ဝိုင် ( Y ) [Completed]

By __K_Y_A_L__

1.9M 161K 10.7K

Unicode အသက်သုံးဆယ်အရွယ် CEO နေသစ်သွေး နှင့် ဆယ့်ရှစ်နှစ်အရွယ် အချိန်ပိုင်းအလုပ်သမားလေး နှစ်သစ်ဝိုင် တို့ အမှ... More

Part 1 ( Uni )
Part 1 ( ZG )
Part 2 ( Uni )
Part 2 ( ZG )
Part 3 (Uni)
Part 3 ( ZG )
Part 4 ( Uni )
Part 4 ( ZG )
Part 5 ( Uni )
Part 5 ( ZG )
Part 6 ( Uni )
Part 6 ( ZG )
Part 7 ( Uni )
Part 7 ( ZG )
Part 8 ( Uni )
Part 8 ( ZG )
Part 9 ( Uni )
Part 9 ( ZG )
Part 10 ( Uni )
Part 10 ( ZG )
🌟 Thanks 1K Votes 🌟
Part 11 ( Uni )
Part 11 ( ZG )
Part 12 ( Uni )
Part 12 ( ZG )
Part 13 ( Uni )
Part 13 ( ZG )
Part 14 ( Uni )
Part 14 ( ZG )
Part 15 ( Uni )
Part 15 ( ZG )
Part 16 ( Uni )
Part 16 ( ZG )
Part 17 ( Uni )
Part 17 ( ZG )
Part 18 ( Uni )
Part 18 ( ZG )
Part 19 ( Uni )
Part 19 ( ZG )
Part 20 ( Uni )
Part 20 ( ZG )
Part 21 ( Uni )
Part 21 ( ZG )
Part 22 ( Uni )
Part 22 ( ZG )
Part 23 ( Uni )
Part 23 ( ZG )
Part 24 ( Uni )
Part 24 ( ZG )
Part 25 ( Uni )
Part 25 ( ZG )
Part 26 ( Uni )
Part 26 ( ZG )
Part 27 ( Uni )
Part 27 ( ZG )
Part 28 ( Uni )
Part 28 ( ZG )
Part 29 ( Uni )
Part 29 ( ZG )
Part 30 ( Uni )
Part 30 ( ZG )
Part 31 ( Uni )
Part 31 ( ZG )
Part 32 ( Uni )
Part 32 ( ZG )
Part 33 ( Uni )
Part 33 ( ZG )
📣ဖတ်ပေးကြပါ / ဖတ္ေပးၾကပါ📣
Part 34 ( Uni )
Part 34 ( ZG )
Part 35 ( Uni )
Part 35 ( ZG )
Part 36 ( Uni )
Part 36 ( ZG )
Part 37 ( Uni )
Part 37 ( ZG )
Part 38 ( Uni )
Part 38 ( ZG )
Part 39 ( Uni )
Part 39 ( ZG )
Part 40 ( Uni )
Part 40 ( ZG )
Part 41 ( Uni )
Part 41 ( ZG )
Part 42 ( Uni )
Part 42 ( ZG )
Part 43 ( Uni )
Part 43 ( ZG )
Part 44 ( Uni )
Part 44 ( ZG )
Part 45 ( Uni )
Part 45 ( ZG )
Part 46 ( Uni )
Part 46 ( ZG )
Part 47 ( Uni ) 🔞
Part 47 ( ZG ) 🔞
Part 48 ( Uni ) 🔞
Part 48 ( ZG ) 🔞
Part 49 ( Uni )
Part 49 ( ZG )
Part 50 ( Uni )
Part 50 ( ZG )
Part 51 ( Uni )
Part 51 ( ZG )
Part 52 ( Uni )
Part 52 ( ZG )
Part 53 ( Uni )
Part 53 ( ZG )
Part 54 ( Uni )
Part 54 ( ZG )
Part 55 ( Uni )
Part 55 ( ZG )
Part 56 ( Uni )
Part 56 ( ZG )
Part 57 ( Uni )
Part 57 ( ZG )
Part 58 ( ZG )
Part 59 ( Uni ) 🔞
Part 59 ( ZG ) 🔞
🍷 Final ( Uni )🍷
🍷 Final ( ZG ) 🍷
🔞 Special Extra (Uni+ZG) 🔞
🌟 Thank You Note 🌟
🌟 Plz Advice Me 🌟
❤️❤️❤️
Hello ❤️
အလွမ်းပြေ 😘
📣📣📣
COVER DETAIL
🍷Announcement For Book 🍷

