ဒုတိယဇာတ်လိုက် အတွက် ရွှေပေါင...

By Joyareans

39.9K 4.2K 163

Author - Joyareans🐰🥕 English name -The resurrection mission(system 1061)👾 Cover photo crd Own creation 📝 ... More

Introduction
Secondchance
Arc1 characters
Arc 1.1 အန်းရီချန်း
Arc 1.2 အန်းရီချန်း
Arc 1.3 အန်းရီချန်း
Arc 1.5 အန်းရီချန်း
Arc 1.6 အန်းရီချန်း
Arc 1.7 အန်းရီချန်း
Arc 1.8 အန်းရီချန်း
Arc 1.9 အန်ရီချန်း
Arc 1.10 အန်းရီချန်း
Arc 1.11 အန်းရီချန်း
Arc 1.12 အန်းရီချန်း
Arc 1.13 အန်းရီချန်း
Arc 1.14 အန်းရီချန်း
Arc 1.15 အန်းရီချန်း
Arc 1.16 အန်းရီချန်း
Arc 1.17 အန်းရီချန်း

Arc 1.4 အန်းရီချန်း

1.7K 209 4
By Joyareans

Unicode

ဘယ်ဘယ်လမ်းသွယ်လေးထဲသို့ သူမဝင်ရောက်သွားချိန် အခြားကျောင်းက ကျောင်းဝတ်စုံနဲ့ ၅ယောက်လောက်ရှိတဲ့ ကျောင်းသားတစ်စုဟာ ကောင်ငယ်လေးတစ်ယောက်ကို ချောင်ပိတ်ကာ အနိုင်ကျင့်လို့နေတယ်။ ထိုကောင်ငယ်လေးက ခေါင်းငုံ့လို့ခံနေရင်း တစ်ချက်တစ်လေတောင်
ပြန်လည် တိုက်ခိုက်ခြင်းမရှိပေ။

အန်အန်-:'host အန်းရီချန်းကို ကယ်တင်ပါ'
System အန်အန်ရဲ့ ပြောကြားချက်ကြောင့် ထိုခေါင်းငုံခံနေရတဲ့ ကောင်ငယ်လေးဟာ အန်းရီချန်းမှန်း သူမသိလိုက်ရတယ်။ ထိုကောင်လေးက ခေါင်းငုံ့နေတုန်းမို့ မျက်နှာကို မမြင်ရတဲ့အပြင် အနိုင်ကျင့်နေတဲ့ ကျောင်းသားတွေရဲ့ ဝိုင်းရံမှုကြောင့်လဲ ကောင်ငယ်လေးကို ကွယ်နေ၍ မမြင်ရပေ။

ဟွင်း! ငါလေးရဲ့ လက်စွမ်းတော့ ပြရတော့မှာလား?

'System ငါလေးသာ မချတတ်ရင် နင်ငါ့ကို ဒီလိုပဲ ကယ်တင်ခိုင်းမှာလား' သူမဟာ အရင်ဘဝက တိုက်ကွန်ဒို (Taekwondo) နှင် ဂျူဒို (judo) ကို ကောင်းမွန်စွာ သင်ယူထားခဲ့သည်။ သူမရဲ့ Taekwondo Belts အဆင့်ဟာ Black W/2 Gold  STRIPES  2nd  DAN ဖြစ်ပြီး သူမရဲ့ judo Belts အဆင့်ဟာ Red/White  6th-8th ရှိတယ်။ သူမဆက်သင်ချင်သေးပေမယ့် ထိုလူသားနောက် တစ်ကောက်ကောက်နေရသည်မို့ သင်ဖို့ အချိန်မရခဲ့တော့ပေ။ Taekwondo ကလပ်ကို သူမဝင်ခဲ့သည်မှာလဲ ထိုလူသားကြီးကြောင့်ပင်။ ထိုလူသားကြီးရဲ့ ကျေးဇူးတော်ကြောင့် သူမတိုက်ခိုက်တတ်သည်လို့ပြောရမလား။ ဒါပေမယ့် သူမက ထိုတကောင့်သားကို ကျေးဇူးတင်မှာ မဟုတ်ပါဘူး။ သူမရဲ့ အမုန်းတွေဟာ ယခုချိန်မှာ ကြီးထွားလို့နေပြီ။ အချစ်ဆိုသည် မြူမှုန်တစ်စလောက်တောင် ရှိတော့မည် မဟုတ်။

အန်အန်-:'ဟုတ်ကဲ့ အထက်က အမိန့်မို့ hostကို ဒီလိုပဲ လုပ်ခိုင်းမှာပါ' system အန်အန်ရဲ့ ပြောကြားချက်ဟာ သူမကို သွေးအန်ချင်လောက်အောင် ဖြစ်သွားစေတယ်။ ဒါကြီးက ညှာတာမှု မရှိတာပဲ။

သူမသာ မချတတ်ရင် ဒီကောင်လေးကို ကယ်ဖို့သူမ ဘာလုပ်ရမလဲ?
ရဲခေါ်ရမလား? သူမရဲ့မိသားစု အရှိန်အဝါကို သုံးရမလား?
System ကို အကူအညီတောင်းရမှာလား?

