Empire's Soul Mate

By MAR755

15.1K 2.1K 411

ကံၾကမၼာအလွည့္အေျပာင္းႏွင့္ ဘုရင္ျဖစ္လာမည့္ ေကာင္ေလး ေမြးဖြားလာကတည္းက ဘုရင္ျဖစ္မည့္သူအတြက္ ဖူးစာဖက္အျဖစ္သတ္မွ... More

Soul Mate 1
Soul Mate 2
Soul Mate 3
Soul Mate 4
Soul Mate 5
Soul Mate 6
Soul Mate 7
Soul Mate 8
Soul Mate 9
Soul Mate 10
Soul Mate 11
Soul Mate 12
Soul Mate 13
Soul Mate 14
Soul Mate 15
Soul Mate 16
Soul Mate 17
Soul Mate 18
Soul Mate 19
Soul Mate 20
Soul Mate 21
Soul Mate 22
Soul Mate 23
Soul Mate 24
Soul Mate 25
Soul Mate 26
Soul Mate 27
Soul Mate 28
Soul Mate 29
Soul Mate 30
Soul Mate 31
Soul Mate 32
Soul Mate 33
Soul Mate 34
Soul Mate 35
Soul Mate 36
Soul Mate 37
Soul Mate 38
Soul Mate 39
Soul Mate 40
Soul Mate 41
Soul Mate 42
Soul Mate 43
Soul Mate 44
Soul Mate 45
Soul Mate 46
Soul Mate 47
Soul Mate 48
Soul Mate 49
Soul Mate 50
Soul Mate 51
Soul Mate 52
Soul Mate 53
Soul Mate 54
Soul Mate 55
Soul Mate 56
Soul Mate 58
Soul Mate 59
Soul Mate 60
Soul Mate 61
Soul Mate 62 (final) Zawgyi
Soul Mate 62 (final) Unicode
Thanks & Request

Soul Mate 57

144 24 8
By MAR755

Zawgyi #

" သမားေတာ္ ... သမားေတာ္ ဘတ္ဟြန္း အျမန္ေခၚ "

နန္းေတာ္ထဲသို႕ေရာက္ေရာက္ခ်င္း ဆယ္ဟြန္းမွာ မိဖုရား မင္ယြီကို ေပြ႕ခ်ီကာ နန္းတြင္းေဆးခန္း ရွိရာဆီသို႕ အေျပးသြားေလသည္။ နန္းတြင္းမွ လူအားလုံးလည္း ဆယ္ယြန္းေၾကာင့္ အလုပ္႐ႈပ္ေနၾကသည္။ ၾကင္ယာေတာ္ စ်ာပနပြဲျဖင့္ မၿပီးေသး ဟန္ႏိုင္ငံတြင္ ျဖစ္ခဲ့သည့္ အမႈက ဆက္လာျပန္သည္။

" အရွင္....မိဖုရားကို ဒီေပၚမွာ လွဲခိုင္းလိုက္ပါ ေနာက္ၿပီး ကၽြန္ေတာ္ ကုသေနခ်ိန္ အျပင္မွာ ေစာင့္ေနေပးပါ "

ဘတ္ဟြန္းေျပာသည့္အတိုင္း ဆယ္ဟြန္းမွာ ေဆးကုသေဆာင္မွထြက္ကာ ညီလာခံရွိရာသို႕ အမတ္မ်ားကို စု႐ုံးေစလိုက္သည္။ ေသြးစြန္းေပက်ံေနေသာ ၀တ္႐ုံကိုပင္ မလဲဘဲ အစည္းအေ၀းကို စတင္လိုက္သည့္ ဆယ္ဟြန္း၏ေဒါသကို အမတ္မ်ားအားလုံး က်က္မိသလိုရွိေနသျဖင့္ အသံတိတ္ကာၿငိမ္ေနၾကေလသည္။

ဒုန္း......

