Spice Of Love

By YanWangFei

13K 1.7K 8

Chinese Title - 柴米油盐 Author - 阿阮有酒 Genre - Slice of Life, Yaoi [U] "Unexpected Marriage" ၏ နောက်ဆက်တွဲ။ သွမ့်... More

အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၁၀)

အခန်း(၉)

119 38 0
By YanWangFei

နောက်ဆုံးတွင် လင်းရှီ လက်သီး တင်းတင်းဆုပ်ပြီး အော်လိုက်မိသည်။

"မလိုက်ဘူး!! သူတို့ လုံးဝ မလိုက်ဖက်ဘူး!"

ကျန်သုံးယောက်မှာ လင်းရှီကို ကြောင်အစွာ ကြည့်လိုက်သည်။ ထန်ရိက ပထမဆုံး သတိဝင်လာသူ ဖြစ်ပြီး ကျန်သူများအစား မေးခွန်းမေးလိုက်သည်။

"ဒါဆို ငါ့ကိုပြော~ ဘယ်သူ ဖြစ်နိုင်မှာလဲ"

"အဲ့လူက လုံးဝ ဖန်းရို့လျန် မဟုတ်ဘူး!"

လင်းရှီ၏ မျက်နှာမှာ နီရဲလာကာ လည်ချောင်းမှ အာဒံ ပန်းသီးစေ့လေးက အထက်အောက် ရွေ့လျားသွားရသည်။

"တကယ်လို့ သွမ့်ရှန် လက်ထပ်တဲ့ တစ်ယောက်က ငါဆိုရင်ရော"

လေးယောက်လုံး တိတ်ဆိတ် သွားရတော့သည်။

လင်းရှီ မေးစေ့လေးကို အနည်းငယ်မော့ကာ ထိုသုံးယောက်အား သတိပေးလိုက်သည်။

"တခြားသူတွေကို သွား လျှောက်မပြော.."

လုရှီကျားက သူ့စကားကို ကြားဖြတ် ဝင်လာလေသည်။

"အကယ်၍ မင်းသာ သွမ့်ရှန်နဲ့ လက်ထပ်ထားတာ အမှန်ဆို ငါ ငါ့အစ်ကိုကို ပြန်ပြီးတောင် လက်ထပ် ပြလိုက်အုံးမယ်!"

ထိုစကားကို ကြားသည့် ထန်ရိနှင့် လုလင်းရှင်းမှာ ထရီလေတော့သည်။

လုလင်းရှင်း မျက်နှာနီရဲနေသည့် လင်းရှီ၏ နောက်ကျောကို အသာပုတ်ပေးလာသည်။

"ကော့တေးက အရမ်းပြင်းလို့လား"

စကားဝိုင်းရှိ အကောင်စုတ် သုံးယောက်လုံးက သူ့စကား တစ်ယောက်မှ မယုံကြပေ။ စိတ်ပေါက်ပေါက်နှင့် လင်းရှီ ကောင်တာက ဝိုင်ပုလင်း တစ်လုံးကို ဆွဲ၍ မော့ချမိလိုက်သည်။

ခဏကြာပြီးနောက် လင်းရှီ၏ တစ်ဝိုက်၌ ဝိုင်ပုလင်းများ စုပုံလာတော့သည်။ လက်ထဲက ပုလင်း၏ နောက်ဆုံးလက်ကျန်ကို သောက်လိုက်ပြီးနောက် လင်းရှီ ပုလင်းများကို ဖယ်ကာ ထရပ်လိုက်သည်။

"ဘယ်သွားမလို့လဲ"

ဘေးနားမှ လုလင်းရှင်းက သူ့လက်ကို ဆွဲ၍ မေးလာသည်။

လင်းရှီ လှည့်မကြည့်ပဲ လက်သာ အသာပြလိုက်သည်။

"သန့်စင်ခန်း!"

