𝐩𝐫𝐨𝐦𝐢𝐬𝐞 𝐭𝐨 𝐝𝐚𝐢𝐬�...

By youbemyfamily

52K 7.1K 1.7K

ကိုကိုရယ် ကျွန်တော်ရယ် ကျွန်တော့် ဒေစီလေးရယ် .... ။ More

Park Sunghoon's POV ♡
[FINAL 1] ♡
[FINAL 2] ♡

2.5K 438 140
By youbemyfamily







ပုံမှန်ကြားနေကျ Alarm သံနဲ့ မဟုတ်ပဲ ဒီနေ့တော့ ထူးထူးခြားခြား လန့်နိုးလာသည် ။ ညအိပ်ဝတ်စုံနဲ့ မဟုတ်ပဲ အပြင်ဝတ်စုံ ဝတ်ထားတာကို သတိထားမိမှ ညကအကြောင်းအရာတွေကိုပြန်သတိရသည် ။

" shit ငါကားပေါ်မှာ အိပ်ပျော်သွားတာလား "

တကယ်ကို ကားပေါ်မှာ နောက်ဆုံးအိပ်ပျော်သွားတာကလွဲကျန်တဲ့ကိစ္စတွေကို ပိစိလေးတောင်မမှတ်မိ ။ စောင်ကို ကိုယ်ပေါ်က ဖယ်ချပြီး အခန်းပြင်ကိုပြေးထွက်ရသည် ။

ပတ်ဆောင်ဟွန်း ၊ ပတ်ဆောင်ဟွန်း ဘယ်မှာလဲ ။


ဧည့်ခန်း ကိုထွက်ကြည့်လိုက်တော့ ဘယ်သူမှမရှိ ။ တံခါးကလည်း ပိတ်ထားသေးသည် ။

ကျောင်းကိုထွက်သွားပြီနဲ့တူတယ် ။

ဂျယ်ယွန်းထင်တာ မှန်သွားသည် ။ မီးဖိုချောင်ဘက် ရောက်တော့ သူ့ကို စောင့်ကြိုနေတဲ့ toast နဲ့ coffee တစ်ခွက် ။


ကိုယ်မနက်ပိုင်း အတန်းချိန်ရှိလို့စောစောသွားလိုက်ပြီ မနက်စာပြင်ပေးထားတယ် သေချာစားနော် မင်း နေ့ခင်းမှ အတန်းချိန်စမှာမလား အိပ်ရေးမဝသေးရင် ပြန်အိပ်လိုက်

ဆောင်ဟွန်း <3




ပန်းနုရောင်အောက်ခံ စာရွက်ပိုင်းစလေးကို toast ဘေးနားက ပန်းကန်ပေါ်မှာ တွေ့လိုက်ရသည် ။ heart emoji အပြင် ခွေးပေါက်လေး အီမိုဂျီပုံကိုပါ ဆွဲထားပေးသေးသည် ။

ဂျယ်ယွန်းပျော်လွန်း၍ ထခုန်မိသည်အထိ ။ ခန္ဓာကိုယ်ကို နှစ်ပတ် သုံးပတ်လောက် လေပေါ်မှာ လှည့်လိုက်ပြီး ရေးထားတဲ့စာကို နောက်တစ်ခေါက်ပြန်ဖတ်သည် ။ ထပ်ခါထပ်ခါ ဖတ်လွန်း၍ အလွတ်တောင်ရတော့မယ့် အထိ ။မသိရင်ဆောင်ဟွန်းက သူ့နားဘေးနားကို လေသံနဲ့ တိုးတိုးလေး လာပြောနေသလို ခံစားရသည် ။

နာရီကိုကြည့်လိုက်တော့ ၉ နာရီတောင်မထိုးသေး ။ အရင်အတိုင်းဆို ပြန်အိပ်ဦးမှာဆိုပေမယ့် အခုတော့ရင်တွေခုန်ပြီး အိပ်မပျော်တော့ ။ ရေမြန်မြန်ချိူးပြီး သူပြင်ပေးသွားတဲ့ မနက်စာ စားဖို့ပြင်ရသည် ။


​toast က ထင်ထားတာထက် ပိုစားလို့ကောင်းသည် ။ အကုန်စားရမှာတောင် နှမြောမိသည်အထိ ။ စာရွက်လေးကိုတော့ သူက သိမ်းထားပြီး စာကြည့်စားပွဲရှေ့ နံရံမှာ ကပ်ထားလိုက်သည် ။

ရေမချိုးခင်ထဲက သူပို့ထားတဲ့ ' ဆောင်ဟွန်း ညကဘယ်မှာအိပ်တာလဲ ' ဆ်ိုတဲ့ မက်ဆေ့ချ်ကို ဆောင်ဟွန်းက အခုထိ စာမပြန်သေး ။ အတန်းထဲရောက်နေလို့ နေမှာပါ ဆိုပြီး သူ မေ့မေ့ပျောက်ပျောက်ပဲ ထားလိုက်သည် ။












" ဟျောင်း ညက ဆောင်ဟွန်းဟျောင်းနဲ့အတူရှိနေတာလား"

ကျောင်းရောက်ရောက်ချင်း တန်းမေးတဲ့ ဂျောင်ဝန်းစကားကြောင့် ရေတွေပါသီးကုန်သည် ။တစ်မနက်လုံး ပျော်လာခဲ့တဲ့ အပျော်တွေက ဒီကနေစပြီး မုန်တိုင်းဝင်တော့သည် ။

" ချွန်းဟယ် နူးနားတစ်မနက်လုံး ပြသာနာရှာနေတာ၊ အခုလေးတင် ရန်ပွဲကပြီးသွားတာ ဟျောင်း နည်းနည်းပဲလွဲသွားတယ် - တစ်ညလုံး သူ့ မက်ဆေ့ချ်တွေကို စာမပြန်လို့တဲ့ တအားစိတ်ဆိုး - "

" ဂျောင်ဝန်း ဆောင်ဟွန်း အခုဘယ်မှာလဲ "








မပြေးရတာကြာလို့လားမသိ ။ ဂျယ်ယွန်းရဲ့ ခြေလှမ်းတွေက ထင်သလောက်မသွက် ။ ကိုယ့်ဇောနဲ့ကိုယ်မို့ အသက်ရှူရပ်မတတ် မောလာတာကို သတိတောင်မထားမိ ။

