𝐩𝐫𝐨𝐦𝐢𝐬𝐞 𝐭𝐨 𝐝𝐚𝐢𝐬�...

By youbemyfamily

52K 7.1K 1.7K

ကိုကိုရယ် ကျွန်တော်ရယ် ကျွန်တော့် ဒေစီလေးရယ် .... ။ More

Park Sunghoon's POV ♡
[FINAL 1] ♡
[FINAL 2] ♡

2.6K 431 37
By youbemyfamily







" အရမ်းအေးနေမှာပေါ့ ၊ ဒီဟာလေးနဲ့ ဖြစ်လို့လား "

ပိုင်စိုးပိုင်နင်းနဲ့ ဒီလိုမျိုးဂရုစိုက်ပေးတဲ့အခါ ရင်ထဲမှာအမြဲကြိတ်ပျော်ရသည် ။ ဒါပေမယ့် ဒီလိုဂရုစိုက်မှုမျိုးကို မိန်းကလေးဘယ်နှစ်ယောက်ကို ပေးပြီးပြီလဲ ဟု တွေးမိတဲ့အခါ နှလုံးသားက တစ်စစီ ။

" ရပါတယ် ... ဒီည အရမ်းမအေးပါဘူး "

" အရမ်းအေးလည်းပြော ... ကိုယ် မင်းအတွက် hoodie အပိုယူလာတယ် "

သူ ခေါင်းပဲငြိမ့်ပြလိုက်သည် ။
ထူးဆန်းနေတဲ့ အခြေအနေမို့ အသက်မရှူရဲအောင် ခေါင်းကိုငုံ့ထားရသည် ။ တစ်ဖက်က ကားမောင်းနေတဲ့သူကိုလည်း မကြည့်မိအောင် ထိန်းထားရတာ အလုပ်တစ်ခု။


ဒီလောက်ထိ သဘောကျနေပြီးပြီမို့ ဒီ့ထက်ပိုပြီး နွံထဲကိုမနစ်ချင်တော့ ။ သူပြန်ရမယ့် ရလဒ်ရဲ့ အဖြေက အကောင်းမရှိနိုင်ဘူးလေ ။







နာမည်ကြီး စားသောက်ဆိုင် တစ်ခုရှေ့မှာ ကားဘီးတွေရပ်တန့်သွားသည် ။ ကားပေါ်က ဆင်းဆင်းချင်းမှာတင် သူ့ပုခုံးပေါ်ရောက်လာတဲ့ လက်တစ်စုံ ။ ဆောင်ဟွန်းကို ယောင်ယမ်းပြီး မော့ကြည့်လိုက်တော့ ဒီ အထိအတွေ့ကို သူက လုံးဝ ဂရုမစိုက်သလို ။





Suit အပြည့်ဝတ်ထားတဲ့ ဆောင်ဟွန်းရဲ့ ဘေးမှာ သူ့ပုံစံက ကလေးသူငယ်ရုပ်လေး ပေါက်နေလောက်မည် ။
အဖြူနဲ့ အမည်း ဆန့်ကျင့်ဘက်ဖြစ်နေတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံစံကိုတွေးကြည့်ရုံနဲ့တင် ဂျိတ်ခ်သွေးပျက်နေပြီ ။


" Damn .. အဲ့လိုမှန်းသိရင် Suit ပဲဝတ်လာခဲ့ပါတယ် "

" ဟင် ... ဘာပြောလိုက်တာလဲ ဂျိတ်ခီး "

" ဟင်-ဟင့်အင်း ... ဘာမှမဟုတ်ဘူး "

" လာ - ကိုယ်တို့နေရာက အပေါ်မှာ "


ပုခုံးပေါ်က လျှောကျလာတဲ့ ဆောင်ဟွန်းရဲ့ လက်တွေက သူ့လက်တွေကို ဆုပ်ကိုင်လိုက်သည် ။ လက်ကောက်ဝတ်တွေကို မဟုတ် ။ သူ့လက်ဖဝါးတစ်ခုလုံး ဆောင်ဟွန်းရဲ့ လက်တွေထဲမြုပ်သွားတာကိုကြည့်ရင်း အသက်ရှုရပ်ချင်သွားသည် ။









" ဝါး ... ဆောင်ဟွန်း နောက်နေတာမလား ! ဒီနေရာ တစ်ခုလုံးကို ငှားထားတာမဟုတ်ဘူးမလား "


အံ့ဩလွန်းလို့ ဝိုင်းစက်လာတဲ့ မျက်လုံးတွေကို ငေးကြည့်ရင်း ဆောင်ဟွန်းက ပြုံးပဲပြုံးပြသည် ။

မယုံကြည်နိုင်လောက်အောင်ပဲ အခုသူတို့ရောက်နေတာက ရောင်စုံမီးလုံးငယ်တွေ တန်းစီထားတဲ့ Rooftop ။
အများကြီး ပြင်ဆင်ထားတာမဟုတ်ပေမယ့် ဟိုတစ်စ ဒီတစ်စ လင်းနေတဲ့အရောင်နဲ့ ပျံ့ကျဲနေတဲ့ ပန်းတစ်ချို့က ဆွဲဆောင်မှုရှိစွာ ။

ဂျိတ်ခ်ရဲ့ အာရုံတွေကို အစွမ်းဆောင်ဆုံးကတော့ တစ်မြို့လုံးနီးပါးကို ခြုံငုံပြီးမြင်နေရတဲ့ အလှပဲ ။ တစ်စိမ့်စိမ့်တိုက်နေတဲ့ လေအေးတွေကို အာရုံမစိုက်နိုင်လောက်အောင် ဂျိတ်ခ်က မြင်ကွင်းမှာ နစ်မြောနေသည် ။

ကျောင်းနဲ့ အိမ် ၊ အိမ်နဲ့ ကျောင်းပဲ လည်ပတ်နေတဲ့ သူ့ဘဝမှာ ဒီလိုအရာမျိုးတွေအတွက် အချိန်မရှိခဲ့ ။ အခုမှပဲ ။

" ဒါပေါ့ ၊ ကိုယ်ငှားထားတာ .. မင်းအတွက်ပဲ ဒီလောက်တော့လုပ်ရမှာပေါ့ "

