ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း...

Autorstwa MrDerick

614K 31.6K 579

About the life and love of Gay Porn Actors Total 62 Chapters + 4 extra Chapters Więcej

Chapter 1 (Unicode)
Chapter 2 (Zawgyi)
Chapter 1 (Zawgyi)
Chapter 2 (Unicode)
Chapter 3 (Unicode)
Chapter 3 (Zawgyi)
Chapter 4 (Unicode)
Chapter 4 (Zawgyi)
Chapter 5 (Unicode)
Chapter 5 (Zawgyi)
Chapter 6 (Unicode)
Chapter 6 (Zawgyi)
Chapter 7 (Unicode)
Chapter 7 (Zawgyi)
Chapter 8 (Unicode)
Chapter 8 (Zawgyi)
Chapter 9 (Unicode)
Chapter 9 (Zawgyi)
Chapter 10 (Unicode)
Chapter 10 (Zawgyi)
Chapter 11 (Unicode)
Chapter 11 (Zawgyi)
Chapter 12 (Unicode)
Chapter 12 (Zawgyi)
Chapter 13 (Unicode)
Chapter 13 (Zawgyi)
Chapter 14 (Unicode)
Chapter 14 (Zawgyi)
Chapter 15 (Unicode)
Chapter 15 (Zawgyi)
Chapter 16 (Unicode)
Chapter 16 (Zawgyi)
Chapter 17 (Unicode)
Chapter 17 (Zawgyi)
Chapter 18 (Unicode)
Chapter 18 (Zawgyi)
Chapter 19 (Unicode)
Chapter 19 (Zawgyi)
Chapter 20 (Unicode)
Chapter 20 (Zawgyi)
Chapter 21 (Unicode)
Chapter 21 (Zawgyi)
Chapter 22 (Unicode)
Chapter 22 (Zawgyi)
Chapter 23 (Unicode)
Chapter 23 (Zawgyi)
Chapter 24 (Unicode)
Chapter 24 (Zawgyi)
Chapter 25 (Unicode)
Chapter 25 (Zawgyi)
Chapter 26 (Unicode)
Chapter 26 (Zawgyi)
Chapter 27 (Unicode)
Chapter 27 (Zawgyi)
Chapter 28 (Unicode)
Chapter 28 (Zawgyi)
Chapter 29 (Unicode)
Chapter 29 (Zawgyi)
Chapter 30 (Unicode)
Chapter 30 (Zawgyi)
Chapter 31 (Unicode)
Chapter 31 (Zawgyi)
Chapter 32
Chapter 32 (Zawgyi)
Chapter 33 (Unicode)
Chapter 33 (Zawgyi)
Chapter 34 (Unicode)
Chapter 34 (Zawgyi)
Chapter 35 (Unicode)
Chapter 35 (Zawgyi)
Chapter 36 (Unicode)
Chapter 36 (Zawgyi)
Chapter 37 (Unicode)
Chapter 37 (Zawgyi)
Chapter 38 (Unicode)
Chapter 38 (Zawgyi)
Chapter 39
Chapter 39 (Zawgyi)
Chapter 40 (Unicode)
Chapter 40 (Zawgyi)
Chapter 41 (Unicode)
Chapter 41 (Zawgyi)
Chapter 42 (Unicode)
Chapter 42 (Zawgyi)
Chapter 43 (Unicode)
Chapter 43 (Zawgyi)
Chapter 44 (Unicode)
Chapter 44 (Zawgyi)
Chapter 45 (Unicode)
Chapter 45 (Zawgyi)
Chapter 46 (Unicode)
Chapter 46 (Zawgyi)
Chapter 47 (Unicode)
Chapter 47 (Zawgyi)
Chapter 48 (Unicode)
Chapter 48 (Zawgyi)
Chapter 49 (Unicode)
Chapter 50 (Unicode)
Chapter 50 (Zawgyi)
Chapter 51 (Unicode)
Chapter 51 (Zawgyi)
Chapter 52 (Unicode)
Chapter 52 (Zawgyi)
Chapter 53 (Unicode)
Chapter 53 (Zawgyi)
Chapter 54 (Unicode)
Chapter 54 (Zawgyi)
Chapter 55 (Unicode)
Chapter 55 (Zawgyi)
Chapter 56 (Unicode)
Chapter 56 (Zawgyi)
Chapter 57 (Unicode)
Chapter 57 (Zawgyi)
Chapter 58 (Unicode)
Chapter 58 (Zawgyi)
Chapter 59 (Unicode)
Chapter 59 (Zawgyi)
Chapter 60 (Unicode)
Chapter 60 (Zawgyi)
Chapter 61 (Unicode)
Chapter 61 (Zawgyi)
Final Chapter (Unicode)
Final Chapter (Zawgyi)
Extra Chapter 1 (Unicode)
Extra Chapter 1 (Zawgyi)
Extra Chapter 2 (U+Z)
Extra Chapter 3 (U+Z)
Final Extra Chapter
Concerning WOW

