Lop_Eared Guard (နားရွက်ကျလေး...

By Wine-Y

65.5K 5.5K 421

ငါ အိမ်ပြန်တိုင်း နှင်းဆီပန်းလေးတစ်ပွင့် အမြဲယူသွားတယ်။.... ငါ့ရဲ့ Alphaက ငါ့ကိုတစ်ချက်လောက် စောင်းငဲ့ကြည့်မယ... More

Lop_Eared Guard
အခန်း(၁) uni
အခန်း(၁)Zawgyi
အခန်း(၂)
အခန်း(၃)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)

အခန်း(၄)

2.5K 385 22
By Wine-Y

ယန်ယိက ခန့်ညားလွန်းတဲ့သူ့ရဲ့ အိမ်တော်ထိန်းဝတ်စုံပေါ်မှာ အဖြူရောင်အေပရွန်ကိုထပ်ဝတ်ကာ ခြေဖဝါးနုနုတွင်လည်း အညိုရောင်ရင့်ရင့် ဖိနပ်အပါးစီးပြီး မီးဖိုချောင်စားပွဲအရှေ့တွင် ရပ်နေသည်။ သူက အံဆွဲထဲက တစ်ဝက်သာကျန်တော့တဲ့ ဟင်းအနှစ်ဘူးတွေကိုထုတ်ပြီး ထိုထဲမှသုံးဘူးကို အမဲသားဟင်းအိုးထဲသို့ ဟင်းခတ်အနှစ်အဖြင့် လောင်းထည်လိုက်သည်။ ထို့အပြင် အုန်းနို့ဘူးကိုပါထုတ်ပြီး ချိုစိမ့်သောအရသာအတွက် ထပ်မံပေါင်းထပ်လိုက်သည်။

ဟင်းအနှစ်နှင့် အရသာအတွက်လည်း ပြင်ဆင်ထည့်ပြီးတဲ့အခါ တဗွက်ဗွက်ဆူလာမည့် အမဲသားဟင်းအိုးကို စောင့်ဖို့ရန်သာဖြစ်သည်။ ဟင်းချက်နေရင်းနဲ့ အနည်းငယ်အလုပ်ရှုပ်နေဟန်ရှိသော ယန်ယိက ဟင်းအိုးဆူဖို့စောင့်နေတဲ့ အချိန်ခနလေးမှာတော့ နှစ်လိုဖွယ်ကောင်းအောင်ပြုံးလာသည်။ ထို့နောက်ချက်ချင်းပဲ သူ့ရင်ဘတ်ရှိအိတ်ထောင်ထဲမှ မုန်လာဥနီရင်ထိုးကို ထုတ်ကာ ကြည်နူးစိတ်များဖြင့် သက်ပြင်းဖွဖွချပြန်သည်။ မုန်လာဥနီပုံက ချစ်စရာကောင်းလွန်းပြီး စိန်ရောင်က နဂိုကတည်းမှ တောက်ပနေပေမယ့် ယန်ယိကတော့ ပိုပြီးတောက်ပလာဖို့ အဖြူရောင်လက်ကိုင်ပုဝါဖြင့် တသသ ပွတ်သပ်နေပေသည်။ သူ့မျက်ဝန်းထဲ၌ ပိုပြီးလင်းလက်လာတဲ့ ရင်ထိုးကိုကြည့်ပြီး ရင်ဘတ်တွင် ဂရုတစိုက်တပ်ထားလိုက်သည်။

အပူရှိန်လည်းတိုးလာပြီး ဟင်းအိုးကပွက်ပွက်ဆူလာသည့်အလျောက် မွှေးပျံ့သည့်အငွေ့များလည်း အိုးအဖုံးမှတဆင့် လှိုင်လှိုင်တက်လာသည်။ ယန်ယိက သူ့ရင်ဘတ်ပေါ်က ရင်ထိုးကိုဖြုတ်ကာ ချက်ချင်းပဲ အိတ်ကပ်ထဲပြန်ထည့်ထားလိုက်သည်။ ဟင်းငွေ့တွေနဲ့ လှပတဲ့ သူ့မုန်လာဥနီလေး အရောင်မှိန်သွားမှာကို စိုးရိမ်မိတာကြောင့်ပင်။

မီးဖိုချောင်၏မှန်တံခါးကိုဖြတ်ကျောက်ပြီး အထဲတွင် ဟင်းချက်နေသည့် ယန်ယိကို လုရှန်းကျင်မြင်နေရသည်။ ခေါင်းကိုအနည်းငယ် ငုံ့ပြီး မျက်လုံးတွေကို အောက်ဘက်သို့ ရွေ့လျားကြည့်တဲ့အခါ လစ်လပ်နေသည့် ဖြူဖွေးနေသော လည်တိုင်၏ ယုံမှားဖွယ်ရာမရှိအောင် သန့်စင်ပြီး ချောမွေ့လှပါသော အကျိတ်ကလင်းကို တွေ့ရပေမည်။ ခြေထောက်တစ်ဖက်ကို အနည်းငယ်မြှောက်တင်လိုက်တဲ့အခါ ပေါ်လာသည့်ခြေဖဝါးနုနုတွေက နောက်တစ်ဖက်၏ ခြေသလုံးနှင့်လည်း ပွတ်သပ်နေသည်။

ထိုမျှအထိအသေးစိတ်သော နေရာများအား နှမ်းစေ့လောက်ပင် အလွတ်မကျန်ခဲ့အောင် လုရှန်းကျင်က အနမ်းတွေဖြာနေအောင် ပေးခဲ့ဖူးပြီး နူးညံ့လွန်းသည့် မျက်ဝန်းအကြည့်များက လုရှန်းကျင်အပေါ်၌ မရေမတွက်နိုင်သော ညများအား ချုပ်တည်းထားခြင်းမရှိဘဲ ကုန်ဆုံးပစ်ဖို့ ဆန္ဒတို့ပြင်းထန်စေခဲ့သည်။

ယစ်မူးစေခဲ့သော ထိုအချိန်ခန၌ ယန်ယိက လွန်ခဲ့တဲ့ ဆယ်နှစ်တာအချိန်တုန်းကလိုပဲ ဆွဲဆောင်မှုရှိနေသေးသည်' ဟု လုရှန်းကျင် ခံစားမိသည်။ ငယ်ရွယ်မှု၏ အနည်းငယ်သောအသွင်အပြင်များ ပျောက်ကွယ်သွားသည်မှလွဲ၍ များစွာသော ပင်ကိုယ်ဟန်ပုံစံများသည် ယန်ယိ၌ ရှိနေသေးသည်။

လုရှန်းကျင်က မှန်တံခါးနားပိုတိုးကပ်သွားပြီး ယန်ယိအား အနီးကပ်ကြည့်နေသည်။

'ဘယ်အချိန်ကစပြီး ဒီယုန်ငယ်လေးအပေါ် ခံစားချက်တွေ အသစ်မဖြစ်ခဲ့တော့တာလဲ။'

' ကြာလှပြီဖြစ်လို့ သူ မေ့တောင်နေပြီ။ '

ကြည့်ရတာ လူတွေရဲ့ အာရုံစူးစိုက်မှုကို ဖမ်းစားပြီး အတူလက်တွဲသွားရတာကို မကြိုက်တော့တဲ့ အချိန်ကစပြီးတော့များလား။ ဒါမှမဟုတ် တခြားသော အပြင်ဘက်က အယ်လ်ဖာတွေ ယန်ယိကိုကြည့်ကြမှာကို မကြိုက်တော့တဲ့ အချိန်က စပြီးတော့လား။

ယန်ယိက သိပ်ကိုလှပပြီး တစ်ဖက်တွင်လည်း ခံစားချက်ပြင်းပြသော အိုမီဂါတစ်ယောက်ဖြစ်တဲ့အပြင် အယ်လ်ဖာတိုင်းကပါ အလိုရှိနေကြတာကိုတော့ လုရှန်းကျင် ဝန်ခံရမည်။ ထိုအချက်များကြောင့် လုရှန်းကျင်က ယန်ယိကို အိမ်မှာပဲ နေစေခဲ့ပြီး တခြားသောအယ်လ်ဖာများ၏ တပ်မက်မှုကို ရှောင်ရှားနိုင်ဖို့ အပြင်ထွက်ခြင်းကို ခွင့်မပြုတော့ပေ။ သို့ပေမယ့် ထိုကဲ့သို့သော ပိုင်ဆိုင်မှုအပေါ် သဝန်တိုခဲ့ခြင်း စိတ်ခံစားချက်က အပြင်လောက၏ အရောင်အသွေးစုံလင်မှုနှင့် ယစ်မူးစေလောက်အောင် ဆွဲဆောင်နိုင်လွန်းသော အရာများကြောင့် ဆယ်ကျော်သက်အရွယ်မှာ သူထုထွင်းခဲ့သည့် ကတိစကားများက အမှတ်မထင်ပါဘဲ မေ့ပျောက်သွားခြင်းကို ခံလိုက်ရသည်။

ယုန်ငယ်လေးက မုန်လာဥနီရင်ထိုးကို အရမ်းသဘောကျနေသည်။ မြတ်နိုးလွန်းလှသဖြင့် သူ့မှာ ရင်ဘတ်၏ မည်သည့်နေရာနားလေးတွင် တပ်ထားရမည်ကိုလည်း မသိတော့ပဲ ဖြစ်နေသည်။ ဖျတ်လတ်ကာအမြဲတမ်း ကြွကြွရွရွရှိနေတတ်သော ယန်ယိက သစ္စာတရားကြီးမားစွာနဲ့ လုရှန်းကျင်ကို ဘယ်တော့မှ ထားခဲ့မှာ မဟုတ်သလို လုရှန်းကျင်ကလည်း ယန်ယိထံမှ ထားခဲ့ခံရမည်ဟူသော အတွေးအပေါ် ကြောက်လန့်မှု ရှိမနေပေ။

လုရှန်းကျင်က မှန်တံခါးကို တွန်းဖွင့်ပြီး သေးသွယ်သော ခါးယဉ်ယဉ်အား အနောက်မှနေ၍ ပွေ့ဖက်ထားလိုက်သည်။ သူ့ရင်ဘတ်ထဲ အလိုက်သင့်စွာ မြှုပ်ဝင်သွားတဲ့ ယုန်ငယ်လေးကို ပိုလို့ တင်းကြပ်ပွေ့ဖက်ထားလိုက်ပြီး ဖြူသွယ်သော လည်တိုင်တစ်ဖက်အား အနမ်းပေးလိုက်သည်။

"မစ္စတာ .?"

