🔥P.S.Y.C.H.O🔥

By BeiKe4

2.8K 259 89

Unicode အစထဲက ပုံမှန်မဟုတ်တဲ့ ကျွန်​​တော့်လို လူကို အကို့အပြုံး​တွေက ပိုမိုရူးသွပ်​သွားစေခဲ့တာ. . . 💙 Zawgy... More

1
2
3
4
5
6
7
8
9
10
11
12
14
15

13

151 14 6
By BeiKe4

Unicode

' သွား..  သွားမယ် အကို့ စိတ်ကြိုက် အကို သွားချင်တဲ့​နေရာမှန်သမျှ အကုန်သွားမယ်​နော် '

ဒီအိမ်ထဲက​​နောက်ဆုံး​တော့ ထွက်ခွာခွင့်ရ​တော့မယ်... အမြဲတမ်း တစ်​ယောက်ထဲ အထီးကျန်ဆန်စွာ ကြောက်လန့်မှု​တွေနဲ့ အ​ဖော်ပြု​နေခဲ့ရတဲ့ နေ့ရက်​တွေက​နေလွတ်​မြောက်​တော့မယ် .... အိမ်တံခါးက​နေ ထွက်လိုက်တာနဲ့ ညင်သာစွာ တိုက်ခက်​လာတဲ့ လေ​ပြေ​လေညှင်း​တွေက ကျွန်တော့်ရဲ့ လွတ်လပ်မှု​တွေကို
ဂုဏ်ပြု​ပေး​နေသလိုပင် 🕊

ခြံထဲကို ခြေချမိ​တော့ သစ်ရွက်​​ခြောက်​တွေပေါ် နင်းမိတဲ့အသံက အနည်းငယ်စိတ်​ခြောက်ခြားဖို့​ကောင်း​တယ်.. ပတ်ဝန်းကျင်ဘေးပတ်ပတ်လည်ကို သေချာစွာ ကြည့်လိုက်မိ​တော့ ကြီးမားတဲ့ သစ်ပင်ကြီး​တွေကကလွဲရင် ကျန်တာ ဘာမှ မ​တွေ့ဖူး ...  အရာရာတိုင်းကလည်း တိတ်ဆိတ်ငြိမ်သက်လို့ ...

' အကို '

' ဟင်.! '

အ​နောက်ဘက်က​နေ * အကို * လို့​ခေါ်လိုက်တဲ့ သူ့ရဲ့အသံက ကျွန်တော့်အတွက် တော်​တော်ထိန်လန့်ဖို့​ကောင်း​နေခဲ့တာ.. ကျွန်တော့် အကြံအစည်​တွေများ ရိပ်မိသွားမလား စိတ်ပူ​နေမိ​ပေမယ့် သူ့မျက်နှာက လှမ်းကြည့်မိ​တော့
တခါမှ မမြင်ခဲ့ဖူးတဲ့ နူးညံ့ညင်သာတဲ့ အပြုံးတစ်ခုသာ တွေ့ရတယ် ...

' လန့်သွားတာလား အကို သွားရ​အောင်​လေ​နော် '

' အော် အင်း အင်း '

သူ့ကား​ပေါ်မှာထိုင်လိုက်မိ​ပေမယ့် စိတ်ထဲမှာတော့ အိပ်မက်လား ၊ လက်​တွေ့လားဆိုတာ သိပ်ပြီး​တော့ မယုံကြည်နိုင်​သေးဖူး ...
ကျွန်တော် အခုတကယ် ဟိုအိမ်ရဲ့အပြင်ကို​ရောက်နေတာပါ​နော် ...
လက်ဖမိုးကို ဆွဲလိမ်လိုက်​​​တော့ နာကျင်မှုကိုခံစားလိုက်ရတယ်...ဒါဆို တကယ်ဖြစ်​နေတာ​ပေါ့ ... တော်ပါ​သေးရဲ့ ...

ကားလမ်းဆိုပြီး သပ်သပ်လမ်း​ဖောက်ထားတာမရှိပဲ တောထဲက​နေပဲ ကွေ့ပတ်ပြီးသွား​နေရတာ​ကြောင့် တစ်ခါ​ရောက်ဖူးရုံနဲ့ ပြန်ထွက်သွားဖို့ဆိုတာ မလွယ်ကူမယ့် နေရာမျိုး ...တဆက်ထဲမှာပဲ တွေးလိုက်မိတာက သူ က​လေးဘဝတုန်းက ဒီလို​နေရာမျိုးမှာ တစ်​ယောက်ထဲ ကျန်​နေခဲ့ရတာတဲ့လား .....

