𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬...

By harley__robbie

133K 7.7K 969

ချယ်ရီကြွေတွေပေါ်မှာ ဒူးထောက်ကာ တောင်းပန်ပြီးနောက် ... ဒီအမတလမ်းခရီးမှာ မင်းတစ်ယောက်သာ ကိုယ်ရူးရမိပါကြောင်း... More

Prolouge (U)
Prolouge (Z)
About Order!!
Please Read!💖 (U+Z) /12.8.2023/
ℭ𝔥𝔞𝔭𝔱𝔢𝔯 1 - Demon Exorcist Jeremiah (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 1 - Demon Exorcist Jeremiah (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 2 - Prince 's Funeral (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 2 - Prince 's Funeral (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 3 - Toxic Birthday Party (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 3 - Toxic Birthday Party (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 4 - Lustful Enemy (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 4 - Lustful Enemy (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 5 - A Night with Dangerous Enemy (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 5 - A Night with Dangerous Enemy (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 6 - Dancing Before The Next Battle (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 7 - Ice Dragon Crown Prince (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 7 - Ice Dragon Crown Prince (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 8 - Soft Kiss to Special Body Pillow (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 8 - Soft Kiss to Special Body Pillow (Z)
𝕮𝖍𝖆𝖕𝖙𝖊𝖗 9 - War for Valentine (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 9 - War for Valentine (Z)
𝕮𝖍𝖆𝖕𝖙𝖊𝖗 10 - The Real Meaning of " Good Luck " (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 10 - The Real Meaning of " Good Luck " (Z)
Jere & Christ Art
Jeremiah's Art (Anime Version ) & Character Details
Christopher 's Art (Fox & Human Forms) & Character Details
Gavain AI version (Made with Dream App) Unicode
Gavain AI version (Made with Dream App) Zawgyi
𝕮𝖍𝖆𝖕𝖙𝖊𝖗 11 - My Beautiful Little Chris (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 11 - My Beautiful Little Chris (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 12 - The Lost Memories (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 12 - The Lost Memories (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 13 - The Beautiful Kimono (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 13 - The Beautiful Kimono (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 14 - Is it over? (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 14 - Is it over? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 15 - Story Untold (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 15 - Story Untold (Z)
The Seven Immortal Freeman Grandpas (AI art Version)
The Seven Immortal Freeman Grandpas (AI art Version) Zawgyi
ℭ𝔥𝔞𝔭𝔱𝔢𝔯 16 - The hell inside a heart (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 16 - The hell inside a heart (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 17 - The Alluring Sirens (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 17 - The Alluring Sirens (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 18 - Your Tiny Heart (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 18 - Your Tiny Heart (Z)
Mondy's Art ( Chibi Version & AI Version)
Wonderful Paradise (Dark Fan Service 1 )
ℭ𝔥𝔞𝔭𝔱𝔢𝔯 19 - Surprise Day (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 19 - Surprise Day (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 21 - A New Family Member
ℭ𝔥𝔞𝔭𝔱𝔢𝔯 21 - A New Family Member (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 22 - Morra or Dan Morra ? (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 22 - Morra or Dan Morra ? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 23 - A new memory
ℭ𝔥𝔞𝔭𝔱𝔢𝔯 23 - A New Memory (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 24 - Not Your Brother Jere
ℭ𝔥𝔞𝔭𝔱𝔢𝔯 24 - Not Your Brother Jere (Z)
Passionate Screaming (Dark Fan Service 2)
ℭ𝔥𝔞𝔭𝔱𝔢𝔯 25 - True Loves?
ℭ𝔥𝔞𝔭𝔱𝔢𝔯 25 - True Loves ? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 26 - Energy and Mantras
𝕮𝖍𝖆𝖕𝖙𝖊𝖗 26 - Energy and Mantras (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 27 - A Prisoner in the Moon Palace
ℭ𝔥𝔞𝔭𝔱𝔢𝔯 27 - A Prisoner in the Moon Palace (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 28 - The Smile
𝕮𝖍𝖆𝖕𝖙𝖊𝖗 28 - The Smile (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 29 - The Traitorous Mafia Bosses
ℭ𝔥𝔞𝔭𝔱𝔢𝔯 29 - The Traitorous Mafia Bosses (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 30 - The Greatest Exorcists
ℭ𝔥𝔞𝔭𝔱𝔢𝔯 30 - The Greatest Exorcists (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 31 - A Promise of Happiness
ℭ𝔥𝔞𝔭𝔱𝔢𝔯 31 - A Promise of Happiness (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 32 - Romance After Flames
ℭ𝔥𝔞𝔭𝔱𝔢𝔯 32 - Romance After Flames (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 33 - Thank You, Father
ℭ𝔥𝔞𝔭𝔱𝔢𝔯 33 - Thank You, Father (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 34 - Under the Moonlight Ocean
ℭ𝔥𝔞𝔭𝔱𝔢𝔯 34 - Under the Moonlight Ocean (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 35 - My Boss's Wild Love Confession (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 35 - My Boss's Wild Love Confession (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 36 - Reunion of Father & Son (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 36 - Reunion of Father & Son (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 37 - Hate & Love (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 37 - Hate & Love (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 38 - "Jeremiah ... Be Pregnant!" (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 38 - "Jeremiah ... Be Pregnant!" (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 39 - The End of Immortal Foes (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 39 - The End of Immortal Foes (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 40 (Final / U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 40 (Final/ Z)
𝐄𝐱𝐭𝐫𝐚 𝟏 : Love Poems (U)
𝐄𝐱𝐭𝐫𝐚 𝟏 : Love Poems (Z)
𝐓𝐡𝐚𝐧𝐤 𝐲𝐨𝐮 𝐟𝐨𝐫 𝐲𝐨𝐮𝐫 𝐬𝐮𝐩𝐩𝐨𝐫𝐭!
I prepared my plot and researched like this!!
Character Explanation About Mondy (Unicode & Zawgyi)
To Dear Readers (11.7.2022) U + Z
My New Fiction (Eternal Sunshine) U+Z
❤️ Physical Book Coming Soon ❤️
‼️Green Lantern Book House‼️