ယန်ယိ၏ ကိုယ်လေးမှာ တောင့်တင်းနေသည်။ ဘေးနားမှ တစ္ဆေတစ်ကောင်ဖြတ်လျှောက်သွားသလို လှုပ်ရှားဖို့လည်း ခက်ခဲနေပြီး သေချာပေါက် အံ့ဩမှုများကြောင့် မှင်သက်နေရခြင်း ဖြစ်သည့်တိုင် သူ့မက်နေသည့် ထိုအိမ်မက်က နူးညံ့သော . ပန်းရောင်ခြယ်ရောင်စဉ်များဖြင့် လှပနေသည်။

ယန်ယိက မျက်တောင်ကိုဖြည်းညင်းစွာ ပုတ်ခတ်ပြီး ရင်နှီးလွန်းလှသည့် ဤပွေ့ဖက်မှုက အစစ်အမှန်' ဟုတ်ရဲ့လား လို့ အတည်ပြုနေသည်။ ရင်းနှီးလွန်းသည့် နှင်းပန်းလေးလိုရနံ့ပိုင်ရှင်၏ ပွေ့ဖက်မှုနှင့် ပြည့်လျှံကျနေသည့် ဟော်မုန်းရနံ့တို့က ယန်ယိအား လွှမ်းခြုံထားသည်မှာ နူးညံ့သော ပန်းပင်လယ်ကြီး၏အလယ်တွင် ရှိနေသကဲ့သို့ ခံစားရစေပြီး ပျိုမြစ်သော လေပြေညင်းများက သူ့မျက်နှာအား ပြေးလွှားကလူကစားနေကြသလိုပင်။

ယန်ယိက မယုံကြည်ခြင်းများစွာဖြင့် အနောက်သို့လှည့်လိုက်ပြီး လုရှန်းကျင်အား မော့ကြည့်လိုက်သည်။ ရင်အတွင်းတိုးဝင်လာသည့် ခံစားမှုအလုံးအရင်းများနှင့် နောက်ထပ်သော တစ်ခနလေး၌ ယန်ယိက လုရှန်းကျင်၏လက်မောင်းတွေထဲ ပစ်ဝင်လိုက်ပြီး နူးညံ့သော လက်ချောင်းလေးများဖြင့် လုရှန်းကျင်၏ခါးနေရာကို ပွတ်သပ်နေကာ ပုခုံးထက်၌ မျက်နှာအပ်ကာ နစ်မြှုပ်ထားစေပြီး ပျောက်ဆုံးသွားသော အဖိုးတန်ရတနာအား ပြန်လည်ရှာဖွေတွေ့လိုက်ရသလို တမြတ်တနိုးနှင့် တသိမ့်သိမ့်ဖက်ထားမိနေသည်။

"ငါ့ကို အပြစ်မပေးပါနဲ့ ။ ငါ တောင်းပန်ပါတယ် "

ဤကဲ့သို့သော ပွေ့ဖက်မှုမျိုးကို စောင့်စားနေခဲ့ရသည်မှာ နှစ်ပေါင်းများစွာပင် ကြာမြင့်နေခဲ့ပြီ။

အခုတွင်တော့ ယန်ယိက ယုန်အမေကြီးထံမှ အနွေးဓာတ်ကိုတောင်းခံနေသည့် ယုန်ပေါက်လေးလို ဖြစ်နေပြီး လုရှန်းကျင်၏လက်မောင်းတွေထဲ တိုးဝှေ့ကာ သက်သောင့်သက်သာရှိမှုကို ရှာဖွေနေသည်။

အကောင်းဆုံးသော ဆွဲဆောင်နိုင်မှုပုံစံနှင့် လုရှန်းကျင်အပေါ် အနိုင်ရယူဖို့ရန် ယန်ယိ အဆင်သင့်မဖြစ်သေးပေ။ ပိုပြီးမှန်ကန်အောင် သူ့စိတ်ထဲမှာ ဘာမှ ရှိမနေဘူးလို့ ပြောသင့်သည့် ထင်သည်။ တစ်ခုတည်းသော သူတွေးမိသည့် အရာက လုရှန်းကျင်ကို ပွေ့ဖက်ထားပြီး နှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့တဲ့ နူးညံ့သည့် အနွေးဓာတ်လေးကို ပြန်လည်ရယူဖို့သာ ဖြစ်သည်။

လုရှန်းကျင်က ယန်ယိ၏ပိန်ပါးလှသော ကျောပြင်အား ဖွဖွလေးပုတ်ပေးနေသည်။

သနားကြင်နာမှုများက သူမှန်းမျှော်ခဲ့သလောက် ပေါ်ထွက်လာခြင်း မရှိခဲ့ပေ။ သက်တောင့်သက်သာရှိစေရန်'ဟုဆိုသော ခံစားချက်များဖြင့် ယန်ယိအတွက် ဟော်လ်မုန်းတွေ ထုတ်လွှတ်ပေးနေပေမယ့် ပြန်လည်သတိရမိသော အတိတ်မှ ခံစားချက်များသည် မှေးမှိန်ပျောက်ကွယ်သွားလေပြီ။ နို့ကဲ့သို့ အီစိမ့်မွှေးပျံ့နေသော ဟော်လ်မုန်းရနံ့များက သူ၏ကိုယ်ပိုင် ဟော်လ်မုန်းရနံ့များနှင့် ရောစပ်နေသည်။ ပေါင်းစပ်မှုအဆင့်က နည်းပါးပြီး လမ်းကြားထဲ၌ မိမိဘေးမှ ဖြတ်လျှောက်သွားသည့် လူတစ်ယောက်အား အနောက်ပြန်လှည့်ကြည့်တဲ့အခါ မတွေ့ရတော့သကဲ့သို့ ဖြစ်နေသည်။

'ဒါက အချစ်' ဟူသည့် စကားလုံးအား ဘယ်တော့မှ ပုံဖော်မနိုင်တော့ပေ။'

အိပ်ရာမှနေ၍ သာမန်ခံစားချက်နှင့်မတူသော စိတ်ကူးယဉ်ဆန်မှုများနှင့် နိုးထလာသည့်တိုင် သင့်မှာသာ ချစ်စိတ်မရှိရင် ထိုအရာအပေါ် ချစ်လို့ ရမှာမဟုတ်ဘူး။ ခံစားချက်ဆိုတာ မရှိဘဲ နှစ်သက်မှုဆိုတာ ကင်းကွာနေပြီး ပင်ပန်းမှုသည်သာ ဖြစ်တည်နေလိမ့်မည်။

တစ်ဖက်သူထံမှ ကွဲပြားလာသော အထိအတွေ့များကို ခံစားမိတဲ့အခါ ယန်ယိက သူ့ခေါင်းကိုမော့ပြီး စိုစွတ်နေသော မျက်ဝန်းများဖြင့် လုရှန်းကျင်အား ခံစားချက်မဲ့စွာ စိုက်ကြည့်လိုက်သည်။ သူနမ်းရှိုက်ခဲ့ဖူးသည့် နှုတ်ခမ်းပါးများကို ကြည့်ရင်း ထိုနှုတ်ဖျားမှ ဘယ်လိုစကားလုံးတွေထွက်ကျလာမလဲဆိုတာကို ကြားချင်နေသည်။ သို့ပေမယ့် တစ်ချိန်တည်းမှာပဲ အင်အားချိနဲ့လာသလို ခံစားရပြန်သည်။ သူ့နှလုံးတွေကို နာကျင်စေမည့် စကားလုံးတွေကို သူဘယ်လိုများ နားထောင်ရဲမလဲလေ။

"ဟင်းချက်ရအောင်"

လုရှန်းကျင်က ယန်ယိ၏ပါးပြင်ကို ဖွဖွလေးတို့ထိရင်းဆိုသည်။

"ငါ မင်းနဲ့အတူ ရှိနေမှာပါ။"

ယန်ယိက သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်ပြီး ညာဘက်လက်မောင်းကို ဘယ်ဘက်လက်ဖြင့် ယှက်ဖြာကိုင်လိုက်ကာ မျက်လွှာချထားရင်း နူးညံ့စွာ ပြောသည်။

"ငါ ဆေးရုံကို ဖုန်းဆက်ထားတယ်။ အကယ်၍ ငါနဲ့ကိုက်ညီမယ့်ကလင်းရှိတယ်ဆိုရင် ငါ လဲဖို့ ကြိုးစားကြည့်မယ်ဆိုပြီး ..."

