ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာ...

By BI_BI_DAA

360K 64K 1.4K

This is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Ti... More

Description
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21.1]
[21.2]
[22.1]
[22.2]
[23.1]
[23.2]
[24.1]
[24.2]
[25.1]
[25.2]
[26.1]
[26.2]
[27.1]
[27.2]
[28.1]
[28.2]
[29.1]
[29.2]
[30.1]
[30.2]
[31.1]
[31.2]
[32.1]
[32.2]
[33.1]
[33.2]
[34.1]
[34.2]
[35.1]
[35.2]
[36.1]
[36.2]
[37.1]
[37.2]
[38.1]
[38.2]
[39]
[40]
[41]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49.1]
[49.2]
[49.3]
[50]
[51]
[52]
[53.1]
[53.2]
[53.3]
[53.4]
[53.5]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[67]
[68]
[69]
[70]
[71]
[72]
[73]
[74]
[75]
[76]
[77]
[78]
[79]
[80]
[81]
[82]
[83]
[84]
[85]
[86]
[87]
[88]
[89]
[90]
[91]
[92]
[93]
[94]
[95]
[96]
[97]
EXTRA-1
EXTRA-2
EXTRA-3
EXTRA-4
EXTRA-5
EXTRA-6
EXTRA-7
EXTRA-8
EXTRA-9
EXTRA-10
EXTRA-11
EXTRA-12
EXTRA-13[END]

[1]

15.6K 1.5K 79
By BI_BI_DAA

[Unicode]

အခန်း(၁) :အမျိုးသားဖက်ရှင်မော်ဒယ်နှင့် ဆောက်လုပ်ရေး လုပ်သား.....

အမျိုးသားဖက်ရှင်မော်ဒယ်လ်တစ်ယောက်တဖြစ် ဆုနိုသည် သူ့အား အခြားသူများက မိန်းကလေးဆန်ဆန်ခေါ်ဝေါ်ခြင်းကို မကြိုက်နှစ်သက်ပေ။သို့သော်သူ၏မျှော်လင့်ချက်အားလုံးနှင့်ဆန့်ကျင်စွာ သူရဲ့လှပသည့်အသွင်အပြင်က သူ့ကိုသစ္စာဖောက်ခဲ့၏။

မီဒီယာများက သူနှင့်ပတ်သက်သည့်ဆောင်းပါးတစ်ပုဒ်ကို ထုတ်ဝေသည့်အခါတိုင်း သူတို့သည်
"လှပသော""နှစ်မြောဖွယ်""ညှိယူဖမ်းစားမှု"စသည့် ခေါင်းစည်းများဖြင့်ထုတ်ဝေခဲ့သည်ချည်းသာ။

ဘယ်လောက်တောင်စိတ်ပျက်စရာကောင်းလွန်းတဲ့ အားထုတ်မှုတွေလဲ!

<<ပန်းပွင့်များထက် သာလွန်သည့်အပြင် လှပပြီးမှော်အတတ်ဖြင့် ညို့ယူဖမ်းစားတတ်သော ဆုနိုသည် ပရိသတ်တွေအားလုံးကို အသက်ရှူရပ်သွားလောက်အောင်ပြုစားနိုင်စွမ်းရှိတယ်>>

"ဒီခေါင်းစဉ်နဲ့က ဘာတွေလဲ?!" နံနက်စာအတွက် သောက်နေသည့် ပဲနို့ပိုက်ကိုချွတ်လိုက်ပြီး ဆုနိုသည်ဒေါသတကြီးပေါက်ကွဲနေ၏။သူရဲ့ညာဘက်လက်ထဲမှာ ကိုင်ထားတဲ့ မုန့်(ချောင်း)ကိုလည်းဖိချေ
လိုက်၏။

"သခင်​လေးဆုရယ်!စိတ်အေးအေးထားပါ!" မန်နေဂျာက သူ့အား ချက်ချင်းနှစ်သိမ့်ပေးလိုက်ကာ
"အခု ငါ မီဒီယာဆီဖုန်းခေါ်ပြီး ခေါင်းစဉ်ကို
<<ယောက်ျားဆန်သည့်ဆုနိုသည် eight packs နှင့်အတူ မီးပုံထဲကနေပြန်လည်နိုးထလာပြီ >> လို့ပြန်ပြောင်းခိုင်းလိုက်မယ်"

သို့သော်ငြား တမင်သက်သက်ချည်း ပြသာနာဖြစ်စေနိုင်သောကြောင့် ရက်ရက်စက်စက်ပင် ငြင်းပယ်ခံခဲ့လိုက်ရ​​လေသည်။

ဦးနှောက်မရှိတဲ့ အယ်ဒီတာတွေ!ကြေကွဲစရာ
ကောင်းလိုက်တာ!

"ဘာလို့ဒါတွေက အတူတူတွေချည်းဖြစ်နေရတာလဲ?" ဆုနို ပြောလိုက်သည်။ "ဒီခေါင်းစဉ်တွေက ကြာလေ ကြာလေ,ပိုရယ်စရာကောင်းလာလေပဲ "

"အဲ့ဒီဟာက ပိုကောင်းတာမဟုတ်ဘူးလား?အရင်တုန်းကဆို သူတို့ရေးချင်တာက နတ်သမီးလေးလို့ လှပတဲ့ မိန်းမချောလေးဆု..."
မန်နေဂျာ၏စကားသည် အဆုံးထိမပြောလိုက်ရခင် တစ်ရှူးဘူးဖြင့် ကောက်ပေါက်ခြင်းကို ခံလိုက်ရသည်။

"အား ငါ့ရဲ့နုနယ်တဲ့ မျက်နှာလေးကို!!!"

"မုတ်ဆိတ်မွှေးတွေနဲ့များ ဘယ်သူကဂရုစိုက်နေရမှာလဲ?"

ဆုနို မုန့်ချောင်းတွေကို ဝါးနေရင်းဖြင့် "ကန့်ကွက်ဖို့သွားလိုက်အုံးမယ် ပြီးတော့ နားရင်းအုပ်သင့် အုပ်လာရမယ် "

"ဘုရားသခင်...ဒီလိုစကားတွေကို လက်လွတ်စပယ်မပြောသင့်ဘူးလေ " မန်နေဂျာသည် တစ်ရှူးတစ်ရွက်ကို ဆွဲယူပြီးပေးလိုက်သည်။

ဆုနို မုန့်တွေဖြင့် ပေပွသွားသည့် သူရဲ့မျက်နှာပေါ်ရှိ ပါးစပ်တစ်ဝိုက်ကို သုတ်လိုက်၏။
မန်​နေဂျာက "မနက်ဖြန်ကျရင် အရမ်းအရေးကြီးတဲ့ ပွဲတစ်ခုတက်ရမယ်နော်။လွန်ခဲ့တဲ့ ၃လလောက်ကတည်းက စာချုပ်ချုပ်ထားတာ။ငါတို့ ဖျက်လိုက်ရင် ပိုက်ဆံတွေ ရေစုန်မျောသွားလိမ့်မယ်"

ဆုနို တဖက်က​နေ ပဲနို့သောက်ရင်း မေးလိုက်သည်။ "ဘာပွဲလဲ?"

"ဆောင်းရာသီအသစ်ထုတ်ကုန်အတွက် Magical UP ရဲ့ အမျိုးသမီးအတွင်းခံဖက်ရှင်ပြပွဲလေ"

ဆုနို မုန့်ချောင်းကို တဝက်ကိုက်ထားရင်း ပြန်မေးလိုက်သည်။

"ဘာပွဲ!!!!"

"ဆောင်းရာသီသစ်ထုတ်ကုန်အတွက် Magical UP ရဲ့ အမျိုးသမီးအတွင်းခံဖက်ရှင်ပြပွဲ"
မန်နေဂျာက လေးနက်စွာ ထပ်ပြောလိုက်သည်။

နာမည်ကျော်မော်ဒယ်ဆုနိုသည် သူကိုစူးစိုက်ကြည့်နေခဲ့ကာ သူရဲ့လက်ရှိဖြစ်ပေါ်နေသည့်အမူအယာနှင့်ခံစားချက်တွေကို ဖော်ပြနိုင်သောစကားလုံးများမရှိတော့ချေ။

သူ့မန်နေဂျာကို လည်ပင်းညစ်ချင်နေခဲ့ပေ
မယ့်လည်း....သူသိပါတယ်....ဒါက သူ့ရဲ့ စွမ်းအားကိုဖြုန်းတီးရာပဲ ရောက်လိမ့်မယ်...ဘာမှ ထူးခြားသွားမည်မဟုတ်!
သူ မုန့်ထည့်ထားသည့်ပန်းကန်လုံးထဲ ခေါင်းထိုးချသွားသလို ခံစားလိုက်ရသည်။လိုရင်းတိုရှင်းပြောရရင် သူ လုံးဝ တစ်စစီ ပြိုကွဲသွားသလိုပဲ!

"မင်း အဆင်ပြေရဲ့လား?" မန်နေဂျာက သူ့ရှေ့တွင်လက်ကိုဝှေ့ယမ်းပြလိုက်ပြီး မေးလိုက်သည်။

သူ ဘာဖြစ်လို့ ရုတ်တရက်ကြီး ငြိမ်သွားရတာလဲ?

"ငါက!!!ကျိန်းသေ!!အတွင်းခံရှိုးအတွက်!! လမ်းလျှောက်ပြရမယ်ဆိုတာ!! သေချာလား?!"

