Sunbae [JaemRen]
Oleh Neo-Zen
9K 938 115
Jaemin | Renjun JaemRen | RenMin | JaemJun | RenJaem *Zawgyi & Unicode version available* Lebih Banyak
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Final
ကျေးဇူးတင်လွှာ
Episode 9
305 39 0
Oleh Neo-Zen
RenJun နဲ့ Jaemin တွဲတာ ၈လပြည့်သည့်နေ့က RenJun မိဘတွေဆီ ဖွင့်ပြောခဲ့ကြသည်။ စစချင်း ပါးပါးက သိပ်သဘောမကျပေမယ့် နောက်တော့ Jaemရဲ့ လိမ်မာမှုတွေကြောင့် တဖြည်းဖြည်း လက်ခံပေးလာသည်။ မားမားကတော့ ယခင်တည်းက Jaem ကို တွေ့ဖူးနေကြမို့ စဖွင့်ပြောတည်းက လက်ခံပေးသည်။
ဒီနေ့ RenJun mama မွေးနေ့မို့ မိသားစု ညနေစာကို အပြင်မှာ ထွက်စားမည်ဟု အစီအစဥ် ချထားလေသည်။ Jaemin ရဲ့ ဖိတ်ကြားမှုကြောင့်လည်း အပြင်မှာ လုပ်ဖြစ်တာ ဖြစ်သည်။
လုပ်သည့်နေရာကလည်း Jaemin နဲ့ Hyung နှစ်ယောက် ဖွင့်ထားသည့် စားသောက်ဆိုင်၌ပင် ဖြစ်သည်။
ညနေပိုင်း ကျောင်းမှာ လုပ်စရာရှိသည်မို့ စားသောက်ဆိုင်ကိုသာ တန်းလာမည်ဟု RenJun ပြောကာ papa နဲ့ mama ကို ချိန်းလိုက်သည်။ တကယ်တော့ mama အတွက် လက်ဆောင်ပြင်ဆင်ပေးချင်လို့ RenJun လိမ်ပြောလိုက်ခြင်းဖြစ်သည်။
RenJun အတန်းဆင်းပြီးတာနဲ့ Jaemin နဲ့အတူ နေ့လည်စာ စားပြီး Jaemin အိမ်ကို လာခဲ့လိုက်သည်။ မှာထားသည့် ပစ္စည်းများကလည်း ညနေပိုင်းလောက်မှ ရမည်ဖြစ်တာကြောင့် Jaemin အိမ်၌သာ နေဖို့သာ ဆုံးဖြတ်လိုက်သည်။
Jaemin အိမ်ရောက်တော့ နှစ်ယောက်သား Game တူတူဆော့ပြီး တစ်ရေးအိပ်ခဲ့ကြသည်။ အိပ်ရာက နိုးလာတော့ ရေချိုးပြင်ဆင်ပြီး မှာထားသည်များကို ယူဖို့အတွက် ထွက်လာခဲ့ကြသည်။
'Jaem'
'အင်း Baby ပြော'
'ကျောင်းပိတ်ရင် တရုတ်ကို ခဏ  ပြန်မယ်လို့ ကြားတယ်'
'ဟုတ်လား Baby ပါ လိုက်သွားရမှာပေါ့'
'အင်း ဟုတ်တယ်'
'ဘယ်လောက်ကြာမှာလဲ'
'သေချာတော့ မသိသေးဘူး'
'အင်း သွားရင် ဂရုစိုက်ဦး'
'Jaem အချိန်ရရင် လိုက်ခဲ့ပါလား'
'ကိုယ် အလုပ်တွေ ခဏလောက် ကြည့်လိုက်ဦးမယ်'
'အင်း'
'ဘယ်နေ့ ပြန်မှာလဲ'