ထိုစကားကိုကြားတဲ့အခါ လုရှန်းကျင်က ယန်ယိကို တွန်းထုတ်လိုက်သည်။

"မင်းက သာမန်အိုမီဂါမဟုတ်ဘူး။ မှောင်ခိုဈေးမှာဆိုရင် မင်းရဲ့ကလင်းက နှစ်ဘီလီယံတန်ဖိုးရှိတယ်ဆိုတာ သိလား။ မင်းက ဘာကို ကြိုးစားကြည့်ချင်နေရတာလဲ။"

စကားလုံးများသည် ယန်ယိ၏လည်ချောင်းအတွင်း၌ ဆို့နင့်လာသည်။ ပုံမှန်အတိုင်းဖြစ်ဖို့ ကြိုးစားချင်လေ တည်ငြိမ်စွာပြန်ဖြေနိုင်ဖို့က ခက်ခဲလေပင်။

"ငါ မင်းနဲ့ နည်းနည်းလောက်လေးပဲဖြစ်ဖြစ် ပိုပြီး ကိုက်ညီမှု ရှိချင်တယ်။ ၅ရာခိုင်နှုန်းလောက်ပိုပြီး ."

"တော်တော့"

လုရှန်းကျင်က ခေါင်းကိုငုံ့လိုက်ပြီး ယန်ယိ၏ပုခုံးသားအား နှာခေါင်းထိပ်ဖျားနှင့် ထိကပ်ပွတ်သပ်နေသည်။ သန်မာသည့် လက်ချောင်းများက ခါးသွယ်သွယ်လေးအား ထွေးပွေ့ကိုင်ထားဆဲပင်။

"မင်းက အိုမီဂါလေ...။ မင်းရဲ့ ကလင်းကိုလဲလိုက်ရင် မင်းပျက်စီးသွားလိမ့်မယ်။ ဆေးရုံကကြော်ညာတွေက အလိမ်အညာတွေချည်းပဲ မင်းရဲ့ ခန္ဓာကိုယ်အတွက် အရမ်းအန္တရာယ်များတယ်။ မင်းရဲ့ ဘဝဆိုတာ ရှိသေးတယ်လေ မဟုတ်ရင် မင်းရဲ့ဘဝမှာ ရှင်သန်ဖို့ မဖြစ်နိုင်တော့ပဲ နေမယ်။ အဲ့လိုလုပ်မယ့် အတွေးတွေကို မေ့ပစ်လိုက်ပါ။ "

"မင်း အဆင်ပြေတယ်ဆိုရင် .."

ယန်ယိက ရှည်းလျားတဲ့နားရွက်ကျလေးကို နာခံမှုရှိစွာ သိုဝှက်ရင်း ဇွန်းရှည်ရှည်နှင့် ဟင်းအိုးကိုမွှေးကာ ပြောလိုက်သည်။

"ငါ အဆင်ပြေပါတယ်..."

လုရှန်းကျင်က အထိမခံဖြစ်လွန်းသည့် နားရွက်ကျလေးကို အနမ်းပေးရင်း ပြန်ဖြေလိုက်သည်။

ယန်ယိက ထမင်းစားပွဲရှိရာသို့ ဆွဲယူခြင်း ခံလိုက်ရသည်။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် လုရှန်းကျင်ထံမှ ချစ်ခြင်းကို ပြန်ရနိုင်ဖို့ ဖြစ်တည်လာခဲ့ပြီ။

"အကိုကျင်း ... ကျွန်တော်က အကိုရဲ့ ...."

"စိတ်မပူနဲ့ .... ငါ နည်းနည်း ဆန္ဒရှိလာလို့"

နာကျင်မှုများသည် ယန်ယိအား အတိုးအရင်းပေါင်းပြီး တိုက်ခိုက်သွားသလိုပင်။

လူတစ်ယောက်၏ကြမ်းတမ်းစွာ ကိုင်တွယ်မှုကိုလည်း ခန္ဓာကိုယ်မှတစ်ဆင့် ယန်ယိခံစားမိနေသည်။ ရှည်သွယ်သော လက်ချောင်းများက လုရှန်းကျင်၏ပါးပြင်တွင် ထိကပ်နေပြီး လွှမ်းမိုးချုပ်ကိုင်မှုအပေါ် နာခံမိလျက် ဖြစ်နေသည်။ သဘောမတွေ့သော ဖောက်သည်အား အလိုမကျစွာကိုင်တွယ်ကစားနေသလို နာကျင်မှုများအား ယန်ယိခံစားနေရသည်။ သို့ပေမယ့် သူ့အတွက်ရနိုင်ခဲသော လုရှန်းကျင်၏ စိတ်ဝင်စားမှုကို ဖျက်ဆီးပစ်လိုက်ဖို့ဆန္ဒမရှိတာကြောင့် တိတ်တဆိတ်သာ နေနေလိုက်သည်။

ယုန်တွေက နာကျင်မှုကို ခံစားရလွယ်ပြီး သာမန်လူအတွက် မသက်မသာဖြစ်စေရုံလောက်သော ခံစားမှုသည် ယန်ယိအတွက်တော့ ပြင်းထန်သော နာကျင်မှုကိုဖြစ်စေသည်။ အမှတ်တမဲ့ဖြစ်သော ထိုအခိုက်အတန့်များမှ လုရှန်းကျင်သည် ယန်ယိအား မရေမတွက်နိုင်အောင် နာကျင်စေခဲ့သည်။ ငြင်းဆိုမှုမပြုသော ထိုသူထံမှ မျက်ရည်များ ရွှဲရွှဲစိုနေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခြင်းကိုသာ ပြန်လည် ကြည့်နေမိသည်။

လုရှန်းကျင်က မည်သို့သော အမူအရာမျိုးမှ မဖော်ပြပေ။ တစ်ယောက်ကိုတစ်ယောက် ညှင်းပန်းနှိပ်စက်နေသော သူ၏ အရိုးထဲမှ ဖြစ်တည်လာသည့် ထိုအချစ်က ပါးအရိုက်ခံရသည်ထက်ပိုပြီး နာကျင်စရာကောင်းမှန်း သိနေပြီးသားပင်။

သူ့အတွက် ယန်ယိက အချိုကုန်ရင် ပစ်ထုတ်လိုက်ရသည့် ဝါးစရာပီကေတစ်ခုသာသာ ပင်။ ထိုပီကေက အမှတ်မထင် သူ့လက်မှာလာကပ်ပြီး ပြန်ပြီးခွာထုတ်လို့ မရနိုင်တော့သည့် အခြေအနေတစ်ခုဖြစ်လာခဲ့သည်။ အခုချိန်မှာ အရသာမရှိတော့ပေမယ့် စားသုံးခဲ့ဖူးသော နူးညံ့မှုနှင့် ချိုမြမှုကိုတော့ ပြန်လည် ခံစားကြည့်လို့ ရနိုင်သည်။

နှုတ်ခမ်းပါးတွေကို မြဲမြံဖို့ကြိုးစားနေရင်း ကြာမြင့်သော အချိန်တစ်ခုပြီးနောက် ယန်ယိ၏နှုတ်ခမ်းပါးများမှ အကိုက်ခံရမှုနှင့် သွေးများစီးကျလာသည်။ သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှာ ပြင်းထန်သော ခံစားမှုများ တိုးဝင်ဖြစ်တည်နေသည်။

သူ့ရဲ့ မြိုင်ကျချိန်ရောက်ဖို့က အခုထိလိုနေသေးသည်။ ခန္ဓာကိုယ်အောက်ပိုင်းက ပြင်းပြင်းထန်ထန်ထိကပ်နေပြီး လစ်လပ်နေသောနေရာများက နှောင်ထုံးလေးတစ်ခုဖြစ်ဖို့ တွန်းအားပေးနေကာ လိုအင်ဆန္ဒများကြောင့် ခန္ဓာကိုယ်မှ အဝတ်တွေချွတ်ပစ်လိုက်ချင်သလို ခံစားနေရသည်။ 

လုရှန်းကျင်အတွက် သွေးသားလေးတစ်ယောက်ကို ယန်ယိမွေးပေးချင်သည်။ လုရှန်းကျင်ကိုယ်တိုင်ပေးလာမည့် ပိုင်ဆိုင်ကြောင်းအမှတ်အသားကိုရဖို့လည်း ယန်ယိအမြဲတမ်းမျှော်လင့်နေခဲ့သည်။ အယ်လ်ဖာတိုင်းက အိုမီဂါ၏ကလင်းအပေါ် ထိုးထွင်းအမှတ်အသားပြုလုပ်နိုင်သည့် သူတို့ရဲ့ ဟော်လ်မုန်းကြောင့် သူတို့ကိုယ် သူတို့ အမြဲတမ်း ဂုဏ်ယူလေ့ရှိကြသည်။ ယန်ယိလိုချင်ခဲ့တာ ယုံကြည်အားထားရပြီး နူးညံ့ကြင်နာပေးမယ့် ခင်ပွန်းတစ်ယောက်၊ ဘဝတစ်လျှောက်လုံးစာအတွက် သူ့ကိုပဲ ထွေးပွေ့ပေးထားပြီး တယုတယထိတွေ့ပေးနေမယ့် ခင်ပွန်းတစ်ယောက်။ သူ့ အယ်လ်ဖာက သူ့ကိုသက်တောင့်သက်သာရှိစေဖို့ လက်မောင်းတွေထဲ ‌ထွေးပွေ့ဖက်ထားပေးဖို့ မျှော်လင့်ထားခဲ့တာ။ 

