ချန်းမင်ရဲ့ တမ်းချင်း [Myanma...

By Pure___Taro

50.2K 4.8K 162

ငါ့ကို အစားထိုးချင်တဲ့ မင်းရဲ့ဆန္ဒတွေ ပြည့်ပြည့်မြောက်မြောက် ပြည့်ဝသွားခဲ့ပြီ လွေ့ချီ...။ More

Synopsis
one
two
four
five
six
seven
eight
nine
ten
eleven
twelve
thirteen-end

three

2.7K 325 3
By Pure___Taro

Unicode :

လူတိုင်းက ပြောကြတယ်။ ငါတို့ရဲ့ လက်ထပ်ပွဲက ကြီးချယ်ခမ်းနားလိမ့်မယ်တဲ့။ မင်းရဲ့ မယ်တော်က အနာဂတ် ဘုရင်ရဲ့ မယ်တော်ကြီး ဖြစ်ချင်ခဲ့ပြီး ငါ့ရဲ့မယ်တော်က ဘုရင့် ယောက္ခမ အဖြစ်ကို လိုချင်ခဲ့တယ်။ အကြံတူတဲ့ သူမတို့ နှစ်ယောက် ပူးပေါင်းပြီး ဘာအကွက်ချလိုက်လဲတော့ ငါမသိပေမဲ့ နန်းတက်မင်းသား လွေ့ရုံကို အောင်မြင်စွာ နန်းချနိုင်ခဲ့တယ်။

လွေ့ရုံက သနားစရာ အကောင်းဆုံးပုံနဲ့ သေခဲ့ရတယ်။ နိုင်ငံတော် ပုန်ကန်မှုနဲ့ သံသယရှိသူမို့ လွေ့ရုံကို အငတ်ဘေးနဲ့ စီရင်ချက်ချခဲ့တယ်။ လွေ့ရုံ နောက်ဆုံးထိ ရေတစ်ခွက်ကိုပဲ အော်ဟစ် တောင်းဆိုနေတာကို ငါ့မျက်လုံးတွေနဲ့ မြင်ခဲ့ရတယ်။ ဒါပေမဲ့ နန်းတော် တစ်ခုလုံးကတော့ လွေ့ရုံကို ရေတစ်ပေါက် ပေးဖို့တောင် မဝံ့မရဲ ဖြစ်ခဲ့ကြတယ်။

နှစ်ပေါင်းများစွာ သူငယ်ချင်း သံယောဇဥ်နဲ့ သေးငယ်တဲ့ ရေတစ်ခွက်ကို ငါတိုက်ခွင့်ရခဲ့တယ်။ ငါ လွေ့ရုံကို  လှမ်းကြည့်မိတဲ့ အခိုက်အတန့် သူ့မှာ တောက်ပပြီး လင်းလဲ့နေတဲ့ မျက်လုံးလေးတွေ ရှိနေသေးဆဲ ဆိုတာကို ငါမြင်ခဲ့ရတယ်။ ငါပေးတဲ့ ရေကို မသောက်တော့ပဲ လွေ့ရုံက တိုးညှင်းတဲ့ အသံနဲ့ သူ့ရဲ့ နောက်ဆုံးစကားကို ငါ့အတွက် ထားခဲ့တယ်။

လွေ့ရုံရဲ့ ဘဝတစ်သက်တာအတွက် နောက်ဆုံး စကားက သူ ငါ့ကို ချစ်မြတ်နိုးကြောင်းနဲ့ ကောင်းကောင်း အသက်ရှင်သွားရန် မျှော်လင့်ကြောင်းကိုတော့ နန်းတော်ရဲ့ ဘယ် တစ်ဦးတစ်ယောက်ကမှ မသိလိုက်ပေ။

ရိုးရှင်းစွာပင် သူငါ့ကို ထိမ်းမြားချင်ကြောင်း ပြောခဲ့စဥ်က သူ့မယ်တော် ငြင်းခဲ့တာကို မအံ့သြမိတော့ပေ။ အနာဂတ် ဧကရာဇ်လောင်း အနေနဲ့ ထိုအချိန်က သူမသားကို အချစ်ဆိုသည့် အားနည်းချက်ကို မရှိစေခဲ့လိုခြင်းပေ။

သူ့ရဲ့ နောက်ဆုံးစကားလုံးတွေကို ပြောပြီးတာနဲ့ လွေ့ရုံက နှုတ်ခမ်းများ ပြုံးလျက်နဲ့ မျက်လုံးတွေ ပိတ်သွားတော့တယ်။ သူ သူ့ရဲ့ သေခြင်းကို လက်ခံလိုက်ခြင်းပေ။

