားမှုမှ ဖြစ်မလာခဲ့ပေ ။
Mcqueen က အံကြိတ်လျက် ဖုန်းကို တင်းတင်း ဆုပ်ကိုင်ထားလေသည် ။
" အင်း... "
ကျွန်တော် အေးစက်စွာပင် ပြန်ဖြေလိုက်မိသည် ။
" မင်း ညစာ စားပြီးပြီလား ယော့ဝန်း... "
" မစားရသေးဘူး... "
အမှန်တော့ စားချင်စိတ် မရှိခြင်းသာ ။
" ဒါဆိုရင် ကိုယ်တို့ အပြင်ထွက်ပြီး သွားစားကြရအောင်... ကိုယ် မနက်ထဲက အခုထိ ဘာမှ မစားရသေးဘူး... ကိုယ် အတော်လေး ဗိုက်ဆာနေပြီ... "
ကျွန်တော် မငြင်းဘဲ Mcqueen အနောက်က တိတ်တဆိတ်လိုက်လျှောက်လာလိုက်မိသည် ။
ဆိုင်ထဲတွင် ထိုင်မိကြတော့ TV တွင် Mcqueen အကြောင်းက သတင်းထဲ ပါနေလေသည် ။
အိုး... ဘယ်နေရာရောက်ရောက် ဒီအရိပ်ကြီးက မလွတ်မြောက်နိုင်ပါ့လား ။
ကျွန်တော့် စိတ်ထဲ အလွန်ပင် ရှုပ်ထွေးနေခဲ့မိလေသည် ။
' အမေရိကန် လွှတ်တော်လူကြီး Jeff ဟာ Glenn Mcqueen ရဲ့ ဂေးကားရုပ်ရှင်အတွက် ရင်းနှီးမြှုပ်နှံခဲ့သူ ဖြစ်ခဲ့ပြီး Jeffဟာ နောက်ကွယ်မှာ Porn လုပ်ငန်းတွေပါ လုပ်ကိုင်နေသလားဟူ၍ လူအများက မေးခွန်းထုတ်စရာ ဖြစ်နေ... '
သတင်းဌာနများသည် သူတို့ထင်ရာကို စွတ်ပြောနေကြလေပြီး Mcqueen ၏ ရုပ်ရှင်ကား ကိစ္စသည် နိုင်ငံရေးနှင့်ပါ ဆက်နွယ်နေသယောင်ယောင်ဖြင့် Jeff ၏ နိုင်ငံရေး ပြိုင်ဘက်ပါတီများက ထိုးနှက်လာကြလေသောကြောင့် ကိစ္စမှာ ထင်သည်ထင် ပိုမို ကြီးမားသွားခဲ့ရလေသည် ။
Mcqueen သည် အစားအသောက်ကို မစားချင် စားချင်နှင့် အတင်း ထိုးသွင်းနေရပုံပေါ်ပြီး ပြောစရာစကားများ ပျောက်ရှ ဆွံ့အနေသည့်နှယ် ။
ကျွန်တော်တို့ နှစ်ယောက်စလုံး ငြိမ်သက်စွာ မျက်နှာချင်းဆိုင် ထိုင်နေမိကြသည် ။
" Mcqueen... ဘယ်ရောက်နေခဲ့တာလဲ... "
ကျွန်တော့်ဘက်မှ စမေးလိုက်သည် ။
" Philadelphia မှာရှိတဲ့ ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုမှာ သွားရှောင်နေခဲ့တာ... "
Mcqueen က စိတ်ရှုပ်သော လေသံဖြင့် ဆိုလေသည် ။
" ကိစ္စတွေက ဘာလို့ ဒီလောက်အထိ ကြီးသွားရတာလဲ ကိုယ်လည်း မသိတော့ဘူး... "
ကျွန်တော် သက်ပြင်းသာ လေးလေးပင်ပင် ချလိုက်မိသည် ။
" ဒါနဲ့ ခုနက မင်း စားပွဲပေါ်မှာ အလုပ်ရှာတဲ့ စာရွက်တွေ ကိုယ် တွေ့ခဲ့တယ် ယော့ဝန်း... မင်း အလုပ်ရှာနေတာလား... "
" အင်း... ဟုတ်တယ်... "
" ဘာလို့လဲ... အရင် အလုပ်က ဘာဖြစ်လို့လဲ... "
" ကျွန်တော် အလုပ်ဖြုတ်ခံလိုက်ရပြီလေ... "
Mcqueen ဘာမှ မပြောနိုင်ဘဲ ခဏတာ ဆွံ့အသွားလေသည် ။
" ဘယ်တုန်းကလဲ... "