ခံစားချက်ဆိုတာမရှိဘဲ .... ပျော်ရွှင်မှုအတွက် တစ်ခြားသောအိုမီဂါတွေကို တစ်ညတာ လက်ခံပေးနေတဲ့ ကြီးကျယ်ခမ်းနားတဲ့ ဗီလာတစ်ခုအပြင် မပိုတဲ့  ဒီလိုခြောက်ကပ်တဲ့နေရာမဟုတ်ဘဲ မိသားစုလေးတစ်ခု ပိုင်ဆိုင်ရချင်တာ။

သို့ပေမယ့် လုရှန်းကျင်က ငြင်းမယ်ဆိုတာသိနေတာကြောင့် အမှတ်အသားအတွက် ယန်ယိမတောင်းဆိုရဲခဲ့။

ထိုအစား တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးစေပြီး စောင့်စားနေဖို့သာ သူတတ်နိုင်သည်။ အချစ်တွေပေါနေသလားလို့ မေးချင်မိသည့် ထိုလူသားကို စောင့်နေရင်း သူ့ဆီသို့ တစ်ဖန်မြားဦးမှန်လာမည့် နှလုံးသား၏ အခွင့်အရေးအား စောင့်မျှော်နေလျက်ပင်။

သူတို့ကြားက ကိုက်ညီမှုနည်းလွန်းသော ရာခိုင်နှုန်းအရေအတွက်ကြောင့် သူ့အပေါ်ထားတဲ့ လုရှန်းကျင်ရဲ့ စိတ်ဝင်စားမှုတွေက ဝေးကွာသွားတဲ့ အလင်းတန်းလို မှိန်ဖျဖျသာ ကျန်ရှိတော့သည်။ တစ်ကြိမ်ပြီးဆုံးသွားပြီးနောက် လုရှန်းကျင်က သူ့အဝတ်အစားတွေကိုပြန်ဝတ်လိုက်ပြီး အိတ်ထဲမှ ဖုန်းကို ထုတ်ကြည့်လိုက်သည်။ ညနေပိုင်းတွင် ဧည့်ခံပွဲတစ်ခုရှိနေတာမို့ လုရှန်းကျင်က အပေါ်ကုတ်ပါ ထပ်ဝတ်လိုက်ပြီး ကားသော့ယူကာ အပြင်သို့ ထွက်သွားခဲ့သည်။

"ကိုယ် အိမ်ပြန် နောက်ကျမယ်"

ပါးလွှားသော ဂွမ်းစောင်ဖြင့် ယန်ယိက သူ့ကိုယ်သူရစ်ပတ်ထားလိုက်ရင်း တံခါးပိတ်သွားသည့် အသံကို နားထောင်နေသည်။ ခံစားမှုတွေ ကင်းမဲ့နေသော ဗီလာကြီးက တိတ်ဆိတ်မှုထဲ နစ်ဝင်သွားပြန်သည်။ တောက်ပလျက်ရှိနေသည့် မုန်လာဥနီရင်ထိုးလေးကို လက်ထဲမှာ ဆုပ်ကိုင်ထားရင်း မြတ်နိုးမှုများ အလျှံပယ်ဖြင့် ယန်ယိက နှလုံးသားရှိရာ ဘယ်ဘက်ရင်အုံအပေါ်၌ ထိကပ်ထားလိုက်သည်။ 

'လက်ဆောင်လေးတစ်ခု .... ပွေ့ဖက်မှုတစ်ခုနဲ့ .... အနမ်းလေးတစ်ပွင့်ကို သူ ဒီနေ့ပိုင်ဆိုင်ရရှိခဲ့တယ်'

ဒါကို ဂုဏ်ပြုဖို့ ဝိုင်တစ်ပုလင်းလည်း ဖောက်သင့်တာပေါ့။

ထည်ဝါလွန်းသော ထမင်းစားပွဲကြီး၌ ထိုင်ကာ ယန်ယိက ဖန်ခွက်ထဲသို့ ဝိုင်ငှဲ့ထည့်လိုက်သည်။ တစ်ဝက်မျှသော ဝိုင်ကို တစ်ခနချင်းအတွင်းမော့သောက်ပြီးနောက် ယန်ယိက ပျင်းရိစွာနဲ့ စားပွဲပေါ်သို့ မှောက်အိပ်လိုက်သည်။ နူးညံ့သော နားရွက်ကျလေးက စားပွဲအစွန်းနားတွင် ထိကပ်ငြိမ်သက်လျက်။

"မွေးနေ့မှာ ပျော်ရွှင်ပါစေ ယန်ယိ... အခု ငါ့အသက်က နှစ်ဆယ့်ခုနနှစ်ဖြစ်သွားပြီ။ ကံကောင်းပါစေ။"

စီးကရက်ကို မီးညှိပြီးနောက် ယန်ယိက ခြားနားသွားသော ပုံစံဖြင့် နှုတ်ခမ်းတွင်တေ့ထားလိုက်သည်။ မျက်ဝန်း၏အလယ်ဗဟိုသည် အရည်ကြည်များဖြင့် ပြည့်နှက်နေပြီး ဦးတည်ရာမဲ့စွာ ငေးမောကြည့်နေသော မျက်ဝန်းများက နောက်ဆုံးတွင်တော့ နံရံကပ်နာရီ၏ နာရီလက်တံပေါ်တွင် ရပ်တန့်သွားခဲ့သည်။ 

နှလုံးသားကို ပိုင်းဖြတ်လိုက်သလို ခံစားရစေဖို့ ယန်ယိအတွက် ကွဲပြားသွားတဲ့အမူအကျင့်တွေနဲ့ နာကျည်းချက်တို့ မလိုအပ်ခဲ့ပါ။ လက်ဆောင်တစ်ခုကို ပိုင်ဆိုင်ရရှိခဲ့ပြီဆိုတဲ့ အတွေးနဲ့ ကလေးတစ်ယောက်က ပျော်ရွှင်နေတဲ့အချိန် ....၊ ထိုလက်ဆောင်ဗူးကို ဖွင့်ကြည့်တော့မှ ဘာမှမရှိမှန်း သိသွားရတဲ့အချိန် ..... ။ ထိုအရာတွေက သူ့ရဲ့ကလေးဘဝတစ်လျှောက်လုံးမှာ အမာရွတ်တစ်ခုအဖြစ် ကျန်ရှိနေခဲ့တော့မှာ။ 

'သူ့ရဲ့ အယ်လ်ဖာက သူ့ကိုမချစ်သလို .... ယွမ်မိကိုလည်းမချစ်ဘူး။ သူက သူ့ကိုယ်သူပဲ ချစ်တယ် '

-----------------------------------------

Lop-Eared Gaurd
Words-3181
Aug/16/2021
Wine.

--------------

Note.

လှပတဲ့ မျှော်လင့်ချက်တိုင်းက
အကျည်းတန်တဲ့ နာကျင်မှုတွေသာ 
ပေးစွမ်းတယ်။ 

_____________________

For my lovely zawgyi readers.

_______________________

ယန္ယိက ခန႔္ညားလြန္းတဲ့သူ႕ရဲ႕ အိမ္ေတာ္ထိန္းဝတ္စုံေပၚမွာ အျဖဴေရာင္ေအပ႐ြန္ကိုထပ္ဝတ္ကာ ေျခဖဝါးႏုႏုတြင္လည္း အညိုေရာင္ရင့္ရင့္ ဖိနပ္အပါးစီးၿပီး မီးဖိုေခ်ာင္စားပြဲအေရွ႕တြင္ ရပ္ေနသည္။ သူက အံဆြဲထဲက တစ္ဝက္သာက်န္ေတာ့တဲ့ ဟင္းအႏွစ္ဘူးေတြကိုထုတ္ၿပီး ထိုထဲမွသုံးဘူးကို အမဲသားဟင္းအိုးထဲသို႔ ဟင္းခတ္အႏွစ္အျဖင့္ ေလာင္းထည္လိုက္သည္။ ထို႔အျပင္ အုန္းနို႔ဘူးကိုပါထုတ္ၿပီး ခ်ိဳစိမ့္ေသာအရသာအတြက္ ထပ္မံေပါင္းထပ္လိုက္သည္။

