Hope (Complete)

By ChiLeo18

47.4K 4.3K 32

အခုမှ စာစ​ရေးတာမို့ အ​ရေးအသားလိုအပ်ချက်​တွေရှိနိုင်ပါတယ်။ More

အပိုင်း ၁ (💓💓)
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၁
အပိုင်း၂၂
အပိုင်း၂၃
အပိုင်း၂၄
​ကြော်ငြာ

အပိုင်း ၂၀

1.6K 165 0
By ChiLeo18

Unicode

     အဘိုးဖြစ်သူက မြို့မျက်နှာဖုံးလည်းဖြစ်၊ ​ဆေးရုံးအုပ်လည်းဖြစ်တာ​ကြောင့် ​အမ်မီ့မွေး​နေ့ပွဲက အ​တော်​လေးစည်ကားတယ်။ ​ရှောင်းကျန့်က လက်ထဲကဝိုင်ခွက်ကို အနည်းငယ်လှုပ်ရမ်းကာ ပွဲလာပရိတ်သတ်​တွေကို အကဲခတ်​နေတယ်။ ဝမ်​ချောင်​ကောက ဒီ​နေ့အ​ရေးကြီးလူနာရှိတာမို့မလာနိုင်ဘူး။ တစိမ်းသက်သက်လူ​တွေကြားမှာ သူက​ယောင်ချာချာမို့ ​ချောင်မှာရပ်ရင်းသာ အ​ခြေ​နေကိုအကဲခပ်​နေတယ်။ ဘယ်သူ့ဆီကမှattentionမလိုချင်တာ​ကြောင့် အဝတ်စားကို​တောင် အဖြူ​ရောင်သက်သက်သာဝတ်လာ​ပေမယ့် ... ဘုရား​ပေးတဲ့ဒီမျက်နှာ​ချော​ချော​ကြောင့်...ပျိုမဒီ​တွေက သူ့ကို ကွက်ကြည့် ကွက်ကြည့်နဲ့ ​​ငေးကြပြန်​ရော။  ​Dr.Alex ထိုင်​​နေတဲ့ဝိုင်းဆီအကြည့်ပို့မိ​တော့ ​ဂေဟာမှူးDavidကို ​တွေ့ရ​တော့.. ဝိုင်ခွက်ကိုင်ထားတဲ့လက်က တင်းကနဲဖြစ်သွားတယ်။ ထွက်လာတဲ့​ဒေါသကို ခဏမျိုသိပ်ကာ အချ်ိန်​ကောင်းကို​စောင့်​နေလိုက်တယ်။

     ဂါဝန်နီရဲရဲကို ဝတ်ဆင်ထားတဲ့ ​မွေး​နေ့ရှင်​လေးက ပြုံးပြုံးရွှင်ရွှင့်ဖြင့် သူအနား​ရောက်လာတယ်..

"ဆရာ..ပျင်းနေပြီလား ခဏ​နေ ​မွေး​နေ့ကိတ်ခွဲ​တော့မှာ..."

"မပျင်းပါဘူး.... အမ်မီ....သူငယ်ချင်း​တွေကိုပဲ ဧည့်ခံပါ ဆရာအဆင်​ပြေပါတယ်"

"ဟုတ်ကဲ့ဆရာ...ဒါဆို အမ်မီသူငယ်ချင်း​တွေဆီသွားဦးမယ်​နော်.."    သူ အသာအယာပဲ​ခေါင်းငြိမ့်ပြလိုက်တယ်...

အမ်မီထွက်သွားပြီး ခဏအကြာမှာပဲ Dr.Alexက ဝိုင်ခွက်ကိုင်ရင်းသူ့အနား​လျှောက်လာတယ်..

"ဆရာ့ကို ဧည့်ဝတ်မ​ကျေသလိုဖြစ်​နေပြီ"

"မဖြစ်ပါဘူး ​ဒေါက်တာ, ကျွန်​​တော်အဆင်​ပြေပါတယ်"

" ဒီဘက်ကို ခဏလိုက်ခဲ့လို့ရမလား ဆရာ
ကျွန်​တော့မိတ်​​ဆွေ​တွေနဲ့ မိတ်ဆက်​ပေးချင်လို့ပါ.."
"ရပါတယ်, ကျွန်​တော်လိုက်ခဲ့ပါ့မယ်.."

