Just To Be With You [ Complet...

By call_me_Tylor

72.4K 6.6K 180

မင္းနဲ႔ အတူသာဆိုရင္ ... More

01
02
03
04
05
06
07
08
09
10
11
12
14
15
16
Final

13

2.8K 289 6
By call_me_Tylor

[Zawgyi]

ဆိုဖာေပၚမွာ ေကြးေကြးေလးအိပ္ေပ်ာ္ေနတဲ့ အခ်စ္ကိုၾကည့္ရင္း ရိေပၚအသာအယာၿပံဳးလိုက္တယ္။ စားပြဲေပၚက ရႈပ္ပြေနတဲ့ စာ႐ြက္စာတမ္းေတြကိုရွင္းရင္း အလုပ္ဆင္းဖို႔ အခ်ိန္ေရာက္လာတာေတာင္ အခ်စ္က နိုးမလာေသးဘူးရယ္။

အျပင္ကေဆာင္းေအးေအးနဲ႔ ရိေပၚရံုးခန္းထဲက အေႏြးဓာတ္ေၾကာင့္ အခ်စ္မွာ ေကြးလို႔ေကာင္းေနပံုရတယ္။ ေရာက္ခါစက ရိေပၚရံုးခန္းထဲ လွည့္ပတ္စူးစမ္းၿပီး ေဆာ့လို႔ဝသြားတဲ့ က်င္းေကာ္ေလးကလည္း အခ်စ္ရဲ႕ဗိုက္နားကိုကပ္ၿပီး တိုးဝင္အိပ္ေနရွာတယ္။

" အဟက္ ! ခ်စ္ဖို႔ေကာင္းလိုက္တာ "

အိပ္ေမာက်ေနတဲ့အခ်စ္နဲ႔ က်င္းေကာ္ေလးအိပ္ေနပံုကိုၾကည့္ရင္း ရိေပၚမွာ မေနနိုင္မထိုင္နိုင္ ပါးစပ္ကေန ထုတ္ေျပာမိတဲ့အထဲပဲ။ ဘာေဆးေတြမ်ားစားထားလို႔ ဒီလိုေတြ ခ်စ္ဖို႔ေကာင္းေနရတာပါလိမ့္။

ဖိုင္တြဲေတြစီလိုၿပီးသြားေတာ့ အခ်စ္အိပ္ေနတဲ့ဆိုဖာနားေလးကို ျဖည္းျဖည္းသာသာတိုးသြားရင္း နႈိးဖို႔ႀကံရေတာ့တယ္။ နွစ္နွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနပံုရတဲ့အခ်စ္ကို မနႈိးရက္ေပမယ့္ အျပင္မွာလည္း ေမွာင္ေနၿပီမလို႔ ညစာစားခ်ိန္မေနာက္က်ေအာင္ နႈိးမွျဖစ္ေတာ့မွာ။

" အခ်စ္ ... ကိုယ့္အခ်စ္ေရ ထေတာ့ေလကြာ "

" အင္းဟင့္ "

" ဟားးး ... အခ်စ္ကေတာ့ "

အခ်စ္အိပ္ေနတဲ့ ဆိုဖာနားေလးကို ရိေပၚက ထိုင္ထ်လိုက္ရင္း မ်က္နွာေလးကိုကိုင္ကာ ခပ္တိုးတိုးနႈိးေတာ့ အခ်စ္ကထမလာတဲ့အျပင္ ရိေပၚလက္ကိုဆြဲယူလို႔ ရင္ခြင္ထဲထည့္ၿပီေတာင္ ျပန္အိပ္သြားေသးတယ္။ ရိေပၚမွာ အခ်စ္ပံုစံေလးကို ခ်စ္လိုက္ရတာမ်ား။

" ေညႇာင္ ~ "

" အယ္ ... နိုးၿပီလား က်င္းေကာ္ေလး "

တကယ္ပါပဲ။ သားအဖနွစ္ေယာက္မွာ အေဖကိုအရင္နႈိးလိုက္ေပမယ့္ ေၾကာင္ဝတုတ္မေလးက အရင္နိုးလာျပန္ေတာ့ ရိေပၚမွာ သေဘာတက်ၿပံဳးရျပန္တယ္။ အိပ္ယာနိုးလာလို႔ အေၾကာေတြဆန္႔ၿပီးတဲ့ က်င္းေကာ္က ဆိုဖာေဘးမွာထိုင္ေနတဲ့ ရိေပၚဆီကို ခုန္တက္လာတယ္။

ရင္ခြင္ထဲ အင့္ခနဲေရာက္လာတဲ့ ေၾကာင္ဝတုတ္ကေလးကို ခပ္သာသာေထြးဖက္လိုက္ရင္း အိပ္ပုပ္ႀကီးေနတဲ့ အခ်စ္ကိုဆက္နႈိးဖို႔ ျပင္ရေတာ့တယ္။

" အခ်စ္ေရ ထေတာ့ကြာ ... ညစာစားဖို႔ေနာက္က်ေနမယ္ေလ ... ေဟာ့ေပါ့မစားခ်င္ဘူးလား "

ေဟာ့ေပါ့ဆိုတဲ့အသံၾကားေတာ့ မ်က္စိတစ္ဖက္ဖြင့္ကာ ရိေပၚကိုေမာ့ၾကည့္လာတဲ့ အခ်စ္ပံုစံေလးကို အူယားလြန္းတာေၾကာင့္ ငံု႔နမ္းပစ္လိုက္တယ္။

" နိုးေနရဲ႕သားနဲ႔ အခ်စ္ရယ္ ... ထေတာ့ေနာ္ "

" ခဏေကြးခ်င္ေသးတယ္ "

" ဆိုးေနျပန္ပါၿပီေကာ အခ်စ္ရဲ႕ ... ေနာက္က်သြားလို႔ ဆိုင္လူျပည့္သြားရင္ေရာ "

" ..... "

" အခ်စ္ႀကိဳက္တဲ့ဆိုင္ေလ "

မၾကည္မသာနဲ႔ ဖြင့္ၾကည့္လာတဲ့ ယုန္မ်က္ဝန္းသြယ္ေလးေတြေၾကာင့္ ရိေပၚျမဴစြယ္တာ ထိေရာက္သြားပံုရတယ္။ တဖန္မ်က္စိစံုမွိတ္ၿပီး ပါးစပ္ကေလးဝိုင္းလို႔ သန္းေဝေနျပန္ေသးတာေၾကာင့္ ရိေပၚလက္ထဲက က်င္းေကာ္ေလးကိုေဘးခ်ၿပီး အခ်စ္ကိုဆိုဖာေပၚကေန ဆြဲထူပစ္လိုက္တယ္။

" ျပန္မအိပ္နဲ႔ေတာ့ေနာ္ အခ်စ္ ... ကိုယ္လည္း ဗိုက္ဆာေနၿပီ "

" အြန္းးး ... "

" မ်က္လံုးကိုမပြတ္နဲ႔ေလ အခ်စ္ရဲ႕ "