Chapter 49 (Zawgyi)

2K 60 0
Autorstwa MrDerick

Chapter 49

နောက်တစ်ရက်တွင် သတင်းများ၏ ခေါင်းစီးတွင် ထူးခြားစွာပင် Mcqueen ၏ နာမည်က ပါလာခဲ့လေသည် ။

' ယခုလတ်တလော နာမည်ကြီးနေသော The Insignificant Stories We shared In Bed ရုပ်ရှင်ကား၏ မူရင်းဝတ္ထုမှ ဇာတ်လိုက်ကောင်လေးဟာ အပြင်လောကတွင်တော့ နာမည်ကြီး Gay Porn တွေရိုက်ကူး ထုတ်လုပ်နေတဲ့ Glenn Mcqueen ဆိုသူ ဖြစ်နေသည် '
ဟူသော ခေါင်းစီးက သတင်းများ၏ ထိပ်ဆုံးတွင် ပါလာခဲ့လေသည် ။

" The Insignificant ဟူသော နိုင်ငံတကာရုပ်ရှင် ဇာတ်ကားဟာ ဘာမှ အထူးတလည် ကြော်ငြာခြင်း မပြုဘဲ ရုပ်ရှင်လောကမှ အောင်မြင်ခဲ့ပါတယ် ။ ဒီကားရဲ့ ဒါရိုက်တာဟာ နယူးယော့ခ် ရုပ်ရှင် ပွဲတော်မှာ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ် ။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာလည်း ဒီကားဟာ အကောင်းဆုံး ဇာတ်ညွှန်းဆုကို ရရှိခဲ့ပါတယ် ။ ဒီကားရဲ့ ဇာတ်ညွှန်းရေးဆရာလို့ ကျွန်မတို့ သိထားကြတာကတော့ Creed ဆိုသူပါ ။ Creed ဟာ ဒီဇာတ်လမ်းဟာ သူ့ဘဝ ဇာတ်ကြောင်း ဖြစ်တယ်ဆိုပြီး ဇာတ်လမ်းစစချင်းမှာထဲက ဝန်ခံထားခဲ့ပါတယ် ။ ဒါပေမယ့် အဲ့သည့် Creed ဆိုသူဟာ Porn လောကမှာ နာမည်ကြီးပြီး Gay Porn များစွာကို ကိုယ်တိုင် ရိုက်ကူး ထုတ်လုပ်နေတဲ့ Glenn Mcqueen ဆိုတာ သိပြီးတဲ့ နောက်မှာတော့ ရုပ်ရှင်လောကကြီး တစ်ခုလုံး Shock ရသွားခဲ့ရပါတယ် ။ "

အခြေအနေက ထင်သည်ထက် ပိုမိုဆိုးဝါးခဲ့လေသည် ။
Mcqueen ၏ ရုံးခန်းအနီးတွင် သတင်းထောက်များ များစွာ ရှိနေကြပြီး Mcqueen ထွက်လာသည်နှင့် မေးခွန်းများ တရစပ် ထွက်ပေါ်လာလေသည် ။

" ခင်ဗျားကိုယ်ခင်ဗျား Creed ဆိုတာ ဘာလို့ ဖုံးကွယ်ထားခဲ့တာလဲခင်ဗျ... "
" ခင်ဗျား ဘာကြောင့် Gay Porn ရိုက်ဖို့ကို ရွေးခြယ်ခဲ့တာလဲ ဖြေပေးပါ... "

သတင်းထောက်များ၏ စိတ်ဝင်စားမှုသည် Mcqueen အပေါ် အပြည့်အဝ သက်ရောက်နေကြလေသည် ။
ရုပ်ရှင်၏ အောင်မြင်မှု ကြီးလေလေ ၊ တန်ပြန် ပေးဆပ်ရမှု များလေလေပင် ဖြစ်သည် ။

Mcqueen က ဘာမှ ပြန်မဖြေဘဲ လက်ကာပြပြီး ရုံးထဲသို့ ပြန်ဝင်သွားသောအခါ အနောက်မှ တီးတိုးပြောသံများက ညံနေခဲ့လေသည် ။

" ဟေး... ငါတို့ သူ့ website ထဲကို ဝင်ရှာကြရအောင်... "
" website က အခု ဝင်ကြည့်တဲ့လူတွေ များလွန်းလို့ server ပါ ဒေါင်းနေတဲ့ အထိပဲ... "