​​ဒေါက်တာနဲ့သူက ​ဂေဟာမှူးတို့ထိုင်​နေတဲ့ဝိုင်းဆီကို ​လျှောက်လာခဲ့ကြတယ်။ ထိုဝိုင်းမှာဝင်ထိုင်လိုက်​တော့ ​​ဒေါက်တာက သူ့ကို မိတ်ဆက်​ပေးလာတယ်။

"ဒါက ကျွန်​တော့်​မြေးမ​လေးရဲ့ ဂိုက်ဆရာ.. seanတဲ့"

​ရှောင်းကျန့်က​ခေါင်းညွှတ်ကာအရို​သေး​ပေး​တော့ အခြားသူ​တွေကလည်း​လေးစားသမှုနဲ့​ခေါင်းငြိမ့်ပြကြတယ်။

" seanဒါက ကျိုးရမ်​ဂေဟာမှူး...​​မစ္စတာ​ဒေးဗစ်တဲ့"

"​ဒေးဗစ်ပါ" ​ဂေဟာမှူးက လက်ကမ်းကာ​ပြောလာတာ​ကြောင့် သူကလည်းလက်ဆွဲနှုတ်ဆက်ရင်း...

"sean ပါ ခင်ဗျ"

သူတို့  အလာပ, သလာပ အနည်းငယ်​ပြောပြီးတဲ့အခါ ​မွေး​နေ့ပွဲအတွက်​ဖျော်​ဖြေဖို့ ငှားထားတဲ့ မျက်လှည့်အဖွဲ့က စတင်ပြီး ​ဖျော်​ဖြေတယ်၊ ဒါကို အခွင့်​ကောင်းယူကာ သန့်စင်ခန်း သွားဦးမယ်ဆိုပြီး သူထ လာခဲ့သည်။ စံအိမ်ထဲ​ရောက်​တော့ သူမျက်​စေ့အရင်ကစားကြည့်တယ်..များလိုက်တဲ့  CCTV ​တွေ ....သူ့လက်ကလက်စွပ်မှာတပ်ထားတဲ့စကား​ပြောစက်ကိုဖွင့်ကာ.....

"အခုပဲ..."    ခပ်တိုးတိုး​ပြောရင်း သန့်စင်ခန်းလိုက်ရှာသလိုပုံစံနဲ့​ဟန်မပျက်​လျှောက်သွားလိုက်သည်...
ခဏ​နေ​တော့ ok ဆိုတဲ့အချက်ပြသံကြားတဲ့အခါ  သူစံအိမ်တခုလုံးကို ပတ်လို့ခပ်သွက်သွက်လှုပ်ရှားလိုက်တယ်။ စံအိမ်တခုလုံးအနှံ့ရှာပြီးတာ​တောင်  , မသင်္ကာစရာ အခန်းတခုတ​လေမှာမ​တွေ့​တော့ သူ​ချွေးပြန်လာတယ်...သူမှာအချိန်နာရီ၁၅မိနစ်ပဲရတာမို့ သူ​ခေါင်းကို အသည်းအသန်အလုပ်​ပေးလိုက်​ရတယ်....စီနီယာရဲ့ အဲ့လျို့ဝှက်ခန်းကို မဝင်ခင်တခုခုတွန်းဖွင့်သံကြားရတယ်ဆိုတဲ့စကားကိုပြန်သတိရလာတာမို့...သူအ​ပြေးအလွှာ စံအိမ်ကို တပတ်ပတ်ကြည့်​ရပြန်တယ်၊  တ​နေရာ​ရောက်​တော့ ကြီးမားတဲ့နံရံကပ်ဗီယိုကို ​တွေ့​တော့ သူအနီးကပ်စစ်​ဆေးလိုက်တယ်...​အောက်​ခြေကျမ်းပြင်မှာ တခုခုပွတ်တိုက်ရာကို​တွေ့​တော့ ... သူပြုံးလိုက်မိတယ်... game over!!

   သူစံအိမ်ထဲက​နေဟန်မပျက် ပြန်ထွက်လာရင်း..
"done"     လို့ သတင်းပို့ရင်း..လက်ကစကား​ပြောစက်ကိုပြန်ပိတ်လိုက်တယ်...

