" ဆောင်ဟွန်း - ဒီအချိန်ကြီး ဘာလာလုပ်တာ - "
သူ့စကားတောင်မဆုံးသေးခင် တစ်ကိုယ်လုံးတင်းကျပ်နေအောင် အဖက်ခံလိုက်ရပြန်သည် ။ တံခါးဝကြီးမှာရပ်ပြီး ရင်ခွင်ထဲနစ်နေအောင် အဖက်ခံထားရတာမို့ အခြေအနေက ကြောင်တောင်တောင်ကြီး ။
" နေ-နေပါဦး ဘာလာလုပ်တာလဲအရင်ပြောပါဦး "
သူကိုယ်တိုင်သာ ရုန်းမထွက်ရင် ပတ်ဆောင်ဟွန်းက တစ်ညလုံးဖက်ထားမယ့် သဘောမှာရှိတာမို့ အတင်းရုန်းရသည် ။
" ညစာဝယ်လာပေးတာလေ ၊ မင်းညနေက ခေါက်ဆွဲပြုတ်ပဲ စားထားတာမလား "
ဆောင်ဟွန်း မြှောက်ပြတဲ့ လက်ထဲက အထုပ်တွေကို ငေးကြည့်ရင်း ဂျိတ်ခ်ပြုံးမိသွားသည် ။ ဟီဆွန်းဟျောင်းကလည်း ညစာကို ခေါက်ဆွဲပြုတ်နဲ့ပဲ ရောရောချနေလို့ ဒီလိုပဲဆူနေကြ ။ ဒါပေမယ့် ဟျောင်းကတော့ အဝေးမှာဆိုတော့ ဒီလိုဝယ်ပြီးလာမပို့ပေးနိုင် ။ တကယ်လို့ တစ်နိုင်ငံထဲမှာဆိုရင်ရော ဟျောင်းက ဒီလောက်ထိဂရုစိုက်ပေးမှာလား ။
သူကသာ အတွေးကမ္ဘာထဲ နစ်မြုပ်နေပေမယ့် ဆောင်ဟွန်းကတော့ မီးဖိုချောင်ထဲထိရောက်ပြီးနေပြီ ။
" ငါ့ဘာသာငါလုပ်ပါ့မယ် .. ဆောင်ဟွန်း "
" အိမ်ရှေ့မှာသာ အေးဆေးထိုင်နေပါ "
သူ့မီးဖိုချောင်ထဲ ကိုယ်တိုင်ဝင်ပြီး ပြင်ဆင်ပေးနေတဲ့ ဆောင်ဟွန်းကို ငေးကြည့်ရတာ တော်တော်တော့ရင်ခုန်ဖို့ကောင်းသည် ။ ထိုင်ခုံမှာငြိမ်ငြိမ်လေးထိုင်ရင်း ထိုကျောပြင်ကိုအခုချိန်ငေးကြည့်နေခွင့်ရပေမယ့် ပိုင်ဆိုင်ခွင့်တော့မရဘူးမလား ။
သူတောင်တွေးလို့မဆုံးခင် စားပွဲပေါ်မှာတင်ထားတဲ့ဆောင်ဟွန်းရဲ့ ဖုန်းစခရင်က လင်းလာသည် ။ Mute ထားတာမို့ အသံမကြားရပေမယ့် Notifications တွေကတော့ တက်လာနေဆဲ ။ တစ်ခုပြီးတစ်ခု ဝင်လာတဲ့ message တွေက သူ့ရဲ့ သောင်းခြောက်ထောင်သော ကောင်မလေးတွေထဲ ကဖြစ်မည် ။ ဂျိတ်ခ် နာမည်တောင်မကြားဖူးတဲ့ ထိုကောင်မလေးက ဆောင်ဟွန်းကို အတင်းလှမ်းခေါ်နေသည် ။ သူ လိုက်ဖတ်ဖို့မသင့်တော်တော့တဲ့အထိ ဖြစ်လာတဲ့အခါ ဂျိတ်ခ်က မျက်စိလွှဲလိုက်သည် ။
အချစ်ဆိုတာ တကယ်နာကျင်ရတာပဲ ။
အဝေးကနေ ငေးကြည့်နေရတုန်းကလည်း နာကျင်ရတယ်။အနားရောက်လာတဲ့အခါလည်း နာကျင်ရတယ် ။
" samgyetan ကိုမင်းကြိုက်တယ်ထင်လို့ဝယ်လာတာ ၊ အဆင်ပြေရဲ့လား "
" ငါ samgyetan ကိုကြိုက်မှန်း ဘယ်လိုလုပ်သိတာလဲ "
" မင်း ကျောင်းမှာအမြဲစားနေတာ တွေ့ဖူးတယ်လေ"
" အာ ... "
ခေါင်းသာငြိမ့်ပြလိုက်ရပေမယ့် တကယ်တော့ သောက်နေတဲ့ ဟင်းရည်တောင်သီးတော့မလိုဖြစ်သွားသည် ။
ဘာလဲဟ ။ ပတ်ဆောင်ဟွန်းက တကယ်ကြီး သူ့ကိုလိုက်စောင့်ကြည့်နေတာလား ။
"ဆောင်ဟွန်း မိုးအရမ်းချုပ်နေပြီနော် .. မင်း အိမ်မြန်မြန်ပြန်မှဖြစ်မယ် "
" အိမ်ပြန်မယ်လို့ ဘယ်သူပြောလို့လဲ "
" ဘာ "
" ဒီည ဒီမှာအိပ်ဖို့ရောက်လာတာလေ"
" ပတ်ဆောင်ဟွန်း !!?? "
" ဘယ်လိုကြည့်နေတာလဲ .. မင်းကို ထိတောင်မထိပါဘူးနော် "