အိပ္ခ်င္မူးတူးနဲ႔ မ်က္လံုးကိုပြတ္ဖို႔ျပင္ေနတဲ့ အခ်စ္ေၾကာင့္ လက္ကေလးေတြကို ဆြဲထားရျပန္ေသးတယ္။ ေတာ္ၾကာ မ်က္လံုးေလးနာသြားမွျဖင့္။

" အင္း ေမာင္ ... ဘယ္အခ်ိန္ရွိေနၿပီလဲ "

" ေျခာက္နာရီခြဲၿပီးၿပီအခ်စ္ရဲ႕ ... ညစာစားခ်ိန္နီးေနၿပီ "

" ဟြန္ "

မယံုသလိုနွင့္ မ်က္ေမွာင္ေလးေတြတြန္႔ေကြးၿပီး ရိေပၚကိုေက်ာ္ၿပီး အျပင္ဘက္ကို လွမ္းၾကည့္ေနတဲ့အခ်စ္က ေထြးပိုက္ထားခ်င္စရာေလး။ ေန႔တာတိုတာေၾကာင့္ အျပင္မွာေမွာင္စျပဳေနတဲ့ ျမင္ကြင္းနဲ႔ မီးအလင္းေရာင္ေလးေတြကိုျမင္မွသာ အခ်စ္ကရိေပၚဘက္ကို လွည့္ၾကည့္ေတာ့တယ္။

" ထပါေတာ့ကြာ ... သြားရေအာင္ေနာ္ အခ်စ္ "

ရိေပၚစကားကို အခ်စ္က အင္းမလုပ္အဲမလုပ္နဲ႔ ျပန္မေျဖပဲ ေခါင္းကဆံပင္ေတြကို ထိုးဖြေနျပန္တယ္။ အိပ္ေရးမဝေသးတဲ့ မ်က္လံုးေလးေတြက ေမွးစင္းေနတုန္း။

" သြား ... မယ္ "

" ဟားဟား ~ ကိုယ့္အခ်စ္ရယ္ "

လႈပ္လီလႈပ္လဲ့နဲ႔ ဆိုဖာေပၚကထလာၿပီး ခြၽတ္ထားတဲ့အေႏြးထည္ေတြကို အခ်စ္က ေကာက္ဝတ္ေနျပန္တယ္။ ရိေပၚလည္း အခ်စ္အေႏြးထည္ဝတ္ေနတုန္း က်င္းေကာ္ေလးကို အိတ္ကေလးထဲ ဂရုတစိုက္ ျပန္ထည့္ေနလိုက္တယ္။

" မနက္ျဖန္က်ရင္လည္း ကိုယ့္ကိုဟင္းခ်က္ေကြၽးေနည္ အခ်စ္ "

" ဒီေန႔လိုပဲ လာပို႔ရမွာလား "

" ဘယ္ဟုတ္မလဲ အခ်စ္ရဲ႕ ... ကိုယ္ကုမၸဏီမလာေတာ့ဘူးေလ ... တစ္ေနကုန္ အခ်စ္နဲ႔အတူေနမွာ "

" ဟြန္း ... ငါေတာ့ ေတာက္တဲ့ကပ္ခံရေတာ့မွာပဲ "

နွာေခါင္းေလးကိုရႈံ႕ရင္း ေျပာေနတဲ့အခ်စ္ေၾကာင့္ ရိေပၚ ခပ္ဟဟ ရယ္လိုက္တယ္။ ရိေပၚရံုးခန္းထဲကေန ကားပါးကင္ထိ သြားေနတဲ့လမ္းတစ္ေလွ်ာက္မွာ ရိေပၚက အခ်စ္ရဲ႕လက္ေတြကို ခပ္တင္းတင္းဆုပ္ကိုင္ထားတယ္။ ဒီလူက ရိေပၚအပိုင္ဆိုတဲ့ သေဘာမ်ိဳးပဲ။

အလာတုန္းက က်င္းေကာ္ေလးကို ရင္ခြင္ထဲေပြ႕ထားတာက ေရွာင္းက်န္႔ျဖစ္ေပမယ့္ အျပန္မွာေတာ့ ရိေပၚက က်င္းေကာ္ေလးကို ဂရုတစိုက္ ရင္ဘတ္ထဲ ထည့္လြယ္ထားတယ္။ ရာသီဥတုက ခ်မ္းလို႔ထင္ပါတယ္။ အေႏြးဓာတ္ကေလးေၾကာင့္ က်င္းေကာ္က အိပ္ငိုက္စျပဳေနၿပီ။

" အိပ္ၿပီးမလိုက္နဲ႔ေလ အခ်စ္ရဲ႕ ... အိပ္ေပ်ာ္သြားရင္ မစားခ်င္ေတာ့ပဲေနမယ္ "

" ခဏေလးေမွးမလို႔ပါ ေမာင္ရယ္ "

ကားထဲေရာက္လာနဲ႔ ကားကူရွင္ကိုေလ်ာခ်ၿပီး အိပ္ဖို႔ျပင္ေနတဲ့အခ်စ္ေၾကာင့္ ရိေပၚက အလ်င္အျမန္ဟန္႔တားလိုက္ရတယ္။

" ေမာင့္ ပခံုးေပၚမွီထား "

" ခ်စ္လိုက္တာ ေမာင့္ကို "

ရိေပၚပါးကို မြကနဲနမ္းၿပီး ရိေပၚပခံုးေပၚ ေခါင္းမွီတင္လာတဲ့ အခ်စ္က မူလရည္႐ြယ္ခ်က္အတိုင္း အိပ္ဖို႔ျပင္ေနျပန္တယ္ ။ ကားေနာက္ခန္းက က်င္းေကာ္ေလးကလည္း အသံမထြက္ပဲ ၿငိမ္ေနေတာ့တယ္။

ရိေပၚလည္း ပခံုးေပၚက အခ်စ္ေခါင္းေလးကို တစ္ခ်က္နမ္းလိုက္ၿပီး ႀကိဳၿပီးဘိုကင္ယူထားတဲ့ ေဟာ့ေပါ့ဆိုင္ကို ဦးတည္လိုက္ေတာ့တယ္။

ေရွာင္းက်န္႔ကေတာ့ အိပ္မယ္သာေျပာလိုက္ေပမယ့္ တကယ့္တကယ္ကေတာ့ အိပ္မေပ်ာ္။ ခပ္တင္းတင္းဆုပ္ကိုင္ခံထားရတဲ့ ရိေပၚရဲ႕လက္တစ္ဖက္ကို ခပ္ဖြဖြနမ္းရင္း အလုပ္ရႈပ္ေနတယ္။

