CHEERLEADER (Completed)

By pinkasira

21.1K 1K 133

ကြၽန္​​ေတာ္​တို႔အားလံုးရဲ႕ဘဝမွာ ကိုယ့္အေပၚကိုခ်စ္ခင္နားလည္ေပးမယ့္တစ္စံုတစ္ေယာက္​ေလာက္ေတာ့ လိုအပ္​ၾကပါတယ္​... More

Intro
Characters
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep-28
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37
Hello!
Ep-38
Ep-39
Ep-40
Ep-42
Ep-43
Ep-44
Ep-45
Ep-46
Ep-47
Ep-48
Ep-49
Ep-50 (Final)
Special Thanks
Precious
အျပာေရာင္အခ်စ္ည (အပြာရောင်အချစ်ည)
LinNge's Parallel Universe [I]

Ep-41

206 14 6
By pinkasira

"သဲပံုေစတီပဲြလိုက္ပို႔ေပးမယ္လို႔ေဖေဖကတိေပးထားတယ္ေနာ္ ဟြန္႔ "

မနက္စာေကာ္ဖီဝိုင္းမွာပူဆာေနေသာေစာသီရိမေဟာ္၏အသံကတဆာဆာ။

"ေမေမမလိုက္ေတာ့ဘူးေနာ္ ေခါင္းမူးေနလို႔ "

"တအားမူးေနတာလား ကိုကိုနဲ႔လည္းေတြ႔မလို႔ဟာကို "

"မင္းအစ္ကိုကျဖင့္တစ္ႏွစ္ေနလို႔တစ္ေခါက္မလာဘဲနဲ႔ "

လြမ္းဆြတ္ဟန္တစြန္းတစျဖင့္ခနဲ႔လိုက္ပါေသာဦးသူရမေဟာ္ေၾကာင့္ ေဒၚျမတ္ေသာသီရိကသက္ျပင္းဖြဖြခ်၏။

"လုပ္ငန္းခြင္ဝင္ေနရလို႔ပင္ပန္းေန႐ွာမွာေပါ့ "

"စီးပြားေရးယူၿပီးကိုယ့္လုပ္ငန္းမွာဝင္ကူရမွာကိုဘာမဟုတ္တဲ့ေက်ာင္းသြားတက္ကတည္းကမဟုတ္တာ "

"သူလည္းသူ႔လမ္းသူေလ်ွာက္ခ်င္မွာေပါ့ "

"ေဖေဖကလည္း သမီးဝင္ကူေနတာပဲကို "

ေစာသီရိမေဟာ္ကစီးပြားေရးႏွင့္ဘဲြ႔ယူၿပီး အိမ္စီးပြားေရးလုပ္ငန္းမ်ားတြင္ကူညီလုပ္ကိုင္ေပးေနၿပီျဖစ္သည္။

******

ညေန၄နာရီထိုးဖို႔၁၀မိနစ္အလိုတြင္ Anni surprise အတြက္အားလံုးျပင္ဆင္ၿပီးသြားၿပီျဖစ္သည္။ေ႐ွ႕ႏွစ္ေတြတုန္းကပိတ္ရက္ထပ္မက်တာေရာ၊႐ွင္း၏ duty ေတြေၾကာင့္ေရာ ေကာင္းေကာင္းမြန္မြန္မျဖတ္သန္းျဖစ္ဘဲၾကံဳသလိုသာၿပီးေျမာက္သြားရစျမဲမို႔ ဒီႏွစ္ထူးထူးျခားျခားေလး
ျဖစ္သြားေအာင္ျပင္ဆင္ထားျဖစ္ခဲ့ျခင္း။

ေဆးရံုဝင္းထဲျဖတ္ေလ်ွာက္ရင္း ႐ွင္းတာဝန္က်သည့္ ward သို႔ဦးတည္မိခ်ိန္ရင္ခုန္သံေႏြးေႏြးမ်ားကတဒိတ္ဒိတ္ခုန္လႈပ္ေနခဲ့လ်က္။႐ွင္း၏အံ့ဩဟန္အျပည့္ႏွင့္ေပ်ာ္ရႊင္သြားမည့္ပံုရိပ္ေလးကိုႀကိဳစိတ္ကူးယဥ္ရင္း
ႏႈတ္ခမ္းမ်ားကပါအေတြးႏွင့္ထပ္တူက်စြာလိုက္ျပံဳးေနမိသည္။

ward ထဲဝင္လိုက္သည္ႏွင့္မစိမ္းသက္ေသာေဆးရန့ံမ်ားကႏွာေခါင္းဖ်ားသို႔အလုအယက္တိုးဝင္လာသည္။ခုတင္မ်ားကိုျဖတ္ေက်ာ္လာၿပီး ရင္းႏွီးသည့္ပံုရိပ္ေလးကိုေဝ့ဝဲအကဲခတ္ရင္း႐ွာမိေတာ့ ေဟာ...ေတြ႔ပါၿပီ။
နားၾကပ္ႏွင့္လူနာအဘြားတစ္ေယာက္ကိုစမ္းရင္းငံု႔ကိုင္း
ေနပါသည့္ခနၶာေလး။တျဖည္းျဖည္းခ်င္းအနားသို႔တိုးကပ္
သြားသည့္တိုင္မရိပ္မိပါဘဲလူနာထံသို႔ေမးျမန္းေျပာဆိုေနသည့္အသံေလးအားၾကားလိုက္ရသည္။

