မောင်
By ThetHmue3
3.1M 252K 104K
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔 More
Intro💔
💔အမှာစာ💔
💔Part1💔
💔2💔
💔3💔
💔4💔(Part1)
💔4💔(Part2)
💔5💔
💔6💔
💔7💔
💔8💔
💔9💔
💔10💔(Part1)
💔10💔(Part2)
💔11💔
💔12💔
💔13💔
💔14💔
💔15💔
💔16💔(Part1)
💔16💔(Part2)
💔17💔;(Part1)
💔18💔
💔19💔
💔20💔
💔21💔(Part1)
💔21💔(Part2)
💔22💔
💔23💔
💔24💔
💔25💔(Part1)
💔25💔(Part2)
💔26💔(Part1)
💔26💔(Part2)
❤️27❤️(Part1)
❤️27❤️(Part2)
💔28💔(Part1)
💔28💔(Part2)
💔29💔(Part1)
💔29💔(Part2)
💔30💔(Part1)
💔30💔(Part2)
❤️31❤️(Part1)
❤️31❤️(Part2)
💔32💔(Part1)
💔32💔(Part2)
💔33💔(Part1)
💔33💔(Part2)
💔34💔
🍂35🍂
💔36💔
💔37💔
💔38💔(Par1)
💔38💔(Part2)
💔39💔(Part1)
💔39💔(Part2)
💔40💔(Part1)
💔40💔(Part2)
🤍Ending🤍(Part1)
🤍Ending🤍(Part2)
Note
❤️Extra❤️
❤️Extra❤️2
Extra2💌
❤️Extra❤️
💔17💔(Part2)
46.6K 3.7K 1.8K
By ThetHmue3
"Jimin...Jimin ထအုန်း....သတိထားအုန်း..."
အတင်းလှုပ်နိုးကာ ခေါ်နေသောသူအသံကြား
တော့Jiminမျက်လုံးတွေမရရအောင်ဖွင့်လိုက်သည်။
မတည့်ပေမယ့် အဖျားတက်လာပီး
လူကချမ်းလွန်းတော့လည်း အရူးဆိုပေမယ့်
ပြန်လာနိုးနိုး ပြန်လာနိုးနိုးစောင့်နေခဲ့မိသည်။
JeonJungkook ကလွဲကျန်တာသူစိမ်းမို့
တကယ်တမ်းကြုံလာတဲ့အခါ လူဆိုးကိုတော့
မျှော်လင့်မိပါသည်။
တော်သေးတာပေါ့ မသေခင်ရောက်လာလို့။
စိတ်ထဲ တစက်မှမကျေနပ်နိုင်...။
ဒီလောက်ဖျားနေတဲ့သူကို ဘယ်လိုများ
ရူးပြီး ပင်လယ်ကိုခေါ်လာရတာလဲ...။
တွေးမိတိုင်း ပိုအဖျားတက်သည်။
"ငါ မကောင်းဘူး....Jungkook.."
"ကျတော်ဆရာဝန်ခေါ်လိုက်မယ်.နော်....ခဏ.."
"မခေါ်နဲ့!!!! ပျောက်တာလည်းမဟုတ်ဘူး..
လျှာရှည်ပြန်ပြီ.."
ဖုန်းဆီပြေးသောJeonသည်ဖုန်းကိုပစ်ချကာ
ပြန်ပြေးလာရသည်။
"ဒါဆို ဘာလုပ်မှာလဲ...ခင်ဗျားအရမ်းဖြစ်နေတာ.."
"ငါဘာလုပ်ရမလဲငါသိတယ်
သွား အကျီတစုံသွားယူ ငါအဝတ်လဲမှဖြစ်မယ်
ချွေးတွေ နဲ့....ထပ်အအေးပတ်လို့မဖြစ်ဘူး..."
Jeonဘာလုပ်ပေးရမှန်းကိုတကယ်သိမနေပါ။
စိုးရိမ်သလားလ်ို့မေးရင်တော့
ခိုက်ခိုက်တုန်နေသောကွေးကွေးလေးသည်
ဘဝမှာပထမဆုံးမြင်ဖူးရသောအသဲအသန်လူနာပဲ။
တယောက်တပြန်ရိုက်နေကြတာမှန်ပေမယ့်
မျက်နှာဖူးဖူးလေးက အမဲ့လှိုင်းလေးတွေဖြတ်ပြီး
ဝေဒနာကိုပြင်းပြင်းထန်ထန်ခံစားနေရမှန်း
သိတဲ့အခါ...မောင်တစ်ယောက် ပြာတာပေါ့...။
မုန်းလည်းနေမကောင်းရင် တော့ပြာမှာပဲ.....။
မောင်ဟာ အကျီမဝတ်ရသေးဘူး
သဘက်တထည်ပဲပတ်ထားကာ
အဝတ်ဗီရိုဆီသို့ပြေးရပြန်သည်။
စေတနာနဲ့ ထူထူထဲထဲ အဝတ်အစားတစုံကို
ရွေးယူကာ အိပ်ယာဆီပြန်ပြေးလာသည်။
"ရပီ လဲ တော့...ထနိုင်လား ထူပေးမယ်..."
သူချပေးလိုက်သောဘောင်းဘီနဲ့အကျီသည်
မျက်နှာတည့်တည့်သို့ပစ်ပေါက်လာတော့သည်။
"ပေါ့ပေါ့ပါးပါးကိုယူလာလေ...
ဒီအရွယ်ရောက်နေပီ ဒါလေးတောင်မသိဘူးလား
ငါချွေးတွေပြန်နေလို့ပါဆိုကွာ...!!!"
"နေမကောင်းတော့ နွေးအောင်လေ...!!!"
"မိုက်ရိုင်းဖို့ပဲ တတ်တဲ့ကောင် သွား
တခြားဟာသွားယူ.."
မောင်သည်...ကြမ်းပြင်ပေါ်ပြုတ်ကျသွားသော
ဘောင်းဘီနဲ့အကျီကိုပြန်ကောက်ကာ
ဗီရိုဆီထပ်ပြေးရပြန်သည်။
ညဝတ်ပေါ့ပေါ့ပါးပါးတစုံကို ဆွဲယူပြီး
မှားများမှားအုန်းမလားဆိုတဲ့ လန့်နေမှုနဲ့
ချပေးလိုက်တော့ လူမမာလေးက
အကျီလဲရန် ခက်ခဲစွာထသည်။
"ပြူးကြည့်မနေနဲ့လေ...လာထူအုန်း!!!!"
မထိနဲ့မကိုင်နဲ့အော်နေလို့ဆင်ခြင်နေခဲ့တာ။
အသံကုန်အော်တော့ပြေးထူရသည်။
"ငါအကျီလဲမယ် အဝတ်စတခုကိုရေနည်းနည်း
စွတ်ပြီးယူခဲ့ အပူကျမှဖြစ်မယ်...."
နှဖူးပေါ်အဝတ်စလေးတစ်ခုတင်ကာ
အပူကျအောင်လုပ်ဖို့Jimin တွေးကာ
ခိုင်းလိုက်တော့ ခေါင်းညိတ်လျှက်
ထွက်သွားတဲ့သူ။
T Shirtကိုဆွဲချွတ်ကာ ချွေးတွေသုတ်လိုက်ပြီး
ညဝတ်အကျီကိုပြောင်းလဲလိုက်သည်။
ဖျားတဲ့ဝေဒနာသည်တကယ်ကိုခံရခက်ပါသည်။
အိမ်မှာသာဆို ဒီလောက်ခံရမှာမဟုတ်။
ကိုယ့်အိမ်နဲ့ကိုယ် ဘယ်နေရာမှာဘာရှိတယ်
ဆေးဝါးအစုံအလင်နဲ့ အိမ်ဆိုတဲ့အသိလေးကြောင့်
သက်သာအုန်းမည်။
ခုဟာက သူစိမ်းနေရာ သူစိမ်းလူတွေနဲ့။
JeonJungkook ဟုသာ ထထအော်ပစ်ချင်နေသည်။
ရေချိုးခန်းထဲကပြေးထွက်လာသောသူသည်
ရေစွတ်လာကာ သဘက်အကြီးကြီး...။
နှဖူးပေါ်တင်မယ့်ဟာ တကိုယ်လုံးပင်ပတ်လ်ို့
ရနေတာကြောင့် Jimin သည် တပူပေါ်အပူပေါင်း
များစွာထပ်ဆင့်တော့သည်။
"နှဖူးပေါ်တင်မယ့်ဟာ..!!ဘာတွေလုပ်လာပြန်တာလဲ!!!!"