Part 58 ( Uni )

17.2K 1.6K 204
By __K_Y_A_L__

ဝိုင် ( Y )

Part 58

Unicode

"Happy Birthday ဖိုးဖိုး "

မွေးနေ့မနက်ခင်း ဖြစ်သည်မို့ ဦးခန့်ညား , ဘုရားခန်းထဲတွင် ဝတ်ပြုပြီး ပြန်ထွက်လာတော့ ရတီလေး က ပါကင်ပိတ်ထားသောဘူးလေးတစ်ဘူးကိုလက်ထဲ ကမ်းပေးလာကာ Happy Birthday ဟုပြောလာသည် ။

"ဘာတွေတုန်း မြေးလေးရ "

ဒီနှစ်ကော ရတီလေး ဘာတွေများ လက်ဆောင်ပေးလဲဟု ဦးခန့်ညား သိချင်မိပါတယ် ။ မိမိအိမ်ကိုစရောက်လာပြီး မွေးနေ့ကို ဖြတ်သန်းလာသည့် နှစ်တိုင်း မုန့်ဖိုးလေးတွေစုကာ Handmade Postcards တွေနှင့် ဆုတောင်းစကားလေးတွေ ရေးပေးပြီး လက်ဆောင်ပေးတတ်သည်လေ ။

"သိချင်ရင် ဖွင့်ကြည့်ပေါ့ ဖိုးဖိုးရ "

"ဟုတ်ပါပြီ ဖိုးဖိုးမြေးမလေးရာ "

ဦးခန့်ညား , ထိုင်ခုံတွင်အသာထိုင်ရင်း ပါဆယ်ဘူးလေးအား ဖွင့်ဖောက်ကာကြည့်လိုက်တော့ မိသားစုဝင်လေးဦး၏ ပုံတူပန်းချီကားလေးအား မှန်ဘောင်လေးဖြင့်ထည့်သွင်းထားသည် ။ အစ်ကို့နည်းတူ ပန်းချီဝါသနာပါသော ကလေးမလေးသည်လည်း အမြဲ စာလုပ်ပြီးပြီဆိုတာနှင့် တကုပ်ကုပ်ဖြင့်သာ ပုံဆွဲလေ့ရှိသည် ကိုသတိတော့ထားမိသည်မှာကြာပြီဖြစ်သည် ။ သိုပေမဲ့ အခုမှသာ အသေးစိတ်သေချာကြည့်မိတော့သည် ။ ရုတ်တရက်ဆိုလျင် ဓာတ်ပုံ မှန်ဘောင်တစ်ခုဟုသာ ထင်မှတ်မှားချင်စရာပင် ။

"သဘောကျလား ဖိုးဖိုး "

"ဖိုးဖိုး မြေးမလေးကတော်လိုက်တာကွာ "

"ဘာတွေတော်နေတာတုံး ဖိုးဖိုး ရ ၊ ကျွန်တော်တို့ကိုပြောပါဦး "

သဘောတကျပြုံးကာ စကားတွေပြောနေသော ဖိုးဖိုး နားသို့ သွေး လျှောက်ကာသွားရင်း ပြောလိုက်သည် ။

"ဪ..မြေးတို့နိုးကြပြီလား ၊ ဒီမှာလေကွာ ရတီလေး က ဖိုးဖိုးအတွက်မွေးနေ့လက်ဆောင်ပန်းချီကား "