ယခုတော့ သူမက ဒီအကြံအစည်တွေ တစ်ခုကိုမှ ရွှေးချယ်မှာ မဟုတ်ပါဘူး။ သူမရဲ့ မမြည်းစမ်းတာကြာတဲ့ လက်ရည်လေးကို မြည်းစမ်းကြည့်ချင်သေးတယ်။

"လူငါးယောက်က လူတစ်ယောက်ကို ဝိုင်းအနိုင်ကျင့်နေတယ်။ အဲ့လူငါးယောက်ရဲ့ အပြုအမူကို ဘယ်လိုပြောရမလဲ?...အရှုံးသမားတွေလားးး?...အိုးစ်"သူမ စကားဆုံးပြီးတဲ့နောက်မှာတော့ သူမရဲ့ သေးသွယ်လျတဲ့ လက်ချောင်းလေးများက သူမရဲ့ ချယ်ရီသီးကဲ့သို့ဖူးရဲစိုအိနေတဲ့ နှုတ်ခမ်းလေးကို အုပ်လိုက်ပြီး အံ့သြချင်ယောင်ဆောင်ကာ အထင်သေးလှောင်ပြောင်နေတော့တာပါပဲ။

သူမရဲ့အသံကြောင့် အနိုင်ကျင့်ရာမှ ရပ်တန့်လိုက်ပြီး သူမဘက်သို့ ထိုကျောင်းသားအုပ်စု လှည့်ကြည့်လာခဲ့တယ်။

အားနည်းတဲ့လူတွေပေါ်ကိုပဲ အနိုင်ကျင့်လို့ရပြီး သူတို့ရဲ့ သက်ရောက်မှုဟာ အားနည်းတဲ့သူတွေပေါ်မှာပဲရှိတယ်။ သူတို့ထက် အားကြီးတဲ့သူတွေနဲ့တွေ့ရင် သူတို့က အရှုံးသမားတွေပါ။ ဒါ့အပြင် လူတစ်ယောက်ကို အနိုင်ကျင့်ဖို့ လူငါးယောက် အုပ်စုဖွဲ့တယ်ဆိုတာ တကယ်ကို သူရဲဘောကြောင်တဲ့သူတွေပါပဲ။

ထိုအုပ်စုရဲ့ ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ ကျောင်းသားဟာ သူမစကားရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကိုသိပြီးတဲ့နောက် မျက်နှာတို့ပျက်ယွင်းသွားပြီး ခနမျှ စိမ်းပုတ်သွားတယ်။ သို့ပေမယ့် သူ့ရှေ့က အချောလေးပြောတာကို သူဘယ်လိုဗွေယူရပါ့မလဲ။
"ဟက်!!! အချောလေး မျက်စိလည်ပြီးရောက်လာတာလား!! မကြာခင် သွေးထွက်သံယိုတွေ ဖြစ်တော့မယ် နောက်မကျခင်လေး ဒီကိုကြီးရင်ခွင်ကို လာခဲ့လိုက်" ဒီလို ပါးစပ်က ပေါက်လွှတ်ပဲစား အထိန်းအကွပ်မရှိ စည်းကမ်းမဲ့စွာပြောနေတဲ့ ဆယ်ကျော်သက် လူမိုက်လေးတွေကို သူမတကယ် ဆုံးမပစ်ချင်သည်။

သူမရဲ့ ဆုတောင်းပြည့်ဝတယ် ပြောရမလား။ ဒီနေ့တော့ ထိုပေါက်လွှတ်ပဲစားလေးတွေကို ဆုံးမရတော့မည်။

ဒီက မမကြီးက မင်းလေးတို့ကို လိမ်မာသွားအောင် ဆုံးမပေးမယ်!

"သွေးထွက်သံယို ဖြစ်ရတာ အရမ်း သဘောကျတဲ့ပုံပဲ" ပါချည်ပါချဲ့လေးများနဲ့ ဆော့ကစားရမှာ ပျင်းတွဲသည့်ဟန်နှင့် လက်တစ်ဖက်ကို ကွေးကာ ကျန်တစ်ဖက်ကို ကိုင်ထားလိုက်ပြီး ကျန်လက်တစ်ဖက်က သူမရဲ့ ပုတုန်းရောင်ဆံနွယ်လေးတွေကို ဆော့ကစားလို့နေတယ်။ ပုတုန်းရောင်နက်မှောင်တဲ့ဆံနွယ်တွေက သူမရဲ့ သေးသွယ်တဲ့ လက်ချောင်းလေးတွေကို ကျောက်စိမ်းလို ကြည်လင်စေပြီး ဖြူဉကာနုဖက်လို့နေတယ်။

ထိုကျောင်းသားအုပ်စုထဲက ကောင်လေးတစ်ယောက်ဟာ ရှေ့ထွက်လာပြီး သူမရဲ့ဆံပင်နွယ်တွေကို ဆော့ကစားနေတဲ့ လက်ရဲ့လက်ကောက်ဝတ်ကို ကြမ်းတန်းစွာ ကိုင်လိုက်ပြီးနောက်...