ℭ𝔥𝔞𝔭𝔱𝔢𝔯 6 - Dancing Before The Next Battle (U)

2.1K 205 23
By harley__robbie



╔═════ ࿇ ═════╗
𝕮𝖍𝖆𝖕𝖙𝖊𝖗 6 

𝕯𝖆𝖓𝖈𝖎𝖓𝖌 𝖇𝖊𝖋𝖔𝖗𝖊 𝖙𝖍𝖊 𝖓𝖊𝖝𝖙 𝖇𝖆𝖙𝖙𝖑𝖊

╚═════ ࿇ ═════╝




" ဘာလို့လူပ်စိလူပ်စိလုပ်နေတာလဲ။ ကိုယ်အိပ်မရဘူး။ ငြိမ်ငြိမ်နေကွာ "

ဂျရယ်မိုင်ရာက သူ၏spell အတွင်းမှ လွတ်မြောက်ရန် ကြိုးစားရုန်းကန်နေသော ခရစ်စတိုဖာ၏ခေါင်းကို သူ့လက်ဖြင့်အသာအယာ ပွတ်သပ်ပေးလိုက်ပြီး စိတ်မရှည်စွာ ပြောခဲ့သည်။

"ဒီကောင်ကတော့ ... ငါနေရခက်တယ်။ ငါ့ကို spell အမြန်ဖြည်ပေး"

" ဖြည်ပေးရင် ကိုယ့်ကိုသတ်မှာမဟုတ်ဘူးလား "

ယခုအခါ ဂျရယ်မိုင်ရာက ခရစ်စတိုဖာ၏ပါးပြင်နှစ်ဖက်ကို ပွတ်သပ်ပေးနေရင်း နူးညံ့ဩရှသောအသံဖြင့် ပြောနေခဲ့သည်။ ခရစ်စတိုဖာ၏ ဒေါသဗုံးတစ်လုံးမှာ ပေါက်ကွဲသွားခဲ့သည်။


" ငါ့တိုက်ခန်းကနေ အခုချက်ချင်းထွက်သွား"


" အား နားညည်းလိုက်တာ... "


သူ့ကို အသံကုန်အော်ဟစ်လိုက်သည့် ခရစ်စတိုဖာကို အမြန်ဆုံးအိပ်ပျော်သွားစေရန် နောက်ထပ် spell တစ်ခုကို ထပ်သုံးဖို့ပြင်နေခဲ့သည်။ ခရစ်စတိုဖာလည်း ထို spell အစွမ်းကြောင့် ပြန်အိပ်ပျော်သွား၏ ။


