แ€žแ€›แ€ฒแ€›แ€ฌแ€‡แ€แ€„แ€นแ€™แ€บแ€ฌแ€ธแ€‘แ€ฒแŒแ€แ€บแ€…แ€นแ€€แ€ผแ€บแ€™แ€นแ€ธแ€แ€„แ€น...

By Hot_Tofu1

362K 53.5K 5.9K

Myanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are... More

Introduction {Z}
Introduction {U}
แ€กแ€แ€ผแ€ฒ แ , แ.แ { Z }
แ€กแ€แ€ฝแ€ฒ แ , แ.แ { U }
แ.แ‚ {Z}
แ.แ‚ {U}
แ‚.แ {Z}
แ‚.แ {U}
แ‚.แ‚ {Z}
แ‚.แ‚ {U}
แƒ.แ {Z}
แƒ.แ {U}
แƒ.แ‚ {Z}
แƒ.แ‚ {U}
แ„.แ {Z}
แ„.แ {U}
แ„.แ‚ {Z}
แ„.แ‚ {U}
แ….แ {Z}
แ….แ {U}
แ….แ‚ {Z}
แ….แ‚ {U}
แ†.แ {Z}
แ†.แ {U}
แ†.แ‚ {U}
แ‡.แ {Z}
แ‡.แ {U}
แ‡.แ‚ {Z}
แ‡.แ‚ {U}
แˆ.แ {Z}
แˆ.แ {U}
แˆ.แ‚ {Z}
แˆ.แ‚ {U}
แ‰.แ {Z}
แ‰.แ {U}
แ‰.แ‚ {Z}
แ‰.แ‚ {U}
แแ€.แ {Z}
แแ€.แ {U}
แแ€.แ‚ {Z}
แแ€.แ‚ {U}
แแ.แ {Z}
แแ.แ {U}
แแ.แ‚ {Z}
แแ.แ‚ {U}
แแ‚ {Z}
แแ‚ {U}
แแƒ.แ {Z}
แแƒ.แ {U}
แแƒ.แ‚ {Z}
แแƒ.แ‚ {U}
แแ„.แ {Z}
แแ„.แ {U}
แแ„.แ‚ {Z}
แแ„.แ‚ {U}
แแ….แ {Z}
แแ….แ {U}
แแ….แ‚ {Z}
แแ….แ‚ {U}
แแ….แƒ {Z}
แแ….แƒ {U}
แแ†.แ {Z}
แแ†.แ {U}
แแ†.แ‚ {Z}
แแ†.แ‚ {U}
แ€กแ€แ€ผแ€ฒ แ‚ , แแ‡.แ {Z}
แ€กแ€แ€ฝแ€ฒแ‚ , แแ‡.แ {U}
แแ‡.แ‚ {Z}
แแ‡.แ‚ {U}
แแˆ.แ {Z}
แแˆ.แ {U}
แแˆ.แ‚ {Z}
แแˆ.แ‚ {U}
แแ‰ {Z}
แแ‰ {U}
แ‚แ€ {Z}
แ‚แ€ {U}
แ‚แ.แ {Z}
แ‚แ.แ {U}
แ‚แ.แ‚ {Z}
แ‚แ.แ‚ {U}
แ‚แ‚.แ {Z}
แ‚แ‚.แ {U}
แ‚แ‚.แ‚ {Z}
แ‚แ‚.แ‚ {U}
แ‚แ‚.แƒ {Z}
แ‚แ‚.แƒ {U}
แ‚แƒ.แ {Z}
แ‚แƒ.แ {U}
แ‚แƒ.แ‚ {Z}
แ‚แƒ.แ‚ {U}
แ‚แ„.แ {Z}
แ‚แ„.แ {U}
แ‚แ„.แ‚ {Z}
แ‚แ„.แ‚ {U}
แ‚แ….แ {Z}
แ‚แ….แ {U}
แ‚แ….แ‚ {Z}
แ‚แ….แ‚ {U}
แ‚แ†.แ {Z}
แ‚แ†.แ {U}
แ‚แ†.แ‚ {Z}
แ‚แ†.แ‚ {U}
แ‚แ‡.แ {Z}
แ‚แ‡.แ {U}
แ‚แ‡.แ‚ {Z}
แ‚แ‡.แ‚ {U}
แ‚แˆ.แ‚ {Z}
แ‚แˆ.แ {Z}
แ‚แ‰.แ {Z}
แ‚แˆ.แ {U}
แ‚แˆ.แ‚ {U}
แ‚แ‰.แ {U}
แ‚แ‰.แ‚ {Z}
แ‚แ‰.แ‚ {U}
แƒแ€ {Z}
แƒแ€ {U}
แƒแ {Z}
แƒแ {U}
แ€กแ€แ€ผแ€ฒ แ‚, แƒแ‚ {Z} แ€‡แ€ฌแ€แ€นแ€žแ€ญแ€™แ€นแ€ธ
แ€กแ€แ€ฝแ€ฒ แ‚, แƒแ‚ {U} แ€‡แ€ฌแ€แ€บแ€žแ€ญแ€™แ€บแ€ธ

แ†.แ‚ {Z}

2.4K 306 64
By Hot_Tofu1

Zawgyi

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း -
Chapter 6.2

ON JULY 28, 2021 BY HOT TOFU

Arc 1 : ရင်ခွဲရုံထဲမှ ထူးဆန်းသောအသံ

""ကျေးဇူးတင်ပါတယ်! ကျေးဇူးအများကြီးတင်ပါတယ်၊လူကြီးမင်းအန်း! ခင်များကျွန်တော့်အသက်ကိုကယ်လိုက်တာပါဘဲ! ကျွန်တော်ဒီအဆောင်ကိုရက်အနည်းငယ်
ကြာမှပြန်ပေးလို့ရမလားဟင်? ကျွန်တော်သေချာပေါက်ဂရုတစိုက်ထားပါ့မယ်!""

