แ€žแ€›แ€ฒแ€›แ€ฌแ€‡แ€แ€„แ€นแ€™แ€บแ€ฌแ€ธแ€‘แ€ฒแŒแ€แ€บแ€…แ€นแ€€แ€ผแ€บแ€™แ€นแ€ธแ€แ€„แ€น...

By Hot_Tofu1

362K 53.5K 5.9K

Myanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are... More

Introduction {Z}
Introduction {U}
แ€กแ€แ€ผแ€ฒ แ , แ.แ { Z }
แ€กแ€แ€ฝแ€ฒ แ , แ.แ { U }
แ.แ‚ {Z}
แ.แ‚ {U}
แ‚.แ {Z}
แ‚.แ {U}
แ‚.แ‚ {Z}
แ‚.แ‚ {U}
แƒ.แ {Z}
แƒ.แ {U}
แƒ.แ‚ {Z}
แƒ.แ‚ {U}
แ„.แ {Z}
แ„.แ {U}
แ„.แ‚ {Z}
แ„.แ‚ {U}
แ….แ {Z}
แ….แ {U}
แ….แ‚ {Z}
แ†.แ {Z}
แ†.แ {U}
แ†.แ‚ {U}
แ†.แ‚ {Z}
แ‡.แ {Z}
แ‡.แ {U}
แ‡.แ‚ {Z}
แ‡.แ‚ {U}
แˆ.แ {Z}
แˆ.แ {U}
แˆ.แ‚ {Z}
แˆ.แ‚ {U}
แ‰.แ {Z}
แ‰.แ {U}
แ‰.แ‚ {Z}
แ‰.แ‚ {U}
แแ€.แ {Z}
แแ€.แ {U}
แแ€.แ‚ {Z}
แแ€.แ‚ {U}
แแ.แ {Z}
แแ.แ {U}
แแ.แ‚ {Z}
แแ.แ‚ {U}
แแ‚ {Z}
แแ‚ {U}
แแƒ.แ {Z}
แแƒ.แ {U}
แแƒ.แ‚ {Z}
แแƒ.แ‚ {U}
แแ„.แ {Z}
แแ„.แ {U}
แแ„.แ‚ {Z}
แแ„.แ‚ {U}
แแ….แ {Z}
แแ….แ {U}
แแ….แ‚ {Z}
แแ….แ‚ {U}
แแ….แƒ {Z}
แแ….แƒ {U}
แแ†.แ {Z}
แแ†.แ {U}
แแ†.แ‚ {Z}
แแ†.แ‚ {U}
แ€กแ€แ€ผแ€ฒ แ‚ , แแ‡.แ {Z}
แ€กแ€แ€ฝแ€ฒแ‚ , แแ‡.แ {U}
แแ‡.แ‚ {Z}
แแ‡.แ‚ {U}
แแˆ.แ {Z}
แแˆ.แ {U}
แแˆ.แ‚ {Z}
แแˆ.แ‚ {U}
แแ‰ {Z}
แแ‰ {U}
แ‚แ€ {Z}
แ‚แ€ {U}
แ‚แ.แ {Z}
แ‚แ.แ {U}
แ‚แ.แ‚ {Z}
แ‚แ.แ‚ {U}
แ‚แ‚.แ {Z}
แ‚แ‚.แ {U}
แ‚แ‚.แ‚ {Z}
แ‚แ‚.แ‚ {U}
แ‚แ‚.แƒ {Z}
แ‚แ‚.แƒ {U}
แ‚แƒ.แ {Z}
แ‚แƒ.แ {U}
แ‚แƒ.แ‚ {Z}
แ‚แƒ.แ‚ {U}
แ‚แ„.แ {Z}
แ‚แ„.แ {U}
แ‚แ„.แ‚ {Z}
แ‚แ„.แ‚ {U}
แ‚แ….แ {Z}
แ‚แ….แ {U}
แ‚แ….แ‚ {Z}
แ‚แ….แ‚ {U}
แ‚แ†.แ {Z}
แ‚แ†.แ {U}
แ‚แ†.แ‚ {Z}
แ‚แ†.แ‚ {U}
แ‚แ‡.แ {Z}
แ‚แ‡.แ {U}
แ‚แ‡.แ‚ {Z}
แ‚แ‡.แ‚ {U}
แ‚แˆ.แ‚ {Z}
แ‚แˆ.แ {Z}
แ‚แ‰.แ {Z}
แ‚แˆ.แ {U}
แ‚แˆ.แ‚ {U}
แ‚แ‰.แ {U}
แ‚แ‰.แ‚ {Z}
แ‚แ‰.แ‚ {U}
แƒแ€ {Z}
แƒแ€ {U}
แƒแ {Z}
แƒแ {U}
แ€กแ€แ€ผแ€ฒ แ‚, แƒแ‚ {Z} แ€‡แ€ฌแ€แ€นแ€žแ€ญแ€™แ€นแ€ธ
แ€กแ€แ€ฝแ€ฒ แ‚, แƒแ‚ {U} แ€‡แ€ฌแ€แ€บแ€žแ€ญแ€™แ€บแ€ธ

แ….แ‚ {U}

4K 867 68
By Hot_Tofu1

Unicode

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း -
Chapter 5.2

ON JULY 26, 2021 BY HOT TOFU

Arc 1 : ရင်ခွဲရုံထဲမှ ထူးဆန်းသောအသံ

လက်မှပတ်တီးလေးကိုငေးကြည့်ရုံဖြင့်၊
အန်းလင်၏မျက်လုံးများသည်
ကမ္ဘာပေါ်ရှိအဖိုးအထိုက်တန်ဆုံးသော
ရတနာကိုကြည့်နေသည့်အလား
နူးညံ့ညင်သာမှုအပြည့်နှင့်ဖြစ်သည်။
ထိုပတ်တီးမှာ ဒေါက်တာယောင်း
ကိုယ်တိုင်စည်းပေးခဲ့တာဖြစ်သည်။

ထိုကိစ္စကိုတွေးလိုက်သည့်အခါတိုင်း၊
အန်းလင်၏နှလုံးသားသည် မလုပ်ယူပါဘဲနှင့်
တဒုတ်ဒုတ်ခုန်လာသည်မှာယခုပတ်တီးလေးသည် ဒေါက်တာယောင်းနှင့်ဆက်သွယ်ထားသည့်
ကြိုးလေးတစ်ခုအလားပင်။သူအနေဖြင့်
သူ၏ဒဏ်ရာကိုဘယ်သောအခါမှ
ပြန်မကောင်းလာစေဖို့အတွက်
မျှော်လင့်သည်။ထိုအခါမှသာ
သူချစ်ရပါသောဒေါက်တာယောင်းထံ
ချဉ်းကပ်နိုင်ဖို့ရာ ဆင်ခြေပေးနိုင်မည်ဖြစ်သည်။

ထိုအရာမှာရှက်စရာကောင်းသော်လည်း၊
ထိုနည်းလမ်းကသာလျှင် သူ့အတွက်တော့
ကောင်းကင်ပေါ်ရှိတိမ်များထက်တောင်
ဝေးကွာသည့်ဒေါက်တာယောင်းနှင့်နီးကပ်နိုင်မည့်တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

သူသည်တကယ်ကိုစက်ဆုပ်အထင်မြင်သေးစဖွယ်
ဗီလိန်တစ်ယောက်ဖြစ်သည်...
သို့သော် သူအရမ်းပျော်သည်။
အဘယ့်ကြောင့် သူလိုမျိုးလူက အခုလိုပျော်ရွှင်မှု
အပြည့်အဝကိုခံစားနိုင်ဖို့အတွက်ဖြစ်နိုင်ပါ့မလဲ?

အန်းလင် သန့်ရှင်းရေးပစ္စည်းများအားလုံးကို
လုံခြုံရေးစတိုခန်းငယ်ထဲသို့ ပြန်ထည့်လိုက်ပြီး
အနားယူရန်အထဲရှိခုံတန်းငယ်လေးပေါ်သို့
ထိုင်ချလိုက်သည်။သူ့လက်မောင်းပေါ်ရှိ
ပတ်တီးဖြူလေးကိုငေးမောရင်း
သူ၏နှုတ်ခမ်းလေးများမှာအပေါ်သို့
တွန့်ကွေးနေလေသည်။
သိပ်ကိုမှ ဖြူစင်သည့်အပြုံးလေးဖြစ်သည်မှာ
ထင်ရှားလှသည်။သို့သော် မှောင်မဲကာမှိုစော်နံ့နေသည့် လုံခြုံရေးစတိုခန်းငယ်လေးထဲတွင်ကြည့်ရသည်မှာ၊အနည်းငယ်စွဲလမ်းစိတ်ပြင်းပြနေသည့်
ပုံပေါ်သည်။

သူတကယ် ဒေါက်တာယောင်းကိုချစ်သည်။
ဒေါက်တာယောင်းအတွက်သာဆို၊
အရာရာလုပ်ရဲသည်...

Patter—

ယောင်းယီ ရင်ခွဲရုံဆီသို့ ဦးတည်ကာလျှောက်သွားခဲ့ပြီး၊
သူ၏သားရေဖိနပ်သည် ချောမွေ့ကာခြောက်သွေ့သည့်
ကြမ်းပြင်ပေါ်သို့နင်းချလိုက်သည့်အခါတိုင်း
ကြွပ်ရွသည့်ပဲ့တင်သံထွက်ပေါ်လို့နေသည်။
ရင်ခွဲရုံသည် Renai ဆေးရုံ ၏မြေညီထပ်တွင်
တည်ရှိသည်။ထိုအောက်ထပ်သည်
နှစ်ပေါင်းများစွာနေမဝင်ရောက်နိုင်သည့်
နေရာဖြစ်သည့်အတွက်၊
လေထုသည် အလွန်တရာမှကို စိုထိုင်းကာ
မရှင်းပြနိုင်သည့်ငါးညှီနံ့မျိုးကို
သယ်ဆောင်ထားသည်။ထိုအနံ့မှာ
ပုတ်သိုးနေသည့်အလောင်းများထံမှ
ထွက်လာသည့်အနံ့လားဒါမှမဟုတ်
အခြားသောအရာများထံမှ
အနံ့လားဆိုကိုတော့မသိရှိနိုင်ပေ။

ယောင်းယီ၏ နှာခေါင်းမှာယားယံလာခဲ့သည်။
နှာချေဖို့ရန်ကြိုးစားကြည့်ပါသော်လည်း
မရပေ၊ထိုအစားပိုလို့တောင်
မွန်းကျပ်လာခဲ့သည်။
ယခုလိုမျိုး တန်ဖိုးကြီးသော
ဇိမ်ခံပစ္စည်းများအပြည့်ဖြင့်တည်ဆောက်ထားသည့် ပုပ္ပလိကဆေးရုံကြီးတွင် ပျက်စီးယိုယွင်းနေသည့် ရင်ခွဲရုံရှိနေလိမ့်မည်ဟု ယောင်းယီ
တကယ်ကို မထင်မှတ်ထားပေ။

ယောင်းယီ အောက်သို့ ဓာတ်လှေကားဖြင့်
ဆင်းလာလိုက်သည်။ဓာတ်လှေကားထဲမှ
ထွက်လိုက်သည့်အခါ၊ရင်ခွဲရုံဆီသို့
ဦးတည်ထားသည့်ကော်ရစ်တာတစ်ခုရှိနေပြီး၊
မျက်နှာကြက်ပေါ်တွင်တွဲလျောင်းကျနေသည့်
တစ်ခုတည်းသောမှိန်ပျပျမီးလုံးသည်
ကော်ရစ်တာတစ်ခုလုံးကို
အလင်းရောင်ပေးထားလေသည်။
ညစ်ပတ်မဲမှောင်ကာအေးစိမ့်လှပြီး၊နံရံများမှာလည်း
ဘယ်ကနေလာမှန်းမသိသောရေကွက်များဖြင့် ပြည့်နှက်လို့နေသည်။ကြွေပြားများကတော့ သေချာလေးသန့်ရှင်းထားသည့်ပုံပေါ်သော်လည်း ယခုစြင်္ကန်သည်လူများကိုညစ်ပတ်သည့်
ခံစားချက်ပေးစွမ်းနေဆဲဖြစ်သည်။

ယောင်းယီ ထိုစြင်္ကန်ကိုဖြတ်လျှောက်နိုင်ဖို့ရန်
သူ၏စိတ်ကိုပြင်ဆင်ဖို့အတွက်
အချိန်အတော်လေးစဉ်းစားခဲ့ရသည်မှာ
သူ၏နှလုံးသားထဲမှယခုမနက်တွင်တွေ့ခဲ့ရသည့်
သရဲမအကြောင်းကိုမစဉ်းစားမိခင်အထိဖြစ်သည်။
စြင်္ကန်ထဲသို့ဂရုတစိုက်တစ်လှမ်းခြင်းစီ
လျှောက်နေသည့်ပုံမှာမကောင်းဆိုးဝါးတစ်ကောင်
ရုတ်တရပ်ထွက်ပေါ်လာပြီး သူကိုဖမ်းဆီးတော့မည့်အလား။

အစောကြီးကတည်းက သူ့နောက်သို့
ဝိဉာဉ်တစ်ကောင်လိုက်နှင့်ပြီးသားဖြစ်သည်။
တကယ်လို့သာ နောက်ထပ်ဝိဉာဉ်များ
သူ့နောက်သို့ထပ်လိုက်နေမည်ဆိုပါက၊
သူအနေဖြင့် အသက်ရှင်ဖို့ရန်
ကြိုးစားနေစရာမလိုတော့ပေ၊
သူကိုယ်သူတစ်ခါတည်း
သတ်သေလိုက်မည်ဖြစ်သည်။

""လူကြီးမင်းအန်း ? ခင်များရှိလားဟင် ?
လူကြီးမင်းအန်း? ""ယောင်းယီ သူ၏မရှိမဲ့ရှိမဲ့သတ္တိများကိုစည်းစုပြီး အော်မေးလိုက်ပါသော်လည်း၊
ပြန်ဖြေမည့်သူတစ်ယောက်မှမရှိပေ။
သူ၏ပဲ့တင်သံတစ်ခုသာ
ဗလာကျင်းနေသည့်ရင်ခွဲရုံကြီးထဲ
ထွက်ပေါ်လို့နေသည်။

-ီး ၊ဒီနေရာက သောက်ရမ်းကြောက်စရာကောင်းတာဘဲ။

ယောင်းယီသည် သူ၏ကိုယ်ပိုင်ပဲ့တင်သံနှင့်တင်
ကြောက်နေခဲ့ပြီဖြစ်သည်။ထို့ကြောင့်
ဒီနေ့တော့နောက်ကြောင်းပြန်ဆုတ်၍ နောက်တစ်ခေါက်ကျမှထပ်လာသင့်သည်။
လူကြီးမင်းအန်းအခုချိန်ရှိမနေတာကြောင့်ဖြစ်မည် မဟုတ်ပါက သူ့အသံကြားသည်နှင့်
ပြန်ဖြေမှာ အမှန်...ဟုတ်တယ်မလား?

ထိုအတွေးနှင့်တင်၊ယောင်းယီ လမ်းလျှောက်တာကို
ရပ်၍ပြန်ပြေးရန်အဆင်သင့်ပြင်ပြီးသားဖြစ်သည်။
ရင်ခွဲရုံဆီသို့ သူလုံးဝမသွားချင်ပေ။
ယခုနှစ်တွေအတွင်း၊ သူဆီတွင်အမြဲလိုလို
ကံမကောင်းမှုများနှင့်ကြုံတွေ့ခဲ့ရတာ
ဖြစ်သည့်အတွက်၊ရင်ခွဲရုံဆီသို့မသွားခြင်းဖြင့်
ကြုံတွေ့လာရမည့်ပြဿနာများထံမှ
ကာကွယ်ပြီးသားဖြစ်လိမ့်မည်။

Bzzt bzzt—

မျက်နှာကြက်ပေါ်မှ မီးသီးသည် အကြိမ်အနည်းငယ်
တဖျတ်ဖျတ်ဖြစ်သွားပြီး၊
တဝီဝီမြည်နေသည့်ပျားများကဲ့သို့သောလျှပ်စီးအသံကိုထုတ်လွှတ်လို့နေသည်။

ယောင်းယီနောက်သို့ပြန်လှည့်ကြည့်လိုက်စဉ်၊
မျက်လုံးထောင့်မှ ပုံသဏ္ဋာန်တစ်ခုကို
သတိထားမိသွားလေသည်။ထိုအရာသည်
မရေမတွက်နိုင်လောက်သည်အထိ
မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော
မီးအလင်းရောင်အောက်တွင် ရပ်လို့နေသည်။

ယောင်းယီအသက်တောင်မရှုရဲတော့ပေ။
တောင့်ခဲနေသည့် သူ၏ခန္ဓာကိုယ်ကို
တစ်ဝက်နီးပါးပြန်လှည့်လိုက်ပြီးမှ၊ထိုအရာကို
သေသေချာချာကြည့်ရှုရန် သူ၏မျက်လုံးများကို
စောင်းကာကြည့်လိုက်သည်။

ကော်ရစ်တာ၏အဆုံးတွင်ရှိနေသော
ထိုအမည်းရောင်အရိပ်သည် လှုပ်ရှားမှုမရှိပေ။
ထိုအရာ၏ခြေလက်များမှာ
သာမန်လူတစ်ယောက်ကဲ့သို့ဖြစ်နေသော်လည်း
တစ်စုံတစ်ခုမှားယွင်းနေသည်ဆိုသော ခံစားချက်မျိုးကိုတနည်းတဖုံပေးစွမ်းနိုင်စွမ်းရှိသည်။

ထိုအရာက တကယ်ဘဲ
လူသားတစ်ယောက်ဟုတ်ရဲ့လား။

ယောင်းယီရင်ဘတ်ထဲမှ နှလုံးသားသည်
ဒရမ်တစ်ခုပမာတုန်လှုပ်လို့နေသည်။
ထွက်ပြေးဖို့နေနေသာသာ သူ၏မသိစိတ်မှ
အသံပြုလုပ်မိမှာကိုတောင်ကြောက်နေမိသည်။
ထိုအမည်းရောင်အရိပ်သည်
မရှင်းပြနိုင်လောက်သည်
အထိလှုပ်ရှားမှုကင်းမဲ့နေဆဲဖြစ်သည်။
ယခုတဒင်္ဂသည် ရှေ့လည်းမတိုးသာ
နောက်ဆုတ်လည်းမဆုတ်သာ
အခြေအနေမျိုးဖြစ်နေသည်။

ယောင်းယီခမျာ တုန်လှုပ်လွန်းသဖြင့်
ထိုအချိန်လေးအတွင်းမှာတင်
ပထမဆုံးအကြိမ် သူ၏ရဲစွမ်းသတ္တိများမှာ ကြွက်ထက်တောင်သေးငယ်သွားသည်ဟု
ခံစားရသည်။သူ၏အသက်ရှုသံမှာလည်း တဖြည်းဖြည်းချင်း တိုးတိမ်လာတော့သည်။

ပြောရမည်ဆိုပါက သရဲတစ္ဆေများအပေါ်
လုံးဝယုံကြည်မှုမရှိသည့်လူများသည် ထိုအရာများကိုအစောကြီးကတည်း
ယုံကြည်ထားသည့်လူများထက် ပို၍ကြောက်တတ်ကြသည်။သို့သော်
ထိုအကြောင်းကို ရိုးစင်းသည့်
အကြောင်းပြချက်များပေးကာ
ငြင်းဆန်တတ်ကြပါသော်လည်း အကယ်၍သာ
သူတို့အနေဖြင့် ထိုမမြင်အပ်သည့်အရာများနှင့်
တွေ့ကြုံရပါက၊ဦးနှောက်ပျက်သည်အထိ
ကြောက်ရွံကြမှာအမှန်ဖြစ်သည်။

ရုတ်တရပ်ပေါ်လာသည့် ထိုအမည်းရောင်အရိပ်နှင့်
ရင်ဆိုင်လိုက်ရသည့်အခါ၊ယောင်းယီ၏မျက်နှာသည် လူသေနှင့်မခြား ဖြူဖျော့လာခဲ့သည်။ တစ်ကိုယ်လုံးမှာလည်း ချွေးစီးများရွှဲစိုကာ နောင်တအပြည့်ဖြင့်ဖြစ်သည်။

ယခုရင်ခွဲရုံသည် သရဲခြောက်သည်ဆိုတာကို
သိခဲ့ရဲ့သားနဲ့၊သူအနေဖြင့် ယခုနေရာဆီသို့
အဘယ့်ကြောင့်တစ်ယောက်တည်းလာခဲ့ရပါသလဲ?

သူအနေနဲ့ မြန်မြန်မသေမှာကိုစိုးရိမ်နေလို့များလား?

Bzzt bzzt—

သူ့ခေါင်းပေါ်ရှိမီးသီးသည် ပိုပိုပြီး မှိတ်တုတ်မှိတ်တုတ်ဖြစ်လာခဲ့သည်။
ယောင်းယီ မျက်လုံးများသည် နီရဲကာ
ကြိမ်းစပ်လာပါသော်လည်း၊ တစ်စက္ကန့်လေးတောင်မှ
မျက်တောင်မခတ်ရဲပေ။သူအနေနှင့် ဝက်သား
မစားဖူးရင်တောင် ဝက်ပြေးပုံကိုတော့သိသည်[1]
သူသည်အရင်တုန်းကတည်း သရဲ၊တစ္ဆေများအပေါ်ယုံကြည်မှုမရှိပေ။
သို့သော်လည်းသရဲကားများကို
ကြည့်ဖူးသည့်အတွက် ဗဟုသုတအနည်းငယ်တော့ရှိ
သေးသည်။တကယ်လို့ သူသာယခုအချိန်မျက်တောင်
ခတ်လိုက်ပါ၊တစ်ခုခုမလွဲမသေဖြစ်မှ သေချာသည်။

အဆုံးမှာတော့၊ယောင်းယီ မျက်တောင်မခတ်ဘဲမနေနိုင်ခဲ့သည့်အတွက်၊
ထိုစက္ကန့်ပိုင်းအတွင်းမှာတင် ထိုအရိပ်မည်းဆီမှ ပုံမှန်မဟုတ်သည့်ပြောင်းလဲမှုတစ်ခုဖြစ်လာခဲ့သည်။ဆန့်ဆန့်ကြီးရပ်တန့်နေရာကနေ ရုတ်တရပ်ကြီးပြောင်းလဲကာ၊
ထိုအရာ၏ခြေထောက်များသည် စက်ဘီးစီးလာသည့်အလား
မြန်ဆန်လာသော်လည်း အပေါ်ပိုင်းခန္ဓာကိုယ်ကတော့ လုံးဝကိုမလှုပ်ရှားပေ။ထိုလှုပ်ရှားမှူများသည်၊ အလွန်အစွန်းရောက်နေသည့် စိုးထိတ်စဖွယ်သက်
ရောက်မှုများဖြင့် သရုပ်ဖော်လိုက်သည့်အခါ ထူးဆန်းလှသလို၊ကြောက်စရာလည်း
ကောင်းလှသည်။

ယောင်းယီကြောက်လွန်းသဖြင့် နောက်သို့တောင်ပြန်
မလှည့်ကြည့်ရဲတော့ဘဲ ချက်ချင်းကိုထွက်ပြေးတော့
သည်။

သူ့နောက်ဖက်မှ ခြေသံသည်တဖြည်းဖြည်းချင်းစီ နီးကပ်လာခဲ့သည်။

ယောင်းယီ စိတ်အားငယ်မှုများဖြင့်
ပြည့်နှက်လာခဲ့သည်။သူ၏ဘဝသည် ယခုနေရာ၊ယခုအချိန်တွင် သေချာပေါက်အဆုံးသတ်တော့မည်
ဟုသေချာပေါက်ခံစားနေရသည်။

သောက်သရဲကားတွေထဲမှာများ သူသရုပ်ဆောင်နေရတာလား!? စောက်ရမ်းတွေကိုရင်ဖိုစရာကောင်းနေပြီ!
သူဘယ်နေရာသွားသွား
သရဲတွေနဲ့ဘဲကြုံတွေ့နေရတယ်!

ဖတ်, ဖတ်, ဖတ်—

ခြေသံသည် တဖြည်းဖြည်းချင်းစီ သူ့နောက်ကိုမှီလာ
လေပြီ၊
ယောင်းယီပွင့်လာတော့မည့်
ဓာတ်လှေကားတံခါးကိုကြည့်လိုက်ပြီး ဓာတ်လှေကားခလုတ်ကို
ပြင်းပြင်းထန်ထန်ဆက်တိုက်နှိပ်နေမိသည်မှာ၊ တံခါးပွင့်မလာခင် "ဒင်" ဆိုသောအသံကိုကြားလိုက်ရသည်။
သူ့နောက်မှလိုက်လာခဲ့သည့်အသံသည်
ရုတ်ခနည်းရပ်သွားခဲ့သည်၊သို့သော် ယောင်းယီ ကော်ရစ်တာမှအခြေအနေကိုမတွေးရဲပေ။
ရှေ့သို့တဟုန်ထိုးပြေးဝင်သွားပြီးနောက် ဓာတ်လှေကားထဲ၌ ပြိုလဲကျသွားခဲ့သည်။
သူအနေဖြင့်ကြောက်လွန်းသောကြောင့် သူ၏အမြင်အာရုံအားလုံးမှာ
အမှောင်ကျသွားသည့်အပြင်
နှလုံးမှာလည်းအလွန်ခုန်ပေါက်နေသည်မှာ ရင်ဘတ်ထဲကနေတောင်ထွက်ကျတော့မလိုပင်။

သူအနေဖြင့် ကြမ်းပြင်ပေါ်သို့
တိုက်ရိုက်ပြုတ်ကျလိမ့်မည်ဟုထင်ခဲ့သည့်အတွက် နာကျင်မှုဒဏ်ကိုခံယူရန်အသင့်ပြင်ထားခဲ့သည်။
သို့သော်လည်း ထိုအစား သူ့ကိုယ်သူ
တစ်စုံတစ်ယောက်၏လက်မောင်းများဖြင့် ပွေ့ဖက်ခြင်းကိုခံခဲ့ရသည်။

ဟမ်? ဘယ်သူလဲ?

ယောင်းယီ သူမျက်စိရှေ့ရှိ ရင်းနှီးနေသေည အပြာရောင်ယူနီဖောင်းဝတ်စုံကိုငေးကြည့်ရင်း တောင့်ခဲသွားတော့သည်။
သူမော့ကြည့်လိုက်သည့်အခါ၊မွေးရာပါအမှတ်
ကြီးနှင့်မျက်နှာသည် မြင်ကွင်းထဲပေါ်လာလေသည်။
ထိုမျက်နှာပိုင်ရှင်သည် သူ့ကိုနီရဲနေသည့်ပါးများဖြင့်
တည့်မတ်စွာစိုက်ကြည့်နေခဲ့ပြီး ကြည့်ရသည်မှာ
သူသည်လည်းအံ့ဩသွားသည့်ပုံပင်။

ထိုလူမှာ အန်းလင်ဖြစ်သည်။

ယောင်းယီ အန်းလင်ကို အံ့ဩစွာစိုက်ကြည့်နေခဲ့ပြီး၊
အလွန်စိတ်သက်သာရာရသွားခဲ့သည့်အတွက် သူကိုယ်သူ ယခုအမျိုးသားဆီသို့တိုးဝင်ကာ နှုတ်ခမ်းများဖြင့်ပြွတ်ကနည်းမြည်အောင်လို့
နမ်းချင်နေသည့်စိတ်ကိုရပ်တန့်လိုက်ရသည်။

ဘော်ဒါကြီး၊ခင်များတကယ်ကို
အချိန်ကိုက်ရောက်လာခဲ့တာဘဲ!







The author has something to say: 
ဒီနေရာမှာပြောပြချင်တာက ယောင်းယီနမ်းချင်တယ်ဆိုတာ အချစ်ကြောင့်မဟုတ်ဘဲ၊
ကူရာကယ်ရာမဲ့နေတဲ့အချိန် သူရှာနေတဲ့သူကအချိန်ကိုက်ရောက်ရှိလာတာမို့
စိတ်သက်သာရာရသွားခဲ့တဲ့အတွက် အရမ်းအပျော်လွန်ပြီးနမ်းချင်တဲ့စိတ်တောင်ပေါက်သွားတယ်လို့
ဆိုလိုချင်တာပါ။

The update is here, and there will be more updates later~



[1] တကယ်လို့တစ်စုံတစ်ခုကို ကိုယ်တိုင်တွေ့ကြုံ
မခံစားခဲ့ရဖူးရင်တောင်မှ၊ယခင်ကရှိခဲ့တဲ့ဗဟုသုတတွေအရအခြေခံအားဖြင့်ဘယ်လိုဖြစ်နိုင်သလဲ၏ဆိုတာကိုသိနေတဲ့အကြောင်းဗန်းစကားဖြစ်ပါတယ်။



Continue Reading

You'll Also Like

266K 8.2K 16
แ€…แ€ญแ€แ€นแ€แ€‡แ€‘แ€ฑแ€ฌแ€„แ€บแ€แ€ปแ€ฑแ€ฌแ€€แ€บแ€แ€…แ€บแ€แ€ฏแ€‘แ€ฒ แ€žแ€„แ€บแ€€แ€ญแ€ฏแ€šแ€บแ€แ€ญแ€ฏแ€„แ€บแ€›แ€ฑแ€ฌแ€€แ€บแ€žแ€ฝแ€ฌแ€ธแ€แ€ฒแ€ท แ€แ€ถแ€…แ€ฌแ€ธแ€แ€ปแ€€แ€บแ€™แ€ปแ€ญแ€ฏแ€ธ แ€œแ€ญแ€ฏแ€แ€ปแ€„แ€บแ€›แ€„แ€บ แ€’แ€ฎ fic แ€€แ€ญแ€ฏ แ€žแ€„แ€บแ€–แ€แ€บแ€”แ€ญแ€ฏแ€„แ€บแ€•แ€ซแ€แ€šแ€บ แ€žแ€ญแ€ฏแ€ทแ€•แ€ฑแ€™แ€šแ€บแ€ท 18+แ€”แ€ฑแ€ฌแ€บ๐Ÿ˜
33.8K 4.4K 44
แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€ฐ- แ€…แ€ฝแ€ฒแ€Šแ€ญแ€ฏแ€ทแ€กแ€žแ€„แ€บแ€ธ แ€แ€ฑแ€แ€บแ€€แ€ฌแ€œ แ€กแ€•แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€กแ€œแ€ฒ แ€”แ€พแ€…แ€บแ€•แ€ฑแ€ซแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธแ€…แ€ฝแ€ฌ แ€€แ€ผแ€ฌแ€•แ€ผแ€ฎแ€ธแ€แ€ฒแ€ทแ€”แ€ฑแ€ฌแ€€แ€บ แ€›แ€ฏแ€แ€บแ€แ€›แ€€แ€บ แ€…แ€Šแ€บแ€ธแ€•แ€ฝแ€„แ€ทแ€บแ€žแ€ฝแ€ฌแ€ธแ€œแ€ญแ€ฏแ€ท แ€”แ€ญแ€ฏแ€ธแ€‘แ€œแ€ฌแ€›แ€แ€ฒแ€ท แ€žแ€›แ€ฒแ€˜แ€ฏแ€›แ€„แ€บแ€€แ€ผแ€ฎแ€ธแ€แ€…แ€บแ€šแ€ฑแ€ฌแ€€แ€บ แ€œแ€ฐแ€žแ€ฌแ€ธแ€œแ€ฑแ€ฌแ€€แ€™...
35.4K 1.7K 199
(แ€แ€€แ€šแ€บแ€–แ€ผแ€…แ€บแ€›แ€•แ€บแ€™แ€šแ€บแ€™แ€ปแ€ฌแ€ธ) แ€•แ€›แ€œแ€ฑแ€ฌแ€€/แ€กแ€ญแ€™แ€บ**) แ€‚แ€›แ€ฏแ€€แ€”แ€ฑแ€แ€ฝแ€ฑแ€ทแ€œแ€ญแ€ฏcopyแ€œแ€ฌแ€แ€ฌแ€•แ€ซแ€›แ€พแ€„แ€ทแ€บ แ€•แ€ญแ€ฏแ€„แ€บแ€›แ€พแ€„แ€บแ€™แ€ปแ€ฌแ€ธแ€•แ€ผแ€”แ€บแ€–แ€ปแ€แ€บแ€แ€ญแ€ฏแ€„แ€บแ€ธแ€›แ€„แ€บแ€–แ€ปแ€แ€บแ€•แ€ฑแ€ธแ€•แ€ซแ€™แ€šแ€บแ€›แ€พแ€„แ€ทแ€บ
118K 18.3K 103
แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€ฐ - แ€…แ€ฝแ€ฒแ€Šแ€ญแ€ฏแ€ทแ€กแ€žแ€„แ€บแ€ธแ‹ แ€แ€…แ€บแ€ฆแ€ธแ€แ€Šแ€บแ€ธ แ€•แ€ผแ€”แ€บแ€†แ€ญแ€ฏแ€แ€ผแ€„แ€บแ€ธ แ€™แ€Ÿแ€ฏแ€แ€บแ€•แ€ซแ‹ แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แแแ แ€™แ€พ แ€กแ€†แ€ฏแ€ถแ€ธแ€‘แ€ญ แ€แ€„แ€บแ€žแ€ฝแ€ฌแ€ธแ€•แ€ซแ€™แ€Šแ€บแ‹