လေတိုက်လို့ ပုံပျက်သွားတဲ့ ဂျိတ်ခ်ရဲ့ ဆံပင်တွေကို နားနောက်သပ်တင်ပေးရင်း ဆောင်ဟွန်းကဖြေသည် ။
သူ့လက်တွေရဲ့ အထိအတွေ့အောက်မှာ အသက်အောင့်ထားတဲ့ ဂျိတ်ခ်ကိုတော့ သူသတိမထားမိ ။



" သဘောကျလား "

" အင်း အရမ်းပဲ "

" ဒါဆို ကိုယ့်မုန့်ဖိုးတွေ အကုန်သုံးလိုက်ရကျိုးနပ်တာပေါ့"

" ဒါ-ဒါပေမယ့် ဆောင်ဟွန်း ငါ့အတွက်နဲ့ပိုက်ဆံကို အဲ့လောက်ထိ မသုံးပါနဲ့ "

" ဘာလို့လဲ "

အချိန်တန်ရင် မေ့သွားမယ့် အရာတွေအတွက် ဒီလောက်ထိ မသုံးသင့်ဘူးလေ


ပြောချင်တဲ့ စကားလုံးတွေကိုပြန်မျိုချလိုက်ပြီး အဆင်ပြေမယ့် မုသားလှလှလေးတစ်ခုကို အမြန်စဉ်းစားရသည်

" ငါ့ကိုအားနာစိတ်နဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်စေလို့ "

" ကိုယ့်ကိုတော့ အားနာစရာမလိုဘူးလေ ဂျိတ်ခီးရဲ့"


ဆောင်ဟွန်းက မျက်စိတစ်ချက်မှိတ်ပြရင်း သေချာပြင်ဆင်ထားတဲ့ စားပွဲစီလျှောက်သွားသည် ။ ဂျိတ်ခ်မှာသာ ကျောက်ရုပ်တစ်ခုလို မလှုပ်နိုင် မယှက်နိုင် ။




ပတ်ဆောင်ဟွန်းရဲ့ စကားလုံးတွေ ၊ အပြုအမူတွေနဲ့ အထိအတွေ့ကို နေသားကျဖို့ ထားဦး ။ ဒီလို နီးနီးကပ်ကပ်ရောက်လာတာကိုပင် သူ့မှာ မယုံနိုင်သေး ။


ဒါပေမယ့်လည်း သူ့ဘဝထဲကို ရုတ်တရက် လျှောက်လှမ်းလာပြီး ဘာမှမဖြစ်သလို ပြန်ထွက်သွားမယ့် ဆောင်ဟွန်းကို ငြင်းနိုင်စွမ်း မရှိ ။

အကြောင်းပြချက်ကတော့ ရိုးရှင်းသည် ။

သူပတ်ဆောင်ဟွန်းကို သဘောကျတယ် ။
သေလောက်အောင် သဘောကျတယ် ။
ရူးလောက်အောင် သဘောကျတယ် ။















" အများကြီးပဲ မကုန်ရင်ဘယ်လိုလုပ်မလဲ "

" ကိစ္စမရှိပါဘူး "

" မဟုတ်ဘူးလေ .. ဆောင်ဟွန်း ၊ နှမြောစရာကြီး "

စားပွဲပေါ်မှာပြည့်နေတဲ့ နာမည်ကြီးဟင်းလျာတွေကို ငေးကြည့်ရင်း ဂျိတ်ခ်ကပြောသည် ။ သူ့ မျက်လုံးတွေက တကယ် နှမြောနေတဲ့ပုံ ။

ထို ကလေးဆန်ဆန်အပြောလေးကြောင့် ဆောင်ဟွန်းက ထမရယ်မိအောင် ထိန်းထားရသည် ။

ရှင်းဂျိတ်ခ်က သူနဲ့ ရွယ်တူဆိုတာကော ဟုတ်ရဲ့လား။


အတူတူစကားပြောချင်လို့ ညစာစားဖို့ ခေါ်လိုက်ပေမယ့် သူ့မျက်နှာကို မကြည့်မိအောင် သိသိသာသာ ရှောင်နေတဲ့ ဂျိတ်ခ်ကြောင့် သူစိတ်ညစ်လာသည် ။

ဒီနားလည်ရခက်တဲ့ ကောင်လေးက တကယ်ကိုင်တွယ်ရပါခက်သည် ။ တချို့ကောင်မလေးတွေဆို ဒီလို ညစာဒိတ်လို့ဖို့ မပြောနှင့် ။ သူ နဲ့တစ်ဝိုင်းတည်း ထိုင်ရဖို့တောင် အတင်း ဆုတောင်းနေကြတာ မဟုတ်လား ။

" ဆိုတော့ .. ဂျိတ်ခ် ၊ ကိုယ်အခု မင်းနဲ့ သူငယ်ချင်းဖြစ်လို့ရပြီလား "

" ဟင့်အင်း "

စားပွဲပေါ်က ဝိုင်ခွက်တွေကိုကျော်ကာ strawberry milkshake ကို ဂျိတ်ခ်က ရွေးသောက်တယ် ။
အခုလည်း ပိုက်ကို ဘယ်ဘက်ပါးစပ်ထောင့်နား ကပ်သောက်ကာ ခေါင်းကိုဆက်တိုက်ခါနေတယ် ။

" ဘာလဲကွာ ၊ အခုထိတောင် သူငယ်ချင်းဖြစ်လို့မရသေးဘူးလား"

ဂျိတ်ခ်က ပြန်မဖြေ ။ မျက်နှာလွှဲကာ သူ့ရှေ့က မြင်ကွင်းတွေဆီသာ အကြည့်ပို့ထားသည် ။

" အာ ! သိပြီ ၊ မင်းက ကိုယ်နဲ့ သူငယ်ချင်းတွေထက်ပိုတဲ့အရာ ဖြစ်ချင် - "

" မဟုတ်ဘူး ပတ်ဆောင်ဟွန်း ! ဒီ-ဒီအတိုင်း သူငယ်ချင်းပဲ လုပ်-လုပ်ကြတာပေါ့ "

အားရပါးရ ထရယ်တဲ့ ဆောင်ဟွန်းကို သူမငေးမိအောင် ကြိုးစားနေရပြန်သည် ။ ဒီလောက်ချောနေတဲ့ ဒီကောင်က ဂျိတ်ခ်အတွက် အာရုံပဲ ။

သောက်လက်စ Strawberry Milkshake က ကုန်သွားတဲ့အခါ သူက စားပွဲပေါ်ကိုပြန်ချလိုက်သည် ။ ဗိုက်လည်း တော်တော်တင်းသွားပြီ ။