######

      သူတို့အခန်းထဲမှာ စုထိုင်ကာ ​ရှောင်းဆီက ဆက်သွယ်လာမှာကို ​စောင့်​နေကြချိန် ...
"အခုပဲ.." ဆိုတဲ့အသံကြား​တော့...အဖွဲ့ဝင်hackerတ​ယောက်က အမြန်လှုပ်ရှားလိုက်တယ်..CCTV​တွေကို Hack လိုက်ပေမယ့် အချိန်က၁၅ မိနစ်ပဲရတာမို့ သူ့ရင်​တွေပူလွန်းလှတယ်...​ရှောင်းရဲ့အရည်အချင်းကိုမယုံတာမဟုတ်ပဲ..ချစ်ရတဲ့သူမို့ နဲနဲ​လေး​တောင်မထိခိုက်​စေချင်...
ဆက်သွယ်​ရေးကိရိယာ​လေးဆီက..
"done"   ဆိုတဲ့အသံ​လေးကြားမှာသူအသက်ကို​ဖြောင့်​ဖြောင့်ရှူနိုင်​တော့တယ်....၁၅မိနစ်က သူ့အတွက် ရှည်ကြာလွန်းသလို....
အဖွဲ့ဝင်​တွေအကုန်လုံးလည်းခုမှအသက်ရှူနိုင်ကြ​တော့တယ်...

#####

သူအခန်းတံခါးကိုတွန်းဖွင့်ရင်း ဝင်လာ​တော့ သူ့ကိုလူတ​ယောက်က အတင်းဆွဲကာဖက်လိုက်တာမို့ သူပြန်တိုက်ခိုက်ဖို့ပြင်တဲ့အချိန်..​ရှောင်း..ဆိုတဲ့အသံသဲ့သဲ့ထွက်လာတာကာမှ  ရိ​ပေါ်မှန်းသိလိုက်ရတယ်။ သူအလိုက်တသင့်​လေးပြန်ဖက်ရင်း...

"အလုပ်ကိစ္စ​ဆွေး​နွေးရဦးမယ်​လေ ...."

ဧည့်ခန်းထဲမှာ ဝမ်​ချောင်​ကော​ရော, ဝမ်ချင်​ရော အခြားဂျူနီယာ​လေး​တွေပါထိုင်​နေ​ပေမယ့်....သူတို့နှစ်​ယောက်လုံးက မိန်းက​လေး​တွေမဟုတ်တာမို့ ထူး​ထွေပြီးလည်းရှက်မ​နေမိပါဘူး။ သူတို့နှစ်​ယောက်ခုံမှာဝင်ထိုင်​တော့ ဝမ်​ချောင်​ကောက....

" သိခဲ့ရလား sean"

"ဟုတ်ကဲ့ ​ကော"

သူစာရွက်​ပေါ်မှာပုံကြမ်းဆွဲကာ လျို့ဝှက်ခန်း​နေရာကိုရှင်းပြလိုက်တယ်....

"ဒါဆို..sean အပြင်ကအဖွဲ့ကို ဦး​ဆောင်ပါ"

"ဟုတ်.."

"ခု​လောက်ဆို  CCTV​တွေ  hackခံရတာသိ​လောက်ပြီ, မနက်ဖြန်​တော့ စာသင်သွားလို့မဖြစ််​တော့ဘူး​နော်  sean "

"ဟုတ်ကဲ့ပါ​ကော  , ဒါနဲ့CCTV​တွေ  hackခံရတာ​ကြောင့် မနက်ဖြန်ကိစ္စကို သူတို့​​နေရာ​ရွှေ့ရင်​ရော"

"​ရွှေ့ဖို့မလွယ်ဘူး..​ရှောင်း "

"အင်း...​နေရာ​ရွှေ့ဖို့မလွယ်​တော့ ရက်​ရွှေ့ရင်​ရော"

"​ဂေဟာမှူးက blackကို​ကြောက်တယ်..သူမြန်မြန်လက်စသက်ဖို့ပဲ​တွေးမှာ လုံခြုံ​ရေးပဲတိုးချထားမှာ"

​နောက်ရက်အတွက် အစီစဥ်​တွေဆွဲကြရင်း အ​တော်​နောက်ကျမှ လူစုခွဲလိုက်ကြတယ်...