ယောင်းယီ ပင်းအန်အဆောင်ကို လည်ပင်း၌ဆွဲလိုက်သည်။
မျက်ရည်များစွန်းထင်း
နေသောမျက်နှာသည် အဆုံးမှာတော့ အပြုံးပန်းများပွင့်လန်းလာခဲ့သည်။
သိပ်ကိုမှပျော်ရွှင်နေသည့်အတွက် ထိုအရာကို
သေချာစိုက်ကြည့်ဖို့ရန် အလွန်ကန်းနေခဲ့သည်။

သူအမြဲလိုလိုသယ်ဆောင်ထားခဲ့သည့် ဘေးအန္တာရာယ်ကင်းစေသောအဆောင်သည် ယခုအခါ သူချစ်ရပါသော
ဒေါက်တာယောင်း၏ခန္ဓာကိုယ်အပူချိန်ဖြင့်
နွေးထွေးနေသည်ကိုမြင်လိုက်ရသည့်အခါ
အန်းလင် ရှက်သွေးဖြာသွားပြီး သူ၏လက်များကို ရှက်ယမ်းယမ်းရင်း ဖြေလိုက်သည်။

""ရပါတယ်၊ကျေးဇူးတင်စရာမလိုပါဘူး။
ဒေါက်တာအနေနဲ့အရင်ကတည်းက ကျွန်တော့်ကိုကူညီပေးခဲ့တာဘဲဟာ။
ကျွန်တော့်ဘက်က တတ်စွမ်းနိုင်သ၍ ဒေါက်တာယောင်းကို ကာကွယ်ပေးချင်တာပါ။
ဒါပေမဲ့လေ...အဲ့ပင်းအန်အဆောင်က တကယ်ရောအသုံးဝင်တာဟုတ်ရဲ့လား?
တကယ်လို့လိုအပ်ရင်၊ ကျွန်တော် ဒေါက်တာကိုကာကွယ်ပေးနိုင်ပါတယ်။
ကျွန်တော်သေချာပေါက် ဒေါက်တာကိုဘာတစ်ခုမှ
အထိအခိုက်ခံခိုင်းမှာမဟုတ်ပါဘူး!
တကယ်လို့သရဲဖြစ်နေရင်တောင်မှ၊
ဒေါက်တာအနေနဲ့ကြောက်စရာမလိုတဲ့
အထိကာကွယ်ပေးမှာပါ""

သောကဝေနေသည့် ယောင်းယီမျက်နှာပေါ်မှ မျက်ရည်စီးကြောင်းရာများကို အန်းလင်စိုက်ကြည့်လိုက်သည်။
သူသည်တကယ်ကိုထူးဆန်းသည်။သူအနေဖြင့် ကြီးပြင်းလာခဲ့ရသည့်ဘဝတလျောက်လုံး အရာရာကိုကြောက်ရွံခဲ့ရပြီး၊ကလေးဘဝကတည်းက လူတိုင်းထံမှအနိုင်ကျင့်ခြင်းကိုခံခဲ့ရသည်။
သို့သော် သူတစ်ခါမှမကြောက်သည့်အရာမှာ သရဲများဖြစ်သည်။သူသည် တစ္ဆေ၊သရဲများကို
မမှုပေ။ဤသည်မှာအစာကွင်းဆက်၏
ထိပ်နေရာတွင်ရှိနေသောသတ္တဝါသည် သူ၏သားကောင်ကိုကြောက်ရွံမှုတစ်စုံတစ်ရာမှမရှိဘဲကြည့်သည့်သဘောမျိုးဖြစ်သည်။

ထို့ကြောင့် သူယောင်းယီကို ကာကွယ်ပေးနိုင်သည်ဟုပြောသည့်အခါ အလေးအနက်ပြောခြင်းဖြစ်သည်။သို့သော် ထိုစကားလုံးများသည် တစ်ဖက်လူ၏နားထဲတွင်တော့ အနည်းငယ်အထင်လွဲစရာဖြစ်မည်မှာ မလွဲဧကန်ဖြစ်သည်။

ထိုစကားများကိုကြားလိုက်ရသည့်အခါ၊
ယောင်းယီ၏မျက်လုံးများမှာ
ဖြည်းဖြည်းချင်းအဝေးဆီသို့ရွေ့သွားပြီး အန်းလင်၏သူ့ကိုအဖော်ပြုပေးမည့်
ကမ်းလှမ်းချက်ကို ရှောင်ရှားလိုက်သည်။
သို့သော် ထိုအစား ထပ်ကာ၊ထပ်ကာ
ကျေးဇူးတင်ခဲ့သည်။
သူ၏ဖုန်းကိုထုတ်ကာ အန်းလင်ကို
Wechat နှင့် QQ [1] တွင်
အပ်လိုက်ပြီးနောက်၊ သက်တောင့်သက်သာဖြင့်
ကျောကိုနောက်သို့မှီကာ၊သူ၏ကော်ဖီနှင့်မုန့်များကို နှစ်ခြိုက်စွာစားသောက်တော့သည်။

[1] ချက်ချင်းစာပို့လို့ရတာမျိုးပါ၊တရုတ်က
နာမည်ကြီးတဲ့ Social Media တွေထဲကတစ်ခုပါ။

အန်းလင်လည်း ဘာမှမထည့်ထားသည် ကော်ဖီကြီးကို ကသိကအောက်ဖြစ်စွာနှင့်
သောက်လိုက်သည်။
အရသာမှာဆိုးဝါးလှသည်။
ခါးသက်သည့်အရသာကြောင့်
မျက်ရည်များကျလုမတတ်
သီးခဲ့ရသော်လည်း၊ထိုမျက်ရည်များကို ပြန်မသုတ်ဖြစ်ပေ။ထိုအစား အရူးတစ်ယောက်လိုပြုံးရင်း ယောင်းယီကိုကြည့်နေခဲ့သည်။

ယခုပုံရိပ်တစ်ခုလုံးမှာတကယ်ကို
ရယ်ချင်စဖွယ်ဖြစ်သည်။

တကယ်ကိုရိုးသားဖြူစင်သည့် လုံခြုံရေးအစောင့်ကြီးကိုကြည့်လိုက်မိချိန်၊
ယောင်းယီ၏နှလုံးသားထဲမှ ပျော်ရွှင်မှုသည် ဖြည်းဖြည်းချင်းစီ ပျောက်ကွယ်သွားပြီး လေးလံသည့်အပြစ်စိတ်ကြီး
အစားထိုးလာခဲ့သည်။
သူကိုယ်သူပြုံးရန်ဖိအားပေးပြီး သူ၏အသိတရားမှပြောဆိုနေသည့်
ခံစားရခက်သော ခံစားချက်များကို ဖိနှိပ်ရင်း အန်းလင်နှင့်စကားပြောနေလိုက်သည်။
နေ့လည်အနားယူချိန်ပြည့်သွားတော့မှသာ စကားပြောတာကိုရပ်တန့်ခဲ့သည်။

""နောက်တောင်ကျနေပြီဘဲ။လူကြီးမင်းအန်း
ပြန်ကြရအောင်လေ။ ဒီတစ်ကြိမ်တော့ ခင်များကို
တကယ်အလုပ်နောက်ကျစေခဲ့ပြီ။
အခုအလုပ်နောက်ကျတဲ့ကိစ္စနဲ့ပတ်သတ်လို့ ခင်များကိုတစ်ယောက်ယောက်ကပြောခဲ့မယ်ဆိုရင်၊ကျွန်တော့်ကိုပြောပြဖို့မမေ့ပါနဲ့၊ကျွန်တော်
ခင်များအစားရှင်းပြပေးပါမယ်""

မျက်လုံးများသည် ဖြူစင်ကာလှပသော်လည်း၊
ယောင်းယီ၏မျက်နှာကတော့ အပြစ်စိတ်အပြည့်ဖြစ်လို့နေသည်။

