╔═════ ࿇ ═════╗
𝕮𝖍𝖆𝖕𝖙𝖊𝖗 2
𝕻𝖗𝖎𝖓𝖈𝖊 '𝖘 𝕱𝖚𝖓𝖊𝖗𝖆𝖑
╚═════ ࿇ ═════╝
ပျစ်နှစ်နေသော သွေးစီးကြောင်းများက သန့်စင်ခန်း၏ကြမ်းပြင်တစ်လျှောက်တွင် ပြန့်ကျဲနေခဲ့သည်။
" အဟွတ် ဟွတ် ... ဝေါ့ .... "
ဘေစင်၌ ခရစ်စတိုဖာ၏သွေးအန်နေသောအသံက အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။
" ဂျရယ်မိုင်ရာ ... မင်းက ဘယ်လောက်ပဲ အစွမ်းထက်နေတဲ့အကောင်ကြီးပဲဖြစ်နေအုံး။ ငါမသေမချင်း မင်းကိုသေအောင် သတ်မှာ။ အားးး ဒီခွေးမသားတော့ ... "
' ခွပ် .... ခွမ်းး '
ခရစ်စတိုဖာ၏အားပြင်းပြင်းလက်သီးထိုးချက်ကြောင့် သူ့ရှေ့က ကြည့်မှန်ချပ်ဟာ ခွမ်းခနဲ ကွဲအက်သွားတော့သည်။ မှန်ကွဲစတို့သည် သူ၏သွေးများပြည့်နှက်နေသော ဘေစင်အတွင်း ကွဲကျကုန်လျက်။ လက်ရှိအချိန်တွင် ခရစ်စတိုဖာအနေဖြင့် စိတ်ပိုင်းဆိုင်ရာတင်မက ရုပ်ပိုင်းဆိုင်ရာကပါ အပြင်းအထန်ဆုံးသောနာကျင်မှုများနှင့်အတူ သီးခြားကမ္ဘာတစ်ခုတွင် ရှိနေခဲ့သယောင်။
အံကြိတ်ထားရင်း သွေးထွက်နေဆဲဖြစ်သည့် သူ၏ဝမ်းဗိုက်ဒဏ်ရာကို သူ့လက်ဖဝါးဖြင့် ဖိနှိပ်ထားသည်။ ထိုစဉ် သူ၏နားအတွင်းပိုင်းထဲကနေ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
" ကိုကြီး ဂျရယ် "
ထိုအသံဟာ ခရစ်စတိုဖာကို ရုတ်တရုတ် အံ့အားသင့်စေခဲ့သည့်အပြင် တုန်လူပ်ခြောက်ခြားသွားစေသည်က အမှန်ပင်။ ဆက်လက်၍ ထိုအသံနှင့်အတူ ရယ်မောသံတွေက ဆက်တိုက်ထွက်လာခဲ့သည်။
" ကိုကြီး ဂျရယ် .... ဟားဟား ...."
ခရစ်စတိုဖာလည်း အသက်ရှူဖို့ပင် မေ့သွားရသည်အထိ လန့်ဖျပ်တုန်လှုပ်ကာ အသားကုန်အော်ဟစ်တော့သည်။
" ရပ်လိုက် ... ရပ်လိုက်လို့ ပြောနေတယ်... "
ခရစ်စတိုဖာတစ်ယောက် မျက်လုံးမျက်ဆန်ပြူးနေတုန်း ထိုအသံတင်မက ရုပ်ပုံတို့မှာ အပြည့်အစုံ တွဲလျက်ပေါ်လာတော့သည်။
" ကိုကြီး ဂျရယ် ကိုကြီး ဂျရယ် ... ကျွန်တော့်ကို အဲဒီ ချယ်ရီပန်းလေးတွေ ခူးပေး"
" ကိုကြီး ဂျရယ် ... ကျွန်တော့်ကို ပုံပြင်ပြောပြ "
" ဝါးဟားဟား ... ကိုကြီး ဂျရယ်၊ လန့်သွားပြီ ဟေးဟေး "
ဤပုံရံပ်ယောင်များနှင့်အသံများဟာ ခရစ်စတိုဖာ ၏ ငယ်စဉ်ဘဝက ဂျရယ်မိုင်ရာနှင့်အတူတူ ရှိခဲ့ဖူး၊ ဆော့ကစားခဲ့ဖူးသည့် အခိုက်အတန့်များက မှတ်ဉာဏ်တွေသာ။
" ဘာတွေလဲ ... ဒါဘာတွေလဲကွာ။ ငါငယ်ငယ်က ပုံစံကို သူစိမ်းတစ်ယောက်နဲ့ ပြန်မြင်နေရတာလဲ။ ကိုကြီးဂျရယ်က ဘယ်သူလဲ။ ဒါ သက်သက်ထင်ယောင်ထင်မှားတွေပဲ။ ငါ စိတ်ထိန်းရမယ် "
ခရစ်စတိုဖာလည်း သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်ခဲ့ပြီးနောက် သန့်စင်ခန်းထဲကနေ အမြန်ထွက်လာခဲ့သည်။ သူ၏ကိုယ်ပိုင်တိုက်ခန်းထဲသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ယခုတွင်မူ သူ့ဒဏ်ရာများကို သူ့အတွင်းအားများနှင့် ကုသနိုင်ရန် ကုတင်ပေါ်တွင် တရားထိုင်နေသည့်ပုံသဏ္ဌာန်၌ ငြိမ်ဆိမ်စွာ ထိုင်နေခဲ့ပြီး ဒဏ်ရာများကို ကုသနေလျက်ရှိနေသည်မှာ အချိန်အားဖြင့် ၂ နာရီကြာမြှင့်နေလေပြီ။
" ဒွီ ဒွီ ဒွီ "
( Vibrate လုပ်ထားသည့် ဖုန်းမြည်နေသံ)
ခရစ်စတိုဖာလည်း သူ၏ကြာမြင့်နေသောကုသမှုကို ရပ်တန့်လိုက်၏။ တဒွီဒွီမြည်နေသော သူ့ဘေးနားကဖုန်းကို ကောက်မကိုင်ခင်မှာ သက်ပြင်းချလိုက်သည်။ ဖုန်းကိုကိုင်လျှင်ကိုင်ချင်း တစ်ဖက်လူမှ စကားစပြောခဲ့သည်။
" ငါ့သားတော်ရဲ့ဈာပနကို မနက်ဖြန် ကျင်းပမယ်။ မင်းအဖေပါခေါ်ခဲ့လိုက် "
" အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"
မင်းသားမာစီိရာ၏ခမည်းတော် ဂျက်ဖရီ (Jeffrey)ထံမှ ခေါ်ဆိုမှုဖြစ်သောကြောင့် ခရစ်စတိုဖာလည်း ရိုသေစွာ ဖြေကြားခဲ့သည်။ တိုတောင်းသော ဖုန်းခေါ်ဆိုမှုတစ်ခုဖြစ်ခဲ့၏။ ထို့နောက် ဖုန်းကို ကုတင်ပေါ်သို့ ပစ်ချလိုက်ပြီးလျှင် သူ့ခန္ဓာကိုယ်ကိုလည်း လဲချလိုက်ကာ အနားယူဖို့ပြင်ခဲ့သည်။
