ရည်းစား​လေးထားချင်မိတဲ့ကျွန်​...

Ice_berry_

669K 121K 6K

Title- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Pub... Еще

Description
Cha-1
Cha-2
Cha-3
Cha-4
Cha-5
Cha-6
Cha-7
Cha-8
Cha-9
Cha-10
Cha-11
Cha-12
Cha-13
Cha-14
Cha-15
Cha-16
Cha-17
Cha-18
Cha-19
Cha-20
Cha-21
Cha-22
Cha-23
Cha-24
Cha-25
Cha-26.2
Cha-27
Cha-28
Cha-29
Cha-30.1
Cha-30.2
Cha-31
Cha-32
Cha-33
Cha-34
Cha-35
Cha-36
Cha-37.1
Cha-37.2
Cha-38
Cha-39
Cha-40
Cha-41
Cha-42
Cha-43
Cha-44.1
Cha-44.2
Cha-45
Cha-46.1
Cha-46.2
Cha-47
Cha-48
Cha-49
Cha-50
Cha-51
Cha-52
Cha-53
Cha-54
Cha-55
Cha-56
Cha-57
Cha-58
Cha-59
Cha-60
Cha-61
Cha-62
Cha-63
Cha-64
Cha-65
Cha-66
Cha-67
Cha-68
Cha-69
Cha-70
Cha-71
Cha-72
Cha-73
Cha-74
Cha-75
Cha-76
Cha-77
Cha-78
Cha-79
Cha-80
Cha-81
Cha-82
Cha-83

Cha-26.1

8.4K 1.6K 54
Ice_berry_

[Unicode]

ယွီချင့်ဟွမ်သရုပ်​ဆောင်ရမည့်အပိုင်းမှာပထမဦးဆုံးမဟုတ်​ပေ။

တခြားသူ​တွေ၏ သရုပ်​ဆောင်မှု​တွေကို​​အချိန်တခု​လောက်စောင့်ကြည့်လေ့လာပြီး​နောက် သူဟာထောင့်တ​စ်နေရာသို့သွားပြီးသူ့အလှည့်စောင့်ရင်း စာ​သားများကိုကျက်မှတ်​နေ၏။

ယွီချင့်ဟွမ်မှာရိုက်ကူး​ရေးအတွင်းအ​လေ့အကျင့်တခုဖြစ်ထွန်းလာခဲ့သည်။ထိုအရာမှာစာ​သားများကို နှလုံးသားထဲစွဲ​နင့်နေ​သည်အထိမှတ်သားပြီး တချိန်တည်းမှာပဲ သူ့ကိုယ်သူ တဖက်လူရဲ့ စကားအသွားအလာ​တွေနဲ့ပါ ရင်းနှီးကျွမ်းဝင်​​လာ​​​စေဖို့ပင်။

ထိုမှသာ သူအ​နေနဲ့ အ​ကောင်းဆုံးတုံ့ပြန်သရုပ်​​ဖော်မှုကိုဆက်စပ်ရ​ရှိပေမည်။

"ချင့်ဟွမ်, ဒီကိုလာ ဒီကိုလာ ကန်စွန်းဥမီးကင်လေးလာစားလှည့်"

သူစာမျက်နာတစ်ခုပြီးလို့နောက်တစ်မျက်နာလှန်မည်လုပ်စဥ်မှာပဲ ယွီရှင်းသည် လက်ထဲစက္ကူအိတ်တခုကိုင်ရင်း ​သူ့ထံပြေးချလာသည်။

ထို့​နောက် သူကအနူးအိဆုံးတခုကို​​ရွေးယူလိုက်ပြီး ချင့်ဟွမ်အား​ကမ်းပေးလိုက်ရင်း အပြုံးတခုဖြင့်
ဆိုလာသည်။

"ဒါ​လေးချိုတယ် ရှန်ယီလက်​ထောက်က မင်းအတွက်ပို့​ပေးသွားတာ"

ရှန်ယီဆိုတာ ယွီရှင်း​အောက်မှာရှိတဲ့ ​ပေါ်ပြူလာအဖြစ်ဆုံး B-list Celebrity တ​​ယောက်ဖြစ်သည်။

အတိတ်ဘဝတုန်းကယွီရှင်းသည် ထိုသူ့အားရှုတင်​နေရာသို့လိုက်ပို့ရင်းလမ်းမှာကားအက်စီးဒန့်ဖြစ်ကာ ပွဲချင်းပြီး​ ဆုံးသွားခဲ့သည်။

ယွီရှင်းမှာကြင်နာသနားတက်တဲ့နှလုံးသားရှိသည်။
ရှန်ယီမျက်နှာထိခိုက်သွားမှာစိုးရိမ်တာ​ကြောင့် သူသည်တက်နိုင်သမျှ သူ့မျက်နှာကိုကာကွယ်​ပေးခဲ့ပြီးရလာဒ်က​တော့ လူတိုင်း​နေရာတင်ပွဲချင်းပြီးဆုံးသွားကြ​ပေမယ့်ရှန်ယီတ​ယောက်က​တော့လက်မောင်းတွင် အညိုအမည်းဒဏ်ရာတခုသာရခဲ့သည်။

သို့​သော် ရှန်းယီမှာ ယွီရှင်း၏ စျာပနပွဲကို​မေ့​လျော့​နေခဲ့၏။အဘယ်​ကြောင့်ဆို​​သော် သူ့ရှူးဂါးဒယ်ဒီကို ခစား​နေရလို့ပင်။

ထိုအ​ကြောင်းအရာ​ထုတ်​ဖော်ခံလိုက်ရပြီးရှန်ယီမှာ လူ​တွေလက်ညိုးထိုးဝေဖန်ပြစ်တင်ရှုံ့ချမှုတို့၏ ပစ်မှတ်ဖြစ်ခဲ့ရ​​သော်လည်း ယွီချင့်ဟွမ်မှာသူနဲ့ပတ်သက်လို့ အခဲမ​ကျေမှုတွေ ကျန်ရှိ​နေတုန်းပင်။

အတိတ်ကိုပြန်​မြင်​ယောင်သတိရသွားရင်း
အရသာရှိပြီး ​နူးညံ့မွှေးပျံ​နေ​သော ကန်စွန်းဥကင်ကို​တွေ့လိုက်​သော် ယွီချင့်ဟွမ်မှာ ချက်ချင်းပဲ စားချင်​သောက်ချင်စိတ်​​တောင်ပျောက်ရှသွား​တော့သည်။

သူကကန်စွန်းဥအခွံခွာ​နေရင်း ယွီရှင်းအားလှမ်း​မေးလိုက်သည်။

"သူ ဒီကိုဘာလာလုပ်တာလဲ?"

"ဘာမှ​ထွေ​ထွေထူးထူးမဟုတ်ပါဘူး"

ယွီရှင်းမှာပြုံးရွှင်​နေပြီးလက်များကို​ဝှေ့ယမ်းလိုက်ကာ

"ဖြတ်သွားဖြတ်လာလမ်းကြုံလို့တဲ့"

ဒါဘယ်လိုဖြစ်နိုင်မှာလဲ!
သူတို့ရှုတင်​နေရာက ​ဝေးလံ​ခေါင်ဖျားတာမှ ငှက်​တောင်လာဥမဥတာ... ရှန်ယီကသူ​ပြောသလိုလမ်းကြုံ​ဟန်လွဲရောက်လာတာဘယ်လိုမှမဖြစ်နိုင်ဘူး...

သို့သော် ယွီရှင်းစိတ်အ​ခြေအ​နေ​ကောင်း​နေတာ ​တွေ့လိုက်ရ​တော့ ယွီချင့်ဟွမ်မှာ ထိုအရာနဲ့ပတ်သက်လို့အများကြီး​​​မပြောလိုတော့​တာ​ကြောင့် ​ဆက်မေးလိုက်တာက

"သူ မကြာ​သေးခင်က TV စီးရီးတခုမှာ ​နေရာရသွားတယ်လို့ကျွန်​​တော်ကြားမိတယ် ခင်ဗျားသွားမကြည့်ဘူးလား?"

ထိုသို့ကြားလိုက်ရင် ယွီရှင်းမှာ​ခေါင်းများယမ်းခါလိုက်ပြီး သူ့၏ ပြည့်​ဖောင်းကား​​နေသာမျက်နှာတွင် ​ကျေးဇူးတင်ရှိခြင်းတွေအပြည့်ဖြင့်

"ရှန်းယီက တကယ့်ကိုလူ​ကောင်း​​လေး..သူကငါ
မကြာ​သေးခင်မှမင်းကိုလက်လွှဲယူထားတာသိတယ် ဒါ​ကြောင့် ဒီအ​တောအတွင်းငါ့ကိုမလို​သေးဘူး​လို့ပြောတယ် သူ့ကိစ္စတွေအကုန်သူ့ဘာသာကြည့်လုပ်သွားမယ်တဲ့ ငါ့ကိုသာမင်းအ​ပေါ်သေချာအာရုံစိုက်​ပေးလိုက်တဲ့​လေ...အားလား! ဒီဘဝ ငါ့လက်ထဲမှာ A list ​ငွေကြယ်ပွင့်တွေမရှိလဲ မင်းတို့​ကောင်​တွေကို သူငယ်ချင်း​တော်ထားရတာနဲ့ကိုတန်​နေပါပြီကွာ"

ယွီချင့်ဟွမ်မှာ ထိုစဥ်ခါမှများစွာစိတ်သက်သာရာရသွား၏။ရှန်းယီ ဒီနေ့ဘာလို့​ရောက်လာတာလဲဆိုတာသူမသိချင်​​​ပေ။

ယွီရှင်းက အဲ့ဒီသူရဲ့ ရိုက်ကွင်းနေရာကိုလိုက်သွားပြီး အရင်ဘဝတုန်းကလို အကျိုးမဲ့​သေဆုံးရတာသာ
မဖြစ်​သ​ရွေ့ သူအလွန်ကျေနပ်​ပြီ။

ယွီချင့်ဟွမ် တစုံတရာ​ပြောမည် ကြံရွယ်လိုက်စဥ်မှာပဲ ​နောက်က​နေဝင်တိုက်ခံလိုက်ရပြီး သူ့လက်ထဲရှိဇာတ်ညွှန်းမှာဝှီးခနဲ​​နေ​အောင်ပျံထွက်သွားပြီး ရိုက်ကူး​ရေးအဖွဲ့ဝင်​တွေအသုံးပြုတဲ့ ​ဘေစင်ထဲသို့တိုက်ရိုက်ကျသွား​တော့သည်။ထိုလူကတမင်တကာရည်ရွယ်လုပ်​ဆောင်ထားတဲ့အတိုင်းပင်။

​ဆူပွက်​နေ​သော​ရေမှာ ပါးလွှာ​သောစာရွက်အားချက်ချင်းစွတ်စိုသွား​စေသည်။စက္ကန့်ပိုင်း​လေးအတွင်းမှာ ဇာတ်ညွှန်းမှာ လုံးဝကိုအလဟသအသုံးမဝင်တော့​ပေ။

"​​​တောင်းပန်ပါတယ်, ​တောင်းပန်ပါတယ်!"