သူမရဲ့ မျက်ဝန်းတို့ဟာလဲ အေးစက်မှု ရက်စက်မှုတို့ ဖုံးလွှမ်းသွားတယ်။ သူမရဲ့ ရုတ်ချည်းပြောင်းလဲ သွားတဲ့ မျက်ဝန်းတွေကြောင့်
သူမရဲ့လက်ကောက်ဝတ်ကို ကိုင်ထားတဲ့ကောင်လေးက အနည်းငယ် ထိတ်လန့် တုန်လှုပ်သွားခဲ့တယ်။ သို့ပေမယ့် ချက်ချင်းထိန်းချုပ်လိုက်ပြီး သူမကို ထီမထင်တဲ့ မျက်ဝန်းတို့နဲ့ပြန်ကြည့်လိုက်တယ်။

ထိုကောင်လေးရဲ့ ထိတ်လန့်တုန်လှုပ်မှုကို ဖြတ်ခနဲမြင်လိုက်ရတဲ့သူမ"ဟမ်းးး ကြောက်သွားတာလား!" သူမရဲ့မျက်ခုံးတစ်ဖက်ဟာ ပင့်တတ်သွားပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးတို့နဲ့ ထိုကောင်လေးကို ပြောလိုက်တယ်။

ကျားမရဲတစ်၊ လူမရဲဟစ်။ ဆိုသလို ထိုကောင်ငယ်လေးဟာ သူရဲ့ကြောက်စိတ်ကို ဖုံးကွယ်ရင်း "ဟက်..ကိုင်လိုက်ရင်တောင် ကျိုးကြေသွားနိုင်တဲ့မင်းကို ကြောက်ရမှာလား..."သူမရဲ့လက်ကောက်ဝတ်ကို တင်းကြပ်စွာ ညစ်ထားရင်း သူမရဲ့ မျက်ဝန်းကို စေ့စေ့ ကြည့်ကာ ပြောလိုက်တယ်။

ချီးပဲ!!!ဒီခန္ဓာကိုယ်က အားနည်းလိုက်တာ...

သူမရဲ့ လက်ကောက်ဝတ်ဟာ ထိုကျောင်းသားရဲ့ တင်းကြပ်တဲ့ ဆုပ်ကိုင်မှုကြောင့် နာကျင်နေပြီ။
သူမရဲ့ မျက်ဝန်းတို့က မဲမှောင်သွားပြီး ထိုကျောင်းသား တင်းကြပ်စွာ ဆုပ်ကိုင်ထားတဲ့ သူမရဲ့ လက်ကို တစ်ပတ်လည် လိမ်ပြီး ထိုကျောင်းသားရဲ့ လက်ကိုတစ်ဖန်ပြန်ဆုပ်ကိုင်လိုက်ပြီး လိမ်ချိုးလိုက်တယ်။

"ဂျွတ်"ခနဲ မြည်သံကို ကြည့်ရင် ထိုကျောင်းသားလေးရဲ့လက်ရိုးတွေ ကြိုးကုန်လေပြီ။ "ဂျွတ်"ဆိုတဲ့ မြည်သံရဲ့နောက်မှာ လူအော်သံလို ဝက်အော်သံလို နာကျင်မှုတွေ ပြည့်နှံ့နေတဲ့ အော်သံကြီး ဆူးခနဲ ထွက်သွားသည်။

ထိုကျောင်းသားရဲ့ လက်ကို လိမ်ချိုးပြီးနောက်မှာတော့ သူမရဲ့ ကျန်လက်တစ်ဖက်ရဲ့ လက်ဖနောင့်နှင့် ရင်ဝကို အားပြင်းပြင်း ဆောင့်တွန်းလိုက်လေတယ်။ တွန်းလိုက်တဲ့ အရှိန်ကြောင့် ထိုကျောင်းသားနောက်သို့ ခြေလှမ်း လေးလှမ်းသာ အနည်းငယ်ဆုတ်သွားပြီး ဖင်ထိုင်လျှက် လဲကျသွားတယ်။