ဟင္းအႏွစ္ႏွင့္ အရသာအတြက္လည္း ျပင္ဆင္ထည့္ၿပီးတဲ့အခါ တဗြက္ဗြက္ဆူလာမည့္ အမဲသားဟင္းအိုးကို ေစာင့္ဖို႔ရန္သာျဖစ္သည္။ ဟင္းခ်က္ေနရင္းနဲ႕ အနည္းငယ္အလုပ္ရႈပ္ေနဟန္ရွိေသာ ယန္ယိက ဟင္းအိုးဆူဖို႔ေစာင့္ေနတဲ့ အခ်ိန္ခနေလးမွာေတာ့ ႏွစ္လိုဖြယ္ေကာင္းေအာင္ၿပဳံးလာသည္။ ထို႔ေနာက္ခ်က္ခ်င္းပဲ သူ႕ရင္ဘတ္ရွိအိတ္ေထာင္ထဲမွ မုန္လာဥနီရင္ထိုးကို ထုတ္ကာ ၾကည္ႏူးစိတ္မ်ားျဖင့္ သက္ျပင္းဖြဖြခ်ျပန္သည္။ မုန္လာဥနီပုံက ခ်စ္စရာေကာင္းလြန္းၿပီး စိန္ေရာင္က နဂိုကတည္းမွ ေတာက္ပေနေပမယ့္ ယန္ယိကေတာ့ ပိုၿပီးေတာက္ပလာဖို႔ အျဖဴေရာင္လက္ကိုင္ပုဝါျဖင့္ တသသ ပြတ္သပ္ေနေပသည္။ သူ႕မ်က္ဝန္းထဲ၌ ပိုၿပီးလင္းလက္လာတဲ့ ရင္ထိုးကိုၾကည့္ၿပီး ရင္ဘတ္တြင္ ဂ႐ုတစိုက္တပ္ထားလိုက္သည္။

အပူရွိန္လည္းတိုးလာၿပီး ဟင္းအိုးကပြက္ပြက္ဆူလာသည့္အေလ်ာက္ ေမႊးပ်ံ့သည့္အေငြ႕မ်ားလည္း အိုးအဖုံးမွတဆင့္ လွိုင္လွိုင္တက္လာသည္။ ယန္ယိက သူ႕ရင္ဘတ္ေပၚက ရင္ထိုးကိုျဖဳတ္ကာ ခ်က္ခ်င္းပဲ အိတ္ကပ္ထဲျပန္ထည့္ထားလိုက္သည္။ ဟင္းေငြ႕ေတြနဲ႕ လွပတဲ့ သူ႕မုန္လာဥနီေလး အေရာင္မွိန္သြားမွာကို စိုးရိမ္မိတာေၾကာင့္ပင္။

မီးဖိုေခ်ာင္၏မွန္တံခါးကိုျဖတ္ေက်ာက္ၿပီး အထဲတြင္ ဟင္းခ်က္ေနသည့္ ယန္ယိကို လုရွန္းက်င္ျမင္ေနရသည္။ ေခါင္းကိုအနည္းငယ္ ငုံ႕ၿပီး မ်က္လုံးေတြကို ေအာက္ဘက္သို႔ ေ႐ြ႕လ်ားၾကည့္တဲ့အခါ လစ္လပ္ေနသည့္ ျဖဴေဖြးေနေသာ လည္တိုင္၏ ယုံမွားဖြယ္ရာမရွိေအာင္ သန႔္စင္ၿပီး ေခ်ာေမြ႕လွပါေသာ အက်ိတ္ကလင္းကို ေတြ႕ရေပမည္။ ေျခေထာက္တစ္ဖက္ကို အနည္းငယ္ျမႇောက္တင္လိုက္တဲ့အခါ ေပၚလာသည့္ေျခဖဝါးႏုႏုေတြက ေနာက္တစ္ဖက္၏ ေျခသလုံးႏွင့္လည္း ပြတ္သပ္ေနသည္။

ထိုမွ်အထိအေသးစိတ္ေသာ ေနရာမ်ားအား ႏွမ္းေစ့ေလာက္ပင္ အလြတ္မက်န္ခဲ့ေအာင္ လုရွန္းက်င္က အနမ္းေတြျဖာေနေအာင္ ေပးခဲ့ဖူးၿပီး ႏူးညံ့လြန္းသည့္ မ်က္ဝန္းအၾကည့္မ်ားက လုရွန္းက်င္အေပၚ၌ မေရမတြက္နိုင္ေသာ ညမ်ားအား ခ်ဳပ္တည္းထားျခင္းမရွိဘဲ ကုန္ဆုံးပစ္ဖို႔ ဆႏၵတို႔ျပင္းထန္ေစခဲ့သည္။

ယစ္မူးေစခဲ့ေသာ ထိုအခ်ိန္ခန၌ ယန္ယိက လြန္ခဲ့တဲ့ ဆယ္ႏွစ္တာအခ်ိန္တုန္းကလိုပဲ ဆြဲေဆာင္မႈရွိေနေသးသည္' ဟု လုရွန္းက်င္ ခံစားမိသည္။ ငယ္႐ြယ္မႈ၏ အနည္းငယ္ေသာအသြင္အျပင္မ်ား ေပ်ာက္ကြယ္သြားသည္မွလြဲ၍ မ်ားစြာေသာ ပင္ကိုယ္ဟန္ပုံစံမ်ားသည္ ယန္ယိ၌ ရွိေနေသးသည္။

လုရွန္းက်င္က မွန္တံခါးနားပိုတိုးကပ္သြားၿပီး ယန္ယိအား အနီးကပ္ၾကည့္ေနသည္။

'ဘယ္အခ်ိန္ကစၿပီး ဒီယုန္ငယ္ေလးအေပၚ ခံစားခ်က္ေတြ အသစ္မျဖစ္ခဲ့ေတာ့တာလဲ။'

' ၾကာလွၿပီျဖစ္လို႔ သူ ေမ့ေတာင္ေနၿပီ။ '

ၾကည့္ရတာ လူေတြရဲ႕ အာ႐ုံစူးစိုက္မႈကို ဖမ္းစားၿပီး အတူလက္တြဲသြားရတာကို မႀကိဳက္ေတာ့တဲ့ အခ်ိန္ကစၿပီးေတာ့မ်ားလား။ ဒါမွမဟုတ္ တျခားေသာ အျပင္ဘက္က အယ္လ္ဖာေတြ ယန္ယိကိုၾကည့္ၾကမွာကို မႀကိဳက္ေတာ့တဲ့ အခ်ိန္က စၿပီးေတာ့လား။

ယန္ယိက သိပ္ကိုလွပၿပီး တစ္ဖက္တြင္လည္း ခံစားခ်က္ျပင္းျပေသာ အိုမီဂါတစ္ေယာက္ျဖစ္တဲ့အျပင္ အယ္လ္ဖာတိုင္းကပါ အလိုရွိေနၾကတာကိုေတာ့ လုရွန္းက်င္ ဝန္ခံရမည္။ ထိုအခ်က္မ်ားေၾကာင့္ လုရွန္းက်င္က ယန္ယိကို အိမ္မွာပဲ ေနေစခဲ့ၿပီး တျခားေသာအယ္လ္ဖာမ်ား၏ တပ္မက္မႈကို ေရွာင္ရွားနိုင္ဖို႔ အျပင္ထြက္ျခင္းကို ခြင့္မျပဳေတာ့ေပ။ သို႔ေပမယ့္ ထိုကဲ့သို႔ေသာ ပိုင္ဆိုင္မႈအေပၚ သဝန္တိုခဲ့ျခင္း စိတ္ခံစားခ်က္က အျပင္ေလာက၏ အေရာင္အေသြးစုံလင္မႈႏွင့္ ယစ္မူးေစေလာက္ေအာင္ ဆြဲေဆာင္နိုင္လြန္းေသာ အရာမ်ားေၾကာင့္ ဆယ္ေက်ာ္သက္အ႐ြယ္မွာ သူထုထြင္းခဲ့သည့္ ကတိစကားမ်ားက အမွတ္မထင္ပါဘဲ ေမ့ေပ်ာက္သြားျခင္းကို ခံလိုက္ရသည္။

ယုန္ငယ္ေလးက မုန္လာဥနီရင္ထိုးကို အရမ္းသေဘာက်ေနသည္။ ျမတ္နိုးလြန္းလွသျဖင့္ သူ႕မွာ ရင္ဘတ္၏ မည္သည့္ေနရာနားေလးတြင္ တပ္ထားရမည္ကိုလည္း မသိေတာ့ပဲ ျဖစ္ေနသည္။ ဖ်တ္လတ္ကာအၿမဲတမ္း ႂကြႂကြ႐ြ႐ြရွိေနတတ္ေသာ ယန္ယိက သစၥာတရားႀကီးမားစြာနဲ႕ လုရွန္းက်င္ကို ဘယ္ေတာ့မွ ထားခဲ့မွာ မဟုတ္သလို လုရွန္းက်င္ကလည္း ယန္ယိထံမွ ထားခဲ့ခံရမည္ဟူေသာ အေတြးအေပၚ ေၾကာက္လန႔္မႈ ရွိမေနေပ။

လုရွန္းက်င္က မွန္တံခါးကို တြန္းဖြင့္ၿပီး ေသးသြယ္ေသာ ခါးယဥ္ယဥ္အား အေနာက္မွေန၍ ေပြ႕ဖက္ထားလိုက္သည္။ သူ႕ရင္ဘတ္ထဲ အလိုက္သင့္စြာ ျမႇုပ္ဝင္သြားတဲ့ ယုန္ငယ္ေလးကို ပိုလို႔ တင္းၾကပ္ေပြ႕ဖက္ထားလိုက္ၿပီး ျဖဴသြယ္ေသာ လည္တိုင္တစ္ဖက္အား အနမ္းေပးလိုက္သည္။

"မစၥတာ .?"

ယန္ယိ၏ ကိုယ္ေလးမွာ ေတာင့္တင္းေနသည္။ ေဘးနားမွ တေစၦတစ္ေကာင္ျဖတ္ေလွ်ာက္သြားသလို လႈပ္ရွားဖို႔လည္း ခက္ခဲေနၿပီး ေသခ်ာေပါက္ အံ့ဩမႈမ်ားေၾကာင့္ မွင္သက္ေနရျခင္း ျဖစ္သည့္တိုင္ သူ႕မက္ေနသည့္ ထိုအိမ္မက္က ႏူးညံ့ေသာ . ပန္းေရာင္ျခယ္ေရာင္စဥ္မ်ားျဖင့္ လွပေနသည္။

ယန္ယိက မ်က္ေတာင္ကိုျဖည္းညင္းစြာ ပုတ္ခတ္ၿပီး ရင္ႏွီးလြန္းလွသည့္ ဤေပြ႕ဖက္မႈက အစစ္အမွန္' ဟုတ္ရဲ႕လား လို႔ အတည္ျပဳေနသည္။ ရင္းႏွီးလြန္းသည့္ ႏွင္းပန္းေလးလိုရနံ႕ပိုင္ရွင္၏ ေပြ႕ဖက္မႈႏွင့္ ျပည့္လွ်ံက်ေနသည့္ ေဟာ္မုန္းရနံ႕တို႔က ယန္ယိအား လႊမ္းၿခဳံထားသည္မွာ ႏူးညံ့ေသာ ပန္းပင္လယ္ႀကီး၏အလယ္တြင္ ရွိေနသကဲ့သို႔ ခံစားရေစၿပီး ပ်ိဳျမစ္ေသာ ေလေျပညင္းမ်ားက သူ႕မ်က္ႏွာအား ေျပးလႊားကလူကစားေနၾကသလိုပင္။

ယန္ယိက မယုံၾကည္ျခင္းမ်ားစြာျဖင့္ အေနာက္သို႔လွည့္လိုက္ၿပီး လုရွန္းက်င္အား ေမာ့ၾကည့္လိုက္သည္။ ရင္အတြင္းတိုးဝင္လာသည့္ ခံစားမႈအလုံးအရင္းမ်ားႏွင့္ ေနာက္ထပ္ေသာ တစ္ခနေလး၌ ယန္ယိက လုရွန္းက်င္၏လက္ေမာင္းေတြထဲ ပစ္ဝင္လိုက္ၿပီး ႏူးညံ့ေသာ လက္ေခ်ာင္းေလးမ်ားျဖင့္ လုရွန္းက်င္၏ခါးေနရာကို ပြတ္သပ္ေနကာ ပုခုံးထက္၌ မ်က္ႏွာအပ္ကာ နစ္ျမႇုပ္ထားေစၿပီး ေပ်ာက္ဆုံးသြားေသာ အဖိုးတန္ရတနာအား ျပန္လည္ရွာေဖြေတြ႕လိုက္ရသလို တျမတ္တနိုးႏွင့္ တသိမ့္သိမ့္ဖက္ထားမိေနသည္။

"ငါ့ကို အျပစ္မေပးပါနဲ႕ ။ ငါ ေတာင္းပန္ပါတယ္ "

ဤကဲ့သို႔ေသာ ေပြ႕ဖက္မႈမ်ိဳးကို ေစာင့္စားေနခဲ့ရသည္မွာ ႏွစ္ေပါင္းမ်ားစြာပင္ ၾကာျမင့္ေနခဲ့ၿပီ။

အခုတြင္ေတာ့ ယန္ယိက ယုန္အေမႀကီးထံမွ အေႏြးဓာတ္ကိုေတာင္းခံေနသည့္ ယုန္ေပါက္ေလးလို ျဖစ္ေနၿပီး လုရွန္းက်င္၏လက္ေမာင္းေတြထဲ တိုးေဝွ႕ကာ သက္ေသာင့္သက္သာရွိမႈကို ရွာေဖြေနသည္။

အေကာင္းဆုံးေသာ ဆြဲေဆာင္နိုင္မႈပုံစံႏွင့္ လုရွန္းက်င္အေပၚ အနိုင္ရယူဖို႔ရန္ ယန္ယိ အဆင္သင့္မျဖစ္ေသးေပ။ ပိုၿပီးမွန္ကန္ေအာင္ သူ႕စိတ္ထဲမွာ ဘာမွ ရွိမေနဘူးလို႔ ေျပာသင့္သည့္ ထင္သည္။ တစ္ခုတည္းေသာ သူေတြးမိသည့္ အရာက လုရွန္းက်င္ကို ေပြ႕ဖက္ထားၿပီး ႏွစ္ေပါင္းမ်ားစြာေပ်ာက္ဆုံးေနခဲ့တဲ့ ႏူးညံ့သည့္ အေႏြးဓာတ္ေလးကို ျပန္လည္ရယူဖို႔သာ ျဖစ္သည္။

လုရွန္းက်င္က ယန္ယိ၏ပိန္ပါးလွေသာ ေက်ာျပင္အား ဖြဖြေလးပုတ္ေပးေနသည္။

သနားၾကင္နာမႈမ်ားက သူမွန္းေမွ်ာ္ခဲ့သေလာက္ ေပၚထြက္လာျခင္း မရွိခဲ့ေပ။ သက္ေတာင့္သက္သာရွိေစရန္'ဟုဆိုေသာ ခံစားခ်က္မ်ားျဖင့္ ယန္ယိအတြက္ ေဟာ္လ္မုန္းေတြ ထုတ္လႊတ္ေပးေနေပမယ့္ ျပန္လည္သတိရမိေသာ အတိတ္မွ ခံစားခ်က္မ်ားသည္ ေမွးမွိန္ေပ်ာက္ကြယ္သြားေလၿပီ။ နို႔ကဲ့သို႔ အီစိမ့္ေမႊးပ်ံ့ေနေသာ ေဟာ္လ္မုန္းရနံ႕မ်ားက သူ၏ကိုယ္ပိုင္ ေဟာ္လ္မုန္းရနံ႕မ်ားႏွင့္ ေရာစပ္ေနသည္။ ေပါင္းစပ္မႈအဆင့္က နည္းပါးၿပီး လမ္းၾကားထဲ၌ မိမိေဘးမွ ျဖတ္ေလွ်ာက္သြားသည့္ လူတစ္ေယာက္အား အေနာက္ျပန္လွည့္ၾကည့္တဲ့အခါ မေတြ႕ရေတာ့သကဲ့သို႔ ျဖစ္ေနသည္။

'ဒါက အခ်စ္' ဟူသည့္ စကားလုံးအား ဘယ္ေတာ့မွ ပုံေဖာ္မနိုင္ေတာ့ေပ။'

အိပ္ရာမွေန၍ သာမန္ခံစားခ်က္ႏွင့္မတူေသာ စိတ္ကူးယဥ္ဆန္မႈမ်ားႏွင့္ နိုးထလာသည့္တိုင္ သင့္မွာသာ ခ်စ္စိတ္မရွိရင္ ထိုအရာအေပၚ ခ်စ္လို႔ ရမွာမဟုတ္ဘူး။ ခံစားခ်က္ဆိုတာ မရွိဘဲ ႏွစ္သက္မႈဆိုတာ ကင္းကြာေနၿပီး ပင္ပန္းမႈသည္သာ ျဖစ္တည္ေနလိမ့္မည္။

တစ္ဖက္သူထံမွ ကြဲျပားလာေသာ အထိအေတြ႕မ်ားကို ခံစားမိတဲ့အခါ ယန္ယိက သူ႕ေခါင္းကိုေမာ့ၿပီး စိုစြတ္ေနေသာ မ်က္ဝန္းမ်ားျဖင့္ လုရွန္းက်င္အား ခံစားခ်က္မဲ့စြာ စိုက္ၾကည့္လိုက္သည္။ သူနမ္းရွိုက္ခဲ့ဖူးသည့္ ႏႈတ္ခမ္းပါးမ်ားကို ၾကည့္ရင္း ထိုႏႈတ္ဖ်ားမွ ဘယ္လိုစကားလုံးေတြထြက္က်လာမလဲဆိုတာကို ၾကားခ်င္ေနသည္။ သို႔ေပမယ့္ တစ္ခ်ိန္တည္းမွာပဲ အင္အားခ်ိနဲ႕လာသလို ခံစားရျပန္သည္။ သူ႕ႏွလုံးေတြကို နာက်င္ေစမည့္ စကားလုံးေတြကို သူဘယ္လိုမ်ား နားေထာင္ရဲမလဲေလ။

"ဟင္းခ်က္ရေအာင္"

လုရွန္းက်င္က ယန္ယိ၏ပါးျပင္ကို ဖြဖြေလးတို႔ထိရင္းဆိုသည္။

"ငါ မင္းနဲ႕အတူ ရွိေနမွာပါ။"

ယန္ယိက သူ႕ႏႈတ္ခမ္းေတြကို တင္းတင္းေစ့လိုက္ၿပီး ညာဘက္လက္ေမာင္းကို ဘယ္ဘက္လက္ျဖင့္ ယွက္ျဖာကိုင္လိုက္ကာ မ်က္လႊာခ်ထားရင္း ႏူးညံ့စြာ ေျပာသည္။

"ငါ ေဆး႐ုံကို ဖုန္းဆက္ထားတယ္။ အကယ္၍ ငါနဲ႕ကိုက္ညီမယ့္ကလင္းရွိတယ္ဆိုရင္ ငါ လဲဖို႔ ႀကိဳးစားၾကည့္မယ္ဆိုၿပီး ..."

ထိုစကားကိုၾကားတဲ့အခါ လုရွန္းက်င္က ယန္ယိကို တြန္းထုတ္လိုက္သည္။

"မင္းက သာမန္အိုမီဂါမဟုတ္ဘူး။ ေမွာင္ခိုေဈးမွာဆိုရင္ မင္းရဲ႕ကလင္းက ႏွစ္ဘီလီယံတန္ဖိုးရွိတယ္ဆိုတာ သိလား။ မင္းက ဘာကို ႀကိဳးစားၾကည့္ခ်င္ေနရတာလဲ။"

စကားလုံးမ်ားသည္ ယန္ယိ၏လည္ေခ်ာင္းအတြင္း၌ ဆို႔နင့္လာသည္။ ပုံမွန္အတိုင္းျဖစ္ဖို႔ ႀကိဳးစားခ်င္ေလ တည္ၿငိမ္စြာျပန္ေျဖနိုင္ဖို႔က ခက္ခဲေလပင္။

"ငါ မင္းနဲ႕ နည္းနည္းေလာက္ေလးပဲျဖစ္ျဖစ္ ပိုၿပီး ကိုက္ညီမႈ ရွိခ်င္တယ္။ ၅ရာခိုင္ႏႈန္းေလာက္ပိုၿပီး ."

"ေတာ္ေတာ့"

လုရွန္းက်င္က ေခါင္းကိုငုံ႕လိုက္ၿပီး ယန္ယိ၏ပုခုံးသားအား ႏွာေခါင္းထိပ္ဖ်ားႏွင့္ ထိကပ္ပြတ္သပ္ေနသည္။ သန္မာသည့္ လက္ေခ်ာင္းမ်ားက ခါးသြယ္သြယ္ေလးအား ေထြးေပြ႕ကိုင္ထားဆဲပင္။

"မင္းက အိုမီဂါေလ...။ မင္းရဲ႕ ကလင္းကိုလဲလိုက္ရင္ မင္းပ်က္စီးသြားလိမ့္မယ္။ ေဆး႐ုံကေၾကာ္ညာေတြက အလိမ္အညာေတြခ်ည္းပဲ မင္းရဲ႕ ခႏၶာကိုယ္အတြက္ အရမ္းအႏၲရာယ္မ်ားတယ္။ မင္းရဲ႕ ဘဝဆိုတာ ရွိေသးတယ္ေလ မဟုတ္ရင္ မင္းရဲ႕ဘဝမွာ ရွင္သန္ဖို႔ မျဖစ္နိုင္ေတာ့ပဲ ေနမယ္။ အဲ့လိုလုပ္မယ့္ အေတြးေတြကို ေမ့ပစ္လိုက္ပါ။ "

"မင္း အဆင္ေျပတယ္ဆိုရင္ .."

ယန္ယိက ရွည္းလ်ားတဲ့နား႐ြက္က်ေလးကို နာခံမႈရွိစြာ သိုဝွက္ရင္း ဇြန္းရွည္ရွည္ႏွင့္ ဟင္းအိုးကိုေမႊးကာ ေျပာလိုက္သည္။

"ငါ အဆင္ေျပပါတယ္..."

လုရွန္းက်င္က အထိမခံျဖစ္လြန္းသည့္ နား႐ြက္က်ေလးကို အနမ္းေပးရင္း ျပန္ေျဖလိုက္သည္။

ယန္ယိက ထမင္းစားပြဲရွိရာသို႔ ဆြဲယူျခင္း ခံလိုက္ရသည္။ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ၿပီးေနာက္ လုရွန္းက်င္ထံမွ ခ်စ္ျခင္းကို ျပန္ရနိုင္ဖို႔ ျဖစ္တည္လာခဲ့ၿပီ။

"အကိုက်င္း ... ကြၽန္ေတာ္က အကိုရဲ႕ ...."

"စိတ္မပူနဲ႕ .... ငါ နည္းနည္း ဆႏၵရွိလာလို႔"

နာက်င္မႈမ်ားသည္ ယန္ယိအား အတိုးအရင္းေပါင္းၿပီး တိုက္ခိုက္သြားသလိုပင္။

လူတစ္ေယာက္၏ၾကမ္းတမ္းစြာ ကိုင္တြယ္မႈကိုလည္း ခႏၶာကိုယ္မွတစ္ဆင့္ ယန္ယိခံစားမိေနသည္။ ရွည္သြယ္ေသာ လက္ေခ်ာင္းမ်ားက လုရွန္းက်င္၏ပါးျပင္တြင္ ထိကပ္ေနၿပီး လႊမ္းမိုးခ်ဳပ္ကိုင္မႈအေပၚ နာခံမိလ်က္ ျဖစ္ေနသည္။ သေဘာမေတြ႕ေသာ ေဖာက္သည္အား အလိုမက်စြာကိုင္တြယ္ကစားေနသလို နာက်င္မႈမ်ားအား ယန္ယိခံစားေနရသည္။ သို႔ေပမယ့္ သူ႕အတြက္ရနိုင္ခဲေသာ လုရွန္းက်င္၏ စိတ္ဝင္စားမႈကို ဖ်က္ဆီးပစ္လိုက္ဖို႔ဆႏၵမရွိတာေၾကာင့္ တိတ္တဆိတ္သာ ေနေနလိုက္သည္။

ယုန္ေတြက နာက်င္မႈကို ခံစားရလြယ္ၿပီး သာမန္လူအတြက္ မသက္မသာျဖစ္ေစ႐ုံေလာက္ေသာ ခံစားမႈသည္ ယန္ယိအတြက္ေတာ့ ျပင္းထန္ေသာ နာက်င္မႈကိုျဖစ္ေစသည္။ အမွတ္တမဲ့ျဖစ္ေသာ ထိုအခိုက္အတန႔္မ်ားမွ လုရွန္းက်င္သည္ ယန္ယိအား မေရမတြက္နိုင္ေအာင္ နာက်င္ေစခဲ့သည္။ ျငင္းဆိုမႈမျပဳေသာ ထိုသူထံမွ မ်က္ရည္မ်ား ႐ႊဲ႐ႊဲစိုေနေသာ မ်က္ဝန္းမ်ားျဖင့္ စိုက္ၾကည့္ေနျခင္းကိုသာ ျပန္လည္ ၾကည့္ေနမိသည္။

လုရွန္းက်င္က မည္သို႔ေသာ အမူအရာမ်ိဳးမွ မေဖာ္ျပေပ။ တစ္ေယာက္ကိုတစ္ေယာက္ ညွင္းပန္းႏွိပ္စက္ေနေသာ သူ၏ အရိုးထဲမွ ျဖစ္တည္လာသည့္ ထိုအခ်စ္က ပါးအရိုက္ခံရသည္ထက္ပိုၿပီး နာက်င္စရာေကာင္းမွန္း သိေနၿပီးသားပင္။

သူ႕အတြက္ ယန္ယိက အခ်ိဳကုန္ရင္ ပစ္ထုတ္လိုက္ရသည့္ ဝါးစရာပီေကတစ္ခုသာသာ ပင္။ ထိုပီေကက အမွတ္မထင္ သူ႕လက္မွာလာကပ္ၿပီး ျပန္ၿပီးခြာထုတ္လို႔ မရနိုင္ေတာ့သည့္ အေျခအေနတစ္ခုျဖစ္လာခဲ့သည္။ အခုခ်ိန္မွာ အရသာမရွိေတာ့ေပမယ့္ စားသုံးခဲ့ဖူးေသာ ႏူးညံ့မႈႏွင့္ ခ်ိဳျမမႈကိုေတာ့ ျပန္လည္ ခံစားၾကည့္လို႔ ရနိုင္သည္။

ႏႈတ္ခမ္းပါးေတြကို ၿမဲၿမံဖို႔ႀကိဳးစားေနရင္း ၾကာျမင့္ေသာ အခ်ိန္တစ္ခုၿပီးေနာက္ ယန္ယိ၏ႏႈတ္ခမ္းပါးမ်ားမွ အကိုက္ခံရမႈႏွင့္ ေသြးမ်ားစီးက်လာသည္။ သူ၏ခႏၶာကိုယ္ေအာက္ပိုင္းမွာ ျပင္းထန္ေသာ ခံစားမႈမ်ား တိုးဝင္ျဖစ္တည္ေနသည္။

သူ႕ရဲ႕ ၿမိဳင္က်ခ်ိန္ေရာက္ဖို႔က အခုထိလိုေနေသးသည္။ ခႏၶာကိုယ္ေအာက္ပိုင္းက ျပင္းျပင္းထန္ထန္ထိကပ္ေနၿပီး လစ္လပ္ေနေသာေနရာမ်ားက ေႏွာင္ထုံးေလးတစ္ခုျဖစ္ဖို႔ တြန္းအားေပးေနကာ လိုအင္ဆႏၵမ်ားေၾကာင့္ ခႏၶာကိုယ္မွ အဝတ္ေတြခြၽတ္ပစ္လိုက္ခ်င္သလို ခံစားေနရသည္။ 

လုရွန္းက်င္အတြက္ ေသြးသားေလးတစ္ေယာက္ကို ယန္ယိေမြးေပးခ်င္သည္။ လုရွန္းက်င္ကိုယ္တိုင္ေပးလာမည့္ ပိုင္ဆိုင္ေၾကာင္းအမွတ္အသားကိုရဖို႔လည္း ယန္ယိအၿမဲတမ္းေမွ်ာ္လင့္ေနခဲ့သည္။ အယ္လ္ဖာတိုင္းက အိုမီဂါ၏ကလင္းအေပၚ ထိုးထြင္းအမွတ္အသားျပဳလုပ္နိုင္သည့္ သူတို႔ရဲ႕ ေဟာ္လ္မုန္းေၾကာင့္ သူတို႔ကိုယ္ သူတို႔ အၿမဲတမ္း ဂုဏ္ယူေလ့ရွိၾကသည္။ ယန္ယိလိုခ်င္ခဲ့တာ ယုံၾကည္အားထားရၿပီး ႏူးညံ့ၾကင္နာေပးမယ့္ ခင္ပြန္းတစ္ေယာက္၊ ဘဝတစ္ေလွ်ာက္လုံးစာအတြက္ သူ႕ကိုပဲ ေထြးေပြ႕ေပးထားၿပီး တယုတယထိေတြ႕ေပးေနမယ့္ ခင္ပြန္းတစ္ေယာက္။ သူ႕ အယ္လ္ဖာက သူ႕ကိုသက္ေတာင့္သက္သာရွိေစဖို႔ လက္ေမာင္းေတြထဲ ‌ေထြးေပြ႕ဖက္ထားေပးဖို႔ ေမွ်ာ္လင့္ထားခဲ့တာ။ 

ခံစားခ်က္ဆိုတာမရွိဘဲ .... ေပ်ာ္႐ႊင္မႈအတြက္ တစ္ျခားေသာအိုမီဂါေတြကို တစ္ညတာ လက္ခံေပးေနတဲ့ ႀကီးက်ယ္ခမ္းနားတဲ့ ဗီလာတစ္ခုအျပင္ မပိုတဲ့  ဒီလိုေျခာက္ကပ္တဲ့ေနရာမဟုတ္ဘဲ မိသားစုေလးတစ္ခု ပိုင္ဆိုင္ရခ်င္တာ။

သို႔ေပမယ့္ လုရွန္းက်င္က ျငင္းမယ္ဆိုတာသိေနတာေၾကာင့္ အမွတ္အသားအတြက္ ယန္ယိမေတာင္းဆိုရဲခဲ့။

ထိုအစား တစ္ရက္ၿပီးတစ္ရက္ကုန္ဆုံးေစၿပီး ေစာင့္စားေနဖို႔သာ သူတတ္နိုင္သည္။ အခ်စ္ေတြေပါေနသလားလို႔ ေမးခ်င္မိသည့္ ထိုလူသားကို ေစာင့္ေနရင္း သူ႕ဆီသို႔ တစ္ဖန္ျမားဦးမွန္လာမည့္ ႏွလုံးသား၏ အခြင့္အေရးအား ေစာင့္ေမွ်ာ္ေနလ်က္ပင္။

သူတို႔ၾကားက ကိုက္ညီမႈနည္းလြန္းေသာ ရာခိုင္ႏႈန္းအေရအတြက္ေၾကာင့္ သူ႕အေပၚထားတဲ့ လုရွန္းက်င္ရဲ႕ စိတ္ဝင္စားမႈေတြက ေဝးကြာသြားတဲ့ အလင္းတန္းလို မွိန္ဖ်ဖ်သာ က်န္ရွိေတာ့သည္။ တစ္ႀကိမ္ၿပီးဆုံးသြားၿပီးေနာက္ လုရွန္းက်င္က သူ႕အဝတ္အစားေတြကိုျပန္ဝတ္လိုက္ၿပီး အိတ္ထဲမွ ဖုန္းကို ထုတ္ၾကည့္လိုက္သည္။ ညေနပိုင္းတြင္ ဧည့္ခံပြဲတစ္ခုရွိေနတာမို႔ လုရွန္းက်င္က အေပၚကုတ္ပါ ထပ္ဝတ္လိုက္ၿပီး ကားေသာ့ယူကာ အျပင္သို႔ ထြက္သြားခဲ့သည္။

"ကိုယ္ အိမ္ျပန္ ေနာက္က်မယ္"

ပါးလႊားေသာ ဂြမ္းေစာင္ျဖင့္ ယန္ယိက သူ႕ကိုယ္သူရစ္ပတ္ထားလိုက္ရင္း တံခါးပိတ္သြားသည့္ အသံကို နားေထာင္ေနသည္။ ခံစားမႈေတြ ကင္းမဲ့ေနေသာ ဗီလာႀကီးက တိတ္ဆိတ္မႈထဲ နစ္ဝင္သြားျပန္သည္။ ေတာက္ပလ်က္ရွိေနသည့္ မုန္လာဥနီရင္ထိုးေလးကို လက္ထဲမွာ ဆုပ္ကိုင္ထားရင္း ျမတ္နိုးမႈမ်ား အလွ်ံပယ္ျဖင့္ ယန္ယိက ႏွလုံးသားရွိရာ ဘယ္ဘက္ရင္အုံအေပၚ၌ ထိကပ္ထားလိုက္သည္။ 

'လက္ေဆာင္ေလးတစ္ခု .... ေပြ႕ဖက္မႈတစ္ခုနဲ႕ .... အနမ္းေလးတစ္ပြင့္ကို သူ ဒီေန႕ပိုင္ဆိုင္ရရွိခဲ့တယ္'

ဒါကို ဂုဏ္ျပဳဖို႔ ဝိုင္တစ္ပုလင္းလည္း ေဖာက္သင့္တာေပါ့။

ထည္ဝါလြန္းေသာ ထမင္းစားပြဲႀကီး၌ ထိုင္ကာ ယန္ယိက ဖန္ခြက္ထဲသို႔ ဝိုင္ငွဲ႕ထည့္လိုက္သည္။ တစ္ဝက္မွ်ေသာ ဝိုင္ကို တစ္ခနခ်င္းအတြင္းေမာ့ေသာက္ၿပီးေနာက္ ယန္ယိက ပ်င္းရိစြာနဲ႕ စားပြဲေပၚသို႔ ေမွာက္အိပ္လိုက္သည္။ ႏူးညံ့ေသာ နား႐ြက္က်ေလးက စားပြဲအစြန္းနားတြင္ ထိကပ္ၿငိမ္သက္လ်က္။

"ေမြးေန႕မွာ ေပ်ာ္႐ႊင္ပါေစ ယန္ယိ... အခု ငါ့အသက္က ႏွစ္ဆယ့္ခုနႏွစ္ျဖစ္သြားၿပီ။ ကံေကာင္းပါေစ။"

စီးကရက္ကို မီးညွိၿပီးေနာက္ ယန္ယိက ျခားနားသြားေသာ ပုံစံျဖင့္ ႏႈတ္ခမ္းတြင္ေတ့ထားလိုက္သည္။ မ်က္ဝန္း၏အလယ္ဗဟိုသည္ အရည္ၾကည္မ်ားျဖင့္ ျပည့္ႏွက္ေနၿပီး ဦးတည္ရာမဲ့စြာ ေငးေမာၾကည့္ေနေသာ မ်က္ဝန္းမ်ားက ေနာက္ဆုံးတြင္ေတာ့ နံရံကပ္နာရီ၏ နာရီလက္တံေပၚတြင္ ရပ္တန႔္သြားခဲ့သည္။ 

ႏွလုံးသားကို ပိုင္းျဖတ္လိုက္သလို ခံစားရေစဖို႔ ယန္ယိအတြက္ ကြဲျပားသြားတဲ့အမူအက်င့္ေတြနဲ႕ နာက်ည္းခ်က္တို႔ မလိုအပ္ခဲ့ပါ။ လက္ေဆာင္တစ္ခုကို ပိုင္ဆိုင္ရရွိခဲ့ၿပီဆိုတဲ့ အေတြးနဲ႕ ကေလးတစ္ေယာက္က ေပ်ာ္႐ႊင္ေနတဲ့အခ်ိန္ ....၊ ထိုလက္ေဆာင္ဗူးကို ဖြင့္ၾကည့္ေတာ့မွ ဘာမွမရွိမွန္း သိသြားရတဲ့အခ်ိန္ ..... ။ ထိုအရာေတြက သူ႕ရဲ႕ကေလးဘဝတစ္ေလွ်ာက္လုံးမွာ အမာ႐ြတ္တစ္ခုအျဖစ္ က်န္ရွိေနခဲ့ေတာ့မွာ။ 

'သူ႕ရဲ႕ အယ္လ္ဖာက သူ႕ကိုမခ်စ္သလို .... ယြမ္မိကိုလည္းမခ်စ္ဘူး။ သူက သူ႕ကိုယ္သူပဲ ခ်စ္တယ္ '

-----------------------------------------

Lop-Eared Gaurd
Words-3181
Aug/16/2021
Wine.

--------------

Note.

လွပတဲ့ ေမွ်ာ္လင့္ခ်က္တိုင္းက
အက်ည္းတန္တဲ့ နာက်င္မႈေတြသာ 
ေပးစြမ္းတယ္။ 

Continue Reading

You'll Also Like

1.1M 26K 90
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
59.1K 1.7K 36
" ဟိုးရှေးရှေးတုန်းက၀င်ကစွပ်လေးတစ်ကောင်ရှိသတဲ့..အဲ့၀င်ကစွပ်လေးကသူ့ခန္ဓာကိုယ်လေးနွေးထွေးလုံခြုံဖို့ တခြားသတ္တဝါတွေရဲ့အန္တရာယ်ကနေလွတ်မြောက်ဖို့ လှပတင့်...
607K 5.1K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
2.2M 79K 79
ငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံ...