ဒုတိယဇာတ်လိုက် အတွက် ရွှေပေါင...

By Joyareans

39.6K 4.2K 163

Author - Joyareans🐰🥕 English name -The resurrection mission(system 1061)👾 Cover photo crd Own creation 📝 ... More

Introduction
Secondchance
Arc1 characters
Arc 1.1 အန်းရီချန်း
Arc 1.3 အန်းရီချန်း
Arc 1.4 အန်းရီချန်း
Arc 1.5 အန်းရီချန်း
Arc 1.6 အန်းရီချန်း
Arc 1.7 အန်းရီချန်း
Arc 1.8 အန်းရီချန်း
Arc 1.9 အန်ရီချန်း
Arc 1.10 အန်းရီချန်း
Arc 1.11 အန်းရီချန်း
Arc 1.12 အန်းရီချန်း
Arc 1.13 အန်းရီချန်း
Arc 1.14 အန်းရီချန်း
Arc 1.15 အန်းရီချန်း
Arc 1.16 အန်းရီချန်း
Arc 1.17 အန်းရီချန်း

Arc 1.2 အန်းရီချန်း

1.9K 222 14
By Joyareans

Unicode

System:'Hostကို မူလကိုယ်နဲ့ သက်ဆိုင်တဲ့ မှတ်ဉာဏ်တွေ ကူးပြောင်းပေးပါ့မယ်'
သူမ ခေါင်းတစ်ချက်ညိမ့်လိုက်တယ်။ ပြီးတဲ့နောက်မှာတော့ သူမရဲ့ခေါင်းထဲကို ဝင်လာတဲ့ မှတ်ဉာဏ်အပိုင်းအစများစွာနဲ့ ရောပြွန်းနေတဲ့ မှတ်ဉာဏ်တွေကြောင့် ခေါင်းက အဆမတန် ကိုက်လာပြီး ဖြူရော်လာကာ ချွေးစတို့ နဖူးပြင်လေးမှာ တွဲလဲခိုလာခဲ့တယ်။ ခံစားရတဲ့ နာကျင်မှုကို ခံရသူသာ သိတယ်။ ဒါပေမယ့် ဒါဟာမပြောပလောက်တဲ့ နာကျင်မှုလေးပါပဲ။ သူမ၅မိနစ်လောက် ငြိမ်သက်ပြီးနောက် ဉီးနှောက်ကို အလုပ်မပေးတော့ပဲ သူမသိိလိုတာကိုသာ အန်အန်ကို မေးလိုက်တယ်'

'အန်အန် ငါရောက်နေတဲ့အချိန်က ဘယ်အချိန်လဲ'

System:'Hostရောက်ရှိချိန်က ဒုတိယဇာတ်လိုက်အန်းရီချန် ဇာတ်လိုက်လီယောင်းဟန်ရဲ့ ပထမနေရာကို ရယူပြီး တစ်ပတ်အကြာပါ'

'ဒါဖြင့် ဇာတ်လိုက်မ ပညာပြနေပြီပေါ့'
သူမရဲ့ အားနည်းနေသေးတဲ့ ကောင်ငယ်လေးကို ကာကွယ်ပေးရတော့မှာပေါ့။ သူမက ဒုတိယဇာတ်လိုက်လေး ဖက်တွယ်ဖို့ ရွှေပေါင်လုံးကြီး ဖြစ်ပေးရတော့မှာပေါ့။

System:'ပညာပြနေပါပြီ host'

သူမပျင်းရိလေးပင်စွာ ခေါင်းညိမ့်လိုက်တယ်။သူမ ဒီကိုယ်ထဲဝင်ရောက်လာကတည်း ယခုချိန်ထိ ပတ်ဝန်းကျင်ကို သတိမမူနိုင်ခဲ့ပါဘူး။ အိစက်နေတဲ့မွေ့ယာ ကုတင်ကြီးပေါ်တွင် လှဲလျောင်းရာမှ သူမ ထလိုက်တယ်။ ယခုမှ ကြည့်မိတယ်။ နွမ်ရှီအာက ပြီးပြည့်စုံစွာနေရတဲ့ မင်းသမီးလေးပါပဲ။

ဒါပေမယ့် သူမရဲ့ အခန်းကျယ်ကြီးဟာ ခြောက်ကပ်နေပြီး လိမ္မော်ရောင် မီးအိမ်နှင့်
မှိန်ဖျဖျ မီးဆိုင်းတွေသာ ရှိမနေရင် လူနေတဲ့အခန်း ဟုတ်ပါ့မလားတောင် တွေးထင်မိမယ်။ နွမ်ရှီအာရဲ့ အခန်းက အရင်ဘဝက သူမရဲ့အခန်းနှင့်ယှဉ်လျှင် ခြောက်ကပ်နေပြီး အထီးကျန်ဆန်လွန်းလှတယ်။ အထီးကျန်ဆန်နေပေမယ့်လဲ ခမ်းနားမှုတို့ကလဲ ရှိနေပြန်တယ်။

မိန်းကလေးတစ်ယောက်ရဲ့ အခန်းက ဘာလို့ ဒီလို အထီးကျန်ဆန် ခမ်းနားမှုတွေသာ ရှိနေရတာလဲ?
မိန်းကလေးတော်တော်များများက ပန်းရောင်အခန်းလေးတွေကို သဘောကျကြပြီး ချစ်စရာကောင်းတဲ့အခန်းလေးတွေ တောက်ပတဲ့ အခန်းလေးတွေကို သဘောကျကြတယ်။ နွမ်ရှီအာက တကယ်ကို ပုံမှန်မဟုတ်တဲ့ မိန်းကလေးပါပဲ။

(Photo crd ပေးပါတယ်ရှင့်)

