Selenophile || NoMin

By Dayeon_Park

32.2K 3.3K 156

(n.) a person who loves the moon || Completed || More

Raison d'Γͺtre
Volery
Trouvaille
Laconic
Redamancy
Sundreesoro
Herzschmerz
Ephialtes
Lacuna
Busticate
Feuillemorte
selcouth
dystychiphobia
Lastimando
Serendipity
Gunnen
La Douler Exquise
Tacenda
Absquatulate
Selenophile ( 𝓯𝓲𝓷π“ͺ𝓡 )
α€€α€»α€±α€Έα€‡α€°α€Έα€α€„α€Ία€œα€½α€Ύα€¬
Eternal

Acrasia

1.1K 135 12
By Dayeon_Park

Acrasia
(n.) Lack of self control

..................................

ဟိုဘက်လှည့်လိုက် ၊ ဒီဘက်လှည့်လိုက်နှင့် သူဘယ်လိုမှ အိပ်လို့မရ ။
ဒီနေ့ ကျောင်းတက်တော့ ဟိုးအရင်ကလို သူ့ကို Jenoက အမေရီကာနို တစ်ခွက်ကို ကမ်းပေးလာသည်ကို 'ကျေးဇူး' တစ်ခွန်းပြောပြီး သူယူခဲ့လိုက်သည် ။

ပြီးတော့ သူ Jenoနှင့် တစ်နေကုန် သိပ်ပြီး စကားမပြောဖြစ် ။ ဒီနေ့ ကျောင်းချိန်တွေက ကြောက်ရသည့် ဆရာတွေချည်းမို့ သူ‌တို့တွေ တစ်နေကုန်စာပဲလုပ်နေရသည် ။

ပုံမှန်အတိုင်း အတန်းချိန်တွေပြီးရင် သူတို့ခုနစ်ယောက် ဆုံသည့်နေရာကို သွားတော့ Jenoက သူ့နောက်ကနေ မလိုက်ဘဲ သူ့ဘေးကနေ လျှောက်လာသည် .. ထပ်ပြီး အဲ့ဒီခြေလှမ်းတွေကို ညှိရင်း ..။
အရင်ပုံစံနဲ့ဆို သူတစ်ခုခုတော့ ထပြောမိလောက်မှာဆိုပေမဲ့
သူဘာမှ မပြောဖြစ်ခဲ့ပါ ။

အရာအားလုံးကို သူက ဖြေလျှော့ပစ်ဖို့ ကြိုးစားနေပေမယ့် တစ်ပြိုင်နက်တည်းမှာပဲ သူချက်ချင်း မပြောင်းလဲလိုက်နိုင်သေးပါ ။

မနက်ဖြန်က ကြာသပတေး ။
ထပ်ပြီး ကျောင်းမှာ ဘယ်လိုမျိုး ကြုံရဦးမလဲ သူတွေးမိသည် ။ ရသလောက်တော့ Jenoကို ကန့်လန့်တိုက်သည့် စကားလုံးတွေ သူ့‌နှုတ်က ထွက်မလာတော့ ..။

တကယ်တော့ တွေးကြည့်ရင် ထူးဆန်းသည် ။
အဲ့ဒီအမျိုးသား .. Jenoက ‌ဘယ်လောက်တောင် တော်လိုက်သည့် လူလဲလေ .. ဝိုင်းဝိုင်းလည်နေသည့် လူတွေအကုန်လုံးကို လှည့်မကြည့်ဘဲ ပင်ပင်ပန်းပန်းနဲ့ သူ့နောက်ကိုပဲ လိုက်နေခဲ့သည် ။

တကယ်ကို ပစ်ချခဲ့လည်း ပြုတ်ကျမသွားခဲ့တဲ့ အဲ့ဒီလက်တစ်စုံ ၊ ဆွဲဖြတ်လည်း ဘယ်လောက်ဖြတ်ဖြတ် မမောနိုင်အောင် ပြန်ချည်နှောင်လာတဲ့ သံယောဇဉ်ကြိုးတွေ ..။

Jenoက တကယ် အရာအားလုံးကို ပုံအပ်ထားသည့်လူလို သူ့ကိုပြုမူဆက်ဆံခဲ့သည် ။
သူက အမြဲ မသိသလိုနေခဲ့သည် ။
အခုတော့ နည်းနည်းလေး ဖြစ်ဖြစ် သူက ဖြေလျှော့ပစ်လိုက်တော့မှာ .. တဖြည်းဖြည်းလေ ။

ဒါပေမယ့် တစ်ဖက်မှာ Jenoကို ထပ်ပြီး ဘယ်လိုများနာ‌ကျင်စေရပါ့မလဲ .. သူပိုပြီးကြောက်လာခဲ့ရသည် ။

......................................

နောက်တစ်ပတ်ရဲ့ သောကြာနေ့ ။
တစ်ပတ်ကျော်ကျော် .. Jenoကို သူကလန်ကဆန် မလုပ်ဘဲ ဒီအတိုင်းလေး နေဖြစ်ခဲ့တာ တစ်ပတ်ကျော် ရှိခဲ့ပြီ ။

ဘုကလန့်စကားတွေ မပြောဘဲ သူပြောသမျှကို ငြိမ်ပြီး နားထောင်ပေးတော့ Jenoက စကားများတတ်လာမှန်း သိရသည် ။
သူကြည့်ခဲ့သည့် ရုပ်ရှင်တွေအကြောင်း ၊ ဒါမှမဟုတ် သူဖတ်ဖူးသည့် ၀တ္ထုစာအုပ်တွေအကြောင်းလည်း ပြောတတ်သေးသည် ။