ငါမှားသွားတာ ။ ဆောင်ဟွန်း သူ့ဘာသာသူ မက်ဆေ့ချ်ပြန်တာကို ငါမတားမိခဲ့သင့်ဘူး ။

သူ့ခေါင်းထဲမှာ ဒီအတွေးနှစ်ခုကသာ ချာချာလည်နေသည် ။ ချွန်းဟယ်ကို ရှင်းပြပြီး ဝင်တောင်ပန်းပေးဖို့ စိတ်ကသာ သူ့ကို ဦးဆောင်နေသည် ။

အားကစားရုံတစ်ခုလုံး ပတ်ရှာကြည့်တာတောင် သူတို့ကိုမတွေ့ရသေး ။ နားနေခန်းတွေထဲမှာတော့ မရှိလောက်ပါဘူးနော် ။ အဲ့အခန်းတွေကို လေ့ကျင့်ရေးသမားတွေသာ ဝင်ခွင့်ရှိတာမလား ။


​ဂျယ်ယွန်းအတွေးတွေ တက်တက်စင်အောင်လွဲသွားသည် ​​။ များစွာသော အခန်းတွေထဲကနေ လွတ်နေတဲ့ တစ်ခန်းဘက်က အသံထွက်လာသည် ။



" ပတ်ဆောင်ဟွန်း ! အရူးလာလုပ်မနေနဲ့ ငယ်ငယ်တည်းကနေ အခုထိ နင်ငါ့ကို ဘယ်တုန်းက ဒီလောက်အချိန်ကြာကြာပစ်ထားဖူးလို့လဲ "

" နာရီပိုင်းပဲလေကွာ ၊ တစ်ညတောင်မပြည့်ပါဘူး မင်းရဲ့ များစွာလှသော ဘဲတွေထဲက တစ်ယောက်ယောက်နဲ့ အချိန်ဖြုန်းနေရင်တောင် သတိထားမိမှာမှမဟုတ်ပဲ "

" နင်ကကော ဘာလို့ အဲ့ ဂျိတ်ခ် နဲ့အတူရှိနေတဲ့ အချိန်ကြမှ ငါ့ကိုစာမပြန်တာလဲ "

" ဘာဆိုင်လို့လဲ ၊ ငါစာတွေကို မမြင်လိုက်လို့ပါဆို ချွန်းဟယ်ရာ "

" ပတ်ဆောင်ဟွန်း ၊ နင် သူ့ကိုချစ်လို့မရတာ သိတယ်နော်
အခုချက်ချင်း ဖြတ်လိုက်"

" ငါ သူ့ကို အခုလည်းမချစ်ဘူး ၊ ချစ်လာမှာလည်း မဟုတ်ဘူး မင်းသိပါတယ် ချွန်းဟယ် "






အခန်းပြင်က ကောင်လေးတစ်ယောက်ကတော့ နှုတ်ခမ်းကိုအတင်းကိုက်ထားနေရင်းက နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်သည် ။ သူ ဒီကိုလာတာ အဆင်ပြေသွားဖို့ရှင်းပြပေးချင်တဲ့ စိတ်သက်သက်ပဲ ။ အခုတော့ ဟိုနှစ်ယောက်က အဆင်ပြေလွန်းပြီး နမ်းတဲ့ အဆင့်တောင်ရောက်နေပြီမလား ။ သူ့ရှေ့က မြင်ကွင်းက ဝေဝါးလာသောကြောင့်အားကစားရုံထဲကနေ ပြေးထွက်လာခဲ့သည် ။

သူ ငိုမိပြီလားမသိလား ။
တစ်ဖက်တည်းလွယ်ထားတဲ့ လွယ်အိတ်ကြိုးကလည်း သူအားနဲ့ ဆုပ်ကိုင်ရလွန်း၍ ပြတ်ထွက်တော့မည် ။




အခုလည်း မချစ်ဘူး ။
ချစ်လာမှာလည်း မဟုတ်ဘူးတဲ့လား ။




အဲ့နေ့က ဒီစာသင်နှစ်ရဲ့ ပထမဆုံးအကြိမ် သူ ကျောင်းပျက်မိသည် ။
















ထူထဲနေတဲ့ coat ဝတ်ထားတာတောင် ကြက်သီးထလောက်အောင် ရာသီဥတုက အေးနေသည် ။ အဆောင်က အခန်းထဲပြန်ရောက်တာနဲ့ ဟီဆွန်းက ရှိသမျှ အနွေးထည်တွေအကုန်ချွတ်ပြီး နွေးသွားအောင် heater ကိုဖွင့်လိုက်တယ် ။

​သူနေချင်တဲ့ဘဝ ၊ သူလိုချင်တဲ့ ပညာသင်ယူနိုင်မယ့် အခွင့်အရေးကိုရတာတောင် သူ့ဘဝက မပြည့်စုံနိုင်သေး ။ တစ်စုံတစ်ယောက်လေးကို လွမ်းနေရတာနဲ့တင် နေ့ရက်တွေက ခါးသီးလွန်းနေသည် ။


ဟီဆွန်းက မောမောနဲ့ အိပ်ရာပေါ်ပစ်လှဲလိုက်သည် ။ တစ်နေကုန် အနားမပေးရသေးတဲ့ ခန္ဓာကိုယ်က အလိုက်ကမ်းဆိုး မသိ အိပ်ပျော်တော့မလို့တောင်ဖြစ်နေပြီ ။
လွယ်အိတ်ထဲကနေ ဖုန်းကို ထုတ်လိုက်တော့ my 🐶 ဆိုတဲ့ album ကို အလိုလိုနှိပ်မိပြီးသား ။


အရင်တုန်းက သူတို့ Video Call ပြောပြီးစာလုပ်တိုင်း ဟီဆွန်း စာကို အာရုံမဝင်စားဖြစ် ။ screen ပေါ်မှာပေါ်နေတဲ့ ကောင်လေးကိုပဲ ငေးကြည့်ကာ screenshot ပေါင်းသောင်းခြောက်ထောင် ရိုက်နေရတာနဲ့ စာက ဘယ်ဆီနေမှန်းမသိ ။


