six

2K 294 3
                                    

Unicode

သိပ်မကြာခင် အချိန်မှာပဲ မင်းက အလွန်တရာကို ကျေနပ်နေတဲ့ လေသံနဲ့ ဝေ့ကျီဖုကို ကြင်ယာတော် အမည်ပေးတော့မယ်လို့ ပြောခဲ့တယ်။ မင်းရဲ့ အသံတွေထဲမှာ ခိုင်မာခြင်းတွေ ပါနေခဲ့တယ်။

အဲ့ဒီ အခိုက်အတန့်တုန်းက ငါ့ရဲ့ နှလုံးသားထဲမှာ မမျှတမှုတွေနဲ့ သွေးရှင်ရှင် ထွက်နေခဲ့တယ်။ မင်း ငါ့ကို ထိမ်းမြားတုန်းကတောင် မရှိခဲ့တဲ့ မင်းရဲ့ လေးနက်ခြင်းတွေကို ငါပထမဆုံး မြင်လိုက်တယ်လို့ ခံစားမိတဲ့အချိန်ပဲ။ ငါ မင်းကို အော်ပြောနေခဲ့တယ်။

သူမက နိမ့်ကျတဲ့ အခြေခံလူတန်းစား၊ မင်းကို မြူစွယ်ဖို့ တစ်ခုထဲနဲ့ အောက်ခြေကနေ တက်လာပြီး မာယာအပြည့်နဲ့ မိန်းမတစ်ယောက်လို့ ငါ ပြောခဲ့တယ်။ မင်း ကြင်ရာတော် လိုချင်တယ်ဆို အင်အားအပြည့် နောက်ခံနဲ့ မင်းသမီးတစ်ပါး၊ ဒါမှမဟုတ် မှူးကြီးမတ်ရာရဲ့ သမီးတစ်ယောက်ယောက်သာ အဲ့ဒီနေရာမှာဆို ငါအဲ့လို ဖြစ်ချင်မှ ဖြစ်ခဲ့လိမ့်မယ်။ ဒါက ဘယ်သူနဲ့ ဘယ်လို ဖြစ်ခဲ့မှန်းတောင် မသိတဲ့ အကအဆိုသမား တစ်ယောက်တဲ့လား။

မင်းက သူမကို မချစ်​ကြောင်း သူမရဲ့ ငယ်ရွယ်တဲ့ ဆွဲဆောင်မှုတွေ အောက်မှာ မြှုပ်နေကြောင်း ငါမင်းကို ပြောခဲ့တယ်။ အဲ့ဒီ အကမျိုး ငါလည်း ကနိုင်တယ်။ မင်း မြင်ချင်သလား?

ငါတို့ နန်းတက် မင်းသား ၊ နန်းတက်မင်းသမီး မဖြစ်ခင် အချိန်ထဲကနေ အခုထိ မင်းရဲ့ မျက်နှာ ခက်ထန်နေတာကို ငါတစ်ခါမှ မတွေ့ခဲ့ဖူးဘူး။  ငါက စိတ်ပျက်စရာ အရမ်းကောင်းနေပြီလို့ မင်းက ငါ့ကို ပြောခဲ့တယ်။ ကျဥ်းမြောင်းတဲ့ နှလုံးသားနဲ့ ငါက ဧကရီနေရာနဲ့ မထိုက်တန်ကြောင်း မင်းငါ့ကို ပြောခဲ့တယ်။

မင်း ထွက်သွားဖို့ ပြင်တဲ့အချိန် ငါမင်းကို အနောက်ကနေ ဖက်တွယ်ထားခဲ့မိတယ်။ ငါ မင်းအတွက် ကပေးနိုင်ပါတယ်။ မင်း မြင်ချင်ရဲ့လား?

ဒါပေမဲ့ မင်းက ငါ့လက်တွေကို ဖြုတ်ချ ပြီး ထွက်သွားခဲ့တယ်။

ဒါက မင်းအတွက် ငါ့ရဲ့ မာနနဲ့ ဂုဏ်တွေကို ချိုးနှိမ်ပြီး စဦးညွှတ်လိုက်ခြင်းပဲ။ ငါက တော်ဝင် မင်းသမီး တစ်ပါး။ မင်းနဲ့ လက်မထပ်ခဲ့ရင်တောင် တော်ဝင်အဆင့်အတန်းက ဧကရာဇ်ရဲ့ ဝမ်းကွဲအစ်မ တော်ဝင် မင်းသမီးတစ်ပါး။ ငါသာ စိတ်ရှိခဲ့ရင် အလိုရှိရင်  ကြိုက်တဲ့အင်ပါယာက နန်းတက်မင်းသားနဲ့ လက်ဆက်ခွင့် ဒါမှမဟုတ် ဧကရီနေရာကို ငါ့ရဲ့ တော်ဝင် အဆင့်အတန်းနဲ့ ငါရယူနိုင်တယ်။

ချန်းမင်ရဲ့ တမ်းချင်း [Myanmar Translation]Where stories live. Discover now