ငါ့ရဲ့လည်ပင်းကို လက်ကိုင်ပုဝါနဲ့ဖိထားရင်း ကပွဲခမ်းမရဲ့တံခါးနားကိုရောက်တဲ့အခါမှာတော့ ဒဏ်ရာကသေွးတိတ်နေခဲ့ပြီ၊
Buinterကမေှာ်တစ်ခုခုကို လှျို့ဝှက်ပြီးလုပ်ခဲ့ရင်တောင်မှ ဘယ်သူကမှသူ့ကိုမှော်ဆရာလို့ထင်ကြမှာမဟုတ်ဘူး၊
ခန်းမထဲဝင်ခါနီးမှာ ကို့ကိုယ်ကိုပြန်ကြည့်ရင်း တွန့်ဆုတ်နေမိတယ်၊ ငါမထင်ထားခဲ့ဘူး ခုလိုအရောင်မှုိင်းတဲ့ဝတ်စုံကိုဝတ်လာမိတာက ဒီနေ့အတွက်အရမ်းအထောက်အကူဖြစ်လိမ့်မယ်လို့လေ၊ ဝတ်ထားတဲ့ဝတ်စုံပေါ်ကသေွးစွန်းကွက်က ဝတ်စုံရဲ့အရောင်ရင့်ရင့်ကြောင့် တော်ရုံမြင်ဖို့မလွယ်ဘူး၊ အဲ့တာကိုဘဲကေျးဇူးတင်ရမယ်၊ ငါဝင်သွားတဲ့အချိန်မှာ ငါ့ရဲ့ဆံပင်ပုံကသာနည်းနည်းဘဲပျက်နေခဲ့တယ်၊
Derrickကိုရှာရတာအရမ်းကိုလွယ်လွန်းတယ်၊
ငါတို့သခင်လေးရဲ့ အေးစက်စက်အရှိန်အဝါတေွက သားကောင်တေွကိုဆွဲဆောင်နိုင်ပြီး လူတေွဝိုင်းနေတာတောင်တစ်ယောက်တည်းထင်းထွက်နေတယ်လေ၊
'သူကဘာပြသနာမှမလုပ်ဘဲငြိမ်ငြိမ်နေဖို့ပြောခဲ့တာ ငါ့လည်ပင်းကဓားရာကိုတေွ့ရင်တစ်ခုခုပြောလောက်တယ်၊'
Drrrickကိုအသိပေးဖို့ကိုဘဲ အာရုံစိုက်ပြီးတေွးနေမိတာမလို့ တော်ဝင်ခန်းမကိုရောက်တဲ့အခါ ငါ့ကိုကြည့်နေကြတဲ့လူတချို့ရဲ့အကြည့်တေွကိုသတိမထားမိခဲ့ဘူး၊ ငါ့ရဲ့ဝတ်စုံကအဆင်ပြေနေပေမဲ့ ငါကအဆင်မပြေဖြစ်နေတာကိုသတိမထားမိခဲ့ဘူး၊
"အစ်ကိုကြီး..."
ငါသူ့ကိုတိုးတိုးလေးခေါ်လိုက်တယ်၊
ဒီလူအများကြီးကြားမှာ လေသံလောက်ဘဲရှိတဲ့ အသံတိုးတိုးလေးကို သူကကြားသွားပြိး ချက်ချင်ူလှည့်ကြည့်လာခဲ့တယ်၊ ကံကောင်းပေလို့၊
"ကျမခုပြန်မှဖြစ်မယ်ထင်တယ်၊ သိပ်ပြီးနေလို့အဆင်မပြေလို့...."
Derrick ရဲ့အပြာရောင်မျက်လုံးတေွကဝိုင်းစက်သွားတော့တယ်၊ သူ့ရဲ့ညီမငယ်လေးက ဖြူဖျော့နေပြီး သေွးစိုနေတဲ့လက်ကိုင်ပုဝါဖျော့ဖျော့ကလည်း သူမရဲ့လည်ပင်းမှာရှိနေခဲ့တယ်....
"အခုချက်ချင်း...."
ချက်ချင်းဆိုသလိုဘဲ အချိန်ခဏလေးအတွင်းအားလုံးကမေှာင်မိုက်သွားခဲ့တယ်၊
ငါသတိလစ်ပြီးလဲကျမသွားခင် Derrickကဖြူဖျော့နေတဲ့မျက်နှာနဲ့ငါ့ဆီပြေးလာနေတာကို ဲဘဲနောက်ဆုံးမြင်လိုက်ရတယ်၊
ငါမူးလဲပြီးနောက်မှာ ခမ်းမမှာဘာတေွဖြစ်သွားလဲမသိတော့ဘူး၊
"Lady..."