ချီအန် သူမဝင်လာတဲ့ ကိုယ်ရဲ့ ပုံပန်းသဏ္ဌာန်ဘယ်လို ဘယ်ပုံရှိမှန်း သိချင်နေပြီ။ သူမအလျင်အမြန် မှန်ရှေ့သို့ လျှောက်သွားလိုက်တယ်။ မှန်ထဲမှ မြင်ရတဲ့ပုံရိပ်လေးက သူမကို အတန်ကြာ မှင်သက်စေတယ်။

မျက်ဝန်းပြာလေးတွေက အရည်လဲ့ တောက်ပနေပြီး။ စိန်တုံးတွေလို အရောင်လဲ့နေတယ်။ မျက်ခုံးတို့ကလဲ သွယ်တန်းနေပြီး နှုတ်ခမ်းလေးကချယ်ရီသီးတစ်လုံးလို ဖူးဖူးလေးနဲ့ ရဲပြီး စိုအိနေတယ်။ သူမရဲ့ နက်မှောင်တဲ့ ဆံနွယ်လေးတွေက သူမရဲ့ မျက်နှာလေးကို ကျောက်စိမ်းလို ပိုပြီး ကြည်လင်စေတယ်။ နွမ်ရှီအာက သာမန်ဇာတ်ကောင်လေးပေမယ့် ကျောင်းရဲ့နတ်ဘုရားမဆိုတဲ့ ဘွဲ့နဲ့လိုက်ဖက်အောင် လှရက်လွန်းတယ်။
သူမရဲ့အလှက နူးညံ့ပြီး ပန်းပွင့်လေးတစ်ပွင့်လို မထိရက်မကိုင်ရက်အလှမျိုးပင်။ နွမ်ရှီအာရဲ့မျက်နှာ အစိတ်အပိုင်းတစ်ခုချင်းစီက သူမနဲ့ အနည်းငယ်တူတယ်။ နွမ်ရှီအာမှာ စိန်ပွင့်လိုတောက်ပပြီး ညို့ချက်ပြင်းတဲ့ မျက်ဝန်းတစ်စုံနဲ့ မုချီအန်ရဲ့ တောက်ပကြည်လင်ပြီး အရည်လဲ့နေတဲ့ မြင်သူတိုင်း မငြင်းဆန်နိုင်တဲ့ နက်မှောင်တဲ့ မျက်ဝန်းတို့်ကသာ ကြီးမားတဲ့ ကွာခြားချက်ပင်။ ကျန်သောအစိတ်အပိုင်းတွေကသာ အနည်းငယ်တူနေသည်။

နွမ်ရှီအာရဲ့ အခန်းကို လှည့်ပတ်ကြည့်ရင်း ကျယ်ဝန်းတဲ့ သူမရဲ့ အဝတ်အစားခန်းထဲသို့ ရောက်သွားခဲ့တယ်။ နွမ်ရှီအာရဲ့ အဝတ်အစားတွေက ပျော့ပျောင်းပြီး နူးညံ့ဖြူစင်တဲ့ ပုံစံဘက်ကိုသွားတယ်။ သိမ်မွေ့တယ်။ ဖြူစင်တယ်။ နူးညံ့တယ်။ ပန်းလေးနဲ့တူတယ်။ မိန်းကလေးအရမ်းဆန်လွန်းပြီး အေးစက်လွန်းတယ်။
သူမနဲ့အရမ်းမကွာခြားပါဘူး။ သူမကလဲ ဒီလိုပုံစံမျိုးပါပဲ။ ဒါပေမယ့် နွမ်ရှီအာထက်တော့ သူမက ပိုပြီးသွက်လက်တာပေါ့။


(ပုံလေးတွေကို crdပေးပါတယ် သာသာရဲ့ficပုံစံလေးနဲ့ကိုက်လို့ တင်လိုက်တာပါ)

မနက်ဖြန်အတွက် သူမ ဘယ်လို သရုပ်ဆောင်ရမလဲတော့ စိုးရိမ်မိတယ်။ သူမအတွက် မကြုံဖူး မလုပ်ဖူးတဲ့ အရာက စတင်လုပ်ရမှာမို့ သူမအနည်းငယ်တော့ စိတ်လှုပ်ရှားတယ်။ အနည်းငယ်စိတ်လှုပ်ရှားတယ်လို့ပြောရင် လိမ်ရာကျတယ်။ တကယ်တော့ သူမက အရမ်းစိတ်လှုပ်ရှားနေပြီး ဇာတ်လိုက်တွေနဲ့ တွေ့ဆုံရမှာကြောက်နေမိတယ်။ သူမရဲ့ကြောက်စိတ်တွေကို system လေးမသိအောင် ဖုံးကွယ်လို့နေရတယ်။ မဟုတ်ပါက systemရဲ့ အထင်သေးမှုတွေသူမပေါ် ကျရောက်မှာ မလိုလားပါဘူး။

System:'Host ကြောက်နေတာလား'

'မကြောက်ပါဘူး ငါလေးက စွန့့်စားခန်းတွေလုပ်ဖို့ မစောင့်နိုင်လို့ စိတ်လှုပ်ရှားရုံပါ'သူမရဲ့ ကြောက်စိတ်တွေကို ဖုံးကွယ်ရင်းနဲ့ သူမရဲ့ကြည်လင်တောက်ပတဲ့ မျက်နှာပေါ်တွင် ခံစားချက် ဗလာနတ္ထိနှင့် တည်ငြိမ်ဟန် ဆောင်လိုက်ကာ အန်အန်ကို ချေပလိုက်တယ်။

