မောင်

By ThetHmue3

3M 251K 104K

ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔 More

Intro💔
💔အမှာစာ💔
💔Part1💔
💔2💔
💔3💔
💔4💔(Part1)
💔4💔(Part2)
💔5💔
💔6💔
💔7💔
💔8💔
💔9💔
💔10💔(Part1)
💔10💔(Part2)
💔11💔
💔12💔
💔13💔
💔14💔
💔15💔
💔16💔(Part1)
💔16💔(Part2)
💔17💔;(Part1)
💔17💔(Part2)
💔18💔
💔19💔
💔20💔
💔21💔(Part1)
💔21💔(Part2)
💔23💔
💔24💔
💔25💔(Part1)
💔25💔(Part2)
💔26💔(Part1)
💔26💔(Part2)
❤️27❤️(Part1)
❤️27❤️(Part2)
💔28💔(Part1)
💔28💔(Part2)
💔29💔(Part1)
💔29💔(Part2)
💔30💔(Part1)
💔30💔(Part2)
❤️31❤️(Part1)
❤️31❤️(Part2)
💔32💔(Part1)
💔32💔(Part2)
💔33💔(Part1)
💔33💔(Part2)
💔34💔
🍂35🍂
💔36💔
💔37💔
💔38💔(Par1)
💔38💔(Part2)
💔39💔(Part1)
💔39💔(Part2)
💔40💔(Part1)
💔40💔(Part2)
🤍Ending🤍(Part1)
🤍Ending🤍(Part2)
Note
❤️Extra❤️
❤️Extra❤️2
Extra2💌
❤️Extra❤️

💔22💔

48.4K 4K 2.2K
By ThetHmue3

"မင်း အကုန်အလုပ်ထုတ်ပစ်တာလား ဂျေ..."

"သွားကျွတ်အောင် ထိုးပီးမှ ထုတ်တာ
ဒီကောင်တွေက ဒယ်ဒီ့ကိုပဲကိုးကွယ်ချင်တာ
ငါ့ကိုသိပ်လျှော့တွက်လွန်းတယ်..."

ဂျေတို့ တဖွဲ့လုံးRom အိမ်မှာစုနေကြတာ
ညနေ ကားပြိုင်ပွဲတစ်ခုရှိတာကြောင့်
လောင်းကြေးကိစ္စတွေ တခြားလိုအပ်တာ
တွေတိုင်ပင်နေကြသည်။
TaeHyung လည်းအပါအဝင်ပေါ့...။

"Jimin ကရော...မင်းသူ့ကိုဆက်ဆံတာ
တွေအရမ်းရင့်တယ်နော်
ငါတို့ရှေ့မှာ သူဘယ်လောက်ရှက်လိုက်မလဲ...."

"Rom မင်းက ParkJimin ဆို
သိပ်တွေးပေးတတ်တယ်နော်....
သွားတွေခိုင်မခိုင် စစ်ချင်နေပီပေါ့..."

Rom သည် မနိုင်ဘူးဆိုတဲ့မျက်လုံးတွေနဲ့
ဘာမှဆက်မပြော..။စီးကရက်တလိပ်ထုတ်ကာ
မီးညှိနေသည်။

"ကျတော်က TaeHyung ကိုအားနာနေတာ
ပထမဆုံးအိမ်လည်လာတဲ့နေ့မှာ
ပြဿနာတွေတက်သွားရလို့ သိပ်စိတ်မနှောက်အယှက်
ဖြစ်သွားမှာပဲ...."

စိတ်အနှောက်အယှက်ဘယ်ကပါ့မလဲ။
မင်းမျက်နှာကိုမြင်တာနဲ့ကိုသွေးတွေဆူဆူလာတာ။
အပေါ်အောက်အနက်ရောင်ဝတ်ထားပြီး
ခြေထောက်ကိုစမတ်တကျသေချာချိတ်ကာ
ပြုံးယဲ့ယဲ့ပြောသူမောင်သည်..လန်းဆန်းနေသည်။

မောင် ဆေးရုံကဆင်းလာပြီးထဲက
လန်းဆန်းနေခဲ့တာပါ....။
ငယ်ရွယ်နုပျိုဆုံးအရွယ်ကောင်းလေးမှာ
တောက်တောက်ပပ မောင့်အပြုံးလေးတွေ
လှလာတာ တရားခံဘယ်သူလဲမေးရင်
မောင်ဖြေမှာမဟုတ်။

မောင်ဟာသိပ်ဥစ္စာခြောက်တတ်သောသက်ရှိ...။

"မသာယာတဲ့အိမ်ထောင်တစ်ခုမှာ
ဒါမျိုးလေးတွေတော့ရှိတတ်တာပဲ
ဂျေ့ ကို ကိုယ်နားလည်ပါတယ်...."

"မသာယာလို့ရန်ဖြစ်ကြတာမဟုတ်ပါဘူး
ကျတော်တို့ မတည့်လို့ပါ
ParkJimin က ဘဝင်မြင့်လွန်းတယ်
ပြီးတော့ မာနကြီးတယ်
အဆိုးဆုံးက အကြောတင်းတာပဲ
ကျတော်နဲ့နည်းနည်းလေးတောင်မဖြစ်ဘူး
ကျတော်က နူးညံ့ချိုအီနေမှ....."

အဲ့တာဆိုဘာလို့ယူထားသေးလဲဟု
ဆွဲဆောင့်မေးလိုက်ချင်ပေမယ့်
ထယ်ယောင်းပြုံးလိုက်ရသည်။

"ဟုတ်လား...အကြိုက်တူတာပဲ..
ကိုယ်လည်း ချိုနေမှကြိုက်တာ..."

"TaeHyung ကိုယ်တိုင်ကလည်း
အရမ်းSweetတာကို...
ကျတော်မြင်ဖူးသမျှထဲ TaeHyungက
လူမှုဆက်ဆံရေး အညက်ဆုံးပဲ
ကျတော်တို့အဖွဲ့ထဲအံဝင်ခွင်ကျပေါင်းဖို့ဆိုတာ
လွယ်မှမလွယ်တာ....."

"ကိုယ်က ဂျေ့ ကို စတွေ့ထဲကခင်မင်ချင်ခဲ့တာပါ.."

"ကျတော်ကတော့ TaeHyungကို
စတွေ့တုန်းက သိပ်ဝမ်းနည်းခဲ့တာ
ဘာကြောင့်လဲတော့ ခုထိအဖြေရှာမရဘူး...
ထူးဆန်းတယ်..."

"ဖြစ်တတ်ပါတယ်...ဒါမျိုးတွေက...."

"အဲ့တော့ ဂျေ...Jimin က အိမ်ပေါ်က
ဆင်းမသွားဘူးလား မင်းကိုကွာမယ်ကွဲမယ်
မပြောဘူးလား..."

"ဒါလေးလုပ်တာကွဲစရာလား"

"ဒါကြီးကွ ရေချိုးခန်းထဲ ကြိုးတုတ်
သော့ခတ်တာ ရဲတိုင်ရင်မင်းလစ်ပီပဲ..."

"ငါ့ယောကျ်ားလေ ငါဘာလုပ်လုပ်ပေါ့
မင်းနဲ့ဘာဆိုင်လို့လဲ
မင်းကရဲတိုင်ချင်နေတာလား....Rom.."

"သဘောကိုပြောပြတာ ပါ..နောက်ဆင်ခြင်ဖို့..."

"ကိုယ်ဆို...ကြည်ကြည်နူးနူးချစ်လို့ရမယ့်
လူကိုပဲရွေးချယ်မှာ ဝေဖန်တာမျိုးတော့
မဟုတ်ပေမယ့် ဂျေတို့ အိမ်ထောင်ရေးက
ကြမ်းလွန်းတယ်...ကြာရင်လွယ်မှာမဟုတ်ဘူး..
ကိုယ်ဆိုပျော်နိုင်မှာမဟုတ်ဘူး..."

TaeHyung သည် Coffee ခွက်လေးကို
နူတ်ခမ်းနားလေးတေ့ကာ စဉ်းစားသလို
ဟန်ဖြင့် အောက်ကျို့မှုလေးအနည်းငယ်ပါ
ထည့်ကာပြောလာသည်။
သွေးထိုးခြင်း...အပျက်စကားတွေကို
မရင့်ကျက်တဲ့ အသက်ငယ်ငယ်ကောင်လေး၏
ခေါင်းထဲကို ရိုက်ထည့်ရတာသိပ်လွယ်ပါသည်။

မောင်သည် TaeHyung ကို ပြုံးယဲ့ယဲ့လေး
ကြည့်လိုက်ရင်းခေါင်းညိတ်ပြသည်။

စိတ်အခံမှာ KimTaeHyungဆိုတာနဲ့
ပျော်ပျော်လေးနေစေချင်တယ်..
လှလှလေးအသက်ရှင်စေချင်တယ်
လိုချင်တာတွေအားလုံးရတဲ့လူသားတစ်ယောက်
ဖြစ်စေချင်တယ်...။

မောင် TaeHyung အပေါ်
နူးနူးညံ့ညံ့ကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့
ခြင်းတွေဟာ လုံးဝအဖြူရောင်ပဲ..။

အကျင့်ဆိုးတွေအရ..ကြုံရာကျပန်း
အီစီကလီစကားတွေနှစ်ယောက်သား
ပြောနေတာကလွဲ ဒါကလည်းအရေးကြီးတယ်လို့
ဘယ်သူကမှမထင်ပါ...။
ပြောပြောပြီးပြီးပေါ့..။
Playboyတွေအတွက်ကျ ဒါကChlidplay...။

"ကြာရင်မဟုတ်ဘူး..နေ့တိုင်းမလွယ်နေတာ"

"ခု Jimin ကဘာလုပ်နေလဲ
မင်း ထပ်ဖွက်ထားတုန်းလား..ဂျေ..."

"ငါ့Company သွားတယ်.....
ငါက ဘာကိစ္စဖွက်ရမှာလဲ
အဲ့နေ့က သူဝတ်စားလာတာ အဆင်မပြေလို့
အပြစ်ပေးတာ ..."

"မိန်းကလေးမှမဟုတ်တာကွာ
ယောကျ်ားပဲ....."

"အဲ့တာဆို မင်းတို့ ဘာလို့ဝိုင်းကြည့်လဲ...."

"ဒါကတော့ ရုတ်တရက်ဆိုတော့......."

ခပ်တိုးတိုးဆဲဆိုလိုက်သံသည်မောင်နူတ်ဖျားက။
Rom သည်ထပ်ခံလိုက်ရ၍ ငြိမ်လိုက်တော့
ရင်ကောင်းမလားဟုစဉ်းစားမိလိုက်သည်။

Company မှာတဲ့လား...။Jungkook ကဒီမှာ...။
ဒီအချိန်ဟာ သခင့်ဆီအပြေးသွားဖို့
အခွင့်အလမ်း....။သေချာပေါက်Jungkook
သည်ဘယ်မှထပ်သွားမှာမဟုတ်တော့...။
ပြိုင်ပွဲကိုသာအာရုံရနေပါသည်။
TaeHyung သည်ခုံကိုလက်ကလေးတွေဖြင့်
တတောက်တောက်ခေါက်နေကာဦးနှောက်ကို
အလုပ်ပေးနေသည်။

မျက်နှာလှလှလေးကတော့Romနဲ့Jungkook
ပြောသောစကားတွေအား ဘာမှလည်း
သိပ်မဟုတိသလိုပေါ့ပေါ့ပါးပါးနားထောင်
နေသည့်ဟန်....။
တခါတလေ ...တချက်တချက်နူတ်ခမ်းလေး
တွန့်သွားရုံပြုံးပြုံးသွားသေးသည်။

"ဟို...ဂျေ ကိုယ်ကိစ္စတခုချိန်းထားတာ
မေ့နေတာ....ခုမှသတိရတယ်..ခဏသွားပြီး
ည ပြိုင်ပွဲအမှီ ပြန်လာခဲ့မယ်...."

"ရုတ်တရက်ကြီး TaeHyung ကလည်း..
မသွားလို့်မရဘူးလား...."

"မရလို့....."

"TaeHyung ဘီးကြဲကြီးလှမ်းခေါ်နေလို့လား
ဂရုစိုက်မနေနဲ့စမ်းပါနဲ့ ကျတော်နဲ့နေတာ
ပိုဂေါ်တာကို ....."

"မဟုတ်ပါဘူး...ကိုယ်နဲ့Yoongi Hyung က
မင်းတို့ထငိသလောက်မဟုတ်ဘူး"

"နောက်ထပ်ဇယားတစ်ခုဆီလား...."

"ဆိုပါတော့...."

အပွေးမြင်အပင်သိသလို....
ပွေပွေရှုပ်ရှုပ်တွေမို့ ဒက်ခနဲသိတဲ့
ပုံစံမျိုးဖြင့် မောင် က ပြောတော့
TaeHyung ကလည်း မူယာမာယာ
မျက်နှာဖြင့် ခေါင်းညိတ်သည်။

နောက်ဇယားသည်မောင့်ဥစ္စာလေး ဆိုတော့တာ
တော့မောင်မသိခဲ့..။
KimTaeHyung ကလည်း ခပ်တည်တည်ပင်
ခေါင်းညိတ်သည်။

"အဆင်ပြေပါစေ...မြန်မြန်တော့ပြန်လာခဲ့နော်
ပြိုင်ပွဲမှာ TaeHyung မရှိလ်ို့မဖြစ်ဘူး
ဒီည ကျတော်TaeHyung ကို တံဆိပ်နှိပ်ပီးပီ..."

"ဟုတ်ပါပီ....မြန်မြနါပြန်လာခဲ့မယ်...
Rom ကိုယ်သွားပြီနော်..."

"အင်း....TaeHyung..."

နေကာမျက်မှန်လှလှလေးကိုကောက်တပ်ကာ
Romရော ဂျေရောကို မျက်ခုံးလေးတဖက်
ပင့်ကာ ခပ်တည်တည်နူတ်ဆက်သွားသူ
TaeHyung သည် ကားသော့လေးလှည့်လျှက်...။

"TaeHyung ကိုမအီပါနဲ့ဆိုကွာ....
MinYoongi ကနယ်နယ်ရရမဟုတ်ဘူးကွ
မင်းတို့ကောင်တွေထိပ်တိုက်တွေ့မှာ
ငါစိတ်​လေတယ်..."

"အာရုံပဲ...Rom မင်းဒီနေ့တအားစကားတွေ
များနေတယ်..."

မောင် သည်....ပီကေဖောက်လျှက်
Romကို မျက်မှောင်ကျုံ့ကြည့်လိုက်တော့
Romငြိမ်သွားရပြန်သည်။

ခက်တာပဲ..........။

........

"အရသာရှိရမယ်..ပုံစံလေးလည်းအရမ်းလှရမယ်
Romatic ဆန်ဆန်လေး...
Cupcakeလေးတွေကိုမြင်တာနဲ့ဗျာ
ရင်ခုန်သွားအောင် ....ဗူးကိုလည်းလှလှလေး
အပြာနုရောင်လေးတွေဆို ပိုအိုကေမယ်....
ပြီးတော့ပန်းစည်း...အပြာရောင်ပန်းလေးတွေပဲ
Postcardမထည့်ဘူး ကျတော်ပေးမယ့်သူက
Postcard ထည့်လို့မရဘူး...
မွှေးပျံ့နေအောင်နော်...စိတ်ချမယ်....."

မှာစရာရှိတာမှာပြီး..ဒီနှစ်Collection မှာ
အမိုက်ဆုံး အဝတ်အစားSetကိုရွေးကာ
မီးခိုးရောင်မျက်ကပ်မှန်ကို
တပ်လိုက်သည်။
TaeHyung မျက်လုံးတွေကအရောင်ထည့်လိုက်
တာနဲ့ ရူးချင်စရာမို့ ထယ်ဒါကိုကောင်းကောင်း
အသုံးချသည်။

ဖြန်းချလိုက်သောရေမွှေးနံ့တွေသည်
မွှန်ထူနေကာ တကိုယ်လုံးပေါင်း
သန်းချီတန်သော ပစ္စည်းတွေနဲ့
ပြင်ဆင်ပြီးနောက် ထွက်လာခဲ့သည်။

Cupcakeတွေပန်းတွေမှာထားသောနေရာမှ
ဝင်ယူသည်။ ဆံပင်ပြာပြာတွေကိုတချက်
ဆွဲခါလိုက်ကာ ကားမှန်မှာပြည့်စုံမှုရှိမရှိ
တချက်စစ်ဆေးသည်။
အေးဆေးပါပဲ....။
KimTaeHyung က KimTaeHyung ပဲလေ...။

"MD Park နဲ့တွေ့ချင်လို့ပါ...
တွေ့လို့ရမလားဗျ...."

အမေးခံရသောကောင်မလေးသည်ငေးခနဲ...။
အရုပ်ကလေးလို TaeHyungပုံစံသည်
မယုံနိုင်စရာ ဆန်းလှသည်။

"ရမလား...ကျတော် သူ့မိတ်ဆွေပါ..."

"ရပါတယ်...MDသူ့ရုံးခန်းထဲမှာရှိပါတယ်
ကျမ လိုက်ပို့ပေးမယ်နော်.."

"သဘောကောင်းလိုက်တာ..
ကျေးဇူးပါ နော်..."

"ရ..ရပါတယ်...."

ရင်တွေဗရမ်းဗဒါပဲ....။
JeonJungkookကို ရုပ်တည်နဲ့နူတ်ဆက်ပြီး
သခင့်ဆီလာရတာ ဘယ်လိုအရသာရှိမှန်းမသိ..။
ဒီကောင်က မသိရင် သခင့်ကိုသိပ်ပိုင်သလို
သိပ်နိုင်သလို...ခေါ်တာတောင်တင်တင်စီးစီး
ParkJimin.....။
တကယ့်အရိုင်းအစိုင်း.....။

"ဝင်သွားပါရှင်....အထဲမှာရှိပါတယ်..."