ဒီမှာ အိပ်မယ်လို့ပြောရုံနဲ့ ဘာတွေလျှောက်တွေးနေမှန်းမသိတဲ့ကောင်လေးက ပါးတွေပါ နီရဲလာသည် ။ ညစ်တီးညစ်ပတ်တွေ လျှောက်တွေးနေမှာစိုးလို့ အမြန်စကားကို ကာ ထားရသည် ။ အဲ့ကျမှ ထိုကောင်လေးက စားနေတဲ့ samgyetan ထဲ အာရုံပြန်ရောက်သွားသည် ။
" မင်း မအိပ်ချင်သေးရင် ငါခေါ်သွားချင်တဲ့နေရာရှိတယ် လိုက်ခဲ့ပေးပါလား ဂျိတ်ခ် "
ဂျိတ်ခ် သေချာတော့မမှတ်မိ ။ ဆောင်ဟွန်းရဲ့ အပြောကို ခေါင်းငြိမ့်ပြလိုက်မိသည် ထင်သည် ။ ဆောင်ဟွန်းက မုဆိုး ဆိုရင် သူကိုယ်တိုင်က ထောင်ချောက်ထဲ လိုလိုလားလား ဝင်ချင်နေတဲ့ သားကောင်ဖြစ်နေတာ ဘယ်လိုလုပ်ရမလဲ ။
➖
"wohhhhh daebak !!!! "
လက်နှစ်ဖက်ကို တန်းနေအောင်ဆန့်ထားရင်း မျက်လုံးတွေမှိတ်ထားတဲ့ ဂျိတ်ခ်ကို ဆောင်ဟွန်းတစ်ချက်မော့ကြည့်လိုက်သည် ။ ညသန်းခေါင်မို့ ရှင်းနေတဲ့ ကားလမ်းတစ်လျှောက် ကားအမိုးဖွင့်ထားတဲ့ ပြိုင်ကားလေးက ကစားနေသည် ။
လေအရှိန်က ပြင်းလာတာမို့ ဂျိတ်ခ် နဖူးပေါ်က ဆံပင်တွေက လေပေါ်မှာ လွင့်နေဆဲ ။ မျက်လုံးတွေမှိတ်ထားရင် ပြုံးနေတဲ့ နှုတ်ခမ်းပါးလေးက မျက်စိလွှဲချင်စရာအကြောင်းမရှိ ။
မတ်တတ်ရပ်ထားတာမို့ပြုတ်ကျမှစိုး၍ လက်တစ်ဖက်က ကားမောင်းရင်း နောက်တစ်ဖက်က ထိုကောင်လေးရဲ့ ခါးကိုထိန်းထားရသေးသည် ။ ဂျိတ်ခ်ကတော့ ဒါတောင်သတိထားမိတဲ့ပုံမပေါ် ။ တကယ်ကို စိတ်လွတ်လက်လွတ်နဲ့ ပျော်နေတာ ။
ကားဘီးရပ်တန့်သွားတဲ့နေရာကတော့ မြို့ပြင်တစ်နေရာ ။ ဘာမှ အတွန့်မတက်ပဲ ဒီနေရာထိ ဒီအချိန်ကြီး လိုက်လာရဲတဲ့ သတ္တိကိုတော့ ချီးကျူးရမည် ။ ကားကို လမ်းဘေးနားထိုးရပ်ရင်း ကားရှေ့အဖုံးမှာ သွားထိုင်တော့ ဂျိတ်ခ်ကပါ သူ့ဘေးနားရောက်လာသည် ။
မိနစ်အတန်ကြာသည်အထိ နှစ်ယောက်လုံးစကားမပြောပဲ ကြယ်တွေမရှိတဲ့ကောင်းကင်ကိုသာ မော့ကြည့်နေကြသည် ။ စကားမပြောတဲ့နှုတ်ခမ်းတွေက တကယ်တော့ပြောစရာစကားတွေ အများကြီးရှိနေကြသည် ။ တိတ်ဆိတ်နေဖို့ ဆုံးဖြတ်ထားပုံရတဲ့ နှစ်ယောက်မှာ ပထမဆုံးလှုပ်ရှားလာတဲ့ သူက ဂျိတ်ခ် ။
သူ့နားကို တိုးလာတဲ့ကောင်လေးကို အသည်းယားလာလွန်း၍ ခါးကနေဖက်ထားလိုက်တော့ သူ့ပေါင်ပေါ်တက်မထိုင်ရုံတမယ် ဖြစ်သွားသည် ။
" ညဘက်တွေအပြင်တစ်ခါမှ မထွက်ဖူးဘူး "
" မင်း သဘောကျရင် ညတိုင်း ဒီလိုကားပတ်စီးကြမယ်"
ပြောမဲ့သာ ပြောရပေမယ့် ဆောင်ဟွန်းအတွက်လည်း ဒီကိစ္စကမလွယ် ။ ဒီည ထွက်လာရတာတောင် ဂျေးက သိပ်ကျေနပ်ပုံမပေါ် ။ ညတိုင်း ပါတီ သို့မဟုတ် club မှာ ပျော်နေကြ ဆောင်ဟွန်းက အခုတောင် ပျက်ကွယ်တာတွေများနေပြီ ။ ဒါပေမယ့် ဂျိတ်ခ်သာ ဒီလိုပျော်နေမယ်ဆိုရင် ကလပ်တွေမသွားရလည်း ကိစ္စမရှိဟု မသိစိတ်က ပြောနေသည် ။
" မဖြစ်ဘူး .. ညတိုင်းထွက်နေရင် စာဘယ်အချိန်သွားလုပ်ရမလဲ "