System:'Host ဘေးမှာ အန်အန်ရှိတယ် Host အန်အန်ကို အားကိုးလို့ရပါတယ်။ Host အကူအညီလိုရင် အန်အန် ကူညီနိုင်ပါတယ်'system အန်အန်လေး သူ့hostရဲ့ စိတ်ခံစားချက်ကို အာရုံခံနိုင်၍ မုချီအန်စိတ်သက်သာရာရရန် ပြောလိုက်တယ်။

'အန်အန် နင်လေးက ဘယ်လိုပုံလဲ ငါ့ကို ပြပါလား'သူမအပေါ် မိသားစုအပြင် ကောင်းကောင်းဆက်ဆံတဲ့ လူက ဒီလို လူသားလို့ပြောလို့မရတဲ့ system တစ်ခုဖြစ်မယ် မထင်ထားပါဘူး။ အန်အန်ရဲ့အပြောတွေက သူမကို ဟက်ထိသွားစေတယ်။

System:'Host ကျွန်တော့်ကို မလှောင်ပါဘူးလို့ ကတိပေးပါ' System လေးပြောတဲ့စကားကြောင့် သူမခန့်မှန်းမိတာက system ကသေချာပေါက် ရုပ်ဆိုးနေလို့ပါပဲ။

သူမလဲ ကတိပေးလိုက်တယ်။ သူမက သူများအားနည်းချက်ကို လှောင်ရယ်တတ်တဲ့ လူတစ်ယောက်မဟုတ်ပါဘူး။

ထို့နောက် မကြာခင်မှာပဲ အပြာရောင်အလင်းထဲကနေ အဖြူရောင် အကောင်လေးတစ်ကောင်ထွက်လာခဲ့တယ်။ ထိုကောင်ငယ်လေးက
ယုန်လဲမဟုတ်။ ကြောင်ပေါက်လေးလဲမဟုတ်။
ရှဉ့်လေးလဲမဟုတ်။ ဟိုမရောက် ဒီမရောက် လက်တစ်ဖက်ထဲနဲ့ ဆုပ်ကိုင်လို့ရတဲ့ အကောင်ပေါက်သေးသေးလေး။ မျက်ဆံနက်နက်ကြီးကြီးလေး
နှှင့် နှာခေါင်းပိစိလေးနဲ့ပါးစပ်လေးက ယုန်ပေါက်လေးနဲ့တူနေသလို ကြောင်ပေါက်လေးနဲ့လဲ တူနေပြန်တယ်။ နှားရွှက်လေးဟာလဲ ကြီးပြီး ထောင်ထောင်လေးနှင့် အရမ်းကို ချစ်စရာကောင်းလွန်းနေတယ်။ ထိုအကောင်လေးရဲ့ အမြှီးလေးတွေက အမွှေးပွဖွားဖွားလေးတွေနဲ့ ရှဉ့်လေးနဲ့တူပြန်တယ်။ အမြှီးလေးက တကယ်ကိုင်လို့ကောင်းမှာ ကျိန်းသေပေါက်ပဲ။

(Photo crdပေးပါတယ်ရှင့်)

အကောင်ပေါက်လေးက system လို့တော့ မပြောနဲ့နော်!
ဒီအကောင်လေးက အရမ်းချစ်စရာကောင်းလွန်းနေတယ်^-^

'အန်အန် နင်လား?'
ချီအန် ထိုအကောင်ပေါက်ဖြူဖြူလေးကို ကြည့်ကာ မျက်ဝန်းကို မှေးကျဉ်းပြီး မေးလိုက်တယ်။
ထို့နောက် ထွက်ပေါ်လာတဲ့အသံဟာ အရင်လို system အသံနဲ့ ကွဲပြားစွာပင် သေးငယ်ပြီး ချစ်စရာကောင်းလွန်းနေတယ်။

အန်အန်:'Host အန်အန်ပါ'မျက်ဆန်နက်နက်ကြီးကြီးလေးနဲ့ လူကိုအရည်ပျော်ကျအောင်ကြည့်နေတဲ့ ထိုအကောင်ပေါက်လေးက System အန်အန်ဆိုပဲ။ မုချီအန် မအောင့်နိုင်တော့ပဲ ထိုအဖြူကောင်လေးကို လက်နှစ်ဖက်နဲ့ ကောက်ကိုင်လိုက်ကာ 'အန်အန် နင်လေးက ချစ်စရာကောင်းလွန်းနေတယ်' သူမထိုကောင်ငယ်လေးရဲ့ အမြှီးလေးကို ဖြေးညှင်းစွာပွတ်သပ်လိုက်တယ်။ တကယ်ပဲ ထိုအကောင်လေးရဲ့အမြှီးလေးက အမွှေးထူဖွားဖွားလေးဖြစ်နေပြီး နူးညံ့လို့နေတယ်။

သူ့Hostရဲ့အမူအယာတွေကို လိုက်လို့ပင် မမှီနိုင်တဲ့ system!?

တစ်ခြားHostတွေဆို အထင်မြင်သေးသွားကြပေမယ့် ဒီHostက အထင်မသေးတဲ့အပြင် ကောက်ယူပွတ်သပ်ရင်း ချစ်စရာကောင်းတယ်ပြောနေပေတယ်။

'အန်အန် ဒီsystemထဲမှာ ငါ့လို Hostတွေအများကြီးရှိမှာပဲ အဲ့က system လေးတွေကရော နင်လေးလိုပုံစံတူပဲလား'
သူမတကယ်သိချင်ပါတယ်။ တစ်ခြား system လေးတွေလဲ အန်အန်နဲ့ပုံစံတူလားဆိုတာကိုပေါ့။

အန်အန်:'မတူပါဘူး Host ပုံစံက တစ်မျိုးစီပါ တစ်ချို့ကျတော့ အန်အန်လိုမဟုတ်ပဲ အကောင်ကြီးကြပါတယ်။'

ဒါဖြင့်ငါလေးက ချစ်စရာကောင်းလို့ ဒီလိုချစ်စရာကောင်းတဲ့ system လေးရတာပေါ့ အူဝါးးး သူလေးက ချစ်စရာလေး>_<

(Mediaကပုံလေးက တစ်ခြား system အကောင်ပုံစံလေးတွေပါ သဲတို့ တစ်ခြား system ကောင်လေးတွေ မြင်ချင်ရင် သာသာ နောက်အပိုင်းတွေမှာ ထည့်ပေးပါ့မယ် အကောင်လေးတွေက သာသာရဲ့ ပေါက်ကရစိတ်ကူးတွေနဲ့ ထားတာမို့
နားလည်ပေးကြပါရှင့်)
...................