သခင်လေးJeon ကိုသာသူတို့
ကြည့်မရကြ၍လာပြသနာရှာတိုင်း
MD နဲ့ မဆုံအောင် လုပ်ခဲ့ကြပေမယ့်
ဒီလူချောလေးကိုတော့ခက်ခက်ခဲခဲ
ဖြစ်အောင်မလုပ်ချင်...။
စေတနာဗရပွဖြစ်နေကြတာ Company တခုလုံး..။

TaeHyung ပါဝါသည် နောက်စရာမှမဟုတ်တာ.. ။

တံခါးလေးကိုခပ်ဖြေးဖြေးဖွင့်ကာဝင်သွား
သော စားပွဲမှာတော့သခင်ရှိမနေ...။
သခင်ရှိနေတာ မတ်တပ်ဗီရိုအကြီးကြီးရှေ့မှာ
ခုံတခုံပေါ်တက်နေလျှက် ဗီရိုထိပ်ကာ
Fileတွဲတွေကိုကြည့်ပြီးတခုခုရှာနေသည်။

ထည်ဝါမှုနဲ့ တည်ငြိမ်မှု
အသက်အရွယ်တခုရဲ့ ရင့်ကျက်မှုတွေသည်
အေးချမ်းနေသောသခင့်မျက်နှာပေါ်မှာ
အပြည့်အဝ...။
မုန့်ဗူးလှလှလေးနဲ့ပန်းစည်းလေးကိုကိုင်လျှက်
TaeHyung ငေးကြည့်မိသည်။

ရုတ်တရက်ပါပဲ....။ကံကောင်းတာလား
ကံပဲဆိုးတာလား ဘာမှန်းတော့မသိ။
ခုံပေါ်ကို ထပ်ခြေဖျားထောက်ပြီးနည်းနည်း
အလှမ်းဝေးသောFileတခုကိုသခင်ဆွဲယူလိုက်ချိန်
ဟန်ချက်လုံးဝပျက်သွားကာဆိုးဆိုးဝါးဝါး
ခုံပေါ်မှပြုတ်ကျတော့သည်။

TaeHyung မျက်လုံးတွေပြာသွားခဲ့သည်။
လက်ထဲကပစ္စည်းတွေအကုန်လွှတ်ချလျှက်
ခုံပေါ်မှရုပ်ပျက်ဆင်းပျက်ပြုတ်ကျတော့မည့်
သခင့်ဆီကိုပြေးသွားလိုက်သည်။

"အမယ်လေး!!!"

ရူးရောပေါ့.....။ပစ်စလတ်ခတ်သခင်ဟာ
အချိန်ကိုက်ပြေးဖမ်းထားခဲ့သော
TaeHyung ရင်ခွင်ထဲကိုအံဝင်ခွင်ကျပဲ...။
ထိထိမိမိကိုင်ထားရတာခါးသေးသေးလေး...။

ဒီနေ့က အသက်ရှင်ခဲ့ရတဲ့၂၃နှစ်လုံးမှာ
ကံအကောင်းဆုံးနေ့ဟုပင်ဆိုလို့ရပါသည်။

ပေါ့လျှော့ပြီးဟန်ချက်ပျက်လို့ပြုတ်ကျကာ
ကျိုးပဲ့ပြီဟုထင်ခဲ့ပေမယ့် ကြမ်းပြင်ပေါ်
မကျဘဲ လူတစ်ယောက်ရင်ခွင်ထဲရောက်
သွားခဲ့တာကြောင့်Jimin နှစ်ဆပိုလန့်သွားခဲ့သည်။

အလန့်တကြားဖမ်းထားပေးသူကို
ပြူးကြည့်လိုက်တော့ မီးခိုရောင်မျက်လုံးတွေ...။
ပြီးတော့ သိပ်ပြီးပြည့်စုံသောမျက်နှာတခု...။
စိမ်းပြာရောင်ဆံပင်တွေနဲ့ KimTaeHyung...။
အနီးကပ်ကြည့်မှ KimTaeHyung မျက်နှာဟာ
အပြစ်အနာအဆာတစ်ခုမှမရှိ...။
စိုက်ကြည့်နေသော မျက်လုံးတွေသည်
ရီရီဝေဝေဆန်လိုက်တာ...။

ပြည့်ဖူးနေသောမျက်နှာလေးသည်
အိမ်မက်တွေကထက် အများကြီးပိုလှနေတယ်...။
လန့်နေသော မျက်လုံးလေးတွေ
မယုံနိုင်သောအမူအယာလေးတွေက
ဘယ်တော့မှလွှတ်မပေးလိုက်ချင်စရာ....။

ချစ်လိုက်တာ သခင်ရယ်......။

ဆိုင်သူလေးဟာ....Leatherဂျာကင်
တက်တူးအပြည့်နဲ့လက်မောင်းတွေ
မိုက်တိမိုက်ကန်း
ဆိုးဆိုးဝါးဝါးမောင်နဲ့ဖြစ်တည်မှုကျ
သကြားမပါတဲ့ အပြင်းရှဆုံး BlackCoffee
လေးလိုမျိုး.....။

ဆိုင်သူလေးဟာ..အပြာရောင်ဆံပင်နုနုလေးတွေ
အပွင့်အခတ်တွေပါတဲ့ အနုစိတ်ဝတ်စား
ဆင်ယင်ပုံနဲ့ Royal ဆန်ဆန် ကောင်းကင်ပြာ
လေးနဲ့ဖြစ်တည်မှုကျRomatic အဆန်ဆုံး
ခပ်ချိုချိူ Cappuccino လေးလို....။

"သတိထားမှပေါ့....."

ဩရှရှအသံထွက်လာတော့မှJimin
သတိပြန်ဝင်လာကာရုန်းထွက်လိုက်သည်။
သူကဘာကိစ္စCompany ရုံးခန်းထဲအထိရောက်
လာရတာလဲ...။

မွှေးပျံ့လွန်းသော ရေမွှေးနံ့အကောင်းစားတွေ
သည်ခေါင်းတွေပင်မူးသွားသလိုလို
စီးကရက်နံ့တွေနဲ့ နေသားကျနေလို့သာ
မပြောတတ်...Jimin မျက်နှာမဲ့ခနဲ့...။

"ကျေးဇူးပဲ....."

"မလိုပါဘူး...သတိသာပိုထားပေးပါနောက်ဆို.."

အဓိပ္ပာယ်တွေယောက်ယက်ခတ်နေတဲ့
KimTaeHyung မျက်လုံးတွေဟာ
မြင်လိုက်တိုင်းတခါမှသက်တောင့်သက်သာ
မရှိ...။စိတ်ထဲကကို အလိုလိုအဆင်မပြေနေ..။

"ဘာကိစ္စရှိလို့လဲ....ထိုင်ပါအုန်း..."

Jimin ကဆိုဖာကိုလက်လှမ်းပြတော့
TaeHyung က မုန့်ဘူးနဲ့ပန်းတွေကို
ယူကာထိုင်လိုက်သည်။

Jimin သည်မျက်နှာချင်းဆိုင်တွင်ထိုင်
လိုက်ကာခင်လည်းမခင်မင်
ဘာအဆက်အစပ်မှလည်းမရှိဘဲ
ကျူးကျော်ရောက်လာသူကို လက်ပိုက်ကာ
ခြေဆုံးခေါင်းဆုံးအပြန်ပြန်အလှန်လှန်ကြည့်နေသည်။

"ဂျေ ဆေးရုံတက်ရတယ်လို့ကြားလို့လေ
ဆေးရုံကမဆင်းခင်ထဲက
သတင်းမေးချင်နေတာ မအားလို့
မမေးရဘူး...ဒီနေ့ ထယ် အားလို့
ဂျေ့ ကိုဖုန်းဆက်တာ ဖုန်းမကိုင်ဘူး
သူငယ်ချင်းတွေကိုမေးကြည့်တော့
MD Park နဲ့အလုပ်မှာရှိတတ်တယ်လ်ို့
ပြောလို့ လိုက်လာတာ...."

JeonJungkook ရဲ့အရှုပ်တွေ...။
ပိုင်ရှင်ရှိနေ ရည်းစားငုတ်တုတ်နဲ့လည်း
မဆုံးနိုင်တဲ့ အမျှင်အတန်းတွေ...။
ဘယ်အမျှင်အတန်းမဆို ဥပေက္ခာပြုနိုင်ပေမယ့်
ဒီကောင်လေးဆို ဥပေက္ခာမပြုနိုင်တော့။
ဝိဥာဉ်ပြောင်းသလို ပူလောင်ခြင်းစိတ်က
အလုံးလိုက်အရင်းလိုက်ပဲ....။

"JeonJungkook က အလုပ်ကို
ပိုက်ဆံတောင်းဖို့အပြင်မလာဘူး...
ခုလည်းမရှိဘူး..."

"ဟုတ်လား....လွဲပြန်ပြီ..
ထယ်က ရှိနေမယ်မှတ်နေတာ...."

"Clubတွေ Barတွေ မကောင်းတဲ့
နေရာတွေမှာ သွားရှာတာပိုနီးစပ်အုန်းမယ်
TaeHyung ရယ် Company နဲ့
သူလိုကောင်နဲ့က ဘယ်မှာအက်စပ်မှာလဲ...."

"ဟုတ်ပါရဲ့နော် MD Parkတို့
အချင်းချင်းလည်းအဆင်ပြေနေတာမှ
မဟုတ်တာ ထယ် ကြားပါတယ်
ကိစ္စတွေကို တကယ်စိတ်မကောင်းပါဘူး..."

အဲ့နေ့က သူသနားစရာလိုKimTaeHyung
ရှေ့ကျမှ ရုန်းရင်းဆန်ခတ်ပါသွားရတာ
တွေးမိတိုင်းရှက်သလိုလို မခံချင်စိတ်လိုလို
ဒီကောင်လေးက JungKook ဆို
သိပ်ပိုင်ပိုင်နိုင်နိုင်ပုံစံတွေ...။

MD Parkမျက်နှာရဲခနဲ....။

"ဂျေ က လည်းခက်တယ်..
ထယ် တို့ကို ဆို လုံးဝကောင်းကောင်းဆက်ဆံ
ပြီး MD Parkကျမှ ဘယ်လိုဖြစ်တယ်မသိ..."

လာကလိနေတာ.....။ခြေထောက်ကလေး
ချိတ်ပြီး စဉ်းစားသလိုပြောဟန်က
Jimin စိတ်ကို လောင်စာတိုက်နေသည်။

ဆေးရုံကဆင်းလာပြီးထဲ ကအဆင်ပြေသော
ဆက်ဆံရေးတွင်JungKook နဲ့သူ
အရင်လို တကျက်ကျက်မဖြစ်ဘဲ
မနက်စာအတူတူစားတာမျ်ုး
ညစာအတူတူစားတာမျိုးတွေအထိ
တိုးတက်လာသည်။
စိတ်ချမ်းသာလာသလိုမျိုးခံစားနေရကာ
ဘဝသည် အဆင်ပြေလာပြီထင်ခါမှ
ဒီ အမြင်ကပ်စရာ အရုပ်လိုမျက်နှာချောချောက
လာလာစမ်းနေပြန်သည်။

ထယ်တို့ကိုဆိုလုံးဝကောင်းကောင်းဆက်ဆံတယ်တဲ့။
လက်ပိုက်ထားသူ၏လက်ချောင်းသေးသေး
လေးတွေတင်းခနဲ...။
သူ့ကိုဆို JeonJungkook ကဘယ်တုန်းက
တမိနစ်ပြည့်အောင်ကောင်းကောင်းစကားပြောဖူးလို့လဲ။
အငုံစိတ်လေးသည် မသိစိတ်တွင်မနာလိုစွာ....။

"ဒီလိုပါပဲ ငယ်သေးတာလည်းပါမှာပေါ့..
ကိုယ်က တော့ အဆင်ပြေပါတယ်...
အေးဆေးပဲလေ..."

သခင် မမြင်နိုင်ဘူးလား...။
ကိုယ့်အပေါ်ဒီလောက်ကြီးလွန်ကြူးနေတာကို
မြင်သာအောင်သွေးခွဲပြောပြလည်း
သခင်က ခပ်မော့မော့မျက်နှာမျိုးဖြင့်
အားပြိုင်နေပြန်သည်။

"တော်သေးတာပေါ့....စိတ်ကိုသက်သာအောင်
ထားတတ်လို့...ထယ် သာ ဆို မချစ်ဘဲ
တည်ဆောက်ထားရတဲ့အိမ်ထောင်ရေးမျိုး
ကို ခံစားနိုင်မှာမဟုတ်ဘူး..."

ရဲတင်းလိုက်တာ...၊ဒါဟာသူနဲ့Jungkook နဲ့
ပဲဆိုင်တဲ့ကိစ္စ။Personal စစ်စစ်ကြီးလေ။
JeonJungkookကိုသူဒီလိုဝေဖန်ပြောဆိုတာ
သူတို့ကြားကအကန့်တွေနဲ့မို့သဘာဝကျပေမယ့်
သူ့ရုံးခန်းထဲထိလာပြီး
Jungkook ကသူ့ကို မချစ်ဘူးပြောတာတော့
လွန်တာပေါ့.....။
ဘောင်ကျော်ရုံမက စကြာဝဠာအပြင်ဘက်
ရောက်နေပြီ..။

KimTaeHyung ကဘာလဲ.....။

ParkJimin ဟာ ဘာမှဘာဘောင်မဝင်ပါဘူး..
ယောကျ်ားကမကြင်နာလို့ စိတ်သက်သာရာ
လေးရှာဖွေနေရတဲ့ သနားစရာကောင်လို
ဒီကောင်လေးကမျက်နှာလာပြောင်နေတာ...။

ငါ့ကိုဘယ်လိုဂရုစိုက်ပါတယ်လို့
ဘက်ပြိုင်ပြောလို့မရခဲ့..။
JeonJungkook ကလူရှေ့ဆိုသူ့ကို
နှိပ်စက်ရိုက်နှက်ခဲ့တာကြီးမလို့ ရင်ထဲကျပ်သိပ်လာသည်။

KimTaeHyung ကတော့ယုံကြည်မှုရှိတာပေါ့။
သူငုတ်တုတ်ကြီးနဲ့တောင် Jungkook ရဲ့
ဂရုစိုက်တဲ့အကြည့်အပြောတွေကို
ပေါပေါလောလောရနေတဲ့သူ။

ငါ့ကိုစိန်လာခေါ်နေပြန်ပြီ...။

မပြောသင့်မှန်းသိပေမယ့် ကိုယ့်ကို
မကြင်နာ မချစ်ခင်တဲ့သူနဲ့ နေရတာ
သခင်ဘယ်လိုမှအဆင်မပြေနိုင်ကြောင်း
လည်းသိစေချင်သည်။

မခံချင်သလိုဖြစ်သွားသောမျက်နှာလေးကို
သတိထားမိပေမယ့် ပြောတိုင်းသိပ်မထိရောက်
သလို သခင်က ခပ်သာသာမလို့
ထယ်ယောင်းသည် ကိုယ့်ကိုကိုယ်လည်းအားမရ။
သူဒီလောက်ညံ့တတ်တာမှမဟုတ်တာ။

ဒီလောက်တောင်နားမလည်ရသလား....။
ဘဝအဆက်ဆက်...ဒီအလှတရားလေးဟာ
ဒီအချိုးပဲ...။
ဒါဆိုဒါပဲ....သိပ်ခိုင်ခံ့လွန်းသောစိတ်နှလုံးသားကို
သူဘယ်လို ခိုးယူရမလဲ....။
တကယ်ပါ...လွယ်သယောင်ယောင်နဲ့ခက်လာပြီ။

"တဆိတ် ထယ်ယောင်းက ကိုယ့်ကို
ယောကျ်ားက ချစ်မချစ်ပေါ်မှာ
ခံစားပြီး အသက်ရှင်နေတဲ့သူလို့ထင်နေတာလား
ကိုယ့်အသက်အရွယ်မှာ အချစ်ဆ်ိုတာ
ဘယ်နေရာမှာမှဘောင်မဝင်တော့ဘူး
စီးပွါးရေးတောင့်တင်းဖို့ ကိုယ့်မိသားစု
ကိုယ့်ဘဝ သက်တောင့်သက်သာဖြစ်ဖို့ကပဲ
အရေးကြီးနေတာ....ထယ်ယောင်းပြောမှပဲ
အချစ်ဆိုတာကို သတိရတော့တယ်
ကိုယ်က JeonJungkook ချစ်တာမချစ်တာကို
ဂရုစိုက်နေတဲ့လူမျိုးမဟုတ်ဘူးနော်..."

ချစ်ဖို့လာတာ.....ပြိုင်ဆိုင်ပြောနေရသည်။
လွဲစမ်း KimTaeHyung.....။

"အချစ်က အိမ်ထောင်ရေးမှာ
အရေးကြီးဆုံးလို့ ထယ် ထင်လို့ပါ....."

"MinYoongi က မင်းကို
ဘဝ အကြောင်းတွေမပြောပြဘူးနဲ့တူတယ်
ကလေးဆန်ဆန်သိပ်တွေးတာပဲ...."

မဲ့ပြုံးပြုံးကာ သူ့ကိုတကယ်ကို
ကလေးကလားလို ခပ်နှိမ်နှိမ်ကြည့်ပုံသည်
စိတ်မဆိုးနိုင်....။
ငေးခနဲ တွေးခနဲပဲ.....။

"ထင်လို့ပါ...ထယ်က MD Park
ထင်သလောက် ကလေးမဆန်ပါဘူး..."

အရောင်မှိုင်းမှိုင်းမျက်လုံးတွေသည်
Jimin ကိုခပ်ညို့ညို့ကြည့်တဲ့အခါ
Jimin ကလည်းခပ်စူးစူးပြန်ကြည့်နေသည်။

ထယ်ယောင်းဒီလိုအကြည့်တွေနဲ့ပဲ
ကမ္ဘာပတ်ရှုပ်ခဲ့တာ...။
တော်ရုံလူစက္ကန့်ပိုင်းအတွင်းအရည်ပျော်
သွားကြပြီး လွယ်လွယ်ကလေးလက်ထဲ
ရောက်လာခဲ့သည်။

Jungkook ကိုတောင်စတွေ့တုန်းက
သေချာညှို့ယူခဲ့တာပဲ...။
JungKook အပါအဝင်အားလုံးငေးမောပြီး
မျောပါသွားခဲ့ပြီးမှ သခင်ကျမှ
ပြိုင်ကြည့်လာသည်။
TaeHyung လက်ဖျားတွေ
အေးစက်သွားသည်။

ဖြားယောင်းတာတွေကမတိုးဘူးလား...။
ကိုယ်ကဖြားယောင်းရင်း ကိုယ်ပဲပြိုဆင်းရသွား
သောအခြေအနေကို ParkJimin တစ်ယောက်ပဲ
ဖန်တီးနိုင်ပါလိမ့်မည်။

ယုံကြည်မှုရှိရှိထုတ်သုံးလိုက်တဲ့လက်နက်ထက်
ပိုအားပြင်းသော လက်နက်သည်
မျက်ရစ်မပါတဲ့ မျက်ဝန်းကျဉ်းကျဉ်းတွေထဲက
ထွက်လာတဲ့ စူးရဲလွန်းသောအငွေ့အသက်တွေ....။

မျက်လွှာချပစ်လိုက်ရသူက ထယ်ယောင်း...။
ချစ်တဲ့သူမို့ မခံစားနိုင်ပါ...။
သခင် သည် အင်အားကြီးလွန်းလှပါသည်။

"ထယ်...သတင်းလာမေးရင်း
မုန့်ဝယ်လာခဲ့တာ....ဂျေက မရှိဘူးဆိုတော့
MD ပဲ ယူပြီး ကြိုက်တယ်ဆို စားလိုက်ပါ...."