" မနေ့ကပဲ... ရုံးခန်းမှာ ခေါ်သတိပေးခံရပြီး အလုပ် အဖြုတ်ခံလိုက်ရတာ... "
" အဓိပ္ပါယ် မဲ့လိုက်တာကွာ... "
" ကျွန်တော် အခုတော့ အလုပ်လိုနေတဲ့ နေရာတွေတွေ့ထားပါတယ်... ကျွန်တော် လိုက်လျှောက်ကြည့်မလို့... ကျွန်တော် လုပ်နိုင်မှာပါ... "
Mcqueen က ကျွန်တော့်ကို စိတ်မကောင်းသည့်ပုံဖြင့် ကြည့်ရင်း ပြောလာလေသည် ။
" ဒီအချိန်မှာ ဒီလိုစကား ပြောရမှာ တစ်မျိုး ဖြစ်ချင် ဖြစ်နိုင်ပေမယ့် ကိုယ်နဲ့ အလုပ်တူတူ လုပ်မယ်ဆိုရင်ကော ဘယ်လို သဘောရလဲဟင် ယော့ဝန်း ... "
" ဘာလဲ... Porn ရိုက်ရဦးမှာလား... "
ကျွန်တော့်အသံက အနည်းငယ် ကျယ်လောင်သွားမိသည် ။
" အိုး... မဟုတ်ပါဘူး... Porn actor အနေနဲ့ မဟုတ်ဘဲ ထုတ်လုပ်ရေးပိုင်းမှာ လုပ်မယ် ဆိုရင် ဘယ်လို သဘောရလဲ... "
" ကျွန်တော် Porn လောကမှာ ထပ်ပြီး မလုပ်ချင်တော့ဘူး... "
ကျွန်တော် လေးပင်စွာ ဆိုလိုက်မိသည် ။
" ဒါဖြင့်ရင် မင်း အခု နောင်တရနေပြီပေါ့... ဟုတ်လား... "
Mcqueen က ထုတ်ဖော် မပြောသော်လည်း သူ ဘာဆိုလိုချင်သည်ကို ကျွန်တော် ကောင်းကောင်း နားလည်ပါသည် ။
ထိုအရာများသည် သူ ကျွန်တော့်ကို တစ်ချိန်က ကမ်းလှမ်းခဲ့ဖူးသော အရာများ ဖြစ်ပြီး ​ကျွန်တော်ကလည်း လိုလိုချင်ချင် လက်ခံခဲ့သော အရာများသာ ဖြစ်ခဲ့လေသည် ။
ရုတ်တရက် Ryan ပြောခဲ့သော စကားများကို ကျွန်တော် ကြားယောင်လာသည် ။
" မင်းကို ငါ သေချာ သတိမပေးနိုင်ခဲ့တဲ့အတွက် မင်းငါ့ကို နာကျည်းချင်နာကျည်းလို့ရတယ်... ငါ့ကိုယ်ငါသာ အရင်ထဲက နာကျည်းခဲ့မိရင် အခုလောက်ဆို ငါ စိတ္တဇဆေးရုံကို ရောက်နေလောက်ပြီ... "
ကျွန်တော်နှင့် Mcqueen တို့ စားသောက်ကြပြီးတော့ ပန်းခြံထဲ၌ မြစ်ကမ်းဘေးတစ်လျှောက် လမ်းအတူတူ လျှောက်ကြသည် ။
တစ်ယောက်ကို တစ်ယောက်တော့ ဘာစကားမှ မဆိုမိကြ ။
နှစ်ယောက်စလုံး ငြိမ်သက်နေကြသည် ။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် မည်သည့် စကားကိုပဲ မည်သူက ပြောသည် ဖြစ်ပါစေ ၊ စကားလုံးတိုင်းက တစ်ဦးကိုတစ်ဦး နာကျင်စေမည်သာ ဖြစ်သောကြောင့် ဖြစ်သည် ။
ရင်နာစရာ ကောင်းလှသော အမှန်တရား တစ်ခုကို ဆိုရပါမည်ဆိုလျှင် မနေ့ကနှင့် ဒီနေ့ နှစ်ရက်လုံး ပါလာသော သတင်းများကို ဖတ်မိပြီးသောအခါ Mcqueen သည် သူနှင့်ထိုက်တန်သော ပြစ်ဒဏ်ကို သူ ခံစားရသည်ဟုပင် ကျွန်တော့်စိတ်ထဲ ခံစားမိရလေသည် ။
တစ်ချိန်ကတော့ သူ့ဇာတ်ညွှန်းသည် ရုပ်ရှင်အဖြစ် ရိုက်ကူးခံရသည်ဟု ကြားခဲ့စဥ်ကတော့ ကျွန်တော် သူ့ကို ရင်းနှီးချစ်ကြည်စွာပင် ဂုဏ်ပြုစကား ဆိုခဲ့မိသေးသည် ။