"ကျတော့်ကိုနှဖူးပေါ်တင်မယ့်လို့
ခင်ဗျားမပြောဘူးလေဗျာ...."
"ငါ...ဖျားလ်ို့မသေဘဲ....
ဒေါသထွက်ပြီး သေတော့မယ်!!!!"
"ပြောင်းပေးမယ်...ပြောင်းပေးမယ်....
စိတ်တော့လည်းရှည်မှာပေါ့
ကျတော် ဘယ်သူ့ကိုမှပြုစုဖူးတာမဟုတ်ဘူး
ကျတော်နားမလည်လို့ပါ....အော်နေတာပဲ....!!"
"ဘာနားလည်လဲ ဘာနားလည်လဲ
အရေမရအဖတ်မရ အိမ်မက်မက်ပြီး
ငါ့ကိုသောက်ပြသနာရှာဖို့ပဲ နားလည်တဲ့ကောင်..."
"အားးး!!"
မောင့်အသံကြီးသည်ဟိန်းခနဲထွက်လာတော့
မောင့်ဆိုင်သူလေးငြိမ်ကျသွားသည်။
ပုဝါအပိုင်းလေးတစ်ခုကို ရေစွတ်ပြီး
ပြန်ယူလာကာ နှဖူးပေါ်တင်ပေးလိုက်တော့
အဆင်ပြေသွားသည်။
"ဟိုစားပွဲမှာဆေးတွေရှိတယ်...
ငါပြောတာကိုသေချာနားထောင်နော်
အဝါရယ် အဖြူရယ် အစိမ်းနဲ့အဖြူစပ်တာရယ်
ယူခဲ့..."
Jeonသည် စားပွဲဆီသို့သွားလိုက်ကာ
ဆေးတွေကိုကြည့်နေခဲ့ပြီး အရောင်တွေကို
သေချာသိပေမယ့် မတော်တဆများမှားယူ
သွားရင် ပြသနာရှာခံရအုန်းမှာမို့
အကုန်ယူသွားလိုက်သည်။
မောင်ဟာ....ဆေးလုံးအရောင်လေးတွေအပေါ်မှာ
တောင် သိရက်နဲ့ မှားမှာသိပ်ကြောက်ခဲ့တယ်။
ကလေးလိုပဲ...အဆူမခံရအောင်
အကုန်ပါအောင်သိမ်းကျုံးယူလျှက်
အိပ်ယာထဲကလူဆီသွားခဲ့တယ်...။
"ကျတော်အရောင်တွေမခွဲတတ်လို့
အကုန်ယူလာတယ် ရွေးသောက်လိုက်..."
"ဒါလေးတောင် မလုပ်နိုင်ဘူး..."
Jimin ဟာသောက်ရမယ့်ဆေးတွေကို
ယူပြီး ပါးစပ်အကုန်ထည့်လိုက်ကာ
ရေသောက်ချလိုက်သည်။
"စောင်ခြုံပေး...လုံအောင်ခြုံပေးနော်...
ပြန်အိပ်မှဖြစ်မယ်...."
"တခုခု စားပါလား...."
"မစားချင်ဘူး....အိမ်ပြန်ချင်တယ်...."
JinHyungပြောတဲ့အကြံကိုချက်ချင်းလုပ်မိ
လိုက်တာသိပ်မှားသွားမှန်း ငိုမဲ့မဲ့အသံလေး
ထွက်လာတော့မှနောင်တကရသည်။
အရူးလို့အပြောခံရတာနည်းတောင်နည်းပါသေးသည်။
"ပြန်မလား...ကျတော်စီစဉ်လ်ုက်မယ်..."
"ရွဲ့တာလား...သွား မင်းကိုမမြင်ချင်ဘူး..."
Jeonသည်Aircon ခန်းထဲခုထိအကျီမဝတ်ရ
သေးချမ်းစိမ့်စိမ့်ပင်ဖြစ်လာပြီးမို့
အဝတ်ဝတ်ရန် ရည်ရွယ်လိုက်ပေမယ့်
"ဖက်လုံး...ဖက်လုံး ယူပေးအုန်း..."
"မမြင်ချင်ဘူးဆို...."
"မမြင်ချင်တာ ခိုင်းချင်တယ် လုပ်ပေးစမ်း!!!"
မောင်သည်..ကိုယ်တိုင်တောင်မသိလိုက်ခင်
သွားစွယ်လေးတွေပေါ်တဲ့အထိပြုံးမိသွားသည်။
ဖျားနေပေမယ့် အသံတခုကတော့အကောင်း..။
ParkJimin ကိုစတွေ့ထဲက မာန်နဲ့ဟန်နဲ့ထိုအသံသည်
ထုထည်များသာကိုင်လို့ရရင် သူဖျစ်ညှစ်မိအုန်းမှာ။
မောင်ဟာ....နာမည်လည်းမခေါ်နဲ့
အသားကိုလည်းမထိနဲ့...
အသံအပေါ်လည်း ထ်ုအချိန်ထဲကစတွန့်တိုခဲ့ပါသည်။
"ရော့...ဖက်လုံး....တခုခုတော့စား
ဘာစားချင်လဲ Hotelမှာအကုန်ရတယ်..
သွားမှာလိုက်မယ်...."
"တခါသွားရင် မင်းက ပြန်လာတော့မှာမဟုတ်ဘူး..."
Jeonသည်အံ့ဩစွာငုံကြည့်လိုက်မိသည်။
ပြန်လာစေချင်နေခဲ့တာလား...သူက။
ဖက်လုံးကိုကျစ်ကျစ်ပါအောင်ဖက်ထားလျှက်
ချက်ချင်းတိုးတိတိုးတိအသံကာလာ
ပြောင်းလဲသွားသူ၏ အရည်အချင်းသည်
တအံ့တဩကိုဖြစ်စေခဲ့သည်။
"ဒါဆိုအောက်ကိုမဆင်းတော့ဘူး
ရေခဲသေတ္တာထဲ သူတို့စီစဉ်ပေးတာတွေ
ရှိမှာပဲ....ကိတ်ဖြစ်ဖြစ်တော့စား..."
"အင်း...ပေါက်ကရတွေယူမလာနဲ့နော်..."
"အစားအစာတော့ မမှားဘူး...ဆရာလာမလုပ်နဲ့.."
Jeonသည်ရေခဲ့သေတ္တာကိုဖွင့်လိုက်တဲ့အခါ
ကံကောင်းစွာကိတ်မုန့်လေးတွေ အအေးတွေ
ဘီယာတွေ တခြားအစုံအလင်ရှိနေတာကြောင့်
အနူးညံ့ဆုံးဖြစ်မယ့် ကိတ်ကိုရွေးလိုက်ကာ
ပန်းကန်ထဲထည့်လျှက်ဇွန်းသေးသေးလေး
တပ်ကာယူလာခဲ့သည်။
ပထမဆုံးပဲ....စိတ်လှုပ်ရှားစွာတခြားသူအတွက်
ဒီလိုမျိုးပြုစုပေးရခြင်းသည် အတွေ့အကြုံအသစ်
စက်စက်မို့ဘယ်တော့မှာမေ့နိုင်လိမ့်မယ်မထင်ပါ။
"ရပီ....ထ စားအုန်း..."
Jimin သည်ထထိုင်လိုက်တဲ့အခါမျက်စိရှေ့
ရောက်လာသောကိတ်မုန့်ကလေး..။
ပထမဆုံးပဲ ဖျားနေတဲ့အချိန် ဒီလိုလေး
ရှေ့မှောက်အရောက်ပြုစုခံရတာ..။
အမေကကျန်းမာရေးမကောင်း အဖေက
အလုပ်ပဲလုပ်နေတာမို့ ငယ်ငယ်ထဲကဖျားရင်
ကိုယ့်အားကိုယ်ကိုး ကိုယ့်နည်းကိုယ့်ဟန်နဲ့
သန်မာခဲ့ရသည်။
နေမကောင်းရင်စိတ်တိုတတ်တာအကျင့်ပေမယ့်
တယောက်ထဲပဲကြိတ်တိုခဲ့ရပြီးဒါပထမဆုံး
စိတ်လွတ်ကိုယ်လွတ် စိတ်တိုပတ်ရမ်းခဲ့ဖူးတာ။
JeonJungkook ဆိုတဲ့စိတ်မမှန်တဲ့
လူဆိုးကောင်လေးကိုမှ.....။
"မကြိုက်လို့လား...တခြားဟာပြောင်းယူပေးမယ်.."