မနက်မှာတော့ မုချီအန်ဟာ နွမ်ရှီအာအဖြစ် mission ထမ်းဆောင်ဖို့ပြင်ဆင်လိုက်ပါတော့တယ်။
Aမြို့ရဲ့အကောင်းဆုံးကျောင်းကို သွားဖို့အတွက် သူမဟာ ကျောင်းရဲ့ နတ်ဘုရားမဘွဲ့နဲ့ အညီ တောက်ပနေဖို့လိုအပ်တယ်။ ဇာတ်လိုက်မထက် သူမဟာ သာနေဖို့လိုအပ်တယ်။ လူဆိုးမကြီးရဲ့အရှိနိအဝါကိုလုယူဖို့အတွက် သူမကြောက်နေမိတယ်။

ပွဲမစခင်ထဲက ယုံကြည်မှုရှိနေရမယ် ချီအန်။
ပြိုင်ဘက်ကို ကြောက်နေရင် ငါလေး ပြန်ရှင်ခွင့်မရတော့ပဲနေမယ်

သူမဟာ ကိုယ့်ကိုကိုယ် အားတင်းလိုက်ရင်း

ကျောင်းဝတ်စုံကို လှပအောင်ဝတ်ဆင်လိုက်ပြီး ချယ်သစရာမလိုတဲ့ တောက်ပတဲ့မျက်နှာလေးကို နေရောင်ခြည်ဒဏ်ကာကွယ်ရန် creamတစ်မျိုးသာ လိမ်းလိုက်ပြီး မှန်ရှေ့တွင်အချိန်ခနကြာ ရပ်နေလိုက်ကာ မျက်ဝန်းတို့ကို ခေတ္တခန မှိတ်လိုက်တယ်။

၅မိနစ်အကြာ သူမရဲ့ တောက်ပတဲ့ စိန်ပြာရောင် မျက်ဝန်းတို့ဟာ ဖြေးညှင်းစွာ ပွင့်လာပြီး တစ်ခြားလူတစ်ယောက်လို ရုတ်ချည်း ပြောင်းလဲသွားတယ်။ အေးစက်မှုအပြင် ယုံကြည်မှုတို့ပါ သူမရဲ့ တောက်ပတဲ့ မျက်ဝန်းထဲတွင် အလွယ်တကူ ရှာတွေ့နိုင်တယ်။

ဟုတ်ပါတယ်။ ချီအန် သူမကိုယ်သူမ နွမ်ရှီအာလို့ ခံယူလိုက်တာပါ။ သူမဟာ ယခင်က ပျော့ညံ့တဲ့ နွမ်ရှီအာ မဟုတ်တော့ပဲ။ တောက်ပလင်းလက်တဲ့ ကြယ်ပွင့်လေးတစ်ပွင့် ဖြစ်သွားပါပြီ။
သူမရဲ့အထီးကျန်ဆန်တဲ့ အခန်းကျယ်ထဲမှာ ထွက်လာခဲ့ပြီးတဲ့နောက် အခန်းတွင်းနှင့် အခန်းအပြင်ဟာ တစ်ခြားကမ္ဘာတွေလို သက်သက်စီဖြစ်လို့နေတယ်။
သူမအများကြီးမစဉ်းစားတော့ပဲ ခမ်းနားကြီးကျယ်တဲ့ အိမ်ကြီးရဲ့အောက်ထပ်သို့ရောက်ရှိရန် ခမ်းနားတဲ့ လှေကားကြီးပေါ်ကနေ တစ်ဆင့်ခြင်း ဆင်းလာတဲ့သူမဟာ အရှိန်အဝါတို့နှင့်ပြည့်စုံနေတယ်။ ဘယ်သူမှ နှောက်ယှက်လို့မရတဲ့ ခူးယူလို့မရတဲ့ ဆူးတွေပြည့်နေတဲ့ နှင်းဆီနီတစ်ပွင့်ဖြစ်လို့နေတယ်။

သာသာရဲ့ ပုံတွေ အားလုံးကို crd ပေးပါတယ်။
System ပထမဆုံး ရေးဖူးတာမို့ အမှားပါရင်
ခွင့်လွှတ်ပေးပါ။

___________________________________________

Zawgyi

System:'Hostကို မူလကိုယ္နဲ႕ သက္ဆိုင္တဲ့ မွတ္ဉာဏ္ေတြ ကူးေျပာင္းေပးပါ့မယ္'
သူမ ေခါင္းတစ္ခ်က္ညိမ့္လိုက္တယ္။ ၿပီးတဲ့ေနာက္မွာေတာ့ သူမရဲ႕ေခါင္းထဲကို ဝင္လာတဲ့ မွတ္ဉာဏ္အပိုင္းအစမ်ားစြာနဲ႕ ေရာႁပြန္းေနတဲ့ မွတ္ဉာဏ္ေတြေၾကာင့္ ေခါင္းက အဆမတန္ ကိုက္လာၿပီး ျဖဴေရာ္လာကာ ေခြၽးစတို႔ နဖူးျပင္ေလးမွာ တြဲလဲခိုလာခဲ့တယ္။ ခံစားရတဲ့ နာက်င္မႈကို ခံရသူသာ သိတယ္။ ဒါေပမယ့္ ဒါဟာမေျပာပေလာက္တဲ့ နာက်င္မႈေလးပါပဲ။ သူမ၅မိနစ္ေလာက္ ၿငိမ္သက္ၿပီးေနာက္ ဉီးႏွောက္ကို အလုပ္မေပးေတာ့ပဲ သူမသိိလိုတာကိုသာ အန္အန္ကို ေမးလိုက္တယ္'