ရိေပၚကိုေမာ့ၾကည့္လိုက္ေတာ့ နႈတ္ခမ္းေထာင့္စြန္းေလးက ေကာ့လြင့္ေနေအာင္ ၿပံဳးေနတာမလို႔ ေရွာင္းက်န္႔လည္း လိုက္ၿပံဳးမိတယ္။ ဟိုအရင္က စိတ္ကစားတယ္ထင္ခဲ့တဲ့ လူငယ္ေလးက လူႀကီးေလးတစ္ေယာက္လို ေရွာင္းက်န္႔အေပၚ သိပ္ဂရုစိုက္ေပးေတာ့ ေရွာင္းက်န္႔မွာ နစ္ဝင္ၿပီးရင္း နစ္ဝင္ေနရေတာ့တာပဲ။

" က်င္းေကာ္ေလးကို ဘယ္လိုလုပ္မလဲ အခ်စ္ "

" အာ ... ဟုတ္သားပဲ ... သမီးေလး "

" ေခၚခဲ့လိုက္မယ္ "

" သူမ်ားဆိုင္မွာ အားနာစရာႀကီးေလ ေမာင္ "

ေဟာ့ေပါ့ဆိုင္ေရာက္ေတာ့ ကားပါကင္ထိုးၿပီးေတာ့ ရိေပၚမွာ ကားေနာက္ခန္းက က်င္းေကာ္ေလးကို လွည့္ၾကည့္ရင္း ေဝခြဲရခက္ေနရတယ္။

" သမီးေလးက အိပ္ေနတာပဲကို ... ထားခဲ့လိုက္မလား "

" အိတ္ကေလး ဖြင့္ထားခဲ့လိုက္အခ်စ္ ... အစာခြက္ေလးပါတယ္မလား ... အစာခြက္နဲ႔ ေရေရာထားခဲ့ေပးရေအာင္ "

" အြန္း "

ေရွာင္းက်န္႔လည္း ရိေပၚအႀကံေပးသလို ျမန္ျမန္ဆန္ဆန္လုပ္လိုက္ေတာ့တယ္။ ကားတံခါးကို အရင္ဖြင့္ၿပီး ဆင္းသြားရဲ႕ရိေပၚက တစ္ဖက္ကိုေရာက္လာၿပီး ေရွာင္းက်န္႔ေဘးက တံခါးကိုကာ ဖြင့္ေပးတယ္။

" အမ်ားႀကီးေတာ့ စားလို႔မရဘူးေနာ္ အခ်စ္ ... ရင္ျပည့္မယ္ " 

" ငါသိပါတယ္ ေမာင္ "

" နားမေထာင္မွာစိုးလို႔ပါ ကိုယ့္အသက္ရယ္ "

ႀကိဳတင္မွာထားတဲ့ သီးသန္႔ခန္းထဲေရာက္ေတာ့ ေဟာ့ေပါ့အိုးက အဆင္သင့္ျဖစ္ေနတာမလို႔ အခန္းထဲမွာ ေရွာင္းက်န္႔သိပ္ႀကိဳက္တဲ့ ေဟာ့ေပါ့အစပ္ရနံ႔က ေမႊးပ်ံ့ေနတယ္။ အစပ္သိပ္မစားနိုင္တဲ့ ရိေပၚအတြက္ သပ္သပ္တစ္အိုးေတြ႕တာမလို႔ ေရွာင္းက်န္႔မွာ ဘာမွေမးျမန္းမေနေတာ့ပဲ ခပ္ျမန္ျမန္ပဲ ထိုင္စားေတာ့တယ္။

" အရမ္းမစားရဘူးေနာ္ အခ်စ္ ... အစပ္အိုးက အခ်စ္ႀကိဳက္လို႔သာ မွာထားေပးတာ ... ဗိုက္ေအာင့္မယ္ "

" အြန္း အြန္း "

ပါးေစာင္ထဲမွာ အသားေတြကို အျပည့္အသိပ္ထည့္ထားတဲ့ အခ်စ္က ရိေပၚစကားကိုေတာင္ ျပန္မေျဖနိုင္ေတာ့ဘူး။ ပါးေလးနွစ္ဖက္ေဖာင္းကားေနတဲ့ အခ်စ္ကိုၾကည့္ရင္း ရိေ့ာ္မွာ အသည္းတယားယားနဲ႔ ခ်စ္ရတယ္။ စားပြဲေပၚေခါက္တင္ထားတဲ့ တစ္သွ်ဴးတ္စကိုယူရင္း အခ်စ္နႈတ္ခမ္းေထာင့္က ငရုပ္သီးအနွစ္ေတြကို လွမ္းသုတ္ေပးေတာ့ အစားစားေနတာကိုရပ္ၿပီး ရိေပၚလုပ္သမွ်ကို ၿငိမ္ေနေပးတယ္။

" ဗိုက္တင္းသြားၿပီ ေမာင္ "

" အကုန္လံုးလည္း ကုန္ေနၿပီေလ အခ်စ္ရဲ႕ "

" ေမာင္ေနာ္ ... "

" ဟား ဟား ... အခ်စ္ရယ္ "

လြင့္ခနဲဝဲလာတဲ့ မ်က္ေစာင္းေလးေၾကာင့္ ရိေပၚမွာ ေခါင္းေမာ့ၿပီး တဟားဟားရယ္မိေတာ့တယ္။ ဗိုက္ကေလးကိုပြတ္လို႔ ထိုင္ခံုကိုမွီထိုင္ထားတဲ့အခ်စ္က အေတာ္ကိုဗိုက္တင္းသြားပံုရတယ္။

" ျပန္ၾကမယ္ေနာ္ ... ကားေပၚမွာလည္း က်င္းေကာ္ေလးတစ္ေကာင္တည္း "

" အြန္းးး "

ဗိုက္အျပည့္အတင္းစားထားလို႔ ငိုက္စျပဳေနတဲ့အခ်စ္က ရိေပၚကို မ်က္လံုးေမွးစင္းစင္းေလးေတြနဲ႔ ေမာ့ၾကည့္ရင္းေျဖတယ္။

" လာ အခ်စ္ "

ကမ္းေပးလာတဲ့ ရိေပၚရဲ႕လက္တစ္ဖက္ကို ေရွာင္းက်န္႔ဆြဲကိုင္ပစ္လိုက္ၿပီး ထိုင္ေနရာကေန ထရပ္လိုက္တယ္။ ဘယ္အခ်ိန္မဆို ရိေပၚက လက္တစ္ဖက္နဲ႔ေတာင္ ေရွာင္းက်န္႔ကို ေႏြးေထြးမႈအျပည့္အဝ ေပးနိုင္တယ္။

ေကာင္တာမွာေငြရွင္းေနတဲ့ ရိေပၚကိုေစာင့္ရင္း ေကာင္တာေပၚက သၾကားလံုးေလးေတြကို ေရွာင္းက်န္႔ယူစားမိေသးတယ္။

" အိမ္ပဲတန္းျပန္ခ်င္လား အခ်စ္ ... တစ္ေနရာရာသြားခ်င္ေသးလား "

" ျမစ္ကမ္းေဘးသြားရေအာင္ "

" ျမစ္ကမ္းေဘးက ေအးေနမယ္ေလ အခ်စ္ရယ္ "

" ေမာင္ ဖက္ထားေပးေပါ့ "