"ရတယ်...ဒါပဲစားမယ်...လက်တွေမဆွဲချင်လို့.."
"ကျတော်ခွံ့မှာပေါ့....မအော်ရင်ရပီ...
စိတ်လျှော့...."
ကြယ်ပွင့်ကလေးလိုပဲ....ခွံ့ကျွေးမယ်ပြောလို့
ပြူးကြည့်လာတဲ့မျက်လုံးငယ်တွေဟာ
မောင့် ကျိန်စာတွေကို လှောင်တာပေါ့...။
မောင့်အမုန်းတွေကို ဘယ်ဂရုစိုက်ပါ့မလဲလေ...။
မောင် ဆယ်ဘဝဆိုက်တိုက် အဆတသိန်းမက
ဆိုးတဲ့ကျိန်စာတွေတိုက်ခဲ့ရင်တောင်
မျက်အိမ်ကျဉ်းကျဉ်းတွေနဲ့ ခို့ခို့ရို့ရို့လေးကြည့်လာ
ရင် မောင့်နှလုံးသားက ပြတ်သားစွာသစ္စာဖောက်မှာပဲ။
"Cream တွေမကြိုက်ဘူး..."
"ဖယ်ပေးမယ်...."
Creamတွေကိုဖယ်ပေးကာJeonသည်
အနည်းငယ်လေးမှပါးစပ်ထဲမပါသွားအောင်
ကြိုးစားစိတ်ရှည်ပေးခဲ့သည်။
နည်းနည်းစီကျွေးနေရင်း တဝက်လောက်အထိ
ကုန်သွားတော့ မစားနိုင်တော့..။
အိပ်ယာထဲပြန်လှဲချသွားသည်။
"ဘာသောက်အုန်းမလဲ...."
"တော်ပီ....ငါလွှင့်ပစ်တဲ့အနွေးထည်ပြန်ယူ
ပေးအုန်း ချမ်းလာပြန်ပီ...."
"အမျိုးမျိုးပဲနော်...."
"မင်းဖျားမှသိမှာပါ...."
"ဖျားခဲ့ရင်တောင် ကျတော်ဒီလောက်
အော်နိုင်မှာမဟုတ်ဘူး...."
"သွားယူပေး...."
JEonသည်အနွေးထည်ကိုပြန်ယူပေးလိုက်သည်။
သေချာဝတ်ပြီး စောင်ခြုံကာအိပ်တော့မည့်ပုံ
ပေါ်တော့မှ ဗိုက်လည်းဆာလာပြီမို့
စားဖို့သောက်ဖို့ပြင်ဆင်ရတော့မည်။
ထမင်းစားခန်းထဲဝင်ကာ ခုထိJeonဘာမှ
မဝတ်နိုင်သေး...ခေါက်ဆွဲပြုတ်ဗူးတဗူး
ပြုတ်ထားကာ ရေချိုးပီးထဲကသဘက်ကိုနူတ်ဆက်ပီးဘောင်းဘီတထည်တော့ကောက်ဝတ်လိုက်သည်။
ပြေးရင်းလွှားရင်းကျွတ်များသာကျခဲ့ရင်
ငါ့ကိုဆိုးလ်အထိလွှင့်အောင် အော်ဆဲအုန်းမှာပဲ....။
ကိုယ့်အတွေးနဲ့ကိုယ်ရီချင်နေရင်းခေါက်ဆွဲပြုတ်ကို
မြန်မြန်ကျက်စေချင်ပြီ။
ဗိုက်သည်အရမ်းဆာနေပြီ...။
သူ့ကိူထားပီးအောက်ကိုလည်းမဆင်းရဲ...။
ခဏနေတော့ကျက်သွားတဲ့အခါ
စားပွဲပေါ်တင်လိုက်ပြီး ဗိုက်ဆာဆာဖြင့်
ရှုးရှုးရှဲရှဲစားနေသူမောင်သည်....
Hotelစာမှ...ညစာကို ဘုရင်တပါးလိုစားရမှ
ဖြစ်သလိုဆိုတာ ဘဝမှာမရှိစေရ...။
ဆောင်ပုဒ်အမျိုးမျ်ုးနှင့် ခုများတော့အကျီတောင်
မဝတ်နိုင်အလောတကြီးအချိန်လုစားနေရသည်။
အဟင့်....
ခေါက်ဆွဲတန်းလန်းဖြင့် နားထဲဖြတ်ဝင်လာသော
ညီးညူးသံကြောင့်Jeon စားခြင်းကိုခဏ
ရပ်ကာနားစိုက်ထောင်လိုက်သည်။
အဟင့်....
ခေါက်ဆွဲတွေအားလုံးကိုပါးစပ်ထဲထိုးထည့်ကာ
တစ်သျှူးတခုဆွဲယူသုတ်ပြီးအိပ်ခန်းဆီ
ပြန်ပြေးတော့ကွေးနေသူလေးသည်
မသက်သာနိုင်သေး..။
"ချမ်းတယ်.....!!!"
ချမ်းတယ်ဆို ပြေးပွေ့ရမှာမှန်ပေမယ့်
ပထမတခါလို Hyungလို့ နာမည်တပ်တမ်းတရင်
သူ့စိတ်သူမနိုင်တာသေချာတာမို့
မတ်တပ်ရပ်ကြည့်နေမိသည်။
တုန်ခိုက်နေသောပုံစံလေးကိုကြည့်ရင်း
ရင်ထဲအောင့်တက်လာပေမယ့်
မောင် မရဲတင်းခဲ့.....။
Hyung လို့ခေါ်ရင် ပင်လယ်ထဲပစ်ချလိုက်မယ်...။
ဟုတ်တယ်...ငါ့စိတ်ငါနိုင်တယ်....။
ငါကJeon JungKook...။
JEonသည်မျက်နှာတချက်မော့လိုက်ကာ
စိတ်ကိုသေချာပြင်ဆင်ပြီးအိပ်ယာပေါ်
တက်လိုက်သည်။
ကွေးနေသောခန္ဓာကိုယ်လေးဖွဖွလေးယူကာ
ရင်ခွင်ထဲထည့်လိုက်တော့ ထုံးစံအတိုင်း
လက်ကလေးတွေကရင်ဘက်ပေါ်
ဟိုဆွဲဒီဆွဲ...။
မတမ်းတလိုက်ပါနဲ့ဟု စိတ်ထဲအကြိမ်ကြိမ်
ဆုတောင်းခဲ့ရသည်။ တခုခုကိုစွဲလန်းမနေဘဲ
ဖက်ထားတာ သူပါဟု သိစေချင်သောစိတ်သည်
အရူးလိုပါပဲ...။
နွေးမှန်းသိတဲ့အခါ ရင်ခွင်ထဲကို
ခွေခေါက်ပြီးတိုးဝင်လာတဲ့သူ။
ဘယ်လိုတောင်အံဝင်ခွင်ကျနိုင်လိုက်သလဲ...။
ခေါင်းအုံးကိုဖယ်ကာတက်တူးတွေနဲ့
လက်မောင်းပေါ်ခေါင်းတင်စေပြီး
သေးငယ်ခြင်းလေးကိုသိမ်းကျုံးပွေ့ဖက်ထားလိုက်သည်။
"မချမ်းတော့ဘူးမလား...."