"ေမာေနတာလား ဘယ္လိုခံစားေနရတာလဲ "

ႏူးညံ့သိမ္ေမြ႔ပါသည့္မ်က္ႏွာထားသည္မည္မ်ွပင္ပန္းေနပါေစလူနာထံသို႔လွစ္လွပ္ျပသေနခဲ့လ်က္။မ်က္ႏွာျမင္ရံုျဖင့္ေရာဂါတစ္ဝက္မကသက္သာသြားေလာက္ေအာင္အထိ
စြမ္းပါသည္။

"ခဏေန ေဒါက္တာလာၾကည့္မွာမို႔ သက္ေတာင့္သက္သာေလးေနေနာ္ အဆင္ေျပသြားမွာ စိတ္ကိုၿငိမ္ၿငိမ္ေလးထားၿပီးအသက္ကိုျဖည္းျဖည္းခ်င္း႐ွဴ လိုက္ပါ
ကြၽန္ေတာ္လည္းႏွလံုးအားနည္းသမားမို႔အဲ့လိုျဖစ္ဖူးတယ္
ဒီလိုေလးဆိုသက္သာသြားမွာ "

လူနာအဘြားကိုေခ်ာ့ျမဴ ေနဟန္က ကိုယ္ပါလိုက္၍အသက္ကိုျဖည္းျဖည္းခ်င္း႐ွဴ သြင္း၊႐ွဴ ထုတ္လုပ္မိသည္အထိ သူ၏စကားကိုၾကားရသူတိုင္းအားလိုက္နာေစသည္။
ငံု႔ကိုင္းေနရာမွလွည့္ရပ္လိုက္ခ်ိန္တြင္ကြၽန္ေတာ့္ကိုျမင္၍
မ်က္ဝန္းညိဳေလးကအနည္းငယ္ဧရိယာက်ယ္သြားသည္။

"မင္းဘယ္လိုလုပ္ဒီထိေရာက္လာတာလဲ "

"မင္းကိုလာႀကိဳတာ "

"ခဏ လက္မွတ္ထိုးရဦးမွာမို႔ "

"အင္း ကိုယ္ေစာင့္ေနမယ္ "

ႏွစ္ေယာက္သားပင္မေဆာင္ႀကီးကေနေဆးရံုဝင္းထဲသို႔အတူေလ်ွာက္ၾကရင္းေႏြေလညင္းမ်ား၏တသိမ့္သိမ့့္က်ီစယ္တိုးေဝွ့ျခင္းကိုခံၾကရသည္။

"ဟုတ္သား...ဒီေန႔ကသဲပံုေစတီပဲြေန႔ေနာ္ "

ေဆးရံုဝင္းအျပင္ဘက္မွဆိုင္ကယ္သံတဝူးဝူးကိုၾကား၍
႐ွင္းကသတိရသြားပံုပါပင္။ပဲြေတာ္ေန႔ရက္ေၾကာင့္ကမ္းေျခ
သို႔သြားေရာက္ကာသဲပံုေစတီပူေဇာ္စည္းကပ္သူမ်ားကလမ္းမထက္တြင္သြားသူ၊လာသူႏွင့္ညံေနေလသည္။

"လြန္ခဲ့တဲ့၇ႏွစ္ကဒီေန႔၊ဒီလိုညေနေစာင္းအခ်ိန္ ပင္လယ္ကမ္းစပ္ေတြကိုေငးရင္းမင္းဆီကမေရမရာစကားေလးတစ္ခြန္းကိုလက္ခံခဲ့ရတယ္ေလ "

"တကယ္ကိုမေရရာတဲ့အေျဖရခဲ့တာပဲမင္းက "

အနည္းငယ္ရယ္ခ်င္ေနဟန္ျဖင့္႐ွင္းကေျပာလာေလသည္။
သူ၏ပခံုးကိုတြန္းတိုက္လိုက္ရင္းသူ႔စကားကိုဆက္မိသည္။

"မင္းလူလည္က်တာကိုခံခဲ့ရတဲ့ေန႔ေပါ့ "

"ဟြန္း...လူလည္က်တာမဟုတ္ပါဘူး မေရရာဘူးဆ္ုိေပမယ့္အဲ့ဒါကလည္းအေျဖပဲဟာကို "

"တကယ္ေတာ့အဲေန႔က ကိုယ္တကယ္ေပ်ာ္သြားခဲ့တာ "

ေလ်ွာက္ေနရင္းမွ႐ွင္းကကြၽန္ေတာ့္အားလွည့္၍ေငးလာ
သည္။သူ၏မ်က္ဝန္းမ်ားသည္ရႊန္းစိုေနသည္မွာေမတၱာရည္တို႔ျပည့္ႏွက္ေနသည့္အလား..။

