မောင်
By ThetHmue3
3M 251K 104K
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔 More
Intro💔
💔အမှာစာ💔
💔Part1💔
💔2💔
💔3💔
💔4💔(Part1)
💔4💔(Part2)
💔5💔
💔6💔
💔7💔
💔8💔
💔9💔
💔10💔(Part1)
💔10💔(Part2)
💔11💔
💔12💔
💔13💔
💔14💔
💔15💔
💔16💔(Part1)
💔16💔(Part2)
💔17💔(Part2)
💔18💔
💔19💔
💔20💔
💔21💔(Part1)
💔21💔(Part2)
💔22💔
💔23💔
💔24💔
💔25💔(Part1)
💔25💔(Part2)
💔26💔(Part1)
💔26💔(Part2)
❤️27❤️(Part1)
❤️27❤️(Part2)
💔28💔(Part1)
💔28💔(Part2)
💔29💔(Part1)
💔29💔(Part2)
💔30💔(Part1)
💔30💔(Part2)
❤️31❤️(Part1)
❤️31❤️(Part2)
💔32💔(Part1)
💔32💔(Part2)
💔33💔(Part1)
💔33💔(Part2)
💔34💔
🍂35🍂
💔36💔
💔37💔
💔38💔(Par1)
💔38💔(Part2)
💔39💔(Part1)
💔39💔(Part2)
💔40💔(Part1)
💔40💔(Part2)
🤍Ending🤍(Part1)
🤍Ending🤍(Part2)
Note
❤️Extra❤️
❤️Extra❤️2
Extra2💌
❤️Extra❤️
💔17💔;(Part1)
40.4K 3.5K 1.2K
By ThetHmue3
သူ့အနမ်းကိုဘယ်လောက်များကြိုက်ခဲ့သလဲ.....?
အဖြေမရှိဘူး မဖြေနိုင်အောင်ကိုအရူးအမူးပဲ....။
တခါပဲရခဲ့တဲ့အနမ်းဆို...သေသည့်တိုင်တခါပဲနမ်းခဲ့ရ
တဲ့နူတ်ခမ်းပါးတွေဆို....
ဟုတ်တယ်...တိတိကျကျတခါပါပဲ.....
အဲ့တာကြောင့်လည်း...နောက်ထပ်များထပ်ကြုံဆုံ
ရအုန်းမလားလို့ အိမ်မက်တွေထဲတောက်လျှောက်
ထည့်မက်ခဲ့တာ....သေခါမှသေသွားတယ်...
တခါပါပဲ.....
ဒါပေမယ့် သူ့အနမ်းကိုတမ်းတနေတဲ့အိမ်မက်တွေက
တော့ မသေဆုံးခဲ့ဘူး.....။
အစွဲလန်းဆုံးကိုပြပါဆို Jeonနူတ်ခမ်းပါးတွေပါပဲလေ...။
.................
"သခင်လေးJeonကိုကျတော်ချစ်ဖို့ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်ပါဘူး ပြတ်ပြတ်သားသား
ရှင်းရှင်းလင်းလင်းပဲငြင်းပါရစေ.....
ကျတော်ငြင်းဆိုတယ်ဆိုတာ
ကျတော် အဆင့်အတန်းနဲ့သိပ်ရီစရာကောင်းလွန်း
တယ်ဆိုပေမယ့် မချစ်နိုင်တဲ့စိတ်နှလုံးသားကို
တော့ကျတော်မျိုးလည်းမတတ်နိုင်ပါဘူး
နှလုံးသားအတွက်ခွင့်လွှတ်ပေးပါ...."
ဟားးးးး..ဟားး
"အဲ့တိုင်းအငြင်းခံလိုက်ရတာလား....
အားရမိလိုက်တာ....ကြင်ယာတော်က
စကားလုံးတွေကိုသေချာမှတ်လာတာပဲ
အဲ့ဒီအချိန် Jeonရဲ့ မျက်နှာကဘယ်လိုနေလဲ...."
အိမ်ရှေ့စံဟာ ကြင်ယာတော်မင်းသမီးကို
ကြင်ယာတော်စမြှောက်ထဲက မျက်နှာပင်
သေချာစေ့စေ့မကြည့်ခဲ့ပေမယ့် ဒီနေ့သတင်းကို
စပ်စပ်စုစု မိန်းမသားတို့ပီပီကြားလာရတော့
ကြင်ယာတော်ကလာပြောတဲ့အခါအထူးသဘောကျ
လျှက်ရှိနေသည်။ကြင်ယာတော်ကိုယ်တိုင်က
အိမ်ရှေ့စံကို လက်လျှော့ထားရကာ မင်းသမီးနေရာ
လေးမပျောက်သွားရေး အလိုလိုက်အကြိုက်ဆောင်
နေနေရသူဖြစ်သည်။
"ငိုချတော့မလိုပါပဲ.....အိမ်ရှေ့စံ...."
"ဟားးး ငိုချလိုက်ရမှာ....ကြည့်ချင်မိတယ်
တကယ်ကိုပဲမျက်နှာချင်းဆိုင်ကြည့်ချင်မိတယ်
ဘာမဟုတ်တဲ့ ကချေသည်လေးကတောင်
ဘောင်မသွင်းတဲ့ သူ့မျက်နှာကို ကိုယ်တော်
ကြည့်ကြည့်ရီနေချင်နေတယ်...."
"ကချေသည်ယောင်းက အမှန်တကယ်ကိုပြတ်သား
လွန်းပါတယ် သူ့အနေနဲ့ Jeon ကို
ငြင်းဆိုဖို့မှမလိုတာပဲ..."
"မငြင်းရင်အသက်ဘယ်ရှင်နိုင်ပါ့မလဲ...
သေရည်သောက်ပါအုန်း ကြင်ယာတော်...."
အိမ်ရှေ့စံသည်ကြင်ယာတော်မင်းသမီးအား
သေရည်တချို့ငှဲ့ပေးကာအထူးရွှင်မြူးနေလျှက်။
"အပြင်မှာဘယ်သူရှိလဲ...Jeon ငယ်ကို
သွားခေါ်လာခဲ့စမ်း...."
"ဟုတ်ကဲ့ အိမ်ရှေ့စံ..."
"သေရည်သောက်ဖို့ခေါ်မလို့လားအိမ်ရှေ့စံ..
သူအခြေအနေကောင်းမယ့်ပုံမပေါ်ဘူးနော်..."
"အခြေအနေမကောင်းနေတာကို
လှောင်ချင်နေလို့....ကြင်ယာတော် တခွက်သောက်ပီး
ပြန်တော့...."
မင်းသမီးတပါးအနေနဲ့ ဒီအခြေအနေတွေသည်
မထူးဆန်းတော့တာမို့ စိတ်ထဲမကျေနပ်ပေမယ့်
အိမ်ရှေ့စံကိုဘယ်လိုတွန်းလှန်နိုင်မှာလဲ။
အရဲစွန့်ကာ မင်းသားပျော်မြူးနေသောအခွင့်အရေး
ကိုအမိအရယူရင်းမေးခွန်းတခုမေးလိုက်သည်။
"အိမ်ရှေ့စံ ကျမရဲ့ အိပ်ဆောင်ကိုဘယ်တော့များ
မှကြွမလဲ...."
"ဘယ်တော့မှမကြွဘူး...."
ကြင်ယာတော်လေးမူးမေ့လဲသွားနိုင်သောအဖြေဆို
ပေမယ့် ဒီအိမ်ရှေ့စံရဲ့ မင်းသမီးဖြစ်ထဲက
ဒီထက်ဆိုးတာတွေတောင်ရင်ဆိုင်ခဲ့ပြီးပြီပဲလေ...။
"လောကကြီးကို အတည့်ကြည့်ပေးပါ အိမ်ရှေ့စံ
ကျမတို့ သွေးသားမျိုးဆက်တခုတော့
ရှိသင့်နေပါပြီ...နန်းတော်ထဲမှာ နေရာဝင်ယူချင်နေတဲ့
လူတွေကြီးမလို့ ထီးနန်းခိုင်မြဲဖို့....."