ဘာမှပြန်မဖြေတော့...။လုံးဝကိုအဆင်ပြေပုံရ
သွားကာမောင့် ရင်ခွင်ထဲတွင် မောင့်ဆိုင်သူ
လေးတိုးဝင်ပျောက်ကွယ်သွားခဲ့သည်။
ခေါက်ဆွဲပြုတ်လည်းမဝခဲ့...။
ငြိမ်သွားသောအခါ...စီးကရက်သောက်ချင်
လာ၍ထမည်ကြံခဲ့ပေမယ့် ခါးကိုတင်းတင်းကျပ်ကျပ်
ဖက်ထားခဲ့သောလက်သေးသေးလေးတွေ..။
မောင် တချက်လှုပ်ရှားသွားတာကိုတောင်
လက်မခံ တင်းကျပ်စွာ ဆွဲထားသည်။
ကိုယ်ပူတွေတဖြည်းဖြည်းကျလာကာ
သက်သာလာပုံရတော့ Jeonလည်း
တော်တော်လေးပင်ပန်းကာအိပ်ချင်လာပြီ။
ရင်ခွင်ထဲရောက်နေသူကိုအနီးကပ်လေး
စိုက်ကြည့်နေရင်း စိတ်သည်ဒီမျက်နှာလေးကို
ဘယ်အချိန်ကြည့်ကြည့် စတွေ့ထဲက
ကသောင်းကနင်းဆန်လွန်းခဲ့တာမလား...။
မောင့် အာဂတတွေဟာ..အတ္တသိပ်ကြီးလွန်းတဲ့
အိမ်ရှေ့စံအတွက် ငြိုးထားခဲ့ပေမယ့်
ဘဝတိုင်းမှာ အိမ်ရှေ့စံလိုနှလုံးသားမျိုး
ဖြစ်မနေခဲ့တော့ အမုန်းတွေဟာယိုင်နဲ့လာသည်။
JinHyungထပ်ခါထပ်ခါပြောခဲ့ဖူးတဲ့
Jimin က Jimin ပဲ....ဆိုတဲ့အမှန်တရားကို
သဘောပေါက်လာတဲ့အခါ မောင်သည်
ဆံပင်လေးတွေကိုသပ်တင်ပေးရင်း
မစောင့်စည်းနိုင်သောစိတ်မှာ Jimin
နူတ်ခမ်းနားလေးသို့တိုးကပ်သွားသည်။
မျက်နှာကိုမြင်တာနဲ့မုန်းရင်းကနေ
မျက်နှာမြင်တာနဲ့ နမ်းချင်နေသော
လောင်မြိုက်မှုဒုက္ခသည်လည်းသေးမှမသေးဘဲ။
ဖွဖွလေးစုတ်ယူလိုက်တော့.....
ကိုယ်ငယ်လေးသည်တုန်ခနဲပဲ....။
သတိလစ်နေတဲ့သူမှမဟုတ်တာ သူခံစားမှုရှိနေမှာပဲ။
အားနည်းနေလို့အတင်းမရုန်းတာပဲရှိမှာ...။
Jeonဟာ နမ်းခြင်းအမျိုးမျိုးထဲကမှ
လုံးဝအနူးညံ့ဆုံးနမ်းပုံနမ်းနည်းကိုရွေးပြီး
မထိတထိ ထိလိုက်ခွါလိုက်ဖြင့်ပညာတွေစသုံးသည်။
ဘယ်လောက်များလွင့်ခဲ့သလဲဆို မိနစ်အနည်းငယ်
ကြာတဲ့အခါ မောင့်ဆိုင်သူလေးရဲ့
နူတ်ခမ်းထူထူတွေသည်မောင့်နူတ်ခမ်းပါးတွေကို
အံ့ဩစွာပင်ပြန်လည်တုံ့ပြန်လာတဲ့အထိ...။
"Jimin......."
ဖျားနေသောလူနာ၏ငြီးသံထက်မောင့်အသံတွေ
ပိုတုန်ခါသွားသည်....။
မောင်က ထိလွယ်ရှလွယ် မဟုတ်
ဒါပေမယ့် မီးတောင်လိုနူတ်ခမ်းတွေနဲ့
ဓာတ်ပြုမိရင်ဝမ်းနည်းစွာ မထိခင်ထဲက
မောင်က ရှနေပြီ.....။
သိပ်လှတဲ့မိန်းမတွေ သိပ်မိုက်တဲ့ယောကျ်ား
တွေနဲ့ အတွေ့အကြုံများသည်
မောင့်ကို လှောင်နေတာများအကြီးကျယ်....။
ယောင်ရမ်းကာပြန်နမ်းနေမှန်းသိပေမယ့်
စီးကရက်တွေထက်အရသာရှိတာပေါ့...။
လှုပ်ရွလာသူကမောင်...
ရုပ်ပျက်ဆင်းပျက် အချစ်ဆရာကြီးကမောင်...
ကိုယ့်ကိုကိုယ်လည်းရှက်လိုက်တာ....
မိနစ်အနည်းငယ်လေးပြန်နမ်းပြီးလူနာလေးက
အိပ်ပျော်သွားပြန်သည်။
မရိုးမရွနဲ့မောင်ဟာ...နေရခက်နေသည်....။
ထပြေးလို့လည်းမရ...။
ပါးဖောင်းဖောင်းကို ဖိကပ်နမ်းလိုက်တော့
အင့်အဲ တွေဖြစ်လာပြီမို့ ချက်ချင်းလှုပ်ရှား
မှုတွေရပ်ကာ ကျောလေးပုတ်ပေးလိုက်ရသည်။
"အလုပ်တွေရှုပ်လိုက်တာ........."
အဖြူရောင်Hotelအခန်းကျယ်ကြီးထဲက
အဖြူရောင်အိပ်ယာကြီးထဲမှာရင်ခွင်တခုထဲ
မောင့်ဆိုင်သူလေးဟာပျောက်ဆုံးနေခဲ့တယ်။
ပင်လယ်လှိုင်းခတ်သံဆူညံနေလျှက်....
ပင်လယ်လေညှင်းတွေတိုက်ခတ်နေလျှက်....
မောင်တစ်ယောက်အိပ်မပျော်နိုင်....။
ချမ်းလာလေ အတင်းတိုးဝင်လာသူလေးရဲ့
မျက်နှာလေးဟာ အဝတ်မဲ့မောင့် ရင်ဘက်ကို
အပီအပြင်အပ်ထားရင်း တဖြည်းဖြည်း
ခန္ဓာကိုယ်လေး အေးလာတယ်....။
မောင့်ရင်ခွင်ကြီးဘယ်လောက်ကျယ်သလဲမေး...
မောင့်ရင်ခွင်ကြီးဘယ်လောက်နွေးသလဲမေး
အဖျားတွေချက်ချင်းပျောက်တဲ့အထိပဲ......။
အဝါရောင်ဆေးလုံးတွေအဖြူရောင်ဆေးလုံးတွေ
တကယ်တမ်းတော့လည်းမလိုအပ်ခဲ့ပါဘူး...။
ငါးနှစ်ကြီးသူ MD Park ရဲ့ဆေးက...
လွယ်လွယ်လေးနဲ့ရှင်းရှင်းလေး.....။
နှစ်ယောက်စလုံးအသက်ရှုသံတွေမှန်စွာ
အိပ်မောကျသွားခဲ့သည်။
.........။
"Jeonငယ်......."
ပြင်းပြင်းပြပြနမ်းနေကြသောယောကျ်ား
နှစ်ယောက်၏အိမ်မက်သည်တညလုံးမက်
နေတာအားမရသေးမိုးလင်အထိ
အခန်းမီးရောင်မှိန်မှိန်အောက်နမ်းနေကြတုန်း..။
Jimin သည်စိတ်နဲ့ကိုယ်ကပ်သွားတဲ့အခါ
လန့်နိုးသွားပေမယ့်ရင်ခုန်မှုတွေကမပြေသေး...။
နမ်းလို့ကောင်းလိုက်တာ...ဟုအရှက်မဲ့စွာ
တွေးရင်းနိူးလာရတဲ့အထိ...။
ဟင်!