စကားတတ္လွတဲ့အခ်စ္ေၾကာင့္ ရိေပၚမွာ ခ်စ္မဝ။ ကားထဲကိုျပန္ေရာက္ေတာ့ အအိက္မက္တဲ့ ေၾကာင္ဖက္တီးကေလးက်င္းေကာ္က အိပ္ေနတုန္းပဲ။ ရိေပၚေရာ အခ်စ္ေရာ က်င္းေကာကိုၾကည့္လို႔ သေဘာတက်ၿပံဳးလိုက္ၿပီးေနာက္ အခ်စ္သြားခ်င္တဲ့ ျမစ္ကမ္းဆီကားေမာင္းသြားလိုက္တယ္။

" ေမာင္ ! ေမာင္ေရ ၾကည့္ပါဦး ... နွင္းေတြ ~ နွင္းက်ေနၿပီ ေမာင္ "

" ပထမဆံုးနွင္းပဲ "

ကားေမာင္းေနရင္း အလန္႔တၾကားထေအာ္တဲ့ အခ်စ္ေၾကာင့္ ရိေပၚလည္း ကားအျပင္ဘက္ကိုၾကည့္လိုက္ေတာ့ ေကာင္းကင္ကေန လြင့္ခနဲလြင့္ခနဲက်လာတဲ့ နွင္းစေတြ။

" ကားရပ္ေပး ေမာင္ ... ေအာက္ဆင္းၿပီး ၾကည့္ရေအာင္ "

" ခဏေလး အခ်စ္ ... ျမစ္ကမ္းေဘးေရာက္ေတာ့မယ္ေလ ... အဲ့က်မွၾကည့္ေနာ္ "

" အင္းအင္း ~ ျမန္ျမန္ "

စိတ္လႈပ္ရွားေနတဲ့အခ်စ္က ကားမွန္ကိုခ်ၿပီး အျပင္ဘက္က နွင္းေတြကို ရႈစားေတာ္မူတယ္။ ရိေပၚမွာ ကားေမာင္းေနရင္း အခ်စ္ပံုစံေလးကို သေဘာတက်။

" အခ်စ္ ေနဦးေလ "

ျမစ္ကမ္းေဘးမွာ ကားရပ္ၿပီးတာနဲ႔ ကားေပၚကေန ခ်က္ခ်င္းဆင္းသြားတဲ့အခ်စ္ေၾကာင့္ ရိေပၚမွာ စကားဆံုးေအာင္ေတာင္ မတားလိုက္ရဘူး။

အေႏြးထည္ထူထူေလးေအာက္မွာ ျမဳပ္ေနတဲ့အခ်စ္က ေကာင္းကင္ကိုေမာ့ၾကည့္ၿပီး အေတာ္ေပ်ာ္ေနပံုရတယ္။

" ခ်မ္းတယ္မလား အခ်စ္ "

အေနာက္ကေန ေရွာင္းက်န္႔ကို ေထြးေပြ႕လာၿပီး ခပ္တိုးတိုးေမးလာတဲ့ ရိေပၚတဲ့ ၾသရွရွအသံေၾကာင့္ ခ်မ္းေအးေနတဲ့ၾကားကေန ရင္ခုန္သြားရျပန္တယ္။

" ေႏြးတယ္ ေမာင္ "

ခါးတစ္ဝိုက္ကို ပိုတိုးလို႔ဖက္လာတဲ့ရိေပၚက ေရွာင္းက်န္႔ရဲ႕နား႐ြက္ေလးေတြကို ေနာက္ကေန ခပ္ဖြဖြနမ္းေနျပန္တယ္။

" ပထမဆံုးနွင္းက်တဲ့ေန႔မွာ အတူတူရွိေနေပးတယ္ေနာ္ အခ်စ္ "

" အင္း "

" ေတာ္ေသးတာေပါ့ အခ်စ္ရယ္ ... ကိုယ့္အလုပ္ေတြ ၿပီးသြားလို႔သာေပါ့ "

" ငါေပ်ာ္တယ္ ေမာင္ "

အခ်စ္က ေနာက္ကေန သိုင္းဖက္ထားတဲ့ ရိေပၚရဲ႕လက္ေတြကို အုပ္ကိုင္ရင္း ေကာင္းကင္ကိုေမာ့ၾကည့္ေနျပန္တယ္။ ရိေပၚကေတာ့ ထံုးစံအတိုင္း အခ်စ္ရဲ႕မ်က္ဝန္းထဲက ၾကယ္ကေလးေတြကိုပဲ ေငးတယ္။

" လံုေလာက္ၿပီ ေမာင္ "

" ဟင္ "

" မင္းငါ့အေပၚခ်စ္ေပးတာ လံုေလာက္တာထက္ အမ်ားႀကီးကိုပိုတယ္ "

" ပိုခ်စ္မွာေပါ့ အခ်စ္ရယ္ "

ရိေပၚက အခ်စ္ရဲ႕ ေအးစက္စျပဳေနတဲ့ ပါးေလးတစ္ဖက္ကို ဖိနမ္းပစ္လိုက္တယ္။ ၿပံဳးလိုက္လို႔ ေရးေရးေလးေပၚလာတဲ့ ပါးခ်ိဳင့္ေသးေသးေလးကိုလည္း နမ္းမဝျပန္ပါဘူး။

" ကိုယ့္ကို လက္ထပ္မလား အခ်စ္ "

" ေမာင္ ~ "

အဖ်ားခတ္ေနတဲ့ အေခၚေလးနဲ႔အတူ အခ်စ္က ရိေပၚဖက္ထားတဲ့ လက္ေတြကိုအသာျဖဳတ္ခ်ၿပီး ရိေပၚနဲ႔ မ်က္နွာခ်င္းဆိုင္ကိုလွည့္လာတယ္။

" ကိုယ့္ကို လက္ထပ္မယ္မလား "

" အဆင္သင့္ျဖစ္ေနၿပီလား ေမာင္ "

" ကိုယ္က အၿမဲတမ္းအဆင္သင့္ပါပဲ "

ရိေပၚျမတ္နိုးရတဲ့ ၾကယ္အစုအေဝးေလးေတြမွာ မ်က္ရည္စေတြက ေဝ့သီလာတယ္။ ဒီကေကာင္က အၿမဲတမ္းအဆင္သင့္ေပါ့ အခ်စ္ရယ္။

" လက္ထပ္ၾကမယ္ ေမာင္ "

တသိမ့္သိမ့္ခုန္ေနတဲ့ ရင္အစံုေၾကာင့္ ရိေပၚမွာ စကားမေျပာနိုင္ေတာ့ပဲ အခ်စ္ကို ၿပံဳးရင္းပဲ ၾကည့္ေနနိုင္ေတာ့တယ္။ အခ်စ္ကလည္း နားလည္ပါတယ္။ ရိေပၚက မေျပာလည္း ရင္ထဲကစကားေတြကို အခ်စ္ကသိတယ္။