စကားလမ်းကြောင်းမလွှဲ၍မရတော့...။
တကိုယ်လုံးအေးစက်နေပြီ။

ကမ်းပေးလာသောမုန့်ဘူးကိုJimin
ကြည့်ကာ လက်သီးမဆုပ်မိအောင်
ထိန်းလိုက်ရသည်။

ဒါလူနာလာမေးတဲ့ မုန့်တဲ့လား...။
နုဖက်လှပနေကာ မသိရင် ချစ်သူရည်းစား
ကိုပေးတဲ့ပုံမျိုး...။
သူ့ဆီသာရောက်မလာဘဲ ဟိုလူဆိုးဆီ
ဒါမျိုးဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားကြည့်
အူမြူးပြီး ဘယ်လောက် ကလီကမာဆန်နေမလဲ။
တွေးရင်နဲ့တောင် ဒေါသမီးသည်ထတောက်သည်။

KimTaeHyung ကလည်းပေးရဲသည်။
ပန်းစည်းကလည်းပါသေး...။
ဒါဟာ သူ့ကိုဂရုမစိုက်ကြောင်း
JeonJungkook နဲ့ပတ်သတ်မှုမှာ
ParkJimin က ယောကျ်ားမကလို့
ဘာဖြစ်ဖြစ် JeonJungkook ရဲ့
အလုပ်သမားသာသာဆက်ဆံမှုတွေကြောင့်
ဒီလို စကားနဲ့ကလိလိုက် အရာဝတ္တုတွေနဲ့
မျက်နှာပြောင်လာတိုက်လည်း
သူ့မှာ ပိတ်ပင်တားဆီးနိုင်တဲ့ Jungkook
အပေါ်လွှမ်းမိုးခြင်းအာဏာမျိုးမရှိနေပါဘူးဆိုတဲ့
ပညာပြမှုမျိုး....။
တဖက်လှည့်နဲ့ လုပ်ပြသွားသေးသည်။

Company ရုံးခန်းထဲအထိ အေးရာအေးကြောင်း
လာရှို့ခံနေရတာ JeonJungkook ကို
ခုချက်ချင်းခေါ် သေအောင်ထုရိုက်ပစ်လိုက်ချင်တဲ့
အထိပဲ...။

သူရှုပ်လို့ ဒီမှာပူနေရတာ...
အရင်ကမပူလည်း ခုပူတတ်လာပြီ....
ဒီCupcake လှလှလေးတွေသာ
အဲ့ဒီကောင်ပါးစပ်ထဲရောက်ကြည့်
အကုန်ပြန်အန်ထုတ်ခိုင်းမှာ....။

"ဝယ်တတ်လိုက်တာ ...
တော်တော်လှတာပဲ....."

"သေချာပေါက်စားလိုက်နော်...
ထယ်က....."

စကားဆက်မပြောနိုင် စားပွဲပေါ်မှာချထားသော
ထယ်ယောင်းဖုန်းScreen သည်လင်းလာသည်။
J ဆိုသော နာမည်နှင့်ဖုန်းScreen ကို
Jimin သေချာမြင်လိုက်တာပေါ့။
လက်ပိုက်သာမပျက်တာ....
စိတ်ကတော့ တော်တော်ပျက်နေပြီ....။
TaeHyungကချက်ချင်းဖုန်းကိုမှောက်ချလိုက်ကာ
ခဏ ဟု ပြောပြီး အပြင်ထွက်သွားသည်။

"Hello ဂျေ...ဘာဖြစ်လို့လဲ....."

"ဘာမှမဖြစ်ဘူး ကျတော်တို့...
ကွင်းကိုသွားနှင့်ပြီ ထယ်ယောင်းလာရင်
Rom အိမ်ကိုမဝင်နဲ့တော့ကွင်းကိုတန်းလာခဲ့.."

"အော်....အင်းပါ...သွားနှင့်လေ.."

"အဆင်ပြေရဲ့လား Dateနေတာ
အောင်မြင်ပါစေဗျာ....
ပြိုင်ပွဲတော့ ကျတော့်ဆီလာရမှာနော်...."

"ပြေတာပေါ့....အရမ်းပြေ...."

"ကောင်းပါပြီ...ဒါဆိုဒါပဲနော် ထယ်ယောင်း.."

"အင်း...အင်း..."

ထိုးချင်လိုက်တာ....လက်တွေယားနေပြီ။
ဘယ်လိုပြောပြောတရားမရနိုင်တဲ့
သခင်ဟာ ဒီလိုပေါ့ပျက်ကောင်ကို
ဘာတွေစွဲပြီး အတူတူနေချင်နေတယ််မသိ။

လူတိုင်း...ကိုးကွယ်နေတဲ့အချစ်ကိုတောင်
အမှိုက်သာသာလုပ်ပစ်ပြီး
JeonJungkook ပေးတဲ့ဒုက္ခတွေကိုပဲဆက်ပြီး
ခါးစီးခံမယ်ဆိုတာမျိုး...။

ရီစရာအမှန်တရားကြီး....။

ပြန်လှည့်မယ်ကျန်တော့ ဒုတိယဖုန်းCallသည်
MinYoongi ဆီက..။
တကယ့်နေ့...တကယ်ကိုတကယ့်နေ့ပဲ။

"Hello လူကြီး...."

"ထယ် ဘယ်မှာလဲ....."

"အပြင်မှာ...လူကြီးလာလို့မရဘူး
ဝေးတယ်..."

"မလာပါဘူး လူကြီးလည်းမအားဘူး..
မနက်ဖြန်ကျ လူကြီးစားသောက်ဆိုင်
အသစ်တွေ့ထားတယ် အဲ့တာDateမလို့
ကြိုပြောထားတာ...."

"Dateတာတွေ...အလုပ်ရှုပ်လိုက်တာ
ဘာတွေအဆန်းလာထွင်နေတာလဲ...."

"မင်းနဲ့ငါ Dateတာ အဆန်းထွင်တာလား
KimTaeHyung...."

"ထားပါတော့ ထယ်ပဲမှားတာ...
လူကြီးက ခုဘယ်မှာလဲ...."

"MD Park ဆီအလုပ်ကိစ္စပြောဖို့သွားနေတာ..."

"ဟမ်!!"

"ဘာဖြစ်လို့လဲ...."

"ဘာမှမဖြစ်ပါဘူး....ဘာမှမဖြစ်ဘူး
ဒါပဲနော် လူကြီး..မနက်ဖြန် စီးယူ..."

သေစမ်းKimTaeHyung သေလိုက်စမ်း..။
MinYoongi နဲ့ဆုံတာနဲ့ဘာမှအရာမထင်သေး
ခင်စကားတွေပြောရလိမ့်မည်။
မဖြစ်သေး..။အာရုံတခါပဲအနောက်ခံမည်။

"MD ထယ် ပြန်တော့မယ်.....
ကိစ္စလေးတစ်ခုပေါ်လာလို့....."

ဂျေ ဆိုသော နာမည်ကြီးနဲ့ဖုန်းဝင်လာပြီး
ချက်ချင်းပြန်ပြေးတော့မည့်KimTaeHyung
သည် တခုခုလောနေသလို....။
ပိုကဲနေလိုက်ကြတာ....။

"အိုကေ အိုကေ...မုန့်အတွက်ကျေးဇူးနော်..
နောက်လည်း ဝင်လာခဲ့ပါအုန်းကြုံရင်
ကိုယ် ကြိုဆိုတယ်နော်..."

"အင်း....လာခဲ့ပါ့မယ်....."

"ပန်းတွေကမွှေးလိုက်တာလူနာအစား
ပန်းအတွက်လည်းကျေးဇူးနော်.."

သခင်သည် ဝယ်လာပေးခဲ့သောပန်းလှလှ
လေးကိုနမ်းမွှေးလိုက်ကာပြောသည်။
TaeHyung မျက်လုံးတွေဝိုင်းခနဲ...။

ခွင့်လွှတ်တယ် ခွင့်လွှတ်လိုက်တာပေါ့
သူပြောသမျှ ကန့်လန့်တွေကြီးပြန်တုံ့ပြန်နေသော
သခင့်ရဲ့ခပ်မာမာလေသံနံ့မျက်လုံးတွေကို
အသဲယားဒေါသထွက်ခဲ့သည်။

မသိရကောင်းလား ကိုယ်ကသူ့ကိုချစ်လို့
ကြားဝင်နေတာ သူက တခြားအပေါ်မှာပဲ
သွားပုံအော ပူလောင်နေတာကြီးက
အလွဲကြီးလေ...။

ဒါပေမယ့် ဝယ်လာပေးသော ပန်းလေးကို
နမ်းလိုက်တာ သူ့ကိုလာနမ်းလိုက်သလိုပဲ။
အရည်ပျော်ကြကာအယောင်ယောင်အမှားမှားတွေ
ဖြစ်နေပြီး ရင်တွေတလှပ်လှပ်...။

ခွင့်လွှတ်လိုက်ရတယ်.....။
ဒီတခါလည်းခွင့်လွှတ်လိုက်ရတာပဲ။
ဘာကြောင့်လဲဆို ချစ်တာကို...။
သိပ်ချစ်တာ....။
နူတ်ခမ်းတွေတောင်နွေးလာပြီး
ခြေလှမ်းတွေလည်းမှားကုန်တာ....။

"သွား....သွားတော့မယ်နော်...."

"အင်း....."

TaeHyung သည်ကားသော့နဲ့ဖုန်းယူကာ
အမြန်ဆုံးထွက်ပြေးခဲ့ရသည်။
TaeHyung ကားနီနီလေး Company
ရှေ့ကမိုင်ကုန်မောင်းအထွက်
MinYoongi ၏ကားအနက်ကြီးသည်ဝင်အလာ။
ကပ်သီးကပ်ဖဲ့အခြေအနေလေး.... ။

KimTaeHyung ထွက်သွားပြီးသည်နှင့်
တောက်တချက်ပြင်းပြင်းခေါက်လိုက်သူ
Jimin သည် လုံးဝတင်းမာနေပြီ။

ဘယ်သွားမှာလဲသူသိနေသည်
ဘယ်သူကခေါ်လို့ချက်ချင်းပြေးသွားသလဲ
သူသိသည်...သိနေပေမယ့်
ထိုင်သာနေရသည်။
စိတ်တွေထဲတနုံ့နုံ့...။

ဘာလို့လဲParkJimin ...
ဘာလို့သေမတတ်ရင်တွေပူနေရတာလဲ...။
သူ့ကိစ္စ သူ့ဘဝ လေ မင်းဘာတွေဖြစ်နေတာလဲ။

မောင်ကလေ....မောင့်က်ိုလေ..
မောင်က မင်းကို......

ချိုချိုအီအီ အသံတွေပြန်ကြားယောင်လာတော့
အသက်ရှုတွေပင်ကျပ်လာသည်။
JeonJungkook ကသေချာပေါက်
သူ့ကိုဆက်ဆံသလိုပဲ မာယာပေါင်းတသိန်းနဲ့
လိုက်ဆက်ဆံနေအုန်းမှာ....။

ငါ...ငါ သဝန်တိုနေတာလား....
ငါမနာလိုတွေ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာပဲ
ဆံပင်တွေကိုဆွဲဆုပ်ကာ တုန်လှုပ်စွာ
ဆိုဖာပေါ်တွင်မျက်လုံးတွေမှိတ်ထားရသည်။

Hyungနဲ့တုန်းကတောင်ဒီလိုမျိုးတွေတခါမှ
မတုန်လှုပ်ဖူးပါဘူး...။

ဒုတိယအကြိမ်တောက်ခေါက်သံသည်ပိုကျယ်ခဲ့သည်။

ငါ ဒီစိတ်တွေကမဟုတ်သေးဘူး...
ကျွန်းမှာထဲက ဟုတ်တယ်...
JeonJungkook မရူးဘဲ
ရူးတာကငါဖြစ်နေတာထင်ပါတယ်...။

အဲ့ဒီKimTaeHyung နဲ့ကိုမကြိုက်ပါဘူး...။

"MD Park....!ဝင်လာမယ်နော်...."

လူသံကြား၍ လောင်နေမှုအရှိန်ကိုချက်ချင်း
ထိန်းလိုက်ကာ ဆံပင်တွေကိုပုံစံပြန်ချလိုက်သည်။

"MinYoongi ပါလား...အကြောင်းလည်း
မကြား..."

"ဟုတ်ပါရဲ့ အကွက်အကွင်းတခုတွေ့ထားလို့
MD Parkနဲ့ တိုင်ပင်ချင်တာလေးရှိလို့လေ..."

ဆိုက်ဆိုက်မြိုက်မြိုက်ပါပဲလား....။
KimTaeHyung သူ့ကိုရှို့သွားသမျှ
MinYoongi ကိုပြန်လောင်းပေးရမည်။
ParkJimin ကို တဆ ပူစေရင်
ParkJimin ကနှစ်ဆ ပြန်ပူစေလိုက်ရမှ.....။

ငါဒီလိုအကြောခံလိုက်ရတာပါလားလို့
ဝမ်းနည်းနာကျင်နေမဲ့ထဲမပါ...
တစ်ချက် လာရိုက်ရင် တစ်ချက်ပြန်ရိုက်ပီးသားပဲ။

MD Parkသည် MD Minကို TaeHyung
သူ့ဆီလာကာ ဒီလက်ဆောင်ပဏ္ဏာတွေကို
သူ့ယောကျ်ားငယ်ငယ်လေးကို လာပေးကြောင်း
စကားပြောရတာ တမျိုးလေးဖြစ်ကြောင်း
ပိုပိုသာသာ လွန်လွန်ကြူးကြူးဖြင့်
မာယာတချို့ပါသော စကားတွေနဲ့
ပညာသားပါပါ Yoongi ကိုသိစေသည်။

ကိုယ့်လူကိုယ်ထိန်းဆိုတဲ့မျက်လုံးတွေနဲ့
MD Parkသည် ဗိလိန်လေးထက်ပိုကြောက်စရာ
ကောင်းနေကာ ဗီလိန်ဇာတ်ရုပ်ပိုကျနေတဲ့သူ..။

MinYoongi မျက်နှာမဲခနဲ......။
စားပွဲပေါ်က လက်ဆောင်တွေကိုကြည့်ကာ
KimTaeHyung ကိုလုံးဝကို လက်ထပ်ပြီး
အပိုင်သိမ်းမှဖြစ်တော့မည်ဟု ဆုံးဖြတ်ချက်
ချလိုက်ရသည်။

အလိုလိုက်တာချစ်လို့....
အိမ်ထောင်သည် ယောကျ်ားအထိတော့
သဘောထားမကြီးနိုင်...။

MD Parkသည် ဒေါသထွက်နေသာ
Yoongi မျက်နှာကို ကြည့်ကာမသိမသာပြုံးယဲ့ယဲ့...။

အိမ်ကကောင်လည်း အိမ်ပြန်ရောက်မှ
တပွဲတလမ်းစမ်းတာပေါ့လေ...။
ညစ်ပတ်ပြီးပြီဖြစ်၍ စိတ်တော့အနည်းငယ်
ချမ်းသာသွားပါသည်။
မဟုတ်ရင် တစ်ယောက်ထဲ ပူနေရတာ
မတရား....။

ရှင်းစမ်း KimTaeHyung........။

................

အိမ်ပြန်ချိန်သည် ညတစ်နာရီကျော်နေပြီ....။
ဒီညပြိုင်ပွဲမှာ ဆိုက်တိုက်နိုင်ခဲ့ကာ
လူသည်လေပေါ်မြောက်နေပြီးမဆိုသလောက်လေး
လည်းမူးလာသည်။

မောင် သီချင်းလေးညီးကာ
အိမ်တော်ကြီးထဲသို့တက်ကြွစွာဝင်လာခဲ့ပြီး
ကြိုဆိုနေသော နှင်းခွေးကြီးကို ရွှတ်ခနဲနမ်းကာ
အိမ်ပေါ်သို့တက်လာသည်။
ညတစ်နာရီမို့ တအိမ်လုံးအိပ်နေကြကာ
တိတ်ဆိတ်နေသည်။

သံစဉ်တချို့ညီးပြီးအခန်းဆီသို့လျှောက်လာ
ချိန် အမှတ်တမဲ့ မာနရှင် အခန်းကိုကြည့်မိလိုက်တဲ့အခါ
ဟင်ခနဲဖြစ်သွားပြီး သေချာအောင်ခပ်ဟဟတံခါး
ကိုအသံမထွက်အောင်ဖွင့်ကာကြည့်လိုက်ရသည်။

ညတစ်နာရီကျော်တဲ့အထိအလုပ်စားပွဲပေါ်
မှာငုတ်တုတ်ထိုင်ပြီး ဖုန်းသုံးနေတဲ့သူ။
ဒီအချိန်ကြီးအထိ ကြိုးစားပမ်းစား
ဖုန်းသုံးစရာဘာအကြောင်းရှိလို့လဲ..။

KimNamJoonနဲ့ Chatနေတာများလား...။

ခြေသံမကြားအောင်တိုးတိုးလေးခြေဖွ
နင်းကာလျှောက်သွားပြီးနောက်ကခိုးကြည့်တော့
မောင့် မျက်လုံးတွေ ပြူးခနဲ..။

ဒါဘာလုပ်နေတာလဲ....။
အရောင်တူအတုံးလေးတွေကိုရွေးပြီး
သတ်မှတ်ချ်န်အတွင်းမှာနိုင်အောင်
လိုက်ရှာစီရသော မူကြိုကလေးလေး
တွေဆော့တတ်သောGameကို
သေသေချာချာကြိုးကြိုးစားစားဆော့နေတဲ့သူ။

ParkJimin ရူးများသွားတာလား....။

ဒေါသထွက်ရင် အဲ့ဒေါသကိုပြေပျောက်
အောင်လုပ်လို့ရတဲ့နည်းအမျိုးမျိူးထဲကမှ
Jimin သည် အရမ်းမွန်းကျပ်လာရင်
ဒီလိုGameမျိုးတွေဆော့ကာစိတ်ငြိမ်အောင်
နေလေ့ရှိသည်။

ကလေးဆန်တယ်ဆိုပေမယ့်အဓိက
Relax ဖြစ်သွားဖို့ပဲမလို့ Companyကပြန်လာထဲက
ရေချိုးပြီးထိုင်ဆော့နေခဲ့သည်။

ခုထိ KimTaeHyung မျက်နှာလှလှနဲ့
စကားတွေကြားနေရတုန်း ဘာမှRelaxမဖြစ်..။
ဟိုကဝေလေးကလည်း ပြန်မလာ...။
ပျော်နေကြမှာပေါ့....။

ဒေါသသည် တွေးနေရင်းကလှိုက်တက်လာကာ
အတုံးတွေကို အငြိုးနှင့်ကြုံရာကျပန်း
လိုက်နှိပ်နေတာကြောင့် Gameကလည်း
တညနေလုံး တညလုံးထိုင်ဆော့နေတာတောင်
Levelတခုမတက်...။

"မအိပ်သေးဘူးလား....."