ပြန်ဖြေတဲ့ပုံက အိမ်စာပိနေတဲ့ မူလတန်းကလေးအရွယ်ပေါက်နေတာမို့ အူယားစွာ နားရွက်ဖျားလေးကို လှမ်းကိုက်လိုက်သည် ။ ထူးဆန်းတဲ့အထိအတွေ့မို့ထင် ။ လည်ပင်းက ကြက်သီးမွှေးညှင်းတွေ ထသွားတာကိုမြင်လိုက်ရသည် ။
" မွှေးနေတာပဲ "
နားရွက်ကို ကိုက်ထားရာကနေ လည်ပင်းတစ်လျှောက်ကို နှာခေါင်းနဲ့ မထိတထိလိုက်နမ်းနေတော့ ယားလာသည်ထင်သည် ။ ခါးပေါ်က သူ့လက်တွေကို ဆွဲလှုပ်ပြီးခေါင်းကို ရှောင်ဖယ်လာသည် ။
" ယားတတ်တာလား "
" အင်း မလုပ်ပါနဲ့ဆို- အား ယားတယ် ဟွန်း "
" ဟွန်းလို့ အမြဲတမ်းခေါ်မယ်ဆိုရင် ရပ်ပေးမယ် "
" ဘာ- ဘာဆိုင်လဲ အ-အိုခေ အိုခေ ဟွန်း မလုပ်နဲ့တော့ "
" အမြဲတမ်း အဲ့လိုခေါ်ရမှာနော် .. ဒီတစ်ခေါက်တည်းမဟုတ်ဘူး "
" အင်း "
လည်ပင်းကိုပွက်ကာ ခေါင်းငုံ့ပြီးဖြေနေတဲ့ကောင်လေးက ရှက်နေတာလား ။ ဆောင်ဟွန်းက ဆံပင်လေးတွေကို လှမ်းဖွပြီး ကားအဖုံးပေါ်လှဲချလိုက်သည် ။ ညအမှောင်မှာ အေးစိမ့်စိမ့် ကားအဖုံးက သူ့ကျောပြင်ကို လာရောက်ထိတွေ့သည် ။
" လာလေ ဒီမှာလာလှဲ "
သူ့လက်မောင်းကိုပုတ်ပြပြီးပြောတော့ ချက်ချင်းပင်ရောက်လာသည် ။ ဒီလိုနဲ့ပဲ ဒုတိယအကြိမ် သူတို့ကြားမှာ တိတ်ဆိတ်မှူက ကြီးစိုးသွားပြန်သည် ။ ဆောင်ဟွန်း ဘောင်းဘီ အိပ်ကပ်ထဲက တစ်ချက်တစ်ချက် တုန်ခါလာတဲ့ ဖုန်းအသံကလွဲ၍ ။ ဘယ်လောက်ပဲ လျစ်လျုရှုထားထား မက်ဆေ့တွေ ဆက်တိုက်ရောက်လာတာက အနည်းနဲ့အများတော့ စိတ်ရှုပ်ဖို့ကောင်းသည် ။
နောက်ဆုံးတော့ ဆောင်ဟွန်းက သည်းမခံနိုင်တော့တဲ့ပုံနှင့် မက်ဆေ့တွေကို ပြန်ဖြေဖို့ဆုံးဖြတ်လိုက်ပုံရသည်။ ဒါပေမယ့် ဘောင်းဘီအိပ်ကပ်ထဲက ဖုန်းကိုဆွဲထုတ်ယူဖို့ပြင်နေတဲ့ဆောင်ဟွန်းရဲ့ လက်တွေက လေထဲမှာ ရပ်တန့်သွားရသည် ။ အကြောင်းပြချက်ကတော့
နည်းနည်းမယုံနိုင်စရာကောင်းပေမယ့် သူ့လက်မောင်းပေါ်မှာ ငြိမ်ငြိမ်လေးလှဲနေတဲ့ကောင်လေးက သူ့နှုတ်ခမ်းတွေကိုလာရောက်တိုက်ခိုက်သည် ။ ဆောင်ဟွန်း ရုတ်တရက်ကြောင်အသွားတာတော့ ဝန်ခံရမည် ။ အချိန်ကြာလာတာနဲ့အမျှ နူးညံ့တဲ့ ပန်းရောင်နှုတ်ခမ်းပါးလေးကို အားမရသလိုမျိုး ဆောင်ဟွန်းက ဂျိတ်ခ်ရဲ့ ပါးနှစ်ဖက်လုံးကို ဆုပ်ကိုင်လိုက်သည် ။ နောက်ဆုံးတော့ စတင်ဦးဆောင်တဲ့ ဂျိတ်ခ်ကပဲ ရပ်တန့်ပေးဖို့တောင်းဆိုရသည် ။
" ဟွန်း ငါ့အနားမှာရှိနေရင် ငါ့ကိုပဲကြည့်နေပေးလို့မရဘူးလား .. အခြားသူတွေ ... အခြားသူတွေကိုမေ့ပြီးတော့လေ"
အနမ်းတွေရပ်တန့်သွားတာနဲ့ မောဟိုက်နေတဲ့ အသံနဲ့ ဂျိတ်ခ်က အလောတကြီးပြောသည် ။ ဒါဘာလဲ ။ ရှင်းဂျိတ်ခ်က သဝန်တိုနေတာလား ။
" ကလေးလေးက သဝန်တိုနေတာလား "
စင်တီမီတာ အနည်းငယ်အကွာမှာပဲရှိနေသေးသည့် နှုတ်ခမ်းလေးကို ထိရုံတစ်ချက်သွားနမ်းပြီးမှ ဆောင်ဟွန်းက စကားပြန်သည် ။