'အန္အန္ ငါေရာက္ေနတဲ့အခ်ိန္က ဘယ္အခ်ိန္လဲ'

System:'Hostေရာက္ရွိခ်ိန္က ဒုတိယဇာတ္လိုက္အန္းရီခ်န္ ဇာတ္လိုက္လီေယာင္းဟန္ရဲ႕ ပထမေနရာကို ရယူၿပီး တစ္ပတ္အၾကာပါ'

'ဒါျဖင့္ ဇာတ္လိုက္မ ပညာျပေနၿပီေပါ့'
သူမရဲ႕ အားနည္းေနေသးတဲ့ ေကာင္ငယ္ေလးကို ကာကြယ္ေပးရေတာ့မွာေပါ့။ သူမက ဒုတိယဇာတ္လိုက္ေလး ဖက္တြယ္ဖို႔ ေ႐ႊေပါင္လုံးႀကီး ျဖစ္ေပးရေတာ့မွာေပါ့။

System:'ပညာျပေနပါၿပီ host'

သူမပ်င္းရိေလးပင္စြာ ေခါင္းညိမ့္လိုက္တယ္။သူမ ဒီကိုယ္ထဲဝင္ေရာက္လာကတည္း ယခုခ်ိန္ထိ ပတ္ဝန္းက်င္ကို သတိမမူနိုင္ခဲ့ပါဘူး။ အိစက္ေနတဲ့ေမြ႕ယာ ကုတင္ႀကီးေပၚတြင္ လွဲေလ်ာင္းရာမွ သူမ ထလိုက္တယ္။ ယခုမွ ၾကည့္မိတယ္။ ႏြမ္ရွီအာက ၿပီးျပည့္စုံစြာေနရတဲ့ မင္းသမီးေလးပါပဲ။

ဒါေပမယ့္ သူမရဲ႕ အခန္းက်ယ္ႀကီးဟာ ေျခာက္ကပ္ေနၿပီး လိေမၼာ္ေရာင္ မီးအိမ္ႏွင့္ မွိန္ဖ်ဖ် မီးဆိုင္းေတြသာ ရွိမေနရင္ လူေနတဲ့အခန္း ဟုတ္ပါ့မလားေတာင္ ေတြးထင္မိမယ္။ ႏြမ္ရွီအာရဲ႕ အခန္းက အရင္ဘဝက သူမရဲ႕အခန္းႏွင့္ယွဥ္လွ်င္ ေျခာက္ကပ္ေနၿပီး အထီးက်န္ဆန္လြန္းလွတယ္။ အထီးက်န္ဆန္ေနေပမယ့္လဲ ခမ္းနားမႈတို႔ကလဲ ရွိေနျပန္တယ္။

မိန္းကေလးတစ္ေယာက္ရဲ႕ အခန္းက ဘာလို႔ ဒီလို အထီးက်န္ဆန္ ခမ္းနားမႈေတြသာ ရွိေနရတာလဲ?
မိန္းကေလးေတာ္ေတာ္မ်ားမ်ားက ပန္းေရာင္အခန္းေလးေတြကို သေဘာက်ၾကၿပီး ခ်စ္စရာေကာင္းတဲ့အခန္းေလးေတြ ေတာက္ပတဲ့ အခန္းေလးေတြကို သေဘာက်ၾကတယ္။ ႏြမ္ရွီအာက တကယ္ကို ပုံမွန္မဟုတ္တဲ့ မိန္းကေလးပါပဲ။

(Photo crd ေပးပါတယ္ရွင့္)

ခ်ီအန္ သူမဝင္လာတဲ့ ကိုယ္ရဲ႕ ပုံပန္းသဏၭာန္ဘယ္လို ဘယ္ပုံရွိမွန္း သိခ်င္ေနၿပီ။ သူမအလ်င္အျမန္ မွန္ေရွ႕သို႔ ေလွ်ာက္သြားလိုက္တယ္။ မွန္ထဲမွ ျမင္ရတဲ့ပုံရိပ္ေလးက သူမကို အတန္ၾကာ မွင္သက္ေစတယ္။