သို့သော် ယခုအချိန် အမှန်တရားကို သိမြင်လာပြီးချိန်တွင်တော့ ကျွန်တော်သည် Mcqueen ၏ အရှပ်ထုပ်ကြားထဲတွင် ရုန်းကန်နေရလေပြီ ။
Mcqueen ၏ မထီမဲ့မြင်ပြုတတ်သော မျက်လုံးများဖြင့် သူ့ကိုယ်သူ လွတ်လပ်စွာ ​ပျံသန်းနိုင်ရန် ကြိုးစားအားထုတ်မှုများက တစ်ပါးသူများကို ထိခိုက်နာကျင်စေလှပေသည် ။
Mcqueen က ဆိပ်ခံတံတားနား အရောက်တွင် ရပ်လိုက်ပြီး သူ့အိတ်ထဲမှ စီးကရက်ကို ထုတ်ကာ မီးညှိနေသည် ။
" ဒါနဲ့ မင်း မြင်လိုက်တာ ဘာတွေလဲ ပြောပါဦး ယော့ဝန်း... "
" အဲ့ဒီ့ ... အဲ့ဒီ့ ရုပ်ရှင်ကား... တစ်နည်း ပြောရရင်... "
ရပ်လိုက် ဟု ကိုယ့်ကိုယ်ကို သတိပေးနေသော်လည်း တကယ်တမ်းမူ ကျွန်တော့် ပါးစပ်က မရပ်တန့်နိုင်ခဲ့ပေ ။
" Ryan နဲ့ ခင်ဗျားနဲ့ သရုပ်ဆောင်ခဲ့တဲ့ Porn... အဲ့မှာ ခင်ဗျားက ခရစ်စတိုဖာ အဖြစ် သရုပ်ဆောင်ခဲ့တာ...  "
ရပ်လိုက်ဖို့မှာ နောက်ကျသွားခဲ့ပြီဖြစ်ပြီး ကျွန်တော် သိသမျှကို ထုတ်ပြောခဲ့မိလေပြီ ။
Mcqueen ၏ မျက်နှာက တစ်ချက် ပျက်သွားသော်လည်း တည်ငြိမ်အောင် ပြန်ကြိုးစားပြီး မေးခွန်းထုတ်လာလေသည် ။
" အဲ့တာကို ကြည့်ပြီး မင်း ဘယ်လို ခံစားရလဲ ယော့ဝန်း... "
" ကျွန်တော် ထင်တာတော့ Ryan အရမ်းကို နာကျင်ခံစားခဲ့ရမှာပဲ... ပြီးတော့ လူတစ်ယောက်ရဲ့ အောင်မြင်လိုမှုအတွက် သူ့ကိုယ်သူ အသုံးချ ခံရတယ်လို့ ခံစားမိခဲ့ရမှာပဲ... "
Ryan တစ်ယောက် Porn တွေရိုက်တိုင်း မူးယစ်ဆေးဝါးကို မဖြစ်မနေ သုံးစွဲခဲ့ရခြင်းမှာ Mcqueen ပေးခဲ့သော စိတ်ဒဏ်ရာကြောင့်ဟုသာ ကျွန်တော် စွပ်စွဲလိုက်ချင်သော်လည်း မပြောရက်ပါပေ ။
" ဒါဖြင့်ရင် ယော့ဝန်းရဲ့ စိတ်ထဲမှာ ကိုယ့်ကို တခြားအမြင်တစ်မျိုးနဲ့ တကယ်ပဲ မြင်မိနေပြီလား... Ryan ပြောသလိုပဲ ကိုယ်ဟာ မုဒိန်းကောင် တစ်ယောက် သာသာပဲလို့ မင်း ထင်နေမိပြီလား... "
ကျွန်တော် ဘာမှ ပြန်မဖြေဘဲ တိတ်ဆိတ်နေလိုက်သည် ။
Mcqueen ၏ နာကျင်နေချိန်တွင် ထပ်ပြီး နာကျင်စေမည့်စကားမျိုး ကျွန်တော် ပြောမထွက်ပါပေ ။
" မင်း ဘယ်လို တွေးနေလဲ ဆိုတာ ကိုယ့်ကို ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ ယော့ဝန်း ... ကိုယ် အရမ်းသိချင်တယ် ... ပြောစမ်းပါ... "
" ဘယ်အချိန်အထိ... ဘယ်အချိန်အထိ ခင်ဗျား Porn တွေကို ရောင်းနေဦးမှာလဲ Mcqueen... "
ကျွန်တော် ပြောသည့် Porn ဆိုသည်မှာ ကျွန်တော်နှင့် သူ နောက်ဆုံး ရိုက်ထားသော DVD ကို ဆိုလိုမှန်း Mcqueen သိပါလိမ့်မည် ။
