Part 22 (U&Z)

8.7K 463 21
                                    

Zawgi

ခွန်သာ ဒီနေ့ပထမဆုံးကျောင်းပြန်တတ်ရမှာဆိုတော့ အိပ်ယာက စော်စော်ထပီး လုပ်စရာအလုပ်တေကို လုပ်ပီးမနက်စာပြင်နေသည်။

ဈာန်က စားစား မစားစား ခွန်သာ မနက်စာကိုမပျက်ပြင်ပေးဖြစ်သည်။

မနက်စာပြင်ပီးတော့  သူ့ရဲ့ပိုလာတဲ့အလုပ်ဖြစ်တဲ့ ဟိုလူရဲ့ ဝေယျာဝစ္စတေကို ပြင်ဖို့ သူမနိုးခင် ခွန်သာအပီးလုပ်ပေးရသည်။

တံခါးကို အသာဖွင့်ပီး အခန်းထဲဝင်တော့ သူဌေးကြီးဉီးဈာန်ကမ္ဘာကမနိုးသေးတာကြောင့် ရေချိုးခန်းထဲဝင်ပီး သွားတိုက်ဆေးတွေဆပ်ပြာတွေမျက်နှာသုပ်ပဝါတွေအဆင်သင့်လုပ် ပီးတော့ ဒီလူကြီး ရုံးသွားရင်ဝတ်ဖို့ အိင်္ကျီထုတ်ပေးပီး သူလဲရေချိုးဖို့ အခန်းထဲပြန်လာလိုက်သည်။

"တော်သေးတာပေါ့ ငါအိပ်ယာစောစောထလို့ နောက်မို့ဆို ငါကျောင်းနောက်ကျမှာ ဟင်းးး"

ခွန်သာလဲသပ်ပြင်းချပီး ရေချိုးခန်းထဲဝင်ပီးရေချိုးလိုက်သည်။

ဈာန် အိပ်ယာနိုးတော့ အကြောဆန့်ပီး ရေချိုးဖို့ ရေချိုးခန်းထဲဝင်တော့ အကုန်လုံးအဆင်သင့် သူသွားတိုက်ဖို့သွားတိုက်ဆေးကအစ သွားတိုက်တံမှာထည့်ပီးသား ရေချိုးပီးတော့ ထွက်လာတော့လဲ သူဝတ်မဲ့အိင်္ကျီကကအဆင်သင့်

"ဟက် ဘယ်ဆိုးလို့လဲ ခိုင်းစားရကျိုးနပ်လိုက်တာ ဉီးခွန်းနေလူရေ ခဗျားရဲ့ပိုးဉသလိုဉထားတဲ့သားလေးက ကျွန်တော့်အတွက်ကျွန်ပဲ ဟားဟား"

ခွန်သာ ရေချိုးပီး ကျောင်းအိင်္ကျီလဲပီး လွယ်အိတ်လေးကို တစ်ဖက်ထဲလွယ်ပီး ဆင်းလာခဲ့တော့ အပေါက်ဝကနေ

"ဟာ ခွန်သာ ညီလေးရေ အကိုပါငေးရတယ် ကျောင်းသွားတော့မလို့လား"

"ဟမ်! အကိုက သားကိုဘာလို့ငေးရတာတုန်း"

"ငါ့ ညီလေးက necktineလေးနဲ့ ဘောင်းဘီရှည်နဲ့ ဒီပုံစံလေး လှေကားကဆင်းလာတာ နတ်သားလေးနဲ့မှားလို့ပါ"

"ဟီး အကိုက သားကိုမြှောက်ပြောနေတာ လာသားနဲ့အတူ မနက်စာလာစား"

ခွန်သာကသွားလေးတေစိပီး ချစ်ဖို့ကောင်းအောင်ရီပြနေတော့ ဇော်ထူးလဲ အသဲယားလို့ခေါင်းလေးကိုဖွမိသည်။

My Baby's Father is not You (Complete)Hikayelerin yaşadığı yer. Şimdi keşfedin