" ဒါနဲ့ ဆောင်- "

စကားလုံတွေ လေထဲမှာ ရပ်တန့်သွားရတဲ့ အကြောင်းအရင်းကတော့ လက်ပိုက်ပြီး သူ့ကို ဖောက်ထွက်တော့မတတ် ကြည့်နေတဲ့ ဆောင်ဟွန်း ။ အကြည့်တွေက စူးရဲလွန်း၍ စက္ကန့်ပိုင်းအတွင်းမှာပင် သူခြေဖျားလက်ဖျားတွေအေးလာသည် ။

ဘာလဲ ။ သူ ဟိုဘက်လှည့်နေတဲ့ တစ်ချိန်လုံး ဆောင်ဟွန်းက ထိုင်ကြည့်နေတာလား ။

" ဘာလဲ ဆက်ပြောလေ "

ထိုင်ခုံမှာ ခပ်လျှောလျှော မှီထိုင်နေတဲ့ ဆောင်ဟွန်းက အရှေ့ကိုခပ်ဖြည်းဖြည်းတိုးလာသည် ။ မျက်လုံးအစုံကတော့ ဂျိတ်ခ် ဆီမှာပဲ ။

တအားလန့်နေတာကို သိသာသွားမှာစိုး၍ ဂျိတ်ခ်က အောက်နှုတ်ခမ်းကိုဖိကိုက်ရင်း ခေါင်းခါပြလိုက်သည် ။
ခုနက ဆောင်ဟွန်းကိုပြောချင်တဲ့အကြောင်းအရာတွေ သူ့ခေါင်းထဲမှာ မရှိတော့ ။




ထိုင်ခုံကနေ ထပြီး သူ့ဆီ ခပ်နှေးနှေးလျှောက်လာတဲ့ ဆောင်ဟွန်းကိုသာ သူ ဆက်တိုက်ငေးကြည့်နေမိသည် ။ အပေါ်ဆုံးကြယ်သီးကို ဖြုတ်ထားတဲ့ အနက်ရောင် Suit က ဖြူစွတ်နေတဲ့အသားအရောင်နဲ့ ဟပ်နေသည် ။ ဂျိတ်ခ်သာ ထိုင်ခုံပေါ်မှာ ရှိမနေလျှင် ဒီပုံစံနဲ့ ဆောင်ဟွန်းကို မြင်လျှင်မြင်ချင်း ဒူးခွေပြီးလဲနေလောက်ပြီ ။

ဂျိတ်ခ်ရှေ့တည့်တည့်ကို ရောက်လာတဲ့ ဆောင်ဟွန်းက ခါးကို ကိုင်းပြီး သူ့မျက်နှာနား တိုးလာသည် ။

၄၀ စင်တီမီတာ ။
၂၀ စင်တီမီတာ ။
၁၀ စင်တီမီတာ ။

ဂျိတ်ခ် မျက်လုံးတွေကို မှိတ်ချလိုက်သည် ။
သူ့ ဘယ်ဘက်ပါးကို လာရောက်ထွေးပွေ့တဲ့ ဆောင်ဟွန်းရဲ့ လက်တစ်ဖက်ကို ခံစားနေရသည် ။


သူ့မျက်နှာကို ဆောင်ဟွန်းက တစ်ဖြည်းဖြည်းဆွဲယူပြီး အနားတိုးလာသည် ။

WTF ! အခု သူ့ပထမဆုံး အနမ်းကို ဆောင်ဟွန်းက ယူသွားတော့မှာလား



နှုတ်ခမ်းတစ်စုံကို မခံစားမိခင် ရုတ်တရက်ကြားလိုက်ရတာက ဖုန်းမြည်သံ ။


စားခါနီးမုန့်က လမ်းတစ်ဝက်မှာပြုတ်ကျသွားသလိုမျိူး ။အရမ်းလိုချင်နေတဲ့ ပစ္စည်းကိုဝယ်ခါနီးမှာမှ Sold Out သွားသလိုမျိုး ။

ရောထွေးနေတဲ့ ခံစားချက်တွေနဲ့ မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ ဆောင်ဟွန်းက ခုနက နေရာမှာမဟုတ်တော့ ။ အိပ်ကပ်ထဲက ဖုန်းကိုထုတ်ကာကိုင်ဖို့လုပ်နေတဲ့ ဆောင်ဟွန်းကို သူမော့ပြီးငေးကြည့်နေမိသည် ။


" ဗျာ ! အင်း ငါ အခုချက်ချင်းလာခဲ့မယ် "

အဆုံးမရှိ အစမရှိ တစ်ခွန်းတည်းပြောကာ ဆောင်ဟွန်းဖုန်းကိုပြန်ချလိုက်သည် ။ ပြီးတာနဲ့ ထိုင်ခုံပေါ်က coat နဲ့ ကားသော့ကိုပြေးယူကာ

" ဆောရီး ဂျိတ်ခီး ကိုယ်အရေးကြီးသွားစရာတစ်ခုရှိလို့"


သူဆံပင်တွေကိုဆွဲဖွပြီး ပြေးထွက်သွားတဲ့ ကျောပြင်ကို သူဒီအတိုင်းငေးကြည့်နေမိသည် ။ ပျက်ယွင်းနေတဲ့ ဆောင်ဟွန်းမျက်နှာက ဖုန်းထဲကလူကို ဘယ်လောက်စိတ်ပူနေလဲ သိသာသည် ။ သေရေးရှင်ရေး ကိစ္စလားမသိ။ဒီလိုကိစ္စမျိုးတွေကို နားမလည်ပေးနိုင်တဲ့အထိ ဂျိတ်ခ်က စိတ်ထား မသေးသိမ်ပါ ။ ဒါပေမယ့်လည်း ...