စာကုန်းရေးနေတဲ့ ပုံရိပ်လေးတွေ ။
လက်ဟန်ခြေဟန်တွေ ပါပါပြီး ရှင်းပြရင်း စကားပြောနေတဲ့ ပုံလေးတွေ ။
သူ နည်းနည်းဆူလိုက်တိုင်း နှုတ်ခမ်းဆူပြီး ပြန်ကြည့်နေတဲ့ ပုံလေးတွေ ။





ဟီဆွန်းက ပုံတစ်ပုံတည်းကိုတော့ အကြာကြီးငေးကြည့်နေသည် ။




ဘယ်ဘက်လက်ပေါ် မေးတင်ပြီး သူ့ကို ကြည့်နေတဲ့ ခွေးပေါက်လေး ​။

ဟီဆွန်း အသံထွက်ပင်ရယ်မိသွားသည် ။

အဲ့နေ့က ရေချိုးပြီးခါစ ရှင်းခွေးပေါက်လေးက hoodie အကြီးကြီးတစ်ခုကို ကောက်စွတ်ပြီး ဝတ်ထားပုံရသည် ။ မျက်နှာလေးက ရှင်းသန့်နေပြီး အဲ့ကလေးရဲ့ ကိုယ်သင်းရနံ့ကိုတောင် ဒီကနေ လှမ်းရနေသလို ။ ဂျယ်ယွန်း အဲ့လို လက်ပေါ်မေးတင်ပြီး ကြည့်တိုင်း သူ screen တစ်ဖက်ကနေ အမြဲရင်ခုန်သံရပ်သွားရသည် ။ ဖြစ်နိုင်ရင်တော့ ရေခြားမြေခြားကနေ ပြေးပြီး ရင်ခွင်ထဲသာ ထည့်ထားချင်သည် ။




" ဖုန်း ဆက်ကြည့်ရင်ကောင်းမလား "

ဒီတစ်လော ဂျယ်ယွန်းနဲ့ သူနဲ့တစ်ဖြည်းဖြည်း ဝေးလာသလိုခံစားရသည် ။ အထူးသဖြင့် ဂျယ်ယွန်းဘက်က ။
ဖုန်းပြောရင် အမြဲ အလောတကြီးနဲ့ " ဟျောင်း ဖုန်းချလိုက်တော့မယ်" ဆိုပြီး အမြဲဦးအောင် ချသွားသည် ။ စာလည်း ညတိုင်း အတူမလုပ်ဖြစ် ။

သံသယ ဝင်လာတော့မယ်လို့ အမြဲတမ်းတွေးမိတိုင်း ပတ်ဆောင်ဟွန်းက ခေါင်းထဲ ဦးအောင်ဝင်လာသည် ။
ဒယ်ဟန်မင်းဂု တစ်နိုင်ငံထဲမှာ သူတို့နှစ်ယောက် အတူရှိနေတယ် ဆိုတဲ့ အတွေးနဲ့တင် လူက စိတ်မချဖြစ်နေရတာ။





ဖုန်းဝင်ပြီး တော်တော်ကြာမှ ဂျယ်ယွန်းဘက်က ကိုင်သည်

" ဟယ်လို "

" ဟင် - ဂျယ်ယွန်း ငိုနေတာလား "


ဂျယ်ယွန်း စကားနှစ်ခွန်းတည်းပြောတဲ့ အသံအနေအထားကိုကြားရုံနဲ့တင် ဟီဆွန်းရင်ဘတ်တစ်ခုလုံး ပူလောင်သွားသည် ။

" မဟုတ်ပါဘူးဗျာ .. အိပ်နေလို့ပါ "

" ဒီအချိန်ကြီး ? "

" ဟုတ် ဒီအချိန်ကြီး "

" ညနေစောင်းကြီးကို .. အိပ်နေရင် ဖျားတော့မယ် ၊ ပြီးတော့ မင်း ညဘက်အိပ်မပျော်ရင် ကိုယ့်ကိုလာမရစ်နဲ့နော်"

ဟီဆွန်းက ဟာသဆန်ဆန် ရယ်စရာပြောလိုက်ပေမယ့် ဂျယ်ယွန်းဆီက ဘာဖြေသံမှမကြား ။ ဟီဆွန်း နည်းနည်းစိုးရိမ်ရပြီ ။


" ဂျယ်ယွန်း ... ဘာဖြစ်နေတာလဲ "

တော်တော်ကြာပြန်မဖြေ ။ တစ်ချက်တစ်ချက် ကြားနေရတဲ့ အသံတွေက ရှိုက်သံတွေလားလို့ ဟီဆွန်းပိုစိတ်ပူလာသည် ။

" ဟျောင်း .. ပြန်လာလို့မဖြစ်ဘူးလား "

တိုးတိုးလေးမှ တကယ့်ကို တိုးတိုးလေး ။
ငိုသံစွက်နေတဲ့ ထိုအသံလေးက သူ့နှလုံးသားကို ကျဉ်တက်သွားစေသည် ။ တကယ်ကို ချက်ချင်း သူပါ မျက်ရည်တွေ ဝဲတက်လာစေသည်အထိ ။
ဒီ ဆယ်လသားလေးက အီဟီဆွန်း ဆိုတဲ့ လူအပေါ် အဲ့လောက်ထိ သက်ရောက်မှုရှိသည် ။

" အဲ့လိုခဏခဏမပြောပါနဲ့ ဂျယ်ယွန်းရယ် ၊ မင်းအသံကြားလိုက်တိုင်း ကိုယ်တကယ် ကျောင်းထွက်ပြီးပြန်လာနေချင်တာ .. အခု စကောလားရှစ်ကို လက်လွှတ်ပြီးပြန်လာခဲ့ရမလား "

ရှိုက်သံလေးတွေက တစ်ဖြည်းဖြည်းငြိမ်သွားသည် ။
အငိုရပ်သွားအောင် အချိန်အတော်အတန်ပေးရပြီးမှ ဂျယ်ယွန်းက စကားပြန်စသည် ။

" ခုနက တောင်းပန်ပါတယ် ၊ စာတွေပိနေလို့ ဟျောင်းကို ပိုသတိရသွားတာ အဆင်ပြေသွားမှာပါ "

" ဂျယ်ယွန်း .. "

" တကယ်ပြောနေတာ .. ဟျောင်း ၊ ပင်ပန်းတိုင်းဟျောင်းကို ဖုန်းခေါ်ပြီး ငိုလို့ရတယ်ဆို ? ဟျောင်းက အရမ်းကြီးစိတ်မပူနဲ့လေ "