ဆုနို သွားကိုကြိတ်ကာ ဘယ်လက်ကပဲနို့ဘူး ကိုင်ထားရင်း ညာလက်သည်လည်း သူရဲ့ပြားနေသောရင်ဘက်ကို ပုတ်၍ မေးလိုက်သည်။

"ဟက်!"
မန်နေဂျာက သူ့ကော်ဖီကိုသောက်လိုက်ပြီး ဆုနိုကိုကြည့်လိုက်တော့ သူ ရူးသွားပြီလို့တောင် ထင်ရလောက်သည်။

"ဘာလို့မဟုတ်ရမှာလဲ?သူတို့က မင်းကိုဖဲကြိုးဖြတ်အခမ်းအနားအတွက် အထူးဧည့်သည်အဖြစ် တက်ရောက်စေချင်တာလေ လျှောက်လမ်းကိုသွားစရာ မလိုဘူး"

"ဟူး!" ဆုနို စိတ်သက်သာရာရသွားသော်လည်း
"ငါက ဒီထူးဆန်းတဲ့ပွဲကို ဘာလို့တက်ရတာလဲ?" သူ သံသယရှိစွာမေးလိုက်သည်။

"ဘာဖြစ်လို့လဲဆိုတော့ ဒီထုတ်ကုန်လိုင်းက အသက်လတ်တန်းစားအမျိုးသမီးတွေကို ပစ်မှတ်ထားတာလေ ပြီးတော့ မင်းက အန်တီမမတို့ရဲ့ favoriteမို့လို့ပေါ့ "

မန်နေဂျာက ဂုဏ်ယူစွာဖြင့် ပြန်ဖြေပေးလိုက်သည်။

သို့သော်ငြား အဖြေက ဆုနိုကို အကြီးအကျယ်စိတ် ဓာတ်ကျစေခဲ့သည်။သူ ပြည်တွင်းပရိသတ်တွေကို ကျိန်ဆဲလိုက်၏။

ဒီလိုမျိုးအရူးစစ်တမ်း (အန်တီမမတို့ရဲ့အကြိုက်ဆုံးအနုပညာရှင်)ကို ကောက်လိုက်ခြင်းက သူတို့ရဲ့ အမှားသာမဟုတ်ရင် သူ ဒီခေါင်းစဉ်ကိုရစရာ ဘာအကြောင်းမှမရှိဘူး!

'အန်တီမမတို့ရဲ့အကြိုက်ဆုံး' ဆိုတဲ့အသံကြီးက ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပါးစပ်သန့်ရှင်းရေးထုတ်ကုန်အချို့ရဲ့ကြော်ငြာနှင့်တောင်တူနေသေး!

"မနက်ဖြန်ပွဲပြီးရင် ဒါရိုက်တာအိုးရန်နဲ့ အပွိုင့်မန့်ယူထားတယ်" မန်နေဂျာက ထပ်ပြောလိုက်၏။
"ပြီးတော့မင်းရဲ့အကျင့်တွေကို မပေါ်အောင်ဂရုစိုက် သူ့ရှေ့မှာ အဆင့်တန်းမြင့်ပြီး တော်ဝင်ဆန်တဲ့ ပန်းပွင့်လေးလိုပြုမှုနော်"

"ဒါရိုက်တာအိုးရန်က ဘယ်သူလဲ?"

မန်နေဂျာခင်ဗျာ မျက်ရည်များကျဆင်းလာသလိုပင်!

မနေ့ကတင် ငါသူကို ပြောထားတာပါ ဇုန်ခွဲခြားသတ်မှတ်ခြင်းကို ဘယ်တော့မှရပ်မှာလဲ?

မန်နေဂျာသည် သူ့ကို ကျယ်လောင်စွာအော်ဟစ်ပစ်လိုက်ချင်သော်လည်း ပရော်ဖက်ရှင်နယ်မန်နေဂျာပီပီ ဒေါသကိုနှိမ်နှင်းပြီး အေးဆေးတည်ငြိမ်စွာဖြင့်
ပြန်လည်ရှင်းပြပေးခဲ့သည်။

"မစ္စတာအိုးရန်က Renrui ကုမ္ပဏီရဲ့မန်နင်းဂျင်းဒါရိုက်တာတစ်ယောက်။လာမယ့်ရာသီမှာ အသစ် ထွက်မယ့်ထုတ်ကုန်ရဲ့မော်ဒယ်လ်ကိစ္စကို ဆွေးနွေးဖို့ ချိန်းထားတာ"

"အိုး.. ဟုတ်တယ်...ငါ မှတ်မိပြီ!"
ဆုနို ရုတ်တရက်သဘောပေါက်သွားသည်။

"Renrui....ချိုးကျီယန်ကို သူတို့ရဲ့ပင်တိုင် မော်ဒယ်အဖြစ် အသုံးပြုနေတဲ့ကုမ္ပဏီမဟုတ်လား?"

ချိုးကျီယန်သည်လည်း စံပြမော်ဒယ်တစ်ဦးဖြစ်သော်လည်း ဆုနိုကဲ့သို့ ညို့ယူဖမ်းစားတတ်သည့်ပုံစံမျိုးမဟုတ်ပေ။သူကား ကြွက်သားအပြည့်ဖြင့် ယောက်ျားဆန်သည့်သူမျိုးဖြစ်ကာ ယောက်ျားပီသခြင်းပင်!

ဆုနိုက​တော့ အဲ့တာ​တွေကိုဘယ်လောက်တောင် လိုချင်နေတယ်ဆိုတာ ဘုရားသခင်သာအသိဆုံးဖြစ်သည်။သို့သော်သူ့ကံကြမ္မာကို သူရဲ့မျက်နှာကဆုံးဖြတ်ပေးခဲ့သည်။သူပါးစပ်ကို တင်းတင်းစိလိုက်ကာ ဒေါသထွက်လာပြန်သည်။

တစ်ခါက သူ မိန်းကလေးအမည်ဖြင့် အကောင့်တုသုံးပြီး ချိုးကျီယန်၏ကိုယ်ပိုင်အကောင့်တွင်...

"ငါက မင်းရဲ့ကြွက်သားတွေကို ကြိုက်ကို မကြိုက်ဘူး ဟားဟားဟား စကားမပြောတတ်တဲ့ ကြွက်သားတွေ...."စသည့် စူပါအရူး cmt များ သွားရေးခဲ့ဖူးသည်။ဒီလို ဂျယ်လီနင်နေသည့် cmt တွေကို သွားရေးသော်လည်း နောက်ဆုံးတော့ သာမန် cmt သာသာ သတ်မှတ်ခံရတာပါပဲ။

"ငါ ဒီအခွင့်အရေးကိုရဖို့ တော်တော်အားထုတ်ထားရတာနော်" မန်နေဂျာသည် ထပ်ပြီးသတိပေးလိုက်ပြန်သည်။

"Renruiပိုင် ရှော့ပင်းမောမှာ နောက်ရာသီအတွက် ယောက်ျားလေးအလှကုန်ပစ္စည်းတွေကို ပရိုမိုးရှင်းလုပ်မှာ။ရှော့ပင်းမောအတွက် မော်ဒယ်ကိုလည်း ပြောင်းဖို့ရှိနေတယ်။ဒီ အခွင့်အရေးကို မင်းလွဲချော်သွားလို့မရဘူးနော်"

"စိတ်ချနေစမ်းပါ" ဆုနို ကတိပေးလိုက်သည်။ သူ ဒီနယ်ပယ်မှာ ကျင်လည်လာတာ ၃နှစ်ရှိပြီဖြစ်ကာ လှပပြီးကျော့ရှင်းသည့်ပုံစံကို ဖမ်းယူတာက သူကျွမ်းကျင်တဲ့အလုပ်ပဲ!ဒါက ချိုးကျီယန်ရဲ့နေရာကို ခိုးယူသွားမှာလို့ ပြောပြနေစရာတောင်မလိုဘူး။ဒီထက် ကျေနပ်စရာ​ကောင်းတာ မရှိ​တော့ဘူး!

ငါ့မှာ ကြွက်သားမရှိတော့လည်း ဘာဖြစ်တုန်း?ငါမင်းကို တချက်တည်း ရိုက်ချပစ်လိုက်မယ်!

'ဟားဟားဟားဟား.........'

ကျော်ကြားလှသည့်မော်ဒယ်ဆုသည် စိတ်ထဲတွင် ရယ်နေပြီး ခုံပေါ်ရှိပဲနို့ကို ခွက်ထဲသို့ လောင်းထည့်ပြီး ဟန်ပါပါဖြင့်သောက်နေကာ ပဲနို့၏ချိုမြိန်မှုကို ခံစားနေလိုက်သည်။

နံနက်စာစားပြီးနောက် မန်နေဂျာသည် ကုမ္ပဏီသို့ပြန်သွားခဲ့သည်။အိမ်မှာတစ်ယောက်တည်းကျန်ခဲ့သည့် ဆုနိုက ပျင်းရိစွာဖြင့် ပြန်အိပ်ပျော်သွားခဲ့သည်။သူ့အလုပ်ချိန်သည် သိပ်နောက်ကျလွန်း
သဖြင့် ဒီလိုမျိုးတစ်နေ့တာလုံး အနားယူနိုင်ဖို့က ခဲယဉ်းလှ၏။

အနားယူရဖို့ အခွင့်အရေးကို အရယူတာက အကောင်းဆုံးလုပ်ဆောင်မှုပဲ!

အဲ့ဒီနောက် ဆုနိုတစ်​ယောက် အိမ်မက်မက်နေခဲ့ကာ သူသည်ကား စတိတ်စင်၏အနောက်ဘက်တွင် ထိုင်နေပြီး လက်ထဲတွင်လည်း ဖောင်ဒေးရှင်းများဖြင့် မိတ်ကပ်လိမ်းနေသည်။

ထိုအချိန်တွင် "နိုနို အခုထိ အဝတ်စားမလဲရသေးဘူးလား?!" မန်နေဂျာသည် ပြန်ထွက်သွားရင်း လှမ်းအော်ပြောလိုက်သည်။
" နောက်အလှည့်က မင်းနော် !!"

