Before I Fall You[Completed]

By phyoewintwah

24.9K 1.3K 152

အပြုံးတစ်စုံအောက် နစ်မွန်းသွားခဲ့ရတဲ့ဘဝတစ်ခုအတွက် "ချစ်တယ်"ဆို တဲ့စကားလေးတစ်ခွန်းက တရားမျှတမှုရှိတဲ့ အလျော်အစ... More

အပိုင်း(၁)ရပ်တန့်သွားသောတစ်စက္ကန့်
အပိုင်း(၂)မင်းဂုဏ်ယူသင့်တယ်
အပိုင်း(၃)ခြင်္သေ့ဂူထဲရောက်သွားတဲ့မြေခွေး🚨
အပိုင်း(၄)ငါတော့ချစ်မိသွားပြီထင်တယ်
အပိုင်း(၅)ငါကအထက်ကလူ(ငါကအထက္ကလူ)
အပိုင်း(၆)ကိုကို🚨
အပိုင်း(၇) ကိုယ်မင်းကိုချစ်တယ်(ကိုယ္မင္းကိုခ်စ္တယ္)
အပိုင်း(၈)အကယ်ဒမီရှော့(အကယ္ဒမီေရွာ့)
အပိုင်း(၉)သရုပ်မှန်(သ႐ုပ္မွန္)-၁
အပိုင်း(၁၀)အတိတ်၏အပိုင်းအစများ/အတိတ္၏အပိုင္းအစမ်ား
အပိုင်း(၁၁)လူသတ်သမား(လူသတ္သမား)
အပိုင်း(၁၂)နောက်ဆုံးသောအသက်ကယ်ဆေး
အပိုင်း(၁၃)တန်ပြန်ဝဋ်/တန္ျပန္ဝဋ္
အပိုင်း(၁၄)ကြား သုံး ကြား/ၾကား သုံး ၾကား
အပိုင်း(၁၅)ပထမဆုံးနေ့အထိမ်းအမှတ်/ ပထမဆုံးေန႕အထိမ္းအမွတ္
အပိုင်း(၁၆)phone call
အပိုင်း(၁၇)ရှာလကာရည်မှောက်ခြင်းနှင့် လွတ်သွားသောမြေခွေး
အပိုင်း(၁၈)စပရိုက်
အပိုင်း(၁၉)အတွေးနက်နက်ထဲက ခပ်ဖျော့ဖျော့ သံစဥ်လေးတစ်ခု-၁
အပိုင်း(၂၀)အတွေးနက်နက်ထဲက ခပ်ဖျော့ဖျော့သံစဥ်လေးတစ်ခု-၂
အပိုင်း(၂၁)နောက်ကျောဘက်မှဓါး
အပိုင်း(၂၂)တစ်စက္ကန့်စာ လေပြေလေး
အပိုင်း(၂၃)နေအဂ္ဂါကို လွှတ်ပေးပါ
ဝန်ခံချက်/ဝန္ခံခ်က္
အပိုင်း(၂၄)နေအဂ္ဂါက မိဘမဲ့
အပိုင်း(၂၅)အသဲကွဲနေတဲ့ ဂေးတစ်ယောက်
အပိုင်း(၂၆)ဇာတိမြေသို့ပြန်ခြင်း
အပိုင်း(၂၇)သရုပ်မှန်-၂
အပိုင်း(၂၉)ယုံကြည်မှုတွေက သေဆုံးသွားခဲ့ပြီးပြီ
အပိုင်း(၃၀)ကိုယ့်ကိုယ်ကို ရှက်ရွံ့မိခြင်း
အပိုင်း(၃၁)အလှလေးအားရှာဖွေခြင်း
အပိုင်း(၃၂)အလှလေးအား ကယ်တင်ခြင်း
အပိုင်း(၃၃)နောင်တ
အပိုင်း(၃၄)သမက်ကိုသူခိုးထင်
အပိုင်း(၃၅)မင်းက ငါ့အတွက်တန်ဖိုးအရှိဆုံး လူသားလေးပါ
အပိုင်း(၃၆)အစ်ကို...မင်းကဟိုဟာဖြစ်နေတယ်
အပိုင်း(၃၇)အလှလေးအား စားသုံးခြင်း
အပိုင်း (၃၈)Trauma
အပိုင်း(၃၉)
အပိုင်း(၄၀)🚍
အပိုင်း(၄၁)ကြိုတင်ကြံစည်ခြင်း
Extra-နေရောင်ခြည်ကောင်လေး

အပိုင်း(၂၈)လမိုက်ညတွေမကုန်သေးဘူး

517 31 2
By phyoewintwah

မိုးရိပ်တွေကင်းစင်နေတဲ့ အနက်ရောင်ကောင်းကင်ကြီးကိုမော့ကြည့်မိတော့ ပြည့်ပြည့်ဝိုင်းဝိုင်းလစန္ဒာက အကာအရံမရှိတောက်ပလင်းထိန်လို့ ကြယ်တာရာတွေကလည်း ဟိုတစ်စု ဒီတစ်စုပြန့်ကျဲလို့ လမိုက်ညတွေကုန်သွားခဲ့ပြီထင်ပါတယ်။