နွေးနွေးထွေးထွေးအသိုက်အမြုံထဲရောက်နေတာ
ကြောင့်မော့ကြည့်လိုက်တော့အသက်ရှုမှန်စွာ
အိပ်မောကျနေသောလူသည်သူရဲ့မနက်ခင်းကို
ကြိုဆိုနေသည်။
ညကဖြစ်ရပ်တွေခေါင်းထဲတန်းစီဝင်လာတော့
Jimin အော်အော်ဟစ်ဟစ်တော့ထမလုပ်တော့။
အားနာမှုလေးတော့ရှိရမည်။
တညလုံးပင်ပန်းခဲ့သူသည် လူဆိုးမလို့
ဒီလိုမျိုးကြီးကျစ်ကျစ်ပါအောင်ဖက်အိပ်နေရသော
ဖြစ်ရပ်သည် သွေးတက်ခြင်းထက်ကျော်လွန်စွာ
ခံစားသွားသော်ငြား ဖက်ထားတာသူကပိုခိုင်မြဲ
နေတာကြောင့်Jungkook ခါးတွေကိုတဖြည်းဖြည်း
လွှတ်ပေးကာ မနိုးအောင်ထလိုက်သည်။
ဟောက်သံမတိုးမကျယ်သည် လုံးဝမနိုးကြောင်း
သက်သေ...။
ဖျားတာနဲ့ဒီအရိုင်းလေးရင်ခွင်ထဲရောက်ရောက်
သွားရတာမဟုတ်သေးပါဘူး....။
Jimin သည်အိပ်ယာပေါ်မှဖွဖွလေးထကာ
အပေါ်ပိုင်းဗလာဖြင့်လူအားစောင်သေချာ
လွှားပေးခဲ့ပြီး မျက်နှာသစ်ခြေလက်ဆေးဖို့
ပြင်ဆင်လိုက်သည်။
မနေ့က ကိုယ့်ဒုက္ခနဲ့ကိုယ်မို့ ပင်လယ်တွေကျွန်းတွေ
လည်းမခံစားနိုင်ခဲ့ပေမယ့်နေပြန်ကောင်းလာတော့
တော်တော်လှတာပဲဟု ခဏရပ်ကြည့်မိရင်း
ပြုံးသွားရသည်။
ကျွန်းပိုင်ရှင်ကသာ ရူးနေတာ
ကျွန်းကတော့ သူ့အကြိုက်ကွက်တိ....။
မျက်နှာသစ်သန့်စင်ပြီး အဝတ်အစား
လဲကာမနက်စာစားဖို့အာရုံရလာသည်။
ညကလည်းကိတ်မုန့်တခုထဲနဲ့ပြီးသွားတာမို့
အောက်ဆင်းကာမနက်စာကောင်းကောင်းလေး
မှာစားရမည်..။ပင်လယ်ကြီးကိုခံစားပြီး
အေးအေးဆေးဆေးလေးပေါ့...။
ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးအိပ်ယာ
ပေါ်လှမ်းကြည့်တော့ ဟောက်နေတုန်း..။
သူ့ဟာသူဘယ်လောက်ချောချော
ဘယ်လောက်မိုက်မိုက်
မိန်းမတွေတန်းတန်းစွဲဖြစ်နေအုန်းတော့
အိပ်နေသောအချိန်ကတော့ ဒါတွေသည်ကြက်ပျောက်
ငှက်ပျောက်ပဲ..။အိပ်ယာကိုသူထသွားတာနဲ့
ကန့်လန့်ဖြတ်ကာ ခြေပစ်လက်ပစ်သေသေချာချာ
အိပ်နေတဲ့ပုံစံသည်Jimin ကိုမဲ့ခနဲဖြစ်စေသည်။
"စိတ်ဆင်းရဲစရာ...."
Jimin သည်ဖိနပ်စီးကာအခန်းအပြင်သို့
ထွက်သွားပြီးဓာတ်လှေကားအတိုင်း
အောက်ထပ်ကိုဆင်းတော့အားလုံးက
ဝမ်းသာအားရနူတ်ဆက်ကြသည်။
နူတ်ဆက်တဲ့အထဲ ဒီHotelရဲ့တာဝန်ခံဖြစ်ဟန်တူသော
လူကထိပ်ဆုံးက။ဥက္ကဌJeonကိုသူ
ချီးကျူးအားကျရတာဒါတွေပေါ့။
Hotelရဲ့ တာဝန်ခံသည် မင်းသားရှုံးအောင်
သပ်ရပ်နေကာ ထက်ထက်မြတ်မြတ်ရှိပြီး
Hotelတခုလုံးကိုကိုင်တွယ်ဖို့လုံလုံလောက်လောက်ပုံစံ။
"အကိုလေး...နေကောင်းပီသွားပီလား..."
"အင်း....ကောင်းသွားပါပီ..."
သခင်လေးJeonချီခေါ်လာတုန်းက...
သူတို့တွေဝိုင်းကြည့်ချိန် အော်ဟစ်မောင်းထုတ်
ခဲ့တာကြောင့် ကြီးကျယ်လိုက်တာဟု
တွေးခဲ့မိသည်။
ခုသေသေချာချာတွေ့ရတော့မှ...
သခင်လေးJeonမောင်းထုတ်ဆိုလည်းမောင်းထုတ်
ရလောက်ပါပေတယ်...။
"ကျတော်တို့အကုန်စိတ်ပူနေတာ...
သခင်လေး Jeonရောမပါလာဘူးလား.."
"အ်ိပ်တုန်း...."
"အော်...ဟုတ်ကဲ့..."
"ကိုယ် Hotel နဲ့ ကျွန်းအကြောင်းနည်းနည်း
မေးချင်လို့ရလား...ရောက်တုန်း
လေ့လာချင်လာလို့..."
"ရတာပေါ့...ကျတော်ပြောပြပါ့မယ်..."
ဖက်စရာဘာမှမရှိတော့၍လန့်နိုးလာတော့
အခန်းထဲမှာသူတစ်ယောက်ထဲ...။
အိပ်ယာထဲအပြေးအလွှားရှာလိုက်တော့လည်း
မရှိ။နေမကောင်းနေတာကြောင့်ပူသောစိတ်အခံ
လေးလည်းရှိနေပါသည်။
JEonသည်ချက်ချင်းအိပ်ယာပေါ်မှပြေးဆင်းကာ
အခန်းတွေအားလုံးလျှောက်ဖွင့်ကြည့်လိုက်ပေမယ့်
ParkJimin ပျောက်နေသည်။
အခန်းထဲကပြန်ထွက်လာကာခေါင်းကုတ်လျှက်
ယောက်ယက်ခတ်နေတုန်း ညအိပ်ဝတ်စုံလေးက
အခန်းထောင့်မှာ....။
"ဘာလဲ...ငါ့ကိုမပြောဘဲ အပြင်ထွက်သွားတာလား..."
တွေ့ရာအကျီတထည်ကောက်ဝတ်ကာ
အခန်းတံခါးဖွင့်လျှက်Hotelအခန်းတွင်းစီး
သောဖိနပ်နဲ့ပင် Jeonသည်ချက်ချင်းလိုက်ရှာ
တော့သည်။
အိပ်ချင်းမူးတူးဖြင့် ဒေါသတဝက်Jeonပုံစံသည်
မနက်စောစောတွင်လုံးဝကြည်လင်မနေပါ။
ဓာတ်လှေကားပွင့်ကာဟိုဟိုဒီဒီလိုက်ရှာ
လိုက်တော့ မကြာပါ...အရပ်ရှည်ရှည်ကောင်တကောင်
နှင့်အတူတူတွဲလျှောက်ကာစကားပြောနေသော
ParkJimin....။
KimNamJoonအရပ်ရှည်ပီးကာကွယ်ပေးဆုံး
ပုံပေါက်လို့ လောင်မြိုက်ရတဲ့ကြားထဲ
နောက်တယောက်လာပြန်ပြီ။
ParkJiminကိုဆို အရပ်ရှည်တဲ့သူတွေနဲြ
တွဲမတွေ့ချင်....။
သူကလွဲ၍....။
ပြေးကာဆွဲလားရမ်းလားလုပ်ဖို့ခြေလှမ်းခဲ့ပေမယ့်
Hotelထဲမှာလူတွေကအများကြီး..။
သူအော်ရင် Jimin ကနှစ်ဆပြန်အော်မှာ
သေချာတာမို့ ကိုယ်ရှိန်သတ်ကာမာယာကများရတော့
မည်။
လူအများရှေ့တော့မောင်ကအချစ်ခံပဲ.....
တပြားသားမှမလျှော့နိုင်ပါ...။
"Hyung!!!"
Jimin မျက်လုံးတွေပြူးခနဲ...။
တည်တည်ငြိမ်ငြိမ်လုပ်ငန်းအကြောင်းအရာ
စီးပွါးရေးအကွက်အကွင်းတိုးချဲ့ဖို့
လူကြီးလူကောင်းဆန်နေရပေမယ့်
အရှုပ်ထုတ်သည် နိုးထလာချေပီ...။
မျက်နှာမသစ်ရသေးတာသေချာတဲ့
ညကပုံစံအတိုင်း သူ့ဆီလျှောက်လာပုံကို
Hotelတခုလုံးကစိတ်ဝင်တစားကြည့်ကြတော့သည်။
ပိုင်ရှင်တွေဆိုတော့...စပ်စပ်စုစုပေါ့။
"မောင် ဘာဝတ်ရမှာလဲ...မောင့်ကို
ဘာမှလည်းမလုပ်ပေးခဲ့ဘဲ
ဘာလို့တစ်ယောက်ထဲထွက်သွားတာလဲ
မောင်...Hyung မရှိရင် မဖြစ်တာသိရက်သားနဲ့ကို..."