ကျွန်တော့်စကားသည် Mcqueen ၏ မြုံနေသော အနာတစ်ခုကို ဓားထက်ထက်ဖြင့် ဆွပေးလိုက်သလို ဖြစ်သွားမှန်းတော့ ကျွန်တော် နားလည်ပါသည် ။
" အဲ့လိုတွေ လုပ်ရင်းနဲ့ ခင်ဗျားကိုယ်ခင်ဗျား အနုပညာရှင် တစ်ယောက်လို တကယ်ကြီး ခံစားနေရတာလား Mcqueen... "
ထိုသို့ဖြင့် သူ့အား ဓားဖြင့်ဆွသလို စကားများကို ပြောအပြီးတွင်တော့ ကျွန်တော့်ရင်ထဲတွင်လည်း နာကျင်ပြီး အထီးကျန်သော ခံစားချက်တို့ကို ခံစားမိရလေသည် ။
ခံစားရသော နောင်တ တရားတို့ကြောင့် အသက်ရှူရသည်ကပင် ခက်ခဲလာခဲ့သလိုလို ။
" Porn တစ်ခုမှာ အနုပညာဆိုတာ ရှိမနေဘူး... "
ကျွန်တော် Mcqueen ကို နာကျင်အောင် ပြောလိုက်မိပါသည် ။
" ယော့ဝန်း... မင်း အခု ခံစားနေရ ရှုတ်ချခံနေရတဲ့ ကိစ္စကြောင့် ကိုယ့်ကို နာကျည်းနေတယ် ဆိုရင်လည်း မင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်စမ်းပါ... မင်းရဲ့ ခံစားချက်တွေအပေါ်ကို မင်း ရိုးသားစမ်းပါ... "
" ကျွန်တော် ခင်ဗျားကို မနာကျည်းပါဘူး... ဒီလမ်းကြောင်းက ကျွန်တော်ကိုယ်တိုင် ရွေးခဲ့တဲ့လမ်းပဲလေ... ဒါပေမယ့်... "
" ဒါပေမယ့် မင်း ကိုယ့်ကို အပြစ်တင်ချင်တယ်... Ryan လိုပဲ မင်းဟာလည်း အသုံးချ ခံလိုက်ရတယ်လို့ မင်း မြင်နေခဲ့တယ်... ဟုတ်တယ်မလား... "
Mcqueen ၏ အသံက အက်ကွဲ ကြမ်းရှလျက် နာကျင်နေပုံ ပေါ်လေသည် ။
" မင်းက မင်းရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ကနေ ဖြစ်ပေါ်လာတဲ့ အပြစ်ရှိစိတ်နဲ့ နောင်တ တရားတွေကို ကိုယ့်အပေါ်ကို အကုန် အပြစ်တင် လွှဲချပြီး မင်းကိုယ်ကိုမင်း သက်သာရာရအောင် လုပ်နေတာပဲ ယော့ဝန်း... "
Mcqueen ၏ မျက်နှာက ကျွန်တော့်အနား နီးကပ်လာပြီး Mcqueen ၏ အသံတို့က ပိုမိုတင်းမာလာလေသည် ။
" ကောင်းပြီလေ... ယော့ဝန်း... မင်း အပြစ်တင်ချင်ရင် ငါ့ကိုပဲ လွှဲချပြီး အပြစ်တင်လိုက်စမ်းပါ... ဒါပေမယ့် ဒီလိုအခြေအနေတွေ ဖြစ်လာမှာကို မင်း ကြိုတင်မမျှော်လင့်ထားဘူးလို့တော့ ကိုယ့်ကို လာမလိမ်စမ်းပါနဲ့... "
Mcqueen က ကျွန်တော့် ပုခုံးနှစ်ဖက်ကို သူ့လက်ဖြင့် ဆုပ်ကိုင်ပြီး ဒေါသတကြီး ဆိုလာလေသည် ။
" ကိုယ် မင်းကို Pornရိုက်ဖို့ ဆိုပြီး တစ်ခါမှ အတင်းအကျပ်စေခိုင်း ဖိအား မပေးခဲ့ဖူးဘူးလေ...  မင်းရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်က ဖြစ်ပေါ်လာတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေ နောင်တရစိတ်တွေအတွက် ကိုယ်က အပြစ်တင်ခံရဖို့ ထိုက်တန်တယ်လို့များ မင်း ထင်နေခဲ့တာလား.... ဘာလို့လဲ... မင်းက ကိုယ့်ရဲ့ ထူးခြားတဲ့ သူတစ်ယောက်ဖြစ်နေလို့ ကိုယ်က အဲ့တာကို သည်းခံပေးရမှာလား... ဟုတ်လား ယော့ဝန်း... "