ချစ်ရသူထံမှ စိုးရိမ်ပူပန်နေသည့်အကြည့်များကို
တွေ့လိုက်ရသည့်အခါ၊အန်းလင် ငြိမ်သက်စွာခေါင်းညိမ့်လိုက်သည်။
သူ၏နှလုံးသားထဲမှ ပျော်ရွှင်မှုသည် စကားလုံးများဖြင့် ဖော်ပြရန်တောင်မစွမ်းသာပေ။

ယောင်းယီနောက်မှနေ၍
ဆေးရုံကိုပြန်လိုက်လာခဲ့ပြီး၊
ဓာတ်လှေကားတံခါးဆီသို့
ရောက်သည်အထိသူမခွဲချင်ပေ။

ဒေါက်တာယောင်း
ဓာတ်လှေကားထဲဝင်သွားသည်အထိ
ကြည့်နေခဲ့ပြီး၊အန်းလင်မျက်လုံးများထဲမှ အပျော်သည်အချိန်အကြာကြီး
တည်ရှိနေခဲ့သည်။ကော်ဖီဆိုင်ထဲတွင်
ဒေါက်တာယောင်းနှင့်နီးကပ်စွာ
တည်ရှိနေခဲ့ခြင်းသည်သူ့ကိုပထမဆုံးအကြိမ် ထင်ယောင်ထင်မှားတွေးမိစေသည်။

တကယ်...တကယ်လို့ ဒေါက်တာယောင်းသာ
သူ့ကိုပြန်ကြိုက်ခဲ့မယ်ဆို၊
သူတို့တွေအခုလိုမျိုး
ထာဝရအတူတူနေသွားရမှာမလား?

သူ၏လက်များကိုငုံ့ကြည့်လိုက်ပြီး၊
အန်းလင်၏မျက်လုံးများမှာ မှုန်ဝါးသွားခဲ့သည်။

ဒေါက်တာယောင်းဘက်ကနေတောင်
စပြီးသူ့လက်ကို ကိုင်ခဲ့သေးတာဘဲမလား၊
ဒါ့အပြင် အစောပိုင်းတုန်းက
ဓာတ်လှေကားထဲမှာအသားယူမိခဲ့တဲ့
ကိစ္စနဲ့ပတ်သတ်ပြီး သူ့ကိုလည်းမဆူခဲ့ဘူးလေ။
ဆိုလိုချင်တာက ဒေါက်တာယောင်းအနေနဲ့ သူ့ရဲ့နီးကပ်မှုအပေါ်ကိုဘာမှမဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ်များလား။

အန်းလင် သစ်ဆန်းသည့်မကြုံစဖူးစိတ်ကူးယဉ်
အတွေးများကြားကျရောက်သွားကာ၊
သူ၏ကိုယ်ခန္ဓာချို့ယွင်းမှုနှင့်ရုပ်ဆိုးမှုတို့ကို မေ့ပျောက်သွားတော့သည်။

[My Poor Baby T.T ]

အချစ်တွင် မိန်းမောတွေဝေနေသည့်အတွက်၊
လှည့်ဖျားခံခဲ့ရသလား၊
ခေါင်းပုံဖြတ်ခံခဲ့ရသလားဟုတောင်
မတွေးနိုင်တော့ပေ။ဒေါက်တာယောင်းနှင့်
တောက်ပသည့်အနာဂတ်
အကြောင်းကိုသာတွေးနေမိသည်။
သူ၏အသွေးအသားထဲအထိ စိမ့်ဝင်နေသည့် သိမ်ငယ်စိတ်များသည်လည်းပျောက်ကွယ်သွားခဲ့ပြီး သူ၏ပတ်ဝန်းကျင်တွင်လွှမ်းခြုံနေသောလေးလံထိုင်းမှိုင်းမှုသည်လည်းရှားရှားပါးပါးတက်ကြွသွက်လက်ကာဖြတ်လျတ်မှုများဖြင့် အစားထိုးခံလိုက်ရသည်။

ဤသို့ဖြင့်မြေအောက်ထပ်တွင်ရှိသည့်
ရင်ခွဲရုံဆီသို့ သွားရန် သီချင်းလေးညည်းကာ ဓာတ်လှေကားစီးလိုက်သည်။ယခုအချိန်သည် နေ့လည်ဖက်အလုပ်လုပ်ချိန်ဖြစ်သည်။
ပထမဆုံး၊သူအနေနဲ့ အနားယူပြီးမှ သန့်ရှင်းရေးဆက်လုပ်သင့်သည်။

ကြည့်ရသည်မှာ အန်းလင်အနေဖြင့် သူ့ဆီတွင် ပင်းအန်အဆောင်မရှိပါက၊ဘာဖြစ်မည်ဆိုတာကို တစ်ခါမှမတွေးဖူးပုံရသည်။ဟိုးအရင်ကတည်း သူ၏ဘဝသည်ထူးခြားချက်မရှိသောကြောင့်
သူအနေဖြင့်ထူးဆန်းပြီး
သဘာလွန်ဆန်သည့်အရာများကို လုံးဝမကြောက်ခဲ့တာကြောင့်လည်း
ဖြစ်ကောင်းဖြစ်နိုင်သည်။တကယ်လို့
ဒေါက်တာယောင်းသာကိုယ်တိုင်ကိုယ်ကျ
သဘာဝလွန်အရာဖြင့်
ကြုံတွေ့ခဲ့ရသည်ဟုမပြောခဲ့ပါလျှင်၊
အန်းလင်အနေဖြင့်လုံးဝ ယုံကြည်မှာမဟုတ်ပေ။

တကယ်တော့၊အန်းလင် ဘဝမှာ
ပထမဆုံးအကြိမ်ဒေါက်တာယောင်းထံမှ
ထိုပင်းအန်အဆောင်သည်
တစ္ဆေ၊သရဲများကိုဖယ်ရှားပေးနိုင်သည်ဟု
ကြားဖူးခြင်းဖြစ်သည်။မဟုတ်ပါက၊သူအနေဖြင့် ထိုအဆောင်အား သူ့အမေထားရစ်ခဲ့သည့် အမွေတစ်ခုအဖြစ်တစ်သက်လုံး
သတ်မှတ်ကာဆွဲထားမှာဖြစ်ပြီး
သူမကိုသတိရသောကြောင့်
ဘယ်သောအခါမှချွတ်ကြည့်မည်မဟုတ်ပေ။

[အဆောင်ကိုချွတ်လိုက်တိုင်း
သူ့အမေကိုသတိရတာမို့
တစ်ခါမှချွတ်မကြည့်ဖူးဘူးလို့ပြောတာပါ]

ဒင်—

လိုရာသို့ဓာတ်လှေကားရောက်သည်နှင့်၊
အန်းလင်လျင်မြန်စွာ မြေညီထပ်ထဲမှလာသည့် ဆေးလိပ်မီးခိုးနံ့ကိုရလိုက်သည်။သူဓာတ်လှေကားထဲမှထွက်လိုက်သည့်အခါ၊လေထုထဲရှိ မီးခိုးတန်းအချို့ကိုမြင်လိုက်ရလေသည်။