"အမယ်လေး!!!!"

ကိုယ့်ဒေါသနဲ့ကိုယ်တွေးလိုက်ကြိတ်ကျိန်ဆဲ
လိုက်လုပ်နေတုန်းအက်ရှရှအသံနဲ့
အရက်နံ့ကြောင့် လန့်သွားကာ
လှည့်ကြည့်လိုက်တော့ ကျော့ကော့နေသော
ဒီဇိုင်းဖြင့် JeonJungkook သည်
အိမ်ပြန်ချ်န်တွေအထိ မင်းသားရှုံးနေဆဲ...။

ဘာမှပြန်မပြောမျက်ထောင့်နီနီနဲ့
တချက်ပဲကြည့်ကာGameပြန်နှိပ်နေလိုက်သည်။

မောင် အံ့အံ့ဩဩ..။သူနဲ့ငါဘာဖြစ်ထားလို့လဲ
မနက်ကတောင် အဆင်ပြေပြေရှိနေကြတဲ့ဟာ
ညတစ်နာရီမှာဘလိုင်းကြီးမျက်စောင်းထိုးခံလိုက်ရသည်။

"နောက်ကျနေပြီလေ မနက်အလုပ်ရှိတယ်မလား.."

"နားညီးလိုက်တာ!!!သွားစမ်းပါ.."

ခုံပေါ်ညအိပ်ဝတ်စုံအမဲရောင်လေးနဲ့
ခြေထောက်တွေပါတင်ပြီးကြိုးစားပမ်းစား
ကလေးဆန်နေပုံသည်မောင့်ကို အမူးတွေပြေ
လာစေပါသည်။
ဒါပေမယ့်မောင် ဘာမှတော့မပြော..။
သန့်ရှင်းပြီး မွှေးပျံ့နေတတ်သော
အိပ်ယာဖြူဖြူလေးကိုတွေ့တော့ ဒီညတော့
ဒီအခန်းထဲပဲအိပ်ချင်သွားသည်။

ကျွန်းကပြန်လာထဲကဘာမှန်းမသိ
တစ်ယောက်ထဲမအိပ်ချင်တော့...။

တခြားအကြောင်းတော့မရှိ
အနှစ်၂၀လုံးလုံး တစ်ယောက်ထဲအိပ်လာရတာ
ပျင်းလာ၍ အဖော်လေးနဲ့ အိပ်ချင်မိခြင်း...။

"မောင် ဒီည ဒီမှာပဲ အိပ်တော့မယ်...."

မောင်.....။သိပ်သုံးလို့ကောင်းပါသည်။
ကျတော်နဲ့ ငါ ကြား တိုင်ပတ်နေမယ့်အတူတူ
မောင် လို့ သုံးနူန်းပစ်လိုက်ခြင်းသည်
လူတွေကိုလည်း ဘာဆိုတာလည်းပြလို့ရသည်။

မောင် လို့သုံးလိုက်တိုင်း ဒေါသထွက်သွားသော
ParkJimin ကလည်း အားရစရာကောင်းသလို
ရှက်သွေးဖြာသွားတတ်သောParkJimin ကိုလည်း
တချိန်ထဲမှာအသဲယားမိခြင်းကြောင့်
ရှင်းရှင်းပြတ်ပြတ် မောင် ဟုသာ သူသုံးနူန်းတော့မည်။

ဘာမှပြန်မပြောတချက်မကြည့်ပါ.....။
ဖုန်းကိုသာလုံးဝအာရုံစိုက်နေဆဲ။

မောင်သည် အကျီဝတ်ပြီးမအိပ်တတ်တာ
ကြောင့်အပေါ်ပိုင်းတခုလုံးကိုချွတ်ကာ
ခုံပေါ်ပစ်တင်လိုက်ပြီး
Accessories တွေကိုတခုချင်းချွတ်နေသည်။

ဂရုမစိုက်တာမျိုး ဘောင်မဝင်သလို
ဆက်ဆံတာမျိုးကို မောင်မကြိုက်ပါ...။
အကုန်ချွတ်ပီးတဲ့အခါ Gameဆော့နေတဲ့
သူဆီသို့ပြန်လျှောက်သွားလိုက်သည်။
ထို့နောက် နှိပ်နေသော ဖုန်းကိုဆက်ခနဲဆွဲလုလိုက်သည်။

"ဘာလုပ်တာလဲ ပြန်ပေးစမ်း!!!!!"

"မင်း မအိပ်သေးဘူးလား ဒီအချိန်အထိ
ဒီကလေးဂိမ်းကို ဘာအရေးကြီးလို့
ဆော့နေတာလဲ...."

"ငါ့ဟာငါဆော့တာ မင်းကိုဘာထိခိုက်လို့လဲ
ပြန်ပေးစမ်း ငါနိုင်တော့မှာ.!!"

"အိပ်မယ် နောက်ကျနေပြီ..."

"ပြန်ပေးလို့ ငါပြောနေတယ်နော်...
အချိန်စေ့ လို့ငါရှုံးရင် မင်းကိုသတ်မှာ...."

ဘာတွေများဒီလောက်ဒေါသထွက်စရာရှိလို့
လဲ။ညမီးရောငိမှိန်မှိန်အောက်တွင်ParkJimin
မျက်နှာသည်ရဲတွတ်နေကာသူ့ကိုရန်သူကြီးလိုပဲ။

"မပေးတော့ဘာဖြစ်လဲ
မူလတန်းကလေးဆော့တောင်နိုင်နေတဲ့
Gameကိုကြီးကြီးကျယ်ကျယ်နဲ့...."

စကားနိုင်လုရင်းနဲ့ပင် Gameသည် Failပြသွား
ပြီ။

"သွားပြီ သွားပြီ ရှုံးသွားပြီ....JeonJungkook!!!!!"

အသံကုန်အော်လိုက်ခြင်းတွင်မောင်လိပ်ပြာလွင့်မတတ်။
ဘာတွေများဝင်ပူးနေလို့ဒီည ဒီလောက်
သွေးဆိုးနေရတာလဲ.....။
လက်ထဲက ဖုန်းကို လက်ကိုဖြန်းခနဲရိုက်ကာ
ဆွဲလုပြီး နှမြောနေသောမျက်နှာနီနီဖြင့်...။

"ငါ ဘယ်လောက်ဆော့ထားရလဲမင်းသိလား
တညနေလုံး တညလုံးပဲ....
ငါနိုင်ချင်လွန်းလို့...သေချာကြိုးစားနေတာ
ဘာလို့ လာယုတ််မာတာလဲ...ဟမ်!!ပြော!!
စိတ်တွေညစ် စိတ်တွေတိုနေလို့
ငါ့ဟာငါ အေးအေးနေတာ ဘာလို့လာအနိုင်ကျင့်
တာလဲ မင်းကောင်းကောင်းဆက်ဆံတဲ့သူ
တွေနဲ့ပဲ ပျော်ပျော်နေနေပါလား...
ဘာလို့အိမ်ပြန်လာနေသေးတာလဲ
ငါ့ Gameလေး....."

မောင် သည်..နောက်သို့ခြေတလှမ်းဆုပ်သွားကာ
သေသေချာချာကြည့်လိုက်ရသည်။
Gameကလည်း တညလုံးဆော့ထားတယ်သာ
ပြောတယ် Levelက 2.
လူစုဆော့ရတဲ့ InternetGameအမြင့်
တွေလည်းမဟုတ်...
သူဘာလို့စွေ့စွေ့ခုန်နေတာလဲ...။

"မဟုတ်သေးပါဘူး...ဒါလေးရှုံးတာ
ဘာဖြစ်လို့လဲ...ဘာလို့အဲ့လောက်
ကြမ်းတမ်းနေရတာလဲ..."

"သွား!!!ထွက်သွား...ဘာမှငါနဲ့လာမအိပ်နဲ့
မင်းပစ္စည်းတွေအကုန်ယူပြီးထွက်သွား...
လူရှုပ်လူပွေကောင်...!!!"

ခုံပေါ်မှာချွတ်ထားသောအကျီတွေကို
သိမ်းကျုံးယူကာလက်ထဲထိုးထည့်ပေးပြီး
နှင်ထုတ်နေတဲ့သူ။

"ဘာကိုရှုပ်ရမှာလဲ မင်း ဘာဖြစ်နေတာလဲ
မောင့်ကိုပြော...."

"ဘာ မောင်လဲ ကလီကမာ မာယာတစ်သိန်းနဲ့
မင်းပါးစပ်ကထွက်မလာစမ်းနဲ့..."

"ထွက်မှာပဲ မင်းကိုပိုင်သလိုကိုခံစားရလို့
ကို ထွက်ချင်နေတာ...."

"သွား!!သွား!!!"

"ဘယ်ကိုသွားရမှာလဲ အိပ်မလို့
အိပ်ချင်နေပြီ လာအိပ်မယ်..."

ကောက်ချီကာအိပ်ယာပေါ်ပစ်တင်တော့
ချက်ချင်းပြန်ထကာအကျီမရှိသော
ရင်ဘက်သည်ဖြန်းခနဲပဲ...။

"ParkJiminဘာဖြစ်နေတာလဲ
မောင် စိတ်မရှည်တော့ဘူးနော်.."

"သေလေ သေသေ!!!"

လာပြန်ပြီ..။ကန်လာပြန်ပြီ..။
ဒီတခါတော့လွှတ်ပေးစရာအကြောင်းတစ်ခု
တောင်မရှိတော့...။
ရင်ဘက်ကိုသူမူပိုင်စတိုင်ကန်လာသော
ခြေဖဝါးလေးကိုဖမ်းထားကာ ဘောင်းဘီ
ကိုဆွဲတင်လိုက်ကာခြေသလုံးဖွေးဖွေးလေးတွေ
ကိုကိုက်ချလိုက်သည်။

အားးးးးး"

"မယောင်ရာ သိပ်ဆီလူးချင်နေတာ...
လာခဲ့...တကိုယ်လုံးကိုက်ပစ်မယ်.."

"မယုတ်မာနဲ့နော်...ငါမင်းကိုရဲတိုင်မှာ.."

"ကျတော့်ယောကျ်ားJeon JungKookက
တကိုယ်လုံးကို ကိုက်လို့ဖမ်းပါဆိုပီးလား...."

"ဖယ်!!!! ဖယ်...."

မူးမူးရူးရူးနဲ့ ခြေသလုံးတွေရော ခြေချောင်းတွေရော
ပါးဖောင်းဖောင်းလေးတွေအထိ
အသဲတယားယားလိုက်ကိုက်တဲ့အခါထွန့်ထွန့်လူးပဲ။

"စိတ်တွေရှုပ်တယ်!!!!!"

မောင်...စိတ်ရှုပ်ဖို့မရည်ရွယ်ပေမယ့်
ငိုသံတွေတောင်ရောလာသော ဖရိုဖရဲလေး
သည်ဒေါသတွေထွက်နေတုန်း...။
နေပါအုန်း ဒီGameရှုံးတာ ဒီလောက်တောင်လား။
ရပ်လိုက်ကာမျက်နှာလေးကိုသေချာကြည့်လိုက်
တော့ နီရဲနေဆဲ...။

"တကယ်ပါပဲ...Game ရှုံးတာ
ငိုစရာပါလို့လား..ParkJimin..."

"ငါ့ဟာငါငိုတာ မင်းအကြောင်းလား...
ငါ့ကိုလာမထိနဲ့ မင်းမျက်နှာငါလုံးဝ
မမြင်ချင်ဘူး..."

"မောင်နိုင်အောင်ဆော့ပေးမယ်...
ဒီ Levelနိုင်ရင် ရပီမလား..."

ရင်ထဲသိမ့်ခနဲ...။ဒီကဝေကောင်လှုပ်လှုပ်ရှား
ရှားတွေဖြစ်အောင်လုပ်နိုင်လွန်းပါသည်။

မောင်သည် ဖုန်းကိုယူလိုက်သည်။
ခုတင်ခေါင်းရင်းကိုမှီထိုင်လိုက်ကာ
ဘာတွေဝင်ပူးနေမှန်းမသိတဲ့ဆိုင်သူလေးကို
အားသုံးကာရင်ခွင်ထဲဆွဲပြီးမှီခိုင်းထားလိုက်သည်။

"ငြိမ်ငြိမ်နေ မူးနေတယ်...
နိုင်လာလို့ စိတ်လည်းကြည်နေတယ်
ရန်မဖြစ်ချင်ဘူး...နိုင်အောင်ဆော့ပြမယ်သေချာကြည့်
Game ဆော့ရင်ခေါင်းသုံးရတယ်..."

အပြုအမူ အထိအတွေ့တွေကလေ...
ကဝေလေး ပီသစွာ သိပ်မာယာများပြီး
ထပ်မတွန်းလှန်နိုင်...။
ကျတော်တော့ဒီကလေးသာသာလေးဆီ
လပိုင်းလောက်မှာပဲ လဲပြိုနေပြီ။
ရှက်စရာအတိ...။

"ဒါလေးကိုဒီဘက်ကိုပို့..ဒီဟာလေးက
ဒီဘက်ကိုသွား..ဟော..တွေ့လား
ရသွားပြီ....ကြည့်နေလား Jimin"

"ကြည့်နေတယ်...."

မောင် သည် သဘောကျစွာကြိတ်ပြုံးသွားလျှက်။

Level up.....။

"Yes!!! တွေ့လား တခါထဲဆော့တာနိုင်သွားပြီ
တော်တယ်မလား...."

ဆိုင်သူလေးသည်ရင်ခွင်ထဲအကျယ်ကြီး
ထဲမှီရင်း Level တခါထဲတက်သွားသော
Gameလေးကို ပြူးတူးပြဲတဲကြည့်နေသည်။
စိတ်ထဲမှာတော့ ဒီကောင် တော်လိုက်တာပေါ့။

"ဒါဆို အိပ်လို့ရပီမလား...."

"ကိုယ့်အခန်းကိုယ်သွားအိပ်...."

"မောင့် အခန်းက သရဲခြောက်လို့ပါကွာ..."

"လိမ်နေ မင်း.."

မောင်သည် မူးဝေဝေအနေအထားလေးမှာ
ဆိုင်သူလေး၏ လည်တိုင်တွေပေါ်
နူတ်ခမ်းဖြင့်ပွတ်သတ်နေရင်း
စကားတိုးတိုးလေးဆိုလာပါသည်။

"Jimin ....မောင်တို့ မမုန်းတော့ကြရအောင်ကွာ..."

သူ့ကိုနှိပ်စက်လို့ကြောက်တာကြည့်မရခဲ့တာ
ပဲရှိတာပါ..။JungKookလိုအငြိုးတကြီး
မှမဟုတ်ခဲ့တာ။ပါးစပ်ကသာအော်နေခဲ့တာ
တကယ်တမ်းကျပြောပီးမေ့ခဲ့တာကြီး။

"Jimin...စကားပြန်ပြော...."

"ဘာပြောရမှာလဲ...."

"မမုန်းကြရအောင်လို့...."

ပထမဆုံးပဲ...။ကလေးကလားစကားတစ်ခွန်း။
အရှိန်အကြီးကြီးယူကာMD Parkနူတ်က
ပြတ်တောင်းပြတ်တောင်းထွက်ကျလာခဲ့သည်။

"မရှုပ်ရင် ငါ...ငါမမုန်းတော့ဘူး
မင်း...မရှုပ်နဲ့..."

မောင်သည် နူတ်ခမ်းတွေနဲ့ပွတ်သတ်နေရင်းမှ
ကိုက်ချလိုက်ပြန်သည်။

အ!!!! နာတယ်...အရက်စော်တွေလည်းနံတယ်
ပြန်စမ်းကွာ..."

"ဒီညကစ ဒီအရက်သမား ဒီမှာပဲ
အိပ်တော့မှာ...."

သိမ်းကျုံ့းပွေ့ဖက်လိုက်တော့အရက်နံ့တွေ
ကြားလည်းဆိုင်သူလေးကငြိမ်ကျသွားတာပဲ..။

သေလောက်အောင်ထွက်နေတဲ့ဒေါသတွေလည်း
မောင့်စကားတစ်ခွန်းပါပဲ...။
ဒီဘဝမှာလည်း...ဒီမျက်လုံးဝိုင်းတွေကိုမနိုင်...။
အရူးအမူးရူးရအုန်းမှာပဲလား.....။

.................

"မင္း အကုန္အလုပ္ထုတ္ပစ္တာလား ေဂ်..."

"သြားကၽြတ္ေအာင္ ထိုးပီးမွ ထုတ္တာ
ဒီေကာင္ေတြက ဒယ္ဒီ့ကိုပဲကိုးကြယ္ခ်င္တာ
ငါ့ကိုသိပ္ေလၽွာ့တြက္လြန္းတယ္..."

ေဂ်တို႔ တဖြဲ႕လုံးRom အိမ္မွာစုေနၾကတာ
ညေန ကားၿပိဳင္ပြဲတစ္ခုရွိတာေၾကာင့္
ေလာင္းေၾကးကိစၥေတြ တျခားလိုအပ္တာ
ေတြတိုင္ပင္ေနၾကသည္။
TaeHyung လည္းအပါအဝင္ေပါ့...။

"Jimin ကေရာ...မင္းသူ႔ကိုဆက္ဆံတာ
ေတြအရမ္းရင့္တယ္ေနာ္
ငါတို႔ေရွ႕မွာ သူဘယ္ေလာက္ရွက္လိုက္မလဲ...."

"Rom မင္းက ParkJimin ဆို
သိပ္ေတြးေပးတတ္တယ္ေနာ္....
သြားေတြခိုင္မခိုင္ စစ္ခ်င္ေနပီေပါ့..."

Rom သည္ မနိုင္ဘူးဆိုတဲ့မ်က္လုံးေတြနဲ႔
ဘာမွဆက္မေျပာ..။စီးကရက္တလိပ္ထုတ္ကာ
မီးညႇိေနသည္။

"က်ေတာ္က TaeHyung ကိုအားနာေနတာ
ပထမဆုံးအိမ္လည္လာတဲ့ေန႔မွာ
ျပႆနာေတြတက္သြားရလို႔ သိပ္စိတ္မေႏွာက္အယွက္
ျဖစ္သြားမွာပဲ...."

စိတ္အေႏွာက္အယွက္ဘယ္ကပါ့မလဲ။
မင္းမ်က္ႏွာကိုျမင္တာနဲ႔ကိုေသြးေတြဆူဆူလာတာ။
အေပၚေအာက္အနက္ေရာင္ဝတ္ထားၿပီး
ေျခေထာက္ကိုစမတ္တက်ေသခ်ာခ်ိတ္ကာ
ျပဳံးယဲ့ယဲ့ေျပာသူေမာင္သည္..လန္းဆန္းေနသည္။

ေမာင္ ေဆး႐ုံကဆင္းလာၿပီးထဲက
လန္းဆန္းေနခဲ့တာပါ....။
ငယ္ရြယ္ႏုပ်ိဳဆုံးအရြယ္ေကာင္းေလးမွာ
ေတာက္ေတာက္ပပ ေမာင့္အျပဳံးေလးေတြ
လွလာတာ တရားခံဘယ္သူလဲေမးရင္
ေမာင္ေျဖမွာမဟုတ္။

ေမာင္ဟာသိပ္ဥစၥာေျခာက္တတ္ေသာသက္ရွိ...။

"မသာယာတဲ့အိမ္ေထာင္တစ္ခုမွာ
ဒါမ်ိဳးေလးေတြေတာ့ရွိတတ္တာပဲ
ေဂ့် ကို ကိုယ္နားလည္ပါတယ္...."