#####

အိပ်ယာထဲ​ရောက်​တော့ ​ရှောင်းကို ရင်ခွင်ထဲဆွဲသွင်းကာ...နားရွက်နုနုကိုလက်ဖြင့်ပွတ်သပ်ရင်း...

"ကိုယ်အရမ်းစိတ်ပူ​နေခဲ့တာသိလား"

"မင်းက ငါ့ကိုမယုံဘူးလား"

"ယုံတာက သပ်သပ်, စိတ်ပူတာကသပ်သပ်​လေ"

"မနက်ဖြန် ဂရုစိုက်​နော်"

"အင်း...စိတ်မပူနဲ့​နော်   , ကိုယ်တ​ယောက်တည်းမှမဟုတ်တာ, ဝမ်​ချင်​ရော, ​ဝမ်​ချောင်​ကော​ရော ပါမှာ  ပြီး​တော့ ​ရှောင်းလည်းအပြင်မှာရှိ​နေတာပဲ"

"အင်း....မနက်ဖြန်ပြီးရင်..​ဂေဟာက​ က​လေး​တွေအများကြီးကို ကယ်နိုင်ပြီ"

"အင်း...ကိုယ်တို့၁၄နှစ်​ကျော်​လောက်​​မျှော်လင့်ခဲ့ရတဲ့ ​မျှော်လင့်ချက်​လေးပြည့်​တော့မယ်...."

"ငါ ဒီ​နေ့ ​ဂေဟာမှူးကို​တွေ့​တော့ ဆွဲထိုးပစ်ချင်တာ စိတ်ကို​တော်​တော်ထိန်းထားရတယ်"

"သူ့အပြစ်​တွေကို သူပြန်​ပေးဆပ်ရ​တော့မှာပါ"

"အင်း..အိပ်ကြစို့.. ဝမ်"

"အင်း..ရွှတ်... အရမ်းချစ်တယ်" ​ရှောင်းရဲ့နှဖူးလေးကိုရွှတ်ကနဲအနမ်း​ပေးရင်း​ပြောလိုက်​တော့...

"ရွှတ်..ငါ​ရောပဲ  အရမ်းချစ်တယ်" ,​ရှောင်းကလည်း သူ့ကိုပြန်နမ်းရင်း​ပြောလာတယ်..

"ရွှတ်..ကိုယ်က ပိုချစ်တယ်.."

"ရွှတ်...ငါကပိုတာပါ​နော်.."

သူအူယားလာ​တာ​ကြောင့်..​ရှောင်းရဲ့မျက်နှာအစိတ်ပိုင်း​တွေအားလုံးကို တရွှတ်ရွှတ်နဲ့အနမ်း​တွေ​​ပေးပစ်လိုက်တယ်...

"​တော်​တော့​လေ ဘာလို့တအားနမ်း​နေတာလဲ"

"နမ်းချင်လို့​ပေါ့...ကိုယ်မှာနှစ်​တွေအကြာကြီး​​အောင့်ထားရတာကို.."

"မင်းကို ဘယ်သူက​အောင့်ခိုင်း​နေလို့လဲ"

"အင်း..​ကောင်း​လေးတ​ယောက်က အနမ်းခံချင်​နေမှန်း..ကိုယ်မှမသိတာ "

"ဝမ်ရိ​ပေါ်!!!"

"ဟား..ဟားးဟားး..အိပ်​တော့..အိပ်​တော့.."

"အွန်း..​ခေါင်းပွတ်​ပေးဦး.."

"အင်း.."

​ရှောင်းရဲ့ဆံပင်​လေး​တွေကို ဖွဖွပွတ်သပ်ရင်း..​အိပ်ယာဝင်​တေး​တပုဒ်ကိုခပ်တိုးတိုးညည်း​ပေးလိုက်​​တယ်။ ချစ်ရတဲ့သူ ​အေးချမ်းစွာအိပ်စက်နိုင်ဖို့...

####

Leo
5.8.2021

Zawgyi















"sean ပါ ခင်ဗျ"




######


#####




" သိခဲ့ရလား sean"

"ဟုတ်ကဲ့​ကော"



"ဟုတ်.."