စာလိပ္မ်ားတင္ထားေသာ စားပြဲေပၚသို႕ လက္သီးျဖင့္ ႐ိုက္ခ်သံမွာ တိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္ၿပီး

" အခုမိဖုရားမင္ယြီကိစၥကို ဘယ္လိုေျဖရွင္းၾကမွာလဲ ကာကြယ္ေရး၀န္ႀကီး ဒီေန႕စ်ာပနကို အထူးလုံျခံဳေရးေတြ မျပင္ထားဘူးလား ဘာလို႔ေပါ့ေလ်ာ့ၾကတာလဲ "

ကာကြယ္ေရးတာ၀န္ယူထားရေသာ အမတ္ႀကီးမွာ အမတ္ခ်ဳပ္ႀကီး လီထယ္အြန္း၏ အရိပ္အျခည္ကို အသာၾကည့္လိုက္ၿပီးမွ

" အရွင္ ကၽြန္ေတာ္မ်ိဳး စိုးရြံမိပါတယ္ နန္းေတာ္က ေတာ္၀င္တပ္ဖြဲ႕လက္ေရြးစင္ေတြကို ေသခ်ာထည့္ေပးလိုက္တာပါ အခု ကၽြန္ေတာ္မ်ိဳးရဲ႕လက္ေထာက္ေတြ စုံစမ္းစစ္ေဆးခ်က္အရ တစ္ဖက္ ေခ်ာင္းႏိုင္ငံက သူလွ်ိဳေတြလက္ခ်က္လို႕ေျပာပါတယ္ "

" ဘာေျပာတယ္ "

ကာကြယ္ေရး၀န္ႀကီး တင္ေလွ်ာက္မႈ အၿပီးတြင္ ဆယ္ဟြန္းမွာ စားပြဲေပၚမွ ပစၥည္းမ်ားကို ေပါက္ခြဲလိုက္ေလသည္။

" အဓိပၸာယ္ရွိတဲ့ စကားကိုဘဲေလွ်ာက္တင္ပါ အမတ္မင္း ဒီစကားက ကိုယ္ေတာ္ ကိုယ္တိုင္စုံစမ္း စစ္ေဆးလို႕ မွန္ကန္မႈ မရွိဘူးဆိုရင္ ေမာင္မင္းကိုယ္တိုင္ တာ၀န္ယူရလိမ့္မယ္ "

ႀကိမ္းေမာင္းကာ ေျပာဆိုၿပီးေနာက္တြင္ ဆယ္ဟြန္းမွာ ညီလာခံ ခန္းမ မွ ျပန္လည္ထြက္ခြာလာေလသည္။

Xxxxxxxxxxx xxxxxxxxxxx xxxxxxxxxxx

အေနာက္နန္းေတာ္ မိဖုရား လီေျမာင္ဟြာ နန္းေဆာင္တြင္ျဖစ္သည္။

" အေဖ...ဒီကိစၥက ဘယ္လိုျဖစ္ရတာလဲ စီစဥ္ထားတဲ့ အထဲမွာ ဒီလိုမဟုတ္ဖူးေလ "

မိဖုရား လီေျမာင္ဟြာမွာ ဖခင္ျဖစ္သူ၏ ၀တ္႐ုံကို ဆြဲခါလႈပ္ယမ္းကာ အပူတျပင္းေျပာေလသည္။ စ်ာပနပြဲတြင္ လုပ္ၾကံမႈ အေသးစားတစ္ခု လုပ္ၿပီး မိဖုရား မင္ယြီ၏ ၾကင္ယာေတာ္ကို လုပ္ၾကံမႈႏွင့္အတူ အပစ္မ်ားကို ေဖာ္ထုတ္ရန္ စီစဥ္ထားေသာ္လည္း တစ္လြဲျဖစ္လာသည့္ အေျခအေနမို႕ အမတ္ႀကီး လီထယ္အြန္း ၊ မိဖုရားလီေျမာင္ဟြာတို႕မွာ စဥ္းစားရခက္ျဖစ္ေနၾကသည္။

" ၾကည့္ရတာ အေဖတို႕ အစီအစဥ္ထဲကို ၀င္႐ႈပ္ေနတဲ့ သူရွိေနၿပီ မိဖုရားႀကီးတို႕ကလည္း စိတ္ခ်မယုံၾကည္သင့္ေတာ့ဘူး ဒါေပမဲ့ စိတ္ခ် ဂ်ိဳဆြန္းျပည္ရဲ႕မိခင္က သမီး လီေျမာင္ဟြာဘဲ ျဖစ္ေစရမယ္ "

အမတ္ႀကီး လီထယ္အြန္းမွာ လက္သီးကို တင္းတင္းဆုပ္ထားကာ အံႀကိတ္ထားၿပီး ေျပာေလသည္။

စာၾကည့္ခန္းမထဲတြင္ ေစာင့္ေနေသာ ဆယ္ဟြန္းမွာ ခ်န္းေယာလ္ကို ေတြ႕ရပါမွ အသက္ကို ၀၀႐ႈႏိုင္ေတာ့သည္။

" ညီေလး ဆယ္ဟြန္း ....."