ရှီအာရဲ့ ခန္ဓာကိုယ်က သိပ်ကို အားပျော့လွန်းတယ်။ သူမရဲ့ မူလ ခန္ဓာကိုယ်နဲ့သာဆိုလျှင် ထိုကျောင်းသား ခြေလှမ်း ခုနှစ်လှမ်းထက်ပိုပြီး နောက်ရောက်သွားနိုင်တယ်။

သူမရဲ့ လှုပ်ရှားမှုဟာ မြန်ဆန်လွန်း၍ ထိုကျောင်းသား အငိုက်မိသွားခဲ့သည်။ ဒါ့အပြင် သူမရဲ့မြန်ဆန်မှုနဲ့ လက်ရည်ကို မြင်ပြီး သကာလမှာတော့ ကျန်သော ကျောင်းသားများဟာ သူမဘက်သို့ လှည့်လာပြီး သူမကို မကျေနပ်တဲ့ အကြည့်နဲ့ကြည့်လိုက်တယ်။

"ရွှေးချယ် ဒီတိုင်းထွက်သွားမလား ဒါမှမဟုတ်.....
အနာခံပြီးမှထွက်သွားမလား.."သူမရဲ့ အေးစက်စက် မာကြောကြော အကြည့်တွေနဲ့ မေးလိုက်တယ်။ သူမရဲ့ အသံဟာ ဆွဲဆောင်မှုရှိပြီး ထိုကျောင်းသားတွေကို ကြောက်စိတ်တွေ တစ်ဟုန်တိုးဝင်ရောက်လာစေတယ်။

ထိုကျောင်းသားတွေက "ဟက်"ခနဲသာ လှောင်ရယ်လိုက်တယ်။
"အာ..အချောလေး ကိုယ်မင်းကို မိန်းကလေးမို့လို့ မရိုက်ချင်ပေမယ့် မင်းက ကိုယ့်လူကို နာအောင်လုပ်လိုက်ပြီ..မတတ်နိုင်တော့ဘူး" ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ ကျောင်းသားဟာ သူမကို မိန်းကလေးဖြစ်လဲ ရိုက်ရတော့မည်ကို မတတ်နိုင်တဲ့ လေသံနဲ့ ပြောလိုက်တယ်။ ပြီးတဲ့နောက် လက်တစ်ဖက်ကို ထောင်လိုက်ကာ
လက်ချောင်းများက အနောက်ကလူတစ်ယောက် သူမကို ဖမ်းချုပ်ပြီး သူ့ဆီခေါ်လာခဲ့ဆိုသည့် အဓိပ္ပာယ် နှင့် အချက်ပြလိုက်တယ်။

ထိုကျောင်းသားတွေရဲ့ အပြုအမူတွေနဲ့ စကားကြောင့် သူမ အဖြေရသွားခဲ့ပြီ။ သူမရဲ့ လက်စွမ်းကို ပြဖို့ အချိန်ကျပြီပေါ့။ ထိုကျောင်းသားတွေက သူမရဲ့ ကမ်းလှမ်းချက် ရွှေးချယ်မှုကို ငြင်းပယ်လိုက်တယ်။ အခွင့်အရေးကို ငြင်းပယ်လိုက်တဲ့အတွက် နောင်တတော့ရအောင် လုပ်ပေးရမှာပေါ့။

ထိုထဲမှ ကျောင်းအင်္ကျီကို ကျယ်သီးပြည့်မတပ်ထားပဲ အောက်ခံအင်္ကျီ အဝါရောင်ဝတ်ထားတဲ့ ကျောင်းသားဟာ အရင်ရှေ့တိုးလာပြီး သူမကို တိုက်ခိုက်ရန်ပြင်လိုက်တယ်။ ထိုကျောင်းသား ရှေ့တိုးရုံသာရှိသေးတယ်။ သူမက low turning kicksနဲ့ ထိုကျောင်းသားရဲ့ ဒူးကို အားပြင်းပြင်း ဖြတ်ကန်လိုက်တယ်။ သူမက ကျောင်းဝတ်စုံ ဝတ်ဆင်ထားသည့်အတွက် စကပ်တိုလေးကြောင့် သူမ ခြေထောက်ကို မြင့်မြင့်မြှောက်ဖို့မဖြစ်နိုင်၍ နိမ့်နိမ့်လေးသာ ဖြတ်ကန်လိုက်သည်။

Zawgyi

ဘယ္ဘယ္လမ္းသြယ္ေလးထဲသို႔ သူမဝင္ေရာက္သြားခ်ိန္ အျခားေက်ာင္းက ေက်ာင္းဝတ္စုံနဲ႕ ၅ေယာက္ေလာက္ရွိတဲ့ ေက်ာင္းသားတစ္စုဟာ ေကာင္ငယ္ေလးတစ္ေယာက္ကို ေခ်ာင္ပိတ္ကာ အနိုင္က်င့္လို႔ေနတယ္။ ထိုေကာင္ငယ္ေလးက ေခါင္းငုံ႕လို႔ခံေနရင္း တစ္ခ်က္တစ္ေလေတာင္
ျပန္လည္ တိုက္ခိုက္ျခင္းမရွိေပ။