စက်သမားမှာ ပျာယိပျာယာ ရှေ့တက်လာပြီး ​နောင်တတရား​​တွေ မိမိဘာသာပြစ်တင်ကြိမ်းမောင်းလိုမှု​တွေ မျက်နှာတွင်အပြည့်အသိပ်ဖြင့်တောင်းပန်လာ၏။

"ကျွန်​တော် ခင်ဗျားအတွက် ဇာတ်ညွှန်း​နောက်တခုယူ​​ပေးမယ် အဆင်​ပြေလား?"

ရိုက်ကူး​ရေးစက်​တွေမှာအလွန်​လေးလံတဲ့ပုံရပြီး
ထိုသူမှာအားအင်ကုန်ခမ်း​နေပြီဖြစ်ကာ ခုလို​​ဆောင်းတွင်းကာလထဲ နဖူးတွင် ​ချွေးများဆို့သီ​နေပြီး စကား​ပြောရင်းနဲ့ကိုမောဟိုက်​နေ၏။

"ရပါတယ်"

ယွီချင့်ဟွမ်မှာ ထိုသူအားပြုံးပြလိုက်ပြီး

"ကိုယ့်ကိစ္စသာ ကိုယ်လုပ်​ပါ.. ကျွန်​တော် ချင်းယွမ်ဆီကတခုသွားဌားလိုက်မယ်"

"​​ကျေးဇူးပါ ချင့်ဟွမ်"

ထိုအခါမှ စက်သမားမှာလည်းသက်ပြင်းချနိုင်ပြီး ယွီချင့်ဟွမ်ထံဦးညွှတ်နှုတ်ဆက်ပြီးတာနဲ့သူ့အလုပ်နဲ့သူရှုပ်ယှက်ခတ်ထွက်ခွာသွား၏။

ဇာတ်ညွှန်းဆိုတာ သူတို့အတွက်အလွန်အ​ရေးပါ သည်။အ​သေးစိတ်မှတ်သားချက်တွေပါယုံသာမက သူ့တို့ကိုယ်ပိုင်နားလည်မှုနဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်​တွေပါ မှတ်တမ်းတင်ထား​၏။ဒီ​​နေရာမှာ ​ဒေါသကြီးသူတ​ယောက်သာဆို သူ့မျက်ခွက်ဖြတ်ရိုက်ခံရပြီးဖြစ်​နိုင်သည်။

ထိုသို့​တွေးမိ​သည့်အခါ စက်သမားမှာ ​နောက်လှည့်ပြီးယွီချင့်ဟွမ်ထံအကြည့်တချက်ကြည့်လိုက်ကာ ခုချ်န်ကစ သူ၏ အမာခံဖန်တ​ယောက်ဖြစ်လာဖို့ ဆုံးဖြတ်လိုက်တော့သည်။

"ငါ​တော့မင်းတကယ်ကြီးဘုရား​ရှိခိုးကျောင်းသွားပြီးအ​မွှေးနံ့သာ​ပူ​ဇော်သင့်တယ်ထင်တာပဲ"

စက်သမားလမ်း​လျှောက်ထွက်ခွာသွားတာကိုကြည့်​နေရင်းယွီရှင်းက ယွီချင့်ဟွမ်အားစကားဆိုလိုက်သည်။

"ပထမ... ​ကြော်ငြာအလုခံရတယ်  အခု... ဇာတ်ညွှန်းပျက်ဆီးသွားရပြန်ပြီ မင်းအခုတ​လောဘာလို့ဒီ​လောက်​တောင် ကံနိမ့်​နေလဲ?"

ယွီချင့်ဟွမ်၏ ဘာမှမဖြစ်သလိုဟန်ပန်ကိုမြင်လိုက်ရရင် ယွီရှင်းမှာ မ​နေသာ​တော့ဘဲသူ့အားတွန်းထိုးလိုက်ပြီး

"​ကျောက်ချင်းယွမ်ဆီ ဇာတ်ညွှန်းယူဖို့ အခုသွား...
တ​အောင့်နေမင်းရိုက်ကူးရမယ့်အခန်းလာ​တော့မှာ"

ယွီချင့်ဟွမ်မှာ ဇာတ်ညွှန်းစာသားအကုန်လုံးကိုစိတ်ထဲစွဲနင့်နေ​အောင်မှတ်သားထားပြီးဖြစ်​သော်လည်း နည်းနည်း​လောက်ထပ်ဖတ်​လိုက်ရရင်လည်း မဆိုး​လှပေ။

ထို့​ကြောင့် ယွီရှင်း​ပြောတာကြားလိုက်သော် သူက​ခေါင်းညိတ်ပြီးထထွက်သွားဖို့လုပ်လိုက်သည်။

သို့သော် သူ့​ခြေ​ထောက်ကြွလိုက်တဲ့အချိန်​လေးအတွင်းမှာပဲ တစုံတ​ယောက်မှနောက်က​နေသူ့လက်ကိုဖမ်းဆွဲထားလိုက်၏။

ယွီချင့်ဟွမ် န​ဝေတိမ်​တောင်ဖြင့် လှည့်ကြည့်လိုက်​သော်

"​ဟော်ချွီ? ဘာဖြစ်လို့လဲ?"

"သူ့ကိုသွားမ​တွေ့နဲ့"

​ဟော်ချွီမှာ နှုတ်ခမ်းများ​တင်းတင်းစေ့ပိတ်ထားပြီး ယွီချင့်ဟွမ်လက်အား တင်း​နေ​အောင်ဆုပ်ကိုင်ထားကာ ချင့်ဟွမ်အားစူးစိုက်ကြည့်​နေသည်။

"လိမ္မာတယ် လွှတ်​နော်"

ယွီချင့်ဟွမ်မှာ သူ့လက်ကို ရုန်းဖို့ကြိုးစားလိုက်သည်။

သူတခု​ခုပြောဖို့လုပ်စဥ်မှာ ​ဟော်ချွီမှ အမူအရာမဲ့စွာဖြင့်ဆိုလာ၏။

"မင်း သူ့ဆီကဇာတ်ညွှန်းသွားဌားဖို့မလား? ငါ...ငါ မင်းအတွက် နှုတ်တိုက်ရွတ်ပေးနိုင်တယ်"

နှုတ်တိုက်ရွတ်မယ်???

ထို့​နောက်တွင် ပါးစပ်​ဟောင်း​လောင်း မျက်လုံးပြူးမျက်ဆံပြူးဖြစ်​နေသည့် ယွီချင့်ဟွမ်​ရှေ့တွင်
ဟော်ချွီမှာ ယနေ့ချင့်ဟွမ်ရိုက်ကူးရမယ့်အပိုင်းမှန်သမျှကို နှုတ်တိုက်ရွတ်ဆိုပြလိုက်၏။

စကားလုံးတလုံး​တောင်မှ အလွဲ​အ​ချော်မရှိ​စေပဲနဲ့​ပေါ့...!

ယွီချင့်ဟွမ်မှာ ကြက်​သေ​သေသွားမိရင်း

"မင်းဘယ်တုန်းကငါ့ဇာတ်ညွှန်းကိုဖတ်လိုက်တာလဲ?"

"ဒီမနက်က"

​ဟော်ချွီမှာ ရိုးရိုးသားသားအ​ဖြေ​တခုပေးလိုက်၏။

ယွီချင့်ဟွမ် အမှတ်တမဲ့ဖြစ်​​နေတာကို အခွင့်​ကောင်းယူပြီး ဟော်ချွီမှာ သိုသိုဝှက်ဝှက် တိတ်တိတ်ဆိတ်ဆိတ်နဲ့ သူ့နား တဖြည်းဖြည်းချဥ်းကပ်​ရောက်ရှိသွား၏။

ယွီချင့်ဟွမ်အသိစိတ်ပြန်လည်လာ​သောအခါမှာ သူ့မျက်စိရှေ့တည့်တည်ရောက်​နေ​သော မျက်နှာအနီးကပ်ကြီးကြောင့်လန့်ဖျန့်ထခုန်မိ​တော့မလို ဖြစ်သွားရသည်။

သူက ​​စောဒကတက်လိုက်၏။

"မင်းဘာလိုငါ့နား အရမ်းကပ်လာရတာလဲ?"

ထို​​နောက်တွင်ဆက်​​မေးလိုက်သည်မှာ

"ဒါဆို မင်းကဒီ​လောက်အချိန်တို​လေးအတွင်းမှာ ဒါ​တွေအကုန်အလွတ်မှတ်လိုက်တယ်​ပေါ့?"

​​ဟော်ချွီမှာ ရိုးသားစွာ ​ခေါင်းညိတ်ပြလိုက်ပြီး

"ဟုတ်တယ်"

တခဏ​လောက် ရပ်​တန့်​နေပြီး​နောက် သူကထပ်ဖြည့်​​ပြောလိုက်သည်။

"ဒါကလွယ်ပါတယ်"

ယွီချင့်ဟွမ်, "..."

​ကောလိပ်ဝင်ခွင့်စာ​မေးပွဲတွင် တပြည်လုံး အတိုင်းအတာ ထိပ်ဆုံးရရှိထားသူတ​ယောက်အ​​နေနဲ့ ယွီချင့်ဟွမ်မှာ သူ့မှတ်ဥာဏ်သည် လူ​အတော်များများ၏ အထက်မှာရှိတယ်လို့ မှတ်ယူထား၏။

အတိတ်ကာလတုန်းက သူ့အတန်း​ဖော်​အတော်များများသူ့အား အားကျဝန်တိုစွာမေးခဲ့ဖူးသည်မှာ သူ့မှာဘာအထူးနည်းလမ်း​လေး​တွေများရှိ​နေလဲဆိုတာနဲ့ သူအမြဲလိုပြန်​ဖြေတက်သည်မှာ

"ဘာအထူးစပယ်ရှယ်နည်းလမ်းမှမရှိဘူး ငါကဖတ်ပြီးတာနဲ့သူ့အလိုလိုတန်းမှတ်မိပြီးသားဖြစ်​နေတာ"...လို့ပင်။

ထို့​နောက်တွင် ထိုအတန်း​​ဖော်​တွေအားလုံးမှာ သူတို့​ခေါင်းနဲ့ချင့်ဟွမ်ခေါင်းလဲထားလိုက်ချင်တယ်ဆိုပြီးငြီးငြီးငြူငြူ ဆန္ဒ​တွေပြု​ကုန်ကြ၏။

ခု​တော့ အ​တုံ့အလှည့်အချိန်​ရောက်လို့လာခဲ့ပြီဖြစ်သည်။

ခုချိန်မှာ​တော့ ထိုနှစ်​တွေအတွင်းသူ့အတန်း​​ဖော်​တွေရဲ့ခံစားချက်ကို သူနားလည်သ​ဘော​ပေါက်သွား​ချေပြီ။

ဟော်ချွီ၏ ရှုပ်​ထွေး​နေသည့်ဟန်ပန်ကိုတိတ်တဆိတ်တချက်ကြည့်လိုက်ပြီး​နောက် ယွီချင့်ဟွမ်မှာ သူ့အား​ဘေးသို့ဆွဲ​ခေါ်သွားကာ ခပ်အုပ်အုပ်ကျိတ်ရယ်လိုက်ပြီးပြောလိုက်သည်။

"​ကောင်းပြီ ဒါဖြင့် မင်းငါ့အတွက် ဒါကိုတ​ခေါက်ထပ်ရွတ်​ပေး ​နှေး​နှေး​နော်"

​ဟော်ချွီမှာ ချင့်ဟွမ်သူ့အားစ​နောက်​နေတယ်ဆိုတာမရိပ်မိပေ။

ထို​ကြောင့်သူက​နောက်တ​ခါ  အစဆုံးထပ်မံရွတ်ဆိုပြလိုက်၏။

ပြီးဆုံးသွားသည့်အခါ သူက​ခေါင်း​လေး​စောင်းငဲ့လို့ ချင့်​ဟွမ်အား မျက်ဝန်း​တောက်​တောက်​လေး​တွေဖြင့်စိုက်ကြည့်​​နေသည်။

"ချင့်ဟွမ် ငါ​နောက်တ​ခေါက်ထပ်ရွတ်ပြရဦးမလား?"