" ငါသဘောမကျလို့ ဟွန်း ၊ ရပါတယ် ထားလိုက်တော့ ခုနက ငါပြောတဲ့စကားကို မကြားချင်ယောင်ဆောင်ပေး "
"အင်း .. ကတိပေးတယ် ။ ကိုယ်မင်းကိုပဲ အမြဲကြည့်နေပေးမယ် "
အဖုံးပေါ်ကနေ ထကာ ထထွက်သွားတော့မယ် ဂျိတ်ခ်ရဲ့ လက်တွေကို အမြန်လှမ်းဆွဲရင်းပြောလိုက်ရသည် ။ပြုံးပျော်နေတဲ့ မျက်နှာလေးညှိုးသွားတာကိုတောင် ဆောင်ဟွန်း မကြိုက် ။ ဖုန်းကိုအိမ်မှာ မထားခဲ့ရကောင်းလား ဟု ကိုယ့်ကိုကိုယ်သာ ကြိတ်ကျိန်ဆဲရသည် ။
ကားထဲပြန်ဝင်ထိုင်နေတဲ့ ဂျိတ်ခ်ကို လှမ်းကြည့်ရင်း သူ့နှုတ်ခမ်းတွေကို မယုံနိုင်စွာထိမိသည် ။ သူ့ရဲ့ ပထမဆုံးအကြိမ် အနမ်းတုန်းကတောင် အဲ့လောက်ရင်မခုန်ခဲ့ဖူး ။
ရုတ်တရက် သူ့နှုတ်ခမ်းတွေကို လာရောက်ထိတွေ့လာတဲ့ ရှင်းဂျိတ်ခ်ရဲ့ နှုတ်ခမ်းပါးတို့က သူ့ကိုဂျောက်ထဲ ဆွဲချလိုက်သလိုပဲ ။ အေးခနဲ ဖြစ်သွားတဲ့ ခံစားချက်နဲ့အတူ ဆက်တိုက်ခုန်လာတဲ့ နှလုံးသားကြောင့် ကိုယ့်ဟာကိုယ်တောင် လန့်မိသည် ။ ကျောင်းမှာ သူမနမ်းဖူးတဲ့ ကောင်မလေးတွေမရှိလောက်တဲ့ ပတ်ဆောင်ဟွန်းဟာ ရှင်းဂျိတ်ခ်နဲ့ကျမှ ငိုင်ပြီးကျန်ခဲ့ရသည် ။
ဒါ ဘယ်လိုခံစားချက်မျိုးကြီးလဲ ။
ဒါပေမယ့် ဒီလို ခံစားချက်မျိူးကို ခံစားစေရတာ ရှင်းဂျိတ်ခ်က ပထမဆုံး မဟုတ် ။
➖
" အိမ်ပြန်ရောက်ရင် နှိုးနော် .. ငါ ခဏအိပ်လိုက်ဦးမယ် "
" မနှိုးတော့ဘူး တစ်ခါတည်းချီပြီး အိပ်ခန်းထဲထိ ပို့ပေးမယ်"
" အရူးကောင် ! တော်ပြီ မအိပ်တော့ဘူး မင်းက ယုံလို့ရတာ မဟုတ်ဘူး ၊ ငါအိပ်နေတာကို အခွင့်ကောင်းယူလိုက်ရင် ဘယ်လိုလုပ်မလဲ "
အရူးကောင် လို့ခေါ်ပြီး သူ့ကိုစော်ကားမော်ကား ပြောနေတာတောင် ပတ်ဆောင်ဟွန်းက အော်ရယ်နေသေးသည် ။ပြီးတော့ ပြောလိုက်သေးတယ် ။ " မင်းပြောမှပဲ အကြံရသွားပြီ " တဲ့ ။
တကယ်ရှက်လွန်း၍ တွေ့ရာနဲ့ ကောက်ပစ်လိုက်ချင်သည် ။ ဒါပေမယ့် ပြီးတော့လည်း ဘာမှလုပ်ဖြစ်တာမဟုတ် ။
ပိုချစ်ရတဲ့ သူဆိုတော့လည်း စတာပဲဖြစ်ဖြစ် နောက်တာပဲဖြစ်ဖြစ် နာ သွားအောင်မလုပ်ချင် ။
ဘာပဲပြောပြော အိမ်ပြန်လမ်းတစ်လျှောက်လုံး ဂျိတ်ခ်က အိပ်ချင်နေတဲ့ သူ့မျက်ခွံတွေနဲ့ စစ်တိုက်နေရသည် ။ လုံးဝအိပ်ပျော်သွားလို့မဖြစ် ။ အိပ်ပျော်သွားလို့ သူ့ကိုဆောင်ဟွန်းက ချီသွားမှာ ဆိုတဲ့အတွေးနဲ့တင် ကြက်သီးတွေထလှပြီ ။ အဲ့လိုနဲ့ပဲ အိပ်ငိုက်သွားလိုက် လန့်နိုးလာလိုက်နဲ့ တစ်ယောက်တည်းတိုင်ပတ်နေတဲ့ သူ့ကိုဆောင်ဟွန်းက ခပ်ဟဟ ရယ်ရင်း နှဖူးကို လာလာနမ်းသည် ။
" အေးဆေး အိပ်ပါကွာ ကိုယ်မင်းကိုဘာမှမလုပ်ပါဘူး "
ကားပေါ်မှာ အိပ်မပျော်သွားခင် ဂျိတ်ခ်နောက်ဆုံးတွေးနေမိတဲ့ အတွေးတွေရှိသည် ။
သူ အခုဆောင်ဟွန်းဆိုတဲ့ ဝင်္ကပါထဲကိုတော့ ခြေလှမ်းနေပြီးပြီ ။ အစ ပိုင်းပဲ ရောက်သေးတာလား ၊ အလယ်တစ်ဝက် ရောက်နေပြီလား ။ ပြန်ထွက်ဖို့ရော အချိန်မှီသေးလား ။
끝 •