ပြောရရင် Jenoနဲ့ အတူတူပြုံးရယ်နေရဖို့ သူကထိုက်တန်ရဲ့လားလို့ တွေးမိတိုင်း အဆင်မပြေဖြစ်ရသည် ။
သူက မထိုက်တန်ပေမယ့် .. Jenoက ထိုက်တန်သည်လေ ။

အဲ့တာကြောင့် သူ Jenoပြောသမျှတွေကိုပဲ သေသေချာချာ နားထောင်ပေးဖြစ်ခဲ့သည် ။

" Jaeminnie "

" ဟင် .. "

အခု သူတို့က အတန်းချိန်တွေပြီးတော့ ဟိုငါးယောက်က မုန့်ဆိုင်တစ်ဆိုင်မှာ ဆုံမယ့်အကြောင်းပြောထားတာမို့ Jenoနဲ့ Jaeminက သွားနေခြင်းဖြစ်သည် ။

" Americanoကလွဲရင် တခြား သောက်စရာ ဘယ်တစ်ခုခု ကြိုက်သေးလဲ "

" အင်း .. မရှိဘူးထင်တယ် "

သူက အဲ့ဒီလိုပြောပြီး မုန့်ဆိုင်လေးဆီ ရောက်တော့ ဟိုငါးယောက်က ရောက်နှင့်နေပြီ ။

" မင်းတို့နောက်ကျတယ် .. ဒါပေမယ့် ငါတို့လည်း အခုတင်ပဲ ရောက်တာ "

DongHyuckက သူတို့ကို နောက်သည် ။
ပြီးတော့ သူက ၀င်ထိုင်လိုက်ပြီး စကားပြောနေကြတုန်း DongHyuckက Jenoကိုခေါ်ပြီး မုန့်သွားရွေးကြသည် ။

Jaeminဘေးနားမှာ ထိုင်နေသည့် Jisungက သူ့Hoodieအိတ်ထဲ လက်ကို ထိုးထည့်လာသည်မို့ သူက တစ်ချက် ခပ်ဆတ်ဆတ်လေး စသလို ရိုက်လိုက်တော့ မျက်စောင်းထိုးလာသည်မို့ ရယ်နေရမိသည် ။

ခဏလောက်ကြာပြီး‌တော့ မုန့်တွေယူလာသည့်နှစ်ယောက်က ပြန်ရောက်လာလို့ မုန့်စားကြဟန် ပြင်တုန်းရှိသေး Mark Hyung ထအော်တော့ အကုန်လုံးက အထိတ်တလန့်ဖြစ်သွားကြသည် ။

" Jeno !! "

" ဟမ် "

" မင်း နှာခေါင်း .. နှာခေါင်းသွေးတွေ "

" လျှံပြန်ပြီလား "

နှာခေါင်းနားကို Jenoက စမ်းကြည့်တော့ သူက တစ်ရှူးဘူးကို လှမ်းယူပြီး တစ်ရှူးအပိုင်းလေးကို ဆွဲဖြတ်ထားမိသည် ။

" စိတ်မပူနဲ့ ဆက်စား .. ဘာမှမဖြစ်ဘူး ။ ငါရေသွားဆေးဦးမယ် "

သန့်စင်ခန်းဆီ အပြေးသွားတဲ့ Jenoကို သူက တစ်ရှူးလေးတောင် ကမ်းမပေးခဲ့ရ ။ ဒီအတိုင်းလေး လက်ထဲမှာ သေသေချာချာ ဆက်ပြီး ဆုပ်ကိုင်ထားမိသည် ။

သူ့ရှေ့မှာ သူ့ဖို့ Jenoယူလာပေးထားသည့် Donutလေးကို ကိုက်နေတုန်း Jenoက ပြန်ထွက်လာတော့ အဆင်ပြေရဲ့လား သူသေချာ စူးစမ်းကြည့်မိသည် ။

မိုးက ရုတ်တရက် ထရွာပြီး ပြင်းပြင်းထန်ထန်‌ မဟုတ်ပေမယ့် စဲရလောက်သည်အထိလည်း နည်းမနေခဲ့ ။

" ငါ ထီးမပါလာဘူး "

သူ့လွယ်အိတ်ထဲ မွှေနှောက်ရှာပြီး DongHyuckက အဲ့လိုပြောသည်နှင့် Mark Hyungက သူ့ထီးကို ထုတ်ပြသည် ။

သူကရော ..
လွယ်အိတ်ကိုက စမ်းကြည့်စရာတောင်မလို ။
သူမနက်က မိုးမရွာနိုင်ဘူးဆိုပြီး စားပွဲပေါ် တင်ထားပစ်ခဲ့တာ ..။

ဒီက ပြန်မယ်ဆို Jenoနဲ့သူကပဲ အနီးဆုံးဖြစ်နေမှာမို့ တခြားဘယ်နည်းလမ်းရှိဦးမလဲ သူစဉ်းစားမရပါ ။

" DongHyuck ah .. ငါလည်း ထီးမယူလာဘူး "

" မင်းမှာလည်း ထီးမပါဘူးလား !??"