လွန်ခဲ့သော အချိန် ၄ နာရီတောအတွင်း၌ မိစ္ဆာဘုရင်ကြီးဂျက်ဖရီမှာ သူ၏သားတော်ဆုံးပါးသွားသည်ကို ခရစ်စတိုဖာထံမှ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားလာသဖြင့် သိရှိခဲ့ရပြီးနောက် အလွန်အမင်းစိတ်မကောင်းဖြစ်နေခဲ့သည်။
ယခုတွင် ခရစ်စတိုဖာမှာမူ သန့်စင်ခန်းထဲက အဖြစ်အပျက်များနှင့်ပတ်သက်ပြီး အတွေးများနေခဲ့သည်။ မကြာခင် သူ့မျက်လုံးများက တဖြည်းဖြည်း မှေးလာရင်း အိပ်မောကျသွားလျက်။ အိမ်မက်ထဲတွင်မူ ခရစ်စတိုဖာမှာ ချယ်ရီပန်းကလေး ဝေဝေဆာဆာပွင့်နေသည့် နေရာတစ်ခုကို ရောက်ရှိနေခဲ့ပြီး ပတ်ပတ်လည်ကို ငေးကြည့်နေခဲ့သည်။ သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်သော် သူပိုင်ဆိုင်သောအမြီးဖြူကိုးချောင်းကို ပြန်မြင်နေရသည်။
" Eito ( အီတို )"
အရိပ်အယောင်မတွေ့ရသေးသော တစ်စုံတစ်ယောက်ကနေ သူ့အိမ်နာမည်ကို ခေါ်ဆိုလာခြင်းပင်။
" ခရစ် ... မင်း ဒီနှစ်ဂျပန်ပြန်သွားရင် ငါပါလိုက်ခဲ့မယ်လေ။ မင်းရဲ့မွေးရပ်မြေကို ငါစိတ်ဝင်စားတယ် "
ထိုသူဟာ ၁၃ နှစ် - ၁၅ နှစ် ကြားအရွယ် ကောင်လေးတစ်ဦးဖြစ်ပြီး ခရစ်စတိုဖာနှသ့် မလှမ်းမကမ်းနေရာကနေ တရင်းတနှီးပြောဆိုနေခဲ့သည်။
" တကယ်လား ... ကိုကြီး ဂျရယ်ကသာလာလည်ရင် ဂျပန်ရိုးရာမုန့်တွေ အများကြီးကို ကျွေးမှာပေါ့ "
မြေခွေးဖြူလေးတစ်ကောင်ဟာ သူ့ရှေ့ကနေ ဖြတ်သွားပြီး ထိုအမျိုးအသားကို ပြန်ဖြေနေသည်။၎င်းမြေခွေးဖြူငယ်ဟာ ယခုမြေခွေးဖြူကြီးခရစ်စတိုဖာ၏ ငယ်ဘဝကပုံစံပင်။
" ဘာတွေလဲ ... ထပ်ပေါ်လာပြန်ပြီ "
ခရစ်စတိုဖာလည်း ထိတ်လန့်တကြားဖြစ်လာပြီး အိမ်မက်ထဲကနေ ထွက်ပြေးဖို့လုပ်နေစဥ်မှာ သူ့ရှေ့ကနေ အဟန့်အတားတစ်ခုမှ ပိတ်ဆို့လိုက်ခြင်းကို ခံလိုက်ရသည်။
"Christopher Merika Eito (ခရစ်စတိုဖာ မာရီကာ အီတို) ... တွေ့ရတာ ဝမ်းသာပါတယ်။ ငါက မင်းရဲ့ အစောင့်အရှောက်နတ်တစ်ပါးပါ။ မင်းရဲ့စိတ်အကောင်းအဆိုးပေါ်မူတည်ပြီး နေထိုင်နေတဲ့ နတ်တစ်ပါးပေါ့ "
" မင်းငါ့ဆီက ဘာလိုချင်တာလဲ။ ဒါတွေကရော ... "
" သိပ်မလန့်ပါနဲံ။ စိတ်ငြိမ်ငြိမ် ထားစမ်းပါ။ ငါမင်းဆီကနေ ဘာမှမလိုချင်နေပါဘူး။ ဒါတွေက ပုံပြင်တစ်ပုဒ်ရဲ့ ပျောက်ဆုံးနေတဲ့ သဲလွန်စတွေချည်းပဲ "
" ဟမ် ... ငါဘာမှမသိဘူး "
ခရစ်စတ်ိုဖာ၏အစောင့်ရှောက်ဆိုသူမှာ သူ့ကိုကြည့်ပြီး ပြုံးနေမိသည်။