"Nani??" ဆုနိုတစ်​ယောက် သတိလစ်သွားတော့မလိုပင်!

"ငါ့မှာ ရင်သားတွေမရှိဘူးလေ !!!"

[Nani-ဘာ in Japanese]

"ဘယ်သူပြောလဲ?မင်းဟာက ဒီမှာအဆင်သင့် တောင် တပ်ထားတာပြီးနေပြီကို!"
မန်နေဂျာသည် ဆုနို၏ရင်ဘတ်ကို ကိုင်လိုက်ပြီး ပြောလိုက်သည်။

ဆုနို မယုံသင်္ကာဖြစ်ကာ ပြန်ငုံ့ကြည့်လိုက်ရာ သူရဲ့အံ့သြဖွယ်ကောင်းလောက်အောင် ကြီးမားသောဖလားအရွယ်အစားကြီးကြောင့် အံ့အားသင့်သွားခဲ့သည်!

[C CUP SIZE]

ထို့နောက် သူ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် နှိုးထလာခဲ့ရသည်။

သေရော! ဆုနို ချွေးတွေထဲမှာနစ်နေပြီး သူရဲ့နှလုံးသည်လည်း အရူးကဲ့သို့ခုန်ပေါက်နေသည်။

အံ့သြစရာကောင်းလောက်အောင် အသက်အန္တရာယ်
ထိခြိမ်းခြောက်နိုင်တဲ့ အိပ်မက်ပဲ!

ဒါကြောင့် သူ နိုးနိုးကြားကြားဖြစ်စေရန် အိပ်ယာထဲကနေ ခုန်ဆင်းကာ အဝတ်အစားလဲပြီးနောက် နေကာမျက်မှန်ကိုတပ်၍ စားသောက်ရန်ထွက်လာခဲ့သည်။

ဒါက အစားကောင်းကြိုက်သူအတွက် အခွင့်အရေးပဲ!

သေချာတာပေါ့!လူတွေ သူ့ကို အာရုံမစိုက်မိဖို့အတွက် သူ့ပြိုင်ကားဖြင့် မသွားဘဲ ဦးလေးတစ်​ယောက်ရဲ့တက်စီဖြင့် လမ်းဘေးဆိုင်လေးဆီ ဦးတည်သွားလိုက်သည်။

မော်ဒယ်ဆုနိုက ဆိုင်ရှေ့ရောက်သည့်အခါ အနီရောင်ဆိုင်းဘုတ်ကြီး လေထဲလွင့်လာသည်ကို တွေ့လိုက်၍ အလျှင်အမြန်ဘေးသို့ ရှောင်လိုက်ရ၏။

ဒီဆိုင်ကို မလာဖြစ်တာ ၂လတောင်ကြာသွားပြီ ခုထိ ဒီဆိုင်က မိုက်ပြီး ကြည့်လို့ကောင်းတုန်း!

"အမဲသားခေါက်ဆွဲပွဲကြီးတစ်ပွဲ၊ အမဲသားသုပ်တစ်ပွဲ၊ ကြက်ဥပေါင်းတစ်ပွဲ၊ သခွားသီးသုပ်တစ်ပွဲ၊ အမဲသားပန်ကိတ်နဲ့ ပြီးတော့ ..အင်း... ကောင်းပြီ ဒါကိုပဲ အရင်ပေးပါ"

အမှန်တော့ သူ နောက်ထပ် ထပ်မှာရန် ရည်ရွယ်ချက်ရှိသေးသည်။ဒါပေမယ့် စားပွဲရှေ့မှအမျိုးသမီးက သူ့ကိုအံ့အားသင့်စွာကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ဆုနို သူရဲ့လျှာကို ချက်ချင်းထိန်းသိမ်းလိုက်ရ၏၊

သူရဲ့idolပုံရိပ်ကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုသေးတယ်မလား?ဒါ​ပေမယ့်.....
'ငါက အနီရောင်ပဲဟင်းချိုကို ထပ်မှာချင်သေးတာ ㅠ~ㅠ'

ဆုနိုသည် လက်တစ်ဖက်က အမှာစာရင်းစာရွက်လေးကိုကိုင်၍ ထိုင်ခုံကိုရှာရင်း နောင်တရနေမိသည်။

နေ့လည်စာစားချိန် ဖြစ်သည့်အတွက် ဆိုင်လေးက လူများနှင့်ပြည့်နှက်နေတော့သည်။ထိုင်ခုံ ရှာရင်းရှာရင်းဖြင့် နောက်ဆုံးတွင်စားပြီးခါနီး အမျိုးသမီးငယ်တစ်ဦးကိုတွေ့လိုက်ရသည်။ထို့ကြောင့် ဆုနို အမြန်လေးပြေးသွားပြီး မျှော်လင့်ချက်လေးဖြင့် ထိုင်ခုံဘေးတွင်ရပ်စောင့်နေလိုက်သည်။

အမျိုးသမီးငယ်လေးက ငိုချင်စိတ်ပေါက်နေမိ၏။သူ့ဘေးတွင် ထိုကဲ့သို့ လှပသည့်ကောင်ငယ်လေးက သူမ စားနေသည်ကို လာကြည့်နေတာက အရမ်း
မရက်စက်လွန်းဘူးလား!
အမျိုးသမီးငယ်​လေးသည် ဆက်လက် သည်းမခံနိုင်တော့သည့်ဟန်ဖြင့် သူမ စားနေသည့်အမဲသားခေါက်ဆွဲကို ထားခဲ့ရုံမှလွဲ ရွေးချယ်စရာမရှိတော့ပေ။ သူမ စားလတ်စခေါက်ဆွဲတစ်ဝက်ကို ချန်ခဲ့ပြီး ပိုက်ဆံအိတ်ကိုလွယ်ကာ ပြေးထွက်သွားတော့သည်။

ထိုအခါ ဆုနိုက ထိုင်ခုံတွင် ပျော်ရွှင်စွာနေရာယူလိုက်ပြီး စားစရာတွေကို စောင့်နေလိုက်သည်။

ဆုနို ထိုင်လိုက်သည့်ထိုင်ခုံတဖက်ခြမ်းတွင် ရွေ့ပြောင်းအလုပ်သမား ဖြစ်ပုံပေါ်သည့် ကြည့်ကောင်းသောလူတယောက် ထိုင်နေ၏။
ဒီလူရဲ့ပုံစံက ဝတ္ထုတွေထဲကလိုပြောရရင် မျက်နှာကျက ရှည်သွယ်ပြီး မျက်လုံးတွေက သိမ်းဌက်မျက်လုံးတွေလို စူးရှသည်။ဖြောင့်စင်းတဲ့ နှာတံနဲ့ ဖြော့တော့နေသည့် နှုတ်ခမ်းကို ပိုင်ဆိုင်ထားသည့်အပြင် အဝတ်အစားကလည်း ပြဲနေပြီး တစ်ကိုယ်လုံး ဖုန်တွေ ကပ်နေ၏။ဒီလူရဲ့ ပုံစံကြည့်တာနဲ့တင် ဆောက်လုပ်ရေးဆိုက်ထဲက လာမှန်းလူတိုင်းက သိနိုင်သည်။

ထိုအလုပ်သမားရဲ့နေ့လည်စာက အလွန်ရိုးရှင်းလှ၏။ အမဲသားခေါက်ဆွဲတစ်ပွဲနှင့် ပန်ကိတ်နှစ်ခုသာ စားနေသည်။

ဆုနိုက သူတီဗွီတွင် မြင်တွေ့ခဲ့ရသောသတင်းအချို့ကိုမှတ်မိနေသဖြင့် ထိုသူ့ကိုမကြည့်ရက်နိုင်တော့ပေ။

ရွှေ့ပြောင်းအလုပ်သမားတွေက သူတို့ရဲ့မွေးရပ်မြေကို
စွန့်ခွာခဲ့ရတဲ့အပြင် ဒီလိုအဝတ်အစားများကိုသယ်ပြီး မြို့ကြီးတွေမှာ အလုပ်အကိုင်တွေရှာဖွေဖို့ ထွက်လာခဲ့ရတယ်။သူတို့က ဆိုးရွားတဲ့သူဌေးကြီးတွေအတွက် အလုပ်လုပ်ရပြီး တစ်နှစ်လုံးပင်ပင်ပန်းပန်းကြိုးစားလုပ်ကိုင်ခဲ့ကြရတယ်။ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ!!!

ထို့ကြောင့် ဆုနို အမဲသားသုပ်တစ်ပွဲနှင့် အသားပေါင်းတစ်ခွက်ကို ထိုလူရှေ့သို့ တိုးပေးလိုက်သည်။ "ခင်ဗျားအတွက်.."

"ငါ့အတွက်?"
ရွှေ့ပြောင်းအလုပ်သမားက သူ့ကိုကြည့်လိုက်ပြီး
"ငါဘယ်သူလဲသိလား?"

"မသိဘူး ဒါပေမယ့် ကျွန်တော်မှာထားတာတွေက အများကြီး တစ်ယောက်တည်းဆို ကုန်မှာမဟုတ်ဘူး" ဆုနို ရိုးသားစွာပြောလိုက်သည်။

"...ကျေးဇူးတင်ပါတယ်။" အလုပ်သမားက ပြောလိုက်သည်။

အလုပ်သမားရဲ့အပြုံးက အရမ်းကို လှပလွန်းတာပဲ!

ဆုနို ထိုင်ခုံကို အရှေ့ဘက်တိုးထိုင်လိုက်ပြီး စကားစလိုက်သည်။ "ဘယ်ဆောက်လုပ်ရေး လုပ်ငန်းမှာ အလုပ်လုပ်နေတာလဲ?"