အထဲရောက်သည်နှင့် ဂျနီဖာက Mcqueen ကို စိုးရိမ်တကြီး မေးတော့သည် ။
" Mcqueen... ဘယ်လို ဖြစ်ရတာလဲ... ဖုန်းဆက်တော့လည်း ဖုန်း မကိုင်ဘူး... အခု ရုံးလာတာလည်း နောက်ကျတယ်... သူတို့ ပြောနေကြတာတွေက အမှန်တွေလား...  "

" ဂျနီဖာ website ကို ပိတ်ထားလိုက်ပါ... "

" Mcqueen... တို့ကို ဘာလို့ တစ်ခုမှ မပြောပြခဲ့တာလဲ  ... ဘယ်လို... တကယ်ကြီး ပိတ်မလို့လား... မဖြစ်ဘူးလေ...  တို့တွေရဲ့ ကြော်ငြာတွေနဲ့ member ဝင်ထားတဲ့ သူတွေအတွက်ကော ဘယ်လို လုပ်ကြမလဲ... "

" ငါပြောသလိုပဲ ပိတ်ထားလိုက်စမ်းပါ ဂျနီဖာ... "

******************

ကျွန်တော့်ဆီသို့ ယွမ် အပါအဝင် သူငယ်ချင်းများ ၊ အတန်းဖော်များ နှင့် ကျွန်တော့်ကို တစ်ခါမှပင် ဖုန်းမခေါ်ခဲ့ဖူးသူများကပင် ကျွန်တော့်ဆီ ဖုန်းခေါ်လာကြပြီး ကျွန်တော့်ဖုန်းမှာ မအားမလပ် ဖြစ်လာရလေသည် ။

ကျွန်တော်ဟာ ကျွန်တော့်ကိုယ် ကျွန်တော် အပြစ်သား တစ်ယောက်ကဲ့သို့တော့ ခေါင်းကို ငုံ့ထားလိမ့်မည် မဟုတ် ။
အဘယ့်ကြောင့်ဆိုသော် ကျွန်တော်သည် အပြစ် လုပ်ထားသူ တစ်ယောက် မဟုတ်သောကြောင့်ပင် ။

သူဌေးက သူ့ရုံးခန်းသို့ ကျွန်တော့်အား ခေါ်သောကြောင့် ဝင်သွားလိုက်ရသည် ။

" ငါ မင်းကို ဘာကြောင့် ခေါ်တယ်ဆိုတာ သိပြီးသား ဖြစ်မှာပါ... "

" ဟုတ်ကဲ့... "

" ဒါက ရိုးရှင်းပါတယ်... မင်းသိတဲ့အတိုင်း ငါတို့ ပြီးခဲ့တဲ့ ရက်ကပဲ MIP ကုမ္ပဏီရဲ့ ပွဲတွေအတွက် သက်တော်စောင့် ဝန်ဆောင်မှု ပေးဖို့ စာချုပ် ချုပ်ထားခဲ့ကြတယ်... ဒီစာချုပ်က ငါတို့ ကုမ္ပဏီရဲ့ အနာဂါတ်အတွက် ဘယ်လောက် အရေးကြီးလဲဆိုတာ မင်းလည်း နားလည်မှာပါ... "

" ကျွန်တော် သိပါတယ်... "

" MIP ဘက်က အနေနဲ့လည်း ကောလဟာလတွေ အရမ်းထွက်နေတဲ့ လူတစ်ယောက် ရှိနေတဲ့ ကုမ္ပဏီနဲ့ လက်တွဲပြီး စာချုပ်ဆက်ချုပ်ချင်လိမ့်မှာ မဟုတ်ဘူး Edd... "
သူဌေးက ကျွန်တော့်ကို မနှစ်မြို့သော အကြည့်ဖြင့် ကြည့်ရင်း ပြောလေသည် ။

" ငါတို့ဘက်ကို နားလည်ပေးပါ Edd... မင်း ဒီနေ့ကစပြီး အလုပ်ဆင်းစရာ မလိုတော့ဘူး... ဒီနေ့ပဲ နှုတ်ထွက်စာ တင်ပေးပါ... ငါလည်း မတတ်သာလို့ ဒီဆုံးဖြတ်ချက်ကို ချလိုက်ရတာပါ... "

" ဒါပေမယ့် ကျွန်တော်တို့ စာချုပ်က မပြည့်သေးဘူးလေ... "

" မင်းစိတ်ထဲမှာ ဒါကို မတရားဘူးလို့ ခံစားကောင်း ခံစားရနိုင်ပါတယ် ...ဒါပေမယ့် မင်း နားလည်မှာပါ... ငါတို့ စာချုပ်ထဲမှာ ဘယ်လိုချုပ်ခဲ့သလဲဆိုတာ... စာချုပ်မှာ မင်းကို Gay Porn မရိုက်ရဘူးလို့ တားထားတဲ့ စာကြောင်း မပါမယ့် မင်းရဲ့ အပြုအမူကိုတော့ ထိန်းသိမ်းထားသင့်တယ် မဟုတ်ဘူးလား... "