" အစ္ကိုေတာ္ ျပန္ေရာက္ၿပီလား "

" အင္း မင္းထင္ထားတဲ့အတိုင္း အရမ္းကို ႐ႈပ္ေထြးေနၿပီ ညီေလးေရ အခုလုပ္ၾကံမႈကို ၾကည့္ပုံအရေတာ့ ေခ်ာင္းႏိုင္ငံမွာ ပုန္းေနတဲ့ မိဖုရားႀကီးရဲ႕လူေတြလက္ခ်က္ဘဲ တစ္ခါတည္းနဲ႕ ဟန္ႏိုင္ငံ ၊ ဂ်ိဳဆြန္းႏိုင္ငံ ၊ ေခ်ာင္းႏိုင္ငံရဲ႕ သံတမန္ ဆက္ဆံေရးကို ပ်က္ေစခ်င္တဲ့ ရည္ရြယ္ခ်က္ရွိပုံရတယ္ အခု မင္ယြီေရာ ဘယ္လိုေနေသးလဲ "

" ေလာေလာဆယ္သက္သာတယ္ဆိုေပမဲ့ အသက္အႏၲရာယ္က လြတ္တယ္ မလြတ္ဘူးဆိုတာကို အတပ္မေျပာႏိုင္ေသးဘူးတဲ့ ေယာက္ဖေတာ္ ဘတ္ဟြန္းကေတာ့ အစြမ္းကုန္ႀကိဳးစားေပးထားတာဘဲ "

" တစ္ခုေတာ့ရွိတယ္ ဆယ္ဟြန္း ဒါေပမဲ့ အစ္ကို မင္းကို ေျပာသင့္ မေျပာသင့္ ....."

ခ်န္းေယာလ္၏ ေတြေ၀ေနေသာ စကားေၾကာင့္

" အစ္ကိုေတာ္ ကိစၥမရွိဘူး .... ေျပာသာေျပာပါ ...ဒါမွ ကၽြန္ေတာ္ အျမန္ဆုံးေျဖရွင္းႏိုင္မွာ "

" ဒီဟာ........"

ခ်န္းေယာလ္မွာ ၀တ္႐ုံေအာက္မွ တစ္စံုတစ္ရာကိုဆြဲထုတ္ၿပီး ဆယ္ဟြန္း လက္ထဲသို႕ ထည့္ေပးလိုက္ေလသည္။

" ဒါ....ဒါေတြက......."

" ဟုတ္တယ္ .... အခု လုပ္ၾကံဖို႕လာတဲ့ အထဲမွာ ေခ်ာင္းႏိုင္ငံက လူေတြလို႕ထင္ရေပမဲ့ သူတို႕ကို ဖမ္းမိအၿပီးမွာ စစ္ေဆးလို႕ ရလာတဲ့ တံဆိပ္ေတြ "

ဆယ္ဟြန္းမွာ လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္ထားလိုက္ၿပီး

" အျပင္မွာ ကိုယ္ရံေတာ္ တပ္ဖြဲ႕ေခါင္းေဆာင္ရွိလား "

" ရွိပါတယ္ အရွင္ ....."