'စာမေးပွဲပြီး နှစ်ရက်နေလို့ ကြားတယ်'
'အင်း ဟုတ်ပြီ'
>>>>>>>>>>>> Sunbae  <<<<<<<<<<<<
Jaemin တို့ မှာထားသည်များကို ယူပြီးတဲ့နောက် ဆိုင်ကို လာခဲ့လိုက်သည်။ ဆိုင်ရောက်တော့ Kai hyung နဲ့ Kun hyung ပါ ရှိနေသည်မို့ တစ်ခါတည်း RenJun မိဘနှင့် အစ်ကိုနှစ်ယောက်ကို မိတ်ဆက်ပေးဖို့ Jaemin တွေးလိုက်သည်။
'Hyung, Kai hyung, Kun hyung'
Jaemin ခေါ်တော့ အခန်းထဲမှာ စကားပြောနေကြတဲ့ အစ်ကိုက စကားပြောရာကနေ သူ့ဆီ အကြည့်ရောက်လာသည်။
'ခဏနေ RenJun mama မွေးနေ့အတွက် ဆိုင်မှာ ညစာ လာစားဖို့ရှိတယ်။ အဲ့တာ hyung တို့နဲ့ မိတ်ဆက်ပေးမလို့။ hyung တို့ အားကြလား'
'အင်း hyung တော့ အားတယ်'
Jaemin ရဲ့ အမေးကို Kun hyung က ခေါင်းညိတ်ပြရင်း ဖြေလေသည်။ Kai hyung ကလည်း ပြန်မပြောပေမယ့် ခေါင်းညိတ်ပြလေသည်။
'ဒါနဲ့ RenJun ကရော သူ့မိဘတွေနဲ့ အတူတူ လာမှာလား'
'မဟုတ်ဘူး ကျွန်တော်နဲ့ ပါလာတယ်'
'လက်ဆောင်တွေကို အခန်းထဲ ထားနေလို့ ပြီးရင် ဒီကို လာလိမ့်မယ်'
Jaemin, Kai hyung မေးသည်ကို ဖြေအပြီးမှာတင် RenJun အခန်းထဲကို ဝင်လာခဲ့သည်။
'Annyeong Kai hyung, Kun hyung'
'အင်း Annyeong ထိုင်လေ Renjun'
Kun hyung က Jaemin ထိုင်နေတဲ့ဘေးကို လက်ညှိုးညွှန်ပြရင်း ပြောလိုက်သည်။ RenJun လည်း Jaemin ဘေးက ခုံကို ဝင်ထိုင်လိုက်သည်။
'ခဏနေ ကိုယ် hyung တို့ကို အောမောနီး တို့နဲ့ တစ်ခါတည်း မိတ်ဆက်ပေးမလို့'
'ဟုတ်လား အဆင်ပြေတယ်လေ Jaem သဘော'
'အင်း'
Jaemin ပြောတာကို ခေါင်းလေးတညိတ်ညိတ်နဲ့ နားထောင်ပြီး အပြုံးနဲ့ ပြန်ဖြေတတ်တဲ့ RenJun ကို Hyung နှစ်ယောက်ကြည့်ရင်း Jaemin ဒီကောင်လေးကို သည်းလည်းသည်းချင်စရာကောင်းလှသည်ဟု တွေးမိသည်။
ထို့နောက် hyung နှစ်ယောက်နဲ့ Jaemin တို့ နှစ်ယောက် ဟိုဟိုဒီဒီ ပြောရင်းနဲ့ RenJun မိဘတွေ အလာကို စောင့်နေကြသည်။ မကြာခင် RenJun mama ဆီက ဆိုင်ရှေ့ရောက်ကြောင်း ဖုန်းဝင်လာတော့ အခန်းထဲက ထွက်ပြီး mama တို့ကို သွားခေါ်ကာ mama မွေးနေ့အတွက် ပြင်ဆင်ထားပေးတဲ့ သီးသန့်စားသောက်ခန်းထဲကို ခေါ်ခဲ့လိုက်သည်။
မကြာခင်  Hyung နှစ်ယောက်နဲ့ RenJun မိဘတွေကို မိတ်ဆက်ပေးပြီး ညစာအတူတူစားခဲ့ကြသည်။ ညစာစားပြီးလို့ စကားအနည်းငယ်ပြောပြီးတဲ့နောက် RenJun မိဘတွေရော Hyung တွေပါ အိမ်ပြန်ဖို့ ပြင်ဆင်ကြသည်။
'RenJun က mama တို့နဲ့ ပြန်လိုက်မလား နောက်မှ Jaemin ကို ပို့ခိုင်းမှာလား'
'တစ်ခါတည်းပဲ mama တို့နဲ့ ပြန်လိုက်တော့မယ်'
'အင်း ဒါဆို သွားကြမယ်လေ'
RenJun လည်း Jaemin နဲ့ hyung တွေကို နှုတ်ဆက်ပြီး mama တို့နဲ့အတူ အိမ်ပြန်ခဲ့လိုက်သည်။ ကားပေါ်မှာ mama တို့နဲ့ စကားပြောရင်း လမ်းမပေါ်ကို ငေးကြည့်မိပြန်တော့ ထပ်တွေ့ရသည်က ထိုသူ။
RenJun သူ့ကို စူးစိုက်ကြည့်မိတော့ RenJunကို  မျက်ခုံးပင့်ပြကာ မဲ့ပြုံးပြုံးပြလေသည်။ RenJun အကြည့်လွှဲလိုက်ပြီး ဖုန်းကိုသာ ကြည့်လိုက်သည်။ RenJun တို့ အိမ်နားရောက်ခါနီးလို့ လမ်းမပေါ် ထပ်ကြည့်မိသော ထိုသူ ပါလာသေးပြန်သည်။
RenJun တို့ အိမ်ပြန်ရောက်ပြီး mama တို့ကို နှုတ်ဆက်ကာ အခန်းထဲ ဝင်လာပြီး လိုက်ကာအကွယ်က အပြင်ကို ချောင်းကြည့်တဲ့အထိ ထိုသူ ပါလာတုန်းပင်။ RenJun အခန်းမီးမဖွင့်ဘဲ ထိုအတိုင်းသာ ကြည့်နေမိသည်။ ဆယ်မိနစ်လောက်ကြာတော့ ဖုန်းဝင်လာသည်ကို ဖြေရင်းနဲ့ ထိုသူ ကားမောင်းထွက်သွားတော့မှ RenJun ကုတင်ပေါ် တက်အိပ်လိုက်သည်။
RenJun အဝတ်အစားမလဲဘဲ ထိုသူအကြောင်း တွေးနေမိတုန်း Jaemin ဆီက ဖုန်းဝင်လာခဲ့သည်။
'Hello Jaem'
'အိမ်ပြန်ရောက်ပြီလား'
'ရောက်ပြီး ၁၅ မိနစ်လောက် ရှိနေပြီ။ အဝတ်အစားလဲနေလို့ Jaem ဆီ ဖုန်းမခေါ်ဖြစ်သေးတာ'
'အင်း ရတယ် ... စောစောအိပ်ဦး Baby'
'ဟုတ် ... Jaem ရော ခုထိ ဆိုင်မှာပဲလား'
'ကိုယ် အခု အိမ်ပြန်နေပြီ'
'ကားမောင်းနေတာမလား။ ဂရုစိုက်ဦး'
'အင်း ဒါဆို ကိုယ် ဖုန်းချလိုက်တော့မယ်။ အိမ်ရောက်မှ message ပို့လိုက်မယ်'
'ဟုတ်'
Jaemin အိမ်ပြန်ရောက်တော့ RenJun ဆီ အိမ်ပြန်ရောက်ကြောင်း message ပို့လိုက်သည်။ စာအနည်းငယ်ထပ်ပို့ပြီးတဲ့နောက် Good Night ပြောရင်း အိပ်ရာဝင်ခိုင်းလိုက်သည်။
>>>>>>>>>>>> Sunbae  <<<<<<<<<<<<
ဒီနေ့က RenJun တို့ရဲ့ စာမေးပွဲ နောက်ဆုံးရက် ဖြစ်သည်။ အတန်းကြီးတွေက တစ်ရက်စောပြီးသည်မို့ Jaemin တို့က မနေ့တည်းက ဖြေပြီးပြီ ဖြစ်သည်။
RenJun စာမေးပွဲ ဖြေပြီးတော့ Haechan နဲ့အတူ ရုပ်ရှင်သွားကြည့်ကြသည်။ ရုပ်ရှင်ရုံက အပြန် Jaemin လာကြိုလေသည်။
'ဗိုက်ဆာတယ်'
Jaemin ရဲ့ ကားပေါ်ရောက်တာနဲ့ ခါးပတ်ပတ်ရင်း RenJun ပြောလိုက်သည်။
'စာမေးပွဲပြီးတော့ တစ်ခုခု မစားထားဘူးလား'
Jaemin, RenJun နဖူးပေါ်က ချွေးစလေးတွေကို သုတ်ပေးရင်း မေးလိုက်တော့ ခေါင်းခါပြလေသည်။
'အဲ့တုန်းက ဗိုက်မဆာလို့'
'စာမေးပွဲရက်အတွင်း တအားပိန်သွားလိုက်တာ Babyက။ နေလို့ရောကောင်းရဲ့လား'
Jaemin, RenJun လက်ကို ကိုင်ပြီး RenJun ကို ကြည့်ရင်း ပြောလိုက်သည်။
'နေကောင်းပါတယ်။စာတွေ နည်းနည်းခက်တော့ အိပ်ရေးသိပ်မဝဘဲ စာကြည့်လိုက်မိလို့နေမှာပါ'
'အင်း ဒါတွေ ထားပါဦး။ အခု ဘာစားချင်လဲ'
'Samgyeopsal'
"အင်း'
Jaemin, သူ့ရှေ့က အစားပလုတ်ပလောင်းစားနေတဲ့ RenJun ကို ကြည့်ပြီး အသည်းယားမိသည်။
'ဖြေးဖြေးစား၊ သေချာညက်အောင် ဝါးစား'
Jaemin ပြောတော့ ပြုံးပြပြီး ပလုတ်ပလောင်း စားနေပြန်သည်။ ပြီးတော့ ဝက်သားကင်ပေးနေတဲ့ Jaemin ကိုပါ ခွံ့ကျွေးလေသည်။
'Jaem အာ...'
Samgyeopsal စားပြီးတဲ့နောက် ရေခဲမုန့် စားချင်သည် ပြောသောကြောင့် ရေခဲမုန့် ဝယ်ကျွေးရသေးသည်။ ရေခဲမုန့် စားပြီးတော့မှ ဗိုက်ပြည့်ပြီ ဆိုလေသည်။ ရေခဲမုန့်စားတော့လည်း Jaemin ဆီက တစ်ဝက်ပါ ယူစားသေးသည်။
'ဗိုက်တင်းသွားပြီ'
RenJun, Jaemin ကို ကြည့်ပြီး ဗိုက်ကလေးပွတ်ပြကာ ပြောလေသည်။ Jaemin ရယ်လိုက်ရင်း
'စားထားတာ အများကြီးပဲ။ အစာကြေဆေးလေး သောက်ထားမလား'
'ဟင့်အင်း မသောက်ချင်ဘူး'
'အစားကျတော့ အများကြီး စားပြီး ဆေးကျတော့ မသောက်ချင်ဘူး ဒီကလေးကတော့'
Jaemin ပြောပြီး RenJun ပါးလေးကို ဆွဲလိုက်သည်။
'ဗိုက်တင်းသွားလို့ ထင်တယ်။ အိပ်ချင်လာပြီ'
'အိပ်ချင်ရင် အိပ်လေ။ ကိုယ်အိမ်ရောက်ရင် နှိုးမယ်'
'ဒီည Jaem အိမ်လိုက်ခဲ့မယ်'
'အောမောနီးတို့ကို ပြောထားပြီးပြီလား'
'အင်း ပြောထားတယ်'
'ဟုတ်သားပဲ သန်ဘက်ခါ တရုတ်ပြန်ဖို့ လက်မှတ်ရော ဖြတ်ပြီးပြီလား'
'အင်း papa ဖြတ်မယ် ပြောတယ်'
'အထုတ်တွေရော မပြင်ရသေးဘူးပေါ့'
'အင်း မနက်ဖြန်မှ ပြင်ဆင်ရမှာ'
'ဟုတ်ပြီ ခုအိပ်ချင်ရင် အိပ်လေ'
'အင်း ဒါဆို အိပ်လိုက်ဦးမယ်'
RenJun ပြောပြီးတာနဲ့ အိပ်ပျော်သွားလေသည်။ Jaemin လည်း ခေါင်းလေးတစ်ချက်ပွတ်ပေးပြီး  အိမ်သို့သာ ကားမောင်းလိုက်သည်။
အိမ်ပြန်ရောက်သည်အထိ မနိုးသေးသော RenJun ကို Jaemin နှိုးမနေတော့ဘဲ ပွေ့ချီခေါ်ပြီးသာ မွေ့ရာပေါ် တင်လိုက်သည်။ အခုချိန်ထိ မနိုးသေးတဲ့ ကောင်လေးဘေး ဝင်လှဲရင်း ရင်ခွင်ထဲ ထည့်ကာ ဖက်ထားလိုက်သည်။
Zawgyi
'Jaem'
'အင်း Baby ပြော'
'အင်း ဟုတ်တယ်'
'ဘယ်လောက်ကြာမှာလဲ'
'သေချာတော့ မသိသေးဘူး'
'အင်း'
'ဘယ်နေ့ ပြန်မှာလဲ'
'အင်း ဟုတ်ပြီ'
>>>>>>>>>>>> Sunbae  <<<<<<<<<<<<
'အင်း hyung တော့ အားတယ်'
'အင်း'
'Hello Jaem'
'အိမ်ပြန်ရောက်ပြီလား'
'ကားမောင်းနေတာမလား။ ဂရုစိုက်ဦး'
'ဟုတ်'
>>>>>>>>>>>> Sunbae  <<<<<<<<<<<<
'ဗိုက်ဆာတယ်'
'အင်း ဒါတွေ ထားပါဦး။ အခု ဘာစားချင်လဲ'
'Samgyeopsal'
"အင်း'
'Jaem အာ...'
'ဗိုက်တင်းသွားပြီ'
'အင်း ပြောထားတယ်'
Lanjutkan Membaca
Kamu Akan Menyukai Ini
3.5K 427 9
Markhyuck _ 6 🍎 × 16 HAPPY Ah Chan DAY ❣️ Complete (12) 🍁
107K 3.7K 25
𝒘𝒉𝒂𝒕 𝒊𝒇 𝒌𝒂𝒓𝒏𝒂 𝒔𝒕𝒐𝒐𝒅 𝒖𝒑 𝒇𝒐𝒓 𝑫𝒓𝒂𝒖𝒑𝒂𝒅𝒊 𝒊𝒏 𝒅𝒖𝒚𝒕 𝒔𝒂𝒃𝒉𝒂 , 𝒘𝒉𝒂𝒕 𝒊𝒇 𝒌𝒂𝒓𝒏𝒂 𝒉𝒂𝒅 𝒕𝒘𝒊𝒏 𝒔𝒊𝒔𝒕𝒆𝒓 𝒂�...
8.3K 844 9
"စာအုပျတှကေ စကားပွောတတျလား နိုနို?" "စာအုပ်တွေက စကားပြောတတ်လား နိုနို?" NoMin 2nd Book (NoMin 2nd Myanmar Mini FanFic) Start Date - 31.7.2021 End Dat...
2.2K 399 19
Norenmin☂☂ ခွဲခွာရမယ့် ဇာတ်သိမ်းခန်းရှိပြီးသား သူစိမ်းနှစ်ယောက်က ဘာအတွက်များ ဆုံတွေ့ခဲ့ကြရတာလဲ..''တဲ့ "Red Spider Lilyလေးတွေရဲ့flower Languageက နော...