ဒီခံစားချက်မျိုးကိုသူနှစ်သက်တယ်.. ဒီလိုမျိုး...ချင့်ဟွမ်ကသူ့ကိုလိုအပ်တယ်ဆိုတာ​ပေါ့..အချိန်ကာလ​တွေအကုန်​ဒီအခိုက်အတန့်လေးမှာပဲ ​ရပ်တန့်သွားဖို့သူဘယ်လိုတောင်ဆု​တောင်း​နေမိလဲ...သူသည်
မ​ကောင်းဆိုးရွားတ​ကောင်မဟုတ်​သလို အသုံးမကျတဲ့သူတ​ယောက်လဲဖြစ်မ​နေခဲ့....ချင့်ဟွမ်ကိုလဲ အနည်းငယ် အ​ထောက်အကူပြု​ပေးနိုင်တယ်..

"မလို​တော့ဘူး"

​ဟော်ချွီရဲ့ရိုးသားအပြစ်ကင်းစင်သောမျက်လုံး​တွေမှာ ယွီချင့်ဟွမ်အားအပြစ်ရှိသလို အင်မတန်ခံစားလာ​မိစေ၏။

သူကမ​နေသာ​တော့ပဲလက်များကိုဆန့်ထုတ်လိုက်ပြီးသူ့​ဆံနွယ်လေး​တွေကို ခပ်ဖွဖွပွတ်သပ်လိုက်ကာ

"မင်း​​တော်တယ် မင်း​ကျေးဇူးနဲ့ငါဒါ​တွေမှတ်နိုင်သွားပြီ​လေ"

"တကယ်?"

​ဟော်ချွီမှာ မျက်ဝန်းများပြူးကျယ်လာပြီးယွီချင့်ဟွမ်ထံ ​ပျော်ရွှင်စွာတိုးကပ်သွားပြီးမေးလိုက်၏။

"ငါတကယ်ပဲမင်းကိုကူညီခဲ့တာလား? တကယ်​ပေါ့?"

"ဒါ​ပေါ့"

ယွီချင့်ဟွမ်မှာ​ခေါင်း​မော့လို့သူ့အား ကြည့်ရင်း ပြုံးလိုက်၏။

"မင်းကအ​တော်​လေး​အထင်ကြီး​စရာကောင်းတယ်"

ထို့​နောက်တွင်သူ​ဟာ​ဟော်ချွီမျက်နှာ​ပေါ်တွင်အပြုံးပန်းတခုပွင့်ဖူးဖြာ​ဝေလာတာကို​တွေ့လိုက်ရပြီး ထိုအရာမှာ ​​ဆောင်းရာသီနေမင်းကို​တောင် တိမ်မြှပ်​ပျောက်ကွယ်​​သွား​စေ​နိုင်သည်အထိပင်။

ယွီချင့်ဟွမ်မှာတမနက်ခင်းလုံး​စောင့်ဆိုင်း​နေ​သော်လည်း လျိုကျားအန့်မှာသူ့အားမ​ခေါ်​သေး​ပေ။

အဘယ်​ကြောင့်ဆို​သော် ဖန်ကျုံးရှီးမှာ NG ဆင်းစ်​တွေချည်းဖြစ်​နေလို့ပင်။ သူက ထိုတခုကို မဖြတ်​ကျော်နိုင်​သေး​ပေ။

"ထားလိုက်​တော့ ခဏအနားယူလိုက် နေ့လည်​လောက်မှပြန်ရိုက်ကြတာ​ပေါ့"

​နောက်ဆုံးတွင် လျိုကျားအန့်မှာ သူ့အားဆူပူကြိမ်း​​မောင်းလိုစိတ်​တောင်မရှိ​တော့ပဲ ​မော်နီတာဖန်သားပြင်ကိုသာပိတ်လိုက်၏။

အမှန်​​တော့ ဖန်ကျုံးရှီး၏ သရုပ်​ဆောင်မှုမှာမညံ့​ပေ။ပြီးရင်သူကအလွန်တရာလဲကြိုးစား၏။လျိုကျားအန့်မှာ သူ့အားအ​တော်အတန်​လေးသ​ဘောကျ၏။

သို့​သော် ယနေ့မှာ​တော့သူကစိတ်နဲ့ကိုယ်မကပ်သလို စာသား​တွေ​မေ့ရင်မေ့ မဟုတ်ရင် မုဒ်လွဲ​နေ၏။

ရိုက်ကူးရေးမှာအချိန်​ဇယားတွေကျပ်​ညပ်နေ​ပေမယ့် လျိုကျားအန့်မှာ ပြီးပြည့်စုံမှုလိုလားသူတ​ယောက်ဖြစ်နေသည်။

သရုပ်​ဆောင်မှုမှာသူလိုချင်တဲ့အတိုင်းမဖြစ်​သေးသ​ရွေ့ သူက​လက်လျော့​မှာမဟုတ်​ပေ။

"တောင်းပန်ပါတယ် ဒါရိုက်တာ ဒုက္ခ​​ပေးမိပြီ"

ဖန်ကျုံးရှီးမှာ မနားတမ်းတောင်းပန်​နေပြီးကတိ​​ကဝတ်ပြုလိုက်၏။

"စိတ်ချပါ နေ့လည်ကျရင် ကျွန်​တော်မှန်မှန်ကန်ကန်ဖြစ်​စေရပါမယ်"

လျိုကျားအန့်မှာ ဘာတခွန်းမှမ​ပြောဘဲခေါင်းသာအသာညိတ်ပြလိုက်၏။

ထိုအရာကို​တွေ့လိုက်ရင် ဖန်ကျုံးရှီးမှာ များစွာစိတ်​လက်မ​အေးဖြစ်သွားပြီး​နောက်ထပ်စကားမဆိုဝံ့​တော့​ပေ။ထို့​နောက်တွင် သူသည် စိတ်မကြည်မလင်ဖြင့်ထွက်ခွာသွား​တော့သည်။

"ကျုံးရှီး ကိစ္စမရှိပါဘူးကွာ ဒါ​​လေးက Chicly ရဲ့ Spokesman ​သာသာပဲဟာကို"

ဖန်ကျုံးရှီး၏ ​မှောင်မိုက်​​နေသောမျက်နှာကို​တွေ့မြင်လိုက်ရရင် သူ့လက်​ထောက်မှာ နှစ်သိမ့်ဖို့ကြိုးပမ်းလိုက်၏။

"အခွင့်အ​ရေးတွေအများကြီးကျန်ပါ​သေးတယ်"

"​တော်​တော့! မင်းကအမြဲဒီလိုပြော​နေတာပဲ!"

ဖန်ကျုံးရှီးမှာ သူ့မျက်နှာအား ခါးခါးသီးသီးနဲ့ ဖုံးအုပ်ကွယ်လိုက်ပြီး

"ငါမငယ်​တော့ဘူး ​ငါ့မျက်နှာ​ပေါ်ပဲဆက်မှီခို​နေရရင်တခြားသူမ​ပြောနဲ့ ငါ့ကိုယ်ငါ​တောင်အရှက်ရလာပြီ...Chicly ရဲ့ Spokesman အတွက် ငါလုပ်​​ဆောင်ထားရတာ​တွေမနည်းမ​နောပဲ... ခု​တော့ တခြားတ​ယောက်ကဖြတ်လုသွားပြီ!"

သူ့စိတ်အ​ခြေအ​နေမ​ကောင်းတာ​တွေ့လိုက်ရ​သောလက်​ထောက်မှာသူ့​ဒေါသအားဆွလာ​စေမည့် စကားတွေထပ်မဆိုရဲ​​တော့ပေ။ထို့​ကြောင့်သူကစကားလမ်း​ကြောင်းလွှဲရန်ကြိုးပမ်းလိုက်၏။

"ဒါ​ပေမယ့် မင်း​ပြောင်းလဲဖို့ကြိုးစား​​နေတယ်​လေ
'The Line of Life & Death' မှာ ​နေရာတ​နေရာရလာတာကအ​​ကောင်းဆုံးသက်​သေပဲ... လျိုကျားအန့်မင်းကို​ရွေးလိုက်တယ်ဆိုကတည်းကမင်းမှာတန်ဖိုးတခုရှိ​နေလို့ပဲ..အရမ်း​​လျှောက်မ​တွေးနဲ့ ကြိုးစားမှုတိုင်းအတွက်ဆုလာဒ်ဆိုတာရှိပါတယ်"

အကြာကြီးတိတ်ဆိတ်ငြိမ်သက်​နေပြီး​နောက် ဖန်ကျုံးရှီးမှာသက်ပြင်းတချက်ချလိုက်ပြီးဆိုလာသည်။

"ငါ အရင်ကလမ်းမှားတွေ​လျှောက်ဖူးပြီ.. ဘယ်သူမှငါ့ကြိုးစားအားထုတ်မှု​တွေ မ​တွေ့မြင်ခဲ့ဘူး"

တခဏ​လောက်နား​နေပြီးသူက သူ့လက်​ထောက်ဆီ အကြည့်လွှဲလိုက်ကာ

"မင်း ငါ့အတွက် Ada အ​ကြောင်းသွားစုံစမ်း​​ပေး
သူ​တို့တ​လောကမှ သူတို့နာရီအတွက် Spokemans ​ရွေး​နေတယ်"

"ကျုံးရှီး!"

သူ့လက်​​ထောက်မှာ အထိတ်တလန့်ဖြင့်မျက်လုံးများပြူးကျယ်လာ၏။

"ဒါက A-D-A ​နော်! ဒီ​လောက် တန်ဖိုးကြီးဘရန်းတခုက မင်းကိုလိုချင်..."

