Zawgi
"တီလေး!!!"
"တီလေး!"
"ဖြစ်ပါ့မလား တီလေးရယ်"
"အင်းပါ အင်းပါ"
"ဘယ်သူလဲ"
"ဟုတ်"
"ကောင်းပါတယ်ရှင့်"
"ဟမ် ကမ္ဘာက ဘယ်သူလဲ"
"ဟမ်!"
"Good Luck ပါဗျာ"
"ဟုတ်ကဲ့ပါဗျာ"
"အင့် အင့်"
"အာ ဟပါအုံး သားသားရယ်"
Tin Tong
"တီလေး!"
"သားငယ်"
"လာပါအုံး မြေးလေးရယ်"
"ခစ်ခစ်"
"ဟားဟား"
_______________________________________
7.8.2021
💚အချစ်များစွာဖြင့်❤️
Unicoad
ဈာန်ခွန်သာရဲ့ကားနောကိုထပ်ကြပ်မခွလိုက်ခဲ့သည်။ပီးတော့ ခွန်သာလေးရဲ့တိုက်ခန်းကိုသိသွားတာကြောင့် အိမ်ကိုပြန်လာခဲ့သည်။တီလေးကိုအသိပေးရအုံးမယ်မလား။
ဈာန်ကားခြံထဲရောက်တာနဲ့ ကားပေါ်ကနေပြေးဆင်းသွားသည်။ဒီမြင်ကွင်းကိုကြည့်နေတာက ဇော်ထူးသူတို့Bossဒီလောက်ထိပျော်ပီး အခုလောက်ထိပြုံးနေတာတစ်ခါမှမတွေ့ဘူးလို့လိုက်ကြည့်နေခြင်းသာ။Centreထဲမှာတွေ့တဲ့ပိစိလေးကလဲသူ့တူလေးတဲ့လေ။မပျော်ဘူးလားဆို ဘယ်လိုမေးလိုက်တာလဲပျော်တာပေါ့။ပိစိလေးကတအားချစ်ဖို့ကောင်းတာ။
"တီလေး!!!"
ဒေါ်သီတာဈာန်အောက်ကသားရဲ့အသံကြောင့်အပြင်ဆင်းလာတော့သည်။
"တီလေး!"
"နေပါအုံး ငါ့တူလေးဒီလောက်ပျော်နေတာတစ်ခါမှမတွေ့ဖူးသေးပါဘူး ဘာတွေပျော်နေတာလဲပြောပါအုံး"
"သားလေ သား Babyကိုပြန်တွေ့ပီ သားရဲ့ ပိစိလေးကိုရော"
"ဟမ် တကယ်လား ပြောပြပါအုံး မြေးလေးကိုလဲတွေ့ခဲ့တယ်ဟုတ်လား"
"ဟုတ်တယ် Babyက သားကို ပိစိကသားကလေးမဟုတ်ပါဘူးလို့ပြောပေမဲ့သားသိနေတယ် အဲ့ဒါသားရဲ့ပိစိလေးဆိုတာ Babyကသားကိုအရမ်းနာကျည်းနေတယ်"
"သားငယ်လေးနာကျည်းသင့်ပါတယ် တီလေးအခုသွားမယ် သားအိမ်သိလား"
"ဖြစ်ပါ့မလား တီလေးရယ်"
"ဖြစ်ပါတယ် သားငယ်ရော မြေးကိုရော တီလေးအရမ်းတွေ့ချင်လို့ပါ"
"အဲ့ဒါဆို တီလေးဇော်ထူးနဲ့သွားလိုက်ပါ သားနဲ့ဆို Babyကအတွေ့ခံမှာမဟုတ်ဘူး"
"အင်းပါ အင်းပါ"
"Boss ဧည့်သည်ရောက်နေတယ်"
"ဘယ်သူလဲ"
"ဟိုလေ ဒေးဗစ်နဲ့မင်းခန့်ပါ"
"Aww ဝင်ခိုင်းလိုက်ပါအုံး ကလေးတွေအားနာစရာကြီး"
"ဟုတ်"
ခဏနေတော့ဒေးဗစ်နဲ့မင်းခန့်တို့ဝင်လာကြသည်။
"အန်တီနေကောင်းတယ်နော်"
"ကောင်းပါတယ်ရှင့်"
"ဟုတ်ကျွန်တော်တို့ အခုလာတဲ့အကြောင်းအရင်းက ခွန်သာလေးနဲ့ကမ္ဘာလေးကြောင့်ပါ"
"ဟမ် ကမ္ဘာက ဘယ်သူလဲ"
"Hkခဗျားကလေ ကိုယ့်သားနာမည်တောင်သေချာမသိဘူးလား ကဲပါထားပါတော့ ကျွန်တော်တို့ပဲအစအဆုံးပြောပြပါ့မယ်"
"ဒီတစ်ခါတော့ ကျွန်တော်ခဗျားတို့ကိုတစ်ကယ်ကျေးဇူးတင်ပါတယ်ဗျာ"
"လွန်ခဲ့တဲ့၂နှစ်အရင်က ခွန်သာလေးထွက်သွားတာခဗျားသိပါတယ်နော်"
"သိပါတယ် ကျွန်တော့်ကြောင့်ပါ"
"ခွန်သာလေးက ခဗျားရှာမတွေ့အောင်လဲအကွက်ချပီးထွက်သွားတယ်ဆိုတာရောသိလား"
"ဟမ်!"