အန်းလင်သည် ဆေးလိပ်နံ့ကိုမုန်းသည်။ထို့ကြောင့် ဆေးလိပ်ကင်းမဲ့ဇုံဖြစ်သည့်ဆေးရုံများကို
သိပ်သဘောကျသည်။ယခုမှာပထမဆုံးအကြိမ် ရင်ခွဲရုံထဲ၌တစ်စုံတစ်ယောက်
ဆေးလိပ်လာသောက်ခြင်းဖြစ်သည်။
သူမတတ်နိုင်စွာဖြင့် ချောင်းဟန့်ကာ၊ သူကိုကြောက်လန့်စေရန်နှင့်
ခြိမ်းခြောက်နိုင်ရန်အတွက် သူ၏မျက်နှာပေါ်ရှိမွေးရာပါအမှတ်
အမည်းကြီးကို အခွင့်ကောင်းယူလိုက်သည်။

ချက်ချင်းကို၊ရင်ခွဲရုံအတွင်းဘက်ရှိ ကော်ရစ်တာထဲမှမီးသည်ပိုပြီးတောင်
တောက်ပလာတော့သည်။

တိတ်ဆိတ်ငြိမ်သက်နေသည်မှာ ကြက်တစ်ကောင်[2]အလားပင်။

[2]တစ်ချို့သောအကြောင်းအရာတွေကြောင့်၊
တရုတ်တွေရဲ့"ကြက်လိုတိတ်ဆိတ်တယ်"
လို့ပြောတာကအင်္ဂလိပ်တွေရဲ့
"ကြွက်လိုတိတ်ဆိတ်တယ်"ဆိုပြီး
ပြောတာနဲ့ဆင်ပါတယ်။ကောမန့်တွေမှာ
ဖတ်ကြည့်ရသလောက်ကတော့
အဲ့ဒါက TV ကြော်ငြာတစ်ခုမှာ ကြက်တွေကကျယ်လောင်စွာ
အော်ဟစ်သောင်းကျန်းနေရာကနေ တီဗီဖန်သားပြင်ပေါ်မှာအရေးကြီးတဲ့
ဇာတ်ကောင်ပေါ်လာတာနဲဘ
ချက်ချင်းငြိမ်ကြသွားတဲ့အပေါ်
အမှီပြုရေးထားတာပါတဲ့။
မှန်မမှန်တော့ တို့ဖူးလည်းမသိပါဘူး lol

ရိုးရာပုံပြင်များအရ၊တစ္ဆေ၊သရဲများသည် ကောင်းကင်၏အထီးကျန်ကြယ်နတ်ဆိုးနက္ခအောက်မွေးဖွားလာသည့်လူများကိုကြောက်တတ်ကြသည်ဟုအဆိုရှိသည်။
သူတို့၏ထူးခြားသောအရှိန်အဝါသည် အပြင်ပန်းတွင်မြင်တွေ့ရသည့်ထက်နက်နဲလှသည်။

ကံမကောင်းစွာဖြင့်၊လူများသည် အပေါ်ယံမြင်ရသည်ကိုသာယုံကြည်တတ်ကြ
ပြီးလှည့်စားရန်လွယ်ကူလှသည်။

""ဘယ်သူဆေးလိပ်သောက်နေတာလဲ?""

ပုံမှန်အားဖြင့်သူရဲဘောကြောင်ပြီး၊
အချစ်များဖြင့်ပြည့်နှက်နေသည်ဟုယူဆနိုင်သော အန်းလင်သည်ပြောင်းလဲသွားကာ၊
အသံမှာလည်း ကျယ်လာခဲ့သည်။

သူနှင့်သိပ်မဝေးကွာသည့်နေရာတွင်၊
အရေးမစိုက်သည့်ပုံစံဖြင့်မျက်မှန်နှင့်
အမျိုးသားသည် သူ၏ဆေးလိပ်ကို ဖွာလိုက်ပြီး မီးခိုးငွေ့များကိုရှုထုတ်လိုက်သည်၊ကြည့်ရသည်မှာ သူအနေဖြင့် အန်းလင်၏ဒေါသကို အဖက်လုပ်ပုံတောင်မရပေ။

""အဲ့လောက်အကျယ်ကြီးအော်နေရအောင်၊
မင်းကလိပ်ပြာ[3]ပြန်ခေါ်နေတာလား?!

သေချင်နေလို့လား၊ဟမ်! စောက်သုံးမကျတဲ့အကောင်!""

[3] မူလအစရိုးရာပုံပြင်တွေရဲ့
ယုံကြည်မှုအရတော့၊ကြောက်လန့်သွားတဲ့
ကလေးငယ်တွေ(သို့မဟုတ်)ပြင်းထန်သော
ခံစားမှုဆိုင်ရာတုန်လှုပ်မှုဖြင့်
ကြုံတွေ့ခဲ့ရသောလူများ၏ ဝိဉာဉ်များသည်ကြောက်ရွံမှုကြောင့် သူတို့၏ခန္ဓာကိုယ်ထဲမှထွက်သွားလေ့ရှိသည်
ဟုယုံကြည်ကြသည်။ဤသို့ဖြင့်
ထိုလမ်းပျောက်နေသည့်ဝိဉာဉ်များ
ပြန်လာနိုင်စေရန်လမ်းကြောင်း
တည့်မတ်ပေးခြင်းကို"လိပ်ပြာခေါ်သည်" ဟုခေါ်ဝေါ်လေ့ရှိသည်။လိပ်ပြာဘယ်လိုပြန်ခေါ်ရမလဲဆိုတာကိုလေ့ကျင့်နိုင်သည့်
နည်းလမ်းပေါင်းများစွာရှိသည်။
သို့သော်အသုံးအများဆုံးသော
နည်းလမ်းမှာညဖက်တွင်
ဝိဉာဉ်ခဏခဏပျောက်ဆုံးတတ်သည့်
လူ၏နာမည်ကိုအကျယ်ကြီး
အော်ခေါ်ရတာဖြစ်သည်။

(မြန်မာဆိုရင်တော့ လိပ်ပြာခေါ်ရင် သိဒ္ဓီတင်ထားတဲ့အပ်ချည်ကြိုးအဖြူနဲ့
ခေါ်လေ့ရှိပါတယ်။
လိပ်ပြာခွဲရင် ချိန်ကွင်ကို
အသုံးပြုပြီးခွဲပါတယ်။ဒါပေမဲ့လည်း ကျေးရွာဓလေ့ကိုမူတည်ပြီး
ပြောင်းလဲသွားတာမျိုးရှိတယ်။
တစ်ချို့မိသားစုကဆန်ကို
အသုံးပြုကြတဲ့လူတွေရှိတယ်)

လေးလုံးသည် ဆေးလိပ်ထိပ်မှပြာများကို ဟန်ပါပါဖြင့်သူ၏လက်ကြားထဲမှခါချလိုက်ပြီး၊
သူ၏မျက်နှာတစ်ပြင်လုံးသည် အထင်သေးမှုအပြည့်ဖြင့် ပြောလိုက်သည်။

""မင်းလိုကောင်မျိုးက အခုလိုဈေးကြီးတဲ့ ဆေးလိပ်နံ့ရှုနေရတာတောင် ကံကောင်းနေလှပြီကွ!

ဒီမှာကောင်လေး၊ငါ့ကိုလာရှုပ်မနေနဲ့။
ဒီနေ့မနက်အလုပ်ချိန်ကြီး မင်းယောင်းယီနဲ့အတူတူ အလုပ်ကနေလစ်ထွက်သွားတာကို ငါမြင်လိုက်တယ်! လီး၊ ငါဘာကိုအမုန်းဆုံးလဲဆိုတာသိလား။
မင်းတို့လို့ ပေါင်ချင်းပူး[4] ဖင်ချင်းနမ်းနေတဲ့ကောင်မျိုးတွေကိုဘဲ! အဲ့ကောင်စုတ်လေးရဲ့ဖိနပ်ကိုလျှက်ရတာ
အရမ်းတွေပျော်စရာကောင်းနေလား ဟမ်?

အဲ့ကောင်ဘာသောက်ရေးပါတဲ့ကောင်မို့လို့လဲ?
ရွှေဇွန်းကိုက်ပြီးမွေးလာတဲ့သုံးစားမရတဲ့အလကားလူပေါ်ကျော့သူဠေးသားတစ်ယောက်ဘဲဟာ။
သူအနေနဲ့မင်းလိုသုံးစားမရတဲ့ဆန်ကုန်မြေလေးကောင်မျိုးနဲ့သာပေါင်းသင်းနေသင့်တာ! ဟားဟား! ""

[4] ဩဇာအာဏာရှိတဲ့သူ သို့မဟုတ် နာမည်ကြီးတဲ့သူတွေအပေါ်အလွန်
ကပ်ဖားလျက်ဖားလုပ်ပြီးအထက်ကို
တက်တဲ့သူတွေအပေါ်သုံးတဲ့ဗန်းစကားပါ။

လေးလုံး၏မျက်နှာသည် ကျိန်ဆဲလိုက်သည့်အခါတိုင်း
ပုံပျက်ကာတွန့်လိမ်ရှုံတွသွားတော့သည်။
အထက်တန်းလွှာတွင်ရှိနေသည့် လူချမ်းသာများအပေါ်မုန်းတီးလို့နေကာ
ကြွယ်ဝချမ်းသာသည့်
second-generations[5]တွေ
အပေါ်ပိုလို့တောင်စက်ဆုပ်ရွံရှာပြီး
အထင်သေးပုံရသည်။

ထိုအမျိုးသား၏သပုတ်လေလွင့်ပြောသည့်
စကားများကိုသည်းခံမနိုင်တော့ဘဲ အန်းလင် အလွန်ဒေါသထွက်လာခဲ့သည်။သို့သော် သူ၏မျက်နှာသည်အမူအရာကင်းမဲ့နေဆဲဖြစ်သည်။

""ဒေါက်တာယောင်းက ခင်များလိုအမှိုက်ထက်အဆတစ်ရာ၊
မဟုတ်ဘူး။အဆတစ်သောင်းပိုသာတယ်! ""

အန်းလင် ဆဲဆိုသည့်စကားလုံးများကို
အသုံးပြုဖို့ရန် သူကိုယ်သူမစွမ်းဆောင်နိုင်ပေ။
သို့သော် သူ၏မျက်လုံးထဲမှအကြည့်များသည် အရိုးခိုက်စရာကောင်းလှသည်။
မျက်မှန်နှင့်အမျိုးသားသည်ကြက်သီးထသွားခဲ့သည်။ထို့နောက်အမျက်ခြောင်းခြောင်းထွက်စွာဖြင့် အန်လင်းကိုပါးရိုက်ရန်လက်မြောက်လိုက်သည်။

""ဘာလဲ? မင်းလိုအမှိုက်ကောင်ကများ
ဒီလောင်ရှီ [6]ကိုပြန်ခံပြောရဲတယ်ပေါ့။
ထပ်ပြီးတော့ အရိုက်နှက်ခံခြင်းနေတာလား။ဟမ် မင်းအနေနဲ့ဒီအလုပ်ကိုထပ်ပြီးများ
မလိုချင်တော့လို့လား။ပြောကြည့်စမ်းပါ!?
မင်းအနေနဲ့ မင်းနောက်မှာ အဲ့သောက်ကလေးရှိနေတာနဲ့ဘဲ
ငါမင်းကိုမရိုက်ရဲတော့ဘူးလို့ထင်နေတာလား။""

[6] ဖခင်၊အဖေ "ငါမင်းအဖေ" (ဆိုပြီးဒေါသနဲ့သုံးနှုန်းတဲ့အခါ၊ဒါမှမဟုတ် အထင်အလွန်သေးတဲ့အခါမျိုးမှာသုံးပါတယ်) "ငါကမင်းအဖေကွ"ဆိုပြီး နောက်ပြောင်ကျီဆယ်တဲ့
အခါမျိုးတွေမှာလည်းသုံးလေ့ရှိပါတယ်။

လေးလုံးသည် အန်းလင်သူ့အပေါ်
အမှိုက်တစ်ခုလိုမျိုး
ကြည့်နေသည့်အပေါ်မခံစားနိုင်ပေ။
သူ၏စိတ်ကြီးဝင်နေသည့်စရိုက်ကြောင့် အစောကြီးကတည်းကသိမ်နေခဲ့ရတာဖြစ်ပြီး အမြဲလိုလိုသန်မာသည့်လူများဆို
ကပ်ဖားလျက်ဖားလုပ်ကာ အားနည်းသည့်လူများကို
အမြဲအနိုင်ကျင့်ခဲ့တာဖြစ်သည်။အခုအခါတွင် သူအမြဲတမ်းစက်ဆုပ်ရွံရှာနေကြလူဆီမှ အထင်အမြင်သေးသည့်အကြည့်ဖြင့်
အကြည့်ခံလိုက်ရသည့်အခါ၊အနေအထားပြောင်းလဲသွားသည့်အတွက် သူသည်းမခံနိုင်ခဲ့ပေ။
သို့သော်ဘယ်သူကများထင်ထားမှာလဲ။
အန်းလင်သည်သူ၏လက်မောင်းကို
အသာလေးလိမ်ညစ်ကာ လေထဲသို့
ကြက်လေးဌက်လေးပမာ မြောက်ဆွဲလိုက်သည်။

လေးလုံးသည် ထိုငတုံးကြီးဘက်မှ ပြန်လည်ပြီးခုခံလိမ့်မည်ဟု
ဘယ်တုန်းကမှမတွေးခဲ့ဖူးပေ။
သူ၏မှေးရိုးမှာချက်ချင်းကိုပွင့်အာလာပြီး ပြောင်နေသည့်ထိပ်မှချွေးအေးများသည်လည်း
ကျဆင်းလာခဲ့သည်။သူ၏မျက်မှန်မှာလည်း နှာဖျားအထိလျှောကျလာခဲ့ပြီး သနားစရာကောင်းသည့်ပုံသဏ္ဌာန်ဖြစ်လာခဲ့သည်။

အန်းလင် သူ့ကိုအေးစက်စွာစိုက်ကြည့်လိုက်ပြီး
စာလုံးတစ်လုံးချင်းစီကို
ပြတ်ပြတ်သားသားဖိပြောလာခဲ့သည်။

""ဒေါက်တာ.ယောင်း.ကို.တောင်း.ပန်.ပါ!""

အခြားလူတွေ သူ့ကိုဘယ်လိုဘဲ
ဆူဆဲနေပါစေသူသည်းခံနိုင်သည်။
သို့ပင်မဲ့ ဒေါက်တာယောင်းအပေါ်တွင်တော့ စကားလေးတစ်ခွန်းတောင်မှတင်စီးမခံနိုင်ပေ။

လေးလုံးသည် လူသတ်လိုစိတ်အပြည့်နှင့်
အကြည့်များအောက်တွင် ကြောက်လန့်တကြား သေးပေါက်ချလိုက်မိသည်။ကြက်သီးမွေးညင်းများထလာရသည့်အတွက်၊ထပ်ကာထပ်ကာတောင်းပန်ခဲ့သည်။သို့သော် သူ၏စိတ်အတွင်းတွင် အရှက်တကွဲဖြစ်ရခြင်းကြောင့်
သူ၏မျက်လုံးများမှာ နီရဲလာခဲ့သည်။

ပြဿနာတစ်ချိန်လုံးရှာနေသည့်
ဆရာဝန်ထံမှတောင်းပန်စကားကို
ကြားလိုက်ရသည့်အခါ၊ယောင်းယီ
ထိုကိစ္စအပေါ်ဆက်လက်ပြီး မတူးဆွတော့ပေ။ထို့ကြောင့်
ရင်ခွဲရုံဆီသို့မသွားခင်
ထိုအမျိုးသားကိုဘေးသို့ အသာလေးပစ်ထုတ်ခဲ့သည်။

ရင်ခွဲရုံ၏ဘေးတွင်ရှိသည့်အခန်းကျဉ်းလေးမှာ သူ၏နေရာလေးဖြစ်သည်။အထဲထဲတွင် စားစရာတစ်ချို့ကိုသိုလှောင်ထားသည်။
သူအနေဖြင့်ကော်ဖီဆိုင်တွင်
သေချာဝအောင်မစားခဲ့ရသည့်အတွက် အနည်းငယ်ဗိုက်ဆာလို့နေသည်။
ထို့ကြောင့်သူပိုပြီးထပ်စားမှဖြစ်မည်။

အန်းလင်းကတော့ သူ့နောက်ရှိလေးလုံးထံမှ
မကျေမချမ်းဖြစ်နေသော အကြည့်များကို သတိမထားမိခဲ့ပေ။

လူတိုင်းက သူ့ကိုအနိုင်ကျင့်နေပြီပေါ့လေ၊
အခုဆို ဒီစောက်ရူးလိုကောင်ကတောင် ငါ့ကိုပြန်ခုခံတတ်နေပြီ....လဲသေလိုက်လေ၊
သူတို့တွေအားလုံး ငရဲကိုသွားသင့်တယ်!
သူ့ကိုအထင်အမြင်သေးနေကြတဲ့
ခွေးမသားတွေ ဘယ်လိုများ ဒီကမ္ဘာလောကကြီးမှာအသက်ရှင်နေဖို့အတွက်
အဖိုးထိုက်တန်ပါ့မလဲ! သူတို့အားလုံးသေသွားပြီး ငရဲရောက်သွားသင့်တယ်!

မျက်မှန်နှင့်အမျိုးသားသည် ဒေါသထွက်နေခဲ့သည်။
သူ၏ဘောင်းဘီဂွကြားတွင်စိုစွတ်နေသည့်
သေးကွက်သည်သူ၏နောက်ဆုံးသော
ဆင်ခြင်တုံတရားကို ဖျက်ဆီးသွားခဲ့သည်။

ဒီကနေ့တစ်နေ့လုံး၊ယခုဌာန၏ဌာနမှူးထံမှ
သူတစ်ချိန်လုံးအဆူခံခဲ့ရတာဖြစ်သည်။ထို့အပြင်
သူလိုက်ပိုးပန်းနေသည့်လှပသောသူနာပြုမလေးက
လည်းသူ့ကိုတစ်ချက်လေးတောင်လှည့်မကြည့်ပေ။
ဒီကမ္ဘာလောကကြီးမှာရှိတဲ့အရာအရာတိုင်းက
သူ့ကိုဆန့်ကျင်နေကြတာဘဲ!

ဘုရားသခင်ကမတရားပေ။ဘာလို့များသူ့ကို
ကျောထောက်နောက်ခံကောင်းတဲ့
မိသားစုကနေမွေးဖွားလာခွင့်မပေးရတာလဲ။
ဒါပေမဲ့ယောင်းယီလိုမျက်နှာဖြူလေး[7] မှာကျတော့ဘာလို့အရာအရာအကုန်ရှိနေရတာလဲ? စောက်ပေါအန်းလင်တောင်မှအရပ်ရှည်သေးတယ်။သူတစ်ယောက်တည်း...
သူတစ်ယောက်ကသာဘာမှမရှိတာ...

[7] ငယ်ရွယ်ပြီးဆွဲဆောင်မှုရှိသောအမျိုးသား (လူတစ်ယောက်ကိုနှိမ်ပြောတဲ့အခါမှာအသုံးပြုလေ့ရှိတာမျိုးပါ)ပြောချင်တာက ရုပ်ရည်ဘဲရှိပြီး အရည်အချင်းမရှိတဲ့ကောင်ချောလေးဆိုတဲ့
သဘောမျိုးသက်ရောက်ပါတယ်။

မျက်မှန်နောက်ရှိနီရဲနေသော မျက်လုံးများသည် ကြမ်းပြင်ပေါ်တွင်အရည်များပြန့်ကျဲနေသည့်
သူနှင့်အတူယူဆောင်လာခဲ့သော
အရက်ပုလင်းကိုမြင်နေရသည်။
ပထမအစောပိုင်းကာလ၌၊ယခုမြေညီထပ်ထဲတွင်
သောက်ရန်အရက်ပုလင်းအပြည့်
ဝယ်ယူလာခဲ့ခြင်းဖြစ်သည်။ယခုအခါတွင်တော့၊
ရင်ခွဲရုံတစ်ခုလုံးကိုသူစိတ်ကျေနပ်သည်အထိ အရက်များဖြင့်ပက်ဖြန်းလိုက်သည်။