မ်က္ဝန္းျပာေလးေတြက အရည္လဲ့ ေတာက္ပေနၿပီး။ စိန္တုံးေတြလို အေရာင္လဲ့ေနတယ္။ မ်က္ခုံးတို႔ကလဲ သြယ္တန္းေနၿပီး ႏႈတ္ခမ္းေလးကခ်ယ္ရီသီးတစ္လုံးလို ဖူးဖူးေလးနဲ႕ ရဲၿပီး စိုအိေနတယ္။ သူမရဲ႕ နက္ေမွာင္တဲ့ ဆံႏြယ္ေလးေတြက သူမရဲ႕ မ်က္ႏွာေလးကို ေက်ာက္စိမ္းလို ပိုၿပီး ၾကည္လင္ေစတယ္။ ႏြမ္ရွီအာက သာမန္ဇာတ္ေကာင္ေလးေပမယ့္ ေက်ာင္းရဲ႕နတ္ဘုရားမဆိုတဲ့ ဘြဲ႕နဲ႕လိုက္ဖက္ေအာင္ လွရက္လြန္းတယ္။
သူမရဲ႕အလွက ႏူးညံ့ၿပီး ပန္းပြင့္ေလးတစ္ပြင့္လို မထိရက္မကိုင္ရက္အလွမ်ိဳးပင္။ ႏြမ္ရွီအာရဲ႕မ်က္ႏွာ အစိတ္အပိုင္းတစ္ခုခ်င္းစီက သူမနဲ႕ အနည္းငယ္တူတယ္။ ႏြမ္ရွီအာမွာ စိန္ပြင့္လိုေတာက္ပၿပီး ညို႔ခ်က္ျပင္းတဲ့ မ်က္ဝန္းတစ္စုံနဲ႕ မုခ်ီအန္ရဲ႕ ေတာက္ပၾကည္လင္ၿပီး အရည္လဲ့ေနတဲ့ ျမင္သူတိုင္း မျငင္းဆန္နိုင္တဲ့ နက္ေမွာင္တဲ့ မ်က္ဝန္းတို့္ကသာ ႀကီးမားတဲ့ ကြာျခားခ်က္ပင္။ က်န္ေသာအစိတ္အပိုင္းေတြကသာ အနည္းငယ္တူေနသည္။

ႏြမ္ရွီအာရဲ႕ အခန္းကို လွည့္ပတ္ၾကည့္ရင္း က်ယ္ဝန္းတဲ့ သူမရဲ႕ အဝတ္အစားခန္းထဲသို႔ ေရာက္သြားခဲ့တယ္။ ႏြမ္ရွီအာရဲ႕ အဝတ္အစားေတြက ေပ်ာ့ေပ်ာင္းၿပီး ႏူးညံ့ျဖဴစင္တဲ့ ပုံစံဘက္ကိုသြားတယ္။ သိမ္ေမြ႕တယ္။ ျဖဴစင္တယ္။ ႏူးညံ့တယ္။ ပန္းေလးနဲ႕တူတယ္။ မိန္းကေလးအရမ္းဆန္လြန္းၿပီး ေအးစက္လြန္းတယ္။
သူမနဲ႕အရမ္းမကြာျခားပါဘူး။ သူမကလဲ ဒီလိုပုံစံမ်ိဳးပါပဲ။ ဒါေပမယ့္ ႏြမ္ရွီအာထက္ေတာ့ သူမက ပိုၿပီးသြက္လက္တာေပါ့။


(ပုံေလးေတြကို crdေပးပါတယ္ သာသာရဲ႕ficပုံစံေလးနဲ႕ကိုက္လို႔ တင္လိုက္တာပါ)

မနက္ျဖန္အတြက္ သူမ ဘယ္လို သ႐ုပ္ေဆာင္ရမလဲေတာ့ စိုးရိမ္မိတယ္။ သူမအတြက္ မႀကဳံဖူး မလုပ္ဖူးတဲ့ အရာက စတင္လုပ္ရမွာမို႔ သူမအနည္းငယ္ေတာ့ စိတ္လႈပ္ရွားတယ္။ အနည္းငယ္စိတ္လႈပ္ရွားတယ္လို႔ေျပာရင္ လိမ္ရာက်တယ္။ တကယ္ေတာ့ သူမက အရမ္းစိတ္လႈပ္ရွားေနၿပီး ဇာတ္လိုက္ေတြနဲ႕ ေတြ႕ဆုံရမွာေၾကာက္ေနမိတယ္။ သူမရဲ႕ေၾကာက္စိတ္ေတြကို system ေလးမသိေအာင္ ဖုံးကြယ္လို႔ေနရတယ္။ မဟုတ္ပါက systemရဲ႕ အထင္ေသးမႈေတြသူမေပၚ က်ေရာက္မွာ မလိုလားပါဘူး။

System:'Host ေၾကာက္ေနတာလား'

'မေၾကာက္ပါဘူး ငါေလးက စြန့့္စားခန္းေတြလုပ္ဖို႔ မေစာင့္နိုင္လို႔ စိတ္လႈပ္ရွား႐ုံပါ'သူမရဲ႕ ေၾကာက္စိတ္ေတြကို ဖုံးကြယ္ရင္းနဲ႕ သူမရဲ႕ၾကည္လင္ေတာက္ပတဲ့ မ်က္ႏွာေပၚတြင္ ခံစားခ်က္ ဗလာနတၳိႏွင့္ တည္ၿငိမ္ဟန္ ေဆာင္လိုက္ကာ အန္အန္ကို ေခ်ပလိုက္တယ္။

System:'Host ေဘးမွာ အန္အန္ရွိတယ္ Host အန္အန္ကို အားကိုးလို႔ရပါတယ္။ Host အကူအညီလိုရင္ အန္အန္ ကူညီနိုင္ပါတယ္'system အန္အန္ေလး သူ႕hostရဲ႕ စိတ္ခံစားခ်က္ကို အာ႐ုံခံနိုင္၍ မုခ်ီအန္စိတ္သက္သာရာရရန္ ေျပာလိုက္တယ္။

'အန္အန္ နင္ေလးက ဘယ္လိုပုံလဲ ငါ့ကို ျပပါလား'သူမအေပၚ မိသားစုအျပင္ ေကာင္းေကာင္းဆက္ဆံတဲ့ လူက ဒီလို လူသားလို႔ေျပာလို႔မရတဲ့ system တစ္ခုျဖစ္မယ္ မထင္ထားပါဘူး။ အန္အန္ရဲ႕အေျပာေတြက သူမကို ဟက္ထိသြားေစတယ္။

System:'Host ကြၽန္ေတာ့္ကို မေလွာင္ပါဘူးလို႔ ကတိေပးပါ' System ေလးေျပာတဲ့စကားေၾကာင့္ သူမခန့္မွန္းမိတာက system ကေသခ်ာေပါက္ ႐ုပ္ဆိုးေနလို႔ပါပဲ။