" ငါ့ကို Kota (ကိုတ) လို့ခေါ်နိုင်တယ်။ မင်းဟိုးပုစုခရုထဲက စောင့်ရှောက်လာတာ။ ငါက မင်းရဲ့ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်အစိတ်အပိုင်းတွေကို အချိန်တန်ရင် ပြန်ဖော်ပေးရမဲ့တာဝန်ရှိလို့ ကြိုတင်ကိုယ်ထင်ပြရုံပါပဲ။ ဒါပေမယ့် ဇာတ်လမ်းတစ်ပုဒ်မှာ ဇာတ်စထဲကနေ စာဖတ်သူကအလွယ်တကူခန့်မှန်းမအောင် သဲလွန်စတွေကို အကုန်ဖော်ထားပေးရင် စိတ်ဝင်စားစရာ ဘယ်ကောင်းတော့မလဲ။ အဟဲဟဲ ... အဲဒါကြောင့် မင်းက မင်းဇာတ်လမ်းမှာ အဓိကဇာတ်ကောင်ဖြစ်သလို စာဖတ်သူကလည်း မင်းကိုယ်တိုင်ပဲ "
ခရစ်စတိုဖာမှာ ကိုတကိုကြည့်နေရင်း မျက်စိအလွန်နောက်နေခဲ့သည်။ အကြောင်းကတော့ ကိုတက ငြိမ်ငြိမ်မနေဘဲ သူ့အိမ်မက်ထဲမှာ အလင်းနူန်းနှင့် တစ်နေရာကနေ တစ်နေရာ ဝှစ်ခနဲ၊ရွှတ်ခနဲ လျောက်သွားနေခဲ့သောကြောင့်။
" ကိုတ ... ငါ့ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်ထဲက ဂျရယ်ဆိုတာ ခုငါ့ရန်သူ ဂျရယ်မိုင်ရာ နဲ့ သက်ဆိုင်နေသလား .... "
" ဟွန်းး မေးခွန်းကောင်းလေးပဲ အီတို။ မဆိုင်ပါဘူး။ သက်သက်စီပဲ ... "
ကိုတက သူ့မျက်နှာပေါ်မှာ ပါးချိုင့်ကလေးများပေါ်သည်အထိ ပြုံးလိုက်ကာ ခရစ်စတိုဖာ၏သံသယမေးခွန်းကို ဖြေကြားခဲ့သည်။
" မဆိုင်ဘူးဆိုရင်လည်း မဆိုင်ဘူးပေါ့လေ။ ခုတော့ မင်း ငြိမ်ငြိမ်နေလို့ မရဘူးလား။ ငါ မင်းကို ကြည့်ရတာသောက်လုံးတွေ တအားနောက်နေပြီ ... "
မျက်နှာမှုန်သုန်နေသော ခရစ်စတိုဖာက ကိုတကို အမြင်ကတ်လာပြီး သူ၏မြေခွေးလက်သည်းများကို ထုတ်ကာ ဆွဲကုတ်ချင်နေခဲ့သည်။ ကိုတကလည်း အိမ်မက်ထဲတွင် ငြိမ်ငြိမ်မနေဘဲ ဟိုသွားလိုက်၊ဒီသွားလိုက် လုပ်နေစဥ် ခရစ်စတိုဖာကို ပြန်မေးခဲ့သည်။
" ငါက ဘာဖြစ်နေလို့လဲ "
" ဒါ ငါ့အိမ်မက်လေ၊ မင်းက တစ်စက်မှ ငြိမ်ငြိမ်မနေနေဘူး"
ကိုတက ခရစ်စတိုဖာကို လှောင်ရယ်ပြုံးပြခဲ့သည်။
" မင်း က ငါ။ငါ ဟာ မင်း။ မင်းအိမ်မက်ကလည်း ငါ့အိမ်မက်ပဲ။ အဲဒီတော့ ဒီအိမ်မက်ထဲ ငါ ယွချင်သလို ယွမယ် "
ခရစ်စတိုဖာလည်း ကိုတကို ပြောမရသည့်အဆုံး လက်လျော့လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ခုကို စိတ်ပျက်စွာချလိုက်လျက်။
" ထားပါတော့။ အပြင်မှာ ဘယ်ချိန်ရှိပြီလဲ။ ငါ မင်းသားရဲ့ ဈာပနကို အဖေနဲ့ သွားရမယ်။ ပြီးရင် အဲဒီဂျရယ်မိုင်ရာဆိုတဲ့ ခွေးမသားကို သတ်နိုင်အောင် လေ့ကျင့်ရဦးမယ်။ အခုတော့ ငါထပြီ "
" ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ အီတို။ Bye!"