ဆယ္ဟြန္း၏ ဆင့္ေခၚမႈေၾကာင့္ ကိုယ္ရံေတာ္ တပ္ဖြဲ႕ေခါင္းေဆာင္မွာ စာၾကည့္ေဆာင္ ခန္းမ ထဲသို႕၀င္လာေလသည္။

" မိဖုရားမင္ယြီနဲ႕ သူ႕ရဲ႕အပ်ိဳေတာ္ လင္ခ်ီ အေျခအေန ဘယ္လိုရွိလဲ "

" သက္သာလာပါၿပီ လို႕ သမားေတာ္ ဘတ္ဟြန္းဆီက သိရပါတယ္ "

" ေကာင္းၿပီ သူတို႕ႏွစ္ေယာက္ရဲ႕ အေဆာင္မွာ လူ၀င္လူထြက္ေတြကို ေသခ်ာေစာင့္ၾကည့္ထားလိုက္ "

" ဟုတ္ကဲ့ပါအရွင္ ကၽြန္ေတာ္ အေစာင့္ေတြ ေသခ်ာခ်ၿပီး ေစာင့္ၾကည့္ထားပါ့မယ္ "

Xxxxxxxxxxx xxxxxxxxxxx xxxxxxxxxxx

မိဖုရားမင္ယြီလုပ္ၾကံခံရသည္မွာ ႏွစ္ႀကိမ္ရွိလို႕ေခ်ၿပီ။ သို႕ဆိုလွ်င္ မိမိကို ေဆးကုဖို႕ကူညီေပးမည္ဆိုၿပီး ေဆးခတ္ကာ လုပ္ၾကံသတ္ျဖတ္ခဲ့သည္မွာ မိဖုရားမင္ယြီဟု ထင္မိတာ မွားေလသလား။ စဥ္းစားေလ စိတ္ေထြေလမို႕ လုဟန္ ဆက္မေတြးခ်င္ေတာ့ေပ။ အမွန္သာ ကိုယ္၀န္ရွိေၾကာင္းဆိုလွ်င္ မိမိထက္ အရွင့္၏ ရင္ေသြးကို ပို၍ စိတ္ပူမိသည္။ ယခုခ်ိန္တြင္ လုဟန္ သက္ရွိထင္ရွား ရွိေနေၾကာင္း ၊ အရွင့္နန္းဆက္ရင္ေသြးေလးကို လြယ္ထားေၾကာင္း တစ္စုံတစ္ေယာက္သာ သိသြားပါက မလြယ္ပါေခ်။ လုပ္ၾကံမႈမွာ တစ္ခုၿပီးတစ္ခုဆိုသလို ဆက္တိုက္ ျဖစ္ေနေသာေၾကာင့္ လုဟန္ စိတ္ညစ္ညဴးေနမိသည္။

" ၾကင္ယာေတာ္ လုဟန္ ေနလို႕ေကာင္းရဲ႕လား "

သမားေတာ္ ဘတ္ဟြန္းမွာ ေဆးပန္းကန္ကို လုဟန္အနားသို႕ ခ်ေပးလိုက္ရင္း လုဟန္၏လက္ကို ဆုပ္ကိုင္ကာ အားေပးရင္းေျပာလာသည္။

" ဟုတ္ ေနလို႕ေကာင္းပါတယ္ သတင္းေတြၾကားၿပီး နည္းနည္းစိတ္ညစ္ေနလို႔ပါ "

" စိတ္မညစ္ပါနဲ႕ ၾကင္ယာေတာ္ရယ္ စိတ္ညစ္တာ က်န္းမာေရးအတြက္ မေကာင္းဘူးေလ သိပ္မစဥ္းစားပါနဲ႕ ကၽြန္ေတာ္က အရွင္ဆယ္ဟြန္းကို ေတြ႕ဖူးတာ ခဏဘဲ ရွိေသးေပမယ့္ အခုျဖစ္ေနတဲ့ ကိစၥေတြ အေကာင္းဆုံး လုပ္ႏိုင္သြားမွာပါ အခုေတာ့ ေဆးေလးေသာက္လိုက္ဦးေနာ္ "

" ဟုတ္ကဲ့ပါ သမားေတာ္ ဘတ္ဟြန္း ဒါနဲ႕ေလ မိဖုရားေရာ အေျခအေန ဘယ္လိုရွိလဲဟင္ "

" သက္သာပါတယ္ ၾကင္ယာေတာ္ ဒဏ္ရာက အေပၚရွပ္ထိ႐ုံေလးပါ စိုးရိမ္စရာ မရွိပါဘူး "

" ေတာ္ေသးတာေပါ့ ႏို႕မို႕ဆိုရင္ ဟန္ဘုရင္က အရွင့္ကို ျပႆနာရွာေနဦးမယ္ "