ငါ ကျယ်လောင်စွာပဲ ငိုလိုက်မိတယ်။ အကျယ်ချုပ် ချထားခံရတဲ့ သူ့အခန်း လေးဖက် လေးတန်ကနေ ငါ့ငိုသံတွေ ပြန်ပြီး ပဲ့တင်ထပ်နေခဲ့တယ်။

လွေ့ရုံ မင်းက ငါ့ကို မြတ်နိုးခဲ့ပေမဲ့ မင်းနဲ့ မင်းရဲ့ မယ်တော် အဆုံးသတ်က ငါ့ယောက္ခမတော်နဲ့ ငါ့မယ်တော်ရဲ့ အကောက်ကြံမှုဆိုတာ မင်း သိမှ သိသွားရဲ့လား။

ဒါမှမဟုတ် မင်း သိလျက်နဲ့ပဲ ငါ့အတွက်ကြောင့် ခွင့်လွှတ်နိုင်သွားတာလား?

ဒါက ငါ သေခြင်းတရားနဲ့ မျက်နှာချင်းဆိုင် ကြုံရတဲ့ ပထမဆုံး အခိုက်အတန့်ပဲ။ ငါ လှုပ်ရှားမှု မရှိတော့တဲ့ လွေ့ရုံရဲ့ ခန္ဓာကိုယ်ကို ကြည့်ရင်း ငိုနေမိခဲ့တယ်။

ပြီးတော့ အဲ့နေ့က မင်းငါ့ကို ပထမဆုံးအနေနဲ့ မင်းရဲ့ လက်မောင်းကြားထဲမှာ ပွေ့ဖက်ထားခဲ့တဲ့နေ့ပဲ။

အချိန်အကြာကြီး မင်း စကားတစ်လုံးမှ ဝင်မပြောခဲ့ဘူး။ မင်းတို့ နှစ်ယောက်က ဘယ်တုန်းကမှ မရင်းနှီးခဲ့ဘူး ဆိုပေမဲ့ သူက မင်းရဲ့ အစ်ကို တစ်ယောက်ပဲလေ။ နန်းတက်မင်းသားက ဘာအမှားမှ မလုပ်ထားတဲ့ လူကောင်းမို့ ကောင်းကင်ဘုံကို သေချာပေါက် ရောက်သွားမှာပါလို့ မင်း အဲ့တုန်းက တီးတိုးပြောခဲ့သေးတယ်။

သူ့ဘဝမှာ ပြုလုပ်ခဲ့တဲ့ တစ်ခုထဲသော အမှားက ကြင်နာပြီး ပရိယာယ် ကင်းမဲ့ခဲ့ရုံပဲ။

အဲ့ဒီနေ့က ငါတို့နှစ်ယောက် သစ်ပင်အိုကြီး တစ်ပင်ရှေ့မှာ ထိုင်ရင်း လကို ရှုစားခဲ့ကြတယ်။ ငါတို့နှစ်ယောက်လုံး အေးစက်တဲ့ နန်းတော်ကို ပြန်ဖို့ ဆန္ဒမရှိခဲ့ကြဘူး။

မင်း ပြောခဲ့သေးတယ်။ အကယ်၍ မင်းသာ အင်ပါယာ မိသားစုမှာ မမွေးဖွားခဲ့ရင် ဘဝက ဒီထက် ရိုးရှင်း နေမှာဆိုပြီး။ နေ့တစ်နေ့ရဲ့ ပထမဆုံး ထွက်တဲ့ နေနဲ့ နေ့တစ်နေ့ အဆုံးမှာ ပြန်ဝင်သွားတဲ့ နေကိုကြည့်ပြီး အာဏာအတွက် တိုက်ခိုက်စရာ မလိုတဲ့ ဘဝမှာ နေချင်ခဲ့တယ်လို့ မင်းပြောခဲ့တယ်။

အရာအားလုံးက တိတ်ဆိတ်ပြီး ငြိမ်းချမ်းနေမဲ့ ဘဝပဲ။

ငါတို့ အဲ့ဒီနေရာမှာ ညသန်းခေါင်ကျော်လို့ နောက်တစ်နေ့ ရောက်တဲ့အချိန် နန်းတော်က အစေခံတွေ ငါတို့ကို ရှာတွေ့တဲ့အထိ ထိုင်နေခဲ့ကြတယ်။