အန်းလင်ရှိနေသည့်အခန်းငယ်လေးဆီသို့
သတိထားလျက်ခိုးကြည့်လိုက်ချိန်၊ထိုတံခါးမှာ
အနည်းငယ်ဟနေပြီးထိုတံခါးကိုပိတ်ရန်
အရာတစ်ခုကိုအသုံးပြုထားကြောင်း
တွေ့လိုက်ရသည်။ထို့ကြောင့်ထိုအရာဖြင့်
သူ့ကိုအနိုင်ကျင့်ရဲသည့်လူထွက်ပြေးနိုင်မည့်
အခွင့်အရေးများအားလုံးကိုပိတ်ပင်တားဆီးခဲ့သည်။

အန်းလင်သည်သူ၏အခန်းထဲတွင် အသင့်စားခေါက်ဆွဲပြုတ်စားခဲ့နေတာဖြစ်သည်။
သူ၏အတွေးများအားလုံးသည် နေ့ခင်းတုန်းက
သူချစ်ရပါသောဒေါက်တာယောင်းနှင့်
ကော်ဖီဆိုင်အတွင်းဒိတ်ခဲ့သည့်အချိန်များကိုသာပြန်လည်၍စိတ်ကူးယဉ်နေမိသည်။ထို့ကြောင့်အပြင်ဘက်မှအရာမှန်သမျှကိုသတိမထားမိခဲ့ပေ။

မျက်မှန်နှင့်အမျိုးသား၏
မျက်လုံးများသည်အလွန်အမင်း
ရူးသွပ်လို့နေကာရဲရဲနီနေခဲ့သည့်ပုံမှာ၊
မြူလွှာတစ်ခုကသူ့အမြင်အာရုံတစ်ခုလုံးကို ဖုံးလွှမ်းထားသလိုပင်။သူ၏မီးခြစ်ဖြင့် လှည့်ပတ်ကာ ကနေပြီးသည့်နောက်၊ရှို့ထားသည့်မီးစလေးကနေ တဖြည်းဖြည်းကြီးမားလာကာမီးတောက်များဖြစ်လာသည်ကိုကြည့်ရင်း စိတ်ပျော်ရွှင်မှုကြောင့် ခုန်လိုက်၊ထလိုက်လုပ်နေခဲ့သည်။

သူ၏ရီမောသည်အသံကြီးမှာလည်း ပတ္တာပြုတ်သည့်အလား
အယုတ္တ၊ အနတ္တဖြစ်လို့နေသည်။

သူ၏နောက်ကျောတွင်သွေးများ
အလိမ်းလိမ်းပေကျံနေသည့်ဝိဉာဉ်တစ်ခု
တွဲလွဲခိုလို့နေလို့ကာထိုမျက်မှန်နှင့်
အမျိုးသား၏မျက်လုံးများကို
သူ၏လက်ကြီးများဖြင့်
ဖုံးအုပ်လို့ထားပြီး အကျည်းတန်ရုပ်ဆိုးသည့်
ကြောက်မက်ဖွယ်ကောင်းသော
ပြုံးဖြဲဖြဲအကြည့်ဖြင့် အန်းလင်ရှိနေသည့်
အခန်းဆီသို့စိုက်ကြည့်နေခဲ့တာဖြစ်သည်။

ရာဇဝင်များ၌အဆိုရှိသည်မှာ
သရဲ၊တစ္ဆေများသည်ကောင်းကင်ဘုံ၏
အထီးကျန်ကြယ်နက္ခနှင့်မွေးဖွားလာသည့်
လူများကိုကြောက်တတ်ကြသည်ဟူ၍ဖြစ်သည်။
သို့သော်တကယ်တမ်းတွင်တော့၊
ထိုသရဲ၊ဝိဉာဉ်များကြောက်ရွံကြသည်မှာ
ထိုလူသားများအပေါ်သဘာလွန်ဆန်သည့်
မကောင်းသောအရာများဖြင့်
ထိခိုက်ဒဏ်ရာရအောင်မလုပ်နိုင်သော
ကြောင့်ဖြစ်သည်။ဘယ်လိုဘဲပြောပြော၊
သူတို့အသက်ရှင်နေသ၍ကောင်းကင်ဘုံ၏
ကာကွယ်မှုအောက်တွင်ရှိနေဆဲဖြစ်သည်။

တကယ်လို့သာ ပင်းအန်အဆောင်က
တကယ်ကိုဝိဉာဉ်များထံမှကာကွယ်ပေးသည့်
အဆောင်မဟုတ်ဘဲ၊မကောင်းဆိုးဝါးများ
ဝင်ရောက်ပူးကပ်နိုင်သည့်လူ၏နှလုံးသားကိုကာကွယ်ပေးတဲ့အဆောင်တစ်ခုဖြစ်နေခဲ့သည်ရှိသော်...



[5] 1980ခုနှစ်လောက်ကစီးပွားရေးလောက
အသစ်ပြန်လည်ထူထောင်မှုအောက်မှာ
ချမ်းသာလာတဲ့စွန့်ဦးတီထွင်သူတွေရဲ့
သားတွေသမီးတွေကိုဆိုလိုတာပါ။
ပုံမှန်အားဖြင့်တော့ "new money"
လို့ခေါ်ဝေါ်ကြပြီးသူတို့မိဘတွေရဲ့
ချမ်းသာကြွယ်ဝမှုတွေကို
ပြောင်ပြောင်တင်းတင်းသုံးဖြုန်းကြပြီး
ဘာမဆိုလုပ်ခွင့်ရှိတဲ့သူတွေလို ဒါမှဟုတ် မာနကြီးအထက်စီးဆန်တဲ့လူတွေအဖြစ်နေတတ်စားတတ်ကြတဲ့ချမ်းသာတဲ့ကလေးတွေကိုပြောတာပါ။