လူစုံရင်...အကျင့်ကယုတ်လာပီ..။
ဒါပေမယ့်အရင်လိုမသောင်းကျန်းတာ
တော်သေးတာမို့Jiminလည်းမီးစင်ကြည့်ကရမည်။
Jungkook မျက်လုံးတွေသည်တာဝန်ခံဆီ
စူးခနဲရောက်ပီမို့ ဒုတိယNamjoon Hyung
မဖြစ်အောင် Jimin သည်Jeonဆီသို့
ပြေးသွားလိုက်သည်။
"မင်းအိပ်နေသေးလို့လေ...
Hyung ခု လုပ်ပေးမယ်...
ဘာလို့မျက်နှာမသစ်ဘဲထွက်လာတာလဲ..
မျက်နှာမှာပေကျံနေတာပဲ..လာလာပြန်မယ်.."
"သုတ်ပေး..."
လူတွေသာမရှိရင်ရိုက်ပစ်လိုက်ပြီ။
သ်သိရက်နဲ့ရစ်ပုံသည် ကိုင်ဆောင့်ချင်စရာ။
လျှာရှည်မိသောအကျိုးဆက်အပေါ်
JeonJungkook တို့ ကဝေဆန်လာပီ။
"အင်း..အင်း..."
မမှီမကမ်းအရပ်ကြီးကိုခြေဖျားလေးထောက်ကာ
အကျီလက်ဖြူဖြူလေးဖြင့်လူဆိုး၏
မျက်နှာကိုသုတ်ပေးလိုက်ရသည်။
တာဝန်ခံကို ပြုံးတုံးတုံးဖြင့်လှမ်းကြည့်နေပုံသည်
ကမ္ဘာပေါ်မှာကလေးအဆန်ဆုံးပါပဲ။
ထို့နောက်ဖျက်ခနဲလက်တွေကိုဆုပ်ကိုင်ကာ
အခန်းဆီကိုပြန်ခေါ်သွားတဲ့သူ...။
ထိုအချိန်ကမောင့်မျက်နှာသည်...ကျွန်းမဟုတ်ဘူး
တလောကလုံးကို အပိုင်ရနေသောမျက်နှာမျိုး....။
........
"သွားမယ်လာမယ်ဆို ပြောသွားမှပေါ့
ခင်ဗျားနေကောင်းတာလည်းမဟုတ်ဘူး...."
"ကောင်းနေပီ...."
"နှစ်ယောက်ထဲနေပီးပျောက်သွားတော့
ဒီမှာက ဘာလုပ်ရမှန်းမသိ..."
"တအားမုန်းနေတာပဲ ပျောက်တော့လည်း
ပျော်နေပေါ့..."
"ခရီးမှာ...အဲ့ကိစ္စတွေထပ်အစမဖော်နဲ့..
အပြင်သွားမယ်....ခဏနေရင်..."
"ငါအိမ်ပြန်မှာ..."
"မပြန်ရဘူး...လျှောက်လည်မယ်...
လိုက်မလည်ဘူးဆို ဒီအခန်းထဲမှာ
တနေကုန် အတူတူနေချင်လို့လား..."
"မနေချင်ပါဘူး..."
"ဒါဆို လျှောက်သွားမယ်...
ခင်ဗျား ကို ကျူပ်အပိုင်ကျွန်းကို ကြွားချင်နေလို့..
ဘယ်လောက်ချမ်းသာသလဲဆိုတာလည်း
သိစေချင်တယ်လေ.."
"ဒီကျွန်းကရတဲ့ တစ်ရက်ပျှမ်းပျှဝင်ငွေ
တောင်မသိတဲ့မင်းက.လား..."
"ခင်ဗျားသိနေပီမလား...."
"ငါကပိုင်ရှင်မှမဟုတ်တာ..."
"ပိုင်ရှင်ရဲ့ ယောကျ်ားပဲ...."
မျက်စောင်းသည်ဒိုင်းခနဲ...။Jeonသည်
ဘောင်းဘီတိုတထည်နှင့်အရောင်တောက်တောက်
Shirtကိုရွေးကာကမ်းခြေVibeကိုအပြည့်ရအောင်
ပြင်ဆင်သည်။အဝါတောက်တောက်မျက်မှန်ကို
တပ်ကာ မျက်စိကျိန်းလောက်စရာဆင်ယင်
မှုများဖြင့်။
အဖြူရောင်Shirtလက်ရှည်နှင့်မိုးပြာရောင်
ဘောင်းဘီတိုလေးနဲ့Jimin နဲ့ယှဉ်လိုက်တဲ့အခါ
တော်တော်ကိုမှမလိုက်ဖက်...။
တစ်ယောက်ကသွားမယ် တစ်ယောက်ကမလိုက်ဘူး
နဲ့ပဲ...ခမ်းနားမှုကိုယ်စီနဲ့သက်ရှိနှစ်ဦးသည်
လှပသောကျွန်းကြီးပေါ်သို့ ခြေချခဲ့ကြသည်။
မောင်က ဘောင်းဘီအိတ်ထဲလက်တဖက်ထည့်ကာ
တဖက်က ပေးမကိုင်ချင်လည်း
အကိုင်ခံနေရသော လက်သေးသေးလေးတွေကို
ဆုပ်ကိုင်ထားသည်။
မောင့် မျက်နှာသည် မော့ချီနေလျှက်...။
"ပျော်လား......"
"မပျော်ဘူး....."
"ကောင်းတယ်....မပျော်နဲ့...."
ပင်လယ်ထဲဆင်းဆော့ချင်ကြောင်း
ပြောကာကြည်လင်လှသောရေပြာပြာတွေထဲ
ပြေးဆင်းသွားသောJungkook သည်
လွတ်လွတ်လပ်လပ်..။
သူကတော့ ပြန်ဖျားမှာစိုးတာကြောင့်
ခုံပေါ်တွင်လှဲနေကာ ရေကူးမယ့်သူကို
စောင့်နေရသည်။
ပတ်ဝန်းကျင်ကသိပ်လှလွန်းတော့စိတ််မကြည်တာ
မျိုးဖြစ်ရင်တောင်ကြာကြာမဖြစ်နိုင်။
စတွေ့ထဲကြည့်မရသော လူဆိုးတောင်
မျက်လုံးထဲအကောင်းမြင်နေသည်။
"ရေတွေကအရမ်းကြည်တာပဲ...
ခင်ဗျားဆင်းကြည့်ပါလား...."
ခေါင်းခါပြလိုက်သည်...။
ကောင်မလေးတချို့က ရေထဲတွင်
ပင်လယ်ရေစိုပြီး အကျီတွေကပ်သပ်သွားသော
JeonJungkook ကိုကွက်ကြည့်ကွက်ကြည့်...။
ဘာတွေများကြည့်ကောင်းလို့လဲ....။
အရုပ်တွေနဲ့ ဒီခန္ဓာကိုယ်အကြီးကြီးကိုများ....။
"အားလုံးကဝိုင်းကြည့်နေကြတာ
မောင့် Hyung တော့သဝန်တွေတအားတိုနေမယ်
ထင်တယ် မောင် အကျီချွတ်လိုက်ရမလား..."
ပြန်ရင် ကွာရှင်းဖို့တရားရုံးအရင်မသွားဘဲ
စိတ်ကျန်းမာရေးဆေးရုံအရင်ပို့မှဖြစ်တော့မယ့်
သူ...။Jimin သည်စိတ်ပျက်လွန်းလို့မျက်နှာလွှဲ
ထားလိုက်သည်။
"ParkJimin!!!!"
"ဘာလဲ....."
"မျက်နှာလွှဲမသွားနဲ့ ကျတော်ရေဆော့တာကို
ကြည့်..."
"ငါအိပ်မလို့...."
"မအိပ်ရဘူး ကြည့်ဗျာ...."