ဂေဟာရှေ့ ကုက္ကိုပင်ကြီးရဲ့ကွပ်ပျစ်ပေါ်မှာ နေအဂ္ဂါကအပူအပင်မရှိအေးချမ်းစွာလဲလျောင်းနေခဲ့တယ်။လေပြေတွေက ခပ်ကြမ်းကြမ်းတိုးဝှေ့လာတာကြောင့် အနည်းငယ်ချမ်းစိမ့်စိမ့်ဖြစ်ပေမဲ့ နေအဂ္ဂါထိုနေရာကထဖို့မကြိုးစားမိဘူး။သူ့မျက်လုံးတွေကို ခပ်ဖွဖွမှိတ်ထားရင်း အိပ်ပျော်နိုင်ဖို့ဆုတောင်းမိပေမဲ့ အချည်းနှီးသာ။ ဒုတိယအကြိမ်သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်ချိန်မှာ မမနိုင်ပုံရိပ်ကသူ့မြင်လွှာထဲရောက်နှင့်နေပြီ။

ပုံမှန်အချိန်ဆို ခေါင်းပေါ်စုထုံးထားတက်တဲ့ဆံပင်ရှည်တွေက အခုအချိန်မှာတော့ မမနိုင်ခါးပေါ်ဖျာကျနေပြီး တစ်မျိူးတစ်မည်လှပစေတယ်
လက်ထဲမှာစောင်တစ်ထည် ကိုင်ထားပုံရပြီး
မမနိုင်က သူ့ကိုယ်ပေါ်စောင်ပါးလေးတစ်ထည် လွှမ်းခြုံပေးရင်း သူ့ဘေးမှာကပ်ထိုင်လာတယ်

"မိုးဆွေဖုန်းဆက်တယ် စင်္ကါပူမှာလဲ့လဲ့ကိုတွေ့မိတဲ့သူရှိတယ်တဲ့ မရမကရှာပြီးဒီကိုပြန်ခေါ်ခဲ့မယ်ပြောတာပဲ"

"ငါမတွေ့ချင်တော့ဘူး"

နေအဂ္ဂါကအိပ်နေရာကထလိုက်ပြီး ကွပ်ပျစ်အောက်မှာ သူ့ခြေချောင်းတွေကို တွဲလဲချထားလိုက်တယ်

"မတွေ့ချင်လဲတွေ့ရမှာပဲ သူရှာထားတဲ့ပြဿနာသူပြန်ရှင်းဖို့လိုတယ်လေ နင်လဲဒီလိုချောင်
ကလောင်မှာအခြေချဖို့တွေးမနေနဲ့ ကိုယ့်နေရာကိုယ်ပြန်ပြီး ရှေ့ဆက်ရမယ်မဟုတ်လား"

"မမနိုင်လည်း ဒီလိုလူမသိသူမသိဂေဟာလေးမှာ အခြေချဖို့တွေးမနေနဲ့ လက်ထပ်ဖို့စဥ်းစားသင့်ပြီမဟုတ်လား "

မမမနိုင်က လေတိုးတာကြောင့် ဟိုတစ်ဆ ဒီတစ်ဆလွင့်နေတဲ့ သူ့ဆံပင်ရှည်တွေကို စိတ်မရှည်စွာ နဂိုအတိုင်းခေါင်းပေါ်စုထုံးလိုက်တယ်

"ဆံပင်ချထားရင်ပိုလှတယ် နင်ကအမြဲတမ်းအဲ့လိုမျိူးလှလှပပလေးနေသင့်တာ ဒီလိုနေရာမျိူးမှာ နင့်ဘဝနင်အနစ်မွန်းခံသင့်တာမဟုတ်ဘူး"

မမနိုင်ကသက်ပြင်းတစ်ခုကိုလေးလေးပင်ပင်ချရင်းပြောလိုက်တယ်

"မေမေနုနင့်ကိုဘာတွေပြောလိုက်ပြန်ပြီလဲ"

"နင့်ကောင်လေးက လက်ထပ်ဖို့မေမေနုကိုလာကမ်းလှမ်းပေမဲ့ နင်ကငြင်းလိုက်တယ်တဲ့ မေမေနုကသူ့ကြောင့်ဆိုပြီးစိတ်မကောင်းဖြစ်နေတာ"

"နင်လည်းသိတဲ့အတိုင်းပဲ မေမေနုကအသက်ကြီးနေပြီ ကလေးတွေရဲ့ဝေယျာဝစ္စကိုငါမှမလုပ်ရင်ဘယ်သူလုပ်ပေးမှာလဲ ငါထွက်သွားလို့မဖြစ်သေးပါဘူး"

"ငါရှိတာပဲ ဘယ်လိုပဲဖြစ်ဖြစ် ငါဒီမှာပဲအမြဲနေဖြစ်တော့မှာကို"

သူ့စကားကြောင့် မမနိုင်လေသံကမဆိုသလောက်လေး မာလာသည်

"နင်သူတို့ကိုထမင်းဟင်းချက်ပေးနိုင်လား အယောက်နှစ်ဆယ်ကျော်ရဲ့အဝတ်အစားတွေကို တစ်နေ့နှစ်ပြန်လောက်လျှော်ပေးနိုင်လား အငယ်ဆုံးလေးက ရှေ့လမှသုံးနှစ်ပြည့်မှာ သေးချီးကအစလုပ်​ပေးနေရတာကို နင်ကအကုန်လုံးလိုက်လုပ်ပေးနိုင်မှာလား "

နေအဂ္ဂါကတစ်ခုခုပြောဖို့ ပါးစပ်ဟရုံရှိသေး မမနိုင်ကသူဘာပြောမှာကိုသိနေတဲ့အလား ဒေါသတကြီးလှမ်းဟောက်သည်