(ဒါက မေတ္တာဖြင့် ဘောနပ်စ်)
Zawgyi
" ေဆာင္ဟြန္း - ဒီအခ်ိန္ႀကီး ဘာလာလုပ္တာ - "
သူ႔စကားေတာင္မဆုံးေသးခင္ တစ္ကိုယ္လုံးတင္းက်ပ္ေနေအာင္ အဖက္ခံလိုက္ရျပန္သည္ ။ တံခါးဝႀကီးမွာရပ္ၿပီး ရင္ခြင္ထဲနစ္ေနေအာင္ အဖက္ခံထားရတာမို႔ အေျခအေနက ေၾကာင္ေတာင္ေတာင္ႀကီး ။
" ေန-ေနပါဦး ဘာလာလုပ္တာလဲအရင္ေျပာပါဦး "
သူကိုယ္တိုင္သာ ႐ုန္းမထြက္ရင္ ပတ္ေဆာင္ဟြန္းက တစ္ညလုံးဖက္ထားမယ့္ သေဘာမွာရွိတာမို႔ အတင္း႐ုန္းရသည္ ။
" ညစာဝယ္လာေပးတာေလ ၊ မင္းညေနက ေခါက္ဆြဲျပဳတ္ပဲ စားထားတာမလား "
ေဆာင္ဟြန္း ေျမႇာက္ျပတဲ့ လက္ထဲက အထုပ္ေတြကို ေငးၾကည့္ရင္း ဂ်ိတ္ခ္ၿပဳံးမိသြားသည္ ။ ဟီဆြန္းေဟ်ာင္းကလည္း ညစာကို ေခါက္ဆြဲျပဳတ္နဲ႔ပဲ ေရာေရာခ်ေနလို႔ ဒီလိုပဲဆူေနၾက ။ ဒါေပမယ့္ ေဟ်ာင္းကေတာ့ အေဝးမွာဆိုေတာ့ ဒီလိုဝယ္ၿပီးလာမပို႔ေပးႏိုင္ ။ တကယ္လို႔ တစ္ႏိုင္ငံထဲမွာဆိုရင္ေရာ ေဟ်ာင္းက ဒီေလာက္ထိဂ႐ုစိုက္ေပးမွာလား ။
သူကသာ အေတြးကမာၻထဲ နစ္ျမဳပ္ေနေပမယ့္ ေဆာင္ဟြန္းကေတာ့ မီးဖိုေခ်ာင္ထဲထိေရာက္ၿပီးေနၿပီ ။
" ငါ့ဘာသာငါလုပ္ပါ့မယ္ .. ေဆာင္ဟြန္း "
" အိမ္ေရွ႕မွာသာ ေအးေဆးထိုင္ေနပါ "
သူ႔မီးဖိုေခ်ာင္ထဲ ကိုယ္တိုင္ဝင္ၿပီး ျပင္ဆင္ေပးေနတဲ့ ေဆာင္ဟြန္းကို ေငးၾကည့္ရတာ ေတာ္ေတာ္ေတာ့ရင္ခုန္ဖို႔ေကာင္းသည္ ။ ထိုင္ခုံမွာၿငိမ္ၿငိမ္ေလးထိုင္ရင္း ထိုေက်ာျပင္ကိုအခုခ်ိန္ေငးၾကည့္ေနခြင့္ရေပမယ့္ ပိုင္ဆိုင္ခြင့္ေတာ့မရဘူးမလား ။
သူေတာင္ေတြးလို႔မဆုံးခင္ စားပြဲေပၚမွာတင္ထားတဲ့ေဆာင္ဟြန္းရဲ႕ ဖုန္းစခရင္က လင္းလာသည္ ။ Mute ထားတာမို႔ အသံမၾကားရေပမယ့္ Notifications ေတြကေတာ့ တက္လာေနဆဲ ။ တစ္ခုၿပီးတစ္ခု ဝင္လာတဲ့ message ေတြက သူ႔ရဲ႕ ေသာင္းေျခာက္ေထာင္ေသာ ေကာင္မေလးေတြထဲ ကျဖစ္မည္ ။ ဂ်ိတ္ခ္ နာမည္ေတာင္မၾကားဖူးတဲ့ ထိုေကာင္မေလးက ေဆာင္ဟြန္းကို အတင္းလွမ္းေခၚေနသည္ ။ သူ လိုက္ဖတ္ဖို႔မသင့္ေတာ္ေတာ့တဲ့အထိ ျဖစ္လာတဲ့အခါ ဂ်ိတ္ခ္က မ်က္စိလႊဲလိုက္သည္ ။
အခ်စ္ဆိုတာ တကယ္နာက်င္ရတာပဲ ။
အေဝးကေန ေငးၾကည့္ေနရတုန္းကလည္း နာက်င္ရတယ္။အနားေရာက္လာတဲ့အခါလည္း နာက်င္ရတယ္ ။
" samgyetan ကိုမင္းႀကိဳက္တယ္ထင္လို႔ဝယ္လာတာ ၊ အဆင္ေျပရဲ႕လား "
" ငါ samgyetan ကိုႀကိဳက္မွန္း ဘယ္လိုလုပ္သိတာလဲ "
" မင္း ေက်ာင္းမွာအၿမဲစားေနတာ ေတြ႕ဖူးတယ္ေလ"
" အာ ... "
ေခါင္းသာၿငိမ့္ျပလိုက္ရေပမယ့္ တကယ္ေတာ့ ေသာက္ေနတဲ့ ဟင္းရည္ေတာင္သီးေတာ့မလိုျဖစ္သြားသည္ ။
ဘာလဲဟ ။ ပတ္ေဆာင္ဟြန္းက တကယ္ႀကီး သူ႔ကိုလိုက္ေစာင့္ၾကည့္ေနတာလား ။
"ေဆာင္ဟြန္း မိုးအရမ္းခ်ဳပ္ေနၿပီေနာ္ .. မင္း အိမ္ျမန္ျမန္ျပန္မွျဖစ္မယ္ "
" အိမ္ျပန္မယ္လို႔ ဘယ္သူေျပာလို႔လဲ "
" ဘာ "
" ဒီည ဒီမွာအိပ္ဖို႔ေရာက္လာတာေလ"
" ပတ္ေဆာင္ဟြန္း !!?? "