Jimin သည် သက်ပြင်းတချက်ချကာ
ရေထဲပျော်မြူးနေသော သူကို
ကြည့်နေရပြန်သည်။
မောင်က လှိုင်းတွေသူ့ခန္ဓာကိုယ်ကိုပြေးပြေး
ရိုက်လာတိုင်းသဘောကျစွာအသံလေးတွေ
ထွက်သည်အထိအော်ရီနေသည်။
မောင်ဟန်ဆောင်ပြုံးနေတာ ပျော်နေတာမဟုတ်
ပကတိ ဖြူစင်စွာ ပင်လယ်ပြာထဲ အလှဆုံးတွေ
ပြုံးရွှင်နေခဲ့တာ...။
သွားတန်းဖြူဖြူလေးတွေပေါ်တဲ့အထိ
ပါးချ်ုင့်မမည်သော ပါးချိုင့်လေးတွေပေါ်တဲ့အထိ
ကလေးလေးတစ်ယောက်လို လွတ်လပ်စွာ
ရေပြာတွေကြားပျော်မွေ့နေခဲ့တာ....။
မောင့်ဆိုင်သူလေးဟာ.....အစပိုင်းတော့မျက်မှောင်လေး
တွေကျုံ့နေပေမယ့် မောင့်ရီသံလေးတွေ
လွင့်ပျံလာတဲ့အခါ ခပ်ငေးငေးလေးပြီးတော့
ဆွေးဆွေးမြေ့မြေ့မျက်လုံးလေးတွေအဖြစ်
ပြောင်းလဲသွားသည်။
အိမ်ရှေ့စံဟာ Jeonငယ်လေးရဲ့
အပြုံးအရီလေးတွေအပေါ်သိပ်ချစ်မြတ်နိုးခဲ့တယ်....
Jeonငယ်လေးရဲ့အနမ်းကိုတခါသာရခဲ့ပေမယ့်
ဘဝအဆက်ဆက်စွဲစွဲလမ်းလမ်း...
နမ်းရုံနဲ့ဒူးထောက်ကျတဲ့အထိ သိပ်မြတ်နိုးခဲ့ရှာတယ်။
အိမ်ရှေ့စံအပေါ် Jeonငယ် ဟာစိတ်ရင်းစိတ်မှန်နဲ့
ပြုံးပြရီပြတာ သိပ်ရှားလွန်းတာကြောင့်
အိမ်ရှေ့စံဟာ ထိုအရာတွေကိုစွဲရင်း
သတ်သေသွားခဲ့ရတော့....စွဲလန်းမှုသည်
သံသရာတလျှောက်လုံးဘယ်ကျွတ်နိုင်ပါ့မလဲ။
မောင့်ရဲ့ ပကတိအပြုံးတွေကိုမြင်ရတဲ့
အခါ မောင့်ဆိုင်သူလေးဟာ
ဆွေးလာရင်း...လွမ်းလာတယ်...
လွမ်းလာရင်းက ပျော်ရွှင်လာတယ်.....။
အရင်ကလည်း မောင့်အပြုံးတွေကြောင့်
သူထောင်ချောက်မိတာခဏခဏ...။
အနမ်းတွေ အပြုံးတွေနဲ့ဆို....
မောင့် ဆိုင်သူလေးလည်း လောကကြီးကိုမေ့တတ်ပါတယ်။
"နေ့လည်စာမှာလိုက်တော့ Jimin
ကျတော်ဗိုက်ဆာနေပီ ဒီကိုလာပို့ခိုင်း...
ပုဇွန်တွေအများကြီးမှာနော်..."
ရေစက်လက်နဲ့ဆရာလုပ်ပီးထပ်ပြေးဆင်းသွား
ပြန်သည်။
မကြာပါ လှပသောကမ်းခြေတွင်နေ့လည်စာ
ပင်လယ်စာကောင်းကောင်းအတူတူစားခဲ့ကြသည်။
ပြီးတော့ ကျောက်ဆောင်တွေအပေါ်မလိုက်ချင်လည်း
အတင်းဆွဲခေါ်ကာ သဘာဝကိုခံစားလုပ်သေးသည်။
"Hey Bro!!!! ဂျေ အရမ်းသာယာနေတယ်ပေါ့.."
ကျောက်ဆောင်ပေါ်တက်Video Callပြောနေသူ
ကိုစောင့်နေရပြန်သည်။
"အေး...ဒီမှာအရမ်းမိုက်တာပဲ လုံးဝအလွင့်ပဲ..."
"နောက်မှာ Jimin Shiပါလား...
ကမ်းခြေဝတ်စုံနဲ့လည်းကြည့်ကောင်းတာပဲ...."
Cameraထောင့်တွင်ထိုင်နေသောလူပုံ
ပေါ်သွားနဲ့Romသည်ပါးစပ်ကအငြိမ်မနေတော့။
Jeonသည်Cameraကိုချက်ချင်းနေရာရွေ့ကာ
Jiminshiကိစ္စကိုတင်းသွားပီမို့
"ငါပြန်လာရင် ငါ့ပိုက်ဆံသိန်းတရာချက်ချင်းဆပ်
ဒါပဲ...."
Romသည်Call Endဖြစ်သွားသော
ဖုန်းကိုကြည့်ကာအူတက်အောင်ရီမိသည်။
ဂျေဆိုတဲ့ကောင် ဂျေဝင်ရင်....
ဟာသတွေထပ်ပိုရီရပါသည်။
"နေဝင်တော့မယ် ပြန်ကြရအောင်....
ငါပင်ပန်းနေပီ...."
"အစောကြီးရှိသေးတာကို....နေအုန်း...."
Jeonသည်Jimin ထိုင်နေရာကျောက်ဆောင်
ဘေးတွင်ဝင်ထိုင်လိုက်သည်။
"မနက်ဖြန်တော့ ပြန်မယ်...Jungkook
ငါ့မှာအလုပ်တွေရှိသေးတယ်..
ငါဘာမှလက်စမလွှဲပဲထားခဲ့တာ
ငါ့လူတွေ ခက်ခဲနေလောက်ပီ..."
"ပြန်လည်း ခင်ဗျားအလုပ်မသွားရတော့ဘူး...."
"ဘာ..."
"အိမ်မှာပဲနေရမယ် ခင်ဗျားအလုပ်ဆိုပီး
ရည်းစားဟောင်းနဲ့ချိန်းတွေ့နေအုန်းမှာပဲ
မသွားရတော့ဘူး..."
"ရူးသွားပီလား မင်း......"
"မရူးပါဘူး....ကျတော့်အိမ်ကျတော့်အလုပ်
ကျတော့်ယောကျ်ားက ကျတော့်သဘောပဲ
ဖြစ်နေရမယ်..."
"မင်းက စိတ်ဒုက္ခပေးချင်တဲ့အချိန်သာ
ယောကျ်ားလို့သတ်မှတ်တာပါ..."
"ဒါဆို ကျန်တဲ့အချိန်တွေမှာလည်း
ယောကျ်ားလို့သတ်မှတ်ခံချင်တာလား..."
"မဟုတ်ပါဘူး...ပြောပြတာပါ....
ငါကတော့ ငါ့အလုပ်ငါလုပ်မှာပဲ...
ငါ့ကို ထပ်ပီး ဒုက္ခတွေမပေးပါနဲ့တော့..
မင်းရဲ့အရေမရအဖတ်မရ အတွေးတွေကို
လည်းဖျောက်ပါ ဒါလက်တွေ့ဘဝနော်
Jungkook..."
"မလုပ်ရဘူး....ပြောမရရင်အခန်းထဲထည့်
သော့ခပ်ထားမှာ...စမ်းကြည့်လိုက်..."
"မင်းသိပ်စိတ်ပျက်ဖို့ကောင်းတာပဲ..."
Jimin သည် စိတ်တိုလာပီဖြစ်တာကြောင့်
ကျောက်ဆောင်ပေါ်မှထကာအခန်းပြန်ဖို့စဉ်းစား
လိုက်သည်။ထပ်ပြောရင် ဒီနေရာတင်
ရိုက်ကျပုတ်ကျရအုန်းမှာ...။
လှတဲ့နေရာမှာတော့ အမှတ်တရဆိုးတွေမကျန်ခဲ့ချင်။
"မသွားရဘူး!!!ပြန်ထိုင်...."
"သွားမယ်...ငါစိတ်ရှုပ်နေပီ...."
"ကျတော်မရှုပ်ဘူး....ထိုင်!"
"မထိုင်ဘူး...သွားမယ်...."