ဖိုးဖိုး ပြလာသည့် မှန်ဘောင်အချပ်လေးအား ယူကြည့်လိုက်တော့ ဝိုင် ကော ဦး ပါ မျက်ခုံးပင့်မိသွားကြသည် ။ ရတီလေးမှာလည်း အနုပညာဗီဇလေးတွေ ရှိနေတာပါပဲလား ။

"ကိုကို့ ညီမလေး က ကိုကို့ထက်တောင်ဆွဲတတ်နေပြီလားကွာ ဟင် "

ဝိုင် , အသည်းယားစွာ ရတီလေး၏ ပါးဖောင်းဖောင်းလေးအား ညှစ်ကာ ပြောလိုက်သည် ။

"ဟာ..ကိုကိုကလည်း ပါးကိုမညှစ်ပါနဲ့ ၊ မီးမီး က ဒီနေ့ ဧည့်သည်တွေလာရင် ဧည့်ခံမလို့ အလှသေချာပြင်ထားရတာ "

ရတီလေး ၏ အဖြေကြောင့် လူကြီးသုံးယောက်လုံးလည်း ရယ်မောဖြစ်ကြတော့သည် ။

"မွေးနေ့မှာ ပျော်ရွှင်ပါစေ ဖိုးဖိုး ၊ ကျွန်တော်တို့နဲ့လည်း နောင်နှစ်ပေါင်းများစွာထိ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် နဲ့ဖြတ်သန်းနိုင်ပါစေ "

"ကျွန်တော့်ဆုတောင်းလည်း Bae နဲ့တူတူပါပဲ ဖိုးဖိုး "

"ကျေးဇူးပါပဲမြေးတို့ရာ ၊ မြေးတို့တွေရှိလို့ပဲ ဖိုးဖိုးက အသက်ရှည်ပြီး စိတ်ချမ်းသာနေရတာ ၊ ဒါနဲ့ မြေးသွေး ကော အခုခေါင်းထဲကဘယ်လိုနေသေးလဲ ၊ ကိုက်သေးလား "

"မကိုက်တော့ဘူး ဖိုးဖိုး ၊ အဆင်ပြေနေပြီ "

အဆိုးထဲကအကောင်းဟုပင်ဆိုရမည် ။ တစ်နေ့ကဖြစ်သွားသည့် သူရိန်မင်း တို့နှင့်ကိစ္စတွင် ထိခိုက်မိသွားရာမှ မေ့နေသည့် မှတ်ဉာဏ်တို့ကို ပြန်လည်သတိရလာခဲ့လေသည် ။ ဆိုးသည်ကတော့ ဖိုးဖိုး မွေးနေ့တွင် ခေါင်းပေါင်းဖြူဖြူ နှင့်ဖြစ်နေရခြင်းပင် ။

🌾🌾🌾

"မောင် ရေ မပြီးသေးဘူးလားကွာ ၊ နောက်ကျတော့မှာပဲ "

မိုးထက် ပြင်ဆင်လို့မပြီးနိုင်သေးသည့် မောင့် အား စိတ်မရှည်တော့ ။ ပွဲကဖြင့် စရန်အချိန်ကနီးကပ်နေပြီ လမ်းတွင်လည်း ညနေစောင်းပြီမို့ ကားလမ်းကပိတ်ဦးမည် ။ ထို့ကြောင့် မှန်ရှေ့တွင် ဆံပင်အားသကာနေသော မောင့် အား ထပ်မံ နှိုးဆော်ရတော့သည် ။

"ပြီးပါပြီ မောင့်ချစ်လေးကလည်း ၊ လာသွားစို့ "

အနည်းငယ် စူသယောင်ယောင်ဖြစ်နေသည့် နှုတ်ခမ်းလေး ကြောင့် မေးစေ့ ကိုအသာ ကိုင်လှုပ်ကာ သော်က ပြောလိုက်သည် ။

"ကားသော့ ဘယ်မှာလဲ "

"အာ...ဟုတ်သား အိပ်ခန်းထဲမှာကျန်နေခဲ့ပြီ ၊ ခဏ ခဏ "