"မင္းဒီလိုလြယ္လြယ္လက္ခံေပးမယ္မထင္ဘူးေပါ့
မင္းကလြယ္တယ္လို႔ေျပာတာမဟုတ္ရပါဘူး
ကိုယ္ကဒီတိုင္း ဒီတိုင္း အရမ္းေပ်ာ္သြားလို႔ေလ
အဲ့ဒီမေရရာမႈကိုဖမ္းဆုပ္ရင္း႐ူးသြပ္မတတ္ေပ်ာ္ခဲ့တာ "

႐ွင္း၏မ်က္ႏွာေလးကိုလွည့္ေငးမိေတာ့ အတန္ငယ္ေဝဝါး
ေနပါသလို..ဒါမွမဟုတ္ ကြၽန္ေတာ့္မ်က္ဝန္းမ်ားကပဲ
ေငြ႔ရည္ဖဲြ႔ေနခဲ့ျခင္းေပလား။

"မင္းသိလား...မင္းကခ်စ္တယ္လို႔ေျပာလာတဲ့အခါတိုင္း
ဒီထက္ပို႐ူးမသြားဖို႔ႀကိတ္ဆုေတာင္းရင္း အေပ်ာ္လြန္ေနတဲ့ဦးေႏွာက္နဲ႔ႏွလံုးသားေလးကို ခနၶာနဲ႔ျမဲဖို႔ကိုယ့္မွာေတာ္ေတာ္ေလးကိုႀကိဳးစားပမ္းစားနဲ႔တင္းေနေအာင္ခ်ည္ထားရတယ္ဆိုတာေလ သိရဲ႕လား ႐ွင္းေလးရဲ႕ "

႐ုတ္တရက္ပါးျပင္ရိွရာလွမ္းလာေသာ႐ွင္း၏လက္ေလးတစ္ဖက္..ထို႔ေနာက္အုပ္ကိုင္လိုက္ပါေသာေႏြးေထြးမႈေလးတစ္ခု...ျမတ္ႏိုးလိုက္ရတာေလ။

"ငါသိပါတယ္ ခံစားမိတယ္မင္းရဲ႕အခ်စ္ေတြကို "

ထိေတြ႔ေနပါသည္။ထို႔ေနာက္ထပ္၍ထိေတြ႔ေနဆဲပင္။
သူ၏လက္မႏွင့္တဖြဖြထိေတြ႔ေရြ႔လ်ားရင္းကြၽန္ေတာ့္မ်က္ႏွာကိုသေဘာရိွကိုင္တြယ္ေနေလသည္။

ဒီေႏြးေထြးမႈေလးကို ခံုမင္လိုက္တာ။

"ခ်စ္တယ္၊ျမတ္ႏိုးတယ္ဆိုတာထက္ပိုေလးနက္တဲ့စကားရိွရင္အဲ့စကားလံုးနဲ႔မင္းကထိုက္တန္လြန္းတယ္ဆိုတာမင္းကိုေျပာျပခ်င္တယ္ မင္းေရာသိလား မေဟာ္ ငါကလည္းမင္းကိုဘယ္သူမွမျမင္ႏိုင္ေလာက္မယ့္ေနရာမွာဖြက္ၿပီးသိမ္းထားခ်င္မိတာေလ သဝန္တိုရတာဘယ္ေလာက္ပင္ပန္းမွန္းသိတယ္မလား လူဆိုးေကာင္ရဲ႕ ဟမ္ "

လူ႐ွင္းပါေသာဤအပင္ရိပ္ကေလးေအာက္တြင္ ျမတ္ႏိုးရေသာအႏွီလူသားကေလးအားခပ္တင္းတင္းပင္ေပြ႔ဖက္လိုက္မိပါေတာ့၏။
ခါးဆီသို႔ရစ္တြယ္လာပါေသာသူ၏လက္ႏွစ္ဖက္ေၾကာင့္ပင္သူ၏ေက်ာျပင္ငယ္ကိုထပ္၍ထပ္၍တင္းၾကပ္စြာေပြ႔ဖက္လိုက္မိ၏။ဤလူသားငယ္အားေပြ႔ဖက္မိသည့္အခါတိုင္းလြတ္ထြက္သြားမည္ကိုစိုးလွစြာ၊အားမရလြန္းစြာ၊ျမတ္ႏိုးလြန္းစြာျဖင့္ တင္းၾကပ္ေနမႈအားမေျပေလ်ာ့ေစႏိုင္ေတာ့။

"ျမတ္မင္းမေဟာ္ မင္းဒါဘာလုပ္ေနတာလဲ "

မိုးၿခိမ္းသံႏွယ္က်ယ္ေလာင္လြန္းသည့္ေဒါသတို႔ဆူပြက္လ်ွ့ံက်ေနပါသည့္အသံတစ္ရပ္ေၾကာင့္ ႐ွင္း၏ကိုယ္ေလးသည္ပင္အနည္းငယ္တုန္ခါသြားသေယာင္။
႐ွင္း၏ပခံုးသားမ်ားထံေမးတင္ေနရာမွေမာ့ၾကည့္လိုက္ေတာ့ ေဖေဖႏွင့္ညီမေလးကိုေတြ႔လိုက္ရသည္။