Mcqueen ၏ စကားများသည် ကျွန်တော့် နှလုံးသားကို ဓားချွန်ဖြင့် ထိုးနေသလိုပင် သိပ်ကို နာကျင်ရပါသည် ။
နှစ်ဦးစလုံး ထိခိုက်ခံစားနေရချိန်တွင် အလုပ်ကပင် လောလောလတ်လတ် ထုတ်ပယ်ခံထားရသော လူတစ်ယောက်ကို သူ ဒီလိုတော့ မညှာမတာ မပြောသင့်ဘူးဟု ကျွန်တော် နာ​ကျင်စွာဖြင့် တွေးမိသည် ။
ယခုအချိန်တွင် ကျွန်တော် Mcqueen ဆီမှ နှစ်သိမ့်မှုတစ်စုံတစ်ရာကို မျှော်လင့်ခဲ့မိခြင်းသည် ကျွန်တော် ရူးသွပ်ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည် ။
ကျွန်တော်က စိတ်ထဲ ရှိသော စကားမှန်သမျှကို အကုန်အစင်မပြောဘဲ ထိန်းသိမ်းခဲ့သော်လည်း ကျွန်တော် ပြန်ရလိုက်သည်မှာ Mcqueen ၏ အော်ငေါက်မှုတို့ပင် ဖြစ်သည် ။
" ဒါတွေအကုန်လုံးက ကျွန်တော့်အမှားတွေပဲ ဆိုတာ ကျွန်တော် သိပါတယ် Mcqueen... ကျွန်တော်က Mcqueen ဆီကနေ ကျွန်တော့်ကို Porn ရိုက်တာ ရပ်လိုက်ပါတော့ ဆိုတဲ့ စကားမျိုး ကြားချင်ခဲ့တာ... "
ကျွန်တော် စိတ်ထဲရှိသမျှကို Mcqueen အား ပြန်ပြောဖို့ အသင့် ဖြစ်ခဲ့လေပြီ ။
" ခင်ဗျား စိတ်ထဲမှာ ကျွန်တော့်ကို ဒေါ်လာ ငါးသောင်း လွှဲပေးပြီးတဲ့အချိန်မှာ ပေါ့ပါသွားခဲ့ပြီး ကျွန်တော့်ကို နှစ်သိမ့်ပေးနိုင်သွားပြီ လို့ တွေးခဲ့တယ် မဟုတ်လား... ဒါပေမယ့် အဲ့တာက ကျွန်တော့်ကို မနှစ်သိမ့်နိုင်တဲ့အပြင် ပိုပြီးတောင် ဆိုးဝါးစေခဲ့တယ် ဆိုတာ ခင်ဗျား သိရဲ့လား... "
ကျွန်တော် Mcqueen မျက်နှာကို စေ့စေ့ကြည့်ရင်း ပြောနေခဲ့သည် ။
" ခင်ဗျား သိရဲ့လား... ကျွန်တော်တို့ Porn ရိုက်တဲ့အခါ မီးထိုးတဲ့သူတွေ ၊ ကင်မရာမန်းတွေ ၊ setting ဆင်ပေးတဲ့လူတွေ... အဲ့လူတွေ အားလုံးက ကျွန်တော့်စိတ်ထဲမှာ သိပ်ကြောက်စရာကောင်းတယ်လို့ အမြဲခံစားခဲ့ရတယ်... ဒါပေမယ့်... ဒါပေမယ့် ခင်ဗျားကတော့ သူတို့အားလုံး ပေါင်းထားတာထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းနေသေးတယ်... "
ကျွန်တော့် စိတ်ထဲက ရပ်တန့်လိုက်ဖို့ ကျွန်တော့်ကိုယ်ကျွန်တော် သတိပေးနေသော်လည်း ကျွန်တော့် နှုတ်ခမ်းများက ဦးနှောက်၏ အမိန့်ကို မနာခံခဲ့ပါပေ ။
စကားလုံးများသည် သူ့အလိုလိုပင် ပါးစပ်ထဲမှ လျှောကနဲ ထွက်ကျလာခဲ့သလိုပါပင် ။