အဲဒီလူကြည့်ရတာ သူ့ကို သတိထားမိပုံမပေါ်ဘူး။
ဒါကောင်းတာပေါ့ သူ့ရဲ့ စပ်စပ်စုစုရှိတဲ့ပုံစံကို ပြလို့ရတာပေါ့ မဟုတ်ဘူးလား?

"ဟိုဘက်မှာပါ" ရွှေ့ပြောင်းအလုပ်သမားက ဆန့်ကျင်ဘက်လမ်းကို ညွှန်ပြလိုက်သည်။

ကို့ယို့ကားယားနိုင်လိုက်တာ..အဖြေကလည်း..ဒါပေ
မယ့် အရမ်းရိုးရှင်းပြီး ရိုးသားတယ်!

ဆုနိုက ဆက်လက်၍ "ဝင်ငွေကရော ဘယ်လိုလဲ?"

"မဆိုးပါဘူး" ရွှေ့ပြောင်းအလုပ်သမားက ရယ်ချင်စိတ်ကို သည်းခံ၍ ဖြေလိုက်သည်။

ဆိုင်ထဲတွင် လေအေးပေးစက်မရှိသောကြောင့် ဆုနို သည် ချွေးတွေတစ်ကိုယ်လုံးရွှဲရွှဲမစိုခင် အမြန်စားရန် ပြင်လိုက်သည်။ဒါကြောင့် သူ နေကာမျက်မှန်ကိုချွတ်ပြီး မျက်နှာကိုတစ်သျှူးဖြင့် သုတ်လိုက်သည်။

ရွှေ့ပြောင်းအလုပ်သမားသည် ဆုနိုရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသောအခါ အလွန်အံ့ဩသင့်သွားရသည်။ဆုနို ထိုလူ၏အမူအယာကိုတွေ့လိုက်သောအခါ ရင်ထဲ ထိတ်ခနဲဖြစ်သွား၏....
မဖြစ်နိုင်တာ သူငါ့ကိုမှတ်မိသွားတာလား?

ဆုနိုကိုင်ထားသည့် တူနှစ်ချာင်းကြားကကြက်ဥသည် အိုးထဲသို့ ပြန်ပြုတ်ကျသွားသည်။ဆုနိုရဲ့အတွေးများက ခေါင်းထဲတွင်ယောက်ယက် ခတ်လို့နေသည်။

ညို့ယူဖမ်းစား??လှပသောဆုနို?? မဟုတ်ဘူး !!မဟုတ်သေးဘူး !!

<<ရှော့ရစရာ သတင်းတစ်ခုထွက်ပေါ်လာ>>
အစားအသောက်ကြူးသည့် မော်ဒယ်ဆုနို~~~
မော်ဒယ်ဆုနိုက ညစ်ပတ်နေတဲ့ဆိုင်တွင် ထိုင်စားရတာကိုနှစ်သက်တဲ့ သူတစ်ယောက်~~
သူရဲ့အဆင့်အတန်းမြင့်မြင့်နေထိုင်မှုတွေ ပျောက်ဆုံး~~~

"မင်းလည်း ဒီမှာ အလုပ်လုပ်ဖို့လား?" ရွှေ့ပြောင်းအလုပ်သမားက တစ်ဖက်လူရဲ့အကြပ်အတည်းဖြစ်​နေသည့်အမူအယာကိုမြင်ခဲ့ပြီး ခေါင်းစဉ်ကို လျင်မြန်စွာပြောင်းလဲလိုက်သည်။

"ဟူး..." ကံကောင်းစွာနဲ့သူမသိဘူးပဲ..

ဆုနို အခုမှစိတ်သက်သာရာရသွားတော့သည်။ပြီးနောက် သာမန်အလိမ်အညာလေးတခုသုံးလိုက်ကာ "ဟုတ်တယ်...ကျွန်တော်က ကောလိပ်ကျောင်းတက်တုန်း။ဘာမှလုပ်စရာမရှိတော့ အလုပ်ရှာနေတာ"

ရွှေ့ပြောင်းအလုပ်သမားက ပြုံးပြီးဘာမှမပြောပေ!

သူရဲ့မန်နေဂျာ၊ ပရိသတ်တွေ၊ ပါပါရာဇီတွေ​ရော
မရှိ။ဆုနိုသည် အစားအသောက်တွေကို ထိန်းထိန်းသိမ်းသိမ်းမရှိဘဲ ပျော်မွေ့စွာစားသောက်ခဲ့သည်။သူ ခေါက်ဆွဲကို ကျယ်ကျယ်လောင်လောင်အသံထွက်စားရုံတင်မကဘဲ ပန်းကန်ကိုကိုင်ပြီး ဟင်းချိုရည်အားလုံးကိုပါ တခါတည်း မျိုချေသာက်ပစ်လိုက်သည်။သူရဲ့ပါးစပ်က ဆီတွေဖြင့်ပေပွလို့နေတော့သည်။

ရွှေ့ပြောင်းအလုပ်သမားသည် သူ့ရှေ့က ကောင်လေး၏စားပုံနှင့် အမူအယာတို့ကို ကြည့်ပြီး အလွန်အံ့ဩသွားရသည်။

သူရဲ့ ပိန်ပိန်ပါးပါးကိုယ်ခန္ဓာကို ကြည့်ခြင်းအားဖြင့် ရက်အနည်းငယ်လောက်အထိ အစားကို ကောင်းကောင်း မစားရသေးတာဘဲ ဖြစ်ရမယ်!

"ကျွန်တော် အရင်သွားတော့မယ်" ဆုနိုက ပေပွနေသည့် သူ့ပါးစပ်ကို တစ်ရှူးဖြင့် သုတ်လိုက်ပြီး လက်ကိုဝေ့ယမ်းပြကာ နှုတ်ဆက် စကားပြောလိုက်သည်။

"ကောင်းကောင်းသွားပါ အမဲသားအတွက် ကျေးဇူးတင်ပါတယ် " ရွှေ့ပြောင်းအလုပ်သမားသည် ပြုံးလိုက်ရင်း ထိုကောင်လေး ဆိုင်ထဲက ထွက်သွားသည်ကို ကြည့်နေလိုက်သည်။

"ဒါရိုက်တာ " မိနစ်အနည်းငယ်အကြာတွင်ဆောက်လုပ်ရေးသုံးခမောက်ကိုကိုင်ထားသည့် လူတစ်ယောက် ဆိုင်တွင်းသို့ ပြေးဝင်လာပြီး
"ဆောက်လုပ်ရေးက ဓာတ်လှေကားကိုညှိပြီးပါပြီ။
အဲ့ဒီနေရာကိုသွားကြည့်ကြမလား?"

"သွားကြရအောင်" ရွှေ့ပြောင်းအလုပ်သမားက ထရပ်လိုက်ပြီး "မွန်းလွဲပိုင်းအစည်းအဝေးကို မနက်ဖြန်မနက်ရွေ့မယ်ဆိုတာ ကုမ္ပဏီကိုအသိပေးလိုက်ပါ။ဒီနေ့ ငါတို့မှီမှာမဟုတ်ဘူး"

"ဟုတ်ကဲ့ပါ ဒါရိုက်တာ" အတွင်းရေးမှူးက သူ့ကိုလုံခြုံရေးသံခမောက် တစ်လုံးပေးလိုက်ပြီး စားပွဲပေါ်က ပန်းကန်အပြောင်တွေအများကြီးကို တွေ့တော့ အံ့ဩစွာဖြင့်။

" ဒါရိုက်တာ... ဒီနေ့ဒါရိုက်တာ...." စားချင်စိတ်တွေပြင်းပြနေတာပဲ!!

ဒါရိုက်တာအိုးရန် နက်နက်ရှိုင်းရှိုင်းပြုံးလိုက်သည်။ မနက်ဖြန်အစည်းအဝေးက​တော့ စိတ်
ဝင်စားစရာကောင်းလာတော့မှာပဲ.......

▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤

[Zawgyi]

အခန္း(၁) : အမ်ိဳးသားဖက္႐ွင္ေမာ္ဒယ္ ႏွင့္ ေဆာက္လုပ္ေရး လုပ္သား.....

အမ်ိဳးသားဖက္႐ွင္ေမာ္ဒယ္လ္တစ္ေယာက္တျဖစ္ ဆုႏိုသည္ သူ႕အား အျခားသူမ်ားက မိန္းကေလးဆန္ဆန္ေခၚေဝၚျခင္းကို မႀကိဳက္ႏွစ္သက္ေပ။သို႔ေသာ္သူ၏ေမွ်ာ္လင့္ခ်က္အားလုံးႏွင့္ဆန္႔က်င္စြာ သူရဲ႕လွပသည့္အသြင္အျပင္က သူ႕ကိုသစၥာေဖာက္ခဲ့၏။

မီဒီယာမ်ားက သူႏွင့္ပတ္သက္သည့္ေဆာင္းပါးတစ္ပုဒ္ကို ထုတ္ေဝသည့္အခါတိုင္း သူတို႔သည္
"လွပေသာ""ႏွစ္ေျမာဖြယ္""ညႇိယူဖမ္းစားမႈ"စသည့္ ေခါင္းစည္းမ်ားျဖင့္ထုတ္ေဝခဲ့သည္ခ်ည္းသာ။

ဘယ္ေလာက္ေတာင္စိတ္ပ်က္စရာေကာင္းလြန္းတဲ့ အားထုတ္မႈေတြလဲ!

<<ပန္းပြင့္မ်ားထက္ သာလြန္သည့္အျပင္ လွပၿပီးေမွာ္အတတ္ျဖင့္ ညိဳ႕ယူဖမ္းစားတတ္ေသာ ဆုႏိုသည္ ပရိသတ္ေတြအားလုံးကို အသက္႐ွဴရပ္သြားေလာက္ေအာင္ျပဳစားႏိုင္စြမ္း႐ွိတယ္>>

"ဒီေခါင္းစဥ္နဲ႔က ဘာေတြလဲ?!" နံနက္စာအတြက္ ေသာက္ေနသည့္ ပဲႏို႔ပိုက္ကိုခြၽတ္လိုက္ၿပီး ဆုႏိုသည္ေဒါသတႀကီးေပါက္ကြဲေန၏။သူရဲ႕ညာဘက္လက္ထဲမွာ ကိုင္ထားတဲ့ မုန္႔(ေခ်ာင္း)ကိုလည္းဖိေခ်
လိုက္၏။

"သခင္​ေလးဆုရယ္!စိတ္ေအးေအးထားပါ!" မန္ေနဂ်ာက သူ႕အား ခ်က္ခ်င္းႏွစ္သိမ့္ေပးလိုက္ကာ
"အခု ငါ မီဒီယာဆီဖုန္းေခၚၿပီး ေခါင္းစဥ္ကို
<<ေယာက်္ားဆန္သည့္ဆုႏိုသည္ eight packs ႏွင့္အတူ မီးပုံထဲကေနျပန္လည္ႏိုးထလာၿပီ >> လို႔ျပန္ေျပာင္းခိုင္းလိုက္မယ္"

သို႔ေသာ္ျငား တမင္သက္သက္ခ်ည္း ျပသာနာျဖစ္ေစႏိုင္ေသာေၾကာင့္ ရက္ရက္စက္စက္ပင္ ျငင္းပယ္ခံခဲ့လိုက္ရ​​ေလသည္။

ဦးေႏွာက္မ႐ွိတဲ့ အယ္ဒီတာေတြ!ေၾကကြဲစရာ
ေကာင္းလိုက္တာ!

"ဘာလို႔ဒါေတြက အတူတူေတြခ်ည္းျဖစ္ေနရတာလဲ?" ဆုႏို ေျပာလိုက္သည္။ "ဒီေခါင္းစဥ္ေတြက ၾကာေလ ၾကာေလ,ပိုရယ္စရာေကာင္းလာေလပဲ "

"အဲ့ဒီဟာက ပိုေကာင္းတာမဟုတ္ဘူးလား?အရင္တုန္းကဆို သူတို႔ေရးခ်င္တာက နတ္သမီးေလးလို႔ လွပတဲ့ မိန္းမေခ်ာေလးဆု..."
မန္ေနဂ်ာ၏စကားသည္ အဆုံးထိမေျပာလိုက္ရခင္ တစ္႐ွဴးဘူးျဖင့္ ေကာက္ေပါက္ျခင္းကို ခံလိုက္ရသည္။

"အား ငါ့ရဲ႕ႏုနယ္တဲ့ မ်က္ႏွာေလးကို!!!"

"မုတ္ဆိတ္ေမႊးေတြနဲ႔မ်ား ဘယ္သူကဂ႐ုစိုက္ေနရမွာလဲ?"

ဆုႏို မုန္႔ေခ်ာင္းေတြကို ဝါးေနရင္းျဖင့္ "ကန္႔ကြက္ဖို႔သြားလိုက္အုံးမယ္ ၿပီးေတာ့ နားရင္းအုပ္သင့္ အုပ္လာရမယ္ "

"ဘုရားသခင္...ဒီလိုစကားေတြကို လက္လြတ္စပယ္မေျပာသင့္ဘူးေလ " မန္ေနဂ်ာသည္ တစ္႐ွဴးတစ္႐ြက္ကို ဆြဲယူၿပီးေပးလိုက္သည္။

ဆုႏို မုန္႔ေတြျဖင့္ ေပပြသြားသည့္ သူရဲ႕မ်က္ႏွာေပၚ႐ွိ ပါးစပ္တစ္ဝိုက္ကို သုတ္လိုက္၏။
မန္​ေနဂ်ာက "မနက္ျဖန္က်ရင္ အရမ္းအေရးႀကီးတဲ့ ပြဲတစ္ခုတက္ရမယ္ေနာ္။လြန္ခဲ့တဲ့ ၃လေလာက္ကတည္းက စာခ်ဳပ္ခ်ဳပ္ထားတာ။ငါတို႔ ဖ်က္လိုက္ရင္ ပိုက္ဆံေတြ ေရစုန္ေမ်ာသြားလိမ့္မယ္"

ဆုႏို တဖက္က​ေန ပဲႏို႔ေသာက္ရင္း ေမးလိုက္သည္။ "ဘာပြဲလဲ?"

"ေဆာင္းရာသီအသစ္ထုတ္ကုန္အတြက္ Magical UP ရဲ႕ အမ်ိဳးသမီးအတြင္းခံဖက္႐ွင္ျပပြဲေလ"

ဆုႏို မုန္႔ေခ်ာင္းကို တဝက္ကိုက္ထားရင္း ျပန္ေမးလိုက္သည္။

"ဘာပြဲ!!!!"

"ေဆာင္းရာသီသစ္ထုတ္ကုန္အတြက္ Magical UP ရဲ႕ အမ်ိဳးသမီးအတြင္းခံဖက္႐ွင္ျပပြဲ"
မန္ေနဂ်ာက ေလးနက္စြာ ထပ္ေျပာလိုက္သည္။

နာမည္ေက်ာ္ေမာ္ဒယ္ဆုႏိုသည္ သူကိုစူးစိုက္ၾကည့္ေနခဲ့ကာ သူရဲ႕လက္႐ွိျဖစ္ေပၚေနသည့္အမူအယာႏွင့္ခံစားခ်က္ေတြကို ေဖာ္ျပႏိုင္ေသာစကားလုံးမ်ားမ႐ွိေတာ့ေခ်။

သူ႕မန္ေနဂ်ာကို လည္ပင္းညစ္ခ်င္ေနခဲ့ေပ
မယ့္လည္း....သူသိပါတယ္....ဒါက သူ႕ရဲ႕ စြမ္းအားကိုျဖဳန္းတီးရာပဲ ေရာက္လိမ့္မယ္...ဘာမွ ထူးျခားသြားမည္မဟုတ္!
သူ မုန္႔ထည့္ထားသည့္ပန္းကန္လုံးထဲ ေခါင္းထိုးခ်သြားသလို ခံစားလိုက္ရသည္။လိုရင္းတို႐ွင္းေျပာရရင္ သူ လုံးဝ တစ္စစီ ၿပိဳကြဲသြားသလိုပဲ!

"မင္း အဆင္ေျပရဲ႕လား?" မန္ေနဂ်ာက သူ႕ေ႐ွ႕တြင္လက္ကိုေဝွ႔ယမ္းျပလိုက္ၿပီး ေမးလိုက္သည္။

သူ ဘာျဖစ္လို႔ ႐ုတ္တရက္ႀကီး ၿငိမ္သြားရတာလဲ?

"ငါက!!!က်ိန္းေသ!!အတြင္းခံ႐ိႈးအတြက္!! လမ္းေလွ်ာက္ျပရမယ္ဆိုတာ!! ေသခ်ာလား?!"

ဆုႏို သြားကိုႀကိတ္ကာ ဘယ္လက္ကပဲႏို႔ဘူး ကိုင္ထားရင္း ညာလက္သည္လည္း သူရဲ႕ျပားေနေသာရင္ဘက္ကို ပုတ္၍ ေမးလိုက္သည္။

"ဟက္!"
မန္ေနဂ်ာက သူ႕ေကာ္ဖီကိုေသာက္လိုက္ၿပီး ဆုႏိုကိုၾကည့္လိုက္ေတာ့ သူ ႐ူးသြားၿပီလို႔ေတာင္ ထင္ရေလာက္သည္။

"ဘာလို႔မဟုတ္ရမွာလဲ?သူတို႔က မင္းကိုဖဲႀကိဳးျဖတ္အခမ္းအနားအတြက္ အထူးဧည့္သည္အျဖစ္ တက္ေရာက္ေစခ်င္တာေလ ေလွ်ာက္လမ္းကိုသြားစရာ မလိုဘူး"

"ဟူး!" ဆုႏို စိတ္သက္သာရာရသြားေသာ္လည္း
"ငါက ဒီထူးဆန္းတဲ့ပြဲကို ဘာလို႔တက္ရတာလဲ?" သူ သံသယ႐ွိစြာေမးလိုက္သည္။

"ဘာျဖစ္လို႔လဲဆိုေတာ့ ဒီထုတ္ကုန္လိုင္းက အသက္လတ္တန္းစားအမ်ိဳးသမီးေတြကို ပစ္မွတ္ထားတာေလ ၿပီးေတာ့ မင္းက အန္တီမမတို႔ရဲ႕ favoriteမို႔လို႔ေပါ့ "

မန္ေနဂ်ာက ဂုဏ္ယူစြာျဖင့္ ျပန္ေျဖေပးလိုက္သည္။

သို႔ေသာ္ျငား အေျဖက ဆုႏိုကို အႀကီးအက်ယ္စိတ္ ဓာတ္က်ေစခဲ့သည္။သူ ျပည္တြင္းပရိသတ္ေတြကို က်ိန္ဆဲလိုက္၏။

ဒီလိုမ်ိဳးအ႐ူးစစ္တမ္း (အန္တီမမတို႔ရဲ႕အႀကိဳက္ဆုံးအႏုပညာ႐ွင္)ကို ေကာက္လိုက္ျခင္းက သူတို႔ရဲ႕ အမွားသာမဟုတ္ရင္ သူ ဒီေခါင္းစဥ္ကိုရစရာ ဘာအေၾကာင္းမွမ႐ွိဘူး!

'အန္တီမမတို႔ရဲ႕အႀကိဳက္ဆုံး' ဆိုတဲ့အသံႀကီးက က်န္းမာေရးေစာင့္ေ႐ွာက္မႈႏွင့္ပါးစပ္သန္႔႐ွင္းေရးထုတ္ကုန္အခ်ိဳ႕ရဲ႕ေၾကာ္ျငာႏွင့္ေတာင္တူေနေသး!

"မနက္ျဖန္ပြဲၿပီးရင္ ဒါ႐ိုက္တာအိုးရန္နဲ႔ အပြိဳင့္မန္႔ယူထားတယ္" မန္ေနဂ်ာက ထပ္ေျပာလိုက္၏။
"ၿပီးေတာ့မင္းရဲ႕အက်င့္ေတြကို မေပၚေအာင္ဂ႐ုစိုက္ သူ႕ေ႐ွ႕မွာ အဆင့္တန္းျမင့္ၿပီး ေတာ္ဝင္ဆန္တဲ့ ပန္းပြင့္ေလးလိုျပဳမႈေနာ္"

"ဒါ႐ိုက္တာအိုးရန္က ဘယ္သူလဲ?"

မန္ေနဂ်ာခင္ဗ်ာ မ်က္ရည္မ်ားက်ဆင္းလာသလိုပင္!

မေန႔ကတင္ ငါသူကို ေျပာထားတာပါ ဇုန္ခြဲျခားသတ္မွတ္ျခင္းကို ဘယ္ေတာ့မွရပ္မွာလဲ?

မန္ေနဂ်ာသည္ သူ႕ကို က်ယ္ေလာင္စြာေအာ္ဟစ္ပစ္လိုက္ခ်င္ေသာ္လည္း ပေရာ္ဖက္႐ွင္နယ္မန္ေနဂ်ာပီပီ ေဒါသကိုႏွိမ္ႏွင္းၿပီး ေအးေဆးတည္ၿငိမ္စြာျဖင့္
ျပန္လည္႐ွင္းျပေပးခဲ့သည္။

"မစၥတာအိုးရန္က Renrui ကုမၸဏီရဲ႕မန္နင္းဂ်င္းဒါ႐ိုက္တာတစ္ေယာက္။လာမယ့္ရာသီမွာ အသစ္ ထြက္မယ့္ထုတ္ကုန္ရဲ႕ေမာ္ဒယ္လ္ကိစၥကို ေဆြးေႏြးဖို႔ ခ်ိန္းထားတာ"

"အိုး.. ဟုတ္တယ္...ငါ မွတ္မိၿပီ!"
ဆုႏို ႐ုတ္တရက္သေဘာေပါက္သြားသည္။

"Renrui....ခ်ိဳးက်ီယန္ကို သူတို႔ရဲ႕ပင္တိုင္ ေမာ္ဒယ္အျဖစ္ အသုံးျပဳေနတဲ့ကုမၸဏီမဟုတ္လား?"

ခ်ိဳးက်ီယန္သည္လည္း စံျပေမာ္ဒယ္တစ္ဦးျဖစ္ေသာ္လည္း ဆုႏိုကဲ့သို႔ ညိဳ႕ယူဖမ္းစားတတ္သည့္ပုံစံမ်ိဳးမဟုတ္ေပ။သူကား ႂကြက္သားအျပည့္ျဖင့္ ေယာက်္ားဆန္သည့္သူမ်ိဳးျဖစ္ကာ ေယာက်္ားပီသျခင္းပင္!

ဆုႏိုက​ေတာ့ အဲ့တာ​ေတြကိုဘယ္ေလာက္ေတာင္ လိုခ်င္ေနတယ္ဆိုတာ ဘုရားသခင္သာအသိဆုံးျဖစ္သည္။သို႔ေသာ္သူ႕ကံၾကမၼာကို သူရဲ႕မ်က္ႏွာကဆုံးျဖတ္ေပးခဲ့သည္။သူပါးစပ္ကို တင္းတင္းစိလိုက္ကာ ေဒါသထြက္လာျပန္သည္။

တစ္ခါက သူ မိန္းကေလးအမည္ျဖင့္ အေကာင့္တုသုံးၿပီး ခ်ိဳးက်ီယန္၏ကိုယ္ပိုင္အေကာင့္တြင္...

"ငါက မင္းရဲ႕ႂကြက္သားေတြကို ႀကိဳက္ကို မႀကိဳက္ဘူး ဟားဟားဟား စကားမေျပာတတ္တဲ့ ႂကြက္သားေတြ...."စသည့္ စူပါအ႐ူး cmt မ်ား သြားေရးခဲ့ဖူးသည္။ဒီလို ဂ်ယ္လီနင္ေနသည့္ cmt ေတြကို သြားေရးေသာ္လည္း ေနာက္ဆုံးေတာ့ သာမန္ cmt သာသာ သတ္မွတ္ခံရတာပါပဲ။

"ငါ ဒီအခြင့္အေရးကိုရဖို႔ ေတာ္ေတာ္အားထုတ္ထားရတာေနာ္" မန္ေနဂ်ာသည္ ထပ္ၿပီးသတိေပးလိုက္ျပန္သည္။

"Renruiပိုင္ ေ႐ွာ့ပင္းေမာမွာ ေနာက္ရာသီအတြက္ ေယာက်္ားေလးအလွကုန္ပစၥည္းေတြကို ပ႐ိုမိုး႐ွင္းလုပ္မွာ။ေ႐ွာ့ပင္းေမာအတြက္ ေမာ္ဒယ္ကိုလည္း ေျပာင္းဖို႔႐ွိေနတယ္။ဒီ အခြင့္အေရးကို မင္းလြဲေခ်ာ္သြားလို႔မရဘူးေနာ္"

"စိတ္ခ်ေနစမ္းပါ" ဆုႏို ကတိေပးလိုက္သည္။ သူ ဒီနယ္ပယ္မွာ က်င္လည္လာတာ ၃ႏွစ္႐ွိၿပီျဖစ္ကာ လွပၿပီးေက်ာ့႐ွင္းသည့္ပုံစံကို ဖမ္းယူတာက သူကြၽမ္းက်င္တဲ့အလုပ္ပဲ!ဒါက ခ်ိဳးက်ီယန္ရဲ႕ေနရာကို ခိုးယူသြားမွာလို႔ ေျပာျပေနစရာေတာင္မလိုဘူး။ဒီထက္ ေက်နပ္စရာ​ေကာင္းတာ မ႐ွိ​ေတာ့ဘူး!

ငါ့မွာ ႂကြက္သားမ႐ွိေတာ့လည္း ဘာျဖစ္တုန္း?ငါမင္းကို တခ်က္တည္း ႐ိုက္ခ်ပစ္လိုက္မယ္!

'ဟားဟားဟားဟား.........'

ေက်ာ္ၾကားလွသည့္ေမာ္ဒယ္ဆုသည္ စိတ္ထဲတြင္ ရယ္ေနၿပီး ခုံေပၚ႐ွိပဲႏို႔ကို ခြက္ထဲသို႔ ေလာင္းထည့္ၿပီး ဟန္ပါပါျဖင့္ေသာက္ေနကာ ပဲႏို႔၏ခ်ိဳၿမိန္မႈကို ခံစားေနလိုက္သည္။

နံနက္စာစားၿပီးေနာက္ မန္ေနဂ်ာသည္ ကုမၸဏီသို႔ျပန္သြားခဲ့သည္။အိမ္မွာတစ္ေယာက္တည္းက်န္ခဲ့သည့္ ဆုႏိုက ပ်င္းရိစြာျဖင့္ ျပန္အိပ္ေပ်ာ္သြားခဲ့သည္။သူ႕အလုပ္ခ်ိန္သည္ သိပ္ေနာက္က်လြန္း
သျဖင့္ ဒီလိုမ်ိဳးတစ္ေန႔တာလုံး အနားယူႏိုင္ဖို႔က ခဲယဥ္းလွ၏။

အနားယူရဖို႔ အခြင့္အေရးကို အရယူတာက အေကာင္းဆုံးလုပ္ေဆာင္မႈပဲ!

အဲ့ဒီေနာက္ ဆုႏိုတစ္​ေယာက္ အိမ္မက္မက္ေနခဲ့ကာ သူသည္ကား စတိတ္စင္၏အေနာက္ဘက္တြင္ ထိုင္ေနၿပီး လက္ထဲတြင္လည္း ေဖာင္ေဒး႐ွင္းမ်ားျဖင့္ မိတ္ကပ္လိမ္းေနသည္။

ထိုအခ်ိန္တြင္ "ႏိုႏို အခုထိ အဝတ္စားမလဲရေသးဘူးလား?!" မန္ေနဂ်ာသည္ ျပန္ထြက္သြားရင္း လွမ္းေအာ္ေျပာလိုက္သည္။
" ေနာက္အလွည့္က မင္းေနာ္ !!"

"Nani??" ဆုႏိုတစ္​ေယာက္ သတိလစ္သြားေတာ့မလိုပင္!

"ငါ့မွာ ရင္သားေတြမ႐ွိဘူးေလ !!!"

[Nani-ဘာ in Japanese]

"ဘယ္သူေျပာလဲ?မင္းဟာက ဒီမွာအဆင္သင့္ ေတာင္ တပ္ထားတာၿပီးေနၿပီကို!"
မန္ေနဂ်ာသည္ ဆုႏို၏ရင္ဘတ္ကို ကိုင္လိုက္ၿပီး ေျပာလိုက္သည္။

ဆုႏို မယုံသကၤာျဖစ္ကာ ျပန္ငုံ႔ၾကည့္လိုက္ရာ သူရဲ႕အံ့ၾသဖြယ္ေကာင္းေလာက္ေအာင္ ႀကီးမားေသာဖလားအ႐ြယ္အစားႀကီးေၾကာင့္ အံ့အားသင့္သြားခဲ့သည္!

[C CUP SIZE]

ထို႔ေနာက္ သူ ေၾကာက္႐ြံ႕ထိတ္လန္႔စြာျဖင့္ ႏိႈးထလာခဲ့ရသည္။

ေသေရာ! ဆုႏို ေခြၽးေတြထဲမွာနစ္ေနၿပီး သူရဲ႕ႏွလုံးသည္လည္း အ႐ူးကဲ့သို႔ခုန္ေပါက္ေနသည္။

အံ့ၾသစရာေကာင္းေလာက္ေအာင္ အသက္အႏၲရာယ္
ထိၿခိမ္းေျခာက္ႏိုင္တဲ့ အိပ္မက္ပဲ!

ဒါေၾကာင့္ သူ ႏိုးႏိုးၾကားၾကားျဖစ္ေစရန္ အိပ္ယာထဲကေန ခုန္ဆင္းကာ အဝတ္အစားလဲၿပီးေနာက္ ေနကာမ်က္မွန္ကိုတပ္၍ စားေသာက္ရန္ထြက္လာခဲ့သည္။

ဒါက အစားေကာင္းႀကိဳက္သူအတြက္ အခြင့္အေရးပဲ!

ေသခ်ာတာေပါ့!လူေတြ သူ႕ကို အာ႐ုံမစိုက္မိဖို႔အတြက္ သူ႕ၿပိဳင္ကားျဖင့္ မသြားဘဲ ဦးေလးတစ္​ေယာက္ရဲ႕တက္စီျဖင့္ လမ္းေဘးဆိုင္ေလးဆီ ဦးတည္သြားလိုက္သည္။

ေမာ္ဒယ္ဆုႏိုက ဆိုင္ေ႐ွ႕ေရာက္သည့္အခါ အနီေရာင္ဆိုင္းဘုတ္ႀကီး ေလထဲလြင့္လာသည္ကို ေတြ႕လိုက္၍ အလွ်င္အျမန္ေဘးသို႔ ေ႐ွာင္လိုက္ရ၏။

ဒီဆိုင္ကို မလာျဖစ္တာ ၂လေတာင္ၾကာသြားၿပီ ခုထိ ဒီဆိုင္က မိုက္ၿပီး ၾကည့္လို႔ေကာင္းတုန္း!

"အမဲသားေခါက္ဆြဲပြဲႀကီးတစ္ပြဲ၊ အမဲသားသုပ္တစ္ပြဲ၊ ၾကက္ဥေပါင္းတစ္ပြဲ၊ သခြားသီးသုပ္တစ္ပြဲ၊ အမဲသားပန္ကိတ္နဲ႔ ၿပီးေတာ့ ..အင္း... ေကာင္းၿပီ ဒါကိုပဲ အရင္ေပးပါ"

အမွန္ေတာ့ သူ ေနာက္ထပ္ ထပ္မွာရန္ ရည္႐ြယ္ခ်က္႐ွိေသးသည္။ဒါေပမယ့္ စားပြဲေ႐ွ႕မွအမ်ိဳးသမီးက သူ႕ကိုအံ့အားသင့္စြာၾကည့္ေနသည္ကို ျမင္လိုက္ရသျဖင့္ ဆုႏို သူရဲ႕လွ်ာကို ခ်က္ခ်င္းထိန္းသိမ္းလိုက္ရ၏၊

သူရဲ႕idolပုံရိပ္ကို ဆက္လက္ထိန္းသိမ္းထားဖို႔ လိုေသးတယ္မလား?ဒါ​ေပမယ့္.....
'ငါက အနီေရာင္ပဲဟင္းခ်ိဳကို ထပ္မွာခ်င္ေသးတာ ㅠ~ㅠ'

ဆုႏိုသည္ လက္တစ္ဖက္က အမွာစာရင္းစာ႐ြက္ေလးကိုကိုင္၍ ထိုင္ခုံကို႐ွာရင္း ေနာင္တရေနမိသည္။

ေန႔လည္စာစားခ်ိန္ ျဖစ္သည့္အတြက္ ဆိုင္ေလးက လူမ်ားႏွင့္ျပည့္ႏွက္ေနေတာ့သည္။ထိုင္ခုံ ႐ွာရင္း႐ွာရင္းျဖင့္ ေနာက္ဆုံးတြင္စားၿပီးခါနီး အမ်ိဳးသမီးငယ္တစ္ဦးကိုေတြ႕လိုက္ရသည္။ထို႔ေၾကာင့္ ဆုႏို အျမန္ေလးေျပးသြားၿပီး ေမွ်ာ္လင့္ခ်က္ေလးျဖင့္ ထိုင္ခုံေဘးတြင္ရပ္ေစာင့္ေနလိုက္သည္။

အမ်ိဳးသမီးငယ္ေလးက ငိုခ်င္စိတ္ေပါက္ေနမိ၏။သူ႕ေဘးတြင္ ထိုကဲ့သို႔ လွပသည့္ေကာင္ငယ္ေလးက သူမ စားေနသည္ကို လာၾကည့္ေနတာက အရမ္း
မရက္စက္လြန္းဘူးလား!
အမ်ိဳးသမီးငယ္​ေလးသည္ ဆက္လက္ သည္းမခံႏိုင္ေတာ့သည့္ဟန္ျဖင့္ သူမ စားေနသည့္အမဲသားေခါက္ဆြဲကို ထားခဲ့႐ုံမွလြဲ ေ႐ြးခ်ယ္စရာမ႐ွိေတာ့ေပ။ သူမ စားလတ္စေခါက္ဆြဲတစ္ဝက္ကို ခ်န္ခဲ့ၿပီး ပိုက္ဆံအိတ္ကိုလြယ္ကာ ေျပးထြက္သြားေတာ့သည္။

ထိုအခါ ဆုႏိုက ထိုင္ခုံတြင္ ေပ်ာ္႐ႊင္စြာေနရာယူလိုက္ၿပီး စားစရာေတြကို ေစာင့္ေနလိုက္သည္။

ဆုႏို ထိုင္လိုက္သည့္ထိုင္ခုံတဖက္ျခမ္းတြင္ ေ႐ြ႕ေျပာင္းအလုပ္သမား ျဖစ္ပုံေပၚသည့္ ၾကည့္ေကာင္းေသာလူတေယာက္ ထိုင္ေန၏။
ဒီလူရဲ႕ပုံစံက ဝတၳဳေတြထဲကလိုေျပာရရင္ မ်က္ႏွာက်က ႐ွည္သြယ္ၿပီး မ်က္လုံးေတြက သိမ္းဌက္မ်က္လုံးေတြလို စူး႐ွသည္။ေျဖာင့္စင္းတဲ့ ႏွာတံနဲ႔ ေျဖာ့ေတာ့ေနသည့္ ႏႈတ္ခမ္းကို ပိုင္ဆိုင္ထားသည့္အျပင္ အဝတ္အစားကလည္း ၿပဲေနၿပီး တစ္ကိုယ္လုံး ဖုန္ေတြ ကပ္ေန၏။ဒီလူရဲ႕ ပုံစံၾကည့္တာနဲ႔တင္ ေဆာက္လုပ္ေရးဆိုက္ထဲက လာမွန္းလူတိုင္းက သိႏိုင္သည္။

ထိုအလုပ္သမားရဲ႕ေန႔လည္စာက အလြန္႐ိုး႐ွင္းလွ၏။ အမဲသားေခါက္ဆြဲတစ္ပြဲႏွင့္ ပန္ကိတ္ႏွစ္ခုသာ စားေနသည္။

ဆုႏိုက သူတီဗြီတြင္ ျမင္ေတြ႕ခဲ့ရေသာသတင္းအခ်ိဳ႕ကိုမွတ္မိေနသျဖင့္ ထိုသူ႕ကိုမၾကည့္ရက္ႏိုင္ေတာ့ေပ။

ေ႐ႊ႕ေျပာင္းအလုပ္သမားေတြက သူတို႔ရဲ႕ေမြးရပ္ေျမကို
စြန္႔ခြာခဲ့ရတဲ့အျပင္ ဒီလိုအဝတ္အစားမ်ားကိုသယ္ၿပီး ၿမိဳ႕ႀကီးေတြမွာ အလုပ္အကိုင္ေတြ႐ွာေဖြဖို႔ ထြက္လာခဲ့ရတယ္။သူတို႔က ဆိုး႐ြားတဲ့သူေဌးႀကီးေတြအတြက္ အလုပ္လုပ္ရၿပီး တစ္ႏွစ္လုံးပင္ပင္ပန္းပန္းႀကိဳးစားလုပ္ကိုင္ခဲ့ၾကရတယ္။ဘယ္ေလာက္ေတာင္ သနားစရာေကာင္းလိုက္လဲ!!!

ထို႔ေၾကာင့္ ဆုႏို အမဲသားသုပ္တစ္ပြဲႏွင့္ အသားေပါင္းတစ္ခြက္ကို ထိုလူေ႐ွ႕သို႔ တိုးေပးလိုက္သည္။ "ခင္ဗ်ားအတြက္.."

"ငါ့အတြက္?"
ေ႐ႊ႕ေျပာင္းအလုပ္သမားက သူ႕ကိုၾကည့္လိုက္ၿပီး
"ငါဘယ္သူလဲသိလား?"

"မသိဘူး ဒါေပမယ့္ ကြၽန္ေတာ္မွာထားတာေတြက အမ်ားႀကီး တစ္ေယာက္တည္းဆို ကုန္မွာမဟုတ္ဘူး" ဆုႏို ႐ိုးသားစြာေျပာလိုက္သည္။

"...ေက်းဇူးတင္ပါတယ္။" အလုပ္သမားက ေျပာလိုက္သည္။

အလုပ္သမားရဲ႕အျပဳံးက အရမ္းကို လွပလြန္းတာပဲ!

ဆုႏို ထိုင္ခုံကို အေ႐ွ႕ဘက္တိုးထိုင္လိုက္ၿပီး စကားစလိုက္သည္။ "ဘယ္ေဆာက္လုပ္ေရး လုပ္ငန္းမွာ အလုပ္လုပ္ေနတာလဲ?"

အဲဒီလူၾကည့္ရတာ သူ႕ကို သတိထားမိပုံမေပၚဘူး။
ဒါေကာင္းတာေပါ့ သူ႕ရဲ႕ စပ္စပ္စုစု႐ွိတဲ့ပုံစံကို ျပလို႔ရတာေပါ့ မဟုတ္ဘူးလား?

"ဟိုဘက္မွာပါ" ေ႐ႊ႕ေျပာင္းအလုပ္သမားက ဆန္႔က်င္ဘက္လမ္းကို ၫႊန္ျပလိုက္သည္။

ကို႔ယို႔ကားယားႏိုင္လိုက္တာ..အေျဖကလည္း..ဒါေပ
မယ့္ အရမ္း႐ိုး႐ွင္းၿပီး ႐ိုးသားတယ္!

ဆုႏိုက ဆက္လက္၍ "ဝင္ေငြကေရာ ဘယ္လိုလဲ?"

"မဆိုးပါဘူး" ေ႐ႊ႕ေျပာင္းအလုပ္သမားက ရယ္ခ်င္စိတ္ကို သည္းခံ၍ ေျဖလိုက္သည္။

ဆိုင္ထဲတြင္ ေလေအးေပးစက္မ႐ွိေသာေၾကာင့္ ဆုႏို သည္ ေခြၽးေတြတစ္ကိုယ္လုံး႐ႊဲ႐ႊဲမစိုခင္ အျမန္စားရန္ ျပင္လိုက္သည္။ဒါေၾကာင့္ သူ ေနကာမ်က္မွန္ကိုခြၽတ္ၿပီး မ်က္ႏွာကိုတစ္သွ်ဴးျဖင့္ သုတ္လိုက္သည္။

ေ႐ႊ႕ေျပာင္းအလုပ္သမားသည္ ဆုႏိုရဲ႕မ်က္ႏွာကို ႐ွင္း႐ွင္းလင္းလင္း ေတြ႕လိုက္ရေသာအခါ အလြန္အံ့ဩသင့္သြားရသည္။ဆုႏို ထိုလူ၏အမူအယာကိုေတြ႕လိုက္ေသာအခါ ရင္ထဲ ထိတ္ခနဲျဖစ္သြား၏....
မျဖစ္ႏိုင္တာ သူငါ့ကိုမွတ္မိသြားတာလား?

ဆုႏိုကိုင္ထားသည့္ တူႏွစ္ခ်ာင္းၾကားကၾကက္ဥသည္ အိုးထဲသို႔ ျပန္ျပဳတ္က်သြားသည္။ဆုႏိုရဲ႕အေတြးမ်ားက ေခါင္းထဲတြင္ေယာက္ယက္ ခတ္လို႔ေနသည္။

ညိဳ႕ယူဖမ္းစား??လွပေသာဆုႏို?? မဟုတ္ဘူး !!မဟုတ္ေသးဘူး !!

<<ေ႐ွာ့ရစရာ သတင္းတစ္ခုထြက္ေပၚလာ>>
အစားအေသာက္ၾကဴးသည့္ ေမာ္ဒယ္ဆုႏို~~~
ေမာ္ဒယ္ဆုႏိုက ညစ္ပတ္ေနတဲ့ဆိုင္တြင္ ထိုင္စားရတာကိုႏွစ္သက္တဲ့ သူတစ္ေယာက္~~
သူရဲ႕အဆင့္အတန္းျမင့္ျမင့္ေနထိုင္မႈေတြ ေပ်ာက္ဆုံး~~~

"မင္းလည္း ဒီမွာ အလုပ္လုပ္ဖို႔လား?" ေ႐ႊ႕ေျပာင္းအလုပ္သမားက တစ္ဖက္လူရဲ႕အၾကပ္အတည္းျဖစ္​ေနသည့္အမူအယာကိုျမင္ခဲ့ၿပီး ေခါင္းစဥ္ကို လ်င္ျမန္စြာေျပာင္းလဲလိုက္သည္။

"ဟူး..." ကံေကာင္းစြာနဲ႔သူမသိဘူးပဲ..

ဆုႏို အခုမွစိတ္သက္သာရာရသြားေတာ့သည္။ၿပီးေနာက္ သာမန္အလိမ္အညာေလးတခုသုံးလိုက္ကာ "ဟုတ္တယ္...ကြၽန္ေတာ္က ေကာလိပ္ေက်ာင္းတက္တုန္း။ဘာမွလုပ္စရာမ႐ွိေတာ့ အလုပ္႐ွာေနတာ"

ေ႐ႊ႕ေျပာင္းအလုပ္သမားက ျပဳံးၿပီးဘာမွမေျပာေပ!

သူရဲ႕မန္ေနဂ်ာ၊ ပရိသတ္ေတြ၊ ပါပါရာဇီေတြ​ေရာ
မ႐ွိ။ဆုႏိုသည္ အစားအေသာက္ေတြကို ထိန္းထိန္းသိမ္းသိမ္းမ႐ွိဘဲ ေပ်ာ္ေမြ႕စြာစားေသာက္ခဲ့သည္။သူ ေခါက္ဆြဲကို က်ယ္က်ယ္ေလာင္ေလာင္အသံထြက္စား႐ုံတင္မကဘဲ ပန္းကန္ကိုကိုင္ၿပီး ဟင္းခ်ိဳရည္အားလုံးကိုပါ တခါတည္း မ်ိဳေခ်သာက္ပစ္လိုက္သည္။သူရဲ႕ပါးစပ္က ဆီေတြျဖင့္ေပပြလို႔ေနေတာ့သည္။

ေ႐ႊ႕ေျပာင္းအလုပ္သမားသည္ သူ႕ေ႐ွ႕က ေကာင္ေလး၏စားပုံႏွင့္ အမူအယာတို႔ကို ၾကည့္ၿပီး အလြန္အံ့ဩသြားရသည္။

သူရဲ႕ ပိန္ပိန္ပါးပါးကိုယ္ခႏၶာကို ၾကည့္ျခင္းအားျဖင့္ ရက္အနည္းငယ္ေလာက္အထိ အစားကို ေကာင္းေကာင္း မစားရေသးတာဘဲ ျဖစ္ရမယ္!

"ကြၽန္ေတာ္ အရင္သြားေတာ့မယ္" ဆုႏိုက ေပပြေနသည့္ သူ႕ပါးစပ္ကို တစ္႐ွဴးျဖင့္ သုတ္လိုက္ၿပီး လက္ကိုေဝ့ယမ္းျပကာ ႏႈတ္ဆက္ စကားေျပာလိုက္သည္။

"ေကာင္းေကာင္းသြားပါ အမဲသားအတြက္ ေက်းဇူးတင္ပါတယ္ " ေ႐ႊ႕ေျပာင္းအလုပ္သမားသည္ ျပဳံးလိုက္ရင္း ထိုေကာင္ေလး ဆိုင္ထဲက ထြက္သြားသည္ကို ၾကည့္ေနလိုက္သည္။

"ဒါ႐ိုက္တာ " မိနစ္အနည္းငယ္အၾကာတြင္ေဆာက္လုပ္ေရးသုံးခေမာက္ကိုကိုင္ထားသည့္ လူတစ္ေယာက္ ဆိုင္တြင္းသို႔ ေျပးဝင္လာၿပီး
"ေဆာက္လုပ္ေရးက ဓာတ္ေလွကားကိုညႇိၿပီးပါၿပီ အဲ့ဒီေနရာကိုသြားၾကည့္ၾကမလား?"

"သြားၾကရေအာင္" ေ႐ႊ႕ေျပာင္းအလုပ္သမားက ထရပ္လိုက္ၿပီး "မြန္းလြဲပိုင္းအစည္းအေဝးကို မနက္ျဖန္မနက္ေ႐ြ႕မယ္ဆိုတာ ကုမၸဏီကိုအသိေပးလိုက္ပါ။ဒီေန႔ ငါတို႔မွီမွာမဟုတ္ဘူး"

"ဟုတ္ကဲ့ပါ ဒါ႐ိုက္တာ" အတြင္းေရးမႉးက သူ႕ကိုလုံျခဳံေရးသံခေမာက္ တစ္လုံးေပးလိုက္
ၿပီး စားပြဲေပၚက ပန္းကန္အေျပာင္ေတြအမ်ားႀကီးကို ေတြ႕ေတာ့ အံ့ဩစြာျဖင့္။

" ဒါ႐ိုက္တာ... ဒီေန႔ဒါ႐ိုက္တာ...." စားခ်င္စိတ္ေတြျပင္းျပေနတာပဲ!!

ဒါ႐ိုက္တာအိုးရန္ နက္နက္႐ိႈင္း႐ိႈင္းျပဳံးလိုက္သည္။ မနက္ျဖန္အစည္းအေဝးက​ေတာ့ စိတ္
ဝင္စားစရာေကာင္းလာေတာ့မွာပဲ.......

Continue Reading

You'll Also Like

1.2M 50.7K 62
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
209K 5.1K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
255K 16.6K 73
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
917K 138K 71
▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s)...