႐ွင္းကရင္ခြင္ထဲမွထြက္ကာေနာက္လွည့္ၾကည့္္လိုက္ေလ
သည္။သူသည္ကားအံ့ဩမႈျဖင့္မေဟာ့္ကိုသမင္လည္ျပန္ေမာ့ေငးရင္းအနည္းငယ္ထိတ္လန္႔လ်က္။

"မင္း...မင္း..ဒီလို..အ႐ွက္မရိွတဲ့ေကာင္ "

အေ႐ွ႕သို႔ဝ႐ုန္းသုန္းကားတိုးကာျဖင့္ မေဟာ္၏မ်က္ႏွာဆီက်ေရာက္သြားပါေသာလက္သီးတစ္ခ်က္။မေဟာ့္ကိုယ္သည္တစ္ခ်က္ယိုင္သြားသည္။႐ွင္းကသူ၏လက္ေမာင္းကိုဆုပ္ကိုင္ရင္းမ်က္ႏွာမေကာင္း႐ွာ..ထို႔ေနာက္မေဟာ့္ေ႐ွ႕မွကာစီးရင္းစကားဆိုလိုက္ေပသည္။

"မေဟာ့္ကိုဘာမွမလုပ္ပါနဲ႔ ကြၽန္ေတာ့္ေပၚကိုသာေဒါသပံုခ်ခ်င္ရင္ပံုခ်လိုက္ပါ "

ဦးသူရမေဟာ္သည္အႀကီးအက်ယ္စိတ္ဆိုးလ်က္၊အ႐ွက္ရသည့္ခံစားခ်က္ႀကီးတစ္ရပ္ကလည္းဦးေႏွာက္ထဲသို႔တရိပ္ရိပ္တိုးဝင္ေနသည္။

မေဟာ္ကသူ႔ေ႐ွတြင္ကာကြယ္ကာရပ္ေပးေနေသာ႐ွင္း၏လက္ကိုဆဲြယူရင္းသူ၏ေနာက္သို႔ပို႔လိုက္ေလသည္။

"ဘာကမ်ားအ႐ွက္မရိွျဖစ္သြားရတာလဲ ဘာမွားေနလို႔လဲ
ေဖေဖ "

ဦးသူရမေဟာ္သည္မ်က္ႏွာတစ္ခုလံုးနီရဲေနခဲ့ၿပီျဖစ္လ်က္။

"မင္းတို႔လူျမင္ကြင္းမွာဘာလုပ္ေနၾကတာလဲ ဟမ္
ေယာက်္ားအခ်င္းခ်င္းမ႐ွက္ၾကဘူးလား သိကၡာဆ္ိုတဲ့စကားလံုးကိုေရာသိၾကေသးရဲ႕လား "

စကားႏွင့္အတူမေဟာ့္ေနာက္မွ႐ွင္းအားရြံ႐ွာသလို၊မသတီသလိုအၾကည့္္္္ျဖင့္ၾကည့္လိုက္ေသးသည္။
မေဟာ္ကထိုအၾကည့္ကိုျမင္သည္ႏွင့္

"ကြၽန္ေတာ့္ကိုႀကိဳက္သလိုလုပ္ပါ သူ႔ကိုေတာ့အဲ့လိုအၾကည့္မ်ိဳးနဲ႔မၾကည့္ပါနဲ႔ "

"ဒီေကာင္..."

တစ္ဖန္ျပန္လည္ကာေ႐ွ႕တိုးလိုက္ေသာဦးသူရမေဟာ္ေၾကာင့္ သူ႔အစ္ကိုထိခိုက္မည္စိုးသည့္ဟန္ ေစာသီရိမေဟာ္သည္ ဖခင္ျဖစ္သူ၏ခါးကိုခပ္တင္းတင္းဖက္ရင္းဆဲြတားေလ၏။

"ေဖရယ္ ကိုကို႔ကိုထပ္ၿပီးမ႐ိုက္ပါနဲ႔ေတာ့ သမီးေတာင္းပန္ပါတယ္ ထပ္မ႐ိုက္ပါနဲ႔ေတာ့ေနာ္ "

မ်က္ရည္မ်ားတသြင္သြင္စီးက်ကာျဖင့္ဖခင္ကိုအတင္းဆဲြဖက္ကာအစ္ကိုျဖစ္သူမထိခိုက္ဖို႔အေရးတားဆီးေနေသာ
သူမ။

ဘုန္း! !

