πŸ–€You & Me❀️

By Mayti687

17.5K 1.6K 5.1K

funny love story More

ထခန်း ၁
ထခန်း ၂
ထခန်း ၃
ထခန်း ၄
ထခန်း ၅
ထခန်း ၆
ထခန်း ၇
ထခန်း ၈
ထခန်း ၉
ထခန်း ၁၀
πŸ’›
ထခန်း ၁၁
ထခန်း ၁၂
ထခန်း ၁၄
🍌 Announcement
ထခန်း ၁၅
ထခန်း ၁၆
ထခန်း ၁၇
ထခန်း ၁၈

ထခန်း ၁၃

257 53 370
By Mayti687

Unicode

🖤You & Me ❤️

အခန်း ၁၃

🐥🐥🐥🐥

မနက်ခင်းအိပ်ရာနိုးထတည်းက ကြည်လင်သောစိတ်က အရင်နေ့တွေနဲ့မတူဘဲ လူကိုဖုံးလွှမ်းထားသည်။ အကြောင်းရင်းခံကတော့ မနေ့ညကအိပ်မက်ကြောင့်ပေါ့။

အိပ်မက်ထဲမှာ ကျွန်မချစ်ရတဲ့ ကလေးနှစ်ယောက်က တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်လို့ ပြုံးနေကြတာကို ကျွန်မက ငေးနေရတာတဲ့။အပြင်မှာလည်း သူတို့ကို ကျွန်မအဲ့လိုပုံစံနဲ့ တကယ်မြင်ချင်‌နေပါပြီ။

ကျွန်မမှာ Coolဆိုတဲ့ရေခဲတုံးကို ကြိတ်crushလို့ ရင်မောရတာထက် သူတို့လေးတွေကို နီးစပ်စေချင်စိတ်ကပိုအလေးသာရတာပါ။ အဲ့ရေခဲတုံးက ကျွန်မ ကလေးနား ကပ်နေရင် ပိုတောင်အမြင်ကပ်ရပါသေးတယ် crushဆိုပေမဲ့လို့ပေါ့။

နေ့စဉ်နဲ့အမျှ သူတို့နီးစပ်သွားစေမဲ့ အခွင့်အလမ်းတွေရှာရတာ လူလည်း အလှတရားတွေက တော်တော်လျော့ပါးကုန်ပါပြီ။ ညဘက်ဆိုလည်း မအိပ်နိုင်တာ များတာကြောင့် ခုတလော မျက်လုံးက ပန်ဒါမျက်လုံးနဲ့ မေမေကတော့ သူစိတ်တိုရင် ပြောရှာပါတယ် ‌ေ-ာက်စိက နောက်စေ့ကပ်နေပြီရယ်လို့လေ။

မေမေ့အဆူအဆဲကို ခါးစည်းခံရင်း ကလေးတွေအဆင်ပြေစေဖို့ရော crushကို ကိုယ့်ဘက်ပါအောင်သိမ်းသွင်းဖို့ရော နည်းလမ်းရှာနေရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ မေမေမသိတော့လည်း အခက်သားပေါ့ရှင်။

ဒီနေ့တော့ စိတ်လေးကြည်နေတယ်ဆိုတော့ အရင်ရက်တွေထက် မျက်နှာကို နည်းနည်းလေး အရောင်တင်ဖြစ်လိုက်ပြီး အိမ်ကနေကျောင်းကို ထွက်လာခဲ့သည်။ ကျောင်းရောက်ရင် အိပ်မက်အကြောင်းကို NaNaကို ပြောပြပြီး စိတ်ကူးတွေနဲ့ ပုံဖော်ပစ်လိုက်ပါဦးမယ်။ သွေးမတော်သားမစပ်တဲ့ လူသားလေးနှစ်ယောက်အတွက် ကျွန်မခုလိုရူးနေတာလည်း ဘယ်ဘဝကရေစက်လဲတော့မသိပေမဲ့ ကျွန်မကျေနပ်နေတာကတော့ အမှန်ပါ။

ကျောင်းရောက်တော့ NaNa မ က မရောက်သေးတာမို့ မုန့်ဝယ်ဖို့ဆိုပြီး ကန်တင်းဘက်သွားဖို့ အဆောင်ထဲကအထွက် တည့်တည့်တိုးမိတာက Perthနဲ့ပါ။

🖤မမ Da

🐥ဟယ် N'Perth ဘာလာလုပ်တာလဲ ဒီကို

🖤မမ Daကို ပြောချင်တာလေးရှိလို့ပါ

🐥အင်း မမလည်း အခု ကန်တင်းသွားမလို့ လာလေမုန့်စားရင်း ပြောကြမယ်

🖤ဟုတ်ကဲ့

ဒီကလေးမျက်နှာကြည့်ရတာ Saintနဲ့အတူရှိရင်သာ သူ့ထက်ငါအသာရဖို့ ကျွန်မကို တဖွဲ့တနွဲ့ပြောတတ်ပေမဲ့ ခုကျ မျက်နှာလေးကတည်ကြည်လို့။ ကျွန်မလည်း မနေ့ညကအိပ်မက်အရှိန်နဲ့ ကောင်းတဲ့သတင်းစကားကြားရတော့မယ်လို့ တွေးမိတော့လူကရင်‌တောင်ခုန်လာသလိုလို။

ကန်တင်းရောက်လို့ မုန့်မှာပြီး မုန့်ပန်းကန်ကိုယ်စီသယ်လို့ ထိုင်ပြီး စားသည်အထိ သူ့မှာပြောရမှာကို စဉ်းစားနေဟန်မို့ ကိုယ်ကပဲ စကားလမ်းကြောင်းပေးရတော့သည်။

🐥N' ပြောစရာရှိတယ်ဆို ပြောလေ

🖤ကျွန်တော်ပြောမဲ့စကားက မမDaအတွက် ဂုဏ်သိက္ခာထိခိုက်တာမျိုး စိတ်အနှောင့်အယှက်ဖြစ်စေတာမျိုး ဖြစ်မှာစိုးလို့ စကားလုံးရွေးနေမိလို့ပါ ပြောတာကပြောမှာပါ

ဒီလိုပါ မမDa တကယ်က အခု ကျွန်တော်...မမDaကို မဟုတ်ဘဲ Saint ကို စိတ်ဝင်စားနေတာပါ

ပါးစပ်ထဲထည့်ရမှာများလို့ ဖြတ်ချဖို့ကြံနေတဲ့ခေါက်ဆွဲဖတ်တွေကို ဝမ်းသာဇောအဟုန်နဲ့ ရှလူးခနဲ ပါးစပ်ထဲမောင်းသွင်းမိတော့ ခေါက်ဆွဲဖတ်က စင်တဲ့ စွပ်ပြုတ်ရည်ဟာ သူ့မျက်နှာရော ကိုယ့်မျက်နှာမှာပါ နေရာယူကုန်ပြီ။

သူကလည်း ကိုယ်စိတ်ဆိုးသွားသလားဆိုပြီး စူးစမ်း ကိုယ့်မှာလည်း ဝမ်းသာလုံးက ခေါက်ဆွဲဖတ်နဲ့ ရောပြီးဆို့နေတော့ စကားက ဘာပြောရမယ်မသိဘဲ အသံကထွက်မလာနဲ့ နှစ်ယောက်သား မျက်လုံးအပြူးသားနဲ့ပေါ့။

🖤sor.... sorry မမDa

🐥ဟွန့်အွန်းးး ဟွန့်အွန်းးးး

မျက်နှာငယ်လေးနဲ့ ကျွန်မစိတ်ဆိုးသွားပြီထင်ပြီး တောင်းပန်လာတော့ လူက နင်နေတဲ့ကြားက လက်ရောခြေထောက်ပါ ခါမိကုန်ပြီ။

🐥မဟုတ်ဘူး စိတ်မဆိုးဘူး အမလေး ဝမ်းသာတာဟဲ့ ဝမ်းသာတာ အီးးးဟီးးးး

🖤ဗျာ....အာ မမDa နှာရည်တွေ ခေါက်ဆွဲပန်းကန်ထဲဝင်

🐥ရှလွတ်......

အိပ်မက်ကကောင်းတယ်ဆိုပေမဲ့ အဲ့လောက်ရယ်လို့ နဖူးတွေ့ဒူးတွေ့ကြားလိုက်ရတော့ ကျွန်မမှာ ပျော်လွန်းလို့ မျက်ရည်တွေရော နှာရည်တွေပါကျကုန်တာလေ။ လူက ပျော်တာရော အယောင်ယောင်အမှားမှားနဲ့ နှာရည်ရောတဲ့ခေါက်ဆွဲတွေလည်း ဝါးစားမိကုန်တဲ့ဘဝ။ BL ကားကြည့်ရင်တောင် တခါတလေ စောင်သွားကြားညပ်သေးတာ ဒါက ကျွန်မဘဝရဲ့ ပထမဆုံး ဖြစ်စေချင်တဲ့အတွဲလေးလေ ရှက်တာတွေရွံတာတွေလည်း စဉ်းစားမနေနိုင်တော့ဘူးရှင်။

🐥ပျော်တာ တကယ်ပျော်တာ N'နဲ့ သူ့ကို မမက ချစ်သူတွေဖြစ်စေချင်တာ တူတူပျော်စေချင်တာ အဲ့ဒါကြောင့် မမကလေ ကြားထဲကနေ အသီးတွေယူလာခိုင်းပြီး ပန်းခြံမှာတွေ့ဖြစ်အောင်စီစဉ်ပေးတာ origami နှင်းဆီပန်းလေးလည်း သူ့ကိုပဲ N'လက်နဲ့ ပေးဖြစ်အောင် ကြံဖန်စီစဉ်ခဲ့တာလေ သိလား မမကမင်းတို့ကို တကယ်တွဲစေချင်တာ

🖤ဗျာ......တကယ်လား တော်ပါသေးရဲ့ဗျာ ကျွန်တော်က မမDaတော်တော်စိတ်ဆိုးသွားပြီ မှတ်နေတာ

အခုမှ သူရောကိုယ်ပါ ပြုံးနိုင်ရယ်နိုင်ကြတော့တာပါ။ ဆက်ပြီး ကြားရမဲ့ ကောင်းသတင်းတွေကို မစောင့်နိုင်တော့လို့ရယ် အိပ်မက်ထဲကပုံလေးကိုမြင်ယောင်ပြီးတော့ရယ် သူ့လက်ကို ဆုပ်ကိုင်လို့ မေးမိတာကလည်း အားမလိုအားမရ တရစပ်နဲ့ပါ။

🐥မမကိုပြော သူ့ကိုဖွင့်ပြောပြီးပြီလား ဘယ်တုံးကလဲ ဘယ်နေရာမှာလဲ ဘယ်လိုပြောလိုက်တာလဲ သူကရော ဘာပြန်ပြောလဲ ဘယ်လိုသဘောထားတယ်တဲ့လဲ  အားးး ငါတကယ်အူယားနေပြီဟဲ့ ပြောစမ်းပါ

နွားသိုးကြိုးပြတ်ဆိုတဲ့ စကားပုံက ကျွန်မအတွက်ဖြစ်နေပြီဆိုလည်း ရှိပါစေတော့။ ရက်ပေါင်းတော်တော်ကြာ ကျွန်မမှာ ဒီလိုနေ့ရောက်လာဖို့ အမျှော်လင့်ကြီး မျှော်လင့်ခဲ့ရတာလေ။အဲ့တော့ ထိန်းမနေတော့ဘူး အားရပါးရကို ပျော်ပစ်တော့မယ်။

🖤ကျွန်တော် ဟိုနေ့ကမှ ပြောလိုက်တာပါ ကျွန်တော်လည်း ကိုယ့်ခံစားချက်ကိုယ် သေချာဆန်းစစ်ရသေးတယ်လေ မသေချာဘဲ မလိုလားအပ်တာတွေနဲ့ ဘယ်သူ့ကိုမှမထိခိုက်စေချင်လို့ပါ

အဲ့ဒါ ကျွန်တော်သူ့ကို သဘောကျတယ်လို့ဖွင့်ပြောပြီးပြီ သူ့ဘက်ကတော့ ထုံးစံအတိုင်း ငြင်းတာပေါ့ဗျာ သူနဲ့ကျွန်တော်က စတည်းက တည့်မှမတည့်တာ

ဒါပေမဲ့ ကျွန်တော်ကြိုးစားမှာပါ သူ့ကို ကျွန်တော့်နားမှာပဲ ရှိစေချင်တာ မမကိုခုလိုပြောရတယ်ဆိုတာကလည်း မမနဲ့သူက အိမ်ကသဘောတူထားတဲ့လူတွေမဟုတ်လား ပြီးတော့ သူနဲ့ပြိုင်ပြီး မမကိုလည်း လိုက်ထားမိတာဆိုတော့ ကျွန်တော်အားနာလို့ပါ တောင်းပန်ပါတယ်

🐥မလိုပါဘူးကွာ နားလည်ပါတယ် မမဘက်ကို ဘာမှစိတ်မပူနဲ့ မမအိမ်ကို မမပိုင်တယ် မမတာဝန်ထား N'သာ သူ့စိတ်ကို အမိအရဖမ်းဆုပ်နိုင်အောင် ကြိုးစား လိုအပ်တာမှန်သမျှ အကုန်ကူညီပေးမှာမို့ စိတ်မပူနဲ့

🖤ကျေးဇူးတင်ပါတယ် မမDa

နှစ်ယောက်သား လွတ်လပ်ပေါ့ပါးစွာ ပြုံးရယ်မိကြပြီး ပျော်ရွှင်နေချိန်မှာ ကျွန်မမျက်ဝန်းထောင့်ထဲတိုးဝင်လာတဲ့အရိပ်ကြောင့် ဘေးကိုဝေ့ဝဲကြည့်မိတော့ ကျွန်မရဲ့ လတ်တလောရင်ခုန်သံတချို့ကို ဖြစ်တည်စေသူကို မြင်ရသည်။

ကျွန်မမြင်ချိန်မှာ သူကထိုင်ရာကနေကော်ဖီခွက်လေးကိုင်ပြီး ထနေတဲ့အချိန်ပေါ့။ မျက်နှာပေါ်ကအပြုံးကတော့ မသိရခြင်းများစွာနဲ့ သိုသိပ်ပိရိလွန်းသလို ကျွန်မစိတ်ထဲကနေခံစားမိတာကတော့ မကျေနပ်ခြင်းရဲ့ သင်္ကေတများလားလို့ ခံစားမိနေတာပါ။

🖤မမDa ကျွန်တော်အတန်းချိန်ရှိသေးလို့ သွားလိုက်ပါဦးမယ်

🐥အင်း မမလည်း သွားမှာ သွားကြစို့

အခန်းထဲပြန်ရောက်ရင်တော့ NaNaကို သတင်းကောင်းပါးလို့ တူတူထပ်ပျော်ကြရပါဦးမည်။

🖤❤️🖤❤️

ဒုတိယမြောက်လူတစ်ယောက်ကို ကိုယ့်ခံစားချက်တွေဖွင့်ဟအပြီးမှာတော့ ကျွန်တော့်စိတ်က တော်တော်လေးပေါ့ပါးလာသလို ယုံကြည်ချက်တွေလည်း ပိုရှိလာပြီ။

မမျှော်လင့်ဘဲ သူနဲ့သဘောတူထားတဲ့ အစ်မက ကျွန်တော်နဲ့သူ့ကို နီးစပ်စေချင်သူဆိုတော့ ဒါ ကံကြမ္မာက ကျွန်တော့်ဘက်မှာဆိုတဲ့အနေအထားပေါ့။

ဖြစ်ကြောင်းကုန်စင်ကို Beeကိုပြောပြတော့ သူကလည်း အံ့ဩပြီး သဘောတွေကျလို့။ အားပေးသူတွေချည်း ကြုံနေရလို့ ခုထိကျွန်တော်ပြုံးနေနိုင်တာမှန်ပေမဲ့ ဝေဖန်သူတွေရှိလာရင်လည်း ခုလိုပဲ ပြုံးနေနိုင်အောင် ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုမှာပါ။

မနေ့က သူ့ဆီခြေဦးလှည့်ခွင့်မသာခဲ့ဘူးဆိုတော့ ဒီနေ့တော့ သွားဦးမှပါ။ မနက်ဖြန် သန်ဘက်ခါနှစ်ရက်ကလည်း ကျောင်းပိတ်ရက်ဆိုတော့ သူ့ကိုတွေ့ချင်ရင် သူ့အိမ်ရှေ့နားမယောင်မလည်သွားပြီး သူ့အခန်းရှိရာ မျှော်ငေးရုံပဲ တတ်နိုင်မှာဆိုတော့ ဒီနေ့ သွားတွေ့မှဖြစ်မှာပါ။

Beeကိုခေါ်တော့ သူကလည်း သူ့ကောင်လေး Daren မျက်နှာလေးတွေ့ရချည်သေးရဲ့ဆိုပြီး နှစ်ယောက်သား တက်ကြွစွာနဲ့ သူတို့ အဆောင်ဘက်ထွက်ခဲ့ကြသည်။ ပျော်ရွှင်နေတဲ့ နှလုံးသားလေး နွမ်းလျဖို့ အဖြစ်တွေနဲ့ တိုးရမယ်ဆိုတာ မသိခဲ့ဘဲနဲ့ပေါ့။

သူတို့ Eco ဆောင်ရှေ့နားမှာက ပန်းခြံအသေးစားလေးလိုမျိုး အရိပ်ရအပင်ကြီးတွေအောက်မှာ ခုံတန်းလေးတွေလုပ်ပေးထားတာရှိသည်။ အဲ့ခုံတန်းလေးမှာ ကျွန်တော်အတွေ့ချင်ဆုံးလူက ကျွန်တော်တွဲမတွေ့ချင်တဲ့သူနဲ့ အတူတူထိုင်နေတာမြင်ရတော့ စိတ်ကတိုရသည်။

လှမ်းမြင်နေရပေမဲ့ ဘာအခွင့်အရေးရှိလို့များ ကျွန်တော်တားနိုင်မှာလဲ။ ကျွန်တော်က ခုထိဆိုင်ဖို့တောင်အသည်းအသန်ကြိုးစားနေရတဲ့ ပိုင်ဆိုင်သူဆိုတဲ့အနေအထားက ဘယ်ဆီနေမှန်းမသိသေးတဲ့ လူတစ်ယောက်လေ။ဒါပေမဲ့ ကျွန်တော်ကသူနဲ့သက်ဆိုင်ဖို့ ကြိုးစားနေသူဆိုတာကို ဟိုလူတော့ သိစေရမယ်။

🐝Perth မင်းဘာလုပ်မှာလဲ သွားမှာလား

🖤အင်း သွားမှာ ဘာဖြစ်ဖြစ် သူနဲ့အဲ့လူကို တွဲပြီးမမြင်ချင်ဘူး

ယုံကြည်ချက်အပြည့်နဲ့ သူတို့ရှိရာလှမ်းလို့ သွားရင်း သူ့လက်သွားဆွဲတော့ မျက်လုံးလေးပြူးလို့ ကျွန်တော့်ကို ကြည့်နေသည်။

❤️ဘာတုံးကွ

🖤ပြောစရာရှိလို့ ငါနဲ့လိုက်ခဲ့

❤️မလိုက်ပါဘူး

🖤မလိုက်ရင် ဒီမှာပဲ ဖက်နမ်းလိုက်ရမှာလား

❤️ဘာ.

သူ အငိုက်မိသွားတာကို အခွင့်ကောင်းယူပြီး အတင်းဆွဲခေါ်လာတော့ ဆဲသံဆိုတာမိုးကိုမွှန်လို့။ ကျွန်တော်ကတော့ ပန်းနဲ့ပေါက်တယ်လို့ပဲယူဆပါတယ်။ ဘယ်လိုပဲပြောပြော ဟိုလူ့ဘေးကနေ သူ့ကိုရအောင်ခေါ်ထုတ်လာနိုင်ခဲ့တယ်မဟုတ်လား။

❤️မင်းကို ပြောနေတာ မကြားဘူးလား ငါ့ကိုလွှတ်လို့

လူရှင်းတဲ့နေရာရောက်မှ လွှတ်ပေးလိုက်တော့ အားပြင်းတဲ့လက်သီးတစ်ချက်က မျက်နှာပေါ်ကျလာသည်။ ကျွန်တော်မနာပါဘူး သူဖြစ်နေလို့လေ။

❤️မင်း ငါ့ကိုဘာလို့ခုလိုပြုမူဆက်ဆံနေရတာလဲ ဟင် ငါမကြိုက်ဘူးကွ ငါ့အဆောင်ထိလာပြီး ငါ့ကိစ္စတွေကို လာစွက်ဖက်နေတာ နှောင့်ယှက်နေတာ ငါမကြိုက်ဘူး

🖤နှောင့်ယှက်နေတာ မဟုတ်ဘူး အဲ့လူနဲ့မို့လို့ တွဲမမြင်ချင်လို့ ခုလိုလုပ်တာ အဲ့တော့ ငါကတော့ မတောင်းပန်နိုင်ဘူး နောက်သူနဲ့အခုလိုတွေ့နေရရင် ခုလိုပဲ သူ့နားကနေ ဆွဲခေါ်လာမိဦးမှာပဲ

❤️မင်း အရူးပဲ

🖤ဟုတ်တယ် မင်းကို ချစ်လို့ ရူးနေတာ

❤️ငါမင်းကို မချစ်ဘူးလို့ ပြောပြီးပြီလေ

🖤သေချာလို့လား မင်းရင်ထဲက လာတဲ့စကားဆိုတာ

❤️သေချာတယ်

တုံ့ဆိုင်းခြင်းမရှိတဲ့ အဖြေစကားကြောင့် ကျွန်တော့်ရင်ထဲ နာကျင်ရပေမဲ့ ကျွန်တော့်အချစ်ကျွန်တော်ယုံလို့ ပြုံးနေဦးမှာပါ။

🖤မင်း မချစ်လည်း ငါကကြိုးစားနေမှာပဲ မင်းငါ့ကို ပြန်ချစ်လာဖို့လေ

❤️စတွေ့တည်းက ပြဒါးတလမ်း သံတလမ်းနဲ့ ပြဿနာတွေပဲ တက်လာတာ အခု မင်းငါ့ကိုချစ်တယ်ဆိုတာရော ငါကဘယ်လိုယုံရမှာလဲ ဘာလဲ ငါ့ကို တစ်ဖက်လှည့်နဲ့ လိမ်ညာပြီး မမDaDaနား ကပ်နိုင်အောင် မင်းအကွက်ချထားတာပဲမှတ်လား အခုလည်း ငါ့ကွယ်ရာမှာ မမနဲ့မင်း ပျော်နေတာပဲ မှတ်လား

မင်းက ငါ့ကို နိုင်ဖို့ဆို ဘာနည်းလမ်းဖြစ်ဖြစ် သုံးမဲ့ကောင် ယုံစရာအကြောင်း တစ်စက်မှမရှိဘူး

ချစ်တဲ့စိတ်နဲ့ အရာရာရင်ဆိုင်ဖို့ ရှင်သန်လာတဲ့ နှလုံးသားကို တစစီနင်းခြေခံလိုက်ရသလို မာနကိုပါထိပါးလာတဲ့အခါ သူ့မျက်နှာကို မထိုးမိပေမဲ့ စိတ်မထိန်းနိုင်စွာပဲ ဆောင့်တွန်းပစ်လိုက်တော့ မြေပေါ်ဖင်ထိုင်ရက် လဲကျသွားတော့သည်။

❤️မင်း.......

ခဲ စူးသွားတဲ့ လက်ဖဝါးက ဒဏ်ရာကိုကြည့်ရင်း ဒေါသအစား မျက်မှန်ဝိုင်းလေးအောက်က ဝမ်းနည်းသွားတဲ့ မျက်လုံးကြည်ကြည်လေးကို တွေ့တဲ့အခါ ကျွန်တော့်ရင်ထဲပိုပြီး နာကျင်ရသည်။ သူရဲဘောကြောင်စွာ ခဏတော့ သူ့ရှေ့ကနေ ထွက်ပြေးလာရပေမဲ့ ပြဿနာအရင်းခံကိုတော့ လိုက်ရှာပြီး နင်းခြေပစ်ရမှာပေါ့။

မနက်က ကန်တင်းမှာ မမDaနဲ့ စကားပြောနေရင်း ဟိုလူထိုင်နေတာကို တွေ့ခဲ့သားပဲ။ အခု Saintဆီက ဒီစကားထွက်လာတာက သေချာပေါက် ဟိုလူမဟုတ်တာတွေ ပြောလိုက်လို့နေမှာ။

🐝Perth ဟေ့ကောင် ဘာဖြစ်တာလဲကွ ဘာဖြစ်လာတာလဲ မင်းနှာခေါင်းမှာလည်း သွေးတွေနဲ့

🖤Cool ဆိုတဲ့ လူယုတ်မာကောင်နဲ့ ပြဿနာ ရှင်းမလို့

Bee အတင်းဆွဲထားပေမဲ့ ဒေါသစိတ်က ပြင်းထန်နေတော့ သူလည်း ကျွန်တော့်ကို မဆွဲနိုင်။ ခုနကထိုင်နေတဲ့ နေရာကိုပဲ ကမူးရှူးထိုးပြန်ပြေးသွားမိတော့ ဒင်းက သူ့ကားပေါ်တက်တော့မဲ့ အနေအထား။

မကျေနပ်တဲ့ စိတ်အခံက လက်မှာသွားစုတော့ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လို့ ဒင်းမျက်ခွက်ကို အားရပါးရပိတ်ထိုးပစ်လိုက်တော့ မြေပေါ်လဲပြိုကျကုန်ပြီ။

🐝ဟေ့ကောင် တော်တော့ တခြားသူတွေရှိတယ်လေ တော်ပြီ

🖤ခင်ဗျား ယောကျာ်းဆို ယောကျာ်းလိုနေ ယောကျာ်းလိုပြုမူ မဟုတ်တမ်းတရားတွေနဲ့ ပြဿနာကိုမဖန်တီးနဲ့ ကျွန်တော်ချစ်ရတဲ့လူကို မဟုတ်မဟပ်စကားတွေ ဘာမှလျှောက်ပြောနေစရာမလိုဘူး

🧊 မင်း ချစ်သူက ဘယ်သူတုံး Saint လား DaDa လား

🖤Saint က ကျွန်တော်ချစ်ရတဲ့ တစ်ဦးတည်းသော လူပဲ

🧊အိုကေ ကောင်းပြီလေ စေတနာနဲ့ အကြံတစ်ခုတော့ ပေးလိုက်မယ်

လူတစ်ယောက်ကို မင်းချစ်ရင် သူတန်ဖိုးထားတဲ့ အရာကို ကြောက်နေတာမျိုး မဖြစ်စေနဲ့ပေါ့ အရင်ဆုံး သူမင်းကို ခေါ်တဲ့ ငှက်ပျောကြောက်ကောင် ဆိုတဲ့ နာမည်လေးသာ ထပ်အခေါ်မခံရအောင် ကြိုးစားပါဦး ဟားဟား သွားပြီနော်

စော်ကားပြောဆိုသွားပြီး သူ့ကားပေါ်တက် မောင်းထွက်သွားတဲ့ထိ နားထဲအူနေပြီး အဲ့ဒီစကားတစ်ခွန်းသာ ပဲ့တင်ထပ်ကြားနေရသည်။

*ငှက်ပျောကြောက်ကောင်ဆိုတဲ့ နာမည်လေးသာ ထပ်အခေါ်မခံရအောင် ကြိုးစားပါဦး *

နာကျင်ခံပြင်းရပေမဲ့ မှန်နေတော့လည်း ကျွန်တော်ဒီနေရာကနေ အငွေ့ပျံပျောက်ကွယ်သွားလိုက်ချင်သည်။ ခုထိ ကျွန်တော်က သူ့ကိုချစ်တယ်ဆိုတာပဲပြောနိုင်ပြီး သူနဲ့ ဝေးဝေးလာတယ်လို့ ခံစားရတော့ တကိုယ်လုံးက အားတွေ ဆုတ်ယုတ်သွားသလို ခံစားရသည်။

🖤ငါ အိမ်ပြန်တော့မယ်

ဘယ်နေရာက စတည့်မတ်ရမယ်မသိတဲ့အခါ ကျွန်တော်တွင်းအောင်းသတ္တဝါလို ခဏအောင်းနေဖို့ပဲ အတွေးရှိပါတော့တယ်။ ပြီးတော့ ကျွန်တော်သူ့ကို စိတ်လိုက်မာန်ပါ လုပ်ခဲ့မိတာအတွက်လည်း တောင်းပန်ဖို့မပြောနဲ့ မျက်နှာတောင်မပြရဲအောင် အားနာမိလို့ပါ။

ဘယ်နေရာဘယ်လိုမှားယွင်းနေပါစေ ငါမင်းကို ချစ်တာတော့ တကယ်အမှန်ပါ Saint ..

✨✨✨✨✨✨✨✨✨✨✨✨

လက်ဖဝါးက ပလာစတာကို လက်ချောင်းတွေနဲ့ တို့ထိပွတ်သပ်ရင်း စိတ်ထဲက တနုံ့နုံ့နဲ့။ အမှန်တကယ်က ကိုယ့်ဟာကိုယ် မကျေနပ်ဒေါသထွက်တာပါ။

P'Cool ပြောပြတာကို ကြားကြားချင်းမှာ မမDaDaကို စိတ်ပူတာထက် သူ့အချစ်က မစစ်မှာကို ပူပင်ခဲ့တာပါ။ သူနဲ့ကျွန်တော်က ဘယ်တုံးကမှတည့်ခဲ့ကြတာမဟုတ်တဲ့အပြင် အခုသူကျွန်တော့်ကို ချစ်တယ်ပြောတာလည်း မမDaDaနား ကပ်ချင်လို့ လုပ်ကြံတာဆိုရင်လို့ တွေးမိတော့ ကျွန်တော်ဝမ်းနည်းသလို ခံစားရပါတယ်။

ချစ်နေပြီလားလို့ ကိုယ့်ဟာကိုယ်ပြန်မေးတော့လည်း အဖြေမရှိသလို P'Cool သူနဲ့ မမနဲ့ ရယ်ရယ်မောမောစကားတွေပြောနေကြတယ်လို့ ပြောလာတော့လည်း ရင်ထဲ နာကျင်ရတာ မကြိုက်တာတွေခံစားရတာ ကိုယ်ပဲသိတာပါ။

မကျေမနပ်နဲ့ သူ့ကို ထိုးခဲ့မိသလို သူကလည်း ကျွန်တော့်ကို ကိုယ်ထိလက်ရောက်တုံ့ပြန်ခဲ့တာပဲဆိုပေမဲ့ ကျွန်တော်တခါမှ ခုလိုဝမ်းမနည်းဖူးပါဘူး။ နာချင်းနာ သူကတောင် နှာခေါင်းကသွေးထွက်တဲ့ထိ အထိုးခံလိုက်ရတာပဲလေ။

သက်ပြင်းမောတွေချပြီး အိပ်ရာပေါ်လှဲလို့ ဖုန်းယူပြီး သူ့IG အကောင့်ထဲ ခိုးဝင်ကြည့်မိတော့ ညနေကနောက်ဆုံးတင်ထားတဲ့ ပုံတစ်ပုံသာ တွေ့ရသည်။

ပုံက colour pencilနဲ့ဆွဲထားတဲ့ လက်ဖဝါးပေါ်ပလာစတာကပ်ထားတဲ့ ပန်းချီပုံလေးဖြစ်နေတော့ ယောင်ယမ်းပြီး ကိုယ့်လက်ကိုတောင် ပြန်ကြည့်မိသည်။ Captionဖတ်မိတော့ လူက ဝမ်းသာရမလို ဝမ်းနည်းရမလိုပါ။

*Sorry 😔 *

Sorry တစ်လုံးနဲ့ emojiလေးတစ်ခုကတင် ကျွန်တော့်ကို ဒီည အိပ်မပျော်စေတော့မှာ သေချာပါတယ်။

ပါးစပ်ကနေ နာကျင်စေမှုအတွက် မတောင်းပန်နိုင်ပေမဲ့ အသိအမှတ်ပြုချင်တာမို့ ပုံလေးကိုတော့ like လုပ်လိုက်မိပြီ။

အချစ်ဟာ အခွင့်အရေးတွေ ခဏခဏပေးတတ်စေသလား မသိပေမဲ့ သေချာတာက မနက်ဖြန်တွေတိုင်းမှာ ကျွန်တော့်ဘဝထဲ သူ့ကို အနည်းဆုံးအနေနဲ့ ရှိနေစေချင်သေးသည်။

တွယ်ငြိနေမိတာ ကျွန်တော်တိတ်တခိုး ဝန်ခံလိုက်ပြီမို့ပါ။

#You&Me
#May🌻

Zawgyi

🖤You & Me ❤️

အခန္း ၁၃

🐥🐥🐥🐥

မနက္ခင္းအိပ္ရာနိုးထတည္းက ၾကည္လင္ေသာစိတ္က အရင္ေန႕ေတြနဲ႕မတူဘဲ လူကိုဖုံးလႊမ္းထားသည္။ အေၾကာင္းရင္းခံကေတာ့ မေန႕ညကအိပ္မက္ေၾကာင့္ေပါ့။

အိပ္မက္ထဲမွာ ကြၽန္မခ်စ္ရတဲ့ ကေလးႏွစ္ေယာက္က တစ္ေယာက္လက္တစ္ေယာက္ဆုပ္ကိုင္လို႔ ၿပဳံးေနၾကတာကို ကြၽန္မက ေငးေနရတာတဲ့။အျပင္မွာလည္း သူတို႔ကို ကြၽန္မအဲ့လိုပုံစံနဲ႕ တကယ္ျမင္ခ်င္‌ေနပါၿပီ။

ကြၽန္မမွာ Coolဆိုတဲ့ေရခဲတုံးကို ႀကိတ္crushလို႔ ရင္ေမာရတာထက္ သူတို႔ေလးေတြကို နီးစပ္ေစခ်င္စိတ္ကပိုအေလးသာရတာပါ။ အဲ့ေရခဲတုံးက ကြၽန္မ ကေလးနား ကပ္ေနရင္ ပိုေတာင္အျမင္ကပ္ရပါေသးတယ္ crushဆိုေပမဲ့လို႔ေပါ့။

ေန႕စဥ္နဲ႕အမွ် သူတို႔နီးစပ္သြားေစမဲ့ အခြင့္အလမ္းေတြရွာရတာ လူလည္း အလွတရားေတြက ေတာ္ေတာ္ေလ်ာ့ပါးကုန္ပါၿပီ။ ညဘက္ဆိုလည္း မအိပ္နိုင္တာ မ်ားတာေၾကာင့္ ခုတေလာ မ်က္လုံးက ပန္ဒါမ်က္လုံးနဲ႕ ေမေမကေတာ့ သူစိတ္တိုရင္ ေျပာရွာပါတယ္ ‌ေ-ာက္စိက ေနာက္ေစ့ကပ္ေနၿပီရယ္လို႔ေလ။

ေမေမ့အဆူအဆဲကို ခါးစည္းခံရင္း ကေလးေတြအဆင္ေျပေစဖို႔ေရာ crushကို ကိုယ့္ဘက္ပါေအာင္သိမ္းသြင္းဖို႔ေရာ နည္းလမ္းရွာေနရတာ ဘယ္ေလာက္ခက္ခဲတယ္ဆိုတာ ေမေမမသိေတာ့လည္း အခက္သားေပါ့ရွင္။

ဒီေန႕ေတာ့ စိတ္ေလးၾကည္ေနတယ္ဆိုေတာ့ အရင္ရက္ေတြထက္ မ်က္ႏွာကို နည္းနည္းေလး အေရာင္တင္ျဖစ္လိုက္ၿပီး အိမ္ကေနေက်ာင္းကို ထြက္လာခဲ့သည္။ ေက်ာင္းေရာက္ရင္ အိပ္မက္အေၾကာင္းကို NaNaကို ေျပာျပၿပီး စိတ္ကူးေတြနဲ႕ ပုံေဖာ္ပစ္လိုက္ပါဦးမယ္။ ေသြးမေတာ္သားမစပ္တဲ့ လူသားေလးႏွစ္ေယာက္အတြက္ ကြၽန္မခုလို႐ူးေနတာလည္း ဘယ္ဘဝကေရစက္လဲေတာ့မသိေပမဲ့ ကြၽန္မေက်နပ္ေနတာကေတာ့ အမွန္ပါ။

ေက်ာင္းေရာက္ေတာ့ NaNa မ က မေရာက္ေသးတာမို႔ မုန႔္ဝယ္ဖို႔ဆိုၿပီး ကန္တင္းဘက္သြားဖို႔ အေဆာင္ထဲကအထြက္ တည့္တည့္တိုးမိတာက Perthနဲ႕ပါ။

🖤မမ Da

🐥ဟယ္ N'Perth ဘာလာလုပ္တာလဲ ဒီကို

🖤မမ Daကို ေျပာခ်င္တာေလးရွိလို႔ပါ

🐥အင္း မမလည္း အခု ကန္တင္းသြားမလို႔ လာေလမုန႔္စားရင္း ေျပာၾကမယ္

🖤ဟုတ္ကဲ့

ဒီကေလးမ်က္ႏွာၾကည့္ရတာ Saintနဲ႕အတူရွိရင္သာ သူ႕ထက္ငါအသာရဖို႔ ကြၽန္မကို တဖြဲ႕တႏြဲ႕ေျပာတတ္ေပမဲ့ ခုက် မ်က္ႏွာေလးကတည္ၾကည္လို႔။ ကြၽန္မလည္း မေန႕ညကအိပ္မက္အရွိန္နဲ႕ ေကာင္းတဲ့သတင္းစကားၾကားရေတာ့မယ္လို႔ ေတြးမိေတာ့လူကရင္‌ေတာင္ခုန္လာသလိုလို။

ကန္တင္းေရာက္လို႔ မုန႔္မွာၿပီး မုန႔္ပန္းကန္ကိုယ္စီသယ္လို႔ ထိုင္ၿပီး စားသည္အထိ သူ႕မွာေျပာရမွာကို စဥ္းစားေနဟန္မို႔ ကိုယ္ကပဲ စကားလမ္းေၾကာင္းေပးရေတာ့သည္။

🐥N' ေျပာစရာရွိတယ္ဆို ေျပာေလ

🖤ကြၽန္ေတာ္ေျပာမဲ့စကားက မမDaအတြက္ ဂုဏ္သိကၡာထိခိုက္တာမ်ိဳး စိတ္အေႏွာင့္အယွက္ျဖစ္ေစတာမ်ိဳး ျဖစ္မွာစိုးလို႔ စကားလုံးေ႐ြးေနမိလို႔ပါ ေျပာတာကေျပာမွာပါ

ဒီလိုပါ မမDa တကယ္က အခု ကြၽန္ေတာ္...မမDaကို မဟုတ္ဘဲ Saint ကို စိတ္ဝင္စားေနတာပါ

ပါးစပ္ထဲထည့္ရမွာမ်ားလို႔ ျဖတ္ခ်ဖိဳ႕ႀကံေနတဲ့ေခါက္ဆြဲဖတ္ေတြကို ဝမ္းသာေဇာအဟုန္နဲ႕ ရွလူးခနဲ ပါးစပ္ထဲေမာင္းသြင္းမိေတာ့ ေခါက္ဆြဲဖတ္က စင္တဲ့ စြပ္ျပဳတ္ရည္ဟာ သူ႕မ်က္ႏွာေရာ ကိုယ့္မ်က္ႏွာမွာပါ ေနရာယူကုန္ၿပီ။

သူကလည္း ကိုယ္စိတ္ဆိုးသြားသလားဆိုၿပီး စူးစမ္း ကိုယ့္မွာလည္း ဝမ္းသာလုံးက ေခါက္ဆြဲဖတ္နဲ႕ ေရာၿပီးဆို႔ေနေတာ့ စကားက ဘာေျပာရမယ္မသိဘဲ အသံကထြက္မလာနဲ႕ ႏွစ္ေယာက္သား မ်က္လုံးအျပဴးသားနဲ႕ေပါ့။

🖤sor.... sorry မမDa

🐥ဟြန႔္အြန္းးး ဟြန႔္အြန္းးးး

မ်က္ႏွာငယ္ေလးနဲ႕ ကြၽန္မစိတ္ဆိုးသြားၿပီထင္ၿပီး ေတာင္းပန္လာေတာ့ လူက နင္ေနတဲ့ၾကားက လက္ေရာေျခေထာက္ပါ ခါမိကုန္ၿပီ။

🐥မဟုတ္ဘူး စိတ္မဆိုးဘူး အမေလး ဝမ္းသာတာဟဲ့ ဝမ္းသာတာ အီးးးဟီးးးး

🖤ဗ်ာ....အာ မမDa ႏွာရည္ေတြ ေခါက္ဆြဲပန္းကန္ထဲဝင္

🐥ရွလြတ္......

အိပ္မက္ကေကာင္းတယ္ဆိုေပမဲ့ အဲ့ေလာက္ရယ္လို႔ နဖူးေတြ႕ဒူးေတြ႕ၾကားလိုက္ရေတာ့ ကြၽန္မမွာ ေပ်ာ္လြန္းလို႔ မ်က္ရည္ေတြေရာ ႏွာရည္ေတြပါက်ကဳန္တာေလ။ လူက ေပ်ာ္တာေရာ အေယာင္ေယာင္အမွားမွားနဲ႕ ႏွာရည္ေရာတဲ့ေခါက္ဆြဲေတြလည္း ဝါးစားမိကုန္တဲ့ဘဝ။ BL ကားၾကည့္ရင္ေတာင္ တခါတေလ ေစာင္သြားၾကားညပ္ေသးတာ ဒါက ကြၽန္မဘဝရဲ႕ ပထမဆုံး ျဖစ္ေစခ်င္တဲ့အတြဲေလးေလ ရွက္တာေတြ႐ြံတာေတြလည္း စဥ္းစားမေနနိုင္ေတာ့ဘူးရွင္။

🐥ေပ်ာ္တာ တကယ္ေပ်ာ္တာ N'နဲ႕ သူ႕ကို မမက ခ်စ္သူေတြျဖစ္ေစခ်င္တာ တူတူေပ်ာ္ေစခ်င္တာ အဲ့ဒါေၾကာင့္ မမကေလ ၾကားထဲကေန အသီးေတြယူလာခိုင္းၿပီး ပန္းၿခံမွာေတြ႕ျဖစ္ေအာင္စီစဥ္ေပးတာ origami ႏွင္းဆီပန္းေလးလည္း သူ႕ကိုပဲ N'လက္နဲ႕ ေပးျဖစ္ေအာင္ ႀကံဖန္စီစဥ္ခဲ့တာေလ သိလား မမကမင္းတို႔ကို တကယ္တြဲေစခ်င္တာ

🖤ဗ်ာ......တကယ္လား ေတာ္ပါေသးရဲ႕ဗ်ာ ကြၽန္ေတာ္က မမDaေတာ္ေတာ္စိတ္ဆိုးသြားၿပီ မွတ္ေနတာ

အခုမွ သူေရာကိုယ္ပါ ၿပဳံးနိုင္ရယ္နိုင္ၾကေတာ့တာပါ။ ဆက္ၿပီး ၾကားရမဲ့ ေကာင္းသတင္းေတြကို မေစာင့္နိုင္ေတာ့လို႔ရယ္ အိပ္မက္ထဲကပုံေလးကိုျမင္ေယာင္ၿပီးေတာ့ရယ္ သူ႕လက္ကို ဆုပ္ကိုင္လို႔ ေမးမိတာကလည္း အားမလိုအားမရ တရစပ္နဲ႕ပါ။

🐥မမကိုေျပာ သူ႕ကိုဖြင့္ေျပာၿပီးၿပီလား ဘယ္တုံးကလဲ ဘယ္ေနရာမွာလဲ ဘယ္လိုေျပာလိုက္တာလဲ သူကေရာ ဘာျပန္ေျပာလဲ ဘယ္လိုသေဘာထားတယ္တဲ့လဲ  အားးး ငါတကယ္အူယားေနၿပီဟဲ့ ေျပာစမ္းပါ

ႏြားသိုးႀကိဳးျပတ္ဆိုတဲ့ စကားပုံက ကြၽန္မအတြက္ျဖစ္ေနၿပီဆိုလည္း ရွိပါေစေတာ့။ ရက္ေပါင္းေတာ္ေတာ္ၾကာ ကြၽန္မမွာ ဒီလိုေန႕ေရာက္လာဖို႔ အေမွ်ာ္လင့္ႀကီး ေမွ်ာ္လင့္ခဲ့ရတာေလ။အဲ့ေတာ့ ထိန္းမေနေတာ့ဘူး အားရပါးရကို ေပ်ာ္ပစ္ေတာ့မယ္။

🖤ကြၽန္ေတာ္ ဟိုေန႕ကမွ ေျပာလိုက္တာပါ ကြၽန္ေတာ္လည္း ကိုယ့္ခံစားခ်က္ကိုယ္ ေသခ်ာဆန္းစစ္ရေသးတယ္ေလ မေသခ်ာဘဲ မလိုလားအပ္တာေတြနဲ႕ ဘယ္သူ႕ကိုမွမထိခိုက္ေစခ်င္လို႔ပါ

အဲ့ဒါ ကြၽန္ေတာ္သူ႕ကို သေဘာက်တယ္လို႔ဖြင့္ေျပာၿပီးၿပီ သူ႕ဘက္ကေတာ့ ထုံးစံအတိုင္း ျငင္းတာေပါ့ဗ်ာ သူနဲ႕ကြၽန္ေတာ္က စတည္းက တည့္မွမတည့္တာ

ဒါေပမဲ့ ကြၽန္ေတာ္ႀကိဳးစားမွာပါ သူ႕ကို ကြၽန္ေတာ့္နားမွာပဲ ရွိေစခ်င္တာ မမကိုခုလိုေျပာရတယ္ဆိုတာကလည္း မမနဲ႕သူက အိမ္ကသေဘာတူထားတဲ့လူေတြမဟုတ္လား ၿပီးေတာ့ သူနဲ႕ၿပိဳင္ၿပီး မမကိုလည္း လိုက္ထားမိတာဆိုေတာ့ ကြၽန္ေတာ္အားနာလို႔ပါ ေတာင္းပန္ပါတယ္

🐥မလိုပါဘူးကြာ နားလည္ပါတယ္ မမဘက္ကို ဘာမွစိတ္မပူနဲ႕ မမအိမ္ကို မမပိုင္တယ္ မမတာဝန္ထား N'သာ သူ႕စိတ္ကို အမိအရဖမ္းဆုပ္နိုင္ေအာင္ ႀကိဳးစား လိုအပ္တာမွန္သမွ် အကုန္ကူညီေပးမွာမို႔ စိတ္မပူနဲ႕

🖤ေက်းဇူးတင္ပါတယ္ မမDa

ႏွစ္ေယာက္သား လြတ္လပ္ေပါ့ပါးစြာ ၿပဳံးရယ္မိၾကၿပီး ေပ်ာ္႐ႊင္ေနခ်ိန္မွာ ကြၽန္မမ်က္ဝန္းေထာင့္ထဲတိုးဝင္လာတဲ့အရိပ္ေၾကာင့္ ေဘးကိုေဝ့ဝဲၾကည့္မိေတာ့ ကြၽန္မရဲ႕ လတ္တေလာရင္ခုန္သံတခ်ိဳ႕ကို ျဖစ္တည္ေစသူကို ျမင္ရသည္။

ကြၽန္မျမင္ခ်ိန္မွာ သူကထိုင္ရာကေနေကာ္ဖီခြက္ေလးကိုင္ၿပီး ထေနတဲ့အခ်ိန္ေပါ့။ မ်က္ႏွာေပၚကအၿပဳံးကေတာ့ မသိရျခင္းမ်ားစြာနဲ႕ သိုသိပ္ပိရိလြန္းသလို ကြၽန္မစိတ္ထဲကေနခံစားမိတာကေတာ့ မေက်နပ္ျခင္းရဲ႕ သေကၤတမ်ားလားလို႔ ခံစားမိေနတာပါ။

🖤မမDa ကြၽန္ေတာ္အတန္းခ်ိန္ရွိေသးလို႔ သြားလိုက္ပါဦးမယ္

🐥အင္း မမလည္း သြားမွာ သြားၾကစို႔

အခန္းထဲျပန္ေရာက္ရင္ေတာ့ NaNaကို သတင္းေကာင္းပါးလို႔ တူတူထပ္ေပ်ာ္ၾကရပါဦးမည္။

🖤❤️🖤❤️

ဒုတိယေျမာက္လူတစ္ေယာက္ကို ကိုယ့္ခံစားခ်က္ေတြဖြင့္ဟအၿပီးမွာေတာ့ ကြၽန္ေတာ့္စိတ္က ေတာ္ေတာ္ေလးေပါ့ပါးလာသလို ယုံၾကည္ခ်က္ေတြလည္း ပိုရွိလာၿပီ။

မေမွ်ာ္လင့္ဘဲ သူနဲ႕သေဘာတူထားတဲ့ အစ္မက ကြၽန္ေတာ္နဲ႕သူ႕ကို နီးစပ္ေစခ်င္သူဆိုေတာ့ ဒါ ကံၾကမၼာက ကြၽန္ေတာ့္ဘက္မွာဆိုတဲ့အေနအထားေပါ့။

ျဖစ္ေၾကာင္းကုန္စင္ကို Beeကိုေျပာျပေတာ့ သူကလည္း အံ့ဩၿပီး သေဘာေတြက်လိဳ႕။ အားေပးသူေတြခ်ည္း ႀကဳံေနရလို႔ ခုထိကြၽန္ေတာ္ၿပဳံးေနနိုင္တာမွန္ေပမဲ့ ေဝဖန္သူေတြရွိလာရင္လည္း ခုလိုပဲ ၿပဳံးေနနိုင္ေအာင္ ႀကိဳတင္ျပင္ဆင္ထားဖို႔ေတာ့ လိုမွာပါ။

မေန႕က သူ႕ဆီေျခဦးလွည့္ခြင့္မသာခဲ့ဘူးဆိုေတာ့ ဒီေန႕ေတာ့ သြားဦးမွပါ။ မနက္ျဖန္ သန္ဘက္ခါႏွစ္ရက္ကလည္း ေက်ာင္းပိတ္ရက္ဆိုေတာ့ သူ႕ကိုေတြ႕ခ်င္ရင္ သူ႕အိမ္ေရွ႕နားမေယာင္မလည္သြားၿပီး သူ႕အခန္းရွိရာ ေမွ်ာ္ေငး႐ုံပဲ တတ္နိုင္မွာဆိုေတာ့ ဒီေန႕ သြားေတြ႕မွျဖစ္မွာပါ။

Beeကိုေခၚေတာ့ သူကလည္း သူ႕ေကာင္ေလး Daren မ်က္ႏွာေလးေတြ႕ရခ်ည္ေသးရဲ႕ဆိုၿပီး ႏွစ္ေယာက္သား တက္ႂကြစြာနဲ႕ သူတို႔ အေဆာင္ဘက္ထြက္ခဲ့ၾကသည္။ ေပ်ာ္႐ႊင္ေနတဲ့ ႏွလုံးသားေလး ႏြမ္းလ်ဖိဳ႕ အျဖစ္ေတြနဲ႕ တိုးရမယ္ဆိုတာ မသိခဲ့ဘဲနဲ႕ေပါ့။

သူတို႔ Eco ေဆာင္ေရွ႕နားမွာက ပန္းၿခံအေသးစားေလးလိုမ်ိဳး အရိပ္ရအပင္ႀကီးေတြေအာက္မွာ ခုံတန္းေလးေတြလုပ္ေပးထားတာရွိသည္။ အဲ့ခုံတန္းေလးမွာ ကြၽန္ေတာ္အေတြ႕ခ်င္ဆုံးလူက ကြၽန္ေတာ္တြဲမေတြ႕ခ်င္တဲ့သူနဲ႕ အတူတူထိုင္ေနတာျမင္ရေတာ့ စိတ္ကတိုရသည္။

လွမ္းျမင္ေနရေပမဲ့ ဘာအခြင့္အေရးရွိလို႔မ်ား ကြၽန္ေတာ္တားနိုင္မွာလဲ။ ကြၽန္ေတာ္က ခုထိဆိုင္ဖို႔ေတာင္အသည္းအသန္ႀကိဳးစားေနရတဲ့ ပိုင္ဆိုင္သူဆိုတဲ့အေနအထားက ဘယ္ဆီေနမွန္းမသိေသးတဲ့ လူတစ္ေယာက္ေလ။ဒါေပမဲ့ ကြၽန္ေတာ္ကသူနဲ႕သက္ဆိုင္ဖို႔ ႀကိဳးစားေနသူဆိုတာကို ဟိုလူေတာ့ သိေစရမယ္။

🐝Perth မင္းဘာလုပ္မွာလဲ သြားမွာလား

🖤အင္း သြားမွာ ဘာျဖစ္ျဖစ္ သူနဲ႕အဲ့လူကို တြဲၿပီးမျမင္ခ်င္ဘူး

ယုံၾကည္ခ်က္အျပည့္နဲ႕ သူတို႔ရွိရာလွမ္းလို႔ သြားရင္း သူ႕လက္သြားဆြဲေတာ့ မ်က္လုံးေလးျပဴးလို႔ ကြၽန္ေတာ့္ကို ၾကည့္ေနသည္။

❤️ဘာတုံးကြ

🖤ေျပာစရာရွိလို႔ ငါနဲ႕လိုက္ခဲ့

❤️မလိုက္ပါဘူး

🖤မလိုက္ရင္ ဒီမွာပဲ ဖက္နမ္းလိုက္ရမွာလား

❤️ဘာ.

သူ အငိုက္မိသြားတာကို အခြင့္ေကာင္းယူၿပီး အတင္းဆြဲေခၚလာေတာ့ ဆဲသံဆိုတာမိုးကိုမႊန္လို႔။ ကြၽန္ေတာ္ကေတာ့ ပန္းနဲ႕ေပါက္တယ္လို႔ပဲယူဆပါတယ္။ ဘယ္လိုပဲေျပာေျပာ ဟိုလူ႕ေဘးကေန သူ႕ကိုရေအာင္ေခၚထုတ္လာနိုင္ခဲ့တယ္မဟုတ္လား။

❤️မင္းကို ေျပာေနတာ မၾကားဘူးလား ငါ့ကိုလႊတ္လို႔

လူရွင္းတဲ့ေနရာေရာက္မွ လႊတ္ေပးလိုက္ေတာ့ အားျပင္းတဲ့လက္သီးတစ္ခ်က္က မ်က္ႏွာေပၚက်လာသည္။ ကြၽန္ေတာ္မနာပါဘူး သူျဖစ္ေနလို႔ေလ။

❤️မင္း ငါ့ကိုဘာလို႔ခုလိုျပဳမူဆက္ဆံေနရတာလဲ ဟင္ ငါမႀကိဳက္ဘူးကြ ငါ့အေဆာင္ထိလာၿပီး ငါ့ကိစၥေတြကို လာစြက္ဖက္ေနတာ ေႏွာင့္ယွက္ေနတာ ငါမႀကိဳက္ဘူး

🖤ေႏွာင့္ယွက္ေနတာ မဟုတ္ဘူး အဲ့လူနဲ႕မို႔လို႔ တြဲမျမင္ခ်င္လို႔ ခုလိုလုပ္တာ အဲ့ေတာ့ ငါကေတာ့ မေတာင္းပန္နိုင္ဘူး ေနာက္သူနဲ႕အခုလိုေတြ႕ေနရရင္ ခုလိုပဲ သူ႕နားကေန ဆြဲေခၚလာမိဦးမွာပဲ

❤️မင္း အ႐ူးပဲ

🖤ဟုတ္တယ္ မင္းကို ခ်စ္လို႔ ႐ူးေနတာ

❤️ငါမင္းကို မခ်စ္ဘူးလို႔ ေျပာၿပီးၿပီေလ

🖤ေသခ်ာလို႔လား မင္းရင္ထဲက လာတဲ့စကားဆိုတာ

❤️ေသခ်ာတယ္

တုံ႕ဆိုင္းျခင္းမရွိတဲ့ အေျဖစကားေၾကာင့္ ကြၽန္ေတာ့္ရင္ထဲ နာက်င္ရေပမဲ့ ကြၽန္ေတာ့္အခ်စ္ကြၽန္ေတာ္ယုံလို႔ ၿပဳံးေနဦးမွာပါ။

🖤မင္း မခ်စ္လည္း ငါကႀကိဳးစားေနမွာပဲ မင္းငါ့ကို ျပန္ခ်စ္လာဖို႔ေလ

❤️စေတြ႕တည္းက ျပဒါးတလမ္း သံတလမ္းနဲ႕ ျပႆနာေတြပဲ တက္လာတာ အခု မင္းငါ့ကိုခ်စ္တယ္ဆိုတာေရာ ငါကဘယ္လိုယုံရမွာလဲ ဘာလဲ ငါ့ကို တစ္ဖက္လွည့္နဲ႕ လိမ္ညာၿပီး မမDaDaနား ကပ္နိုင္ေအာင္ မင္းအကြက္ခ်ထားတာပဲမွတ္လား အခုလည္း ငါ့ကြယ္ရာမွာ မမနဲ႕မင္း ေပ်ာ္ေနတာပဲ မွတ္လား

မင္းက ငါ့ကို နိုင္ဖို႔ဆို ဘာနည္းလမ္းျဖစ္ျဖစ္ သုံးမဲ့ေကာင္ ယုံစရာအေၾကာင္း တစ္စက္မွမရွိဘူး

ခ်စ္တဲ့စိတ္နဲ႕ အရာရာရင္ဆိုင္ဖို႔ ရွင္သန္လာတဲ့ ႏွလုံးသားကို တစစီနင္းေျခခံလိုက္ရသလို မာနကိုပါထိပါးလာတဲ့အခါ သူ႕မ်က္ႏွာကို မထိုးမိေပမဲ့ စိတ္မထိန္းနိုင္စြာပဲ ေဆာင့္တြန္းပစ္လိုက္ေတာ့ ေျမေပၚဖင္ထိုင္ရက္ လဲက်သြားေတာ့သည္။

❤️မင္း.......

ခဲ စူးသြားတဲ့ လက္ဖဝါးက ဒဏ္ရာကိုၾကည့္ရင္း ေဒါသအစား မ်က္မွန္ဝိုင္းေလးေအာက္က ဝမ္းနည္းသြားတဲ့ မ်က္လုံးၾကည္ၾကည္ေလးကို ေတြ႕တဲ့အခါ ကြၽန္ေတာ့္ရင္ထဲပိုၿပီး နာက်င္ရသည္။ သူရဲေဘာေၾကာင္စြာ ခဏေတာ့ သူ႕ေရွ႕ကေန ထြက္ေျပးလာရေပမဲ့ ျပႆနာအရင္းခံကိုေတာ့ လိုက္ရွာၿပီး နင္းေျခပစ္ရမွာေပါ့။

မနက္က ကန္တင္းမွာ မမDaနဲ႕ စကားေျပာေနရင္း ဟိုလူထိုင္ေနတာကို ေတြ႕ခဲ့သားပဲ။ အခု Saintဆီက ဒီစကားထြက္လာတာက ေသခ်ာေပါက္ ဟိုလူမဟုတ္တာေတြ ေျပာလိုက္လို႔ေနမွာ။

🐝Perth ေဟ့ေကာင္ ဘာျဖစ္တာလဲကြ ဘာျဖစ္လာတာလဲ မင္းႏွာေခါင္းမွာလည္း ေသြးေတြနဲ႕

🖤Cool ဆိုတဲ့ လူယုတ္မာေကာင္နဲ႕ ျပႆနာ ရွင္းမလို႔

Bee အတင္းဆြဲထားေပမဲ့ ေဒါသစိတ္က ျပင္းထန္ေနေတာ့ သူလည္း ကြၽန္ေတာ့္ကို မဆြဲနိုင္။ ခုနကထိုင္ေနတဲ့ ေနရာကိုပဲ ကမူးရႉးထိုးျပန္ေျပးသြားမိေတာ့ ဒင္းက သူ႕ကားေပၚတက္ေတာ့မဲ့ အေနအထား။

မေက်နပ္တဲ့ စိတ္အခံက လက္မွာသြားစုေတာ့ လက္သီးက်စ္က်စ္ပါေအာင္ဆုပ္လို႔ ဒင္းမ်က္ခြက္ကို အားရပါးရပိတ္ထိုးပစ္လိုက္ေတာ့ ေျမေပၚလဲၿပိဳက်ကဳန္ၿပီ။

🐝ေဟ့ေကာင္ ေတာ္ေတာ့ တျခားသူေတြရွိတယ္ေလ ေတာ္ၿပီ

🖤ခင္ဗ်ား ေယာက်ာ္းဆို ေယာက်ာ္းလိုေန ေယာက်ာ္းလိုျပဳမူ မဟုတ္တမ္းတရားေတြနဲ႕ ျပႆနာကိုမဖန္တီးနဲ႕ ကြၽန္ေတာ္ခ်စ္ရတဲ့လူကို မဟုတ္မဟပ္စကားေတြ ဘာမွေလွ်ာက္ေျပာေနစရာမလိုဘူး

🧊 မင္း ခ်စ္သူက ဘယ္သူတုံး Saint လား DaDa လား

🖤Saint က ကြၽန္ေတာ္ခ်စ္ရတဲ့ တစ္ဦးတည္းေသာ လူပဲ

🧊အိုေက ေကာင္းၿပီေလ ေစတနာနဲ႕ အႀကံတစ္ခုေတာ့ ေပးလိုက္မယ္

လူတစ္ေယာက္ကို မင္းခ်စ္ရင္ သူတန္ဖိုးထားတဲ့ အရာကို ေၾကာက္ေနတာမ်ိဳး မျဖစ္ေစနဲ႕ေပါ့ အရင္ဆုံး သူမင္းကို ေခၚတဲ့ ငွက္ေပ်ာေၾကာက္ေကာင္ ဆိုတဲ့ နာမည္ေလးသာ ထပ္အေခၚမခံရေအာင္ ႀကိဳးစားပါဦး ဟားဟား သြားၿပီေနာ္

ေစာ္ကားေျပာဆိုသြားၿပီး သူ႕ကားေပၚတက္ ေမာင္းထြက္သြားတဲ့ထိ နားထဲအူေနၿပီး အဲ့ဒီစကားတစ္ခြန္းသာ ပဲ့တင္ထပ္ၾကားေနရသည္။

*ငွက္ေပ်ာေၾကာက္ေကာင္ဆိုတဲ့ နာမည္ေလးသာ ထပ္အေခၚမခံရေအာင္ ႀကိဳးစားပါဦး *

နာက်င္ခံျပင္းရေပမဲ့ မွန္ေနေတာ့လည္း ကြၽန္ေတာ္ဒီေနရာကေန အေငြ႕ပ်ံေပ်ာက္ကြယ္သြားလိုက္ခ်င္သည္။ ခုထိ ကြၽန္ေတာ္က သူ႕ကိုခ်စ္တယ္ဆိုတာပဲေျပာနိုင္ၿပီး သူနဲ႕ ေဝးေဝးလာတယ္လို႔ ခံစားရေတာ့ တကိုယ္လုံးက အားေတြ ဆုတ္ယုတ္သြားသလို ခံစားရသည္။

🖤ငါ အိမ္ျပန္ေတာ့မယ္

ဘယ္ေနရာက စတည့္မတ္ရမယ္မသိတဲ့အခါ ကြၽန္ေတာ္တြင္းေအာင္းသတၱဝါလို ခဏေအာင္းေနဖို႔ပဲ အေတြးရွိပါေတာ့တယ္။ ၿပီးေတာ့ ကြၽန္ေတာ္သူ႕ကို စိတ္လိုက္မာန္ပါ လုပ္ခဲ့မိတာအတြက္လည္း ေတာင္းပန္ဖို႔မေျပာနဲ႕ မ်က္ႏွာေတာင္မျပရဲေအာင္ အားနာမိလို႔ပါ။

ဘယ္ေနရာဘယ္လိုမွားယြင္းေနပါေစ ငါမင္းကို ခ်စ္တာေတာ့ တကယ္အမွန္ပါ Saint ..

✨✨✨✨✨✨✨✨✨✨✨✨

လက္ဖဝါးက ပလာစတာကို လက္ေခ်ာင္းေတြနဲ႕ တို႔ထိပြတ္သပ္ရင္း စိတ္ထဲက တႏုံ႕ႏုံ႕နဲ႕။ အမွန္တကယ္က ကိုယ့္ဟာကိုယ္ မေက်နပ္ေဒါသထြက္တာပါ။

P'Cool ေျပာျပတာကို ၾကားၾကားခ်င္းမွာ မမDaDaကို စိတ္ပူတာထက္ သူ႕အခ်စ္က မစစ္မွာကို ပူပင္ခဲ့တာပါ။ သူနဲ႕ကြၽန္ေတာ္က ဘယ္တုံးကမွတည့္ခဲ့ၾကတာမဟုတ္တဲ့အျပင္ အခုသူကြၽန္ေတာ့္ကို ခ်စ္တယ္ေျပာတာလည္း မမDaDaနား ကပ္ခ်င္လို႔ လုပ္ႀကံတာဆိုရင္လို႔ ေတြးမိေတာ့ ကြၽန္ေတာ္ဝမ္းနည္းသလို ခံစားရပါတယ္။

ခ်စ္ေနၿပီလားလို႔ ကိုယ့္ဟာကိုယ္ျပန္ေမးေတာ့လည္း အေျဖမရွိသလို P'Cool သူနဲ႕ မမနဲ႕ ရယ္ရယ္ေမာေမာစကားေတြေျပာေနၾကတယ္လို႔ ေျပာလာေတာ့လည္း ရင္ထဲ နာက်င္ရတာ မႀကိဳက္တာေတြခံစားရတာ ကိုယ္ပဲသိတာပါ။

မေက်မနပ္နဲ႕ သူ႕ကို ထိုးခဲ့မိသလို သူကလည္း ကြၽန္ေတာ့္ကို ကိုယ္ထိလက္ေရာက္တုံ႕ျပန္ခဲ့တာပဲဆိုေပမဲ့ ကြၽန္ေတာ္တခါမွ ခုလိုဝမ္းမနည္းဖူးပါဘူး။ နာခ်င္းနာ သူကေတာင္ ႏွာေခါင္းကေသြးထြက္တဲ့ထိ အထိုးခံလိုက္ရတာပဲေလ။

သက္ျပင္းေမာေတြခ်ၿပီး အိပ္ရာေပၚလွဲလို႔ ဖုန္းယူၿပီး သူ႕IG အေကာင့္ထဲ ခိုးဝင္ၾကည့္မိေတာ့ ညေနကေနာက္ဆုံးတင္ထားတဲ့ ပုံတစ္ပုံသာ ေတြ႕ရသည္။

ပုံက colour pencilနဲ႕ဆြဲထားတဲ့ လက္ဖဝါးေပၚပလာစတာကပ္ထားတဲ့ ပန္းခ်ီပုံေလးျဖစ္ေနေတာ့ ေယာင္ယမ္းၿပီး ကိုယ့္လက္ကိုေတာင္ ျပန္ၾကည့္မိသည္။ Captionဖတ္မိေတာ့ လူက ဝမ္းသာရမလို ဝမ္းနည္းရမလိုပါ။

*Sorry 😔 *

Sorry တစ္လုံးနဲ႕ emojiေလးတစ္ခုကတင္ ကြၽန္ေတာ့္ကို ဒီည အိပ္မေပ်ာ္ေစေတာ့မွာ ေသခ်ာပါတယ္။

ပါးစပ္ကေန နာက်င္ေစမႈအတြက္ မေတာင္းပန္နိုင္ေပမဲ့ အသိအမွတ္ျပဳခ်င္တာမို႔ ပုံေလးကိုေတာ့ like လုပ္လိုက္မိၿပီ။

အခ်စ္ဟာ အခြင့္အေရးေတြ ခဏခဏေပးတတ္ေစသလား မသိေပမဲ့ ေသခ်ာတာက မနက္ျဖန္ေတြတိုင္းမွာ ကြၽန္ေတာ့္ဘဝထဲ သူ႕ကို အနည္းဆုံးအေနနဲ႕ ရွိေနေစခ်င္ေသးသည္။

တြယ္ၿငိေနမိတာ ကြၽန္ေတာ္တိတ္တခိုး ဝန္ခံလိုက္ၿပီမို႔ပါ။

#You&Me
#May🌻

Continue Reading

You'll Also Like

658K 88.7K 159
Unicode + Zawgyi α€€α€­α€―α€šα€Ία€α€­α€―α€„α€Ία€–α€α€Ία€α€»α€„α€Ία€™α€­α€α€²α€·α€‘α€α€½α€€α€Ί α€˜α€¬α€žα€¬α€•α€Όα€”α€Ία€α€Όα€„α€Ία€Έ α€–α€Όα€…α€Ία€•α€«α€α€šα€Ί α€•α€»α€±α€¬α€Ία€…α€›α€¬α€€α€±α€¬α€„α€Ία€Έα€žα€±α€¬ α€”α€±α€·α€›α€€α€Ία€œα€±α€Έα€™α€»α€¬α€Έ ပိုင်ဆိုင်ကြပါစေ
1.6M 198K 160
α€‘α€™α€»α€­α€―α€Έα€žα€¬α€Έα€€α€­α€―α€šα€Ία€α€”α€Ία€†α€±α€¬α€„α€Ί "ကော"α€™α€»α€¬α€Έα€•α€«α€α€„α€Ία€žα€Šα€Ία‹ α€‘α€™α€Ία€­α€³α€Έα€žα€¬α€Έα€€α€­α€―α€šα€Ήα€α€”α€Ήα€±α€†α€¬α€„α€Ή "ေကာ"α€™α€Ία€¬α€Έα€•α€«α€α€„α€Ήα€žα€Šα€Ήα‹
3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~β™₯~ Type- OWN CRE...