" ဘယ္လိုၾကည့္ေနတာလဲ .. မင္းကို ထိေတာင္မထိပါဘူးေနာ္ "
ဒီမွာ အိပ္မယ္လို႔ေျပာ႐ုံနဲ႔ ဘာေတြေလွ်ာက္ေတြးေနမွန္းမသိတဲ့ေကာင္ေလးက ပါးေတြပါ နီရဲလာသည္ ။ ညစ္တီးညစ္ပတ္ေတြ ေလွ်ာက္ေတြးေနမွာစိုးလို႔ အျမန္စကားကို ကာ ထားရသည္ ။ အဲ့က်မွ ထိုေကာင္ေလးက စားေနတဲ့ samgyetan ထဲ အာ႐ုံျပန္ေရာက္သြားသည္ ။
" မင္း မအိပ္ခ်င္ေသးရင္ ငါေခၚသြားခ်င္တဲ့ေနရာရွိတယ္ လိုက္ခဲ့ေပးပါလား ဂ်ိတ္ခ္ "
ဂ်ိတ္ခ္ ေသခ်ာေတာ့မမွတ္မိ ။ ေဆာင္ဟြန္းရဲ႕ အေျပာကို ေခါင္းၿငိမ့္ျပလိုက္မိသည္ ထင္သည္ ။ ေဆာင္ဟြန္းက မုဆိုး ဆိုရင္ သူကိုယ္တိုင္က ေထာင္ေခ်ာက္ထဲ လိုလိုလားလား ဝင္ခ်င္ေနတဲ့ သားေကာင္ျဖစ္ေနတာ ဘယ္လိုလုပ္ရမလဲ ။
➖
"wohhhhh daebak !!!! "
လက္ႏွစ္ဖက္ကို တန္းေနေအာင္ဆန႔္ထားရင္း မ်က္လုံးေတြမွိတ္ထားတဲ့ ဂ်ိတ္ခ္ကို ေဆာင္ဟြန္းတစ္ခ်က္ေမာ့ၾကည့္လိုက္သည္ ။ ညသန္းေခါင္မို႔ ရွင္းေနတဲ့ ကားလမ္းတစ္ေလွ်ာက္ ကားအမိုးဖြင့္ထားတဲ့ ၿပိဳင္ကားေလးက ကစားေနသည္ ။
ေလအရွိန္က ျပင္းလာတာမို႔ ဂ်ိတ္ခ္ နဖူးေပၚက ဆံပင္ေတြက ေလေပၚမွာ လြင့္ေနဆဲ ။ မ်က္လုံးေတြမွိတ္ထားရင္ ၿပဳံးေနတဲ့ ႏႈတ္ခမ္းပါးေလးက မ်က္စိလႊဲခ်င္စရာအေၾကာင္းမရွိ ။
မတ္တတ္ရပ္ထားတာမို႔ျပဳတ္က်မွစိုး၍ လက္တစ္ဖက္က ကားေမာင္းရင္း ေနာက္တစ္ဖက္က ထိုေကာင္ေလးရဲ႕ ခါးကိုထိန္းထားရေသးသည္ ။ ဂ်ိတ္ခ္ကေတာ့ ဒါေတာင္သတိထားမိတဲ့ပုံမေပၚ ။ တကယ္ကို စိတ္လြတ္လက္လြတ္နဲ႔ ေပ်ာ္ေနတာ ။
ကားဘီးရပ္တန႔္သြားတဲ့ေနရာကေတာ့ ၿမိဳ႕ျပင္တစ္ေနရာ ။ ဘာမွ အတြန႔္မတက္ပဲ ဒီေနရာထိ ဒီအခ်ိန္ႀကီး လိုက္လာရဲတဲ့ သတၱိကိုေတာ့ ခ်ီးက်ဴးရမည္ ။ ကားကို လမ္းေဘးနားထိုးရပ္ရင္း ကားေရွ႕အဖုံးမွာ သြားထိုင္ေတာ့ ဂ်ိတ္ခ္ကပါ သူ႔ေဘးနားေရာက္လာသည္ ။
မိနစ္အတန္ၾကာသည္အထိ ႏွစ္ေယာက္လုံးစကားမေျပာပဲ ၾကယ္ေတြမရွိတဲ့ေကာင္းကင္ကိုသာ ေမာ့ၾကည့္ေနၾကသည္ ။ စကားမေျပာတဲ့ႏႈတ္ခမ္းေတြက တကယ္ေတာ့ေျပာစရာစကားေတြ အမ်ားႀကီးရွိေနၾကသည္ ။ တိတ္ဆိတ္ေနဖို႔ ဆုံးျဖတ္ထားပုံရတဲ့ ႏွစ္ေယာက္မွာ ပထမဆုံးလႈပ္ရွားလာတဲ့ သူက ဂ်ိတ္ခ္ ။
သူ႔နားကို တိုးလာတဲ့ေကာင္ေလးကို အသည္းယားလာလြန္း၍ ခါးကေနဖက္ထားလိုက္ေတာ့ သူ႔ေပါင္ေပၚတက္မထိုင္႐ုံတမယ္ ျဖစ္သြားသည္ ။
" ညဘက္ေတြအျပင္တစ္ခါမွ မထြက္ဖူးဘူး "
" မင္း သေဘာက်ရင္ ညတိုင္း ဒီလိုကားပတ္စီးၾကမယ္"
ေျပာမဲ့သာ ေျပာရေပမယ့္ ေဆာင္ဟြန္းအတြက္လည္း ဒီကိစၥကမလြယ္ ။ ဒီည ထြက္လာရတာေတာင္ ေဂ်းက သိပ္ေက်နပ္ပုံမေပၚ ။ ညတိုင္း ပါတီ သို႔မဟုတ္ club မွာ ေပ်ာ္ေနၾက ေဆာင္ဟြန္းက အခုေတာင္ ပ်က္ကြယ္တာေတြမ်ားေနၿပီ ။ ဒါေပမယ့္ ဂ်ိတ္ခ္သာ ဒီလိုေပ်ာ္ေနမယ္ဆိုရင္ ကလပ္ေတြမသြားရလည္း ကိစၥမရွိဟု မသိစိတ္က ေျပာေနသည္ ။
" မျဖစ္ဘူး .. ညတိုင္းထြက္ေနရင္ စာဘယ္အခ်ိန္သြားလုပ္ရမလဲ "