" သတင်းတွေထဲမှာ ပါတဲ့ စကားလုံးတိုင်း အတွက် ခင်ဗျားက အပြောခံရဖို့ ထိုက်တန်နေတာပဲ... "
ကျွန်တော် Mcqueen ၏ လက်များမှ ရုန်းထွက်လိုက်ပြီး အော်ပြောပစ်လိုက်သည် ။
" ခင်ဗျား ကျွန်တော့်အပေါ်မှာ ခံစားချက်ရှိတယ် ဆိုတာလည်း ခင်ဗျားအတွက် ထုတ်ကုန် တစ်ခုဆိုတာထက် မပိုပါဘူး Mcqueen... ခင်ဗျား အခုချိန်ထိ လုပ်ခဲ့သမျှ အားလုံးဟာ ပြည့်တန်ဆာခေါင်း တစ်ယောက်အနေနဲ့ ခင်ဗျားအကျိုးအတွက် ခင်ဗျား လုပ်ခဲ့တာချည်းပဲ... "
ကျွန်တော့်နှုတ်မှ ထို​မျှ ကြမ်းတမ်းသော စကားလုံးတို့က အဘယ်သို့များ ထွက်လာခဲ့ပါလေသလဲ ။
" အစကတော့ Ryan က ကျွန်တော့်ကို ခင်ဗျားနဲ့ မပတ်သတ်ဖို့ ပြောတုန်းက ကျွန်တော်က Ryan ကိုတောင် အပြစ်မြင်ခဲ့တာ... သူက သံသယလွန်ကဲတဲ့ ရောဂါ ရနေတာလို့တောင် ကျွန်တော် တွေးခဲ့မိတာ... အခုတော့ ကျွန်တော် အဲ့လို တွေးခဲ့တာ မှန်ရဲ့လားလို့တောင် ကျွန်တော် မသေချာတော့ဘူး... "
ကျွန်တော့်မျက်နှာကို ကျွန်တော် လက်နှစ်ဖက်ဖြင့် အုပ်ထားပြီး အော်ပြောနေလိုက်မိသည် ။
ထိုအချိန်၌သာ အသေအချာ ကြည့်မိခဲ့ပါလျှင် Mcqueen ၏ တုန်လှုပ်ခြောက်ခြားနေသော မျက်နှာကို ကျွန်တော် ကျိန်းသေပေါက် မြင်ရမည်သာ ။
" ခင်ဗျားနဲ့ ရိုက်ခဲ့တဲ့ Porn တွေ အားလုံးဟာ ကျွန်တော့်ကိုယ် ကျွန်တော် အမှိုက်ပုံထဲကို ခုန်ချသလိုမျိုး ဖြစ်ခဲ့လိမ့်မယ်လို့ ကျွန်တော် အရင်က မတွေးမိခဲ့ဘူး... "
Mcqueen ဆီက နာနာကျင်ကျင် ရှိုက်ကာ အသက်ရှူလိုက်သော အသံကို ကျွန်တော် ကြားလိုက်ရသည် ။
ကျွန်တော့်စကားများသည် Mcqueen ကို အပြင်းအထန် နာကျင်စေခဲ့လေပြီ ။
" ခင်ဗျားက ခင်ဗျား အမြဲတမ်း လုပ်ခဲ့သလိုပဲ ပြည့်တန်ဆာခေါင်း အဖြစ်နဲ့ ဒီလောကမှာ အကျိုးအမြတ်တွေ ရနေဦးမှာပဲ... ဒါပေမယ့်... ကျွန်တော့်အတွက်ကျတော့ရော... ကျွန်တော်က ဒီ ချာတူးလန်နေတဲ့ အမှန်တရားကြီးနဲ့ တစ်သက်လုံး ရုန်းကန်ပြီးနေသွားရမှာ... "
ကျွန်တော့် အော်သံတွေ ကျယ်လောင်နေခဲ့လေသည် ။
ကျွန်တော် ရင်ဘတ်တွေ အောင့်လာသောကြောင့် မိမိရင်ဘတ်ကို မိမိ ပြန်ဖိထားလိုက်ရသည် ။
ကျွန်တော့်နှလုံးသားသည် မြင်းတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ခုန်နေလေသည် ။
စကားလုံးများသည် ရေတံခွန်ကဲ့သို့ တသွင်သွင် စီးကျထွက်သွားခဲ့လေပြီ ဖြစ်ပြီး မည်သည့်နည်းနှင့်မျှ ပြန်လည် ရုပ်သိမ်းလို့ မရနိုင်တော့ပါချေ ။
" ဟားဟား...  "
Mcqueen ဆီက နာကျင်နေသော ရယ်သံတချို့ ထွက်လာလေသည် ။
" ပြည့်တန်ဆာခေါင်း တဲ့လား... သိပ်ကို ကောင်းတဲ့ စကားပဲ... "