"ဘာလဲ နင်ကလူငှားဖို့စဥ်းစားနေတာလား နင်အဲ့လောက်တောင်ပိုက်ဆံချမ်းသာနေရင်လည်းနင့်ကိုယ်နင်ဘယ်အခြေအနေရောက်နေပြီလဲဆိုတာပြန်ကြည့်ဖို့မမေ့နဲ့ ဒီလိုပုံစံနဲ့နင်စုဆောင်းထားတဲ့ပိုက်ဆံတွေ တစ်နှစ်တောင်ခံပါ့မလား "

"မမနိုင် နင်ငါ့ကိုအထင်သေးလိုက်တာ ဘယ်လိုပဲဖြစ်ဖြစ် ဒီကလေးတွေရဲ့အနာဂတ်အတွက်တော့ ငါအာမခံနိုင်ပါတယ် သူ့တို့ကျောင်းပြီးတဲ့အထိတော့ ငါ့ပိုက်ဆံတွေကလိုတာထက်ပိုတယ်"

"နင်ချမ်းသာတာကိုငါသိပါတယ် ဒါပေမဲ့ ရှေ့ဆက်ရမဲ့နင့်အနာဂါတ်ကရှိသေးတယ်လေ နင့်ဘဝကို ဒီကလေးတွေအတွက်ပဲကုန်ဆုံးမနေသင့်ဘူး"

"နင့်အနာဂတ်ကို နင်ဘယ်လိုဆက်လုပ်ဖို့စဥ်းစားထားလဲ နင့်ပိုက်ဆံတွေလည်းမလိုချင်ဘူး ဒီကလေးတွေကို နင်တစ်ယောက်ထဲထောက်ပံ့မယ်ဆိုတဲ့အတ္တစိတ်ကြီးကိုဖယ်လိုက်တော့ နင့်ပုခုံးတွေအရမ်းလေးလံနေပြီ ဘယ်လိုပဲဖြစ်ဖြစ် အဝေးရောက်နေတဲ့မောင်နှမတွေကိုဆက်သွယ်ပြီးတော့ တစ်ခုခုလုပ်မှရမယ် နင်မျက်ရည်ကျပြီးမှရတဲ့ပိုက်ဆံတွေကိုငါတို့မစားရက်ဘူး မေမေနုလဲငါနဲ့သဘောထားအတူတူပဲ နင့်သတင်းကိုကြားတဲ့နေ့ကမေမေနုဘယ်လောက်တောင်ငိုနေလဲဆိုတာ နင်သိလား"

မမနိုင်က သူ့ကျောကို တဗုန်းဗုန်းထုရင်း ငိုပါလေရောမမနိုင်ကိုလက်ထက်ဖို့ပြောတဲ့ကိစ္စကနေ သူ့ပြဿနာဆီမြှားဦးလှည့်လာလိမ့်မယ်လို့နေအဂ္ဂါထင်မထားမိခဲ့ဘူး။

"မမနိုင်....ငါပြောနေတာက နင်လက်ထပ်ဖို့နော် နင့်ဘဝကြီးကိုလည်း ဒီနေရာမှာမြှပ်နှံထားဖို့မစဥ်းစားနဲ့ နင်စိတ်ပူနေတဲ့အရာကိုငါသိတယ် ကလေးတွေကိုနင့်လိုမျိူးစေတနာအပြည့်ထားပြီး အစစအရာရာလိုက်လုပ်ပေးနိုင်တဲ့သူမျိူးကိုပဲငါရှာမှာ မေမေနုလည်းအသက်ကြီးပြီဆိုတော့ စားဖိုဆောင်ဝင်တာတွေမလုပ်ခိုင်းသင့်တော့ဘူး ထမင်းဟင်းချက်ဖို့နဲ့ ကလေးတွေဝေယျာဝဇ္ဇအတွက်  ငါလူသုံးယောက်လောက်ထပ်ငှားမယ် အဲ့လိုဆို နင်စိတ်ချပြီလား"

မမနိုင်ကတော့ မျက်ရည်တွေဘူးသီးလုံးလောက်ကျပြီးဘာမှမပြောပဲ ဂေဟာတဲ့ပြန်ဝင်သွားတာပဲ။ သူကတော့ဒီညအိပ်နိုင်တော့မယ်မထင်ပါဘူး။