ကျွန်တော် အခြားသူများထံမှ အေးစက်စက် အကြည့်များနှင့် အထင်မြင်သေးမှုများကို ခံနိုင်ရည်ရှိပါသည် ။
သူတို့ကျွန်တော့်ကို အရူးတစ်ယောက်ဟု ထင်နေလျှင် ကျွန်တော် ပို၍ ရမ်းကားကြမ်းတမ်းပြလိုက်ပြီး ပြန်တောင်းပန်လိုက်မည်သာ ။

" နောက်ထပ် ထပ်မဖြစ်စေရပါဘူး သူဌေး... ဒါကြောင့်မို့ ကျွန်တော့်ကို အခွင့်အရေး တစ်ခုလောက် ထပ်ပေးပါ... "
ကျွန်တော် ခခယယ ပြောလိုက်မိသည် ။

" ဒါမှမဟုတ် မင်း တခြားတစ်ဖက်ကိုပဲ တစိုက်မတ်မတ် ဇောက်ချလုပ်မယ် ဆိုရင်ကော... ငါကြားတာတော့ မင်းက အဲ့ဘက်မှာ ပါရမီရှိပြီးထူးချွန်တယ်ဆိုပဲ... "

ကျွန်တော် ဒေါသတကြီးဖြင့် စားပွဲခုံစွန်းကို ဆုပ်ကိုင်ပြီး နောက် စားပွဲကို ခြေထောက်ဖြင့် ကန်ထည့်လိုက်သည် ။
သူဌေးက ကျွန်တော် သူ့ကို ကိုယ်ထိလက်ရောက် လုပ်မလား ဟူသော ပုံဖြင့် ကျွန်တော့်ကို အလန့်တကြားကြည့်လေသည် ။

" ဆောရီးပါသူဌေး... ကျွန်တော် ခြေထောက် ရမ်းလိုက်ပြီး မတော်တဆ ထိမိသွားတာပါ... "
ထို့နောက်တွင် ကျွန်တော် ထိုအဖိုးကြီးကို ပြုံးပြီး ပြောလိုက်သည် ။
" သူဌေးလည်း အဲ့ဘက်အပိုင်းမှာ ပါရမီ ရှိချင်ရှိနေမှာပေါ့... ဘာဖြစ်လို့ မစမ်းကြည့်ရတာလဲ... ကျွန်တော်က စေတနာနဲ့ အကြံပေးတာပါ... "

" မင်း... မင်း... "

အဖိုးကြီးက ဒေါသထွက်ပြီး မျက်နှာကြီးနီရဲလာလေသည် ။
ကျွန်တော် အေးစက်စက် ပြန်ပြုံးပြပြီး ဘာစကားတစ်ခွန်းမှ မပြောတော့ဘဲ အခန်းထဲမှ ထွက်လာလိုက်တော့သည် ။

ကျွန်တော် အခန်းအပြင်ကို ထွက်လာလိုက်သည်နှင့် ကျွန်တော့်ကို အသင့်စောင့်နေသော Derek ကို တွေ့လိုက်ရသည် ။
Derek က ကျွန်တော့်ကို တွေ့သည်နှင့် ပုခုံးပေါ်သို့ လက်တင်လာသည် ။

ကျွန်တော် သူ့ကို ဂရုမစိုက်ဘဲ ထွက်သွားမည်ပြုတော့ သူက ကျွန်တော့် ပုခုံးကို လှမ်းဆွဲထားလေသည် ။
" မင်း... မင်းမှာ ငါ့ကို ပြောစရာ ဘာမှ မရှိဘူးလား Edd... "

" ဘာပြောရမှာလဲ... "

" မင်းဘာသာ ဂေးပဲ ဖြစ်ဖြစ် ယောက်ျားချင်းပဲ ကြိုက်ကြိုက် f**k f**k ငါ ဂရု မစိုက်ဘူး... ဒါပေမယ့် အခုအခြေအနေကြီးကတော့ ပုံမှန်မဟုတ်ဘူးလေ... မင်း ဒီလောက်အထိ လုပ်ဖို့ ဆုံးဖြတ်ထားရင် အစောကြီးထဲက ငါ့ကို ပြောပြခဲ့သင့်တယ် မဟုတ်ဘူးလား Edd... ငါက မင်းသူငယ်ချင်း မဟုတ်ဘူးလား ... "

ကျွန်တော် Derek ကို ဘာမှ ပြန်မပြောနိုင်ခဲ့ ။
တစ်ဖက်လှည့်ပြီး ထွက်သွားဖို့သာ ပြင်လိုက်သည် ။
သို့သော် Derek က ကျွန်တော့်ကို ထွက်သွားခွင့် မပေးခဲ့ပေ ။

" မင်း ဒါကို ချန်းလျှို့ကြောင့် လုပ်ရတာမလား ... အဲ့ဆန်ကုန်မြေလေးက မင်းကို ဒီလို လုပ်ခိုင်းတာလား... သူ လုပ်ခိုင်းသမျှ မင်းက လိုက်လုပ်ရတာလား... "
Derek အသံက ပိုကျယ်လာပြီး ဒေါသလည်း ပိုကြီးလာလေသည် ။
" မင်း ဂေးပွန်း မှာ ပါမယ့်အစား အဲ့အကောင်ကို သတ်ပစ်လိုက်သင့်တာ... ငါ့ကို ဖြေစမ်းပါ Edd... "


" စိတ်ပျက်စရာ ကောင်းလိုက်တာ Derek ရာ... "
ကျွန်တော် အေးစက်စက် ပြန်ဖြေလိုက်သည် ။
" မင်းတွေးထားတာထက် ငါက ပိုပြီး လမ်းလွဲရောက်ပြီး ပျက်စီးနေပြီးသားဆိုတာ မင်း အခုထိ နားမလည်သေးတာလား... "

" မင်း... မင်း... "
Derek က ဒေါသထွက်ထွက်ဖြင့် ကျွန်တော့် မျက်နှာကို လက်သီးဖြင့် ထိုးချလိုက်လေသည် ။
ကျွန်တော် Derek ၏ မျက်နှာကို ထီမထင်သော မျက်လုံးတို့ဖြင့် ကြည့်ရင်း နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်မိသည် ။

" ငါ့ဘဝကို မင်းက ဘာများ ပြောင်းလဲ ပေးနိုင်မှာမို့လို့ ငါ့ကို သောက်ရေးမပါတဲ့ စကားလုံးတွေနဲ့ လာဆုံးမနေရတာလဲ Derek... မင်းက တကယ့်ကို စိတ်ပျက်စရာ ကောင်ပဲ... "

Derek ၏ မျက်လုံးများက နောင်တရသွားဟန်ဖြင့် ကျွန်တော့်ကို ကြည့်ပြီး ထွက်သွားသော ကျွန်တော့်အနောက်သို့ အပြေးလိုက်လာလေသည် ။

" Edd... သားကြီး... "

ကျွန်တော် တစ်ချက်မျှပင် ပြန်လှည့်မကြည့်တော့ဘဲ ထိုနေရာမှ ပြေးထွက်လာခဲ့လိုက်သည် ။
ဤ ရုံးခန်း ဤနေရာ သို့ မည်သည့်အခါမျှ ကျွန်တော် ပြန်လာတော့မည် မဟုတ်ဟု ဆုံးဖြတ်ချက် ခိုင်မာစွာချရင်း ထိုနေရာကို ကျောခိုင်းလာခဲ့လိုက်တော့သည် ။

ဤ အညိုရောင်ကျောက်သားဖြင့်ဆောက်လုပ်ထားသော အဆောက်အဦများ ၊ သစ်ပင်များ ၊ လမ်းများ ၊ လူများသည် မနေ့ကနှင့် ဘာမှ မကွာခြားပေ ။
သို့သော်လည်း ကျွန်တော့် ဘဝကတော့ မနေ့ကနှင့် မတူအောင် လုံးဝ ပြောင်းလဲသွားခဲ့လေပြီ ။

သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ကျွန်တော့်ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားရမည့် မိသားစုဝင်မျိုး ကျွန်တော့်တွင် တစ်ယောက်မှ ရှိမနေခဲ့ချေ ။

သို့သော်လည်း ချန်းကောကိုတော့ ကျွန်တော် ကျေးဇူးတင်ရပေလိမ့်မည် ။
ထိုနေ့က သူ့မျက်ဝန်းထဲမှ ကျွန်တော် တွေ့ခဲ့ရသော မနှစ်မြို့မှုများသည် ရှေ့ဆက်ပြီး ဘာဖြစ်လာမလဲဟု ခန့်မှန်းနိုင်ခဲ့လေသည် ။

မည်မျှပင် ဖုံးကွယ်ထားသည် ဖြစ်ပါစေ ၊ ကျွန်တော် Porn ရိုက်သော ကိစ္စကို လူတွေက တစ်နည်းမဟုတ် တစ်နည်းဖြင့် အနှေးနှင့် အမြန် သိသွားကြမည်သာ ဖြစ်သည် ။

ကျွန်တော်တို့ ကမ်းခြေနားက resort မှ ပြန်ခဲ့စဉ်က Mcqueen ပြောခဲ့သော စကားကို သတိရနေမိသေးသည် ။
" ကိုယ်တို့ ခရီးတစ်ခုလောက် အတူတူ သွားကြမလား " တဲ့ ။
Mcqueen သည် ဘာဖြစ်လာမည် ဆိုသည်ကို ကြိုသိခဲ့ပုံ ပေါ်လေသည် ။

သူဟာ စိတ်ပျက်စရာ အနာဂါတ်ကို ကြိုသိနေခဲ့ပြီး ထိုအရာဆီမှ ခဏလောက်ဖြစ်ဖြစ် ရှောင်ထွက်ချင်နေခဲ့ပုံ ပေါ်လေသည် ။

ကျွန်တော် အိမ်ပြန်ရောက်တော့ ရုံးမှ ပြန်သိမ်းလာသော ပစ္စည်းပုံးကို ဆိုဖော်ပါ် ပစ်ချပြီးနောက် စိတ်ပျက်လက်ပျက် ထိုင်ချမိလိုက်သည် ။
ကျွန်တော် အလွန်မောပန်းနေခဲ့လေပြီ ။

" မင်း ပြန်ရောက်နေပြီလား... "
Ryan ဆီက အမေးစကားကို ကြားလိုက်ရသည် ။

" Ryan... ခင်ဗျား လွှင့်ပစ်ချင်တာတွေ ရှိရင် ဒီပုံးထဲကိုသာ ပေါင်းထည့်လိုက်... ကျွန်တော် အကုန် လွှင့်ပစ်မလို့ ... "

" မင်းမျက်နှာက ဘာဖြစ်လာတာလဲ Edd... ဘာမှတော့ မဖြစ်ပါဘူးနော်... အဆင်ပြေတယ်မလား... "
Ryan က ကျွန်တော် အထိုးခံထားရသော မျက်နှာကို ကြည့်ရင်း မေးလာလေသည် ။

" ကျွန်တော် အလုပ်ဖြုတ်ခံလိုက်ရတာ... "

" ဒါနဲ့ Mcqueen ကကော... "

" Mcqueen လား... သူ့ဖုန်းကို စက်ပိတ်ထားတယ်... "

" မင်း Mcqueen ကို မကျေမနပ်ဖြစ်နေတာတော့ မဟုတ်ဘူးမလား... "

" Mcqueen လား... အင်း... သူက ကျွန်တော် မကျေမချမ်းဖြစ်ရမယ့်သူမျိုး မဟုတ်ပါဘူး... "

" တကယ်လား... Edd... မင်းသူ့ကို မနာကျည်းနေဘူးလား "

" ကျွန်တော်က Mcqueen ကို ဘာကြောင့် နာကျည်းရမှာလဲ... ဒီကိစ္စမှာ သူကိုယ်တိုင်လည်း နစ်နာသူပဲလေ... သူလည်း ခုချိန်မှာ ခံစားနေရတာပဲ မဟုတ်လား... "
ကျွန်တော် သက်ပြင်းတစ်ခုကိုသာ လေးလေးလံလံ ချလိုက်သည် ။
" ကျွန်တော် ရုတ်တရက်ကြီး သတင်းမှာ ပါလာရတာနဲ့ အလုပ်ထုတ်ခံရတာတွေအတွက် Mcqueen ကိုပဲ အပြစ်တင်သင့်တာတော့ မဟုတ်ဘူးမလား... "

" ငါပြောနေတာ သတင်းမှာ ပါလာတဲ့ ကိစ္စကို ပြောနေတာ မဟုတ်ဘူး Edd... မင်းရဲ့ video ကိစ္စကို ပြောနေတာ... ငါ မင်းတို့ ကိစ္စမှာ ဝင်မစွက်ဖက်ချင်ပါဘူး Edd... ဒါပေမယ့် အခု မင်းကို ကြည့်ရတာ အရမ်း ရယ်စရာကောင်းနေတယ်လို့ မထင်မိဘူးလား... မင်းကို ကြည့်ရတာ Mcqueen နဲ့ ပတ်သတ်တဲ့ ကိစ္စတိုင်းကို အကောင်းမြင်ပြီး မွေ့လျော်နေပုံပဲ... "

" အင်း... ဒါက ကျွန်တော် သူ့ကို တကယ်သဘောကျလို့ ဖြစ်ပါလိမ့်မယ်... "