ရှပ်တီးရှပ်ပြာ နိုင်လွန်းသည့် မောင့် ကိုကြည့်ရင်း မိုးထက် ခေါင်းသာ ခါရမ်းပြီး ကားနားတွင် ရပ်စောင့်နေလိုက်တော့သည် ။ တစ်အောင့်ကြာမှသာ ကားသော့လေး လှုပ်ရမ်းကာ မျက္နှာလေး ပြုံးဖြီးဖြီး ဖြင့်အိမ်ထဲမှပြန်ထွက်လာသော မောင်..။

"ကဲ..ဘေးဘီကြည့်မောင်း ၊ မမြင်ဖူး မတွေ့ဘူး တဲ့လူတွေလည်း မဟုတ်ဘဲနဲ့ မောင်ဟာလေ "

ဖိုးဖိုး တို့အိမ်ကိုသွားနေသည့် လမ်းတွင် ကားမောင်းရင်း ငြိမ်ငြိမ်မနေပါဘဲ ဖွင့်ထားသည့် သီချင်းသံနှင့်အလိုက် ခန္ဓာကိုယ်ပါ လှုပ်ရမ်းနေရင်း မိမိအားတကြည့်ကြည့်ဖြင့်ဖြစ်နေသည့် မောင့်ကြောင့် မိုးထက် ထပ်မံပြောရတော့သည် ။

"မောင့်ထက်လေးကို လွမ်းလို့ကြည့်တာပေါ့ ၊ဒီလမ်းနဲ့ဒီခရီးလောက်ကတော့ အေးဆေးပါကွာ "

ဟုတ်ပါသည် တကယ်တမ်း ချစ်တတ်သွားတဲ့အခါ အချစ်ဆိုတာ မြင်နေရက်နဲ့တောင်လွမ်းနေတာမျိုး ၊ အနားမှာ ရှိလည်း သတိရနေတတ်တာမျိုးပင် ။ ဒီလိုခံစားချက်မျိုးကို ချစ်တတ်တဲ့သူတိုင်း ခံစားဖူးတတ်ကြသည် ။ ထို့ကြောင့် မိုးထက် လည်း ပြုံး၍သာနားထောင်နေလိုက်တော့သည် ။

"Happy Birthday ဖိုးဖိုး ၊ အသက်ရှည် ကျန်းမာပြီး အမြဲ လန်းနိုင်ပါစေဗျာ "

"ဟား.. ကျေးဇူးပါ မြေးတို့ရာ "

သော်က ပေးလာသည့် လက်ဆောင်ဘူးလေးအား မောင်ရွှေ ထံသို့ပေးရင်း ဦးခန့်ညား ကျေးဇူးတင်စကားဆိုလိုက်သည် ။

"ငသွေးတို့ရော ဖိုးဖိုး ၊ မတွေ့ပါလား "

"အစောကလေးတင် ဒီနားရှိပါတယ် ၊ ဘယ်ရောက်သွားပါလိမ့် ၊ မြေးတို့ စားပွဲမှာထိုင်နှင့်လေ ၊ ဖိုးဖိုး လွှတ်လိုက်မယ် "

"ရပါတယ် ဖိုးဖိုး ရဲ့ ၊ ကျွန်တော် တို့အိမ်ထဲပဲ ခဏ ဝင်သွားလိုက်မယ် "

"အေးပါကွာ ၊ အားမနာနဲ့ စိတ်ကြိုက်သာပျော်ကြ "

အသက် ၈၀ ကျော်တိုင် လူငယ်တွေနှင့် တန်းတူ တက်ကြွ လန်းဆန်းနေသော ဖိုးဖိုး ကိုကြည့်ရင်း မိုးထက် နှင့် မောင် တို့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည် ။

"ဦး , ဖိုးဖိုး ရှာနေလိမ့်မယ်လေ ၊ ခဏနေပါဦး "

အနောက်ကနေ အတင်းဖက်ထားပြီး နမ်းရှိုက်နေသည့် ဦးကြောင့် ပွဲမပြီးခင် အဝတ်အစားတွေကြေကုန်မှာစိုးသဖြင့် ဝိုင် တားယူနေရသည် ။