ကိုတ၏စကားအဆုံးမှာ ခရစ်စတိုဖာက အိမ်မက်ကနေ လက်တွေ့ဘဝကို နိုးထလာခဲ့သဖြင့် ခေါင်းရီဝေဝေဖြစ်နေခဲ့သည်။ သူ့ဖုန်းနာရီကို ကြည့်ခဲ့သည့်အချိန်မှာ မနက် ၆ နာရီခွဲရှိလေပြီ။ ထို့ကြောင့် သူ့အဖေဆီ သွားဖို့ ပြင်ဆင်ခဲ့သည်။ ယင်းအခိုက်အတန့်၌ သူ့ဆီကို ဖုန်းတစ် call ဝင်လာ၏။ ခေါ်ဆိုသူမှာ သူ၏ဖခင်အိုဝမ်ဖြစ်နေခဲ့သည့်အတွက် ချက်ချင်းဖုန်းကိုင်ကာ ဖြေကြားခဲ့သည်။
" ဖေကြီး ... မင်းသား ဈာပန ..."
" အကုန်သိပြီးပြီ သား "
" ဟုတ်ကဲ့ ဖေကြီး "
" မင်း ဒဏ်ရာတွေရော သက်သာရဲ့လား "
" သက်သာပါတယ် "
"ငါ မင်းကို လာခေါ်မယ်။ ၁၀ နာရီလောက် အဆင်သင့်စောင့်နေနော် "
" ဟုတ် ... စောင့်နေပါ့မယ် "
ချိန်းဆိုထားသည့် အချိန်မရောက်ခင် ခရစ်စတိုဖာက မနက်စာကို သူကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်စားသောက်နေခဲ့၏။ သူ့အရပ်ထက် ၂ ပေ မြင့်သော ၈ပေအမြင့်ရှိ ရေခဲသေတ္တာ၏အလယ်ထပ် ဘေးအံထဲက နွားနို့ဘူးများထဲမှ တစ်ဘူးကို ဆွဲထုတ်ယူခဲ့ပြီး မနက်စာနှင့်အတူ သူ့ဗိုက်ထဲသို့ မျှောချခဲ့သည်။ ထို့နောက် သူ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ပြီး ဒိုက်ထိုးသည်။ plank ထောက်သည်။ အလေးမသည်။
သူဝတ်ထားသည့် စွပ်ကျယ်အဖြူတွင် ချွေးများမှာ ရေတွေစိုရွဲနေသကဲ့သို့ ချွေးများစိုရွဲနစ်နေခဲ့သည်။ သူ၏ဖြူဝင်းသော အတွင်းသား အဖုအထစ်ကြီး ၆ ထစ်တို့သည် စွပ်ကျပ်ကနေ အတိုင်းသား ဖောက်ထွင်းမြင်နေရသည့်တိုင်အေရင် လေ့ကျင့်ခန်းများအား အပြင်းအထန်လုပ်နေခဲ့လျက်။ သူ၏ငွေရောင်ဆံနွယ်ကောက်ကောက်ကို ဦးခေါင်းနောက်တွင်ခပ်မြင့်မြင့်စုစည်းထားမှုကြောင့် ချွေးစီးကြောင်းတို့သည် သူ့လည်ပင်း၊ နဖူးတို့တစ်လျှောက် ထင်ရှားစွာ စီးဆင်းနေခဲ့သည်။ သူ၏ငွေမှင်ရောင်မျက်ခုံးမွှေးများမှာလည်း ချွေးသီးလေးများဝပ်နေလျက်။