အန္အန္-:'host အန္းရီခ်န္းကို ကယ္တင္ပါ'
System အန္အန္ရဲ႕ ေျပာၾကားခ်က္ေၾကာင့္ ထိုေခါင္းငုံခံေနရတဲ့ ေကာင္ငယ္ေလးဟာ အန္းရီခ်န္းမွန္း သူမသိလိုက္ရတယ္။ ထိုေကာင္ေလးက ေခါင္းငုံ႕ေနတုန္းမို႔ မ်က္ႏွာကို မျမင္ရတဲ့အျပင္ အနိုင္က်င့္ေနတဲ့ ေက်ာင္းသားေတြရဲ႕ ဝိုင္းရံမႈေၾကာင့္လဲ ေကာင္ငယ္ေလးကို ကြယ္ေန၍ မျမင္ရေပ။

ဟြင္း! ငါေလးရဲ႕ လက္စြမ္းေတာ့ ျပရေတာ့မွာလား?

'System ငါေလးသာ မခ်တတ္ရင္ နင္ငါ့ကို ဒီလိုပဲ ကယ္တင္ခိုင္းမွာလား' သူမဟာ အရင္ဘဝက တိုက္ကြန္ဒို(Taekwondo)ႏွင့္ ဂ်ဴဒို(judo)ကို ေကာင္းမြန္စြာ သင္ယူထားခဲ့သည္။ သူမရဲ႕Taekwondo Belts အဆင့္ဟာ Black W/2 Gold STRIPES 2nd DAN ျဖစ္ၿပီး သူမရဲ႕ judo Belts အဆင့္ဟာ Red/White 6th-8th ရွိတယ္။ သူမဆက္သင္ခ်င္ေသးေပမယ့္ ထိုလူသားေနာက္ တစ္ေကာက္ေကာက္ေနရသည္မို႔ သင္ဖို႔ အခ်ိန္မရခဲ့ေတာ့ေပ။ Taekwondo ကလပ္ကို သူမဝင္ခဲ့သည္မွာလဲ ထိုလူသားႀကီးေၾကာင့္ပင္။ ထိုလူသားႀကီးရဲ႕ ေက်းဇူးေတာ္ေၾကာင့္ သူမတိုက္ခိုက္တတ္သည္လို႔ေျပာရမလား။ ဒါေပမယ့္ သူမက ထိုတေကာင့္သားကို ေက်းဇူးတင္မွာ မဟုတ္ပါဘူး။ သူမရဲ႕ အမုန္းေတြဟာ ယခုခ်ိန္မွာ ႀကီးထြားလို႔ေနၿပီ။ အခ်စ္ဆိုသည္ ျမဴမႈန္တစ္စေလာက္ေတာင္ ရွိေတာ့မည္ မဟုတ္။

အန္အန္-:'ဟုတ္ကဲ့ အထက္က အမိန႔္မို႔ hostကို ဒီလိုပဲ လုပ္ခိုင္းမွာပါ' system အန္အန္ရဲ႕ ေျပာၾကားခ်က္ဟာ သူမကို ေသြးအန္ခ်င္ေလာက္ေအာင္ ျဖစ္သြားေစတယ္။ ဒါႀကီးက ညွာတာမႈ မရွိတာပဲ။

သူမသာ မခ်တတ္ရင္ ဒီေကာင္ေလးကို ကယ္ဖို႔သူမ ဘာလုပ္ရမလဲ?
ရဲေခၚရမလား? သူမရဲ႕မိသားစု အရွိန္အဝါကို သုံးရမလား?
System ကို အကူအညီေတာင္းရမွာလား?

ယခုေတာ့ သူမက ဒီအႀကံအစည္ေတြ တစ္ခုကိုမွ ေ႐ႊးခ်ယ္မွာ မဟုတ္ပါဘူး။ သူမရဲ႕ မျမည္းစမ္းတာၾကာတဲ့ လက္ရည္ေလးကို ျမည္းစမ္းၾကည့္ခ်င္ေသးတယ္။

"လူငါးေယာက္က လူတစ္ေယာက္ကို ဝိုင္းအနိုင္က်င့္ေနတယ္။ အဲ့လူငါးေယာက္ရဲ႕ အျပဳအမူကို ဘယ္လိုေျပာရမလဲ?...အရႈံးသမားေတြလားးး?...အိုးစ္"သူမ စကားဆုံးၿပီးတဲ့ေနာက္မွာေတာ့ သူမရဲ႕ ေသးသြယ္လ်တဲ့ လက္ေခ်ာင္းေလးမ်ားက သူမရဲ႕ ခ်ယ္ရီသီးကဲ့သို႔ဖူးရဲစိုအိေနတဲ့ ႏႈတ္ခမ္းေလးကို အုပ္လိုက္ၿပီး အံ့ၾသခ်င္ေယာင္ေဆာင္ကာ အထင္ေသးေလွာင္ေျပာင္ေနေတာ့တာပါပဲ။