ေနာက္ေက်ာဖက္မွၿပိဳလဲက်သြားသည့္အသံႏွင့္အတူဆုပ္ကိုင္ထားပါသည့္လက္ေကာက္ဝတ္ေလး၏ေျပေလ်ာ့သြားမႈ။စိုးရိမ္တႀကီးျဖင့္လွည့္ေငးလိုက္ေတာ့ေျမျပင္ေပၚေခြလဲေနသည့္ ႐ွင္း...မ်က္ဝန္းအစံုကအတိပိတ္လ်က္။

ကမၻာႀကီးတစ္ခုလံုးပတ္ခ်ာလည္သြားပါသလို၊ေျမျပင္ေပၚေခြလဲက်ေနသူကိုေပြ႔ယူကာသူ၏ေမးဖ်ားေလးကိုဆဲြယူလႈပ္ခါၿပီးေခၚငင္ေတာ့အသံတစ္စံုတစ္ရာလွစ္ဟလာျခင္းနတၳိ။

"႐ွင္း....႐ွင္း....႐ွင္း..."

မ်က္ေတာင္႐ွည္မ်ားကာရံထားေသာမ်က္ဝန္းညိဳမ်ားမွာ
ဖြင့္လွစ္လာျခင္းမရိွ...ပကတိၿငိမ္သက္ေနပါလ်က္။



TBC. . .

သြားၿပီ သြားၿပီ  သြားၿပီ
မေဟာ္စံအိမ္ကိုလက္တို႔လိုက္တာဘယ္သူလဲ
ဘယ္သူ႔လက္ခ်က္လဲလို႔!
ဒို႔ေတာ့တိတ္တိတ္ကေလးငိုေနၿပီ...အီးဟီးဟီး



UNICODE


"သဲပုံစေတီပွဲလိုက်ပို့ပေးမယ်လို့ဖေဖေကတိပေးထားတယ်နော် ဟွန့် "

မနက်စာကော်ဖီဝိုင်းမှာပူဆာနေသောစောသီရိမဟော်၏အသံကတဆာဆာ။

"မေမေမလိုက်တော့ဘူးနော် ခေါင်းမူးနေလို့ "

"တအားမူးနေတာလား ကိုကိုနဲ့လည်းတွေ့မလို့ဟာကို "

"မင်းအစ်ကိုကဖြင့်တစ်နှစ်နေလို့တစ်ခေါက်မလာဘဲနဲ့ "

လွမ်းဆွတ်ဟန်တစွန်းတစဖြင့်ခနဲ့လိုက်ပါသောဦးသူရမဟော်ကြောင့် ဒေါ်မြတ်သောသီရိကသက်ပြင်းဖွဖွချ၏။

"လုပ်ငန်းခွင်ဝင်နေရလို့ပင်ပန်းနေရှာမှာပေါ့ "

"စီးပွားရေးယူပြီးကိုယ့်လုပ်ငန်းမှာဝင်ကူရမှာကိုဘာမဟုတ်တဲ့ကျောင်းသွားတက်ကတည်းကမဟုတ်တာ "

"သူလည်းသူ့လမ်းသူလျှောက်ချင်မှာပေါ့ "

"ဖေဖေကလည်း သမီးဝင်ကူနေတာပဲကို "

စောသီရိမဟော်ကစီးပွားရေးနှင့်ဘွဲ့ယူပြီး အိမ်စီးပွားရေးလုပ်ငန်းများတွင်ကူညီလုပ်ကိုင်ပေးနေပြီဖြစ်သည်။

******

ညနေ၄နာရီထိုးဖို့၁၀မိနစ်အလိုတွင် Anni surprise အတွက်အားလုံးပြင်ဆင်ပြီးသွားပြီဖြစ်သည်။ရှေ့နှစ်တွေတုန်းကပိတ်ရက်ထပ်မကျတာရော၊ရှင်း၏ duty တွေကြောင့်ရော ကောင်းကောင်းမွန်မွန်မဖြတ်သန်းဖြစ်ဘဲကြုံသလိုသာပြီးမြောက်သွားရစမြဲမို့ ဒီနှစ်ထူးထူးခြားခြားလေး
ဖြစ်သွားအောင်ပြင်ဆင်ထားဖြစ်ခဲ့ခြင်း။

ဆေးရုံဝင်းထဲဖြတ်လျှောက်ရင်း ရှင်းတာဝန်ကျသည့် ward သို့ဦးတည်မိချိန်ရင်ခုန်သံနွေးနွေးများကတဒိတ်ဒိတ်ခုန်လှုပ်နေခဲ့လျက်။ရှင်း၏အံ့ဩဟန်အပြည့်နှင့်ပျော်ရွှင်သွားမည့်ပုံရိပ်လေးကိုကြိုစိတ်ကူးယဉ်ရင်း
နှုတ်ခမ်းများကပါအတွေးနှင့်ထပ်တူကျစွာလိုက်ပြုံးနေမိသည်။

ward ထဲဝင်လိုက်သည်နှင့်မစိမ်းသက်သောဆေးရန့ံများကနှာခေါင်းဖျားသို့အလုအယက်တိုးဝင်လာသည်။ခုတင်များကိုဖြတ်ကျော်လာပြီး ရင်းနှီးသည့်ပုံရိပ်လေးကိုဝေ့ဝဲအကဲခတ်ရင်းရှာမိတော့ ဟော...တွေ့ပါပြီ။
နားကြပ်နှင့်လူနာအဘွားတစ်ယောက်ကိုစမ်းရင်းငုံ့ကိုင်း
နေပါသည့်ခန္ဓာလေး။တဖြည်းဖြည်းချင်းအနားသို့တိုးကပ်
သွားသည့်တိုင်မရိပ်မိပါဘဲလူနာထံသို့မေးမြန်းပြောဆိုနေသည့်အသံလေးအားကြားလိုက်ရသည်။