Jimin သည်ဆွဲထားသောလက်တွေကို
ဖြုတ်ချကာ အတင်းတိုးထွက်ဖို့ကြိုးစားပီး
နောက်ကြောင်းကိုပြန်ဦးတည်သည်။
Jeonသည်ချက်ချင်းထကာ ဆောင့်ဆောင့်
အောင့်အောင့်ထွက်သွားသူလေးကို
ခါးမှသိမ်းပွေ့ကာ ကျောက်ဆောင်ဆီကို
ပြန်ခေါ်တော့သည်။
"ဘာလုပ်တာလဲ!!!!!ကမ်းခြေကြီးမှာ...
သေချင်လို့လား...."
နေလုံးသည်ပင်လယ်ထဲသို့နစ်ဝင်တော့မည်။
Jeonသည်ချီထားရက်နဲ့ပင် ကျောင်ဆောင်အကွယ်
တခုဆီသို့ ခပ်အေးအေးလျှောက်သွားပြီး
အမှောင်ရိပ်လည်းကျ..လူတွေလည်းမတွေ့
နိုင်သောအကွယ်တွင် လက်ထဲကကောင်လေးကို
ပေါင်ပေါ်ခွလျှက်တင်ထားလိုက်သည်။
"မင်း...မင်း...ယုတ်မာ ပြန်ပြီ..."
"ရှူးးးး တစ်ယောက်ယောက်ကြားရင်
လာချောင်းလိမ့်မယ် ငြိမ်ငြိမ်နေ..."
"လွှတ်ပေးစမ်း...."
"ယုတ်မာချင်လို့ ခဏလေး..ပါဗျာ..."
ဘယ်နေရာတွေကိုရိုက်လို့အရိုက်ခံနေရမှန်း
မသိ...။နည်းနည်းလေးမှောင်သွားအောင်
စောင့်နေချိန်တွင်ရင်ဘက်တွေ မျက်နှာတွေ
ဆံပင်တွေပါပူထူနေပြီ...။
မဟုတ်တာလုပ်ချင်သောသူဆိုတော့လည်း
သည်းခံနေရသည်။
နေဝင်ဆည်းဆာ၏နောက်ဆုံးမိနစ်တွေမှာ
Jeon သည် အသဲယားနေတာတော့
ကြာပီ...။
ParkJimin ကနေထွက်ချိန်မှာလည်းလှသည်..
နေဝင်ချိန်မို့လည်း အလှမပျက်ခဲ့..။
Romပေါက်ကရပြောထဲက စိတ်ကမရတော့တာ။
ဒေါသထွက်တဲ့အခါ မျက်နှာလေးရဲလာတော့
စိတ်သည် လုံးဝမထိန်းနိုင်။
မကြည့်မိရင်တော်သေးသည်...
ကြည့်မိလိုက်တဲ့အချိန်က နေဝင်ချိန်ဖြစ်နေတာဆို
တော့ နှလုံးသားသည် ဘာပြောကောင်းမလဲ...။
ခါးလေးကိုသန်မာစွာဆွဲယူလိုက်ပြီး
နေလုံးသည်နစ်ဝင်သွားတာနဲ့
Jeonသည် တချက်လှလှကလေးပြုံးပြကာ
အကြင်သူရဲ့နူတ်ခမ်းတွေကို
ဆွဲယူခစားတော့သည်။
ဟန်းနီးမွန်းမဟုတ်သော ဟန်းနီးမွန်းပေမယ့်
မထင်မှတ်စွာပျားရည်တွေကြီး...။
နာကျင်အောင်အရင်လိုရည်ရွယ်နမ်းတာ
မဟုတ်ဘဲ ခံစားတွေလှအောင်ဖွဲ့နွဲ့နမ်းတာမို့
မောင့်ဆိုင်သူလေးသည် ခဏလေးသာရုန်းနိုင်ခဲ့ပါသည်။
မနမ်းခင် ပြုံးပြသွားသော မောင့်အပြုံးလှလှလေး
တွေနဲ့လည်းဆိုင်ပါလိမ့်မည်။
အနမ်း ညီမျှခြင်း အရှုံးပေမို့ ဟာ
မောင့်အထိအထွေ့ကြားမလွန့်သာမလူးသာရယ်။
မောင့်လက်တွေက ခါးကအကျီတွေထဲအထိကျော်ဝင်
နေပြီး အတိုင်းအဆမဲ့လျှောက်သွားနေသည်။
လူဆိုးလေးမို့ ရဲတင်းသည်....။
စည်းဘောင်မဲ့သူမို့ သူအသဲယားနေရာ
နေရာခပ်သိမ်းအကုန်လုံးလျှောက်သွားသည်။
မောင့်လက်တွေဟာ...လည်တိုင်တွေပေါ်
လျှောက်သွားနေပြီး ခဏကြာတဲ့အခါ
မောင့်နူတ်ခမ်းတွေရောက်လာသည်။
အ...!
"ရှူးးး လူတွေကြားမယ်.."
လွှတ်တော့လို့မသောင်းကျန်းနိုင်...။
တကယ်ကိုဖရိုဖရဲပါပဲ...။
"ပြန်နမ်း....."
"ဟင့်အင်း...."
"ဘာလို့လဲ....."
"မနမ်းချင်လို့......"
"ပြန်မနမ်းရင်ဒီကျောက်ဆောင်မှာတညလုံးနေရမယ်"
"မင်း......"
ဆိုင်သူလေးရဲ့ ပညာရပ်မှာမောင်သည်
ထွန့်ထွန့်လူး....။
အပေးအယူတွေသေချာပေါက်မျှသွားအခါ
အမှောင်အတိလုံးဝကျသွားသည်။
ဘယ်နှနာရီမှ Hotelပြန်ဖြစ်ကြသလဲ
ဘယ်သူမှမသိ....။
အနမ်းတွေသည် မချစ်ဘဲနဲ့လည်းမဆုံးနိုင်ကြ...။
မုန်းပါတယ်...အသံကုန်အော်နေကြပီး
နှစ်ယောက်လုံးအမှောင်ထဲတွင်အသံပျောက်နေကြ
တော့သည်။
....................။
မျှော်လင့်မိပါသည်။
လျှာရှည်ပြန်ပြီ.."
ပြန်ပြေးလာရသည်။
"ငါဘာလုပ်ရမလဲငါသိတယ်
စိုးရိမ်သလားလို့မေးရင်တော့
သဘက်တထည်ပဲပတ်ထားကာ
တခြားဟာသွားယူ.."
ထွက်သွားတဲ့သူ။
သက်သာအုန်းမည်။
နှဖူးပေါ်တင်မယ့်ဟာ တကိုယ်လုံးပင်ပတ်လို့
"ငါ...ဖျားလို့မသေဘဲ....
"အားးး!!"
အဆင်ပြေသွားသည်။
ယူခဲ့..."
အကုန်ယူသွားလိုက်သည်။
ရေသောက်ချလိုက်သည်။
ပြန်အိပ်မှဖြစ်မယ်...."
"တခုခု စားပါလား...."
"မမြင်ချင်ဘူးဆို...."
အသားကိုလည်းမထိနဲ့...
သွားမှာလိုက်မယ်...."
တပ်ကာယူလာခဲ့သည်။
"ရပီ....ထ စားအုန်း..."
သန်မာခဲ့ရသည်။
လူဆိုးကောင်လေးကိုမှ.....။
စိတ်လျှော့...."
"Cream တွေမကြိုက်ဘူး..."
"ဖယ်ပေးမယ်...."
"ဘာသောက်အုန်းမလဲ...."
"အမျိုးမျိုးပဲနော်...."
"မင်းဖျားမှသိမှာပါ...."
"သွားယူပေး...."
သူ့ကိုထားပီးအောက်ကိုလည်းမဆင်းရဲ...။
ဆောင်ပုဒ်အမျိုးမ်ျုးနှင့် ခုများတော့အကျီတောင်
အဟင့်....
အဟင့်....
မသက်သာနိုင်သေး..။
"ချမ်းတယ်.....!!!"
မောင် မရဲတင်းခဲ့.....။
ငါကJeon JungKook...။
တက်လိုက်သည်။
ဟိုဆွဲဒီဆွဲ...။
အရူးလိုပါပဲ...။
"မချမ်းတော့ဘူးမလား...."
ဘာမှပြန်မဖြေတော့...။လုံးဝကိုအဆင်ပြေပုံရ