My Melody is you (Translation...

By ANKhine

70.8K 7.5K 1.1K

အကြားအာရုံချို့တဲ့နေတဲ့ ကောင်လေးနဲ့ IDOl တစ်ယောက်ရဲ့ ချစ်ခြင်း More

Prologue
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
25
26
27
28
29
30
31
32
33
34
35
36
37 (Ending)
jin's Journey
Epilogue

24

1.4K 166 13
By ANKhine

မျက်လုံးတို့ကို မှိတ်ကာ အနမ်းတွင် စီးမျောနေသော Jin ကြောင့် Jungkook လည်း အသာအယာ လှဲချလိုက်တော့သည်..jin အနမ်းများအား ပြန်လည်တုန့်ပြန်ရန် ပြင်ဆင်နေချိန်တွင် ထွက်ပေါ်လာသော တံခါးခေါက်သံကြောင့် အခြေအနေတို့ ရပ်တန့်ကုန်ရသည်

"Shit"
Jungkook သူ့ဘာသာ ကျိန်ဆဲလိုက်ရင်း အိမ်တွင် Jin အဖိုး အဖွားတို့ပါရှိနေသည်ကို သတိရသွားသည်

သူ့အောက်တွင် ရှိနေသော Jin အား ကြည့်ကြည့်တော့ မျက်လုံးလေးများသည် မှိတ်ထားဆဲ နှုတ်ခမ်းတို့သည်လည်း ထပ်မံလာမည့် အနမ်းများအား စောင့်နေသဖွယ် ဆူနေလျက်... ထိူ့ကြောင့် Jungkook ရယ်နေမိသညိ

Jungkook. Jin မျက်လုံးလေးအား အသာအယာနမ်းလိုက်ပြီး Jin မျက်လုံးလေးဖွင့်လာမှ

"အဖိုးတို့က အခန်းရှေ့ရောက်နေတယ် အရူးလေး"
မျက်လုံးလေး ပြူးသွားရှာသော Jin ကြောင့် Jungkook အသဲယားနေမိသည်..ထို့နောက် Jungkook ဖြေးဖြေးထကာ တံခါးသွားဖွင့်စဥ် အနောက်မှ Jin သည်လည်း သူ့အဝတ်အစားများအား ပုံစံတကျပြန်ပြုပြင်နေလေသည်

Jungkook အနောက်မှ Jin လိုက်သွားတော့ Jungkook သည် အခန်းတံခါးကိုပင် ဖွင့်နှင့်ပြီးသား ဖြစ်သညိ

"Ah! Jungkook..ငါနဲ့ ငါ့မိန်းမနဲ့ အပြင်ကိုသွားမလို့ အဲ့တာကြောင့် ဒီမှာ ကိုယ့်အိမ်လိုပဲ သဘောထားနေနော် "
ဖိုးဖိုး၏ စကားကြောင့် Jin နှင့် Jungkook နှစ်ယောက်လုံး အံသြနေရသည်

"Oh! တောင်းပန်ပါတယ် Mr.Kim.. ကျနော် hotel မှာပဲ ဖြစ်ဖြစ် သွားတည်းပါ့မယ် ဒီမှာ မနေစေချင်ဘူးဆိုရင်..ဟို...ဟို ကျနော်ပြောချင်တာက အဖိုးတို့ ထွက်သွားပေးစရာ မလိုဘူးလို့ ပြောချင်တာပါ "
Jungkook ရဲ့ ကပေါက်ကချာ စကားတို့ကြောင့် Namjoon ရယ်မောနေတော့သည်

"ဒီအိမ်မှာ အခန်းတွေ လုံလုံလောက်လောက် ရှိပါတယ်ကွာ...ငါတို့လည်း အပြင်မထွက်တာကြာပြီဆိုတော့ Date ဦးမယ်လေ..မင်းတို့ အချစ်ငှက်လေးတွေသာ အေးဆေးနေကြပါကွာ ဟုတ်ပြီလား"
Namjoon ပြောပြောဆိုဆိုနှင့် သူ့မြေးလေး Jin အား မျက်လုံးလေး မှိတ်ပြတော့ အရှက်ကြီးရှက်ကာ မျက်နှာလေးရဲနေပါသော Jin...

Jungkook အဖိုးတို့ အပြင်မှာနေဖို့ အဆင်ပြေကြောင်း ဟုတ်မဟုတ် ထပ်မေးပြီးကာမှ အဖိုးတို့အစီအစဥ်ကို ဝမ်းမြောက်စွာ လက်ခံလိုက်တော့သည်

"Jungkook.. ငါတို့ မင်းကို ယုံကြည်တယ်နော်...ငါတို့ Jin လေးကို သေချာစောင့်ရှောက်ပေးပါကွာ "

"ဖိုးဖိုး...ဘာလို့ နောက်ဆုံးတွေ့တဲ့ ပုံစံကြီးနဲ့ နှုတ်ဆက်နေတာလဲ.. အဓိပ္ပါယ် မရှိတဲ့ စကားတေ​ွ ပြောမနေနဲ့လေ"
Jin သူ့ဖိုးဖိုးရဲ့ နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ပြီးတော့ စိတ်တိုလာသလို ဝမ်းနည်းစိတ်ကြောငိ် မျက်ရည်တွေ ဝဲလာပြီး ထအော်တော့သည်

"Oh! အဲ့လို အဓိပ္ပာယ် ဖြစ်သွားတာလား...တောင်းပန်ပါတယ် ကလေးရယ်..ဖိုးဖိုးတို့က ပြန်လာမှာပါ ဒါပေမယ့် နောက်ကျမှာဆိုတော့ ဖိုးဖိုးတို့ ပြန်မလာခင် သားတို့ လုပ်စရာရှိတာ လူပ်ထားလို​့ ရအောင် လာပြောပြတာပါ"

"ဟာ...ဖိုးဖိုး..."
Jin အသံရှည်ဆွဲကာ ပြောလိုက်ပြီး ရှက်လွန်းသဖြင့် မျက်နှာတောင် လက်ဖြင့် အုပ်ထားရသည်...namjoon က Jungkook ပခုံးအားပုတ်ရင်း ထွက်သွားတော့သည်..သူသိပါသည် Jungkook ကို ယုံကြည်လို့ ရတယ်ဆိုတာ

Jin နှင့် Jungkook တို့ ဖိုးဖိုးနှင့် ဖွားဖွားတို့အား နှုတ်ဆက်ပြီး တံခါးအားပိတ်လိုက်ကြသည်

Jungkook တစ်ဖက်လှည့်ကြည့်တော့ အကျီအနားစကို လက်ဖြင့် ဆော့ရင်း မျက်နှာတွေ ရဲနေပါသော Jin.

Jungkook နှုတ်ခမ်းတွန့်ရုံလေး ပြုံးကာ Jin ဆီသို့ လျောက်လိုက်တိုင်း jinအနောက်သို့ တစ်လှမ်းချင်း ဆုတ်နေမိသည်

"လူကြီးတွေ အိမ်မှာ မရှိတော့ဘူး"
Jungkook တိုးငြင်းစွာ ပြောလာတော့ Jin စိတ်လှုပ်ရှားကာ သူ့အောက်နှုတ်ခမ်းလေးအား သူပြန်ကိုက်နေမိသည်

"ဟုတ်..ဟုတ်တယ်..အဲ့တာ...ဇာတ်ကားကြည့်ကြမလား...ဒါ..ဒါမှမဟုတ် တစ်ခုခုစားမလား...ချက်ပေးမယ်လေ"
Jungkook စကားအားဖြတ်ကာ Jin မေးခွန်းတွေနဲ့ တရစပ်​ပြောလာတော့ Jungkook ရယ်သာရယ်နေသည်

Jungkook ပြန်မဖြေပဲ Jin အနားကိုသာ ဆက်ဆက်တိုးသွားနေသည်..ထိုနည်းတူစွာ Jin ကလည်ူ အနောက်သို့ ဆုတ်နေဆဲပင် နောက်ဆုံးတွင်တော့ ကျောနှင့် စားပွဲခုံတို့ ထိကပ်နေသည်အထိပင်

Jin ခန္ဓာ ကိုယ်လေး ကြက်သီးထနေတာကို တွေ့တော့ Jungkook သဘောကျမိသည်..သူ့ချစ်သူ က သူ့အထိအတွေ့လေးတွေပေါ်မှာ အဲ့လောက်ပင် စိတ်လှုပ်ရှားနေသည်ကို သူသဘောကျသည်

"ဗ..ဗိုက်မဆာဘူးလား Kookie"

Jin ရိုးရိုးသားသားမေးလိုက့ပေမယ့် မရိုးသားသူ Jungkook မှာတော့ ခံစားမှု အသစ်တို့ တိုးဝင်လာနေသည်

"ကိုကပြောရင် မင်းကပေးမှာလား ကလေး"
Jungkook ရဲ့ sexy ကျကျအသံကို Jin မကြားနိုင်ပေမယ့် ပူနွေးနွေးခံစားချက်ကိုတော့ jin သူလည်း ခံစားနေမိသည်

Jungkook အမေးကို Jin ခေါင်းငြိမ့်ပြတော့ jin ရဲ့ အောက်နှုတ်ခမ်းလေးဆီသို့ Jungkook တိုးဝင်တော့သည်..jin ရဲ့ ဝင်သက်ထွက်သက်လေနုလေးကိုလည်း Jungkook ခံစားနေရသည်

"ကိုက ဗိုက်ဆာနေတာ..ဒါပေမယ့် အဲ့တာ babe လေးကိုပဲ စားချင်တာ..babe ကရော ဗိုက်မဆာဘူးလား"
Jungkook စကားလုံးတွေကြောင့် Jin မူးနောက်သွားရသည်

Jin ဘာမှ ပြန်မဖြေခင်မှာတင် Jungkook သည် jin အား ချီကာ မီးဖိုခန်းရှိ counter ပေါ်သို့ တင်ပေးလိုက်သည်

Jin သူ့ချစ်သူအားလည်ပင်းမှ သိုင်းဖက်ထားလိုက်သည်..Jungkook သည် jin အား စိုက်ကြည့်ကာ ချစ်ဖို့ကောင်းသော ထိုလူသားလေးအား အချိန်ပြည့်် ချစ်နေချင်တော့သည်

"Babe...babe က အရမ်းချစ်ဖို့ကောင်းတာပဲ..ကိုလေ babe ကို အိတ်ထဲထည့်ထားချင်တယ်သိလား အဲ့တာမှ ကိုဘယ်သွားသွား ခေါ်သွားလို့ရမှာ "
Jin ခပ်ဟဟလေးရယ့ကာ Jungkook ရင်ဘက်အား လက်ချောင်းလေးများဖြင့် ဆော့ကစားနေလေသည်

"Kookie ကလည်း jin ကသေးသေးလေးဆိုရင် ဘယ်လိုချစ်လို့ ရတော့မှာလဲ "
Jin ပြောချင်ရာပြောပြီးမှ သူ့စကားအဓိပ္ပါယ် သူနားလည်သွားပြီး ပါးစပ်လေးကို ပိတ်လိုက်တော့ jungkook ရဲ့ ချစ်စဖွယ် bunny smile မှ sexy smile သို​့ ပြောင်းလဲသွားတော့သည်

"အဲ့တာကိုကြားချင်နေတဲ့ စကားပဲ "

ထို့နောက် Jin အား ပွေ့ချီကာ မီးဖိုးခန်းမှ အိပ်ခနိးဆီသို့...ပွေ့ချီခံလိုက့ရသော Jin မှာလည်း jungkook အား ပြန်လည်ဖက်ထားကာ ပခုံးပေါ်တွင် ခေါင်းလေးမှီရင်း လိုက်လာခဲ့သည်..
Jungkook လည်ပင်းရှိ မှဲ့လေးသည် Jin အား အသဲယားအောင် ဆွဲဆောင်နေလေသည်....ထို့ကြောင့် ထို မှဲ့လေးအား နမ်းနေရာမှ ခပ်ဖွဖွလေးကိုက်လိုက်တော့ Jungkook ရဲ့ ငြီးသံတို့ကပေါ်ထွက်လာရတော့သည်

ဒီညတော့ နှစ်ယောက်လုံးရဲ့ စိတ်တွေသည် ငြီးတွားသံသာ ကြားချင်နေကြတော့သည်

❤K

Continue Reading

You'll Also Like

2.5K 487 5
" နှင်းဆီက ဒီကောင့်အပိုင်.. "
931K 57.1K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
89.7K 1.2K 23
-Josh Dub -Your Narrator -Eddie VR -Mully -Juicy -Ree Kid The storys will be fucked up. You can expect everything. Requests are open!
63.2K 1K 23
You and your brother Dre are moving to china, he's not really on board with the idea Though, on the other hand you were excited to start fresh in a n...