"မောနေတာလား ဘယ်လိုခံစားနေရတာလဲ "

နူးညံ့သိမ်မွေ့ပါသည့်မျက်နှာထားသည်မည်မျှပင်ပန်းနေပါစေလူနာထံသို့လှစ်လှပ်ပြသနေခဲ့လျက်။မျက်နှာမြင်ရုံဖြင့်ရောဂါတစ်ဝက်မကသက်သာသွားလောက်အောင်အထိ
စွမ်းပါသည်။

"ခဏနေ ဒေါက်တာလာကြည့်မှာမို့ သက်တောင့်သက်သာလေးနေနော် အဆင်ပြေသွားမှာ စိတ်ကိုငြိမ်ငြိမ်လေးထားပြီးအသက်ကိုဖြည်းဖြည်းချင်းရှူ လိုက်ပါ
ကျွန်တော်လည်းနှလုံးအားနည်းသမားမို့အဲ့လိုဖြစ်ဖူးတယ်
ဒီလိုလေးဆိုသက်သာသွားမှာ "

လူနာအဘွားကိုချော့မြူ နေဟန်က ကိုယ်ပါလိုက်၍အသက်ကိုဖြည်းဖြည်းချင်းရှူ သွင်း၊ရှူ ထုတ်လုပ်မိသည်အထိ သူ၏စကားကိုကြားရသူတိုင်းအားလိုက်နာစေသည်။
ငုံ့ကိုင်းနေရာမှလှည့်ရပ်လိုက်ချိန်တွင်ကျွန်တော့်ကိုမြင်၍
မျက်ဝန်းညိုလေးကအနည်းငယ်ဧရိယာကျယ်သွားသည်။

"မင်းဘယ်လိုလုပ်ဒီထိရောက်လာတာလဲ "

"မင်းကိုလာကြိုတာ "

"ခဏ လက်မှတ်ထိုးရဦးမှာမို့ "

"အင်း ကိုယ်စောင့်နေမယ် "

နှစ်ယောက်သားပင်မဆောင်ကြီးကနေဆေးရုံဝင်းထဲသို့အတူလျှောက်ကြရင်းနွေလေညင်းများ၏တသိမ့်သိမ့့်ကျီစယ်တိုးဝှေ့ခြင်းကိုခံကြရသည်။

"ဟုတ်သား...ဒီနေ့ကသဲပုံစေတီပွဲနေ့နော် "

ဆေးရုံဝင်းအပြင်ဘက်မှဆိုင်ကယ်သံတဝူးဝူးကိုကြား၍
ရှင်းကသတိရသွားပုံပါပင်။ပွဲတော်နေ့ရက်ကြောင့်ကမ်းခြေ
သို့သွားရောက်ကာသဲပုံစေတီပူဇော်စည်းကပ်သူများကလမ်းမထက်တွင်သွားသူ၊လာသူနှင့်ညံနေလေသည်။

"လွန်ခဲ့တဲ့၇နှစ်ကဒီနေ့၊ဒီလိုညနေစောင်းအချိန် ပင်လယ်ကမ်းစပ်တွေကိုငေးရင်းမင်းဆီကမရေမရာစကားလေးတစ်ခွန်းကိုလက်ခံခဲ့ရတယ်လေ "

"တကယ်ကိုမရေရာတဲ့အဖြေရခဲ့တာပဲမင်းက "

အနည်းငယ်ရယ်ချင်နေဟန်ဖြင့်ရှင်းကပြောလာလေသည်။
သူ၏ပခုံးကိုတွန်းတိုက်လိုက်ရင်းသူ့စကားကိုဆက်မိသည်။

"မင်းလူလည်ကျတာကိုခံခဲ့ရတဲ့နေ့ပေါ့ "

"ဟွန်း...လူလည်ကျတာမဟုတ်ပါဘူး မရေရာဘူးဆ်ိုပေမယ့်အဲ့ဒါကလည်းအဖြေပဲဟာကို "

"တကယ်တော့အဲနေ့က ကိုယ်တကယ်ပျော်သွားခဲ့တာ "

လျှောက်နေရင်းမှရှင်းကကျွန်တော့်အားလှည့်၍ငေးလာ
သည်။သူ၏မျက်ဝန်းများသည်ရွှန်းစိုနေသည်မှာမေတ္တာရည်တို့ပြည့်နှက်နေသည့်အလား..။