" အရမ်း ပင်ပန်းနေလား .. ဂျယ်ယွန်း "

" အဆင်ပြေသွားမှာပါ ဟုတ်တယ်မလားဟျောင်း "


မမြင်ရပေမယ့်လည်း ဟီဆွန်းခေါင်းငြိမ့်မိသည် ။




သူဆုတောင်းတာ တစ်ခုတည်း ။
ဂျယ်ယွန်း အခုပြောနေတာတွေအကုန် အမှန်တွေဖြစ်ပါစေ ။












ဂျယ်ယွန်း ဒီရက်ပိုင်း ကျောင်းကို သွားလိုက် ၊ မသွားလိုက် ။ စာတော့ပုံမှန်လုပ်ဖြစ်ပေမယ့် ကျောင်းကိုတော့ အတတ်နိုင်ဆုံး မသွားပဲ အိမ်မှာပဲအနေများသည် ။
ကျောင်းရောက်ရင်တောင် စာကြည့်တိုက်ထဲမှာပဲ စာလုပ်နေသည် ။

ဆောင်ဟွန်းနဲ့ သူရဲ့ အခြေအနေကတော့ အောက်ဆုံးလယ်ဗယ်လို့ပြောရမလား။ ထိုနေ့ပြီးကတည်းက ဆောင်ဟွန်းကလည်း သူ့ဆီရောက်မလာသလို သူကလည်း ဆောင်ဟွန်း လေ့ကျင့်နေတာကိုတောင် သွားမကြည့်ဖြစ်တော့ ။



အစကတော့ ဆောင်ဟွန်း သူ့ကိုရှောင်နေတာလို့ အထင်မှားခဲ့မိသေးသည် ။ အဲ့လိုမဟုတ်မှန်း သက်သေပြတဲ့ ဖြစ်ရပ်တစ်ခုက ဒီရက်ပိုင်း ဖြစ်သွားသေးသည် ။



မေဂျာမတူကျောင်းသားတွေကို အဖွဲ့လိုက် ဖွဲ့ပြီး PE activities တွေမှာ အတူတူပါဝင်ခိုင်းတဲ့ event ။
ယောက်ျားလေးရော မိန်းကလေးပါ ပါဝင်ရမယ့် ထို event မှာ ရုပ်ရှင်ဆန်စွာပဲ ဆောင်ဟွန်းနဲ့ ဂျိတ်ခ်က တစ်သင်းတည်းကျသည် ။ မဟုတ်ဘူး ။ တစ်သင်းတည်း ကျမလိုဖြစ်သွားခဲ့သေးသည် ။


" ဆရာ ! ကျွန်တော် ချွန်းဟယ်တို့အသင်းကိုပြောင်းလို့ဖြစ်မလား "

ဘောလုံးအသင်း ကပ္ပတိန်ဖြစ်တဲ့ ဆောင်ဟွန်းကို နဂိုတည်းက နည်းပြကသည်းသည်းလှုပ် ချစ်တာမို့ တစ်ခါပြောရုံနဲ့တင် ခေါင်းငြိမ်သည် ။ အဲ့လိုနဲ့ပဲ ဂျိတ်ခ်နဲ့ တစ်သင်းတည်းကျတာကိုတောင် သတိမထားမိတဲ့ ဆောင်ဟွန်းက ဟိုဘက် အသင်းကိုရောက်သွားသည် ။



ဆောင်ဟွန်းက ဂျိတ်ခ်ကိုရှောင်နေတာ မဟုတ်ဘူး။
Expired Date ကုန်တဲ့မုန့်ကို လွှတ်ပစ်လိုက်သလိုမျိူး လွှတ်ပစ်လိုက်တာ ။


ကော်ရစ်တာ တစ်လျှောက်ကောင်မလေးတွေနဲ့ ပျော်မြူးနေတဲ့ ဆောင်ဟွန်းကိုတွေ့ရတိုင်း ၊
အခန်းထောင့်တွေမှာ ကောင်မလေးတစ်ယောက်ယောက်ကို နမ်းနေတဲ့ ဆောင်ဟွန်းကို မြင်ရတိုင်း ၊
IG မှာ မိန်းကလေးတွေ ကြားထဲမှာ ဝိုင်ခွက်တစ်ခွက်နဲ့ ပျော်နေတဲ့ ဆောင်ဟွန်းကို တွေ့မိတိုင်း

နှလုံးသားက မနာကျင်နိုင်အောင် ထုံနေပြီ ။










ဒါပေမယ့် အခုချိန် ရှင်းဂျိတ်ခ်ကို " ဆောင်ဟွန်းကို ချစ်လား " မေးကြည့်လိုက် ။

မျက်ရည်တွေ ဝန်းရံနေတဲ့ မျက်ဝန်းလေးတွေက နာကျင်နေတာကို ဖုံးကွယ်ပြီး " အင်း အရမ်းချစ်တယ်" လို့ ခေါင်းတစ်ဆက်ဆက် ညိတ်ပြီး ပြန်ဖြေလိ့မ်မည် ။


끝 •

နည်းနည်းကြာသွားလား😢







Zawgyi









ပုံမွန္ၾကားေနက် Alarm သံနဲ႔ မဟုတ္ပဲ ဒီေန႔ေတာ့ ထူးထူးျခားျခား လန႔္ႏိုးလာသည္ ။ ညအိပ္ဝတ္စုံနဲ႔ မဟုတ္ပဲ အျပင္ဝတ္စုံ ဝတ္ထားတာကို သတိထားမိမွ ညကအေၾကာင္းအရာေတြကိုျပန္သတိရသည္ ။

" shit ငါကားေပၚမွာ အိပ္ေပ်ာ္သြားတာလား "

တကယ္ကို ကားေပၚမွာ ေနာက္ဆုံးအိပ္ေပ်ာ္သြားတာကလြဲက်န္တဲ့ကိစၥေတြကို ပိစိေလးေတာင္မမွတ္မိ ။ ေစာင္ကို ကိုယ္ေပၚက ဖယ္ခ်ၿပီး အခန္းျပင္ကိုေျပးထြက္ရသည္ ။