' Mean .. '

' ဗျာ '

' မင်း ငယ်ငယ်တုန်းက ဒီမှာတစ်​ယောက်ထဲ​နေခဲ့ရတာလား '

' အင်း ဟုတ်တယ်​ အကိုရဲ့ အ​မေက ကျွန်​တော့်ကို ဒီမှာထားခဲ့တာ '

' မင်း အဲ့ဒီအချိန်တုန်းက ဗိုက်​တွေမဆာခဲ့ဖူးလားဟင် '

ကျွန်​တော်က ပုံမှန်သ​ဘောမျိုးနဲ့​​မေးလိုက်​ပေမယ့် သူက ကျွန်​တော့်ဘက်ကို လှည့်ကြည့်လာ​​တဲ့ မျက်လုံး​တွေမှာ တစ်စုံတစ်ခုကို ဖော်ပြချင်​နေတဲ့ အကြည့်​တွေ​ကြောင့် ချက်ခြင်းပဲ မျက်နှာလွှဲလိုက်ပါတယ် ...

' က​လေး ဆို​တော့ ဆာခဲ့တာ​ပေါ့ ဒါ​ပေမယ့်လည်း ကျွန်​တော်က နည်းလမ်းတစ်ခုကိုရှာ​တွေ့သွားတာ '

' .... '

' ကျွန်တော် အ​မေထွက်သွားတဲ့​နောက်ကို​ပြေးလိုက်ရင်း ချော်လဲသွား​တော့ လက်​တွေ​ရော ၊ ခြေ​ထောက်​တွေမှာပါ ဒဏ်ရာ ရသွားခဲ့တာ ကျွန်တော် အဲ့ ဒဏ်ရာ​တွေအရှိန်နဲ့​ရော တ​နေကုန်ငို​နေတာ​ရော ပေါင်းပြီး ဖျားပါ​လေ​ရော အဲ့လို ဖျား​နေတဲ့အချိန်မှာ ကျွန်တော် လုံးဝ ဗိုက်မဆာခဲ့ဖူး အဲ့ထဲကစပြီး သိသွားတာက ငါ နေမ​ကောင်း​နေမှ ဗိုက်ဆာတာ အဆင်​ပြေမယ်ဆိုတာပဲ အဲ့တာ​ကြောင့် ကျွန်တော် ဒီက​နေ ထွက်မသွားနိုင်​သေးခင်က ဗိုက်ဆာတယ့် အချိန်တိုင်း ကိုယ့်ကိုကိုယ် တစ်ခုခုလုပ်ပစ်လိုက်တာ '

ဒီ​လောက် ကြမ်းတမ်းခက်ခဲလွန်းတဲ့ ဘဝကို အခုအချိန်မှာ ဘာမှမဖြစ်သလို ပြန်​ပြော​နေ​ပေမယ့်လည်း သူ့ ရင်ထဲ နာကျင်​နေမယ်ဆိုတာ ကျွန်တော် နားလည်နိုင်ပါတယ်

* ငါ မင်းကို သနားလိုက်တာ Mean ရယ် *

' အကို့လို လူက​တော့ ကျွန်​တော့်ကို အရိုင်းအစိုင်း​ကောင်လို့ ထင်​နေမှာ​နော် 
ကျွန်​တော် မရည်ရွယ်ခဲ့ပါဖူး အကိုရယ် '

' ... '

' ကျွန်တော် အကို့ကို ဒီလို​နေရာမှာ ပိတ်​​လှောင်ထားမိတာကိုလည်း တောင်းပန်ပါတယ် ကျွန်တော် အကို့ တခြားသူ​တွေနဲ့ ပျော်​နေတာကို တကယ်မကြိုက်ဖူး
ဒါ​ပေမယ့်လည်း ကျွန်​တော်လို ကောင်မျိုးက ဘာမှ မဟုတ်​တော့ သာမန်လူ​တွေလို အကို့ကို လိုက်ဖို့ကျ​တော့လည်း ကျွန်တော့်အတွက်က မဖြစ်နိုင်ဖူး မဟုတ်လား  အဲ့တာကြောင့် အခုလို​တွေ အတ္တကြီးမိတာပါ
💙 ဒါ​ပေမယ့် ကျွန်​တော် ကတိ​ပေးတယ် ရှေ့​လျှောက် အကို တစ်သက်လုံး​ပျော်ရွှင်ရ​အောင်  ကျွန်​တော် ကာကွယ်စောင့်​ရှောက်သွားမှာပါ 💙 '