" ၾကင္ယာေတာ္ အခုခ်ိန္မွာ ၾကင္ယာေတာ္ရဲ႕ က်န္းမာေရးက အေရးႀကီးဆုံးပါ ကၽြန္ေတာ္ကေတာ့ အမွန္တိုင္းေျပာရမယ္ဆိုရင္ မိဖုရားမင္ယြီကို မသကၤာဘူး "

" ဗ်ာ... ဘယ္လိုေၾကာင့္လဲ "

ဆယ္ဟြန္းႏွင့္ အျမန္ဆုံးနီးစပ္ရန္ ကာမအားတိုးေဆးကို အျမန္ဆုံးေဖာ္စပ္ခိုင္းေနသည့္ မိဖုရားမင္ယြီ ေစခိုင္းသည္ကို ဘတ္ဟြန္းမွာ လုဟန္ကို မည္သို႕ေျဖရမည္မသိ။

" အင္း...ဟန္ႏိုင္ငံက မင္းသမီးတစ္ပါးျဖစ္ေပမဲ့ အရွင္ ရန္ေ၀နဲ႕ အေတာ္ေလး အက်င့္စ႐ိုက္ကြာတဲ့သူမို႕ပါ "

" ဪ..... "

လုဟန္မွာ ပူေသာေဆးကို တဖူးဖူးမႈတ္ကာ ေသာက္ရင္း ဘတ္ဟြန္းကို ျပံဳးျပလိုက္သည္။

TBC

With Love

MAR

31 Jul 21

Unicode #


" သမားတော် ... သမားတော် ဘတ်ဟွန်း အမြန်ခေါ် "

နန်းတော်ထဲသို့ရောက်ရောက်ချင်း ဆယ်ဟွန်းမှာ မိဖုရား မင်ယွီကို ပွေ့ချီကာ နန်းတွင်းဆေးခန်း ရှိရာဆီသို့ အပြေးသွားလေသည်။ နန်းတွင်းမှ လူအားလုံးလည်း ဆယ်ယွန်းကြောင့် အလုပ်ရှုပ်နေကြသည်။ ကြင်ယာတော် စျာပနပွဲဖြင့် မပြီးသေး ဟန်နိုင်ငံတွင် ဖြစ်ခဲ့သည့် အမှုက ဆက်လာပြန်သည်။

" အရှင်....မိဖုရားကို ဒီပေါ်မှာ လှဲခိုင်းလိုက်ပါ နောက်ပြီး ကျွန်တော် ကုသနေချိန် အပြင်မှာ စောင့်နေပေးပါ "

ဘတ်ဟွန်းပြောသည့်အတိုင်း ဆယ်ဟွန်းမှာ ဆေးကုသဆောင်မှထွက်ကာ ညီလာခံရှိရာသို့ အမတ်များကို စုရုံးစေလိုက်သည်။ သွေးစွန်းပေကျံနေသော ဝတ်ရုံကိုပင် မလဲဘဲ အစည်းအဝေးကို စတင်လိုက်သည့် ဆယ်ဟွန်း၏ဒေါသကို အမတ်များအားလုံး ကျက်မိသလိုရှိနေသဖြင့် အသံတိတ်ကာငြိမ်နေကြလေသည်။

ဒုန်း......

စာလိပ်များတင်ထားသော စားပွဲပေါ်သို့ လက်သီးဖြင့် ရိုက်ချသံမှာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး
" အခုမိဖုရားမင်ယွီကိစ္စကို ဘယ်လိုဖြေရှင်းကြမှာလဲ ကာကွယ်ရေးဝန်ကြီး ဒီနေ့စျာပနကို အထူးလုံခြုံရေးတွေ မပြင်ထားဘူးလား ဘာလို့ပေါ့လျော့ကြတာလဲ "

ကာကွယ်ရေးတာဝန်ယူထားရသော အမတ်ကြီးမှာ အမတ်ချုပ်ကြီး လီထယ်အွန်း၏ အရိပ်အခြည်ကို အသာကြည့်လိုက်ပြီးမှ