"မင်းအိပ်ဆောင်ကိုလာမှ ငါ့ထီးနန်းကခိုင်မြဲမယ်ဆို
ကိုယ်တော်ဘုရင်မလုပ်တော့ဘူး.....သွားပြန်တော့..."
ကြင်ယာတော်သည်သေရည်ခွက်ကိုအရဲစွန့်ကာ
ဆောင့်ချလိုက်ပြီးနောက် ဝတ်ရုံအရှည်ကြီးကို
မကာချက်ချင်းထထွက်သွားသည်။
ကြင်ယာတော်က အထွက် Jeonကဝင်လာတာနှင့်
ဆုံတဲ့အခါ ကြင်ယာတော်၏မျက်စောင်းလှလှ
ကိုတန်းလက်ဆောင်ရခဲ့သည်။
"နင့်ကြောင့်!!!!!!"
ကြင်ယာတော်တစ်ယောက်ထဲသူ့ကိုမြင်တိုင်း
လက်ညိုးထိုးတာမျိုးမဟုတ်...
အ်မ်ရှေ့စံ ရဲ့ မယ်တော် အိမ်ရှေ့စံ၏ယောက္ခမ
ဘုရင်အပါအဝင်အားလုံး Jeonကို
ဘယ်တစ်ယောက်ကမှမကြည်ခဲ့ပါ။
အိမ်ရှေ့စံက Jeonငယ်ဆိုရင်သူ့အပိုင်
ဘုရင်လေးတပါးလိုပဲ......။
နန်းတော်တခုလုံး မင်းသားလက်ထဲက ထက်ရှ
လှသောဓားရှည်ကိုကြောက်ရ၍သာမသိချင်ယောင်
ဆောင်နေခဲ့ကြခြင်း...။
"ရောက်လာပြီလား....ဒီမှာကိုယ်တော်က
မင်းသမီးနဲ့ သေရည်သောက်နေတာ
ရုတ်တရက် Jeonငယ်ကို သတိရသွားလို့...."
ရင်ထဲမှာစူးနစ်စွာနာနေပါသည်။အနည်းငယ်မျှပင်
မစဉ်းစားတန်းအငြင်းခံလိုက်ရသောပြတ်သားမှု
မှာJeonသည်ငို၍မဝသေး။သူ့အနေနဲ့ ပြန်ချစ်လိမ့်မည်
ဟုတထစ်ချကိုတွေးထားခဲ့တာ...။
သခင်လေးJeonကိုဘယ်လိုလူမျိုးကငြင်းနိုင်ပါ့မလဲ။
ရူးရူးမူးမူးခခယယချစ်နှစ်သက်ပေးခဲ့ပေမယ့်
မျက်လုံးတွေထဲတည့်တည့်ကြည့်ကာ ယတိပြတ်
ငြင်းသူယောင်းသည် ရက်စက်လွန်းပါသည်။
အမှောင်တနေရာတွင်ကြိတ်မှိတ်ငိုနေတုန်း
အခေါ်ရှိလာ၍ လာခစားတော့
ရွှေအိုရောင်တောက်ပနေသောဝတ်စုံကြီးနဲ့
အိမ်ရှေ့စံဟာ လှောင်ပြုံးတွေနဲ့ကြိုဆိုနေခဲ့တယ်...။
Jeonမျက်နှာတခုလုံးနီရဲနေကာမျက်လုံးတွေ
သည်သွေးကြောတွေအထိရဲတောက်နေလျှက်
နာကျင်နေမှုကို လုံးဝမဖုံးနိုင်မဖိနိုင်ခဲ့ပါ...။
ဖရိုဖရဲ ဝတ်စုံအနက်ရောင်နှင့်အားမရှိတော့သော
ပုံစံသည်အချစ်ကပေးတဲ့ဝေဒနာတွေပေါ့...။
လောကတခုလုံးကိုသိမ်းပိုက်လို့ရမယ့်
ဧကရာဇ်လောင်းက လောကကိုကြည့်ဖို့
မေ့နေခဲ့ပြီး...၁၃နှစ်သားကလေးပေါက်စလေးကိုပဲ
အပူတပြင်းကြည့်ခဲ့တယ်
တနေ့တခြားအရွယ်ကလေးရောက်လာလေ
ရောက်လာတဲ့ပြောင်းလဲမှုတွေအပေါ်
ဧကရာဇ်က သိပ်အသဲယားခဲ့တယ်
စစ်တိုက်ထွက်နေပေမယ့် နန်းတော်ထဲမှာ
လုံလုံခြုံခြုံကျန်ခဲ့သူ ကောင်ငယ်လေးကို
လှမ်းစိုးရိမ်နေခဲ့ဖူးတာတွေ.....
ခမ်းခမ်းနားနားချစ်ခြင်းမေတ္တာတွေကို
ပေးခဲ့ပါလျှက်....မမြင်နိုင်မသိနိုင်ဘဲ
ကချေသည်လေးငြင်းမှ ပြိုပျက်နေသော
Jeonငယ်၍ပုံစံသည် နှလုံးသားကို
စူးနဲ့စွနေသလိုပဲ...။
ခံပြင်းသည်....နာသည်....။
ကြမ်းပြင်ပေါ်ဒူးထောက်ကာ ယိုင်တိယိုင်တိုင်
ပုံစံငယ်သည်....သူ့ကိုမကြောက်မလန့်
တခွန်းမကျန်ပြန်ပြောတတ်တဲ့Jeonငယ်မှဟုတ်ရဲ့လား။
ဓားနဲ့မျက်နှာကိုဖြတ်လှီးခဲ့တာတောင်
ခပ်မိုက်မိုက်စိုက်ကြည့်ခဲ့သူက အငြင်းခံရလို့
နန်းတော်တနေရာထောင့်မှာ ငိုနေသတဲ့လေ...။
အဲ့ဒီကချေသည်...နဲ့မပတ်သတ်ဖို့အတွက်
ဓားတရမ်းရမ်းနဲ့ အရူးကြီးလို တောက်လျှောက်
လိုက်ပြီး ဖျက်လိုဖျက်ဆီးတွေလုပ်ခဲ့တာ
ဘယ်လောက်လုပ်လုပ် ဘယ်လောက်ကြောက်အောင်
ရိုက်ရိုက် Jeonငယ်ဟာ ရင်ကိုခွဲမြဲခွဲဆဲ...။
ဒီနေ့တော့ နေသာလိုက်တာ....။
ရှက်ဖွယ်ကောင်းအောင်အငြင်းခံလိုက်ရတာ...
အရသာတော်တော်မှရှိနေလိမ့်မည်ထင်ပါသည်။
"အကုန်အပြင်ထွက်ကြ..."
အိမ်ရှေ့စံ၏အမိန့်ကြောင့်အစောင့်တွေအမှု
ထမ်းတွေအားလုံးအပြင်ထွက်သွားကြသည်။
"လာပါအုန်း...မျက်နှာကမသာမယာနဲ့ ..
သေရည်သောက်ဖို့လှမ်းခေါ်လိုက်တာ
ဒူးထောက်မနေတော့ဘဲ ကိုယ်တော်နဲ့အတူတူ
လာသောက်ပါ..."
"ကျတော် ဒီနေ့ အိမ်စောစောပြန်လို့ရမလား
အိမ်ရှေ့စံ...."
"ဘာကြောင့်လဲ....."
"စိတ်ညစ်နေလို့ပါ....."
"ဘာကြောင့်စိတ်ညစ်တာလဲ...
အကြောင်းအရင်းကိုပြောပြမှပေါ့...."
"ရင်တွေကွဲနေလို့ပါ..."