' .... '

' ကျွန်တော့်အတွက် ပျော်ရွှင်မှုဆိုတာက အ​ဝေးကြီးရှာ​နေစရာမလိုခဲ့ဖူး
အကို့ မျက်နှာ​လေးကို မြင်​နေရရင်ကို ဒီက​ကောင်ကြီးက အ​ပျော်​တွေပြည့်​နေခဲ့တာ
💙ပျော်ရွှင်ရတယ် ဆိုတာကို အကိုနဲ့တွေ့တဲ့အချိန်ကမှ စပြီး​တော့ ခံစားရတာမို့ ကျွန်တော့်ကို ထားမသွားပါနဲ့​နော် 💙  '

မတည်နိုင်မယ့် ကတိ​တွေနဲ့ မင်းကို ငါ​မျှော်လင့်ချက် မ​ပေးချင်ဖူး Mean ...

မ​​ရောက်တာကြာပြီဖြစ်တဲ့ မြို့​ပေါ်ပြန်​ရောက်လာ​တော့ အရာရာက မ​ပြောင်းလဲပဲရှိ​နေ​ပေမယ့်လည်း စိတ်ထဲမှာ ခံစားချက်က တစ်မျိုးပဲ ... ဘေးနားမှာ သူရှိ​နေတယ်လို့ တွေးလိုက်ရင် ခံစားချက်က ပိုပြီး​​တော့ ထူးဆန်းသွားတယ်....

' အကို ဘယ်ကိုအရင်သွားချင်လဲ ဟင် '

' အင်း.... ရုပ်ရှင်သွားကြည့်ရ​အောင် '

' အကို့ သ​ဘောပါဗျာ '

မ​ရောက်ဖြစ်တာ ၄ နှစ်​လောက်ကြာပြီဖြစ်တဲ့ ရုပ်ရှင်ရုံ .. အရင်က​တော့  သူငယ်ချင်း​တွေနဲ့ လာခဲ့ဖူး​ပေမယ့် အခု​တော့ အကုန်လုံးနဲ့ အဆက်အသွယ်ပြတ်​နေခဲ့တာကြာခဲ့ပါပြီ ...

' အကို လတ်မှတ်ရလာပြီ ဝင်ရ​အောင် '

' အင်း... '

' အကို ဒီမှာ​ရေးထားတာက ဘယ်မှာ ထိုင်ရမှာလဲ '

' ဒီမှာ​လေကွာ မင်းကလည်း ခုံ​တောင် မရှာတက်ဖူးလား '

' ကျွန်​တော်မှ ဒီလို​နေရာ​တွေ မလာဖူးတာ အကိုရဲ့ ဘယ်လိုလုပ်ရှာတက်မှာလဲ '
' မဖြစ်နိုင်တာ မလာဖူးရ​အောင် မင်းမှာ သူငယ်ချင်းမရှိဖူးလား '

' အင်း တစ်​ယောက်မှ မရှိခဲ့ဖူး '

' ..... '

သူ ပြန်​ဖြေလိုက်တဲ့ စကား​ကြောင့် ကျွန်​တော် အားနာမိတယ်... သူ့ရဲ့ စိတ်ဒဏ်ရာဟောင်း​တွေကို ကျွန်​တော်ပြန်တူးဆွ​နေမိပြီး သူ့ကို နာကျင်​​စေမိ​နေတာလား ....

' ထိုင်​လေ အကိုရဲ့ ဘာလို့ မတ်တပ်ရပ်​နေတာလဲ  '

' အော်..အင်း.... '

ရုပ်ရှင်ကားက ၁ နာရီ ခွဲ​ကျော်ကြာတယ်ဆို​ပေမယ့် ဇာတ်လမ်းက ဘာအ​ကြောင်းအရာလဲ ဆိုတာ​တောင် ကျွန်​တော် သေချာ မသိ​ခဲ့ပါဖူး ...
ဘာလို့လဲဆိုတော့  ဘေးနားက​နေ ရုပ်ရှင်ကို အံ့သြစွာ ကြည့်​နေတဲ့ သူ့ကို ပဲ ခိုးကြည့်​နေမိခဲ့တာ​ကြောင့်​....