မှောင်နေတဲ့ ပတ်ဝန်းကျင်ကို လှမ်းကြည့်မိတော့ သူကြက်သီးထသွားမိသည် ။ ခုနက ဆောင်ဟွန်းရှိလို့အဆင်ပြေပေမယ့် အခုကသူတစ်ယောက်တည်း ။

ခေါင်းကိုငုံ့လိုက်မိတော့ မျက်ရည်တွေ တားမနိုင်ဆီးမရ ကျလာသည် ။ သူတစ်ယောက်တည်း ရှိတာမို့ စိတ်လွတ်လက်လွတ် ငိုချလိုက်သည် ။

ဆက်တိုက်မြည်နေတဲ့ ဖုန်းကို သူလျစ်လျူရှူထားရသည် ။
ပိုင်ရှင်ကို သူသိနေတာပဲ။သေချာပေါက် ဟီဆွန်းဟျောင်း။ ဒါပေမယ့် သူဖုန်းကိုင်လို့မဖြစ် ။ သူငိုနေတာကို ဟျောင်းသိလို့မဖြစ် ။


" ဟျောင်း ... "

ရှိုက်သံတွေကြားထဲကနေ သူ လွမ်းလွမ်းဆွတ်ဆွတ်တမိသည် ။ အခုချိန်လုပ်နိုင်တာ တစ်ခုသာရှိမယ်ဆိုရင် ဟျောင်းဆီပြေးပြီး ငိုမိမှာပဲ ။ ဟျောင်း သူ့ခေါင်းလေးကို ပုတ်ပေးပြီး ချော့ပေးတာကို အခုချိန်မှာ အလိုချင်ဆုံးဖြစ်လောက်မည် ။


ဆက်တိုက် ငိုနေတဲ့ ခန္ဓာကိုယ်လေးက မိုးခြိမ့်သံတစ်ခု ကျယ်လောင်စွာထွက်လာမှ ရပ်သွားတော့သည် ။
ဘာမှမယူလာတာမို့ မိုးမရွာခင် အိမ်ပြန်ရောက်မှဖြစ်မည် ။

သူမတ်တပ်ရပ်လိုက်သည် ။
ငိုနေလက်စမို့ နှာခေါင်းထိပ်လေးကတော့ ရဲနေဆဲ ။
မခြောက်သေးတဲ့ မျက်ရည်တစ်ချို့ကို အပေါ်ထပ်အင်္ကျီစလေးနဲ့ ဖိသုပ်လိုက်သည် ။

လေအတိုက်မှာ Strawberry Milkshake ဘူးအခွံ အောက်ကိုပြုတ်ကျသွားသံကို သူပြန်မထွက်သွားခင် ကြားလိုက်ရသည် ။












__________



ဒီနေ့မနက်နိုးလာတော့ ခေါင်းက တစ်ဆစ်ဆစ်ကိုက်နေသည် ။ အဖျားသွေးရှိလို့တော့ မဟုတ် ။ မနေ့က သူအိမ်ပြန်ရောက်ပြီးကာမှ မိုးကစရွာလို့ တော်သေးသည် ။
သူခေါင်းကိုက်နေရတဲ့ အကြောင်းရင်းကတော့ ညက ညလုံးပေါက်သူငိုခဲ့မိသည် ထင်သည် ။



မျက်နှာသစ်ရင်းနဲ့ ညကငိုထားလို့ ဖောင်းအစ်နေတဲ့ မျက်ဝန်းတွေကို ကြည့်ပြီးစိတ်ညစ်နေရသည် ။

" အား ... စိတ်ပျက်လိုက်တာ "

​စိတ်ပျက်လက်ပျက်နဲ့ မှန်ရှေ့က ထွက်လာပြီး ဆေးသောက်ဖို့ပြင်ရသည် ။ မနက်စာတော့ မစားတော့ ။
စားချင်စိတ် တစ်စက်မှ မရှိတာမို့ စားမိရင်တောင်ပြန်အန်ထွက်လိ့မ်မည် ။














" ညက Fera ပါတီမှာ ချွန်းဟယ် မူးလဲသွားလို့ဆို "

ကျောင်းနားက Mini Mart တစ်ခုမှာ မုန့်ဝင်ဝယ်နေတုန်း ပထမဆုံးကြားရတဲ့စကားဖြစ်သည် ။ ဂျိတ်ခ်ခြေလှမ်းတွေ အလိုလိုရပ်သွားမိပြီ ။

" ဟယ် ဟုတ်လား ဘယ်လိုဖြစ်တာလဲ "

" မသိပါဘူး .. အမူးလွန်သွားတာလား မသိ ၊ ချက်ချင်းဆေးရုံတင်လိုက်ရတယ် "




ဂျိတ်ခ်အကြောင်းအရာတွေကို ချိတ်ဆက်မိသွားချိန်မှာတော့ မျက်ရည်တွေဝဲတက်လာပြန်သည် ။
ညက အစိုးရိမ်လွန်နေတဲ့ ဆောင်ဟွန်းမျက်နှာ ။
မူးလဲတယ်ဆိုတဲ့ ချွန်းဟယ် ။

ထပ်ငိုချင်လာပြန်ပြီ ။
ဘယ်လိုပဲဖြစ်ဖြစ် သူက ဂင်ချွန်းဟယ် ကိုမယှဉ်နိုင်ဘူးဆိုတာ သူသိသည် ။



끝 •

နေ့တိုင်း update တယ်နော် 히히





Zawgyi







" အရမ္းေအးေနမွာေပါ့ ၊ ဒီဟာေလးနဲ႔ ျဖစ္လို႔လား "

ပိုင္စိုးပိုင္နင္းနဲ႔ ဒီလိုမ်ိဳးဂ႐ုစိုက္ေပးတဲ့အခါ ရင္ထဲမွာအၿမဲႀကိတ္ေပ်ာ္ရသည္ ။ ဒါေပမယ့္ ဒီလိုဂ႐ုစိုက္မႈမ်ိဳးကို မိန္းကေလးဘယ္ႏွစ္ေယာက္ကို ေပးၿပီးၿပီလဲ ဟု ေတြးမိတဲ့အခါ ႏွလုံးသားက တစ္စစီ ။

" ရပါတယ္ ... ဒီည အရမ္းမေအးပါဘူး "

" အရမ္းေအးလည္းေျပာ ... ကိုယ္ မင္းအတြက္ hoodie အပိုယူလာတယ္ "

သူ ေခါင္းပဲၿငိမ့္ျပလိုက္သည္ ။
ထူးဆန္းေနတဲ့ အေျခအေနမို႔ အသက္မရွဴရဲေအာင္ ေခါင္းကိုငုံ႔ထားရသည္ ။ တစ္ဖက္က ကားေမာင္းေနတဲ့သူကိုလည္း မၾကည့္မိေအာင္ ထိန္းထားရတာ အလုပ္တစ္ခု။