"မင်းဒီလိုလွယ်လွယ်လက်ခံပေးမယ်မထင်ဘူးပေါ့
မင်းကလွယ်တယ်လို့ပြောတာမဟုတ်ရပါဘူး
ကိုယ်ကဒီတိုင်း ဒီတိုင်း အရမ်းပျော်သွားလို့လေ
အဲ့ဒီမရေရာမှုကိုဖမ်းဆုပ်ရင်းရူးသွပ်မတတ်ပျော်ခဲ့တာ "

ရှင်း၏မျက်နှာလေးကိုလှည့်ငေးမိတော့ အတန်ငယ်ဝေဝါး
နေပါသလို..ဒါမှမဟုတ် ကျွန်တော့်မျက်ဝန်းများကပဲ
ငွေ့ရည်ဖွဲ့နေခဲ့ခြင်းပေလား။

"မင်းသိလား...မင်းကချစ်တယ်လို့ပြောလာတဲ့အခါတိုင်း
ဒီထက်ပိုရူးမသွားဖို့ကြိတ်ဆုတောင်းရင်း အပျော်လွန်နေတဲ့ဦးနှောက်နဲ့နှလုံးသားလေးကို ခန္ဓာနဲ့မြဲဖို့ကိုယ့်မှာတော်တော်လေးကိုကြိုးစားပမ်းစားနဲ့တင်းနေအောင်ချည်ထားရတယ်ဆိုတာလေ သိရဲ့လား ရှင်းလေးရဲ့ "

ရုတ်တရက်ပါးပြင်ရှိရာလှမ်းလာသောရှင်း၏လက်လေးတစ်ဖက်..ထို့နောက်အုပ်ကိုင်လိုက်ပါသောနွေးထွေးမှုလေးတစ်ခု...မြတ်နိုးလိုက်ရတာလေ။

"ငါသိပါတယ် ခံစားမိတယ်မင်းရဲ့အချစ်တွေကို "

ထိတွေ့နေပါသည်။ထို့နောက်ထပ်၍ထိတွေ့နေဆဲပင်။
သူ၏လက်မနှင့်တဖွဖွထိတွေ့ရွေ့လျားရင်းကျွန်တော့်မျက်နှာကိုသဘောရှိကိုင်တွယ်နေလေသည်။

ဒီနွေးထွေးမှုလေးကို ခုံမင်လိုက်တာ။

"ချစ်တယ်၊မြတ်နိုးတယ်ဆိုတာထက်ပိုလေးနက်တဲ့စကားရှိရင်အဲ့စကားလုံးနဲ့မင်းကထိုက်တန်လွန်းတယ်ဆိုတာမင်းကိုပြောပြချင်တယ် မင်းရောသိလား မဟော် ငါကလည်းမင်းကိုဘယ်သူမှမမြင်နိုင်လောက်မယ့်နေရာမှာဖွက်ပြီးသိမ်းထားချင်မိတာလေ သဝန်တိုရတာဘယ်လောက်ပင်ပန်းမှန်းသိတယ်မလား လူဆိုးကောင်ရဲ့ ဟမ် "

လူရှင်းပါသောဤအပင်ရိပ်ကလေးအောက်တွင် မြတ်နိုးရသောအနှီလူသားကလေးအားခပ်တင်းတင်းပင်ပွေ့ဖက်လိုက်မိပါတော့၏။
ခါးဆီသို့ရစ်တွယ်လာပါသောသူ၏လက်နှစ်ဖက်ကြောင့်ပင်သူ၏ကျောပြင်ငယ်ကိုထပ်၍ထပ်၍တင်းကြပ်စွာပွေ့ဖက်လိုက်မိ၏။ဤလူသားငယ်အားပွေ့ဖက်မိသည့်အခါတိုင်းလွတ်ထွက်သွားမည်ကိုစိုးလှစွာ၊အားမရလွန်းစွာ၊မြတ်နိုးလွန်းစွာဖြင့် တင်းကြပ်နေမှုအားမပြေလျော့စေနိုင်တော့။

"မြတ်မင်းမဟော် မင်းဒါဘာလုပ်နေတာလဲ "

မိုးခြိမ်းသံနှယ်ကျယ်လောင်လွန်းသည့်ဒေါသတို့ဆူပွက်လျ့ှံကျနေပါသည့်အသံတစ်ရပ်ကြောင့် ရှင်း၏ကိုယ်လေးသည်ပင်အနည်းငယ်တုန်ခါသွားသယောင်။
ရှင်း၏ပခုံးသားများထံမေးတင်နေရာမှမော့ကြည့်လိုက်တော့ ဖေဖေနှင့်ညီမလေးကိုတွေ့လိုက်ရသည်။

ရှင်းကရင်ခွင်ထဲမှထွက်ကာနောက်လှည့်ကြည့််လိုက်လေ
သည်။သူသည်ကားအံ့ဩမှုဖြင့်မဟော့်ကိုသမင်လည်ပြန်မော့ငေးရင်းအနည်းငယ်ထိတ်လန့်လျက်။

"မင်း...မင်း..ဒီလို..အရှက်မရှိတဲ့ကောင် "