#####











"အင်း..အိပ်ကြစို့.. ဝမ်"




"ရွှတ်...ငါကပိုတာပါ​နော်.."






"ဝမ်ရိ​ပေါ်!!!"



"အင်း.."


####

Leo
5.8.2021

အဘိုးဖြစ်သူက မြို့မျက်နှာဖုံးလည်းဖြစ်၊​ဆေးရုံးအုပ်လည်းဖြစ်တာ​ကြောင့်​အမ်မီ့မွေး​နေ့ပွဲက အ​တော်​လေးစည်ကားတယ်။​ရှောင်းကျန့်က လက်ထဲကဝိုင်ခွက်ကို အနည်းငယ်လှုပ်ရမ်းကာ ပွဲလာပရိတ်သတ်​တွေကို အကဲခတ်​နေတယ်။ ဝမ်​ချောင်​ကောက ဒီ​နေ့အ​ရေးကြီးလူနာရှိတာမို့မလာနိုင်ဘူး။ တစိမ်းသက်သက်လူ​တွေကြားမှာ သူက​ယောင်ချာချာမို့​ချောင်မှာရပ်ရင်းသာ အ​ခြေ​နေကိုအကဲခပ်​နေတယ်။ ဘယ်သူ့ဆီကမှattentionမလိုချင်တာ​ကြောင့် အဝတ်စားကို​တောင် အဖြူ​ရောင်သက်သက်သာဝတ်လာ​ပေမယ့် ... ဘုရား​ပေးတဲ့ဒီမျက်နှာ​ချော​ချော​ကြောင့်...ပျိုမဒီ​တွေက သူ့ကို ကွက်ကြည့် ကွက်ကြည့်နဲ့​ငေးကြပြန်​ရော။​Dr.Alex ထိုင်​နေတဲ့ဝိုင်းဆီအကြည့်ပို့မိ​တော့​ဂေဟာမှူးDavidကို​တွေ့ရ​တော့.. ဝိုင်ခွက်ကိုင်ထားတဲ့လက်က တင်းကနဲဖြစ်သွားတယ်။ ထွက်လာတဲ့​ဒေါသကို ခဏမျိုသိပ်ကာ အခ်ျိန်​ကောင်းကို​စောင့်​နေလိုက်တယ်။

     ဂါဝန်နီရဲရဲကို ဝတ်ဆင်ထားတဲ့​မွေး​နေ့ရှင်​လေးက ပြုံးပြုံးရွှင်ရွှင့်ဖြင့် သူအနား​ရောက်လာတယ်..

"ဆရာ..ပျင်းနေပြီလား ခဏ​နေ​မွေး​နေ့ကိတ်ခွဲ​တော့မှာ..."

"မပျင်းပါဘူး.... အမ်မီ....သူငယ်ချင်း​တွေကိုပဲ ဧည့်ခံပါ ဆရာအဆင်​ပြေပါတယ်"

"ဟုတ်ကဲ့ဆရာ...ဒါဆို အမ်မီသူငယ်ချင်း​တွေဆီသွားဉီးမယ်​နော်.."    သူ အသာအယာပဲ​ခေါင်းငြိမ့်ပြလိုက်တယ်...

အမ်မီထွက်သွားပြီး ခဏအကြာမှာပဲ Dr.Alexက ဝိုင်ခွက်ကိုင်ရင်းသူ့အနား​လျှောက်လာတယ်..

"ဆရာ့ကို ဧည့်ဝတ်မ​ကျေသလိုဖြစ်​နေပြီ"

"မဖြစ်ပါဘူး​ဒေါက်တာ, ကျွန်​တော်အဆင်​ပြေပါတယ်"

" ဒီဘက်ကို ခဏလိုက်ခဲ့လို့ရမလား ဆရာ
ကျွန်​တော့မိတ်​ဆွေ​တွေနဲ့ မိတ်ဆက်​ပေးချင်လို့ပါ.."
"ရပါတယ်, ကျွန်​တော်လိုက်ခဲ့ပါ့မယ်.."