ဘေးနားကို တိုးတိုးကပ်ပြောမိတော့ အကျယ်ကြီးထအော်သည့် DongHyuckကြောင့် သူဘာမှ ဆက်တောင် မတွေးလိုက်ရ ။

" ငါတို့ ဘယ်သူမှလည်း ကားမယူလာခဲ့ကြဘူးလေ ?
ပြီးတော့ ဒီကနေ မင်းအိမ်ကို ပြန်ရင် နာရီ၀က်လောက်ကြာမှာကို "

" အင်း .. "

သူက တိတ်တိတ်လေး အသံပြုမိတော့ ဉာဏ်ကြီးရှင်က Jenoကို တန်းပြီး မေးတော့သည် ။
အစတည်းက Jenoကိုပဲ ပြောလိုက်ရင်လည်း ကောင်းသား ..။

" Jeno မင်းမှာ ထီးပါလား "

" အင်း .. "

" အဲ့တာဆို သူ့ကို မင်းပဲ လိုက်ပို့လိုက်တော့ ။ ကျန်တဲ့ကောင်တွေနဲ့ နီးမှမနီးတာ "

DongHyuckက အဲ့ဒီလိုပြောတော့ Jenoက သူ့ကို လှည့်ကြည့်လာသည် ။ ထီးမပါတာက သူဆိုပေမယ့် မြင်နေရတာက သူ့ကိုအတူတူပြန်ခွင့်ပေးဖို့ တောင်းဆိုနေသလို မျက်၀န်းတွေ ..။

" ငါက .. ရပါတယ် "

သူ အဲ့ဒီလိုပြောလိုက်တော့ မျက်လုံးတွေ မှိတ်ကျအောင်အထိ ပြုံးသွားသည့် Jenoက သဘောတကျ ။

" အဲ့တာဆို အဆင်ပြေပြီပဲ .. ပြန်ကြမယ်လေ "

တစ်ယောက်ချင်းစီက ထကြတော့ သူလည်း နောက်ဆုံး ထလာရသည် ။
Jenoရဲ့ ထီးက အရမ်းကြီး မကြီးပေမယ့် မသေးလည်းမသေးသည်မို့ သူတို့နှစ်ယောက်တော့ လုံလုံခြုံခြုံ ဆောင်းနိုင်မည်ထင်သည် ။

အကုန်လုံးက နှုတ်ဆက်ကြပြီး Jenoနှင့်သူက တစ်ဖက်လမ်းကို ဦးတည်လိုက်ကြရတော့၏ ။

ဖြည်းဖြည်းချင်း လျှောက်နေသည့် ခြေလှမ်းတွေ ..။
မိုးရွာတာကို မကြိုက်ပေမယ့် သူဒီနေ့တော့ သေချာ ခံစားကြည့်နေမိသည် ။

" အ .. ! "

ဒါပေမယ့် ရုတ်တရက် စီးလာသည့် slipperက ချော်ထွက်သွားသည်မို့ ကြည့်လိုက်တော့ ပြတ်လျက်သား ။
ထပ်ပြီး မနက်က မိုးမရွာလောက်ဘူး တွေးခဲ့သည့် သူ့အမှားတွေပင် ။

" ဘယ်လိုလုပ်မလဲ .. "

Jenoက သူ့ကိုမေးလာသည် ။
သူလည်း ဘာလုပ်ရမည်မသိ .. အဲ့တာကြောင့် သူJenoကို ခေါင်းသာ ခါပြမိလိုက်တော့သည် ။

" နေဦး .. ဟိုနားမှာ အကာလေးရှိတယ် ။ အဲ့ကိုခဏ၀င်ရအောင် "

အနားနား‌ကို ပတ်ကြည့်ပြီး အမိုးလေး သေချာလုပ်ထားတဲ့ အိမ်ရှေ့ကို Jenoက သူ့ကိုခေါ်သွားပြီး ထားခဲ့ဖို့ ပြင်သည် ။

" ခဏလေး ငါပြန်လာခဲ့မယ် "

ဘာလုပ်မလို့လဲဆိုတာကို မေးချိန်တောင် မရလိုက် ၊ သူမိုးရေမစိုနိုင်တာ သေချာသည်နှင့် Jenoက လှည့်ထွက်သွားသည် ။

ရာသီဥတုက တကယ်ကို အေးစိမ့်နေသည် ။
ပုံမှန်အတိုင်း Hoodieတစ်ထည်တည်း ကောက်စွပ်လာတာမို့ သူလက်ပိုက်ပြီး လက်ဖဝါးနဲ့ ပွတ်နေမိတော့ အင်္ကျီအောက်မှာ ခပ်ထူထူ တစ်ခုကို စမ်းမိသွားသည် ။

မနက်က လက်နည်းနည်းပြန်ကိုက်လို့ ပတ်တီးသေချာ ပြန်စည်းထားရတာ ။

ခေါင်းခါလိုက်ပြီး သူခုနကအတိုင်း အနွေးဓာတ်လေးနည်းနည်းရအောင် လက်ကို ပြန်ပိုက်ထားမိသည် ။

" ချမ်းနေလို့လား .. "

ရုတ်တရက် ရောက်လာသည့် Jenoက သူ့ကို အဲ့ဒီလိုမေးလာသည် ။ လက်ထဲမှာတော့ အိတ်တစ်အိတ်နှင့် ။

" မဟုတ်ပါဘူး .. ဘယ်ကို .. "

" မင်းဖိနပ်က ဆက်သွားလို့မှ မဖြစ်တော့တာ ။
ဖိနပ်သွား၀ယ်လာတာ "

ဖိနပ်ဘူးကို ဖွင့် ၊ ဖိနပ်ကို ကိုင်ပြီးတော့ ဒူးတစ်ဖက်ကို ထောက်ချပြီး Jenoက သူ့ခြေထောက်ရှေ့ကို ထိုးပေးလာသည် ။ မအံ့ဩသွားဘူးဆို ညာရာရောက်မယ်မလား .. သူ နောက်ကိုပဲ တစ်လှမ်းဆုတ်မိတော့၏ ။

" Jeno .. "

" လာပါ ဖိနပ်လဲလိုက် .. ငါမိုးရေထဲမှာ သွား၀ယ်လာရတာ "

သူ့ခြေထောက်ကို ဆွဲယူပြီး ၀ယ်လာတဲ့ sneakerထဲကို အသေအချာ ၀တ်ပေးနေသည့် Jenoကို ကြည့်ပြီး မျက်ရည်တွေပါ ဝဲချင်လာရသည်အထိ ။

ဘာလို့ .. ဘာလို့ အဲ့ဒီလောက်တောင်များ ..
ဘာလို့ Jenoက သူ့အပေါ် အဲ့ဒီလောက်တောင် လုပ်ပေးနေရတာလဲ .. သူက မထိုက်တန်ဘူးလေ ။
ဒီလိုမျိုး Jenoလုပ်တိုင်း သူကပိုပြီး ကြောက်ရွံ့လာရသည် ၊ နာကျင်လာရသည် .. သူ့ဘာသာသူလည်း ပိုပြီး မုန်းတီးပစ်ချင်လာရသည် ။

ဒါတွေကို Jenoမသိနိုင်ပါ ။
သူ့ဖိနပ်ကို ကြိုးသေချာ ချည်ပေးနေသည့် Jenoက မသိနိုင်ပါ ။

ကြိုးချည်ပေးပြီး‌တော့လည်း Jenoက ပြတ်သွားသည့် သူ့ဖိနပ်ကို အိတ်ထဲသေချာထည့်ပြီး နောက်လက်တစ်ဖက်ကနေ ကိုင်ထားပြန်သည် ။

" သွားကြမယ်လေ .. ငါမင်း အိမ်ကို အရင်ပို့ပြီးမှ ပြန်တော့မှာ "

ဘေးနားချထားသည့် ထီးကို ယူရင်း ငြိမ်ရပ်နေသည့် သူ့ဘက်ကို လှည့်လာကာ Jenoက ခေါ်သည် ။
မိုးရေထဲကို နောက်ထပ်တစ်ခေါက် ပြန်ရောက်တော့ ခုနကလို ခံစားချက်က ပေါ့ပါး‌မနေတော့ ..။
မိုးရာသီကို မကြိုက်တဲ့သူမို့ ခဏလေးပဲ ကောင်းသည့်အတွေး ၀င်ခဲ့ပုံပေါ်သည် ။

" Jaemin .. "

" အင်း .. "

သူ့နာမည်ကို ခေါ်ပြီး တစ်ခုခုတွေးနေသလို Jenoက ဒီအတိုင်း သူ့ခြေလှမ်းတွေကို ညှိပြီး လျှောက်ပေးနေတုန်း ။
ဘာကို ‌စဉ်းစားနေသလဲ မသိပေမယ့် တစ်ဖက်မှာလည်း မလစ်လပ်သွားရအောင် သူကအဲ့ဒီလို ..။

" မင်း ငါ့ကို မုန်းခဲ့ဖူးလား "

ရုတ်တရက် အငိုက်မိသွားတဲ့ ခံစားချက် ။
ဘာဖြေရမလဲ သူမသိပါ .. ခေါင်းထဲမှာ လျှောက်ပြေးနေသည့် စကားတွေက ပေါင်းစုံ ။

ဒီအတိုင်း မရပ်ဘဲ ဆက်လျှောက်နေကြတဲ့ ခြေလှမ်းတွေ ။
သူ Jenoကို မကြည့်ရဲဘူး တကယ် ။
ဒီမေးခွန်းကို ဘယ်လိုမျိုးများ သူဖြေလိုက်သင့်ပါသလဲ ။
သူက ဘယ်လိုစိတ်နဲ့များ Jenoကို မုန်းခဲ့ဖူးမှာလဲလေ ..။

" ဟင့်အင်း .. တစ်ခါမှ "

အရိုးရှင်းဆုံး အဖြေထင်သည် ။
ဆက်ပြီး ပြောပစ်ချင်ခဲ့တာ ။
မင်းကို မဟုတ်ဘဲ ငါ့ကိုယ်ငါ မုန်းနေတာဆိုတဲ့အကြောင်း သူဆက်ပြီး ပြောပြချင်ခဲ့တာ ။
Lee Jenoကို သူက ဘယ်လောက်တောင်မှ ချစ်တဲ့အကြောင်း .. အဲ့ဒီလူရဲ့ ရင်ခွင်ထဲကို သူကဘယ်လောက်တောင်မှ ၀င်နေချင်ခဲ့တဲ့အကြောင်းတွေ ။

ဒါပေမယ့် စကားလုံးတွေက ဒီအတိုင်း နှုတ်ခမ်းဖျားမှာတောင် ပျောက်ကွယ်သွားပြီးသားဖြစ်သည် .. သူ့အလိုလို ။

မိုးနှင့်အတူ လေက ပါလာတော့ မိုးစက်တွေက သူတို့ကို စင်သည် ။ ခဏလေးတောင် ရပ်တန့်မသွားဘဲ Jenoက ထီးတစ်ဖက်ကို စောင်းရင်း သူ့ကိုပို လုံအောင် မိုးပေးလာသည် ။

လုံး၀တော့ သေချာ နှစ်ယောက်စလုံးကို လုံမနေခဲ့ပါ ။ Jenoက တစ်ခြမ်းစိုရွှဲနေပြီး သူကလည်း ‌အနည်းနဲ့အများတော့ စိုနေခဲ့ပြီးဖြစ်သည် ။
ဒါပေမယ့် Jenoက သူ့ကိုပဲ ပိုပြီး လုံအောင် ဂရုတစိုက် မိုးပေးနေခဲ့သည် ။

ဘာစကားမှ ဆက်မပြောဘဲ သူတို့နှစ်ယောက် ဆက်ပြီး လမ်းလျှောက်လာခဲ့ကြရင်း ရှေ့နှစ်လမ်းကျော်လောက်ဆို သူ့အိမ်ရောက်ပြီ ။ ညီနေသည့် ခြေလှမ်းတွေကိုပဲ Jaeminက ငေးကြည့်ရင်း လျှောက်နေမိသည် ။

ဒါပေမယ့် ရုတ်တရက် Jenoက ဆက်မလှမ်းဘဲ ရပ်ပစ်လိုက်သည် ။ ဘာကြောင့်ရယ်မှန်းမသိ .. သူက Jenoကို လှည့်ကြည့်မိ၏ ။

‌ထွေပြားနေသည့် မျက်၀န်းတွေကို ဖမ်းယူရရှိပြီး ဘာမေးခွန်းတွေများ ထွက်လာဦးမလဲ သူ ကြောက်နေမိသည်လား မသေချာ ။

" ‌မဖြေရင်လည်း ရပေမယ့် ..
ငါ့ကို တစ်ခါလောက်ပဲဖြစ်ဖြစ် ‌မင်းချစ်ခဲ့ဖူးလား "

သူ့မျက်၀န်းတွေထဲကို စိုက်ကြည့်ပြီး ပြောလာသည့် ဒီစကားကြောင့် သူက တုန်ရီချင်လာသည် ။
ရှောင်လွှဲလို့ မရနိုင်လောက်အောင် စူးရှနေသည့် မျက်၀န်းတွေ .. သူ့စိတ်ထဲအထိအောင် ဖောက်ထွင်းပြီး ကြည့်နေသလား မသိလောက်အောင်ကို Jenoက သူ့ကို စူးစူးရှရှကြည့်နေခဲ့တာ ။

သူမဖြေချင်ဘူး .. သူ ဒီထက်ပိုပြီး ဘာကိုမှ မဖြေချင်တော့ဘူး ။
တကယ်ကို ကြောက်ရွံ့နေသည် .. သူ့ကိုယ်သူ ထိန်းချုပ်ရတာက သိပ်မခက်ခဲခဲ့ပေမယ့် အခုတော့မဟုတ် ။
Jenoရဲ့ အကြည့်တွေကြားထဲမှာ သူ့ကိုယ်သူ ကျပျောက်သွားရပြီထင်သည် ။

ဒါပေမယ့် သူဒီဟာကိုဖြေလိုက်ရင် ဘာဖြစ်လာမှာလဲ ။
အမှန်အတိုင်းဖြေလိုက်ရင် ဘာဖြစ်လာမှာလဲ ။
အဆုံးသတ်က ဘယ်လိုဆိုတာ သိနေပြီးသားလေ .. ဒါကိုများ သူဘာလို့ ဖြေဖို့ကြိုးစားနေရတာလဲ ။

တုန်လှုပ်လာသည့် နှုတ်ခမ်းပါးတွေ .. တစ်ခုခုပြောဖို့ ပြင်ပြီး ပြန်ပိတ်သွားရတဲ့ နှုတ်ဖျားတွေ ။
တော်ပါတော့ .. သူတကယ်ပဲ အရာအားလုံးကို ကြောက်သည် ။

အဲ့ဒီ မိုးရေထဲမှာ ကားတွေဖြတ်လို့မရတဲ့ လမ်းကျဉ်းလေးထဲ သူတို့ တကယ်ကို အကြာကြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရင်း ရပ်နေမိခဲ့ကြသည် ။

သူကပဲ ဘာကိုမှ မပြောနိုင်ခဲ့တာမို့ မျက်နှာလွှဲလိုက်ပြီး ရှေ့ကို ဆက်လှမ်းဖို့ ပြင်တော့ Jenoက ငေးငိုင်မနေဘဲ သူ့ကိုထပ်ပြီး ထီးနှင့် လိုက်မိုးပေးပြန်သည် ။

အသိတရားတွေ မရှိသလို .. ဒါမှမဟုတ် သူ့ဦးနှောက်ထဲမှာ Na Jaeminကလွဲပြီး မရှိသလို .. Jenoက တကယ် သူ့ကိုယ်သူ‌အတွက် ဘာကိုမှ ဂရုစိုက်ပုံ မပေါ်ခဲ့ ။

သူ့အိမ်နားရောက်သည့်အထိ မိုးက စဲလာပေမယ့် သူတို့ကြားက လေထုက တိတ်ဆိတ်နေတုန်းပင် ။

ရုတ်တရက် ဘောင်းဘီအိတ်ထဲ ထည့်ထားသည့် ဖုန်းက အသံထွက်လာသည်မို့ သူက ဖွင့်ကြည့်လိုက်မိတော့ ပေါ်လာသည့်နာမည်က သူတကယ်ကို အရာအားလုံးကို မသိချင်တော့လောက်အောင် ဖြစ်သွားစေသည် ။

ဒါပေမယ့် မကိုင်လို့လည်း မရပါ ။

" ဟုတ် ပါပါး .. "

" မင်းနေလို့ကောင်းရဲ့လား Jaemin "

" ဟုတ် .. "

" အိမ်ပြန်နေတာလား "

" ဟုတ် .. ကျွန်တော် .. "

ပါပါးက ဘာလို့ ဒီလိုတွေ မေးနေတာလဲ သူမသိ ။
ပျော်ရွှင်နေသည့်အသံက သူ့အတွက် ကောင်းသည့်အရာတော့ ဟုတ်မည့်ပုံ မပေါ်ပါ ။

" နောက်သုံးရက်ပြီးရင် ငါပြန်လာခဲ့မယ် "

" နောက်သုံးရက်နေရင်လား .. "

" ‌သုံးရက်အတွင်း လက်စသတ်ပြီး လေးရက်လောက် ဖြစ်သွားမှာ ။
ပြီးရင် လက်ထပ်ပွဲကိစ္စ စီစဉ်လို့ရပြီ ..
မင်းတို့ စေ့စပ်ဖို့ ပြင်ထားပြီးပြီ ဟားဟား "

" .... "

သူ အော်ရယ်ပစ်လိုက်ချင်စိတ်ကို ထိန်းထားရသည် ။
နှစ်နှစ်ကျော် သူမျိုသိပ်ပြီး ကြောက်ခဲ့ရသည့် အဲ့ဒီအရာက တကယ်ပဲ ဖြစ်လာတော့မှာ ဖြစ်သည်တဲ့ ။

ပါပါးက အရင်တည်းက အတိုင်း .. သူ့စိတ်ကို ဘယ်တုန်းကမှ အလေးမထားခဲ့ ။ သူလိုချင်သလားမမေးခဲ့ ။
သူဖြစ်ချင်တာ ဘာဆိုတာလည်း ဘယ်တုန်းကမှ သိချင်သည်မဟုတ်ခဲ့ပါ ။

ဒီအတိုင်း အရာအားလုံးက ပါပါးသဘောပဲ .. သူက ပါပါးအတွက် သားတစ်ယောက်ဆိုတာထက် ဒီစီးပွားရေးဆိုတဲ့ စောက်ကျိုးနည်း စကားလုံးအောက်က သက်ရှိအရုပ်သာသာပဲ ဖြစ်ခဲ့တာ ။

" ကြားလား Jaemin "

" ဟုတ် ကဲ့ "

" ပြီးရော .. ငါ အလုပ်များနေလို့ ဖုန်းချပြီ "

ကျသွားတဲ့ဖုန်းကို သူငေးကြည့်နေမိတာကို Jenoက သိဟန်တူသည် ။ ဆက်မသွားဘဲ သူနေသည့်အတိုင်း ရပ်ပေးနေသည့် အဲ့ဒီ Jenoက ဘယ်တော့များမှ .. ဘယ်‌တော့များမှ .. မနာကျင်ရတော့ဘဲ နေနိုင်ရမှာပါလိမ့် ။

ဆက်တိုက်ချနေမိသည့် သက်ပြင်းတွေကြားမှာ မဖြစ်မနေ ချလိုက်ရသည့် ဆုံးဖြတ်ချက်တစ်ခုက ထွက်လာသည် ။
သူမမှားလောက်ပါဘူး .. ဒီဆုံးဖြတ်ချက်က သူ့အတွက် အမှားတစ်ခု မဖြစ်လောက်ပါဘူး ဟုတ်တယ်မလား ..။

သူ့အိမ်ရှေ့ကို ရောက်တော့ လွယ်အိတ်ထဲက သော့နှင့် ခြံတံခါးကိုဖွင့်ပြီး ၀င်လာပေမယ့် အိမ်ထဲအထိ Jenoက လိုက်ပို့ပေးသည် ။ အိမ်ထဲကို သူ၀င်လိုက်တာနဲ့ လှည့်ထွက်ဖို့ ပြင်တဲ့ Jenoကို သူဒီအတိုင်း လက်လွှတ်ပစ်လိုက်ဖို့က .. မဖြစ်နိုင်ပါ ။

Jenoကို လက်ကောက်၀တ်ကနေ လှမ်းဆွဲပြီး သူက အိမ်တံခါးကို ပိတ်လိုက်သည် ။ လွယ်အိတ်ကို ကြမ်းပြင်ပေါ် ပစ်ချပြီးတော့ ကြောင်စီနေသည့် အဲ့ဒီမျက်၀န်းတွေထဲ သူအခြေချမိသည် ။

Jenoလက်ထဲက သူ့ဖိနပ်ထုတ်ကိုလည်း ဆွဲယူပြီး .. ပြီးတော့ Jenoကျောပေါ်က လွယ်အိတ်ကိုပါ ကြမ်းခင်းပေါ် ပစ်ချလိုက်ပြီးသည်အထိ Jenoက သတိကပ်နေသည့်ပုံမပေါ် ။

အံ့ဩနေသည့် အဲ့ဒီမျက်၀န်းတွေ ပိုင်ရှင်ရဲ့ ပခုံးနှစ်ဖက်ပေါ် သူ့လက်နှစ်ဖက်ကို တင်လိုက်မိသည် ။
နီးကပ်လာသည့် မျက်နှာနှစ်ခုဟာ နှာခေါင်းချင်း ထိစပ်လုမတတ် ။ မျက်လုံးကို မှိတ်မသွားဘဲ သူ့မျက်၀န်းထဲကို ပြန်ကြည့်နေသည့် Jenoက တစ်ခုခုကိုရှာနေသလို ။

" ငါ ဒီလိုမျိုး အဖြေ‌ပြန်ပေးလို့ ဖြစ်လား "

သူ့ကိုယ်သူ ထိန်းချုပ်မယ့် စိတ်တွေကို သူလွှင့်ပစ်လိုက်ပြီ ဒီနေရာမှာ ။
ထပ်တူကျသွားတဲ့ နှုတ်ခမ်းနှစ်စုံက နူးညံ့စွာ .. ပြီးတော့ မိုက်ရူးရဲစွာ ။

သူမကြိုက်သည့် Latteအရသာနဲ့ အဲ့ဒီလူရဲ့ နှုတ်ခမ်းတွေ ၊ ပြီးတော့ အဲ့ဒီလူ မကြိုက်သည့် Americanoအရသာနဲ့ သူ့နှုတ်ခမ်းတွေ ။
ဒါပေမယ့် ဒီအနမ်းအပေါ် သူတို့က ပိုပြီး .. ထပ်တိုးပြီးတော့ပဲ မူးယစ်လာခဲ့ရ ။

အခုမှ သတိ၀င်လာသလို Jenoရဲ့လက်တွေက သူ့ခါးနှစ်ဖက်ပေါ် ရောက်လာပြီး ဖက်ထားတော့ သူက အနမ်းတွေကြားထဲကနေ ပြုံးမိလိုက်သေးသည် ။

သူ့ရဲ့ပထမဆုံးအနမ်းက စာတွေထဲမှာ မြင်ဖူးနေသလို စတော်ဘယ်ရီအရသာရော ၊ ချိုတဲ့အရသာမျိုး ဘာတစ်ခုမှ မရခဲ့ပါ ။ အဲ့ဒီအစား Latte နဲ့ Americano .. အခါးအရသာတွေ ပေါင်းစပ်ထားတဲ့ အနမ်းတစ်ခုပဲ ဖြစ်သည် ။

ခါးသက်စွာ .. ပြီးတော့ နူးညံ့စွာ ။
အမှန်တရားကို ရှောင်ပုန်းရင်း သူက ဒီလူရဲ့ နှုတ်ခမ်းပါးတွေအောက်မှာ ပုန်းခိုပစ်လိုက်တာ ။
နူးနူးညံ့ညံ့အနမ်းတွေနဲ့အတူ နာကျင်လာတဲ့ ရင်ဘတ်က တဆစ်ဆစ် ။

သူ့ထက်ပိုပြီး ဒီလူ့ကို ဘယ်သူက ရက်စက်နိုင်ပါဦးမလဲ .. သူ့ထက်ပိုပြီး ဒီလူနာကျင်အောင် ဘယ်သူက လုပ်နိုင်ပါဦးမလဲ ..
သူကလေ .. သူက ဒီလူ့အပေါ် အဆိုး‌ဆုံးတွေကိုချည်း ပေးနေမိတာ ။
သူက ဒီအမျိုးသားရဲ့ ဘ၀ထဲမှာ ဘယ်တုန်းကမှ မရှိခဲ့သင့်တာ ။

ပထမဆုံး အနမ်းက နောင်တတွေနဲ့ နင့်လို့ ။
နှုတ်ခမ်းနှစ်စုံကို ခွာလိုက်ပြီး နဖူးချင်းတိုက်ထားရင်း အသက်ကို မနည်းရှူနေရချိန်မှာ သူသေချာ သတိထားမိတာက ဝေဝါးနေသည့် သူ့မျက်လုံးတွေကို ။

မျက်ရည်စတွေက အသနားခံကျချင်နေသလား .. တန်မှ မတန်တာ သူက ။
သူ့ဘာသာ လှောင်ရယ်မိတော့ Jenoက သူ့မျက်၀န်းတွေထဲကို ထပ်ပြီး ကြည့်လာသည် ။

" ဒီနေ့ မေမေ့ကို အပြင်သွားဖို့ ကတိမပေးထားခဲ့ဘူးမလား "

ဘာမေးခွန်းကိုမှ သူထပ်ပြီး လက်မခံလိုတော့သည်မို့ သူကပဲ စကားလမ်းကြောင်းလွှဲမိတော့ ပြုံးနေသည့် Jenoက အပြုံးမပျက်ဘဲ သူ့နှုတ်ခမ်းတွေကို Jaeminရဲ့ နှုတ်ခမ်းတွေပေါ် ဖိကပ်ရင်း အဲ့ဒီမေးခွန်းကို ပြန်ဖြေခဲ့သည် ။

ထပ်ခါတလဲလဲ .. အဲ့ဒီနှုတ်ခမ်းတွေအောက်မှာ Jaeminက ပြိုလဲနေခဲ့သည် ။
သူ့လက်ကို လှမ်းဆွဲလိုက်သည့် Jenoက အနာပေါ်ကို ကွက်တိ ဖိမိလိုက်သည်မို့ သူက ရုတ်တရက် တွန့်ခနဲ ဖြစ်‌သွားတော့ Jenoက စိုးရိမ်တကြီး ကြည့်လာသည် ။

" ဘာမှမဟုတ်ဘူး .. ဟိုနေ့က မင်းလိုပဲ ခြံစည်းရိုးကနေ ရှထားတာ ။ သေးသေးလေးပေမယ့် နာလို့ ပတ်တီးစည်းထားလိုက်တာ "

ဘာမှ မမေးခင် ကြိုပြီး ကာနေမိသည်ကို Jenoက ဒီအတိုင်း နားထောင်နေပေးသည် ။
သူက မိုးကောင်းကင်ဟာ အစိမ်းရောင်ကြီးပါ ဆိုရင်တောင် အဲ့ဒီလူက ၀မ်းပန်းတသာ ခေါင်းငြိမ့်ပြီး ယုံကြည်နေဦးမှာ ။

" အပေါ်ထပ်မှာ အ၀တ်လဲသွား .. "

သူ့အခန်းထဲဆီ Jenoကို ဆွဲခေါ်မိသည် ။
မိုးက ပိုပြီး .. ပိုတိုးပြီး သည်းလာသည်မို့ Jenoက အင်္ကျီတစ်ထည် ယူလဲပြီးလည်း ပြန်ဖို့ မပြင်ဖြစ်သေး ။

အနေရခက်နေသည့် သူတို့က တစ်ယောက်ကိုတစ်ယောက် ပြုံးပဲပြမိကြသည် ။
ရုပ်ရှင်ကြည့်မယ်ပြင်ပြီး အခန်းထဲကနေ သူက ထွက်ဖို့ပြင်တော့ သူ့ကို ခါးကနေ ပြန်ပြီး လှမ်းဆွဲလိုက်သည်က သန်မာလွန်းသည့် လက်တွေ ။

ခုနကအတိုင်း .. ဒါပေမယ့် ပိုပြီး နီးကပ်နေကြသည့် သူတို့နှာခေါင်းတွေ ။
ရုန်းလိုက်ရင်ရပေမယ့် ရုန်းမထွက်ခဲ့တာက သူဖြစ်သည် ။
ပိုပြီး .. ပိုပြီး နစ်မွန်းလာတဲ့ အနမ်းတွေ ။

တဖြည်းဖြည်း နူးညံ့နေရာကနေ မနူးညံ့တော့ ။
မက်မောစရာ .. ပြီးတော့ ရမ္မက်ဆန်စွာ ။
အသက်ရှူမ၀တော့လို့ နှုတ်ခမ်းတွေကို လွှတ်မိတော့ လည်ပင်းပေါ်မှာပါ ခံစားလာရသည့် စိုစွတ်စွတ် အထိအတွေ့တွေ ..။

အဲ့ဒီနေ့က မိုးက စနောက်နေသလား ထင်ရလောက်အောင်ကို သည်းကြီးမည်းကြီး ရွာချနေခဲ့သည် ။

| ဘာကိုမှ နောင်တမရဘူးလို့ ပြောဖို့ ‌နောင်တတွေပြည့်နေတဲ့သူက ငါပါ ။

မင်း‌အပေါ်မှာ ငါ့လောက် ဘယ်သူက ဆိုးနိုင်ပါဦးမလဲ အချစ်ရေ ..။
ငါက ဘယ်လောက်တောင် ရူးနှမ်းလိုက်သလဲလို့ မင်းကတစ်လောကလုံးကို ပတ်ပြီး အော်ဟစ်ပစ်လိုက်သင့်တာ ။

ငါက မင်းနဲ့ မထိုက်တန်ဘူး မင်းသိလား Jeno ။
ဒါပေမဲ့ မင်းကတော့ ပျော်ရွှင်မှုနဲ့ ထိုက်တန်ခဲ့တဲ့လူမို့ ။

မင်းကလေ ဒီတစ်လောကလုံးမှာ ရှိသမျှ ပျော်ရွှင်ခြင်းတွေ အကုန်လုံးနဲ့ ထိုက်တန်တဲ့သူပါ .. ငါမင်းကို မလိုအပ်ဘူးလို့ ပြောတဲ့အခါ ငါ့ကို ထပ်မရှာဘဲ ပျော်အောင်နေဖို့ ကြိုးစား ။

ဒါတွေ ခဏထားလိုက်ပါ ..
မင်းက မသိလောက်ပေမယ့် မင်းကို ငါ့ရဲ့ ပထမဆုံး အနမ်းကို ပေးခဲ့တာ ။
Latteအရသာက ဘယ်‌နှစ်ခေါက်ပဲ နမ်းနမ်း ပျောက်မသွားခဲ့တဲ့ နှုတ်ခမ်းတွေ .. ။
ငါ Latteကို မကြိုက်ပေမယ့် မင်းနှုတ်ခမ်းတွေကိုတော့ သဘောကျတယ်လို့ပြောရင် ငါက ရယ်စရာကောင်းနေမှာလား ။

ငါမင်းကို ချစ်တယ် Jeno ..
ငါမင်းကို ချစ်တယ် ..
ငါမင်းကို ငါ့ရဲ့အရာအားလုံး ပေးနိုင်လောက်တဲ့အထိ ချစ်ပါတယ် ။
ဒါကိုလည်း မင်းသိမှာမဟုတ်ဘူး .. မင်းဘယ်တော့မှ သိလာမှာမဟုတ်ဘူး ။

ငါက မင်းကို တစ်လောကလုံးမှာ တစ်ယောက်တည်း ရှိတဲ့လူလို ချစ်ခဲ့တယ် ။
ငါက မင်းကို လူတစ်ယောက်က တစ်ယောက်ကို ချစ်မြတ်နိုးသလို အရောင်တွေနဲ့ ချစ်ခဲ့ပါတယ် Jeno ။

ထုတ်ပြောဖို့ကို ငြင်းဆိုခဲ့ရလို့ တောင်းပန်ပါတယ် ။
ငါက မင်းကို ချစ်ခဲ့ပြီး ချစ်နေပြီး ချစ်မြတ်နိုးသွားဦးမှာ ။
အဲ့တာကြောင့် .. ငါမရှိတော့ရင်လည်း ပျော်ရွှင်နေပေးမယ်မလား ..

အဲ့ဒီတစ်နေ့ကို ရောက်လာရင် ငါ့ကို အပြစ်တွေ တင်ပြီး .. ဒေါသတွေထွက်ပစ်ပြီး မင်းတစ်ယောက်တည်း အဆင်ပြေအောင် နေနိုင်သွားမယ်မလား |

................................

ငါ့ထက်ပိုပြီး မင်းကို လိုအပ်မယ့်သူ
ဒီကမ္ဘာပေါ်မှာ ရှိနိုင်ပါ့မလား ။
ဒါပေမဲ့ ငါ့ထက်ပိုပြီး လူတိုင်းရဲ့အနားမှာ
မင်းက ဆက်ရှိနေနိုင်ဦးမှာ ။

တစ်ပတ်တောင် မလိုတော့တဲ့ အချိန်အတွင်း
ဒီချစ်ခြင်းမေတ္တာက ပုံပြင်တွေဖြစ်သွားတော့မှာ ။
မင်းဆိုတဲ့ နာမ်စား ကွယ်ပျောက်သွားရတော့မယ့်
ငါ့အဘိဓာန်လေးက ငိုနေခဲ့တာ သည်းထန်စွာ ။

.................................

Continue Reading

You'll Also Like

19.4K 2K 26
Uni & Zawgyi Cover Photo By @Minus_from_Minus20 γ€Š Start Date : 24 June 2021 End Date : 1 Dec 2021 》
663K 11.2K 64
Summer of Love is back!
244K 6K 52
⎯⎯⎯⎯⎯⎯⎯ ΰͺœβ€βž΄ 𝐅𝐄𝐄𝐋𝐒 π‹πˆπŠπ„ .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
871K 40.4K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...