အရှေ့သို့ဝရုန်းသုန်းကားတိုးကာဖြင့် မဟော်၏မျက်နှာဆီကျရောက်သွားပါသောလက်သီးတစ်ချက်။မဟော့်ကိုယ်သည်တစ်ချက်ယိုင်သွားသည်။ရှင်းကသူ၏လက်မောင်းကိုဆုပ်ကိုင်ရင်းမျက်နှာမကောင်းရှာ..ထို့နောက်မဟော့်ရှေ့မှကာစီးရင်းစကားဆိုလိုက်ပေသည်။

"မဟော့်ကိုဘာမှမလုပ်ပါနဲ့ ကျွန်တော့်ပေါ်ကိုသာဒေါသပုံချချင်ရင်ပုံချလိုက်ပါ "

ဦးသူရမဟော်သည်အကြီးအကျယ်စိတ်ဆိုးလျက်၊အရှက်ရသည့်ခံစားချက်ကြီးတစ်ရပ်ကလည်းဦးနှောက်ထဲသို့တရိပ်ရိပ်တိုးဝင်နေသည်။

မဟော်ကသူ့ရှေတွင်ကာကွယ်ကာရပ်ပေးနေသောရှင်း၏လက်ကိုဆွဲယူရင်းသူ၏နောက်သို့ပို့လိုက်လေသည်။

"ဘာကများအရှက်မရှိဖြစ်သွားရတာလဲ ဘာမှားနေလို့လဲ
ဖေဖေ "

ဦးသူရမဟော်သည်မျက်နှာတစ်ခုလုံးနီရဲနေခဲ့ပြီဖြစ်လျက်။

"မင်းတို့လူမြင်ကွင်းမှာဘာလုပ်နေကြတာလဲ ဟမ်
ယောကျ်ားအချင်းချင်းမရှက်ကြဘူးလား သိက္ခာဆ်ိုတဲ့စကားလုံးကိုရောသိကြသေးရဲ့လား "

စကားနှင့်အတူမဟော့်နောက်မှရှင်းအားရွံရှာသလို၊မသတီသလိုအကြည့််််ဖြင့်ကြည့်လိုက်သေးသည်။
မဟော်ကထိုအကြည့်ကိုမြင်သည်နှင့်

"ကျွန်တော့်ကိုကြိုက်သလိုလုပ်ပါ သူ့ကိုတော့အဲ့လိုအကြည့်မျိုးနဲ့မကြည့်ပါနဲ့ "

"ဒီကောင်..."

တစ်ဖန်ပြန်လည်ကာရှေ့တိုးလိုက်သောဦးသူရမဟော်ကြောင့် သူ့အစ်ကိုထိခိုက်မည်စိုးသည့်ဟန် စောသီရိမဟော်သည် ဖခင်ဖြစ်သူ၏ခါးကိုခပ်တင်းတင်းဖက်ရင်းဆွဲတားလေ၏။

"ဖေရယ် ကိုကို့ကိုထပ်ပြီးမရိုက်ပါနဲ့တော့ သမီးတောင်းပန်ပါတယ် ထပ်မရိုက်ပါနဲ့တော့နော် "

မျက်ရည်များတသွင်သွင်စီးကျကာဖြင့်ဖခင်ကိုအတင်းဆွဲဖက်ကာအစ်ကိုဖြစ်သူမထိခိုက်ဖို့အရေးတားဆီးနေသော
သူမ။

ဘုန်း! !

နောက်ကျောဖက်မှပြိုလဲကျသွားသည့်အသံနှင့်အတူဆုပ်ကိုင်ထားပါသည့်လက်ကောက်ဝတ်လေး၏ပြေလျော့သွားမှု။စိုးရိမ်တကြီးဖြင့်လှည့်ငေးလိုက်တော့မြေပြင်ပေါ်ခွေလဲနေသည့် ရှင်း...မျက်ဝန်းအစုံကအတိပိတ်လျက်။

ကမ်ဘာကြီးတစ်ခုလုံးပတ်ချာလည်သွားပါသလို၊မြေပြင်ပေါ်ခွေလဲကျနေသူကိုပွေ့ယူကာသူ၏မေးဖျားလေးကိုဆွဲယူလှုပ်ခါပြီးခေါ်ငင်တော့အသံတစ်စုံတစ်ရာလှစ်ဟလာခြင်းနတၳိ။

"ရှင်း....ရှင်း....ရှင်း..."

မျက်တောင်ရှည်များကာရံထားသောမျက်ဝန်းညိုများမှာ
ဖွင့်လှစ်လာခြင်းမရှိ...ပကတိငြိမ်သက်နေပါလျက်။



TBC. . .

သွားပြီ သွားပြီ  သွားပြီ
မဟော်စံအိမ်ကိုလက်တို့လိုက်တာဘယ်သူလဲ
ဘယ်သူ့လက်ချက်လဲလို့!
ဒို့တော့တိတ်တိတ်ကလေးငိုနေပြီ...အီးဟီးဟီး

Continue Reading