သူမလဲ ကတိေပးလိုက္တယ္။ သူမက သူမ်ားအားနည္းခ်က္ကို ေလွာင္ရယ္တတ္တဲ့ လူတစ္ေယာက္မဟုတ္ပါဘူး။

ထို႔ေနာက္ မၾကာခင္မွာပဲ အျပာေရာင္အလင္းထဲကေန အျဖဴေရာင္ အေကာင္ေလးတစ္ေကာင္ထြက္လာခဲ့တယ္။ ထိုေကာင္ငယ္ေလးက
ယုန္လဲမဟုတ္။ ေၾကာင္ေပါက္ေလးလဲမဟုတ္။
ရွဥ့္ေလးလဲမဟုတ္။ ဟိုမေရာက္ ဒီမေရာက္ လက္တစ္ဖက္ထဲနဲ႕ ဆုပ္ကိုင္လို႔ရတဲ့ အေကာင္ေပါက္ေသးေသးေလး။ မ်က္ဆံနက္နက္ႀကီးႀကီးေလး
ႏွွင့္ ႏွာေခါင္းပိစိေလးနဲ႕ပါးစပ္ေလးက ယုန္ေပါက္ေလးနဲ႕တူေနသလို ေၾကာင္ေပါက္ေလးနဲ႕လဲ တူေနျပန္တယ္။ ႏွား႐ႊက္ေလးဟာလဲ ႀကီးၿပီး ေထာင္ေထာင္ေလးႏွင့္ အရမ္းကို ခ်စ္စရာေကာင္းလြန္းေနတယ္။ ထိုအေကာင္ေလးရဲ႕ အျမႇီးေလးေတြက အေမႊးပြဖြားဖြားေလးေတြနဲ႕ ရွဥ့္ေလးနဲ႕တူျပန္တယ္။ အျမႇီးေလးက တကယ္ကိုင္လို႔ေကာင္းမွာ က်ိန္းေသေပါက္ပဲ။

(Photo crdေပးပါတယ္ရွင့္)

အေကာင္ေပါက္ေလးက system လို႔ေတာ့ မေျပာနဲ႕ေနာ္!
ဒီအေကာင္ေလးက အရမ္းခ်စ္စရာေကာင္းလြန္းေနတယ္^-^

'အန္အန္ နင္လား?'
ခ်ီအန္ ထိုအေကာင္ေပါက္ျဖဴျဖဴေလးကို ၾကည့္ကာ မ်က္ဝန္းကို ေမွးက်ဥ္းၿပီး ေမးလိုက္တယ္။
ထို႔ေနာက္ ထြက္ေပၚလာတဲ့အသံဟာ အရင္လို system အသံနဲ႕ ကြဲျပားစြာပင္ ေသးငယ္ၿပီး ခ်စ္စရာေကာင္းလြန္းေနတယ္။

အန္အန္:'Host အန္အန္ပါ'မ်က္ဆန္နက္နက္ႀကီးႀကီးေလးနဲ႕ လူကိုအရည္ေပ်ာ္က်ေအာင္ၾကည့္ေနတဲ့ ထိုအေကာင္ေပါက္ေလးက System အန္အန္ဆိုပဲ။ မုခ်ီအန္ မေအာင့္နိုင္ေတာ့ပဲ ထိုအျဖဴေကာင္ေလးကို လက္ႏွစ္ဖက္နဲ႕ ေကာက္ကိုင္လိုက္ကာ 'အန္အန္ နင္ေလးက ခ်စ္စရာေကာင္းလြန္းေနတယ္' သူမထိုေကာင္ငယ္ေလးရဲ႕ အျမႇီးေလးကို ေျဖးညွင္းစြာပြတ္သပ္လိုက္တယ္။ တကယ္ပဲ ထိုအေကာင္ေလးရဲ႕အျမႇီးေလးက အေမႊးထူဖြားဖြားေလးျဖစ္ေနၿပီး ႏူးညံ့လို႔ေနတယ္။

သူ႕Hostရဲ႕အမူအယာေတြကို လိုက္လို႔ပင္ မမွီနိုင္တဲ့ system!?

တစ္ျခားHostေတြဆို အထင္ျမင္ေသးသြားၾကေပမယ့္ ဒီHostက အထင္မေသးတဲ့အျပင္ ေကာက္ယူပြတ္သပ္ရင္း ခ်စ္စရာေကာင္းတယ္ေျပာေနေပတယ္။

'အန္အန္ ဒီsystemထဲမွာ ငါ့လို Hostေတြအမ်ားႀကီးရွိမွာပဲ အဲ့က system ေလးေတြကေရာ နင္ေလးလိုပုံစံတူပဲလား'
သူမတကယ္သိခ်င္ပါတယ္။ တစ္ျခား system ေလးေတြလဲ အန္အန္နဲ႕ပုံစံတူလားဆိုတာကိုေပါ့။

အန္အန္:'မတူပါဘူး Host ပုံစံက တစ္မ်ိဳးစီပါ တစ္ခ်ိဳ႕က်ေတာ့ အန္အန္လိုမဟုတ္ပဲ အေကာင္ႀကီးၾကပါတယ္။'

ဒါျဖင့္ငါေလးက ခ်စ္စရာေကာင္းလို႔ ဒီလိုခ်စ္စရာေကာင္းတဲ့ system ေလးရတာေပါ့ အူဝါးးး သူေလးက ခ်စ္စရာေလး>_<

(Mediaကပုံေလးက တစ္ျခား system အေကာင္ပုံစံေလးေတြပါ သဲတို႔ တစ္ျခား system ေကာင္ေလးေတြ ျမင္ခ်င္ရင္ သာသာ ေနာက္အပိုင္းေတြမွာ ထည့္ေပးပါ့မယ္ အေကာင္ေလးေတြက သာသာရဲ႕ ေပါက္ကရစိတ္ကူးေတြနဲ႕ ထားတာမို႔
နားလည္ေပးၾကပါရွင့္)

...................