ျပန္ေျဖတဲ့ပုံက အိမ္စာပိေနတဲ့ မူလတန္းကေလးအ႐ြယ္ေပါက္ေနတာမို႔ အူယားစြာ နား႐ြက္ဖ်ားေလးကို လွမ္းကိုက္လိုက္သည္ ။ ထူးဆန္းတဲ့အထိအေတြ႕မို႔ထင္ ။ လည္ပင္းက ၾကက္သီးေမႊးညႇင္းေတြ ထသြားတာကိုျမင္လိုက္ရသည္ ။
" ေမႊးေနတာပဲ "
နား႐ြက္ကို ကိုက္ထားရာကေန လည္ပင္းတစ္ေလွ်ာက္ကို ႏွာေခါင္းနဲ႔ မထိတထိလိုက္နမ္းေနေတာ့ ယားလာသည္ထင္သည္ ။ ခါးေပၚက သူ႔လက္ေတြကို ဆြဲလႈပ္ၿပီးေခါင္းကို ေရွာင္ဖယ္လာသည္ ။
" ယားတတ္တာလား "
" အင္း မလုပ္ပါနဲ႔ဆို- အား ယားတယ္ ဟြန္း "
" ဟြန္းလို႔ အၿမဲတမ္းေခၚမယ္ဆိုရင္ ရပ္ေပးမယ္ "
" ဘာ- ဘာဆိုင္လဲ အ-အိုေခ အိုေခ ဟြန္း မလုပ္နဲ႔ေတာ့ "
" အၿမဲတမ္း အဲ့လိုေခၚရမွာေနာ္ .. ဒီတစ္ေခါက္တည္းမဟုတ္ဘူး "
" အင္း "
လည္ပင္းကိုပြက္ကာ ေခါင္းငုံ႔ၿပီးေျဖေနတဲ့ေကာင္ေလးက ရွက္ေနတာလား ။ ေဆာင္ဟြန္းက ဆံပင္ေလးေတြကို လွမ္းဖြၿပီး ကားအဖုံးေပၚလွဲခ်လိုက္သည္ ။ ညအေမွာင္မွာ ေအးစိမ့္စိမ့္ ကားအဖုံးက သူ႔ေက်ာျပင္ကို လာေရာက္ထိေတြ႕သည္ ။
" လာေလ ဒီမွာလာလွဲ "
သူ႔လက္ေမာင္းကိုပုတ္ျပၿပီးေျပာေတာ့ ခ်က္ခ်င္းပင္ေရာက္လာသည္ ။ ဒီလိုနဲ႔ပဲ ဒုတိယအႀကိမ္ သူတို႔ၾကားမွာ တိတ္ဆိတ္မႉက ႀကီးစိုးသြားျပန္သည္ ။ ေဆာင္ဟြန္း ေဘာင္းဘီ အိပ္ကပ္ထဲက တစ္ခ်က္တစ္ခ်က္ တုန္ခါလာတဲ့ ဖုန္းအသံကလြဲ၍ ။ ဘယ္ေလာက္ပဲ လ်စ္လ်ဳရႈထားထား မက္ေဆ့ေတြ ဆက္တိုက္ေရာက္လာတာက အနည္းနဲ႔အမ်ားေတာ့ စိတ္ရႈပ္ဖို႔ေကာင္းသည္ ။
ေနာက္ဆုံးေတာ့ ေဆာင္ဟြန္းက သည္းမခံႏိုင္ေတာ့တဲ့ပုံႏွင့္ မက္ေဆ့ေတြကို ျပန္ေျဖဖို႔ဆုံးျဖတ္လိုက္ပုံရသည္။ ဒါေပမယ့္ ေဘာင္းဘီအိပ္ကပ္ထဲက ဖုန္းကိုဆြဲထုတ္ယူဖို႔ျပင္ေနတဲ့ေဆာင္ဟြန္းရဲ႕ လက္ေတြက ေလထဲမွာ ရပ္တန႔္သြားရသည္ ။ အေၾကာင္းျပခ်က္ကေတာ့
နည္းနည္းမယုံႏိုင္စရာေကာင္းေပမယ့္ သူ႔လက္ေမာင္းေပၚမွာ ၿငိမ္ၿငိမ္ေလးလွဲေနတဲ့ေကာင္ေလးက သူ႔ႏႈတ္ခမ္းေတြကိုလာေရာက္တိုက္ခိုက္သည္ ။ ေဆာင္ဟြန္း ႐ုတ္တရက္ေၾကာင္အသြားတာေတာ့ ဝန္ခံရမည္ ။ အခ်ိန္ၾကာလာတာနဲ႔အမွ် ႏူးညံ့တဲ့ ပန္းေရာင္ႏႈတ္ခမ္းပါးေလးကို အားမရသလိုမ်ိဳး ေဆာင္ဟြန္းက ဂ်ိတ္ခ္ရဲ႕ ပါးႏွစ္ဖက္လုံးကို ဆုပ္ကိုင္လိုက္သည္ ။ ေနာက္ဆုံးေတာ့ စတင္ဦးေဆာင္တဲ့ ဂ်ိတ္ခ္ကပဲ ရပ္တန႔္ေပးဖို႔ေတာင္းဆိုရသည္ ။
" ဟြန္း ငါ့အနားမွာရွိေနရင္ ငါ့ကိုပဲၾကည့္ေနေပးလို႔မရဘူးလား .. အျခားသူေတြ ... အျခားသူေတြကိုေမ့ၿပီးေတာ့ေလ"
အနမ္းေတြရပ္တန႔္သြားတာနဲ႔ ေမာဟိုက္ေနတဲ့ အသံနဲ႔ ဂ်ိတ္ခ္က အေလာတႀကီးေျပာသည္ ။ ဒါဘာလဲ ။ ရွင္းဂ်ိတ္ခ္က သဝန္တိုေနတာလား ။
" ကေလးေလးက သဝန္တိုေနတာလား "
စင္တီမီတာ အနည္းငယ္အကြာမွာပဲရွိေနေသးသည့္ ႏႈတ္ခမ္းေလးကို ထိ႐ုံတစ္ခ်က္သြားနမ္းၿပီးမွ ေဆာင္ဟြန္းက စကားျပန္သည္ ။