"မနေဘူးကွာ ၊ Bae က အရင်ကထက်အများကြီး ပိုကြည့်ကောင်းလာတာ ကို စိတ်မချနိုင်တော့ဘူး "

ဖိုးဖိုး နှင့် ဆင်တူသုံးယောက်ဆင်တူ White Suitလေး ဝတ်ထားသော ဝိုင် သည် ပွဲခင်းထဲတွင် ထင်းလင်းနေသည်လေ ။ လာသမျှ ဧည့်သည် တွေ၏အကြည့်တွေကလည်း ဒီကောင်လေး ဆီမှာပင် ။ ကိုယ့်ရဲ့သက်ဆိုင်သူမှန်း သိကြရက်ပင် ဖိုးဖိုး၏သူငယ်ချင်း မြေးမလေးတချို့ကလည်း စကားလာလာပြောနေကြသေးသည် ။ ထို့ကြောင့် တဖက်လှည့်နှင့် အိပ်ခန်းထဲသို့ခေါ်လာဖြစ်သည် ။

"အဟမ်း..ငသွေးရေ "

အောက်ထပ်တွင် မတွေ့၍ အပေါ်ထပ်သို့ ထပ်လာလိုက်တော့ ငသွေး ၏ အခန်းတံခါးကမပိတ်ထားသဖြင့် သော်က စပ်ဖြဲဖြဲဖြင့်သာ နှုတ်ဆက်လိုက်သည် ။

တံခါးဝမှအသံကြောင့် သွေး လှမ်းကြည့်လိုက်တော့ သော်က တို့ဖြစ်နေသည် ။ နဂိုထဲက ရုန်းနေသည့် Bae ကလည်း လှစ်ဆို အခန်းပြင်သို့ပြေးထွက်သွားလေသည် ။

"မင်းတို့ကွာ..."

"မင်းတို့မကွာနဲ့ အောက်မှာဧည့်သည်တွေဧည့်မခံပဲ မင်းကအခန်းထဲ အဟမ်း "

"ဘာမှ မဟမ်း နဲ့ သွားမယ် လာ "

သွေး , ဖိုးဖိုး တို့ရှိရာ ခြံထဲသို့ဆင်းလာလိုက်တော့ Bae နှင့် ရတီလေးက တစ်ဝိုင်းထဲထိုင်ကာ Projector မှပြသည့် ဓာတ်ပုံလေးများကိုစိတ်ဝင်တစားကြည့်နေကြသည် ။ ဖိုးဖိုး ကလည်း သူ၏ မိတ်ဆွေ သူငယ်ချင်းများနှင့်စကားလက်ဆုံကျနေသည့်ပုံ ။

"မဂ်လာပါခင်ဗျာ ကျွန်တော်တို့ CEO ဦးနေသစ်သွေး နဲ့ ညီလေး နှစ်သစ်ဝိုင် တို့ကို သီချင်းတစ်ပုဒ် လက်ဆောင်ပေးဖို့ တောင်းဆိုပါရစေ "

Bae တို့ရှိရာသို့ လှမ်းနေသည့် ခြေလှမ်းတို့ပင် Stage ပေါ်ရှိ ရှိုင်း ၏ စကားကြောင့် အိုးတိုးအမ်းတမ်းဖြစ်သွားရသည် ။ မထူးတော့သည်မို့ Bae အား လက်ဆွဲခေါ်ကာ တီးဝိုင်းရှိရာသို့သာ လျှောက်လာခဲ့လိုက်ပြီး နှစ်ယောက်လုံး ပိုင်နိုင်စွာရသည့် သီချင်းအား ညှိယူလိုက်သည် ။ လာရောက်ကြသည့် ဧည့်သည်များကလည်း ဝိုင်းဝန်းအားပေးနေကြလျက်..။