" အွန်း လိမ္မာတဲ့ကလေးလေးပဲ။ Good night ပါ"


ဂျရယ်မိုင်ရာမှာ ခရစ်စတိုဖာ၏နဖူးထိပ်ကို ပွတ်သပ်ပေးခဲ့ရင်း သူလည်းပြန်အိပ်ခဲ့သည်။

----

မနက် ၁၀ နာရီတွင် ခရစ်စတိုဖာက အိပ်ချင်မူးတူးဖြင့် နိုးလာခဲ့သည်။ အကြောဆန့်ပြီး တဝါးဝါးသန်းလိုက်ချိန်မှာ သူ့ဘေးတွင် ဂျရယ်မိုင်ရာ မရှိတော့တာကို သတိထားမိသည်။ ထို့အပြင် သူ့ကိုထိန်းချုပ်ထားသော Spell လည်း မရှိတော့သည်ကို သတိပြုမိခဲ့၏။ အားရဝမ်းသာစွာဖြင့် အိပ်ရာထဲကနေ ထလာခဲ့သည်။

နံနက်စာလုပ်စားဖို့ မီးဖိုချောင်သို့ ဦးတည်သွားသောအခါ သာယာသည့်လေချွန်သံတစ်ခုမှာ မီးဖိုချောင်ထဲကနေ ထွက်လာခဲ့လျက်။ ၎င်းလေချွန်နေသည့်သံစဉ်က သူကြားဖူးသည့်သီချင်းတစ်ပုဒ်၏သံစဉ်များနှင့် ဆင်သယောင်ရှိပေသည်။ သူ ချက်ချင်းသိလိုက်သည်က ဂျရယ်မိုင်ရာမှာ သူ့အိမ်ကနေ မထွက်သွားသေးဘဲ ရှိနေခဲ့သည်ကို။ သို့ဖြစ်လျှင် သူ့လက်သီးများကို ကျစ်ကျစ်ဆုပ်ကာ အံကြိတ်ရင်း မီးဖိုချောင်သို့ ပြေးဝင်သွားတော့သည်။


" ဟေ့ကောင် မင်း...."


ဂျရယ်မိုင်ရာကိုမြင်မြင်ချင်း သူဆက်ပြောမည့်နောက်စကားလုံးများက သူ့မျက်လုံးနှစ်လုံးနှင့် မြင်လိုက်ရသည့်မြင်ကွင်းတစ်ခုကြောင့် အာခေါင်ထဲမှာတင် ပျောက်ရှသွားသည်။ ဂျရယ်မိုင်ရာက သူ့မီးဖိုချောင်ထဲတွင် ဟင်းများချက်ပြုတ် ပြင်ဆင်နေခဲ့ပြီး မီးဖိုချောင်ထဲက စားပွဲခုံပေါ်တွင်လည်း သူချက်ပြီးသွားသည့် စားသောက်ဖွယ်ရာ အစုံအလင်ကို ခင်းကျင်းထားသည်ကို တွေ့မြင်ခဲ့ရသည့်အခါ သူ အမှန်တကယ် အံ့အားသင့်သွားခဲ့သည်။

လေချွန်နေသော ဂျရယ်မိုင်ရာကို ကြောင်အမ်းအမ်းရပ်ကြည့်နေစဉ် မွှေးပျံ့သောဟင်းအနံ့ အငွေ့အသက်တို့က သူ့နှာခေါင်းတစ်ဝိုက် ဝှေ့ဝိူက်နေလျက်။ ထိုအနံ့များက သူ့ဗိုက်ကိုဂွီဂွီမြည်လာအောင် လှုံ့ဆော်ပေးခဲ့သည်။


" ဟား အသည်းလေး....နိုးလာပြီလား။ မနက်စာအဆင်အသင့်ပဲ။ လာစားတော့။ မနက်က နိုးနိုးချင်း ဈေးသွားဝယ်ထားတာတွေ ချက်နေတာလေ"

" ဟုတ် အစ်ကို "