"ဟုတ်တယ် သူထွက်မသွားခင်ခဗျားရဲ့ရိုက်နှက်ထားတဲ့ဒဏ်ရာတွေကြောင့် မဟန်နီထိာင်တဲ့ဆေးရုံမှာဆေးကုခဲ့တယ် ဒါပေမဲ့အခီန်ခဏလေးအတွင်း သတိပြန်ရလာတယ် ပီးတော့ကျွန်တော်တို့ကိုအကူအညီတောင်းတယ် ကျွန်တော်တို့လဲ ဒီကလေးကိုခဗျားနဲ့အဝေးဆုံးပို့ပေးချင်တာကြောင့်လက်ခံခဲ့တယ် အဲ့နေ့ညမှာပဲ ခွန်သာလေးကသူ့အဖေမထွက်သွားခင်ကပေးခဲ့တဲ့ဖုန်းနံပါတ်ကိုဆက်ပီးသူ့အဖေဆီသူလာတော့မဲ့အကြောင်းကိုပြောတယ် အဲ့ဒါနဲ့ခွန်သာလေးရဲ့အဖေက သူရဲ့သူငယ်ချင်းကိုအကူအညီတောင်းပီး လေယဉ္လက်မှတ်တစ်ခုထဲနဲ့ခွန်သာလေးကိုသူ့အဖေဆီပို့ပေးခဲ့တယ် ခွန်သာလေးရဲ့အဖေက ဘယ်မှာနေလဲဆိုတာ ကျွန်တော်တို့ အဲ့ညကမသိခဲ့လိုက်ဘူး"
"အဲ့တာကြောင့် ကျွန်တော်ဘယ်လိုမှရှာမတွေ့တာကို"
"ခွန်သာလေး ထွက်သွားပီးတစ်ပတ်လောက်ကြာတော့ ကျွန်တော်တို့ကိုဆက်သွယ်တယ် ဘယ်မှာလဲလို့မေးတော့ သူ့ပါပါးရှိတဲ့U.Kမှာတဲ့ သူ့ပါပါးကလဲ U.Kမှာ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ထားတာတဲ့ ဒါပေမဲ့ ခွန်သာလေးရဲ့ပါပါးက ခွန်သာလေးကို လွမ်းတဲ့စိတ်ကြောင့် နှလုံးရောဂါရသွားခဲ့တယ် အဲ့ဒါကြောင့် ခွန်သာလေးက ကိုယ်ဝန်တစ်ဖတ်နဲ့အဲ့ဆိုင်လေးကို တာဝန်ယူခဲ့တယ် ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲ ခွန်သာလေးရောက်ပီး ၃လကြာမှာတော့ သူ့ပါပါးဆုံးသွားခဲ့တယ်"
"ဟယ် ဉီးခွန်းနေလူဆုံးသွားပီဟုတ်လား စိတ်မကောင်းလိုက်တာကွယ်"
"ခွန်သာလေးက အဲ့ချိန်ကစပီးကျွန်တော်တို့ကို အဆက်အသွယ်လဲမလုပ်တော့ပဲနဲ့အဲ့ဆိုင်လေးနဲ့ကိုတိုးတတ်အောင်လုပ်ခဲ့တယ် ကမ္ဘာလေးမွေးပီးတော့လဲအဲ့ဆိုင်လေးက အရမ်းတိုးတတ်လာတယ် ကမ္ဘာလေးတစ်နှစ်ခွဲလောက်မှာ U.Kမှာရှိတဲ့ အိမ်တွေဆိုင်တွေအကုန်ရောင်းပီး ဒီကိုပြန်လာခဲ့တယ် ဘာလို့လဲလို့မေးတော့ သူ့ပါပါးရဲ့နောက်ဆုံးဆန္ဒကသူ့ကိုဒီကိုပြန်လာဖို့ပဲတဲ့ ဒီကိုရောက်တော့ ကျွန်တော်တို့နဲ့ဆက်သွယ်ပီး တိုက်ခန်းတစ်ခန်းဝယ်တယ် ပီးတော့ ကော်ဖီBar အကြီးတစ်ခုဖွင့်တယ် ပီးတော့ဘယ်သွားသွားအဆင်ပြေအောင်ဆိုပီး ကားတစ်စီးလဲဝယ်ပီး ကမ္ဘာလေးတစ်ဖတ်နဲ့မင်းခန့်ဆီမှာကားမောင်းသင်ခဲ့တယ် ကလေးလေးက အခုမှအသက်၁၉ပဲရှိသေးပေမဲ့ သူအရမ်းကြိုးစားခဲ့တာ"