သူမရဲ႕အသံေၾကာင့္ အနိုင္က်င့္ရာမွ ရပ္တန့္လိုက္ၿပီး သူမဘက္သို႔ ထိုေက်ာင္းသားအုပ္စု လွည့္ၾကည့္လာခဲ့တယ္။

အားနည္းတဲ့လူေတြေပၚကိုပဲ အနိုင္က်င့္လို႔ရၿပီး သူတို႔ရဲ႕ သက္ေရာက္မႈဟာ အားနည္းတဲ့သူေတြေပၚမွာပဲရွိတယ္။ သူတို႔ထက္ အားႀကီးတဲ့သူေတြနဲ႕ေတြ႕ရင္ သူတို႔က အရႈံးသမားေတြပါ။ ဒါ့အျပင္ လူတစ္ေယာက္ကို အနိုင္က်င့္ဖို႔ လူငါးေယာက္ အုပ္စုဖြဲ႕တယ္ဆိုတာ တကယ္ကို သူရဲေဘာေၾကာင္တဲ့သူေတြပါပဲ။

ထိုအုပ္စုရဲ႕ ေခါင္းေဆာင္ျဖစ္ဟန္တူတဲ့ ေက်ာင္းသားဟာ သူမစကားရဲ႕ ေနာက္ကြယ္က အဓိပၸာယ္ကိုသိၿပီးတဲ့ေနာက္ မ်က္ႏွာတို႔ပ်က္ယြင္းသြားၿပီး ခနမွ် စိမ္းပုတ္သြားတယ္။ သို႔ေပမယ့္ သူ႕ေရွ႕က အေခ်ာေလးေျပာတာကို သူဘယ္လိုေဗြယူရပါ့မလဲ။
"ဟက္!!! အေခ်ာေလး မ်က္စိလည္ၿပီးေရာက္လာတာလား!!
မၾကာခင္ ေသြးထြက္သံယိုေတြ ျဖစ္ေတာ့မယ္ ေနာက္မက်ခင္ေလး ဒီကိုႀကီးရင္ခြင္ကို လာခဲ့လိုက္" ဒီလို ပါးစပ္က ေပါက္လႊတ္ပဲစား အထိန္းအကြပ္မရွိ စည္းကမ္းမဲ့စြာေျပာေနတဲ့ ဆယ္ေက်ာ္သက္ လူမိုက္ေလးေတြကို သူမတကယ္ ဆုံးမပစ္ခ်င္သည္။

သူမရဲ႕ ဆုေတာင္းျပည့္ဝတယ္ ေျပာရမလား။ ဒီေန႕ေတာ့ ထိုေပါက္လႊတ္ပဲစားေလးေတြကို ဆုံးမရေတာ့မည္။

ဒီက မမႀကီးက မင္းေလးတို႔ကို လိမ္မာသြားေအာင္ ဆုံးမေပးမယ္!

"ေသြးထြက္သံယို ျဖစ္ရတာ အရမ္း သေဘာက်တဲ့ပုံပဲ" ပါခ်ည္ပါခ်ဲ့ေလးမ်ားနဲ႕ ေဆာ့ကစားရမွာ ပ်င္းတြဲသည့္ဟန္ႏွင့္ လက္တစ္ဖက္ကို ေကြးကာ က်န္တစ္ဖက္ကို ကိုင္ထားလိုက္ၿပီး က်န္လက္တစ္ဖက္က သူမရဲ႕ ပုတုန္းေရာင္ဆံႏြယ္ေလးေတြကို ေဆာ့ကစားလို႔ေနတယ္။ ပုတုန္းေရာင္နက္ေမွာင္တဲ့ဆံႏြယ္ေတြက သူမရဲ႕ ေသးသြယ္တဲ့ လက္ေခ်ာင္းေလးေတြကို ေက်ာက္စိမ္းလို ၾကည္လင္ေစၿပီး ျဖဴဉကာႏုဖက္လို႔ေနတယ္။

ထိုေက်ာင္းသားအုပ္စုထဲက ေကာင္ေလးတစ္ေယာက္ဟာ ေရွ႕ထြက္လာၿပီး သူမရဲ႕ဆံပင္ႏြယ္ေတြကို ေဆာ့ကစားေနတဲ့ လက္ရဲ႕လက္ေကာက္ဝတ္ကို ၾကမ္းတန္းစြာ ကိုင္လိုက္ၿပီးေနာက္...

သူမရဲ႕ မ်က္ဝန္းတို႔ဟာလဲ ေအးစက္မႈ ရက္စက္မႈတို႔ ဖုံးလႊမ္းသြားတယ္။ သူမရဲ႕ ႐ုတ္ခ်ည္းေျပာင္းလဲ သြားတဲ့ မ်က္ဝန္းေတြေၾကာင့္ သူမရဲ႕လက္ေကာက္ဝတ္ကို ကိုင္ထားတဲ့ေကာင္ေလးက အနည္းငယ္ ထိတ္လန့္ တုန္လႈပ္သြားခဲ့တယ္။ သို႔ေပမယ့္ ခ်က္ခ်င္းထိန္းခ်ဳပ္လိုက္ၿပီး သူမကို ထီမထင္တဲ့ မ်က္ဝန္းတို႔နဲ႕ျပန္ၾကည့္လိုက္တယ္။

ထိုေကာင္ေလးရဲ႕ ထိတ္လန့္တုန္လႈပ္မႈကို ျဖတ္ခနဲျမင္လိုက္ရတဲ့သူမ "ဟမ္းးး ေၾကာက္သြားတာလား!" သူမရဲ႕မ်က္ခုံးတစ္ဖက္ဟာ ပင့္တတ္သြားၿပီး ဆြဲေဆာင္မႈရွိတဲ့ အၿပဳံးတို႔နဲ႕ ထိုေကာင္ေလးကို ေျပာလိုက္တယ္။

က်ားမရဲတစ္၊ လူမရဲဟစ္။ ဆိုသလို ထိုေကာင္ငယ္ေလးဟာ သူရဲ႕ေၾကာက္စိတ္ကို ဖုံးကြယ္ရင္း "ဟက္..ကိုင္လိုက္ရင္ေတာင္ က်ိဳးေၾကသြားနိုင္တဲ့မင္းကို ေၾကာက္ရမွာလား..."သူမရဲ႕လက္ေကာက္ဝတ္ကို တင္းၾကပ္စြာ ညစ္ထားရင္း သူမရဲ႕ မ်က္ဝန္းကို ေစ့ေစ့ ၾကည့္ကာ ေျပာလိုက္တယ္။

ခ်ီးပဲ!!!ဒီခႏၶာကိုယ္က အားနည္းလိုက္တာ...

သူမရဲ႕ လက္ေကာက္ဝတ္ဟာ ထိုေက်ာင္းသားရဲ႕ တင္းၾကပ္တဲ့ ဆုပ္ကိုင္မႈေၾကာင့္ နာက်င္ေနၿပီ။
သူမရဲ႕ မ်က္ဝန္းတို႔က မဲေမွာင္သြားၿပီး ထိုေက်ာင္းသား တင္းၾကပ္စြာ ဆုပ္ကိုင္ထားတဲ့ သူမရဲ႕ လက္ကို တစ္ပတ္လည္ လိမ္ၿပီး ထိုေက်ာင္းသားရဲ႕ လက္ကိုတစ္ဖန္ျပန္ဆုပ္ကိုင္လိုက္ၿပီး လိမ္ခ်ိဳးလိုက္တယ္။

"ဂြၽတ္"ခနဲ ျမည္သံကို ၾကည့္ရင္ ထိုေက်ာင္းသားေလးရဲ႕လက္ရိုးေတြ ႀကိဳးကုန္ေလၿပီ။ "ဂြၽတ္"ဆိုတဲ့ ျမည္သံရဲ႕ေနာက္မွာ လူေအာ္သံလို ဝက္ေအာ္သံလို နာက်င္မႈေတြ ျပည့္ႏွံ႕ေနတဲ့ ေအာ္သံႀကီး ဆူးခနဲ ထြက္သြားသည္။

ထိုေက်ာင္းသားရဲ႕ လက္ကို လိမ္ခ်ိဳးၿပီးေနာက္မွာေတာ့ သူမရဲ႕ က်န္လက္တစ္ဖက္ရဲ႕ လက္ဖေနာင့္ႏွင့္ ရင္ဝကို အားျပင္းျပင္း ေဆာင့္တြန္းလိုက္ေလတယ္။ တြန္းလိုက္တဲ့ အရွိန္ေၾကာင့္ ထိုေက်ာင္းသားေနာက္သို႔ ေျခလွမ္း ေလးလွမ္းသာ အနည္းငယ္ဆုတ္သြားၿပီး ဖင္ထိုင္လွ်က္ လဲက်သြားတယ္။

ရွီအာရဲ႕ ခႏၶာကိုယ္က သိပ္ကို အားေပ်ာ့လြန္းတယ္။ သူမရဲ႕ မူလ ခႏၶာကိုယ္နဲ႕သာဆိုလွ်င္ ထိုေက်ာင္းသား ေျခလွမ္း ခုႏွစ္လွမ္းထက္ပိုၿပီး ေနာက္ေရာက္သြားနိုင္တယ္။

သူမရဲ႕ လႈပ္ရွားမႈဟာ ျမန္ဆန္လြန္း၍ ထိုေက်ာင္းသား အငိုက္မိသြားခဲ့သည္။ ဒါ့အျပင္ သူမရဲ႕ျမန္ဆန္မႈနဲ႕ လက္ရည္ကို ျမင္ၿပီး သကာလမွာေတာ့ က်န္ေသာ ေက်ာင္းသားမ်ားဟာ သူမဘက္သို႔ လွည့္လာၿပီး သူမကို မေက်နပ္တဲ့ အၾကည့္နဲ႕ၾကည့္လိုက္တယ္။

"ေ႐ႊးခ်ယ္ ဒီတိုင္းထြက္သြားမလား ဒါမွမဟုတ္.....
အနာခံၿပီးမွထြက္သြားမလား.."သူမရဲ႕ ေအးစက္စက္ မာေၾကာေၾကာ အၾကည့္ေတြနဲ႕ ေမးလိုက္တယ္။ သူမရဲ႕ အသံဟာ ဆြဲေဆာင္မႈရွိၿပီး ထိုေက်ာင္းသားေတြကို ေၾကာက္စိတ္ေတြ တစ္ဟုန္တိုးဝင္ေရာက္လာေစတယ္။

ထိုေက်ာင္းသားေတြက "ဟက္"ခနဲသာ ေလွာင္ရယ္လိုက္တယ္။
"အာ..အေခ်ာေလး ကိုယ္မင္းကို မိန္းကေလးမို႔လို႔ မရိုက္ခ်င္ေပမယ့္ မင္းက ကိုယ့္လူကို နာေအာင္လုပ္လိုက္ၿပီ..မတတ္နိုင္ေတာ့ဘူး" ေခါင္းေဆာင္ျဖစ္ဟန္တူတဲ့ ေက်ာင္းသားဟာ သူမကို မိန္းကေလးျဖစ္လဲ ရိုက္ရေတာ့မည္ကို မတတ္နိုင္တဲ့ ေလသံနဲ႕ ေျပာလိုက္တယ္။ ၿပီးတဲ့ေနာက္ လက္တစ္ဖက္ကို ေထာင္လိုက္ကာ လက္ေခ်ာင္းမ်ားက အေနာက္ကလူတစ္ေယာက္ သူမကို ဖမ္းခ်ဳပ္ၿပီး သူ႕ဆီေခၚလာခဲ့ဆိုသည့္ အဓိပၸာယ္ ႏွင့္ အခ်က္ျပလိုက္တယ္။

ထိုေက်ာင္းသားေတြရဲ႕ အျပဳအမူေတြနဲ႕ စကားေၾကာင့္ သူမ အေျဖရသြားခဲ့ၿပီ။ သူမရဲ႕ လက္စြမ္းကို ျပဖို႔ အခ်ိန္က်ၿပီေပါ့။ ထိုေက်ာင္းသားေတြက သူမရဲ႕ ကမ္းလွမ္းခ်က္ ေ႐ႊးခ်ယ္မႈကို ျငင္းပယ္လိုက္တယ္။ အခြင့္အေရးကို ျငင္းပယ္လိုက္တဲ့အတြက္ ေနာင္တေတာ့ရေအာင္ လုပ္ေပးရမွာေပါ့။

ထိုထဲမွ ေက်ာင္းအကၤ်ီကို က်ယ္သီးျပည့္မတပ္ထားပဲ ေအာက္ခံအကၤ်ီ အဝါေရာင္ဝတ္ထားတဲ့ ေက်ာင္းသားဟာ အရင္ေရွ႕တိုးလာၿပီး သူမကို တိုက္ခိုက္ရန္ျပင္လိုက္တယ္။ ထိုေက်ာင္းသား ေရွ႕တိုး႐ုံသာရွိေသးတယ္။ သူမက low turning kicksနဲ႕ ထိုေက်ာင္းသားရဲ႕ ဒူးကို အားျပင္းျပင္း ျဖတ္ကန္လိုက္တယ္။ သူမက ေက်ာင္းဝတ္စုံ ဝတ္ဆင္ထားသည့္အတြက္ စကပ္တိုေလးေၾကာင့္ သူမ ေျခေထာက္ကို ျမင့္ျမင့္ျမႇောက္ဖို႔မျဖစ္နိုင္၍ နိမ့္နိမ့္ေလးသာ ျဖတ္ကန္လိုက္သည္။

Continue Reading

You'll Also Like

586K 111K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
68.5K 3.7K 58
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
275K 48.1K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
69.5K 17.9K 61
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