ဒီေလာက္ထိ သေဘာက်ေနၿပီးၿပီမို႔ ဒီ့ထက္ပိုၿပီး ႏြံထဲကိုမနစ္ခ်င္ေတာ့ ။ သူျပန္ရမယ့္ ရလဒ္ရဲ႕ အေျဖက အေကာင္းမရွိႏိုင္ဘူးေလ ။







နာမည္ႀကီး စားေသာက္ဆိုင္ တစ္ခုေရွ႕မွာ ကားဘီးေတြရပ္တန႔္သြားသည္ ။ ကားေပၚက ဆင္းဆင္းခ်င္းမွာတင္ သူ႔ပုခုံးေပၚေရာက္လာတဲ့ လက္တစ္စုံ ။ ေဆာင္ဟြန္းကို ေယာင္ယမ္းၿပီး ေမာ့ၾကည့္လိုက္ေတာ့ ဒီ အထိအေတြ႕ကို သူက လုံးဝ ဂ႐ုမစိုက္သလို ။





Suit အျပည့္ဝတ္ထားတဲ့ ေဆာင္ဟြန္းရဲ႕ ေဘးမွာ သူ႔ပုံစံက ကေလးသူငယ္႐ုပ္ေလး ေပါက္ေနေလာက္မည္ ။
အျဖဴနဲ႔ အမည္း ဆန႔္က်င့္ဘက္ျဖစ္ေနတဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ ပုံစံကိုေတြးၾကည့္႐ုံနဲ႔တင္ ဂ်ိတ္ခ္ေသြးပ်က္ေနၿပီ ။


" Damn .. အဲ့လိုမွန္းသိရင္ Suit ပဲဝတ္လာခဲ့ပါတယ္ "

" ဟင္ ... ဘာေျပာလိုက္တာလဲ ဂ်ိတ္ခီး "

" ဟင္-ဟင့္အင္း ... ဘာမွမဟုတ္ဘူး "

" လာ - ကိုယ္တို႔ေနရာက အေပၚမွာ "


ပုခုံးေပၚက ေလွ်ာက်လာတဲ့ ေဆာင္ဟြန္းရဲ႕ လက္ေတြက သူ႔လက္ေတြကို ဆုပ္ကိုင္လိုက္သည္ ။ လက္ေကာက္ဝတ္ေတြကို မဟုတ္ ။ သူ႔လက္ဖဝါးတစ္ခုလုံး ေဆာင္ဟြန္းရဲ႕ လက္ေတြထဲျမဳပ္သြားတာကိုၾကည့္ရင္း အသက္ရႈရပ္ခ်င္သြားသည္ ။









" ဝါး ... ေဆာင္ဟြန္း ေနာက္ေနတာမလား ! ဒီေနရာ တစ္ခုလုံးကို ငွားထားတာမဟုတ္ဘူးမလား "


အံ့ဩလြန္းလို႔ ဝိုင္းစက္လာတဲ့ မ်က္လုံးေတြကို ေငးၾကည့္ရင္း ေဆာင္ဟြန္းက ၿပဳံးပဲၿပဳံးျပသည္ ။

မယုံၾကည္ႏိုင္ေလာက္ေအာင္ပဲ အခုသူတို႔ေရာက္ေနတာက ေရာင္စုံမီးလုံးငယ္ေတြ တန္းစီထားတဲ့ Rooftop ။
အမ်ားႀကီး ျပင္ဆင္ထားတာမဟုတ္ေပမယ့္ ဟိုတစ္စ ဒီတစ္စ လင္းေနတဲ့အေရာင္နဲ႔ ပ်ံ႕က်ဲေနတဲ့ ပန္းတစ္ခ်ိဳ႕က ဆြဲေဆာင္မႈရွိစြာ ။

ဂ်ိတ္ခ္ရဲ႕ အာ႐ုံေတြကို အစြမ္းေဆာင္ဆုံးကေတာ့ တစ္ၿမိဳ႕လုံးနီးပါးကို ၿခဳံငုံၿပီးျမင္ေနရတဲ့ အလွပဲ ။ တစ္စိမ့္စိမ့္တိုက္ေနတဲ့ ေလေအးေတြကို အာ႐ုံမစိုက္ႏိုင္ေလာက္ေအာင္ ဂ်ိတ္ခ္က ျမင္ကြင္းမွာ နစ္ေျမာေနသည္ ။

ေက်ာင္းနဲ႔ အိမ္ ၊ အိမ္နဲ႔ ေက်ာင္းပဲ လည္ပတ္ေနတဲ့ သူ႔ဘဝမွာ ဒီလိုအရာမ်ိဳးေတြအတြက္ အခ်ိန္မရွိခဲ့ ။ အခုမွပဲ ။

" ဒါေပါ့ ၊ ကိုယ္ငွားထားတာ .. မင္းအတြက္ပဲ ဒီေလာက္ေတာ့လုပ္ရမွာေပါ့ "

ေလတိုက္လို႔ ပုံပ်က္သြားတဲ့ ဂ်ိတ္ခ္ရဲ႕ ဆံပင္ေတြကို နားေနာက္သပ္တင္ေပးရင္း ေဆာင္ဟြန္းကေျဖသည္ ။
သူ႔လက္ေတြရဲ႕ အထိအေတြ႕ေအာက္မွာ အသက္ေအာင့္ထားတဲ့ ဂ်ိတ္ခ္ကိုေတာ့ သူသတိမထားမိ ။



" သေဘာက်လား "

" အင္း အရမ္းပဲ "

" ဒါဆို ကိုယ့္မုန႔္ဖိုးေတြ အကုန္သုံးလိုက္ရက်ိဳးနပ္တာေပါ့"

" ဒါ-ဒါေပမယ့္ ေဆာင္ဟြန္း ငါ့အတြက္နဲ႔ပိုက္ဆံကို အဲ့ေလာက္ထိ မသုံးပါနဲ႔ "

" ဘာလို႔လဲ "

အခ်ိန္တန္ရင္ ေမ့သြားမယ့္ အရာေတြအတြက္ ဒီေလာက္ထိ မသုံးသင့္ဘူးေလ ။


​ေျပာခ်င္တဲ့ စကားလုံးေတြကိုျပန္မ်ိဳခ်လိုက္ၿပီး အဆင္ေျပမယ့္ မုသားလွလွေလးတစ္ခုကို အျမန္စဥ္းစားရသည္

" ငါ့ကိုအားနာစိတ္နဲ႔ ဝန္ထုပ္ဝန္ပိုးျဖစ္ေစလို႔ "

" ကိုယ့္ကိုေတာ့ အားနာစရာမလိုဘူးေလ ဂ်ိတ္ခီးရဲ႕"


ေဆာင္ဟြန္းက မ်က္စိတစ္ခ်က္မွိတ္ျပရင္း ေသခ်ာျပင္ဆင္ထားတဲ့ စားပြဲစီေလွ်ာက္သြားသည္ ။ ဂ်ိတ္ခ္မွာသာ ေက်ာက္႐ုပ္တစ္ခုလို မလႈပ္ႏိုင္ မယွက္ႏိုင္ ။




ပတ္ေဆာင္ဟြန္းရဲ႕ စကားလုံးေတြ ၊ အျပဳအမူေတြနဲ႔ အထိအေတြ႕ကို ေနသားက်ဖို႔ ထားဦး ။ ဒီလို နီးနီးကပ္ကပ္ေရာက္လာတာကိုပင္ သူ႔မွာ မယုံႏိုင္ေသး ။


ဒါေပမယ့္လည္း သူ႔ဘဝထဲကို ႐ုတ္တရက္ ေလွ်ာက္လွမ္းလာၿပီး ဘာမွမျဖစ္သလို ျပန္ထြက္သြားမယ့္ ေဆာင္ဟြန္းကို ျငင္းႏိုင္စြမ္း မရွိ ။

အေၾကာင္းျပခ်က္ကေတာ့ ႐ိုးရွင္းသည္ ။

သူပတ္ေဆာင္ဟြန္းကို သေဘာက်တယ္ ။
ေသေလာက္ေအာင္ သေဘာက်တယ္ ။
႐ူးေလာက္ေအာင္ သေဘာက်တယ္ ။















" အမ်ားႀကီးပဲ မကုန္ရင္ဘယ္လိုလုပ္မလဲ "

" ကိစၥမရွိပါဘူး "

" မဟုတ္ဘူးေလ .. ေဆာင္ဟြန္း ၊ ႏွေျမာစရာႀကီး "

စားပြဲေပၚမွာျပည့္ေနတဲ့ နာမည္ႀကီးဟင္းလ်ာေတြကို ေငးၾကည့္ရင္း ဂ်ိတ္ခ္ကေျပာသည္ ။ သူ႔ မ်က္လုံးေတြက တကယ္ ႏွေျမာေနတဲ့ပုံ ။

ထို ကေလးဆန္ဆန္အေျပာေလးေၾကာင့္ ေဆာင္ဟြန္းက ထမရယ္မိေအာင္ ထိန္းထားရသည္ ။

ရွင္းဂ်ိတ္ခ္က သူနဲ႔ ႐ြယ္တူဆိုတာေကာ ဟုတ္ရဲ႕လား။


အတူတူစကားေျပာခ်င္လို႔ ညစာစားဖို႔ ေခၚလိုက္ေပမယ့္ သူ႔မ်က္ႏွာကို မၾကည့္မိေအာင္ သိသိသာသာ ေရွာင္ေနတဲ့ ဂ်ိတ္ခ္ေၾကာင့္ သူစိတ္ညစ္လာသည္ ။

ဒီနားလည္ရခက္တဲ့ ေကာင္ေလးက တကယ္ကိုင္တြယ္ရပါခက္သည္ ။ တခ်ိဳ႕ေကာင္မေလးေတြဆို ဒီလို ညစာဒိတ္လို႔ဖို႔ မေျပာႏွင့္ ။ သူ နဲ႔တစ္ဝိုင္းတည္း ထိုင္ရဖို႔ေတာင္ အတင္း ဆုေတာင္းေနၾကတာ မဟုတ္လား ။

" ဆိုေတာ့ .. ဂ်ိတ္ခ္ ၊ ကိုယ္အခု မင္းနဲ႔ သူငယ္ခ်င္းျဖစ္လို႔ရၿပီလား "

" ဟင့္အင္း "

စားပြဲေပၚက ဝိုင္ခြက္ေတြကိုေက်ာ္ကာ strawberry milkshake ကို ဂ်ိတ္ခ္က ေ႐ြးေသာက္တယ္ ။
အခုလည္း ပိုက္ကို ဘယ္ဘက္ပါးစပ္ေထာင့္နား ကပ္ေသာက္ကာ ေခါင္းကိုဆက္တိုက္ခါေနတယ္ ။

" ဘာလဲကြာ ၊ အခုထိေတာင္ သူငယ္ခ်င္းျဖစ္လို႔မရေသးဘူးလား"

ဂ်ိတ္ခ္က ျပန္မေျဖ ။ မ်က္ႏွာလႊဲကာ သူ႔ေရွ႕က ျမင္ကြင္းေတြဆီသာ အၾကည့္ပို႔ထားသည္ ။

" အာ ! သိၿပီ ၊ မင္းက ကိုယ္နဲ႔ သူငယ္ခ်င္းေတြထက္ပိုတဲ့အရာ ျဖစ္ခ်င္ - "

" မဟုတ္ဘူး ပတ္ေဆာင္ဟြန္း ! ဒီ-ဒီအတိုင္း သူငယ္ခ်င္းပဲ လုပ္-လုပ္ၾကတာေပါ့ "

အားရပါးရ ထရယ္တဲ့ ေဆာင္ဟြန္းကို သူမေငးမိေအာင္ ႀကိဳးစားေနရျပန္သည္ ။ ဒီေလာက္ေခ်ာေနတဲ့ ဒီေကာင္က ဂ်ိတ္ခ္အတြက္ အာ႐ုံပဲ ။

ေသာက္လက္စ Strawberry Milkshake က ကုန္သြားတဲ့အခါ သူက စားပြဲေပၚကိုျပန္ခ်လိုက္သည္ ။ ဗိုက္လည္း ေတာ္ေတာ္တင္းသြားၿပီ ။

" ဒါနဲ႔ ေဆာင္- "

စကားလုံေတြ ေလထဲမွာ ရပ္တန႔္သြားရတဲ့ အေၾကာင္းအရင္းကေတာ့ လက္ပိုက္ၿပီး သူ႔ကို ေဖာက္ထြက္ေတာ့မတတ္ ၾကည့္ေနတဲ့ ေဆာင္ဟြန္း ။ အၾကည့္ေတြက စူးရဲလြန္း၍ စကၠန႔္ပိုင္းအတြင္းမွာပင္ သူေျခဖ်ားလက္ဖ်ားေတြေအးလာသည္ ။

ဘာလဲ ။ သူ ဟိုဘက္လွည့္ေနတဲ့ တစ္ခ်ိန္လုံး ေဆာင္ဟြန္းက ထိုင္ၾကည့္ေနတာလား ။

" ဘာလဲ ဆက္ေျပာေလ "

ထိုင္ခုံမွာ ခပ္ေလွ်ာေလွ်ာ မွီထိုင္ေနတဲ့ ေဆာင္ဟြန္းက အေရွ႕ကိုခပ္ျဖည္းျဖည္းတိုးလာသည္ ။ မ်က္လုံးအစုံကေတာ့ ဂ်ိတ္ခ္ ဆီမွာပဲ ။

တအားလန႔္ေနတာကို သိသာသြားမွာစိုး၍ ဂ်ိတ္ခ္က ေအာက္ႏႈတ္ခမ္းကိုဖိကိုက္ရင္း ေခါင္းခါျပလိုက္သည္ ။
ခုနက ေဆာင္ဟြန္းကိုေျပာခ်င္တဲ့အေၾကာင္းအရာေတြ သူ႔ေခါင္းထဲမွာ မရွိေတာ့ ။




ထိုင္ခုံကေန ထၿပီး သူ႔ဆီ ခပ္ေႏွးေႏွးေလွ်ာက္လာတဲ့ ေဆာင္ဟြန္းကိုသာ သူ ဆက္တိုက္ေငးၾကည့္ေနမိသည္ ။ အေပၚဆုံးၾကယ္သီးကို ျဖဳတ္ထားတဲ့ အနက္ေရာင္ Suit က ျဖဴစြတ္ေနတဲ့အသားအေရာင္နဲ႔ ဟပ္ေနသည္ ။ ဂ်ိတ္ခ္သာ ထိုင္ခုံေပၚမွာ ရွိမေနလွ်င္ ဒီပုံစံနဲ႔ ေဆာင္ဟြန္းကို ျမင္လွ်င္ျမင္ခ်င္း ဒူးေခြၿပီးလဲေနေလာက္ၿပီ ။

ဂ်ိတ္ခ္ေရွ႕တည့္တည့္ကို ေရာက္လာတဲ့ ေဆာင္ဟြန္းက ခါးကို ကိုင္းၿပီး သူ႔မ်က္ႏွာနား တိုးလာသည္ ။

၄၀ စင္တီမီတာ ။
၂၀ စင္တီမီတာ ။
၁၀ စင္တီမီတာ ။

ဂ်ိတ္ခ္ မ်က္လုံးေတြကို မွိတ္ခ်လိုက္သည္ ။
သူ႔ ဘယ္ဘက္ပါးကို လာေရာက္ေထြးေပြ႕တဲ့ ေဆာင္ဟြန္းရဲ႕ လက္တစ္ဖက္ကို ခံစားေနရသည္ ။


သူ႔မ်က္ႏွာကို ေဆာင္ဟြန္းက တစ္ျဖည္းျဖည္းဆြဲယူၿပီး အနားတိုးလာသည္ ။

WTF ! အခု သူ႔ပထမဆုံး အနမ္းကို ေဆာင္ဟြန္းက ယူသြားေတာ့မွာလား ။



ႏႈတ္ခမ္းတစ္စုံကို မခံစားမိခင္ ႐ုတ္တရက္ၾကားလိုက္ရတာက ဖုန္းျမည္သံ ။


စားခါနီးမုန႔္က လမ္းတစ္ဝက္မွာျပဳတ္က်သြားသလိုမ်ိဴး ။အရမ္းလိုခ်င္ေနတဲ့ ပစၥည္းကိုဝယ္ခါနီးမွာမွ Sold Out သြားသလိုမ်ိဳး ။

ေရာေထြးေနတဲ့ ခံစားခ်က္ေတြနဲ႔ မ်က္လုံးေတြကိုဖြင့္ၾကည့္လိုက္ေတာ့ ေဆာင္ဟြန္းက ခုနက ေနရာမွာမဟုတ္ေတာ့ ။ အိပ္ကပ္ထဲက ဖုန္းကိုထုတ္ကာကိုင္ဖို႔လုပ္ေနတဲ့ ေဆာင္ဟြန္းကို သူေမာ့ၿပီးေငးၾကည့္ေနမိသည္ ။


" ဗ်ာ ! အင္း ငါ အခုခ်က္ခ်င္းလာခဲ့မယ္ "

အဆုံးမရွိ အစမရွိ တစ္ခြန္းတည္းေျပာကာ ေဆာင္ဟြန္းဖုန္းကိုျပန္ခ်လိုက္သည္ ။ ၿပီးတာနဲ႔ ထိုင္ခုံေပၚက coat နဲ႔ ကားေသာ့ကိုေျပးယူကာ

" ေဆာရီး ဂ်ိတ္ခီး ကိုယ္အေရးႀကီးသြားစရာတစ္ခုရွိလို႔"


သူဆံပင္ေတြကိုဆြဲဖြၿပီး ေျပးထြက္သြားတဲ့ ေက်ာျပင္ကို သူဒီအတိုင္းေငးၾကည့္ေနမိသည္ ။ ပ်က္ယြင္းေနတဲ့ ေဆာင္ဟြန္းမ်က္ႏွာက ဖုန္းထဲကလူကို ဘယ္ေလာက္စိတ္ပူေနလဲ သိသာသည္ ။ ေသေရးရွင္ေရး ကိစၥလားမသိ။ဒီလိုကိစၥမ်ိဳးေတြကို နားမလည္ေပးႏိုင္တဲ့အထိ ဂ်ိတ္ခ္က စိတ္ထား မေသးသိမ္ပါ ။ ဒါေပမယ့္လည္း ...

ေမွာင္ေနတဲ့ ပတ္ဝန္းက်င္ကို လွမ္းၾကည့္မိေတာ့ သူၾကက္သီးထသြားမိသည္ ။ ခုနက ေဆာင္ဟြန္းရွိလို႔အဆင္ေျပေပမယ့္ အခုကသူတစ္ေယာက္တည္း ။

ေခါင္းကိုငုံ႔လိုက္မိေတာ့ မ်က္ရည္ေတြ တားမႏိုင္ဆီးမရ က်လာသည္ ။ သူတစ္ေယာက္တည္း ရွိတာမို႔ စိတ္လြတ္လက္လြတ္ ငိုခ်လိုက္သည္ ။

ဆက္တိုက္ျမည္ေနတဲ့ ဖုန္းကို သူလ်စ္လ်ဴရွဴထားရသည္ ။
ပိုင္ရွင္ကို သူသိေနတာပဲ။ေသခ်ာေပါက္ ဟီဆြန္းေဟ်ာင္း။ ဒါေပမယ့္ သူဖုန္းကိုင္လို႔မျဖစ္ ။ သူငိုေနတာကို ေဟ်ာင္းသိလို႔မျဖစ္ ။


" ေဟ်ာင္း ... "

ရႈိက္သံေတြၾကားထဲကေန သူ လြမ္းလြမ္းဆြတ္ဆြတ္တမိသည္ ။ အခုခ်ိန္လုပ္ႏိုင္တာ တစ္ခုသာရွိမယ္ဆိုရင္ ေဟ်ာင္းဆီေျပးၿပီး ငိုမိမွာပဲ ။ ေဟ်ာင္း သူ႔ေခါင္းေလးကို ပုတ္ေပးၿပီး ေခ်ာ့ေပးတာကို အခုခ်ိန္မွာ အလိုခ်င္ဆုံးျဖစ္ေလာက္မည္ ။


ဆက္တိုက္ ငိုေနတဲ့ ခႏၶာကိုယ္ေလးက မိုးၿခိမ့္သံတစ္ခု က်ယ္ေလာင္စြာထြက္လာမွ ရပ္သြားေတာ့သည္ ။
ဘာမွမယူလာတာမို႔ မိုးမ႐ြာခင္ အိမ္ျပန္ေရာက္မွျဖစ္မည္ ။

သူမတ္တပ္ရပ္လိုက္သည္ ။
ငိုေနလက္စမို႔ ႏွာေခါင္းထိပ္ေလးကေတာ့ ရဲေနဆဲ ။
မေျခာက္ေသးတဲ့ မ်က္ရည္တစ္ခ်ိဳ႕ကို အေပၚထပ္အက်ႌစေလးနဲ႔ ဖိသုပ္လိုက္သည္ ။

ေလအတိုက္မွာ Strawberry Milkshake ဘူးအခြံ ေအာက္ကိုျပဳတ္က်သြားသံကို သူျပန္မထြက္သြားခင္ ၾကားလိုက္ရသည္ ။












__________



ဒီေန႔မနက္ႏိုးလာေတာ့ ေခါင္းက တစ္ဆစ္ဆစ္ကိုက္ေနသည္ ။ အဖ်ားေသြးရွိလို႔ေတာ့ မဟုတ္ ။ မေန႔က သူအိမ္ျပန္ေရာက္ၿပီးကာမွ မိုးကစ႐ြာလို႔ ေတာ္ေသးသည္ ။
သူေခါင္းကိုက္ေနရတဲ့ အေၾကာင္းရင္းကေတာ့ ညက ညလုံးေပါက္သူငိုခဲ့မိသည္ ထင္သည္ ။



မ်က္ႏွာသစ္ရင္းနဲ႔ ညကငိုထားလို႔ ေဖာင္းအစ္ေနတဲ့ မ်က္ဝန္းေတြကို ၾကည့္ၿပီးစိတ္ညစ္ေနရသည္ ။

" အား ... စိတ္ပ်က္လိုက္တာ "

​စိတ္ပ်က္လက္ပ်က္နဲ႔ မွန္ေရွ႕က ထြက္လာၿပီး ေဆးေသာက္ဖို႔ျပင္ရသည္ ။ မနက္စာေတာ့ မစားေတာ့ ။
စားခ်င္စိတ္ တစ္စက္မွ မရွိတာမို႔ စားမိရင္ေတာင္ျပန္အန္ထြက္လိ့မ္မည္ ။














" ညက Fera ပါတီမွာ ခြၽန္းဟယ္ မူးလဲသြားလို႔ဆို "

ေက်ာင္းနားက Mini Mart တစ္ခုမွာ မုန႔္ဝင္ဝယ္ေနတုန္း ပထမဆုံးၾကားရတဲ့စကားျဖစ္သည္ ။ ဂ်ိတ္ခ္ေျခလွမ္းေတြ အလိုလိုရပ္သြားမိၿပီ ။

" ဟယ္ ဟုတ္လား ဘယ္လိုျဖစ္တာလဲ "

" မသိပါဘူး .. အမူးလြန္သြားတာလား မသိ ၊ ခ်က္ခ်င္းေဆး႐ုံတင္လိုက္ရတယ္ "




ဂ်ိတ္ခ္အေၾကာင္းအရာေတြကို ခ်ိတ္ဆက္မိသြားခ်ိန္မွာေတာ့ မ်က္ရည္ေတြဝဲတက္လာျပန္သည္ ။
ညက အစိုးရိမ္လြန္ေနတဲ့ ေဆာင္ဟြန္းမ်က္ႏွာ ။
မူးလဲတယ္ဆိုတဲ့ ခြၽန္းဟယ္ ။

ထပ္ငိုခ်င္လာျပန္ၿပီ ။
ဘယ္လိုပဲျဖစ္ျဖစ္ သူက ဂင္ခြၽန္းဟယ္ ကိုမယွဥ္ႏိုင္ဘူးဆိုတာ သူသိသည္ ။



끝 •

ေန႔တိုင္း update တယ္ေနာ္ 히히

Continue Reading

You'll Also Like

317K 9.5K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
1.1K 85 6
U & Me = Universe #HeeJake
706 143 9
မင်းရဲ့ဖြစ်တည်မှုက ကိုယ့်အတွက်အပြည့်စုံဆုံးပါပဲ။ ချစ်ခြင်းတွေကိုခံစားမိနေတယ်။ ရင်ခုန်သံတွေကို ဖန်တီးပေးသူကမင်းလေ။ Sunki
1.7K 149 9
(Unicode) Jihoon ကပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်သဖြင့် သူရင်းနှီးတဲ့သူတွေကို အမြဲစနောက်လေ့ရှိသူဖြစ်သည်။ သို့ပေမယ့် တစ်ရက်မှာ သူစနောက်ရတာ သဘောအကျဆုံးဖ...