မမနိုင်ကသူ့ပိုက်ဆံတွေကိုမလိုချင်ဘူးလို့ပြောတဲ့အချိန် သူ့ရင်ဘတ်ထဲ ဝမ်းနည်းခြင်းတစ်မျိူးက လှိုက်တက်လာပြီး သူ့ကိုယ်သူအသုံးမကျတဲ့ကောင်လို့ခံစားရစေတယ် ဟုတ်ပါတယ် တကယ်လဲသူကအသုံးမကျတဲ့ကောင် သရုပ်​ဆောင်တာကလွဲပြီးဘာတစ်ခုမှဖြစ်ဖြစ်မြောက်မြောက်လုပ်တက်တာမရှိဘူး ဒီအတောအတွင်းလဲ လာအပ်သမျှအလုပ်တွေကို ဇီဇာကြောင်ပြီး အနုပညာဂုဏ်ကမောက်လိုက်သေးတယ် အဲ့ဒီ့အချိန်တုန်းကသာ အလုပ်ကိုရွေးချယ်ပြီးမလုပ်ခဲ့ရင် သူအခုထက်ပိုချမ်းသာပြီး မမနိုင်ဆီကအထင်သေးတာကိုလည်း ခံရမှာမဟုတ်ဘူး။မမနိုင်ပြောသလိုသာ တခြားမောင်နှမတွေဆီကအကူအညီတောင်းခံရရင် သူ့မျက်နှာကိုဘယ်နားသွားထားရမလဲတောင် သူမပြောတက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ညီအစ်ကိုတွေထဲမှာ သူကအကြီးဆုံး သူသာလျှင်ဒီတာဝန်တွေကို ထမ်းပိုးထားရတဲ့သူဖြစ်ချင်တယ်။ မမနိုင်ကလည်းမောင်နှမတွေထဲအကြီးဆုံးဖြစ်တာကြောင့် စိတ်ရှိတိုင်းလွတ်လွတ်လပ်လပ်မပျံသန်းနိုင်ပဲ ဒီလိုနေရာမှာသူ့ကိုယ်သူပိတ်လှောင်ထားခဲ့တာ မေမေနုကတော့ပြောဖို့တောင်မလိုဘူး မေမေနုမိဘတွေထားပေးခဲ့တဲ့အမွေတွေလဲ သူတို့ကိုကျွေးမွေးရတာနဲ့တင် ကုန်စင်သွားတာ နောက်ဆုံးတော့ ဒီအိမ်ကြီးနဲ့ဒီတောအုပ်ကြီးပဲကျန်ရစ်ခဲ့တယ် ဝေးလံခေါင်သီတဲ့နေရာဖြစ်လို့ အလှူရှင်တွေကလည်း အပင်ပန်းခံပြီးမလာချင်ကြဘူး။ မေမေနုသတ်တန်းရဲ့သုံးပုံနှစ်ပုံလောက်က သူတို့ပေါ်မှာပဲမြှပ်နှံထားတာကြောင့်မေမေနုလဲပင်ပန်းလှပြီ။ဘယ်လိုပဲဖြစ်ဖြစ်  သူကျွေးမွေးစောက်ရှောက်တဲ့ထဲမှာ ဒါကနောက်ဆုံးအသုတ်ဖြစ်လို့ ကောင်းကောင်းမွန်မွန်လေးကြီးပြင်းတာကိုမြင်ချင်မှာ​ဖြစ်သလိုဒီကလေးတွေအတွက် နေအဂ္ဂါရဲ့မျှော်မှန်းချက်ကလည်းကျယ်ပြန့်တယ် သူတို့ပျံသန်းနိုင်သလောက်ကို အစွမ်းကုန်အတောင်ပံတွေတပ်ပေးလိုက်ချင်တာဖြစ်တယ်။
နေအဂ္ဂါလေးလံနေတဲ့ အလုံးကြီးကို အသက်တစ်ရှိုက်ရှူထုတ်ရင်းဖြေရှင်းပေမဲ့ သူ့စိတ်တွေလေးလံနေတာက ပျောက်မသွားတဲ့အပြင် ကလေးတွေအတွက်ရော ညဏ်းဧကရာဇ်ကြောင့်ခံစားနေရတဲ့သူကိုယ်သူအတွက်ပါ တွေးမိရင်း သူအိပ်မရတော့။ နေအဂ္ဂါကအဲ့ဒီ့နေရာမှာပဲ မိုးလင်းတဲ့အထိ ကုန်ဆုံးသွားပြီး ကလေးတွေရဲ့အိပ်ယာနိုးစဆူညံဆူညံအသံလေးတွေကြားရတော့မှ သူ့စိတ်ကနဂိုအတိုင်းပြန်လည်ကြည်လင်သွားခဲ့တယ် နိုးလာတာနဲ့ ကိုကြီးနေ သွားတိုက်ဆေးဆိုတဲ့အသံစည်စည်လေးတွေကြောင့် အပြေးအလွှား ကန်နားသွားပြီး သွားတိုက်ဆေးထည့်ပေးရတာက တစ်မှောင့် အခုအချိန်ထိ ရှူရှူးမပေါက်တက်သေးတဲ့အငယ်ဆုံးလေးကိုလည်း ပြေးပြီးရှရှူးတယ်ရသေး။ မမနိုင်နဲ့ မေမေနုကတော့ မီးဖိုထဲမှာချက်ပြုတ်နေပြီ​ဖြစ်သည်။အရင်ဆို ဒီတာဝန်ကို မမနိုင်ယူရတာဖြစ်ပေမဲ့ သူရောက်လာတာနဲ့ ကလေးတွေကသူ့ဆီပဲပြေးကပ်ကြတာ။နေအဂ္ဂါ
ဗုံလေးတွေလိုစီနေတဲ့ ခေါင်းလေးတွေကို အလှည့်ကျရေချိူးပေးပြီးတာနဲ့ အခုချိန်ထိ အိပ်ချင်မပြေသေးတဲ့ အငယ်ဆုံးလေးကို ရေဇလုံထဲပစ်ထည့်လိုက်တယ်ါ ရေကြောက်တဲ့ပေါက်စက မချိူးဘူးဆိုပြီး အတင်းရုန်းကန်ပါလေရော

"သားရေမချိူးဘူး..အေးတယ်...သား..အေးတယ်လို့ ကိုကြီးနေ"

ကလေးက ရေဇလုံထဲမှာရုန်းကန်ပြီး အော်ငိုနေတာကြောင့် နှာခေါင်းထိပ်လေးတွေနီရဲနေပြီး ရေစက်ရေပေါက်လေးတွေက နေအဂ္ဂါကိုယ်ကိုလာစင်သည် နေအဂ္ဂါက အသဲယားစွာ နီရဲနေတဲ့နှာခေါင်းလေးကို လက်နဲ့ဖျစ်ရင်းပြောလိုက်တယ်

"ရေချိူးပြီးရင် သားသားကြိုက်တဲ့ကွတ်ကီးတွေအများကြီးကြွေးမှာ "