​ဒေါက်တာနဲ့သူက​ဂေဟာမှူးတို့ထိုင်​နေတဲ့ဝိုင်းဆီကို​လျှောက်လာခဲ့ကြတယ်။ ထိုဝိုင်းမှာဝင်ထိုင်လိုက်​တော့​ဒေါက်တာက သူ့ကို မိတ်ဆက်​ပေးလာတယ်။

"ဒါက ကျွန်​တော့်​မြေးမ​လေးရဲ့ ဂိုက်ဆရာ.. seanတဲ့"

​ရှောင်းကျန့်က​ခေါင်းညွှတ်ကာအရို​သေး​ပေး​တော့ အခြားသူ​တွေကလည်း​လေးစားသမှုနဲ့​ခေါင်းငြိမ့်ပြကြတယ်။

" seanဒါက ကျိုးရမ်​ဂေဟာမှူး...​မစ္စတာ​ဒေးဗစ်တဲ့"

"​ဒေးဗစ်ပါ"​ဂေဟာမှူးက လက်ကမ်းကာ​ပြောလာတာ​ကြောင့် သူကလည်းလက်ဆွဲနှုတ်ဆက်ရင်း...

"sean ပါ ခင်ဗျ"

သူတို့  အလာပ, သလာပ အနည်းငယ်​ပြောပြီးတဲ့အခါ​မွေး​နေ့ပွဲအတွက်​ဖျော်​ဖြေဖို့ ငှားထားတဲ့ မျက်လှည့်အဖွဲ့က စတင်ပြီး​ဖျော်​ဖြေတယ်၊ ဒါကို အခွင့်​ကောင်းယူကာ သန့်စင်ခန်း သွားဉီးမယ်ဆိုပြီး သူထ လာခဲ့သည်။ စံအိမ်ထဲ​ရောက်​တော့ သူမျက်​စေ့အရင်ကစားကြည့်တယ်..များလိုက်တဲ့  CCTV​တွေ ....သူ့လက်ကလက်စွပ်မှာတပ်ထားတဲ့စကား​ပြောစက်ကိုဖွင့်ကာ.....

"အခုပဲ..."    ခပ်တိုးတိုး​ပြောရင်း သန့်စင်ခန်းလိုက်ရှာသလိုပုံစံနဲ့​ဟန်မပျက်​လျှောက်သွားလိုက်သည်...
ခဏ​နေ​တော့ ok ဆိုတဲ့အချက်ပြသံကြားတဲ့အခါ  သူစံအိမ်တခုလုံးကို ပတ်လို့ခပ်သွက်သွက်လှုပ်ရှားလိုက်တယ်။ စံအိမ်တခုလုံးအနှံ့ရှာပြီးတာ​တောင်  , မသင်္ကာစရာ အခန်းတခုတ​လေမှာမ​တွေ့​တော့ သူ​ချွေးပြန်လာတယ်...သူမှာအချိန်နာရီ၁၅မိနစ်ပဲရတာမို့ သူ​ခေါင်းကို အသည်းအသန်အလုပ်​ပေးလိုက်​ရတယ်....စီနီယာရဲ့ အဲ့လျို့ဝှက်ခန်းကို မဝင်ခင်တခုခုတွန်းဖွင့်သံကြားရတယ်ဆိုတဲ့စကားကိုပြန်သတိရလာတာမို့...သူအ​ပြေးအလွှာ စံအိမ်ကို တပတ်ပတ်ကြည့်​ရပြန်တယ်၊  တ​နေရာ​ရောက်​တော့ ကြီးမားတဲ့နံရံကပ်ဗီယိုကို​တွေ့​တော့ သူအနီးကပ်စစ်​ဆေးလိုက်တယ်...​အောက်​ခြေကျမ်းပြင်မှာ တခုခုပွတ်တိုက်ရာကို​တွေ့​တော့ ... သူပြုံးလိုက်မိတယ်... game over!!

   သူစံအိမ်ထဲက​နေဟန်မပျက် ပြန်ထွက်လာရင်း..
"done"     လို့ သတင်းပို့ရင်း..လက်ကစကား​ပြောစက်ကိုပြန်ပိတ်လိုက်တယ်...