ခရစ်စတိုဖာမှာယောင်ပြီး မှားဖြေမိသည်။ သူ ကယောင်ကတမ်း ဖြေမိသွားခဲ့သောကြောင့် သူ့ပါးကို သူကိုယ်တိုင်ပြန် ရိုက်ချင်မိသွား၏။ သို့သော်လည်း စားပွဲပေါ်ရှိ အစားအသောက်အားလုံး၏အပြင်အဆင်တင်မက အခင်းကျင်းကပါ ကြယ်ငါးပွင့်ဟော်တယ်က စားသောက်ဆိုင်တစ်ခုကို ရောက်ရှိနေသကဲ့သို့ သားနားသပ်ရပ်နေသည်က အထင်ကြီးစရာပင်။

စားပွဲခုံပေါ်တွင် တည်ရှိနေသောစားသောက်ဖွယ်ရာများမှာ ပီကင်းဘဲကင်တစ်ကောင်၊ ပျားရည်ဆမ်းထားသည့် စတော်ဘယ်ရီpieမုန့်များ၊ အသားညှပ် sandwich နှစ်ခုနှင့် ရှမ်ပိန်တစ်ပုလင်း။

ခရစ်စတိုဖာမှာ ထိုစားပွဲကို မျက်တောင်မခတ်တမ်း ကြည့်နေခဲ့ပြီးနောက် ဗိုက်ဆာနေသော်လည်း ဂျရယ်မိုင်ရာကို ဟန်မပျက်စွာ အော်ဟစ်ခဲ့သည်။

" ဘာလို့ ငါ့မီးဖိုချောင်ကို သုံးနေတာလဲ ... ခုထွက်သွား။ ခုထွက်သွားလိုက် "

" မင်းအိမ်မှာ ပိုက်ဆံပေးပြီး နေမှာပဲကို။ ဟင်းလည်းချက်ပေးမယ်လေ။ အိမ်သန့်ရှင်းရေး ဝေယျာဝစ္စတွေလည်း လုပ်ပေးမယ်လေ။ Not ok? "


ခရစ်စတိုဖာလည်း စိတ်ပျက်လက်ပျက်ဖြင့် သူ့လက်ဖဝါးနှင့်နဖူးကို ဖတ်ခနဲ ထိရိုက်မိသည်။


" အဲဒါတွေ မလိုဘူး။ ငါက မင်းနဲ့အတူတူကို မနေချင်တာ "

" အွန်းပါ ... ဒီတစ်ရက်နေပြီး ငါထွက်သွားပါ့မယ်။ ခုတော့ မျိုစို့ပါရစေဦး ... ခစ်ခစ် "


တခစ်ခစ်နှင့် စခွီထနေသော ဂျရယ်မိုင်ရာကို စိတ်ပျက်သောအကြည့်ပေးပြီး နောက်လှည့်သွား၏ ။



" မစားဘူးလား ...ဒီမှာ ပင်ပင်ပန်းပန်းနဲ့လုပ်ထားတာတွေ အေးကုန်ရင် စားမကောင်းတော့ဘူး"



ထိုစကားကြောင့် ခရစ်စတိုဖာလည်း နောက်ပြန်လှည့်လာခဲ့သည်။


" မင်းကို ငါလုပ်ခိုင်းထားလို့လား။ အဓိပ္ပာယ်မရှိတာ "

" ခစ်ခစ် မင်းအတွက် စားဖို့ချက်ပြုတ်ပေးရတာ ကိုယ့်အတွက် အပန်းမကြီးပါဘူး။ ကိုယ့်ကလေးအတွက်ပဲလေ ..."

ဂျရယ်မိုင်ရာက ထိုကဲ့သို့ပြောပြီး သု့ကိုမျက်စိတစ်ဘက် မှိတ်ပြလိုက်လျှင် ခရစ်စတိုဖာ၏ပါးနှစ်ဖက်မှာ အနီရောင်သန်းသွားသည့်အပြင် ရင်ခုန်သွားခဲ့လျက်။



" မင်း ... "


ခရစ်စတိုဖာလည်း ရှက်ခိုးရှက်ကန်းဖြင့် စိတ်တိုသွားကာ လက်သီးကျစ်ကျစ်ဆုပ်ရင်း သူ့အိပ်ခန်းထဲ သို့ တန်းသွားခဲ့သည်။