"မသာယာလို႔ရန္ျဖစ္ၾကတာမဟုတ္ပါဘူး
က်ေတာ္တို႔ မတည့္လို႔ပါ
ParkJimin က ဘဝင္ျမင့္လြန္းတယ္
ၿပီးေတာ့ မာနႀကီးတယ္
အဆိုးဆုံးက အေၾကာတင္းတာပဲ
က်ေတာ္နဲ႔နည္းနည္းေလးေတာင္မျဖစ္ဘူး
က်ေတာ္က ႏူးညံ့ခ်ိဳအီေနမွ....."

အဲ့တာဆိုဘာလို႔ယူထားေသးလဲဟု
ဆြဲေဆာင့္ေမးလိုက္ခ်င္ေပမယ့္
ထယ္ေယာင္းျပဳံးလိုက္ရသည္။

"ဟုတ္လား...အႀကိဳက္တူတာပဲ..
ကိုယ္လည္း ခ်ိဳေနမွႀကိဳက္တာ..."

"TaeHyung ကိုယ္တိုင္ကလည္း
အရမ္းSweetတာကို...
က်ေတာ္ျမင္ဖူးသမၽွထဲ TaeHyungက
လူမွုဆက္ဆံေရး အညက္ဆုံးပဲ
က်ေတာ္တို႔အဖြဲ႕ထဲအံဝင္ခြင္က်ေပါင္းဖို႔ဆိုတာ
လြယ္မွမလြယ္တာ....."

"ကိုယ္က ေဂ့် ကို စေတြ႕ထဲကခင္မင္ခ်င္ခဲ့တာပါ.."

"က်ေတာ္ကေတာ့ TaeHyungကို
စေတြ႕တုန္းက သိပ္ဝမ္းနည္းခဲ့တာ
ဘာေၾကာင့္လဲေတာ့ ခုထိအေျဖရွာမရဘူး...
ထူးဆန္းတယ္..."

"ျဖစ္တတ္ပါတယ္...ဒါမ်ိဳးေတြက...."

"အဲ့ေတာ့ ေဂ်...Jimin က အိမ္ေပၚက
ဆင္းမသြားဘူးလား မင္းကိုကြာမယ္ကြဲမယ္
မေျပာဘူးလား..."

"ဒါေလးလုပ္တာကြဲစရာလား"

"ဒါႀကီးကြ ေရခ်ိဳးခန္းထဲ ႀကိဳးတုတ္
ေသာ့ခတ္တာ ရဲတိုင္ရင္မင္းလစ္ပီပဲ..."

"ငါ့ေယာက်္ားေလ ငါဘာလုပ္လုပ္ေပါ့
မင္းနဲ႔ဘာဆိုင္လို႔လဲ
မင္းကရဲတိုင္ခ်င္ေနတာလား....Rom.."

"သေဘာကိုေျပာျပတာ ပါ..ေနာက္ဆင္ျခင္ဖို႔..."

"ကိုယ္ဆို...ၾကည္ၾကည္ႏူးႏူးခ်စ္လို႔ရမယ့္
လူကိုပဲေရြးခ်ယ္မွာ ေဝဖန္တာမ်ိဳးေတာ့
မဟုတ္ေပမယ့္ ေဂ်တို႔ အိမ္ေထာင္ေရးက
ၾကမ္းလြန္းတယ္...ၾကာရင္လြယ္မွာမဟုတ္ဘူး..
ကိုယ္ဆိုေပ်ာ္နိုင္မွာမဟုတ္ဘူး..."

TaeHyung သည္ Coffee ခြက္ေလးကို
ႏူတ္ခမ္းနားေလးေတ့ကာ စဥ္းစားသလို
ဟန္ျဖင့္ ေအာက္က်ိဳ႕မွုေလးအနည္းငယ္ပါ
ထည့္ကာေျပာလာသည္။
ေသြးထိုးျခင္း...အပ်က္စကားေတြကို
မရင့္က်က္တဲ့ အသက္ငယ္ငယ္ေကာင္ေလး၏
ေခါင္းထဲကို ရိုက္ထည့္ရတာသိပ္လြယ္ပါသည္။

ေမာင္သည္ TaeHyung ကို ျပဳံးယဲ့ယဲ့ေလး
ၾကည့္လိုက္ရင္းေခါင္းညိတ္ျပသည္။

စိတ္အခံမွာ KimTaeHyungဆိုတာနဲ႔
ေပ်ာ္ေပ်ာ္ေလးေနေစခ်င္တယ္..
လွလွေလးအသက္ရွင္ေစခ်င္တယ္
လိုခ်င္တာေတြအားလုံးရတဲ့လူသားတစ္ေယာက္
ျဖစ္ေစခ်င္တယ္...။

ေမာင္ TaeHyung အေပၚ
ႏူးႏူးညံ့ညံ့ေကာင္းေကာင္းမြန္မြန္ဆက္ဆံေပးခဲ့
ျခင္းေတြဟာ လုံးဝအျဖဴေရာင္ပဲ..။

အက်င့္ဆိုးေတြအရ..ၾကဳံရာက်ပန္း
အီစီကလီစကားေတြႏွစ္ေယာက္သား
ေျပာေနတာကလြဲ ဒါကလည္းအေရးႀကီးတယ္လို႔
ဘယ္သူကမွမထင္ပါ...။
ေျပာေျပာၿပီးၿပီးေပါ့..။
Playboyေတြအတြက္က် ဒါကChlidplay...။

"ၾကာရင္မဟုတ္ဘူး..ေန႔တိုင္းမလြယ္ေနတာ"

"ခု Jimin ကဘာလုပ္ေနလဲ
မင္း ထပ္ဖြက္ထားတုန္းလား..ေဂ်..."

"ငါ့Company သြားတယ္.....
ငါက ဘာကိစၥဖြက္ရမွာလဲ
အဲ့ေန႔က သူဝတ္စားလာတာ အဆင္မေျပလို႔
အျပစ္ေပးတာ ..."

"မိန္းကေလးမွမဟုတ္တာကြာ
ေယာက်္ားပဲ....."

"အဲ့တာဆို မင္းတို႔ ဘာလို႔ဝိုင္းၾကည့္လဲ...."

"ဒါကေတာ့ ႐ုတ္တရက္ဆိုေတာ့......."

ခပ္တိုးတိုးဆဲဆိုလိုက္သံသည္ေမာင္ႏူတ္ဖ်ားက။
Rom သည္ထပ္ခံလိုက္ရ၍ ၿငိမ္လိုက္ေတာ့
ရင္ေကာင္းမလားဟုစဥ္းစားမိလိုက္သည္။

Company မွာတဲ့လား...။Jungkook ကဒီမွာ...။
ဒီအခ်ိန္ဟာ သခင့္ဆီအေျပးသြားဖို႔
အခြင့္အလမ္း....။ေသခ်ာေပါက္Jungkook
သည္ဘယ္မွထပ္သြားမွာမဟုတ္ေတာ့...။
ၿပိဳင္ပြဲကိုသာအာ႐ုံရေနပါသည္။
TaeHyung သည္ခုံကိုလက္ကေလးေတြျဖင့္
တေတာက္ေတာက္ေခါက္ေနကာဦးေႏွာက္ကို
အလုပ္ေပးေနသည္။

မ်က္ႏွာလွလွေလးကေတာ့Romနဲ႔Jungkook
ေျပာေသာစကားေတြအား ဘာမွလည္း
သိပ္မဟုတိသလိုေပါ့ေပါ့ပါးပါးနားေထာင္
ေနသည့္ဟန္....။
တခါတေလ ...တခ်က္တခ်က္ႏူတ္ခမ္းေလး
တြန့္သြား႐ုံျပဳံးျပဳံးသြားေသးသည္။

"ဟို...ေဂ် ကိုယ္ကိစၥတခုခ်ိန္းထားတာ
ေမ့ေနတာ....ခုမွသတိရတယ္..ခဏသြားၿပီး
ည ၿပိဳင္ပြဲအမွီ ျပန္လာခဲ့မယ္...."

"႐ုတ္တရက္ႀကီး TaeHyung ကလည္း..
မသြားလို႔္မရဘူးလား...."

"မရလို႔....."

"TaeHyung ဘီးၾကဲႀကီးလွမ္းေခၚေနလို႔လား
ဂ႐ုစိုက္မေနနဲ႔စမ္းပါနဲ႔ က်ေတာ္နဲ႔ေနတာ
ပိုေဂၚတာကို ....."

"မဟုတ္ပါဘူး...ကိုယ္နဲ႔Yoongi Hyung က
မင္းတို႔ထငိသေလာက္မဟုတ္ဘူး"

"ေနာက္ထပ္ဇယားတစ္ခုဆီလား...."

"ဆိုပါေတာ့...."

အေပြးျမင္အပင္သိသလို....
ေပြေပြရွုပ္ရွုပ္ေတြမို႔ ဒက္ခနဲသိတဲ့
ပုံစံမ်ိဳးျဖင့္ ေမာင္ က ေျပာေတာ့
TaeHyung ကလည္း မူယာမာယာ
မ်က္ႏွာျဖင့္ ေခါင္းညိတ္သည္။

ေနာက္ဇယားသည္ေမာင့္ဥစၥာေလး ဆိုေတာ့တာ
ေတာ့ေမာင္မသိခဲ့..။
KimTaeHyung ကလည္း ခပ္တည္တည္ပင္
ေခါင္းညိတ္သည္။

"အဆင္ေျပပါေစ...ျမန္ျမန္ေတာ့ျပန္လာခဲ့ေနာ္
ၿပိဳင္ပြဲမွာ TaeHyung မရွိလ္ို႔မျဖစ္ဘူး
ဒီည က်ေတာ္TaeHyung ကို တံဆိပ္ႏွိပ္ပီးပီ..."

"ဟုတ္ပါပီ....ျမန္ျမနါျပန္လာခဲ့မယ္...
Rom ကိုယ္သြားၿပီေနာ္..."

"အင္း....TaeHyung..."

ေနကာမ်က္မွန္လွလွေလးကိုေကာက္တပ္ကာ
Romေရာ ေဂ်ေရာကို မ်က္ခုံးေလးတဖက္
ပင့္ကာ ခပ္တည္တည္ႏူတ္ဆက္သြားသူ
TaeHyung သည္ ကားေသာ့ေလးလွည့္လၽွက္...။

"TaeHyung ကိုမအီပါနဲ႔ဆိုကြာ....
MinYoongi ကနယ္နယ္ရရမဟုတ္ဘူးကြ
မင္းတို႔ေကာင္ေတြထိပ္တိုက္ေတြ႕မွာ
ငါစိတ္​ေလတယ္..."

"အာ႐ုံပဲ...Rom မင္းဒီေန႔တအားစကားေတြ
မ်ားေနတယ္..."

ေမာင္ သည္....ပီေကေဖာက္လၽွက္
Romကို မ်က္ေမွာင္က်ဳံ႕ၾကည့္လိုက္ေတာ့
Romၿငိမ္သြားရျပန္သည္။

ခက္တာပဲ..........။

........

"အရသာရွိရမယ္..ပုံစံေလးလည္းအရမ္းလွရမယ္
Romatic ဆန္ဆန္ေလး...
Cupcakeေလးေတြကိုျမင္တာနဲ႔ဗ်ာ
ရင္ခုန္သြားေအာင္ ....ဗူးကိုလည္းလွလွေလး
အျပာႏုေရာင္ေလးေတြဆို ပိုအိုေကမယ္....
ၿပီးေတာ့ပန္းစည္း...အျပာေရာင္ပန္းေလးေတြပဲ
Postcardမထည့္ဘူး က်ေတာ္ေပးမယ့္သူက
Postcard ထည့္လို႔မရဘူး...
ေမႊးပ်ံ႕ေနေအာင္ေနာ္...စိတ္ခ်မယ္....."

မွာစရာရွိတာမွာၿပီး..ဒီႏွစ္Collection မွာ
အမိုက္ဆုံး အဝတ္အစားSetကိုေရြးကာ
မီးခိုးေရာင္မ်က္ကပ္မွန္ကို
တပ္လိုက္သည္။
TaeHyung မ်က္လုံးေတြကအေရာင္ထည့္လိုက္
တာနဲ႔ ႐ူးခ်င္စရာမို႔ ထယ္ဒါကိုေကာင္းေကာင္း
အသုံးခ်သည္။

ျဖန္းခ်လိုက္ေသာေရေမႊးနံ႔ေတြသည္
မႊန္ထူေနကာ တကိုယ္လုံးေပါင္း
သန္းခ်ီတန္ေသာ ပစၥည္းေတြနဲ႔
ျပင္ဆင္ၿပီးေနာက္ ထြက္လာခဲ့သည္။

Cupcakeေတြပန္းေတြမွာထားေသာေနရာမွ
ဝင္ယူသည္။ ဆံပင္ျပာျပာေတြကိုတခ်က္
ဆြဲခါလိုက္ကာ ကားမွန္မွာျပည့္စုံမွုရွိမရွိ
တခ်က္စစ္ေဆးသည္။
ေအးေဆးပါပဲ....။
KimTaeHyung က KimTaeHyung ပဲေလ...။

"MD Park နဲ႔ေတြ႕ခ်င္လို႔ပါ...
ေတြ႕လို႔ရမလားဗ်...."

အေမးခံရေသာေကာင္မေလးသည္ေငးခနဲ...။
အ႐ုပ္ကေလးလို TaeHyungပုံစံသည္
မယုံနိုင္စရာ ဆန္းလွသည္။

"ရမလား...က်ေတာ္ သူ႔မိတ္ေဆြပါ..."

"ရပါတယ္...MDသူ႔႐ုံးခန္းထဲမွာရွိပါတယ္
က်မ လိုက္ပို႔ေပးမယ္ေနာ္.."

"သေဘာေကာင္းလိုက္တာ..
ေက်းဇူးပါ ေနာ္..."

"ရ..ရပါတယ္...."

ရင္ေတြဗရမ္းဗဒါပဲ....။
JeonJungkookကို ႐ုပ္တည္နဲ႔ႏူတ္ဆက္ၿပီး
သခင့္ဆီလာရတာ ဘယ္လိုအရသာရွိမွန္းမသိ..။
ဒီေကာင္က မသိရင္ သခင့္ကိုသိပ္ပိုင္သလို
သိပ္နိုင္သလို...ေခၚတာေတာင္တင္တင္စီးစီး
ParkJimin.....။
တကယ့္အရိုင္းအစိုင္း.....။

"ဝင္သြားပါရွင္....အထဲမွာရွိပါတယ္..."

သခင္ေလးJeon ကိုသာသူတို႔
ၾကည့္မရၾက၍လာျပသနာရွာတိုင္း
MD နဲ႔ မဆုံေအာင္ လုပ္ခဲ့ၾကေပမယ့္
ဒီလူေခ်ာေလးကိုေတာ့ခက္ခက္ခဲခဲ
ျဖစ္ေအာင္မလုပ္ခ်င္...။
ေစတနာဗရပြျဖစ္ေနၾကတာ Company တခုလုံး..။

TaeHyung ပါဝါသည္ ေနာက္စရာမွမဟုတ္တာ.. ။

တံခါးေလးကိုခပ္ေျဖးေျဖးဖြင့္ကာဝင္သြား
ေသာ စားပြဲမွာေတာ့သခင္ရွိမေန...။
သခင္ရွိေနတာ မတ္တပ္ဗီရိုအႀကီးႀကီးေရွ႕မွာ
ခုံတခုံေပၚတက္ေနလၽွက္ ဗီရိုထိပ္ကာ
Fileတြဲေတြကိုၾကည့္ၿပီးတခုခုရွာေနသည္။

ထည္ဝါမွုနဲ႔ တည္ၿငိမ္မွု
အသက္အရြယ္တခုရဲ့ ရင့္က်က္မွုေတြသည္
ေအးခ်မ္းေနေသာသခင့္မ်က္ႏွာေပၚမွာ
အျပည့္အဝ...။
မုန့္ဗူးလွလွေလးနဲ႔ပန္းစည္းေလးကိုကိုင္လၽွက္
TaeHyung ေငးၾကည့္မိသည္။

႐ုတ္တရက္ပါပဲ....။ကံေကာင္းတာလား
ကံပဲဆိုးတာလား ဘာမွန္းေတာ့မသိ။
ခုံေပၚကို ထပ္ေျခဖ်ားေထာက္ၿပီးနည္းနည္း
အလွမ္းေဝးေသာFileတခုကိုသခင္ဆြဲယူလိုက္ခ်ိန္
ဟန္ခ်က္လုံးဝပ်က္သြားကာဆိုးဆိုးဝါးဝါး
ခုံေပၚမွျပဳတ္က်ေတာ့သည္။

TaeHyung မ်က္လုံးေတြျပာသြားခဲ့သည္။
လက္ထဲကပစၥည္းေတြအကုန္လႊတ္ခ်လၽွက္
ခုံေပၚမွ႐ုပ္ပ်က္ဆင္းပ်က္ျပဳတ္က်ေတာ့မည့္
သခင့္ဆီကိုေျပးသြားလိုက္သည္။

"အမယ္ေလး!!!"