ထိုအခါမှ ကလေးငယ်ကမျက်ရည်ပြည့်နေတဲ့မျက်လုံးရွဲကြီးတွေနဲ့ သူ့ကိုပြန်ကြည့်ရင်းသူ ဆပ်ပြာတိုက်ပေးတာကိုတိတ်တိတ်လေး ငြိမ်ခံနေတယ်။

"ကိုကိုတွေနဲ့ မမတွေကျောင်းသွားရင် သားကိုလေယဥ်ပျံကြီးကြည့်ဖို့ခေါ်သွားပေးမယ်"

"တကယ်လား"

"တကယ်ပေါ့"

ရေချိူးလို့ပြီးတာနဲ့ တပတ်တစ်ထည်နဲ့ပေါက်စကိုယ်ကိုပတ်ပြီး ပုခုံးပေါ်ထမ်းခေါ်လာလိုက်တယ် ဒါတောင်ပေါက်စက မကျေနပ်သေးပဲပြောတာက

"တီတီကလေယဥ်ပျံကြီးပြမယ်ဆိုပြီး.....တကယ်လဲမပြဘူး..တီတီ့လိုမလိမ်ရဘူး"တဲ့ အဲ့စကားကိုကြားပြီး သူ့မှာရယ်လိုက်ရတာ ဒါကမေမေနုသူတို့ငယ်ငယ်ကထည့်ခဲ့တဲ့ ဂျင်းအကြီးစားတွေပဲ။

Zawgyi

လမိုက္ညေတြမကုန္ေသးဘူး

မိုးရိပ္ေတြကင္းစင္ေနတဲ့ အနက္ေရာင္ေကာင္းကင္ႀကီးကိုေမာ့ၾကည့္မိေတာ့ ျပည့္ျပည့္ဝိုင္းဝိုင္းလစႏၵာက အကာအရံမရွိေတာက္ပလင္းထိန္လို႔ ၾကယ္တာရာေတြကလည္း ဟိုတစ္စု ဒီတစ္စုျပန့္က်ဲလို႔ လမိုက္ညေတြကုန္သြားခဲ့ၿပီထင္ပါတယ္။

ေဂဟာေရွ႕ ကုကၠိုပင္ႀကီးရဲ႕ကြပ္ပ်စ္ေပၚမွာ နေအဂ္ဂါကအပူအပင်မရှိအေးချမ်းစွာလဲလျောင်းနေခဲ့တယ်။လေပြေတွေက ခပ္ၾကမ္းၾကမ္းတိုးေဝွ႕လာတာေၾကာင့္ အနည္းငယ္ခ်မ္းစိမ့္စိမ့္ျဖစ္ေပမဲ့ နေအဂ္ဂါထိုနေရာကထဖို့မကြိုးစားမိဘူး။သူ့မျက်လုံးတွေကို ခပ္ဖြဖြမွိတ္ထားရင္း အိပ္ေပ်ာ္နိုင္ဖို႔ဆုေတာင္းမိေပမဲ့ အခ်ည္းႏွီးသာ။ ဒုတိယအႀကိမ္သူ႕မ်က္လုံးေတြကို ျပန္ဖြင့္လိုက္ခ်ိန္မွာ မမနိုင္ပုံရိပ္ကသူ႕ျမင္လႊာထဲေရာက္ႏွင့္ေနၿပီ။

ပုံမွန္အခ်ိန္ဆို ေခါင္းေပၚစုထုံးထားတက္တဲ့ဆံပင္ရွည္ေတြက အခုအခ်ိန္မွာေတာ့ မမနိုင္ခါးေပၚဖ်ာက်ေနၿပီး တစ္မ်ိဴးတစ္မည္လွပေစတယ္
လက္ထဲမွာေစာင္တစ္ထည္ ကိုင္ထားပုံရၿပီး
မမနိုင္က သူ႕ကိုယ္ေပၚေစာင္ပါးေလးတစ္ထည္ လႊမ္းၿခဳံေပးရင္း သူ႕ေဘးမွာကပ္ထိုင္လာတယ္

"မိုးေဆြဖုန္းဆက္တယ္ စကၤါပူမွာလဲ့လဲ့ကိုေတြ႕မိတဲ့သူရွိတယ္တဲ့ မရမကရွာၿပီးဒီကိုျပန္ေခၚခဲ့မယ္ေျပာတာပဲ"

"ငါမေတြ႕ခ်င္ေတာ့ဘူး"

နေအဂ္ဂါကအိပ်နေရာကထလိုက်ပြီး ကြပ္ပ်စ္ေအာက္မွာ သူ႕ေျခေခ်ာင္းေတြကို တြဲလဲခ်ထားလိုက္တယ္

"မေတြ႕ခ်င္လဲေတြ႕ရမွာပဲ သူရွာထားတဲ့ျပႆနာသူျပန္ရွင္းဖို႔လိုတယ္ေလ နင္လဲဒီလိုေခ်ာင္
ကေလာင္မွာအေျခခ်ဖိဳ႕ေတြးမေနနဲ႕ ကိုယ့္ေနရာကိုယ္ျပန္ၿပီး ေရွ႕ဆက္ရမယ္မဟုတ္လား"

"မမနိုင္လည္း ဒီလိုလူမသိသူမသိေဂဟာေလးမွာ အေျခခ်ဖိဳ႕ေတြးမေနနဲ႕ လက္ထပ္ဖို႔စဥ္းစားသင့္ၿပီမဟုတ္လား "

မမမနိုင္က ေလတိုးတာေၾကာင့္ ဟိုတစ္ဆ ဒီတစ္ဆလြင့္ေနတဲ့ သူ႕ဆံပင္ရွည္ေတြကို စိတ္မရွည္စြာ နဂိုအတိုင္းေခါင္းေပၚစုထုံးလိုက္တယ္