' အကို.. အကို '

' ဘာလဲ '

' ရုပ်ရှင်ရုံထဲမှာ​နေရတာ ပျော်စရာ​ကောင်းတယ်​နော်  အေးလည်း အေးတယ်  ဒါနဲ့ ရုပ်ရှင်က ကြည့်လို့ ကောင်းလား အကို '

' အင်း ကောင်း..... ကောင်းပါတယ် '

' အကို ဘယ်သွားချင်​သေးလဲ  '

' Mean မင်း ကစားကွင်းတွေ ဘာ​တွေ ရောက်ဖူးလား '

' ဟင့်အင်း '

' အဲ့တာဆို သွားရ​အောင် '

' အကို့သ​ဘောပါပဲ ဗျာ '

' အင်း...'

အမြဲတမ်း * အကို့ သ​ဘောလို့ * ပြော​နေတက်တဲ့ သူ့ကို သူတစ်ခါမှ မလုပ်ဖူးဘူးလို့ ထင်တယ့် အရာ​တွေအားလုံးကို လိုက်လုပ်​စေခဲ့တယ် .. . ဒီ​နေ့က ကျွန်တော့် အတွက်လည်း အ​ပျော်ရွှင်ရဆုံး နေ့ရက်​တွေထဲက တစ်ရက်ဖြစ်ခဲ့ပါတယ်..

တောက်​တောက်ပပကိုပြုံး​နေတဲ့ သူ့မျက်နှာကို ခဏ ခဏငေးမိတယ် .. ရယ်​နေရင်လည်း ချောရဲ့သားနဲ့ လူဆိုးကြီးလိုပဲ မျက်နှာကို ဆူပုတ်ထားတယ် ...

*မင်း​​ပျော်ရင် ငါလည်း ပျော်နေခဲ့ပါတယ်* ဆိုတာကို​​တော့ ထုတ်မ​ပြောဖြစ်ခဲ့ပါဖူး

🌿🌿🌿🌿🌿🌿🌿🌿💙💚🌿🌿🌿🌿🌿🌿🌿

ရေပြင်ကို ဖြတ်ပြီးတိုက်ခတ်လာတဲ့ လေ​တွေက အေးမြမ​နေ​ပေမယ့် စိတ်ကိုတော့ အေးချမ်းမှု​ပေးနိုင်တယ် ... ကြာပန်း​​တွေ ပွင့်မ​​နေ​ပေမယ့်လည်း ကြည့်ရတာ လှပ​နေတယ် ... ဒီ​နေရာ​လေးက ကျွန်တော့်အတွက်​တော့ အ​မြဲတမ်း စိတ် အေးချမ်းမှု​ပေးနိုင်တယ့် နေရာ​လေးပဲ..

' Mean  ရေပြင်ကြီးက လှတယ် မဟုတ်လား '

' အင်း လှတယ်  ဒါ​ပေမယ့် အကိုက ပိုလှတယ် '

' $ပို '

' တကယ်​ပြောတာဗျ စ​တွေ့ထဲက​နေ အခုထိ​လေ အကိုများ ပြုံးလိုက်ရင် ခုနက ရုပ်ရှင်ထဲကလို အကုန်လုံးက​နှေးသွားပြီး​တော့ ကျွန်တော့် မျက်လုံးထဲ အကို တစ်​ယောက်ထဲကိုပဲ မြင်​နေ​တော့တာ '

မျက်ဝန်း​တွေထဲ သေချာစိုက်ကြည့်ပြီး အဲ့လိုစကား​တွေ ပြော​နေ​တော့ အရှက်​ပြေ လည်ပင်းကို လက်နဲ့ပွတ်သပ်​နေမိတယ်.. ဒီ လူဆိုးကြီးက တခါတ​လေကြရင် လူကို ရင်ခုန်​အောင်လည်း လုပ်တက်​​သေးတယ်..

' Mean ..  '

' ဗျာ '

' မင်းငါ့ကို ဘာလို့ ချစ်​နေတာလဲ '

' ဟင် '

လုံးဝ ထင်မှတ်မထားတဲ့ အ​မေး​​ကြောင့် တော်​တော် အံ့သြသွားတဲ့ သူ့မျက်နှာက တော်​တော်ရယ်ရတယ် 😂  ကိုယ်တိုင်လည်း ဘာဖြစ်လို့ မေးမိလိုက်မှန်းကို မသိဖူး ... ဒါ​ပေမယ့်လည်း သူ ဖြေမယ့် အ​ဖြေကို အရမ်း စိတ်ဝင်စားနေမိတယ်ဆိုတာက အမှန်တရားတစ်ခု....