႐ူးေရာေပါ့.....။ပစ္စလတ္ခတ္သခင္ဟာ
အခ်ိန္ကိုက္ေျပးဖမ္းထားခဲ့ေသာ
TaeHyung ရင္ခြင္ထဲကိုအံဝင္ခြင္က်ပဲ...။
ထိထိမိမိကိုင္ထားရတာခါးေသးေသးေလး...။

ဒီေန႔က အသက္ရွင္ခဲ့ရတဲ့၂၃ႏွစ္လုံးမွာ
ကံအေကာင္းဆုံးေန႔ဟုပင္ဆိုလို႔ရပါသည္။

ေပါ့ေလၽွာ့ၿပီးဟန္ခ်က္ပ်က္လို႔ျပဳတ္က်ကာ
က်ိဳးပဲ့ၿပီဟုထင္ခဲ့ေပမယ့္ ၾကမ္းျပင္ေပၚ
မက်ဘဲ လူတစ္ေယာက္ရင္ခြင္ထဲေရာက္
သြားခဲ့တာေၾကာင့္Jimin ႏွစ္ဆပိုလန့္သြားခဲ့သည္။

အလန့္တၾကားဖမ္းထားေပးသူကို
ျပဴးၾကည့္လိုက္ေတာ့ မီးခိုေရာင္မ်က္လုံးေတြ...။
ၿပီးေတာ့ သိပ္ၿပီးျပည့္စုံေသာမ်က္ႏွာတခု...။
စိမ္းျပာေရာင္ဆံပင္ေတြနဲ႔ KimTaeHyung...။
အနီးကပ္ၾကည့္မွ KimTaeHyung မ်က္ႏွာဟာ
အျပစ္အနာအဆာတစ္ခုမွမရွိ...။
စိုက္ၾကည့္ေနေသာ မ်က္လုံးေတြသည္
ရီရီေဝေဝဆန္လိုက္တာ...။

ျပည့္ဖူးေနေသာမ်က္ႏွာေလးသည္
အိမ္မက္ေတြကထက္ အမ်ားႀကီးပိုလွေနတယ္...။
လန့္ေနေသာ မ်က္လုံးေလးေတြ
မယုံနိုင္ေသာအမူအယာေလးေတြက
ဘယ္ေတာ့မွလႊတ္မေပးလိုက္ခ်င္စရာ....။

ခ်စ္လိုက္တာ သခင္ရယ္......။

ဆိုင္သူေလးဟာ....Leatherဂ်ာကင္
တက္တူးအျပည့္နဲ႔လက္ေမာင္းေတြ
မိုက္တိမိုက္ကန္း
ဆိုးဆိုးဝါးဝါးေမာင္နဲ႔ျဖစ္တည္မွုက်
သၾကားမပါတဲ့ အျပင္းရွဆုံး BlackCoffee
ေလးလိုမ်ိဳး.....။

ဆိုင္သူေလးဟာ..အျပာေရာင္ဆံပင္ႏုႏုေလးေတြ
အပြင့္အခတ္ေတြပါတဲ့ အႏုစိတ္ဝတ္စား
ဆင္ယင္ပုံနဲ႔ Royal ဆန္ဆန္ ေကာင္းကင္ျပာ
ေလးနဲ႔ျဖစ္တည္မွုက်Romatic အဆန္ဆုံး
ခပ္ခ်ိဳခ်ိဴ Cappuccino ေလးလို....။

"သတိထားမွေပါ့....."

ဩရွရွအသံထြက္လာေတာ့မွJimin
သတိျပန္ဝင္လာကာ႐ုန္းထြက္လိုက္သည္။
သူကဘာကိစၥCompany ႐ုံးခန္းထဲအထိေရာက္
လာရတာလဲ...။

ေမႊးပ်ံ႕လြန္းေသာ ေရေမႊးနံ႔အေကာင္းစားေတြ
သည္ေခါင္းေတြပင္မူးသြားသလိုလို
စီးကရက္နံ႔ေတြနဲ႔ ေနသားက်ေနလို႔သာ
မေျပာတတ္...Jimin မ်က္ႏွာမဲ့ခနဲ႔...။

"ေက်းဇူးပဲ....."

"မလိုပါဘူး...သတိသာပိုထားေပးပါေနာက္ဆို.."

အဓိပၸာယ္ေတြေယာက္ယက္ခတ္ေနတဲ့
KimTaeHyung မ်က္လုံးေတြဟာ
ျမင္လိုက္တိုင္းတခါမွသက္ေတာင့္သက္သာ
မရွိ...။စိတ္ထဲကကို အလိုလိုအဆင္မေျပေန..။

"ဘာကိစၥရွိလို႔လဲ....ထိုင္ပါအုန္း..."

Jimin ကဆိုဖာကိုလက္လွမ္းျပေတာ့
TaeHyung က မုန့္ဘူးနဲ႔ပန္းေတြကို
ယူကာထိုင္လိုက္သည္။

Jimin သည္မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္
လိုက္ကာခင္လည္းမခင္မင္
ဘာအဆက္အစပ္မွလည္းမရွိဘဲ
က်ဴးေက်ာ္ေရာက္လာသူကို လက္ပိုက္ကာ
ေျခဆုံးေခါင္းဆုံးအျပန္ျပန္အလွန္လွန္ၾကည့္ေနသည္။

"ေဂ် ေဆး႐ုံတက္ရတယ္လို႔ၾကားလို႔ေလ
ေဆး႐ုံကမဆင္းခင္ထဲက
သတင္းေမးခ်င္ေနတာ မအားလို႔
မေမးရဘူး...ဒီေန႔ ထယ္ အားလို႔
ေဂ့် ကိုဖုန္းဆက္တာ ဖုန္းမကိုင္ဘူး
သူငယ္ခ်င္းေတြကိုေမးၾကည့္ေတာ့
MD Park နဲ႔အလုပ္မွာရွိတတ္တယ္လ္ို႔
ေျပာလို႔ လိုက္လာတာ...."

JeonJungkook ရဲ့အရွုပ္ေတြ...။
ပိုင္ရွင္ရွိေန ရည္းစားငုတ္တုတ္နဲ႔လည္း
မဆုံးနိုင္တဲ့ အမၽွင္အတန္းေတြ...။
ဘယ္အမၽွင္အတန္းမဆို ဥေပကၡာျပဳနိုင္ေပမယ့္
ဒီေကာင္ေလးဆို ဥေပကၡာမျပဳနိုင္ေတာ့။
ဝိဥာဥ္ေျပာင္းသလို ပူေလာင္ျခင္းစိတ္က
အလုံးလိုက္အရင္းလိုက္ပဲ....။

"JeonJungkook က အလုပ္ကို
ပိုက္ဆံေတာင္းဖို႔အျပင္မလာဘူး...
ခုလည္းမရွိဘူး..."

"ဟုတ္လား....လြဲျပန္ၿပီ..
ထယ္က ရွိေနမယ္မွတ္ေနတာ...."

"Clubေတြ Barေတြ မေကာင္းတဲ့
ေနရာေတြမွာ သြားရွာတာပိုနီးစပ္အုန္းမယ္
TaeHyung ရယ္ Company နဲ႔
သူလိုေကာင္နဲ႔က ဘယ္မွာအက္စပ္မွာလဲ...."

"ဟုတ္ပါရဲ့ေနာ္ MD Parkတို႔
အခ်င္းခ်င္းလည္းအဆင္ေျပေနတာမွ
မဟုတ္တာ ထယ္ ၾကားပါတယ္
ကိစၥေတြကို တကယ္စိတ္မေကာင္းပါဘူး..."

အဲ့ေန႔က သူသနားစရာလိုKimTaeHyung
ေရွ႕က်မွ ႐ုန္းရင္းဆန္ခတ္ပါသြားရတာ
ေတြးမိတိုင္းရွက္သလိုလို မခံခ်င္စိတ္လိုလို
ဒီေကာင္ေလးက JungKook ဆို
သိပ္ပိုင္ပိုင္နိုင္နိုင္ပုံစံေတြ...။

MD Parkမ်က္ႏွာရဲခနဲ....။

"ေဂ် က လည္းခက္တယ္..
ထယ္ တို႔ကို ဆို လုံးဝေကာင္းေကာင္းဆက္ဆံ
ၿပီး MD Parkက်မွ ဘယ္လိုျဖစ္တယ္မသိ..."

လာကလိေနတာ.....။ေျခေထာက္ကေလး
ခ်ိတ္ၿပီး စဥ္းစားသလိုေျပာဟန္က
Jimin စိတ္ကို ေလာင္စာတိုက္ေနသည္။

ေဆး႐ုံကဆင္းလာၿပီးထဲ ကအဆင္ေျပေသာ
ဆက္ဆံေရးတြင္JungKook နဲ႔သူ
အရင္လို တက်က္က်က္မျဖစ္ဘဲ
မနက္စာအတူတူစားတာမ်္ုး
ညစာအတူတူစားတာမ်ိဳးေတြအထိ
တိုးတက္လာသည္။
စိတ္ခ်မ္းသာလာသလိုမ်ိဳးခံစားေနရကာ
ဘဝသည္ အဆင္ေျပလာၿပီထင္ခါမွ
ဒီ အျမင္ကပ္စရာ အ႐ုပ္လိုမ်က္ႏွာေခ်ာေခ်ာက
လာလာစမ္းေနျပန္သည္။

ထယ္တို႔ကိုဆိုလုံးဝေကာင္းေကာင္းဆက္ဆံတယ္တဲ့။
လက္ပိုက္ထားသူ၏လက္ေခ်ာင္းေသးေသး
ေလးေတြတင္းခနဲ...။
သူ႔ကိုဆို JeonJungkook ကဘယ္တုန္းက
တမိနစ္ျပည့္ေအာင္ေကာင္းေကာင္းစကားေျပာဖူးလို႔လဲ။
အငုံစိတ္ေလးသည္ မသိစိတ္တြင္မနာလိုစြာ....။

"ဒီလိုပါပဲ ငယ္ေသးတာလည္းပါမွာေပါ့..
ကိုယ္က ေတာ့ အဆင္ေျပပါတယ္...
ေအးေဆးပဲေလ..."

သခင္ မျမင္နိုင္ဘူးလား...။
ကိုယ့္အေပၚဒီေလာက္ႀကီးလြန္ၾကဴးေနတာကို
ျမင္သာေအာင္ေသြးခြဲေျပာျပလည္း
သခင္က ခပ္ေမာ့ေမာ့မ်က္ႏွာမ်ိဳးျဖင့္
အားၿပိဳင္ေနျပန္သည္။

"ေတာ္ေသးတာေပါ့....စိတ္ကိုသက္သာေအာင္
ထားတတ္လို႔...ထယ္ သာ ဆို မခ်စ္ဘဲ
တည္ေဆာက္ထားရတဲ့အိမ္ေထာင္ေရးမ်ိဳး
ကို ခံစားနိုင္မွာမဟုတ္ဘူး..."

ရဲတင္းလိုက္တာ...၊ဒါဟာသူနဲ႔Jungkook နဲ႔
ပဲဆိုင္တဲ့ကိစၥ။Personal စစ္စစ္ႀကီးေလ။
JeonJungkookကိုသူဒီလိုေဝဖန္ေျပာဆိုတာ
သူတို႔ၾကားကအကန့္ေတြနဲ႔မို႔သဘာဝက်ေပမယ့္
သူ႔႐ုံးခန္းထဲထိလာၿပီး
Jungkook ကသူ႔ကို မခ်စ္ဘူးေျပာတာေတာ့
လြန္တာေပါ့.....။
ေဘာင္ေက်ာ္႐ုံမက စၾကာဝဠာအျပင္ဘက္
ေရာက္ေနၿပီ..။

KimTaeHyung ကဘာလဲ.....။

ParkJimin ဟာ ဘာမွဘာေဘာင္မဝင္ပါဘူး..
ေယာက်္ားကမၾကင္နာလို႔ စိတ္သက္သာရာ
ေလးရွာေဖြေနရတဲ့ သနားစရာေကာင္လို
ဒီေကာင္ေလးကမ်က္ႏွာလာေျပာင္ေနတာ...။

ငါ့ကိုဘယ္လိုဂ႐ုစိုက္ပါတယ္လို႔
ဘက္ၿပိဳင္ေျပာလို႔မရခဲ့..။
JeonJungkook ကလူေရွ႕ဆိုသူ႔ကို
ႏွိပ္စက္ရိုက္ႏွက္ခဲ့တာႀကီးမလို႔ ရင္ထဲက်ပ္သိပ္လာသည္။

KimTaeHyung ကေတာ့ယုံၾကည္မွုရွိတာေပါ့။
သူငုတ္တုတ္ႀကီးနဲ႔ေတာင္ Jungkook ရဲ့
ဂ႐ုစိုက္တဲ့အၾကည့္အေျပာေတြကို
ေပါေပါေလာေလာရေနတဲ့သူ။

ငါ့ကိုစိန္လာေခၚေနျပန္ၿပီ...။

မေျပာသင့္မွန္းသိေပမယ့္ ကိုယ့္ကို
မၾကင္နာ မခ်စ္ခင္တဲ့သူနဲ႔ ေနရတာ
သခင္ဘယ္လိုမွအဆင္မေျပနိုင္ေၾကာင္း
လည္းသိေစခ်င္သည္။

မခံခ်င္သလိုျဖစ္သြားေသာမ်က္ႏွာေလးကို
သတိထားမိေပမယ့္ ေျပာတိုင္းသိပ္မထိေရာက္
သလို သခင္က ခပ္သာသာမလို႔
ထယ္ေယာင္းသည္ ကိုယ့္ကိုကိုယ္လည္းအားမရ။
သူဒီေလာက္ညံ့တတ္တာမွမဟုတ္တာ။

ဒီေလာက္ေတာင္နားမလည္ရသလား....။
ဘဝအဆက္ဆက္...ဒီအလွတရားေလးဟာ
ဒီအခ်ိဳးပဲ...။
ဒါဆိုဒါပဲ....သိပ္ခိုင္ခံ့လြန္းေသာစိတ္ႏွလုံးသားကို
သူဘယ္လို ခိုးယူရမလဲ....။
တကယ္ပါ...လြယ္သေယာင္ေယာင္နဲ႔ခက္လာၿပီ။

"တဆိတ္ ထယ္ေယာင္းက ကိုယ့္ကို
ေယာက်္ားက ခ်စ္မခ်စ္ေပၚမွာ
ခံစားၿပီး အသက္ရွင္ေနတဲ့သူလို႔ထင္ေနတာလား
ကိုယ့္အသက္အရြယ္မွာ အခ်စ္ဆ္ိုတာ
ဘယ္ေနရာမွာမွေဘာင္မဝင္ေတာ့ဘူး
စီးပြါးေရးေတာင့္တင္းဖို႔ ကိုယ့္မိသားစု
ကိုယ့္ဘဝ သက္ေတာင့္သက္သာျဖစ္ဖို႔ကပဲ
အေရးႀကီးေနတာ....ထယ္ေယာင္းေျပာမွပဲ
အခ်စ္ဆိုတာကို သတိရေတာ့တယ္
ကိုယ္က JeonJungkook ခ်စ္တာမခ်စ္တာကို
ဂ႐ုစိုက္ေနတဲ့လူမ်ိဳးမဟုတ္ဘူးေနာ္..."

ခ်စ္ဖို႔လာတာ.....ၿပိဳင္ဆိုင္ေျပာေနရသည္။
လြဲစမ္း KimTaeHyung.....။

"အခ်စ္က အိမ္ေထာင္ေရးမွာ
အေရးႀကီးဆုံးလို႔ ထယ္ ထင္လို႔ပါ....."

"MinYoongi က မင္းကို
ဘဝ အေၾကာင္းေတြမေျပာျပဘူးနဲ႔တူတယ္
ကေလးဆန္ဆန္သိပ္ေတြးတာပဲ...."

မဲ့ျပဳံးျပဳံးကာ သူ႔ကိုတကယ္ကို
ကေလးကလားလို ခပ္ႏွိမ္ႏွိမ္ၾကည့္ပုံသည္
စိတ္မဆိုးနိုင္....။
ေငးခနဲ ေတြးခနဲပဲ.....။

"ထင္လို႔ပါ...ထယ္က MD Park
ထင္သေလာက္ ကေလးမဆန္ပါဘူး..."

အေရာင္မွိုင္းမွိုင္းမ်က္လုံးေတြသည္
Jimin ကိုခပ္ညိဳ႕ညိဳ႕ၾကည့္တဲ့အခါ
Jimin ကလည္းခပ္စူးစူးျပန္ၾကည့္ေနသည္။

ထယ္ေယာင္းဒီလိုအၾကည့္ေတြနဲ႔ပဲ
ကမၻာပတ္ရွုပ္ခဲ့တာ...။
ေတာ္႐ုံလူစကၠန့္ပိုင္းအတြင္းအရည္ေပ်ာ္
သြားၾကၿပီး လြယ္လြယ္ကေလးလက္ထဲ
ေရာက္လာခဲ့သည္။

Jungkook ကိုေတာင္စေတြ႕တုန္းက
ေသခ်ာညႇို႔ယူခဲ့တာပဲ...။
JungKook အပါအဝင္အားလုံးေငးေမာၿပီး
ေမ်ာပါသြားခဲ့ၿပီးမွ သခင္က်မွ
ၿပိဳင္ၾကည့္လာသည္။
TaeHyung လက္ဖ်ားေတြ
ေအးစက္သြားသည္။

ျဖားေယာင္းတာေတြကမတိုးဘူးလား...။
ကိုယ္ကျဖားေယာင္းရင္း ကိုယ္ပဲၿပိဳဆင္းရသြား
ေသာအေျခအေနကို ParkJimin တစ္ေယာက္ပဲ
ဖန္တီးနိုင္ပါလိမ့္မည္။

ယုံၾကည္မွုရွိရွိထုတ္သုံးလိုက္တဲ့လက္နက္ထက္
ပိုအားျပင္းေသာ လက္နက္သည္
မ်က္ရစ္မပါတဲ့ မ်က္ဝန္းက်ဥ္းက်ဥ္းေတြထဲက
ထြက္လာတဲ့ စူးရဲလြန္းေသာအေငြ႕အသက္ေတြ....။

မ်က္လႊာခ်ပစ္လိုက္ရသူက ထယ္ေယာင္း...။
ခ်စ္တဲ့သူမို႔ မခံစားနိုင္ပါ...။
သခင္ သည္ အင္အားႀကီးလြန္းလွပါသည္။

"ထယ္...သတင္းလာေမးရင္း
မုန့္ဝယ္လာခဲ့တာ....ေဂ်က မရွိဘူးဆိုေတာ့
MD ပဲ ယူၿပီး ႀကိဳက္တယ္ဆို စားလိုက္ပါ...."