ပြတင်းမှန်ချပ်၏အပြင်ဘက်ကနေ ဖြာကျလာသော နေရောင်ခြည်အလင်းတန်းများအောက်တွင်မူ သူ၏ ငွေရောင်ဆံနွယ်ကောက်လိူင်းများမှာ ရွှေအဆင်းကဲ့သို့အရောင်အဝါဖြင့် တောက်ပနေသည့်နှယ်။
အလေးမသောအခါ သူ့ရဲ့လက်မောင်းကြွက်သားတွေဟာ အသင့်တင့် ဖောင်းထွက်လာသည်။ သူ၏ ချောမွတ်ကာ နူးညံ့ဖြူဖွေးပန်းနုရောင် အသားရည်မှ ထောင်တက်လာသော သွေးကြောစိမ်းစိမ်းတို့မှာ အလွန်တရာ ကြည့်ကောင်းပေ၏။ သူ အလေးမနေသည်ကို ရပ်တန့်လိုက်ပြီးလျှင် သူ့နူတ်ခမ်းအတွင်းသို့ စီးဝင်တော့မည့် ချွေးများကို ချွေးသုတ်အဝတ်ဖြင့် သုတ်လိုက်သည်။
ထို့နောက် ပန်းလိမ္မော်ရောင်သမ်းနေသည့် သူ့နူတ်ခမ်းဟာ အကြည်ရောင် ရေပုလင်းထဲက ရေများကို အမောပြေစေရန် စုပ်ယူသောက်သုံးနေသည်။ မကြာခင် ရေချိုးခန်းထဲသို့ ရောက်သွားပြီး ရေပန်းဖွင့်လိုက်သည်။ ရေချိုးပြီးသော် လူကြီးလူကောင်းဆန်သည့် အနက်ရောင်ဝတ်စုံတစ်စုံကို ရွေးဝတ်ခဲ့ပြီးလျှင် သူ့ဖခင်လာကြိုမည်ကို စောင့်ဆိုင်းနေခဲ့သည်။
အချိန်ကား မနက် ၁၀ နာရီရှိနေခဲ့ပြီ။
" ဒွီ ဒွီ ဒွီ "
မကြာခင်တွင် ဖခင်ဖြစ်သူအိုဝမ်ထံမှ ဖုန်းလာခဲ့သည်။
" ဟုတ်"
" အဖေ အောက်မှာရောက်နေပြီ "
" ဟုတ် ... ကျွန်တော်လာပြီ"
ခရစ်စတိုဖာလည်း ဖုန်းချပြီးပြီးချင်း သူ့တိုက်ခန်းတံခါးကို ကုဒ်နံပါတ်ဖြင့် ပိတ်ခဲ့လျက် ဓာတ်လှေကားဆီသို့ ဦးတည်သည်။ ထို့နောက် ဓာတ်လှေကားကနေထွက်လာခဲ့ပြီး ကားပါကင်ဆီသို့ သွားခဲ့သည်။
သူ့ဖခင်၏အနက်ရောင်ကားက အချက်ပြဟွန်းတီးလိုက်သဖြင့် ထိုကားဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် လမ်းလျှောက်သွား၏။ ကားတံခါးဟာ အလိုအလျောက် ပွင့်သွားသည်နှင့်တစ်ပြိုင်နက် ခရစ်စတိုဖာလည်း အထဲဝင်ထိုင်လိုက်သည်။
" ဒဏ်ရာတွေ သက်သာမြန်သားပဲ "
အိုဝမ်က ချိုသာသည့်လေသံဖြင့် ခရစ်စတိုဖာကို မေးခဲ့သည်။
" ဟုတ်တယ် "
ခရစ်စတိုဖာလည်း အိုဝမ့်ကို လိုတိုရှင်းဖြေခဲ့သည်။
" အဲဒီဂျရယ်မိုင်ရာကို ထပ်မတွေ့မိအောင်နေ "