" ချန်ထားမယ်နော်။ စားရင် နွေးစားလိုက်။ ဟင်းနွေးတတ်တယ်မလား အဟက်"


ခရစ်စတိုဖာမှာ ဂျရယ်မိုင်ရာအော်ပြောခဲ့သမျှကို ကြားသော်လည်း ဘာမှမတုံ့ပြန်ခဲ့ပေ။


အခန်းထဲသို့ရောက်သော် တွေ့သမျှ ပစ္စည်းများကို စိတ်တိုတိုဖြင့်ဆောင့်ကန်ခဲ့ပြီး ခေါင်းကုတ်လိုက်၊ သက်ပြင်းချလိုက်နှင့် နောက်ဆုံး ကုတင်ပေါ်တွင် သူ့ကိုယ်လုံးကို ပစ်လဲချလိုက်သည်။ ဂျရယ်မိုင်ရာကတော့ မီးဖိုချောင်ထဲ၌ သူလုပ်ထားသမျှ အစားအစာများကို မြိန်ရေရှက်ရေ စားသောက်ကာ သာသာယာယာ ကျန်နေခဲ့သည်။ ၅ မိနစ်ကြာသောအခါ ခရစ်စတိုဖာ၏အစာအိမ်ထဲတွင် စစ်ခရာမှုတ်လာလျှင် ဆာလောင်မှုဒဏ်ကို ဆက်လက်၍ မသည်းခံနိုင်တော့ပေ။ နောက်ထပ်၁၅ မိနစ်ထိ ကြိုးစား၍ တောင့်ခံကြည့်သေးသည်။ အလုပ်မဖြစ်ခဲ့ပေ။

ထို့နောက် အိပ်ရာထဲကနေ ထလာပြီး မီးဖိုချောင်ထဲသို့ တစ်ဖန်ပြန်သွား၏။ သူသွားတော့ ဂျရယ်မိုင်ရာက ရှန်ပိန်သောက်နေ၏။ သူ့ကိုတွေ့လျှင် ' သောက်ဦးမလား' ဟူသော အမူအရာဖြင့် ပြုံးပြသည်။

ခရစ်စတိုဖာလည်း အိန္ဒြေမဆည်နိုင်တော့ဘဲ ဂျရယ်မိုင်ရာ တစ်ခြမ်းချန်ထားသည့် ဘဲကင်ကို ရူံ့မဲ့မဲ့ဖြင့် ဆွဲယူစားလိုက်၏။


" ရှမ်ပိန်လေးပါ သောက် ... ပြီးရင် sandwich နဲ့ pie မုန့်လေးပါ စား "


ဂျရယ်မိုင်ရာက ခရစ်စတိုဖာအတွက် ရှန်ပိန်လေး ငှဲ့ထည့်ပေးရင်း ပြောသည်။ ထို့နောက် ခရစ်စတိုဖာကို ဆက်မကြည့်တော့ဘဲ  သူ့iPad ကို ဖွင့်သုံးနေသည်။


" အား အ အား "


iPad ကနေ ထွက်လာသောအသံဟာ စားနေသူခရစ်စတိုဖာအတွက် တကယ်စိတ်အနှောင့်အယှက်ပေးသည်။ သူများစားသောက်နေချိန်မှာ အပြာဗွီဒီယိုကြည့်တာက အလွန်ရိုင်းပျပြီး ယဉ်ကျေးမှုမရှိသောလုပ်ရပ်တစ်ခုပင်။ ခရစ်စတိုဖာလည်း စိတ်ပျက်လက်ပျက်ဖြင့် ဘဲကင်ကို တမြုံ့မြုံ့ဝါးနေပြီး သည်းခံစိတ်မွေးကာ စားသောက်နေ၏။


" ဆောရီးပါ။ link မှားဝင်မိလို့ ခစ်ခစ် "

ထို့နောက် သူ့ iPad ကို ငုံ့ကြည့်သည်။


" မင်း ကိတ်တာကြိုက်လား။ မကိတ်တကိတ်ကြိုက်လား။ ဘယ်လိုကောင်မလေးမျိုး ကြိုက်လဲ"

စားနေစဉ် ပေါက်ကရမေးနေခဲ့သောကြောင့် ခရစ်စတိုဖာလည်း စိတ်ညစ်ညစ်နှင့် သက်ပြင်းချမိသည်။

" ဘာမှမကြိုက်ဘူး "

" ဒါဆို Gay တွေရော ကြိုက်လား? "

" မကြိုက်ဘူးလို့ "

ခရစ်စတိုဖာက အစာဝါးနေရင်း စိတ်တိုတိုနှင့် ပြန်ဖြေသည်။ ထို့နောက် သီးသွားသောကြောင့် ဂျရယ်မိုင်ရာငှဲ့ပေးထားသည့် ရှမ်ပိန်ကို သောက်ရင်း အစာသီးတာသက်သာအောင် လုပ်သည်။

" ငါကတော့ အကုန်ကြိုက်တယ် သိလား။ အကြိုက်ဆုံးပြောဆို မင်းကိုပဲ "

" ဖူးးးး "


ခရစ်စတိုဖာပါးစပ်ထဲက ရှမ်ပိန်များဟာ ဖူးခနဲ ရေပန်းတစ်ခုလို ဂျရယ်မိုင်ရာမျက်နှာဆီ ပန်းထွက်သွားတော့သည်။


" ဒီ ခွေးမသားကတော့ .... ဘာဖြစ်နေတာလဲ"

" အေးပါ။ ဆက်သာစား။ ငါထွက်သွားပေးပါ့မယ်။ ဟားဟားဟား "


ဂျရယ်မိုင်ရာလည်း သူ့မျက်နှာတွင် ပေကျံနေသည့်ရှမ်ပိန်များကို တစ်သျှူးဖြင့် သုတ်လိုက်သည်။ ကုလားထိုင်နောက်ကျောမှာ ချိတ်တင်ထားသည့် သူ့ကုတ်အင်္ကျီရှည်ကို ဆွဲယူပြီးနောက် ခရစ်စတိုဖာဘေးနားမှာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ခရစ်စတိုဖာဟာ သူ့ကိုအသေသတ်ချင်နေသည့်အကြည့်ဖြင့် ကြည့်နေသောကြောင့် ထပ်ရယ်မိပြီး ခရစ်စတိုဖာ့ပခုံးကို " ဘတ် ဘတ်" ပုတ်သွား၏။

ပြီးလျှင် တိုက်ခန်းထဲကနေ သူ့အစွမ်းဖြင့် အပြင်ဘက် ထွက်သွားတော့သည်။ ခရစ်စတိုဖာ တစ်ယောက်တည်းသာ စိတ်တိုတိုဖြင့် ကျန်ရစ်နေခဲ့သည်။ အစားအသောက်များကို အကုန်ရိုက်ချပစ်လိုက်ပြီးလျှင် မကျေနပ်မှုအပေါင်းဖြင့် အော်ဟစ်လိုက်တော့သည်။


" အား ...."


ဂျရယ်မိုင်ရာက သူဘယ်သွားရမလဲကို စဉ်းစားနေခဲ့ရင်း မကြာခင်အချိန်၌ shopping center တစ်ခုဆီသို့ ရောက်သွား၏။ Center မှာ ရုပ်ရှင်ဝင်ကြည့်ပြီး ညနေစောင်းထိ shopping ပတ်နေသည်။ ထုံးစံအတိုင်း center အတွင်းမှ လူများ၏အာရုံစိုက်မှုကို celebrity တွေထက်တောင် အပြည့်အဝရရှိသည်။


ထို့နောက် ညပိုင်းမှာ နာမည်ကြီး နိုက်ကလပ်တစ်ခုဆီ သွားတော့သည်။ ကလပ်ထဲဝင်ဝင်ချင်း EDM ဂီတသံစဉ်တို့ကို စကြားရသည့်အခါ ဂျရယ်မိုင်ရာ၏ခေါင်းနှင့်လက်တွေကလည်း လှုပ်ရွလာတော့သည်။ မကြာခင်တွင် ကလပ်အတွင်းရှိမိစ္ဆာများ၏အငွေ့အသက်များကို စတင်ခံစားလာရ၏။

လူအများ သူ့ကိုသတိမထားနိုင်သည့် နေရာတစ်ခုကို ကခုန်ရင်းသွားခဲ့လျက်။ ထိုနေရာ၌ နတ်မျက်စိနှင့်တူသော သူ့တတိယမျက်လုံးကို နဖူးလယ်ကနေထုတ်ပြီး မျက်လုံး၏တန်ခိုးအစွမ်းဖြင့် အာရုံခံရင်း ကြည့်ရှုသည်။ ဤကဲ့သို့ ခွဲခြမ်းစိတ်ဖြာကာ ကြည့်ရှုလိုက်သော် ကလပ်တစ်ခုလုံး၏ ၅၀ ရာခိုင်နူန်းက လူသားစစ်စစ်များဖြစ်ပြီး မိစ္ဆာများက ကျန် ၅၀ ရာခိုင်နူန်းဖြစ်နေသည်ကို သိရရချင်း ဂျရယ်မိုင်ရာ လျာသပ်ပြီး ဇက်နှင့် လက်များကို  အဆစ်ချိုးလိုက်သည်။


" အိုးဟိုး စွဲမက်စရာညလေးဖြစ်တော့မှာပဲ "


ဂျရယ်မိုင်ရာဟာ သူ့တတိယမျက်လုံးကို ပြန်သိမ်းပြီးနောက် ကနေသောလူအုပ်ကြီးထဲ ဝင်သွားတော့သည်။ ထိုစဉ် လူသားစစ်စစ် မိန်းကလေးများနှင့် ယောကျာ်းများက သူ့အတင်းကို စကားတတွတ်တွတ်ပြောနေခဲ့ကြသည်။


" အား ... ချောလိုက်တာ "

" ဟယ် ကျွန်မနဲ့တွဲကပါလား ကိုလူချောရယ်"

" ဟယ်လို အချစ်ကလေး ဒီညနဲ့ဒို့နဲ့အတူတူပျော်ချင်လား"

" ဝါး သိပ်ချောတဲ့ဘီးကျဲကြီးပါလား"

" သူက Topဆို၊ ငါက အော်တို Bottom ပဲ "

" အမလေး မြင်မြင်ချင်း မင်္ဂလာခန်းထဲ တန်းဝင်မိချင်ပြီ။ ငါ့နှလုံးသားကို သူဖမ်းစားသွားတဲ့ မင်းသားချောလေး ...."


" သူ့အတွင်းခံကို ချွတ်ချင်လိုက်တာ "


" ဟဲ့ကောင်မရေ နင်စိတ်ကူးယဉ်ကြည့်စမ်း။ သူ့ရဲ့ nude body ကိုလေ... အား ငါတော့စိတ်ကူးထဲမှာတင် ကြွေပြီးရင်းကြွေနေပြီ "

" ငါ့နှာခေါင်းတွေသွေး လျှံနေတာ ထိန်းလို့မရတော့ဘူး ....တစ်ယောက်‌ယောက်‌ တစ်ရှူးတစ်ဒါဇင်လောက် ပေးကြပါ please!!"




တစ်ဖက်က မိစ္ဆာမိန်းကလေးများနှင့် မိစ္ဆာယောကျာ်းများမှာမူ ဤသို့ပြောနေခဲ့ကြသည်။


" ဟယ် အဲဒီလူသားနဲ့ ငါမိတ်လိုက်ရရင် ကောင်းမှာပဲ အဟိ "


" အိုး မြင်ဖူးသမျှလူသားတွေထဲ ဒီလူသားက သိပ်ကို ... ဝါးးးး သူ့ဖင်ကို ကိုက်ချင်လာပြီ "


" အဲဒီလှပတဲ့မျက်ဝန်းတွေ ... သိပ်ညို့ဓာတ်ပြင်းတာပဲ ... သူ့ခန္ဓာကိုယ်ကို လျာနဲ့လျက်လိုက်ရရင်တော့ အားး"


" သူနဲ့သွားကရင်း သူ့ဖင်ကို ခပ်ကြမ်းကြမ်းလေး ပုတ်ချင်မိတယ်"


" ဒီကောင် လူအစစ်ရော ဟုတ်ရဲ့လား ... သောက်ရမ်းတွေ စိန်ပွင့်လို လင်းထိန်နေတာပဲ "

" ဟုတ်ပ။ ငါတောင် တန်းgay တယ်"


" သူသာ လူသားမိန်းကလေးတစ်ယောက် ဒါမှမဟုတ် မိစ္ဆာမိန်းကလေးတစ်ယောက်ဆို ငါပြေးမိတ်လိုက်မိမှာ" 



စွမ်းအားနိမ့်မိစ္ဆာများကတော့ ဂျရယ်မိုင်ရာကို သာမာန်လူသားလို့ပဲ မြင်ကြပြီး စွမ်းအားမြင့်အထက်တန်းမိစ္ဆာများကတော့ ဂျရယ်မိုင်ရာကို မိစ္ဆာနှိမ်နင်းသူမှန်း တန်းသိကြသည်။ ထိုအထက်တန်းမိစ္ဆာများထဲ၌ လွန်ခဲ့သောရက်အတွင်း ဂျရယ်မိုင်ရာ သတ်လိုက်သောကြောင့် သေလုနီးပါးဖြစ်ခဲ့ရာမှ လွတ်လာသော မိစ္ဆာတစ်ကောင်ရှိနေခဲ့သည်။ ၎င်းမိစ္ဆာကား တခြားမဟုတ်ပေ။ မင်းသား မာစီရာ၏ လက်အောက်ငယ်သားဖြစ်သလို တစ်နည်းဆိုသော် ခရစ်စတိုဖာ၏တပ်သားလည်းဖြစ်ခဲ့၏။


ထိုသူက ဝိုင်ခွက်ကို လှုပ်ကိုင်နေရင်း မတ်တပ်ရပ်နေစဉ် သူ့ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ကာ မက်ဆေ့ရိုက်နေခဲ့သည်။ ဂျရယ်မိုင်ရာကတော့ လူအုပ်ထဲမှာ ကြုံရာအမျိုးသား၊ အမျိုးသမီးများနှင့်အတူ တိုးဝှေ့ကခုန်နေခဲ့သည်။



" အရှင်မင်းကြီး ...
ကျွန်တော်မျိုး သူ့ကိုတွေ့ပါပြီ
Murisfur (မူရစ်စ်ဖား) နိုက်ကလပ်မှာပါ "


" အင်း ငါအဖွဲ့တွေလွှတ်လိုက်မယ်။ မင်းသူ့ကိုနောက်ယောင်ခံထားလိုက်"


" အမိန့်တော်အတိုင်းပါ အရှင်မင်းမြတ်"


မက်ဆေ့ရိုက်ပြီးချင်း ဖုန်းကို သူ့အိတ်ကပ်ထဲ ပြန်ထည့်ပြီးနောက် ဝိုင်ခွက်ကို အသာအယာလူပ်ရမ်းခဲ့သည်။ ထို့နောက် ဝိုင်တစ်ငုံချင်း အေးအေးလူလူ သောက်နေခဲ့သော်လည်း သူ့အကြည့်များမှာ ဂျရယ်မိုင်ရာဆီကိုသာ မျက်ခြေမပြတ် ရွေ့လျားနေရင်း။

---

" ဟိုကောင့်ကို တွေ့ပြီ။ ခရစ်စတိုဖာနဲ့ သူ့တပ်သားတွေကို အကြောင်းကြားထားလိုက် "


" အမိန့်တော်အတိုင်းပါ အရှင်မင်းမြတ်"


◎ ══════ ❈ ══════ ◎


Continue Reading

You'll Also Like

189K 4.5K 15
"how can someone be too young to be in love when we were crafted from ocean waves ...
206K 14K 23
Fic Name - When the times comes Type - Fanfiction Cover by Pann Eain Fanfiction အမျိုးအစားဖြစ်ပါတယ်။ BL မဟုတ်ပါ Bromance ဖြစ်ပြီး ဆရာဝန်နဲ့အလုပ်သင်...
5.6K 398 17
ဝလုံး ဝလုံး ဖိုးဝလုံး ချစ်စရာလေးဖိုးဝလုံး ချိုချိုပြုံးတဲ့ဝလုံးရယ် ထန်းရည်တစ်မြူပေးပါကွယ်~~
88.8K 2.5K 26
"𝐜𝐚𝐮𝐬𝐞 𝐢'𝐯𝐞 𝐡𝐚𝐝 𝐞𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠, 𝐛𝐮𝐭 𝐧𝐨 𝐨𝐧𝐞'𝐬 𝐥𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠, 𝐚𝐧𝐝...