စကားလမ္းေၾကာင္းမလႊဲ၍မရေတာ့...။
တကိုယ္လုံးေအးစက္ေနၿပီ။

ကမ္းေပးလာေသာမုန့္ဘူးကိုJimin
ၾကည့္ကာ လက္သီးမဆုပ္မိေအာင္
ထိန္းလိုက္ရသည္။

ဒါလူနာလာေမးတဲ့ မုန့္တဲ့လား...။
ႏုဖက္လွပေနကာ မသိရင္ ခ်စ္သူရည္းစား
ကိုေပးတဲ့ပုံမ်ိဳး...။
သူ႔ဆီသာေရာက္မလာဘဲ ဟိုလူဆိုးဆီ
ဒါမ်ိဳးဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္သြားၾကည့္
အူျမဴးၿပီး ဘယ္ေလာက္ ကလီကမာဆန္ေနမလဲ။
ေတြးရင္နဲ႔ေတာင္ ေဒါသမီးသည္ထေတာက္သည္။

KimTaeHyung ကလည္းေပးရဲသည္။
ပန္းစည္းကလည္းပါေသး...။
ဒါဟာ သူ႔ကိုဂ႐ုမစိုက္ေၾကာင္း
JeonJungkook နဲ႔ပတ္သတ္မွုမွာ
ParkJimin က ေယာက်္ားမကလို႔
ဘာျဖစ္ျဖစ္ JeonJungkook ရဲ့
အလုပ္သမားသာသာဆက္ဆံမွုေတြေၾကာင့္
ဒီလို စကားနဲ႔ကလိလိုက္ အရာဝတၱဳေတြနဲ႔
မ်က္ႏွာေျပာင္လာတိုက္လည္း
သူ႔မွာ ပိတ္ပင္တားဆီးနိုင္တဲ့ Jungkook
အေပၚလႊမ္းမိုးျခင္းအာဏာမ်ိဳးမရွိေနပါဘူးဆိုတဲ့
ပညာျပမွုမ်ိဳး....။
တဖက္လွည့္နဲ႔ လုပ္ျပသြားေသးသည္။

Company ႐ုံးခန္းထဲအထိ ေအးရာေအးေၾကာင္း
လာရွို႔ခံေနရတာ JeonJungkook ကို
ခုခ်က္ခ်င္းေခၚ ေသေအာင္ထုရိုက္ပစ္လိုက္ခ်င္တဲ့
အထိပဲ...။

သူရွုပ္လို႔ ဒီမွာပူေနရတာ...
အရင္ကမပူလည္း ခုပူတတ္လာၿပီ....
ဒီCupcake လွလွေလးေတြသာ
အဲ့ဒီေကာင္ပါးစပ္ထဲေရာက္ၾကည့္
အကုန္ျပန္အန္ထုတ္ခိုင္းမွာ....။

"ဝယ္တတ္လိုက္တာ ...
ေတာ္ေတာ္လွတာပဲ....."

"ေသခ်ာေပါက္စားလိုက္ေနာ္...
ထယ္က....."

စကားဆက္မေျပာနိုင္ စားပြဲေပၚမွာခ်ထားေသာ
ထယ္ေယာင္းဖုန္းScreen သည္လင္းလာသည္။
J ဆိုေသာ နာမည္ႏွင့္ဖုန္းScreen ကို
Jimin ေသခ်ာျမင္လိုက္တာေပါ့။
လက္ပိုက္သာမပ်က္တာ....
စိတ္ကေတာ့ ေတာ္ေတာ္ပ်က္ေနၿပီ....။
TaeHyungကခ်က္ခ်င္းဖုန္းကိုေမွာက္ခ်လိုက္ကာ
ခဏ ဟု ေျပာၿပီး အျပင္ထြက္သြားသည္။

"Hello ေဂ်...ဘာျဖစ္လို႔လဲ....."

"ဘာမွမျဖစ္ဘူး က်ေတာ္တို႔...
ကြင္းကိုသြားႏွင့္ၿပီ ထယ္ေယာင္းလာရင္
Rom အိမ္ကိုမဝင္နဲ႔ေတာ့ကြင္းကိုတန္းလာခဲ့.."

"ေအာ္....အင္းပါ...သြားႏွင့္ေလ.."

"အဆင္ေျပရဲ့လား Dateေနတာ
ေအာင္ျမင္ပါေစဗ်ာ....
ၿပိဳင္ပြဲေတာ့ က်ေတာ့္ဆီလာရမွာေနာ္...."

"ေျပတာေပါ့....အရမ္းေျပ...."

"ေကာင္းပါၿပီ...ဒါဆိုဒါပဲေနာ္ ထယ္ေယာင္း.."

"အင္း...အင္း..."

ထိုးခ်င္လိုက္တာ....လက္ေတြယားေနၿပီ။
ဘယ္လိုေျပာေျပာတရားမရနိုင္တဲ့
သခင္ဟာ ဒီလိုေပါ့ပ်က္ေကာင္ကို
ဘာေတြစြဲၿပီး အတူတူေနခ်င္ေနတယ္္မသိ။

လူတိုင္း...ကိုးကြယ္ေနတဲ့အခ်စ္ကိုေတာင္
အမွိုက္သာသာလုပ္ပစ္ၿပီး
JeonJungkook ေပးတဲ့ဒုကၡေတြကိုပဲဆက္ၿပီး
ခါးစီးခံမယ္ဆိုတာမ်ိဳး...။

ရီစရာအမွန္တရားႀကီး....။

ျပန္လွည့္မယ္က်န္ေတာ့ ဒုတိယဖုန္းCallသည္
MinYoongi ဆီက..။
တကယ့္ေန႔...တကယ္ကိုတကယ့္ေန႔ပဲ။

"Hello လူႀကီး...."

"ထယ္ ဘယ္မွာလဲ....."

"အျပင္မွာ...လူႀကီးလာလို႔မရဘူး
ေဝးတယ္..."

"မလာပါဘူး လူႀကီးလည္းမအားဘူး..
မနက္ျဖန္က် လူႀကီးစားေသာက္ဆိုင္
အသစ္ေတြ႕ထားတယ္ အဲ့တာDateမလို႔
ႀကိဳေျပာထားတာ...."

"Dateတာေတြ...အလုပ္ရွုပ္လိုက္တာ
ဘာေတြအဆန္းလာထြင္ေနတာလဲ...."

"မင္းနဲ႔ငါ Dateတာ အဆန္းထြင္တာလား
KimTaeHyung...."

"ထားပါေတာ့ ထယ္ပဲမွားတာ...
လူႀကီးက ခုဘယ္မွာလဲ...."

"MD Park ဆီအလုပ္ကိစၥေျပာဖို႔သြားေနတာ..."

"ဟမ္!!"

"ဘာျဖစ္လို႔လဲ...."

"ဘာမွမျဖစ္ပါဘူး....ဘာမွမျဖစ္ဘူး
ဒါပဲေနာ္ လူႀကီး..မနက္ျဖန္ စီးယူ..."

ေသစမ္းKimTaeHyung ေသလိုက္စမ္း..။
MinYoongi နဲ႔ဆုံတာနဲ႔ဘာမွအရာမထင္ေသး
ခင္စကားေတြေျပာရလိမ့္မည္။
မျဖစ္ေသး..။အာ႐ုံတခါပဲအေနာက္ခံမည္။

"MD ထယ္ ျပန္ေတာ့မယ္.....
ကိစၥေလးတစ္ခုေပၚလာလို႔....."

ေဂ် ဆိုေသာ နာမည္ႀကီးနဲ႔ဖုန္းဝင္လာၿပီး
ခ်က္ခ်င္းျပန္ေျပးေတာ့မည့္KimTaeHyung
သည္ တခုခုေလာေနသလို....။
ပိုကဲေနလိုက္ၾကတာ....။

"အိုေက အိုေက...မုန့္အတြက္ေက်းဇူးေနာ္..
ေနာက္လည္း ဝင္လာခဲ့ပါအုန္းၾကဳံရင္
ကိုယ္ ႀကိဳဆိုတယ္ေနာ္..."

"အင္း....လာခဲ့ပါ့မယ္....."

"ပန္းေတြကေမႊးလိုက္တာလူနာအစား
ပန္းအတြက္လည္းေက်းဇူးေနာ္.."

သခင္သည္ ဝယ္လာေပးခဲ့ေသာပန္းလွလွ
ေလးကိုနမ္းေမႊးလိုက္ကာေျပာသည္။
TaeHyung မ်က္လုံးေတြဝိုင္းခနဲ...။

ခြင့္လႊတ္တယ္ ခြင့္လႊတ္လိုက္တာေပါ့
သူေျပာသမၽွ ကန့္လန့္ေတြႀကီးျပန္တုံ႔ျပန္ေနေသာ
သခင့္ရဲ့ခပ္မာမာေလသံနံ႔မ်က္လုံးေတြကို
အသဲယားေဒါသထြက္ခဲ့သည္။

မသိရေကာင္းလား ကိုယ္ကသူ႔ကိုခ်စ္လို႔
ၾကားဝင္ေနတာ သူက တျခားအေပၚမွာပဲ
သြားပုံေအာ ပူေလာင္ေနတာႀကီးက
အလြဲႀကီးေလ...။

ဒါေပမယ့္ ဝယ္လာေပးေသာ ပန္းေလးကို
နမ္းလိုက္တာ သူ႔ကိုလာနမ္းလိုက္သလိုပဲ။
အရည္ေပ်ာ္ၾကကာအေယာင္ေယာင္အမွားမွားေတြ
ျဖစ္ေနၿပီး ရင္ေတြတလွပ္လွပ္...။

ခြင့္လႊတ္လိုက္ရတယ္.....။
ဒီတခါလည္းခြင့္လႊတ္လိုက္ရတာပဲ။
ဘာေၾကာင့္လဲဆို ခ်စ္တာကို...။
သိပ္ခ်စ္တာ....။
ႏူတ္ခမ္းေတြေတာင္ေႏြးလာၿပီး
ေျခလွမ္းေတြလည္းမွားကုန္တာ....။

"သြား....သြားေတာ့မယ္ေနာ္...."

"အင္း....."

TaeHyung သည္ကားေသာ့နဲ႔ဖုန္းယူကာ
အျမန္ဆုံးထြက္ေျပးခဲ့ရသည္။
TaeHyung ကားနီနီေလး Company
ေရွ႕ကမိုင္ကုန္ေမာင္းအထြက္
MinYoongi ၏ကားအနက္ႀကီးသည္ဝင္အလာ။
ကပ္သီးကပ္ဖဲ့အေျခအေနေလး.... ။

KimTaeHyung ထြက္သြားၿပီးသည္ႏွင့္
ေတာက္တခ်က္ျပင္းျပင္းေခါက္လိုက္သူ
Jimin သည္ လုံးဝတင္းမာေနၿပီ။

ဘယ္သြားမွာလဲသူသိေနသည္
ဘယ္သူကေခၚလို႔ခ်က္ခ်င္းေျပးသြားသလဲ
သူသိသည္...သိေနေပမယ့္
ထိုင္သာေနရသည္။
စိတ္ေတြထဲတႏုံ႔ႏုံ႔...။

ဘာလို႔လဲParkJimin ...
ဘာလို႔ေသမတတ္ရင္ေတြပူေနရတာလဲ...။
သူ႔ကိစၥ သူ႔ဘဝ ေလ မင္းဘာေတြျဖစ္ေနတာလဲ။

ေမာင္ကေလ....ေမာင့္က္ိုေလ..
ေမာင္က မင္းကို......

ခ်ိဳခ်ိဳအီအီ အသံေတြျပန္ၾကားေယာင္လာေတာ့
အသက္ရွုေတြပင္က်ပ္လာသည္။
JeonJungkook ကေသခ်ာေပါက္
သူ႔ကိုဆက္ဆံသလိုပဲ မာယာေပါင္းတသိန္းနဲ႔
လိုက္ဆက္ဆံေနအုန္းမွာ....။

ငါ...ငါ သဝန္တိုေနတာလား....
ငါမနာလိုေတြ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတာပဲ
ဆံပင္ေတြကိုဆြဲဆုပ္ကာ တုန္လွုပ္စြာ
ဆိုဖာေပၚတြင္မ်က္လုံးေတြမွိတ္ထားရသည္။

Hyungနဲ႔တုန္းကေတာင္ဒီလိုမ်ိဳးေတြတခါမွ
မတုန္လွုပ္ဖူးပါဘူး...။

ဒုတိယအႀကိမ္ေတာက္ေခါက္သံသည္ပိုက်ယ္ခဲ့သည္။

ငါ ဒီစိတ္ေတြကမဟုတ္ေသးဘူး...
ကၽြန္းမွာထဲက ဟုတ္တယ္...
JeonJungkook မ႐ူးဘဲ
႐ူးတာကငါျဖစ္ေနတာထင္ပါတယ္...။

အဲ့ဒီKimTaeHyung နဲ႔ကိုမႀကိဳက္ပါဘူး...။

"MD Park....!ဝင္လာမယ္ေနာ္...."

လူသံၾကား၍ ေလာင္ေနမွုအရွိန္ကိုခ်က္ခ်င္း
ထိန္းလိုက္ကာ ဆံပင္ေတြကိုပုံစံျပန္ခ်လိုက္သည္။

"MinYoongi ပါလား...အေၾကာင္းလည္း
မၾကား..."

"ဟုတ္ပါရဲ့ အကြက္အကြင္းတခုေတြ႕ထားလို႔
MD Parkနဲ႔ တိုင္ပင္ခ်င္တာေလးရွိလို႔ေလ..."

ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ပါပဲလား....။
KimTaeHyung သူ႔ကိုရွို႔သြားသမၽွ
MinYoongi ကိုျပန္ေလာင္းေပးရမည္။
ParkJimin ကို တဆ ပူေစရင္
ParkJimin ကႏွစ္ဆ ျပန္ပူေစလိုက္ရမွ.....။

ငါဒီလိုအေၾကာခံလိုက္ရတာပါလားလို႔
ဝမ္းနည္းနာက်င္ေနမဲ့ထဲမပါ...
တစ္ခ်က္ လာရိုက္ရင္ တစ္ခ်က္ျပန္ရိုက္ပီးသားပဲ။

MD Parkသည္ MD Minကို TaeHyung
သူ႔ဆီလာကာ ဒီလက္ေဆာင္ပဏၰာေတြကို
သူ႔ေယာက်္ားငယ္ငယ္ေလးကို လာေပးေၾကာင္း
စကားေျပာရတာ တမ်ိဳးေလးျဖစ္ေၾကာင္း
ပိုပိုသာသာ လြန္လြန္ၾကဴးၾကဴးျဖင့္
မာယာတခ်ိဳ႕ပါေသာ စကားေတြနဲ႔
ပညာသားပါပါ Yoongi ကိုသိေစသည္။

ကိုယ့္လူကိုယ္ထိန္းဆိုတဲ့မ်က္လုံးေတြနဲ႔
MD Parkသည္ ဗိလိန္ေလးထက္ပိုေၾကာက္စရာ
ေကာင္းေနကာ ဗီလိန္ဇာတ္႐ုပ္ပိုက်ေနတဲ့သူ..။

MinYoongi မ်က္ႏွာမဲခနဲ......။
စားပြဲေပၚက လက္ေဆာင္ေတြကိုၾကည့္ကာ
KimTaeHyung ကိုလုံးဝကို လက္ထပ္ၿပီး
အပိုင္သိမ္းမွျဖစ္ေတာ့မည္ဟု ဆုံးျဖတ္ခ်က္
ခ်လိုက္ရသည္။

အလိုလိုက္တာခ်စ္လို႔....
အိမ္ေထာင္သည္ ေယာက်္ားအထိေတာ့
သေဘာထားမႀကီးနိုင္...။

MD Parkသည္ ေဒါသထြက္ေနသာ
Yoongi မ်က္ႏွာကို ၾကည့္ကာမသိမသာျပဳံးယဲ့ယဲ့...။

အိမ္ကေကာင္လည္း အိမ္ျပန္ေရာက္မွ
တပြဲတလမ္းစမ္းတာေပါ့ေလ...။
ညစ္ပတ္ၿပီးၿပီျဖစ္၍ စိတ္ေတာ့အနည္းငယ္
ခ်မ္းသာသြားပါသည္။
မဟုတ္ရင္ တစ္ေယာက္ထဲ ပူေနရတာ
မတရား....။

ရွင္းစမ္း KimTaeHyung........။

................

အိမ္ျပန္ခ်ိန္သည္ ညတစ္နာရီေက်ာ္ေနၿပီ....။
ဒီညၿပိဳင္ပြဲမွာ ဆိုက္တိုက္နိုင္ခဲ့ကာ
လူသည္ေလေပၚေျမာက္ေနၿပီးမဆိုသေလာက္ေလး
လည္းမူးလာသည္။

ေမာင္ သီခ်င္းေလးညီးကာ
အိမ္ေတာ္ႀကီးထဲသို႔တက္ႂကြစြာဝင္လာခဲ့ၿပီး
ႀကိဳဆိုေနေသာ ႏွင္းေခြးႀကီးကို ရႊတ္ခနဲနမ္းကာ
အိမ္ေပၚသို႔တက္လာသည္။
ညတစ္နာရီမို႔ တအိမ္လုံးအိပ္ေနၾကကာ
တိတ္ဆိတ္ေနသည္။

သံစဥ္တခ်ိဳ႕ညီးၿပီးအခန္းဆီသို႔ေလၽွာက္လာ
ခ်ိန္ အမွတ္တမဲ့ မာနရွင္ အခန္းကိုၾကည့္မိလိုက္တဲ့အခါ
ဟင္ခနဲျဖစ္သြားၿပီး ေသခ်ာေအာင္ခပ္ဟဟတံခါး
ကိုအသံမထြက္ေအာင္ဖြင့္ကာၾကည့္လိုက္ရသည္။

ညတစ္နာရီေက်ာ္တဲ့အထိအလုပ္စားပြဲေပၚ
မွာငုတ္တုတ္ထိုင္ၿပီး ဖုန္းသုံးေနတဲ့သူ။
ဒီအခ်ိန္ႀကီးအထိ ႀကိဳးစားပမ္းစား
ဖုန္းသုံးစရာဘာအေၾကာင္းရွိလို႔လဲ..။

KimNamJoonနဲ႔ Chatေနတာမ်ားလား...။

ေျခသံမၾကားေအာင္တိုးတိုးေလးေျခဖြ
နင္းကာေလၽွာက္သြားၿပီးေနာက္ကခိုးၾကည့္ေတာ့
ေမာင့္ မ်က္လုံးေတြ ျပဴးခနဲ..။

ဒါဘာလုပ္ေနတာလဲ....။
အေရာင္တူအတုံးေလးေတြကိုေရြးၿပီး
သတ္မွတ္ခ်္န္အတြင္းမွာနိုင္ေအာင္
လိုက္ရွာစီရေသာ မူႀကိဳကေလးေလး
ေတြေဆာ့တတ္ေသာGameကို
ေသေသခ်ာခ်ာႀကိဳးႀကိဳးစားစားေဆာ့ေနတဲ့သူ။

ParkJimin ႐ူးမ်ားသြားတာလား....။

ေဒါသထြက္ရင္ အဲ့ေဒါသကိုေျပေပ်ာက္
ေအာင္လုပ္လို႔ရတဲ့နည္းအမ်ိဳးမ်ိဴးထဲကမွ
Jimin သည္ အရမ္းမြန္းက်ပ္လာရင္
ဒီလိုGameမ်ိဳးေတြေဆာ့ကာစိတ္ၿငိမ္ေအာင္
ေနေလ့ရွိသည္။

ကေလးဆန္တယ္ဆိုေပမယ့္အဓိက
Relax ျဖစ္သြားဖို႔ပဲမလို႔ Companyကျပန္လာထဲက
ေရခ်ိဳးၿပီးထိုင္ေဆာ့ေနခဲ့သည္။

ခုထိ KimTaeHyung မ်က္ႏွာလွလွနဲ႔
စကားေတြၾကားေနရတုန္း ဘာမွRelaxမျဖစ္..။
ဟိုကေဝေလးကလည္း ျပန္မလာ...။
ေပ်ာ္ေနၾကမွာေပါ့....။

ေဒါသသည္ ေတြးေနရင္းကလွိုက္တက္လာကာ
အတုံးေတြကို အၿငိဳးႏွင့္ၾကဳံရာက်ပန္း
လိုက္ႏွိပ္ေနတာေၾကာင့္ Gameကလည္း
တညေနလုံး တညလုံးထိုင္ေဆာ့ေနတာေတာင္
Levelတခုမတက္...။

"မအိပ္ေသးဘူးလား....."

