Jun You Ji Fou ๅ›ๆœ‰็–พๅฆใ€ŠMyanmar T...

By Kha__Kha

15.9K 1.4K 337

Author::Ru Shi Wo Wen Year::2017 Chapters::89+3extras Original Publisher::jjwxc Both Uincode & Zawgyi are ava... More

Description
Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-13
Ch-14
Ch-15

Ch-12

371 56 46
By Kha__Kha

(Unicode)

အကယ်၍ အခုချိန်က စကားပြောရန် သင့်တော်သောအချိန်မဟုတ်သောကြောင့်သာ မဟုတ်ရင် ချူးမင်ယွင်က စုရှစ်ယွီ၏ခန္ဓာကိုယ်ကို ချီးမွမ်းမိမှာပင်ဖြစ်သည်။
_______________

အေးစက်ကာ မှောက်မိုက်နေသော မြေအောက်ခန်းနံရံပေါ်တွင် သေးငယ်သောပြတင်းပေါက်လေးတစ်ခုသာရှိသည်။အလင်းရောင်ဟာ မှိန်ပျ​နေပြီး ကြီးမားသောသေတ္တာအနည်းငယ်ပေါ်သို့ နံရံကိုဆန့်ကျင်လျက် အရိပ်ထင်ကာထွန်းလင်းနေသည်။

စုရှစ်ယွီသည် ထိုအရာများကို လေးလေးနက်နက်ကြည့်ရှု့လေ့လာရန် ရှေ့သို့ ခဏလျှောက်လှမ်းသွားသည်။သူဟာ လက်လှမ်း၍ သေတ္တာတစ်လုံးကိုဖြေးဖြေးချင်းဖွင့်လိုက်သည်နှင့် ယမ်းမှုန့်အနံ့များဟာ နှာခေါင်းအတွင်းသို့ပြည့်နှက်သွားလေသည်။

ချူးမင်ယွင်သည် မျက်ခုံးများထောင်၍ အနောက်သို့ခြေလှမ်းဆုတ်သွားလေသည်။သူက နှာခေါင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသောအနံများအဝေးသို့ ရောက်သွားအောင် သူ၏ယပ်တောင်လေးကို ဝေ့ယမ်းလိုက်ပြီး;သက်ပြင်းလေးချကာ ခေါင်းလေးခါလိုက်လေသည်။
"ထူးဆန်းလိုက်တာ။ဒီလောက်ယမ်းမှုန့်တွေများပြားနေရအောင် ဘယ်လိုနေရာကြီးပါလိမ့်?"
သူက သက်ပြင်းလေးထပ်ချပြီး ဆက်ပြောသည်။
"ချန်အန်းတစ်မြို့လုံးကို လုံးဝဖြိုချဖို့များလား?မင်းလေးအထင်ရော?"

စုရှစ်ယွီက သေတ္တာအနည်းငယ်ကို ဖွင့်လိုက်သော် အားလုံးဟာ ယမ်းမှုန့်တွေနှင့်သာပြည့်နှက်နေသည်။ချူးမင်ယွင်ရဲ့အမေးကိုကြား၍ ရယ်လိုက်ကာ ပြန်ဖြေသည်။
"ချန်အန်းကို ဖြိုချမလား မချဖူးလားတော့ မသေချာဘူး။ကျွန်တော်မြင်တဲ့အတိုင်းဆို အရာရှိချူးရဲ့အိမ်တော်ကိုတောင် မြေထဲပြားပြားဝပ်သွားအောင် ဖြိုချပစ်နိုင်ဖို့ မသေချာဘူး။"

[T/N::ဒါလေးတွေနဲ့သက်သေမလုံလောက်လို့ပါ]

"အိုး"
ချူးမင်ယွင်က ပြုံးလိုက်လေသည်။
"ဟုတ်လား?ကိုယ့်အထင်တော့ စီစစ်ရေးအဖွဲ့က စစ်ဆေးတာကို သေချာအဆင်ပြေအောင်လုပ်နေဆဲနေမှာပါ။"

စုရှစ်ယွီပြန်လှည့်လာသောကြောင့် ချူးမင်ယွင်၏ အပြုံးလေးမှာ ပြန်ပေါ်လာလေသည်။တစ်ယောက်ချင်းဆီတွင် မိမိတို့၏ရည်ရွယ်ချက်များ ကိုယ်စီ ရှင်းလင်းစွာရှိနေကြသည်။

ချူးမင်ယွင်က စုရှစ်ယွီကို အနောက်ကနေကြည့်နေပြီး သူ၏လက်ကိုရင်ဘတ်ပေါ်တင်၍ အတွေးများ ရွက်လွှင့်နေသည်။စုရှစ်ယ်ွီနဂိုအတိုင်းပြန်လှည့်လာတာမြင်ရတာ အပြင်သို့ထွက်တော့ရန် အဆင့်သင့်ဖြစ်နေသည့်ပုံပင်။ချူးမင်ယွင်က သူ့ကို ရပ်တန့်သွားရန် တစ်ခုခုပြောခါနီးဆဲဆဲ ဘေးဘက်မှ လှုပ်ရှားမှုအသံလေးတစ်ခု ကြားလိုက်ရ၍ သူ၏မျက်လုံးများမှာ ဘလင်းဘလင်းထကာ တောက်ပသွားသည်။သူက အနောက်ဘက်တွင် တင်းကျပ်စွာပိတ်ထားသောတံခါးကို ကြည့်ရှုရန်လှည့်လိုက်ပြီး စုရှစ်ယွီကိုလည်းပြောလိုက်သေးသည်။
"ဒီကိုလာ"

စုရှစ်ယွီသည် သူ့ဘက်သို့လှည့်လာပြီးသားဖြစ်သည့်တိုင် ထူးထူးဆန်းဆန်းလျှောက်လှမ်းလာလေသည်။
"အရာရှိချူး ဘယ်လို?"

ချူးမင်ယွင်ကသူ့ကို တံခါးအနောက်ဘက်သို့ ဦးဆောင်၍ ခေါ်သွားစဥ် သူ၏ခါးမှာ ထိုလူ၏လက်မောင်းထဲသို့ လုံးလုံး ဆွဲခံထားရပြီး တစ်ဖက်လူ၏ရင်ဘတ်ဖြင့်ကျောထောက်နောက်ခံပြု၍ ကာကွယ်ပေးခံထားရသည်။စုရှစ်ယွီသည် ပင်ကိုယ်အသိစိတ်အရ ရုန်းလိုက်ပေမယ့် ချူးမင်ယွင်၏အခြားလက်တစ်ဖက်က သူ၏ရင်ဘတ်တစ်လျှောက် လှမ်းလာပြီး မလှုပ်ရှားနိုင်အောင် ချူပ်တည်းထားလိုက်လေသည်။ထို့နောက် ချူးမင်ယွင်သည် ခေါင်းကို တစ်ဖက်သို့ ငိုက်ချလာပြီးသူ၏နှုတ်ခမ်းလေးကို စုရှစ်ယွီ၏နားရွက်လေးတစ်ဖက်ပေါ်သို့ ဖိကပ်ကာ ညင်ညင်သာသာလေးပြောလိုက်သည်။
"ရှူး တိုးတိုး"

ပူနွေးသောအသက်ရှူသံလေးက သူ၏နားဖျားလေးကိုတိုက်ခတ်သွားပြီး နူးညံ့ညင်သာမှုများ ရောစွတ်နေသောအသံလေးက စုရှစ်ယွီ၏မျက်ခုံးများကို တွန့်ကွေးကျဥ်းမြောင်းစေသည်။သို့သော် သူသည်ကိုယ့်ကိုကိုယ်မလှုပ်ရှားမိအောင် မနဲအတင်းအကျပ်တိုက်တွန်းနေရရှာသည်။ချူးမင်ယွင်စကားပြောနေသည့်အချိန်တွင် သူလည်း အပြင်ဘက်မှ ခြေသံများကို ရေးရေးလေးကြားလိုက်ရသည်။

ယမ်းမှုန့်တွေကိုပါ မှောင်ခိုတင်သွင်းခြင်းသည် မယုံကြည်နိုင်လောက်အောင် အန္တရာယ်များသောအလုပ်ဖြစ်သည်။အာဏာပိုင်အဖွဲ့၏စစ်ဆေးခြင်းနှင့်နှိုင်းယှဥ်ကြည့်ပါက ဤများပြားသောအနက်ရောင်ယမ်းမှုန့်ပမာဏများဟာ အသက်အန္တရာယ်ရှိစေသည်။အကယ်၍ တစ်စုံတစ်ခုမှားယွင်းသွားပါက မီးပွားလေးတစသည် ကောက်ရိုးပုံတစ်ပုံလုံးကို မီးစွဲလောင်နိုင်သကဲ့သို့ရင်နှီးမြှုပ်နှံထားသော ငွေလုံးငွေရင်းကို ဆုံးရှုံးရုံသာမက မရေမတွက်နိုင်သောလူ့အသက်ပေါင်းများစွာကိုလည်း ဆုံးရှုံးမည်ဖြစ်သည်။ဒါ့ကြောင့် ထန်ကျင်းသည် မည်သည့်မီးစမှဝင်ရောက်လာတာကို တားမြစ်ပိတ်ပင်ရန် ကင်းလှည့်အစောင့်များနှင့်တကွ ကြိုတင်ပြင်ဆင်ထားတာဖြစ်သည်။အခုအချိန်တွင် ကင်းလှည့်အစောင့်တစ်ဖွဲ့ ဖြတ်သွားတာဖြစ်မည်။

သံတံခါးကျယ်ကြီးများဟာ ဖွင့်လစ်လာပြီး သူတို့နှစ်ဦးလုံးအရှေ့တွင် ဖုံးအုပ်နေသည်။ဤဗလာကျင်းနေသောနေရာတွင် ခြေရာဟူသည်လည်းမရှိ ရှင်းလင်းနေသည်။

ချူးမင်ယွင်သည် သူ့လက်မောင်းအတွင်းမှာရှိနေသော လူသားလေး၏ငြိမ်ကျသွားကာ သဘောတူသွားမှုနှင့်ပူးပေါင်းဆောရွက်လာမှု များကို ခံစားနေရသည်။သူက နှုတ်ခမ်းထောင့်စွန်းလေးကို ဖြေးဖြေးချင်းတွန်ကွေးလိုက်ပြီး စုရှစ်ယွီကို လွှတ်ပေးလိုက်ပေမယ့် သူ၏လက်ဖဝါးက ထိုလူသားလေး၏ခါးတစ်လျှောက်ကို ကျဆင်းကာလှမ်းလာပြီး တစ်စတစ်စဆီ နေရာအနှံကို စတင်ခံစားနေလေသည်။

စုရှစ်ယွီက မှင်တက်မနေတော့ပဲ မျက်လုံးများကို ပိတ်လိုက်ကာ ထိုသူ၏လုပ်ရပ်များကို လျစ်လျူရှုထားနိုင်ရန် အတက်နိုင်ဆုံးကြိုးစားလိုက်သည်။သူသည် သေတ္တာများကို စစ်ဆေးနေသော ကင်းလှည့်အစောင့်များ၏အသံကိုသာ အာရုံစိုက်ထားလိုက်တော့သည်။

ချူးမင်ယွင်၏အထိတွေ့မှုအောက်ရှိ စုရှစ်ယွီရဲ့ဝတ်ရုံမှာ ညက်ညောချောမွတ်ကာပြေပြစ်နေပြီး သူ၏လက်ထဲရှိ ထိုလူသား၏ခါးလေးမှာ ကျစ်လျစ်သေးသွယ်လေသည်။အကယ်၍ အခုချိန်က စကားပြောရန် သင့်တော်သောအချိန်မဟုတ်သောကြောင့်သာ မဟုတ်ရင် ချူးမင်ယွင်က စုရှစ်ယွီ၏ခန္ဓာကိုယ်ကို ချီးမွမ်းမိမှာပင်ဖြစ်သည်။အဲ့တာက တကယ်ကို စိတ်မကောင်းစရာပဲဖြစ်သည်။ရုတ်တရက် သူ့လက်များဟာ ရပ်တန့်သွားပြီး လက်ချောင်းထိပ်လေးဖြင့် အသာလေးဖိကြည့်လိုက်သော် သူရှာနေသောအရာ တွေ့ပြီဆိုတာကို ကျိန်းသေသွားသည်။သူ၏လက်က စုရှစ်ယွီရဲ့လက်မောင်းကို တင်းကျပ်စွာကိုင်ထားလိုက်ပြီး အထက်သို့ဖြေးဖြေးချင်းတက်လာကာ နောက်ဆုံး စုရှစ်ယွီ၏အင်္ကျီလည်ပင်းကော်လံနားသို့ရောက်ရှိသွားသည်။သူ၏လက်ချောင်းလေးများက အင်္ကျီအနက်ရောင်လေးပေါ်သို့ ​စက်ဝိုင်းပုံစံလေး ဖြေးဖြေးချင်း ခေတ္တပွတ်သပ်လိုက်ပြီး မဆိုင်းမတွ အတွင်းသို့လက်ထိုးထည့်လိုက်တော့သည်။

စုရှစ်ယွီ၏ခန္ဓာကိုယ်မှာ အလွန်အမင်းကို တောင့်တင်းသွားသည်။သူ၏ဝတ်စုံအတွင်း၌ ပါးလွှာသောအထပ်တိုင်းကို ပူနွေးသောလက်ဖဝါးက ထွင်းဖောက်လာတာကို သူ့အရည်ပြားများက ရှင်းရှင်းလင်းလင်းခံစားနေရပြီး မြွေတစ်ကောင် လူးလားသွားလာနေတာနှင့်တူနေသည်။ကင်းလှည့်အစောင့်များ စစ်ဆေးပြီး၍ ထွက်သွားကြသော်လည်း ချူမင်ယွင်၏လက်ကတော့ တောင်ဘက်ခြမ်းကို ဆက်လက်ရွေ့လျားနေတုန်းဖြစ်သည်။သံတံခါးများပိတ်သွားသည်နှင့် စုရှစ်ယွီက  စူးစူးဝါးဝါးလှည့်ကြည့်လိုက်ရာ ချူးမင်ယွင်ဟာ သူ၏အကြည့်များနှင့်ဆုံသွားပြီး မျက်လုံးထောင့်စွန်းလေးများမှာ လှပသောအပြုံးလေးပေါ်လာသည်။သူ၏နှုတ်ခမ်းပါးလေးနှင့် စုရှစ်ယွီ၏နားလေးအတွင်းသို့ ညင်ညင်သာသာလေး လေမှုတ်ထည့်လိုက်ပြီး အပြုံးလေးမှာ ပို၍ နက်ရှိုင်းလာလေသည်။

ချူးမင်ယွင်က အရာဝတ္ထုတစ်ခု၏ထောင့်စွန်းလေးကို ခံစားမိခဲ့ပြီး အပြင်ဘက်မှ ခြေလှမ်းသံများကလည်း ပျောက်ကွယ်သွားပြီးဖြစ်သည်။

စုရှစ်ယွီက ရုတ်တရက် ဖြန်းခဲနဲရိုက်လိုက်ကာ ချူးမင်ယွင်၏ရင်ဘတ်ကို တံတောင်ဖြင့်တွက်လိုက်လေပြီး ခန္ဓာကိုယ်ကိုလှုပ်ရှားရုန်းကန်၍ ထိုလူ့လက်မှ လွတ်လာပြီး သူတို့နှစ်ဦးကြားတွင် အကွာအဝေးတစ်ခု ခြားထားလိုက်သည်။ဒါပေမယ့် ချူးမင်ယွင်၏လက်ထဲက လွတ်တဲ့တစ်ချိန်ထဲမှာပင် သူ၏ခန္ဓာကိုယ်မှ တစ်စုံတစ်ခုကို ဆွဲထုတ်ယူခံလိုက်ရပြီဆိုတာပါ ခံစားလိုက်ရသည်။သူက ကြက်သေ​သေသွားပြီး မျက်လုံးလေးပင့်၍သာ ကြည့်နေရှာသည်။

"အို့ ဘာကြောင့် မင်းလေးနဲ့အတူစာအုပ်တစ်အုပ်ကို ယူခဲ့ရတာလဲ?"
ချူးမင်ယွင်က စုရှစ်ယွီ၏မျက်ဝန်းထဲတွင် ဒေါသရိပ်များသန်းနေတာကို မသိသလိုနှင့်မေးလိုက်လေသည်။သူ၏ရင်ဘက်မှ နာကျင်မှုဝေဒနာကို ခံစားနေရသေးပေမယ့် သူ၏လက်ထဲမှ စာအုပ်ကို ဝေ့ယမ်းလိုက်လေသည်။သူမျှော်လင့်ထားသည့်အတိုင်း စုရှစ်ယွီ၏အမူအယာပြန်ပြောင်းလဲသွားကာမှ အကြည့်များကို နှိမ့်ချ၍ ထိုအရာကို လှန်လိုက်လေသည်။
"ဒါက စာရင်းစာအုပ်ပဲ။"

"အဲ့တာက ဘာမှမထူးခြားပါဘူး။အရာရှိချူး ပြန်ပေးပါဗျ"
စုရှစ်ယွီကအမူအယာကို မူလအတိုင်း အေးဆေးတည်ငြိမ်စွာပြန်ပြောင်းလိုက်ပြီး သူ၏အကျ••ကို ပြန်ညှိလိုက်သည်။

"ကောင်းပြီ။"
ချူးမင်ယွင်က အပြုံးပန်းများဝေဆာကာကြည့်လိုက်ပြီး သူနှုတ်ခမ်းလေးကို လက်လေးနှင့် ပုတ်ပြလိုက်သည်။
"ပြီးတော့ ကိုယ့်ကို နမ်း"

စုရှစ်ယွီက ရယ်သွေးလျက် သူ့ကို ကြည့်လိုက်လေသည်။
"အဲ့လိုပြက်လုံးမျိုးကို တစ်ခါလောက်လုပ်ရုံနဲ့လုံလောက်ပါပြီဗျာ။"

"ကိုယ် စ,နေတာလို့ မင်းလေးကထင်နေတာလား?"
ချူးမင်ယွင်က စာရင်းစာအုပ်ကိုဖွင့်လိုက်ပြီး လက်ကိုမြှောက်ကာ စာမျက်နှာနှစ်မျက်နှာကို ဖြဲပစ်လိုက်လေသည်။
"ဒါဆိုအခုကော ဘယ်လိုလဲ?"

စုရှစ်ယွီက ဖြဲပစ်လိုက်သောစာရွက်၏ အသံဆီသို့ မည်းမှောင်သောအကြည့်များနှင့် စူးစိုက်ကြည့်လိုက်လေပြီး တိတ်တဆိတ်လေးပြုံးလိုက်သည်။

ချူးမင်ယွင်၏အတွေးထဲတွင် သူ့အတွက်သူသာပြည့်နှက်နေပြီး စုရှစ်ယွီ၏အမူအယာကို ကြည့်ရန် တစ်ဖက်သို့ ခေါင်းလှည့်လာသည်။သူသည် စာမျက်နှာအနည်းငယ်ကိုထပ်မံလှန်ပစ်လိုက်ပြီး ဖြဲလိုက်ပြန်သည်။
"အခု ကိုယ်စ,နေတယ်လို့ မင်းလေးထင်နေသေးလား?"

"ခင်များက မဟာထိပ်တန်းအရာရှိနော်။"
စုရှစ်ယွီ၏အသံဟာ ဖြည်းဖြည်းချင်းတိမ်သွားပြီး နှုတ်ခမ်းထောင့်စွန်းလေးကို ပို၍နက်ရှိုင်းအောင်ပြုံးလိုက်ကာ ချူးမင်ယွင်ကို ကြည့်လိုက်သည်။
"ခင်များလက်ထဲက ဒီပစ္စည်းက အရေးကြီးတဲ့သက်သေအထောက်အထားတွေပဲ။ခင်များက အင်အားကြီးတဲ့ရာထူးတစ်ခုကိုပိုင်ဆိုင်ထားပေမယ့် ပြည်ထဲရေးရာကို ကမောက်ကမနဲ့ရှုပ်ထွေးအောင် လုပ်လိုက်တာက ခင်များအပြစ်ဒဏ်ခံရလိမ့်မယ်။"

"ဟုတ်လား?"
ချူးမင်ယွင်က စာရင်းစာအုပ်ကို ပို၍နီးနီးကပ်ကပ်ကြည့်ရန် ​မြှောက်လိုက်ပြီးနောက် သူ့အနောက်သို့ လျှိုသွင်းကာသိမ်းလိုက်သည်။သူ့ခန္ဓာကိုယ်ကို ရှေ့သို့ယိုင်ချလာကာ စုရှစ်ယွီ၏မျက်ဝန်းလေးထဲကိုကြည့်ပြီး ပြုံးလိုက်သည်။
"မင်းလေးကိုယ်တိုင်လာပြီး သက်သေအထောက်အထားကို အရယူရအောင် ဒီကိစ္စက ဘယ်လောက်များအရေးကြီးနေတာမို့လဲ?ဘာကြောင့် ကိုယ့်ကိုမပြောတာလဲ?ကိုယ်ကူညီကောင်းကူညီနိုင်မှာပေါ့။"

"ဘယ်ကမ်းလှမ်းချက်မှ လက်မခံနိုင်တဲ့ ဒီနိမ့်ကျတဲ့စုမျိူးရိုးကို ခွင့်လွှတ်ပါ။"
စုရှစ်ယွီက မတုန်မလှုပ်နှင့်ဆက်ပြောသည်။
"ဒီလိုအသေးအဖွဲကိစ္စတွေကို မဟာထိပ်တန်းအရာရှိ..အာရုံစိုက်ရအောင် ဘယ်လိုလုပ်တောင်းဆိုနိုင်ပါ့မလဲဗျာ။အခုဒီပစ္စည်း ပြန်ပေးမယ်ဆိုရင်ကို ခင်များကြီးမားတဲ့ အကူအညီပေးပြီးသွားပါပြီ။"

ချူးမင်ယွင်က စိတ်လှုပ်ရှားသွားခြင်းအလျင်းမရှိဘဲ မျက်ခုံးများကို ပင့်လိုက်လေပြီး စာအုပ်ကိုပြန်ထုတ်ကာ စုတ်ပြဲသွားသောစာမျက်နှာများကို စာရင်းစာအုပ်ထဲသို့​​ ပြန်ထားလိုက်ပြီးအလျင်စလို လက်ဖဝါးနှင့်ရိုက်လိုက်ရင်း လမ်းလျှောက်လာကာ စုရှစ်ယွီ၏လက်လေးထဲသို့ ထည့်ပေးလိုက်သည်။
"ဒီအကြောင်းကို မေ့လိုက်တော့။ကိုယ်မင်းကို နောက်ထပ် အနှောက်အယှက်မပေးတော့ပါဘူး။"
သူကစုရှစ်ယွီကို သေချာကြည့်၍ ပုခုံးများကို အရေးမစိုက်တော့ဟန်ဖြင့် တွန့်ကွေးလိုက်ပြီး ရှေ့သို့ ထွက်သွားသည်။
"အခုမင်းလေးကြည့်နေတဲ့ပုံစံက ကိုယ့်ကို မင်းမြင်ကွင်းထဲကနေ မရှိစေချင်တော့တာ သေချာတယ်။ဒီအခြေအနေမှာ ကိုယ်ပဲထွက်သွားသင့်ပါတယ်။"

စုရှစ်ယွီက တိတ်တဆိတ်သာကြည့်နေပြီး ချူးမင်ယွင်တံခါးကိုဖွင့်၍ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ထိုသူ၏ပုံရိပ်ဟာ ပျောက်သွားလေသည်။သူဟာ မျက်ခုံးတွေကို တွန့်ကွေးလိုက်ပြီး လက်ထဲမှ စာရင်းစာအုပ်ကို ဖျစ်ညစ်လိုက်သည်။

ချူးမင်ယွင်က သူ၏နောက်ကိုကြည့်လိုက်ပြီး ထောင့်ချိူးလေးတစ်ခုဘက်လှည့်၍ ကျယ်လောင်စွာရယ်မောနေသည်။ထို့နောက်သူက ရှေ့သို့ပြန်ကြည့်၍ ခြေလှမ်းများကိုဖြေးဖြေးလေးလှမ်းက စိမ်ပြေနပြေနှင့် အပြင်သို့လျှောက်လှမ်းသွားတော့သည်။မြေအောက်ခန်းလမ်းကြောင်းဟာ ပဲ့တင်သံတွေရှိနေပြီး ကင်းလှည့်အစောင့်များ သူ့ဆီသို့မရောက်မှီ ရှည်လျားသောလမ်းကြောင်းထဲသို့ အလောတကြီးလာနေကြလေသည်။ထင်ထားသည့်အတိုင်း နောက်ထပ်အနည်းငယ် လှည့်လည်ပြီးတဲ့အခါ ရှေ့လမ်းကြောင်းကို ပိတ်ဆို့ထားသော များပြားတဲ့ကင်းလှည့်အစောင့်များရှိနေသည်။ရှေ့ဆုံးမှာ ရပ်နေသည့်သူက ချူးမင်းယွင်ကို အရိုအသေပေးလိုက်လေပြီးပြောသည်။
"ဒီနိမ့်ကျတဲ့လက်အောက်ငယ်သားက အရာရှိလာမှာကို မသိခဲ့ပါဘူး။အဲ့တာကြောင့်အချိန်မှီမကြိုဆိုနိုင်ခဲ့ဘူး။အရာရှိ ခွင့်လွှတ်ပေးဖို့ ကျွန်တော်အနူးအညွတ်တောင်းပန်ပါတယ်။"

"အာ"
ချူးမင်ယွင်​က ခေါင်းလေးတညိတ်ညိတ်နှင့် ပြောလိုက်သည်။
"အခုမင်းငါ့ကို ကြိုဆိုပြီးပြီပဲ။ဒါကြောင့် ဘေးဖယ်ပေးတော့။"

"ဒီနိမ့်ကျတဲ့လက်အောက်ငယ်သားက အရေးမပါတဲ့ ရာထူးလေးနဲ့သူပါ။သာမန်ရက်တွေဆို အရာရှိကို တွေ့မြင်ရမဲ့အချိန်ဆိုတာ မရှိခဲ့ပါဘူး။"

"ဒီလူတွေကို ငါ့ရဲ့လမ်းမှာ ခေါ်လာရတဲ့အကြောင်းအရင်းက မင်းရဲ့အဓိပ္ပါယ်မရှိစကားတွေကို ပြောဖို့လား?
ချူးမင်ယွင်ကမေးလိုက်သည်။

ထန်ကျင်းက ခေတ္တရပ်တန့်သွားသည်။ချူးမင်ယွင်ကို ကြည့်လိုက်ပြီး သူက ဆက်ပြောလေသည်။
"အရာရှိက နားလည်တယ်ဆိုတော့ ဒီနိမ့်ကျတဲ့သူက အကြောင်းကိစ္စကိုတည့်တိုးပဲ ပြောပါတော့မယ်။အရာရှိချူးကကျွန်တော်ရဲ့ဒီစီးပွားရေးလုပ်ငန်းကိစ္စမှာ တစ်ကြိမ်တည်းသာ ပါဝင်ပက်သက်ခဲ့တာပါ။လက်ရှိမှာ အခြေအနေတွေတိုးတတ်လာတယ်ဆိုတာကို အခုဒီနေရာမှာ ပြသနိုင်ပါတယ်။ကျွန်တော်မကူညီနိုင်ပေမယ့် အရာရှိချူး ကြည့်ချင်​ကြည့်လို့ရပါတယ်။"

ချူးမင်ယွင်က ပေါ့ပျက်ပျက်နဲ့တခစ်ခစ်ရယ်လိုက်ပြီး ပြောသည်။
"သက်သေအထောက်အထားတွေကို ဖျက်ပစ်ဖို့ ငါဒီမှာရှိနေတယ်လို့ မင်းထင်နေတာလား?"

[T/N:ချူးပုစိကခိုးကြောင်ခိုးဝှက်လာပြီး အရင်ကချူးပုစိပါတဲ့သက်သေတွေဖျက်တယ်ထင်နေလို့ပါ ထန်ကျင်းက]

"ကျွန်တော်မထင်ဝံ့ပါဘူး"
ထန်ကျင်းက ဆက်ပြောသည်။
"အရာရှိက တစ်ပါးသူကို ဒုက္ခပေးမဲ့သူမျိူးမဟုတ်ပါဘူး အဲ့တာမှလည်း ကိုယ်တိုင်က ဖြောင့်မတ်မှန်ကန်တဲ့သူအဖြစ်ရပ်တည်နိုင်မှာလေ။"

ချူးမင်ယွင်ရဲ့အပြုံးက ပို၍နက်ရှိုင်းလာသည်။သူက စုတ်ဖြဲယူလာသောစာရွက်နှစ်ရွက်ကို စုစည်းရန် လက်မြှောက်လိုက်ပြီးနောက် နံရံတွင်ချိတ်ဆွဲထားသော ရေနံဆီမီးအိမ်ဆီသို့ လက်လှမ်းကာ ၎င်းတို့ကို မီးတောက်များဟပ်စေသည်။သူလက်လွှတ်သည်နှင့် စာရွက်များဟာ တဖြည်းဖြည်း ပြာဖြစ်သွားလေသည်။

[T/N:သူ့nameပါတဲ့စာမျက်နှာတွေကို ယူဖြစ်အောင်ယူလာတယ်နော် လေးစားမိ]

"ဒါပေမဲ့ ငါက အဲ့လိုလူမျိူးပဲ"
မီးတောက်၏ပူနွေးသော မီးရောင်အောက်တွင် ချူးမင်ယွင်၏အကြည့်များမှာ အေးစက်နေသည်။
"အဲ့တာကြောင့် ဒီဟာကိုသုံးပြီး ငါ့ကိုခြိမ်းခြောက်ဖို့ စဥ်းစားမနေနဲ့။မင်းဘာမင်း ဘယ်သူပဲဖြစ်နေပါစေ!"

ထန်ကျင်းက အံ့သြသွားလေသည်။သူ့အနောက်မှ အစောင့်များမှာလည်း သူတို့၏လက်နက်များကို တင်းကျပ်နေအောင်ကိုင်ထားပြီး အမိန့်ကိုစောင့်ဆိုင်းနေကြသည်။ထန်ကျင်း၏မျက်လုံးထဲတွင် ရက်စက်မှုများ ရိပ်ခနဲဖြတ်သန်းသွားပြီး သူက လက်ကိုဝေ့ယမ်း၍ တစ်ခုခုပြောလိုလိုက်ပေမယ့် နောက်ထပ်တခါ ချူးမင်ယွင်ရဲ့စကားစနှင့်ဖြတ်တောက်ခံလိုက်ရသည်။

"ဒါပေမယ့် ငါကအသည်းမာတဲ့သူမျိူးတော့ မဟုတ်ရပါဘူး"
ချူးမင်ယွင်က သူ့လက်ချောင်းမှ ပြာမှုန့်များကို မှုတ်ထုတ်လိုက်လေသည်။
"စုရှစ်ယွီက အခု​မြေအောက်ခန်းထဲမှာပဲ ရှိနေတုန်း။အပြင်ရောက်သွားပြီဆိုရင်တောင် အခုအချိန်ထိ ဝေးဝေးရောက်သေးမှာမဟုတ်ဘူး။မင်းကို စစ်ဆေးမဲ့တစ်ဦးတည်းသောသူက သူဆိုတဲ့ မဟာအတွင်းရေးမှူးချူပ်ကိုယ်တိုင်ပဲကွ။မင်းကိုပိတ်ပင်ဟန့်တားမှာက သူတစ်ဦးတည်းပဲ။"

"စုရှစ်ယွီ!"
ထန်ကျင်းသည် သူ့ကို မသင်္ကာစွာဖြင့် ကြည့်လိုက်လေသည်။
"အနီးစပ်ဆုံး သူဘယ်နေရာလောက်မှာလဲဆိုတာ အရာရှိချူး ကျွန်တော့်ကိုပြောပြနိုင်ပါ့မလား?"

"စုရှစ်ယွီသေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ။ငါနဲ့ဘာဆိုင်တာမို့လို့လဲ?"
ချူးမင်ယွင်က သူ့ကိုကြည့်ရှုရန် အကြည့်များကို ပင့်လိုက်လေသည်။
"သူ့သေဆုံးမှုအတွက် ဆုတောင်းပေးမဲ့သူတွေအများကြီးလည်း ရှိသေးတယ်။"

ထန်ကျင်းက ခဏတာမျှ ထိုစကားလုံးတွေကို သဘောကျသွားပြီး ပြုံးလိုက်လေသည်။
"နှစ်ယောက်သားရဲ့အခြေအနေက အဲ့လိုဆိုမှတော့ ကျေးဇူးပြုပြီး အရာရှိချူးစိတ်ချလိုက်ပါ။ဒီနိမ့်ကျတဲ့သူက လိုလိုလားလားနဲ့ အရာရှိရဲ့အမိန့်အတိုင်း လုပ်ဆောင်ပေးမှာပါ။"

ချူးမင်ယွင်က နှုတ်ခမ်းမဲ့လိုက်ပြီး လက်ကိုမြှောက်ကာ ထန်ကျင်းကို ဘေးဖယ်ရန် အချက်ပြလိုက်သည်။

စုရှစ်ယွီသည် ထောင့်စွန်းလေးဘက်လှည့်၍ တဒင်္ဂလောက်ရပ်နေလေသည်။သူ့ပတ်ဝန်းကျင်ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး သူမျက်လုံးများက ထန်ကျင်းဆီသို့ ကျရောက်သွားသည်။သူက ပြုံးကာပြောလာသည်။
"ဝန်ကြီးထန်။အဲ့ဒီပုံစံက ကျွန်တော့်ကို မင်းကြိုဆိုနေတာနဲ့တော့ မတူဘူးနော်။"

"ကျွန်တော်က ကြိုးတစ်ချောင်းရဲ့အဆုံးမှာရောက်နေတာသာမဟုတ်ရင် အတွင်းရေးမှူးစုအပေါ်ဘယ်တော့မှ ပြစ်မှုမကျူးလွန်ပါဘူး"
ထန်ကျင်းကပြောလိုက်သည်။သူ့အနောက်မှ အစောင့်တွေရဲ့လက်နက်များဟာ ဝင်းလက်နေပြီး ၎င်းက အမှောင်ထဲတွင် မျက်လုံးများကို အနည်းငယ်စူးရှစေသည်။

"ဟမ့် မှားတယ်ဗျ။အသက်ရှင်ခြင်း၊သေခြင်း ရှုန်းကန်လှုပ်ရှားမှုက ဝန်ကြီးထန်ရဲ့လက်ရှိ အခြေအနေနဲ့မှ ပိုသင့်တော်နေတယ်လို့ ကျွန်တော်ထင်တယ်။"
စုရှစ်ယွီက ထန်ကျင်းလာခဲ့သောလမ်းကြောင်းကိုကြည့်လိုက်ပြီး ဆက်ပြောလေသည်။
"ဘာစကားတွေပြောမှာမို့ အရာရှိချူးဆီ မင်းက အပြေးလာရတာလဲ?"

ထန်ကျင်းသည် စုရှစ်ယွီ၏ မွန်ရည်ပြီးကောင်းမွန်သောအပြင်ပန်းကို ကြည့်လိုက်ပေမယ့် ဒီရိုးရှင်းသောမေးခွန်းက အရိပ်အမြွက်ပြနေတာလားဆိုတာကို မသိနိုင်ပဲဖြစ်နေသည်။သူက အေးစက်စက်နှင့်ထေ့ငေါ့​ပြောလာသည်။
"အရာရှိချူးက ခင်များကို ကယ်ပေးလောက်မှာမဟုတ်ဘူးဗျာ။မဟာအတွင်းရေးမှုးချူပ်တော့ စိတ်ပျက်သွားရတော့မှာပဲ။"
ထန်ကျင်းက ခေတ္တရပ်သွားပြီးဆက်ပြောပြန်သည်။
"အမှန်အတိုင်းပြောရရင် ထန်ကျင်းဆိုတဲ့ကျွန်တော်က အရာရှိချူးရဲ့အမိန့်အတိုင်းသာ လုပ်ဆောင်နေတာပါဗျာ။"

စုရှစ်ယွီက သူ​ပြောစကားကို အံ့သြခြင်းမရှိပဲ ကြည့်လိုက်သည်။
"သူကယ်တင်ပေးဖို့ မျှော်လင့်လိုအပ်နေရအောင် ငါကဘယ်လောက် နုံချာပြီးသနားစရာကောင်းနေတာမို့လို့လဲ?"

စကားတစ်လုံးမှမပြောတော့ပဲ ထန်ကျင်းသည် လက်တစ်ချက်ယမ်းလိုက်၍ သူ့အစောင့်များကို အရှေ့သို့ ချီတတ်စေသည်။စုရှစ်ယွီသည် ရပ်နေသည့်နေရာမှ တစ်လှမ်းမှမရွေ့သွားပဲ တံတိုင်းသဖွယ်ဖြစ်နေသောလူများကို ထွင်းဖောက်၍ ထန်ကျင်းကိုဖွဖွလေးပြုံးပြနေသည်။သူ၏လက်ချောင်းထိပ်များမှာ ဓားသွားလို ချွန်ထက်နေပြီး မျက်ဝန်းများမှာက ကြည်လင်တောက်ပနေသည်။

Jul 29/2021.
1:18pm.

Author's Note::

Author : "မင်းဒါကိုဘယ်လိုခေါ်လဲသိလား?အလုပ်ခွင်ထဲမှာ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်တာကိုလေ"

ချူးပုစိ : "ဟွန့်"

Author : "ဟဲဟဲ..။ဒါပေမယ့် ငါစုရှစ်ယွီလေးကို ဖက်လိုက်ချင်တယ်...။သူရဲ့ကိုယ်သင်းနံ့လေးက အရမ်းကောင်းမှာသေချာတယ်။"

ချူးပုစိ : "ဟွန်းဟွန်း"

Author : "..........."

(Zawgyi)

အကယ္၍ အခုခ်ိန္က စကားေျပာရန္ သင့္ေတာ္ေသာအခ်ိန္မဟုတ္ေသာေၾကာင့္သာ မဟုတ္ရင္ ခ်ဴးမင္ယြင္က စုရွစ္ယြီ၏ခႏၶာကိုယ္ကို ခ်ီးမြမ္းမိမွာပင္ျဖစ္သည္။
_______________

ေအးစက္ကာ ေမွာက္မိုက္ေနေသာ ေျမေအာက္ခန္းနံရံေပၚတြင္ ေသးငယ္ေသာျပတင္းေပါက္ေလးတစ္ခုသာရွိသည္။အလင္းေရာင္ဟာ မွိန္ပ်​ေနၿပီး ႀကီးမားေသာေသတၱာအနည္းငယ္ေပၚသို႔ နံရံကိုဆန္႔က်င္လ်က္ အရိပ္ထင္ကာထြန္းလင္းေနသည္။

စုရွစ္ယြီသည္ ထိုအရာမ်ားကို ေလးေလးနက္နက္ၾကည့္ရႈ႕ေလ့လာရန္ ေရွ႕သို႔ ခဏေလွ်ာက္လွမ္းသြားသည္။သူဟာ လက္လွမ္း၍ ေသတၱာတစ္လုံးကိုေျဖးေျဖးခ်င္းဖြင့္လိုက္သည္ႏွင့္ ယမ္းမႈန္႔အနံ႔မ်ားဟာ ႏွာေခါင္းအတြင္းသို႔ျပည့္ႏွက္သြားေလသည္။

ခ်ဴးမင္ယြင္သည္ မ်က္ခုံးမ်ားေထာင္၍ အေနာက္သို႔ေျခလွမ္းဆုတ္သြားေလသည္။သူက ႏွာေခါင္းအတြင္းသို႔ ထိုးေဖာက္ဝင္ေရာက္လာေသာအနံမ်ားအေဝးသို႔ ေရာက္သြားေအာင္ သူ၏ယပ္ေတာင္ေလးကို ေဝ့ယမ္းလိုက္ၿပီး;သက္ျပင္းေလးခ်ကာ ေခါင္းေလးခါလိုက္ေလသည္။
"ထူးဆန္းလိုက္တာ။ဒီေလာက္ယမ္းမႈန္႔ေတြမ်ားျပားေနရေအာင္ ဘယ္လိုေနရာႀကီးပါလိမ့္?"
သူက သက္ျပင္းေလးထပ္ခ်ၿပီး ဆက္ေျပာသည္။
"ခ်န္အန္းတစ္ၿမိဳ႕လုံးကို လုံးဝၿဖိဳခ်ဖို႔မ်ားလား?မင္းေလးအထင္ေရာ?"

စုရွစ္ယြီက ေသတၱာအနည္းငယ္ကို ဖြင့္လိုက္ေသာ္ အားလုံးဟာ ယမ္းမႈန္႔ေတြႏွင့္သာျပည့္ႏွက္ေနသည္။ခ်ဴးမင္ယြင္ရဲ႕အေမးကိုၾကား၍ ရယ္လိုက္ကာ ျပန္ေျဖသည္။
"ခ်န္အန္းကို ၿဖိဳခ်မလား မခ်ဖူးလားေတာ့ မေသခ်ာဘူး။ကြၽန္ေတာ္ျမင္တဲ့အတိုင္းဆို အရာရွိခ်ဴးရဲ႕အိမ္ေတာ္ကိုေတာင္ ေျမထဲျပားျပားဝပ္သြားေအာင္ ၿဖိဳခ်ပစ္ႏိုင္ဖို႔ မေသခ်ာဘူး။"

[T/N::ဒါေလးေတြနဲ႔သက္ေသမလုံေလာက္လို႔ပါ]

"အိုး"
ခ်ဴးမင္ယြင္က ၿပဳံးလိုက္ေလသည္။
"ဟုတ္လား?ကိုယ့္အထင္ေတာ့ စီစစ္ေရးအဖြဲ႕က စစ္ေဆးတာကို ေသခ်ာအဆင္ေျပေအာင္လုပ္ေနဆဲေနမွာပါ။"

စုရွစ္ယြီျပန္လွည့္လာေသာေၾကာင့္ ခ်ဴးမင္ယြင္၏ အၿပဳံးေလးမွာ ျပန္ေပၚလာေလသည္။တစ္ေယာက္ခ်င္းဆီတြင္ မိမိတို႔၏ရည္႐ြယ္ခ်က္မ်ား ကိုယ္စီ ရွင္းလင္းစြာရွိေနၾကသည္။

ခ်ဴးမင္ယြင္က စုရွစ္ယြီကို အေနာက္ကေနၾကည့္ေနၿပီး သူ၏လက္ကိုရင္ဘတ္ေပၚတင္၍ အေတြးမ်ား ႐ြက္လႊင့္ေနသည္။စုရွစ္ယ္ြီနဂိုအတိုင္းျပန္လွည့္လာတာျမင္ရတာ အျပင္သို႔ထြက္ေတာ့ရန္ အဆင့္သင့္ျဖစ္ေနသည့္ပုံပင္။ခ်ဴးမင္ယြင္က သူ႔ကို ရပ္တန္႔သြားရန္ တစ္ခုခုေျပာခါနီးဆဲဆဲ ေဘးဘက္မွ လႈပ္ရွားမႈအသံေလးတစ္ခု ၾကားလိုက္ရ၍ သူ၏မ်က္လုံးမ်ားမွာ ဘလင္းဘလင္းထကာ ေတာက္ပသြားသည္။သူက အေနာက္ဘက္တြင္ တင္းက်ပ္စြာပိတ္ထားေသာတံခါးကို ၾကည့္ရႈရန္လွည့္လိုက္ၿပီး စုရွစ္ယြီကိုလည္းေျပာလိုက္ေသးသည္။
"ဒီကိုလာ"

စုရွစ္ယြီသည္ သူ႔ဘက္သို႔လွည့္လာၿပီးသားျဖစ္သည့္တိုင္ ထူးထူးဆန္းဆန္းေလွ်ာက္လွမ္းလာေလသည္။
"အရာရွိခ်ဴး ဘယ္လို?"

ခ်ဴးမင္ယြင္ကသူ႔ကို တံခါးအေနာက္ဘက္သို႔ ဦးေဆာင္၍ ေခၚသြားစဥ္ သူ၏ခါးမွာ ထိုလူ၏လက္ေမာင္းထဲသို႔ လုံးလုံး ဆြဲခံထားရၿပီး တစ္ဖက္လူ၏ရင္ဘတ္ျဖင့္ေက်ာေထာက္ေနာက္ခံျပဳ၍ ကာကြယ္ေပးခံထားရသည္။စုရွစ္ယြီသည္ ပင္ကိုယ္အသိစိတ္အရ ႐ုန္းလိုက္ေပမယ့္ ခ်ဴးမင္ယြင္၏အျခားလက္တစ္ဖက္က သူ၏ရင္ဘတ္တစ္ေလွ်ာက္ လွမ္းလာၿပီး မလႈပ္ရွားႏိုင္ေအာင္ ခ်ဴပ္တည္းထားလိုက္ေလသည္။ထို႔ေနာက္ ခ်ဴးမင္ယြင္သည္ ေခါင္းကို တစ္ဖက္သို႔ ငိုက္ခ်လာၿပီးသူ၏ႏႈတ္ခမ္းေလးကို စုရွစ္ယြီ၏နား႐ြက္ေလးတစ္ဖက္ေပၚသို႔ ဖိကပ္ကာ ညင္ညင္သာသာေလးေျပာလိုက္သည္။
"ရႉး တိုးတိုး"

ပူေႏြးေသာအသက္ရႉသံေလးက သူ၏နားဖ်ားေလးကိုတိုက္ခတ္သြားၿပီး ႏူးညံ့ညင္သာမႈမ်ား ေရာစြတ္ေနေသာအသံေလးက စုရွစ္ယြီ၏မ်က္ခုံးမ်ားကို တြန္႔ေကြးက်ဥ္းေျမာင္းေစသည္။သို႔ေသာ္ သူသည္ကိုယ့္ကိုကိုယ္မလႈပ္ရွားမိေအာင္ မနဲအတင္းအက်ပ္တိုက္တြန္းေနရရွာသည္။ခ်ဴးမင္ယြင္စကားေျပာေနသည့္အခ်ိန္တြင္ သူလည္း အျပင္ဘက္မွ ေျခသံမ်ားကို ေရးေရးေလးၾကားလိုက္ရသည္။

ယမ္းမႈန္႔ေတြကိုပါ ေမွာင္ခိုတင္သြင္းျခင္းသည္ မယုံၾကည္ႏိုင္ေလာက္ေအာင္ အႏၲရာယ္မ်ားေသာအလုပ္ျဖစ္သည္။အာဏာပိုင္အဖြဲ႕၏စစ္ေဆးျခင္းႏွင့္ႏႈိင္းယွဥ္ၾကည့္ပါက ဤမ်ားျပားေသာအနက္ေရာင္ယမ္းမႈန္႔ပမာဏမ်ားဟာ အသက္အႏၲရာယ္ရွိေစသည္။အကယ္၍ တစ္စုံတစ္ခုမွားယြင္းသြားပါက မီးပြားေလးတစသည္ ေကာက္႐ိုးပုံတစ္ပုံလုံးကို မီးစြဲေလာင္ႏိုင္သကဲ့သို႔ရင္ႏွီးျမႇဳပ္ႏွံထားေသာ ေငြလုံးေငြရင္းကို ဆုံးရႈံး႐ုံသာမက မေရမတြက္ႏိုင္ေသာလူ႔အသက္ေပါင္းမ်ားစြာကိုလည္း ဆုံးရႈံးမည္ျဖစ္သည္။ဒါ့ေၾကာင့္ ထန္က်င္းသည္ မည္သည့္မီးစမွဝင္ေရာက္လာတာကို တားျမစ္ပိတ္ပင္ရန္ ကင္းလွည့္အေစာင့္မ်ားႏွင့္တကြ ႀကိဳတင္ျပင္ဆင္ထားတာျဖစ္သည္။အခုအခ်ိန္တြင္ ကင္းလွည့္အေစာင့္တစ္ဖြဲ႕ ျဖတ္သြားတာျဖစ္မည္။

သံတံခါးက်ယ္ႀကီးမ်ားဟာ ဖြင့္လစ္လာၿပီး သူတို႔ႏွစ္ဦးလုံးအေရွ႕တြင္ ဖုံးအုပ္ေနသည္။ဤဗလာက်င္းေနေသာေနရာတြင္ ေျခရာဟူသည္လည္းမရွိ ရွင္းလင္းေနသည္။

ခ်ဴးမင္ယြင္သည္ သူ႔လက္ေမာင္းအတြင္းမွာရွိေနေသာ လူသားေလး၏ၿငိမ္က်သြားကာ သေဘာတူသြားမႈႏွင့္ပူးေပါင္းေဆာ႐ြက္လာမႈ မ်ားကို ခံစားေနရသည္။သူက ႏႈတ္ခမ္းေထာင့္စြန္းေလးကို ေျဖးေျဖးခ်င္းတြန္ေကြးလိုက္ၿပီး စုရွစ္ယြီကို လႊတ္ေပးလိုက္ေပမယ့္ သူ၏လက္ဖဝါးက ထိုလူသားေလး၏ခါးတစ္ေလွ်ာက္ကို က်ဆင္းကာလွမ္းလာၿပီး တစ္စတစ္စဆီ ေနရာအႏွံကို စတင္ခံစားေနေလသည္။

စုရွစ္ယြီက မွင္တက္မေနေတာ့ပဲ မ်က္လုံးမ်ားကို ပိတ္လိုက္ကာ ထိုသူ၏လုပ္ရပ္မ်ားကို လ်စ္လ်ဴရႈထားႏိုင္ရန္ အတက္ႏိုင္ဆုံးႀကိဳးစားလိုက္သည္။သူသည္ ေသတၱာမ်ားကို စစ္ေဆးေနေသာ ကင္းလွည့္အေစာင့္မ်ား၏အသံကိုသာ အာ႐ုံစိုက္ထားလိုက္ေတာ့သည္။

ခ်ဴးမင္ယြင္၏အထိေတြ႕မႈေအာက္ရွိ စုရွစ္ယြီရဲ႕ဝတ္႐ုံမွာ ညက္ေညာေခ်ာမြတ္ကာေျပျပစ္ေနၿပီး သူ၏လက္ထဲရွိ ထိုလူသား၏ခါးေလးမွာ က်စ္လ်စ္ေသးသြယ္ေလသည္။အကယ္၍ အခုခ်ိန္က စကားေျပာရန္ သင့္ေတာ္ေသာအခ်ိန္မဟုတ္ေသာေၾကာင့္သာ မဟုတ္ရင္ ခ်ဴးမင္ယြင္က စုရွစ္ယြီ၏ခႏၶာကိုယ္ကို ခ်ီးမြမ္းမိမွာပင္ျဖစ္သည္။အဲ့တာက တကယ္ကို စိတ္မေကာင္းစရာပဲျဖစ္သည္။႐ုတ္တရက္ သူ႔လက္မ်ားဟာ ရပ္တန္႔သြားၿပီး လက္ေခ်ာင္းထိပ္ေလးျဖင့္ အသာေလးဖိၾကည့္လိုက္ေသာ္ သူရွာေနေသာအရာ ေတြ႕ၿပီဆိုတာကို က်ိန္းေသသြားသည္။သူ၏လက္က စုရွစ္ယြီရဲ႕လက္ေမာင္းကို တင္းက်ပ္စြာကိုင္ထားလိုက္ၿပီး အထက္သို႔ေျဖးေျဖးခ်င္းတက္လာကာ ေနာက္ဆုံး စုရွစ္ယြီ၏အက်ႌလည္ပင္းေကာ္လံနားသို႔ေရာက္ရွိသြားသည္။သူ၏လက္ေခ်ာင္းေလးမ်ားက အက်ႌအနက္ေရာင္ေလးေပၚသို႔ ​စက္ဝိုင္းပုံစံေလး ေျဖးေျဖးခ်င္း ေခတၱပြတ္သပ္လိုက္ၿပီး မဆိုင္းမတြ အတြင္းသို႔လက္ထိုးထည့္လိုက္ေတာ့သည္။

စုရွစ္ယြီ၏ခႏၶာကိုယ္မွာ အလြန္အမင္းကို ေတာင့္တင္းသြားသည္။သူ၏ဝတ္စုံအတြင္း၌ ပါးလႊာေသာအထပ္တိုင္းကို ပူေႏြးေသာလက္ဖဝါးက ထြင္းေဖာက္လာတာကို သူ႔အရည္ျပားမ်ားက ရွင္းရွင္းလင္းလင္းခံစားေနရၿပီး ေႁမြတစ္ေကာင္ လူးလားသြားလာေနတာႏွင့္တူေနသည္။ကင္းလွည့္အေစာင့္မ်ား စစ္ေဆးၿပီး၍ ထြက္သြားၾကေသာ္လည္း ခ်ဴမင္ယြင္၏လက္ကေတာ့ ေတာင္ဘက္ျခမ္းကို ဆက္လက္ေ႐ြ႕လ်ားေနတုန္းျဖစ္သည္။သံတံခါးမ်ားပိတ္သြားသည္ႏွင့္ စုရွစ္ယြီက  စူးစူးဝါးဝါးလွည့္ၾကည့္လိုက္ရာ ခ်ဴးမင္ယြင္ဟာ သူ၏အၾကည့္မ်ားႏွင့္ဆုံသြားၿပီး မ်က္လုံးေထာင့္စြန္းေလးမ်ားမွာ လွပေသာအၿပဳံးေလးေပၚလာသည္။သူ၏ႏႈတ္ခမ္းပါးေလးႏွင့္ စုရွစ္ယြီ၏နားေလးအတြင္းသို႔ ညင္ညင္သာသာေလး ေလမႈတ္ထည့္လိုက္ၿပီး အၿပဳံးေလးမွာ ပို၍ နက္ရႈိင္းလာေလသည္။

ခ်ဴးမင္ယြင္က အရာဝတၳဳတစ္ခု၏ေထာင့္စြန္းေလးကို ခံစားမိခဲ့ၿပီး အျပင္ဘက္မွ ေျခလွမ္းသံမ်ားကလည္း ေပ်ာက္ကြယ္သြားၿပီးျဖစ္သည္။

စုရွစ္ယြီက ႐ုတ္တရက္ ျဖန္းခဲနဲ႐ိုက္လိုက္ကာ ခ်ဴးမင္ယြင္၏ရင္ဘတ္ကို တံေတာင္ျဖင့္တြက္လိုက္ေလၿပီး ခႏၶာကိုယ္ကိုလႈပ္ရွား႐ုန္းကန္၍ ထိုလူ႔လက္မွ လြတ္လာၿပီး သူတို႔ႏွစ္ဦးၾကားတြင္ အကြာအေဝးတစ္ခု ျခားထားလိုက္သည္။ဒါေပမယ့္ ခ်ဴးမင္ယြင္၏လက္ထဲက လြတ္တဲ့တစ္ခ်ိန္ထဲမွာပင္ သူ၏ခႏၶာကိုယ္မွ တစ္စုံတစ္ခုကို ဆြဲထုတ္ယူခံလိုက္ရၿပီဆိုတာပါ ခံစားလိုက္ရသည္။သူက ၾကက္ေသ​ေသသြားၿပီး မ်က္လုံးေလးပင့္၍သာ ၾကည့္ေနရွာသည္။

"အို႔ ဘာေၾကာင့္ မင္းေလးနဲ႔အတူစာအုပ္တစ္အုပ္ကို ယူခဲ့ရတာလဲ?"
ခ်ဴးမင္ယြင္က စုရွစ္ယြီ၏မ်က္ဝန္းထဲတြင္ ေဒါသရိပ္မ်ားသန္းေနတာကို မသိသလိုႏွင့္ေမးလိုက္ေလသည္။သူ၏ရင္ဘက္မွ နာက်င္မႈေဝဒနာကို ခံစားေနရေသးေပမယ့္ သူ၏လက္ထဲမွ စာအုပ္ကို ေဝ့ယမ္းလိုက္ေလသည္။သူေမွ်ာ္လင့္ထားသည့္အတိုင္း စုရွစ္ယြီ၏အမူအယာျပန္ေျပာင္းလဲသြားကာမွ အၾကည့္မ်ားကို ႏွိမ့္ခ်၍ ထိုအရာကို လွန္လိုက္ေလသည္။
"ဒါက စာရင္းစာအုပ္ပဲ။"

"အဲ့တာက ဘာမွမထူးျခားပါဘူး။အရာရွိခ်ဴး ျပန္ေပးပါဗ်"
စုရွစ္ယြီကအမူအယာကို မူလအတိုင္း ေအးေဆးတည္ၿငိမ္စြာျပန္ေျပာင္းလိုက္ၿပီး သူ၏အက်••ကို ျပန္ညႇိလိုက္သည္။

"ေကာင္းၿပီ။"
ခ်ဴးမင္ယြင္က အၿပဳံးပန္းမ်ားေဝဆာကာၾကည့္လိုက္ၿပီး သူႏႈတ္ခမ္းေလးကို လက္ေလးႏွင့္ ပုတ္ျပလိုက္သည္။
"ၿပီးေတာ့ ကိုယ့္ကို နမ္း"

စုရွစ္ယြီက ရယ္ေသြးလ်က္ သူ႔ကို ၾကည့္လိုက္ေလသည္။
"အဲ့လိုျပက္လုံးမ်ိဳးကို တစ္ခါေလာက္လုပ္႐ုံနဲ႔လုံေလာက္ပါၿပီဗ်ာ။"

"ကိုယ္ စ,ေနတာလို႔ မင္းေလးကထင္ေနတာလား?"
ခ်ဴးမင္ယြင္က စာရင္းစာအုပ္ကိုဖြင့္လိုက္ၿပီး လက္ကိုေျမႇာက္ကာ စာမ်က္ႏွာႏွစ္မ်က္ႏွာကို ၿဖဲပစ္လိုက္ေလသည္။
"ဒါဆိုအခုေကာ ဘယ္လိုလဲ?"

စုရွစ္ယြီက ၿဖဲပစ္လိုက္ေသာစာ႐ြက္၏ အသံဆီသို႔ မည္းေမွာင္ေသာအၾကည့္မ်ားႏွင့္ စူးစိုက္ၾကည့္လိုက္ေလၿပီး တိတ္တဆိတ္ေလးၿပဳံးလိုက္သည္။

ခ်ဴးမင္ယြင္၏အေတြးထဲတြင္ သူ႔အတြက္သူသာျပည့္ႏွက္ေနၿပီး စုရွစ္ယြီ၏အမူအယာကို ၾကည့္ရန္ တစ္ဖက္သို႔ ေခါင္းလွည့္လာသည္။သူသည္ စာမ်က္ႏွာအနည္းငယ္ကိုထပ္မံလွန္ပစ္လိုက္ၿပီး ၿဖဲလိုက္ျပန္သည္။
"အခု ကိုယ္စ,ေနတယ္လို႔ မင္းေလးထင္ေနေသးလား?"

"ခင္မ်ားက မဟာထိပ္တန္းအရာရွိေနာ္။"
စုရွစ္ယြီ၏အသံဟာ ျဖည္းျဖည္းခ်င္းတိမ္သြားၿပီး ႏႈတ္ခမ္းေထာင့္စြန္းေလးကို ပို၍နက္ရႈိင္းေအာင္ၿပဳံးလိုက္ကာ ခ်ဴးမင္ယြင္ကို ၾကည့္လိုက္သည္။
"ခင္မ်ားလက္ထဲက ဒီပစၥည္းက အေရးႀကီးတဲ့သက္ေသအေထာက္အထားေတြပဲ။ခင္မ်ားက အင္အားႀကီးတဲ့ရာထူးတစ္ခုကိုပိုင္ဆိုင္ထားေပမယ့္ ျပည္ထဲေရးရာကို ကေမာက္ကမနဲ႔ရႈပ္ေထြးေအာင္ လုပ္လိုက္တာက ခင္မ်ားအျပစ္ဒဏ္ခံရလိမ့္မယ္။"

"ဟုတ္လား?"
ခ်ဴးမင္ယြင္က စာရင္းစာအုပ္ကို ပို၍နီးနီးကပ္ကပ္ၾကည့္ရန္ ​ေျမႇာက္လိုက္ၿပီးေနာက္ သူ႔အေနာက္သို႔ လွ်ိဳသြင္းကာသိမ္းလိုက္သည္။သူ႔ခႏၶာကိုယ္ကို ေရွ႕သို႔ယိုင္ခ်လာကာ စုရွစ္ယြီ၏မ်က္ဝန္းေလးထဲကိုၾကည့္ၿပီး ၿပဳံးလိုက္သည္။
"မင္းေလးကိုယ္တိုင္လာၿပီး သက္ေသအေထာက္အထားကို အရယူရေအာင္ ဒီကိစၥက ဘယ္ေလာက္မ်ားအေရးႀကီးေနတာမို႔လဲ?ဘာေၾကာင့္ ကိုယ့္ကိုမေျပာတာလဲ?ကိုယ္ကူညီေကာင္းကူညီႏိုင္မွာေပါ့။"

