[Zawgyi]
ရိပေါ်နဲ့ ကိုကို့ရဲ့ အခြေအနေက တိုးတက်လာတယ် ပြောရမယ်။ အလုပ်ချိန်တွေမှာ ကုမ္ပဏီမှာ ရှိနေတတ်ပေမယ့် ညနေဆိုရင် ရိပေါ်က ကိုကို့ဆီကို ရောက်နေတတ်တယ်။
ရက်အနည်းငယ်ကြာပြီးတဲ့နောက် ပြန်ရောက်လာတဲ့ ကျဲလုယွမ်က ကိုကိုနဲ့ အတူရှိနေတဲ့ ရိပေါ်ကိုကြည့်ပြီး အံ့သြနေသေးတယ်။ ဒီနေ့တော့ ကိုကိုက အိမ်ပဲပြန်နေတော့မှာမလို့ ဈေးဝယ်ထွက်တော့ တောက်တဲ့ကလေးဖြစ်နေတဲ့ ရိပေါ်ကပဲ ဘေးကနေကပ်လိုက်လာပြန်တယ်။
စီးလာတဲ့ဆိုင်ကယ်ကို ကိုကို့ရဲ့ အိမ်ရှေ့မှာထားခဲ့ပြီး ရိပေါ်က ကိုကို့နောက်ကို လမ်းလျှောက်လိုက်လာတယ်။ ကိုကိုကတော့ ပြောရင်လဲ နားမထောင်တဲ့ ရိပေါ်အကြောင်း နောကြေနေပုံရတယ်။ ရိပေါ်က မခွာတမ်းလိုက်နေလဲ ဘာမှမပြောပဲ လွှတ်ထားတော့တယ်။
တီဗီကြည့်ရင်ဖြစ်ဖြစ်၊ ဒီဇိုင်းဆွဲနေရင်ဖြစ်ဖြစ် စားဖို့အားလူကြော်ထုတ်လေးတွေ ဝယ်ကာမှ ရိပေါ်က စင်ပေါ်ကရှိသမျှ အရသာစုံ အာလူးကြော်ထုပ်တွေကို ရှောင်းကျန့်တွန်းလာတဲ့ ခြင်းတောင်းထဲ စုပြုံလို့ထည့်နေတော့တယ်။
" ဝမ်ရိပေါ် ... ! ဘာလို့တွေ့သမျှ အကုန်ထည့်နေတာလဲ ... ငါပိုက်ဆံအဲ့လောက်မပါဘူးနော် "
" ကိုကိုကလဲ ကိုယ့်မှာပါတယ်လေ ... ကိုယ်ရှင်းပေးမှာပေါ့ "
" ကျစ် ! တော်ပြီ အကုန်ပြန်ထား ... ငါစားနိုင်သလောက်ပဲ ယူမှာပေါ့ ... အဲ့လောက်အများကြီး ငါမကုန်ဘူး "
" ဖြည်းဖြည်းချင်းစားနော် ကိုကို ... ဒါတွေတော့ ယူလိုက်မယ်လေ "
ကျပ်မပြည့်သလို မျက်နှာပေးနဲ့ ပြောနေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်သက်ပြင်းချလိုက်တယ်။ ပြောလဲနားမထောင်တဲ့ ရိပေါ်ကို ပြောမိတာကိုက ရှောင်းကျန့်မှားတာ။ အဲ့တာကြောင့် လုပ်ချင်ရာလုပ် ပြောမနေတော့ဘူး။
" ကိုကို ဗိုက်မဆာဘူးလား ... ကိုယ်ကုမ္ပဏီကနေ တန်းလာတာ ဘာမှမစားခဲ့ရဘူး "
" ဝမ်ရိပေါ် ... ငါမေးပါဦးမယ် ... မင်းအမြဲငါ့ဆီလာနေတာ ... လုပ်စရာအလုပ်မရှိဘူးလား "