"မြန်မြန်... ဆရာဝန်ကိုအမြန်ဆုံးခေါ်လာခဲ့..."
အလောတကြီးအော်သစ်သံတေွနဲ့ အပြေးအလွှားသွားနေတဲ့ခြေသံသဲ့သဲ့တေွကိုကြားနေရတယ်...
အဆုံးမှာတော့ ငါကလည်ပင်းပေါ်ကဓားရာသေးသေးလေးကြောင့်နဲ့.အိပ်ရာပေါ်မှာလှဲနေရပြီး အဲ့ဒါကငါ့အတွက်ဟာသလိုဘဲ၊
ဒါကတကယ်တော့ငါသတိမထားမိလိုက်တဲ့ ဖိအားတေွကြောင့်ဖြစ်မယ်၊ ငါအသက်ရှင်ဖို့ကြိုးစားလုပ်ဆောင်ခဲ့ရတာတေွက ဒီနေရာမှာတစ်ချိန်တည်းပေါက်ကွဲထွက်သွားတာဖြစ်မယ်၊ ဒီရက်ပိုင်းအတွင်း အိမ်မက်အချို့လည်းမက်ခဲ့တယ်၊
ငါက Penelopeရဲ့ကိုယ်ထဲကို အခုရောက်နေတာကြောင့်သူနဲပတ်သတ်တာတေွမက်မယ်လို့ထင်ခဲ့တာ ဒါပေမဲ့အဲ့ဒါကငါနဲ့ပတ်သတ်တဲ့အိမ်မက်ဖြစ်နေခဲ့တယ်၊
ငါအဲ့အိမ်ကိုရောက်ပြီးတဲ့နောက်အထက်တန်းကျောင်းကိုတက်ခဲ့ရတဲ့နေ့တေွကအရမ်းမကြာသေးဘူး အဲ့ကျောင်းကချမ်းသာတဲ့ခလေးတေွသာတက်ကြတဲ့ကေျာင်းဖြစ်တယ်၊
အတန်းပြီးသွားလို့ ငါ့ရဲ့ပစ္စည်းတေွကိုသိမ်းနေတုန်း တစ်ယောက်ယောက်ကငါ့ရဲ့ပုခံုးကိုလာထိတယ်
"ဟေ့... နင့်ရဲ့အကိုကနင့်ကိုရှာနေတယ်... သူကGymစတိုခန်းကိုလာဖို့ပြောလိုက်တယ်…"
ဒုတိယခေွးကောင်က ပုံမှန်အားဖြင့်အာဏာအသင့်တင့်ရှိပြီး ကျောင်းမှာထိန်းချုပ်နိုင်တယ်၊
သူကဒုတိယအကိုရဲ့ အလေးပေးတာကိုခံရတဲ့သူတေွထဲကတစ်ယောက်ပဲ၊
ငါသိပ်အများကြီးတေွးမနေဘဲ စတိုခန်းကိုသာဦးတည်လိုက်တယ်၊
ဒီအယုတ်တမာကောင်က ကျောင်းမှာအနိုင်ကျင့်တဲ့အဖွဲ့ထဲမှာပါတယ်ဆိုတာကို ငါသတိထားမိပြီးသား၊ ဒါပေမဲ့ ဒါကအဲ့လောက်ထိမတေွးခဲ့မိဘူး၊
"အကို……?"
စတိုခန်းထဲကိုဖြေးဖြေးလျေှာက်ရင်းနဲ့တံခါးကိုဖွင့်လိုက်တယ်၊ မေှာင်နေတာမလို့ ငါဘာကိုမှမမြင်ရဘူး၊ ငါအခန်းထဲကိုလျေှာက်ကြည့်နေတုန်း ရုတ်ချည်းဆိုသလို ငါ့ရဲ့ခေါင်းကိုတစ်ခုခုနဲ့စွပ်သွားတယ်၊ ကြည့်ရတာအဲ့ဒါကပလက်စတစ်အိတ်ထင်တယ်၊
"ဘာ... ဘာကြီးလဲ... အ..."
ငါ့ရဲ့မျက်နှာက အဖုံးခံလိုက်ရပြီး စတိုခန်းထဲကိုပစ်ချခံလိုက်ရတယ်၊ ပြီးတော့ဆိုးဆိုးရွားရွားအရိုက်ခံလိုက်ရတယ်၊
ခြေ10ချောင်းလောက်က ငါ့ကိုကန်ကျောက်ပြီး တက်နင်းနေကြတယ်၊
ငါ့ရဲ့အသိစိတ်က ကာဖို့တောင်မလုပ်နိုင်ခဲ့ဘူး၊
အဲ့အချိန်မှာ ငါလုပ်နိုင်သလောက်အော်ဟစ်ပြီးဆဲရေးဖို့တောင်တွန့်ဆုတ်နေမိတယ်၊၊
"Wow... ခုမှဘဲလန်းဆန်းသွားတော့တယ်၊ ဒီအမှိုက်လိုဟာမကဘယ်ကနေရောက်လာရတာလဲ... သူကငါတို့နဲ့ကျောင်းတူတူတက်ဖို့တောင်အဆင့်ရှိတဲ့ဟာမဟုတ်ဘူး..."
"ဟေ့ သူ့အကိုတေွသိသွားရင် ငါတို့တော့ပြသနာအကြီးကြီးတက်မှာနော်..."
"သူ့အကိုတေွကသူ့ကိုသေလောက်အောင်မုန်းနေကြတာ၊ ငါ ငါ့အဖေနဲ့တေွ့ဆုံပွဲလိုက်သွားတုန်းကဆိုရင် သူစကားဝင်ပြောတာနဲ့သူ့အကိုတေွကရွံရှာနေကြတာ... "
ငါအသိပြန်ဝင်ပြီး ထွက်သွားဖို့အားယူနေတုန်းသူတို့တေွကပြံုးဖြဲဖြဲနဲ့ တခြားဆိုးရွားတဲ့စကားတေွကိုငါ့ကိုကြည့်ပြီးပြောနေကြတယ်၊
ခုနကငါ့အပေါ်ကိုလုပ်တဲ့လုပ်ရက်တေွထက် တချို့စကားတေွကပိုနာကျင်ရတယ်၊
"ဟေ့... ခုကစပြီးငါ့တို့မြင်ကွင်းမှာပေါ်မလာစေနဲ့၊ ဟမ်... ပြီးတော့ဒီနေ့အကြောင်းကိုလည်းတစ််ခွန်းမှမဟမိစေနဲ့..."
အဲ့ဒီ့စကားနဲ့အတူ စတိုခန်းကထွက်သွားတဲ့ခြေသံတေွကိုပါကြားလိုက်ရတယ်၊
အနည်းဆုံးတစ်နာရီလောက်ကြာအောင် ငါအဲ့ကြမ်းပြင်မှာဘဲ လှဲလျောင်းနေမိတယ်၊
အဲ့တာကဘာလို့လဲဆိုတော့ ငါမလှုပ်နိုင်လောက်အောင် နာနေလို့ဘဲ၊
အဲ့လောက်အချိန်ကြာတာတောင် ငါမတ်တပ်ဘဲရပ်နိုင်ခဲ့တယ်၊ ငါ့ခေါင်းပေါ်ကပလက်စတစ်အိတ်ကိုဖယ်လိုက်တဲ့အခါ.ငါ့ရဲ့အိတ်နဲ့ကျောင်းဝတ်စုံကပါပျက်စီးနေတာကိုတေွ့လိုက်တယ်၊
ငါသန့်စင်ခန်းကိုဦးတည်လိုက်ပြီး ကျောင်းဝတ်စုံပေါ်ကခြေရာတေွကိုသုတ်ပစ်လိုက်တယ်၊ ငါစိုးရိမ်သင့်တာကကျောင်းဝတ်စုံမဟုတ်ဘူးဆိုတာသိပေမဲ့လို့ပေါ့....
မှန်ထဲကိုကြည့်လိုက်တော့... ငါ့ရဲ့မျက်လုံးမှာ အပြာရောင်ဖြစ်နေတာတေွ့လိုက်တယ်၊ သူတို့ငါ့ရဲ့ကိုယ်ကိုဘဲကန်တယ်ထင်တာ ငါ့မျက်နှာရောလား...
ငါအရိုက်ခံရတာကို မြင်ပြီးတဲ့နောက် ငါ့ရဲ့ပါးစပ်ကနေရယ်သံကရုတ်တရက်ထွက်လာခဲ့တယ်၊
ငါအကန်ခံရတဲ့အချိန်တုန်းက ဘယ်လိုခံစားရလဲမသိတော့ဘူး ဘာလို့ဆို ငါ့ရဲ့အသိဉာဏ်နဲ့စိတ်က အမေှာင်အတိဖြစ်နေလို့ဘဲ၊
ငါမသွားချင်သွားချင်နဲ့ ငရဲနဲ့တူတဲ့ငါ့ရဲ့အိမ်ကိုသွားလိုက်တယ်၊ ငါအဲ့အိမ်ကိုသွားမဲ့အစား သေလိုက်ချင်တဲ့အထိကိုမုန်းတယ်... ဒါပေမဲ့... ငါ့မှာအဲ့အိမ်ကလွဲပြီးသွားစရာနေရာမရှိဘူး...
ငါအရမ်းကိုကံဆိုးတာဘဲ... ငါအိမ်ထဲရောက်တဲ့အချိန်မှာ ငါ့ရဲ့ပထေွးနဲ့ သေွးမတော်တဲ့အကိုတေွကဧည့်ခန်းထဲမှာ မုန့်စားနေခဲ့ကြတယ်၊
"ပြန်ရောက်ပါပြီ..."
ငါကသူတို့နဲ့အတူပါဝင်ဆင်နွှဲနိုင်မဲ့သူမဟုတ်တာကြောင့် ငါအမြန်ဘဲအရိုသေပေးလိုက်ပြီး လေှကားထစ်တေွဆီအလောတကြီးဦးတည်လိုက်တယ်...
"နေဦး... အဲ့မှာရပ်စမ်း..."
ပုံမှန်ဆိုသူတို့ငါပြန်လာလာ မလာလာဂရုမစိုက်ပေမဲ့ဒီနေ့ကတော့ကံဆိုးမှုတေွဆက်တိုက်ဖြစ်တာဘဲ
ဘာကြောင့်ဆို ဒုတိယခေွးကောင်ကငါ့ကိုလှမ်းခေါ်တယ်လေ...
"ဟေ့... ငါမင်းကိုရပ်နေဖို့ပြောတယ်နော်..."
ငါသူ့ကိုဂရုမစိုက်ဘဲ ဆက်လျေှာက်လိုက်တယ်
ဒုတိယခေွးကောင်ကငါလှမ်းလိုက်တာနဲ့ ချက်ချင်းနေရာကနေထလာခဲ့တယ်၊ လေှကားနားကိုရောက်တာနဲ့ ငါကလက်ကောက်ဝတ်ကနေဆောင့်ဆွဲခံလိုက်ရတယ်၊
"ဟေ့... ဒါတေွကဘာတေွလဲ... ဘာလို့ဒီလိုပုံစံဖြစ်နေတာလဲ... "
"ဘာမှမဖြစ်ပါဘူး... ဒီတိုင်းချော်လဲတာ..."
ငါ့ခေါင်းကိုယမ်းရင်းနဲ့ဖြေလိုက်တယ်၊ ငါ့ရဲ့အပြာရောင်ဒဏ်ရာကို ဆံပင်နဲ့ဖုံးနိုင်ဖို့မျေှာ်လင့်မိတာဘဲ...
"ဟိတ်... ငါ့ကိုကြည့်...မင်းအရိုက်ခံလာရတာလား..."
"မဟုတ်ဘူး...ခုနကပြောသလိုဘဲ ချော်လဲတာ... "
ငါ့ရဲ့အခန်းကိုသွားပြီးဒီနေ့အတွက်အနားယူလိုက်ချင်ပြီ ဒါပေမဲ့သူကငါ့ကဥုပိတ်ထားပြီး ငါ့ရဲ့ဆံပင်ကိုဆွဲမလိုက်တယ်၊
"မင်း... ဒီဒဏ်ရာတေွကဘာဖြစ်တာလဲ... ဘယ်ခေွးလုပ်တာလဲ... ဘယ်ကောင်လဲ... "
ငါရဲ့ရှုပ်ပွနေတဲ့မျက်နှာက သူ့ရဲ့လက်နဲ့ဖော်ထုတ်ခံလိုက်ရတယ်၊
"ဘာမှမဖြစ်ပါဘူး..."
"ဒါကဘာမှမဖြစ်တာလား... ဟမ်... ဘာလို့ဒါ..."
"ဒါကတကယ်ဘာမှမဖြစ်ဘူး... လုံးဝဘာမှဖြစ်ဘူး... ငါနင့်ကိုပြောနေတယ် ဘာမှမဖြစ်ဘူးလို့.... "
ငါရဲ့စိတ်တေွလွတ်သွားပြီထင်တယ် ဘာလို့ဆိုငါသူ့ကိုအော်လိုက်ပြီး သူ့ရဲ့လက်တေွကိုစိတ်ထဲကမပါဘဲရိုက်ထုတ်မိလိုက်တယ်...
ငါ့ရဲ့ပထေွးနဲ့ သေွးမတော်တဲ့အကြီးဆုံးအကိုေတာင်မှ မျက်လုံးပြူးသွားခဲ့တယ်၊ ဒါကဖြစ်သင့်ပါတယ် ဘာလို့ဆိုသူတို့ကငါဒီလိုဒေါသထွက်တာကိုတစ်ခါမှမမြင်ဖူးကြဘူးလေ၊
ဒီအချိန်က အရင်ကထက်တောင်ပိုပြီးမသက်မသာဖြစ်တယ်လို့ငါထင်တယ်၊ အကြောင်းကငါကျတော့Gymစတိုခန်းထဲမှာ အရိုက်ခံနေရပြီး သူတို့ကျတော့ပျော်ပျော်ပါးပါးမုန့်စားနေကြတယ်လေ...
"ဘယ်တုန်းကဂရုစိုက်ဖူးလို့လဲ..."
မိသားစုသုံးယောက်သားဧည့်ခန်းမှာမုန့်စားနေကြတဲ့မြင်ကွင်းက တံခါးကိုဖြတ်သွားရုံဖြစ်တဲ့ငါ့ကို အူတိုစေတယ်... မနာလိုစရာကောင်းချက်...
ပြီးတော့... ငါ... သူတို့နဲဲ့အတူမပါနိုင်တဲ့သူ...
"ငါ့ကိုလွှတ်ထားလိုက်ပါ... ကျေးဇူးပြုပြီး...ငါနင်တို့ကို ငါ့အတွက်တစ်ခုခုလုပ်ပေးဖို့ တစ်ခါမှမတောင်းဆိုဖူးဘူး... ငါဘာဆိုဘာမှမလုပ်ခဲ့ဘူး... ဒါတောင်... ဘာလို့... ဘာလို့... ဘာလို့များ... နင်တို့က.."
ဧည့်ခန်းကတိတ်ဆိတ်မှုတေွနဲ့ပြည့်သွားပြီး ကြက်သီးမေွှးညင်းတေွပါထစေနိုင်လောက်တယ်၊
ငိုတယ်ဆိုတာက အရှံုးပေးတာ အညံ့ခံတာလို့ငါအမြဲတေွးမိပေမဲ့ ဒီအချိန်မှာတော့ ငါကိုယ်တိုင်တောင်မရပ်တန့်နိုင်ခဲ့ဘူး၊ မျက်ရည်တေွက ငါမထိန်းနိုင်လောက်အောင် မျက်လုံးထဲကနေရေတံခွန်လိုစီးကျနေတော့တယ်၊
ငါကလေးတစ်ယောက်လိုငိုနေမိပြီး... သူတို့ငါ့ကိုကြည့်နေတဲ့အချိန်ဘယ်လိုမျက်နှာဖြစ်နေမလဲဆိုတာကိုတောင်မသိတော့ဘူး...
ရက်အနည်းငယ်ကြာတဲ့အခါ... ငါ့ရဲ့မျက်လုံးကဒဏ်ရာပျောက်သွားတဲ့အချိန် ဒုတိယအယုတ်တမာကောင်ကငါ့ကိုစကားလာပြောခဲ့တယ်၊
"ငါသူတို့ကိုဖမ်းပြီး... အကုန်လုံးကိုသေလုမျောပါးဖြစ်တဲ့အထိရိုက်ခဲ့တယ်..."
သူကနှုတ်တောင်မဆတ်ဘဲ တချို့စကားတေွကိုပြောနေခဲ့တယ်... ငါအဲ့တာကိုကောလဟာလတေွကနေတဆင့်သိခဲ့ပြီး... သူနဲ့ပြသနာဖြစ်တဲ့ကောင်တချို့ဆေးရုံတက်လိုက်ရတယ်လို့ကြားရတယ်...
"မင်းကိုအထင်သေးတဲ့ လူတေွအကုန်လုံးကိုအဲ့လိုလုပ်ပစ်ရမယ်... "
သူကရေရွတ်နေပြီး ခေါင်းကိုယမ်းနေတဲ့ငါ့ကိုကြည့်နေခဲ့တယ်၊
"ဘာပဲဖြစ်ဖြစ်... မင်းသိထားဖို့က တခိျု့အရာတေွကထပ်ဖြစ်တော့မှာမဟုတ်ဘူး..."
အဲ့လိုဆိုရင်တောင်ငါဒုတိယခေွးကောင်ကိုကျေးဇူးတင်မှာမဟုတ်ဘူး၊ ငါကကျောင်းမှာသီးသန့်လိုတောင်ဖြစ်လာခဲ့တယ်... ဘာမှပိုကောင်းလာတာမဟုတ်ဘူး... တစ်ခါတစ်လေသူတို့တေွကအရင်ကထက်တောင်ပိုအနိုင်ကျင့်လာကြတယ်...
" ကျေးဇူးပါအကို... "
ငါသူ့ကိုကျေးဇူးတင်တဲ့စကားတေွပြောမဲ့အစား အော်ဟစ်ပြီးအဲ့တာသူ့ရဲ့အမှားတေွလို့သာပြောလိုက်ချင်တယ်၊သူ့အရှူပ်တေွကိုသူရှင်းရတာကို ငါကဘာလို့သူကိုကျေးဇူးတင်ရမှာလဲ...
ငါတကယ်ဘဲ....
တကယ်ကိုဘဲ………
*****************
"………မင်းကအဲ့လိုပြောပေမဲ့ သူမကဘာလို့ခုထိနိုးမလာရသေးတာလဲ....."
အော်ဟစ်ဆူညံနေတဲ့အသံကိုကြားနေပေမဲ့ အဲ့လူကဘယ်သူလဲဆိုတာကိုပုံဖော်လို့မရဘူးဖြစ်နေခဲ့တယ်၊
ငါ့ခေါင်းကနာတယ်... ငါ့ရဲ့မျက်လုံးတေွကိုဖွင့်လိုက်တယ် ဒါပေမဲ့ဖြေးဖြေးချင်းတော့မဟုတ်ဘူး၊
"……အနည်းဆုံးအဲ့လိုလုပ်ရင်တောင်၊ အဲ့ဒီအယုတ်တမာကောင်က အိမ်ရေှ့စံဆိုတာအသိသာကြီး..."
"ဆူညံနေတာဘဲ..."
ငါ့ရဲ့အသံကိုဖျစ်ညှစ်ပြီးပြောလိုက်တဲ့အခါ တစ်ယောက်ယောက်ကငါ့နားကိုချက်ချင်းရောက်လာခဲ့တယ်၊
"ဟေး... မင်းနိုးလာပြီလား..."
အရာအားလုံးကမှုန်ဝါးလို့နေတယ်၊ ငါအဲ့လူရဲ့မျက်နှှာကိုတောင်သေချာမမြင်ရဘူး... ဒါပေမဲ့ဒီလူနဲ့အသံချင်းဆင်တဲ့လူကိုချက်ချင်းပြောနိုင်တယ်၊
ဒါကအိမ်ကဒုတိယခေွးကောင်ဘဲ...
"ငါနင့်ကိုမုန်းတယ်..."
ငါ့အသံကိုစကားပြောဖို့ပိုအားစိုက်လိုက်တယ်၊ ငါအရင်ကဒီလိုမလုပ်ဖူးဘူး၊
"... တကယ်ကိုဘဲ... ငါအရမ်းမုန်းတယ်၊ ငါနင့်ကိုအကြိမ်တစ်ရာ၊ တစ်ထောင်မက နင်ငါ့ကိုမုန်းနေတာထက်ကိုပိုမုန်းတယ်..."
"……"
"ငါနင့်ကိုကမ္ဘာပေါ်ကတခြားသူထက်ကိုပိုမုန်းတယ်"
ပြီးတော့ငါမမြင်နိုင်တော့ဘူး ဘာလို့ဆိုငါပြန်အိပ်ပျော်သွားလို့ဘဲ...
အပြာရောင်မျက်ဝန်းတေွွက ငလျင်ဖြစ်သလို တုန်လှုပ်နေပြီး ပန်းရောင်ဆံပင်တေွနဲ့လူတစ်ယောက်က တောင့်တောင့်ကြီးဖြစ်နေခဲ့တယ်...
A/N...
ဒီကိစ္စကိုခါင်းရှုပ်သွားမယ်ထင်တယ်၊ သူက Rennaldပါ Penelopeကသူမအိပ်ပျော်မသွားခင်မှာသူ့အိမ်ကဒုတိယအကိုလို့အထင်လွဲသွားခဲ့တာ...
CHAPTER.15
END😊