" ငါမှန်းတာ မမှားဘူးဆိုရင် Mcqueen က လောဘသိပ်ကြီးလွန်းတယ်... သူက အရာရာဖြစ်ချင်နေတာ... အနုပညာရှင် ဘဝကိုလည်း ရချင်နေတယ် ... ဒါပေမယ့် ကံမကောင်းစွာဘဲ သူဟာ Gay Porn တွေ ရိုက်တဲ့ ဒါရိုက်တာ တစ်ယောက်ပဲ မဟုတ်လား... သူ့အကြောင်းကို မင်း ဘယ်လောက်အထိ သိထားလို့လဲ... ဒီလို အခြေအနေတွေ ဖြစ်လာမှာကို သူ ကြိုမတွေးထားဘူးလို့ မင်းထင်လို့လား... Mcqueen entertainment ဟာ မင်းသိထားတာထက် ပိုတယ် Edd... ဒါက ကုမ္ပဏီလေး တစ်ခုပဲ မဟုတ်ဘူး... သူ့ရဲ့ entertainment က ကားတွေဟာ ကမ္ဘာတစ်ဝှမ်းလုံးကို ရောင်းချနေတာ...   "

" အဲ့တော့ ဘာဖြစ်လဲ... ဘာကို ဆိုလိုချင်တာလဲ... "

" ငါပြောချင်တာက Mcqueen ဟာ အစထဲက သူနဲ့တွဲလိုက်ရင် မင်းမှာ ဘာတွေ ဖြစ်လာမယ်ဆိုတာ ကြိုသိထားပြီးသားပဲ... "

****************

ပြီးခဲ့သော ညက Ryan အိမ်သို့ ပြန်မလာခဲ့ချေ ။
ကျွန်တော် တစ်ယောက်ထဲ အခန်းထဲတွင် ငူငူငိုင်ငိုင် ထိုင်နေမိပြီး လွန်ခဲ့သောရက်က Ryan ကျွန်တော့်ကို ပြောခဲ့သော စကားများကို ပြန်အမှတ်ရနေမိသည် ။

" Ryan... မင်း ဘာကြောင့်မို့ Mcqueen ကို မုန်းရတာလဲ... "

" Edd... လူတစ်ယောက်ဟာ Porn ရိုက်နေရင်းနဲ့ ယောက်ျားတွေရဲ့ Rape တာခံရတဲ့ အကြောက်တရားကို ရခဲ့တယ်ဆိုရင် မင်း ယုံနိုင်မလား... "

Ryan က Laptop ထဲသို့ သူနှင့် Mcqueen တို့၏ ရုပ်ရှင်ကားကို ထည့်ပြီး ဖွင့်လိုက်သည် ။

ထိုရုပ်ရှင်ကားသည် အခြား Porn များနှင့်တော့ အနည်းငယ် ကွာခြားလေသည် ။
ထိုရုပ်ရှင်ကားထဲတွင် Mcqueen က ခရစ်စတိုဖာ ဟူသော ဇာတ်ကောင်နေရာက သရုပ်ဆောင်လေသည် ။

Mcqueen နှင့် Ryan တို့ သရုပ်ဆောင်ခဲ့သည့် Perfection ဟူသော ရုပ်ရှင်သည် Porn တစ်ကားထက် စာလျှင် ကောင်းစွာတည်းဖြတ်ထားသော Documentary ရုပ်ရှင်တစ်ခုနှင့် ပိုတူလေသည် ။

နောက်ခံစကားပြောသူသည် တကယ့် မုဒိန်းကောင် တစ်ယောက်၏ တည်ငြိမ်ကောက်ကျစ်သော လေသံ အသံနေအသံထားဖြင့် ဇာတ်လမ်းကို ပြောပြခဲ့လေသည် ။

သို့သော်လည်း မုဒိန်းကျင့်သည့်ခန်းများ ပါဝင်သော ထိုရုပ်ရှင်ကားသည် လိင်မှုဆိုင်ရာ သရုပ်ကိုတော့ အပီအပြင် ဖော်ကျူးသွားခဲ့လေသည် ။

ထိုရုပ်ရှင်ထဲတွင် Ryan သည် မုဒိန်းသမား၏ အကြိမ်ကြိမ် မုဒိန်းပြုကျင့်ခြင်းကို ခံစားရသည့် ဇာတ်ကောင်အဖြစ်ပါဝင်ခဲ့လေသည် ။

ထိုရုပ်ရှင်ဇာတ်ကားဆီမှ Mcqueen သည် ဘာကို မျှော်လင့်ခဲ့ပါလေသလဲ ။
ငွေကြေး ၊ လေးစားခံရမှု ၊ သို့တည်းမဟုတ် Porn ကို အနုပညာ တစ်ခုအဖြစ် ချပြလိုချင်းလား ။
ကျွန်တော်ကိုယ်တိုင်ပင် မတွေးတတ်ခဲ့ပါပေ ။