"ဘယ္ကမ္းလွမ္းခ်က္မွ လက္မခံႏိုင္တဲ့ ဒီနိမ့္က်တဲ့စုမ်ိဴး႐ိုးကို ခြင့္လႊတ္ပါ။"
စုရွစ္ယြီက မတုန္မလႈပ္ႏွင့္ဆက္ေျပာသည္။
"ဒီလိုအေသးအဖြဲကိစၥေတြကို မဟာထိပ္တန္းအရာရွိ..အာ႐ုံစိုက္ရေအာင္ ဘယ္လိုလုပ္ေတာင္းဆိုႏိုင္ပါ့မလဲဗ်ာ။အခုဒီပစၥည္း ျပန္ေပးမယ္ဆိုရင္ကို ခင္မ်ားႀကီးမားတဲ့ အကူအညီေပးၿပီးသြားပါၿပီ။"

ခ်ဴးမင္ယြင္က စိတ္လႈပ္ရွားသြားျခင္းအလ်င္းမရွိဘဲ မ်က္ခုံးမ်ားကို ပင့္လိုက္ေလၿပီး စာအုပ္ကိုျပန္ထုတ္ကာ စုတ္ၿပဲသြားေသာစာမ်က္ႏွာမ်ားကို စာရင္းစာအုပ္ထဲသို႔​​ ျပန္ထားလိုက္ၿပီးအလ်င္စလို လက္ဖဝါးႏွင့္႐ိုက္လိုက္ရင္း လမ္းေလွ်ာက္လာကာ စုရွစ္ယြီ၏လက္ေလးထဲသို႔ ထည့္ေပးလိုက္သည္။
"ဒီအေၾကာင္းကို ေမ့လိုက္ေတာ့။ကိုယ္မင္းကို ေနာက္ထပ္ အေႏွာက္အယွက္မေပးေတာ့ပါဘူး။"
သူကစုရွစ္ယြီကို ေသခ်ာၾကည့္၍ ပုခုံးမ်ားကို အေရးမစိုက္ေတာ့ဟန္ျဖင့္ တြန္႔ေကြးလိုက္ၿပီး ေရွ႕သို႔ ထြက္သြားသည္။
"အခုမင္းေလးၾကည့္ေနတဲ့ပုံစံက ကိုယ့္ကို မင္းျမင္ကြင္းထဲကေန မရွိေစခ်င္ေတာ့တာ ေသခ်ာတယ္။ဒီအေျခအေနမွာ ကိုယ္ပဲထြက္သြားသင့္ပါတယ္။"

စုရွစ္ယြီက တိတ္တဆိတ္သာၾကည့္ေနၿပီး ခ်ဴးမင္ယြင္တံခါးကိုဖြင့္၍ ထြက္သြားသည္ႏွင့္တစ္ၿပိဳင္နက္ ထိုသူ၏ပုံရိပ္ဟာ ေပ်ာက္သြားေလသည္။သူဟာ မ်က္ခုံးေတြကို တြန္႔ေကြးလိုက္ၿပီး လက္ထဲမွ စာရင္းစာအုပ္ကို ဖ်စ္ညစ္လိုက္သည္။

ခ်ဴးမင္ယြင္က သူ၏ေနာက္ကိုၾကည့္လိုက္ၿပီး ေထာင့္ခ်ိဴးေလးတစ္ခုဘက္လွည့္၍ က်ယ္ေလာင္စြာရယ္ေမာေနသည္။ထို႔ေနာက္သူက ေရွ႕သို႔ျပန္ၾကည့္၍ ေျခလွမ္းမ်ားကိုေျဖးေျဖးေလးလွမ္းက စိမ္ေျပနေျပႏွင့္ အျပင္သို႔ေလွ်ာက္လွမ္းသြားေတာ့သည္။ေျမေအာက္ခန္းလမ္းေၾကာင္းဟာ ပဲ့တင္သံေတြရွိေနၿပီး ကင္းလွည့္အေစာင့္မ်ား သူ႔ဆီသို႔မေရာက္မွီ ရွည္လ်ားေသာလမ္းေၾကာင္းထဲသို႔ အေလာတႀကီးလာေနၾကေလသည္။ထင္ထားသည့္အတိုင္း ေနာက္ထပ္အနည္းငယ္ လွည့္လည္ၿပီးတဲ့အခါ ေရွ႕လမ္းေၾကာင္းကို ပိတ္ဆို႔ထားေသာ မ်ားျပားတဲ့ကင္းလွည့္အေစာင့္မ်ားရွိေနသည္။ေရွ႕ဆုံးမွာ ရပ္ေနသည့္သူက ခ်ဴးမင္းယြင္ကို အ႐ိုအေသေပးလိုက္ေလၿပီးေျပာသည္။
"ဒီနိမ့္က်တဲ့လက္ေအာက္ငယ္သားက အရာရွိလာမွာကို မသိခဲ့ပါဘူး။အဲ့တာေၾကာင့္အခ်ိန္မွီမႀကိဳဆိုႏိုင္ခဲ့ဘူး။အရာရွိ ခြင့္လႊတ္ေပးဖို႔ ကြၽန္ေတာ္အႏူးအၫြတ္ေတာင္းပန္ပါတယ္။"

"အာ"
ခ်ဴးမင္ယြင္​က ေခါင္းေလးတညိတ္ညိတ္ႏွင့္ ေျပာလိုက္သည္။
"အခုမင္းငါ့ကို ႀကိဳဆိုၿပီးၿပီပဲ။ဒါေၾကာင့္ ေဘးဖယ္ေပးေတာ့။"

"ဒီနိမ့္က်တဲ့လက္ေအာက္ငယ္သားက အေရးမပါတဲ့ ရာထူးေလးနဲ႔သူပါ။သာမန္ရက္ေတြဆို အရာရွိကို ေတြ႕ျမင္ရမဲ့အခ်ိန္ဆိုတာ မရွိခဲ့ပါဘူး။"

"ဒီလူေတြကို ငါ့ရဲ႕လမ္းမွာ ေခၚလာရတဲ့အေၾကာင္းအရင္းက မင္းရဲ႕အဓိပၸါယ္မရွိစကားေတြကို ေျပာဖို႔လား?
ခ်ဴးမင္ယြင္ကေမးလိုက္သည္။

ထန္က်င္းက ေခတၱရပ္တန္႔သြားသည္။ခ်ဴးမင္ယြင္ကို ၾကည့္လိုက္ၿပီး သူက ဆက္ေျပာေလသည္။
"အရာရွိက နားလည္တယ္ဆိုေတာ့ ဒီနိမ့္က်တဲ့သူက အေၾကာင္းကိစၥကိုတည့္တိုးပဲ ေျပာပါေတာ့မယ္။အရာရွိခ်ဴးကကြၽန္ေတာ္ရဲ႕ဒီစီးပြားေရးလုပ္ငန္းကိစၥမွာ တစ္ႀကိမ္တည္းသာ ပါဝင္ပက္သက္ခဲ့တာပါ။လက္ရွိမွာ အေျခအေနေတြတိုးတတ္လာတယ္ဆိုတာကို အခုဒီေနရာမွာ ျပသႏိုင္ပါတယ္။ကြၽန္ေတာ္မကူညီႏိုင္ေပမယ့္ အရာရွိခ်ဴး ၾကည့္ခ်င္​ၾကည့္လို႔ရပါတယ္။"

ခ်ဴးမင္ယြင္က ေပါ့ပ်က္ပ်က္နဲ႔တခစ္ခစ္ရယ္လိုက္ၿပီး ေျပာသည္။
"သက္ေသအေထာက္အထားေတြကို ဖ်က္ပစ္ဖို႔ ငါဒီမွာရွိေနတယ္လို႔ မင္းထင္ေနတာလား?"

[T/N:ခ်ဴးပုစိကခိုးေၾကာင္ခိုးဝွက္လာၿပီး အရင္ကခ်ဴးပုစိပါတဲ့သက္ေသေတြဖ်က္တယ္ထင္ေနလို႔ပါ ထန္က်င္းက]

"ကြၽန္ေတာ္မထင္ဝံ့ပါဘူး"
ထန္က်င္းက ဆက္ေျပာသည္။
"အရာရွိက တစ္ပါးသူကို ဒုကၡေပးမဲ့သူမ်ိဴးမဟုတ္ပါဘူး အဲ့တာမွလည္း ကိုယ္တိုင္က ေျဖာင့္မတ္မွန္ကန္တဲ့သူအျဖစ္ရပ္တည္ႏိုင္မွာေလ။"

ခ်ဴးမင္ယြင္ရဲ႕အၿပဳံးက ပို၍နက္ရႈိင္းလာသည္။သူက စုတ္ၿဖဲယူလာေသာစာ႐ြက္ႏွစ္႐ြက္ကို စုစည္းရန္ လက္ေျမႇာက္လိုက္ၿပီးေနာက္ နံရံတြင္ခ်ိတ္ဆြဲထားေသာ ေရနံဆီမီးအိမ္ဆီသို႔ လက္လွမ္းကာ ၎တို႔ကို မီးေတာက္မ်ားဟပ္ေစသည္။သူလက္လႊတ္သည္ႏွင့္ စာ႐ြက္မ်ားဟာ တျဖည္းျဖည္း ျပာျဖစ္သြားေလသည္။

[T/N:သူ႔nameပါတဲ့စာမ်က္ႏွာေတြကို ယူျဖစ္ေအာင္ယူလာတယ္ေနာ္ ေလးစားမိ]

"ဒါေပမဲ့ ငါက အဲ့လိုလူမ်ိဴးပဲ"
မီးေတာက္၏ပူေႏြးေသာ မီးေရာင္ေအာက္တြင္ ခ်ဴးမင္ယြင္၏အၾကည့္မ်ားမွာ ေအးစက္ေနသည္။
"အဲ့တာေၾကာင့္ ဒီဟာကိုသုံးၿပီး ငါ့ကိုၿခိမ္းေျခာက္ဖို႔ စဥ္းစားမေနနဲ႔။မင္းဘာမင္း ဘယ္သူပဲျဖစ္ေနပါေစ!"