" ငါသေဘာမက်လို႔ ဟြန္း ၊ ရပါတယ္ ထားလိုက္ေတာ့ ခုနက ငါေျပာတဲ့စကားကို မၾကားခ်င္ေယာင္ေဆာင္ေပး "
"အင္း .. ကတိေပးတယ္ ။ ကိုယ္မင္းကိုပဲ အၿမဲၾကည့္ေနေပးမယ္ "
အဖုံးေပၚကေန ထကာ ထထြက္သြားေတာ့မယ္ ဂ်ိတ္ခ္ရဲ႕ လက္ေတြကို အျမန္လွမ္းဆြဲရင္းေျပာလိုက္ရသည္ ။ၿပဳံးေပ်ာ္ေနတဲ့ မ်က္ႏွာေလးညႇိဳးသြားတာကိုေတာင္ ေဆာင္ဟြန္း မႀကိဳက္ ။ ဖုန္းကိုအိမ္မွာ မထားခဲ့ရေကာင္းလား ဟု ကိုယ့္ကိုကိုယ္သာ ႀကိတ္က်ိန္ဆဲရသည္ ။
ကားထဲျပန္ဝင္ထိုင္ေနတဲ့ ဂ်ိတ္ခ္ကို လွမ္းၾကည့္ရင္း သူ႔ႏႈတ္ခမ္းေတြကို မယုံႏိုင္စြာထိမိသည္ ။ သူ႔ရဲ႕ ပထမဆုံးအႀကိမ္ အနမ္းတုန္းကေတာင္ အဲ့ေလာက္ရင္မခုန္ခဲ့ဖူး ။
႐ုတ္တရက္ သူ႔ႏႈတ္ခမ္းေတြကို လာေရာက္ထိေတြ႕လာတဲ့ ရွင္းဂ်ိတ္ခ္ရဲ႕ ႏႈတ္ခမ္းပါးတို႔က သူ႔ကိုေဂ်ာက္ထဲ ဆြဲခ်လိုက္သလိုပဲ ။ ေအးခနဲ ျဖစ္သြားတဲ့ ခံစားခ်က္နဲ႔အတူ ဆက္တိုက္ခုန္လာတဲ့ ႏွလုံးသားေၾကာင့္ ကိုယ့္ဟာကိုယ္ေတာင္ လန႔္မိသည္ ။ ေက်ာင္းမွာ သူမနမ္းဖူးတဲ့ ေကာင္မေလးေတြမရွိေလာက္တဲ့ ပတ္ေဆာင္ဟြန္းဟာ ရွင္းဂ်ိတ္ခ္နဲ႔က်မွ ငိုင္ၿပီးက်န္ခဲ့ရသည္ ။
ဒါ ဘယ္လိုခံစားခ်က္မ်ိဳးႀကီးလဲ ။
ဒါေပမယ့္ ဒီလို ခံစားခ်က္မ်ိဴးကို ခံစားေစရတာ ရွင္းဂ်ိတ္ခ္က ပထမဆုံး မဟုတ္ ။
➖
" အိမ္ျပန္ေရာက္ရင္ ႏႈိးေနာ္ .. ငါ ခဏအိပ္လိုက္ဦးမယ္ "
" မႏႈိးေတာ့ဘူး တစ္ခါတည္းခ်ီၿပီး အိပ္ခန္းထဲထိ ပို႔ေပးမယ္"
" အ႐ူးေကာင္ ! ေတာ္ၿပီ မအိပ္ေတာ့ဘူး မင္းက ယုံလို႔ရတာ မဟုတ္ဘူး ၊ ငါအိပ္ေနတာကို အခြင့္ေကာင္းယူလိုက္ရင္ ဘယ္လိုလုပ္မလဲ "
အ႐ူးေကာင္ လို႔ေခၚၿပီး သူ႔ကိုေစာ္ကားေမာ္ကား ေျပာေနတာေတာင္ ပတ္ေဆာင္ဟြန္းက ေအာ္ရယ္ေနေသးသည္ ။ၿပီးေတာ့ ေျပာလိုက္ေသးတယ္ ။ " မင္းေျပာမွပဲ အႀကံရသြားၿပီ " တဲ့ ။
တကယ္ရွက္လြန္း၍ ေတြ႕ရာနဲ႔ ေကာက္ပစ္လိုက္ခ်င္သည္ ။ ဒါေပမယ့္ ၿပီးေတာ့လည္း ဘာမွလုပ္ျဖစ္တာမဟုတ္ ။
ပိုခ်စ္ရတဲ့ သူဆိုေတာ့လည္း စတာပဲျဖစ္ျဖစ္ ေနာက္တာပဲျဖစ္ျဖစ္ နာ သြားေအာင္မလုပ္ခ်င္ ။
ဘာပဲေျပာေျပာ အိမ္ျပန္လမ္းတစ္ေလွ်ာက္လုံး ဂ်ိတ္ခ္က အိပ္ခ်င္ေနတဲ့ သူ႔မ်က္ခြံေတြနဲ႔ စစ္တိုက္ေနရသည္ ။ လုံးဝအိပ္ေပ်ာ္သြားလို႔မျဖစ္ ။ အိပ္ေပ်ာ္သြားလို႔ သူ႔ကိုေဆာင္ဟြန္းက ခ်ီသြားမွာ ဆိုတဲ့အေတြးနဲ႔တင္ ၾကက္သီးေတြထလွၿပီ ။ အဲ့လိုနဲ႔ပဲ အိပ္ငိုက္သြားလိုက္ လန႔္ႏိုးလာလိုက္နဲ႔ တစ္ေယာက္တည္းတိုင္ပတ္ေနတဲ့ သူ႔ကိုေဆာင္ဟြန္းက ခပ္ဟဟ ရယ္ရင္း ႏွဖူးကို လာလာနမ္းသည္ ။
" ေအးေဆး အိပ္ပါကြာ ကိုယ္မင္းကိုဘာမွမလုပ္ပါဘူး "
ကားေပၚမွာ အိပ္မေပ်ာ္သြားခင္ ဂ်ိတ္ခ္ေနာက္ဆုံးေတြးေနမိတဲ့ အေတြးေတြရွိသည္ ။
သူ အခုေဆာင္ဟြန္းဆိုတဲ့ ဝကၤပါထဲကိုေတာ့ ေျခလွမ္းေနၿပီးၿပီ ။ အစ ပိုင္းပဲ ေရာက္ေသးတာလား ၊ အလယ္တစ္ဝက္ ေရာက္ေနၿပီလား ။ ျပန္ထြက္ဖို႔ေရာ အခ်ိန္မွီေသးလား ။
끝 •
(ဒါက ေမတၱာျဖင့္ ေဘာနပ္စ္)