######

      သူတို့အခန်းထဲမှာ စုထိုင်ကာ​ရှောင်းဆီက ဆက်သွယ်လာမှာကို​စောင့်​နေကြချိန် ...
"အခုပဲ.." ဆိုတဲ့အသံကြား​တော့...အဖွဲ့ဝင်hackerတ​ယောက်က အမြန်လှုပ်ရှားလိုက်တယ်..CCTV​တွေကို Hack လိုက်ပေမယ့် အချိန်က၁၅ မိနစ်ပဲရတာမို့ သူ့ရင်​တွေပူလွန်းလှတယ်...​ရှောင်းရဲ့အရည်အချင်းကိုမယုံတာမဟုတ်ပဲ..ချစ်ရတဲ့သူမို့ နဲနဲ​လေး​တောင်မထိခိုက်​စေချင်...
ဆက်သွယ်​ရေးကိရိယာ​လေးဆီက..
"done"   ဆိုတဲ့အသံ​လေးကြားမှာသူအသက်ကို​ဖြောင့်​ဖြောင့်ရှူနိုင်​တော့တယ်....၁၅မိနစ်က သူ့အတွက် ရှည်ကြာလွန်းသလို....
အဖွဲ့ဝင်​တွေအကုန်လုံးလည်းခုမှအသက်ရှူနိုင်ကြ​တော့တယ်...

#####

သူအခန်းတံခါးကိုတွန်းဖွင့်ရင်း ဝင်လာ​တော့ သူ့ကိုလူတ​ယောက်က အတင်းဆွဲကာဖက်လိုက်တာမို့ သူပြန်တိုက်ခိုက်ဖို့ပြင်တဲ့အချိန်..​ရှောင်း..ဆိုတဲ့အသံသဲ့သဲ့ထွက်လာတာကာမှ  ရိ​ပေါ်မှန်းသိလိုက်ရတယ်။ သူအလိုက်တသင့်​လေးပြန်ဖက်ရင်း...

"အလုပ်ကိစ္စ​ဆွေး​နွေးရဉီးမယ်​လေ ...."

ဧည့်ခန်းထဲမှာ ဝမ်​ချောင်​ကော​ရော, ဝမ်ချင်​ရော အခြားဂျူနီယာ​လေး​တွေပါထိုင်​နေ​ပေမယ့်....သူတို့နှစ်​ယောက်လုံးက မိန်းက​လေး​တွေမဟုတ်တာမို့ ထူး​ထွေပြီးလည်းရှက်မ​နေမိပါဘူး။ သူတို့နှစ်​ယောက်ခုံမှာဝင်ထိုင်​တော့ ဝမ်​ချောင်​ကောက....

" သိခဲ့ရလား sean"

"ဟုတ်ကဲ့​ကော"

သူစာရွက်​ပေါ်မှာပုံကြမ်းဆွဲကာ လျို့ဝှက်ခန်း​နေရာကိုရှင်းပြလိုက်တယ်....

"ဒါဆို..sean အပြင်ကအဖွဲ့ကို ဉီး​ဆောင်ပါ"

"ဟုတ်.."

"ခု​လောက်ဆို  CCTV​တွေ  hackခံရတာသိ​လောက်ပြီ, မနက်ဖြန်​တော့ စာသင်သွားလို့မဖြစ်​တော့ဘူး​နော်  sean "

"ဟုတ်ကဲ့ပါ​ကော  , ဒါနဲ့CCTV​တွေ  hackခံရတာ​ကြောင့် မနက်ဖြန်ကိစ္စကို သူတို့​နေရာ​ရွှေ့ရင်​ရော"

"​ရွှေ့ဖို့မလွယ်ဘူး..​ရှောင်း "

"အင်း...​နေရာ​ရွှေ့ဖို့မလွယ်​တော့ ရက်​ရွှေ့ရင်​ရော"

"​ဂေဟာမှူးက blackကို​ကြောက်တယ်..သူမြန်မြန်လက်စသက်ဖို့ပဲ​တွေးမှာ လုံခြုံ​ရေးပဲတိုးချထားမှာ"

​နောက်ရက်အတွက် အစီစဉ်​တွေဆွဲကြရင်း အ​တော်​နောက်ကျမှ လူစုခွဲလိုက်ကြတယ်...

#####

အိပ်ယာထဲ​ရောက်​တော့​ရှောင်းကို ရင်ခွင်ထဲဆွဲသွင်းကာ...နားရွက်နုနုကိုလက်ဖြင့်ပွတ်သပ်ရင်း...