" အေပ်ာ္႐ႊင္ဆံုးျဖစ္ေစရပါမယ္ အခ်စ္ရယ္ "

ဒီေလာက္ပဲ။ စကားလံုးေတြက အမ်ားႀကီးမလိုဘူးရယ္။

ထိကပ္သြားတဲ့ နႈတ္ခမ္းအစံုက ပြတ္တိုက္မႈေၾကာင့္ တျဖည္းျဖည္း ေႏြးေထြးလာတယ္။ တင္းၾကပ္ေနေအာင္ ဖက္ထားခံရတဲ့ ေရွာင္းက်န္႔က ရိေပၚရဲ႕ ေဖာေဖာသီသီအနမ္းေတြၾကားမွာ ၿပံဳးရတယ္။

" ေမာင္နဲ႔ဆိုရင္ အၿမဲတမ္းေပ်ာ္ရမယ္လို႔ ငါယံုၾကည္တယ္ " ဆိုတဲ့စကားကို မေျပာျဖစ္ေတာ့ဘူး။

ဒီလူကိုေတာ့ တကယ္ေသခ်ာပါၿပီ။

__________

To be continue ...

15th August,2021(Sun)
call_me_Tylor

[Unicode]

ဆိုဖာပေါ်မှာ ကွေးကွေးလေးအိပ်ပျော်နေတဲ့ အချစ်ကိုကြည့်ရင်း ရိပေါ်အသာအယာပြုံးလိုက်တယ်။ စားပွဲပေါ်က ရှုပ်ပွနေတဲ့ စာရွက်စာတမ်းတွေကိုရှင်းရင်း အလုပ်ဆင်းဖို့ အချိန်ရောက်လာတာတောင် အချစ်က နိုးမလာသေးဘူးရယ်။

အပြင်ကဆောင်းအေးအေးနဲ့ ရိပေါ်ရုံးခန်းထဲက အနွေးဓာတ်ကြောင့် အချစ်မှာ ကွေးလို့ကောင်းနေပုံရတယ်။ ရောက်ခါစက ရိပေါ်ရုံးခန်းထဲ လှည့်ပတ်စူးစမ်းပြီး ဆော့လို့ဝသွားတဲ့ ကျင်းကော်လေးကလည်း အချစ်ရဲ့ဗိုက်နားကိုကပ်ပြီး တိုးဝင်အိပ်နေရှာတယ်။

" အဟက် ! ချစ်ဖို့ကောင်းလိုက်တာ "

အိပ်မောကျနေတဲ့အချစ်နဲ့ ကျင်းကော်လေးအိပ်နေပုံကိုကြည့်ရင်း ရိပေါ်မှာ မနေနိုင်မထိုင်နိုင် ပါးစပ်ကနေ ထုတ်ပြောမိတဲ့အထဲပဲ။ ဘာဆေးတွေများစားထားလို့ ဒီလိုတွေ ချစ်ဖို့ကောင်းနေရတာပါလိမ့်။

ဖိုင်တွဲတွေစီလိုပြီးသွားတော့ အချစ်အိပ်နေတဲ့ဆိုဖာနားလေးကို ဖြည်းဖြည်းသာသာတိုးသွားရင်း နှိုးဖို့ကြံရတော့တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံရတဲ့အချစ်ကို မနှိုးရက်ပေမယ့် အပြင်မှာလည်း မှောင်နေပြီမလို့ ညစာစားချိန်မနောက်ကျအောင် နှိုးမှဖြစ်တော့မှာ။

" အချစ် ... ကိုယ့်အချစ်ရေ ထတော့လေကွာ "

" အင်းဟင့် "

" ဟားးး ... အချစ်ကတော့ "

အချစ်အိပ်နေတဲ့ ဆိုဖာနားလေးကို ရိပေါ်က ထိုင်ထျလိုက်ရင်း မျက်နှာလေးကိုကိုင်ကာ ခပ်တိုးတိုးနှိုးတော့ အချစ်ကထမလာတဲ့အပြင် ရိပေါ်လက်ကိုဆွဲယူလို့ ရင်ခွင်ထဲထည့်ပြီတောင် ပြန်အိပ်သွားသေးတယ်။ ရိပေါ်မှာ အချစ်ပုံစံလေးကို ချစ်လိုက်ရတာများ။

" ညှောင် ~ "

" အယ် ... နိုးပြီလား ကျင်းကော်လေး "

တကယ်ပါပဲ။ သားအဖနှစ်ယောက်မှာ အဖေကိုအရင်နှိုးလိုက်ပေမယ့် ကြောင်ဝတုတ်မလေးက အရင်နိုးလာပြန်တော့ ရိပေါ်မှာ သဘောတကျပြုံးရပြန်တယ်။ အိပ်ယာနိုးလာလို့ အကြောတွေဆန့်ပြီးတဲ့ ကျင်းကော်က ဆိုဖာဘေးမှာထိုင်နေတဲ့ ရိပေါ်ဆီကို ခုန်တက်လာတယ်။

ရင်ခွင်ထဲ အင့်ခနဲရောက်လာတဲ့ ကြောင်ဝတုတ်ကလေးကို ခပ်သာသာထွေးဖက်လိုက်ရင်း အိပ်ပုပ်ကြီးနေတဲ့ အချစ်ကိုဆက်နှိုးဖို့ ပြင်ရတော့တယ်။

" အချစ်ရေ ထတော့ကွာ ... ညစာစားဖို့နောက်ကျနေမယ်လေ ... ဟော့ပေါ့မစားချင်ဘူးလား "

ဟော့ပေါ့ဆိုတဲ့အသံကြားတော့ မျက်စိတစ်ဖက်ဖွင့်ကာ ရိပေါ်ကိုမော့ကြည့်လာတဲ့ အချစ်ပုံစံလေးကို အူယားလွန်းတာကြောင့် ငုံ့နမ်းပစ်လိုက်တယ်။

" နိုးနေရဲ့သားနဲ့ အချစ်ရယ် ... ထတော့နော် "

" ခဏကွေးချင်သေးတယ် "

" ဆိုးနေပြန်ပါပြီကော အချစ်ရဲ့ ... နောက်ကျသွားလို့ ဆိုင်လူပြည့်သွားရင်ရော "

" ..... "

" အချစ်ကြိုက်တဲ့ဆိုင်လေ "

မကြည်မသာနဲ့ ဖွင့်ကြည့်လာတဲ့ ယုန်မျက်ဝန်းသွယ်လေးတွေကြောင့် ရိပေါ်မြူစွယ်တာ ထိရောက်သွားပုံရတယ်။ တဖန်မျက်စိစုံမှိတ်ပြီး ပါးစပ်ကလေးဝိုင်းလို့ သန်းဝေနေပြန်သေးတာကြောင့် ရိပေါ်လက်ထဲက ကျင်းကော်လေးကိုဘေးချပြီး အချစ်ကိုဆိုဖာပေါ်ကနေ ဆွဲထူပစ်လိုက်တယ်။

" ပြန်မအိပ်နဲ့တော့နော် အချစ် ... ကိုယ်လည်း ဗိုက်ဆာနေပြီ "

" အွန်းးး ... "

" မျက်လုံးကိုမပွတ်နဲ့လေ အချစ်ရဲ့ "

အိပ်ချင်မူးတူးနဲ့ မျက်လုံးကိုပွတ်ဖို့ပြင်နေတဲ့ အချစ်ကြောင့် လက်ကလေးတွေကို ဆွဲထားရပြန်သေးတယ်။ တော်ကြာ မျက်လုံးလေးနာသွားမှဖြင့်။

" အင်း မောင် ... ဘယ်အချိန်ရှိနေပြီလဲ "

" ခြောက်နာရီခွဲပြီးပြီအချစ်ရဲ့ ... ညစာစားချိန်နီးနေပြီ "

" ဟွန် "

မယုံသလိုနှင့် မျက်မှောင်လေးတွေတွန့်ကွေးပြီး ရိပေါ်ကိုကျော်ပြီး အပြင်ဘက်ကို လှမ်းကြည့်နေတဲ့အချစ်က ထွေးပိုက်ထားချင်စရာလေး။ နေ့တာတိုတာကြောင့် အပြင်မှာမှောင်စပြုနေတဲ့ မြင်ကွင်းနဲ့ မီးအလင်းရောင်လေးတွေကိုမြင်မှသာ အချစ်ကရိပေါ်ဘက်ကို လှည့်ကြည့်တော့တယ်။

" ထပါတော့ကွာ ... သွားရအောင်နော် အချစ် "

ရိပေါ်စကားကို အချစ်က အင်းမလုပ်အဲမလုပ်နဲ့ ပြန်မဖြေပဲ ခေါင်းကဆံပင်တွေကို ထိုးဖွနေပြန်တယ်။ အိပ်ရေးမဝသေးတဲ့ မျက်လုံးလေးတွေက မှေးစင်းနေတုန်း။

" သွား ... မယ် "

" ဟားဟား ~ ကိုယ့်အချစ်ရယ် "

လှုပ်လီလှုပ်လဲ့နဲ့ ဆိုဖာပေါ်ကထလာပြီး ချွတ်ထားတဲ့အနွေးထည်တွေကို အချစ်က ကောက်ဝတ်နေပြန်တယ်။ ရိပေါ်လည်း အချစ်အနွေးထည်ဝတ်နေတုန်း ကျင်းကော်လေးကို အိတ်ကလေးထဲ ဂရုတစိုက် ပြန်ထည့်နေလိုက်တယ်။

" မနက်ဖြန်ကျရင်လည်း ကိုယ့်ကိုဟင်းချက်ကျွေးနေည် အချစ် "

" ဒီနေ့လိုပဲ လာပို့ရမှာလား "

" ဘယ်ဟုတ်မလဲ အချစ်ရဲ့ ... ကိုယ်ကုမ္ပဏီမလာတော့ဘူးလေ ... တစ်နေကုန် အချစ်နဲ့အတူနေမှာ "

" ဟွန်း ... ငါတော့ တောက်တဲ့ကပ်ခံရတော့မှာပဲ "

နှာခေါင်းလေးကိုရှုံ့ရင်း ပြောနေတဲ့အချစ်ကြောင့် ရိပေါ် ခပ်ဟဟ ရယ်လိုက်တယ်။ ရိပေါ်ရုံးခန်းထဲကနေ ကားပါးကင်ထိ သွားနေတဲ့လမ်းတစ်လျှောက်မှာ ရိပေါ်က အချစ်ရဲ့လက်တွေကို ခပ်တင်းတင်းဆုပ်ကိုင်ထားတယ်။ ဒီလူက ရိပေါ်အပိုင်ဆိုတဲ့ သဘောမျိုးပဲ။

အလာတုန်းက ကျင်းကော်လေးကို ရင်ခွင်ထဲပွေ့ထားတာက ရှောင်းကျန့်ဖြစ်ပေမယ့် အပြန်မှာတော့ ရိပေါ်က ကျင်းကော်လေးကို ဂရုတစိုက် ရင်ဘတ်ထဲ ထည့်လွယ်ထားတယ်။ ရာသီဥတုက ချမ်းလို့ထင်ပါတယ်။ အနွေးဓာတ်ကလေးကြောင့် ကျင်းကော်က အိပ်ငိုက်စပြုနေပြီ။

" အိပ်ပြီးမလိုက်နဲ့လေ အချစ်ရဲ့ ... အိပ်ပျော်သွားရင် မစားချင်တော့ပဲနေမယ် "

" ခဏလေးမှေးမလို့ပါ မောင်ရယ် "

ကားထဲရောက်လာနဲ့ ကားကူရှင်ကိုလျောချပြီး အိပ်ဖို့ပြင်နေတဲ့အချစ်ကြောင့် ရိပေါ်က အလျင်အမြန်ဟန့်တားလိုက်ရတယ်။

" မောင့် ပခုံးပေါ်မှီထား "

" ချစ်လိုက်တာ မောင့်ကို "

ရိပေါ်ပါးကို မွကနဲနမ်းပြီး ရိပေါ်ပခုံးပေါ် ခေါင်းမှီတင်လာတဲ့ အချစ်က မူလရည်ရွယ်ချက်အတိုင်း အိပ်ဖို့ပြင်နေပြန်တယ် ။ ကားနောက်ခန်းက ကျင်းကော်လေးကလည်း အသံမထွက်ပဲ ငြိမ်နေတော့တယ်။

ရိပေါ်လည်း ပခုံးပေါ်က အချစ်ခေါင်းလေးကို တစ်ချက်နမ်းလိုက်ပြီး ကြိုပြီးဘိုကင်ယူထားတဲ့ ဟော့ပေါ့ဆိုင်ကို ဦးတည်လိုက်တော့တယ်။

ရှောင်းကျန့်ကတော့ အိပ်မယ်သာပြောလိုက်ပေမယ့် တကယ့်တကယ်ကတော့ အိပ်မပျော်။ ခပ်တင်းတင်းဆုပ်ကိုင်ခံထားရတဲ့ ရိပေါ်ရဲ့လက်တစ်ဖက်ကို ခပ်ဖွဖွနမ်းရင်း အလုပ်ရှုပ်နေတယ်။

ရိပေါ်ကိုမော့ကြည့်လိုက်တော့ နှုတ်ခမ်းထောင့်စွန်းလေးက ကော့လွင့်နေအောင် ပြုံးနေတာမလို့ ရှောင်းကျန့်လည်း လိုက်ပြုံးမိတယ်။ ဟိုအရင်က စိတ်ကစားတယ်ထင်ခဲ့တဲ့ လူငယ်လေးက လူကြီးလေးတစ်ယောက်လို ရှောင်းကျန့်အပေါ် သိပ်ဂရုစိုက်ပေးတော့ ရှောင်းကျန့်မှာ နစ်ဝင်ပြီးရင်း နစ်ဝင်နေရတော့တာပဲ။

" ကျင်းကော်လေးကို ဘယ်လိုလုပ်မလဲ အချစ် "

" အာ ... ဟုတ်သားပဲ ... သမီးလေး "

" ခေါ်ခဲ့လိုက်မယ် "

" သူများဆိုင်မှာ အားနာစရာကြီးလေ မောင် "

ဟော့ပေါ့ဆိုင်ရောက်တော့ ကားပါကင်ထိုးပြီးတော့ ရိပေါ်မှာ ကားနောက်ခန်းက ကျင်းကော်လေးကို လှည့်ကြည့်ရင်း ဝေခွဲရခက်နေရတယ်။

" သမီးလေးက အိပ်နေတာပဲကို ... ထားခဲ့လိုက်မလား "

" အိတ်ကလေး ဖွင့်ထားခဲ့လိုက်အချစ် ... အစာခွက်လေးပါတယ်မလား ... အစာခွက်နဲ့ ရေရောထားခဲ့ပေးရအောင် "

" အွန်း "

ရှောင်းကျန့်လည်း ရိပေါ်အကြံပေးသလို မြန်မြန်ဆန်ဆန်လုပ်လိုက်တော့တယ်။ ကားတံခါးကို အရင်ဖွင့်ပြီး ဆင်းသွားရဲ့ရိပေါ်က တစ်ဖက်ကိုရောက်လာပြီး ရှောင်းကျန့်ဘေးက တံခါးကိုကာ ဖွင့်ပေးတယ်။

" အများကြီးတော့ စားလို့မရဘူးနော် အချစ် ... ရင်ပြည့်မယ် " 

" ငါသိပါတယ် မောင် "

" နားမထောင်မှာစိုးလို့ပါ ကိုယ့်အသက်ရယ် "

ကြိုတင်မှာထားတဲ့ သီးသန့်ခန်းထဲရောက်တော့ ဟော့ပေါ့အိုးက အဆင်သင့်ဖြစ်နေတာမလို့ အခန်းထဲမှာ ရှောင်းကျန့်သိပ်ကြိုက်တဲ့ ဟော့ပေါ့အစပ်ရနံ့က မွှေးပျံ့နေတယ်။ အစပ်သိပ်မစားနိုင်တဲ့ ရိပေါ်အတွက် သပ်သပ်တစ်အိုးတွေ့တာမလို့ ရှောင်းကျန့်မှာ ဘာမှမေးမြန်းမနေတော့ပဲ ခပ်မြန်မြန်ပဲ ထိုင်စားတော့တယ်။

" အရမ်းမစားရဘူးနော် အချစ် ... အစပ်အိုးက အချစ်ကြိုက်လို့သာ မှာထားပေးတာ ... ဗိုက်အောင့်မယ် "

" အွန်း အွန်း "

ပါးစောင်ထဲမှာ အသားတွေကို အပြည့်အသိပ်ထည့်ထားတဲ့ အချစ်က ရိပေါ်စကားကိုတောင် ပြန်မဖြေနိုင်တော့ဘူး။ ပါးလေးနှစ်ဖက်ဖောင်းကားနေတဲ့ အချစ်ကိုကြည့်ရင်း ရိေ့ာ်မှာ အသည်းတယားယားနဲ့ ချစ်ရတယ်။ စားပွဲပေါ်ခေါက်တင်ထားတဲ့ တစ်သျှူးတ်စကိုယူရင်း အချစ်နှုတ်ခမ်းထောင့်က ငရုပ်သီးအနှစ်တွေကို လှမ်းသုတ်ပေးတော့ အစားစားနေတာကိုရပ်ပြီး ရိပေါ်လုပ်သမျှကို ငြိမ်နေပေးတယ်။

" ဗိုက်တင်းသွားပြီ မောင် "

" အကုန်လုံးလည်း ကုန်နေပြီလေ အချစ်ရဲ့ "

" မောင်နော် ... "

" ဟား ဟား ... အချစ်ရယ် "

လွင့်ခနဲဝဲလာတဲ့ မျက်စောင်းလေးကြောင့် ရိပေါ်မှာ ခေါင်းမော့ပြီး တဟားဟားရယ်မိတော့တယ်။ ဗိုက်ကလေးကိုပွတ်လို့ ထိုင်ခုံကိုမှီထိုင်ထားတဲ့အချစ်က အတော်ကိုဗိုက်တင်းသွားပုံရတယ်။

" ပြန်ကြမယ်နော် ... ကားပေါ်မှာလည်း ကျင်းကော်လေးတစ်ကောင်တည်း "

" အွန်းးး "

ဗိုက်အပြည့်အတင်းစားထားလို့ ငိုက်စပြုနေတဲ့အချစ်က ရိပေါ်ကို မျက်လုံးမှေးစင်းစင်းလေးတွေနဲ့ မော့ကြည့်ရင်းဖြေတယ်။

" လာ အချစ် "

ကမ်းပေးလာတဲ့ ရိပေါ်ရဲ့လက်တစ်ဖက်ကို ရှောင်းကျန့်ဆွဲကိုင်ပစ်လိုက်ပြီး ထိုင်နေရာကနေ ထရပ်လိုက်တယ်။ ဘယ်အချိန်မဆို ရိပေါ်က လက်တစ်ဖက်နဲ့တောင် ရှောင်းကျန့်ကို နွေးထွေးမှုအပြည့်အဝ ပေးနိုင်တယ်။

ကောင်တာမှာငွေရှင်းနေတဲ့ ရိပေါ်ကိုစောင့်ရင်း ကောင်တာပေါ်က သကြားလုံးလေးတွေကို ရှောင်းကျန့်ယူစားမိသေးတယ်။

" အိမ်ပဲတန်းပြန်ချင်လား အချစ် ... တစ်နေရာရာသွားချင်သေးလား "

" မြစ်ကမ်းဘေးသွားရအောင် "

" မြစ်ကမ်းဘေးက အေးနေမယ်လေ အချစ်ရယ် "

" မောင် ဖက်ထားပေးပေါ့ "

စကားတတ်လှတဲ့အချစ်ကြောင့် ရိပေါ်မှာ ချစ်မဝ။ ကားထဲကိုပြန်ရောက်တော့ အအိက်မက်တဲ့ ကြောင်ဖက်တီးကလေးကျင်းကော်က အိပ်နေတုန်းပဲ။ ရိပေါ်ရော အချစ်ရော ကျင်းကောကိုကြည့်လို့ သဘောတကျပြုံးလိုက်ပြီးနောက် အချစ်သွားချင်တဲ့ မြစ်ကမ်းဆီကားမောင်းသွားလိုက်တယ်။

" မောင် ! မောင်ရေ ကြည့်ပါဦး ... နှင်းတွေ ~ နှင်းကျနေပြီ မောင် "

" ပထမဆုံးနှင်းပဲ "

ကားမောင်းနေရင်း အလန့်တကြားထအော်တဲ့ အချစ်ကြောင့် ရိပေါ်လည်း ကားအပြင်ဘက်ကိုကြည့်လိုက်တော့ ကောင်းကင်ကနေ လွင့်ခနဲလွင့်ခနဲကျလာတဲ့ နှင်းစတွေ။

" ကားရပ်ပေး မောင် ... အောက်ဆင်းပြီး ကြည့်ရအောင် "

" ခဏလေး အချစ် ... မြစ်ကမ်းဘေးရောက်တော့မယ်လေ ... အဲ့ကျမှကြည့်နော် "

" အင်းအင်း ~ မြန်မြန် "

စိတ်လှုပ်ရှားနေတဲ့အချစ်က ကားမှန်ကိုချပြီး အပြင်ဘက်က နှင်းတွေကို ရှုစားတော်မူတယ်။ ရိပေါ်မှာ ကားမောင်းနေရင်း အချစ်ပုံစံလေးကို သဘောတကျ။

" အချစ် နေဦးလေ "

မြစ်ကမ်းဘေးမှာ ကားရပ်ပြီးတာနဲ့ ကားပေါ်ကနေ ချက်ချင်းဆင်းသွားတဲ့အချစ်ကြောင့် ရိပေါ်မှာ စကားဆုံးအောင်တောင် မတားလိုက်ရဘူး။

အနွေးထည်ထူထူလေးအောက်မှာ မြုပ်နေတဲ့အချစ်က ကောင်းကင်ကိုမော့ကြည့်ပြီး အတော်ပျော်နေပုံရတယ်။

" ချမ်းတယ်မလား အချစ် "

အနောက်ကနေ ရှောင်းကျန့်ကို ထွေးပွေ့လာပြီး ခပ်တိုးတိုးမေးလာတဲ့ ရိပေါ်တဲ့ သြရှရှအသံကြောင့် ချမ်းအေးနေတဲ့ကြားကနေ ရင်ခုန်သွားရပြန်တယ်။

" နွေးတယ် မောင် "

ခါးတစ်ဝိုက်ကို ပိုတိုးလို့ဖက်လာတဲ့ရိပေါ်က ရှောင်းကျန့်ရဲ့နားရွက်လေးတွေကို နောက်ကနေ ခပ်ဖွဖွနမ်းနေပြန်တယ်။

" ပထမဆုံးနှင်းကျတဲ့နေ့မှာ အတူတူရှိနေပေးတယ်နော် အချစ် "

" အင်း "

" တော်သေးတာပေါ့ အချစ်ရယ် ... ကိုယ့်အလုပ်တွေ ပြီးသွားလို့သာပေါ့ "

" ငါပျော်တယ် မောင် "

အချစ်က နောက်ကနေ သိုင်းဖက်ထားတဲ့ ရိပေါ်ရဲ့လက်တွေကို အုပ်ကိုင်ရင်း ကောင်းကင်ကိုမော့ကြည့်နေပြန်တယ်။ ရိပေါ်ကတော့ ထုံးစံအတိုင်း အချစ်ရဲ့မျက်ဝန်းထဲက ကြယ်ကလေးတွေကိုပဲ ငေးတယ်။

" လုံလောက်ပြီ မောင် "

" ဟင် "

" မင်းငါ့အပေါ်ချစ်ပေးတာ လုံလောက်တာထက် အများကြီးကိုပိုတယ် "

" ပိုချစ်မှာပေါ့ အချစ်ရယ် "

ရိပေါ်က အချစ်ရဲ့ အေးစက်စပြုနေတဲ့ ပါးလေးတစ်ဖက်ကို ဖိနမ်းပစ်လိုက်တယ်။ ပြုံးလိုက်လို့ ရေးရေးလေးပေါ်လာတဲ့ ပါးချိုင့်သေးသေးလေးကိုလည်း နမ်းမဝပြန်ပါဘူး။

" ကိုယ့်ကို လက်ထပ်မလား အချစ် "

" မောင် ~ "

အဖျားခတ်နေတဲ့ အခေါ်လေးနဲ့အတူ အချစ်က ရိပေါ်ဖက်ထားတဲ့ လက်တွေကိုအသာဖြုတ်ချပြီး ရိပေါ်နဲ့ မျက်နှာချင်းဆိုင်ကိုလှည့်လာတယ်။

" ကိုယ့်ကို လက်ထပ်မယ်မလား "

" အဆင်သင့်ဖြစ်နေပြီလား မောင် "

" ကိုယ်က အမြဲတမ်းအဆင်သင့်ပါပဲ "

ရိပေါ်မြတ်နိုးရတဲ့ ကြယ်အစုအဝေးလေးတွေမှာ မျက်ရည်စတွေက ဝေ့သီလာတယ်။ ဒီကကောင်က အမြဲတမ်းအဆင်သင့်ပေါ့ အချစ်ရယ်။

" လက်ထပ်ကြမယ် မောင် "

တသိမ့်သိမ့်ခုန်နေတဲ့ ရင်အစုံကြောင့် ရိပေါ်မှာ စကားမပြောနိုင်တော့ပဲ အချစ်ကို ပြုံးရင်းပဲ ကြည့်နေနိုင်တော့တယ်။ အချစ်ကလည်း နားလည်ပါတယ်။ ရိပေါ်က မပြောလည်း ရင်ထဲကစကားတွေကို အချစ်ကသိတယ်။

" အပျော်ရွှင်ဆုံးဖြစ်စေရပါမယ် အချစ်ရယ် "

ဒီလောက်ပဲ။ စကားလုံးတွေက အများကြီးမလိုဘူးရယ်။

ထိကပ်သွားတဲ့ နှုတ်ခမ်းအစုံက ပွတ်တိုက်မှုကြောင့် တဖြည်းဖြည်း နွေးထွေးလာတယ်။ တင်းကြပ်နေအောင် ဖက်ထားခံရတဲ့ ရှောင်းကျန့်က ရိပေါ်ရဲ့ ဖောဖောသီသီအနမ်းတွေကြားမှာ ပြုံးရတယ်။

" မောင်နဲ့ဆိုရင် အမြဲတမ်းပျော်ရမယ်လို့ ငါယုံကြည်တယ် " ဆိုတဲ့စကားကို မပြောဖြစ်တော့ဘူး။

ဒီလူကိုတော့ တကယ်သေချာပါပြီ။

__________

To be continue ...

15th August,2021(Sun)
call_me_Tylor

Continue Reading

You'll Also Like

2.6M 251K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
102K 7.4K 48
It's all about heart touching love story,betrayal & hot love💗............ Karku sake abaku labari
215K 8.3K 52
နေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မ...
1.1M 77.5K 28
မင်း ငါ့လက်ကို တွဲပြီး ကောင်းတဲ့လမ်းကို ပြန်မလျှောက်နိုင်တော့ဘူးဆိုရင် ငါ မင်းလက်ကို ဆွဲပြီး အမှောင်လမ်းထဲ တူတူ လိုက်လျှောက်ပေးမယ်။ မင္း ငါ့လက္ကို တြ...