Mcqueen အသံက နာကျင်မှုကို ဖုံးကွယ်ထားရသည့်အလား အေးစက်စက် ။
" မင်းကိုယ့်ကို အဲ့လိုမျိုး တွေးထင်နေခဲ့လိမ့်မယ်လို့ ကိုယ် အိမ်မက်ထဲတောင် မမက်ခဲ့မိဘူး ... "
Mcqueen သည် ကျွန်တော့်ထံသို့ နာနာကျင်ကျင် ကြည့်လာလေသည် ။
" ပထမဆုံးအနေနဲ့ ပြောရရင် ကိုယ်ဟာ Porn ရိုက်တာကြောင့် ကိုယ့်ကိုယ်ကို ဘယ်တုန်းကမှ မရှက်ခဲ့ဖူးဘူး... အဲ့တာကို အမှိုက်တစ်ခုလို့လည်း မမြင်ခဲ့ဖူးဘူး... ကိုယ့်ကို Porn ရိုက်တာ တစ်ခုထဲကိုပဲ ကြည့်ပြီး ကိုယ့်တန်ဖိုးကို ဆုံးဖြတ်မှာကို ကိုယ်မလိုချင်ခဲ့ရုံပဲ  ... "
Mcqueen က အထိုးခံထားရသောကြောင့် ညိုမဲနေသော ကျွန်တော့် နှုတ်ခမ်းထောင့်လေးကို သူ့လက်ဖြင့်လာရောက် ပွတ်သပ်လေသည် ။
" အစက ကိုယ် မင်းကို လုံးလုံး ယုံမိတော့မလို့ပဲ... "
Mcqueen ၏ လက်က ချက်ချင်းပင် ကျွန်တော့်ပါးဆီမှ ပြန်ရုတ်သိမ်းသွားပါလေ၏ ။
" မင်း ကိုယ့်ကို ချစ်လှပါချည်ရဲ့ လို့ ပြောခဲ့တာ ဘယ်တုန်းကများလဲ ပတ်ယော့ဝန်း... "
" ... "
" မင်း ကိုယ့်ကို အထင်သေး စပ်ဆုတ်နေလည်းပဲ ကိုယ့်အတွက်တော့ ဘာမှ ထပ်ပြီး ဆုံးရှုံးသွားစရာ မရှိဘူး... ဒါပေမယ့် စိတ်မကောင်းစရာပဲ... မင်းလိုမျိုး စူးဝါးတဲ့အကြည့်နဲ့ ကိုယ့်ကို စပ်ဆုတ်နေတဲ့လူတွေက အစထဲက အများကြီး ရှိနှင့်နေပြီးပြီ ... မင်းတစ်ယောက်ကြောင့် နဲ့ ဘာမှတော့ ထူးထူးခြားခြား မပြောင်းလဲသွားပါဘူး... "
Mcqueen သည် တည်ငြိမ်ဟန် ဆောင်နေသော်လည်း စီးကရက် ကိုင်ထားသော သူ့လက်များကမူ တုန်နေကြောင်းကို ပြန့်ကျဲနေသော ဆေးလိပ်ပြာများကို ကြည့်၍ ပြောန်ုင်ပါသည် ။
" ဒါပေမယ့် အဲ့သည့်လူတွေ အားလုံးထဲမှာ မင်းကတော့ ငါ့ကို အညစ်ပတ်ဆုံးနည်းလမ်းနဲ့ အရှက်တကွဲ ဖြစ်စေခဲ့သူပဲ... ဒါပေမယ့် ကိုယ် အပြစ်မတင်တော့ပါဘူး... ဘာလို့လဲ ဆိုတော့ အခုအချိန် မင်းဘက်မှာ ဘယ်သူမှ မရှိတော့ဘူး ဆိုတာ ကိုယ်သိနေလို့ပဲ ... "
Mcqueen သည် ကျွန်တော့်အား နောက်ဆုံးအကြိမ်အဖြစ် ကြည့်သလို ငေးမောကြည့်လာရင်း ဆိုလေသည် ။
" မင်းပြောခဲ့သလိုပဲ မင်းက ကိုယ့်ဆီက အသုံးချခံလိုက်ရတဲ့ အရှုံးသမားသာသာပါပဲ... "
Mcqueen ခဏလောက် ငြိမ်သက်သွားကာ ကြိုးစား အသက်ရှူနေပုံပေါ်လေသည် ။
" ခင်ဗျား မှန်ပါတယ် Mcqueen... မှန်လွန်းလို့ပဲ အဲ့သည့်စကားကို ခင်ဗျားပါးစပ်က အခုလို ကိုယ်တိုင်ကိုယ်ကျ ထုတ်ပြောလာချိန်မှာ.... ကျွန်တော်... ကျွန်တော် အရမ်းနာကျင်ရတယ်... "
အဆုံးသတ်တွင်တော့...
ကြီးမားသော ထိုးနှက်မှုများဖြင့် နာကျင်နှင့်ပြီး ဖြစ်တာတောင်မှ ကျွန်တော့်ဆီ အပြေးရောက်လာခဲ့သော ထိုလူသားကို ကျွန်တော့်၏ တစ်ကိုယ်ကောင်းဆန်လှစွာ သူရဲဘောကြောင်သော စကားလုံးများဖြင့် နာကျင်စေခဲ့ရလေပြီ ။
ထို့အတူပင် ထိုသူသည်လည်း ကျွန်တော့်အား အပြန်အလှန် နာကျင်စေခဲ့ပြန်သည် ။
ကျွန်တော်တို့သည် တစ်ဦးကို တစ်ဦး နာကျင်စေရန် ၊ ဒဏ်ရာပေးစေရန် ချစ်ခဲ့ကြရသလိုပါပင် ။
Mcqueen သည် နာကျင်စွာဖြင့် ကျွန်တော့်ကို ကြည့်လာရင်းမှ တစ်ဖက်သို့ လှည့်ကာ ထွက်သွားလေတော့သည် ။
ကျွန်တော်သာ Mcqueen ကို ယခု သွားခွင့် ပြုလိုက်လျှင် ကျွန်တော်တို့ နှစ်ယောက်ကြားက အရာအားလုံးသည် လုံးဝ အဆုံးသတ်သွားမည်ကို ကျွန်တော် သိပါသည် ။
သူ့အား ပြည့်တန်ဆာခေါင်း ဟု ခေါ်ခဲ့ခြင်း ၊ သူနှင့် ရုပ်ရှင်ရိုက်သည်မှာ အမှိုက်တစ်ခုသာသာ ဟုသာ ပြောခဲ့ခြင်း ၊ ထိုစကားများသည် Mcqueenအပေါ် အတော်လေးကို ရက်စက်ကြမ်းတမ်းခဲ့ပါပေလိမ့်မည် ။
ကျွန်တော် ခေတ္တ ခဏမျှ ကြောင်အမ်းစွာ ရပ်နေရာမှ လှည့်ကြည့်လိုက်သောအခါ Mcqueen သည် ကျွန်တော်နှင့် ခပ်လှမ်းလှမ်းသို့ ရောက်သွားခဲ့လေပြီ ။
ကျွန်တော် ချက်ချင်းပင် အသိပြန်ဝင်လာပြီး Mcqueen အနောက်သို့ အပြေးတစ်ပိုင်း လိုက်သွားမိလေတော့သည် ။
ကျွန်တော်သာ တောင်းဆိုလျှင် Mcqueen က ကျွန်တော့်ကို ခွင့်လွှတ်ပါမည်လား ။
ဒါမှမဟုတ် ကျွန်တော့်ဘက်က စပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်လိုက်လျှင်ကော ။
Mcqueen ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်ပါလိမ့်မည် ။
ကျွန်တော် အပြေးလိုက်သွားပြီး သူ့ကို မီလာသောအခါတွင် Mcqueen ၏ လက်ကိုဆွဲလိုက်လေသည် ။
" Mc... "
Mcqueen ၏ မျက်နှာ ကျွန်တော့်ဘက်လှည့်လာလေသည် ။
သူ၏ မျက်နှာကို မြင်လိုက်ရချိန်တွင်တော့ ခုနက ကျွန်တော် တွေးခဲ့သမျှသည် အမှားအယွင်း တစ်ခုမျှသာ ဖြစ်သည်ကို ကျွန်တော် နားလည်သွားခဲ့ရလေသည် ။
အေးစက်ကာ ခံစားချက်မဲ့နေသည့် Mcqueen ၏ မျက်နှာသည် ကျွန်တော့်အပေါ်တွင် ဘာခံစားချက်မျှ မရှိတော့သည့်နှယ်ပင် ။
မည်သို့သော အရာကမျှ ကျွန်တော်တို့ နှစ်ယောက်ကြားက အက်ကွဲနေသော ချစ်ခြင်းတရားတို့ကို ပြန်လည် ပြင်ဆင်ပေးဖို့ မဖြစ်နိုင်လေတော့သည့်အလားပါပင် ။
Continue Reading
You'll Also Like
194K 17.9K 22
1.8K 218 10
*ကျမ* ဆိုတဲ့ p.o.v နဲ့ ရေးဖူးသမျှလေးများကို ပြန်လည် စုစည်းခြင်း ဖြစ်ပါတယ်...... ဖတ်ပြီးရင် တွေးနိုင်ကြပါစေ...... တွေးပြီး ရသမျှ အတွေးတွေကို FeedBac...
1.8M 187K 198
ကဲ...ဇာတ်လမ်း​လေးအ​ကြောင်း​​ပြောပြမယ် ​ခေါင်းစဥ်​ကြောင့် လန့်သွားကြတယ်မလား အ​ဆွေးဇာတ်မဟုတ်ပါဘူး အချစ်ဟာသဇာတ်လမ်း​လေးပါ သူတို့နှစ်​ယောက်က လက်ထပ်ထားကြတ...
438K 10.5K 86
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."