ပတ္ေဆာင္ဟြန္း ၊ ပတ္ေဆာင္ဟြန္း ဘယ္မွာလဲ ။


ဧည့္ခန္း ကိုထြက္ၾကည့္လိုက္ေတာ့ ဘယ္သူမွမရွိ ။ တံခါးကလည္း ပိတ္ထားေသးသည္ ။

ေက်ာင္းကိုထြက္သြားၿပီနဲ႔တူတယ္ ။

ဂ်ယ္ယြန္းထင္တာ မွန္သြားသည္ ။ မီးဖိုေခ်ာင္ဘက္ ေရာက္ေတာ့ သူ႔ကို ေစာင့္ႀကိဳေနတဲ့ toast နဲ႔ coffee တစ္ခြက္ ။


ကိုယ္မနက္ပိုင္း အတန္းခ်ိန္ရွိလို႔ေစာေစာသြားလိုက္ၿပီ ။ မနက္စာျပင္ေပးထားတယ္ ေသခ်ာစားေနာ္ ။ မင္း ေန႔ခင္းမွ အတန္းခ်ိန္စမွာမလား အိပ္ေရးမဝေသးရင္ ျပန္အိပ္လိုက္

ေဆာင္ဟြန္း <3




ပန္းႏုေရာင္ေအာက္ခံ စာ႐ြက္ပိုင္းစေလးကို toast ေဘးနားက ပန္းကန္ေပၚမွာ ေတြ႕လိုက္ရသည္ ။ heart emoji အျပင္ ေခြးေပါက္ေလး အီမိုဂ်ီပုံကိုပါ ဆြဲထားေပးေသးသည္ ။

ဂ်ယ္ယြန္းေပ်ာ္လြန္း၍ ထခုန္မိသည္အထိ ။ ခႏၶာကိုယ္ကို ႏွစ္ပတ္ သုံးပတ္ေလာက္ ေလေပၚမွာ လွည့္လိုက္ၿပီး ေရးထားတဲ့စာကို ေနာက္တစ္ေခါက္ျပန္ဖတ္သည္ ။ ထပ္ခါထပ္ခါ ဖတ္လြန္း၍ အလြတ္ေတာင္ရေတာ့မယ့္ အထိ ။မသိရင္ေဆာင္ဟြန္းက သူ႔နားေဘးနားကို ေလသံနဲ႔ တိုးတိုးေလး လာေျပာေနသလို ခံစားရသည္ ။

နာရီကိုၾကည့္လိုက္ေတာ့ ၉ နာရီေတာင္မထိုးေသး ။ အရင္အတိုင္းဆို ျပန္အိပ္ဦးမွာဆိုေပမယ့္ အခုေတာ့ရင္ေတြခုန္ၿပီး အိပ္မေပ်ာ္ေတာ့ ။ ေရျမန္ျမန္ခ်ိဴးၿပီး သူျပင္ေပးသြားတဲ့ မနက္စာ စားဖို႔ျပင္ရသည္ ။


​toast က ထင္ထားတာထက္ ပိုစားလို႔ေကာင္းသည္ ။ အကုန္စားရမွာေတာင္ ႏွေျမာမိသည္အထိ ။ စာ႐ြက္ေလးကိုေတာ့ သူက သိမ္းထားၿပီး စာၾကည့္စားပြဲေရွ႕ နံရံမွာ ကပ္ထားလိုက္သည္ ။

ေရမခ်ိဳးခင္ထဲက သူပို႔ထားတဲ့ ' ေဆာင္ဟြန္း ညကဘယ္မွာအိပ္တာလဲ ' ဆ္ိုတဲ့ မက္ေဆ့ခ်္ကို ေဆာင္ဟြန္းက အခုထိ စာမျပန္ေသး ။ အတန္းထဲေရာက္ေနလို႔ ေနမွာပါ ဆိုၿပီး သူ ေမ့ေမ့ေပ်ာက္ေပ်ာက္ပဲ ထားလိုက္သည္ ။












" ေဟ်ာင္း ညက ေဆာင္ဟြန္းေဟ်ာင္းနဲ႔အတူရွိေနတာလား"

ေက်ာင္းေရာက္ေရာက္ခ်င္း တန္းေမးတဲ့ ေဂ်ာင္ဝန္းစကားေၾကာင့္ ေရေတြပါသီးကုန္သည္ ။တစ္မနက္လုံး ေပ်ာ္လာခဲ့တဲ့ အေပ်ာ္ေတြက ဒီကေနစၿပီး မုန္တိုင္းဝင္ေတာ့သည္ ။

" ခြၽန္းဟယ္ ႏူးနားတစ္မနက္လုံး ျပသာနာရွာေနတာ၊ အခုေလးတင္ ရန္ပြဲကၿပီးသြားတာ ေဟ်ာင္း နည္းနည္းပဲလြဲသြားတယ္ - တစ္ညလုံး သူ႔ မက္ေဆ့ခ်္ေတြကို စာမျပန္လို႔တဲ့ တအားစိတ္ဆိုး - "

" ေဂ်ာင္ဝန္း ေဆာင္ဟြန္း အခုဘယ္မွာလဲ "








မေျပးရတာၾကာလို႔လားမသိ ။ ဂ်ယ္ယြန္းရဲ႕ ေျခလွမ္းေတြက ထင္သေလာက္မသြက္ ။ ကိုယ့္ေဇာနဲ႔ကိုယ္မို႔ အသက္ရွဴရပ္မတတ္ ေမာလာတာကို သတိေတာင္မထားမိ ။

ငါမွားသြားတာ ။ ေဆာင္ဟြန္း သူ႔ဘာသာသူ မက္ေဆ့ခ်္ျပန္တာကို ငါမတားမိခဲ့သင့္ဘူး ။

သူ႔ေခါင္းထဲမွာ ဒီအေတြးႏွစ္ခုကသာ ခ်ာခ်ာလည္ေနသည္ ။ ခြၽန္းဟယ္ကို ရွင္းျပၿပီး ဝင္ေတာင္ပန္းေပးဖို႔ စိတ္ကသာ သူ႔ကို ဦးေဆာင္ေနသည္ ။

အားကစား႐ုံတစ္ခုလုံး ပတ္ရွာၾကည့္တာေတာင္ သူတို႔ကိုမေတြ႕ရေသး ။ နားေနခန္းေတြထဲမွာေတာ့ မရွိေလာက္ပါဘူးေနာ္ ။ အဲ့အခန္းေတြကို ေလ့က်င့္ေရးသမားေတြသာ ဝင္ခြင့္ရွိတာမလား ။


​ဂ်ယ္ယြန္းအေတြးေတြ တက္တက္စင္ေအာင္လြဲသြားသည္ ​​။ မ်ားစြာေသာ အခန္းေတြထဲကေန လြတ္ေနတဲ့ တစ္ခန္းဘက္က အသံထြက္လာသည္ ။



" ပတ္ေဆာင္ဟြန္း ! အ႐ူးလာလုပ္မေနနဲ႔ ငယ္ငယ္တည္းကေန အခုထိ နင္ငါ့ကို ဘယ္တုန္းက ဒီေလာက္အခ်ိန္ၾကာၾကာပစ္ထားဖူးလို႔လဲ "

" နာရီပိုင္းပဲေလကြာ ၊ တစ္ညေတာင္မျပည့္ပါဘူး မင္းရဲ႕ မ်ားစြာလွေသာ ဘဲေတြထဲက တစ္ေယာက္ေယာက္နဲ႔ အခ်ိန္ျဖဳန္းေနရင္ေတာင္ သတိထားမိမွာမွမဟုတ္ပဲ "

" နင္ကေကာ ဘာလို႔ အဲ့ ဂ်ိတ္ခ္ နဲ႔အတူရွိေနတဲ့ အခ်ိန္ၾကမွ ငါ့ကိုစာမျပန္တာလဲ "

" ဘာဆိုင္လို႔လဲ ၊ ငါစာေတြကို မျမင္လိုက္လို႔ပါဆို ခြၽန္းဟယ္ရာ "

" ပတ္ေဆာင္ဟြန္း ၊ နင္ သူ႔ကိုခ်စ္လို႔မရတာ သိတယ္ေနာ္
အခုခ်က္ခ်င္း ျဖတ္လိုက္"

" ငါ သူ႔ကို အခုလည္းမခ်စ္ဘူး ၊ ခ်စ္လာမွာလည္း မဟုတ္ဘူး မင္းသိပါတယ္ ခြၽန္းဟယ္ "






အခန္းျပင္က ေကာင္ေလးတစ္ေယာက္ကေတာ့ ႏႈတ္ခမ္းကိုအတင္းကိုက္ထားေနရင္းက ေနာက္ကို ေျခတစ္လွမ္းဆုတ္လိုက္သည္ ။ သူ ဒီကိုလာတာ အဆင္ေျပသြားဖို႔ရွင္းျပေပးခ်င္တဲ့ စိတ္သက္သက္ပဲ ။ အခုေတာ့ ဟိုႏွစ္ေယာက္က အဆင္ေျပလြန္းၿပီး နမ္းတဲ့ အဆင့္ေတာင္ေရာက္ေနၿပီမလား ။ သူ႔ေရွ႕က ျမင္ကြင္းက ေဝဝါးလာေသာေၾကာင့္အားကစား႐ုံထဲကေန ေျပးထြက္လာခဲ့သည္ ။

သူ ငိုမိၿပီလားမသိလား ။
တစ္ဖက္တည္းလြယ္ထားတဲ့ လြယ္အိတ္ႀကိဳးကလည္း သူအားနဲ႔ ဆုပ္ကိုင္ရလြန္း၍ ျပတ္ထြက္ေတာ့မည္ ။




အခုလည္း မခ်စ္ဘူး ။
ခ်စ္လာမွာလည္း မဟုတ္ဘူးတဲ့လား ။




အဲ့ေန႔က ဒီစာသင္ႏွစ္ရဲ႕ ပထမဆုံးအႀကိမ္ သူ ေက်ာင္းပ်က္မိသည္ ။
















ထူထဲေနတဲ့ coat ဝတ္ထားတာေတာင္ ၾကက္သီးထေလာက္ေအာင္ ရာသီဥတုက ေအးေနသည္ ။ အေဆာင္က အခန္းထဲျပန္ေရာက္တာနဲ႔ ဟီဆြန္းက ရွိသမွ် အေႏြးထည္ေတြအကုန္ခြၽတ္ၿပီး ေႏြးသြားေအာင္ heater ကိုဖြင့္လိုက္တယ္ ။

​သူေနခ်င္တဲ့ဘဝ ၊ သူလိုခ်င္တဲ့ ပညာသင္ယူႏိုင္မယ့္ အခြင့္အေရးကိုရတာေတာင္ သူ႔ဘဝက မျပည့္စုံႏိုင္ေသး ။ တစ္စုံတစ္ေယာက္ေလးကို လြမ္းေနရတာနဲ႔တင္ ေန႔ရက္ေတြက ခါးသီးလြန္းေနသည္ ။


ဟီဆြန္းက ေမာေမာနဲ႔ အိပ္ရာေပၚပစ္လွဲလိုက္သည္ ။ တစ္ေနကုန္ အနားမေပးရေသးတဲ့ ခႏၶာကိုယ္က အလိုက္ကမ္းဆိုး မသိ အိပ္ေပ်ာ္ေတာ့မလို႔ေတာင္ျဖစ္ေနၿပီ ။
လြယ္အိတ္ထဲကေန ဖုန္းကို ထုတ္လိုက္ေတာ့ my 🐶 ဆိုတဲ့ album ကို အလိုလိုႏွိပ္မိၿပီးသား ။


အရင္တုန္းက သူတို႔ Video Call ေျပာၿပီးစာလုပ္တိုင္း ဟီဆြန္း စာကို အာ႐ုံမဝင္စားျဖစ္ ။ screen ေပၚမွာေပၚေနတဲ့ ေကာင္ေလးကိုပဲ ေငးၾကည့္ကာ screenshot ေပါင္းေသာင္းေျခာက္ေထာင္ ႐ိုက္ေနရတာနဲ႔ စာက ဘယ္ဆီေနမွန္းမသိ ။


စာကုန္းေရးေနတဲ့ ပုံရိပ္ေလးေတြ ။
လက္ဟန္ေျခဟန္ေတြ ပါပါၿပီး ရွင္းျပရင္း စကားေျပာေနတဲ့ ပုံေလးေတြ ။
သူ နည္းနည္းဆူလိုက္တိုင္း ႏႈတ္ခမ္းဆူၿပီး ျပန္ၾကည့္ေနတဲ့ ပုံေလးေတြ ။





ဟီဆြန္းက ပုံတစ္ပုံတည္းကိုေတာ့ အၾကာႀကီးေငးၾကည့္ေနသည္ ။




ဘယ္ဘက္လက္ေပၚ ေမးတင္ၿပီး သူ႔ကို ၾကည့္ေနတဲ့ ေခြးေပါက္ေလး ​။

ဟီဆြန္း အသံထြက္ပင္ရယ္မိသြားသည္ ။

အဲ့ေန႔က ေရခ်ိဳးၿပီးခါစ ရွင္းေခြးေပါက္ေလးက hoodie အႀကီးႀကီးတစ္ခုကို ေကာက္စြတ္ၿပီး ဝတ္ထားပုံရသည္ ။ မ်က္ႏွာေလးက ရွင္းသန႔္ေနၿပီး အဲ့ကေလးရဲ႕ ကိုယ္သင္းရနံ႔ကိုေတာင္ ဒီကေန လွမ္းရေနသလို ။ ဂ်ယ္ယြန္း အဲ့လို လက္ေပၚေမးတင္ၿပီး ၾကည့္တိုင္း သူ screen တစ္ဖက္ကေန အၿမဲရင္ခုန္သံရပ္သြားရသည္ ။ ျဖစ္ႏိုင္ရင္ေတာ့ ေရျခားေျမျခားကေန ေျပးၿပီး ရင္ခြင္ထဲသာ ထည့္ထားခ်င္သည္ ။




" ဖုန္း ဆက္ၾကည့္ရင္ေကာင္းမလား "

ဒီတစ္ေလာ ဂ်ယ္ယြန္းနဲ႔ သူနဲ႔တစ္ျဖည္းျဖည္း ေဝးလာသလိုခံစားရသည္ ။ အထူးသျဖင့္ ဂ်ယ္ယြန္းဘက္က ။
ဖုန္းေျပာရင္ အၿမဲ အေလာတႀကီးနဲ႔ " ေဟ်ာင္း ဖုန္းခ်လိုက္ေတာ့မယ္" ဆိုၿပီး အၿမဲဦးေအာင္ ခ်သြားသည္ ။ စာလည္း ညတိုင္း အတူမလုပ္ျဖစ္ ။

သံသယ ဝင္လာေတာ့မယ္လို႔ အၿမဲတမ္းေတြးမိတိုင္း ပတ္ေဆာင္ဟြန္းက ေခါင္းထဲ ဦးေအာင္ဝင္လာသည္ ။
ဒယ္ဟန္မင္းဂု တစ္ႏိုင္ငံထဲမွာ သူတို႔ႏွစ္ေယာက္ အတူရွိေနတယ္ ဆိုတဲ့ အေတြးနဲ႔တင္ လူက စိတ္မခ်ျဖစ္ေနရတာ။





ဖုန္းဝင္ၿပီး ေတာ္ေတာ္ၾကာမွ ဂ်ယ္ယြန္းဘက္က ကိုင္သည္

" ဟယ္လို "

" ဟင္ - ဂ်ယ္ယြန္း ငိုေနတာလား "


ဂ်ယ္ယြန္း စကားႏွစ္ခြန္းတည္းေျပာတဲ့ အသံအေနအထားကိုၾကား႐ုံနဲ႔တင္ ဟီဆြန္းရင္ဘတ္တစ္ခုလုံး ပူေလာင္သြားသည္ ။

" မဟုတ္ပါဘူးဗ်ာ .. အိပ္ေနလို႔ပါ "

" ဒီအခ်ိန္ႀကီး ? "

" ဟုတ္ ဒီအခ်ိန္ႀကီး "

" ညေနေစာင္းႀကီးကို .. အိပ္ေနရင္ ဖ်ားေတာ့မယ္ ၊ ၿပီးေတာ့ မင္း ညဘက္အိပ္မေပ်ာ္ရင္ ကိုယ့္ကိုလာမရစ္နဲ႔ေနာ္"

ဟီဆြန္းက ဟာသဆန္ဆန္ ရယ္စရာေျပာလိုက္ေပမယ့္ ဂ်ယ္ယြန္းဆီက ဘာေျဖသံမွမၾကား ။ ဟီဆြန္း နည္းနည္းစိုးရိမ္ရၿပီ ။


" ဂ်ယ္ယြန္း ... ဘာျဖစ္ေနတာလဲ "

ေတာ္ေတာ္ၾကာျပန္မေျဖ ။ တစ္ခ်က္တစ္ခ်က္ ၾကားေနရတဲ့ အသံေတြက ရႈိက္သံေတြလားလို႔ ဟီဆြန္းပိုစိတ္ပူလာသည္ ။

" ေဟ်ာင္း .. ျပန္လာလို႔မျဖစ္ဘူးလား "

တိုးတိုးေလးမွ တကယ့္ကို တိုးတိုးေလး ။
ငိုသံစြက္ေနတဲ့ ထိုအသံေလးက သူ႔ႏွလုံးသားကို က်ဥ္တက္သြားေစသည္ ။ တကယ္ကို ခ်က္ခ်င္း သူပါ မ်က္ရည္ေတြ ဝဲတက္လာေစသည္အထိ ။
ဒီ ဆယ္လသားေလးက အီဟီဆြန္း ဆိုတဲ့ လူအေပၚ အဲ့ေလာက္ထိ သက္ေရာက္မႈရွိသည္ ။

" အဲ့လိုခဏခဏမေျပာပါနဲ႔ ဂ်ယ္ယြန္းရယ္ ၊ မင္းအသံၾကားလိုက္တိုင္း ကိုယ္တကယ္ ေက်ာင္းထြက္ၿပီးျပန္လာေနခ်င္တာ .. အခု စေကာလားရွစ္ကို လက္လႊတ္ၿပီးျပန္လာခဲ့ရမလား "

ရႈိက္သံေလးေတြက တစ္ျဖည္းျဖည္းၿငိမ္သြားသည္ ။
အငိုရပ္သြားေအာင္ အခ်ိန္အေတာ္အတန္ေပးရၿပီးမွ ဂ်ယ္ယြန္းက စကားျပန္စသည္ ။

" ခုနက ေတာင္းပန္ပါတယ္ ၊ စာေတြပိေနလို႔ ေဟ်ာင္းကို ပိုသတိရသြားတာ အဆင္ေျပသြားမွာပါ "

" ဂ်ယ္ယြန္း .. "

" တကယ္ေျပာေနတာ .. ေဟ်ာင္း ၊ ပင္ပန္းတိုင္းေဟ်ာင္းကို ဖုန္းေခၚၿပီး ငိုလို႔ရတယ္ဆို ? ေဟ်ာင္းက အရမ္းႀကီးစိတ္မပူနဲ႔ေလ "

" အရမ္း ပင္ပန္းေနလား .. ဂ်ယ္ယြန္း "

" အဆင္ေျပသြားမွာပါ ဟုတ္တယ္မလားေဟ်ာင္း "


မျမင္ရေပမယ့္လည္း ဟီဆြန္းေခါင္းၿငိမ့္မိသည္ ။




သူဆုေတာင္းတာ တစ္ခုတည္း ။
ဂ်ယ္ယြန္း အခုေျပာေနတာေတြအကုန္ အမွန္ေတြျဖစ္ပါေစ ။












ဂ်ယ္ယြန္း ဒီရက္ပိုင္း ေက်ာင္းကို သြားလိုက္ ၊ မသြားလိုက္ ။ စာေတာ့ပုံမွန္လုပ္ျဖစ္ေပမယ့္ ေက်ာင္းကိုေတာ့ အတတ္ႏိုင္ဆုံး မသြားပဲ အိမ္မွာပဲအေနမ်ားသည္ ။
ေက်ာင္းေရာက္ရင္ေတာင္ စာၾကည့္တိုက္ထဲမွာပဲ စာလုပ္ေနသည္ ။

ေဆာင္ဟြန္းနဲ႔ သူရဲ႕ အေျခအေနကေတာ့ ေအာက္ဆုံးလယ္ဗယ္လို႔ေျပာရမလား။ ထိုေန႔ၿပီးကတည္းက ေဆာင္ဟြန္းကလည္း သူ႔ဆီေရာက္မလာသလို သူကလည္း ေဆာင္ဟြန္း ေလ့က်င့္ေနတာကိုေတာင္ သြားမၾကည့္ျဖစ္ေတာ့ ။



အစကေတာ့ ေဆာင္ဟြန္း သူ႔ကိုေရွာင္ေနတာလို႔ အထင္မွားခဲ့မိေသးသည္ ။ အဲ့လိုမဟုတ္မွန္း သက္ေသျပတဲ့ ျဖစ္ရပ္တစ္ခုက ဒီရက္ပိုင္း ျဖစ္သြားေသးသည္ ။



ေမဂ်ာမတူေက်ာင္းသားေတြကို အဖြဲ႕လိုက္ ဖြဲ႕ၿပီး PE activities ေတြမွာ အတူတူပါဝင္ခိုင္းတဲ့ event ။
ေယာက္်ားေလးေရာ မိန္းကေလးပါ ပါဝင္ရမယ့္ ထို event မွာ ႐ုပ္ရွင္ဆန္စြာပဲ ေဆာင္ဟြန္းနဲ႔ ဂ်ိတ္ခ္က တစ္သင္းတည္းက်သည္ ။ မဟုတ္ဘူး ။ တစ္သင္းတည္း က်မလိုျဖစ္သြားခဲ့ေသးသည္ ။


" ဆရာ ! ကြၽန္ေတာ္ ခြၽန္းဟယ္တို႔အသင္းကိုေျပာင္းလို႔ျဖစ္မလား "

ေဘာလုံးအသင္း ကပၸတိန္ျဖစ္တဲ့ ေဆာင္ဟြန္းကို နဂိုတည္းက နည္းျပကသည္းသည္းလႈပ္ ခ်စ္တာမို႔ တစ္ခါေျပာ႐ုံနဲ႔တင္ ေခါင္းၿငိမ္သည္ ။ အဲ့လိုနဲ႔ပဲ ဂ်ိတ္ခ္နဲ႔ တစ္သင္းတည္းက်တာကိုေတာင္ သတိမထားမိတဲ့ ေဆာင္ဟြန္းက ဟိုဘက္ အသင္းကိုေရာက္သြားသည္ ။



ေဆာင္ဟြန္းက ဂ်ိတ္ခ္ကိုေရွာင္ေနတာ မဟုတ္ဘူး။
Expired Date ကုန္တဲ့မုန႔္ကို လႊတ္ပစ္လိုက္သလိုမ်ိဴး လႊတ္ပစ္လိုက္တာ ။


ေကာ္ရစ္တာ တစ္ေလွ်ာက္ေကာင္မေလးေတြနဲ႔ ေပ်ာ္ျမဴးေနတဲ့ ေဆာင္ဟြန္းကိုေတြ႕ရတိုင္း ၊
အခန္းေထာင့္ေတြမွာ ေကာင္မေလးတစ္ေယာက္ေယာက္ကို နမ္းေနတဲ့ ေဆာင္ဟြန္းကို ျမင္ရတိုင္း ၊
IG မွာ မိန္းကေလးေတြ ၾကားထဲမွာ ဝိုင္ခြက္တစ္ခြက္နဲ႔ ေပ်ာ္ေနတဲ့ ေဆာင္ဟြန္းကို ေတြ႕မိတိုင္း

ႏွလုံးသားက မနာက်င္ႏိုင္ေအာင္ ထုံေနၿပီ ။










ဒါေပမယ့္ အခုခ်ိန္ ရွင္းဂ်ိတ္ခ္ကို " ေဆာင္ဟြန္းကို ခ်စ္လား " ေမးၾကည့္လိုက္ ။

မ်က္ရည္ေတြ ဝန္းရံေနတဲ့ မ်က္ဝန္းေလးေတြက နာက်င္ေနတာကို ဖုံးကြယ္ၿပီး " အင္း အရမ္းခ်စ္တယ္" လို႔ ေခါင္းတစ္ဆက္ဆက္ ညိတ္ၿပီး ျပန္ေျဖလိ့မ္မည္ ။


끝 •

နည္းနည္းၾကာသြားလား😢

Continue Reading

You'll Also Like

1.3M 58.2K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
949K 21.7K 49
In wich a one night stand turns out to be a lot more than that.
595K 9.2K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
311K 9.3K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...