(ဒီနေရာမှာပြောချင်တာက
"New Money" နဲ့ "Old money" ကမတူပါဘူး။
New money က စီးပွားရေးသမားတွေ၊
စွန့်ဦးတီထွင်တဲ့သူတွေ၊ဒါမှမဟုတ်
ချဲထီအချီကြီးပေါက်လို့ပွသွားတဲ့သူဠေး
တွေကိုဆိုလိုတာပါ။သူတို့တွေကနေမွေးလာတဲ့
ကလေးတွေက second generations တွေပါ။
သူတို့တွေက လူတွေ သူတို့ကိုအားကျလာအောင်လို့
ငွေတွေကိုဗုံပလအောသုံးဖြုန်းပြပြီး အပြင်တွေလျှောက်သွားပြရာကနေ
နာမည်ကြီးလာတဲ့ကလေးတစ်သိုက်ပါ။
(ရေပေါ်ဆီအုပ်စုလို့လည်းခေါ်ကြပါတယ်။)
ဒါပေမဲ့ "Old money" တွေကတော့ ပိုပြီးရှေးကျသလိုအထက်စီးဆန်ပါတယ်။
ဥပမာ တော်ဝင်မျိုးနွယ်တို့၊
မြို့စားမျိုးရိုးတို့၊စောဖွားတွေလိုမျိုး ရေနံတွင်းတွေ၊ကျွန်းစုတွေပိုင်တဲ့မျိုးရိုးကလူတွေပါ။ ပြောရမယ်ဆို ရှေးကျတဲ့ elite တန်းကလူတွေပါဘဲ။ သူတို့တွေကအရမ်းလည်းမသုံးဖြုန်းတတ်ကြသလို သူတို့အသိုင်းအဝိုင်းထဲမှာဘဲတိတ်တဆိတ်ဘဲနေလေ့ရှိပါတယ်။အပြင်လူတွေနဲ့လည်းမရောနှောသလိုရေပေါ်ဆီအုပ်စုကိုလည်းအဖက်မလုပ်တဲ့သူတွေပါ။)


thoughts of hot_tofu: 
ပင်းအန်အဆောင်ရဲ့အလုပ်လုပ်ပုံကိုဖတ်လိုက်
ရပြီးနောက်တို့ဖူး၏အခြေအနေ ૮๑ˊᯅˋ๑ა

တိတ်တိတ်လေးဖတ်ကာပြန်ထွက်သွားရန်
ကြိုးစားနေသော Silent reader လေးများအား
ကောမန့်အလွန်လိုချင်နေသည့်တို့ဖူးဘက်မှ
ကောမန့်ပေးရန်အတင်းခြိမ်းခြောက်ကာ
သေနတ်ဖြင့်ချိန်ထားပုံ

(∩' -´)⊃ᡕᠵ᠊ᡃ່࡚ࠢ࠘ ⸝່ࠡࠣ᠊߯᠆ࠣ࠘ᡁࠣ࠘᠊᠊ࠢ࠘𐡏

Continue Reading

You'll Also Like

153K 11.8K 49
แ€กแ€™แ€พแ€ฑแ€ฌแ€„แ€บ แ€กแ€ฑแ€ฌแ€€แ€บแ€€ โ€Œแ€€แ€ปแ€ฌแ€ธแ€›แ€ฒ แ€แ€…แ€บแ€€แ€ฑแ€ฌแ€„แ€บแ€›แ€ฒแ€ทแ€™แ€ปแ€€แ€บแ€แ€”แ€บแ€ธแ€œแ€ญแ€ฏ แ€žแ€ฝแ€ฑแ€ธแ€†แ€ฌ แ€”แ€ฑแ€แ€ฒแ€ท แ€™แ€ปแ€€แ€บแ€œแ€ฏแ€ถแ€ธ แ€…แ€ญแ€™แ€บแ€ธแ€…แ€ญแ€™แ€บแ€ธ แ€แ€ฑแ€ฌแ€€แ€บแ€แ€ฑแ€ฌแ€€แ€บแ€แ€ฝแ€ฑ แ€žแ€ฝแ€ฑแ€ธแ€Šแ€พแ€ฎแ€”แ€ถแ€ท แ€Ÿแ€ฑแ€ฌแ€„แ€บแ€‘แ€ฝแ€€แ€บแ€”แ€ฑแ€แ€ฒแ€ท แ€กแ€แ€”แ€บแ€ธแ€แ€ฝแ€ฑ แ€‘แ€ฒ แ€€ แ€กแ€œแ€ฑแ€ฌแ€„แ€บแ€ธแ€แ€ฝแ€ฑ แ€žแ€แ€„แ€บแ€ธ...
235K 48.2K 84
เถšเทเถฝเท™ เถ‡เถญเท”เถฝเท™เถธ เถดเถปเท€เท™เถฑเท€เท เถถเถฑเทŠ เท„เท”เถœเถšเทŠ เถธเถฝเทŠ เถขเทเถญเท’.....!
153K 10.4K 44
แ€žแ€„แ€บแ€Ÿแ€ฌแ€กแ€„แ€บแ€”แ€ญแ€ฏแ€ธแ€…แ€”แ€บแ€ทแ€†แ€ญแ€ฏแ€›แ€„แ€บแ€’แ€ฎficแ€€แ€ญแ€ฏแ€œแ€ฏแ€ถแ€ธแ€แ€™แ€–แ€แ€บแ€•แ€ซแ€”แ€ฒแ€ท แ€›แ€ญแ€ฏแ€„แ€บแ€ธแ€แ€ฒแ€ทแ€กแ€žแ€ฏแ€ถแ€ธแ€”แ€พแ€ฏแ€”แ€บแ€ธแ€™แ€ปแ€ฌแ€ธแ€…แ€ฝแ€ฌแ€•แ€ซ แ€•แ€ซแ€žแ€Šแ€บ แ€™แ€„แ€บแ€ธแ€€แ€„แ€ซแ€ทแ€กแ€•แ€ญแ€ฏแ€„แ€บ แ€„แ€ซแ€ทแ€แ€…แ€บแ€šแ€ฑแ€ฌแ€€แ€บแ€แ€Šแ€บแ€ธแ€›แ€ฒแ€ทแ€กแ€•แ€ญแ€ฏแ€„แ€บแ€•แ€ฒแ€ท แ€œแ€ญแ€•แ€บแ€•แ€ผแ€ฌแ€œแ€ฑแ€ธ แ€กแ€แ€ปแ€ฏแ€•แ€บแ€”แ€พแ€ฑแ€ฌแ€„แ€บแ€แ€ฝ...
35.6K 1.7K 199
(แ€แ€€แ€šแ€บแ€–แ€ผแ€…แ€บแ€›แ€•แ€บแ€™แ€šแ€บแ€™แ€ปแ€ฌแ€ธ) แ€•แ€›แ€œแ€ฑแ€ฌแ€€/แ€กแ€ญแ€™แ€บ**) แ€‚แ€›แ€ฏแ€€แ€”แ€ฑแ€แ€ฝแ€ฑแ€ทแ€œแ€ญแ€ฏcopyแ€œแ€ฌแ€แ€ฌแ€•แ€ซแ€›แ€พแ€„แ€ทแ€บ แ€•แ€ญแ€ฏแ€„แ€บแ€›แ€พแ€„แ€บแ€™แ€ปแ€ฌแ€ธแ€•แ€ผแ€”แ€บแ€–แ€ปแ€แ€บแ€แ€ญแ€ฏแ€„แ€บแ€ธแ€›แ€„แ€บแ€–แ€ปแ€แ€บแ€•แ€ฑแ€ธแ€•แ€ซแ€™แ€šแ€บแ€›แ€พแ€„แ€ทแ€บ