ထိုရုပ်ရှင်ကို ကြည့်ရင်း ကျွန်တော် တွေးမိခဲ့သည်မှာ အပြင်လောကတွင် ထို ခရစ်စတိုဖာ ဆိုသော ဇာတ်ကောင်၏ မုဒိန်းအကြိမ်ကြိမ် ပြုကျင့်ခံခဲ့ရသော ကောင်လေးသည် မည်သို့များ တွေးခဲ့မှာပါလိမ့် ။
Ryan ကိုယ်တိုင်ကော ထိုရုပ်ရှင်ကို ရိုက်အပြီးတွင် မည်သို့များ ခံစားခဲ့ရမှာပါလိမ့် ။

လူသားမဆန်သော မုဒိန်းကျင့်ခြင်း ၊ ရိုက်နှက်နာကျင်စေခြင်း ၊ ဆဲဆိုနှိမ့်ချခြင်း ၊ အစရှိသည်တို့သည် ရုပ်ရှင်ထဲတွင် ပါဝင်နေခဲ့လေသည် ။
ဇာတ်လမ်းပုံစံက ခရစ်စတိုဖာသည် ထောင်ထဲအရောက်တွင် သူ့အပြစ်များကို နောင်တရသည့်စိတ်ဖြင့် ဇာတ်လမ်း ကို ပြန်ပြောပြကာ နောက်ကြောင်းပြန်နေပုံ ဖြစ်သည် ။

မုဒိန်းသမားသည် နောက်ဆုံး၌ နောင်တကြီးစွာဖြင့် ထောင်ထဲရောက်သွားပုံကို ပြသထားသောကြောင့် ထိုကားသည် ပညာပေးကားဟု ယူဆနိုင်သော်လည်း တကယ့် လက်တွေ့ ရိုက်ကွင်းများသည်မူ အမှန်ပင် လူမဆန်စွာ ရက်စက်ခဲ့လေသည် ။

Ryan ၏ ရုပ်ရှင်ထဲမှ ငိုနေသော မျက်နှာ ၊ ကျဆင်းနေသော မျက်ရည်များ ၊ နာကျင်နေသော ကိုယ်ဒဏ်ရာများနှင့် ညှိုးငယ်နေသော စိတ်ဒဏ်ရာများ ။
Ryan သည် ထိုရုပ်ရှင်ကို ကျွန်တော့်အတွက် ဖွင့်ပေးခဲ့ခြင်း ဖြစ်သော်လည်း သူကမူ လုံးဝ မကြည့်ခဲ့ပါပေ ။

Ryan သည် Mcqueen ကိုများ အမှန်တကယ် နာကျည်းခဲ့လေသလား ။

ယနေ့နှင့် ဆိုလျှင် Mcqueen သည် သူ့ဖုန်းကို ပိတ်ထားခဲ့သည်မှာ ၂ရက် တိတိပင် ရှိခဲ့လေပြီ ။

ကျွန်တော် ညစာစားပြီး ဧည့်ခန်းထဲ၌ ပျင်းရိစွာ ထိုင်နေစဉ် အပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်ရလေသည် ။

" Ryan လား... မင်း သော့ယူသွားဖို့ မေ့ခဲ့လို့လား... "

ကျွန်တော် တံခါးကို ခပ်မြန်မြန်ပင် သွားဖွင့်လိုက်လေသည် ။
အပြင်၌ ရှိနေသူကား ကျွန်တော် အလွန်တွေ့ချင်နေခဲ့သော Mcqueen ပင် ဖြစ်လေသည် ။

Mcqueen သည် အလွန်ပင် မသာမယာ ညှိုးငယ်နေသော မျက်နှာဖြင့် ကျွန်တော့်ကို ကြည့်နေခဲ့လေသည် ။

Czytaj Dalej

To Też Polubisz

3.5M 360K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
42.4K 2.7K 42
လောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) လောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လ...
5.3K 711 15
(Both Zawgyi and Unicode) "အဲ့တော့ ငါကသူနဲ့ယူရမှာလား..." "ယူတာမယူတာ host အပိုင်းလေ... ဒါပေမယ့် မယူရင် သေမှာ..." "Yah...................." "Wae...
170K 17.9K 34
သွေးလိုနီတဲ့ မင်္ဂလာဝတ်ရုံက သွေးသားတွေကို စားသောက်ရတာ နှစ်သက်တယ် ထိုဝတ်ရုံကို ဝတ်ဆင်ကာ ယစ်ပူဇော်ခံနေရတယ်.... မဖြစ်နိုင်ဘူး ယခုသူ့အလှည့်ကျလာခဲ့ပြီသူ...