"ဆံပင္ခ်ထားရင္ပိုလွတယ္ နင္ကအၿမဲတမ္းအဲ့လိုမ်ိဴးလွလွပပေလးေနသင့္တာ ဒီလိုေနရာမ်ိဴးမွာ နင့္ဘဝနင္အနစ္မြန္းခံသင့္တာမဟုတ္ဘူး"

မမနိုင္ကသက္ျပင္းတစ္ခုကိုေလးေလးပင္ပင္ခ်ရင္းေျပာလိုက္တယ္

"ေမေမႏုနင့္ကိုဘာေတြေျပာလိုက္ျပန္ၿပီလဲ"

"နင့္ေကာင္ေလးက လက္ထပ္ဖို႔ေမေမႏုကိုလာကမ္းလွမ္းေပမဲ့ နင္ကျငင္းလိုက္တယ္တဲ့ ေမေမႏုကသူ႕ေၾကာင့္ဆိုၿပီးစိတ္မေကာင္းျဖစ္ေနတာ"

"နင္လည္းသိတဲ့အတိုင္းပဲ ေမေမႏုကအသက္ႀကီးေနၿပီ ကေလးေတြရဲ႕ေဝယ်ာဝစၥကိုငါမွမလုပ္ရင္ဘယ္သူလုပ္ေပးမွာလဲ ငါထြက္သြားလို႔မျဖစ္ေသးပါဘူး"

"ငါရွိတာပဲ ဘယ္လိုပဲျဖစ္ျဖစ္ ငါဒီမွာပဲအၿမဲေနျဖစ္ေတာ့မွာကို"

သူ႕စကားေၾကာင့္ မမနိုင္ေလသံကမဆိုသေလာက္ေလး မာလာသည္

"နင္သူတို႔ကိုထမင္းဟင္းခ်က္ေပးနိုင္လား အေယာက္ႏွစ္ဆယ္ေက်ာ္ရဲ႕အဝတ္အစားေတြကို တစ္ေန႕ႏွစ္ျပန္ေလာက္ေလွ်ာ္ေပးနိုင္လား အငယ္ဆုံးေလးက ေရွ႕လမွသုံးႏွစ္ျပည့္မွာ ေသးခ်ီးကအစလုပ္ေပးေနရတာကို နင္ကအကုန္လုံးလိုက္လုပ္ေပးနိုင္မွာလား "

နေအဂ္ဂါကတစ်ခုခုပြောဖို့ ပါးစပ္ဟ႐ုံရွိေသး မမနိုင္ကသူဘာေျပာမွာကိုသိေနတဲ့အလား ေဒါသတႀကီးလွမ္းေဟာက္သည္

"ဘာလဲ နင္ကလူငွားဖို႔စဥ္းစားေနတာလား နင္အဲ့ေလာက္ေတာင္ပိုက္ဆံခ်မ္းသာေနရင္လည္းနင့္ကိုယ္နင္ဘယ္အေျခအေနေရာက္ေနၿပီလဲဆိုတာျပန္ၾကည့္ဖို႔မေမ့နဲ႕ ဒီလိုပုံစံနဲ႕နင္စုေဆာင္းထားတဲ့ပိုက္ဆံေတြ တစ္ႏွစ္ေတာင္ခံပါ့မလား "

"မမနိုင္ နင္ငါ့ကိုအထင္ေသးလိုက္တာ ဘယ္လိုပဲျဖစ္ျဖစ္ ဒီကေလးေတြရဲ႕အနာဂတ္အတြက္ေတာ့ ငါအာမခံနိုင္ပါတယ္ သူ႕တို႔ေက်ာင္းၿပီးတဲ့အထိေတာ့ ငါ့ပိုက္ဆံေတြကလိုတာထက္ပိုတယ္"

"နင္ခ်မ္းသာတာကိုငါသိပါတယ္ ဒါေပမဲ့ ေရွ႕ဆက္ရမဲ့နင့္အနာဂါတ္ကရွိေသးတယ္ေလ နင့္ဘဝကို ဒီကေလးေတြအတြက္ပဲကုန္ဆုံးမေနသင့္ဘူး"

"နင့္အနာဂတ္ကို နင္ဘယ္လိုဆက္လုပ္ဖို႔စဥ္းစားထားလဲ နင့္ပိုက္ဆံေတြလည္းမလိုခ်င္ဘူး ဒီကေလးေတြကို နင္တစ္ေယာက္ထဲေထာက္ပံ့မယ္ဆိုတဲ့အတၱစိတ္ႀကီးကိုဖယ္လိုက္ေတာ့ နင့္ပုခုံးေတြအရမ္းေလးလံေနၿပီ ဘယ္လိုပဲျဖစ္ျဖစ္ အေဝးေရာက္ေနတဲ့ေမာင္ႏွမေတြကိုဆက္သြယ္ၿပီးေတာ့ တစ္ခုခုလုပ္မွရမယ္ နင္မ်က္ရည္က်ၿပီးမွရတဲ့ပိုက္ဆံေတြကိုငါတို႔မစားရက္ဘူး ေမေမႏုလဲငါနဲ႕သေဘာထားအတူတူပဲ နင့္သတင္းကိုၾကားတဲ့ေန႕ကေမေမႏုဘယ္ေလာက္ေတာင္ငိုေနလဲဆိုတာ နင္သိလား"

မမနိုင္က သူ႕ေက်ာကို တဗုန္းဗုန္းထုရင္း ငိုပါေလေရာမမနိုင္ကိုလက္ထက္ဖို႔ေျပာတဲ့ကိစၥကေန သူ့ပြဿနာဆီမြှားဦးလှည့်လာလိမ့်မယ်လို့နေအဂ္ဂါထင်မထားမိခဲ့ဘူး။

"မမနိုင္....ငါေျပာေနတာက နင္လက္ထပ္ဖို႔ေနာ္ နင့္ဘဝႀကီးကိုလည္း ဒီေနရာမွာျမႇပ္ႏွံထားဖို႔မစဥ္းစားနဲ႕ နင္စိတ္ပူေနတဲ့အရာကိုငါသိတယ္ ကေလးေတြကိုနင့္လိုမ်ိဴးေစတနာအျပည့္ထားၿပီး အစစအရာရာလိုက္လုပ္ေပးနိုင္တဲ့သူမ်ိဴးကိုပဲငါရွာမွာ ေမေမႏုလည္းအသက္ႀကီးၿပီဆိုေတာ့ စားဖိုေဆာင္ဝင္တာေတြမလုပ္ခိုင္းသင့္ေတာ့ဘူး ထမင္းဟင္းခ်က္ဖို႔နဲ႕ ကေလးေတြေဝယ်ာဝဇၨအတြက္  ငါလူသုံးေယာက္ေလာက္ထပ္ငွားမယ္ အဲ့လိုဆို နင္စိတ္ခ်ၿပီလား"

မမနိုင္ကေတာ့ မ်က္ရည္ေတြဘူးသီးလုံးေလာက္က်ၿပီးဘာမွမေျပာပဲ ေဂဟာတဲ့ျပန္ဝင္သြားတာပဲ။ သူကေတာ့ဒီညအိပ္နိုင္ေတာ့မယ္မထင္ပါဘူး။

မမနိုင္ကသူ႕ပိုက္ဆံေတြကိုမလိုခ်င္ဘူးလို႔ေျပာတဲ့အခ်ိန္ သူ႕ရင္ဘတ္ထဲ ဝမ္းနည္းျခင္းတစ္မ်ိဴးက လွိုက္တက္လာၿပီး သူ႕ကိုယ္သူအသုံးမက်တဲ့ေကာင္လို႔ခံစားရေစတယ္ ဟုတ္ပါတယ္ တကယ္လဲသူကအသုံးမက်တဲ့ေကာင္ သ႐ုပ္ေဆာင္တာကလြဲၿပီးဘာတစ္ခုမွျဖစ္ျဖစ္ေျမာက္ေျမာက္လုပ္တက္တာမရွိဘူး ဒီအေတာအတြင္းလဲ လာအပ္သမွ်အလုပ္ေတြကို ဇီဇာေၾကာင္ၿပီး အႏုပညာဂုဏ္ကေမာက္လိုက္ေသးတယ္ အဲ့ဒီ့အခ်ိန္တုန္းကသာ အလုပ္ကိုေ႐ြးခ်ယ္ၿပီးမလုပ္ခဲ့ရင္ သူအခုထက္ပိုခ်မ္းသာၿပီး မမနိုင္ဆီကအထင္ေသးတာကိုလည္း ခံရမွာမဟုတ္ဘူး။မမနိုင္ေျပာသလိုသာ တျခားေမာင္ႏွမေတြဆီကအကူအညီေတာင္းခံရရင္ သူ႕မ်က္ႏွာကိုဘယ္နားသြားထားရမလဲေတာင္ သူမေျပာတက္ဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ညီအစ္ကိုေတြထဲမွာ သူကအႀကီးဆုံး သူသာလွ်င္ဒီတာဝန္ေတြကို ထမ္းပိုးထားရတဲ့သူျဖစ္ခ်င္တယ္။ မမနိုင္ကလည္းေမာင္ႏွမေတြထဲအႀကီးဆုံးျဖစ္တာေၾကာင့္ စိတ္ရွိတိုင္းလြတ္လြတ္လပ္လပ္မပ်ံသန္းနိုင္ပဲ ဒီလိုေနရာမွာသူ႕ကိုယ္သူပိတ္ေလွာင္ထားခဲ့တာ ေမေမႏုကေတာ့ေျပာဖို႔ေတာင္မလိုဘူး ေမေမႏုမိဘေတြထားေပးခဲ့တဲ့အေမြေတြလဲ သူတို႔ကိုေကြၽးေမြးရတာနဲ႕တင္ ကုန္စင္သြားတာ ေနာက္ဆုံးေတာ့ ဒီအိမ္ႀကီးနဲ႕ဒီေတာအုပ္ႀကီးပဲက်န္ရစ္ခဲ့တယ္ ေဝးလံေခါင္သီတဲ့ေနရာျဖစ္လို႔ အလႉရွင္ေတြကလည္း အပင္ပန္းခံၿပီးမလာခ်င္ၾကဘူး။ ေမေမႏုသတ္တန္းရဲ႕သုံးပုံႏွစ္ပုံေလာက္က သူတို႔ေပၚမွာပဲျမႇပ္ႏွံထားတာေၾကာင့္ေမေမႏုလဲပင္ပန္းလွၿပီ။ဘယ္လိုပဲျဖစ္ျဖစ္  သူေကြၽးေမြးေစာက္ေရွာက္တဲ့ထဲမွာ ဒါကေနာက္ဆုံးအသုတ္ျဖစ္လို႔ ေကာင္းေကာင္းမြန္မြန္ေလးႀကီးျပင္းတာကိုျမင္ခ်င္မွာျဖစ္သလိုဒီကေလးေတြအတြက္ နေအဂ္ဂါရဲ့မျှော်မှန်းချက်ကလည်းကျယ်ပြန့်တယ် သူတို႔ပ်ံသန္းနိုင္သေလာက္ကို အစြမ္းကုန္အေတာင္ပံေတြတပ္ေပးလိုက္ခ်င္တာျဖစ္တယ္။
နေအဂ္ဂါလေးလံနေတဲ့ အလုံးႀကီးကို အသက္တစ္ရွိုက္ရႉထုတ္ရင္းေျဖရွင္းေပမဲ့ သူ႕စိတ္ေတြေလးလံေနတာက ေပ်ာက္မသြားတဲ့အျပင္ ကေလးေတြအတြက္ေရာ ညဏ္းဧကရာဇ္ေၾကာင့္ခံစားေနရတဲ့သူကိုယ္သူအတြက္ပါ ေတြးမိရင္း သူအိပ္မရေတာ့။ နေအဂ္ဂါကအဲ့ဒီ့နေရာမှာပဲ မိုးလင္းတဲ့အထိ ကုန္ဆုံးသြားၿပီး ကေလးေတြရဲ႕အိပ္ယာနိုးစဆူညံဆူညံအသံေလးေတြၾကားရေတာ့မွ သူ႕စိတ္ကနဂိုအတိုင္းျပန္လည္ၾကည္လင္သြားခဲ့တယ္ နိုးလာတာနဲ႕ ကိုႀကီးေန သြားတိုက္ေဆးဆိုတဲ့အသံစည္စည္ေလးေတြေၾကာင့္ အေျပးအလႊား ကန္နားသြားၿပီး သြားတိုက္ေဆးထည့္ေပးရတာက တစ္ေမွာင့္ အခုအခ်ိန္ထိ ရႉရႉးမေပါက္တက္ေသးတဲ့အငယ္ဆုံးေလးကိုလည္း ေျပးၿပီးရွရႉးတယ္ရေသး။ မမနိုင္နဲ႕ ေမေမႏုကေတာ့ မီးဖိုထဲမွာခ်က္ျပဳတ္ေနၿပီျဖစ္သည္။အရင္ဆို ဒီတာဝန္ကို မမနိုင္ယူရတာျဖစ္ေပမဲ့ သူေရာက္လာတာနဲ႕ ကလေးတွေကသူ့ဆီပဲပြေးကပ်ကြတာ။နေအဂ္ဂါ
ဗုံေလးေတြလိုစီေနတဲ့ ေခါင္းေလးေတြကို အလွည့္က်ေရခ်ိဴးေပးၿပီးတာနဲ႕ အခုခ်ိန္ထိ အိပ္ခ်င္မေျပေသးတဲ့ အငယ္ဆုံးေလးကို ေရဇလုံထဲပစ္ထည့္လိုက္တယ္ါ ေရေၾကာက္တဲ့ေပါက္စက မခ်ိဴးဘူးဆိုၿပီး အတင္း႐ုန္းကန္ပါေလေရာ