လင်းရှီ၏ အသံနှင့် လမ်းလျှောက်ပုံမှာ ပုံမှန်အတိုင်းသာ ဖြစ်၍ ကျန်သုံးယောက်မှာ သူ့နောက်သို့ လိုက်မသွား လိုက်တော့ပေ။

သန့်စင်ခန်းမှ ပြန်လာပြီးနောက်ပိုင်း ကိစ္စများကို သေချာ မမှတ်မိတော့လည်း အနီးအနားရှိ တွေ့ရာ ပုလင်းများကို ကောက်သောက်နေတာတော့ သေချာ မှတ်မိသေးသည်။

အမူးသမား ထန်ရိတောင်မှ အမူးပြေသွားပြီ ဖြစ်ပြီး လင်းရှီ သောက်ထားသည့် ပုလင်း အရေအတွက်ကို လိုက်ရေမိသည်။ လုလင်းရှင်း ဘားကောင်တာတွင် လှဲအိပ်နေသည့် လင်းရှီ၏ ပါးကို ခပ်ပါးပါး ပုတ်ကာ နိုးလိုက်သည်။ သို့သော် လုလင်းရှင်း၏ လက်မှာ အမူးသမားတစ်ကောင်၏ ရိုက်ထုတ်ခြင်းကို ခံလိုက်ရသည်။

"ငါ့ကို လာပြီး စောက်နှောင့်ယှက်တာ ရပ်စမ်း!"

လုလင်းရှင်း သက်ပြင်းသာ ချလိုက်ရသည်။

"ဘယ်လိုတွေတောင် သောက်ထားရတာတုန်း!"

ကောင်တာက မော်ဒယ်တစ်ယောက်ကို ဖက်ထားသည့် သခင်လေးများထဲမှ တစ်ယောက်က လှမ်းပြောလာသည်။

"သခင်လေးလင်း တစ်ယောက် အလွန်အကျွံ မူးနေပြန်ပြီလား"

လုရှီကျားမှာ မူးနေသည့်လူကို ကြည့်ရင်း အစ်ကို ဖြစ်သူဘက်ကို လှည့်လိုက်သည်။

"အစ်ကို~ ဘာဆက်လုပ်ကြမလဲ"

"ဘာလုပ်ရမှာတုန်း! လင်းအိမ်က တစ်ယောက်ယောက်ကို ဖုန်းဆက်ပြီး လာကြို ခိုင်းရမှာပေါ့!"

လုရှီကျား အစ်ကို ဖြစ်သူ၏ စကားအတိုင်း လင်းရှီ၏ အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကာ အစ်ကို ဖြစ်သူထံသို့ လှမ်းပေးလိုက်သည်။

"လင်းအိမ်တော်က လင်းရှီကိုဆို အရိပ်တကြည့်ကြည့် ထားတာ! သူ ဒီလောက်သောက်ထားတာကို သူ့အစ်ကိုသာ သိရင်တော့ လင်းရှီ သင်ခန်းစာ ပေးခံရပြီပဲ!"

လုလင်းရှင်း လင်းရှီ၏ လက်တစ်ဖက်ကို ဆွဲယူကာ လက်ဗွေရာ ယူ၍ ဖုန်းကို ဖွင့်လိုက်သည်။ ထို့နောက် contactဖွင့်ကာ လင်းရှီ၏ အစ်ကိုဖြစ်သူ ဖုန်းနံပါတ်ကို ရှာလိုက်သည်။ ထိုစဉ် contactထဲ ဒယ်ဒီဟု ရေးထားသည့် အဝင်ကောလ်တစ်ခု တွေ့လိုက်ရသည်။

လုရှီကျားလည်း အစ်ကိုဖြစ်သူနား တိုး၍ ကြည့်လိုက်သည်။

"ဒယ်ဒီလား။ လင်းရှီရဲ့ အဖေက သေသွားပြီးပြီ မဟုတ်လား"

"ဒီတိုင်း အရင်းနှီးဆုံးလူမို့ မှတ်ထားတာ နေမှာပေါ့!"

လုလင်းရှင်း ထိုနံပါတ်သို့ ခေါ်လိုက်ပြီး ဖုန်းဝင်သွားစဉ်တွင်ပင် တစ်ဖက်က ချက်ချင်း ပြန်ဖြေလာသည်။

လုလင်ရှင်း လည်ချောင်းရှင်း၍ တစ်ဖက်သို့ သေချာ ပြောလိုက်သည်။

"ဟဲလို! လင်းရှီရဲ့ အသိလား မသိဘူး! လင်းရှီ အရမ်းမူးနေလို့ သူ့ကို လာခေါ်လို့ ရမလားဗျ!"