ခရစ်စတိုဖာက သက်ပြင်းတစ်ချက်ချခဲ့ပြီး မျက်မှောင်ကြုတ်ခဲ့သည်။
" အဲဒီ ဂျရယ်မိုင်ရာက ဘာလို့ အဲဒီလောက်စွမ်းနေရတာလဲ ... သူ့ကိုမကျေနပ်ဘူး "
အိုဝမ်က အချိန်အတော်ကြာသည်အထိ နူတ်ဆက်နေခဲ့ပြီးနောက် ဈာပနအခမ်းအနားကျင်းပရာနေရာသို့ရောက်သည့်အချိန်မှာ ပြန်စကားပြောခဲ့သည်။
" ကဲ ရောက်ပြီ။ ဆင်းကြမယ်"
ခရစ်စတိုဖာလည်း သူ့ဖခင်ကို သေချာလက်တွဲခေါ်လျက် ကားပေါ်ကနေ ဖြည်းညင်းစွာ ဆင်းစေသည်။ ဤသို့ဖြင့် မင်းသားမာစီရာ၏ဈာပနအခမ်းအနားကို ရောက်ရှိခဲ့ကြသည်။ အလောင်းမဲ့ဈာပနဖြစ်သော်လည်း သာမာန်လူသားများအနေဖြင့် မည်သူကမှ အလောင်းမရှိနေမှန်းကို မသိခဲ့ကြပေ။
ခေါင်းတလားထဲတွင် မင်းသားကိုယ်စားအရုပ်သေးတစ်ရုပ်နှင့် မင်းသား၏အသုံးအဆောင်များသာရှိသည်ကို မိစ္ဆာအချင်းချင်းသာ သိကြသည်။ လူသားများနှင့်အတူ လိုက်လျောညီထွေနေထိုင်ရတာကြောင့် ဈာပနကို မဖြစ်မနေလုပ်ကြရသည်။
မင်းသားအလောင်းနှင့်ပတ်သက်၍ အကြောင်းအရာအားလုံးကို သာမာန်လူမိတ်ဆွေများအား ကင်ဆာရောဂါဖြင့်သေသွားခဲ့သည်ဟုပင် အမှန်တကယ်ယုံကြည်အောင် သတင်းလွှင့်ထားခဲ့သည်။
ခရစ်စတိုဖာတို့သားအဖလည်း ဈာပနအခမ်းအနားက မိစ္ဆာဘုရင်ကြီးဂျက်ဖရီကိုတွေ့လျှင် တရိုတသေ ခါးကိုင်း၍ နူတ်ဆက်ခဲ့ကြသည်။ ထို့နောက် မင်းသား၏ခေါင်းတလားကို မြေမြုပ်လိုက်ကြပြီးလျှင် အုတ်ဂူပတ်လည်၌ အဖြူရောင်လီလီပန်းစည်းများကို ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ချထားလိုက်ကြသည်။ မိစ္ဆာဘုရင်ကြီးသည် သူ၏သားတော်အုတ်ဂူကို အတော်တန်ကြာ ကြည့်ရူနေခဲ့ပြီးနောက် ...
"မာစီရာ ... မင်းတာဝန်ကျေခဲ့ပါတယ် "
ဘုရင်ကြီးအနေဖြင့် သူ့ရင်ထဲမှလာသော စကားလုံးများကို သားတော်မာစီရာဆီ နက်ရိူင်းစွာ ဖော်ပြခဲ့ရင်း ငိုနေခဲ့သည်။ ထို့နောက် သူ၏ရွှေရောင်တုတ်ကောက်ကို အားပြု၍လမ်းလျှောက်ကာ ခရစ်စတိုဖာတို့သားအဖနှင့်အတူ သူ့စံအိမ်တော်ကြီးဆီသို့ ပြန်ခဲ့တော့သည်။
◎ ══════ ❈ ══════ ◎