"သားေရမခ်ိဴးဘူး..ေအးတယ္...သား..ေအးတယ္လို႔ ကိုႀကီးေန"

ကေလးက ေရဇလုံထဲမွာ႐ုန္းကန္ၿပီး ေအာ္ငိုေနတာေၾကာင့္ ႏွာေခါင္းထိပ္ေလးေတြနီရဲေနၿပီး ေရစက္ေရေပါက္ေလးေတြက နေအဂ္ဂါကိုယ်ကိုလာစင်သည် နေအဂ္ဂါက အသဲယားစြာ နီရဲေနတဲ့ႏွာေခါင္းေလးကို လက္နဲ႕ဖ်စ္ရင္းေျပာလိုက္တယ္

"ေရခ်ိဴးၿပီးရင္ သားသားႀကိဳက္တဲ့ကြတ္ကီးေတြအမ်ားႀကီးေႂကြးမွာ "

ထိုအခါမွ ကေလးငယ္ကမ်က္ရည္ျပည့္ေနတဲ့မ်က္လုံး႐ြဲႀကီးေတြနဲ႕ သူ႕ကိုျပန္ၾကည့္ရင္းသူ ဆပ္ျပာတိုက္ေပးတာကိုတိတ္တိတ္ေလး ၿငိမ္ခံေနတယ္။

"ကိုကိုေတြနဲ႕ မမေတြေက်ာင္းသြားရင္ သားကိုေလယဥ္ပ်ံႀကီးၾကည့္ဖို႔ေခၚသြားေပးမယ္"

"တကယ္လား"

"တကယ္ေပါ့"

ေရခ်ိဴးလို႔ၿပီးတာနဲ႕ တပတ္တစ္ထည္နဲ႕ေပါက္စကိုယ္ကိုပတ္ၿပီး ပုခုံးေပၚထမ္းေခၚလာလိုက္တယ္ ဒါေတာင္ေပါက္စက မေက်နပ္ေသးပဲေျပာတာက

"တီတီကေလယဥ္ပ်ံႀကီးျပမယ္ဆိုၿပီး.....တကယ္လဲမျပဘူး..တီတီ့လိုမလိမ္ရဘူး"တဲ့ အဲ့စကားကိုၾကားၿပီး သူ႕မွာရယ္လိုက္ရတာ ဒါကေမေမႏုသူတို႔ငယ္ငယ္ကထည့္ခဲ့တဲ့ ဂ်င္းအႀကီးစားေတြပဲ။

Continue Reading

You'll Also Like

51.5K 3.9K 23
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
140K 24.1K 110
နဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသ...