Zawgi
"ညီလေး ဆေးတော့မှာဆို"
"သဘောအတိုင်းပါပဲဗျာ"
"ဟီးး ဟုတ်"
"omm ထားပါတော့"
_______________________________________3.8.2021
💚အချစ်များစွာဖြင့်❤️
Unicoad
ခွန်သာဒီနေ့ ဆေးရုံက ဆင်းရမဲ့ရက်ဖြစ်သည့် အတွက် ပျော်နေသည်။
'ပါပါးရဲ့ ပေါက်စလေး ဒီနေ့ ပါပါးတို့Daddyဆီကို ပြန်ရတော့ မယ် ပါပါးကတော့ပျော်တယ် ကလေးလေးရောပျော်လားဟင်'
ခွန်သာပြားချပ်ချပ် ဗိုက်ကလေးကို ကိုင်ပီး သူ့ကလေးလေးနဲ့စကားတေပြောနေသည်။
"သားငယ်လေး ဘာတွေသဘောကျနေတာလဲ ဒီကလေးလေး ပြုံးတာဒီလောက်လှမှန်း တီလေး အခုမပဲသိတော့တယ် ကြည့်ပါအုံး"
"ဟီး😁 တီလေး သိလား သားအတွက် ဒီဗိုက်ထဲက ပေါက်စလေးက အရာရာထက်အကြီးတယ် သားဒီနေ့ အိမ်ပြန်ရောကမရင် ဉီးဈာန်ကမ္ဘာကိုပြောဖို့ဆုံးဖြတ်ထားတယ် ဒါပေမဲ့ ဟင့် တီလေး ဟင့် သူလက်ခံမှာပါနော်"
"လက်ခံမှာပါ သားငယ်ရယ် သားကိုယ်တိုင်သူ့ရဲ့ကိုယ်ပွားလေးကို မွေးပေးမှာဆိုတော့ သူလဲပျော်မှာပါ"
ဒေါ်သီတာဈာန် ငိုနေတဲ့သားငယ်လေးကို ပွေ့ဖတ်ပီးနေသိမ့်ပေးနေသည်။
ဈာန်တစ်ယောက် ၂ရက်ရှိပီ ဘာလုပ်လုပ်အဆင်မပြော မနက်ဆိုလဲ ဘာပြင်ဆင်မှုမှမရှိ အောက်ဆင်းပီးမနက်စာ စားဖို့ကြည့်လိုက်တော့လဲ ဘာမှာမပြင်ဆင်ထား ဒီလိုနဲ့ပဲတစ်ရက်ရက်ဒေါသတွေထွက်နေသည်။သူသိပါသည် ခွန်သာဆေးရုံတတ်နေရတဲ့တယ်ဆိုတာ။ဒါပေမဲ့ဖျားတာလောက်နဲ့ဘာကိစ္စ သုံးရက်တောင်ဆေးရုံတတ်ရတာလဲ။
"သားငယ်အောက်ဆင်းရင် ဖြေးဖြေးလေးလျှောက်နော် သတိထားရမယ်"
"ဟုတ်ကဲ့ပါ တီလေးရဲ့ သားကအဆင်ပြေနေသေးပါတယ်"
ဆေးရုံဆင်းဖို့ ပိုင်ထွေးကို ခေါ်ထားတာကြောင့်ဆေးရုံခန်းထဲမှာ စောင့်နေခြင်း။
"ညီလေး ဆေးတော့မှာဆို"
"ဟာ အကိုတို့ ဟုတ်ကဲ့ ဆင်းတော့မလို့"
"ကြည့်ပါအုံး အသေးလေး ဆေးရုံဆင်းရမယ်ဆိုတော့ မျက်နှာလေးက လန်းနေတာပဲ ပျော်နေတာပေါ့ ဟုတ်လား"
မင်းခန့်က ခွန်သာလေးရဲ့ ခေါင်းလုံးလုံးကဆံပင်ညိုညိုလေးတွေကိုဖွပီးပြောနေသည်။
"ဟီး ဟုတ်တယ်လေ အကိုမင်းခန့်ကလဲ ခွန်သာမှ ဆေးရုံမှာမနေချင်တာ"
"ကဲ ဟုတ်ပါပီ အဲ့တာဆို အကိုတို့လိုက်ပိုလမယ်လေ"
"ရပါတယ်ဗျာ အကိုပိုင်ထွေးကိုခေါ်ထားတယ် တီလေးလိုက်ပို့မယ်တဲ့ မနက်ဖြန်ကျရင် အကိုလာခေါ်လေ ကျောင်းသွားမယ် ပီးရင် အကို့ဆိုင်လိုက်မယ်"
"ဖြစ်ပါ့မလား အခုမှဆင်းရုံ ဆင်းတဲ့ဟာကို ပီးတော့ အကိုဆိုင်မှာရှိတာကကောင်းတယ်လေ အကိုတို့မျက်စိရှေ့မှာဆိုတော့ ကောင်းတယ်လေ ကျောင်းမှာက စိတ်မချရဘူး"
"အွန်းးး အဲ့တာဆို ကျောင်းတစ်ရက်နှစ်ရက်မတတ်သေးဘူး ဒါပေမဲ့ အကိုဆိုင်လိုက်မယ် လာခေါ်"
"သဘောအတိုင်းပါပဲဗျာ"
"ဟီးး ဟုတ်"
"သားတို့ကို တီလေး သားငယ်ကို အပ်ပါတယ်နော် တီလေးက နဲနဲအလှမ်းဝေးနေတာဆိုတော့ စိတ်ပူတယ် အိမ်ခေါ်သွားမယ်ဆိုတော့လဲ သားငယ်က သူမရှိရင်တဲ့ ဈာန်အတွက်အလုပ်တွေကိုလုပ်ပေးမဲ့သူမရှိလို့တဲ့ အလုပ်သမားထားပေးမယ်ပြောတော့လဲ သူကိုယ်တိုင်လုပ်ပေးချင်လို့တဲ့လေ အဲ့တာကြောင့် သားတို့ကပဲဒီကလေးလေးကို စောင့်ရှောက်ပေးပါနော်"
"ဟုတ်ကဲ့ပါ ကျွန်တော်တို့ ဒီပေါက်စကိုကျွန်တော်တို့စောင့်ရှောက်ပေးပါ့မယ်"
"ကျေးဇူးပါသားတို့ရယ် ကဲ့အဲ့ဒါဆို သွားကြတော့မလား သားငယ် အောက်မှာပိုင်ထွေးစောင့်နေတယ်"
"ကဲ အသေးလေး လာ အကိုချီမယ်"
"အား အား ရတယ်အကိုမင်းခန့် လမ်းလျှောက်မယ်လို့ ခွန်သာလမ်းလျှောက်ရမယ်လေ ၂ရက်ရှိပီ ဆေးရုံခုတင်ပေါ်မှာပဲနေနေရတာ ဗိုက်ထဲက ကလေးလေး ကျန်မာဖို့ လမ်းလျှောက်မယ်လေ"
"အဲ့ဒါဆို လာ အကိုတွဲပေးမယ်"
မင်းခန့်က ပွေ့ချီမယ်လုပ်တော့ အတင်တွေရုန်းကန်ပီး သူ့ဗိုက်သေးသေးလေးကိုလက်ကလေးနဲ့ကိုင်ပီး Puppy eyesလေးတွေနဲ့ပြောလာတာကြောင့် မင်းခန့်စိတ်လျှော့လိုက်သည်။ဒေးဗစ်ကပဲ ခွန်သာ့ကိုယ်သေးသေးလေးကို ဖတ်ပီးဆေးရုံးခန်းထဲက ထွက်လာခဲ့ကြသည်။
ဈာန် နာရီကြည့်လိုက်တော့ ငါးနာရီခွဲနေပီဖြစ်တာကြောင့် ကွန်ပြူတာပိတ်ပီး ဇော်ထူးကိုခေါ်ပီး အိမ်ပြန်လာလိုက်သည်။
ဒီနေ့ ဇော်ထူး သူကိုယ်တိုင်မောင်းနေတာဆိုတော့ သူ့လင်ဘယ်ရောက်သွားလို့လဲဆိုပီးဈာန်တွေးမိသည်။
"ဇော်ထူး ဒီနေ့ မင်းကိုယ်တိုင်မောင်းမေတာ မင်းလင်က ဘယ်သွားနေလို့လဲ"
"ဟာ Boss ကလဲဗျာ လင်မဟုတ်ပါဘူး ချစ်သူပါဗျ"
"အတူတူပဲလေ မင်းတို့ကယူတော့မှာပဲမလား"
"ဟဲ ဟုတ်တယ် ဒီနေ့ မောင်က ခွန်သာလေးကိုသွားကြိုတယ်လေ ဒီနေ့ဆေးရုံဆင်းပီ အွန်း ဒီချိန်ဆိုညီလေးက အိမ်တောင်ရောက်နေလောက်ပီ"
"omm ထားပါတော့"
ဈာန်အိမ်ပြန်ရောက်တောခြောက်နာရီပင်ကျော်နေပီဖြစ်သည်။ခြံထဲကားဝင်တဲ့ အချိန် ခြံထဲမှာကားတစ်စီးရှိတာကြောင့် တီလေးကားမှန်း သူသိသည်။
အိမ်ထဲဝင်တော့ ဧည့်ခန်းမှာနှစ်ယောက်သားထိုင်ပီး စကားပြောနေတာကြောင့် ဈာန်လဲဝင်ထိုင်လိုက်သည်။
"သားပြန်လာပီလား တီလေးက အခုပဲ ပြန်တော့မလို့ သားလာတော့မယ်ဆိုတာနဲ့ တီလေးစောင့်နေတာ"
"ဟုတ် တီလေး သားကိုပြောစရာရှိလို့လား"
"ပြောစရာတော့မရှိပါဘူး မှာစရာတော့ရှိတယ် သားဒီနေ့ ကစပီး သားငယ်လေးကိုသေချာ ဂရုစိုက်ပေးရမယ်"
တီလေးစကားကြောင့်ခွန်သာကြောက်လဲကြောက်သလို ရှက်လဲရှက်လာသည်။ဈာန်ကလဲခွန်သာကိုတစ်ချက်လမ်းကြည့်ပီး
"တီလေး ပြောစရာမရှိတော့ဘူးဆို သားအပေါ်တတ်တော့မယ်"
ဘာအဖြေမှာမပေးပဲသွေးအေးလွန်းတဲ့ သူ့ကြောင့် ဘေးကသားငယ်လေးကိုကြည့်မိတော့ ခေါင်းလေးကိုငုင်ထားတာကြမ်းပြင်ထဲတောင်ဝင်တော့မယ်။ဒေါ်သီတာဈာန်လဲ သက်ပြင်းချရုံသာတတ်နိုင်တော့သည်။ညလဲမိုးချုပ်တော့မှာကြောင့်သားငယ်လေးကို နှုတ်ဆက်ပီး အိမ်ပြန်လာခဲ့သည်။
_______________________________________3.8.2021
💚အချစ်များစွာဖြင့်❤️