𝐖𝐢𝐬𝐡𝐢𝐧𝐠 𝐎𝐧 𝐃𝐚𝐧𝐝�...

By Ivy_Yeon

10.7K 1.5K 36

Unicode : " Dandelion ရဲ့အစေ့အဖြူလေးတွေကို လေထဲသို့ မှုတ်ထုတ်လိုက်မယ်ဆိုရင် Dandelion ပန်းလေးတွေက သင့်ရဲ့တောင... More

The First
ဂျွန် နှင့် ချာတိတ်ငယ်
အမ္မယာ
အတိတ်ဘဝ၏ အဆုံးအသတ်
အန်နာ
အဆုံးအသတ်

စစ်သူကြီးဂျွန် နှင့် မင်ငယ်

1.3K 221 0
By Ivy_Yeon

Unicode :

" စစ်သူကြီးဂျွန်....မင်ငယ်လေးဆီသွားမလို့လားဗျ "

ဒီနေ့ဟာအားလပ်ရက်ဖြစ်သည်မို့ ရိုးရိုးအဝတ်အစားတွေပဲဆင်မြန်းထားပြီး မင်ငယ်နဲ့တွေ့ရင်ပေးဖို့ရာ ပန်းလှလှတွေလည်းခူးကိုင်ထားသေးသည်။

" ဒါပေါ့ဗျာ တွေ့စရာ ဒါလေးပဲရှိတာကို "

အသိဦးလေးကြီးကလည်း ခပ်ပြုံးပြုံးနဲ့အလိုရှိရာဆီကိုသာထွက်သွားတော့သည်။ သူသည်လည်း မင်ငယ်ရှိနေမည့် ပတ်အိမ်တော်ဆီသို့သာ ဆက်လက်၍ခြေဆန့်လာခဲ့သည်။

" စစ်သူကြီးဂျွန်ရောက်နေပါသည် သခင်လေး "

မင်ငယ်သည် ဖတ်လက်စစာအုပ်တွေကိုတောင်ပစ်ချခဲ့ရင်း အိပ်ဆောင်ထဲကနေဝတ်ရုံကြီးကို မ  ရင်း အပြေးထွက်လာခဲ့သည်။ ပန်းဥယျာဉ်ဘက်ကိုပြေးထွက်လာခဲ့တော့ တစ်ဦးတည်းသော၏အရိပ်လေးကိုမြင်လိုက်ရပြီမို့ မင်ငယ်အကျေနပ်ကြီးကျေနပ်ပြီး ထိုအရိပ်ရှိရာသို့သာ ဆက်လက်ပြေးထွက်ခဲ့သည်။

" လူကြီးဂျွန် !! "

မင်ငယ်သည် သူ့ကိုတွေ့တွေ့ချင်းတရှိန်ထိုးပြေးဝင်လာပြီး သူ့ပေါ်သို့ခုန်အုပ်သည်မို့ သူသည်လည်း မင်ငယ့်ခါးသိမ်လေးအား အချိန်ကိုက်ဖက်တွယ်ဖမ်းထားလိုက်ပြီး မင်ငယ်ကလည်း သူ့လည်တိုင်နဲ့ ခါးသို့ လက်သေးသေးလေးတွေ ခြေထောက်လေးတွေနဲ့ရစ်ပတ်ဖက်တွယ်လာတော့သည်။

" မင်ငယ် စာဖတ်နေတာမဟုတ်ဘူးလား "

နှုတ်ခမ်းဖူးဖူးလေးအား မြတ်နိုးစွာအကြင်နာပေးရင်းမေးလိုက်တော့ မင်ငယ်သည် ရှက်ပြုံးလေးပြုံးသည်။

" လူကြီးဂျွန်လာတယ်ဆိုလို့ ပစ်ချထားခဲ့တာ ဟီး "

" အော် မင်ငယ်ရယ် ဖြစ်ရမယ် "

ဂျွန်တစ်ယောက် ပုခုံးတွေလှုပ်ခတ်သွားသည်ထိရယ်လေတော့ မင်ငယ်ကလည်းမျက်လုံးလေးများမှိတ်သွားရသည်အထိ ရယ်နေပြန်သည်။

" လူကြီးဂျွန်ကို လွမ်းနေလို့ပါနော် "

မင်ငယ်က မျက်စောင်းသေးသေးလေးနှင့်ပြောလေတော့ လူကြီးဂျွန်၏သန်မာလှသောခြေထောက်တွေမှာလည်း ချက်ချင်းပင်ခွေကျတော့မလို။ မင်ငယ်သည် သူ့အားထိုသို့အထိ ပြုစားနိုင်သူလေး။

" ကောင်းပါပြီဗျာ အမတ်ကြီးသိရင် စိတ်ဆိုးနေပါဦးမယ် "

စစ်သူကြီးဂျွန်သည် စစ်ထွက်ရာ၌သိပ်ကိုကျွမ်းကျင်ပြောင်မြောက်လှပြီး အရည်အချင်းရှိသူမို့ ရေမြေ့သခင်သာမက အမတ်ကြီးများကလည်း လက်ခုပ်မစဲအောင်ပင် သိပ်ကိုသဘောကျအားထားကြသည်။ သို့ပေမယ့် မင်ငယ်၏ဖခင်ကြီးဖြစ်ပါသော ဘုရင့်အတိုင်ပင်ခံအမတ်ကြီးကတော့ ပါဝင်မနေခဲ့ပါ။ စစ်ရေးအရသဘောကျသော်ငြားလည်း မင်ငယ်နှင့်ပတ်သတ်နေလို့ကို အမြင်ကပ်နေသည့်ပုံ။ ယောက်ျားချင်း‌သဘောကျတာကို သဘောမတူ၊ လက်သင့်မခံနိုင်သူမို့ ပိုဆိုးလှသည်။ ဘုရင်ကိုယ်တိုင်က နားချတာတောင်လက်သင့်မခံတာမို့ ဂျွန့်ခမျာလည်း ပူပန်နေရသည်။ သို့ပေမယ့်လည်း အမတ်ကြီးသည် သူ့သားမျက်နှာ တစ်ကမ္ဘာမို့ အပြတ်ငြင်းပစ်တာမျိုးတော့မလုပ်ပဲ အမြင်ကပ်ပုဒ်မနှင့် တစ်ခါတလေကလေးဆန်ဆန်ပညာပြတာမျိုးတော့ရှိတတ်သည်။

" လူကြီးဂျွန် ညနေထိနေရမှာနော်။ လူကြီးဂျွန်ကြိုက်တတ်တာလေးတွေ ချက်ခိုင်းလိုက်မယ် "

မင်ငယ်လေးအား ပွေ့ချီထားလျက်ပဲအိမ်တော်ထဲဝင်လာခဲ့တော့ အိမ်တော်ရဲ့အလုပ်သမားတွေကလည်း ပြုံးသဲ့သဲ့လေးတွေနဲ့ကြည့်ကြသည်။ မင်ငယ်ကတော့ ဂရုမစိုက်ပေမယ့် သူကတော့လူကြီးပီပီနည်းနည်းတော့ထူပူရှက်မိသည်။ မင်ငယ်က သူ့အကြောင်းသိရင် တမင်ကိုနမ်းပြတတ်သည်မို့ ရှက်ပုံလည်းမပြရဲ။ မင်ငယ်သည် သူ့၏ဖခင်နဲ့ရော မိခင်နဲ့ပါမတူပဲ တစ်မူထူးနေပါသော အဆိုးအပေလေးပင်။

" လူကြီးဂျွန်ရေ လူကြီးဂျွန်ရဲ့ပေါင်ပေါ်ကို ခေါင်းအုံးအိပ်ပြီးမှ စာဖတ်ချင်မိတာ "

စကားတတ်လွန်းလှသော မင်ငယ်သည် ချက်ချင်းပဲ သူ့ပေါင်တစ်ဖက်ပေါ်သို့ခေါင်းမှီချရင်း ဖတ်လက်စစာအုပ်လေးအား ဆက်လက်၍ဖတ်နေလေသည်။ သူသည်လည်း မင်ငယ်ပေးထားသော အချစ်စာအုပ်လေးအား ဖတ်နေရသည်။ " လူကြီးဂျွန်က နုနုယွယွတွေမလုပ်တတ်လို့ ရော့ ဖတ် " ဆိုပြီး လက်ထဲထည့်ပေးထားတာမို့ လူကြီးဖြစ်တဲ့ကိုယ်ကပဲ ကလေးစကားနားထောင်ပြီးထိုင်ဖတ်နေရခြင်း။

" အဟမ်း စစ်သူကြီးကရော သူများအိမ်မှာတစ်နေကုန်အချိန်လာကုန်နေလို့ အဆင်ပြေတာလား "

ညနေစာထမင်းလက်ဆုံစားကြတော့ အမတ်ကြီးရဲ့ ရွဲ့စကားကြောင့် ဂျွန်တံတွေးသာမြိုချမိတော့သည်။ မင်ကလည်း ကပ်ကပ်လန်အောင်ပြန်ပြီးရန်တွေ့နေသည်မို့ ဂျွန်တစ်ယောက် ရယ်ချင်လျက် လက်တို့ဖြစ်လာရသည်။ အမတ်ကြီးကလည်း သူ့သားကြောင့်ဟာသတစ်ခုအသွင်ပြောင်းလိုက်ရင်း သားကိုပြန်ချော့နေရသည်မို့ ဂျွန်ပြုံးသာပြုံးနေမိတော့သည်။

" ပြန်တော့မယ်နော် လိုက်ပို့မနေနဲ့တော့ မိုးချုပ်နေပြီ "

မင်ငယ်သည် သူအိမ်ပြန်ခါနီးအချိန်ထိ တွဲထားသောလက်တွေအားမလွှတ်ပေးချင်ခဲ့။ နှုတ်ခမ်းလေးတွေအား သိသိသာသာစူထားရင်း လိုချင်တာမရ၍ဂျီတော့မည့်ကလေးငယ်တစ်ယောက်နှင့် အလားသဏ္ဍာန်တူလှသည်။

" မင်ငယ်....ကိုယ်ကနောက်လည်းလာလည်မှာပဲလေ။ စစ်မထွက်ခင်ချိန်အထိ ဘယ်ချိန်တွေ့တွေ့ရတာပဲလေကွာ အဲ့လိုလေးဖြစ်နေတော့ ကိုယ်ကဘယ်စိတ်ကောင်းပါ့မလဲ "

ချော့မော့ပြောကာမှ ပြိုတော့မည့်မိုးလိုမျက်နှာလေးဖြစ်လာတာမို့ မင်ငယ့်ကိုယ်လေးအားအသာဆွဲဖက်ထားရင်း ကျောပြင်သေးသေးလေးက်ိုပွတ်ပေးကာ ချော့မော့ပေးနေမိသည်။ မင်ငယ်သည် ငိုချတာမျိုးတော့မလုပ်ပဲ သက်ပြင်းသဲ့သဲ့လေးချရင်း သူစိတ်မကြည်တော့သည့်အကြောင်းအသိပေးသည်။

" ကောင်းပြီ မနက်ဖြန်ပြန်လာခဲ့မယ်ကွာ "

" တကယ်လား တကယ်လား "

" အင်း တကယ် မနက်ဖြန်ကျရင်အိမ်မှာမနေတော့ပဲ ဒုဓလီခင်းထဲသွားကြမယ်လေ။ ဆုတွေ‌လည်းတောင်းကြမယ် ဘယ်လိုလဲ "

" အွန်း ! သွားမယ် သွားမယ် "

မင်ငယ်သည် သူ့အားတင်းတင်းကြပ်ကြပ်ဖက်ထားပြန်ရင်း စိတ်ပြန်ပျော်သွားကြောင်းအသိပေးပြန်သည်။ တကယ်ကို ကလေးလေးလို။

" ဒါဆိုကိုယ်သွားပြီနော် စောစောအိပ်မင်ငယ် "

မင်ငယ့်နှဖူးပြင်လေးမှာ အနမ်းခပ်ဖွဖွပေးလိုက်တော့ မင်ငယ်ကလည်းခြေဖျားလေးထောက်ရင်း ဂျွန့်နှုတ်ခမ်းပါးအား အနမ်းပြန်ပေးသည်။ ထို့နောက် တစ်ဦးကိုယ်တစ်ဦးနှုတ်ဆက်လိုက်တော့သည်........

မနက်စောစော မင်ငယ့်အား အိမ်တော်ကနေခေါ်လာခဲ့ရင်း တောင်ဘက်က ဒုဓလီခင်းကြီးဆီသို့ လက်ဆွဲတော်မြင်းကြီးအားနှင်၍ ခရီးဆက်ခဲ့သည်။ အနောက်မှ မင်ငယ်ကလည်း ခါးကိုသိမ်းကျုံးဖက်တွယ်ထားသည်မို့ မြင်းထိန်းနေရင်းမှ ပြုံးလိုက်မိသည်။

မင်ငယ်ကလည်း အနောက်ဘက်သို့လွင့်လာတတ်သော လူကြီးဂျွန်ရဲ့ဆံနွယ်ရှည်တွေအားသဘောကျစွာနမ်းရှိုက်ရင်း တစ်ကမ္ဘာလုံးအား ပိုင်ဆိုင်ထားသယောင်ကိုဖြစ်နေမိသည်။ လူကြီးဂျွန်ကိုသာ ပိုင်ဆိုင်ရလျှင် သူသည်သခင်လေးမလုပ်ရလည်းအဆင်ပြေသည်၊ စာမသင်ရတော့ရင်လည်းအဆင်ပြေသည်။ အရေးကြီးသည်က လူကြီးဂျွန် သူ့အနားတွင်သာ ထာဝရစာ အမြဲရှိနေဖို့ရန်။

" ရောက်ပြီ ဖြည်းဖြည်းဆင်းနော် "

ဂျွန်သည် မြင်းပေါ်မှအရင်ဆင်းသက်ရင်း မင်ငယ်အေးဆေးဆင်းသက်နိုင်ဖို့ လက်လေးကမ်းရင်းကြိုနေမိသည်။

" လာ သွားကြစို့ "

မင်ငယ်မြေပြင်ပေါ်သို့ရောက်ပြီဆိုသည်နှင့် မင်ငယ့်လက်လေးအား အသာဆွဲလာရင်း ဒုဓလီခင်းကြီးဘက်သို့ပြေးထွက်လာခဲ့သည်။

" ဒီမှာ ဒီမှာ ဒါလေးတွေဆိုမှုတ်ထုတ်လို့ရနေပြီ "

မင်ငယ်သည် အဝါရောင်ပွင့်ဖက်လေးမှာ‌ညှိုး၍ကြွေကျပြီးသားဖြစ်တာမို့ ဘောလုံးလေးသဏ္ဌာန်ဖြစ်နေပါသော ဒုဓလီလေးတစ်ပွင့်အား ကောက်ယူလိုက်ရင်းခပ်မြူးမြူးပြောလာသည်။ ဂျွန် သည်လည်း နောက်ထပ်ဒုဓလီလေးတစ်ပွင့်အားကောက်ယူလိုက်ပြီး မင်ငယ့်နားသို့တိုးကပ်လာသည်။

" ဒုဓလီ ရဲ့အစေ့အဖြူလေးတွေကို လေထဲသို့ မှုတ်ထုတ်လိုက်မယ်ဆိုရင် ဒုဓလီ ပန်းလေးတွေက မင်ငယ့်ရဲ့ တောင်းဆုတစ်ခုကို ဖြည့်ဆည်းပေး
လိမ့်မယ်တဲ့ "

ဂျွန်က ပြုံးရင်းပြောတော့ မင်ငယ်ကလည်းတစ်ဖန်ပြန်ပြုံးပြရင်း ဆုတောင်းနေသည့်ဟန်ဖြင့်မျက်လုံးလေးများမှိတ်သွားသည်။ ဂျွန် သည်လည်း မင်ငယ့်အတိုင်းလိုက်ပြုမူမိရင်း.....

" ဆုတောင်းတိုင်းသာပြည့်မယ်ဆိုလျှင် ဒီဘဝမှာမင်ငယ်နဲ့ဝေးခဲ့သည်ရှိခဲ့လျှင်လည်း နောင်ဘဝမှာတော့ မင်ငယ့်ဘေးတွင်ရှင်သန်ခွင့်ပေးရပါ‌စေသား....."

ဦးနှောက်ထဲတွင်အလိုလိုမှတ်မိနေပါသော အတိတ်ဘဝကအကြောင်းအရာများကြောင့် ဂျောင်ဂု သက်ပြင်းအသာချမိသည်။ ဝရံတာမှ ညကောင်းကင်ကြီးအားမော့ကြည့်နေရင်း အတိတ်ဘဝသို့ပြန်တွေးမိနေခြင်းသာ။ ဟုတ်သည် သူနှင့် မင်ငယ် ခေါ် ပတ်ဂျီမင်းသည် အရင်ဘဝကတည်းက ချစ်သူတွေဖြစ်ခဲ့ကြသည်။ ဒီကိစ္စတွေကိုလည်း မွေးကတည်းက ခုချိန်ထိ ခရေစေ့တွင်းကျကျမှတ်မိနေသည်။ ဘာ့ကြောင့်ဆိုတာလည်း သူသိသည်။ သို့ပေမယ့် မင်ငယ့်ဆီသို့ သူ့အနေနဲ့သွားခွင့်ရှိမနေ။

" အတိတ်ဘဝကလိုမျိုး သေကွဲကွဲပြီး ချစ်ရသူကိုနာကျင်စေချင်ရင်တော့ ရှေ့ဆက်တိုးကြည့်ပေါ့ စစ်သူကြီးဂျွန်.....မင်ငယ်က စစ်သူကြီးဂျွန်နဲ့ပတ်သတ်ပြီး အညံ့ရှိနေတာ။ တစ်လှမ်းတိုးမိတာနဲ့ သူတစ်ဆင့်ကိုညံ့သွားတာပဲ "

နတ်ဆရာမ၏ပြောစကားကြောင့် သူ့ခြေလှမ်းတွေသည်ရပ်တန့်သွားခဲ့ရသည်။

ထိုနေ့က ကျောင်းသို့သူရောက်သွားတုန်း ကျောင်းဝတ်စုံအပြည့်နှင့်ငေးကြည့်နေသည့်ကောင်လေးအား သူချက်ချင်းဆိုသလိုတော့မမှတ်မိခဲ့။ အိမ်ရောက်ပြီး အိပ်နေရာမှ အတိတ်ကအကြောင်းတွေက သူ့ကိုပြန်သတိပေးသလိုမျိုးအိပ်မက်အနေနဲ့ပြန်မက်လာကာမှ မင်ငယ့်မျက်နှာလေးနဲ့ ထိုကောင်လေးရဲ့မျက်နှာတစ်ထပ်တည်းကျနေမှန်းသိလိုက်ရသည်မို့ ငယ်ငယ်ကတည်းကရင်းနှီးခဲ့ရသည့် နတ်ဆရာမထံသွားမေးတော့ ရင်ကိုဆောင့်ကန်ခံလိုက်ရသလိုပင်။

မင်ငယ်သည် သူနှင့်ပတ်သတ်မိလို့အညံ့ရှိသွားတာတဲ့လေ....

မင်ငယ်က သူ့ကိုစစ်သူကြီးဂျွန်အဖြစ်မမှတ်မိရင်တောင် ဂျွန်ဂျောင်ဂုအနေနဲ့သဘောကျနေမှန်းသူသိသည်။ သိတော့လည်း သူကျေနပ်မိသည်။ သို့ပေမယ့် သူရှေ့ဆက်လည်းမတိုးရဲသလို မင်
ငယ့်ကိုလည်း ဆွဲမခေါ်ရဲ။ သူ့အကြောင်းသူသာသိသည်မို့။
_________

" ဂျီမင်း ....."

ဂျီမင်းတစ်ယောက် ထုံးစံအတိုင်းစာကြည့်တိုက်ထဲစာထိုင်ဖတ်ရင်း တစ်ယောက်သောသူအားငေးကြည့်နေမိတုန်း ဘေးနားသို့ရုတ်တရက်ရောက်လာသည့် အန်နာ့ကြောင့် နှာခေါင်းရှုံ့မိသည်။ အမြန်ပွဲလာဖျက်တဲ့ အဖျက်သမား။

" ပြော ပြော "

" နင်ကလည်း စိတ်မရှည်တဲ့အသံနဲ့။ ငါကစာမေးချင်လို့နင့်ကိုတကူးတကလာရှာတာကို အဲ့လိုတုံ့ပြန်ရသလား "

အန်နာကနှုတ်ခမ်းလေးစူရင်း ပွစိပွစိပြောလာတော့ ဂျီမင်းကလည်းသူငယ်ချင်းမလေး၏ချစ်ဖို့ကောင်းမှုကြောင့်သဘောတကျရယ်မိရင်း အန်နာ့ရဲ့ ဆံနွယ်ပျော့လေးတွေအားဖွလိုက်တော့သည်။

" ကဲ မေးပါဦး ဒီကအိုပါးက ဘာရှင်းပြရမလဲ "

အန်နာ့ခေါင်းပေါ်က လက်တစ်ဖက်အားမဖယ်ထားသေးပဲ ရှေ့တိုးထိုင်လိုက်တော့ အန်နာ့ဇက်ကလေးကလည်း ပုဝင်သွားပြီးချစ်စဖွယ်ဖြစ်သွားသည်။ ဘေးကကျောင်းသားကျောင်းသူတွေကလည်း လှည့်ကြည့်လှည့်ကြည့်နဲ့ တီတိုးပြောကုန်ကြသည်။ သူကတော့ ဘာမှဖြစ်မနေ။ အန်နာ့ကို သူငယ်ချင်းအရင်းတစ်ယောက်လိုသဘောထားရုံပဲမို့ ဒါမျိုး skinship တွေကတော့ စကားထဲထည့်ပြောနေစရာမှမလိုတာ။ စိတ်ထဲကရိုးသားနေရင်ရပြီလေ။

" ဟို ဒီသင်္ချာပုစ္ဆာလေး "

ဖတ်စာအုပ်ထဲကပုစ္ဆာအားလက်ထောက်ပြရင်း အန်နာကမေးလေတော့ သူဒုတိယအကြိမ် အန်နာ့ရဲ့နှဖူးလေးအား လက်ဖြင့်ခပ်ဖွဖွတောက်မိတော့ အန်နာက ထပ်မံ၍နှုတ်ခမ်းလေးစူသွားပြီး သူ့နှဖူးသူခပ်ဖွဖွပွတ်နေသည်။

" အဲ့ဒါကို ဆရာရှင်းပြသွားတာဘယ်နှခေါက်တောင်များလဲ မိအန်နာ "

" နင်ကလည်း ငါအိပ်ပျော်နေလို့ဟာကို။ ပြီးတော့ နင်ရှင်းပြရင်ငါနားလည်တယ်လေ ဒါကြောင့်ပါဟ နော် နော် "

အန်နာက သူ့လက်မောင်းအား အားရပါးရဆွဲဖက်ထားရင်း ကပ်ချွဲသည်မို့သူသဘောကျစွာရယ်လိုက်ပြီးမှ စာထဲအာရုံစိုက်ပြီး အန်နာနားလည်စေရန်အလွယ်ဆုံးနည်းဖြင့်ရှင်းပြဖို့စတင်လိုက်တော့သည်။

အံကြိတ်ရင်း ထထွက်ထားတဲ့ အနက်ရောင်အရိပ်တစ်ခုကို သူသတိမထားမိလိုက်တာကတော့ တကယ်ကိုအမှန်ပင်။

ဂျောင်ဂုတစ်ယောက်စိတ်တိုသလိုဖြစ်လာလို့ ထထွက်လာမိတာ ခုဘယ်ရောက်လို့ရောက်လာမှန်းတောင်သတိမထားမိတော့။ ရင်ဘတ်ထဲပြည့်ကြပ်ပြီး ပေါက်ကွဲချင်နေတာကတော့အမှန်။ ပေါက်စငယ်၏လက်အားအတင်းဆွဲပြီး ခေါ်ထုတ်ချင်မိတာကလည်း မလွဲ။ သို့ပေမယ့် ဒီဘဝမှာ ပတ်သတ်မှုလေးက မြူမှုန်လောက်တောင်ရှိမနေတာမို့ သူ့အနေနဲ့လုပ်ပိုင်ခွင့်တွေရှိမနေခဲ့။

စစ်သူကြီးဂျွန်၏နှလုံးသားနဲ့ပဲမို့ မင်ငယ့်အပေါ်သေလောက်အောင်ချစ်ပြီးစွဲလမ်းမိသည်။ သို့ပေမယ့်လည်း အတိတ်ကိုမှတ်မိပြီး အနာဂတ်မှာရှင်သန်နေရသည့် ဂျွန်ဂျောင်ဂုအနေနဲ့တော့ ပတ်ဂျီမင်းအပေါ် ထိခိုက်မှုသေးသေးလေးတောင်အဖြစ်မခံနိုင်တော့ပါ။ ဒီသစ္စာသည် အမှန်ဆုံးပင်။

" ဒုဓလီလေးတွေရေ မင်းတို့လေပြေတွေကနေ လွင့်ပျံသွားရင်း ငါ့ချစ်သူကိုတွေ့ခဲ့ရင် ငါလွမ်းနေကြောင်း သတင်းပါးခဲ့ပါဦး....."

မင်ငယ်သည် ဒုဓလီပွင့်လေးတွေအား လေထဲသို့မှုတ်ထုတ်ရင်းဆုတောင်းခြွေနေသည်။ စစ်သူကြီးဂျွန် စစ်ထွက်နေသည်မှာ သီတင်းပတ်တော်တော်ကြာခဲ့ပြီ။ စာပို့ခိုလည်းရောက်မလာခဲ့သလို သတင်းစကားလေးမကြားရတာမို့ ထုံးစံအတိုင်းပဲ ဒုဓလီခင်းကြီးရှိရာသို့ တစ်ယောက်တည်းနှင်လာခဲ့ရင်း တစ်နေ့ခင်းလုံးအချိန်ကုန်ဆုံးမိသည်။

" ဆုတောင်းတိုင်းပြည့်မယ်ဆို လူကြီးဂျွန်နဲ့ ဘဝဆက်တိုင်း ချစ်သူတွေဖြစ်ရပါစေသား...."

မင်ငယ် ဟိုတစ်ခေါက်တုန်းကဆုတောင်းခဲ့သော ဆုတောင်းလေးကိုပဲတစ်ဖန်ပြန်ဆုတောင်းနေမိသည်။ စစ်ထွက်သူရဲ့ ကြင်သူဖြစ်ရတာကလည်းလွယ်မနေ။ သတင်းအဆိုးနဲ့အကောင်းဟာ အမြဲဒွန်တွဲနေတတ်သည်မို့ သူရွှေရင်တွေလည်းခဏခဏတုန်လှုပ်ရသည်။ အဆိုးဆုံးကတော့ စစ်ပွဲမှ ဒဏ်ရာအပြည့်နဲ့ပြန်လာတာမျိုးတွေ....အသက်ပါလာသေးတာကို ကျေးဇူးတင်ရမယ်ဆိုပေမယ့်လည်း ချစ်ရသူနာကျင်ရတာမျိုးကိုဘယ်နည်းနဲ့မှလက်ခံလို့မရနိုင်။ ထိမ်းမြားပြီးရင်တော့ ရေမြေ့သခင်ကို ဝင်ခစားရင်း တစ်ခေါက်လောက်စကားပြောကြည့်ရဦးမည်။

" ဂျီမင်း ! "

" ဟင် ! "

အိပ်ပျော်နေရာမှ တစ်စုံတစ်ယောက်၏လှုပ်နှိုးမှုကြောင့်လန့်နိုးလာခဲ့တော့ မျက်စိရှေ့တွင်ရှိနေသူက ထိုလူသာ....

" ကျောင်းဆင်းချိန်ဖြစ်နေပြီလေ အတန်းမတက်ခဲ့ဘူးလား "

" ဟီး "

သွားဖြီးပြရင်း ခေါင်းကိုသာနာနာကုတ်နေမိသည်။ နေ့လယ်က အန်နာ့ကိုစာသေချာရှင်းပြပြီး စိတ်ထဲပင်ပန်းသွားသည်ထင်။ အန်နာထွက်သွားပြီးခဏလောက်အိပ်မယ်ဆိုပြီးအိပ်နေလိုက်တာများ အခုဂျောင်ဂုလာနှိုးမှ နိုးသည့်အဖြစ်။

" ကျောင်းတံခါးမပိတ်ခင် မြန်မြန်ထွက်ရမှာ လာ"

လက်ကိုင်အိတ်အားကိုင်ထားရင်း သူ့အားမျက်လုံးချင်းဆုံပြီးပြောနေသူကြောင့် ဂျီမင်းရဲ့ရင်ခုန်သံတွေသာထိန်းမရသိမ်းမရ။

ဂျောင်ဂုဟာလည်း သူ့ကိုမော့ကြည့်ရင်းငုပ်တုပ်မေ့နေသူလေးရဲ့အဖြစ်အားရယ်ချင်သယောင်ဖြစ်လာမိသော်ငြားလည်း သူ့စိတ်အလိုသူမလိုက်နိုင်။ ခေါ်ခဲ့ပြီးပြီမို့ ထွက်လာမှာပဲဆိုသောအတွေးလေးနဲ့သာ သူအရင်ထွက်လာခဲ့သည်။ ကျောင်းအဆောက်အဦးအပြင်ဘက်သို့ သူရောက်တော့ အရိပ်သေးသေးလေးဟာ လှုပ်စိလှုပ်စိနှင့် သူ့အနောက်ထံပါးကနေကပ်ပါလာမှန်းသူသိလိုက်သည်။ ဒီတစ်ခါတော့ သူပြုံးလိုက်မိပါသည်။ အရိပ်ငယ်လေးမမြင်နိုင်လောက်တာမို့ သူပြုံးရင်းပဲ ဆက်လျှောက်နေမိတော့သည်။

" အဲ့အိပ်မက် မက်ပြီး ဘာလို့ရင်ထဲတစ်မျိုးဖြစ်နေပါလိမ့် "

နောက်ပါးဆီက အရိပ်ငယ်ဟာလည်း သူ့ရင်ဘတ်သူနာနာပုတ်ရင်း လျှောက်လာခဲ့သည်။ ဂိတ်အပြင်ဘက်ရောက်တော့မှ ကိုယ်စီလမ်းခွဲခဲ့ရင်း အိမ်ပြန်ချိန်အားအဆုံးသတ်ခဲ့တော့သည်။

@Ivy_Yeon

Zawgyi :

" စစ္သူႀကီးဂြၽန္....မင္ငယ္ေလးဆီသြားမလို႔လားဗ် "

ဒီေန႕ဟာအားလပ္ရက္ျဖစ္သည္မို႔ ရိုးရိုးအဝတ္အစားေတြပဲဆင္ျမန္းထားၿပီး မင္ငယ္နဲ႕ေတြ႕ရင္ေပးဖို႔ရာ ပန္းလွလွေတြလည္းခူးကိုင္ထားေသးသည္။

" ဒါေပါ့ဗ်ာ ေတြ႕စရာ ဒါေလးပဲရွိတာကို "

အသိဦးေလးႀကီးကလည္း ခပ္ၿပဳံးၿပဳံးနဲ႕အလိုရွိရာဆီကိုသာထြက္သြားေတာ့သည္။ သူသည္လည္း မင္ငယ္ရွိေနမည့္ ပတ္အိမ္ေတာ္ဆီသို႔သာ ဆက္လက္၍ေျခဆန႔္လာခဲ့သည္။

" စစ္သူႀကီးဂြၽန္ေရာက္ေနပါသည္ သခင္ေလး "

မင္ငယ္သည္ ဖတ္လက္စစာအုပ္ေတြကိုေတာင္ပစ္ခ်ခဲ့ရင္း အိပ္ေဆာင္ထဲကေနဝတ္႐ုံႀကီးကို မ  ရင္း အေျပးထြက္လာခဲ့သည္။ ပန္းဥယ်ာဥ္ဘက္ကိုေျပးထြက္လာခဲ့ေတာ့ တစ္ဦးတည္းေသာ၏အရိပ္ေလးကိုျမင္လိုက္ရၿပီမို႔ မင္ငယ္အေက်နပ္ႀကီးေက်နပ္ၿပီး ထိုအရိပ္ရွိရာသို႔သာ ဆက္လက္ေျပးထြက္ခဲ့သည္။

" လူႀကီးဂြၽန္ !! "

မင္ငယ္သည္ သူ႕ကိုေတြ႕ေတြ႕ခ်င္းတရွိန္ထိုးေျပးဝင္လာၿပီး သူ႕ေပၚသို႔ခုန္အုပ္သည္မို႔ သူသည္လည္း မင္ငယ့္ခါးသိမ္ေလးအား အခ်ိန္ကိုက္ဖက္တြယ္ဖမ္းထားလိုက္ၿပီး မင္ငယ္ကလည္း သူ႕လည္တိုင္နဲ႕ ခါးသို႔ လက္ေသးေသးေလးေတြ ေျခေထာက္ေလးေတြနဲ႕ရစ္ပတ္ဖက္တြယ္လာေတာ့သည္။

" မင္ငယ္ စာဖတ္ေနတာမဟုတ္ဘူးလား "

ႏႈတ္ခမ္းဖူးဖူးေလးအား ျမတ္နိုးစြာအၾကင္နာေပးရင္းေမးလိုက္ေတာ့ မင္ငယ္သည္ ရွက္ၿပဳံးေလးၿပဳံးသည္။

" လူႀကီးဂြၽန္လာတယ္ဆိုလို႔ ပစ္ခ်ထားခဲ့တာ ဟီး "

" ေအာ္ မင္ငယ္ရယ္ ျဖစ္ရမယ္ "

ဂြၽန္တစ္ေယာက္ ပုခုံးေတြလႈပ္ခတ္သြားသည္ထိရယ္ေလေတာ့ မင္ငယ္ကလည္းမ်က္လုံးေလးမ်ားမွိတ္သြားရသည္အထိ ရယ္ေနျပန္သည္။

" လူႀကီးဂြၽန္ကို လြမ္းေနလို႔ပါေနာ္ "

မင္ငယ္က မ်က္ေစာင္းေသးေသးေလးႏွင့္ေျပာေလေတာ့ လူႀကီးဂြၽန္၏သန္မာလွေသာေျခေထာက္ေတြမွာလည္း ခ်က္ခ်င္းပင္ေခြက်ေတာ့မလို။ မင္ငယ္သည္ သူ႕အားထိုသို႔အထိ ျပဳစားနိုင္သူေလး။

" ေကာင္းပါၿပီဗ်ာ အမတ္ႀကီးသိရင္ စိတ္ဆိုးေနပါဦးမယ္ "

စစ္သူႀကီးဂြၽန္သည္ စစ္ထြက္ရာ၌သိပ္ကိုကြၽမ္းက်င္ေျပာင္ေျမာက္လွၿပီး အရည္အခ်င္းရွိသူမို႔ ေရေျမ့သခင္သာမက အမတ္ႀကီးမ်ားကလည္း လက္ခုပ္မစဲေအာင္ပင္ သိပ္ကိုသေဘာက်အားထားၾကသည္။ သို႔ေပမယ့္ မင္ငယ္၏ဖခင္ႀကီးျဖစ္ပါေသာ ဘုရင့္အတိုင္ပင္ခံအမတ္ႀကီးကေတာ့ ပါဝင္မေနခဲ့ပါ။ စစ္ေရးအရသေဘာက်ေသာ္ျငားလည္း မင္ငယ္ႏွင့္ပတ္သတ္ေနလို႔ကို အျမင္ကပ္ေနသည့္ပုံ။ ေယာက္်ားခ်င္း‌သေဘာက်တာကို သေဘာမတူ၊ လက္သင့္မခံနိုင္သူမို႔ ပိုဆိုးလွသည္။ ဘုရင္ကိုယ္တိုင္က နားခ်တာေတာင္လက္သင့္မခံတာမို႔ ဂြၽန႔္ခမ်ာလည္း ပူပန္ေနရသည္။ သို႔ေပမယ့္လည္း အမတ္ႀကီးသည္ သူ႕သားမ်က္ႏွာ တစ္ကမာၻမို႔ အျပတ္ျငင္းပစ္တာမ်ိဳးေတာ့မလုပ္ပဲ အျမင္ကပ္ပုဒ္မႏွင့္ တစ္ခါတေလကေလးဆန္ဆန္ပညာျပတာမ်ိဳးေတာ့ရွိတတ္သည္။

" လူႀကီးဂြၽန္ ညေနထိေနရမွာေနာ္။ လူႀကီးဂြၽန္ႀကိဳက္တတ္တာေလးေတြ ခ်က္ခိုင္းလိုက္မယ္ "

မင္ငယ္ေလးအား ေပြ႕ခ်ီထားလ်က္ပဲအိမ္ေတာ္ထဲဝင္လာခဲ့ေတာ့ အိမ္ေတာ္ရဲ႕အလုပ္သမားေတြကလည္း ၿပဳံးသဲ့သဲ့ေလးေတြနဲ႕ၾကည့္ၾကသည္။ မင္ငယ္ကေတာ့ ဂ႐ုမစိုက္ေပမယ့္ သူကေတာ့လူႀကီးပီပီနည္းနည္းေတာ့ထူပူရွက္မိသည္။ မင္ငယ္က သူ႕အေၾကာင္းသိရင္ တမင္ကိုနမ္းျပတတ္သည္မို႔ ရွက္ပုံလည္းမျပရဲ။ မင္ငယ္သည္ သူ႕၏ဖခင္နဲ႕ေရာ မိခင္နဲ႕ပါမတူပဲ တစ္မူထူးေနပါေသာ အဆိုးအေပေလးပင္။

" လူႀကီးဂြၽန္ေရ လူႀကီးဂြၽန္ရဲ႕ေပါင္ေပၚကို ေခါင္းအုံးအိပ္ၿပီးမွ စာဖတ္ခ်င္မိတာ "

စကားတတ္လြန္းလွေသာ မင္ငယ္သည္ ခ်က္ခ်င္းပဲ သူ႕ေပါင္တစ္ဖက္ေပၚသို႔ေခါင္းမွီခ်ရင္း ဖတ္လက္စစာအုပ္ေလးအား ဆက္လက္၍ဖတ္ေနေလသည္။ သူသည္လည္း မင္ငယ္ေပးထားေသာ အခ်စ္စာအုပ္ေလးအား ဖတ္ေနရသည္။ " လူႀကီးဂြၽန္က ႏုႏုယြယြေတြမလုပ္တတ္လို႔ ေရာ့ ဖတ္ " ဆိုၿပီး လက္ထဲထည့္ေပးထားတာမို႔ လူႀကီးျဖစ္တဲ့ကိုယ္ကပဲ ကေလးစကားနားေထာင္ၿပီးထိုင္ဖတ္ေနရျခင္း။

" အဟမ္း စစ္သူႀကီးကေရာ သူမ်ားအိမ္မွာတစ္ေနကုန္အခ်ိန္လာကုန္ေနလို႔ အဆင္ေျပတာလား "

ညေနစာထမင္းလက္ဆုံစားၾကေတာ့ အမတ္ႀကီးရဲ႕ ႐ြဲ႕စကားေၾကာင့္ ဂြၽန္တံေတြးသာၿမိဳခ်မိေတာ့သည္။ မင္ကလည္း ကပ္ကပ္လန္ေအာင္ျပန္ၿပီးရန္ေတြ႕ေနသည္မို႔ ဂြၽန္တစ္ေယာက္ ရယ္ခ်င္လ်က္ လက္တို႔ျဖစ္လာရသည္။ အမတ္ႀကီးကလည္း သူ႕သားေၾကာင့္ဟာသတစ္ခုအသြင္ေျပာင္းလိုက္ရင္း သားကိုျပန္ေခ်ာ့ေနရသည္မို႔ ဂြၽန္ၿပဳံးသာၿပဳံးေနမိေတာ့သည္။

" ျပန္ေတာ့မယ္ေနာ္ လိုက္ပို႔မေနနဲ႕ေတာ့ မိုးခ်ဳပ္ေနၿပီ "

မင္ငယ္သည္ သူအိမ္ျပန္ခါနီးအခ်ိန္ထိ တြဲထားေသာလက္ေတြအားမလႊတ္ေပးခ်င္ခဲ့။ ႏႈတ္ခမ္းေလးေတြအား သိသိသာသာစူထားရင္း လိုခ်င္တာမရ၍ဂ်ီေတာ့မည့္ကေလးငယ္တစ္ေယာက္ႏွင့္ အလားသ႑ာန္တူလွသည္။

" မင္ငယ္....ကိုယ္ကေနာက္လည္းလာလည္မွာပဲေလ။ စစ္မထြက္ခင္ခ်ိန္အထိ ဘယ္ခ်ိန္ေတြ႕ေတြ႕ရတာပဲေလကြာ အဲ့လိုေလးျဖစ္ေနေတာ့ ကိုယ္ကဘယ္စိတ္ေကာင္းပါ့မလဲ "

ေခ်ာ့ေမာ့ေျပာကာမွ ၿပိဳေတာ့မည့္မိုးလိုမ်က္ႏွာေလးျဖစ္လာတာမို႔ မင္ငယ့္ကိုယ္ေလးအားအသာဆြဲဖက္ထားရင္း ေက်ာျပင္ေသးေသးေလးက္ိုပြတ္ေပးကာ ေခ်ာ့ေမာ့ေပးေနမိသည္။ မင္ငယ္သည္ ငိုခ်တာမ်ိဳးေတာ့မလုပ္ပဲ သက္ျပင္းသဲ့သဲ့ေလးခ်ရင္း သူစိတ္မၾကည္ေတာ့သည့္အေၾကာင္းအသိေပးသည္။

" ေကာင္းၿပီ မနက္ျဖန္ျပန္လာခဲ့မယ္ကြာ "

" တကယ္လား တကယ္လား "

" အင္း တကယ္ မနက္ျဖန္က်ရင္အိမ္မွာမေနေတာ့ပဲ ဒုဓလီခင္းထဲသြားၾကမယ္ေလ။ ဆုေတြ‌လည္းေတာင္းၾကမယ္ ဘယ္လိုလဲ "

" အြန္း ! သြားမယ္ သြားမယ္ "

မင္ငယ္သည္ သူ႕အားတင္းတင္းၾကပ္ၾကပ္ဖက္ထားျပန္ရင္း စိတ္ျပန္ေပ်ာ္သြားေၾကာင္းအသိေပးျပန္သည္။ တကယ္ကို ကေလးေလးလို။

" ဒါဆိုကိုယ္သြားၿပီေနာ္ ေစာေစာအိပ္မင္ငယ္ "

မင္ငယ့္ႏွဖူးျပင္ေလးမွာ အနမ္းခပ္ဖြဖြေပးလိုက္ေတာ့ မင္ငယ္ကလည္းေျခဖ်ားေလးေထာက္ရင္း ဂြၽန႔္ႏႈတ္ခမ္းပါးအား အနမ္းျပန္ေပးသည္။ ထို႔ေနာက္ တစ္ဦးကိုယ္တစ္ဦးႏႈတ္ဆက္လိုက္ေတာ့သည္........

မနက္ေစာေစာ မင္ငယ့္အား အိမ္ေတာ္ကေနေခၚလာခဲ့ရင္း ေတာင္ဘက္က ဒုဓလီခင္းႀကီးဆီသို႔ လက္ဆြဲေတာ္ျမင္းႀကီးအားႏွင္၍ ခရီးဆက္ခဲ့သည္။ အေနာက္မွ မင္ငယ္ကလည္း ခါးကိုသိမ္းက်ဳံးဖက္တြယ္ထားသည္မို႔ ျမင္းထိန္းေနရင္းမွ ၿပဳံးလိုက္မိသည္။

မင္ငယ္ကလည္း အေနာက္ဘက္သို႔လြင့္လာတတ္ေသာ လူႀကီးဂြၽန္ရဲ႕ဆံႏြယ္ရွည္ေတြအားသေဘာက်စြာနမ္းရွိုက္ရင္း တစ္ကမာၻလုံးအား ပိုင္ဆိုင္ထားသေယာင္ကိုျဖစ္ေနမိသည္။ လူႀကီးဂြၽန္ကိုသာ ပိုင္ဆိုင္ရလွ်င္ သူသည္သခင္ေလးမလုပ္ရလည္းအဆင္ေျပသည္၊ စာမသင္ရေတာ့ရင္လည္းအဆင္ေျပသည္။ အေရးႀကီးသည္က လူႀကီးဂြၽန္ သူ႕အနားတြင္သာ ထာဝရစာ အၿမဲရွိေနဖို႔ရန္။

" ေရာက္ၿပီ ျဖည္းျဖည္းဆင္းေနာ္ "

ဂြၽန္သည္ ျမင္းေပၚမွအရင္ဆင္းသက္ရင္း မင္ငယ္ေအးေဆးဆင္းသက္နိုင္ဖို႔ လက္ေလးကမ္းရင္းႀကိဳေနမိသည္။

" လာ သြားၾကစို႔ "

မင္ငယ္ေျမျပင္ေပၚသို႔ေရာက္ၿပီဆိုသည္ႏွင့္ မင္ငယ့္လက္ေလးအား အသာဆြဲလာရင္း ဒုဓလီခင္းႀကီးဘက္သို႔ေျပးထြက္လာခဲ့သည္။

" ဒီမွာ ဒီမွာ ဒါေလးေတြဆိုမႈတ္ထုတ္လို႔ရေနၿပီ "

မင္ငယ္သည္ အဝါေရာင္ပြင့္ဖက္ေလးမွာ‌ညွိုး၍ေႂကြက်ၿပီးသားျဖစ္တာမို႔ ေဘာလုံးေလးသဏၭာန္ျဖစ္ေနပါေသာ ဒုဓလီေလးတစ္ပြင့္အား ေကာက္ယူလိုက္ရင္းခပ္ျမဴးျမဴးေျပာလာသည္။ ဂြၽန္ သည္လည္း ေနာက္ထပ္ဒုဓလီေလးတစ္ပြင့္အားေကာက္ယူလိုက္ၿပီး မင္ငယ့္နားသို႔တိုးကပ္လာသည္။

" ဒုဓလီ ရဲ႕အေစ့အျဖဴေလးေတြကို ေလထဲသို႔ မႈတ္ထုတ္လိုက္မယ္ဆိုရင္ ဒုဓလီ ပန္းေလးေတြက မင္ငယ့္ရဲ႕ ေတာင္းဆုတစ္ခုကို ျဖည့္ဆည္းေပး
လိမ့္မယ္တဲ့ "

ဂြၽန္က ၿပဳံးရင္းေျပာေတာ့ မင္ငယ္ကလည္းတစ္ဖန္ျပန္ၿပဳံးျပရင္း ဆုေတာင္းေနသည့္ဟန္ျဖင့္မ်က္လုံးေလးမ်ားမွိတ္သြားသည္။ ဂြၽန္ သည္လည္း မင္ငယ့္အတိုင္းလိုက္ျပဳမူမိရင္း.....

" ဆုေတာင္းတိုင္းသာျပည့္မယ္ဆိုလွ်င္ ဒီဘဝမွာမင္ငယ္နဲ႕ေဝးခဲ့သည္ရွိခဲ့လွ်င္လည္း ေနာင္ဘဝမွာေတာ့ မင္ငယ့္ေဘးတြင္ရွင္သန္ခြင့္ေပးရပါ‌ေစသား....."

ဦးေႏွာက္ထဲတြင္အလိုလိုမွတ္မိေနပါေသာ အတိတ္ဘဝကအေၾကာင္းအရာမ်ားေၾကာင့္ ေဂ်ာင္ဂု သက္ျပင္းအသာခ်မိသည္။ ဝရံတာမွ ညေကာင္းကင္ႀကီးအားေမာ့ၾကည့္ေနရင္း အတိတ္ဘဝသို႔ျပန္ေတြးမိေနျခင္းသာ။ ဟုတ္သည္ သူႏွင့္ မင္ငယ္ ေခၚ ပတ္ဂ်ီမင္းသည္ အရင္ဘဝကတည္းက ခ်စ္သူေတြျဖစ္ခဲ့ၾကသည္။ ဒီကိစၥေတြကိုလည္း ေမြးကတည္းက ခုခ်ိန္ထိ ခေရေစ့တြင္းက်က်မွတ္မိေနသည္။ ဘာ့ေၾကာင့္ဆိုတာလည္း သူသိသည္။ သို႔ေပမယ့္ မင္ငယ့္ဆီသို႔ သူ႕အေနနဲ႕သြားခြင့္ရွိမေန။

" အတိတ္ဘဝကလိုမ်ိဳး ေသကြဲကြဲၿပီး ခ်စ္ရသူကိုနာက်င္ေစခ်င္ရင္ေတာ့ ေရွ႕ဆက္တိုးၾကည့္ေပါ့ စစ္သူႀကီးဂြၽန္.....မင္ငယ္က စစ္သူႀကီးဂြၽန္နဲ႕ပတ္သတ္ၿပီး အညံ့ရွိေနတာ။ တစ္လွမ္းတိုးမိတာနဲ႕ သူတစ္ဆင့္ကိုညံ့သြားတာပဲ "

နတ္ဆရာမ၏ေျပာစကားေၾကာင့္ သူ႕ေျခလွမ္းေတြသည္ရပ္တန႔္သြားခဲ့ရသည္။

ထိုေန႕က ေက်ာင္းသို႔သူေရာက္သြားတုန္း ေက်ာင္းဝတ္စုံအျပည့္ႏွင့္ေငးၾကည့္ေနသည့္ေကာင္ေလးအား သူခ်က္ခ်င္းဆိုသလိုေတာ့မမွတ္မိခဲ့။ အိမ္ေရာက္ၿပီး အိပ္ေနရာမွ အတိတ္ကအေၾကာင္းေတြက သူ႕ကိုျပန္သတိေပးသလိုမ်ိဳးအိပ္မက္အေနနဲ႕ျပန္မက္လာကာမွ မင္ငယ့္မ်က္ႏွာေလးနဲ႕ ထိုေကာင္ေလးရဲ႕မ်က္ႏွာတစ္ထပ္တည္းက်ေနမွန္းသိလိုက္ရသည္မို႔ ငယ္ငယ္ကတည္းကရင္းႏွီးခဲ့ရသည့္ နတ္ဆရာမထံသြားေမးေတာ့ ရင္ကိုေဆာင့္ကန္ခံလိုက္ရသလိုပင္။

မင္ငယ္သည္ သူႏွင့္ပတ္သတ္မိလို႔အညံ့ရွိသြားတာတဲ့ေလ....

မင္ငယ္က သူ႕ကိုစစ္သူႀကီးဂြၽန္အျဖစ္မမွတ္မိရင္ေတာင္ ဂြၽန္ေဂ်ာင္ဂုအေနနဲ႕သေဘာက်ေနမွန္းသူသိသည္။ သိေတာ့လည္း သူေက်နပ္မိသည္။ သို႔ေပမယ့္ သူေရွ႕ဆက္လည္းမတိုးရဲသလို မင္
ငယ့္ကိုလည္း ဆြဲမေခၚရဲ။ သူ႕အေၾကာင္းသူသာသိသည္မို႔။
_________

" ဂ်ီမင္း ....."

ဂ်ီမင္းတစ္ေယာက္ ထုံးစံအတိုင္းစာၾကည့္တိုက္ထဲစာထိုင္ဖတ္ရင္း တစ္ေယာက္ေသာသူအားေငးၾကည့္ေနမိတုန္း ေဘးနားသို႔႐ုတ္တရက္ေရာက္လာသည့္ အန္နာ့ေၾကာင့္ ႏွာေခါင္းရႈံ႕မိသည္။ အျမန္ပြဲလာဖ်က္တဲ့ အဖ်က္သမား။

" ေျပာ ေျပာ "

" နင္ကလည္း စိတ္မရွည္တဲ့အသံနဲ႕။ ငါကစာေမးခ်င္လို႔နင့္ကိုတကူးတကလာရွာတာကို အဲ့လိုတုံ႕ျပန္ရသလား "

အန္နာကႏႈတ္ခမ္းေလးစူရင္း ပြစိပြစိေျပာလာေတာ့ ဂ်ီမင္းကလည္းသူငယ္ခ်င္းမေလး၏ခ်စ္ဖို႔ေကာင္းမႈေၾကာင့္သေဘာတက်ရယ္မိရင္း အန္နာ့ရဲ႕ ဆံႏြယ္ေပ်ာ့ေလးေတြအားဖြလိုက္ေတာ့သည္။

" ကဲ ေမးပါဦး ဒီကအိုပါးက ဘာရွင္းျပရမလဲ "

အန္နာ့ေခါင္းေပၚက လက္တစ္ဖက္အားမဖယ္ထားေသးပဲ ေရွ႕တိုးထိုင္လိုက္ေတာ့ အန္နာ့ဇက္ကေလးကလည္း ပုဝင္သြားၿပီးခ်စ္စဖြယ္ျဖစ္သြားသည္။ ေဘးကေက်ာင္းသားေက်ာင္းသူေတြကလည္း လွည့္ၾကည့္လွည့္ၾကည့္နဲ႕ တီတိုးေျပာကုန္ၾကသည္။ သူကေတာ့ ဘာမွျဖစ္မေန။ အန္နာ့ကို သူငယ္ခ်င္းအရင္းတစ္ေယာက္လိုသေဘာထား႐ုံပဲမို႔ ဒါမ်ိဳး skinship ေတြကေတာ့ စကားထဲထည့္ေျပာေနစရာမွမလိုတာ။ စိတ္ထဲကရိုးသားေနရင္ရၿပီေလ။

" ဟို ဒီသခၤ်ာပုစာၦေလး "

ဖတ္စာအုပ္ထဲကပုစာၦအားလက္ေထာက္ျပရင္း အန္နာကေမးေလေတာ့ သူဒုတိယအႀကိမ္ အန္နာ့ရဲ႕ႏွဖူးေလးအား လက္ျဖင့္ခပ္ဖြဖြေတာက္မိေတာ့ အန္နာက ထပ္မံ၍ႏႈတ္ခမ္းေလးစူသြားၿပီး သူ႕ႏွဖူးသူခပ္ဖြဖြပြတ္ေနသည္။

" အဲ့ဒါကို ဆရာရွင္းျပသြားတာဘယ္ႏွေခါက္ေတာင္မ်ားလဲ မိအန္နာ "

" နင္ကလည္း ငါအိပ္ေပ်ာ္ေနလို႔ဟာကို။ ၿပီးေတာ့ နင္ရွင္းျပရင္ငါနားလည္တယ္ေလ ဒါေၾကာင့္ပါဟ ေနာ္ ေနာ္ "

အန္နာက သူ႕လက္ေမာင္းအား အားရပါးရဆြဲဖက္ထားရင္း ကပ္ခြၽဲသည္မို႔သူသေဘာက်စြာရယ္လိုက္ၿပီးမွ စာထဲအာ႐ုံစိုက္ၿပီး အန္နာနားလည္ေစရန္အလြယ္ဆုံးနည္းျဖင့္ရွင္းျပဖို႔စတင္လိုက္ေတာ့သည္။

အံႀကိတ္ရင္း ထထြက္ထားတဲ့ အနက္ေရာင္အရိပ္တစ္ခုကို သူသတိမထားမိလိုက္တာကေတာ့ တကယ္ကိုအမွန္ပင္။

ေဂ်ာင္ဂုတစ္ေယာက္စိတ္တိုသလိုျဖစ္လာလို႔ ထထြက္လာမိတာ ခုဘယ္ေရာက္လို႔ေရာက္လာမွန္းေတာင္သတိမထားမိေတာ့။ ရင္ဘတ္ထဲျပည့္ၾကပ္ၿပီး ေပါက္ကြဲခ်င္ေနတာကေတာ့အမွန္။ ေပါက္စငယ္၏လက္အားအတင္းဆြဲၿပီး ေခၚထုတ္ခ်င္မိတာကလည္း မလြဲ။ သို႔ေပမယ့္ ဒီဘဝမွာ ပတ္သတ္မႈေလးက ျမဴမႈန္ေလာက္ေတာင္ရွိမေနတာမို႔ သူ႕အေနနဲ႕လုပ္ပိုင္ခြင့္ေတြရွိမေနခဲ့။

စစ္သူႀကီးဂြၽန္၏ႏွလုံးသားနဲ႕ပဲမို႔ မင္ငယ့္အေပၚေသေလာက္ေအာင္ခ်စ္ၿပီးစြဲလမ္းမိသည္။ သို႔ေပမယ့္လည္း အတိတ္ကိုမွတ္မိၿပီး အနာဂတ္မွာရွင္သန္ေနရသည့္ ဂြၽန္ေဂ်ာင္ဂုအေနနဲ႕ေတာ့ ပတ္ဂ်ီမင္းအေပၚ ထိခိုက္မႈေသးေသးေလးေတာင္အျဖစ္မခံနိုင္ေတာ့ပါ။ ဒီသစၥာသည္ အမွန္ဆုံးပင္။

" ဒုဓလီေလးေတြေရ မင္းတို႔ေလေျပေတြကေန လြင့္ပ်ံသြားရင္း ငါ့ခ်စ္သူကိုေတြ႕ခဲ့ရင္ ငါလြမ္းေနေၾကာင္း သတင္းပါးခဲ့ပါဦး....."

မင္ငယ္သည္ ဒုဓလီပြင့္ေလးေတြအား ေလထဲသို႔မႈတ္ထုတ္ရင္းဆုေတာင္းေႁခြေနသည္။ စစ္သူႀကီးဂြၽန္ စစ္ထြက္ေနသည္မွာ သီတင္းပတ္ေတာ္ေတာ္ၾကာခဲ့ၿပီ။ စာပို႔ခိုလည္းေရာက္မလာခဲ့သလို သတင္းစကားေလးမၾကားရတာမို႔ ထုံးစံအတိုင္းပဲ ဒုဓလီခင္းႀကီးရွိရာသို႔ တစ္ေယာက္တည္းႏွင္လာခဲ့ရင္း တစ္ေန႕ခင္းလုံးအခ်ိန္ကုန္ဆုံးမိသည္။

" ဆုေတာင္းတိုင္းျပည့္မယ္ဆို လူႀကီးဂြၽန္နဲ႕ ဘဝဆက္တိုင္း ခ်စ္သူေတြျဖစ္ရပါေစသား...."

မင္ငယ္ ဟိုတစ္ေခါက္တုန္းကဆုေတာင္းခဲ့ေသာ ဆုေတာင္းေလးကိုပဲတစ္ဖန္ျပန္ဆုေတာင္းေနမိသည္။ စစ္ထြက္သူရဲ႕ ၾကင္သူျဖစ္ရတာကလည္းလြယ္မေန။ သတင္းအဆိုးနဲ႕အေကာင္းဟာ အၿမဲဒြန္တြဲေနတတ္သည္မို႔ သူေ႐ႊရင္ေတြလည္းခဏခဏတုန္လႈပ္ရသည္။ အဆိုးဆုံးကေတာ့ စစ္ပြဲမွ ဒဏ္ရာအျပည့္နဲ႕ျပန္လာတာမ်ိဳးေတြ....အသက္ပါလာေသးတာကို ေက်းဇူးတင္ရမယ္ဆိုေပမယ့္လည္း ခ်စ္ရသူနာက်င္ရတာမ်ိဳးကိုဘယ္နည္းနဲ႕မွလက္ခံလို႔မရနိုင္။ ထိမ္းျမားၿပီးရင္ေတာ့ ေရေျမ့သခင္ကို ဝင္ခစားရင္း တစ္ေခါက္ေလာက္စကားေျပာၾကည့္ရဦးမည္။

" ဂ်ီမင္း ! "

" ဟင္ ! "

အိပ္ေပ်ာ္ေနရာမွ တစ္စုံတစ္ေယာက္၏လႈပ္ႏွိုးမႈေၾကာင့္လန႔္နိုးလာခဲ့ေတာ့ မ်က္စိေရွ႕တြင္ရွိေနသူက ထိုလူသာ....

" ေက်ာင္းဆင္းခ်ိန္ျဖစ္ေနၿပီေလ အတန္းမတက္ခဲ့ဘူးလား "

" ဟီး "

သြားၿဖီးျပရင္း ေခါင္းကိုသာနာနာကုတ္ေနမိသည္။ ေန႕လယ္က အန္နာ့ကိုစာေသခ်ာရွင္းျပၿပီး စိတ္ထဲပင္ပန္းသြားသည္ထင္။ အန္နာထြက္သြားၿပီးခဏေလာက္အိပ္မယ္ဆိုၿပီးအိပ္ေနလိုက္တာမ်ား အခုေဂ်ာင္ဂုလာႏွိုးမွ နိုးသည့္အျဖစ္။

" ေက်ာင္းတံခါးမပိတ္ခင္ ျမန္ျမန္ထြက္ရမွာ လာ"

လက္ကိုင္အိတ္အားကိုင္ထားရင္း သူ႕အားမ်က္လုံးခ်င္းဆုံၿပီးေျပာေနသူေၾကာင့္ ဂ်ီမင္းရဲ႕ရင္ခုန္သံေတြသာထိန္းမရသိမ္းမရ။

ေဂ်ာင္ဂုဟာလည္း သူ႕ကိုေမာ့ၾကည့္ရင္းငုပ္တုပ္ေမ့ေနသူေလးရဲ႕အျဖစ္အားရယ္ခ်င္သေယာင္ျဖစ္လာမိေသာ္ျငားလည္း သူ႕စိတ္အလိုသူမလိုက္နိုင္။ ေခၚခဲ့ၿပီးၿပီမို႔ ထြက္လာမွာပဲဆိုေသာအေတြးေလးနဲ႕သာ သူအရင္ထြက္လာခဲ့သည္။ ေက်ာင္းအေဆာက္အဦးအျပင္ဘက္သို႔ သူေရာက္ေတာ့ အရိပ္ေသးေသးေလးဟာ လႈပ္စိလႈပ္စိႏွင့္ သူ႕အေနာက္ထံပါးကေနကပ္ပါလာမွန္းသူသိလိုက္သည္။ ဒီတစ္ခါေတာ့ သူၿပဳံးလိုက္မိပါသည္။ အရိပ္ငယ္ေလးမျမင္နိုင္ေလာက္တာမို႔ သူၿပဳံးရင္းပဲ ဆက္ေလွ်ာက္ေနမိေတာ့သည္။

" အဲ့အိပ္မက္ မက္ၿပီး ဘာလို႔ရင္ထဲတစ္မ်ိဳးျဖစ္ေနပါလိမ့္ "

ေနာက္ပါးဆီက အရိပ္ငယ္ဟာလည္း သူ႕ရင္ဘတ္သူနာနာပုတ္ရင္း ေလွ်ာက္လာခဲ့သည္။ ဂိတ္အျပင္ဘက္ေရာက္ေတာ့မွ ကိုယ္စီလမ္းခြဲခဲ့ရင္း အိမ္ျပန္ခ်ိန္အားအဆုံးသတ္ခဲ့ေတာ့သည္။

@Ivy_Yeon

Continue Reading

You'll Also Like

1.1M 61.7K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
4M 167K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
7.6K 601 8
သံသရာတိုင် ခြစ်ခဲ့တဲ့ ကဗျာတွေထက်ပိုလှတယ်.. ကာရံတွေလိုက်နေတဲ့ စာစုတွေထက်ပိုလှတယ်.. သိပ်လှကြောင်း စာစီရေးခြစ်မယ်ဆိုရင် စာလုံးပေါင်းထောင်နှင့်ချီရင်တောင...
7.6K 468 19
ဘယ်လောက်တောက်လောင်ပြီးအရှိန်ပြင်းလွန်းတဲ့မီးဖြစ်ပါစေအုန်း။ တိမ်စိုင်တွေကိုဘယ်မီးတောက်ကမှမမှီနိုင်တာ မင်းသိထားပေး။ ။ ㅡMIN'S //18522