မနက္မွာေတာ့ မုခ်ီအန္ဟာ ႏြမ္ရွီအာအျဖစ္ mission ထမ္းေဆာင္ဖို႔ျပင္ဆင္လိုက္ပါေတာ့တယ္။
Aၿမိဳ႕ရဲ႕အေကာင္းဆုံးေက်ာင္းကို သြားဖို႔အတြက္ သူမဟာ ေက်ာင္းရဲ႕ နတ္ဘုရားမဘြဲ႕နဲ႕ အညီ ေတာက္ပေနဖို႔လိုအပ္တယ္။ ဇာတ္လိုက္မထက္ သူမဟာ သာေနဖို႔လိုအပ္တယ္။ လူဆိုးမႀကီးရဲ႕အရွိနိအဝါကိုလုယူဖို႔အတြက္ သူမေၾကာက္ေနမိတယ္။

ပြဲမစခင္ထဲက ယုံၾကည္မႈရွိေနရမယ္ ခ်ီအန္။
ၿပိဳင္ဘက္ကို ေၾကာက္ေနရင္ ငါေလး ျပန္ရွင္ခြင့္မရေတာ့ပဲေနမယ္

သူမဟာ ကိုယ့္ကိုကိုယ္ အားတင္းလိုက္ရင္း

ေက်ာင္းဝတ္စုံကို လွပေအာင္ဝတ္ဆင္လိုက္ၿပီး ခ်ယ္သစရာမလိုတဲ့ ေတာက္ပတဲ့မ်က္ႏွာေလးကို ေနေရာင္ျခည္ဒဏ္ကာကြယ္ရန္ creamတစ္မ်ိဳးသာ လိမ္းလိုက္ၿပီး မွန္ေရွ႕တြင္အခ်ိန္ခနၾကာ ရပ္ေနလိုက္ကာ မ်က္ဝန္းတို႔ကို ေခတၱခန မွိတ္လိုက္တယ္။

၅မိနစ္အၾကာ သူမရဲ႕ ေတာက္ပတဲ့ စိန္ျပာေရာင္ မ်က္ဝန္းတို႔ဟာ ေျဖးညွင္းစြာ ပြင့္လာၿပီး တစ္ျခားလူတစ္ေယာက္လို ႐ုတ္ခ်ည္း ေျပာင္းလဲသြားတယ္။ ေအးစက္မႈအျပင္ ယုံၾကည္မႈတို႔ပါ သူမရဲ႕ ေတာက္ပတဲ့ မ်က္ဝန္းထဲတြင္ အလြယ္တကူ ရွာေတြ႕နိုင္တယ္။

ဟုတ္ပါတယ္။ ခ်ီအန္ သူမကိုယ္သူမ ႏြမ္ရွီအာလို႔ ခံယူလိုက္တာပါ။ သူမဟာ ယခင္က ေပ်ာ့ညံ့တဲ့ ႏြမ္ရွီအာ မဟုတ္ေတာ့ပဲ။ ေတာက္ပလင္းလက္တဲ့ ၾကယ္ပြင့္ေလးတစ္ပြင့္ ျဖစ္သြားပါၿပီ။
သူမရဲ႕အထီးက်န္ဆန္တဲ့ အခန္းက်ယ္ထဲမွာ ထြက္လာခဲ့ၿပီးတဲ့ေနာက္ အခန္းတြင္းႏွင့္ အခန္းအျပင္ဟာ တစ္ျခားကမၻာေတြလို သက္သက္စီျဖစ္လို႔ေနတယ္။
သူမအမ်ားႀကီးမစဥ္းစားေတာ့ပဲ ခမ္းနားႀကီးက်ယ္တဲ့ အိမ္ႀကီးရဲ႕ေအာက္ထပ္သို႔ေရာက္ရွိရန္ ခမ္းနားတဲ့ ေလွကားႀကီးေပၚကေန ဆင်းလာတဲ့သူမဟာ အရွိန္အဝါတို႔ႏွင့္ျပည့္စုံေနတယ္။ ဘယ္သူမွ ႏွောက္ယွက္လို႔မရတဲ့ ခူးယူလို႔မရတဲ့ ဆူးေတြျပည့္ေနတဲ့ ႏွင္းဆီနီတစ္ပြင့္ျဖစ္လို႔ေနတယ္။

သာသာရဲ႕ ပုံေတြ အားလုံးကို crd ေပးပါတယ္။
System ပထမဆုံး ေရးဖူးတာမို႔ အမွားပါရင္
ခြင့္လႊတ္ေပးပါ။

Continue Reading

You'll Also Like

399K 82K 91
අග්නි.... නමට අග්නි...ඒ උනාට... මට දැනෙනවා වෙලාවකට මේ පපුවෙ සීතල.... අග්නි..... හිතුවෙ පිච්චෙන ගින්දර.... ඒත් ඇතුලෙ තිබුනෙම... උතුරන ආලය.... අග්නි...
47.1K 3.1K 51
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
108K 11.4K 57
"ខ្ញុំមិនចេះកើតទុក្ខនោះទេហើយខ្ញុំក៏មិនខ្វល់ដែរបើគាត់មិនស្រលាញ់ខ្ញុំខ្ញុំនឹងពង្វក់គាត់ដោយកែវភ្នែកដ៍ស្រស់ស្អាតនឹងភាពផ្អែមល្ហែមរបស់ខ្ញុំ"ថេហ្យុង ពួកគេកើ...
26.8K 6.2K 37
tk sinhala