" အရှင် ကျွန်တော်မျိုး စိုးရွံမိပါတယ် နန်းတော်က တော်ဝင်တပ်ဖွဲ့လက်ရွေးစင်တွေကို သေချာထည့်ပေးလိုက်တာပါ အခု ကျွန်တော်မျိုးရဲ့လက်ထောက်တွေ စုံစမ်းစစ်ဆေးချက်အရ တစ်ဖက် ချောင်းနိုင်ငံက သူလျှိုတွေလက်ချက်လို့ပြောပါတယ် "

" ဘာပြောတယ် "

ကာကွယ်ရေးဝန်ကြီး တင်လျှောက်မှု အပြီးတွင် ဆယ်ဟွန်းမှာ စားပွဲပေါ်မှ ပစ္စည်းများကို ပေါက်ခွဲလိုက်လေသည်။

" အဓိပ္ပာယ်ရှိတဲ့ စကားကိုဘဲလျှောက်တင်ပါ အမတ်မင်း ဒီစကားက ကိုယ်တော် ကိုယ်တိုင်စုံစမ်း စစ်ဆေးလို့ မှန်ကန်မှု မရှိဘူးဆိုရင် မောင်မင်းကိုယ်တိုင် တာဝန်ယူရလိမ့်မယ် "

ကြိမ်းမောင်းကာ ပြောဆိုပြီးနောက်တွင် ဆယ်ဟွန်းမှာ ညီလာခံ ခန်းမ မှ ပြန်လည်ထွက်ခွာလာလေသည်။

Xxxxxxxxxxx xxxxxxxxxxx xxxxxxxxxxx

အနောက်နန်းတော် မိဖုရား လီမြောင်ဟွာ နန်းဆောင်တွင်ဖြစ်သည်။

" အဖေ...ဒီကိစ္စက ဘယ်လိုဖြစ်ရတာလဲ စီစဉ်ထားတဲ့ အထဲမှာ ဒီလိုမဟုတ်ဖူးလေ "

မိဖုရား လီမြောင်ဟွာမှာ ဖခင်ဖြစ်သူ၏ ဝတ်ရုံကို ဆွဲခါလှုပ်ယမ်းကာ အပူတပြင်းပြောလေသည်။ စျာပနပွဲတွင် လုပ်ကြံမှု အသေးစားတစ်ခု လုပ်ပြီး မိဖုရား မင်ယွီ၏ ကြင်ယာတော်ကို လုပ်ကြံမှုနှင့်အတူ အပစ်များကို ဖော်ထုတ်ရန် စီစဉ်ထားသော်လည်း တစ်လွဲဖြစ်လာသည့် အခြေအနေမို့ အမတ်ကြီး လီထယ်အွန်း ၊ မိဖုရားလီမြောင်ဟွာတို့မှာ စဉ်းစားရခက်ဖြစ်နေကြသည်။

" ကြည့်ရတာ အဖေတို့ အစီအစဉ်ထဲကို ဝင်ရှုပ်နေတဲ့ သူရှိနေပြီ မိဖုရားကြီးတို့ကလည်း စိတ်ချမယုံကြည်သင့်တော့ဘူး ဒါပေမဲ့ စိတ်ချ ဂျိုဆွန်းပြည်ရဲ့မိခင်က သမီး လီမြောင်ဟွာဘဲ ဖြစ်စေရမယ် "

အမတ်ကြီး လီထယ်အွန်းမှာ လက်သီးကို တင်းတင်းဆုပ်ထားကာ အံကြိတ်ထားပြီး ပြောလေသည်။


စာကြည့်ခန်းမထဲတွင် စောင့်နေသော ဆယ်ဟွန်းမှာ ချန်းယောလ်ကို တွေ့ရပါမှ အသက်ကို ဝဝရှုနိုင်တော့သည်။

" ညီလေး ဆယ်ဟွန်း ....."

" အစ်ကိုတော် ပြန်ရောက်ပြီလား "

" အင်း မင်းထင်ထားတဲ့အတိုင်း အရမ်းကို ရှုပ်ထွေးနေပြီ ညီလေးရေ အခုလုပ်ကြံမှုကို ကြည့်ပုံအရတော့ ချောင်းနိုင်ငံမှာ ပုန်းနေတဲ့ မိဖုရားကြီးရဲ့လူတွေလက်ချက်ဘဲ တစ်ခါတည်းနဲ့ ဟန်နိုင်ငံ ၊ ဂျိုဆွန်းနိုင်ငံ ၊ ချောင်းနိုင်ငံရဲ့ သံတမန် ဆက်ဆံရေးကို ပျက်စေချင်တဲ့ ရည်ရွယ်ချက်ရှိပုံရတယ် အခု မင်ယွီရော ဘယ်လိုနေသေးလဲ "

" လောလောဆယ်သက်သာတယ်ဆိုပေမဲ့ အသက်အန္တရာယ်က လွတ်တယ် မလွတ်ဘူးဆိုတာကို အတပ်မပြောနိုင်သေးဘူးတဲ့ ယောက်ဖတော် ဘတ်ဟွန်းကတော့ အစွမ်းကုန်ကြိုးစားပေးထားတာဘဲ "

" တစ်ခုတော့ရှိတယ် ဆယ်ဟွန်း ဒါပေမဲ့ အစ်ကို မင်းကို ပြောသင့် မပြောသင့် ....."

ချန်းယောလ်၏ တွေဝေနေသော စကားကြောင့်

" အစ်ကိုတော် ကိစ္စမရှိဘူး .... ပြောသာပြောပါ ...ဒါမှ ကျွန်တော် အမြန်ဆုံးဖြေရှင်းနိုင်မှာ "

" ဒီဟာ........"

ချန်းယောလ်မှာ ဝတ်ရုံအောက်မှ တစ်စုံတစ်ရာကိုဆွဲထုတ်ပြီး ဆယ်ဟွန်း လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

" ဒါ....ဒါတွေက......."

" ဟုတ်တယ် .... အခု လုပ်ကြံဖို့လာတဲ့ အထဲမှာ ချောင်းနိုင်ငံက လူတွေလို့ထင်ရပေမဲ့ သူတို့ကို ဖမ်းမိအပြီးမှာ စစ်ဆေးလို့ ရလာတဲ့ တံဆိပ်တွေ "

ဆယ်ဟွန်းမှာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်ပြီး

" အပြင်မှာ ကိုယ်ရံတော် တပ်ဖွဲ့ခေါင်းဆောင်ရှိလား "

" ရှိပါတယ် အရှင် ....."

ဆယ်ဟွန်း၏ ဆင့်ခေါ်မှုကြောင့် ကိုယ်ရံတော် တပ်ဖွဲ့ခေါင်းဆောင်မှာ စာကြည့်ဆောင် ခန်းမ ထဲသို့ဝင်လာလေသည်။

" မိဖုရားမင်ယွီနဲ့ သူ့ရဲ့အပျိုတော် လင်ချီ အခြေအနေ ဘယ်လိုရှိလဲ "

" သက်သာလာပါပြီ လို့ သမားတော် ဘတ်ဟွန်းဆီက သိရပါတယ် "

" ကောင်းပြီ သူတို့နှစ်ယောက်ရဲ့ အဆောင်မှာ လူဝင်လူထွက်တွေကို သေချာစောင့်ကြည့်ထားလိုက် "

" ဟုတ်ကဲ့ပါအရှင် ကျွန်တော် အစောင့်တွေ သေချာချပြီး စောင့်ကြည့်ထားပါ့မယ် "

Xxxxxxxxxxx xxxxxxxxxxx xxxxxxxxxxx

မိဖုရားမင်ယွီလုပ်ကြံခံရသည်မှာ နှစ်ကြိမ်ရှိလို့ချေပြီ။ သို့ဆိုလျှင် မိမိကို ဆေးကုဖို့ကူညီပေးမည်ဆိုပြီး ဆေးခတ်ကာ လုပ်ကြံသတ်ဖြတ်ခဲ့သည်မှာ မိဖုရားမင်ယွီဟု ထင်မိတာ မှားလေသလား။ စဉ်းစားလေ စိတ်ထွေလေမို့ လုဟန် ဆက်မတွေးချင်တော့ပေ။ အမှန်သာ ကိုယ်ဝန်ရှိကြောင်းဆိုလျှင် မိမိထက် အရှင့်၏ ရင်သွေးကို ပို၍ စိတ်ပူမိသည်။ ယခုချိန်တွင် လုဟန် သက်ရှိထင်ရှား ရှိနေကြောင်း ၊ အရှင့်နန်းဆက်ရင်သွေးလေးကို လွယ်ထားကြောင်း တစ်စုံတစ်ယောက်သာ သိသွားပါက မလွယ်ပါချေ။ လုပ်ကြံမှုမှာ တစ်ခုပြီးတစ်ခုဆိုသလို ဆက်တိုက် ဖြစ်နေသောကြောင့် လုဟန် စိတ်ညစ်ညူးနေမိသည်။

" ကြင်ယာတော် လုဟန် နေလို့ကောင်းရဲ့လား "

သမားတော် ဘတ်ဟွန်းမှာ ဆေးပန်းကန်ကို လုဟန်အနားသို့ ချပေးလိုက်ရင်း လုဟန်၏လက်ကို ဆုပ်ကိုင်ကာ အားပေးရင်းပြောလာသည်။

" ဟုတ် နေလို့ကောင်းပါတယ် သတင်းတွေကြားပြီး နည်းနည်းစိတ်ညစ်နေလို့ပါ "

" စိတ်မညစ်ပါနဲ့ ကြင်ယာတော်ရယ် စိတ်ညစ်တာ ကျန်းမာရေးအတွက် မကောင်းဘူးလေ သိပ်မစဉ်းစားပါနဲ့ ကျွန်တော်က အရှင်ဆယ်ဟွန်းကို တွေ့ဖူးတာ ခဏဘဲ ရှိသေးပေမယ့် အခုဖြစ်နေတဲ့ ကိစ္စတွေ အကောင်းဆုံး လုပ်နိုင်သွားမှာပါ အခုတော့ ဆေးလေးသောက်လိုက်ဦးနော် "

" ဟုတ်ကဲ့ပါ သမားတော် ဘတ်ဟွန်း ဒါနဲ့လေ မိဖုရားရော အခြေအနေ ဘယ်လိုရှိလဲဟင် "

" သက်သာပါတယ် ကြင်ယာတော် ဒဏ်ရာက အပေါ်ရှပ်ထိရုံလေးပါ စိုးရိမ်စရာ မရှိပါဘူး "
" တော်သေးတာပေါ့ နို့မို့ဆိုရင် ဟန်ဘုရင်က အရှင့်ကို ပြဿနာရှာနေဦးမယ် "

" ကြင်ယာတော် အခုချိန်မှာ ကြင်ယာတော်ရဲ့ ကျန်းမာရေးက အရေးကြီးဆုံးပါ ကျွန်တော်ကတော့ အမှန်တိုင်းပြောရမယ်ဆိုရင် မိဖုရားမင်ယွီကို မသင်္ကာဘူး "

" ဗျာ... ဘယ်လိုကြောင့်လဲ "

ဆယ်ဟွန်းနှင့် အမြန်ဆုံးနီးစပ်ရန် ကာမအားတိုးဆေးကို အမြန်ဆုံးဖော်စပ်ခိုင်းနေသည့် မိဖုရားမင်ယွီ စေခိုင်းသည်ကို ဘတ်ဟွန်းမှာ လုဟန်ကို မည်သို့ဖြေရမည်မသိ။

" အင်း...ဟန်နိုင်ငံက မင်းသမီးတစ်ပါးဖြစ်ပေမဲ့ အရှင် ရန်ဝေနဲ့ အတော်လေး အကျင့်စရိုက်ကွာတဲ့သူမို့ပါ "

" ဪ..... "

လုဟန်မှာ ပူသောဆေးကို တဖူးဖူးမှုတ်ကာ သောက်ရင်း ဘတ်ဟွန်းကို ပြုံးပြလိုက်သည်။

TBC

With Love

MAR

31 Jul 21

Continue Reading

You'll Also Like

1.4M 53.8K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
447K 13.5K 96
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
25.1K 1.7K 93
Baekhyun သိပ်လှတဲ့ လောကကြီးဟာ ကျွန်တော်မရှိလဲ လှတဲ့ အကြောင်းတွေ ကျွန်တော်မပြောလဲ သိစေချင်တယ် မတွေးချင်ပေမယ့် မပေးချင်ပေမယ့် ကျွန်တော်မရှိတော့တဲ့ တစ်န...