"ကိုယ်အရမ်းစိတ်ပူ​နေခဲ့တာသိလား"

"မင်းက ငါ့ကိုမယုံဘူးလား"

"ယုံတာက သပ်သပ်, စိတ်ပူတာကသပ်သပ်​လေ"

"မနက်ဖြန် ဂရုစိုက်​နော်"

"အင်း...စိတ်မပူနဲ့​နော်   , ကိုယ်တ​ယောက်တည်းမှမဟုတ်တာ, ဝမ်​ချင်​ရော,​ဝမ်​ချောင်​ကော​ရော ပါမှာ  ပြီး​တော့​ရှောင်းလည်းအပြင်မှာရှိ​နေတာပဲ"

"အင်း....မနက်ဖြန်ပြီးရင်..​ဂေဟာက​က​လေး​တွေအများကြီးကို ကယ်နိုင်ပြီ"

"အင်း...ကိုယ်တို့၁၄နှစ်​ကျော်​လောက်​မျှော်လင့်ခဲ့ရတဲ့​မျှော်လင့်ချက်​လေးပြည့်​တော့မယ်...."

"ငါ ဒီ​နေ့​ဂေဟာမှူးကို​တွေ့​တော့ ဆွဲထိုးပစ်ချင်တာ စိတ်ကို​တော်​တော်ထိန်းထားရတယ်"

"သူ့အပြစ်​တွေကို သူပြန်​ပေးဆပ်ရ​တော့မှာပါ"

"အင်း..အိပ်ကြစို့.. ဝမ်"

"အင်း..ရွှတ်... အရမ်းချစ်တယ်"​ရှောင်းရဲ့နှဖူးလေးကိုရွှတ်ကနဲအနမ်း​ပေးရင်း​ပြောလိုက်​တော့...

"ရွှတ်..ငါ​ရောပဲ  အရမ်းချစ်တယ်" ,​ရှောင်းကလည်း သူ့ကိုပြန်နမ်းရင်း​ပြောလာတယ်..

"ရွှတ်..ကိုယ်က ပိုချစ်တယ်.."

"ရွှတ်...ငါကပိုတာပါ​နော်.."

သူအူယားလာ​တာ​ကြောင့်..​ရှောင်းရဲ့မျက်နှာအစိတ်ပိုင်း​တွေအားလုံးကို တရွှတ်ရွှတ်နဲ့အနမ်း​တွေ​ပေးပစ်လိုက်တယ်...

"​တော်​တော့​လေ ဘာလို့တအားနမ်း​နေတာလဲ"

"နမ်းချင်လို့​ပေါ့...ကိုယ်မှာနှစ်​တွေအကြာကြီး​အောင့်ထားရတာကို.."

"မင်းကို ဘယ်သူက​အောင့်ခိုင်း​နေလို့လဲ"

"အင်း..​ကောင်း​လေးတ​ယောက်က အနမ်းခံချင်​နေမှန်း..ကိုယ်မှမသိတာ "

"ဝမ်ရိ​ပေါ်!!!"

"ဟား..ဟားးဟားး..အိပ်​တော့..အိပ်​တော့.."

"အွန်း..​ခေါင်းပွတ်​ပေးဉီး.."

"အင်း.."

​ရှောင်းရဲ့ဆံပင်​လေး​တွေကို ဖွဖွပွတ်သပ်ရင်း..​အိပ်ယာဝင်​တေး​တပုဒ်ကိုခပ်တိုးတိုးညည်း​ပေးလိုက်​တယ်။ ချစ်ရတဲ့သူ​အေးချမ်းစွာအိပ်စက်နိုင်ဖို့...

####

Leo
5.8.2021

Continue Reading

You'll Also Like

132K 14.8K 116
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
70K 5.9K 100
(ယခင်တင်ခဲ့သည့် Innocent Felon အား ဇာတ်ကောင် 'ဝေ့ရင်း လန်ကျန့်'နေရာ၌ 'ရှောင်းကျန့် ရိပေါ်' အနေနှင့် အမည်ပြောင်းလဲသုံးထားခြင်းမှအပ မူလဇာတ်လမ်းနှင့် တစ...
202K 4K 28
"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"
34.3K 3.2K 15
Yizhanကိုမှ ​Horror ficမို့​ကြောက်တတ်ရင်မဖတ်ပါနဲ့။