"အမယ္ေလး!!!!"

ကိုယ့္ေဒါသနဲ႔ကိုယ္ေတြးလိုက္ႀကိတ္က်ိန္ဆဲ
လိုက္လုပ္ေနတုန္းအက္ရွရွအသံနဲ႔
အရက္နံ႔ေၾကာင့္ လန့္သြားကာ
လွည့္ၾကည့္လိုက္ေတာ့ ေက်ာ့ေကာ့ေနေသာ
ဒီဇိုင္းျဖင့္ JeonJungkook သည္
အိမ္ျပန္ခ်္န္ေတြအထိ မင္းသားရွုံးေနဆဲ...။

ဘာမွျပန္မေျပာမ်က္ေထာင့္နီနီနဲ႔
တခ်က္ပဲၾကည့္ကာGameျပန္ႏွိပ္ေနလိုက္သည္။

ေမာင္ အံ့အံ့ဩဩ..။သူနဲ႔ငါဘာျဖစ္ထားလို႔လဲ
မနက္ကေတာင္ အဆင္ေျပေျပရွိေနၾကတဲ့ဟာ
ညတစ္နာရီမွာဘလိုင္းႀကီးမ်က္ေစာင္းထိုးခံလိုက္ရသည္။

"ေနာက္က်ေနၿပီေလ မနက္အလုပ္ရွိတယ္မလား.."

"နားညီးလိုက္တာ!!!သြားစမ္းပါ.."

ခုံေပၚညအိပ္ဝတ္စုံအမဲေရာင္ေလးနဲ႔
ေျခေထာက္ေတြပါတင္ၿပီးႀကိဳးစားပမ္းစား
ကေလးဆန္ေနပုံသည္ေမာင့္ကို အမူးေတြေျပ
လာေစပါသည္။
ဒါေပမယ့္ေမာင္ ဘာမွေတာ့မေျပာ..။
သန့္ရွင္းၿပီး ေမႊးပ်ံ႕ေနတတ္ေသာ
အိပ္ယာျဖဴျဖဴေလးကိုေတြ႕ေတာ့ ဒီညေတာ့
ဒီအခန္းထဲပဲအိပ္ခ်င္သြားသည္။

ကၽြန္းကျပန္လာထဲကဘာမွန္းမသိ
တစ္ေယာက္ထဲမအိပ္ခ်င္ေတာ့...။

တျခားအေၾကာင္းေတာ့မရွိ
အႏွစ္၂၀လုံးလုံး တစ္ေယာက္ထဲအိပ္လာရတာ
ပ်င္းလာ၍ အေဖာ္ေလးနဲ႔ အိပ္ခ်င္မိျခင္း...။

"ေမာင္ ဒီည ဒီမွာပဲ အိပ္ေတာ့မယ္...."

ေမာင္.....။သိပ္သုံးလို႔ေကာင္းပါသည္။
က်ေတာ္နဲ႔ ငါ ၾကား တိုင္ပတ္ေနမယ့္အတူတူ
ေမာင္ လို႔ သုံးႏူန္းပစ္လိုက္ျခင္းသည္
လူေတြကိုလည္း ဘာဆိုတာလည္းျပလို႔ရသည္။

ေမာင္ လို႔သုံးလိုက္တိုင္း ေဒါသထြက္သြားေသာ
ParkJimin ကလည္း အားရစရာေကာင္းသလို
ရွက္ေသြးျဖာသြားတတ္ေသာParkJimin ကိုလည္း
တခ်ိန္ထဲမွာအသဲယားမိျခင္းေၾကာင့္
ရွင္းရွင္းျပတ္ျပတ္ ေမာင္ ဟုသာ သူသုံးႏူန္းေတာ့မည္။

ဘာမွျပန္မေျပာတခ်က္မၾကည့္ပါ.....။
ဖုန္းကိုသာလုံးဝအာ႐ုံစိုက္ေနဆဲ။

ေမာင္သည္ အက်ီဝတ္ၿပီးမအိပ္တတ္တာ
ေၾကာင့္အေပၚပိုင္းတခုလုံးကိုခၽြတ္ကာ
ခုံေပၚပစ္တင္လိုက္ၿပီး
Accessories ေတြကိုတခုခ်င္းခၽြတ္ေနသည္။

ဂ႐ုမစိုက္တာမ်ိဳး ေဘာင္မဝင္သလို
ဆက္ဆံတာမ်ိဳးကို ေမာင္မႀကိဳက္ပါ...။
အကုန္ခၽြတ္ပီးတဲ့အခါ Gameေဆာ့ေနတဲ့
သူဆီသို႔ျပန္ေလၽွာက္သြားလိုက္သည္။
ထို႔ေနာက္ ႏွိပ္ေနေသာ ဖုန္းကိုဆက္ခနဲဆြဲလုလိုက္သည္။

"ဘာလုပ္တာလဲ ျပန္ေပးစမ္း!!!!!"

"မင္း မအိပ္ေသးဘူးလား ဒီအခ်ိန္အထိ
ဒီကေလးဂိမ္းကို ဘာအေရးႀကီးလို႔
ေဆာ့ေနတာလဲ...."

"ငါ့ဟာငါေဆာ့တာ မင္းကိုဘာထိခိုက္လို႔လဲ
ျပန္ေပးစမ္း ငါနိုင္ေတာ့မွာ.!!"

"အိပ္မယ္ ေနာက္က်ေနၿပီ..."

"ျပန္ေပးလို႔ ငါေျပာေနတယ္ေနာ္...
အခ်ိန္ေစ့ လို႔ငါရွုံးရင္ မင္းကိုသတ္မွာ...."

ဘာေတြမ်ားဒီေလာက္ေဒါသထြက္စရာရွိလို႔
လဲ။ညမီးေရာငိမွိန္မွိန္ေအာက္တြင္ParkJimin
မ်က္ႏွာသည္ရဲတြတ္ေနကာသူ႔ကိုရန္သူႀကီးလိုပဲ။

"မေပးေတာ့ဘာျဖစ္လဲ
မူလတန္းကေလးေဆာ့ေတာင္နိုင္ေနတဲ့
Gameကိုႀကီးႀကီးက်ယ္က်ယ္နဲ႔...."

စကားနိုင္လုရင္းနဲ႔ပင္ Gameသည္ Failျပသြား
ၿပီ။

"သြားၿပီ သြားၿပီ ရွုံးသြားၿပီ....JeonJungkook!!!!!"

အသံကုန္ေအာ္လိုက္ျခင္းတြင္ေမာင္လိပ္ျပာလြင့္မတတ္။
ဘာေတြမ်ားဝင္ပူးေနလို႔ဒီည ဒီေလာက္
ေသြးဆိုးေနရတာလဲ.....။
လက္ထဲက ဖုန္းကို လက္ကိုျဖန္းခနဲရိုက္ကာ
ဆြဲလုၿပီး ႏွေျမာေနေသာမ်က္ႏွာနီနီျဖင့္...။

"ငါ ဘယ္ေလာက္ေဆာ့ထားရလဲမင္းသိလား
တညေနလုံး တညလုံးပဲ....
ငါနိုင္ခ်င္လြန္းလို႔...ေသခ်ာႀကိဳးစားေနတာ
ဘာလို႔ လာယုတ္္မာတာလဲ...ဟမ္!!ေျပာ!!
စိတ္ေတြညစ္ စိတ္ေတြတိုေနလို႔
ငါ့ဟာငါ ေအးေအးေနတာ ဘာလို႔လာအနိုင္က်င့္
တာလဲ မင္းေကာင္းေကာင္းဆက္ဆံတဲ့သူ
ေတြနဲ႔ပဲ ေပ်ာ္ေပ်ာ္ေနေနပါလား...
ဘာလို႔အိမ္ျပန္လာေနေသးတာလဲ
ငါ့ Gameေလး....."

ေမာင္ သည္..ေနာက္သို႔ေျခတလွမ္းဆုပ္သြားကာ
ေသေသခ်ာခ်ာၾကည့္လိုက္ရသည္။
Gameကလည္း တညလုံးေဆာ့ထားတယ္သာ
ေျပာတယ္ Levelက 2.
လူစုေဆာ့ရတဲ့ InternetGameအျမင့္
ေတြလည္းမဟုတ္...
သူဘာလို႔ေစြ႕ေစြ႕ခုန္ေနတာလဲ...။

"မဟုတ္ေသးပါဘူး...ဒါေလးရွုံးတာ
ဘာျဖစ္လို႔လဲ...ဘာလို႔အဲ့ေလာက္
ၾကမ္းတမ္းေနရတာလဲ..."

"သြား!!!ထြက္သြား...ဘာမွငါနဲ႔လာမအိပ္နဲ႔
မင္းပစၥည္းေတြအကုန္ယူၿပီးထြက္သြား...
လူရွုပ္လူေပြေကာင္...!!!"

ခုံေပၚမွာခၽြတ္ထားေသာအက်ီေတြကို
သိမ္းက်ဳံးယူကာလက္ထဲထိုးထည့္ေပးၿပီး
ႏွင္ထုတ္ေနတဲ့သူ။

"ဘာကိုရွုပ္ရမွာလဲ မင္း ဘာျဖစ္ေနတာလဲ
ေမာင့္ကိုေျပာ...."

"ဘာ ေမာင္လဲ ကလီကမာ မာယာတစ္သိန္းနဲ႔
မင္းပါးစပ္ကထြက္မလာစမ္းနဲ႔..."

"ထြက္မွာပဲ မင္းကိုပိုင္သလိုကိုခံစားရလို႔
ကို ထြက္ခ်င္ေနတာ...."

"သြား!!သြား!!!"

"ဘယ္ကိုသြားရမွာလဲ အိပ္မလို႔
အိပ္ခ်င္ေနၿပီ လာအိပ္မယ္..."

ေကာက္ခ်ီကာအိပ္ယာေပၚပစ္တင္ေတာ့
ခ်က္ခ်င္းျပန္ထကာအက်ီမရွိေသာ
ရင္ဘက္သည္ျဖန္းခနဲပဲ...။

"ParkJiminဘာျဖစ္ေနတာလဲ
ေမာင္ စိတ္မရွည္ေတာ့ဘူးေနာ္.."

"ေသေလ ေသေသ!!!"

လာျပန္ၿပီ..။ကန္လာျပန္ၿပီ..။
ဒီတခါေတာ့လႊတ္ေပးစရာအေၾကာင္းတစ္ခု
ေတာင္မရွိေတာ့...။
ရင္ဘက္ကိုသူမူပိုင္စတိုင္ကန္လာေသာ
ေျခဖဝါးေလးကိုဖမ္းထားကာ ေဘာင္းဘီ
ကိုဆြဲတင္လိုက္ကာေျခသလုံးေဖြးေဖြးေလးေတြ
ကိုကိုက္ခ်လိုက္သည္။

အားးးးးး"

"မေယာင္ရာ သိပ္ဆီလူးခ်င္ေနတာ...
လာခဲ့...တကိုယ္လုံးကိုက္ပစ္မယ္.."

"မယုတ္မာနဲ႔ေနာ္...ငါမင္းကိုရဲတိုင္မွာ.."

"က်ေတာ့္ေယာက်္ားJeon JungKookက
တကိုယ္လုံးကို ကိုက္လို႔ဖမ္းပါဆိုပီးလား...."

"ဖယ္!!!! ဖယ္...."

မူးမူး႐ူး႐ူးနဲ႔ ေျခသလုံးေတြေရာ ေျခေခ်ာင္းေတြေရာ
ပါးေဖာင္းေဖာင္းေလးေတြအထိ
အသဲတယားယားလိုက္ကိုက္တဲ့အခါထြန့္ထြန့္လူးပဲ။

"စိတ္ေတြရွုပ္တယ္!!!!!"

ေမာင္...စိတ္ရွုပ္ဖို႔မရည္ရြယ္ေပမယ့္
ငိုသံေတြေတာင္ေရာလာေသာ ဖရိုဖရဲေလး
သည္ေဒါသေတြထြက္ေနတုန္း...။
ေနပါအုန္း ဒီGameရွုံးတာ ဒီေလာက္ေတာင္လား။
ရပ္လိုက္ကာမ်က္ႏွာေလးကိုေသခ်ာၾကည့္လိုက္
ေတာ့ နီရဲေနဆဲ...။

"တကယ္ပါပဲ...Game ရွုံးတာ
ငိုစရာပါလို႔လား..ParkJimin..."

"ငါ့ဟာငါငိုတာ မင္းအေၾကာင္းလား...
ငါ့ကိုလာမထိနဲ႔ မင္းမ်က္ႏွာငါလုံးဝ
မျမင္ခ်င္ဘူး..."

"ေမာင္နိုင္ေအာင္ေဆာ့ေပးမယ္...
ဒီ Levelနိုင္ရင္ ရပီမလား..."

ရင္ထဲသိမ့္ခနဲ...။ဒီကေဝေကာင္လွုပ္လွုပ္ရွား
ရွားေတြျဖစ္ေအာင္လုပ္နိုင္လြန္းပါသည္။

ေမာင္သည္ ဖုန္းကိုယူလိုက္သည္။
ခုတင္ေခါင္းရင္းကိုမွီထိုင္လိုက္ကာ
ဘာေတြဝင္ပူးေနမွန္းမသိတဲ့ဆိုင္သူေလးကို
အားသုံးကာရင္ခြင္ထဲဆြဲၿပီးမွီခိုင္းထားလိုက္သည္။

"ၿငိမ္ၿငိမ္ေန မူးေနတယ္...
နိုင္လာလို႔ စိတ္လည္းၾကည္ေနတယ္
ရန္မျဖစ္ခ်င္ဘူး...နိုင္ေအာင္ေဆာ့ျပမယ္ေသခ်ာၾကည့္
Game ေဆာ့ရင္ေခါင္းသုံးရတယ္..."

အျပဳအမူ အထိအေတြ႕ေတြကေလ...
ကေဝေလး ပီသစြာ သိပ္မာယာမ်ားၿပီး
ထပ္မတြန္းလွန္နိုင္...။
က်ေတာ္ေတာ့ဒီကေလးသာသာေလးဆီ
လပိုင္းေလာက္မွာပဲ လဲၿပိဳေနၿပီ။
ရွက္စရာအတိ...။

"ဒါေလးကိုဒီဘက္ကိုပို႔..ဒီဟာေလးက
ဒီဘက္ကိုသြား..ေဟာ..ေတြ႕လား
ရသြားၿပီ....ၾကည့္ေနလား Jimin"

"ၾကည့္ေနတယ္...."

ေမာင္ သည္ သေဘာက်စြာႀကိတ္ျပဳံးသြားလၽွက္။

Level up.....။

"Yes!!! ေတြ႕လား တခါထဲေဆာ့တာနိုင္သြားၿပီ
ေတာ္တယ္မလား...."

ဆိုင္သူေလးသည္ရင္ခြင္ထဲအက်ယ္ႀကီး
ထဲမွီရင္း Level တခါထဲတက္သြားေသာ
Gameေလးကို ျပဴးတူးျပဲတဲၾကည့္ေနသည္။
စိတ္ထဲမွာေတာ့ ဒီေကာင္ ေတာ္လိုက္တာေပါ့။

"ဒါဆို အိပ္လို႔ရပီမလား...."

"ကိုယ့္အခန္းကိုယ္သြားအိပ္...."

"ေမာင့္ အခန္းက သရဲေျခာက္လို႔ပါကြာ..."

"လိမ္ေန မင္း.."

ေမာင္သည္ မူးေဝေဝအေနအထားေလးမွာ
ဆိုင္သူေလး၏ လည္တိုင္ေတြေပၚ
ႏူတ္ခမ္းျဖင့္ပြတ္သတ္ေနရင္း
စကားတိုးတိုးေလးဆိုလာပါသည္။

"Jimin ....ေမာင္တို႔ မမုန္းေတာ့ၾကရေအာင္ကြာ..."

သူ႔ကိုႏွိပ္စက္လို႔ေၾကာက္တာၾကည့္မရခဲ့တာ
ပဲရွိတာပါ..။JungKookလိုအၿငိဳးတႀကီး
မွမဟုတ္ခဲ့တာ။ပါးစပ္ကသာေအာ္ေနခဲ့တာ
တကယ္တမ္းက်ေျပာပီးေမ့ခဲ့တာႀကီး။

"Jimin...စကားျပန္ေျပာ...."

"ဘာေျပာရမွာလဲ...."

"မမုန္းၾကရေအာင္လို႔...."

ပထမဆုံးပဲ...။ကေလးကလားစကားတစ္ခြန္း။
အရွိန္အႀကီးႀကီးယူကာMD Parkႏူတ္က
ျပတ္ေတာင္းျပတ္ေတာင္းထြက္က်လာခဲ့သည္။

"မရွုပ္ရင္ ငါ...ငါမမုန္းေတာ့ဘူး
မင္း...မရွုပ္နဲ႔..."

ေမာင္သည္ ႏူတ္ခမ္းေတြနဲ႔ပြတ္သတ္ေနရင္းမွ
ကိုက္ခ်လိုက္ျပန္သည္။

အ!!!! နာတယ္...အရက္ေစာ္ေတြလည္းနံတယ္
ျပန္စမ္းကြာ..."

"ဒီညကစ ဒီအရက္သမား ဒီမွာပဲ
အိပ္ေတာ့မွာ...."

သိမ္းက်ဳံ႕းေပြ႕ဖက္လိုက္ေတာ့အရက္နံ႔ေတြ
ၾကားလည္းဆိုင္သူေလးကၿငိမ္က်သြားတာပဲ..။

ေသေလာက္ေအာင္ထြက္ေနတဲ့ေဒါသေတြလည္း
ေမာင့္စကားတစ္ခြန္းပါပဲ...။
ဒီဘဝမွာလည္း...ဒီမ်က္လုံးဝိုင္းေတြကိုမနိုင္...။
အ႐ူးအမူး႐ူးရအုန္းမွာပဲလား.....။

.................

Continue Reading

You'll Also Like

6.6M 432K 94
Hanary Victor + Loon Tar Nay San
607K 6.1K 94
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
2.7M 147K 52
ချမ်းသာကြွယ်ဝမူတွေနဲ့ဂုဏ်ရှိန်ပြင်းတဲ့ မိုးထိခေါင်မှိုင်း ဟာအိမ်ထောင်ကွဲဖြစ်ပြီးငါးနှစ်အရွယ်သားလေးတစ် ယောက်ရှိပေမဲ့ သားလေးရဲ့ပူဆာမူကြောင့်ညီလေးတစ် ယေ...
403K 21K 45
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...