Jeonငယ်ဟာ ဒူးထောက်ခေါင်းငုံ့နေရာမှ
ခပ်အက်အက်အသံ...ငိုချလိုက်တော့မလို
မျက်လုံးတွေနဲ့ပြောလာတယ်...။
ဘယ်လောက်ရီစရာကောင်းသလဲကြည့်ပါအုန်း...။
အိမ်ရှေ့စံဆိုတဲ့ဖြစ်တည်မှုကိုတော့
ခြေမှုန်ခြေမွှားလောက်တောင်ဒီကောင်လေးက
အရာမသွင်းခဲ့ဘဲ တခြားတယောက်အတွက်
ရင်တောင်ကွဲတယ်တဲ့.....။
စစ်ပွဲတစ်ရာသာနွှဲလိုက်ချင်ပါရဲ့ Jeon....ရေ.. ။
အရှုံးတွေများ...အရှုံးတရားတွေများ...
ကြားလို့ရယ်မှမကောင်း....
မြင်လို့ရယ်မှမကောင်း...
အိမ်ရှေ့စံမျက်အိမ်တွေအေးစက်သွားခဲ့သည်။
"ငါရှေ့ကိုလာခစား...လာဒူးထောက်စမ်း...."
Jeonသည် အိမ်ရှေ့စံထိုင်ရာရှေ့သို့
ရွှေ့လာကာ ကြမ်းပြင်ပေါ်ဒူးထောက်လျှက်
ခေါင်းငုံ့ထားခဲ့သည်။
"မေတ္တာစူးတာ....သိပ်မြင့်မြတ်ပြီး
ခမ်းနားတဲ့ ငါ့ချစ်ခြင်းတရားတွေကို
တန်ဖိုးမဲ့ပစ္စည်းလိုမလေးမစားလုပ်လို့
မသေမချင်းမှတ်ထား Jeon..သေဆုံးသွားရင်လည်း
မှတ်ပါ....မင်း သူ့အချစ်ကို ဒီဘဝမဟုတ်ဘူး
နောက်ဘဝဘယ်နှဆက်ဆက်ဖြစ်ဖြစ်
ဘယ်တော့မှမရဘူး....
ဘာကြောင့်လဲဆိုရင်.....မင်းအပေါ်ထားတဲ့
ငါ့မေတ္တာထုထည်က ယောင်း မှမဟုတ်ဘူး
ဘယ်သူမဆို ဘယ်သက်ရှိမဆို
တိုးဝင်မလာရဲအောင် သိပ်ကြီးမားပီးခိုင်မြဲနေလို့
သံသရာတလျှောက်လုံးခိုင်မြဲဖို့ကိုလည်းထပ်ဆုတောင်းတယ်..."
"အဲ့လိုတွေဆုမတောင်းပါနဲ့...
အဓိပ္ပာယ်မရှိတဲ့အရာတွေ
ပြီးတော့ တခါအငြင်းခံရတာနဲ့လက်လျှော့ရမှာလား
ယောင်း ကို ရအောင်ကြိုးစားမှာ....
အိမ်ရှေ့စံပြောတာတွေကို ဂရုမစိုက်ဘူး...
ယောင်းကို ခေါ်ပြီး ဒီနန်းတော်ထဲကနေ
ထွက်သွားနိုင်ဖို့ကို စဉ်းစားပီးနေပြီ...."
မျက်နှာကိုမော့ကာ ညမီးရောင်အောက်
တောက်ပနေသောမျက်နှာလှလှကိုကြည့်ပြီး
ရဲရဲတင်းတင်းဆိုလိုက်တော့ သောက်လက်စ
သေရည်ခွက်နဲ့ပက်လိုက်တဲ့သူ...။
ထို့နောက်Jeonမျက်လုံးတွေစူးစူးရဲရဲကြည့်ကာ
အေးစက်စက်ထွက်လာခဲ့သောမေးခွန်းတခု...။
"ငါ့ကိုမင်းလုံးဝကိုမချစ်တာလား..."
"ချစ်လို့ရတဲ့ဖြစ်တည်မှုလား အိမ်ရှေ့စံ...
မေးခွန်းက နည်းနည်းလေးတောင်
မသင့်တော်လှပါဘူး...."
"ငါ....ငါအိမ်ရှေ့စံမလုပ်တော့ရင်ရော......"
ရွှေဝါရောင်ဝတ်ရုံကြီးနဲ့ ဒီမြေရဲ့အထွတ်အမြတ်
မင်းသားလေးဟာ ဒူးထောက်နေသူ
လူသားငယ်ကိုငုံ့ကြည့်ပြီး မေးလိုက်တဲ့မေးခွန်း...။
မေးခွန်းတစ်ခုထဲနဲ့ ချစ်ခြင်းမေတ္တာဟာလုံလောက်
ခဲ့ပါတယ်.....။
Jeonဟာ အံ့အံ့ဩဩမျက်အိမ်တွေအဖြစ်
ပြောင်းလဲသွားတယ်။အဖြေစောင့်နေသူ
အိမ်ရှေ့စံကမျှော်လင့်ချက်မျက်လုံးလေးတွေနဲ့...။
အဖြေမရှိဘူး...။ရှိလည်းမဖြေရဲဘူး...။
အိမ်ရှေ့စံဟာ စတွေ့ထဲက ဟိုးအမြင့်ကြီးက
ကြယ်တပွင့်...။
တခါလေးမှ ထိကိုင်လို့ရမယ့် အရာတခုလို့မသတ်မှတ်
ရဲခဲ့တာ...။
ကြောက်တဲ့စိတ်တွေပဲရာခိုင်နူန်းများခဲ့လို့
အိမ်ရှေ့စံဆိုရင် ကြောက်ခဲ့တာပဲရှိတယ်။
"စဉ်းစားမနေနဲ့....မင်းလိုကောင်အတွက်
ထီးနန်းစွန့်ရအောင်အထိလည်း မရူးဘူး
တအံ့တဩပုံစံနဲ့ မုန်းစရာကောင်းလိုက်တာ..."
"တောင်းပန်ပါတယ် အိမ်ရှေ့စံ..."
"သောက်!!!! ဒီည ဒီမှာပဲအိပ်
အိမ်မပြန်နဲ့....စိတ်ညစ်နေတယ်မလား
အမူးသောက်ပီး အိပ်လိုက်..."
ဒါတော့မဆိုးဘူးလေ...။စိတ်ညစ်ရင်အရက်သောက်
ရတာကောင်းသည်။အိမ်ရှေ့မင်းသားသောက်တဲ့
သေရည်တွေမို့အကောင်းဆုံးဖြစ်မှာလည်းသေချာ
ပါသည်။
Jeonဟာ မူးပြီးအိပ်ပျော်သွားရင်ပီးရောဆိုတဲ့
အတွေးတွေနဲ့သေရည်ခွက်ကိုစကိုင်ခဲ့တယ်။
အရသာပြည့်စုံလှသောသေရည်တွေဟာ
လည်ချောင်းထဲကိုစီးဝင်သွားတိုင်းမှာ
ခံစားချက်သည် လွင့်လွင့်သွားခဲ့သည်။
နောက်ဆုံးမှတ်ဥာဏ်သည်
ပြင်းပြင်းပြပြ ဖြင့်လုံးဝအသိစိတ်လွတ်စွာ
အနီးဆုံးရောက်လာတဲ့ အလှဆုံးသောနူတ်ခမ်း
ဖူးဖူးလေးတွေကို စိတ်လွတ်ကိုယ်လွတ်စုတ်ယူ
မိလိုက်သော အပိုင်းအစတစ်ခုဖြစ်နေခဲ့ပါသည်....။
...........................။
ဒယ်ဒီဝယ်ထားတဲ့ကျွန်းဟာထင်တာထက်အများကြီး
ကိုလှသည်။
သူလာမယ်ဆိုလို့ အပြေးအလွှား
စီစဉ်ထားပေးကြတဲ့Hotelအခန်းရဲ့ ခမ်းနားမှုဟာ
အဖြူရောင်တွေကြီးပဲသုံးထားပြီး
လိုက်ကာတွေကိုဖွင့်လိုက်တာနဲ့မှန်တွေကြီးဖြစ်ကာ
ပင်လယ်ပြာသည်စိတ်ထဲငြိမ့်ခနဲ.....။
Jeon သည် အဖြူရောင်ဆိုဖာပေါ်တွင်ထိုင်နေကာ
စီးကရက်ဖွာရင်း ရောက်ထဲကမနိုးသေးသော
လူကိုစိုက်ကြည့်နေသည်။
စိတ်လွန်သွားတာထက် လက်တွေလည်းလွန်သည်
နူတ်ခမ်းတွေလည်းအတော်အတန်လွန်ကြူးခဲ့တာမို့
နိုးလာရင် သူဘာပြောပြောအနည်းငယ်သည်းခံ
ဖို့ကိုယ်ကိုကိုယ် အသံတိတ်တရားချနေရသည်။
စိတ်နဲ့ကိုယ်ပြန်ကပ်ကာဖျက်ခနဲနိုးသွားချိန်တွင်
တကိုယ်လုံးကိုင်ရိုက်ထားသလိုနာနေကာ
သူဖျားနေကြောင်းကိုယ့်ကိုကိုယ်သိလိုက်သည်။
မျက်လုံးတွေကိုခပ်ဖြည်းဖြည်းဖွင့်ကြည့်လိုက်တဲ့အခါ
အံ့အားသင့်လွန်းသွားရသည်။
ဘယ်ရောက်နေတာလဲ....။
အဖြူရောင်တွေနဲ့ကမ္ဘာတခုကိုရောက်နေကာ
မြင်နေရသောမျက်နှာကျက်သည်အရမ်းကိုလှလွန်းပါ
သည်။Memory ကိုအမြန်ပြန်ခေါ်လိုက်တဲ့အခါ
JeonJungkook အရိုင်းအစိုင်း၏အပြုအမူတွေက
ခေါင်းထဲတန်းခနဲ....။
ဒေါသသည်ဟုန်းခနဲတောက်ကာဘေးဘီ
ကိုမြန်မြန်ဆန်ဆန်ကြည့်မိတော့...
Jimin မျက်လုံးတွေ ဝိုင်းစက်သွားရပြန်သည်။
ပင်လယ်.....။
အိပ်ယာထဲမှာလှဲနေရင်းနဲ့ ခေါင်းစောင်းကြည့်
လိုက်ရုံနဲ့မြင်နေရတာ..လုံးဝကိုပြာလွင်နေလျက်။
စိတ်တွေပဲဂယောက်ကယက်ဖြစ်နေပီလား
ဟုခပ်မြန်မြန်ထထိုင်လိုက်တဲ့အခါ ရွေ့လာသော
လူရိပ်...။
"နိုးပီလား........"
အိပ်ယာဆီသို့စီးကရက်ငွေ့တထာင်းထောင်းဖြင့်
လျှောက်လာသောလူ၏လက်တွေသည်
အနီးဆုံးကိုရောက်တဲ့အခါ နှဖူးပေါ်သို့
ဦးတည်သည်။ချက်ချင်းရိုက်ချခံလိုက်ရသည်။
"မထိနဲ့....!"
နေမကောင်းနေသောလူရဲ့နှဖူးကို
စမ်းကြတာမြင်ဖူးခဲ့၍ အခြေခံအပြုအမူလောက်
ကိုလုပ်ကြည့်တဲ့အပေါ် တုံ့ပြန်ပုံသည်
ParkJimin ပီပီသသ... ။
"ငါဘယ်ရောက်နေတာလဲ....
ငါ့ကိုဘယ်ကိုခေါ်လာတာလဲ...."
"ကျွန်းကို.....ရောက်နေတာ..."
"ဘာ..."
မယုံကြည်နိုင်...။ဘယ်ကျွန်းကိုဘယ်လိုများ
ရောက်သွားရတာလဲ...။
သူစော်စော်ကားကားတွေဆက်ဆံခံရပြီး
သတိလစ်သွားတာလေ...။
ခုထိတောင်နာတဲ့နေရာတွေနာနေတုန်း..
အခြေအနေက ဘာတွေဖြစ်ကုန်ပြန်တာလဲ..။
"ဒယ်ဒီ ဟန်းနီးမွန်းထွက်ခိုင်းနေတာကြာပီလေ
အဲ့တာကြောင့်....တခြားကိစ္စမရှိပါဘူး..."
"ဟန်းနီးမွန်း....."
"အင်း..လေ...."
"မင်းယုတ်မာချင်တိုင်းအစွမ်းကုန်ငါ့ကို
စော်ကားပြီး မျက်နှာပြောင်သိပ်တိုက်တာပဲ...
ခုချက်ချင်း ပြန်မယ်.....ကျက်သရေမရှိလိုက်တဲ့
နေရာ..."
Jimin သည်စောင်ကိုဖယ်ကာထသွားဖို့
ပြင်ပေမယ့်Jeon ကလက်မောင်းတွေကို
ဆွဲထားသည်။
မထိပါနဲ့...။
ထိလိုက်ရုံနဲ့တောင်နာသွားမလား
ဆိုတဲ့စိတ်နဲ့လန့်လွန်းလို့ ထိုလက်တွေကို
အလျှင်အမြန်ရိုက်ချကာ မြန်မြန်ဆန်ဆန်ရှောင်
ဖယ်သွားတဲ့သူ။Jimin ပုံစံသည်ပိုကဲလုပ်ပြနေတာ
မဟုတ် သူတစ်ခုခု လွန်ကဲလာမှာမျိုးကို
တော်တော်လေးကြောက်နေကာ အိပ်ယာခေါင်းရင်း
ကိုပိုတိုးကပ်သွားသည်။
ကုန်ကုန်ပြောရရင် ခြေဖဝါးလေးတွေကိုတောင်
အမှတ်တမဲ့အထိမခံ...။ခရုလေးလိုအမြန်အဆန်
ခေါက်သိမ်းပစ်လိုက်တဲ့သူ...။
JEonသည် အဖျားသွေးအပြည့်နဲ့မျက်နှာသေးသေး
လေးရယ်....ကိုက်ရာတွေနဲ့လည်တိုင်တလျှောက်က
သွေးစို့ဒဏ်ရာတွေ တခြားတကိုယ်လုံးမှာလည်းဒဏ်ရာတွေနေရာအနှံ့ရှိ​နေအုန်းမှာပဲကြောက်နေတာတဝက်
မာန်ဆိုတာလေးကလည်းတဝက်နှင့်
သူ့မျက်နှာကိုသေချာမကြည့်ရှောင်နေသောပုံစံသည်
အတင်းအကျပ်လုပ်ချင်ခဲ့သောစိတ်တွေကို
ထိန်းနိုင်လိုက်သည်။
"မပြန်ရဘူး....ဟန်းနီးမွန်းထွက်လာပါတယ်ဆို
ပြန်စရာလား...တလတန်သည် နှစ်လတန်သည်
တော့ နေမယ်လေ...."
ရင်ဘက်တည့်တည့်ကိုရောက်လာတာက စောင်ထဲကခြေထောက်ကလေး။
လူတစ်ယောက်ကိုခြေထောက်ဖြင့်
ပြုမူခြင်းသည်အရိုင်းဆုံးအပြုအမူဆိုသော်ငြား
ဖမ်းထားမိသောParkJiminခြေဖဝါးလေးက
ရဲရဲလေး...။
ရိုင်းသော်ငြား...မောင်သည်စိတ်အလွန်ကြည်သော
တနေ့တော့ အကန်ခံလိုက်ချင်မိပါသည်
သူ့ရင်ဘက်အကျယ်ကြီးနဲ့ဒီနီတာရဲလေး...။
ညက ဒီခြေဖဝါးတွေအောက်အထိခေါင်းတိုး
ပီးလည်း ခုတွေ့ ခု ထိချင်ပြန်သည်။
"လွှတ်စမ်း.....!!! မင်းအသားနာမှာကျ
ကြောက်တယ်လား..."
"အသားနာမှာမကြောက်တဲ့သူဘယ်သူရှိလို့လဲ...
နိုးပီဆိုတော့ မနက်စာဘာစားချင်လဲ
တခြားကိစ္စတွေထားလိုက်တော့
ကျတော်စိတ်လွတ်သွားလို့...ခင်ဗျားလည်း
ဘာမှဖြစ်တာမှမဟုတ်တာ ခုပြန်ကောင်းနေပြီပဲ
စိတ်မပြေလျှော့နိုင်ရင် ကျတော်ပင်လယ်ကို
ခေါ်လာတာပဲကြည့်ပီးဖြေဖျောက်လိုက်...."
"ငါမင်းကို ကွာရှင်းမှာ....JeonJungkook...
Hyung...ကို မင်း...."
"တော်စမ်း!!!!!"
တုန်သွားသောခန္ဓာကိုယ်လေး...။အားနည်းနေတာ
ကြောင့်ပိုလန့်သွားပုံရကာစကားသည်ချက်ချင်း
ရပ်သွားခဲ့သည်။
"Hyung လို့ တခွန်းပါးစပ်ကထွက်လာရင်
တချက်ပဲ...နှစ်ချက်ပဲရိုက်တာတောင်
သတိလစ်သွားတယ်မလား...
ခေါ်ရဲရင် ခေါ်....ခေါ်လေ ထပ်ခေါ်...."
သေချာပေါက်Jimin အရှက်တရားတွေရဲ့
အဆိုးဝါးဆုံးဖြစ်ရပ်ကြီးမို့ လက်ဖဝါးတွေရဲ့
ကြမ်းမှုရမ်းမှုကိုသူဘယ်လိုများမေ့နိုင်ပါ့မလဲ။
မျက်ရည်သည်ရှက်တဲ့အခါတော့မထိန်းနိုင်။
ပိုးပိုးပေါက်ပေါက်ကျလာခဲ့သည်။
ကျစ်!!!!
Jeonသည်အိပ်ယာပေါ်မှထသွားကာမှန်ပြင်ဆီသို့
ထွက်သွားခဲ့ပြီးပင်လယ်ဘက်ကိုမျက်နှာမူကာ
ဆေးလိပ်တလိပ်မီးငြိလိုက်သည်။
မကြည့်ချင်တော့...။ကိုယ့်ကိုကိုယ်ဘယ်လောက်
တရားချချ ParkJimin က လွန်မဲ့လမ်းကိုပဲ
ဖောက်ဖောက်လာတဲ့သူ...။
"တစ်နှစ်ပြည့်ရင် ကွာပေးမယ်...
ခုချိန်ကွာရင် အမွေကိစ္စတွေ ဒယ်ဒီကညစ်မှာမို့
ခဏစောင့်ပေး....."
"ငါလုံးဝသည်းမခံနိုင်တော့ဘူး...Jungkook
ငါအများကြီးသည်းခံခဲ့ကြည့်ပီးပီ...."
"အဲ့တာခင်ဗျား သမိုင်းလေ......"
Jimin သည် မျက်နှာကိုလက်နှစ်ဖက်ဖြင့်
ပွတ်နေခဲ့သည်။ဘဝတစ်လျှောက်လုံးမှာ
လုံးဝကိုမွန်းကျပ်ဆုံးအခြေအနေပါပဲ...။
Jeonကိုလှမ်းကြည့်တဲ့အခါ ဆေးလိပ်တလိပ်ဖြင့်
ပင်လယ်ဘက်မျက်နှာမူကာအေးအေးလူလူပင်...။
"မင်းငါ့ကို ဘာလို့ဒုက္ခအမြဲတမ်းပေးချင်နေရတာလဲ
ငါတို့ပြသနာတွေရှိလို့ ကြည့်မရကြဘူး
ဆိုရင်လည်းဒီလောက်ကြီးအထိတော့မလိုဘူးလေ
မင်းငါ့ကိုသေသေချာချာကိုအငြိုးကြီးနဲ့
နှိပ်စက်နေတာ သိပ်စိတ်ပျက်ဖို့ကောင်းတယ်..."
"မုန်းလို့....."
"ဘာလို့မုန်းတာလဲ...စတွေ့ထဲက ငါ့ကိုမုန်းတယ်
လို့မင်းအော်နေခဲ့တာ အကြောင်းရင်းကဘာလဲ..
ငါတို့စကားတွေပြောမှဖြစ်တော့မယ်
ငါက ဒီလိုအခြေအနေမျိုးနဲ့
တစက္ကန့်တောင်နေသင့်တဲ့ကောင်မဟုတ်ဘူး
မင်း က အရူးလိုပဲ Jungkook....."
Jeon သည်တိတ်ကျသွားခဲ့သည်။ပင်လယ်ကို
သာစိုက်ငေးနေပြီး ဘာပြန်ပြောရမလဲကို
အချိန်တော်တော်ကြာစဉ်းစားနေသည်။
ကွေ့ဝိုက်ပြီးတော့ စကားတွေလည်းလှအောင်
ပြောမနေချင် မေးလာတော့လည်း
ဒါဟာအကြောင်းအရင်းပါလို့ဖြေရမှာပဲ...။
မောင်က...ယုတ္တိရှိရဲ့လား
လက်တွေ့ဆန်ပါ့မလား လို့အနည်းငယ်တောင်
မတွေးခဲ့ဘူး....မောင့်ဆိုင်သူလေးက
မေးလာတဲ့အခါ အရိုးရှင်းဆုံးအဖြေကို
ပေးခဲ့တယ်....။
ပြသနာမတက်ချင် သူအလျှော့ပေးကိုပေးရမယ့်
အခြေအနေမို့ မောင်ဟာ အရာအားလုံးကို
ထိန်းချူပ်ကာ စကားတချို့ပြောပြခဲ့တယ်။
"အိမ်မက်တွေကြောင့်......."
"အိမ်မက်..."
"ကျတော်ငယ်ငယ်ထဲက အိမ်မက်ဆိုးတွေ
မက်တာ ဆယ်နှစ်ကျော်နေပြီ...
အဲ့ဒီအိမ်မက်ဆိုးတွေထဲက အဆိုးဆုံး
လူရဲ့မျက်လုံးတွေက ခင်ဗျားမျက်လုံးတွေနဲ့
တပုံစံထဲမလို့......"
Jeonဟာ နာကျည်းနေသောအရိပ်အယောင်
တွေယှက်လျှက်လှမ်းကြည့်ရင်းဆိုလာသည်။
ပြီးတော့ချက်ချင်းမျက်နှာပြန်လွှဲသွားသည်။
Jimin သည်ကိုယ့်နားပင်ကိုယ်မယုံနိုင်ခဲ့။
အံ့ဩလွန်းလို့ ပင်လယ်ထဲပဲခုန်ချလိုက်ချင်တဲ့အထိ။
"မင်းအိမ်မက်ထဲက လူနဲ့ တူလို့...ဟုတ်လား...."
"ဟုတ်တယ်...ပြီးတော့ ခင်ဗျားကဒီတိုင်းလည်း
မုန်းစရာကောင်းပါတယ် ဘဝင်သိပ်မြင့်တယ်လေ..
အကုန်စုပေါင်းပြီးအရမ်းကိုမုန်းတယ်...."
၂၁ရာစုမှာ...ရောက်နေတဲ့အဆင်မြင့်Hotel
ခန်းကြီးကိုမှအားမနာ JeonJungkook
ပါးစပ်ကထွက်လာတဲ့စကား...။
ဒီလူဆိုးရဲ့တံခါးတွေကို တချပ်ပီးတချပ်
ဖွင့်လှပ်ပြလာတိုင်း အံ့ဩမှင်သက်ရလွန်းလို့...။
"ငါနားမလည်လို့ပါ....မင်းကအိမ်မက်တွေ
ကြောင့် ငါ့ကို စမြင်ထဲက ဒီနေ့အထိ
ဒုက္ခတွေပေးခဲ့တာလား...."
"အင်း....."
Jimin သည်ယောင်ရမ်းကာအသံတချက်ထွက်
လျှက်ရီမိလိုက်သည်အထိ...။
အိမ်မက်တွေကြောင့်တဲ့.....
ဘယ်လောက်တောင်အခြေအမြစ်မရှိလွန်းတာလဲ...
စိတ်မမှန်ဘူးလို့သံသယဝင်မိပေမယ့်
ဒီလောက်မမှန်လိမ့်မယ်လို့တော့မထင်ခဲ့တာ....။
စိတ်ရောလူရော ပင်ပင်ပန်းပန်း အနှိပ်စက်ခံရတဲ့
အကြောင်းအရင်းက သူ့အိမ်မက်ဆိုးထဲက
လူနဲ့တူနဲ့တူလို့တဲ့​လေ...။
တခြားအကြောင်းတခုဆိုရင်တောင်
လက်ခံရင်လက်ခံပေးလို့ရမယ်ဆိုပေမယ့်....
ဒါကြီးက ဘယ်လောက်များရီစရာကောင်းလိုက်သလဲ။
သူ့ဟာသူမကောင်းတဲ့စိတ် မကောင်းတဲ့အပြုအမူ
တွေများလွန်းပြီး မကောင်းတာတွေမြင်မက်
နေတဲ့အိမ်မက်ဆိုးတွေဟာ ကိုယ်နဲ့ဘာဆိုင်လို့လဲ..။
နည်းနည်းလေးမှမဆိုင်ပါ...။
အလေအလွင့် တောင်မြင် မြောက်မြင်
လေထဲက အိမ်မက်တွေကြောင့် ဒီလိုအမုန်းခံ
စိတ်ဒုက္ခခံနေပါသတဲ့လေ....။
ParkJimin တို့များမရိုးရဘူး......။
"စောက်ရူးပဲ....."
Jeonသည်ခေါင်းညိတ်ပြသည်။
အဖျားတက်နေသောသူကို သူသည်းခံရမည်။
မဟုတ်ဘူး သည်းခံချင်နေတာပါ...။
ကြောက်ကြောက်လန့်လန့်ပုံစံလေး
နည်းနည်းလေးထိတာတောင်လက်မခံတော့သောပုံစံကို
မကြည့်ရဲတော့လို့ ပင်လယ်ဆီမျက်လုံးတွေပို့ထားခြင်း။
"မင်းကငါထင်ထားတာထက်အဆပေါင်းများ
စွာ စိတ်ပျက်ဖို့ကောင်းတဲ့ကောင်ပဲJeonJungkook
မင်းဒီလို အခြေအမြစ်မရှိတဲ့ကိစ္စတွေနဲ့နှစ်ပါးသွား
နေလို့လည်း မင်းဘဝကဘာမှမဖြစ်လာတာ
မဆန်းဘူး...ဘာအိမ်မက်တွေကြောင့်ငါ့ကိုမုန်းတယ်
လူတွေက အိမ်မက်မက်ရုံနဲ့ အဲ့လိုမုန်းတာချစ်တာ
လုပ်လို့ရသလား အိမ်မက်ဆိုတာ တကယ်မှမရှိတာ
ဘာမှမရှိတဲ့ အရေးအရာမပါတဲ့အရာတွေအတွက်
ငါအလကားနေရင်း နာကျင်နေရတာ ခံပြင်းလိုက်တာ.."
"တော်လိုက်တော့! ခုဘာလုပ်နေလို့လဲ
နိုးလာထဲက ဘာပြောပြောသည်းခံပေးနေတာ
ဒေါသကိုစွဖို့မဟုတ်ဘူးနော်...ကျတော်
ရန်မဖြစ်ချင်ဘူး...."
"တစ်နှစ်မစောင့်တော့ဘူး..
ခုပြန်ရင် တခါထဲကွာမယ်
ငါရူးနေတဲ့သူနဲ့ မပေါင်းနိုင်ဘူး...."
Jeonသည် အသက်ကိုဝအောင်ရှူလိုက်ပြီး
Jimin ဆီသို့လျှောက်လာသည်။
အိပ်ယာပေါ်တွင်ထိုင်လိုက်ကာ
နှဖူးကိုဒုတိယအကြိမ်ထပ်စမ်းဖို့လုပ်ပေမယ့်
Jimin ဟာလုံးဝမထိမခံပါ...။
Jeon လက်တွေကိုရိုက်ရိုက်ချသည်။
"စမ်းချင်လို့ပါ...."
"မလိုပါဘူး....ငါဖျားနေတယ် ငါ့ကိုယ်ငါသိတယ်
မင်းကိုငါမမြင်ချင်ဘူး ထွက်သွားတော့...!!"
"ParkJimin....."
မောင်က အလျှော့ပေးချင်ယောင်ဆောင်ခဲ့တာ..။
မောင်ဟာ ဘယ်တော့မှအလျှော့ပေးမယ့်
နှလုံးသားမျိုးမဟုတ်တာကြောင့်တွန်းကန်ရိုက်ပုတ်
နေတဲ့လက်နှစ်ဖက်ကိုချူပ်ပြီးနှဖူးကျဉ်းကျဉ်းလေး
အပေါ် လက်ဖဝါးတွေကိုမရောက်ရောက်အောင်
ပို့ခဲ့သည်။
"တော်တော်ကိုပူနေတယ်...."
ဖြန်းးး
ပါးတဖက်သည်ပူခနဲ....။မောင် အံ့ကြိတ်လိုက်ရသည်။
ပါးတဖက်ကိုလျှာဖြင့်ထိုးနေပြီး စိတ်ကို
ခက်ခက်ခဲခဲကိုချုပ်တည်းနေသည်။
"ငါ့ကို မထိနဲ့.....ငါမင်းကိုကြောက်တယ်....
ကြောက်တာမို့....ငါ့နားကိုလည်းမလာပါနဲ့...
သွားပါ...မမြင်ရလေကောင်းလေပဲ
မင်းကရူးနေတာ..."
"သွားမယ်....အရမ်းဖျားနေတော့
ဆရာဝန်တွေ အလုပ်သမားတွေတော့
လွှတ်ပေးလိုက်မယ် မသက်မသာဖြစ်အောင်
နေမနေနဲ့...ငါ့မျက်နှာကို မင်းမမြင်စေရဘူး.."
"သွား!!!!အရူးလိုကောင်!!!!"
Jeonဟာ အိပ်ယာပေါ်မှဆင်းကာအပေါ်ထပ်
အကျီတထည်ယူလျှက်တံခါးဖွင့်ကာထွက်သွား
သည်။Jiminသည်တောက်တချက်အကျယ်ကြီး
ခေါက်လိုက်ကာ ထိုးကိုက်လာသော
ခေါင်းကိုလည်း ဒေါသတွေထွက်လွန်းလို့...။
ဒီစိတ်မမှန်သော ဆိုက်ကိုကောင်ကို
ဘာလို့များလက်ထပ်မိရတာလဲ
ဆိုတဲ့နောင်တသည် အကြိမ်ကြိမ်အခါခါသတ်ပါသည်။
"ဘာတဲ့....အိမ်မက်ဆိုးတွေကြောင့်....
သေလိုက်!!!!!သေလိုက်!!!!!!
ခေါင်းအုံးတွေ စောင်တွေ ရှိသမျှကန်ချကာ
Jimin သည်ကိုယ့်ကိုကိုယ်စိတ်တိုလွန်းလို့
ဘယ်လိုစိတ်ဖြေရမှန်းကိုမသိခဲ့။
မကြာပါ ဆရာဝန်တွေ Nurseတွေ
အလုပ်သမားတွေ အစုလိုက်အပြုံလိုက်ကို
ရောက်ချလာသည်။
ချက်ချင်းလက်ငင်းဘုရင်တပါးလို
ပတ်ပတ်လည်းဝိုင်းခစားကြကာ
ဘာလိုအပ်လဲ မေးကြလျှက် ပြာပြာလဲလဲ
လုပ်ကိုင်ပေးကြသည်။
Jimin ကတော့စိတ်ရှုပ်နေတာပဲရှိသည်...။
နေမကောင်းရတဲ့ကြားထဲ တခါမှမမြင်ဖူးသော
သူစိမ်းတွေ အခန်းထဲဝင်လာကာ
ပြုစုပေးနေခြင်းသည် ဇိမ်ကိုမရဘဲ
ဒေါသသာထွက်သည်။
စကားပြောသံတွေကိုစိတ်ရှုပ်သည်
လူတွေကိုမျက်စိနောက်နေသည်။
JeonJungkook သည် အရိပ်ပင်မမြင်ရတော့...။
သူစိမ်းတအုပ်နဲ့ ဖြစ်ချင်တာဖြစ် ထားခဲ့ဆိုလည်း
ထားခဲ့တာပဲ...။
မေ့နေတာ...သူကအမုန်းမင်းသားကြီးလေ...။
ဆရာဝန်တွေဘာတွေခေါ်ပေးတာတောင်
ကျေးဇူးတင်ရမည်...။
Jimin သည် အိပ်ယာပေါ်တွင်အံတကြိတ်ကြိတ်...။
မောင်ဘယ်မှမသွားခဲ့ပါဘူး...။
မြင်ရင်ငိုနေမှာစိုးလို့...အခန်းပြင်ကအကွယ်တခု
မှာငြိမ်ငြိမ်လေးထိုင်စောင့်ပေးနေခဲ့ပါတယ်။
...Hey..ကိုယ် TaeHyung....
IG Request တခုတက်လာတော့ဘာရယ်မဟုတ်
လူမမာလေးစောင့်ရင်းဖွင့်ကြည့်လိုက်တဲ့အချိန်
ပို့ထားသူက KimTaeHyung...။
....Inmm ....
....မင်းAccကို Hoseokဆီကမေးလိုက်တာ
ငါ့ကိုညက ဘာလို့ပစ်ထားခဲ့တာလဲ ဂျေ
ငါစောင့်နေတာ အကြာကြီးပဲ.....
....ကိစ္စတခုရှိလ်ု့ပါ Sorry TaeHyung ....
....Ph no ပေးထားပါ ...ဆက်သွယ်လို့ရအောင်...
....Immmm....
....ခုကမင်းဘယ်မှာလဲ.....
......ခရီးထွက်နေတယ် ကျတော်ဆိုးလ်မှာမရှိဘူး....
..++++++ကျတော့်နံပါတ်..TaeHyung
No လည်းပို့ထားအုန်းလေ.......
Typing.......
....KimTaeHyung ဖုန်းနံပါတ်ကိုမင်းက
ဘာမလို့တောင်းနေတာလဲ ထပ်မပို့နဲ့
F....
Blocked....။
"လူကြီး!!!!!!!!!!!
ထယ်သည် ရေချိုးခန်းထဲတွင် ရေမချိုးသေးဘဲ
ခိုးChatနေခြင်းကို အိပ်ခန်းထဲက လူကြီးက
Labtop ထဲက ဝင်ကြည့်ကာပွဲဖြတ်လိုက်သည်။
KimTaeHyung သွေးတိုးကာ ရေချိုးခန်းထဲ
ပြေးထွက်ပြီး အိပ်ခန်းဆီသို့အရှိန်ဖြင့်ပြေးသွားတော့
သည်။
Yoongi သည်အိပ်ယာပေါ်တွင်ဝီစကီတခွက်
ဖြင့်Blockလို့ကောင်းဆဲ..
"လူကြီး!!!!လူကြီးတအားကြီးကိုများသွားပြီ
သူက ထယ့် ဘော်ဒါ...စစ်စစ်...
UnBlockပြန်လုပ်ပေး!!!!"
"KimTaeHyung မှာ ဘော်ဒါမရှိပါဘူး
အီစီကလီတွေပဲရှိတာမဟုတ်ဘူးလား
အီစီကလီတွေအများကြီးတွေထဲက
ဒီအီစီကလီခေါင်းဆောင်ကြီးက သဝန်တိုလို့
လုပ်တာ ဘာဖြစ်လဲ...."
"လူကြီးဗျာ...!!!!ဂျေက မိုက်တယ်ဗျ..."
အိပ်ယာပေါ်ပြေးတက်လာကာ
တခြားယောကျ်ားမိုက်ကြောင်း
ခပ်တည်တည်ပြောပုံသည်MinYoongi
ကိုဝီစကီထက်မူးဝေစေသည်။
"လူကြီးကပိုမိုက်တာပါ ထယ်လေးရာ...."
MinYoongi သည်ခန့်ညားစွာတချက်ပြုံးလိုက်
ပြီးအပြာရောင်လေးကိုရင်ခွင်အောက်ဆွဲယူ
ပို့လိုက်တော့
"ထယ်...ရေမချိုးရသေးဘူး..."
"ညစ်ပတ်သွားမှာပဲ ပေါင်းချိုးလိုက်လေ..."
"MinYoongi....ဘာတွေပြော..."
"ဒီနေ့တော့ ထွက်မပြေးနဲ့ ထယ်ရာ...
လူကြီး အလုပ်တွေပင်ပန်းနေလို့..."
"ဒါလည်းပင်ပန်းမှာပဲကို..."
"ဟင့်အင်း...ဒါက မပင်ပန်းဘူး..."
"လူကြီး!!!!"
KimTaeHyung ကိုချစ်ချင်လာရင်
သူ့ရဲ့အီစီကလီသောင်းခြောက်ထောင်ကြား
နှောက်လိုက်ရုံပဲ...။
ပျော်စေပျက်စေကိစ္စတွေမဟုတ်ပေမယ့်လေ
KimTaeHyung လေ့ကျင့်ပေးထားလို့
ကျတော်လိုကောင်တော်ရုံမနာတတ်တော့ဘူး။
KimTaeHyungက မာယာရှယ်များ....။
Request စလုပ်တဲ့သူကKimTaeHyung
Phone No တောင်းတဲ့သူကလည်းKimTaeHyung
ဒါပေမယ့် ဖျင်းခနဲဖြစ်သွားအောင်
အပြောခံလိုက်ရပီး Blocked ခြင်းခံရသူကိုယ်။
မိုးလင်းထဲက ခြေထောက်နဲ့အကန်ခံရ
ပါးအရိုက်ခံရပြီး ကံနိမ့်ခြင်းသည်မပီးသေးဘူးလား။
ဖုန်းကိုပိတ်လိုက်ကာ စိတ်ထဲတနုံ့နုံ...။
အခန်းထဲကလည်းဝင်မရ...အိပ်ရေးလည်းပျက်
လာတာကြောင့် ထိုင်နေသောခုံတန်းပေါ်တွင်
ခေတ္တမှေးခနဲဖြစ်သွားသည်။
တနာရီလောက်ကြာသွားလိမ့်မည်ထင်ပါသည်။
ခြေသံတွေကြားလို့ လန့်နိုးလာတော့
အလုပ်သမားကောင်မလေးတွေသည်မျက်စိပျက်
မျက်နှာပျက်ဖြင့်ထွက်လာကြသည်။
"ဘာဖြစ်တာလဲ"
"ပြန်တော့မယ် သခင်လေး...."
"နင်တို့ကိုငါတနေကုန်ပြုစုဖို့ပြောထားတယ်လေ..."
"အကိုလေးJimin ကမျက်စိနောက်လို့တဲ့
အရမ်းအော်လို့ ဆက်နေလို့မဖြစ်တော့လို့ပါ.."
"မျက်စိနောက်အောင် နင်တို့ကဘယ်လိုလှုပ်ရွနေလို့လဲ
ငြိမ်ငြိမ်နေကြပေါ့..."
လူနာပြုစုတာ ထိုင်နေရာကမထဘဲမလှုပ်ဘဲ
တော့ဘယ်လိုလုပ်ဖြစ်မလဲ...။
အကိုလေးJimin ကခြေသံကြားရင်တောင်
အသံကုန်အော်နေတာကြီး...။
"မလှုပ်ရွပါဘူး ပုံမှန်ကို နေမကောင်းလို့
ထင်ပါတယ် သူအရမ်းစိတ်တွေမကြည်ဘူး
အဖျားကလည်းမကျဘူး သခင်လေး
ဖြစ်နိုင်ရင် သခင်လေးကိုယ်တိုင်ပြုစုတာ
ပိုကောင်းပါလိမ့်မယ်..."
အထိတောင်မခံတော့လို့အပြင်ထွက်ထိုင်နေရ
ပါတယ်ဆို အနာပေါ်အရက်ပြန်လောင်းသလိုစကား။
ငါ့ကိုအထိမခံလို့ဟေ့ လို့အော်ပြောရရင်လည်း
အရှက်ကကွဲအုန်းမည်။
အကြံပေးသူကောင်မလေးဆီဗြုန်းခနဲ
ရောက်သွားသော မောင့်ရဲ့ မျက်စောင်းသည်
အသဲထဲအထိအေးခနဲ....။
"ဒီလူသေးသေးလေးကိုတောင်စိတ်ကျေနပ်
အောင်မလုပ်ပေးနိုင်ကြဘူး
နင်တို့အကုန်လုံးကိုပင်လယ်ထဲမျောပစ်မယ်.."
လူသေးတာနဲ့စိတ်ကျေနပ်လွယ်ပါ့မလား...။
သေးတာကြီးတာနဲ့ဘာများသက်ဆိုင်လို့လဲ။
အထဲကလူကတမျိုး အပြင်ရောက်တော့
အသင့်စောင့်နေသူကတမျ်ုး..။
ကိုယ့်ယောကျ်ားကိုယ့်ဟာကိုယ်ကြည့်ပါလားဟု
စိတ်ရှိတိုင်းသာအော်ပြောလိုက်ချင်သည်။
မောင်က မောင့်ဆိုင်သူ သမုတ်တဲ့ အရူးကောင်
ဆိုတဲ့စကားနဲ့...လိုက်လိုက်ဖက်ဖက်ရှင်သန်တယ်
မောင်က အိပ်ယာကြီးကြီးထဲ လူသေးသေးလေး
ကွေးအိပ်နေတာကို လှမ်းလှမ်းကြည့်ပြီး
ပြုစုယုယခြင်းကိုသိပ်လွယ်ပါတယ်လို့ထင်ခဲ့တာ...။
အလုပ်သမားတွေအကုန်ထွက်ပြေးအောင်
ဘယ်လိုမျိုး သွေးဆိုးရသလဲ ParkJimin...။
"ခုတော့ဆေးသောက်ပီးအိပ်နေတယ်သခင်လေး
နိုးလာရင် အဖျားတွေတက်နေအုန်းမှာပဲ
တခုခုကျွေးပြီး သေချာဂရုစိုက်လိုက်ပါနော်..."
"နင်တို့ငါ့ကိုပြန်ခိုင်းနေတာလား...."
"ကျမတို့ ဘယ်လိုမှမဖြစ်တော့လို့ပါ သခင်လေးရယ်.."
Jeonသည်အခန်းထဲလှမ်းကြည့်တော့လည်းလူနာက
အေးရာအေးကြောင်းအိပ်နေတာပဲ...။
ဒင်းတို့ကိုက ပိုတာ....။
လူနာက နှိပ်စက်လို့ လူကောင်းကထွက်ပြေးစရာ
ဘာအကြောင်းမှကိုမရှိ...။
ပြီးတော့ လူနာက သေးသေးလေးကို...။
အကုန်ထွက်ပြေးသွားကြတဲ့အခါJeonသည်
အခန်းထဲတော့မဝင်ခဲ့။အိပ်နေတယ်ဆိုတော့
လည်းအိပ်ပါစေဟုတချက်ကြည့်လိုက်ပြီး
ပင်လယ်ကမ်းခြေကိုလမ်းလျှောက်ရန်ထွက်လာ
ခဲ့သည်။စိတ်တွေသည် ပင်လယ်ပြင်ကြီးကို
မြင်ရလို့လား ပတ်ဝန်းကျင်အသစ်အဆန်းမလို့
လားမသိ...သိပ်ညီးညူးနေတာမျိုးတော့မရှိခဲ့။
မုန်းသလားမေးရင်...မောင်ဟာမုန်းပါတယ်....
ကျိန်စာတွေဟာ မောင့်အရိပ်လိုပဲ
မောင့်နားဘဝအဆက်ဆက်တွယ်ကပ်နေဆဲ..။
ဒါဆို....အိမ်ရှေ့စံရဲ့ အခမ်းနားဆုံးဆုတောင်းကရော
အပြိုင်အဆိုင်ကို မောင့်နှလုံးအိမ်မှာတွယ်ကပ်ရင်း
ကျိန်စာနဲ့ဆုတောင်းအနိုင်အရှုံးတော့မကြာခင်
ပေါ်ပေါက်လာတော့မည်ဟုထင်ပါသည်။
ဟိုဟိုဒီဒီလျှောက်သွားရင်ညနေစောင်းလာတဲ့အခါ
Jeonသည်အခန်းမပြန်၍မဖြစ်တော့...။
အိပ်နေရင်လည်းနိူးလောက်ပီးတခုခုတော့
ကျွေးရအုန်းမည်ဖြစ်တာကြောင့်ပြန်လာခဲ့သည်။
အခန်းထဲပြန်ရောက်တော့လည်းစောင်ကိုခေါင်းအထိ
လုံအောင်ခြုံကာကွေးကွေးလေးအိပ်နေတဲ့သူ။
"ထတော့ ညစာစားမယ် ကျတော်ရေချိုးပီး
ရင်အောက်ဆင်းစားကြမယ်..."
Jeonသည် အဝတ်အစားတွေအားလုံးချွတ်ကာ
ရေချိုးခန်းထဲဝင်သွားခဲ့သည်။
၄၅မိနစ်လောက်ကြာတဲ့အခါသဘက်တထည်
ပတ်လျှက် ပြန်ထွက်လာပီးဆံပင်တွေကို
ရေခါပြီး မထသေးသော ဖျားနေသူနား
သွားသည်။
မခံချင်အောင်ပြောမှ ဝုန်းခနဲထထိုင်မှာသိ၍
မောင်ဥာဏ်များရအုန်းမည်။
"Jimin....မောင် ထဆိုထလေကွာ
ညစာစားကြမယ်....သက်သာရဲ့လား
စောင်လေးကို မောင် နည်းနည်းလေးဖယ်ကြည့်မယ်
နော်..."
ဘာမှပြန်မပြော၍ Jeonမျက်နှာပျက်သွားသည်။
ပုံမှန်ဆို မောင် ဟု သုံးနူန်းရင် ထဆဲတတ်သူမလား။
စောင်ကိုဖယ်လိုက်တဲ့အခါ ချွေးတွေနဲ့နစ်နေပြီး
တုန်ရီနေသော Jimin သည်ညီးသံတိုးတိုးလေး
တွေနှင့်..။
"Jimin!! ...."
ထိမိလိုက်တဲ့ပူခြစ်နေသောခန္ဓာကိုယ်လေးသည်
လက်ချက်ချင်းပြန်ရုတ်မိတဲ့အထိ...။
"ဟာကွာ....!!!"
တခါပါပဲ.....
တော့ မသေဆုံးခဲ့ဘူး.....။
.................
ဟားးးးး..ဟားး
နေနေရသူဖြစ်သည်။
သွားခေါ်လာခဲ့စမ်း...."
"ဟုတ်ကဲ့ အိမ်ရှေ့စံ..."
ပြန်တော့...."
မှကြွမလဲ...."
"ဘယ်တော့မှမကြွဘူး...."
"နင့်ကြောင့်!!!!!!"
ဘုရင်လေးတပါးလိုပဲ......။
ဆောင်နေခဲ့ကြခြင်း...။