တစ်ဖက်မှ လူမှာ အနည်းငယ် တိတ်ဆိတ် သွားပြီးနောက် အသံခပ်နက်နက်က ထွက်လာသည်။

"လုလင်းရှင်းလား။ တည်နေရာ ပို့လိုက်!"

တစ်ဖက်လူက ထိုမျှသာ ပြောပြီး ချသွားသည်မို့ လုလင်းရှင်း ကြောင်အသွားရပြီး ဖုန်းကို လင်းရှီ အိတ်ထဲသို့ ပြန်ထည့်ထားပေးလိုက်သည်။

"တစ်ဖက်လူရဲ့ အသံက သွမ့်ရှန် အသံနဲ့ တူသလိုပဲ"

"အစ်ကို! မူးနေပြီလား"

လုလင်းရှင်း ရယ်လိုက်မိသည်။

"ငါ့ကို လင်းရှီများ ထင်နေလား"

ထို့နောက် အလုပ်ဖုန်း ဝင်လာ၍ လုလင်းရှင်း အပြင်ထွက် စကားပြောပြီးနောက် အထဲသို့ ပြန်ဝင်လာဉ်တွင် ထန်ရိနှင့် လုရှီကျားမှာ ပုလင်းများကို သိမ်းနေပြီး ကျန်သခင်လေး များမှာလည်း ပြုတ်နေသည့် အင်္ကျီ ကြယ်သီးများကို ပြန်တပ်နေကြသည်။

လုလင်းရှင်း နှုတ်ခမ်းမှ စီးကရက်ကို မီးသတ်ကာ လွှင့်ပစ်ပြီး အော်မေးလိုက်သည်။

"ဘာလဲ။ ဘာလဲ။ ဘယ်သူ ရောက်လာတာလဲ။ လင်းရှီရဲ့ အစ်ကိုလား။ ရဲလား"

ထန်ရိမှာ ဖုန်းထဲက ခြံပြင်တွင် ရပ်နေသည့် ကားကို ဓာတ်ပုံရိုက်ကာ သူ့လူများ ပို့ထားသည့် ပုံကို လုလင်းရှင်းအား ပြလာသည်။

"ကားထဲက ကားမောင်းသူ နေရာက တစ်ယောက်က သွမ့်ရှန်နဲ့ အရမ်းတူလို့ဟ!"

ပြလာသည့် ပုံကို ကြည့်ပြီး လုလင်းရှင်း၏ ပါးစပ်များမှာ ဟသွားရတော့သည်။

လူရှီကျား ဟသွားသည့် အစ်ကို ဖြစ်သူ၏ ပါးစပ်များကို ပိတ်ပေးလိုက်ကာ သိမ်းစရာ ရှိသည်များ သိမ်းလိုက်သည်။

မကြာမှီတွင် သွမ့်ရှန်၏ ကားမှာ ခြံဝင်းထဲ ရပ်သွားပြီး သွမ့်ရှန် ထွက်လာပေသည်။

လုလင်းရှင်း၊ လုရှီကျား၊ ထန်ရိတို့ သုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိသည်။

"လင်းရှီရဲ့ အစ်ကို စီးပွားရေး ကိစ္စနဲ့ ခရီးသွားတာ ပြန်မရောက်သေးလို့ သွမ့်ရှန်ကို အကူအညီ တောင်းထားတာ ထင်တယ်!"

သူတို့ ပြောနေစဉ်တွင် သွမ့်ရှန်က အထဲဝင်လာကာ ကောင်တာတွင် အိပ်ပျော်နေသည့် လင်းရှီကို သူ့လက်မောင်းများကြားထဲ အသာပွေ့ချီလိုက်သည်။

ထို့နောက် တန်းစီရပ်နေသည့် သုံးယောက်ထံ အကြည့်ရောက်သွားလေသည်။

"သူ ဘယ်လောက်တောင် သောက်ထားတာလဲ"

အမေးခံလိုက်ရသည် ထန်ရိမှာ အေးခဲသွားရပြီး အမြန် ပြန်ဖြေလိုက်သည်။

"ခြောက်ပုလင်း ဒါမှမဟုတ် ခုနှစ်ပုလင်း ထင်တယ်!"