ထန္က်င္းက အံ့ၾသသြားေလသည္။သူ႔အေနာက္မွ အေစာင့္မ်ားမွာလည္း သူတို႔၏လက္နက္မ်ားကို တင္းက်ပ္ေနေအာင္ကိုင္ထားၿပီး အမိန္႔ကိုေစာင့္ဆိုင္းေနၾကသည္။ထန္က်င္း၏မ်က္လုံးထဲတြင္ ရက္စက္မႈမ်ား ရိပ္ခနဲျဖတ္သန္းသြားၿပီး သူက လက္ကိုေဝ့ယမ္း၍ တစ္ခုခုေျပာလိုလိုက္ေပမယ့္ ေနာက္ထပ္တခါ ခ်ဴးမင္ယြင္ရဲ႕စကားစႏွင့္ျဖတ္ေတာက္ခံလိုက္ရသည္။

"ဒါေပမယ့္ ငါကအသည္းမာတဲ့သူမ်ိဴးေတာ့ မဟုတ္ရပါဘူး"
ခ်ဴးမင္ယြင္က သူ႔လက္ေခ်ာင္းမွ ျပာမႈန္႔မ်ားကို မႈတ္ထုတ္လိုက္ေလသည္။
"စုရွစ္ယြီက အခု​ေျမေအာက္ခန္းထဲမွာပဲ ရွိေနတုန္း။အျပင္ေရာက္သြားၿပီဆိုရင္ေတာင္ အခုအခ်ိန္ထိ ေဝးေဝးေရာက္ေသးမွာမဟုတ္ဘူး။မင္းကို စစ္ေဆးမဲ့တစ္ဦးတည္းေသာသူက သူဆိုတဲ့ မဟာအတြင္းေရးမႉးခ်ဴပ္ကိုယ္တိုင္ပဲကြ။မင္းကိုပိတ္ပင္ဟန္႔တားမွာက သူတစ္ဦးတည္းပဲ။"

"စုရွစ္ယြီ!"
ထန္က်င္းသည္ သူ႔ကို မသကၤာစြာျဖင့္ ၾကည့္လိုက္ေလသည္။
"အနီးစပ္ဆုံး သူဘယ္ေနရာေလာက္မွာလဲဆိုတာ အရာရွိခ်ဴး ကြၽန္ေတာ့္ကိုေျပာျပႏိုင္ပါ့မလား?"

"စုရွစ္ယြီေသသည္ျဖစ္ေစ ရွင္သည္ျဖစ္ေစ။ငါနဲ႔ဘာဆိုင္တာမို႔လို႔လဲ?"
ခ်ဴးမင္ယြင္က သူ႔ကိုၾကည့္ရႈရန္ အၾကည့္မ်ားကို ပင့္လိုက္ေလသည္။
"သူ႔ေသဆုံးမႈအတြက္ ဆုေတာင္းေပးမဲ့သူေတြအမ်ားႀကီးလည္း ရွိေသးတယ္။"

ထန္က်င္းက ခဏတာမွ် ထိုစကားလုံးေတြကို သေဘာက်သြားၿပီး ၿပဳံးလိုက္ေလသည္။
"ႏွစ္ေယာက္သားရဲ႕အေျခအေနက အဲ့လိုဆိုမွေတာ့ ေက်းဇူးျပဳၿပီး အရာရွိခ်ဴးစိတ္ခ်လိုက္ပါ။ဒီနိမ့္က်တဲ့သူက လိုလိုလားလားနဲ႔ အရာရွိရဲ႕အမိန္႔အတိုင္း လုပ္ေဆာင္ေပးမွာပါ။"

ခ်ဴးမင္ယြင္က ႏႈတ္ခမ္းမဲ့လိုက္ၿပီး လက္ကိုေျမႇာက္ကာ ထန္က်င္းကို ေဘးဖယ္ရန္ အခ်က္ျပလိုက္သည္။

စုရွစ္ယြီသည္ ေထာင့္စြန္းေလးဘက္လွည့္၍ တဒဂၤေလာက္ရပ္ေနေလသည္။သူ႔ပတ္ဝန္းက်င္ပတ္ပတ္လည္ကို ၾကည့္လိုက္ၿပီး သူမ်က္လုံးမ်ားက ထန္က်င္းဆီသို႔ က်ေရာက္သြားသည္။သူက ၿပဳံးကာေျပာလာသည္။
"ဝန္ႀကီးထန္။အဲ့ဒီပုံစံက ကြၽန္ေတာ့္ကို မင္းႀကိဳဆိုေနတာနဲ႔ေတာ့ မတူဘူးေနာ္။"

"ကြၽန္ေတာ္က ႀကိဳးတစ္ေခ်ာင္းရဲ႕အဆုံးမွာေရာက္ေနတာသာမဟုတ္ရင္ အတြင္းေရးမႉးစုအေပၚဘယ္ေတာ့မွ ျပစ္မႈမက်ဴးလြန္ပါဘူး"
ထန္က်င္းကေျပာလိုက္သည္။သူ႔အေနာက္မွ အေစာင့္ေတြရဲ႕လက္နက္မ်ားဟာ ဝင္းလက္ေနၿပီး ၎က အေမွာင္ထဲတြင္ မ်က္လုံးမ်ားကို အနည္းငယ္စူးရွေစသည္။

"ဟမ့္ မွားတယ္ဗ်။အသက္ရွင္ျခင္း၊ေသျခင္း ရႈန္းကန္လႈပ္ရွားမႈက ဝန္ႀကီးထန္ရဲ႕လက္ရွိ အေျခအေနနဲ႔မွ ပိုသင့္ေတာ္ေနတယ္လို႔ ကြၽန္ေတာ္ထင္တယ္။"
စုရွစ္ယြီက ထန္က်င္းလာခဲ့ေသာလမ္းေၾကာင္းကိုၾကည့္လိုက္ၿပီး ဆက္ေျပာေလသည္။
"ဘာစကားေတြေျပာမွာမို႔ အရာရွိခ်ဴးဆီ မင္းက အေျပးလာရတာလဲ?"

ထန္က်င္းသည္ စုရွစ္ယြီ၏ မြန္ရည္ၿပီးေကာင္းမြန္ေသာအျပင္ပန္းကို ၾကည့္လိုက္ေပမယ့္ ဒီ႐ိုးရွင္းေသာေမးခြန္းက အရိပ္အႁမြက္ျပေနတာလားဆိုတာကို မသိႏိုင္ပဲျဖစ္ေနသည္။သူက ေအးစက္စက္ႏွင့္ေထ့ေငါ့​ေျပာလာသည္။
"အရာရွိခ်ဴးက ခင္မ်ားကို ကယ္ေပးေလာက္မွာမဟုတ္ဘူးဗ်ာ။မဟာအတြင္းေရးမႈးခ်ဴပ္ေတာ့ စိတ္ပ်က္သြားရေတာ့မွာပဲ။"
ထန္က်င္းက ေခတၱရပ္သြားၿပီးဆက္ေျပာျပန္သည္။
"အမွန္အတိုင္းေျပာရရင္ ထန္က်င္းဆိုတဲ့ကြၽန္ေတာ္က အရာရွိခ်ဴးရဲ႕အမိန္႔အတိုင္းသာ လုပ္ေဆာင္ေနတာပါဗ်ာ။"

စုရွစ္ယြီက သူ​ေျပာစကားကို အံ့ၾသျခင္းမရွိပဲ ၾကည့္လိုက္သည္။
"သူကယ္တင္ေပးဖို႔ ေမွ်ာ္လင့္လိုအပ္ေနရေအာင္ ငါကဘယ္ေလာက္ ႏုံခ်ာၿပီးသနားစရာေကာင္းေနတာမို႔လို႔လဲ?"

စကားတစ္လုံးမွမေျပာေတာ့ပဲ ထန္က်င္းသည္ လက္တစ္ခ်က္ယမ္းလိုက္၍ သူ႔အေစာင့္မ်ားကို အေရွ႕သို႔ ခ်ီတတ္ေစသည္။စုရွစ္ယြီသည္ ရပ္ေနသည့္ေနရာမွ တစ္လွမ္းမွမေ႐ြ႕သြားပဲ တံတိုင္းသဖြယ္ျဖစ္ေနေသာလူမ်ားကို ထြင္းေဖာက္၍ ထန္က်င္းကိုဖြဖြေလးၿပဳံးျပေနသည္။သူ၏လက္ေခ်ာင္းထိပ္မ်ားမွာ ဓားသြားလို ခြၽန္ထက္ေနၿပီး မ်က္ဝန္းမ်ားမွာက ၾကည္လင္ေတာက္ပေနသည္။

Jul 29/2021.
1:18pm.

Author's Note::

Author : "မင္းဒါကိုဘယ္လိုေခၚလဲသိလား?အလုပ္ခြင္ထဲမွာ လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္တာကိုေလ"

ခ်ဴးပုစိ : "ဟြန္႔"

Author : "ဟဲဟဲ..။ဒါေပမယ့္ ငါစုရွစ္ယြီေလးကို ဖက္လိုက္ခ်င္တယ္...။သူရဲ႕ကိုယ္သင္းနံ႔ေလးက အရမ္းေကာင္းမွာေသခ်ာတယ္။"

ခ်ဴးပုစိ : "ဟြန္းဟြန္း"

Author : "..........."

Continue Reading

You'll Also Like

153K 10.9K 38
Seokjin's book'Lovelorn'becomes best seller making people question whether it's really a fiction or reality, only his closed one knows what that book...
650K 34.5K 20
๐’๐ก๐ข๐ฏ๐š๐ง๐ฒ๐š ๐‘๐š๐ฃ๐ฉ๐ฎ๐ญ ๐ฑ ๐‘๐ฎ๐๐ซ๐š๐ค๐ฌ๐ก ๐‘๐š๐ฃ๐ฉ๐ฎ๐ญ ~By ๐Š๐š๐ฃ๐ฎ๊จ„๏ธŽ...
4M 258K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
5.6M 153K 48
"The rules for a Mafia wife were endless and strict. Once she entered into this life she would never be free. Women in the Mafia were first daughters...