' ငါ မေးတာ​ဖြေ​လေ '

' ကျွန်တော့်​​မှာ အ​ဖြေမရှိဖူး ဒီအတိုင်း အကို့ကို ချစ်တာ ဘာလို့လဲ မ​ပြောပြတက်​ပေမယ့် ဒီရင်ဘတ်ကြီးထဲက ချစ်တယ်ဆိုတာ သေချာတယ် '

' $ပို​တွေ လျှောက်​​ပြော​နေတယ် 🙄🙄 '

' ကျွန်​​တော်က စကားလုံးလှလှ​လေး​တွေ မ​​ပြောတက်ဖူး အကို 
ရုပ်ရှင်​တွေထဲမှာ​တော့ ကိုယ်ချစ်တဲ့သူကို ပျော်​စေချင်တာ သဘာဝပဲတဲ့
ကျွန်တော့်ဘဝမှာ အကို့​ကြောင့် ၊ အကို့အတွက်ဆိုပြီး​တော့ ပြောင်းလဲခဲ့တာ​တွေ ၊ စွန့်လွှတ်ခဲ့တာ​တွေ ၊ သည်းခံခဲ့တဲ့အရာ​တွေမှ အများကြီးပဲ
ဒါ​တွေအားလုံးက အကို့ ကျွန်​​တော့်ချစ်လို့ပေါ့ မဟုတ်ဖူးလား '

သူ ပြန်​​ဖြေလိုက်တဲ့စကားက ကျွန်​တော်ထင်ထားတာထက်​တောင် ပိုပြီး နွေး​ထွေး​နေရပါ​သေးတယ် 💚

' Mean '

' ဗျာ '

' မင်း အခု​ပျော်လားဟင် '

' ဘယ်လိုမေးလိုက်တယ်လဲ အကိုရယ် အခုအချိန်မှာ ကမ္ဘာမှာ​ အ​ပျော်ဆုံး လူသားက ဘယ်သူလဲလို့​မေးရင် သေချာ​ပေါက် ကျွန်​တော်ပဲလို့​ဖြေရမှာ 😁 '

' ငါမင်းကို ခဏ​လောက်ဖက်ချင်လို့ '

' ဗျာ.!'

သူ့ရဲ့ ရင်ခွင်ကျယ်ကြီးထဲ ပထမဆုံးအကြိမ်တိုးဝင်မိတယ်.... ကြီးမားကျယ်ပြန့်တဲ့ ရင်ခွင်က နွေး​ထွေး​နေကာ လုံခြုံသွားသလိုခံစားရတယ် . . .
အခုလိုပုံစံ​လေးကို ငါတို့ ၂ ယောက်အတွက်ကောင်းမွန်တဲ့ အဆုံးသတ်လေးအဖြစ် ရှိ​နေ​စေချင်တယ် Mean...

' အဟမ်း.ဟိုဟာ.. ငါ ရေခဲမုန့် စားချင်တယ် သွားဝယ်​ပေး '
' ဟ.. ဟုတ်ကဲ့ ခဏ​လေး​​နော် အကို '

ထွက်သွားတဲ့ မင်းရဲ့​ကျောပြင်ကိုမြင်ရတာ ဒီတစ်ခါ​တော့ ငါ့ရင်ထဲမှာ ပျော်ရွှင်​နေရမယ့်အစား ဝမ်းနည်းစိတ်တွေပဲ လှိုက်ဖိုလို့ ...  အခုအချိန်အခွင့်အ​ရေးရတုန်းထွက်​ပြေးရမယ်ဆို​ပေမယ့် နေရာက​နေ တစက်​လေးမှ မ​ရွေ့နိုင်ခဲ့ဖူး... မင်းနဲ့ ဝေးရ​တော့မယ်ဆိုရင် ငါ​ပျော်​နေရမှာကို ဘာလို့ ငိုချင်​နေမိတာလဲ​တော့ ငါ့ကိုယ်တိုင်​တောင် မသိ​တော့ဖူး ...

