Ch-13

343 52 41
                                    

(Unicode)

မင်းလေးကိုယ့်ကိုဝေဖန်လိုက်တယ်ဆိုတည်းက ကိုယ်ရဲ့အဝတ်အစားတွေကို ချွတ်ပြီး မင်းလေးကို တွန့်ဆုတ်ခြင်းမရှိစေဘဲ ကိုယ်က စေ့စေ့စပ်စပ်ရှာဖွေခွင့်ပြုပြီးသားပါ။
______________

"ဘာကိုဆိုလိုတာလဲ?"
ထန်ကျင်းကမေးလိုက်လေသည်။

"အဲ့တာကို မင်းသိဖို့မလိုပါဘူး"
ထိုလူကပြန်ပြောလိုက်၍ ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်အရောင်ကို ကြည့်လိုက်လေသည်။

"များပြားတဲ့ယမ်းမှုန့်တွေကို မှောင်ခိုတင်သွင်းပြီး မြေအောက်ခန်းထဲမှာပဲ သိုလှောင်ထားတာပါ။ရောင်းဖို့လည်းမဟုတ်သလို ဘယ်မှပြောင်းရွှေ့ဖို့လဲမဟုတ်ဘူး။တစ်ယောက်ယောက်ကလာပြီး လှည့်ပတ်ကြည့်ပြီးတဲ့အထိတော့ ကျွန်တော်စောင့်နေမယ်လို့များ ထင်နေသလား?"
သူကသွားများကို ဖွဖွလေးတြိတ်လိုက်ပြီး ဆက်ပြောသည်။
"ခင်များရဲ့ညံ့ဖျင်းမှုအတွက် ကျွန်တော့်ကို အပြစ်ခံခိုင်းနေတာများလား?"

ထိုလူက ရုတ်တရက် ရယ်လိုက်ပြီး သူ့ကို ကြည့်ရန်လှည့်လာသည်။
"ငါဒီလိုမလုပ်ရင်တောင် မင်းက ဘယ်လောက်ကြာကြာစောင့်နေနိုင်တော့မှာမို့လို့လဲ?မင်းဇနီးကရော ဘယ်လောက်ကြာကြာစောင့်နေနိုင်မှာလဲ?"

ထန်ကျင်းရုတ်တရက်လန့်နိုးလာလေသည်။သူက ထထိုင်လိုက်ပြီး နဖူးမှ ချွေးများကို သုတ်လိုက်သည်။သူ၏လက်ကောက်ဝတ်မှ လေးလံသောအရာတစ်ခုကို ခံစားနေရပြီး လှုပ်ရှားလိုက်တိုင်း သတ္တုကွင်းများက အသံများမြည်နေသည်။သူ့အောက်တွင် စိုစွတ်ပြီးအေးနေတဲ့အိပ်ယာတစ်ခုရှိသည်။ထန်ကျင်းသည် မှတ်ဉာဏ်များက ဖြည်းဖြည်းချင်း ပြန်လှိမ့်၍ ပေါ်မလာမှီ သူ့ခန္ဓာကိုယ်ပေါ်ရှိ အကျဥ်းသားများ၏အဖြူဖျော့ရောင် ဝတ်စုံကိုကြည့်လိုက်ပြီး ကြက်သေ​သေသွားလေသည်။

အကုန်လုံးမှာ မြန်မြန်ဆန်ဆန်ဖြစ်သွားပြီး သူ့မှာ တုန့်ပြန်ဖို့တောင် အခွင့်အရေးမရှိခဲ့တာဖြစ်သည်။မိမိ၏ ဇဝေဇဝါမှုန်ဝါးဝါးမှတ်ဉာဏ်ထဲမှာတော့ စုရှစ်ယွီ၏အပြုံးကိုသာ မှတ်မိလေသည်။ထို့နောက် သူ့လည်တိုင်အနောက်ဘက်မှ နာကျင်သွားတာကလွဲလို့ သူသတိမေ့သွားတာပဲဖြစ်သည်။သူအခုဖြစ်နေသော အနေအထားကိုကြည့်ရင် ရှင်းလင်းလိမ့်မည်ဖြစ်သည်။သူက ခေါင်းကိုနိမ့်၍ ခါးသီးစွာရယ်မောလိုက်လေသည်။

Jun You Ji Fou 君有疾否《Myanmar Translation》Where stories live. Discover now