"ကျွန်တော့်ကြောင့် ကျွန်တော့အပြစ်တွေကြောင့် Babyပင်ပန်းခဲ့ရတာ"
"အဲ့တင်မဟုတ်သေးဘူး သူခဗျားကိုစိတ်နာနေပေမဲ့သူ့နှလုံးသားမှာခဗျားရှိသေးတယ်ဆိုတဲ့သက်သေက သူ့အသက်လောက်ချစ်ရတဲ့သားလေးရဲ့နာမည်ကို ကမ္ဘာစေလတဲ့ ခဗျားနမည်ကိုအရှေ့ဆုံးကပါအောင်ပေးခဲ့တာ"
"တီလေး အခု သားငယ်ဆီသွားမလို့"
"ဟုတ်ကဲ့ ကျွန်တော်တို့အခုလိုလာပြောတယ်ဆိုတာကလဲ ခွန်သာလေးကိုထပ်ပီးပင်ပန်းနေတာကိုမမြင်နိုင်လို့ပီးတော့ ကမ္ဘာလေးကို မိဘစုံလင်အောင်နေစေချင်လို့ ခဗျားကံကောင်းတယ် ကမ္ဘာလေးက သူစိမ်းတွေဆိုအရမ်းကြော၇်တာ ခဗျားကိုမြငမြင်ချင်းအတင်းဖတ်တွဲထားတယ်ဆိုတော့ သူ့အဖေမှန်းသိလို့နေမှာ ကဲကျွန်တော်တို့ကို ခွင့်ပြုပါအုံး"
"ဟုတ်ကဲ့ Babyနဲ့ သားလေးအကြောင်းကို အခာလိုလာပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ပီးတော့အရင်ကက္စိ္စတွေအတွက်လဲတောင်းပန်ကါတယ်"
"ကျွန်တော်တို့ကို တောင်းပန်စရာမလိုကါဘူးဗျာ ခွန်သာလေးကို သူကျေနပ်တဲ့အထိတောင်းပန်လိုက်ပါ"
"တောင်းပန်မှာပါ Baby ပေးတဲ့အပြစ်တွေကိုလဲခံယူမှာပါ"
"Good Luck ပါဗျာ"
"ဟုတ်ကဲ့ပါဗျာ"
"ကဲသားတီလေးသွားလိုက်မယ်"
"ဟုတ်တီလေး သားကတော့မနက်ဖြန်မှပဲသွားတော့မယ်"
ဒေါ်သီတာဈာန်လဲ ဇော်ထူးနဲ့ သားငယ်ဆီထွက်လာသည်။
ခွန်သာမီးဖိုခန်းမှာအလုပ်လုပ်နေတုန်း
"အင့် အင့်"
"သားလေး နိုးပီလား ပါပါးအသဲလေး"
ခွန်သာလဲလက်ဆေးပီးသားငယ်လေးကိုကောက်ချီလိုက်သည်။
"အသက်ကလေး မွ အာ အသဲလေး မွ ပေါက်စလေး မွ"
"ခစ်ခစ် ခစ်ခစ် ခစ်ခစ် ခစ်ခစ်"
ခွန်သာက သားလေးကို အာဘွားတွေပေးတော့ လက်သေးသေးလေးတွေနဲ့ခွန်သာရဲ့ပါးကိုကိုင်ပီးတစ်ခစ်ခစ်နဲ့ရီနေတဲ့သားသားရယ်"
"သားသားဗိုက်ဆာပီလား အသဲလေး"
"ဒီမှာခဏထိုင် ရော့ သားသားရဲ့အရုပ်"