🌿 ဦး​နှောက် မင်းနဲ့ အ​ဝေးဆုံးမှာ​နေထိုင်ဖို့ ပြော​နေ​ပေမယ့် နှလုံးသားက မင်းနဲ့ နီးရာမှာပဲ နေခိုင်း​နေတယ် ... ငါ .. ငါမင်းကို ချစ်​နေမိပြီလား ... 🌿

ရေခဲမုန့် ၂ ခုကိုင်ထားရင်း ကျွန်​​တော့်ဆီကို လျှောက်လှမ်းလာတဲ့ သူ့ကို ကြည်ရင်း ရင်​တွေခုန်လာမိတာ ဆယ်​ကျော်သက်​ အရွယ် ရည်းစား စထားဖူးတဲ့ သူ​တွေလိုမျိုး စိတ်ထဲမှာ ရှက်သလိုလို  ကြောက်သလိုလိုနဲ့ ....

' အကို  Strawberry ပဲ ဝယ်လာခဲ့​တော့တယ်နော် '

' အင်း .. '

' အကို ဘယ်ထပ်သွားချင်​သေးလဲ ဘာထပ်လုပ်ချင်​သေးလဲ '

' အင်း... ဓါတ်ပုံရိုက်ချင်တယ် '

' အခုလား အကို '

' အင်း ရိုက်​ပေး '

' ဟုတ်ကဲ့ '

က​လေးဆန်တယ့် လုပ်ရပ်ဆို​ပေမယ့်လည်း ကျွန်တော့်စိတ်ထဲ တကယ်လုပ်ချင်​နေတာမို့ ခိုင်းလိုက်မိတာ ...

' နောက်နည်းနည်း ဆုတ်ဦး​လေ အဲ့​လောက်ကပ်​နေ​တော့ ဘယ်လိုလုပ်လှမှာလဲလို့ စဥ်းစားပါလား '

' ဟုတ်ကဲ့ပါ အကိုရဲ့ ဒီ​လောက်က​နေရိုက်လိုက်မယ်​နော် '

' အင်း... '

ဓါတ်ပုံရိုက်​ပေး​နေတုန်း ကားလမ်းမ အလည်မှာရပ်​နေတဲ့ သူ့ကို သတိထားဖို့ ပြောချင်​​ပေမယ့် အဲ့လိုကြီး ပြောရမှာ စိတ်ထဲရှက်သလိုကြီး ခံစားရတာ​ကြောင့် မ​ပြော​တော့ပါဖူး ...

' အကို ဒီကိုကြည့်​နော် '

' နေဦး '

' ဗျာ '

' ဒီကို လာခဲ့ အတူတူ ရိုက်ရ​အောင် '

' ကျွန်တော်နဲ့လား အကိုက ကျွန်တော်နဲ့ ဓါတ်ပုံရိုက်မှာလား ဟင် '

' အေး မင်းနဲ့ မရိုက်ပဲ ငါက ဘယ်သူနဲ့ သွားရိုက်ရမလဲ လာစမ်းပါ စကားတွေ အပို မ​ပြောချင်ဖူး '

'  ဟုတ် ဟုတ် လာပြီ လာပြီ '

* Ti Ti !!! *  ကျယ်​လောင်စွာတီး​နေတဲ့ ကားဟွန်းသံ​​ကြောင့် လှမ်းကြည့်မိ​​တော့ ကျွန်​တော်တို့ ၂ ယောက်ရှိရာကို မီးထိုးပြီး မောင်းလာတဲ့ ကား ၁ စီး...
ကြောက်လန့်ပြီး လူက လှုပ်လို့​တောင်မရ​တော့ဖူး ကျွန်​​တော် တွေး​နေတာ​တော့ မဖြစ်ပါဖူး​နော် ...
* အ့ * ဆောင့်တွန်းခံလိုက်ရလို့ လူကတစ်ပတ်လည်ပြီးလဲကျသွားတာ​ကြောင့်  ခြေ​ထောက်က လည်ထွက်သွားရတာ​ကြောင့် နာကျင်မှုက မျက်ခနဲ....

' ငါတို့ကို မင်းလုပ်ခဲ့တာ​တွေ အတွက် ဒီလိုပဲ ပြန်​ပေးဆပ်ရမယ် မှတ်ထား ! '

ခုနက ကား​ပေါ်က အော်သွားတဲ့အသံ...  ဘေးနားကို လူ​​တွေ ပြေးလာတဲ့ အသံ​တွေကြား​နေရတယ်... Mean.. Mean ရော...

' ဒီမှာ တိုက်မိသွားပြီကွ လုပ်ကြပါဦး '

' ဟင်... '

အဲ့တာ ဘာစကားလဲ ...ဘယ်သူတိုက်မိသွားတာလဲ .. လူ​တွေက အုံ​နေတာ​​ကြောင့် ဘယ်သူထိလို့ ထိမှန်းမ​တွေ့ရဖူး ... နာကျင်​နေတယ့် ခြေ​ထောက်ကို အားတင်းပြီး ထောက်ကာ လူ​တွေကြားထဲ တိုးဝင်ကြည့်မိ​တော့ ....

' Mean... '

ခုနက ပြုံးရယ်​နေတဲ့မျက်နှာ​လေးက သွေး​တွေနဲ့ နီရဲလို့..💔💔

' Mean.. Mean!!!! '

' အကို.. '

' .Mean.Mean.. '

' အကို နာသွား​သေးလား ဟင် ကျွန်​တော် .. ကျွန်​တော် တောင်းပန်..ပါတယ်.နော် .. '

' Mean..!  ဟေ့​ကောင် ထစမ်း .. ငါ ထလို့​ပြော​နေတယ်​လေလို့ '

' .... '

' မင်း​ပြော​​တော့ ငါ့ကို စောင့်​ရှောက်သွားမှာဆို .. Mean.!!! '

the end လိုက်ရမလား 😚😚😚😚
Tbc လိုက်ရမလား 😚😚😚😚

Zawgyi


ဂုဏ်ပြု​ပေး​နေသလိုပင် 🕊


' အကို '

' ဟင်.! '



' အော် အင်း အင်း '



' Mean .. '

' ဗျာ '






' .... '





' ... '


' .... '






' အကို့ သ​ဘောပါဗျာ '



' အင်း... '





' ..... '



' အော်..အင်း.... '


' အကို.. အကို '

' ဘာလဲ '





' ဟင့်အင်း '

' အဲ့တာဆို သွားရ​အောင် '

' အကို့သ​ဘောပါပဲ ဗျာ '

' အင်း...'




🌿🌿🌿🌿🌿🌿🌿🌿💙💚🌿🌿🌿🌿🌿🌿🌿




' $ပို '



' Mean ..  '

' ဗျာ '


' ဟင် '


' ငါ မေးတာ​ဖြေ​လေ '





' Mean '

' ဗျာ '

' မင်း အခု​ပျော်လားဟင် '



' ဗျာ.!'







' အင်း .. '



' အခုလား အကို '

' အင်း ရိုက်​ပေး '

' ဟုတ်ကဲ့ '




' အင်း... '


' အကို ဒီကိုကြည့်​နော် '

' နေဦး '

' ဗျာ '




'  ဟုတ် ဟုတ် လာပြီ လာပြီ '





' ဟင်... '


' Mean... '


' Mean.. Mean!!!! '

' အကို.. '

' .Mean.Mean.. '



' .... '


the end လိုက်ရမလား 😚😚😚😚
Tbc လိုက်ရမလား 😚😚😚😚

Continue Reading

You'll Also Like

1K 177 16
အဲ့စွာတေးကိုဘယ်လိုချစ်မိသွားမှန်းကိုမသိ ~Off~ အဖိုးရီး ကအဲ့လိုကျ သိပ်ချစ်ဖို့ကောင်းတာ ~gun~ ဝက်ဝံပေါက်ကြောင့်ရင်တွေခုန်နေပြီ ...
310K 6.8K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
7.2K 484 11
အရင်ကတော့ငါက ပါးချိုင့်တွေအရမ်းကြိုက်တာ ခုတော့ငါပါးချိုင့်တွေကိုမကြိုက်တော့ဘူး ငါ့bui ပါးချိုင့်တွေကိုပဲကြိုက်တော့တယ် ထူးဆန်းနေပြီ -(complete) အရင်...
1K 71 7
ကျွန်တော်ရဲ့ ပထမဆုံး Fan Fic တစ်ခုဖြစ်တဲ့ အတွက် အမှားပါခဲ့ရင် တောင်းပန်အပ်ပါတယ်❣️ ဇာတ်ကောင်များကို ထိခိုက်လိုစိတ်မရှိ့ပါ❣️ ကျွန်တော်ရဲ့ ပထမဆုံး Fan F...