နောက်ထပ် လပိုင်းအတွင်းမှာပဲ မင်းက နန်းတက်မင်းသားနေရာကို ဆက်ခံခွင့် ရပြီး ငါ့ကို လက်ထပ်ခဲ့တယ်။ ငါတို့နှစ်ယောက် လက်ထပ် ထိမ်းမြားတဲ့နေ့မှာ သောင်းချီတဲ့ လမ်းသွယ်တွေမှာ ရှိတဲ့ ပြည်သူတွေက ငါတို့နှစ်ယောက်အတွက် ကောင်းချီး ပေးနေခဲ့ကြတယ်။

ငါ နန်းတက် မင်းသမီးရဲ့ ပလ္လင်မှာ ထိုင်ခွင့်ရတဲ့ ညမှာပဲ ငါရှည်ကြာပြီး လှပတဲ့ အိမ်မက် မက်ခဲ့တယ်။ အိမ်မက်ထဲမှာ ငါက ဧကရီ ဝတ်စုံနဲ့ အိုမင်းနေခဲ့ပြီး မင်းကလည်း ဧကရာဇ် အဝတ်အစားနဲ့ပဲ ငါ့ရဲ့လက်ကို ကိုင်ဆွဲထားခဲ့တယ်။ မျက်နှာမှာ အရေးကြောင်းတွေနဲ့ မင်းက ငါ့ကို ပြုံးပြပြီး ခေါ်လာခဲ့တယ်။

အားကျောင်း~အားကျောင်း~

ငါ နိုးလာတဲ့ အချိန်မှာ မင်းက အိပ်ရာဘေးမှာ ရပ်နေခဲ့ပြီး ညင်သာတဲ့ မျက်လုံးတွေနဲ့ ငါ့ကို ကြည့်နေခဲ့ပြီး ချိုမြစွာ ငါ့ကို ပြုံးပြနေခဲ့တယ်။

အားကျောင်း အခုကစပြီး မင်းက ငါ့ရဲ့ တစ်ဦးတည်းသော ဇနီးပဲတဲ့။

မင်းက ငါ့ကို ချန်းမင် နနန်းဆောင်ဆီကို ခေါ်သွားခဲ့တယ်။

ငါရဲ့ မြင်ကွင်းထဲမှာ နေရောင်အောက်မှာ တောက်နေတဲ့ ရွှေရောင် တလက်လက်နဲ့ နန်းဆောင်က ဆီးကြိုနေခဲ့တယ်။ မင်းက ငါ့လက်ကို ဆွဲရင်း ငါ့အတွက် မင်းပေးထားတဲ့ ကတိကို တည်ပေးခဲ့ပြီလို့ မင်းက ငါ့ကို ပြောခဲ့တယ်။

ငါ့အတွက် ကိုယ်ပိုင် နန်းဆောင်ကို မင်းဆောက်လို့ ပြီးသွားခဲ့ပြီတဲ့။

သတိပေးချက် မရှိပဲ ငါ့ရဲ့ မျက်ရည်တွေက တရစပ် ကျဆင်းလာခဲ့တယ်။ သာမညောင်ည ညစာစားပွဲ တစ်ခုမှာ မင်းပြောခဲ့တဲ့ ကတိကို မင်းမှတ်မိနေခဲ့တာပဲ။

ငါ မင်းကို မေးခဲ့မိတယ်~ ဘာလို့ မှတ်မိနေခဲ့တာလဲပေါ့။

မင်း ပြန်ဖြေခဲ့တာက ငါ့အတွက် မင်းပေးခဲ့တဲ့ ကတိတွေ အကုန်လုံးကို မင်းမှတ်မိတယ်တဲ့။ ပြီးတော့ ဘယ်တော့မှ မေ့သွားမှာလည်း မဟုတ်ဘူးလို့ မင်း ပြောခဲ့တယ်။

ငါက မင်း လွေ့ချီအနေနဲ့ ဘဝတစ်ခုလုံးစာ ချစ်သွားမဲ့ အမျိုးသမီးပဲလို့ မင်းပြောခဲ့တယ်။

ဒါက ငါတစ်ယောက်ထဲကပဲ မင်းရဲ့ ကြင်ရာတော် ဖြစ်ပြီး အနာဂတ်မှာ ငါက ဟန်အင်ပါယာရဲ့ တစ်ဦးတည်းသော ဧကရီ၊ မင်း တစ်ဘဝလုံး ချစ်သွားမဲ့ အမျိုးသမီးလို့ မင်း သေချာပေါက် ပြောခဲ့တယ်။

မင်း ငါ့ကို ပေးခဲ့တဲ့ ကတိတွေက ကြင်နာခြင်းတွေ အပြည့်ပဲ တစ်ချိန်ထဲမှာလဲ အကြင်နာတရား အခေါင်းပါးဆုံးပဲ။

ပထမဆုံးအနေနဲ့ ငါအဲ့ကတိတွေကို ထာဝရ တည်မြဲသွားမယ်လို့ ငါမမျှော်လင့်ခဲ့သင့်ဘူး။ ငါတို့ အမျိုးသမီးတွေက သေးငယ်တဲ့ အတွေးသေးသေးလေး တစ်ခုဆိုရင်တောင် တစ်ဘဝလုံးစာအတွက် သိမ်းဆည်း သွားတတ်ကြတယ်။

မင်းအတွက်ကတော့ အမှတ်တမဲ့ ပေးတဲ့ ကတိစကားတွေ ၊ အလွယ်တကူ ပြောထွက်နိုင်ခဲ့တဲ့ အလိမ်အညာတွေ ဆိုပေမဲ့ ငါ့အတွက်ကတော့ တစ်ဘဝလုံးစာ သယ်ပိုးသွားရတဲ့ ကျိန်စာတွေပဲ။

အဲ့ဒီနေ့တွေတုန်းက ငါတို့ရဲ့ ချစ်ခြင်း ဒဏ္ဍါရီတွေက တိုင်းပြည်အနှံ့ ပြန့်နေခဲ့ပြီး အင်ပါယာ အတွင်းမှ ဘယ်အမျိူးသမီးကမှ သူမကို မယှဥ်ပြိုင် နိုင်ခဲ့ဘူး။

မင်းရဲ့ အချစ်တွေ အကုန်လုံးက ငါတစ်ယောက်ထဲ အတွက်လို့ ငါအထင်မှားခဲ့မိတယ်။

မင်း ထီးနန်းဆက်ခံတော့ ငါက အင်ပါယာရဲ့ ဧကရီ ဖြစ်လာခဲ့တယ်။

အရာအားလုံးက အကောင်းအတိုင်းပင် ဆက်သွားနေခဲ့သည်။

မင်း ပလ္လင်ကို ဆက်ခံနိုင်ဖို့ ပံ့ပိုးပေးခဲ့တဲ့ လူတွေထဲက တစ်ယောက် ဖြစ်တဲ့ ငါ့မယ်တော်က သူမရဲ့ လုပ်ဆောင်ချက်တွေအတွက် အကျိုးအမြတ်ဆု ရလိုခဲ့တယ်။

သူမက မာနကြီးတယ် ပြီးတော့ အဲ့တိုင်းပဲ ပျိုးထောင်ခံခဲ့ရတယ်။ ငါ့မယ်တော်က ဘယ်သူမှ သူ့ကို မယှဥ်ပြိုင်နိုင်ဘူးလို့ အထင်မှား သွေးနားထင် ရောက်ခဲ့တယ်။

မင်းက ငါ့အပေါ် ကောင်းကောင်း ဆက်ဆံပေးတာကို အခွင့်ကောင်းယူပြီး သူမက မင်းကို ထီးနန်းရအောင် စွမ်းဆောင် ပေးနိုင်ခဲ့သလို မင်းကို ထီးနန်းကနေလည်း အချိန်မရွေး ချနိုင်ကြောင်း ခြိမ်းခြောက်စကားတွေနဲ့ အာဏာ ရယူလိုခဲ့တယ်။

ငါ့မယ်တော် မသိခဲ့တာက မင်းဘဝမှာ အမုန်းဆုံး အရာက ခြိမ်းခြောက်ခံရတာကိုပဲ ဆိုတာ။

ဒီအကြောင်းအရာက မင်းငါ့ဆီကနေ ဖယ်ခွါသွားစေတဲ့ လမ်းတစ်ခုရဲ့ အစပဲ။

.............................................

Zawgyi

လူတိုင္းက ေျပာၾကတယ္။ ငါတို႔ရဲ့ လက္ထပ္ပြဲက ႀကီးခ်ယ္ခမ္းနားလိမ့္မယ္တဲ့။ မင္းရဲ့ မယ္ေတာ္က အနာဂတ္ ဘုရင္ရဲ့ မယ္ေတာ္ႀကီး ျဖစ္ခ်င္ခဲ့ၿပီး ငါ့ရဲ့မယ္ေတာ္က ဘုရင့္ ေယာကၡမ အျဖစ္ကို လိုခ်င္ခဲ့တယ္။ အႀကံတူတဲ့ သူမတို႔ ႏွစ္ေယာက္ ပူးေပါင္းၿပီး ဘာအကြက္ခ်လိုက္လဲေတာ့ ငါမသိေပမဲ့ နန္းတက္မင္းသား ေလြ့ရံုကို ေအာင္ျမင္စြာ နန္းခ်ႏိုင္ခဲ့တယ္။

ေလြ့ရံုက သနားစရာ အေကာင္းဆံုးပံုနဲ႔ ေသခဲ့ရတယ္။ ႏိုင္ငံေတာ္ ပုန္ကန္မႈနဲ႔ သံသယရိွသူမို႔ ေလြ့ရံုကို အငတ္ေဘးနဲ႔ စီရင္ခ်က္ခ်ခဲ့တယ္။ ေလြ့ရံု ေနာက္ဆံုးထိ ေရတစ္ခြက္ကိုပဲ ေအာ္ဟစ္ ေတာင္းဆိုေနတာကို ငါ့မ်က္လံုးေတြနဲ႔ ျမင္ခဲ့ရတယ္။ ဒါေပမဲ့ နန္းေတာ္ တစ္ခုလံုးကေတာ့ ေလြ့ရံုကို ေရတစ္ေပါက္ ေပးဖို႔ေတာင္ မဝံ့မရဲ ျဖစ္ခဲ့ၾကတယ္။

ႏွစ္ေပါင္းမ်ားစြာ သူငယ္ခ်င္း သံေယာဇဥ္နဲ႔ ေသးငယ္တဲ့ ေရတစ္ခြက္ကို ငါတိုက္ခြင့္ရခဲ့တယ္။ ငါ ေလြ့ရံုကို  လွမ္းၾကည့္မိတဲ့ အခိုက္အတန္႔ သူ႔မွာ ေတာက္ပၿပီး လင္းလဲ့ေနတဲ့ မ်က္လံုးေလးေတြ ရိွေနေသးဆဲ ဆိုတာကို ငါျမင္ခဲ့ရတယ္။ ငါေပးတဲ့ ေရကို မေသာက္ေတာ့ပဲ ေလြ့ရံုက တိုးၫွင္းတဲ့ အသံနဲ႔ သူ႔ရဲ့ ေနာက္ဆံုးစကားကို ငါ့အတြက္ ထားခဲ့တယ္။

ေလြ့ရံုရဲ့ ဘဝတစ္သက္တာအတြက္ ေနာက္ဆံုး စကားက သူ ငါ့ကို ခ်စ္ျမတ္ႏိုးေၾကာင္းနဲ႔ ေကာင္းေကာင္း အသက္ရွင္သြားရန္ ေမ်ွာ္လင့္ေၾကာင္းကိုေတာ့ နန္းေတာ္ရဲ့ ဘယ္ တစ္ၪီးတစ္ေယာက္ကမွ မသိလိုက္ေပ။

ရိုးရွင္းစြာပင္ သူငါ့ကို ထိမ္းျမားခ်င္ေၾကာင္း ေျပာခဲ့စဥ္က သူ႔မယ္ေတာ္ ျငင္းခဲ့တာကို မအံ့ၾသမိေတာ့ေပ။ အနာဂတ္ ဧကရာဇ္ေလာင္း အေနနဲ႔ ထိုအခ်ိန္က သူမသားကို အခ်စ္ဆိုသည့္ အားနည္းခ်က္ကို မရိွေစခဲ့လိုျခင္းေပ။

သူ႔ရဲ့ ေနာက္ဆံုးစကားလံုးေတြကို ေျပာၿပီးတာနဲ႔ ေလြ့ရံုက ႏႈတ္ခမ္းမ်ား ၿပံဳးလ်က္နဲ႔ မ်က္လံုးေတြ ပိတ္သြားေတာ့တယ္။ သူ သူ႔ရဲ့ ေသျခင္းကို လက္ခံလိုက္ျခင္းေပ။

ငါ က်ယ္ေလာင္စြာပဲ ငိုလိုက္မိတယ္။ အက်ယ္ခ်ဳပ္ ခ်ထားခံရတဲ့ သူ႔အခန္း ေလးဖက္ ေလးတန္ကေန ငါ့ငိုသံေတြ ျပန္ၿပီး ပဲ့တင္ထပ္ေနခဲ့တယ္။

ေလြ့ရံု မင္းက ငါ့ကို ျမတ္ႏိုးခဲ့ေပမဲ့ မင္းနဲ႔ မင္းရဲ့ မယ္ေတာ္ အဆံုးသတ္က ငါ့ေယာကၡမေတာ္နဲ႔ ငါ့မယ္ေတာ္ရဲ့ အေကာက္ႀကံမႈဆိုတာ မင္း သိမွ သိသြားရဲ့လား။

ဒါမွမဟုတ္ မင္း သိလ်က္နဲ႔ပဲ ငါ့အတြက္ေၾကာင့္ ခြင့္လႊတ္ႏိုင္သြားတာလား?

ဒါက ငါ ေသျခင္းတရားနဲ႔ မ်က္ႏွာခ်င္းဆိုင္ ႀကံဳရတဲ့ ပထမဆံုး အခိုက္အတန္႔ပဲ။ ငါ လႈပ္ရွားမႈ မရိွေတာ့တဲ့ ေလြ့ရံုရဲ့ ခႏၶာကိုယ္ကို ၾကည့္ရင္း ငိုေနမိခဲ့တယ္။

ၿပီးေတာ့ အဲ့ေန့က မင္းငါ့ကို ပထမဆံုးအေနနဲ႔ မင္းရဲ့ လက္ေမာင္းၾကားထဲမွာ ေပြ့ဖက္ထားခဲ့တဲ့ေန့ပဲ။

အခ်ိန္အၾကာႀကီး မင္း စကားတစ္လံုးမွ ဝင္မေျပာခဲ့ဘူး။ မင္းတို႔ ႏွစ္ေယာက္က ဘယ္တုန္းကမွ မရင္းႏွီးခဲ့ဘူး ဆိုေပမဲ့ သူက မင္းရဲ့ အစ္ကို တစ္ေယာက္ပဲေလ။ နန္းတက္မင္းသားက ဘာအမွားမွ မလုပ္ထားတဲ့ လူေကာင္းမို႔ ေကာင္းကင္ဘံုကို ေသခ်ာေပါက္ ေရာက္သြားမွာပါလို႔ မင္း အဲ့တုန္းက တီးတိုးေျပာခဲ့ေသးတယ္။

သူ႔ဘဝမွာ ျပလုပ္ခဲ့တဲ့ တစ္ခုထဲေသာ အမွားက ၾကင္နာၿပီး ပရိယာယ္ ကင္းမဲ့ခဲ့ရံုပဲ။

အဲ့ဒီေန့က ငါတို႔ႏွစ္ေယာက္ သစ္ပင္အိုႀကီး တစ္ပင္ေရ႔ွမွာ ထိုင္ရင္း လကို ရႈစားခဲ့ၾကတယ္။ ငါတို႔ႏွစ္ေယာက္လံုး ေအးစက္တဲ့ နန္းေတာ္ကို ျပန္ဖို႔ ဆႏၵမရိွခဲ့ၾကဘူး။

မင္း ေျပာခဲ့ေသးတယ္။ အကယ္၍ မင္းသာ အင္ပါယာ မိသားစုမွာ မေမြးဖြားခဲ့ရင္ ဘဝက ဒီထက္ ရိုးရွင္း ေနမွာဆိုၿပီး။ ေန့တစ္ေန့ရဲ့ ပထမဆံုး ထြက္တဲ့ ေနနဲ႔ ေန့တစ္ေန့ အဆံုးမွာ ျပန္ဝင္သြားတဲ့ ေနကိုၾကည့္ၿပီး အာဏာအတြက္ တိုက္ခိုက္စရာ မလိုတဲ့ ဘဝမွာ ေနခ်င္ခဲ့တယ္လို႔ မင္းေျပာခဲ့တယ္။

အရာအားလံုးက တိတ္ဆိတ္ၿပီး ၿငိမ္းခ်မ္းေနမဲ့ ဘဝပဲ။

ငါတို႔ အဲ့ဒီေနရာမွာ ညသန္းေခါင္ေက်ာ္လို႔ ေနာက္တစ္ေန့ ေရာက္တဲ့အခ်ိန္ နန္းေတာ္က အေစခံေတြ ငါတို႔ကို ရွာေတြ့တဲ့အထိ ထိုင္ေနခဲ့ၾကတယ္။

ေနာက္ထပ္ လပိုင္းအတြင္းမွာပဲ မင္းက နန္းတက္မင္းသားေနရာကို ဆက္ခံခြင့္ ရၿပီး ငါ့ကို လက္ထပ္ခဲ့တယ္။ ငါတို႔ႏွစ္ေယာက္ လက္ထပ္ ထိမ္းျမားတဲ့ေန့မွာ ေသာင္းခ်ီတဲ့ လမ္းသြယ္ေတြမွာ ရိွတဲ့ ျပည္သူေတြက ငါတို႔ႏွစ္ေယာက္အတြက္ ေကာင္းခ်ီး ေပးေနခဲ့ၾကတယ္။

ငါ နန္းတက္ မင္းသမီးရဲ့ ပလႅင္မွာ ထိုင္ခြင့္ရတဲ့ ညမွာပဲ ငါရွည္ၾကာၿပီး လွပတဲ့ အိမ္မက္ မက္ခဲ့တယ္။ အိမ္မက္ထဲမွာ ငါက ဧကရီ ဝတ္စံုနဲ႔ အိုမင္းေနခဲ့ၿပီး မင္းကလည္း ဧကရာဇ္ အဝတ္အစားနဲ႔ပဲ ငါ့ရဲ့လက္ကို ကိုင္ဆြဲထားခဲ့တယ္။ မ်က္ႏွာမွာ အေရးေၾကာင္းေတြနဲ႔ မင္းက ငါ့ကို ၿပံဳးျပၿပီး ေခၚလာခဲ့တယ္။

အားေက်ာင္း~အားေက်ာင္း~

ငါ ႏိုးလာတဲ့ အခ်ိန္မွာ မင္းက အိပ္ရာေဘးမွာ ရပ္ေနခဲ့ၿပီး ညင္သာတဲ့ မ်က္လံုးေတြနဲ႔ ငါ့ကို ၾကည့္ေနခဲ့ၿပီး ခ်ိဳျမစြာ ငါ့ကို ၿပံဳးျပေနခဲ့တယ္။

အားေက်ာင္း အခုကစၿပီး မင္းက ငါ့ရဲ့ တစ္ၪီးတည္းေသာ ဇနီးပဲတဲ့။

မင္းက ငါ့ကို ခ်န္းမင္ နနန္းေဆာင္ဆီကို ေခၚသြားခဲ့တယ္။

ငါရဲ့ ျမင္ကြင္းထဲမွာ ေနေရာင္ေအာက္မွာ ေတာက္ေနတဲ့ ေရႊေရာင္ တလက္လက္နဲ႔ နန္းေဆာင္က ဆီးႀကိဳေနခဲ့တယ္။ မင္းက ငါ့လက္ကို ဆြဲရင္း ငါ့အတြက္ မင္းေပးထားတဲ့ ကတိကို တည္ေပးခဲ့ၿပီလို႔ မင္းက ငါ့ကို ေျပာခဲ့တဟ္။

ငါ့အတြက္ ကိုယ္ပိုင္ နန္းေဆာင္ကို မင္းေဆာက္လို႔ ၿပီးသြားခဲ့ၿပီတဲ့။

သတိေပးခ်က္ မရိွပဲ ငါ့ရဲ့ မ်က္ရည္ေတြက တရစပ္ က်ဆင္းလာခဲ့တယ္။ သာမေညာင္ည ညစာစားပြဲ တစ္ထုမွာ မင္းေပကာခဲ့တဲ့ ကတိကို မင္းမွတ္မိေနခဲ့တာပဲ။

ငါ မင္းကို ေမးခဲ့မိတယ္~ ဘာလို႔ မွတ္မိေနခဲ့တာလဲေပါ့။

မင္း ျပန္ေျဖခဲ့တာက ငါ့အတြက္ မင္းေပးခဲ့တဲ့ ကတိေတြ အကုန္လံုးကို မင္းမွတ္မိတယ္တဲ့။ ၿပီးေတာ့ ဘယ္ေတာ့မွ ေမ့သြားမွာလည္း မဟုတ္ဘူးလို႔ မင္း ေျပာခဲ့တယ္။

ငါက မင္း ေလြ့ခ်ီအေနနဲ႔ ဘဝတစ္ခုလံုးစာ ခ်စ္သြားမဲ့ အမ်ိဳးသမီးပဲလို႔ မင္းေျပာခဲ့တယ္။

ဒါက ငါတစ္ေယာက္ထဲကပဲ မင္းရဲ့ ၾကင္ရာေတာ္ ျဖစ္ၿပီး အနာဂတ္မွာ ငါက ဟန္အင္ပါယာရဲ့ တစ္ၪီးတည္းေသာ ဧကရီ၊ မင္း တစ္ဘဝလံုး ခ်စ္သြားမဲ့ အမ်ိဳးသမီးေတာက္လို႔ မင္း ေသခ်ာေပါက္ ေျပာခဲ့တယ္။

မင္း ငါ့ကို ေပးခဲ့တဲ့ ကတိေတြက ၾကင္နာျခင္းေတြ အျပည့္ပဲ တစ္ခ်ိန္ထဲမွာလဲ အၾကင္နာတရား အေခါင္းပါးဆံုးပဲ။

ပထမဆံုးအေနနဲ႔ ငါအဲ့ကတိေတြကို ထာဝရ တည္ၿမဲသြားမယ္လို႔ ငါမေမ်ွာ္လင့္ခဲ့သင့္ဘူး။ ငါတို႔ အမ်ိဳးသမီးေတြက ေသးငယ္တဲ့ အေတြးေသးေသးေလး တစ္ခုဆိုရင္ေတာင္ တစ္ဘဝလံုးစာအတြက္ သိမ္းဆည္း သြားတတ္ၾကတယ္။

မင္းအတြက္ကေတာ့ အမွတ္တမဲ့ ေပးတဲ့ ကတိစကားေတြ ၊ အလြယ္တကူ ေျပာထြက္ႏိုင္ခဲ့တဲ့ အလိမ္အညာေတြ ဆိုေပမဲ့ ငါ့အတြက္ကေတာ့ တစ္ဘဝလံုးစာ သယ္ပိုးသြားရတဲ့ က်ိန္စာေတြပဲ။

အဲ့ဒီေန့ေတြတုန္းက ငါတို႔ရဲ့ ခ်စ္ျခင္း ဒ႑ါရီေတြက တိုင္းျပည္အႏွံ႔ ျပန္႔ေနခဲ့ၿပီး အင္ပါယာ အတြင္းမွ ဘယ္အမ်ိူးသမီးကမွ သူမကို မယွဥ္ၿပိဳင္ ႏိုင္ခဲ့ဘူး။

မင္းရဲ့ အခ်စ္ေတြ အကုန္လံုးက ငါတစ္ေယာက္ထဲ အတြက္လို႔ ငါအထင္မွားခဲ့မိတယ္။

မင္း ထီးနန္းဆက္ခံေတာ့ ငါက အင္ပါယာရဲ့ ဧကရီ ျဖစ္လာခဲ့တယ္။

အရာအားလံုးက အေကာင္းအတိုင္းပင္ ဆက္သြားေနခဲ့သည္။

မင္း ပလႅင္ကို ဆက္ခံႏိုင္ဖို႔ ပံ့ပိုးေပးခဲ့တဲ့ လူေတြထဲက တစ္ေယာက္ ျဖစ္တဲ့ ငါ့မယ္ေတာ္က သူမရဲ့ လုပ္ေဆာင္ခ်က္ေတြအတြက္ အက်ိဳးအျမတ္ဆု ရလိုခဲ့တယ္။

သူမက မာနႀကီးတယ္ ၿပီးေတာ့ အဲ့တိုင္းပဲ ပ်ိဳးေထာင္ခံခဲ့ရတယ္။ ငါ့မယ္ေတာ္က ဘယ္သူမွ သူ႔ကို မယွဥ္ၿပိဳင္ႏိုင္ဘူးလို႔ အထင္မွား ေသြးနားထင္ ေရာက္ခဲ့တယ္။

မင္းက ငါ့အေပၚ ေကာင္းေကာင္း ဆက္ဆံေပးတာကို အခြင့္ေကာင္းယူၿပီး သူမက မင္းကို ထီးနန္းရေအာင္ စြမ္းေဆာင္ ေပးႏိုင္ခဲ့သလို မင္းကို ထီးနန္းကေနလည္း အခ်ိန္မေရြး ခ်ႏိုင္ေၾကာင္း ၿခိမ္းေျခာက္စကားေတြနဲ႔ အာဏာ ရယူလိုခဲ့တယ္။

ငါ့မယ္ေတာ္ မသိခဲ့တာက မင္းဘဝမွာ အမုန္းဆံုး အရာက ၿခိမ္းေျခာက္ခံရတာကိုပဲ ဆိုတာ။

ဒီအေၾကာင္းအရာက မင္းငါ့ဆီကေန ဖယ္ခြါသြားေစတဲ့ လမ္းတစ္ခုရဲ့ အစပဲ။

.............................................

Continue Reading

You'll Also Like

1.9K 184 27
ကာဇဲအင်းဆိုတဲ့ ကောင်လေးတစ်ယောက် လကြတ်တဲ့ညမှာ လိပ်ပြာလွှင့်ရင်း အပြိုင်ကမ္ဘာတစ်ခုကို ရောက်ရှိသွားခဲ့တယ်။ အဲဒီကမ္ဘာကြီးက ကျွန်တော်တို့ကမ္ဘာကြီးနဲ့တူပေမ...
796K 78K 200
ချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု​၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို​...
135K 11.4K 69
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...