ခွန်သာကို ထမင်းစား စားပွဲမှာမှောက်ရက်လေးတင်ထားသည်။ ထိုင်ရက်ဆို သားပြုတ်ကျမည်လေ။
ခွန်သာ သားသားအတွက်ဆန်မှုန့်ဖျော်ပီးအိမ်ရှေ့မှာထားပီးသားသားကိုချီလာသည်။
"အာ ဟပါအုံး သားသားရယ်"
သားသားက ခွန်သာဘာပြောပြောသဘောကျသည်။ထမင်းကုလဲခွန်သာပြောတာတွေနားထောင်ပီးစားတတ်သည်။
Tin Tong
ခွန်သာသားကိုထမင်းကျွေးပီးသားနဲဘဆော့နေတုန်းBellတီးသံကြောင့် သားငယ်ကို ခဏချပီးတံခါးလာဖွင့်သည်။နာရီကြည့်မိတော့ ညနေငါးနာရီပင်။
ခွန်သာတံခါးလဲဖွင့်လိုက်ရော တွေ့လိုက်ရတဲ့သူက
"တီလေး!"
"သားငယ်"
"အင့် ဟင့် တီလေး သားကလွမ်းနေတာ အီးး ဟီးး"
ခွန်သာဒေါ်သီတာဈာန်ကိုတွေ့တာနဲ့ရင်ခွင်ထဲကိုအင့်ကနဲဝင်ပီး တအီအီငိုတော့သည်။
"မငိုပါနဲ့သားငယ်ရယ် တီလေးလဲလွမ်းပါတယ် တီလေးကိုအိမ်ထဲပေးဝင်ခိုင်းတော့ဘူးလား"
"ဟင့် ရွှတ် ဟုတ်သားပဲ တီလေးဝင်အုံး"
ဒေါ်သီတာဈာန် အိမ်ထဲရောက်တော့ ကြမ်းပြင်ကမွေ့ယာပေါ်ကနေမှောက်ရပ်ကလေးနဲ့ ပြူးကြည့်နေတဲ့ကလေးလေးကြောင့် မျက်ရည်ကျပီး ခွန်သာကိုလှည့်ကြည့်ပီးဖတ်ထားလိုက်သည်။
"မြေးလေးကကြည့်ပါအုံး သားငယ်နဲ့တူလိုက်တာ"
"ဟင့် ဟုတ်တယ် သားရဲ့အသက်ကလေး"
"လာပါအုံး မြေးလေးရယ်"
"ခစ်ခစ်"
"သားသားကအမျိုးသိတာပဲ သူစိမ်းဆိုအရမ်းကြောက်တတ်တာ အချီခံဖို့ဆိုအဝေးကြီး"
"မြေးလေးက သားငယ်နဲ့တအားတူတာပဲကွယ် ကြဟ့်ပါအုံး အသားအရေလေးတွေကနုနုအိအိဖြူဉနေတာပဲ ဆံပင်လေးကလဲ သားငယ်လိုအညိုရောင်အိအိလေးဒီမျက်လုံးလေးက ဖန်ညိုရောင်လေးလိုပဲကွယ် ဒီလက်ဖောင်းဖောင်းလေးတွေကလဲ သားငယ်နဲ့တာတာ ဒီနှုတ်ခမ်းကလဲသားငယ်လိုပဲနှင်းဆီဖူးလေးကျလို့ သားငယ်က သားကို တစ်ထေရာတည်းတူအောင်မွေးပေးထားတာပဲ"
"ဟားဟား"
ခွန်သာနဲ့ဒေါ်သီတာဈာန် စကားတွေအများကြီးပြောဖြစ်ခဲ့ကြသည်။
_______________________________________
7.8.2021
သာသာမနေ့က နေမကောင်ဖြစ်သွားလို့မရေးဖြစ်လိုက်ဘူး တောင်းပန်ပါတယ်နော်🥺🙏
ခွန်သာလေးကနဲနဲတော့ခေါင်းမာနေအုံးမှာပါနော်😁
💚အချစ်များစွာဖြင့်❤️