"သူ သောက်တာအပြင် တခြား ဘာတွေ လုပ်သေးလဲ"

သုံးယောက်လုံး ပြိုင်တူပင် ခေါင်းခါလိုက်ကြသည်။

"ဘာမှ တကယ်ကို ဘာမှ မလုပ်ပါဘူး အစ်ကိုရှန်"

လုလင်းရှင်းမှာလည်း ထပ်မံ ပြောလိုက်သညိ။

"အစ်ကိုရှန်! မပူပါနဲ့! လင်းရှီရဲ့အစ်ကို ပြန်မေးရင် ကျွန်တော်တို့ ရှင်းပြလိုက်ပါမယ်!"

"လင်းရှီရဲ့ အစ်ကိုနဲ့ ဘာသက်ဆိုင်နေလို့လဲ အခုကိစ္စက!"

သွမ့်ရှန်၏ အသံမှာ မဆိုင်သည့်ကိစ္စ ပြောသကဲ့သို့ ပေါ့ပါးနေခဲ့သဖြင့် သုံးယောက်သား တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြမိသည်။

သွမ့်ရှန် လက်ထဲမှ လင်းရှီကို သက်တောင့် သက်သာဖြစ်အောင် သေချာပွေ့ချီလိုက်ပြီး ကျန်လူတွေကို နှုတ်ဆက်လိုက်သည်။

"အနာဂတ်မှာ သူ့ကို အပြင်ထွက်ပြီး လည်ဖို့ ခေါ်နိုင်ပါတယ်! ဒါပေမဲ့ သူ အလွန်အကျွံ မသောက်အောင် သေချာ ထိန်းပေးကြ!"

ထို့နောက် လင်းရှီကို သယ်၍ပင် သွမ့်ရှန် အပြင်ထွက်ခဲ့ပြီး ကျန်သုံးယောက်မှာလည်း ကားနားသို့ လိုက်ပို့လေသည်။

ကားတံခါး ဖွင့်ကာ lover seatတွင် လင်းရှီကို သေချာချ ပြီး ခါးပတ်ပတ်ပေးကာ သွမ့်ရှန် အနောက်တိုင်းဝတ်စုံ အပေါ်လွှာကို ချွတ်၍ လင်းရှီကို သေချာ ခြုံပေးလိုက်သည်။

ထို့နောက် ဘောင်းဘီအိတ်ထဲမှ လင်းရှီ မနက်က ကျန်ခဲ့သည့် လက်ထပ်လက်စွပ်ကို ထုတ်၍ လင်းရှီ၏ လက်တွင် သေချာဝတ်ပေးလိုက်သည်။

ညမီး အလင်းရောင်များအောက်တွင် ထန်ရိတို့ သုံးယောက်မှာ သွမ့်ရှန်၏ လက်မှ လက်စွပ်နှင့် လင်းရှီ၏ လက်မှ လက်စွပ်မှာ တစ်ထပ်ထဲ ထပ်တူကျနေတာကို မြင်လိုက်ရပြီးနောက် မေးရိုး အောက်ပြုတ်ကျသွား လေတော့သည်။

လူသုံးယောက်၏ မျက်စိရှေ့တွင်ပင် သွမ့်ရှန်တစ်ယောက် ကားမောင်း ထွက်သွားလေတော့သည်။

ကြာရှည်စွာ တိတ်ဆိတ် သွားပြီးနောက် ထန်ရိ တစ်ယောက် လုရှီကျား၏ လက်မောင်းကို ဆွဲလှုပ်လိုက်သည်။

"ရှီကျား! မင်းတော့ မင်းရဲ့ အစ်ကိုနဲ့ ယူရတော့မယ်!"

လုရှီကျား တစ်ယောက် ခက်တိုးတိုး ဆဲရေးလိုက်မိတော့သည်။

"fuck!!"

Continue Reading

You'll Also Like

5.5K 393 4
❝ Cherry. Give me your exam paper. ❞ ❝ No. Write your own stupid exam. Oh, and shut up before you get us both disqualified. ❞ ❝ Not this bold outside...
321K 11.8K 68
Y/n's Life is a nightmare . But what happens when she gets transported into Death Note, her favourite anime and meets Light Yagami as a child? Y/n an...
208K 36.3K 87
Myanmar Translation (Retranslated from Mandarin Ducktales) Type- Web novel Genre- fantasy, romance, school life, slice of life, supernatural, yaoi Au...
31K 553 6
Fred and George ones shots set through out all years doing different things