"အဆိုတော် တစ်ယောက်မဟုတ်ပေမယ့် ကျွန်တော် ချစ်ရတဲ့ ဖိုးဖိုး အတွက် ရယ် ဒီမှာ ရှိကြတဲ့ ကျွန်တော် ချစ်ခင်ရတဲ့သူတွေအတွက် သီချင်းတစ်ပုဒ် နဲ့ ဧည့်ခံပါရစေ "

ကိုယ်တွေနှစ်ယောက်အား ကြိုတင်ပြင်ဆင်ချိန်တောင်မပေးတဲ့ ရှိုင်း ကိုလည်း မျက်လုံးဖြင့်သာ တချက်ကြည့်လိုက်သည် ။

ကမ္ဘာလောကကြီး ခဏရပ်တန့်သွားသလိုပဲ
ငါထင်တယ် မင်းနဲ့ဆုံတိုင်းလေ
အကြည့်တွေရင်ဖိုလှိုက်မောလို့နေ
သာယာတဲ့မင်းရဲ့ရယ်သံလေး
ရင်ခွင်ထဲအထပ်ထပ်ကြားယောင်ရင်းနဲ့
ဘဝကိုသာယာယစ်မူးလို့နေ

အသက်ထက်ဆုံးပေါ့..အနားမှာအမြဲရှိချင်တယ်
ရင်ခွင်ထဲမှေးစက်နားခိုရင်းနဲ့
မငြိုငြင်ဘူး..အဆိုးများတွေ့ပါစေ
ဘဝကိုအတူခရီးဆက်မယ်...

ကိုသော်က ၏အကြံပေးမြှောက်ပေးမှုဖြင့် ရှိုင်း ခပ်လန့်လန့်ပင် တောင်းဆိုလိုက်သော်လည်း အမှန်အကန်ပင် လိုက်ဖက်ညီစွာ ထွက်ပေါ်လာသော သီချင်းသံတို့ကြောင့် မွေးနေ့ပွဲသည်လည်း ပို၍ပင်ပြီးပြည့်စုံသွားသလို...။
.
.
To be continued...

Note : လိုအပ်ချက်တွေရှိနေသေးတဲ့ KYAL ရဲ့ Fic လေးကိုခုလို Ongoing လိုက်ပါဖတ်ရှု့ပေးတာကျေးဇူးအများကြီးတင်ပါတယ် ။ Votesလေးတွေပေးဖို့ကျန်သေးရင် ဗုံးကြဲသွားနိုင်ပါတယ် အားတက်စေမိမှာအမှန်ပါ ။ Viewers & Votes ကကွာတော့ ဝမ်းနည်း 🥺

Continue Reading

You'll Also Like

2.5K 221 6
ဤဇာတ်လမ်းတွေပါဝင်သော ​အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသီးသန့်သာဖြစ်သည်။ ထို့ကြောင့် လက်တွေ့နှင့်မသက်ဆိုင်သောအကြောင်းအရာများ ပါဝင်နိုင်ကြောင်း အသိပ...
149K 9.5K 27
စချစ်မိတဲ့အချိန်ကစလို့ အချစ်များသည် နောင်နှစ်များစွာထိတိုင် တည်ရှိနေပါလိမ့်မည် (2.6.2021-15.6.2021)
460K 18.3K 94
မင်းဆိုးတာတွေ ကိုယ်သိတယ် ဒါပေမဲ့ ကိုယ်ပဲမင်းကိုနားလည်တယ်..... ဘာလို့လဲဆိုတော့ လူဆိုးတစ်ယောက်ရဲ့ နှလုံးသားကို လူဆိုးအချင်းချင်းပဲ နားလည်နိုင်လို့ပေါ့...
55.8K 3.6K 36
ကလေးဘဝတည်းက ကိုရီးယားရောက်သွားပြီး Idol တစ်ယောက်ရဲ့အရည်အချင်းတွေနဲ့ပြည့်စုံတဲ့ အကပညာရှင် ငွေရောင်ဆံပင်တွေနဲ့ကောင်လေး 👱 မိန်းကလေးတွေရဲ့ စိတ်ကူးထဲကချစ...