ဖန်ကျူံးရှီး​၏ မထီမဲ့မြင်အကြည့်တွေကို​တွေ့လိုက်​သောအခါမှ နောက်ဆက်တွဲစကားလုံး​တွေကိုအချိန်မီမြိုချလိုက်ရ၏။

"ဟုတ်တာ​ပေါ့ သူတို့ကငါ့လို C-list Celebrity တစ်ယောက်ကိုဘယ်လိုချင်ပါ့မလဲ?"

ဖန်ကျုံးရှီးမှ ခပ်​ထေ့​​ထေ့သ​ရော်လိုက်ပြီး

"ဒါမင်း​ဆိုလိုချင်တာမလား?"

သူ့လက်​ထောက်က​တောင်ပြန်မဖြေရ​သေး သူဆက်​ပြောလိုက်သည်မှာ

"ဒါကအ​ရေးပါလို့လား?ဘာပဲ​ပြော​ပြော သူတို့လိုချင်တာ သူတို့နာရီအတွက် Spokesmanပဲ​​လေ"

ထို့​နောက်တွင် ဖန်ကျုံးရှီးမှာ ​ခေါင်းကိုငုံ့ ​လေသံကိုတိုးလိုက်ပြီး

"ငါကြားတာကသူတို့ဒီဇိုင်းဒါရိုက်တာက​ယောကျာ်း​စိတ်ဝင်စားတယ်ဆိုပဲ...."

"မင်းရူး​နေလား?"

သူ့လက်​ထောက်မှာ ဖန်ကျုံးရှီး ခု​လောက်နိမ့်ကျသွားလိမ့်မယ်မ​​ထင်မှတ်ထားပေ။သူက သ​ဘောမတူကန့်ကွက်လိုက်ပြီး

"ကျုံးရှီး ဒါ​လေးကကြော်ငြာ​လေးတခုရယ်ပါကွာ"

"ဟုတ်တယ် ​ကြော်ငြာ​လေးတခုပဲ"
ဖန်းကျုံးရှီးမှာ သူ့ဘာသာတဦးတည်းရေရွတ်​နေ၏။

"ဒါမဲ့ငါမရနိုင်ဘူးဖြစ်​​​နေတယ်... ငါဘာလုပ်သင့်လဲ?"

သူ့အသံမှာတိုးတိတ်​နေ​သော်လည်း စိတ်ပျက်အား​လျော့မှုနဲ့ အ​​မှောင်ထု​လွှမ်းခြုံလို့​နေသည်။

သူ့အားအ​တော်ကြာ​ကြာလေး စိုက်ကြည့်​နေပြီး​မှ သူ့လက်​ထောက်ကအကြည့်လွှဲသွား၏။

"ငါသိပြီ ငါဒါကိုလုပ်ပေးမယ်"

ရိုက်ကွင်းမှာ​တော့ ယွီချင့်ဟွမ်မှာ ထိုင်ချပြီးအစား​လေးနည်းနည်းစားမယ်လုပ်ရုံရှိ​သေး ယွီရှင်းသယ်​ဆောင်လာတဲ့သတင်း​ကြောင့် ကြက်​သေ,​သေလို့သွားကာ သူ့​နေလည်စာထမင်းဘူး​တောင်​မှောက်ကျ​တော့မလိုဖြစ်သွားရ၏။

လက်မြန်​ခြေမြန်ရှိသည့်ဟော်ချွီ​ကြောင့်သာမဟုတ်ရင် သူ့​နေ့လည်စာ​လေးမှာ ​ရေစုံ​မြောရ​တော့မှာပင်။

"ဘာ? Ada က သူ့ကို Spokesman အဖြစ်လိုချင်တယ်ဆိုတာဘယ်လိုဖြစ်နိုင်မှာလဲ?"

ထိုအရာက ယွီချင့်ဟွမ်အား ရူးသွပ်​​သွားစေလုနီးပါးပင်။သူသည် ယွီရှင်းနဲ့ထပ်ခါထပ်ခါ အတည်ပြုဖို့ကြိုးစားရင်း

"​​ကော မှား​တာများလား? ဒါဘယ်လိုဖြစ်နိုင်မှာလဲ? ကျွန်​တော် Chicly ကလူ​ရွေးပွဲ​တောင်ကျလာတာ​လေ"

"ငါ​မင်းကိုပြောသားပဲ ဒါဘာလို့ဆို Chicly က အမြင်မရှိလို့"

ယွီရှင်းမှာ ​ကောင်းကင်​ပေါ်ပျံတက်သွား​​တော့မလို ခံစား​နေရပြီး

"မြန်မြန်စား​... ပြီးရင် ငါတို့သူတို့ရဲ့ဒီဇိုင်းဒါရိုက်တာကိုသွားတွေ့ကြမယ်...ဒါသိပ်မကြာပါဘူး အလွန်ဆုံး​မှလေးနာရီ​လောက်ပဲ ဘာပဲ​ပြော​ပြောမင်းဒီ​နေ့ရိုက်ကူး​ရမယ့်အပိုင်းကလဲ​နောက်ဆုံးမှလာမှာ​လေ စိုးရိမ်မ​နေနဲ့ "

"ဟင့်အင်း! တကယ်လို့ဒီမှာအကုန်​ချော​ချော​မွေ့​မွေ့ဖြစ်သွားပြီး သိပ်မကြာခင်ကျွန်​​တော့်အပိုင်း​ရောက်တော့မယ်ဆိုရင်​ကော? ကျွန်​တော့်အလှည့်ကို​စောင့်ရမယ်"

ယွီချင့်ဟွမ်မှာသ​​ဘောတူဖို့ ငြင်းဆန်လိုက်၏။

တကယ်ကြီးလား? နောက်ဆုံးမှာသူ့ရဲကြက်သီးထ​ခြောက်ခြားစရာ​ကောင်းလှတဲ့ကံ​ကောင်းမှုကြီးကပျောက်ကွယ်တော့မယ်အရိပ်အ​ရောင်​တွေပြ​နေခါမှ သူကဘာ​လို့ဆက်ထိန်းသိမ်းထားဖို့ကြိုးစားရမလဲ? သူထိုလူ​ရွေးပွဲကိုငြင်းဆန်ဖို့နည်းလမ်းတခုရှာကိုရှာရမယ်...

ယွီချင့်ဟွမ်​တွေး​တော​နေစဥ်မှာပဲ လျိုကျားအန့်၏ ရွှင်မြူး​နေ​သောရယ်​သံမှာ​နောက်နားက​နေ ထွက်​ပေါ်လာ၏။

"ချင့်ဟွမ် သွားလိုက်ပါ ရတယ် ငါ့မှာရိုက်စရာဆင်းစ်​တွေအများကြီးရှိ​သေးတယ်..ဒါမို့မင်းကိုတ​​နေ့လည်ခင်းလုံး​မလို​သေးဘူး.. ၇ နာရီမထိုးခင်သာ ပြန်လာနိုင်​အောင်လုပ်"

ယွီချင့်ဟွမ်မှာ စိတ်မပါလက်မပါလှည့်ကြည့်လိုက်​သော် လျိုကျားအန့်နှင့်ကျန်းချီမှာ နှုတ်ခမ်းတွင်စီးကရက်ခဲ​ သူ့ဘက်သို့​​လျှောက်လာရင်း စကားဆို​နေတာ မြင်လိုက်ရ၏။

"ငါ ချင့်ဟွမ်ရဲ့ စိ​တ်​နေစိတ်ထားကိုသ​ဘောကျတယ်...စိတ်ရင်းမှန် တာဝန်ယူစိတ်ရှိပြီး ရိုးသား​ဖြောင့်မတ်တယ်"

"ဟုတ်တယ် ချင့်ဟွမ်ရဲ့ကိုယ်ရည်ကိုယ်​သွေးက
တကယ့်ထိပ်တန်းအဆင့်ပဲ"

ယွီချင့်ဟွမ်, "...."

မဟုတ်​သေးဘူး​လေ!  တကယ်က သူလူ​ရွေးပွဲမသွားချင်တာ!

သို့​သော်လည်း တခုတည်း​​သောအ​ကြောင်းပြချက်​လေးပျက်ပြားသွားပြီဖြစ်တာ​ကြောင့် ယွီချင့်ဟွမ်မှာ ​ရှောင်တိမ်းမရ​တော့ပဲ ယွီရှင်း​နောက်သို့ လိုက်ပါသွားရ​တော့သည်။

~~~~~~~~~~~~~~

T/N >>> အားလုံးမျှော်နေကြတာသိပါတယ် T-T
ဒါ​ပေမဲ့ ကိုယ်တိုင်လဲ ကိုဗစ်​​ပျောက်ခါစအားယူ​နေရတဲ့အချိန်ဖြစ်တဲ့အပြင် နေမ​ကောင်းဖြစ်​နေတဲ့မိသားစု​တွေကိုပါပြုစုပေးနေရလို့ပါ
အခုတပိုင်းက ပုံမှန်ထက်၂ဆ​လောက်ပိုရှည်​နေလို့ခွဲပြန်လိုက်ပါတယ်​
အားလုံးပဲဂရုစိုက်ကြပါ♡

☆☆☆☆☆☆☆

[Zawgyi]

ယြီခ်င့္ဟြမ္သ႐ုပ္​ေဆာင္ရမည့္အပိုင္းမွာပထမဦးဆုံးမဟုတ္​ေပ။

တျခားသူ​ေတြ၏ သ႐ုပ္​ေဆာင္မႈ​ေတြကို​​အခ်ိန္တခု​ေလာက္ေစာင့္ၾကည့္ေလ့လာၿပီး​ေနာက္ သူဟာေထာင့္တ​စ္ေနရာသို႔သြားၿပီးသူ႔အလွည့္ေစာင့္ရင္း စာ​သားမ်ားကိုက်က္မွတ္​ေန၏။

ယြီခ်င့္ဟြမ္မွာ႐ိုက္ကူး​ေရးအတြင္းအ​ေလ့အက်င့္တခုျဖစ္ထြန္းလာခဲ့သည္။ထိုအရာမွာစာ​သားမ်ားကို ႏွလုံးသားထဲစြဲ​နင့္ေန​သည္အထိမွတ္သားၿပီး တခ်ိန္တည္းမွာပဲ သူ႔ကိုယ္သူ တဖက္လူရဲ႕ စကားအသြားအလာ​ေတြနဲ႔ပါ ရင္းႏွီးကြၽမ္းဝင္​​လာ​​​ေစဖို႔ပင္။

ထိုမွသာ သူအ​ေနနဲ႔ အ​ေကာင္းဆုံးတုံ႔ျပန္သ႐ုပ္​​ေဖာ္မႈကိုဆက္စပ္ရ​ရွိေပမည္။

"ခ်င့္ဟြမ္, ဒီကိုလာ ဒီကိုလာ ကန္စြန္းဥမီးကင္ေလးလာစားလွည့္"

သူစာမ်က္နာတစ္ခုၿပီးလို႔ေနာက္တစ္မ်က္နာလွန္မည္လုပ္စဥ္မွာပဲ ယြီရွင္းသည္ လက္ထဲစကၠဴအိတ္တခုကိုင္ရင္း ​သူ႔ထံေျပးခ်လာသည္။

ထို႔​ေနာက္ သူကအႏူးအိဆုံးတခုကို​​ေ႐ြးယူလိုက္ၿပီး ခ်င့္ဟြမ္အား​ကမ္းေပးလိုက္ရင္း အၿပဳံးတခုျဖင့္
ဆိုလာသည္။

"ဒါ​ေလးခ်ိဳတယ္ ရွန္ယီလက္​ေထာက္က မင္းအတြက္ပို႔​ေပးသြားတာ"

ရွန္ယီဆိုတာ ယြီရွင္း​ေအာက္မွာရွိတဲ့ ​ေပၚျပဴလာအျဖစ္ဆုံး B-list Celebrity တ​​ေယာက္ျဖစ္သည္။

အတိတ္ဘဝတုန္းကယြီရွင္းသည္ ထိုသူ႔အားရႈတင္​ေနရာသို႔လိုက္ပို႔ရင္းလမ္းမွာကားအက္စီးဒန္႔ျဖစ္ကာ ပြဲခ်င္းၿပီး​ ဆုံးသြားခဲ့သည္။

ယြီရွင္းမွာၾကင္နာသနားတက္တဲ့ႏွလုံးသားရွိသည္။
ရွန္ယီမ်က္ႏွာထိခိုက္သြားမွာစိုးရိမ္တာ​ေၾကာင့္ သူသည္တက္ႏိုင္သမွ် သူ႔မ်က္ႏွာကိုကာကြယ္​ေပးခဲ့ၿပီးရလာဒ္က​ေတာ့ လူတိုင္း​ေနရာတင္ပြဲခ်င္းၿပီးဆုံးသြားၾက​ေပမယ့္ရွန္ယီတ​ေယာက္က​ေတာ့လက္ေမာင္းတြင္ အညိဳအမည္းဒဏ္ရာတခုသာရခဲ့သည္။

သို႔​ေသာ္ ရွန္းယီမွာ ယြီရွင္း၏ ဈာပနပြဲကို​ေမ့​ေလ်ာ့​ေနခဲ့၏။အဘယ္​ေၾကာင့္ဆို​​ေသာ္ သူ႔ရႉးဂါးဒယ္ဒီကို ခစား​ေနရလို႔ပင္။

ထိုအ​ေၾကာင္းအရာ​ထုတ္​ေဖာ္ခံလိုက္ရၿပီးရွန္ယီမွာ လူ​ေတြလက္ညိဳးထိုးေဝဖန္ျပစ္တင္ရႈံ႕ခ်မႈတို႔၏ ပစ္မွတ္ျဖစ္ခဲ့ရ​​ေသာ္လည္း ယြီခ်င့္ဟြမ္မွာသူနဲ႔ပတ္သက္လို႔ အခဲမ​ေက်မႈေတြ က်န္ရွိ​ေနတုန္းပင္။

အတိတ္ကိုျပန္​ျမင္​ေယာင္သတိရသြားရင္း
အရသာရွိၿပီး ​ႏူးညံ့ေမႊးပ်ံ​ေန​ေသာ ကန္စြန္းဥကင္ကို​ေတြ႕လိုက္​ေသာ္ ယြီခ်င့္ဟြမ္မွာ ခ်က္ခ်င္းပဲ စားခ်င္​ေသာက္ခ်င္စိတ္​​ေတာင္ေပ်ာက္ရွသြား​ေတာ့သည္။

သူကကန္စြန္းဥအခြံခြာ​ေနရင္း ယြီရွင္းအားလွမ္း​ေမးလိုက္သည္။

"သူ ဒီကိုဘာလာလုပ္တာလဲ?"

"ဘာမွ​ေထြ​ေထြထူးထူးမဟုတ္ပါဘူး"

ယြီရွင္းမွာၿပဳံး႐ႊင္​ေနၿပီးလက္မ်ားကို​ေဝွ႔ယမ္းလိုက္ကာ

"ျဖတ္သြားျဖတ္လာလမ္းႀကဳံလို႔တဲ့"

ဒါဘယ္လိုျဖစ္ႏိုင္မွာလဲ!
သူတို႔ရႈတင္​ေနရာက ​ေဝးလံ​ေခါင္ဖ်ားတာမွ ငွက္​ေတာင္လာဥမဥတာ... ရွန္ယီကသူ​ေျပာသလိုလမ္းႀကဳံ​ဟန္လြဲေရာက္လာတာဘယ္လိုမွမျဖစ္ႏိုင္ဘူး...

သို႔ေသာ္ ယြီရွင္းစိတ္အ​ေျခအ​ေန​ေကာင္း​ေနတာ ​ေတြ႕လိုက္ရ​ေတာ့ ယြီခ်င့္ဟြမ္မွာ ထိုအရာနဲ႔ပတ္သက္လို႔အမ်ားႀကီး​​​မေျပာလိုေတာ့​တာ​ေၾကာင့္ ​ဆက္ေမးလိုက္တာက

"သူ မၾကာ​ေသးခင္က TV စီးရီးတခုမွာ ​ေနရာရသြားတယ္လို႔ကြၽန္​​ေတာ္ၾကားမိတယ္ ခင္ဗ်ားသြားမၾကည့္ဘူးလား?"

ထိုသို႔ၾကားလိုက္ရင္ ယြီရွင္းမွာ​ေခါင္းမ်ားယမ္းခါလိုက္ၿပီး သူ႔၏ ျပည့္​ေဖာင္းကား​​ေနသာမ်က္ႏွာတြင္ ​ေက်းဇူးတင္ရွိျခင္းေတြအျပည့္ျဖင့္

"ရွန္းယီက တကယ့္ကိုလူ​ေကာင္း​​ေလး..သူကငါ
မၾကာ​ေသးခင္မွမင္းကိုလက္လႊဲယူထားတာသိတယ္ ဒါ​ေၾကာင့္ ဒီအ​ေတာအတြင္းငါ့ကိုမလို​ေသးဘူး​လို႔ေျပာတယ္ သူ႔ကိစၥေတြအကုန္သူ႔ဘာသာၾကည့္လုပ္သြားမယ္တဲ့ ငါ့ကိုသာမင္းအ​ေပၚေသခ်ာအာ႐ုံစိုက္​ေပးလိုက္တဲ့​ေလ...အားလား! ဒီဘဝ ငါ့လက္ထဲမွာ A list ​ေငြၾကယ္ပြင့္ေတြမရွိလဲ မင္းတို႔​ေကာင္​ေတြကို သူငယ္ခ်င္း​ေတာ္ထားရတာနဲ႔ကိုတန္​ေနပါၿပီကြာ"

ယြီခ်င့္ဟြမ္မွာ ထိုစဥ္ခါမွမ်ားစြာစိတ္သက္သာရာရသြား၏။ရွန္းယီ ဒီေန႔ဘာလို႔​ေရာက္လာတာလဲဆိုတာသူမသိခ်င္​​​ေပ။

ယြီရွင္းက အဲ့ဒီသူရဲ႕ ႐ိုက္ကြင္းေနရာကိုလိုက္သြားၿပီး အရင္ဘဝတုန္းကလို အက်ိဳးမဲ့​ေသဆုံးရတာသာ
မျဖစ္​သ​ေ႐ြ႕ သူအလြန္ေက်နပ္​ၿပီ။

ယြီခ်င့္ဟြမ္ တစုံတရာ​ေျပာမည္ ႀကံ႐ြယ္လိုက္စဥ္မွာပဲ ​ေနာက္က​ေနဝင္တိုက္ခံလိုက္ရၿပီး သူ႔လက္ထဲရွိဇာတ္ၫႊန္းမွာဝွီးခနဲ​​ေန​ေအာင္ပ်ံထြက္သြားၿပီး ႐ိုက္ကူး​ေရးအဖြဲ႕ဝင္​ေတြအသုံးျပဳတဲ့ ​ေဘစင္ထဲသို႔တိုက္႐ိုက္က်သြား​ေတာ့သည္။ထိုလူကတမင္တကာရည္႐ြယ္လုပ္​ေဆာင္ထားတဲ့အတိုင္းပင္။

​ဆူပြက္​ေန​ေသာ​ေရမွာ ပါးလႊာ​ေသာစာ႐ြက္အားခ်က္ခ်င္းစြတ္စိုသြား​ေစသည္။စကၠန္႔ပိုင္း​ေလးအတြင္းမွာ ဇာတ္ၫႊန္းမွာ လုံးဝကိုအလဟသအသုံးမဝင္ေတာ့​ေပ။

"​​​ေတာင္းပန္ပါတယ္, ​ေတာင္းပန္ပါတယ္!"

စက္သမားမွာ ပ်ာယိပ်ာယာ ေရွ႕တက္လာၿပီး ​ေနာင္တတရား​​ေတြ မိမိဘာသာျပစ္တင္ႀကိမ္းေမာင္းလိုမႈ​ေတြ မ်က္ႏွာတြင္အျပည့္အသိပ္ျဖင့္ေတာင္းပန္လာ၏။

"ကြၽန္​ေတာ္ ခင္ဗ်ားအတြက္ ဇာတ္ၫႊန္း​ေနာက္တခုယူ​​ေပးမယ္ အဆင္​ေျပလား?"

႐ိုက္ကူး​ေရးစက္​ေတြမွာအလြန္​ေလးလံတဲ့ပုံရၿပီး
ထိုသူမွာအားအင္ကုန္ခမ္း​ေနၿပီျဖစ္ကာ ခုလို​​ေဆာင္းတြင္းကာလထဲ နဖူးတြင္ ​ေခြၽးမ်ားဆို႔သီ​ေနၿပီး စကား​ေျပာရင္းနဲ႔ကိုေမာဟိုက္​ေန၏။

"ရပါတယ္"

ယြီခ်င့္ဟြမ္မွာ ထိုသူအားၿပဳံးျပလိုက္ၿပီး

"ကိုယ့္ကိစၥသာ ကိုယ္လုပ္​ပါ.. ကြၽန္​ေတာ္ ခ်င္းယြမ္ဆီကတခုသြားဌားလိုက္မယ္"

"​​ေက်းဇူးပါ ခ်င့္ဟြမ္"

ထိုအခါမွ စက္သမားမွာလည္းသက္ျပင္းခ်ႏိုင္ၿပီး ယြီခ်င့္ဟြမ္ထံဦးၫႊတ္ႏႈတ္ဆက္ၿပီးတာနဲ႔သူ႔အလုပ္နဲ႔သူရႈပ္ယွက္ခတ္ထြက္ခြာသြား၏။

ဇာတ္ၫႊန္းဆိုတာ သူတို႔အတြက္အလြန္အ​ေရးပါ သည္။အ​ေသးစိတ္မွတ္သားခ်က္ေတြပါယုံသာမက သူ႔တို႔ကိုယ္ပိုင္နားလည္မႈနဲ႔ အဓိပၸါယ္ဖြင့္ဆိုခ်က္​ေတြပါ မွတ္တမ္းတင္ထား​၏။ဒီ​​ေနရာမွာ ​ေဒါသႀကီးသူတ​ေယာက္သာဆို သူ႔မ်က္ခြက္ျဖတ္႐ိုက္ခံရၿပီးျဖစ္​ႏိုင္သည္။

ထိုသို႔​ေတြးမိ​သည့္အခါ စက္သမားမွာ ​ေနာက္လွည့္ၿပီးယြီခ်င့္ဟြမ္ထံအၾကည့္တခ်က္ၾကည့္လိုက္ကာ ခုခ်္န္ကစ သူ၏ အမာခံဖန္တ​ေယာက္ျဖစ္လာဖို႔ ဆုံးျဖတ္လိုက္ေတာ့သည္။

"ငါ​ေတာ့မင္းတကယ္ႀကီးဘုရား​ရွိခိုးေက်ာင္းသြားၿပီးအ​ေမႊးနံ႔သာ​ပူ​ေဇာ္သင့္တယ္ထင္တာပဲ"

စက္သမားလမ္း​ေလွ်ာက္ထြက္ခြာသြားတာကိုၾကည့္​ေနရင္းယြီရွင္းက ယြီခ်င့္ဟြမ္အားစကားဆိုလိုက္သည္။

"ပထမ... ​ေၾကာ္ျငာအလုခံရတယ္  အခု... ဇာတ္ၫႊန္းပ်က္ဆီးသြားရျပန္ၿပီ မင္းအခုတ​ေလာဘာလို႔ဒီ​ေလာက္​ေတာင္ ကံနိမ့္​ေနလဲ?"

ယြီခ်င့္ဟြမ္၏ ဘာမွမျဖစ္သလိုဟန္ပန္ကိုျမင္လိုက္ရရင္ ယြီရွင္းမွာ မ​ေနသာ​ေတာ့ဘဲသူ႔အားတြန္းထိုးလိုက္ၿပီး

"​ေက်ာက္ခ်င္းယြမ္ဆီ ဇာတ္ၫႊန္းယူဖို႔ အခုသြား...
တ​ေအာင့္ေနမင္း႐ိုက္ကူးရမယ့္အခန္းလာ​ေတာ့မွာ"

ယြီခ်င့္ဟြမ္မွာ ဇာတ္ၫႊန္းစာသားအကုန္လုံးကိုစိတ္ထဲစြဲနင့္ေန​ေအာင္မွတ္သားထားၿပီးျဖစ္​ေသာ္လည္း နည္းနည္း​ေလာက္ထပ္ဖတ္​လိုက္ရရင္လည္း မဆိုး​လွေပ။

ထို႔​ေၾကာင့္ ယြီရွင္း​ေျပာတာၾကားလိုက္ေသာ္ သူက​ေခါင္းညိတ္ၿပီးထထြက္သြားဖို႔လုပ္လိုက္သည္။

သို႔ေသာ္ သူ႔​ေျခ​ေထာက္ႂကြလိုက္တဲ့အခ်ိန္​ေလးအတြင္းမွာပဲ တစုံတ​ေယာက္မွေနာက္က​ေနသူ႔လက္ကိုဖမ္းဆြဲထားလိုက္၏။

ယြီခ်င့္ဟြမ္ န​ေဝတိမ္​ေတာင္ျဖင့္ လွည့္ၾကည့္လိုက္​ေသာ္

"​ေဟာ္ခြၽီ? ဘာျဖစ္လို႔လဲ?"

"သူ႔ကိုသြားမ​ေတြ႕နဲ႔"

​ေဟာ္ခြၽီမွာ ႏႈတ္ခမ္းမ်ား​တင္းတင္းေစ့ပိတ္ထားၿပီး ယြီခ်င့္ဟြမ္လက္အား တင္း​ေန​ေအာင္ဆုပ္ကိုင္ထားကာ ခ်င့္ဟြမ္အားစူးစိုက္ၾကည့္​ေနသည္။

"လိမၼာတယ္ လႊတ္​ေနာ္"

ယြီခ်င့္ဟြမ္မွာ သူ႔လက္ကို ႐ုန္းဖို႔ႀကိဳးစားလိုက္သည္။

သူတခု​ခုေျပာဖို႔လုပ္စဥ္မွာ ​ေဟာ္ခြၽီမွ အမူအရာမဲ့စြာျဖင့္ဆိုလာ၏။

"မင္း သူ႔ဆီကဇာတ္ၫႊန္းသြားဌားဖို႔မလား? ငါ...ငါ မင္းအတြက္ ႏႈတ္တိုက္႐ြတ္ေပးႏိုင္တယ္"

ႏႈတ္တိုက္႐ြတ္မယ္???

ထို႔​ေနာက္တြင္ ပါးစပ္​ေဟာင္း​ေလာင္း မ်က္လုံးျပဴးမ်က္ဆံျပဴးျဖစ္​ေနသည့္ ယြီခ်င့္ဟြမ္​ေရွ႕တြင္
ေဟာ္ခြၽီမွာ ယေန႔ခ်င့္ဟြမ္႐ိုက္ကူးရမယ့္အပိုင္းမွန္သမွ်ကို ႏႈတ္တိုက္႐ြတ္ဆိုျပလိုက္၏။

စကားလုံးတလုံး​ေတာင္မွ အလြဲ​အ​ေခ်ာ္မရွိ​ေစပဲနဲ႔​ေပါ့...!

ယြီခ်င့္ဟြမ္မွာ ၾကက္​ေသ​ေသသြားမိရင္း

"မင္းဘယ္တုန္းကငါ့ဇာတ္ၫႊန္းကိုဖတ္လိုက္တာလဲ?"

"ဒီမနက္က"

​ေဟာ္ခြၽီမွာ ႐ိုး႐ိုးသားသားအ​ေျဖ​တခုေပးလိုက္၏။

ယြီခ်င့္ဟြမ္ အမွတ္တမဲ့ျဖစ္​​ေနတာကို အခြင့္​ေကာင္းယူၿပီး ေဟာ္ခြၽီမွာ သိုသိုဝွက္ဝွက္ တိတ္တိတ္ဆိတ္ဆိတ္နဲ႔ သူ႔နား တျဖည္းျဖည္းခ်ဥ္းကပ္​ေရာက္ရွိသြား၏။

ယြီခ်င့္ဟြမ္အသိစိတ္ျပန္လည္လာ​ေသာအခါမွာ သူ႔မ်က္စိေရွ႕တည့္တည္ေရာက္​ေန​ေသာ မ်က္ႏွာအနီးကပ္ႀကီးေၾကာင့္လန္႔ဖ်န္႔ထခုန္မိ​ေတာ့မလို ျဖစ္သြားရသည္။

သူက ​​ေစာဒကတက္လိုက္၏။

"မင္းဘာလိုငါ့နား အရမ္းကပ္လာရတာလဲ?"

ထို​​ေနာက္တြင္ဆက္​​ေမးလိုက္သည္မွာ

"ဒါဆို မင္းကဒီ​ေလာက္အခ်ိန္တို​ေလးအတြင္းမွာ ဒါ​ေတြအကုန္အလြတ္မွတ္လိုက္တယ္​ေပါ့?"

​​ေဟာ္ခြၽီမွာ ႐ိုးသားစြာ ​ေခါင္းညိတ္ျပလိုက္ၿပီး

"ဟုတ္တယ္"

တခဏ​ေလာက္ ရပ္​တန္႔​ေနၿပီး​ေနာက္ သူကထပ္ျဖည့္​​ေျပာလိုက္သည္။

"ဒါကလြယ္ပါတယ္"

ယြီခ်င့္ဟြမ္, "..."

​ေကာလိပ္ဝင္ခြင့္စာ​ေမးပြဲတြင္ တျပည္လုံး အတိုင္းအတာ ထိပ္ဆုံးရရွိထားသူတ​ေယာက္အ​​ေနနဲ႔ ယြီခ်င့္ဟြမ္မွာ သူ႔မွတ္ဥာဏ္သည္ လူ​အေတာ္မ်ားမ်ား၏ အထက္မွာရွိတယ္လို႔ မွတ္ယူထား၏။

အတိတ္ကာလတုန္းက သူ႔အတန္း​ေဖာ္​အေတာ္မ်ားမ်ားသူ႔အား အားက်ဝန္တိုစြာေမးခဲ့ဖူးသည္မွာ သူ႔မွာဘာအထူးနည္းလမ္း​ေလး​ေတြမ်ားရွိ​ေနလဲဆိုတာနဲ႔ သူအၿမဲလိုျပန္​ေျဖတက္သည္မွာ

"ဘာအထူးစပယ္ရွယ္နည္းလမ္းမွမရွိဘူး ငါကဖတ္ၿပီးတာနဲ႔သူ႔အလိုလိုတန္းမွတ္မိၿပီးသားျဖစ္​ေနတာ"...လို႔ပင္။

ထို႔​ေနာက္တြင္ ထိုအတန္း​​ေဖာ္​ေတြအားလုံးမွာ သူတို႔​ေခါင္းနဲ႔ခ်င့္ဟြမ္ေခါင္းလဲထားလိုက္ခ်င္တယ္ဆိုၿပီးၿငီးၿငီးျငဴျငဴ ဆႏၵ​ေတြျပဳ​ကုန္ၾက၏။

ခု​ေတာ့ အ​တုံ႔အလွည့္အခ်ိန္​ေရာက္လို႔လာခဲ့ၿပီျဖစ္သည္။

ခုခ်ိန္မွာ​ေတာ့ ထိုႏွစ္​ေတြအတြင္းသူ႔အတန္း​​ေဖာ္​ေတြရဲ႕ခံစားခ်က္ကို သူနားလည္သ​ေဘာ​ေပါက္သြား​ေခ်ၿပီ။

ေဟာ္ခြၽီ၏ ရႈပ္​ေထြး​ေနသည့္ဟန္ပန္ကိုတိတ္တဆိတ္တခ်က္ၾကည့္လိုက္ၿပီး​ေနာက္ ယြီခ်င့္ဟြမ္မွာ သူ႔အား​ေဘးသို႔ဆြဲ​ေခၚသြားကာ ခပ္အုပ္အုပ္က်ိတ္ရယ္လိုက္ၿပီးေျပာလိုက္သည္။

"​ေကာင္းၿပီ ဒါျဖင့္ မင္းငါ့အတြက္ ဒါကိုတ​ေခါက္ထပ္႐ြတ္​ေပး ​ေႏွး​ေႏွး​ေနာ္"

​ေဟာ္ခြၽီမွာ ခ်င့္ဟြမ္သူ႔အားစ​ေနာက္​ေနတယ္ဆိုတာမရိပ္မိေပ။

ထို​ေၾကာင့္သူက​ေနာက္တ​ခါ  အစဆုံးထပ္မံ႐ြတ္ဆိုျပလိုက္၏။

ၿပီးဆုံးသြားသည့္အခါ သူက​ေခါင္း​ေလး​ေစာင္းငဲ့လို႔ ခ်င့္​ဟြမ္အား မ်က္ဝန္း​ေတာက္​ေတာက္​ေလး​ေတြျဖင့္စိုက္ၾကည့္​​ေနသည္။

"ခ်င့္ဟြမ္ ငါ​ေနာက္တ​ေခါက္ထပ္႐ြတ္ျပရဦးမလား?"

ဒီခံစားခ်က္မ်ိဳးကိုသူႏွစ္သက္တယ္.. ဒီလိုမ်ိဳး...ခ်င့္ဟြမ္ကသူ႔ကိုလိုအပ္တယ္ဆိုတာ​ေပါ့..အခ်ိန္ကာလ​ေတြအကုန္​ဒီအခိုက္အတန္႔ေလးမွာပဲ ​ရပ္တန္႔သြားဖို႔သူဘယ္လိုေတာင္ဆု​ေတာင္း​ေနမိလဲ...သူသည္
မ​ေကာင္းဆိုး႐ြားတ​ေကာင္မဟုတ္​သလို အသုံးမက်တဲ့သူတ​ေယာက္လဲျဖစ္မ​ေနခဲ့....ခ်င့္ဟြမ္ကိုလဲ အနည္းငယ္ အ​ေထာက္အကူျပဳ​ေပးႏိုင္တယ္..

"မလို​ေတာ့ဘူး"

​ေဟာ္ခြၽီရဲ႕႐ိုးသားအျပစ္ကင္းစင္ေသာမ်က္လုံး​ေတြမွာ ယြီခ်င့္ဟြမ္အားအျပစ္ရွိသလို အင္မတန္ခံစားလာ​မိေစ၏။

သူကမ​ေနသာ​ေတာ့ပဲလက္မ်ားကိုဆန္႔ထုတ္လိုက္ၿပီးသူ႔​ဆံႏြယ္ေလး​ေတြကို ခပ္ဖြဖြပြတ္သပ္လိုက္ကာ

"မင္း​​ေတာ္တယ္ မင္း​ေက်းဇူးနဲ႔ငါဒါ​ေတြမွတ္ႏိုင္သြားၿပီ​ေလ"

"တကယ္?"

​ေဟာ္ခြၽီမွာ မ်က္ဝန္းမ်ားျပဴးက်ယ္လာၿပီးယြီခ်င့္ဟြမ္ထံ ​ေပ်ာ္႐ႊင္စြာတိုးကပ္သြားၿပီးေမးလိုက္၏။

"ငါတကယ္ပဲမင္းကိုကူညီခဲ့တာလား? တကယ္​ေပါ့?"

"ဒါ​ေပါ့"

ယြီခ်င့္ဟြမ္မွာ​ေခါင္း​ေမာ့လို႔သူ႔အား ၾကည့္ရင္း ၿပဳံးလိုက္၏။

"မင္းကအ​ေတာ္​ေလး​အထင္ႀကီး​စရာေကာင္းတယ္"

ထို႔​ေနာက္တြင္သူ​ဟာ​ေဟာ္ခြၽီမ်က္ႏွာ​ေပၚတြင္အၿပဳံးပန္းတခုပြင့္ဖူးျဖာ​ေဝလာတာကို​ေတြ႕လိုက္ရၿပီး ထိုအရာမွာ ​​ေဆာင္းရာသီေနမင္းကို​ေတာင္ တိမ္ျမႇပ္​ေပ်ာက္ကြယ္​​သြား​ေစ​ႏိုင္သည္အထိပင္။

ယြီခ်င့္ဟြမ္မွာတမနက္ခင္းလုံး​ေစာင့္ဆိုင္း​ေန​ေသာ္လည္း လ်ိဳက်ားအန္႔မွာသူ႔အားမ​ေခၚ​ေသး​ေပ။

အဘယ္​ေၾကာင့္ဆို​ေသာ္ ဖန္က်ဳံးရွီးမွာ NG ဆင္းစ္​ေတြခ်ည္းျဖစ္​ေနလို႔ပင္။ သူက ထိုတခုကို မျဖတ္​ေက်ာ္ႏိုင္​ေသး​ေပ။

"ထားလိုက္​ေတာ့ ခဏအနားယူလိုက္ ေန႔လည္​ေလာက္မွျပန္႐ိုက္ၾကတာ​ေပါ့"

​ေနာက္ဆုံးတြင္ လ်ိဳက်ားအန္႔မွာ သူ႔အားဆူပူႀကိမ္း​​ေမာင္းလိုစိတ္​ေတာင္မရွိ​ေတာ့ပဲ ​ေမာ္နီတာဖန္သားျပင္ကိုသာပိတ္လိုက္၏။

အမွန္​​ေတာ့ ဖန္က်ဳံးရွီး၏ သ႐ုပ္​ေဆာင္မႈမွာမညံ့​ေပ။ၿပီးရင္သူကအလြန္တရာလဲႀကိဳးစား၏။လ်ိဳက်ားအန္႔မွာ သူ႔အားအ​ေတာ္အတန္​ေလးသ​ေဘာက်၏။

သို႔​ေသာ္ ယေန႔မွာ​ေတာ့သူကစိတ္နဲ႔ကိုယ္မကပ္သလို စာသား​ေတြ​ေမ့ရင္ေမ့ မဟုတ္ရင္ မုဒ္လြဲ​ေန၏။

႐ိုက္ကူးေရးမွာအခ်ိန္​ဇယားေတြက်ပ္​ညပ္ေန​ေပမယ့္ လ်ိဳက်ားအန္႔မွာ ၿပီးျပည့္စုံမႈလိုလားသူတ​ေယာက္ျဖစ္ေနသည္။

သ႐ုပ္​ေဆာင္မႈမွာသူလိုခ်င္တဲ့အတိုင္းမျဖစ္​ေသးသ​ေ႐ြ႕ သူက​လက္ေလ်ာ့​မွာမဟုတ္​ေပ။

"ေတာင္းပန္ပါတယ္ ဒါ႐ိုက္တာ ဒုကၡ​​ေပးမိၿပီ"

ဖန္က်ဳံးရွီးမွာ မနားတမ္းေတာင္းပန္​ေနၿပီးကတိ​​ကဝတ္ျပဳလိုက္၏။

"စိတ္ခ်ပါ ေန႔လည္က်ရင္ ကြၽန္​ေတာ္မွန္မွန္ကန္ကန္ျဖစ္​ေစရပါမယ္"

လ်ိဳက်ားအန္႔မွာ ဘာတခြန္းမွမ​ေျပာဘဲေခါင္းသာအသာညိတ္ျပလိုက္၏။

ထိုအရာကို​ေတြ႕လိုက္ရင္ ဖန္က်ဳံးရွီးမွာ မ်ားစြာစိတ္​လက္မ​ေအးျဖစ္သြားၿပီး​ေနာက္ထပ္စကားမဆိုဝံ့​ေတာ့​ေပ။ထို႔​ေနာက္တြင္ သူသည္ စိတ္မၾကည္မလင္ျဖင့္ထြက္ခြာသြား​ေတာ့သည္။

"က်ဳံးရွီး ကိစၥမရွိပါဘူးကြာ ဒါ​​ေလးက Chicly ရဲ႕ Spokesman ​သာသာပဲဟာကို"

ဖန္က်ဳံးရွီး၏ ​ေမွာင္မိုက္​​ေနေသာမ်က္ႏွာကို​ေတြ႕ျမင္လိုက္ရရင္ သူ႔လက္​ေထာက္မွာ ႏွစ္သိမ့္ဖို႔ႀကိဳးပမ္းလိုက္၏။

"အခြင့္အ​ေရးေတြအမ်ားႀကီးက်န္ပါ​ေသးတယ္"

"​ေတာ္​ေတာ့! မင္းကအၿမဲဒီလိုေျပာ​ေနတာပဲ!"

ဖန္က်ဳံးရွီးမွာ သူ႔မ်က္ႏွာအား ခါးခါးသီးသီးနဲ႔ ဖုံးအုပ္ကြယ္လိုက္ၿပီး

"ငါမငယ္​ေတာ့ဘူး ​ငါ့မ်က္ႏွာ​ေပၚပဲဆက္မွီခို​ေနရရင္တျခားသူမ​ေျပာနဲ႔ ငါ့ကိုယ္ငါ​ေတာင္အရွက္ရလာၿပီ...Chicly ရဲ႕ Spokesman အတြက္ ငါလုပ္​​ေဆာင္ထားရတာ​ေတြမနည္းမ​ေနာပဲ... ခု​ေတာ့ တျခားတ​ေယာက္ကျဖတ္လုသြားၿပီ!"

သူ႔စိတ္အ​ေျခအ​ေနမ​ေကာင္းတာ​ေတြ႕လိုက္ရ​ေသာလက္​ေထာက္မွာသူ႔​ေဒါသအားဆြလာ​ေစမည့္ စကားေတြထပ္မဆိုရဲ​​ေတာ့ေပ။ထို႔​ေၾကာင့္သူကစကားလမ္း​ေၾကာင္းလႊဲရန္ႀကိဳးပမ္းလိုက္၏။

"ဒါ​ေပမယ့္ မင္း​ေျပာင္းလဲဖို႔ႀကိဳးစား​​ေနတယ္​ေလ
'The Line of Life & Death' မွာ ​ေနရာတ​ေနရာရလာတာကအ​​ေကာင္းဆုံးသက္​ေသပဲ... လ်ိဳက်ားအန္႔မင္းကို​ေ႐ြးလိုက္တယ္ဆိုကတည္းကမင္းမွာတန္ဖိုးတခုရွိ​ေနလို႔ပဲ..အရမ္း​​ေလွ်ာက္မ​ေတြးနဲ႔ ႀကိဳးစားမႈတိုင္းအတြက္ဆုလာဒ္ဆိုတာရွိပါတယ္"

အၾကာႀကီးတိတ္ဆိတ္ၿငိမ္သက္​ေနၿပီး​ေနာက္ ဖန္က်ဳံးရွီးမွာသက္ျပင္းတခ်က္ခ်လိုက္ၿပီးဆိုလာသည္။

"ငါ အရင္ကလမ္းမွားေတြ​ေလွ်ာက္ဖူးၿပီ.. ဘယ္သူမွငါ့ႀကိဳးစားအားထုတ္မႈ​ေတြ မ​ေတြ႕ျမင္ခဲ့ဘူး"

တခဏ​ေလာက္နား​ေနၿပီးသူက သူ႔လက္​ေထာက္ဆီ အၾကည့္လႊဲလိုက္ကာ

"မင္း ငါ့အတြက္ Ada အ​ေၾကာင္းသြားစုံစမ္း​​ေပး
သူ​တို႔တ​ေလာကမွ သူတို႔နာရီအတြက္ Spokemans ​ေ႐ြး​ေနတယ္"

"က်ဳံးရွီး!"

သူ႔လက္​​ေထာက္မွာ အထိတ္တလန္႔ျဖင့္မ်က္လုံးမ်ားျပဴးက်ယ္လာ၏။

"ဒါက A-D-A ​ေနာ္! ဒီ​ေလာက္ တန္ဖိုးႀကီးဘရန္းတခုက မင္းကိုလိုခ်င္..."

ဖန္က်ဴံးရွီး​၏ မထီမဲ့ျမင္အၾကည့္ေတြကို​ေတြ႕လိုက္​ေသာအခါမွ ေနာက္ဆက္တြဲစကားလုံး​ေတြကိုအခ်ိန္မီၿမိဳခ်လိုက္ရ၏။

"ဟုတ္တာ​ေပါ့ သူတို႔ကငါ့လို C-list Celebrity တစ္ေယာက္ကိုဘယ္လိုခ်င္ပါ့မလဲ?"

ဖန္က်ဳံးရွီးမွ ခပ္​ေထ့​​ေထ့သ​ေရာ္လိုက္ၿပီး

"ဒါမင္း​ဆိုလိုခ်င္တာမလား?"

သူ႔လက္​ေထာက္က​ေတာင္ျပန္မေျဖရ​ေသး သူဆက္​ေျပာလိုက္သည္မွာ

"ဒါကအ​ေရးပါလို႔လား?ဘာပဲ​ေျပာ​ေျပာ သူတို႔လိုခ်င္တာ သူတို႔နာရီအတြက္ Spokesmanပဲ​​ေလ"

ထို႔​ေနာက္တြင္ ဖန္က်ဳံးရွီးမွာ ​ေခါင္းကိုငုံ႔ ​ေလသံကိုတိုးလိုက္ၿပီး

"ငါၾကားတာကသူတို႔ဒီဇိုင္းဒါ႐ိုက္တာက​ေယာက်ာ္း​စိတ္ဝင္စားတယ္ဆိုပဲ...."

"မင္း႐ူး​ေနလား?"

သူ႔လက္​ေထာက္မွာ ဖန္က်ဳံးရွီး ခု​ေလာက္နိမ့္က်သြားလိမ့္မယ္မ​​ထင္မွတ္ထားေပ။သူက သ​ေဘာမတူကန္႔ကြက္လိုက္ၿပီး

"က်ဳံးရွီး ဒါ​ေလးကေၾကာ္ျငာ​ေလးတခုရယ္ပါကြာ"

"ဟုတ္တယ္ ​ေၾကာ္ျငာ​ေလးတခုပဲ"
ဖန္းက်ဳံးရွီးမွာ သူ႔ဘာသာတဦးတည္းေရ႐ြတ္​ေန၏။

"ဒါမဲ့ငါမရႏိုင္ဘူးျဖစ္​​​ေနတယ္... ငါဘာလုပ္သင့္လဲ?"

သူ႔အသံမွာတိုးတိတ္​ေန​ေသာ္လည္း စိတ္ပ်က္အား​ေလ်ာ့မႈနဲ႔ အ​​ေမွာင္ထု​လႊမ္းၿခဳံလို႔​ေနသည္။

သူ႔အားအ​ေတာ္ၾကာ​ၾကာေလး စိုက္ၾကည့္​ေနၿပီး​မွ သူ႔လက္​ေထာက္ကအၾကည့္လႊဲသြား၏။

"ငါသိၿပီ ငါဒါကိုလုပ္ေပးမယ္"

႐ိုက္ကြင္းမွာ​ေတာ့ ယြီခ်င့္ဟြမ္မွာ ထိုင္ခ်ၿပီးအစား​ေလးနည္းနည္းစားမယ္လုပ္႐ုံရွိ​ေသး ယြီရွင္းသယ္​ေဆာင္လာတဲ့သတင္း​ေၾကာင့္ ၾကက္​ေသ,​ေသလို႔သြားကာ သူ႔​ေနလည္စာထမင္းဘူး​ေတာင္​ေမွာက္က်​ေတာ့မလိုျဖစ္သြားရ၏။

လက္ျမန္​ေျချမန္ရွိသည့္ေဟာ္ခြၽီ​ေၾကာင့္သာမဟုတ္ရင္ သူ႔​ေန႔လည္စာ​ေလးမွာ ​ေရစုံ​ေျမာရ​ေတာ့မွာပင္။

"ဘာ? Ada က သူ႔ကို Spokesman အျဖစ္လိုခ်င္တယ္ဆိုတာဘယ္လိုျဖစ္ႏိုင္မွာလဲ?"

ထိုအရာက ယြီခ်င့္ဟြမ္အား ႐ူးသြပ္​​သြားေစလုနီးပါးပင္။သူသည္ ယြီရွင္းနဲ႔ထပ္ခါထပ္ခါ အတည္ျပဳဖို႔ႀကိဳးစားရင္း

"​​ေကာ မွား​တာမ်ားလား? ဒါဘယ္လိုျဖစ္ႏိုင္မွာလဲ? ကြၽန္​ေတာ္ Chicly ကလူ​ေ႐ြးပြဲ​ေတာင္က်လာတာ​ေလ"

"ငါ​မင္းကိုေျပာသားပဲ ဒါဘာလို႔ဆို Chicly က အျမင္မရွိလို႔"

ယြီရွင္းမွာ ​ေကာင္းကင္​ေပၚပ်ံတက္သြား​​ေတာ့မလို ခံစား​ေနရၿပီး

"ျမန္ျမန္စား​... ၿပီးရင္ ငါတို႔သူတို႔ရဲ႕ဒီဇိုင္းဒါ႐ိုက္တာကိုသြားေတြ႕ၾကမယ္...ဒါသိပ္မၾကာပါဘူး အလြန္ဆုံး​မွေလးနာရီ​ေလာက္ပဲ ဘာပဲ​ေျပာ​ေျပာမင္းဒီ​ေန႔႐ိုက္ကူး​ရမယ့္အပိုင္းကလဲ​ေနာက္ဆုံးမွလာမွာ​ေလ စိုးရိမ္မ​ေနနဲ႔ "

"ဟင့္အင္း! တကယ္လို႔ဒီမွာအကုန္​ေခ်ာ​ေခ်ာ​ေမြ႕​ေမြ႕ျဖစ္သြားၿပီး သိပ္မၾကာခင္ကြၽန္​​ေတာ့္အပိုင္း​ေရာက္ေတာ့မယ္ဆိုရင္​ေကာ? ကြၽန္​ေတာ့္အလွည့္ကို​ေစာင့္ရမယ္"

ယြီခ်င့္ဟြမ္မွာသ​​ေဘာတူဖို႔ ျငင္းဆန္လိုက္၏။

တကယ္ႀကီးလား? ေနာက္ဆုံးမွာသူ႔ရဲၾကက္သီးထ​ေျခာက္ျခားစရာ​ေကာင္းလွတဲ့ကံ​ေကာင္းမႈႀကီးကေပ်ာက္ကြယ္ေတာ့မယ္အရိပ္အ​ေရာင္​ေတြျပ​ေနခါမွ သူကဘာ​လို႔ဆက္ထိန္းသိမ္းထားဖို႔ႀကိဳးစားရမလဲ? သူထိုလူ​ေ႐ြးပြဲကိုျငင္းဆန္ဖို႔နည္းလမ္းတခုရွာကိုရွာရမယ္...

ယြီခ်င့္ဟြမ္​ေတြး​ေတာ​ေနစဥ္မွာပဲ လ်ိဳက်ားအန္႔၏ ႐ႊင္ျမဴး​ေန​ေသာရယ္​သံမွာ​ေနာက္နားက​ေန ထြက္​ေပၚလာ၏။

"ခ်င့္ဟြမ္ သြားလိုက္ပါ ရတယ္ ငါ့မွာ႐ိုက္စရာဆင္းစ္​ေတြအမ်ားႀကီးရွိ​ေသးတယ္..ဒါမို႔မင္းကိုတ​​ေန႔လည္ခင္းလုံး​မလို​ေသးဘူး.. ၇ နာရီမထိုးခင္သာ ျပန္လာႏိုင္​ေအာင္လုပ္"

ယြီခ်င့္ဟြမ္မွာ စိတ္မပါလက္မပါလွည့္ၾကည့္လိုက္​ေသာ္ လ်ိဳက်ားအန္႔ႏွင့္က်န္းခ်ီမွာ ႏႈတ္ခမ္းတြင္စီးကရက္ခဲ​ သူ႔ဘက္သို႔​​ေလွ်ာက္လာရင္း စကားဆို​ေနတာ ျမင္လိုက္ရ၏။

"ငါ ခ်င့္ဟြမ္ရဲ႕ စိ​တ္​ေနစိတ္ထားကိုသ​ေဘာက်တယ္...စိတ္ရင္းမွန္ တာဝန္ယူစိတ္ရွိၿပီး ႐ိုးသား​ေျဖာင့္မတ္တယ္"

"ဟုတ္တယ္ ခ်င့္ဟြမ္ရဲ႕ကိုယ္ရည္ကိုယ္​ေသြးက
တကယ့္ထိပ္တန္းအဆင့္ပဲ"

ယြီခ်င့္ဟြမ္, "...."

မဟုတ္​ေသးဘူး​ေလ!  တကယ္က သူလူ​ေ႐ြးပြဲမသြားခ်င္တာ!

သို႔​ေသာ္လည္း တခုတည္း​​ေသာအ​ေၾကာင္းျပခ်က္​ေလးပ်က္ျပားသြားၿပီျဖစ္တာ​ေၾကာင့္ ယြီခ်င့္ဟြမ္မွာ ​ေရွာင္တိမ္းမရ​ေတာ့ပဲ ယြီရွင္း​ေနာက္သို႔ လိုက္ပါသြားရ​ေတာ့သည္။

~~~~~~~~~~~~~~

T/N >>> အားလုံးေမွ်ာ္ေနၾကတာသိပါတယ္ T-T
ဒါ​ေပမဲ့ ကိုယ္တိုင္လဲ ကိုဗစ္​​ေပ်ာက္ခါစအားယူ​ေနရတဲ့အခ်ိန္ျဖစ္တဲ့အျပင္ ေနမ​ေကာင္းျဖစ္​ေနတဲ့မိသားစု​ေတြကိုပါျပဳစုေပးေနရလို႔ပါ
အခုတပိုင္းက ပုံမွန္ထက္၂ဆ​ေလာက္ပိုရွည္​ေနလို႔ခြဲျပန္လိုက္ပါတယ္​
အားလုံးပဲဂ႐ုစိုက္ၾကပါ♡

☆☆☆☆☆☆☆

Продолжить чтение

Вам также понравится

232K 22.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
604K 99.9K 66
Myanmar translation (ျမန္မာဘာသာျပန္) Genre- comedy, drama, romance, school life, yaoi author- Yu Wu Xiao Tian Bing 雨雾小甜饼 Type- web novel Chapters- 61...
675K 97.2K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
308K 34.9K 35
Title - A contractual marriage with the best leading actor Author - Gu Zheng (故筝) Genre- Comedy ,Drama ,Romance , Shounen Ai Slice of Life, Yaoi S...